Villain And His Cheating Syst...

By Real-Momon

69.2K 7.8K 574

"မင္း ဂိမ္းကစားခ်င္လား" "...." "Cheatေတြလည္း အမ်ားႀကီး ထည့္ေပးအုံးမွာ" "အိုေခ..စိန္လိုက္ေလ" "မင်း ဂိမ်းကစားချ... More

Wei XingChen
Wei XingChen
Wei Xing Chen
announcement
ads
Wei XingChen
Wei XingChen
Wei Xing Chen
Wei XingChen
Wei XingChen
Wei Xing Chen
Wei Xing Chen
Wei XingChen
Wei XingChen
Wei XingChen
Wei XingChen

Wei XingChen

4.1K 578 23
By Real-Momon

ZawGyi

ေဝ့႐ွင္းခ်န္ဟာ ယြမ္နင္ရဲ႕ ညီေလးျဖစ္ဖို႔အတြက္
ဆံုးျဖတ္ခ်က္ကို ခိုင္မာျပတ္သားစြာ ခ်ပလိုက္တယ္။
ၿပီးတာနဲ႔ ေက်ာင္းကို အားႀကိဳးမာန္တက္ ခ်ီတက္ေတာ့တယ္။

ေဝ့႐ွင္းခ်န္က god level hackerတစ္ေယာက္
ျဖစ္တာမို႔ ခုနက သတင္းအခ်က္အလက္ေတြ
Hackတာ အခ်ိန္သိပ္မကုန္ခဲ့ဘူးေလ။
ဒါေၾကာင့္ သူအတန္းခ်ိန္လည္း ေနာက္မက်ခဲ့ဘူး။

ေျပာရရင္ ဇာတ္ေၾကာင္းက ထင္ထားသေလာက္
သိပ္မ႐ွင္းဘူး။ေဝ့႐ွင္းခ်န္တက္ေနတဲ့ေက်ာင္းက
လူခ်မ္းသာ သားသမီးေတြပဲ တက္ႏိုင္တာ။
ဇာတ္လိုက္မနဲ႔ ေဝ့႐ွင္းခ်န္က စေကာလား႐ွစ္နဲ႔
ရလို႔သာ တက္ခြင့္ရခဲ့ၾကတာ။

ဒါေၾကာင့္ပဲ သာမန္႐ိုးက်ဇာတ္ေၾကာင္းေတြလိုပဲ
ဆင္းရဲတဲ့ ေဝ့႐ွင္းခ်န္တို႔လို လူေတြကို
လူခ်မ္းသာ သားသမီးေတြက ပစ္မွတ္ထား
ႏွိပ္စက္ၾကတာေပါ့။

အမွန္က ဇာတ္လိုက္မဟာ အမ်ားထင္ထားသလို
ၾကာပန္းျဖဴေလး မဟုတ္ဘူး။
ေဝ့႐ွင္းခ်န္နဲ႔ ဇာတ္လိုက္မက နဂိုကတည္းက
သိတယ္။အတန္းလည္းတူၿပီး ဆင္းရဲတဲ့လူအခ်င္းခ်င္း
ျဖစ္တာေၾကာင့္ အခ်င္းခ်င္းကူညီခဲ့ၾကဖူးတယ္။

အခ်င္းခ်င္းကူညီတယ္သာ ေျပာတာပါ။တကယ္က
ေဝ့႐ွင္းခ်န္ကပဲ ကူညီရတာ မ်ားတယ္။ပိုၿပီးေသခ်ာေအာင္ ေျပာရရင္ ေဝ့႐ွင္းခ်န္ကပဲ ပိုၿပီးအသံုးခ်ခံရတာ မ်ားတယ္။ဥပမာ-သူအခ်ိန္ပိုင္းအလုပ္လုပ္ရမွာမို႔
ေဝ့႐ွင္းခ်န္ကို သူ႔အိမ္စာေတြ အကုန္လုပ္ခိုင္းၿပီး
ဆရာေတြရဲ႕ ခ်ီးက်ဴးမႈကိုေတာ့ ဇာတ္လိုက္မက
ခံယူလိုက္တာမ်ိဳးေပါ့့။

တကယ္တမ္းဆို ေဝ့႐ွင္းခ်န္က ဇာတ္လိုက္မထက္ေတာင္ အခ်ိန္ပိုင္းအလုပ္ေတြ ပိုမ်ားေသးတယ္။
ဒါေပမဲ့ သူက ဇာတ္လိုက္မကို သနားၿပီး ဇာတ္လိုက္မကို ကူညီလိုက္တာေၾကာင့္ သူကိုယ္တိုင္အတြက္ အိမ္စာလုပ္ခ်ိန္ေတာင္ မ႐ွိေတာ့ဘူးေလ။
ဒါေၾကာင့္လည္း သူ႔ကို ဆရာေတြက အျမင္မၾကည္ၾကေတာ့ဘူး။ဇာတ္လိုက္မကေတာ့ ဆရာေတြရဲ႕
အခ်စ္ေတာ္ေလးေပါ့။

"သူလုပ္ေပးထားတဲ့အိမ္စာေတြကို ဘာလို႔ကိုယ္တိုင္လုပ္တယ္လို႔ ေျဖတာလဲ"လို႔ ေဝ့႐ွင္းခ်န္က ဇာတ္လိုက္မကို ေမးတဲ့အခါ ေဝ့႐ွင္းခ်န္ကို တျခားလူေတြက ပစ္မွတ္ထားမွာ စိုးလို႔ပါလို႔ အျမဲျပန္ေျဖတတ္တယ္။တံုးအတဲ့ ေဝ့႐ွင္းခ်န္ကလည္း
ဇာတ္လိုက္မေျပာတိုင္း ယံုခဲ့တာေပါ့။

ၿပီးေတာ့ သူအႏိုင္က်င့္ခံရတာက တကယ္ဆို
ဇာတ္လိုက္မရဲ႕ စနက္ေၾကာင့္ပဲ။
ေဝ့႐ွင္းခ်န္က အရာရာမွာ ေတာ္လြန္းတယ္။
ဇာတ္လိုက္မက သူ႔ကို မနာလိုဘူး။ဒါေၾကာင့္
အဓိကဇာတ္လိုက္နဲ႔ တစ္ဖက္လွည့္ ရန္တိုက္ေပးခဲ့တာ။

အဲ့ဒီလို လက္ဖက္စိမ္းမေတြကုိ သူအရမ္းမုန္းတယ္။
ယုတ္မာရင္လည္း ေပၚတင္ယုတ္မာတာမ်ိဳးကိုပဲ
သူႀကိဳက္တယ္။
အေပၚယံျဖဴစင္ခ်င္ေယာင္ေဆာင္ၿပီး အတြင္းက
မည္းေနတဲ့ ဝမ္းတြင္းမည္းေတြကို သူတကယ္ရြံတယ္။

အခုဆို ေက်ာင္းမွာ အဓိကဇာတ္လိုက္က
ဇာတ္လိုက္မကို စၿပီး မ်က္မွန္းတမ္းမိေနၿပီ။
သူမွန္းတာ မမွားဘူးဆိုရင္ လာမဲ့၃ရက္အတြင္းမွာ
ဇာတ္လိုက္မကို စၿပီး အႏိုင္က်င့္ခံစာရင္းထဲ ထည့္မွာပဲ။ၿပီးေတာ့ ဒီေန႔ကစၿပီး တစ္ပတ္ျပည့္တဲ့ေန႔မွာ
ဒုတိယဇာတ္လိုက္နဲ႔ စေတြ႔မွာပဲ။

ဒါဆို ေဝ့႐ွင္းခ်န္က ဒုတိယဇာတ္လိုက္နဲ႔အရင္ေတြ႔ထားလိုက္ရင္ အိုေကစိုေျပေနၿပီပဲ မဟုတ္လား။
ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ သူ႔မွာအခ်ိန္မ႐ွိေသးဘူး။ပထမအတန္းခ်ိန္ နီးေနၿပီမို႔ အတန္းကို
အျမန္သြားရတယ္။ဇာတ္လိုက္မက သူ႔အကူအညီ
မလိုေသးတာေၾကာင့္ သူ႔ကို မေတြ႔ခ်င္ေယာင္ေဆာင္ေနတာကို ေတြ႔ရတယ္။

အရင္ေဝ့႐ွင္းခ်န္ကသာ တံုးအလို႔ မသိခဲ့တာ။
အခုေဝ့႐ွင္းခ်န္ေ႐ွ႕မွာေတာ့ ဘယ္လိုမွ ဖံုးကြယ္လို႔
မရဘူး။

ေဝ့႐ွင္းခ်န္လည္း ဂ႐ုမစိုက္တဲ့ပံုနဲ႔ အတန္းထဲက
သူ႔ေနရာကို ဝင္ထိုင္လိုက္တယ္။
အတန္းထဲက လူေတြက သူ႔ကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနေပမဲ့ ဘာေၾကာင့္မွန္း သူမသိဘူး။

ဒီလုိနဲ႔ အတန္းခ်ိန္ေတြၿပီးသြားၿပီး lunchtimeေရာက္ေတာ့ သူ႔အတန္းေဖာ္တစ္ခ်ိဳ႕က သူ႔ဆီ
ဦးတည္လာတာ ေတြ႔ရေပမဲ့ သူ႔မွာက
အေရးႀကီးကိစၥ႐ွိေနတာေၾကာင့္ အျမန္ အတန္းအျပင္ကို ထြက္လာခဲ့တယ္။

'System..ယြမ္နင္ ဘယ္မွာ႐ွိလဲ စံုစမ္းေပးပါ'

*ယြမ္နင္က ေက်ာင္းေခါင္မိုးထပ္မွာပါ Host*

ယြမ္နင္နဲ႔ ဇာတ္လိုက္မနဲ႔ စေတြ႔တာကလည္း
ေခါင္မိုးထပ္မွာပဲ။ဇာတ္လိုက္မက ေခါင္မိုးထပ္မွာ
သူတစ္ေယာက္တည္းထင္ၿပီး ထိုင္ငိုေနတုန္း
ေထာင့္မွာအိပ္ေနခဲ့တဲ့ ယြမ္နင္ကေတြ႔ၿပီး
ႏွစ္သိမ့္ေပးခဲ့တာလို႔ ဇာတ္ေၾကာင္းအရ သိရေပမဲ့
ေဝ့႐ွင္းခ်န္ကေတာ့ မယံုဘူး။
ဒါလည္း ဇာတ္လိုက္မရဲ႕ အၾကံအစည္ပဲ ျဖစ္မယ္လို႔
ေတြးမိတယ္။

အရင္ေဝ့႐ွင္းခ်န္ကလည္း ေက်ာင္းကို အျမဲ
ထမင္းဘူး ထည့္လာေနက် ။ေက်ာင္းက အစားအစာေတြက ေစ်းႀကီးေတာ့ သူမတတ္ႏိုင္ဘူးေလ။
သူ႔ထမင္းဘူးကလည္း အျမဲ အသီးအရြက္ဆားရည္စိမ္နဲ႔ ၾကက္ဥေၾကာ္ ဒါမွမဟုတ္ ၾကက္ဥျပဳတ္ပဲ
ပါလာတတ္တာ။တစ္ခါတစ္ေလဆို ၾကက္ဥေတာင္
မပါဘူး။ဒါေၾကာင့္ သူက လူမ႐ွိတဲ့ေနရာေတြမွာပဲ
ထမင္းစားတတ္တယ္။

အခုလည္း ေဝ့႐ွင္းခ်န္က ထမင္းဘူး တမင္ထည့္လာခဲ့တာ။တမင္မထည့္လာလည္း သူ႔မွာ ဝယ္စားဖို႔အတြက္ ပိုက္ဆံမ႐ွိဘူးေလ။
အဲ့ဒီအစား သူက ဒုတိယဇာတ္လိုက္ရဲ႕ ေပါင္ကို
လိုက္ဖက္ဖို႔ပဲ ေတြးလိုက္ေတာ့တယ္။

Systemကို ယြမ္နင္ရဲ႕ တည္ေနရာကို ခဏတိုင္း
ေထာက္လွမ္းခိုင္းေနတာမို႔ ယြမ္နင္ ဘာဆက္လုပ္မလဲဆိုတာအကုန္ သူသိေနရတယ္။
ယြမ္နင္က ေက်ာင္းေခါင္မိုးထပ္ကေန ေအာက္ကိုဆင္းဖို႔အတြက္ တံခါးကို ဖြင့္လိုက္တာနဲ႔
သူက တံခါးနားမွာ ႐ွိေနတာနဲ႔ အံကိုက္ျဖစ္ေအာင္
အျမန္လႈပ္႐ွားလိုက္တယ္။

"ဗန္း"

ယြမ္နင္တစ္ေယာက္ ဒီေန႔က်မွ အိပ္ခ်င္စိတ္
သိပ္မ႐ွိတာေၾကာင့္ ကန္တင္းသြားဖို႔ ဆံုးျဖတ္ၿပီး
ေအာက္ဆင္းဖို႔ လုပ္ခဲ့တာ။
ဘယ္သူက ထင္မွာလဲ...တစ္ေယာက္ေယာက္က
ေက်ာင္းေခါင္မိုးထပ္ကို ေရာက္လာၿပီး
သူဖြင့္လိုက္တဲ့ တံခါးနဲ႔ တိုက္မိသြားမယ္လို႔....။

တံခါးနဲ႔ တိုက္မိသြားတာေၾကာင့္ ေကာင္ေလးကိုင္ထားတဲ့ ထမင္းဘူးေလးက ေလေပၚ
ေျမာက္တက္သြားၿပီး ၾကမ္းျပင္ေပၚက်သြားတဲ့အခါ
အဖံုးပြင့္ၿပီး အထဲက ဟာေတြ အကုန္ ျပန္႔က်ဲကုန္တယ္။

ပိန္ပိန္ေသးေသးေကာင္ေလးက ခ်က္ခ်င္းပဲ ေအာက္က်ေနတဲ့ ထမင္းေတြကို အျမန္ထမင္းဘူးထဲ
ထည့္ေနတယ္။ထည့္ေနရင္းနဲ႔ မ်က္ရည္ေတြ ေဝ့ေနတဲ့ မ်က္ဝန္းေတြနဲ႔ သူ႔ကို တစ္ခ်က္ ေမာ့ၾကည့္ၿပီး
သူ႔အလုပ္သူ ဆက္လုပ္ေနေတာ့တယ္။

ယြမ္နင္ဟာ အဲ့ဒီအခ်ိန္အထိ ေၾကာင္ေတာင္ႀကီး
ရပ္မိေနတုန္းပဲ။အျဖစ္အပ်က္ေတြက ျမန္ဆန္လြန္းတာေၾကာင့္ သူဘယ္လိုတုန္႔ျပန္ရမလဲကို မသိေတာ့ဘူး။အဲ့ဒီမ်က္ဝန္းေတြ...အဲ့ဒီအၾကည့္ေတြက..
သူ႔...သူ႔ညီေလးရဲ႕မ်က္ဝန္းေတြ..သူေမ့မရခဲ့တဲ့
အၾကည့္ေတြနဲ႔ ဆင္တူေနသလိုပဲ။

သူ႔ရင္ထဲမွာ ဒိန္းခနဲ ျဖစ္သြားၿပီး ေကာင္ေလးကို
ဆက္ၾကည့္ေနမိတယ္။ေကာင္ေလးသိမ္းေနတဲ့
ထမင္းဟင္းေတြက သူ႔အေနနဲ႔ဆိုရင္ ထမင္းဟင္းလို႔ေတာင္ မေခၚခ်င္ဘူး။
ဆားရည္စိမ္အသီးအရြက္ေတြနဲ႔ ထမင္းျဖဴေတြခ်ည္းပဲ။ဒါက ဒီေကာင္ေလးရဲ႕ ေန႔လည္စာလား...။

သူၾကည့္ေနရင္းပဲ ေကာင္ေလးက ထမင္းဘူးကို
ပိတ္ၿပီးေတာ့ အျမန္ ထြက္သြားဖို႔ ျပင္ေတာ့တယ္။
သူၾကည့္ေနရင္းနဲ႔ အဲ့ဒီေကာင္ေလး သူ႔ျမင္ကြင္းထဲက ေပ်ာက္သြားမွာကို စိုးရိမ္လာတယ္။

"ေဟ့..မင္း..ေနအံုး.."

သူလွမ္းေခၚလိုက္ေတာ့ ေကာင္ေလးက တုန္႔ခနဲ
ရပ္သြားၿပီး သူ႔ကို မရဲတရဲ ျပန္လွည့္ၾကည့္လာတယ္။
ေကာင္ေလးရဲ႕ အၾကည့္ေတြက သိမ္ငယ္မႈ၊ဝမ္းနည္းမႈနဲ႔ ေဒါသေတြ ပါေနတယ္လို႔ သူခံစားေနရတယ္။

"အဲ့ဒါမင္းစားတဲ့ ထမင္းဘူးလား"

"ဟုတ္..ဟုတ္တယ္၊အဲ့ေတာ့ ခင္ဗ်ားက ဘာလုပ္ခ်င္လို႔လဲ..ခင္ဗ်ားေၾကာင့္ က်ေနာ္ ေန႔လည္စာ ငတ္ၿပီ"

ေဒါသသံနဲ႔ ခပ္စြာစြာျပန္ေျပာလာတဲ့ ေကာင္ေလးရဲ႕
မ်က္ဝန္းဟာ မ်က္ရည္ေတြ ဝိုင္းေနၿပီး
နီရဲေနတယ္။ေကာင္ေလးက သူ႔ရဲ႕ထမင္းဘူးကို
တင္းတင္းၾကပ္ၾကပ္ ကိုင္ထားတယ္။

သူ႔စိတ္ထဲမွာ အရမ္းသနားလာသလို ခံစားရတယ္။
ဒီေကာင္ေလးဟာ ဘဝကို ဘယ္လို ျဖတ္သန္းလာရတာပါလိမ့္။ဒါေတြသာ သူစားရရင္ စိတ္ပ်က္လို႔
ေသမွာပဲ။ဒီေကာင္စုတ္ေလးကေတာ့ ဒီလိုအရာေတြကို တန္ဖိုးႀကီးပစၥည္းတစ္ခုလိုပဲ အတင္းေကာက္ထည့္ေနတယ္။

သူအေတြးေတြနဲ႔ ေျမာေနၿပီး ဘာမွ ျပန္မေျပာမိေတာ့
ေကာင္ေလးက စိတ္မ႐ွည္တဲ့ပံုနဲ႔ ေျပာတယ္။

"ခင္ဗ်ား ဘာမွေျပာစရာမ႐ွိဘူးဆိုရင္ က်ေနာ္ သြားေတာ့မယ္။"

"ေနအံုး..မင္းဘာလုပ္မလို႔လဲ"

"ေရေဆးၿပီး စားမလို႔"

ႏႈတ္ခမ္းဆူၿပီး ေျဖလာတဲ့ ေကာင္ေလးရဲ႕ ပံုစံက
အရမ္းခ်စ္ဖို႔ေကာင္းေပမဲ့ ေျဖလာတဲ့အေျဖေၾကာင့္
သူအရမ္းလန္႔သြားတယ္။ေကာင္ေလးရဲ႕အနားကို
သူေတာင္ သူ႔ကိုယ္သူမသိပဲ ေရာက္သြားၿပီး
ေကာင္ေလးရဲ႕ ထမင္းဘူးကို ယူကာ အမႈိက္ပံုးထဲ
ပစ္လိုက္တယ္။

"ခ..ခင္ဗ်ား ဒါဘာလုပ္တာလဲ..က်ေနာ္ ေနာက္ထပ္ ထမင္းဘူးအသစ္ မဝယ္ႏိုင္ဘူး"

ေျပာရင္းဆိုရင္း အမႈိက္ပံုးထဲက ထမင္းဘူးကို
ျပန္ယူဖို႔ ႀကိဳးစားေနတဲ့ ေကာင္ေလးကို ၾကည့္ၿပီး
သက္ျပင္း႐ႈိက္လိုက္မိတယ္။ဒီေကာင္ေလးရဲ႕ ဒီလိုပံုစံကို ျမင္ရတာ ဘာေၾကာင့္မွန္းမသိ..သူ႔ရင္ထဲ မခ်ိမဆန္႔ ခံစားရတယ္။

"ကိုယ္ေတာင္းပန္ပါတယ္..ကိုယ့္ေၾကာင့္ မင္းရဲ႕ေန႔လည္စာဆံုး႐ႈံးသြားတာဆိုေတာ့ ကိုယ္ မင္းကို ေန႔လည္စာ ျပန္ဝယ္ေကြၽးမယ္ေလ..ၿပီးေတာ့ ထမင္းဘူးအသစ္လည္း ဝယ္ေပးမယ္ေလ။"

သူ႔စကားကို ၾကားတာနဲ႔ ခ်က္ခ်င္း မ်က္လံုးေလးက
အေရာင္ေတာက္သြားၿပီး ျပံဳးရႊင္သြားတဲ့ ေကာင္ေလးက

"ခင္ဗ်ားတကယ္ေျပာတာလား..က်ေနာ့္ကို အ႐ူးလုပ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"မဟုတ္ပါဘူး..တကယ္ေျပာတာ..ကိုယ္လည္း
ေန႔လည္စာ သြားစားမလို႔ပဲေလ။လာ..သြားၾကမယ္။"

ေျပာရင္းဆိုရင္းနဲ႔ ေကာင္ေလးရဲ႕ လက္ကို
ပိုင္စိုးပိုင္နင္း ကိုင္လိုက္မိတယ္။
အူေၾကာင္ေၾကာင္နဲ႔ ေနာက္က လိုက္လာတဲ့
ေကာင္ေလးကို ၾကည့္ၿပီး ယြမ္နင္ခိုးျပံဳးမိေသးတယ္။
သူကိုင္ထားတဲ့ အဲ့ဒီေကာင္ေလးေသးေသးေလးရဲ႕
လက္ေလးကို မလႊတ္ခ်င္ေတာ့ဘူး။

Author's note
လက္ဖက္စိမ္းမ ဆိုတာ အေပၚယံ ႐ိုးသားျဖဴစင္ေယာင္ေဆာင္ၿပီး အတြင္းက ပုတ္ပြေနတဲ့လူကို ဆိုလိုတာပါ
Authorလည္း အခုရက္ပိုင္း ေဆာင္းခိုေနတာနဲ႔
Activeမျဖစ္ဘူး ျဖစ္သြားတယ္ ဟင္းဟင္း
ရာသီဥတုေအးတယ္ ဂ႐ုစိုက္ၾကပါေနာ္
ၿပီးေတာ့ မ်က္စိအားေကာင္းတဲ့ ေဆးေလးေတြ ႐ွိရင္
ၫႊန္းၾကပါအံုး please
Authorအျမဲေခါင္းေတြ မ်က္ေၾကာေတြ ကိုက္ေနတာ
၁လနီးပါး ႐ွိပီ အခုရက္ပိုင္း ပိုဆိုးလာလို႔
စာလည္း ေသခ်ာေရးမရဘူး ျဖစ္ေနတယ္

Authorႏွင့္ သားသမီးမ်ား

ေဝ့႐ွင္းခ်န္ - ေနာက္ဆံုးေတာ့ ေရႊေပါင္ႀကီးနဲ႔ ေတြ႔ရၿပီပဲ

Author-လူယုတ္မာျပံဳးႀကီးနဲ႔ ၾကည့္ေန

ယြမ္နင္-လူယုတ္မာျပံဳးႀကီးနဲ႔ ၾကည့္ေန

27.1.2020

Unicode

ဝေ့ရှင်းချန်ဟာ ယွမ်နင်ရဲ့ ညီလေးဖြစ်ဖို့အတွက်
ဆုံးဖြတ်ချက်ကို ခိုင်မာပြတ်သားစွာ ချပလိုက်တယ်။
ပြီးတာနဲ့ ကျောင်းကို အားကြိုးမာန်တက် ချီတက်တော့တယ်။

ဝေ့ရှင်းချန်က god level hackerတစ်ယောက်
ဖြစ်တာမို့ ခုနက သတင်းအချက်အလက်တွေ
Hackတာ အချိန်သိပ်မကုန်ခဲ့ဘူးလေ။
ဒါကြောင့် သူအတန်းချိန်လည်း နောက်မကျခဲ့ဘူး။

ပြောရရင် ဇာတ်ကြောင်းက ထင်ထားသလောက်
သိပ်မရှင်းဘူး။ဝေ့ရှင်းချန်တက်နေတဲ့ကျောင်းက
လူချမ်းသာ သားသမီးတွေပဲ တက်နိုင်တာ။
ဇာတ်လိုက်မနဲ့ ဝေ့ရှင်းချန်က စကောလားရှစ်နဲ့
ရလို့သာ တက်ခွင့်ရခဲ့ကြတာ။

ဒါကြောင့်ပဲ သာမန်ရိုးကျဇာတ်ကြောင်းတွေလိုပဲ
ဆင်းရဲတဲ့ ဝေ့ရှင်းချန်တို့လို လူတွေကို
လူချမ်းသာ သားသမီးတွေက ပစ်မှတ်ထား
နှိပ်စက်ကြတာပေါ့။

အမှန်က ဇာတ်လိုက်မဟာ အများထင်ထားသလို
ကြာပန်းဖြူလေး မဟုတ်ဘူး။
ဝေ့ရှင်းချန်နဲ့ ဇာတ်လိုက်မက နဂိုကတည်းက
သိတယ်။အတန်းလည်းတူပြီး ဆင်းရဲတဲ့လူအချင်းချင်း
ဖြစ်တာကြောင့် အချင်းချင်းကူညီခဲ့ကြဖူးတယ်။

အချင်းချင်းကူညီတယ်သာ ပြောတာပါ။တကယ်က
ဝေ့ရှင်းချန်ကပဲ ကူညီရတာ များတယ်။ပိုပြီးသေချာအောင် ပြောရရင် ဝေ့ရှင်းချန်ကပဲ ပိုပြီးအသုံးချခံရတာ များတယ်။ဥပမာ-သူအချိန်ပိုင်းအလုပ်လုပ်ရမှာမို့
ဝေ့ရှင်းချန်ကို သူ့အိမ်စာတွေ အကုန်လုပ်ခိုင်းပြီး
ဆရာတွေရဲ့ ချီးကျူးမှုကိုတော့ ဇာတ်လိုက်မက
ခံယူလိုက်တာမျိုးပေါ့့။

တကယ်တမ်းဆို ဝေ့ရှင်းချန်က ဇာတ်လိုက်မထက်တောင် အချိန်ပိုင်းအလုပ်တွေ ပိုများသေးတယ်။
ဒါပေမဲ့ သူက ဇာတ်လိုက်မကို သနားပြီး ဇာတ်လိုက်မကို ကူညီလိုက်တာကြောင့် သူကိုယ်တိုင်အတွက် အိမ်စာလုပ်ချိန်တောင် မရှိတော့ဘူးလေ။
ဒါကြောင့်လည်း သူ့ကို ဆရာတွေက အမြင်မကြည်ကြတော့ဘူး။ဇာတ်လိုက်မကတော့ ဆရာတွေရဲ့
အချစ်တော်လေးပေါ့။

"သူလုပ်ပေးထားတဲ့အိမ်စာတွေကို ဘာလို့ကိုယ်တိုင်လုပ်တယ်လို့ ဖြေတာလဲ"လို့ ဝေ့ရှင်းချန်က ဇာတ်လိုက်မကို မေးတဲ့အခါ ဝေ့ရှင်းချန်ကို တခြားလူတွေက ပစ်မှတ်ထားမှာ စိုးလို့ပါလို့ အမြဲပြန်ဖြေတတ်တယ်။တုံးအတဲ့ ဝေ့ရှင်းချန်ကလည်း
ဇာတ်လိုက်မပြောတိုင်း ယုံခဲ့တာပေါ့။

ပြီးတော့ သူအနိုင်ကျင့်ခံရတာက တကယ်ဆို
ဇာတ်လိုက်မရဲ့ စနက်ကြောင့်ပဲ။
ဝေ့ရှင်းချန်က အရာရာမှာ တော်လွန်းတယ်။
ဇာတ်လိုက်မက သူ့ကို မနာလိုဘူး။ဒါကြောင့်
အဓိကဇာတ်လိုက်နဲ့ တစ်ဖက်လှည့် ရန်တိုက်ပေးခဲ့တာ။

အဲ့ဒီလို လက်ဖက်စိမ်းမတွေကို သူအရမ်းမုန်းတယ်။
ယုတ်မာရင်လည်း ပေါ်တင်ယုတ်မာတာမျိုးကိုပဲ
သူကြိုက်တယ်။
အပေါ်ယံဖြူစင်ချင်ယောင်ဆောင်ပြီး အတွင်းက
မည်းနေတဲ့ ဝမ်းတွင်းမည်းတွေကို သူတကယ်ရွံတယ်။

အခုဆို ကျောင်းမှာ အဓိကဇာတ်လိုက်က
ဇာတ်လိုက်မကို စပြီး မျက်မှန်းတမ်းမိနေပြီ။
သူမှန်းတာ မမှားဘူးဆိုရင် လာမဲ့၃ရက်အတွင်းမှာ
ဇာတ်လိုက်မကို စပြီး အနိုင်ကျင့်ခံစာရင်းထဲ ထည့်မှာပဲ။ပြီးတော့ ဒီနေ့ကစပြီး တစ်ပတ်ပြည့်တဲ့နေ့မှာ
ဒုတိယဇာတ်လိုက်နဲ့ စတွေ့မှာပဲ။

ဒါဆို ဝေ့ရှင်းချန်က ဒုတိယဇာတ်လိုက်နဲ့အရင်တွေ့ထားလိုက်ရင် အိုကေစိုပြေနေပြီပဲ မဟုတ်လား။
ဒါပေမဲ့ အခုလောလောဆယ်တော့ သူ့မှာအချိန်မရှိသေးဘူး။ပထမအတန်းချိန် နီးနေပြီမို့ အတန်းကို
အမြန်သွားရတယ်။ဇာတ်လိုက်မက သူ့အကူအညီ
မလိုသေးတာကြောင့် သူ့ကို မတွေ့ချင်ယောင်ဆောင်နေတာကို တွေ့ရတယ်။

အရင်ဝေ့ရှင်းချန်ကသာ တုံးအလို့ မသိခဲ့တာ။
အခုဝေ့ရှင်းချန်ရှေ့မှာတော့ ဘယ်လိုမှ ဖုံးကွယ်လို့
မရဘူး။

ဝေ့ရှင်းချန်လည်း ဂရုမစိုက်တဲ့ပုံနဲ့ အတန်းထဲက
သူ့နေရာကို ဝင်ထိုင်လိုက်တယ်။
အတန်းထဲက လူတွေက သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေပေမဲ့ ဘာကြောင့်မှန်း သူမသိဘူး။

ဒီလိုနဲ့ အတန်းချိန်တွေပြီးသွားပြီး lunchtimeရောက်တော့ သူ့အတန်းဖော်တစ်ချို့က သူ့ဆီ
ဦးတည်လာတာ တွေ့ရပေမဲ့ သူ့မှာက
အရေးကြီးကိစ္စရှိနေတာကြောင့် အမြန် အတန်းအပြင်ကို ထွက်လာခဲ့တယ်။

'System..ယွမ်နင် ဘယ်မှာရှိလဲ စုံစမ်းပေးပါ'

*ယွမ်နင်က ကျောင်းခေါင်မိုးထပ်မှာပါ Host*

ယွမ်နင်နဲ့ ဇာတ်လိုက်မနဲ့ စတွေ့တာကလည်း
ခေါင်မိုးထပ်မှာပဲ။ဇာတ်လိုက်မက ခေါင်မိုးထပ်မှာ
သူတစ်ယောက်တည်းထင်ပြီး ထိုင်ငိုနေတုန်း
ထောင့်မှာအိပ်နေခဲ့တဲ့ ယွမ်နင်ကတွေ့ပြီး
နှစ်သိမ့်ပေးခဲ့တာလို့ ဇာတ်ကြောင်းအရ သိရပေမဲ့
ဝေ့ရှင်းချန်ကတော့ မယုံဘူး။
ဒါလည်း ဇာတ်လိုက်မရဲ့ အကြံအစည်ပဲ ဖြစ်မယ်လို့
တွေးမိတယ်။

အရင်ဝေ့ရှင်းချန်ကလည်း ကျောင်းကို အမြဲ
ထမင်းဘူး ထည့်လာနေကျ ။ကျောင်းက အစားအစာတွေက ဈေးကြီးတော့ သူမတတ်နိုင်ဘူးလေ။
သူ့ထမင်းဘူးကလည်း အမြဲ အသီးအရွက်ဆားရည်စိမ်နဲ့ ကြက်ဥကြော် ဒါမှမဟုတ် ကြက်ဥပြုတ်ပဲ
ပါလာတတ်တာ။တစ်ခါတစ်လေဆို ကြက်ဥတောင်
မပါဘူး။ဒါကြောင့် သူက လူမရှိတဲ့နေရာတွေမှာပဲ
ထမင်းစားတတ်တယ်။

အခုလည်း ဝေ့ရှင်းချန်က ထမင်းဘူး တမင်ထည့်လာခဲ့တာ။တမင်မထည့်လာလည်း သူ့မှာ ဝယ်စားဖို့အတွက် ပိုက်ဆံမရှိဘူးလေ။
အဲ့ဒီအစား သူက ဒုတိယဇာတ်လိုက်ရဲ့ ပေါင်ကို
လိုက်ဖက်ဖို့ပဲ တွေးလိုက်တော့တယ်။

Systemကို ယွမ်နင်ရဲ့ တည်နေရာကို ခဏတိုင်း
ထောက်လှမ်းခိုင်းနေတာမို့ ယွမ်နင် ဘာဆက်လုပ်မလဲဆိုတာအကုန် သူသိနေရတယ်။
ယွမ်နင်က ကျောင်းခေါင်မိုးထပ်ကနေ အောက်ကိုဆင်းဖို့အတွက် တံခါးကို ဖွင့်လိုက်တာနဲ့
သူက တံခါးနားမှာ ရှိနေတာနဲ့ အံကိုက်ဖြစ်အောင်
အမြန်လှုပ်ရှားလိုက်တယ်။

"ဗန်း"

ယွမ်နင်တစ်ယောက် ဒီနေ့ကျမှ အိပ်ချင်စိတ်
သိပ်မရှိတာကြောင့် ကန်တင်းသွားဖို့ ဆုံးဖြတ်ပြီး
အောက်ဆင်းဖို့ လုပ်ခဲ့တာ။
ဘယ်သူက ထင်မှာလဲ...တစ်ယောက်ယောက်က
ကျောင်းခေါင်မိုးထပ်ကို ရောက်လာပြီး
သူဖွင့်လိုက်တဲ့ တံခါးနဲ့ တိုက်မိသွားမယ်လို့....။

တံခါးနဲ့ တိုက်မိသွားတာကြောင့် ကောင်လေးကိုင်ထားတဲ့ ထမင်းဘူးလေးက လေပေါ်
မြောက်တက်သွားပြီး ကြမ်းပြင်ပေါ်ကျသွားတဲ့အခါ
အဖုံးပွင့်ပြီး အထဲက ဟာတွေ အကုန် ပြန့်ကျဲကုန်တယ်။

ပိန်ပိန်သေးသေးကောင်လေးက ချက်ချင်းပဲ အောက်ကျနေတဲ့ ထမင်းတွေကို အမြန်ထမင်းဘူးထဲ
ထည့်နေတယ်။ထည့်နေရင်းနဲ့ မျက်ရည်တွေ ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို တစ်ချက် မော့ကြည့်ပြီး
သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

ယွမ်နင်ဟာ အဲ့ဒီအချိန်အထိ ကြောင်တောင်ကြီး
ရပ်မိနေတုန်းပဲ။အဖြစ်အပျက်တွေက မြန်ဆန်လွန်းတာကြောင့် သူဘယ်လိုတုန့်ပြန်ရမလဲကို မသိတော့ဘူး။အဲ့ဒီမျက်ဝန်းတွေ...အဲ့ဒီအကြည့်တွေက..
သူ့...သူ့ညီလေးရဲ့မျက်ဝန်းတွေ..သူမေ့မရခဲ့တဲ့
အကြည့်တွေနဲ့ ဆင်တူနေသလိုပဲ။

သူ့ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပြီး ကောင်လေးကို
ဆက်ကြည့်နေမိတယ်။ကောင်လေးသိမ်းနေတဲ့
ထမင်းဟင်းတွေက သူ့အနေနဲ့ဆိုရင် ထမင်းဟင်းလို့တောင် မခေါ်ချင်ဘူး။
ဆားရည်စိမ်အသီးအရွက်တွေနဲ့ ထမင်းဖြူတွေချည်းပဲ။ဒါက ဒီကောင်လေးရဲ့ နေ့လည်စာလား...။

သူကြည့်နေရင်းပဲ ကောင်လေးက ထမင်းဘူးကို
ပိတ်ပြီးတော့ အမြန် ထွက်သွားဖို့ ပြင်တော့တယ်။
သူကြည့်နေရင်းနဲ့ အဲ့ဒီကောင်လေး သူ့မြင်ကွင်းထဲက ပျောက်သွားမှာကို စိုးရိမ်လာတယ်။

"ဟေ့..မင်း..နေအုံး.."

သူလှမ်းခေါ်လိုက်တော့ ကောင်လေးက တုန့်ခနဲ
ရပ်သွားပြီး သူ့ကို မရဲတရဲ ပြန်လှည့်ကြည့်လာတယ်။
ကောင်လေးရဲ့ အကြည့်တွေက သိမ်ငယ်မှု၊ဝမ်းနည်းမှုနဲ့ ဒေါသတွေ ပါနေတယ်လို့ သူခံစားနေရတယ်။

"အဲ့ဒါမင်းစားတဲ့ ထမင်းဘူးလား"

"ဟုတ်..ဟုတ်တယ်၊အဲ့တော့ ခင်ဗျားက ဘာလုပ်ချင်လို့လဲ..ခင်ဗျားကြောင့် ကျနော် နေ့လည်စာ ငတ်ပြီ"

ဒေါသသံနဲ့ ခပ်စွာစွာပြန်ပြောလာတဲ့ ကောင်လေးရဲ့
မျက်ဝန်းဟာ မျက်ရည်တွေ ဝိုင်းနေပြီး
နီရဲနေတယ်။ကောင်လေးက သူ့ရဲ့ထမင်းဘူးကို
တင်းတင်းကြပ်ကြပ် ကိုင်ထားတယ်။

သူ့စိတ်ထဲမှာ အရမ်းသနားလာသလို ခံစားရတယ်။
ဒီကောင်လေးဟာ ဘဝကို ဘယ်လို ဖြတ်သန်းလာရတာပါလိမ့်။ဒါတွေသာ သူစားရရင် စိတ်ပျက်လို့
သေမှာပဲ။ဒီကောင်စုတ်လေးကတော့ ဒီလိုအရာတွေကို တန်ဖိုးကြီးပစ္စည်းတစ်ခုလိုပဲ အတင်းကောက်ထည့်နေတယ်။

သူအတွေးတွေနဲ့ မြောနေပြီး ဘာမှ ပြန်မပြောမိတော့
ကောင်လေးက စိတ်မရှည်တဲ့ပုံနဲ့ ပြောတယ်။

"ခင်ဗျား ဘာမှပြောစရာမရှိဘူးဆိုရင် ကျနော် သွားတော့မယ်။"

"နေအုံး..မင်းဘာလုပ်မလို့လဲ"

"ရေဆေးပြီး စားမလို့"

နှုတ်ခမ်းဆူပြီး ဖြေလာတဲ့ ကောင်လေးရဲ့ ပုံစံက
အရမ်းချစ်ဖို့ကောင်းပေမဲ့ ဖြေလာတဲ့အဖြေကြောင့်
သူအရမ်းလန့်သွားတယ်။ကောင်လေးရဲ့အနားကို
သူတောင် သူ့ကိုယ်သူမသိပဲ ရောက်သွားပြီး
ကောင်လေးရဲ့ ထမင်းဘူးကို ယူကာ အမှိုက်ပုံးထဲ
ပစ်လိုက်တယ်။

"ခ..ခင်ဗျား ဒါဘာလုပ်တာလဲ..ကျနော် နောက်ထပ် ထမင်းဘူးအသစ် မဝယ်နိုင်ဘူး"

ပြောရင်းဆိုရင်း အမှိုက်ပုံးထဲက ထမင်းဘူးကို
ပြန်ယူဖို့ ကြိုးစားနေတဲ့ ကောင်လေးကို ကြည့်ပြီး
သက်ပြင်းရှိုက်လိုက်မိတယ်။ဒီကောင်လေးရဲ့ ဒီလိုပုံစံကို မြင်ရတာ ဘာကြောင့်မှန်းမသိ..သူ့ရင်ထဲ မချိမဆန့် ခံစားရတယ်။

"ကိုယ်တောင်းပန်ပါတယ်..ကိုယ့်ကြောင့် မင်းရဲ့နေ့လည်စာဆုံးရှုံးသွားတာဆိုတော့ ကိုယ် မင်းကို နေ့လည်စာ ပြန်ဝယ်ကျွေးမယ်လေ..ပြီးတော့ ထမင်းဘူးအသစ်လည်း ဝယ်ပေးမယ်လေ။"

သူ့စကားကို ကြားတာနဲ့ ချက်ချင်း မျက်လုံးလေးက
အရောင်တောက်သွားပြီး ပြုံးရွှင်သွားတဲ့ ကောင်လေးက

"ခင်ဗျားတကယ်ပြောတာလား..ကျနော့်ကို အရူးလုပ်နေတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး..တကယ်ပြောတာ..ကိုယ်လည်း
နေ့လည်စာ သွားစားမလို့ပဲလေ။လာ..သွားကြမယ်။"

ပြောရင်းဆိုရင်းနဲ့ ကောင်လေးရဲ့ လက်ကို
ပိုင်စိုးပိုင်နင်း ကိုင်လိုက်မိတယ်။
အူကြောင်ကြောင်နဲ့ နောက်က လိုက်လာတဲ့
ကောင်လေးကို ကြည့်ပြီး ယွမ်နင်ခိုးပြုံးမိသေးတယ်။
သူကိုင်ထားတဲ့ အဲ့ဒီကောင်လေးသေးသေးလေးရဲ့
လက်လေးကို မလွှတ်ချင်တော့ဘူး။

Author's note
လက်ဖက်စိမ်းမ ဆိုတာ အပေါ်ယံ ရိုးသားဖြူစင်ယောင်ဆောင်ပြီး အတွင်းက ပုတ်ပွနေတဲ့လူကို ဆိုလိုတာပါ
Authorလည်း အခုရက်ပိုင်း ဆောင်းခိုနေတာနဲ့
Activeမဖြစ်ဘူး ဖြစ်သွားတယ် ဟင်းဟင်း
ရာသီဥတုအေးတယ် ဂရုစိုက်ကြပါနော်
ပြီးတော့ မျက်စိအားကောင်းတဲ့ ဆေးလေးတွေ ရှိရင်
ညွှန်းကြပါအုံး please
Authorအမြဲခေါင်းတွေ မျက်ကြောတွေ ကိုက်နေတာ
၁လနီးပါး ရှိပီ အခုရက်ပိုင်း ပိုဆိုးလာလို့
စာလည်း သေချာရေးမရဘူး ဖြစ်နေတယ်

Authorနှင့် သားသမီးများ

ဝေ့ရှင်းချန် - နောက်ဆုံးတော့ ရွှေပေါင်ကြီးနဲ့ တွေ့ရပြီပဲ

Author-လူယုတ်မာပြုံးကြီးနဲ့ ကြည့်နေ

ယွမ်နင်-လူယုတ်မာပြုံးကြီးနဲ့ ကြည့်နေ

27.1.2020

Continue Reading

You'll Also Like

29.7K 981 58
What happens when 7 crack heads are added to a groupchat by the only 'sane' one? if you are homo please LEAVE! ⚠️T/W⚠️ Language Smut Slurs
411K 55.2K 142
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
54.4M 387K 69
Stay connected to all things Wattpad by adding this story to your library. We will be posting announcements, updates, and much more!
25.9K 2.1K 28
In a distant corner of the world, young Azaina Aazi resides in opulence, yet her heart aches from neglect by her mother, who shields her from the tru...