[Unicode]ညစာစားပြီးနောက် သူတို့တွေလူစုခွဲကာ အခန်းကိုယ်စီသို့လာခဲ့ကြသည်။ သူလည်းအခန်းထဲရောက်တာနဲ့ ခဏလောက်သီချင်းနားထောင်ပြီး မအိပ်ခင်ရေချိုးလိုက်သည်။
ရေချိုးပြီးတော့ မအိပ်ချင်သေးတာနဲ့ TaeHyung အခန်းသို့သွားရန်သူထွက်လာခဲ့တယ်။လော့ခ်မချထားသော TaeHyung ရဲ့အခန်းတံခါးကို သူဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ Hoseok Hyung နဲ့စကားထိုင်ပြောနေသော TaeHyung မျက်နှာကို သူဘေးတိုက်မြင်နေရသည်။ အထဲကိုဝင်သွားမလို့လုပ်တော့ ကြားလိုက်ရသည့်စကားသံတွေကြောင့် သူအပြင်မှာသာရပ်နေမိတယ်။
ပီပီပြင်ပြင်ကြားနေရတဲ့ TaeHyung ရဲ့စကားသံတွေကြောင့် သူဒေါသထွက်မိတယ်။ သူ့ဘက်က ချစ်ပါတယ်လို့ အကြိမ်ပေါင်းများစွာပြောနေခဲ့တာတောင် TaeHyung ကတော့ကိစ္စတွေအားလုံးပြီးရင် ထွက်သွားမယ်ဆိုတဲ့စကားကို လွယ်လွယ်ပြောရက်တယ်။
နားထောင်ရင်း ဒေါသတွေထွက်လွန်းလို့ သူ့လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ရင်း
"Kim TaeHyung ခင်ဗျားက ကျွန်တော့်ကိုထားသွားချင်နေတယ်ပေါ့ ... ခင်ဗျားက ကျွန်တော့်အပိုင်ဆိုတာ ခင်ဗျားသိစေရမယ်.. "
JungKook အခန်းရှေ့ကနေထွက်လာက အောက်ထပ်သို့ဆင်းလာခဲ့သည်။ အတော်လေးမိုးချုပ်နေပြီဖြစ်၍ အလုပ်သမားများလည်းမရှိတော့ ။ yoongi တို့သားအဖလည်းအိပ်နေပြီဖြစ်သည်။
JungKook က ရေခဲသေတ္တာထဲမှ ဘီယာဗူးများအားယူကာ သူ့အခန်းရှိရာသို့ပြန်တက်လာခဲ့သည်။ အပြင်ဘက်တွင်လည်း မိုးသည်းကြီးမည်းကြီးရွာနေပြီး မပိတ်ထားသောပြတင်းပေါက်တံခါးများမှတဆင့် မိုးရေများအိပ်ခန်းထဲအထိခုန်ပေါက်ဝင်ရောက်လို့နေသည်။ သူတံခါးတွေကိုလိုက်ပိတ်လိုက်ပြီး ကုတင်ဘေးတွင်ထိုင်ချကာ ယူလာတဲ့ဗူးတွေကိုဖောက်သောက်လိုက်တယ်။
အရှိန်အဟုန်ပြင်းစွာရွာနေတဲ့မိုးပေါက်တွေကိုကြည့်ကာ သူ့နှုတ်ခမ်းတဖက်သာတွန့်လို့ပြုံးလိုက်ပြီး ယိုင်နဲ့နဲ့သူ့ခြေလှမ်းတွေက TaeHyung အခန်းဆီသို့...။