Mo Dao Zu Shi extra chapters...

By jeonvrose

103K 5.6K 325

I'll translate extra parts and extensions of some chapters from novel and audio drama in mm language. I hope... More

Intro
ယြင္မုန္႔ၿမိဳ႕ (အပိုင္း ၁ - ၾကက္ေတာင္)
ယြင္မုန္႔ၿမိဳ႕ (အပိုင္း ၂ - စားေသာက္ဆိုင္)
ယြင္မုန္႔ၿမိဳ႕ (အပိုင္း - ၃ ကြင္းပစ္ကစားနည္း)
ယြင္မုန္႔ၿမိဳ႕ - အပိုင္း (၄ - ေလွ)
Taiwan extra part-1 (ထိုင္ဝမ္အခ်ပ္ပို အပိုင္း၁)
Accompanying you to sleep - Wei Wu Xian
Notice
Note (8.2.2021)

Taiwan extra part-2 (ထိုင္ဝမ္အခ်ပ္ပိုအပိုင္း - ၂)

9.7K 638 59
By jeonvrose


zawgyi version

ပင္ပန္းေနေသာေဝ႔ဝူရွန္႔ဟာ လန္ဝမ့္က်ီးအားလႊတ္လိုက္ေလ၏။ လန္ဝမ့္က်ီးဟာအိပ္ရာေပၚမွထလိုက္ၿပီးေနာက္ ၾကမ္းျပင္ေပၚတြင္ပံုက်ေနေသာ ေစာင္ကိုေကာက္ယူကာ ေဝ့ဝူရွန္႔၏အဝတ္မဲ့ေနေသာခႏၶာကိုယ္အား ေစာင္ႏွင့္ရစ္ပတ္လိုက္ေလသည္။ ထို႔ေနာက္ ၾကမ္းျပင္ေပၚတြင္ျပန္႔ႀကဲေနေသာ အဝတ္တို႔ကို တစ္ခုစီေကာက္ယူကာ လႊားထားလိုက္၏။ သူ၏အဝတ္အစားတို႔ကိုအလ်င္အျမန္ဝတ္ဆင္ၿပီးေနာက္ ေရခပ္ရန္အျပင္သို႔ထြက္သြားေလသည္။

အခ်ိန္အတန္ၾကာၿပီးေနာက္ လန္ဝမ့္က်ီးဟာ ငိုက္ျမည္းေနေသာ ေဝ့ဝူရွန္႔အား ေပြ႕ခ်ီကာ ေရခ်ိဳးစည္ ထဲသို႔ထည့္လိုက္၏။ ေရခ်ိဳးစည္ မွာလန္ဝမ့္က်ီး၏ စာၾကည့္စားပြဲအနီးတြင္ရွိ၏။ ေရစိမ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ေဝ့ဝူရွန္႔၏ခြန္အားတို႔မွာ ျပန္လည္ျပည့္ဝေလသည္။ ေရခ်ိဳးစည္၏အစြန္ကိုလက္ျဖင့္ပုတ္ကာ ေမးလိုက္၏ "ဟန္ကြမ္းကၽြင္း, တူတူမခ်ိဳးဘူးလား?"

"မင္းၿပီးတဲ့အထိ ငါေစာင့္ပါ့မယ္" လန္ဝမ့္က်ီးကေျဖသည္

"ဘာလို႔ေစာင့္မွာလဲ? အခုလာခဲ့"

ေတြေဝေနေသာ လန္ဝမ့္က်ီးဟာေဝ့ဝူရွန္႔အားတစ္ခ်က္ၾကည့္လိုက္သည္။ ထို႔ေနာက္ သူေျပာလိုက္၏ "ငါတို႔ျပန္ေရာက္တာ ၄ရက္ပဲရွိေသးတယ္ က်င္းရွီေဆာင္က ေရခ်ိဳးစည္ ၄လံုးကြဲၿပီးသြားၿပီ"

လန္ဝမ့္က်ီး၏အၾကည့္တို႔ေၾကာင့္ ေဝ့ဝူရွန္႔မွာျပန္လည္ေခ်ပရန္လိုအပ္လာ၏။ "ေနာက္ဆံုးအႀကိမ္ကြဲသြားတာက ငါ့အျပစ္မဟုတ္ဘူးေနာ္"
လန္ဝမ့္က်ီးဟာေဝ့ဝူရွန္႔လက္လွမ္းမွီရာတြင္ ဆပ္ျပာခြက္အားထားရင္း ဝန္ခံလိုက္၏ "ငါ့အျပစ္ပါ"

ေဝ့ဝူရွန္႔ဟာ လက္ျဖင့္ေရအနည္းငယ္ကိုခပ္ကာ သူ၏ လည္တိုင္ကိုေလာင္းလိုက္၏။ လည္ပင္းေပၚရွိ အနီေရာင္ ကိုက္ရာအမွတ္အသားတို႔မွာ ေရေၾကာင့္ပို၍ထင္ရွားလာ၏။ သူေျပာလိုက္သည္ "အမွန္ပဲ။ ေရွ႕တစ္ေခါက္တုန္းကလည္းငါ့အျပစ္မဟုတ္ဘူးေနာ္။ တကယ္ေတာ့ ေသခ်ာေတြးၾကည့္ရင္ အႀကိမ္တိုင္းမင္းေၾကာင့္ကြဲရတာခ်ည္းပဲ။ ပထမအႀကိမ္ကြဲ တတည္းက သင္ခန္းစာမွမယူတာ"

လန္ဝမ့္က်ီးဟာထိုင္ရာမွထကာ ဧကရာဇ္အျပံဳး ေသရည္ကို ေဝ့ဝူရွန္႔လက္လွမ္းမွီရာတြင္ထားေပးလိုက္သည္။ ထို႔ေနာက္စားေရးစားပြဲတြင္ထိုင္ကာ "ဟုတ္တယ္" ဟုေျဖလိုက္၏။

ေဝ့ဝူရွန္႔ဟာသူ၏လက္တစ္ကမ္းအကြာရွိစာၾကည့္စားပြဲတြင္ထိုင္ေနေသာလန္ဝမ့္က်ီး၏ ေမးေစ့ကိုညင္သာစြာပြတ္သပ္လိုက္၏။ လန္ဝမ့္က်ီးဟာ စာရြက္အထပ္လိုက္ကို ေကာက္ယူကာ တစ္ရြက္ခ်င္းဖတ္၍ မွတ္ခ်က္မ်ားေရးေန၏။
ေရထဲတြင္စိမ္ေနေသာ ေဝ့ဝူရွန္႔ဟာ ဧကရာဇ္အျပံဳး ေသရည္အိုးကိုဖြင့္လိုက္ၿပီး တစ္က်ိဳက္ေမာ့လိုက္ၿပီးေနာက္ "မင္းဘာေတြ ဖတ္ေနတာလဲ?"

"ညဥ့္အမဲလိုက္မွတ္တမ္းေတြ" လန္ဝမ့္က်ီးကေျဖသည္။

"ကေလးေတြ ေရထားတာလား?" ေဝ့ဝူရွန္႔ကေမးလိုက္သည္။ "ပံုမွန္ဆိုဒီလို အမွတ္ျခစ္ရတာမင္းအလုပ္မဟုတ္ဘူးမလား? မင္းဦးေလး အလုပ္ဟုတ္တယ္မလား?"

လန္ခ်ီရန္မွာ တျခားအေရးႀကီးေသာ အလုပ္တာဝန္မ်ားႏွင့္ မအားေသာေၾကာင့္ လန္ဝမ့္က်ီးအား အမွတ္ျခစ္ရန္တာဝန္ကို ေခတၱ လႊဲေျပာင္းေပးခဲ့ဟန္တူသည္။ ေဝ့ဝူရွန္႔ဟာ လက္ဆန္႔ထုတ္လိုက္ၿပီး စာရြက္ႏွစ္ရြက္အားေကာက္ယူ၍ လွန္ၾကည့္ကာေျပာေလ၏ "မင္းဦးေလးဆိုရင္ စာႏွစ္ပိုဒ္အတြက္ မွတ္ခ်က္ကိုစကားလံုးတစ္ရာေလာက္ေရးတာ။ ၿပီးေတာ့အႏွစ္ခ်ဳပ္ဆိုၿပီး စကားလံုးေထာင္ခ်ီၿပီးမွတ္ခ်က္ေတြေရးတာ။ အဲဒီလိုမွတ္ခ်က္အမ်ားႀကီးကို ဘယ္လိုအခ်ိန္ေပးၿပီးေရးလဲ ငါေတာ့စဥ္းစားလို႔မရဘူး။ မင္းမွတ္ခ်က္ေတြကေတာ္ေတာ္ တိုတယ္"

"တိုတယ္? မေကာင္းဘူးလား?" လန္ဝမ့္က်ီးကေမးသည္

"ေကာင္းပါတယ္! တိုတိုနဲ႔လိုရင္းေရာက္တယ္"

လန္ဝမ့္က်ီး၏မွတ္ခ်က္မ်ားမွာ တိုေတာင္းေသာ္လည္း ေပါ့ျပက္ျပက္ႏိုင္ျခင္းမရွိေပ။ ႐ိုးရွင္းေသာ စာတမ္းမ်ားကိုပင္ ေသေသခ်ာခ်ာ အေလးအနက္ထားကာ မွတ္ခ်က္ေပးျခင္းျဖစ္သည္။ စကားေျပာသည္ျဖစ္ေစ စာေရးသည္ျဖစ္ေစ လန္ဝမ့္က်ီး၏စကားလံုးအသံုးအႏႈန္းမွာ တိုတိုႏွင့္ ထိထိမိမိရွိလွသည္။
ေဝ့ဝူရွန္႔မွာ ေရစည္ထဲတြင္ေခါင္းကိုျမဳပ္ေအာင္ ေရငုပ္လိုက္သည္။ ထို႔ေနာက္ ျပန္တက္လာကာ လက္တစ္ဖက္ျဖင့္ ဆပ္ျပာကိုယူကာ ဆံႏြယ္မ်ားအားေလွ်ာ္ေနေလ၏။ အျခားလက္တစ္ဖက္ျဖင့္ စားပြဲေပၚရွိ မွတ္တမ္း စာရြက္တစ္ရြက္ကိုလွမ္းယူလိုက္သည္။ တခဏမွ် ဖတ္ၾကည့္ၿပီးေနာက္ အသံထြက္ကာရယ္ေမာလိုက္၏ "ဒါကို ဘယ္သူေရးထားတာလဲ? အမွားေတြ အမ်ားႀကီးပဲ။ ဟဟဟဟဟဟဟားး ငါသိတယ္ အဲ့ဒါ က်င္းရီဆိုတာ။ မင္းသူ႔ကို အဆင့္ B ဘဲေပးထားတယ္။"

"ဟုတ္တယ္" လန္ဝမ့္က်ီးကဆိုသည္။

"ဒီစာရြက္ပံုႀကီးထဲမွာ အဆင့္B ရတာ ဒီတစ္ရြက္ပဲေတြ႕ေသးတယ္။ သနားပါတယ္။"

"စကားလံုးအသံုးအႏႈန္း အမွားေတြ အမ်ားႀကီးပဲ"

"အဆင့္ B နဲ႔ဘဲ ေက်နပ္ရမွာလား?"

"မဟုတ္ဘူး။ ျပန္ေရးခိုင္းရမွာ"

"လက္တစ္ဖက္ေထာက္ၿပီး ေဇာက္ထိုးအေနထားနဲ႔ ျပန္ကူးေရးခိုင္းတာထက္ စာရင္ ဒီတိုင္းျပန္ကူးေရးခိုင္းတာေက်းဇူးတင္သင့္တယ္"

လန္ဝမ့္က်ီးဟာ ဆိတ္ဆိတ္ေနရင္း ေဝ့ဝူရွန္႔ဖြထားေသာ စာရြက္မ်ားကို တစ္ရြက္ခ်င္းထပ္ကာ သပ္သပ္ရပ္ရပ္ ျပန္စီ ေနသည္။ ေဝ့ဝူရွန္႔ဟာ စာရြက္မ်ားကိုစီေနေသာ လန္ဝမ့္က်ီးကိုၾကည့္ရင္း ေမးလိုက္၏ "မင္း စစ္ေကၽြးကိုေရာ အဆင့္ဘယ္ေလာက္ ေပးထားလဲ?"

လန္ဝမ့္က်ီးဟာ စာႏွစ္မ်က္ႏွာပါေသာ စာတမ္းကို ေဝ့ဝူရွန္အား လွမ္းေပးလိုက္၏ "အဆင့္ A"

ေဝ့ဝူရွန္႔ဟာ လွမ္းေပးလိုက္ေသာ စာတမ္းကို ေခါင္းငံု႔၍ဖတ္ရင္း "သူ႔ လက္ေရးလက္သား တကယ္ေကာင္းတာပဲ"

"တင္ျပပံု စနစ္က်တယ္၊ အေတြးအေခၚေကာင္းတယ္၊ အေၾကာင္းအရာက အဓိပၸာယ္ရွိတယ္၊ ခိုင္လံုတယ္၊ တိက်တယ္" လန္ဝမ့္က်ီးကဆိုသည္။

ေဝ့ဝူရွန္႔ဟာ စာရြက္မ်ားကို လွန္ဖတ္ၿပီးေနာက္ စာရြက္ပံုထဲသို႔ျပန္ထည့္လိုက္၏။ အဆင့္မသတ္မွတ္ရေသးေသာ စာရြက္မ်ား အပံုလိုက္ရွိေသးသည္ကို သတိျပဳမိေသာအခါ သူေမးလိုက္၏ "မင္း ဒါေတြအကုန္လံုးကို ဖတ္ရမွာလား? ငါ တခ်ိဳ႕တဝက္ ကူဖတ္ေပးမယ္ေလ"

"ေကာင္းၿပီ" လန္ဝမ့္က်ီးကေျဖသည္။

"အမွားေတြ႕လို႔ရွိရင္ အမွားျခစ္ၿပီး မွတ္ခ်က္ေရးေပးရင္ ရၿပီ ဟုတ္တယ္မလား?" ေဝ့ဝူရွန္႔ကေမးလိုက္သည္။

သူဟာ စာရြက္ပံုႀကီး၏ တစ္ဝက္ေက်ာ္ေက်ာ္ကို ယူလိုက္၏။ သို႔ေသာ္လန္ဝမ့္က်ီးက ျပန္ယူရန္ႀကိဳးပမ္းေလ၏။ ေဝ့ဝူရွန္႔ဟာ လန္ဝမ့္က်ီးလက္ကို လွမ္းတားလိုက္ရင္း "မင္းဘာလုပ္တာလဲ?"

"အရမ္းမ်ားလြန္းတယ္။ မင္းကေရခ်ိဳးေနတာေလ"

ေဝ့ဝူရွန္ဟာ ဧကရာဇ္အျပံဳး ေသရည္ကို တစ္က်ိဳက္ေမာ့လိုက္ရင္း စုတ္တံကိုလွမ္းယူလိုက္၏။ "ေရခ်ိဳးေနေတာ့ေရာ ဘာျဖစ္လဲ? ငါအားေနတာပဲေလ။ လုပ္စရာမွမရွိတာ။ ကေလးေတြရဲ႕ စာတမ္းေတြကိုဖတ္ရတာ ေပ်ာ္ဖို႔ေကာင္းတယ္"

"မင္းေရခ်ိဳးၿပီးရင္ အနားယူရဦးမယ္"

"ငါ့ကိုၾကည့္ပါဦး၊ ၾကည့္ရတာ အိပ္ခ်င္ေနတဲ့ပံုေပါက္ေနလို႔လား?" ေဝ့ဝူရွန္႔ကေျပာသည္ "ငါမင္းနဲ႔ ေနာက္ထပ္ႏွစ္ခ်ီေလာက္ေတာင္ ေအးေအးေဆးေဆး ခံႏိုင္တယ္"

သူဟာ ေရခ်ိဳးစည္ႀကီး၏အစြန္းကိုမွီကာ စာတမ္းမ်ားကို အာရံုတစိုက္ ဖတ္ေနေလသည္။ တစ္ခါတစ္ခါ စားပြဲေပၚသို႔လက္တင္ကာ မွတ္ခ်က္မ်ားကိုေရးေပးေလ၏။ ေဝ့ဝူရွန္႔အား ၾကည့္ေနေသာ လန္ဝမ့္က်ီး၏မ်က္ဝန္း အစံုတို႔မွာ မီးအိမ္၏အလင္းေရာင္ေအာက္တြင္ ေႏြးေထြးေတာက္ပေနေလသည္။

ေနာက္ထပ္ႏွစ္ခ်ီပင္ခံႏိုင္ေသးသည္ဟု ဝံ့ႂကြားစြာေျပာဆိုခဲ့ေသာ္လည္း တစ္ေန႔လံုး စာသင္သားမ်ားအားေတာထဲေတာင္ထဲတြင္ အမဲလိုက္နည္းသင္ၾကားေပးခဲ့သည့္အျပင္ျပန္ေရာက္ေရာက္ခ်င္း အိပ္ရာထဲတြင္ည တစ္ဝက္စာေလာက္ လန္ဝမ့္က်ီးႏွင့္အတူအခ်ိန္ကုန္ဆံုးခဲ့ၿပီးေနာက္ စာတမ္းအပံုလိုက္ကိုပါ အမွတ္ကူျခစ္ေပးေနသူအဖို႔ အိပ္မငိုက္ေစရန္ ထိန္းထားရသည္မွာခဲယဥ္းလွသည္။ ေဝ့ဝူရွန္႔ဟာ သူ၏စာရြက္ပံုႀကီးအားတစ္ရြက္ခ်င္း ေသေသခ်ာခ်ာမွတ္ခ်က္မ်ားေပးေနေလ၏။ စာရြက္ပံုႀကီးအကုန္လံုးအား အမွတ္ေပးၿပီးေနာက္ စာရြက္မ်ားကိုစားပြဲေပၚထပ္ေပးၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ေဝ့ဝူရွန္႔တစ္ေယာက္ ေရထဲသို႔ေလွ်ာက်သြားေလသည္။ လန္ဝမ့္က်ီး၏ စူးရွေသာ မ်က္လံုးအစံုႏွင့္ လ်င္ျမန္မႈတို႔၏ေက်းဇူးေၾကာင့္ ေဝ့ဝူရွန္႔အားအသာအယာ ဖမ္းထိန္းႏိုင္ခဲ့၏။ ခႏၶာကိုယ္ေပၚရွိေရမ်ား ေျခာက္ေသြ႕သြားေအာင္သုတ္ေပးၿပီးေနာက္ အိ္ပ္ယာေပၚသို႔အသာအယာ ေပြ႕ခ်ီ ေခၚေဆာင္သြားေလသည္။

လန္ဝမ့္က်ီးဟာလည္း အလ်င္အျမန္ေရခ်ိဳးၿပီးေနာက္ အိပ္ရာဝင္ေလသည္။ လန္ဝမ့္က်ီး၏ ေပြ႕ဖက္ျခင္းကိုခံရေသာအခါ ေဝ့ဝူရွန္႔တစ္ေယာက္ အနည္းငယ္ႏိုးထလာ၏။ လန္ဝမ့္က်ီး၏ ညႇပ္႐ိုးေပၚတြင္ေခါင္းမွီထားရင္း တိုးညႇင္းစြာေျပာလိုက္၏။ "မင္းတို႔ ဂိုဏ္းက ကေလးေတြ စာတမ္းေရးတာ ေတာ္ၾကတယ္။ ဒါေပမယ့္ ညဥ့္အမဲလိုက္တဲ့ေနရာမွာေတာ့ တိုးတက္လာေအာင္ႀကိဳးစားဖို႔လိုေသးတယ္။"

"အင္း"

"ဒါေပမယ့္ကိစၥမရွိပါဘူး.. ငါတိမ္လႊာနန္းၿမိဳင္မွာရွိေနတုန္းသူတို႔ကို အစြမ္းကုန္ကူညီေပးမယ္။ မနက္ျဖန္ငါသူတို႔ကို ေတာင္ေပၚကမေကာင္းဆိုးဝါး အသိုက္ကိုႏွိမ္နင္းဖို႔ေခၚသြားမယ္"

ေတာင္ေပၚက ေျခတစ္ေခ်ာင္းေထာက္ မေကာင္းဆိုးဝါးဟာ အင္အားအလြန္ႀကီးမားေသာေၾကာင့္ နာမည္ႀကီးလွသည္။ ေခါင္းမွေျခဖ်ားအဆံုး အမည္းေရာင္အေမႊးအမွ်င္မ်ားႏွင့္ဖံုးလႊမ္းထားၿပီး လူမ်ားကို ဟင္းသီးဟင္းရြက္မ်ားကဲ့သို႔သေဘာထားကာ စားသံုးၾက၏။ ေဝ့ဝူရွန္႔မဟုတ္ဘဲ အျခားတစ္စံုတစ္ေယာက္က ဤကဲ့သို႔ေျပာျခင္းသည္ လက္ေဆာ့ေျခေဆာ့ရွိေသာ ကေလးတစ္သိုက္အား အပင္ေပၚမွ ငွက္သိုက္ကို သြားဖ်က္ဆီးရန္ေခၚေဆာင္သြား ရန္ေျပာဆိုျခင္းႏွင့္တူေနေပလိမ့္မည္။

လန္ဝမ့္က်ီး၏ႏႈတ္ခမ္းေထာင့္မ်ားေကြးၫြတ္သြားဟန္ရွိသည္။ "မင္းဒီေန႔ အဲဒီ့မေကာင္းဆိုးဝါးကိုသြားဖမ္းတာလား?"

"ဟုတ္တယ္" ေဝ့ဝူရွန္႔ဝန္ခံသည္။ "အဲ့ဒါေၾကာင့္ သူတို႔ေလ့က်င့္ဖို႔လိုေသးတယ္လို႔ ငါေျပာတာေပါ့။ အဲ့ဒီေတာင္ေပၚက မေကာင္းဆိုးဝါးက ေျခတစ္ေခ်ာင္းပဲရွိတာ ထြက္မေျပးႏိုင္ဘူး။ ေနာက္ဆိုသူတို႔ေတြ ေျခေလးေခ်ာင္းေတာက္တဲ့တို႔၊ ေျခရွစ္ေခ်ာင္းရွိတဲ့ပင့္ကူတို႔၊ ေျခေခ်ာင္းတစ္ရာေလာက္ရွိတဲ့ ကင္းေျခမ်ား မေကာင္းဆိုးဝါးလိုမ်ိဳး ထြက္ေျပးႏိုင္တဲ့ေကာင္ေတြနဲ႔ေတြ႕ရင္ေတြ႕မွာ... အို, ဒါနဲ႔စကားမစပ္, ဟန္ကြမ္းကၽြင္းေရ ငါ့မွာပိုက္ဆံမရွိေတာ့ဘူး နည္းနည္းထပ္ေပးပါဦး"

"ငါမင္းကိုေပးထားတဲ့ေက်ာက္စိမ္း တံဆိပ္ျပားကပိုက္ဆံအလံုအေလာက္ရွိတယ္မဟုတ္ဘူးလား" လန္ဝမ့္က်ီးကဆိုသည္။

ေဝ့ဝူရွန္႔က အသံထြက္ရယ္သည္။ "မင္းငါ့ကို ေက်ာက္စိမ္းတံဆိပ္ျပားေပးတာ နယ္စပ္ေတြျဖတ္သန္းသြားလာခြင့္ရေအာင္ေပးထားတယ္ ထင္တာ... အဲ့ဒါကပိုက္ဆံ အေနနဲ႔ေရာသံုးလို႔ရတာလား?"

"ဟုတ္တယ္" လန္ဝမ့္က်ီးကေျဖသည္။ "မင္း ေစ်းဆိုင္ေတြ ဒါမွမဟုတ္ သူမ်ားအိမ္ေတြကို ဖ်က္ဆီးမိလို႔လား?"

"မဟုတ္ပါဘူး..." ေဝ့ဝူရွန္႔ကျငင္းသည္။ "မင္းဘယ္လိုလုပ္... ပိုက္ဆံေတြအကုန္ကုန္သြားတာက ညဥ့္အမဲလိုက္အၿပီး ကေလးေတြကို ခ်ိဳက္ယီၿမိဳ႕က ဟူနန္စားေသာက္ဆိုင္မွာ ညစာဝင္ေကၽြးလိုက္လို႔... ငါမေသခင္တုန္းက မင္းကိုအရမ္းေခၚသြားခ်င္ခဲ့တဲ့ေနရာေလ ဒါေပမယ့္ မင္းကအၿမဲျငင္းခဲ့တယ္ေလ... ငါအရမ္းပင္ပန္းေနၿပီ... လန္က်န္႔ စကားမေျပာနဲ႔ေတာ့..."

"ေကာင္းၿပီ" လန္ဝမ့္က်ီးကေျပာလိုက္သည္။

"... မေျပာပါနဲ႔ဆို... မင္းကစကားလံုးတစ္လံုးထဲေျပာရင္ေတာင္ ငါကမေနႏိုင္ဘဲျပန္ေျပာခ်င္ေနတာ... ေတာ္ၿပီလန္က်န္႔ ျမန္ျမန္အိပ္ၾကရေအာင္... ငါ... မရေတာ့ဘူး... တကယ္အိပ္ဖို႔လိုေနၿပီ... လန္က်န္႔ မနက္ျဖန္မွေတြ႕ရေအာင္..."

သူဟာ လန္က်န္႔ရဲ႕လည္တိုင္ကို နမ္းလိုက္ၿပီးေနာက္ အလ်င္အျမန္အိပ္ေမာက်သြားေလ၏။

က်င္းရွီေဆာင္ထဲတြင္ ၿငိမ္သက္မႈႏွင့္ေမွာင္မိုက္မႈတို႔သာ က်န္ရစ္ေလေတာ့သည္။

အခ်ိန္အနည္းငယ္မွ်ၾကာၿပီးေနာက္ လန္ဝမ့္က်ီးဟာ ေဝ့ဝူရွန္႔၏ ႏွဖူးျပင္ေလးအား ဖြဖြေလးနမ္းရင္း တိုးညႇင္းစြာေျပာလိုက္၏။
"မနက္ျဖန္မွ ေတြ႕ၾကမယ္ ေဝ့ရင္း"

_________________>3<________________

စကားခ်ပ္

ဒီအပိုင္း ၂ ေလးက ေတာ္ေတာ္ေလးကိုခ်စ္ဖို႔ေကာင္းတယ္မလား? သူတို႔ႏွစ္ေယာက္ရဲ႕ ေလးနက္တဲ့အခ်စ္ကိုျမင္ေတြ႕ရမွပါ။ ပင္ပန္းေနတာေတာင္ ခ်စ္သူကို ကူၿပီးအမွတ္ျခစ္ေပးတဲ့ ေဝ့ဝူရွန္႔ရယ္ ေဝ့ရင္းအတြက္ဆို အေသးစိတ္ကအစ လိုေလေသးမရွိေအာင္ ဂ႐ုစိုက္ၿပီးခ်စ္တတ္တဲ့ ဟန္ကြမ္းကၽြင္း တို႔ကိုၾကည့္ၿပီးအားက်မိပါရဲ႕။ အခ်စ္ဆိုတာ ဒီလိုမ်ိဳးပါလားလို႔ သေဘာေပါက္ေစတဲ့အခန္းေလးပါ။ အားလံုးလည္းေက်နပ္ၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္။ update လုပ္တာအရမ္းၾကာသြားတဲ့အတြက္လည္းႏူးႏူးၫြတ္ၫြတ္ေတာင္းပန္ပါတယ္ေနာ္။ အရမ္းကိုအလုပ္မ်ားၿပီး က်န္းမာေရးခ်ဴခ်ာေနလို႔ပါ။

အခ်ပ္ပိုေလးေတြထဲမွာ အဓိကဘာသာျပန္ေပးခ်င္တဲ့အခ်ပ္ပိုေလးေတြကေတာ့ကုန္သြားပါၿပီ။ အျခားအျခားေသာ အခ်ပ္ပိုမ်ားကေတာ့ ဘာသာျပန္ထားတာေတာ္ေတာ္မ်ားမ်ားကိုေတြ႕ဖူး ဖတ္ဖူးၾကမယ္လို႔ထင္ပါတယ္။ အရမ္းကို ဖတ္ခ်င္ေသာ မဖတ္လိုက္ရေသာ သူမ်ားအေနျဖင့္ ကိုယ္ဖတိခ်င္ေသာ အခ်ပ္ပိုကို comment ေပးႏိုင္ပါတယ္။ အခ်ိန္ရရင္ရသလိုျပန္ေပးပါ့မယ္။

Mdzs ဝတၳဳကို သေဘာက်ႏွစ္သက္ၿပီး wangxian ဇာတ္ေကာင္ ႏွစ္ေယာက္ရဲ႕ ေနာက္ဆက္တြဲစိတ္ကူးယဥ္ဇာတ္လမ္းေလးေတြကို ဖတ္႐ွဳခ်င္တယ္ဆိုရင္ ao3 website က သာသာ့ အႀကိဳက္ဆံုး Authour ရဲ႕ fic ေတြကို ခြင့္ျပဳခ်က္ယူၿပီးျပန္ေပးဖို႔ရွိပါတယ္။ ဖတ္ခ်င္တဲ့သူမ်ားတယ္ဆိုရင္ေပါ့ေနာ္။ English version ဖတ္ခ်င္ရင္လည္း chat box မွတစ္ဆင့္ link ေတာင္းႏိုင္ပါတယ္။ ကိုယ္ကေတာ့ အဲဒီ့ fic ေလးေတြေၾကာင့္ wangxian ႏြံထဲက႐ုန္းမထြက္ႏိုင္ေအာင္ပါဘဲ ☺️

ဒီအပိုင္းေလးကို ဟန္ကြမ္းကၽြင္းရဲ႕ေမြးေန႔ျဖစ္တဲ့ January 23rd မွာ တင္ဖို႔ႀကိဳးစားခဲ့ေပမယ့္လည္း ဘယ္လိုမွအေျခအေနမေပးတာေၾကာင့္ စိတ္မေကာင္းျဖစ္ရပါတယ္။ Happy belated birthday ပါဟန္ကြမ္းကၽြင္းေရ။ တိမ္လႊာနန္းၿမိဳင္မွာ ကေလးေတြကို စာေပပညာေတြပို႔ခ်ရင္း ခ်စ္ရသူနဲ႔အတူ မကြဲမကြာ သာယာေပ်ာ္ရႊင္ၿပီး everyday ႏိုင္ပါေစေနာ္ 😅🎂

စာရွည္သြားတဲ့အတြက္ေတာင္းပန္ပါတယ္။ အဆံုးထိဖတ္ေပးတဲ့အတြက္လည္းေက်းဇူးပါတယ္။ comment ေလးေတြ ေပးၾကျခင္းျဖင့္လည္း motivate လုပ္ေပးၾကပါလို႔။ Yizhan fic တစ္ပုဒ္ေရးဖို႔လည္းျပင္ေနပါတယ္။ အားလံုးကို က်းဇူးတင္ပါတယ္ 💕

ထံုးစံအတိုင္း ေနာက္ဆံုးမွာ fanart ေလးေတြေပါ့ေနာ္

unicode version

ပင်ပန်းနေသောဝေ့ဝူရှန့်ဟာ လန်ဝမ့်ကျီးအားလွှတ်လိုက်လေ၏။ လန်ဝမ့်ကျီးဟာအိပ်ရာပေါ်မှထလိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင်ပုံကျနေသော စောင်ကိုကောက်ယူကာ ဝေ့ဝူရှန့်၏အဝတ်မဲ့နေသောခန္ဓာကိုယ်အား စောင်နှင့်ရစ်ပတ်လိုက်လေသည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင်ပြန့်ကြဲနေသော အဝတ်တို့ကို တစ်ခုစီကောက်ယူကာ လွှားထားလိုက်၏။ သူ၏အဝတ်အစားတို့ကိုအလျင်အမြန်ဝတ်ဆင်ပြီးနောက် ရေခပ်ရန်အပြင်သို့ထွက်သွားလေသည်။

အချိန်အတန်ကြာပြီးနောက် လန်ဝမ့်ကျီးဟာ ငိုက်မြည်းနေသော ဝေ့ဝူရှန့်အား ပွေ့ချီကာ ရေချိုးစည် ထဲသို့ထည့်လိုက်၏။ ရေချိုးစည် မှာလန်ဝမ့်ကျီး၏ စာကြည့်စားပွဲအနီးတွင်ရှိ၏။ ရေစိမ်လိုက်သည်နှင့်တစ်ပြိုင်နက်ဝေ့ဝူရှန့်၏ခွန်အားတို့မှာ ပြန်လည်ပြည့်ဝလေသည်။ ရေချိုးစည်၏အစွန်ကိုလက်ဖြင့်ပုတ်ကာ မေးလိုက်၏ "ဟန်ကွမ်းကျွင်း, တူတူမချိုးဘူးလား?"

"မင်းပြီးတဲ့အထိ ငါစောင့်ပါ့မယ်" လန်ဝမ့်ကျီးကဖြေသည်

"ဘာလို့စောင့်မှာလဲ? အခုလာခဲ့"

တွေဝေနေသော လန်ဝမ့်ကျီးဟာဝေ့ဝူရှန့်အားတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူပြောလိုက်၏ "ငါတို့ပြန်ရောက်တာ ၄ရက်ပဲရှိသေးတယ် ကျင်းရှီဆောင်က ရေချိုးစည် ၄လုံးကွဲပြီးသွားပြီ"

လန်ဝမ့်ကျီး၏အကြည့်တို့ကြောင့် ဝေ့ဝူရှန့်မှာပြန်လည်ချေပရန်လိုအပ်လာ၏။ "နောက်ဆုံးအကြိမ်ကွဲသွားတာက ငါ့အပြစ်မဟုတ်ဘူးနော်"
လန်ဝမ့်ကျီးဟာဝေ့ဝူရှန့်လက်လှမ်းမှီရာတွင် ဆပ်ပြာခွက်အားထားရင်း ဝန်ခံလိုက်၏ "ငါ့အပြစ်ပါ"

ဝေ့ဝူရှန့်ဟာ လက်ဖြင့်ရေအနည်းငယ်ကိုခပ်ကာ သူ၏ လည်တိုင်ကိုလောင်းလိုက်၏။ လည်ပင်းပေါ်ရှိ အနီရောင် ကိုက်ရာအမှတ်အသားတို့မှာ ရေကြောင့်ပို၍ထင်ရှားလာ၏။ သူပြောလိုက်သည် "အမှန်ပဲ။ ရှေ့တစ်ခေါက်တုန်းကလည်းငါ့အပြစ်မဟုတ်ဘူးနော်။ တကယ်တော့ သေချာတွေးကြည့်ရင် အကြိမ်တိုင်းမင်းကြောင့်ကွဲရတာချည်းပဲ။ ပထမအကြိမ်ကွဲ တတည်းက သင်ခန်းစာမှမယူတာ"

လန်ဝမ့်ကျီးဟာထိုင်ရာမှထကာ ဧကရာဇ်အပြုံး သေရည်ကို ဝေ့ဝူရှန့်လက်လှမ်းမှီရာတွင်ထားပေးလိုက်သည်။ ထို့နောက်စားရေးစားပွဲတွင်ထိုင်ကာ "ဟုတ်တယ်" ဟုဖြေလိုက်၏။

ဝေ့ဝူရှန့်ဟာသူ၏လက်တစ်ကမ်းအကွာရှိစာကြည့်စားပွဲတွင်ထိုင်နေသောလန်ဝမ့်ကျီး၏ မေးစေ့ကိုညင်သာစွာပွတ်သပ်လိုက်၏။ လန်ဝမ့်ကျီးဟာ စာရွက်အထပ်လိုက်ကို ကောက်ယူကာ တစ်ရွက်ချင်းဖတ်၍ မှတ်ချက်များရေးနေ၏။
ရေထဲတွင်စိမ်နေသော ဝေ့ဝူရှန့်ဟာ ဧကရာဇ်အပြုံး သေရည်အိုးကိုဖွင့်လိုက်ပြီး တစ်ကျိုက်မော့လိုက်ပြီးနောက် "မင်းဘာတွေ ဖတ်နေတာလဲ?"

"ညဥ့်အမဲလိုက်မှတ်တမ်းတွေ" လန်ဝမ့်ကျီးကဖြေသည်။

"ကလေးတွေ ရေထားတာလား?" ဝေ့ဝူရှန့်ကမေးလိုက်သည်။ "ပုံမှန်ဆိုဒီလို အမှတ်ခြစ်ရတာမင်းအလုပ်မဟုတ်ဘူးမလား? မင်းဦးလေး အလုပ်ဟုတ်တယ်မလား?"

လန်ချီရန်မှာ တခြားအရေးကြီးသော အလုပ်တာဝန်များနှင့် မအားသောကြောင့် လန်ဝမ့်ကျီးအား အမှတ်ခြစ်ရန်တာဝန်ကို ခေတ္တ လွှဲပြောင်းပေးခဲ့ဟန်တူသည်။ ဝေ့ဝူရှန့်ဟာ လက်ဆန့်ထုတ်လိုက်ပြီး စာရွက်နှစ်ရွက်အားကောက်ယူ၍ လှန်ကြည့်ကာပြောလေ၏ "မင်းဦးလေးဆိုရင် စာနှစ်ပိုဒ်အတွက် မှတ်ချက်ကိုစကားလုံးတစ်ရာလောက်ရေးတာ။ ပြီးတော့အနှစ်ချုပ်ဆိုပြီး စကားလုံးထောင်ချီပြီးမှတ်ချက်တွေရေးတာ။ အဲဒီလိုမှတ်ချက်အများကြီးကို ဘယ်လိုအချိန်ပေးပြီးရေးလဲ ငါတော့စဉ်းစားလို့မရဘူး။ မင်းမှတ်ချက်တွေကတော်တော် တိုတယ်"

"တိုတယ်? မကောင်းဘူးလား?" လန်ဝမ့်ကျီးကမေးသည်

"ကောင်းပါတယ်! တိုတိုနဲ့လိုရင်းရောက်တယ်"

လန်ဝမ့်ကျီး၏မှတ်ချက်များမှာ တိုတောင်းသော်လည်း ပေါ့ပြက်ပြက်နိုင်ခြင်းမရှိပေ။ ရိုးရှင်းသော စာတမ်းများကိုပင် သေသေချာချာ အလေးအနက်ထားကာ မှတ်ချက်ပေးခြင်းဖြစ်သည်။ စကားပြောသည်ဖြစ်စေ စာရေးသည်ဖြစ်စေ လန်ဝမ့်ကျီး၏စကားလုံးအသုံးအနှုန်းမှာ တိုတိုနှင့် ထိထိမိမိရှိလှသည်။
ဝေ့ဝူရှန့်မှာ ရေစည်ထဲတွင်ခေါင်းကိုမြုပ်အောင် ရေငုပ်လိုက်သည်။ ထို့နောက် ပြန်တက်လာကာ လက်တစ်ဖက်ဖြင့် ဆပ်ပြာကိုယူကာ ဆံနွယ်များအားလျှော်နေလေ၏။ အခြားလက်တစ်ဖက်ဖြင့် စားပွဲပေါ်ရှိ မှတ်တမ်း စာရွက်တစ်ရွက်ကိုလှမ်းယူလိုက်သည်။ တခဏမျှ ဖတ်ကြည့်ပြီးနောက် အသံထွက်ကာရယ်မောလိုက်၏ "ဒါကို ဘယ်သူရေးထားတာလဲ? အမှားတွေ အများကြီးပဲ။ ဟဟဟဟဟဟဟားး ငါသိတယ် အဲ့ဒါ ကျင်းရီဆိုတာ။ မင်းသူ့ကို အဆင့် B ဘဲပေးထားတယ်။"

"ဟုတ်တယ်" လန်ဝမ့်ကျီးကဆိုသည်။

"ဒီစာရွက်ပုံကြီးထဲမှာ အဆင့်B ရတာ ဒီတစ်ရွက်ပဲတွေ့သေးတယ်။ သနားပါတယ်။"

"စကားလုံးအသုံးအနှုန်း အမှားတွေ အများကြီးပဲ"

"အဆင့် B နဲ့ဘဲ ကျေနပ်ရမှာလား?"

"မဟုတ်ဘူး။ ပြန်ရေးခိုင်းရမှာ"

"လက်တစ်ဖက်ထောက်ပြီး ဇောက်ထိုးအနေထားနဲ့ ပြန်ကူးရေးခိုင်းတာထက် စာရင် ဒီတိုင်းပြန်ကူးရေးခိုင်းတာကျေးဇူးတင်သင့်တယ်"

လန်ဝမ့်ကျီးဟာ ဆိတ်ဆိတ်နေရင်း ဝေ့ဝူရှန့်ဖွထားသော စာရွက်များကို တစ်ရွက်ချင်းထပ်ကာ သပ်သပ်ရပ်ရပ် ပြန်စီ နေသည်။ ဝေ့ဝူရှန့်ဟာ စာရွက်များကိုစီနေသော လန်ဝမ့်ကျီးကိုကြည့်ရင်း မေးလိုက်၏ "မင်း စစ်ကျွေးကိုရော အဆင့်ဘယ်လောက် ပေးထားလဲ?"

လန်ဝမ့်ကျီးဟာ စာနှစ်မျက်နှာပါသော စာတမ်းကို ဝေ့ဝူရှန်အား လှမ်းပေးလိုက်၏ "အဆင့် A"

ဝေ့ဝူရှန့်ဟာ လှမ်းပေးလိုက်သော စာတမ်းကို ခေါင်းငုံ့၍ဖတ်ရင်း "သူ့ လက်ရေးလက်သား တကယ်ကောင်းတာပဲ"

"တင်ပြပုံ စနစ်ကျတယ်၊ အတွေးအခေါ်ကောင်းတယ်၊ အကြောင်းအရာက အဓိပ္ပာယ်ရှိတယ်၊ ခိုင်လုံတယ်၊ တိကျတယ်" လန်ဝမ့်ကျီးကဆိုသည်။

ဝေ့ဝူရှန့်ဟာ စာရွက်များကို လှန်ဖတ်ပြီးနောက် စာရွက်ပုံထဲသို့ပြန်ထည့်လိုက်၏။ အဆင့်မသတ်မှတ်ရသေးသော စာရွက်များ အပုံလိုက်ရှိသေးသည်ကို သတိပြုမိသောအခါ သူမေးလိုက်၏ "မင်း ဒါတွေအကုန်လုံးကို ဖတ်ရမှာလား? ငါ တချို့တဝက် ကူဖတ်ပေးမယ်လေ"

"ကောင်းပြီ" လန်ဝမ့်ကျီးကဖြေသည်။

"အမှားတွေ့လို့ရှိရင် အမှားခြစ်ပြီး မှတ်ချက်ရေးပေးရင် ရပြီ ဟုတ်တယ်မလား?" ဝေ့ဝူရှန့်ကမေးလိုက်သည်။

သူဟာ စာရွက်ပုံကြီး၏ တစ်ဝက်ကျော်ကျော်ကို ယူလိုက်၏။ သို့သော်လန်ဝမ့်ကျီးက ပြန်ယူရန်ကြိုးပမ်းလေ၏။ ဝေ့ဝူရှန့်ဟာ လန်ဝမ့်ကျီးလက်ကို လှမ်းတားလိုက်ရင်း "မင်းဘာလုပ်တာလဲ?"

"အရမ်းများလွန်းတယ်။ မင်းကရေချိုးနေတာလေ"

ဝေ့ဝူရှန်ဟာ ဧကရာဇ်အပြုံး သေရည်ကို တစ်ကျိုက်မော့လိုက်ရင်း စုတ်တံကိုလှမ်းယူလိုက်၏။ "ရေချိုးနေတော့ရော ဘာဖြစ်လဲ? ငါအားနေတာပဲလေ။ လုပ်စရာမှမရှိတာ။ ကလေးတွေရဲ့ စာတမ်းတွေကိုဖတ်ရတာ ပျော်ဖို့ကောင်းတယ်"

"မင်းရေချိုးပြီးရင် အနားယူရဦးမယ်"

"ငါ့ကိုကြည့်ပါဦး၊ ကြည့်ရတာ အိပ်ချင်နေတဲ့ပုံပေါက်နေလို့လား?" ဝေ့ဝူရှန့်ကပြောသည် "ငါမင်းနဲ့ နောက်ထပ်နှစ်ချီလောက်တောင် အေးအေးဆေးဆေး ခံနိုင်တယ်"

သူဟာ ရေချိုးစည်ကြီး၏အစွန်းကိုမှီကာ စာတမ်းများကို အာရုံတစိုက် ဖတ်နေလေသည်။ တစ်ခါတစ်ခါ စားပွဲပေါ်သို့လက်တင်ကာ မှတ်ချက်များကိုရေးပေးလေ၏။ ဝေ့ဝူရှန့်အား ကြည့်နေသော လန်ဝမ့်ကျီး၏မျက်ဝန်း အစုံတို့မှာ မီးအိမ်၏အလင်းရောင်အောက်တွင် နွေးထွေးတောက်ပနေလေသည်။

နောက်ထပ်နှစ်ချီပင်ခံနိုင်သေးသည်ဟု ဝံ့ကြွားစွာပြောဆိုခဲ့သော်လည်း တစ်နေ့လုံး စာသင်သားများအားတောထဲတောင်ထဲတွင် အမဲလိုက်နည်းသင်ကြားပေးခဲ့သည့်အပြင်ပြန်ရောက်ရောက်ချင်း အိပ်ရာထဲတွင်ည တစ်ဝက်စာလောက် လန်ဝမ့်ကျီးနှင့်အတူအချိန်ကုန်ဆုံးခဲ့ပြီးနောက် စာတမ်းအပုံလိုက်ကိုပါ အမှတ်ကူခြစ်ပေးနေသူအဖို့ အိပ်မငိုက်စေရန် ထိန်းထားရသည်မှာခဲယဉ်းလှသည်။ ဝေ့ဝူရှန့်ဟာ သူ၏စာရွက်ပုံကြီးအားတစ်ရွက်ချင်း သေသေချာချာမှတ်ချက်များပေးနေလေ၏။ စာရွက်ပုံကြီးအကုန်လုံးအား အမှတ်ပေးပြီးနောက် စာရွက်များကိုစားပွဲပေါ်ထပ်ပေးပြီးသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူရှန့်တစ်ယောက် ရေထဲသို့လျှောကျသွားလေသည်။ လန်ဝမ့်ကျီး၏ စူးရှသော မျက်လုံးအစုံနှင့် လျင်မြန်မှုတို့၏ကျေးဇူးကြောင့် ဝေ့ဝူရှန့်အားအသာအယာ ဖမ်းထိန်းနိုင်ခဲ့၏။ ခန္ဓာကိုယ်ပေါ်ရှိရေများ ခြောက်သွေ့သွားအောင်သုတ်ပေးပြီးနောက် အိပ်ယာပေါ်သို့အသာအယာ ပွေ့ချီ ခေါ်ဆောင်သွားလေသည်။

လန်ဝမ့်ကျီးဟာလည်း အလျင်အမြန်ရေချိုးပြီးနောက် အိပ်ရာဝင်လေသည်။ လန်ဝမ့်ကျီး၏ ပွေ့ဖက်ခြင်းကိုခံရသောအခါ ဝေ့ဝူရှန့်တစ်ယောက် အနည်းငယ်နိုးထလာ၏။ လန်ဝမ့်ကျီး၏ ညှပ်ရိုးပေါ်တွင်ခေါင်းမှီထားရင်း တိုးညှင်းစွာပြောလိုက်၏။ "မင်းတို့ ဂိုဏ်းက ကလေးတွေ စာတမ်းရေးတာ တော်ကြတယ်။ ဒါပေမယ့် ညဥ့်အမဲလိုက်တဲ့နေရာမှာတော့ တိုးတက်လာအောင်ကြိုးစားဖို့လိုသေးတယ်။"

"အင်း"

"ဒါပေမယ့်ကိစ္စမရှိပါဘူး.. ငါတိမ်လွှာနန်းမြိုင်မှာရှိနေတုန်းသူတို့ကို အစွမ်းကုန်ကူညီပေးမယ်။ မနက်ဖြန်ငါသူတို့ကို တောင်ပေါ်ကမကောင်းဆိုးဝါး အသိုက်ကိုနှိမ်နင်းဖို့ခေါ်သွားမယ်"

တောင်ပေါ်က ခြေတစ်ချောင်းထောက် မကောင်းဆိုးဝါးဟာ အင်အားအလွန်ကြီးမားသောကြောင့် နာမည်ကြီးလှသည်။ ခေါင်းမှခြေဖျားအဆုံး အမည်းရောင်အမွှေးအမျှင်များနှင့်ဖုံးလွှမ်းထားပြီး လူများကို ဟင်းသီးဟင်းရွက်များကဲ့သို့သဘောထားကာ စားသုံးကြ၏။ ဝေ့ဝူရှန့်မဟုတ်ဘဲ အခြားတစ်စုံတစ်ယောက်က ဤကဲ့သို့ပြောခြင်းသည် လက်ဆော့ခြေဆော့ရှိသော ကလေးတစ်သိုက်အား အပင်ပေါ်မှ ငှက်သိုက်ကို သွားဖျက်ဆီးရန်ခေါ်ဆောင်သွား ရန်ပြောဆိုခြင်းနှင့်တူနေပေလိမ့်မည်။

လန်ဝမ့်ကျီး၏နှုတ်ခမ်းထောင့်များကွေးညွတ်သွားဟန်ရှိသည်။ "မင်းဒီနေ့ အဲဒီ့မကောင်းဆိုးဝါးကိုသွားဖမ်းတာလား?"

"ဟုတ်တယ်" ဝေ့ဝူရှန့်ဝန်ခံသည်။ "အဲ့ဒါကြောင့် သူတို့လေ့ကျင့်ဖို့လိုသေးတယ်လို့ ငါပြောတာပေါ့။ အဲ့ဒီတောင်ပေါ်က မကောင်းဆိုးဝါးက ခြေတစ်ချောင်းပဲရှိတာ ထွက်မပြေးနိုင်ဘူး။ နောက်ဆိုသူတို့တွေ ခြေလေးချောင်းတောက်တဲ့တို့၊ ခြေရှစ်ချောင်းရှိတဲ့ပင့်ကူတို့၊ ခြေချောင်းတစ်ရာလောက်ရှိတဲ့ ကင်းခြေများ မကောင်းဆိုးဝါးလိုမျိုး ထွက်ပြေးနိုင်တဲ့ကောင်တွေနဲ့တွေ့ရင်တွေ့မှာ... အို, ဒါနဲ့စကားမစပ်, ဟန်ကွမ်းကျွင်းရေ ငါ့မှာပိုက်ဆံမရှိတော့ဘူး နည်းနည်းထပ်ပေးပါဦး"

"ငါမင်းကိုပေးထားတဲ့ကျောက်စိမ်း တံဆိပ်ပြားကပိုက်ဆံအလုံအလောက်ရှိတယ်မဟုတ်ဘူးလား" လန်ဝမ့်ကျီးကဆိုသည်။

ဝေ့ဝူရှန့်က အသံထွက်ရယ်သည်။ "မင်းငါ့ကို ကျောက်စိမ်းတံဆိပ်ပြားပေးတာ နယ်စပ်တွေဖြတ်သန်းသွားလာခွင့်ရအောင်ပေးထားတယ် ထင်တာ... အဲ့ဒါကပိုက်ဆံ အနေနဲ့ရောသုံးလို့ရတာလား?"

"ဟုတ်တယ်" လန်ဝမ့်ကျီးကဖြေသည်။ "မင်း ဈေးဆိုင်တွေ ဒါမှမဟုတ် သူများအိမ်တွေကို ဖျက်ဆီးမိလို့လား?"

"မဟုတ်ပါဘူး..." ဝေ့ဝူရှန့်ကငြင်းသည်။ "မင်းဘယ်လိုလုပ်... ပိုက်ဆံတွေအကုန်ကုန်သွားတာက ညဥ့်အမဲလိုက်အပြီး ကလေးတွေကို ချိုက်ယီမြို့က ဟူနန်စားသောက်ဆိုင်မှာ ညစာဝင်ကျွေးလိုက်လို့... ငါမသေခင်တုန်းက မင်းကိုအရမ်းခေါ်သွားချင်ခဲ့တဲ့နေရာလေ ဒါပေမယ့် မင်းကအမြဲငြင်းခဲ့တယ်လေ... ငါအရမ်းပင်ပန်းနေပြီ... လန်ကျန့် စကားမပြောနဲ့တော့..."

"ကောင်းပြီ" လန်ဝမ့်ကျီးကပြောလိုက်သည်။

"... မပြောပါနဲ့ဆို... မင်းကစကားလုံးတစ်လုံးထဲပြောရင်တောင် ငါကမနေနိုင်ဘဲပြန်ပြောချင်နေတာ... တော်ပြီလန်ကျန့် မြန်မြန်အိပ်ကြရအောင်... ငါ... မရတော့ဘူး... တကယ်အိပ်ဖို့လိုနေပြီ... လန်ကျန့် မနက်ဖြန်မှတွေ့ရအောင်..."

သူဟာ လန်ကျန့်ရဲ့လည်တိုင်ကို နမ်းလိုက်ပြီးနောက် အလျင်အမြန်အိပ်မောကျသွားလေ၏။

ကျင်းရှီဆောင်ထဲတွင် ငြိမ်သက်မှုနှင့်မှောင်မိုက်မှုတို့သာ ကျန်ရစ်လေတော့သည်။

အချိန်အနည်းငယ်မျှကြာပြီးနောက် လန်ဝမ့်ကျီးဟာ ဝေ့ဝူရှန့်၏ နှဖူးပြင်လေးအား ဖွဖွလေးနမ်းရင်း တိုးညှင်းစွာပြောလိုက်၏။
"မနက်ဖြန်မှ တွေ့ကြမယ် ဝေ့ရင်း"

_________________>3<________________

စကားချပ်

ဒီအပိုင်း ၂ လေးက တော်တော်လေးကိုချစ်ဖို့ကောင်းတယ်မလား? သူတို့နှစ်ယောက်ရဲ့ လေးနက်တဲ့အချစ်ကိုမြင်တွေ့ရမှပါ။ ပင်ပန်းနေတာတောင် ချစ်သူကို ကူပြီးအမှတ်ခြစ်ပေးတဲ့ ဝေ့ဝူရှန့်ရယ် ဝေ့ရင်းအတွက်ဆို အသေးစိတ်ကအစ လိုလေသေးမရှိအောင် ဂရုစိုက်ပြီးချစ်တတ်တဲ့ ဟန်ကွမ်းကျွင်း တို့ကိုကြည့်ပြီးအားကျမိပါရဲ့။ အချစ်ဆိုတာ ဒီလိုမျိုးပါလားလို့ သဘောပေါက်စေတဲ့အခန်းလေးပါ။ အားလုံးလည်းကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်။ update လုပ်တာအရမ်းကြာသွားတဲ့အတွက်လည်းနူးနူးညွတ်ညွတ်တောင်းပန်ပါတယ်နော်။ အရမ်းကိုအလုပ်များပြီး ကျန်းမာရေးချူချာနေလို့ပါ။

အချပ်ပိုလေးတွေထဲမှာ အဓိကဘာသာပြန်ပေးချင်တဲ့အချပ်ပိုလေးတွေကတော့ကုန်သွားပါပြီ။ အခြားအခြားသော အချပ်ပိုများကတော့ ဘာသာပြန်ထားတာတော်တော်များများကိုတွေ့ဖူး ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ အရမ်းကို ဖတ်ချင်သော မဖတ်လိုက်ရသော သူများအနေဖြင့် ကိုယ်ဖတိချင်သော အချပ်ပိုကို comment ပေးနိုင်ပါတယ်။ အချိန်ရရင်ရသလိုပြန်ပေးပါ့မယ်။

Mdzs ဝတ္ထုကို သဘောကျနှစ်သက်ပြီး wangxian ဇာတ်ကောင် နှစ်ယောက်ရဲ့ နောက်ဆက်တွဲစိတ်ကူးယဉ်ဇာတ်လမ်းလေးတွေကို ဖတ်ရှုချင်တယ်ဆိုရင် ao3 website က သာသာ့ အကြိုက်ဆုံး Authour ရဲ့ fic တွေကို ခွင့်ပြုချက်ယူပြီးပြန်ပေးဖို့ရှိပါတယ်။ ဖတ်ချင်တဲ့သူများတယ်ဆိုရင်ပေါ့နော်။ English version ဖတ်ချင်ရင်လည်း chat box မှတစ်ဆင့် link တောင်းနိုင်ပါတယ်။ ကိုယ်ကတော့ အဲဒီ့ fic လေးတွေကြောင့် wangxian နွံထဲကရုန်းမထွက်နိုင်အောင်ပါဘဲ ☺️

ဒီအပိုင်းလေးကို ဟန်ကွမ်းကျွင်းရဲ့မွေးနေ့ဖြစ်တဲ့ January 23rd မှာ တင်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ဘယ်လိုမှအခြေအနေမပေးတာကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ Happy belated birthday ပါဟန်ကွမ်းကျွင်းရေ။ တိမ်လွှာနန်းမြိုင်မှာ ကလေးတွေကို စာပေပညာတွေပို့ချရင်း ချစ်ရသူနဲ့အတူ မကွဲမကွာ သာယာပျော်ရွှင်ပြီး everyday နိုင်ပါစေနော် 😅🎂

စာရှည်သွားတဲ့အတွက်တောင်းပန်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်လည်းကျေးဇူးပါတယ်။ comment လေးတွေ ပေးကြခြင်းဖြင့်လည်း motivate လုပ်ပေးကြပါလို့။ Yizhan fic တစ်ပုဒ်ရေးဖို့လည်းပြင်နေပါတယ်။ အားလုံးကို ကျးဇူးတင်ပါတယ် 💕

ထုံးစံအတိုင်း နောက်ဆုံးမှာ fanart လေးတွေပေါ့နော်





Continue Reading

You'll Also Like

221K 22.8K 105
ဘာသာပြန်သူ - စွဲညို့အသင်း
1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
131K 12.6K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
1.1M 162K 154
စစ္သူႀကီးမ်ိဳးရိုး၏ ပဏာမသမီးေတာ္၊ ျဖဴစင္၊ ရိုးသား၍ အလိမ္အညာခံရလြယ္ေသာ၊ မင္းသားသင္းအား ရူးရူးမိုက္မိုက္ခ်စ္ႀကိဳက္မိသူ သူမ သူ႔ဇနီးမယားအရာရေအာင္ ႀကိဳးပမ...