ကိုကိုရဲ့ကလေးငယ် S1 [ Complet...
By moewathane
10.2M 599K 29.5K
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်က... More
❤( ဇိုင်းဇာတ်ဇာတ်ဇော် )❤
❤( ဇေသုတ )❤
❤( မြတ်မင်းခန့် )❤
❤ ကိုကိုရဲ့ကလေးငယ် ၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၇ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၁၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၄ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၂၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၂ ❤🔞
💍Marry me baby💍
❤ ကိုကိုရဲ့ကလေးငယ် ၃၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၅ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၃၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၄ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၄၅ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၄၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၁ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၅၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၆ ❤END
{ ♥ ​ေက်းဇူးတင္လႊာ ♥ }
❤ Extra ep 1 ❤
❤ Extra ep 2 ❤
❤Extra ep 3❤
❤Extra ep 4❤
❤ Extra ep 5❤
❤ Extra ep 6 ❤End
Extra အပိုင်းပို - 7
Extra အပိုင်းပို - 8 End
❤ ကိုကိုရဲ့ကလေးငယ် ၅၀ ❤
129K 6.8K 167
By moewathane
Unicode...
>>>>>>>>>
.
.
ကိုယ်ဝန် ၃ လ.....။
"ကိုကိုရေ..!!!"
"လာပီ ကလေး !! ...ဒီမှာ ကလေးစားချင်တဲ့ ဖရဲသီးချိုချိုလေးလဲ ရပြီ.. ကလေးစိတ်ကြိုက်စားလို့ရပြီဗျာ..."
ဇိုင်း ဖရဲသီးအလုံးကို အလည်ကပိုင်းပြီး ဇွန်းတစ်ချောင်းနဲ့ သုသုလေး ဆီအပြေးလေးလာသည်။
ဖရဲသီးကို အစိတ်လေးတွေစိတ်ပေးပါ့မယ်ဆိုတော့လဲ မရ ။ ဒီတိုင်းအလုံးလိုက်ကို ဇွန်းနဲ့စားချင်တယ်ပဲ ပြောနေလို့ ဇိုင်း မှာ ဖရဲသီးကို သေချောရေသန့်စင်အောင်ဆေးပြီး ထပ်ခြမ်းခွဲကာ ယူလာပေးရသည်။
သုသု ကိုယ်ဝန်ရှိကတည်းက သုသုကို ဘာတစ်ခုမှအထိခိုက်မခံနိုင်လောက်အောင်ဖြစ်နေရသည်။ ဇိုင်း ကိုယ်တိုင်လဲ ကုမ္ပဏီကိုမသွားတော့ပဲ သုသု အနားမှာသာနေပြီး  သုသု စားချင်တာလေးတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ပေးသည်။
ကုမ္ပဏီ က အလုပ်တွေကိုလဲ အိမ်မှာပဲလုပ်ကိုင်သည်။ အရေးကြီး ကိစ္စမဟုတ်ရင် ကုမ္ပဏီကို ကျော်ထက်တို့နဲ့ပဲလွှဲထားသည်။
ဧည့်ခန်း စားပွဲမှာ စာရွက်စာတမ်းတွေ နဲ့အလုပ်ရှုတ်နေတဲ့ ဇိုင်း ကို ဖရဲသီးစားချင်တယ်လို့ ပူဆာတဲ့ ဗိုက်ဗိုက်လေး ကြောင့် ဇိုင်း ချက်ချင်းထကာ သွားပြင်ပေးရသည်။ အိမ်မှာ ဒေါ်ချိုအပြင် အလုပ်သမားတွေအများကြီးရှိနေပေမယ့် ကလေးနဲ့ပက်သတ်သမျှအားလုံးကို ဇိုင်း ကိုယ်တိုင်လုပ်ချင်တာကြောင့် ကလေး ကိစ္စအသေးမွားကအစ ဇိုင်း ကိုယ်တိုင်ပဲလုပ်ကိုင်သည်။
ဇိုင်း အလုပ်လုပ်နေတဲ့ ဘေးမှာ ဟာသကားဖွင့်ကြည့်ပြီး တင်မ​လွေချိတ်ထိုင်ကာ ပေါင်ပေါ်ကိုဖရဲသီးတင်ရင်း အားရပါးရ ဇွန်းနဲ့ခပ်စားနေတဲ့ ကလေးကိုကြည့်ကာ ဇိုင်း အသည်းတယားယားဖြစ်နေသည်...။
သုသု ကိုယ်ဝန်က ၂ လကျော် ၃ လထဲဝင်နေသည်မို့ သုသု ဗိုက်ကလေးက အရင်လို ပြားချပ်ချပ်ဖြစ်မနေပဲ ဆူမို့မို့လေးဖြစ်နေသည်။
အရင်က သုသု အတွက် ဝယ်ပေးထားတဲ့ တီရှပ်အကျႌလေးတွေသည်လဲ အခု သုသု ဝတ်လိုက်ရင် အရင်လိုအနေတော်ဖြစ်မနေပဲ ဗိုက်ကလေးမှာ ပူပွပွလေး ကပ်နေတတ်သည်။ ထို့ကြောင့် သုသု အတွက်နောက်ထပ်အကျႌအပွလေးတွေထပ်ဝယ်ပေးရန်စဉ်းစားပေမယ့် ချစ်ဖို့ကောင်းတဲ့ ကလေးလေးက အကျႌတွေထပ်ဝယ်ပေးမည်ကို ငြင်းကာ ဇိုင်း ရဲ့ တီရှပ်အကျႌဖားဖားကြီးကိုပင် ယူဝတ်တတ်သည်။
အခုလဲ ဇိုင်း Shirt အကျႌကြီးကိုဝတ်ထားပြီး ထိုအကျႌထဲမှာပင် သုသုလေး တကိုယ်လုံးမြုတ်နေသည်ကို ဇိုင်း ကြည့်ရင်းကြည့်ရင်း တဖြည်းဖြည်းနဲ့ ပိုပိုပြီးအသည်းယားကာ သုသု အနားကပ်သွားပြီး ခါးလေးကို သာသာ​လေး ဖက်ကာ တကိုယ်လုံးလိုက်နမ်းပစ်လိုက်သည်။
"ခစ် ခစ်.. ကိုကိုရေ ယားတယ် မနမ်းနဲ့... ကိုကို လို့.... "
"ကလေး ဆီကအနံလေးက မွေးနေတာပဲ ..ကိုကို နမ်းလို့မဝဘူး ကိုကိုရဲ့က​လေးလေး ကိုကို့ရဲ့​ယောက်ကျားလေး ငြိမ်ငြိမ်လေးနေပေးကွာ ခဏလေး နမ်းဦးမယ်အင်းး တကယ်မွှေးတာ.."
"ကိုကို! ခစ်ခစ် အဲ့လည်ပင်း ကို မနမ်းနဲ့လို ယားပါတယ်ဆို.."
ဇိုင်း သုသုလည်တိုင်ဖွေးဖွေးလေးဆီကို နှာဖျားလေးနဲ့လိုက်နမ်းကာ ကလိနေတာကြောင့် သုသု လက်တစ်ဖက်နဲ့တွန်းကာတားယူနေရသည်...ကျန်လက်တဖက်က ဇွန်းလေးကိုကိုင်ထားတာကြောင့် မအား။
သုသုလေးရယ်နေရင်း ကြာရင် မောဟိုက်လာမှာစိုးတာကြောင့် ဇိုင်း ဆက်မစတော့ပဲ ရပ်လိုက်သည် ထိုအခါမှ သုသု အသက်ဝဝရှုရသည်။
​စောနက အရမ်းရယ်ထားတာကြောင့် သုသု မျက်နှာတစ်ခုလုံးနီရဲနေတဲ့ အပြင် စားထားတဲ့ ဖရဲသီးဖတ်လေးတွေဟာလဲ သုသု နှုတ်ခမ်းနားတစ်ဝှက်မှာ ငြိတွယ်နေသည်။
သုသုလေးရဲ့ အခုလို ဖယိုဖရဲ ပုံစံလေးက ဇိုင်း မျက်စိထဲ ဘယ်အရာနဲ့မှ မတူအောင် ချစ်ဖို့ကောင်းနေလွန်းသည်။ ဇိုင်း  သုသုရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုသေချာစိုက်ကြည့်ရင်း  နှုတ်ခမ်းနားဆီက ဖရဲသီးအဖတ်လေးကို ဇိုင်းလက်မနဲ့ယူလိုက်ပြီး ဇိုင်းလျှာပေါ်တင်ကာ အရသာခံရင်း...
"အရမ်းချိုတယ်.."
သုသု ဇိုင်းလုပ်တာကိုသေချာကြည့်ရင်း ပြုံးနေသည်....။
"အင်း ချိုတယ်...ကိုကို စားချင်လား ကလေးကျွေးမယ်လေ..."
"အင်း စားချင်တယ်... ဒါပေမယ့် ဖရဲသီးတော့ မဟုတ်ဘူး..."
ဇိုင်း ကို ခွံကျွေးဖို့ပြင်နေတဲ့ သုသုရဲ့ မျက်နှာလေးနားကို ဖြည်းဖြည်းချင်းတိုးကပ်သွားကာ သုသုနှုတ်ခမ်းရဲလေးကို စားသောက်နေလိုက်သည်နှင့် သုသု သည်လဲ ဇိုင်းနဲ့အနမ်းကမ်ဘာမှာ မျက်လုံးလေးမှိတ်ကာ စီးမြောနေလိုက်သည်။
အတော်ကြာသည်ထိ နမ်းရှိုက်ပြီးသည်နှင့် ဇိုင်း သုသုနှုတ်လမ်းလေးကို ပြွတ်ခနဲ့မြည်အောင် တစ်ချက်စုတ်ရင်းလွတ်ပေးကာသုသု နှုတ်ခမ်းဆီကျန်ရှိနေတဲ့ တံတွေးပေကို ဇိုင်း လက်မနဲ့ ပွတ်ဆွဲကာ သန့်စင်ပေးပြီး.....
"ကိုကိုရဲ့ကလေးလေး နှုတ်ခမ်းလောက် ဘယ်အရာမှမချိုဘူး... ချစ်တယ် ကလေး"
ဇိုင်းရဲ့ချစ်စကားကြားကို နေ့တိုင်း အမြဲတိုင်းလိုလိုကြားနေရပေမယ့် ကြားရတိုင်းမှာမရိုးနိုင်အောင် သုသု ကို ပြုစားနိုင်လွန်းသည်...။
သုသုကိုစိုက်ကြည့်နေတဲ့ ဇိုင်းရဲ့အကြင်နာမျက်ဝန်းတွေကို သုသု မြတ်နိုးစွာစိုက်ကြည့်ပြီး အပြုံးလေးနဲ့...... ။
"ကလေးလဲ ကိုကို့ ကို အရမ်းချစ်တယ်..."
ဇိုင်း သုသု ကိုယ်လေးကိုရင်ခွင်ထဲထည့်ကာဖက်ထားရင်း မျက်နှာမှာလည်း တလောကလုံးကိုအပိုင်စားရထားသလို ကျေနပ်ချင်းအပြုံးတွေနဲ့ပင်.............။
                 >>>>>>>>>>>>>>>>>>
ဇိုင်း နဲ့သုသု ဒီနေ့ ကျော်ထက်တို့လက်ထက် လက်မှတ်ပွဲလေးကိုသွားရမှာကြောင့် ပြင်ဆင်နေသည်။
ဟိုတလောက ဝန မရှိတုန်း ကျော်ထက်နဲ့ဇိုင်း အလုပ်ကိစ္စဆွေးနွေးနေချိန်ပေါ့။ အကိုဝန ကို ချစ်ပေမယ့် လက်ထက်ခွင့်တောင်းချင်တာကို မပွင့်တပွင့်လုပ်နေတဲ့ အကိုကျော်ထက် ကို သုသုစိတ်မရှည်ဖြစ်လာသည်။ ထို့ကြောင့်  သုသု ဗိုက်ကလေးပွတ်ရင်း ဇိုင်း တ်ို့ အနားသွားကာ...
"ကိုကို....."
"ဟင် ကလေး ပြောလေ.. ဘာစားချင်လို့လဲ...."
ဇိုင်း စာရင်းတွေလက်မှတ်ထိုးနေရင်း သုသုခေါ်တာကြောင့် ထိုစာရင်းစာရွက်တွေကို ကျော်ထက်ရှေ့ချကာ. သုသုလေး ကို ကြည့်ပြီးပြောသည်.။ ကျော်ထက်ကတော့ သူ့Boss အကြောင်းကိုသိသူပီပီ သူ့Boss ရှေ့က စာရွက်စာတမ်းတွေ ပါယူပြီး အလုပ်ဆက်လုပ်နေလိုက်သည်...။
"အကိုဝန ရော မတွေ့ပါလား..."
"အော် ဝန လား... ဝန က ကိုကို ရှယ်ယာဝင်တစ်ယောက်နဲ့သွားဆွေးနွေးဖို့လွှတ်လိုက်တယ်..ကလေး ဝန ကို ခိုင်းစရာ ရှိလို့လား"
"ဟင့်အင်း မရှိပါဘူး..."
ထိုအခါ သုသု စိတ်ကူးထဲမှာ အတွေးစနည်းနည်းလေးပေါ်လာပြီး ဇိုင်း ကို မျက်စပစ်ပြီး အနားနားတိုးဖို့ခေါ်ကာ တိုးတိုး တိုးတိုး နဲ့တစ်ခုခုပြောလိုက်သည်။
ခေါင်းစိုက်ကာ အလုပ်လုပ်နေတဲ့ ကျော်ထက်ကတော့ ထိုအခြေနေကို မတွေ့လိုက်။
"ကိုကို.. ကလေး အခုတလော အကိုဝန ကိုကြည့်တာ အရင်ကထက် ပိုချောလာသလိုပဲနော်..."
သုသု ပြောလိုက်တော့ ကျော်ထက် လက်မှတ်ထိုးလက်စ ပင်ရပ်တန့်သွားသည်။ ဇိုင်းကလဲ သူ့ကလေးလေး ဘာဖြစ်ချင်နေမှန်းသိတာကြောင့် သူ့ကလေး ပြောတဲ့အတိုင်း ဝန ကို အရောက်ပို့ရန် ဝင်ကူညီရသည်။
"အင်း ဟုတ်မယ်ထင်တယ် အဲ့တာကြောင့် ဟိုတလောက ဝန သွားညှိနှိုင်းတဲ့ ဧည့်သည်တစ်ယောက်က ကိုကို့ဆီဖုန်းဆက်ပြီး ဝန အကြောင်းမေးဖူးတယ်.."
ကျော်ထက် အလုပ်လုပ်နေရင်း အလုပ်ထဲစိတ်မပါတော့ပဲ ဇိုင်းနဲ့သုသု ပြောနေတဲ့စကားတွေကိုသာ မသိမသာ နားစွန့်နေသည်။
"ဟုတ်လား ကိုကို.. ဘာမေးတာလဲ...ကလေးကိုပြောပြ"
"ဘာရယ်မဟုတ်ပါဘူး ကလေးရယ်... အိမ်ထောင်ရှိလား Rs ရှိလားပေါ့..ကိုကိုကလဲ တဖက်က ဧည့်သည်ဆိုတော့ မကောင်းတတ်လို့ပြန်ဖြေပေးရတယ်လေ..."
"အကိုဝန က လူပျိုလူလွတ်ဆိုတော့ မိန်းကလေးတွေဝိုင်းဝိုင်းလည်နေမှာပဲနော်"
"ဒါပေါ့ ကလေးရဲ့..."
ကျော်ထက်တစ်ယောက် စိတ်တွေဘယ်လိုမှ မတည်ငြိမ်နိုင်တော့ပေ။
သခင်လေးပြောတာမှန်တယ် အခုတလော Bae နေထိုင်ပုံ ဝတ်ဆင်ပုံတွေက အရင်ကနဲ့မတူပဲ ပိုလို့သန့်ပြန့်ပြီးချောလာသည်။ ကျော်ထက်က Boss အစား Company ကိစ္စအာလုံးတာဝန်ယူထားတာမို့ တချို့ နိုင်ငံခြားက ရှယ်ယာရှင်ပဲ ဖြစ်ဖြစ် ပြည်တွန်းက ရှယ်ယာရှင်ပဲဖြစ်ဖြစ် Bae ကို သွားဆွေးနွေးခိုင်းတာများသည်မို့ကျော်ထက် Bae ကို စိတ်မချ ဖြစ်နေရတာ အခု သခင်လေးနဲ့ Boss ပြောကာမှ ကျော်ထက် ဘယ်လိုမှ အလုပ်ဆက်မလုပ်နိုင်တော့ပေ။ ဘာလို့ဆို Bae အခုသွားတွေ့မယ်သူက မိန်းကလေး ဖြစ်နေတာမို့။
သုသု အကိုကျော်ထက်ပုံစံကိုကြည့်ပြီး ကြိတ်ပြုံးနေသည်။ ဇိုင်းသည်လဲ လုပ်ချင်တာလုပ်ပြီး ပြုံးပျော်နေတဲ့ ကလေး ကို ငေးကြည့်ကာ အချစ်ပိုရပြန်ပါပြီ။
"ဟို Boss.... "
ဇိုင်း သုသုကိုငေးကြည့်ရင်း ကျော်ထက်ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။
"အင်း ပြော...."
"ကျွန်တော် ဝန နောက်ခဏလိုက်သွားချင်လို့ ရမလား ကျန်တဲ့စာရင်းတွေကို ကျွန်တော်ပြန်လာမှ ဆက်လုပ်လိုက်မယ်"
ကျော်ထက်စကားကို ဇိုင်း ခေါင်းညှိမ့်ကာရယ်ကျဲကျဲနှင့်....။
"ဘာလဲ စိတ်မချတော့ဘူးလား..."
ဇိုင်း ပြောလိုက်တော့ ကျော်ထက် ရှက်ပြုံးပြုံးကာ...
"ဟုတ်.. အဲ့တာဆို ကျွန်တော် သွားလိုက်ပါဦးမယ်.."
ပြောပြီးသည်နှင့် ကျော်ထက် ထသွားလိုက်ပြီး တံခါးနားရောက်တော့....။
"အကိုကျော်ထက်....."
"ဗျာ..သခင်လေး...."
"အကိုဝန နဲ့တွေ့ရင် တခါတည်းချည်ပြီးတုတ်ပြီး လုပ်ခဲ့ဦးနော်...မဟုတ်ရင် တခြားလူ ချည်သွားလိမ့်မယ် သိလား..."
"ဟုတ် စိတ်ချပါ သခင်လေး.. ကျွန်တော်သူကို့ဘယ်သူလက်ထဲမှ အပါမခံဘူး..."
ပြောပြီးသည်နှင့် ကျော်ထက် တစ်ချို့တည်းပြေးထွက်သွားသည်။ ထိုနေ့က အကိုကျော်ထက် အကိုဝန ကိုလက်ထပ်ခွင့်တောင်းခဲ့သလို အကိုဝန ကလဲ အကိုကျော်ထက် ကိုလက်ခံခဲ့သည်လေ...။
နောက် ၁ လနေတော့ ဖြုန်းစားကြီး လက်ထက်ဖိတ်စာကို ဇိုင်းတို့ကိုလာပေးတော့ သုသု ကိုယ်တိုင်အံသြသွားရသေးတယ်။
အမြန်ဆုံးစီစဉ်မယ်ဆိုပေမယ့် အခုလောက်ထိ မြန်မယ်လို့မထင်ထားခဲ့တာကြောင့်ပင်...။
ဘာပဲဖြစ်ဖြစ် အကိုကျော်ထက် နဲ့အကိုဝန အခုလိုပေါင်းဖက်သွားတာကိုပင် သုသု အရမ်းပျော်နေပါသည်....။
ဒီနေ့ ကျော်ထက်တို့ လက်ထက်ပွဲကြောင့် ဇိုင်း သည် သုသုလေးအတွက်အဝတ်စားရွေးပေးနေသည်ကိုသုသုလေးက မွေ့ယာပေါ်ထိုင်ကာ ဇိုင်း တီရှပ်ဖြူကြီးတစ်ထည်ဝတ်ကာ စောင့်နေသည်....။
"ကိုကိုရေ...အကျႌရွေးနေတာ ပြီးသေးဘူးလားလို့ ကြာနေပြီနော် ဟိုမှာ အကိုကျော်ထက်တို့စောင့်နေလောက်ပြီ.."
"ရွေးလို့ပြီးပြီ ကလေးရဲ့..ခဏလေးနော် ကိုကို ဝတ်ပေးမယ်..."
ဇိုင်း ရေချိုးပြီးထဲက သုသုအတွက် အဝတ်စားရွေးနေသည်မှာ အကျႌပင်မဝတ်နိုင်...။
ဇိုင်းအတွက် စတိုင်ပင်ဝမ်းဆက် အပြာရင့်​ရောင်ကိုထုတ်ထားပြီး သုသုအတွက်တော့ အပြာနုနုအရောင်လေးကိုသာ ထုတ်လာလိုက်သည်။
ဇိုင်း အဝတ်စားထုတ်လာသည်နှင့် ကုတင်ကျယ်ကြီးပေါ်မှာ တင်မလွေချိတ်ထိုင်ပြီး ဝက်ဝံအရုပ်လေးပိုက်ကာ ထိုင်စောင့်နေတဲ့ကလေးငယ်...။
မတော်တရော် ဇိုင်း တီရှပ်လက်ရှည်ကိုဝတ်ထားသည်မှာ ကလေးနဲ့ဆိုရင် ပေါင်လည်ထိပင်ရောက်နေသည်။ ဒါ့အပြင် ဘောင်းဘီရှည်ဝတ်မထားပဲ အတွင်းခံတစ်ထည်ပဲဝတ်ထားတဲ့ ကလေးရဲ့ပုံစံလေးဟာ အရမ်းဆွဲဆောင်မှု့ရှိကာ ဇိုင်း အတွက်ဝိုင်တစ်ခွက်လိုမူးယစ်စေသည်။
ဇိုင်း တီရှပ်အကျႌလည်ပင်းပေါက်ဟာ သုသု နဲ့ဆိုရင် ပုခုံးတစ်ဖက်အောက်နားထိလျှောကျနေတာကြောင့် သုသု ရင်ဘတ်ဆီက ပွင့်ဖတ်လွှာလေးကိုပင် အတိုင်းသားမြင်နေရတာကြောင့် ဇိုင်း ကလေးကိုကြည့်နေရင်း တံတွေးတချက်မြိုချလိုက်ရသည်။ ကလေး ကိုယ်ဝန်စရှိထဲက ကလေးနဲ့ချစ်တင်းနှောချင်တဲ့စိတ်ကို ဇိုင်း မနည်းပင်ချိုးနှိပ်ထားရသည်။
ဒါပေမယ့် တနေ့တခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့ကလေးကြောင့် ဇိုင်း ဆန္ဒတွေပွင့်ထွက်ချင်လာရင်တောင် ကလေးမသိအောင်နေပြီး ရေချိုးခန်းဆီပြေးရသေးသည်...။
"ကိုကို လာလေ အကျႌကြီးကိုင်ပြီး ဘာရပ်လုပ်နေတာလဲ...."
"ဟင် ဘာမှမလုပ်ပါဘူး... ကိုကို့နားလာ ကလေး.. ကလေးအတွက်ဝတ်စုံလေးအရင်ဝတ်ပေးမယ်...."
ပြုံးရင်းပင် ဇိုင်း ပြောပြီးသည်နှင့် သုသု အနားလျှောက်လာကာ ဝတ်စုံတွေကို မွေ့ယာပေါ်ချလိုက်ရင်း သုသု အတွက်အဝတ်စား လဲပေးရန် အနားသွားလိုက်သည်....။
ဇိုင်း အပေါ်အကျႌမပါတဲ့အတွက် မြင်နေရတဲ့ ရင်ဘတ်က ကြွက်သားတွေနဲ့တောင့်ဖြောင့်တဲ့Bodyအပြင် သုသုအတွက်ဆို အမြဲတမ်းနွေးထွေးမှု့ပေးတဲ့ ရင်ခွင်တစ်စုံကြောင့် သုသု ခဏတာ ငေးကြည့်နေမိသည်....။
အမှတ်တမဲ့ အောက်ပိုင်းဆီအကြည့်ရောက်မိတော့ ခါးမှာဘောင်းဘီတောင် ဝတ်မထားပဲ သဘက်တစ်ထည်သာပတ်ထားသည်မို့ သုသု ရှက်ကာ မျက်နှာကြီးနီရဲပီး ဟိုကြည့်ဒီကြည့်နဲ့ မျက်နှာလွှဲလိုက်သည်...။
"ကို ကိုကို..အကျႌအရင်ဝတ်လေ.. တော်ကြာအအေးပတ်ဦးမယ်..."
ဇိုင်း သူ့ကလေး ကိုကြည့်လိုက်တော့ ရှက်နေတဲ့ပုံပေါက်တာကြောင့် စချင်လာတာနဲ့ ဇိုင်း သုသုထိုင်နေတဲ့ မွေ့ယာဘေးမှာဝင်ထိုင်ကာ...။
"ကလေးက ကိုကို့ ကိုရှက်နေသေးတာလား..."
ဇိုင်းမေးလိုက်တော့ သုသု မျက်လုံးလေးပုတ်ခတ်ပြီး ...။
"ဟို နည်းနည်း...."
"ဟားဟား ဘာရှက်စရာရှိလို့လဲ အချစ်ရယ် ကိုကို့ တကိုယ်လုံးမှာ ကလေး မမြင်ဘူးတဲ့နေရာမှမရှိသလို ကလေး တကိုယ်လုံးလဲ ကိုကို မမြင်ဖူးတဲ့နေရာမရှိဘူးလေ ဟုတ်တယ်မလား..."
"အာ...!ကိုကိုနော် !!ဘာ..ဘာတွေပြောနေတာလဲ... ရှက်လဲမရှက်ဘူး.."
သုသု မျက်နှာခရမ်းချဉ်သီးအလား နီရဲကာ ရှက်သွားပြီး ဇိုင်း ကို မျက်နှာလွဲကာ တဖက်မှာလဲ နှုတ်ခမ်းဆူထားသေးသည်။ ဇိုင်း စလိုက်လို့ စိတ်ကောက်သွားတဲ့ ကလေး ပုံစံလေးကို ကြည့်ကာ ဇိုင်း အသည်းတွေတဖြုတ်ဖြုတ်ကြွေရပြန်သည်...။
"Ok ok.. ကိုကို မစတော့ဘူးနော်...ကလေးလေး စိတ်တော့ မကောက်လိုက်ပါနဲ့ဗျာ... ကိုကို့က​လေးလေး စိတ်​ကောက်ရင် ဒီက ကိုကိုက မ​နေတတ်လို့ပါ...နော် က​လေးရေ ကိုကို့ယောက်ကျားလေးရေ..."
ဇိုင်း သုသု ပုခုံးလေးကနေဆွဲလှည့်ပြီးပြောတော့... ဇိုင်း ကိုကြာကြာစိတ်မကောက်တတ်တဲ့ ကလေးက ခဏအတွင်းမှာ ပြုံးရယ်လာပြီး သူ့လက်သေးသေးလေးတွေနဲ့ မျက်နှာကိုအုပ်ထားလိုက်တော့ ဇိုင်း ကလေးလက်လေးကို ဆွဲခွာကာ.....။
"ကလေး.. ကိုကို့ ကို စိတ်ကောက်ပြေနော် ပြွတ်..."
"ကလေး ကိုကို့ ကို စိတ်မကောက်ပါဘူး... ကလေးဘာသာ နည်းနည်းရှက်လို့ ဟိုဘက်ခဏလှည့်နေတာ ဟီးဟီး.. "
သုသုပြောလိုက်တော့ ဇိုင်း အခုမှစိတ်ချသွားသလိုမျိုးလေးနဲ့ ချစ်ဖို့ကောင်းအောင်ရယ်နေတဲ့ သုသု ပါးလေးကို သာသာလေးဆွဲညစ်လိုက်သည်...။
"ကိုကို အကျႌဝတ်ပေးတော့လေ.. နောက်ကျတော့မယ်..."
"ဟုတ်ကဲ့ပါဗျာ ကိုကို့ မင်းသားလေးအလိုကျပါ.."
ဇိုင်း ပြောပြီးသည်နှင့် သုသု ဝတ်ထားတဲ့ အကျႌကိုချွတ်ကာ ပွဲတတ်ဝတ်စုံလေးကို ဝတ်ပေးကာ နက်စ်တိုင်လေးပါ သေချာချည်ပေးလိုက်တော့ ထိုပွဲတတ်ဝတ်စုံအပြာနုရောင်လေးနဲ့လိုက်ဖက်စွာ ချောမောနေတဲ့ ကလေး က အခုလက်ရှိ ကိုယ်ဝန်ဆောင်ထားသည်ဟုပြောရင် ဘယ်သူမှ ယုံမယ်မထင်။
စတိုလ်ပင်ဝမ်းဆက်ဖြစ်တဲ့အတွက် အနည်းငယ်ပွယောင်ယောင်ရှိတာကြောင့် ကိုယ်ဝန်ကလဲ ဗိုက်အရမ်းမထွက်သေးတာကြောင့်ရော ဆိုတော့ အခုကလေး ပုံလေးမှာ ကြွေရုပ်လေးပမာချောမောလှပလွန်းနေသည်...။
လက်မှတ်ထိုးပွဲက အကျဉ်းချုန်းဆိုပေမယ့် တချို့အသိမိတ်ဆွေ သူစိမ်းတွေလဲလာကြမှာမို့ သုသု အခုလိုပုံစံလေးကိုကြည့်ပြီး စိတ်မချ၍ ဖြစ်နိုင်ရင်​မသွားချင်တော့ ဒါပေမယ့် တဖက်က လက်မှတ်ထိုးမယ့် နှစ်ယောက်အတွက်ကလဲ ဇိုင်း က အကိုလိုရော မိဘလိုရောဖြစ်နေတာကြောင့် မလွှဲသာတာမို့ သွားကိုသွားရမည်။
ဇိုင်း သုသုအတွက်ပြင်ပေးပြီးတာနဲ့ ဇိုင်းအတွက်ဝတ်စုံပါဝတ်လိုက်သည်...။
ဇိုင်း ဝတ်စုံဝတ်ပြီးတာနဲ့ နက်စ်တိုင်ချည်ရန်ပဲကျန်ခဲ့သည်ကြောင့် သုသု ဇိုင်း နက်စ်တိုင်ကိုင်ကာ အဆင်သင့်စောင့်နေလိုက်သည်။ သုသု သည် ဇိုင်းအတွက် နက်စ်တိုင်ချည်ပေးချင်လွန်းလို့ ဇိုင်းတို့ မင်္ဂလာပွဲမတိုင်ခင်ကပင် လေ့ကျင့်ထားတာမလား ။
အခုအခါမှလဲ ဇိုင်း ကုမ္ပဏီ သွားလို့ ဝတ်စုံဝတ်ရင် သုသု ကအမြဲတမ်း သူကိုယ်တိုင်ချည်​ပေးသည်။ တခါတလေ သုသု အိပ်​ပျော်နေလို့ ဇိုင်းကိုယ်တိုင် နက်စ်တိုင်ချည်လိုက်မိရင်အဲ့နေ့ ဇိုင်းကိုစကားပြောတော့ပဲ တစ်ယောက်တည်းငိုနေတတ်သည်။
အဲ့တာကြောင့် ဇိုင်း ကုမ္ပဏီ သွားတဲ့အချိန် ကလေးအိပ်နေခဲ့ရင် ကလေးနိုးတဲ့အချိန်ထိစောင့်ရင်စောင့် မစောင့်ရင် နက်စ်တိုင် မချည်ပဲ ကုမ္ပဏီကို ဒီတိုင်းသာသွားသည်။
ကုမ္ပဏီကို ဝတ်စုံဝတ်လာပြီး နက်စ်တိုင်ချည်မလာတဲ့ ဇိုင်းကို လူတွေကအံသြပြီးဝိုင်းကြည့်နေပေမယ့် ဇိုင်း ဂရုမစိုက် အရေးကြီးတာ ဇိုင်းရဲ့ကလေးလေး ဝမ်းမနည်းစေဖို့ပဲမလား။
အားလုံးပြင်ဆင်ပြီးသည်နှင့် ဇိုင်း ကလေး နှာဖူးလေးကိုတစ်ချက်နမ်းကာ လက်မှတ်ထိုးပွဲလေးကိုသွားလိုက်သည်။
အစိမ်းရောင်သစ်ပင် ပန်းပင်တွေကို ပတ်ပတ်လည်စိုက်ပျိုးထားပြီး ကျာ်ဝန်တဲ့ ဧရိယာအလည်မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းလေးထဲသို့ ဇိုင်း သုသုနဲ့လက်လေးချိတ်ကာ ဝင်လာခဲ့သည်။
ဇိုင်း တို့နဲ့အရမ်းရင်းနှီးတဲ့လူတွေအတွက်ရှေ့ဆုံးကပြင်ထားတာကြောင့် ဇိုင်းနဲ့သုသု အရှေ့ဆုံးခုံကိုလျှောက်သွားလိုက်သည်။ ခရစ်ယာန်ကျောင်း တစ်ခုလုံကို အဖြူရောင်ဆေးတွေ နေရာလပ်တစ်ခုမကျန်အောင်သုတ်ထားပြီး ဆေးခြယ်ပြီးသားအုပ်နံရံတွေကို အဖြူရောင်ဇာအပါးနဲ့ နေရာတိုင်းကို အစီအရီပြင်ဆင်ထားသည်။
ပြီးသည်နှင့် ဧည့်သည်တွေအတွက်ထိုင်ခုံရှည်တွေမှာလဲ အစွပ်ပုံစံ ဇာပိတ်အဖြူဖဲပြားပုံစံထွင်ပြီး စွပ်ပေးထားသေးသည်မို့ ရိုးရှင်းလှတဲ့ လက်ထက်ပွဲလေးအပြင် ဂုဏ် ပကာသနတွေ မပါစွာ အရမ်းကိုသဘောကျဖို့ကာင်းတာကြောင့် သုသု လမ်းလျှောက်လာရင်းပင် နေရာအားလုံးကို သမင်လည်ပြန်လျှောက်ကြည့်နေမိသည်။
ရှေ့ဆုံးခုံရောက်သည်နှင့် အဆင်သင့်ကြိုရောက်နေတဲ့ မမနိုးနဲ့ကိုဇော်အမြင် ကိုခန့်နဲ့ အသားဖြူဖြူခပ်ချောချော လူတစ်ယောက်ပါတွေ့တာကြောင့် သုသု အရမ်းပျော်သွားသည်။
ပွဲစတော့မှာ ဖြစ်သောကြောင့် အားလုံးနဲ့ တွေ့ပေမယ့် စကားပြောလို့မရတော့ပဲ တစ်ယောက်နဲ့တစ်ယောက် အပြုံးနဲ့သာခေါင်းညှိမ့်ပြပြီးနှုတ်ဆက်လိုက်ရသည်....။
ထိုစဉ်.........။
လက်ထက်မယ့်သူနှစ်ဦး ဝင်လာပြီး ဖာသာ ရှေ့တွင် ဂတိသစ္စာပြုတိုင်တည်နေသည်မှာအလွန်ကြည်နူးဖို့ကောင်းပြီး စိတ်ချမ်းသာစရာမို့ သုသု မျက်တောင်မခပ်ငေးနေမိသည်။
ဇိုင်း ဘေးမှာထိုင်ပီး အပြင်ဆင်တွေကိုရော ကျော်ထက်တို့ကိုပါ မျက်စိကျွတ်ကျမတတ်ငေးကာ အားကျနေတဲ့ ကလေးကြောင့် ဇိုင်း အလိုမကျချင်....။
ထို့ကြောင့် ဇိုင်း သုသုလေးအနားကပ်ပြီး အသံတိုးတိုးနဲ့ပြောလိုက်သည်....။
"ကလေး...အားကျနေတာလား..."
ဇိုင်း မေးလိုက်တော့ သုသု ရဲ့ ပင်ကိုယ်ချစ်စရာကောင်းတဲ့ အပြုံးလေးပြုံးကာ ဇိုင်းလက်မောင်းလေးချိတ်ပြီး....။
"အင်း.. ကြည်နူးဖို့ကောင်းတယ်မလား ကိုကို အကိုကျော်ထက်တို့အတွဲကိုတောင် အားကျလာပြီး ဟီး..."
သုသု ပြောလိုက်တော့ ဇိုင်း ကျော်ထက်တို့အတွဲအပြင် အပြင်ဆင်တွေပါတစ်ချက်ဝေ့ကြည့်ပြီး သုသုလေး အနားပြန်ကပ်ကာ...
"ကလေး သဘောကျနေရင် ကိုကို တို့ နောက်တစ်ခေါက် လက်ထက်ပွဲပြန်လုပ်ကြရအောင်... "
ဇိုင်း ပြောလိုက်တော့ အံသြကာ မျက်လုံးလေးပြူပြီးပြန်ကြည့်လာတဲ့ ကလေးပေါက်စ...။
"ဘာလို့လဲ ကိုကို.."
"ကိုကိုကလေ ကလေးအတွက်ဆိုရင် ကိုကို့ရင်ထဲက အချစ်တွေအပြင် ဘယ်အရာကိုမှ ဘယ်သူ့ကိုမှ ကလေး အားကျရမှာမျိုးမရှိစေချင်ဘူး.."
ကိုကို ပြောလိုက်တဲ့စကားနဲ့တင် သုသု ရင်ထဲဘယ်လောက်ပျော်ရွင်ပြီး ကိုကို့အပေါ်ဘယ်လောက်တော့ ပိုပိုပြီးချစ်လာနေရတယ် ဆိုတာ ကိုကိုသိရဲ့လား ။ သုသု ဇိုင်း ကို ကြည့်ကာ အနူးညံ့ဆုံးအပြုံး ဇိုင်းတစ်ယောက်တည်းပေါ်မှာပဲထားရှိတဲ့ ကြည့်နာတဲ့မျက်ဝန်းလဲ့ပြာတွေနဲ့ အချစ်ပိုစွာစိုက်ကြည့်ရင်း....
"ကလေး ဘဝမှာ ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရတော့တဲ့ ကိုကိုရဲ့အချစ်တွေကို ရထားတာနဲ့တင် ဘယ်အရာကိုမှအားမကျသလို ဘယ်အရာနဲ့မှလဲ မလဲနိုင်ဘူး။ ကလေးဘဝမှာတခြားအရာတွေထက် ကိုကို့အချစ်က အရေးကြီးဆုံးပဲ အဲ့တာကြောင့် ကလေးကို ဘယ်သူမှမယှဉ်နိုင်လောက်အောင်ပဲ ကိုကိုကပိုချစ်ပေးပါနော်"
"ကလေးရယ်"
သုသု အပေါ်မှာထားတဲ့ ဇိုင်းရဲ့အချစ်တွေကိုပြောပြရင်းသုသုကိုယ်တိုင်လဲ ဇိုင်းရဲ့အချစ်ကိုဘယ်လောက်လိုအပ်ကြောင်းပြောပြလိုက်တော့
ဇိုင်း ရဲ့အချစ် မေတ္တာ နဲ့ မြတ်နိုးမှု့ကို အရမ်းတန်ဖိုးထားတတ်လွန်းတဲ့ ကလေးရဲ့ ဖြေရှင်းတဲ့စကားသံလေးအဆုံး ဇိုင်း မျက်ရည်ပင်ဝဲသွားရအောင်ပင် စိတ်ထဲမှာကြည်နူးမှု့လေးဖြစ်ပေါ်ရသည်။
အခုချိန် စံအိမ်မှာသာဆိုရင် စကားတတ်လွန်းတဲ့ ဟော့ဒီက အချစ်ကလေးရဲ့နှုတ်ခမ်းရဲလေးတွေကို စားသောက်နေမိမှာပေမယ့်အခုတော့
ဇိုင်း လက်မောင်းကိုကိုင်ထားတဲ့ ကလေး လက်ကလေးကိုဆွဲယူကာ လက်ခုံလေးဆီ နူးည့ံစွာပင် အနမ်းလေးပေးလိုက်သည်။
လက်ထက်ပွဲပီးသည်နှင့် နိုးနိုးအပြင် ကိုခန့်တို့ပါစုပြီး စကားပြောနေရာဆီ သုသုနဲ့ဇိုင်း လျှောက်လာခဲ့သည်။ အမှန်တိုင်းပြောရရင် အခုချိန်ထိ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးက ဇိုင်း အပိုင်ဖြစ်လာသည်ကိုပင် မယုံကြည်နိုင်သေးတာတော့အမှန်... ။
ဒီလောက် ဆင်တူဝတ်စုံနဲ့ပွဲတတ်လာသည်ကိုပင် အတင့်ရဲစွာ လက်ထက်ပွဲလာတဲ့ တချို့ဧည့်သည်တွေရဲ့အကြည့်က သုသုလေးရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးဆီ မျက်စိကျွတ်ကပ်မတတ်ကြည့်နေတာကြောင့်လဲ ဇိုင်း ကလေးအနားက တစ်ဖွားမှမခွာ.... နိူးနိူးတို့အနားရောက်သည်နှင့်.....။
"မမနိူး နဲ့ ကိုဇော် "
သုသု လှမ်းခေါ်ကာ နိုးနိုးတို့ဆီပြေးသွားလိုက်တော့ ဇိုင်း စိုးရိမ်တကြီးထြစ်သွားသည်။
"ကလေး အဲ့လိုအရမ်းပြေးသွားလို့မသွားရဘူးလေ..ကလေး ကိုယ်ဝန်က နုနုလေးရှိသေးတယ်လေ..."
ဇိုင်း သုသုကိုစိတ်ပူကာပြောတော့ သုသုလေးသည်လဲ ဇိုင်း ကိုပြန်လှည့်ကြည့်ကာ သွားဖြီးပြနေလျှက် ရယ်ပြနေသည်..။
"ဟီးဟီး ကလေးက မမနိုးတို့ကိုတွေ့တော့ အရမ်းပျော်သွားလို့ပါ ကိုကိုရဲ့..."
ဇိုင်း ကိုပြောပြီးသည်နှင့်နိုးနိုး တို့ဘက်လှည့်ကာစကားပြောသည်။ ဇိုင်းလဲ ဇော်နဲ့နိူးနိူးကို အပြုံးနဲ့ပဲ နှုတ်ဆက်လိုက်သည်။
"သုသုလေးနေကောင်းတယ်မလား..."
"​နေကောင်းပါတယ် မမရဲ့..."
"ကြည့်ပါဦး ဗိုက်ထဲမှာ ကလေးလေးရှိနေပြီဆိုတော့ နည်းနည်းလေးတောင် ဝလာသလိုပဲ အခုလိုလေးက ပိုချစ်ဖို့ကောင်းတယ်..."
" ကြည့်ရတာ သုသုလေး အရမ်းစိတ်ချမ်းသာပြီး ပျော်နေလို့ထင်တယ် ဟုတ်တယ်မလား.."
"ဟီးဟီး... "
ဇိုင်း ကတော့ သုသုဘေးမှာ ရပ်ပြီး သုသုကိုပြုံးကာ ကြည့်နေသည်။ နိုးနိုး တို့ကိုနှုတ်ဆက်ပြီးတာနဲ့ သုသု ကိုခန့်တို့ဘက်လှည့်ကာ...
"ကိုခန့် မတွေ့တာကြာပြီနော်...."
"အင်း ဟုတ်ပါ့ မတွေ့တာတောင်ကြာပြီ ညီ့ ဗိုက်ထဲက ကလေးလေးတွေအတွက် ကိုယ်ဂုဏ်ယူပါတယ်နော်..အကို အလုပ်တချို့မအားလို့ လာမပြောဖြစ်တာ ညီ စိတ်မဆိုးဘူးမလား..."
မြတ်မင်း ပြုံးစစနဲ့ပြောလိုက်တော့ သုသု လဲ သူ့ပင်ကိုယ်အပြုံးနုလေးတွေနဲ့ ပြုံးရယ်ပြကာ...။
"ရပါတယ် ကိုခန့်ရဲ့ သုသု နားလည်ပါတယ်.. ပြီးလြ စိတ်လဲမဆိုးပါဘူး..."
"တော်သေးတာပေါ့ ညီ စိတ်မဆိုးဘူးဆိုတော့.. နိူးနိူးပြောတာမှန်တယ် ညီက ဝကစ်ကစ်လေးဖြစ်လာတာ ပိုချစ်ဖို့ကောင်းတယ်...."
ဇိုင်း မြတ်မင်းပြောလိုက်တဲ့စကားကြောင့် ချက်ချင်းမျက်မှောင်ကျုံးသွားကာ သုသုအနားတိုးကာ သုသု ပုခုံးကိုဖက်ထားလိုက်သည်။ မြတ်မင်းနဲ့ဇိုင်း တစ်ယောက်နဲ့တစ်ယောက် တွေ့နေပေမယ့် အခုထိ ဇိုင်းကလဲအရင်မနှုတ်ဆက်သလို မြတ်မင်းဘက်ကလဲ ပြန်မနှုတ်ဆက်မိ သုသု ရှေ့မှာမို့ နှစ်ယောက်လုံးအဆင်ပြေအောင်နေပေမယ့် ဘာပဲဖြစ်ဖြစ် တချိန်က စီးပွားပြိုင်ဖက်တွေမဟုတ်လား....။
ဇိုင်း အပြုမှုကြောင့် မြတ်မင်း.. ဇိုင်း ကိုကြည့်ပြီးပြုံးကာ..စကားဆက်လိုက်သည်...။
မြတ်မင်းဘေးမှာရပ်နေတဲ့ ဉာဏ် လက်ကိုကိုင်ကာလိုက်တော့ ဉာဏ် အပါဝင် အကုန်အံအားသင့်သွားကြသည်။
" အော် ဒါနဲ့ အားလုံးကို မိတ်ဆက်ပေးရဦးမယ်..ဒါ ကျွန်တော့်ချစ်သူပါ နာမည်က ဉာဏ် တဲ့...ဉာဏ် ဒါက ကိုယ့်အသိမိတ်ဆွေဆိုလဲဟုတ်တယ် ညီကိုမောင်နှမ ဆိုလဲမမှားဘူး "
ဉာဏ် လဲအားလုံးကို နွေးထွေးစွာပြုံးပြကာ ခေါင်းတစ်ချက်ညှိမ့်ပြပြီး....။
"အားလုံးတွေ့ရတာဝမ်းသာပါတယ်..."
မင်္ဂလာဆောင် သွားစရာရှိတယ် လိုက်ခဲ့ဆိုလို့သာ ဉာဏ် လိုက်လာရပေမယ့် ဘယ်သူ့မှမသိတာကြောင့် နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်နေသည်...။ဒါကိုသိတဲ့ လူကြီးက ဉာဏ် ကို နေရမခက်စေဖို့ အားပေးနေသည်ကြောင့် ဘာပဲဖြစ်ဖြစ် သူ့မျက်နှာမပျက်ရအောင် ဉာဏ် အတတ်နိုင်ဆုံး အဆင်ပြေပြေ နေတတ်အောင်နေသည်...။
ဟိုးအရင်ထဲက လူများတဲ့နေရာမျိုး မကြိုက်တတ်ပေမယ့် အခု ဦးမြတ်မင်းခန့် ဆိုတဲ့ လူကြီး ရဲ့ အသိုင်းဝိုင်းမှာ ဉာဏ် နေတတ်အောင် နေသည်...။ မင်္ဂလာပွဲပီးတော့ လူကြီး က သူနဲ့ခင်တဲ့ လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးနေသည်မို့ ဉာဏ် အလိုက်သင့်ပြန်နှုတ်ဆက်နေစဉ်...
ဉာဏ် နှုတ်ဆက်နေတဲ့လူနှစ်ယောက်ကို လှမ်းခေါ်လိုက်တဲ့ အသံသေးသေးလေးကို ကြားတော့ ဉာဏ် အပါအဝင် အကုန်လှည့်ကြည့်လိုက်သည်...။
အပြာနုရောင် ဝတ်စုံကိုဝတ်ထားပြီး ချောမောလှပစွာ ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်လေးတစ်ယောက် ဉာဏ် တို့အနားကိုပြေးလာတော့ ဉာဏ် ကိုယ်တိုင်တောင် ထိုကောင်လေးကို ငေးခနဲဖြစ်သွားရသည်။ ပြေးလာတဲ့ ထိုကောင်လေးနောက်မှာ ထိုကောင်လေးနဲ့ဆင်တူဝတ်စုံဝတ်ထားတဲ့ လူကြိီးတစ်ယောက်က စိုးရိမ်စွာ စိတ်ပူနေသည်။
ထိုကောင်လေး သည် ဉာဏ် တို့ အနားရောက်သည်နှင့် ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းလောက်အောင် ​ဖြူစင်တဲ့စိတ်ထားလေးရှိနေသေးသည်။ ပြီးတော့ ဉာဏ် ကိုယ်တိုင်မအံသြပဲ မနေနိုင် ဒီလိုအကောင်သေးသေးလေးမှာ ကိုယ်ဝန်ရှိနေသည်တဲ့...။
ဉာဏ် ကတော့ သူတို့ပြောနေသည်ကို ဒီတိုင်းနား ထောင်ယုံပဲမို့ ဘာမှဝင်မပြောဖြစ်​ပေ။
ထိုစဉ် စကားပြောနေတဲ့ သုသု ဆိုတဲ့ ဒီကောင်လေးအပေါ်ထားတဲ့ လူကြီးရဲ့ သံယောဇဉ်အငွေ့အသက်တွေ ကြောင့် ဉာဏ် ခန့်မှန်းမိလိုက်သည်။ ဒီကောင်လေးဟာ တချိန်က လူကြီးရင်ဖွင့်ခဲ့တဲ့ ကောင်လေးပဲ လို့ ဒါပေမယ့် ဉာဏ် သည် ပြုံးရယ်ကာ စကားပြောနေတဲ့ လူကြီးကို သဝန်မတိုမိဘူး ဘာလို့ဆို အခု ထိုကောင်လေးနဲ့စကားပြောရင်း ကြည့်တဲ့အကြည့်တွေက အဖြူရောင်ပကတိမို့... ။
ဉာဏ် ယုံတယ် .. ထိုကောင်လေးအပေါ်ထားတဲ့ လူကြီးရဲ့အတွေးက အဖြူထည်ပဲလို့ ပြီးတော့ လူကြီးစိတ်ထဲမှာ ဉာဏ် တစ်ယောက်ပဲ ရှိတယ် လို့ပေါ့....။
ထိုစဉ် စကားဝိုင်းထဲရှိလူတွေအကုန်နောက်တစ်ခါမိတ်ဆက်ပေးရင်း ဉာဏ် လက်ကိုဆွဲကိုင်ကာ သူ့ချစ်သူပါလို့ မိတ်ဆက်ပေးလိုက်တဲ့ လူကြီးကြောင့် ဉာဏ် အတိုင်းမသိပျော်ရွင်ရပြန်သည်။
ဉာဏ် လက်ကို ကိုင်ထားပြီး ဉာဏ် မျက်လုံးတွေကို စေ့စေ့ကြည့်ကာ ပြုံးနေတဲ့ လူကြီးကြောင့်ဉာဏ် အပေါ်ဘယ်လောက်အလေးနက်ထားလဲ ဆိုတာ မေးနေစရာပင်မလိုတာကြောင့် ဉာဏ် ကိုယ်တိုင်လဲ အားလုံးကို အပြုံးလေးနဲ့ပြန်နှုတ်ဆက်လိုက်သည်။
မြတ်မင်း သည် သုသုကိုတွေ့လိုက်ရတဲ့အချိန် အရင်လိုစိတ်မျိုးရှိမနေပဲ မြတ်မင်းရင်ထဲမှာ ညီငယ်လေးတစ်ယောက်လိုပဲ ဖြစ်တော့တာမို့ နောက်ဆုံးတော့ မြတ်မင်း ညီ့ရှေ့မှာ အဖြူစင်ဆုံးပြုံးပြနိုင်ခဲ့ပြီ။ အဲ့တာကလဲ မြတ်မင်းဘေးမှာ မြတ်မင်းကိုအရမ်းချစ်ပေးတဲ့ ဉာဏ် ဆိုတဲ့ ။ချာတိတ်လေးကြောင့်ပေါ့ အားလုံးနှုတ်ဆက်ပြီးစီးသည်နှင့် ညအချိန်လောက်ကျ ဇိုင်းတို့ အိမ်ပြန်လာခဲ့သည်....။
တနေကုန် ပင်ပန်းထားတာကြောင့် စံအိမ်အပြန်လမ်းကားပေါ်မှာထဲက သုသုလေး ကတော့ အိပ်ပျော်နေလေသည်....။
ဇိုင်း စံအိမ်ရောက်သည်နှင့် အိပ်ပျော်နေတဲ့ သုသုလေးကိုပွေ့ချီကာ အပေါ်ထပ်အခန်းဆီတတ်လာခဲ့သည်။ အခန်းထဲရောက်သည်ထိ အိပ်ပျော်နေတဲ့ကလေးဟာ ဘယ်လောက်တောင် ပင်ပန်းနေမှန်းသိသာသည်။
ဇိုင်း သုသုလေးကို မွေ့ယာပေါ်တင်ကာ အရင်ဆုံး ဇိုင်း ကိုယ်ပေါ်က ဝတ်စုံကိုအရင်ချွတ်လိုက်ပြီး တကိုယ်လုံးမှာ ဇိုင်း အတွင်းခံတစ်ထည်ကျန်တော့သည်။
*ကိုကိုရဲ့အခုလိုပုံသာ ကလေးမြင်ရင် သေချာပေါက် ရှက်ပြီး ကိုကို့ ကိုဆူဦးမှာ*
ဇိုင်း ရေချိုးခန်းထဲက ရေနွေးစပ်ထားတဲ့ရေဇလုံလေးနဲ့သဘက်ယူကာ သုသု အနားဆီပြန်လာပြီး ဝတ်စုံချွတ်ပေးလေသည်။ သုသု ကိုယ်ပေါ်က အဝတ်စားတွေအကုန်ချွတ်ပစ်လိုက်တော့ သုသုလေး ကိုယ်ပေါ်မှာလဲ အတွင်းခံဖြူလေးတစ်ထည်ပဲကျန်တော့သည်ကို ဇိုင်း ဆွဲမက်စွာကြည့်နေသည်....။
ဇိုင်း ရေဝတ်လေးနဲ့ သုသု တစ်ကိုယ်လုံးကို တိုက်ပေးပြီး ရေဇလုံကို ရေချိုးခန်းထဲပြန်ထားလိုက်သည်။ ဇိုင်း ပြန်လာ​တော့ မွေ့ယာအကျယ်ကြီးမှာ မှောက်ရက်သား အိပ်ပျော်နေတဲ့ သုသုကြောင့် ဇိုင်း နှလုံးသားခုန်ထွက်သွားသည်တောင်ထင်ရသည်။ မှောက်ရက်သား အိပ်​ပျော်နေတဲ့ သုသုလေးရဲ့ အနောက်က မက်မွန်သီးရဲရဲလေးကို ကြည့်နေရင်း ဇိုင်း ကိုင်ကြည့်ချင်စိတ်တို့ဖြစ်လာသည်။
အတွေးထက် လက်ကပိုမြန်နေလားမသိ ။ ဇိုင်း မွေ့ယာပေါ်တတ်ကာ အရင်ဆုံး ကလေးခြေဖနှောက်လေးကိုနမ်းလိုက်သည်။
ပြီးသည်နှင့် ကလေးရဲ့ခြေသလုံးဖွေးဖွေးလေး  ပေါင်တံသွယ်ဖြူဖြူလေး ။ ပြီးသည်နှင့် ဇိုင်း အရမ်းကြိုက်ပြီး အရမ်းချစ်ချင်နေတဲ့ ကလေးရဲ့ မက်မွန်သီးလေးကို နမ်းပစ်ချင်တာကြောင့် ဇိုင်း ကလေးဝတ်ထားတဲ့အတွင်းခံလေးကို အောက်ကိုဆွဲချကာမက်မွန်သီးလေးကို ကိုင်ကြည့်ကာ နမ်းရှိုက်နေသည်။
မက်မွန်သီးလေးကိုအါးရအောင် နမ်းရှိုက်ပြီးသည်နှင့်သုသု ကျောပြင်ကိုနမ်းကာ အချစ်အမှတ်အသားတွေပေးတော့ တစ်ဖြည်းဖြည်း ဇိုင်းရဲ့အနမ်းတွေက ကြမ်းတမ်းလာတယ်ထင်အောက်က သုသု လှုပ်နိုးလာသည်။
သုသု နိုးလာသည်နှင့် မျက်စိပွင့်ကာ ပက်လက်အနေထားကိုပြောင်းလိုက်တော့ အပေါ်ကနေအုပ်မိုးလာတဲ့ ဇိုင်း ကြောင့် မျက်လုံးပင် ကျယ်သွားရသည်.....။
"ဟင် ကိုကို... မအိပ်သေးဘူးလား...."
ဇိုင်း ပုံစံ တစ်ခုခုကိုလိုချင်သလို နှာဖူးနားမှာလဲ ချွေးသီးတွေပင် စို့နေပြီး သုသုကို ရီဝေစွာကြည့်နေသည်။
"ကလေး.. ကိုကို ကလေးကိုအရမ်းချစ်ချင်နေပြီ"
___________________________________________________
#VOTE - CM ပေးခဲ့ရမယ်နော် ချစ်တယ်😘
#
#Moewathan... ❤
_______________________________________________________
Zawgyi...
>>>>>>>>
.
.
ကိုယ်ဝန် ၃ လ.....။
"ကိုကိုရေ..!!!"
အရင်က သုသု အတွက် ဝယ်ပေးထားတဲ့ တီရှပ်အင်္ကျီလေးတွေသည်လဲ အခု သုသု ဝတ်လိုက်ရင် အရင်လိုအနေတော်ဖြစ်မနေပဲ ဗိုက်ကလေးမှာ ပူပွပွလေး ကပ်နေတတ်သည်။ ထို့ကြောင့် သုသု အတွက်နောက်ထပ်အင်္ကျီအပွလေးတွေထပ်ဝယ်ပေးရန်စဉ်းစားပေမယ့် ချစ်ဖို့ကောင်းတဲ့ ကလေးလေးက အင်္ကျီတွေထပ်ဝယ်ပေးမည်ကို ငြင်းကာ ဇိုင်း ရဲ့ တီရှပ်အင်္ကျီဖားဖားကြီးကိုပင် ယူဝတ်တတ်သည်။
အခုလဲ ဇိုင်း Shirt အင်္ကျီကြီးကိုဝတ်ထားပြီး ထိုအင်္ကျီထဲမှာပင် သုသုလေး တကိုယ်လုံးမြုတ်နေသည်ကို ဇိုင်း ကြည့်ရင်းကြည့်ရင်း တဖြည်းဖြည်းနဲ့ ပိုပိုပြီးအသည်းယားကာ သုသု အနားကပ်သွားပြီး ခါးလေးကို သာသာ​လေး ဖက်ကာ တကိုယ်လုံးလိုက်နမ်းပစ်လိုက်သည်။
"အရမ်းချိုတယ်.."
                 >>>>>>>>>>>>>>>>>>
"ကိုကို....."
"အကိုဝန ရော မတွေ့ပါလား..."
"ဟင့်အင်း မရှိပါဘူး..."
"ဒါပေါ့ ကလေးရဲ့..."
"ဟို Boss.... "
"အင်း ပြော...."
"အကိုကျော်ထက်....."
"ဗျာ..သခင်လေး...."
"ကိုကိုရေ...အင်္ကျီရွေးနေတာ ပြီးသေးဘူးလားလို့ ကြာနေပြီနော် ဟိုမှာ အကိုကျော်ထက်တို့စောင့်နေလောက်ပြီ.."
ဇိုင်း ရေချိုးပြီးထဲက သုသုအတွက် အဝတ်စားရွေးနေသည်မှာ အင်္ကျီပင်မဝတ်နိုင်...။
"ကိုကို လာလေ အင်္ကျီကြီးကိုင်ပြီး ဘာရပ်လုပ်နေတာလဲ...."
ဇိုင်း အပေါ်အင်္ကျီမပါတဲ့အတွက် မြင်နေရတဲ့ ရင်ဘတ်က ကြွက်သားတွေနဲ့တောင့်ဖြောင့်တဲ့Bodyအပြင် သုသုအတွက်ဆို အမြဲတမ်းနွေးထွေးမှု့ပေးတဲ့ ရင်ခွင်တစ်စုံကြောင့် သုသု ခဏတာ ငေးကြည့်နေမိသည်....။
"ကို ကိုကို..အင်္ကျီအရင်ဝတ်လေ.. တော်ကြာအအေးပတ်ဦးမယ်..."
"ဟို နည်းနည်း...."
"ကိုကို အင်္ကျီဝတ်ပေးတော့လေ.. နောက်ကျတော့မယ်..."
ဇိုင်း ပြောပြီးသည်နှင့် သုသု ဝတ်ထားတဲ့ အင်္ကျီကိုချွတ်ကာ ပွဲတတ်ဝတ်စုံလေးကို ဝတ်ပေးကာ နက်စ်တိုင်လေးပါ သေချာချည်ပေးလိုက်တော့ ထိုပွဲတတ်ဝတ်စုံအပြာနုရောင်လေးနဲ့လိုက်ဖက်စွာ ချောမောနေတဲ့ ကလေး က အခုလက်ရှိ ကိုယ်ဝန်ဆောင်ထားသည်ဟုပြောရင် ဘယ်သူမှ ယုံမယ်မထင်။
ထိုစဉ်.........။
"ကလေး...အားကျနေတာလား..."
"ဘာလို့လဲ ကိုကို.."
"ကလေးရယ်"
ဇိုင်း လက်မောင်းကိုကိုင်ထားတဲ့ ကလေး လက်ကလေးကိုဆွဲယူကာ လက်ခုံလေးဆီ နူးညံ့စွာပင် အနမ်းလေးပေးလိုက်သည်။
ဒီလောက် ဆင်တူဝတ်စုံနဲ့ပွဲတတ်လာသည်ကိုပင် အတင့်ရဲစွာ လက်ထက်ပွဲလာတဲ့ တချို့ဧည့်သည်တွေရဲ့အကြည့်က သုသုလေးရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးဆီ မျက်စိကျွတ်ကပ်မတတ်ကြည့်နေတာကြောင့်လဲ ဇိုင်း ကလေးအနားက တစ်ဖွားမှမခွာ.... နိုးနိုးတို့အနားရောက်သည်နှင့်.....။
"မမနိုး နဲ့ ကိုဇော် "
"​နေကောင်းပါတယ် မမရဲ့..."
"ဟီးဟီး... "
"တော်သေးတာပေါ့ ညီ စိတ်မဆိုးဘူးဆိုတော့.. နိုးနိုးပြောတာမှန်တယ် ညီက ဝကစ်ကစ်လေးဖြစ်လာတာ ပိုချစ်ဖို့ကောင်းတယ်...."