Tripက ျပန္ေရာက္ၿပီး ၃ရက္အၾကာမွာ အရာအားလံုးက ပံုမွန္အတိုင္း လည္ပတ္ေနသည္။
သူနဲ႔ EunJiနဲ႔ တတြဲတြဲလုပ္ေနတာေရာ။
ခ်ယ္ေယာင္းက ဂရုတစိုက္ရွိေနတာေရာ။
အားလံုးက ပံုမွန္ပါပဲ။
နာက်င္ရမွန္းသိေပမဲ့ သူ႔ကိုခ်စ္တုန္းပဲ။
ဘုရား ဘုရား...နာက်င္မႈကိုပါ ျမတ္နိုးမိေနတာလားလို႔
အထိတ္တလန္႔ပါ ျဖစ္ခဲ့ရတဲ့အထိ။
"ကဲကဲ tripမွာလည္း ေပ်ာ္သင့္သေလာက္ေပ်ာ္ခဲ့ၿပီးၿပီ အဲ့ေတာ့ စာေမးပြဲေတြလာေတာ့မယ္ စာကိုေသခ်ာက်က္ရမယ္ ဒီစာေမးပြဲက ေနာက္ဆံုးစာေမးပြဲၿပီးေတာ့ တကၠသိုလ္ဝင္တန္းမို႔ ေသခ်ာဂရုစိုက္ရမယ္ ××××××××"
ဟာ .ဟင္ နဲ႔ ေက်ာင္းသားေက်ာင္းသူ မ်ား၏ညည္းညဴသံမ်ားၾကား သူ႔ကိုလွမ္းၾကည့္မိသည္။
သူ႔ၾကည့္ရတာစာေမးပြဲကို အနည္းငယ္ေတာ့ စိုးရိမ္ေနပံုရသည္။ စာေမးပြဲကိုစိုးရိမ္တာလား တစ္ခုခုကိုစိုးရိမ္ေနတာလားေတာ့ တပ္အပ္မေျပာနိုင္။
နဖူးမွာ ေခြၽးစေတြတြဲလြဲ ခိုေနသည္။
ေခ်ာင္းကလည္း တဟြတ္ဟြတ္ဆိုးေနသည္။
လက္ေတြက စာအုပ္ေပၚ ဟိုေလ်ွာက္ျခစ္ ဒီေလ်ွာက္ျခစ္နဲ႔။
သူ႔ေဘးက ခ်ယ္ေယာင္းကေတာ့ ေက်ာက္ရုပ္နီးနီး။
တုတ္တုတ္မ်ွ မလႈပ္ေပ။
တစ္ခါတစ္ေလေတာ့ ဒီသူငယ္ခ်င္းနွစ္ေယာက္
အေတာ္လိုက္ဖက္သည္ဟု ကြၽန္မထင္မိသည္။
ခ်ယ္ေယာင္းကလည္း တစ္ခါတစ္ခါက် အဓိပၸါယ္မရွိတာေတြေျပာလြန္းသည္။ လီဆာကလည္း အဓိပၸါယ္မရွိတာေတြ လုပ္လြန္းသည္။ တကယ္ကို လိုက္ဖက္တဲ့ သူငယ္ခ်င္းနွစ္ေယာက္ရယ္ပါ။
ေန႔လည္စာ ထမင္းစားေတာ့ ခ်ယ္ေယာင္းက ကြၽန္မအနားလာထိုင္သည္။
"Jennie နင္စာေတြရၿပီလား"
"အင္း နင္ေရာ"
"ငါက ရတယ္ ငါလီဆာ့အတြက္ပဲ စိတ္ပူတာ"
"လီဆာကမရလို႔လား"
"နင္သိတဲ့အတိုင္းပဲ သူကသခ်ာၤနဲ႔ ကိုရီးယားဘာသာမွာ အားနည္းတာကို"
"အင္း......."
"နင္သူ႔ကို စာရွင္းမျပခ်င္ဘူးလား"
" သူအကူညီေတာင္းရင္ေတာ့ ရွင္းျပပါမယ္"
"ေၾသာ ....."
ဒါဘာသေဘာလဲ ပတ္ခ်ယ္ေယာင္း။
ကြၽန္မတို႔စားေနစဥ္မွာပင္ မ်က္ေစာင္းထိုးစားပြဲဝိုင္းမွာ
EunJiနွင္ ့သူ လာထိုင္သည္။
"စီနီယာ့ကိုေစာင့္ေနတာ"
"စားနွင့္တာမဟုတ္ဘူး ဗိုက္ဆာေနမွာေပါ့"
"ဟင့္အင္း ကုိယ့္ခ်စ္သူကို ေစာင့္သင့္တာမဟုတ္ဘူးလား"
"အင္း EunJiလိမၼာတယ္"
"ဟင္.....ဒီဟင္းႀကီး EunJiမၾကဳိက္ဘူး"
"ေပးေပး စီနီယာ့ ပန္းကန္ထဲထည့္"
ေယာင္အမ္းအမ္း ျဖင့္ ကြၽန္မပန္းကန္ထဲငံု႔ၾကည့္မိသည္။
ကြၽန္မ မႀကိဳက္တဲ့ ငါးဟင္းေတြ။
"ငါသြားေတာ့မယ္ ခ်ယ္ေယာင္း"
"ကုန္ေအာင္စားဦးေလ Jennie"
"ေတာ္ၿပီ ငါမစားနိုင္ေတာ့ဘူး"
ကြၽန္မ သန္႔စင္ခန္းထဲသို႔ထြက္လာလိုက္သည္။
ကြၽန္မလက္ေဆးေနနခိုက္
"နင္ လီဆာ့ကိုေတြ႕လိုက္လို႔လား"
"မဟုတ္ပါဘူး"
"မညာပါနဲ႔ဟာ"
"ငါ...ဒီတိုင္း...ဗိုက္မဆာလို႔ေလ"
ခ်ယ္ေယာင္းနွင့္ ကြၽန္မၾကား အနည္းငယ္တိတ္ဆိတ္သြားခဲ့သည္။
"နင္...ငါ့ကိုနည္းနည္းေလးေတာင္ စဥ္းစားေပးလို႔မရဘူးလား"
"ခ်ယ္ေယာင္း..."
"ငါလည္း နင္သူ႔ကိုခ်စ္သလို နင့္ကိုခ်စ္တာေလ နင္ဘာလို႔မျမင္ရတာလဲ"
"........."
"နင္...ငါ့ကိုနည္းနည္းေလးပဲ ျပန္ငဲ့ၾကည့္ပါလား"
"........"
"နည္းနည္းေလးပဲေလ Jennie"
"......."
"ငါ့အတြက္ေသးေသးေလးေတာင္ေနရာေတာင္
မရွိဘူးေပါ့"
"........"
"အင္းပါ.....ငါနားလည္ပါၿပီ...."
ခ်ယ္ေယာင္း၏ မ်က္ရည္က ေႂကြျပားေပၚက်သြားသည္ကို ကြၽန္မျမင္လိုက္ရသည္။
ကြၽန္မက တျခားတစ္ေယာက္အတြက္ နာက်င္ေနခ်ိန္မွာ
တျခားတစ္ေယာက္က ကြၽန္မအတြက္ နာက်င္ေနသည္။
ကြၽန္မက.....အတၱႀကီးတဲ့သူမ်ား ျဖစ္ေနၿပီလား...။
ခ်ယ္ေယာင္းက ကြၽန္မကို ေက်ာခိုင္းၿပီး ထြက္သြားမလို႔
လုပ္ေနခ်ိန္ ကြၽန္မသူ႔လက္ကို လွမ္းဆြဲလိုက္သည္။
"Jennie?"
"ေတာင္းပန္ပါတယ္ ခ်ယ္ေယာင္း နင္ခံစားရေအာင္ငါလုပ္မိၿပီ"
"ရပါတယ္"
"ငါ...နင့္ကိုတကယ္ေက်းဇူးတင္ပါတယ္"
"အင္း..."
"........."
"ငါ...နင့္ကို ခဏေလာက္ဖက္ထားခ်င္တယ္ရလားဟင္ Jennie ဒါၿပီးရင္ ငါနင့္ကိုဘာမွမေတာင္းဆိုေတာ့ပါဘူး"
ကြၽန္မ ဒီေလာက္ေတာ့ လိုက္ေလ်ာေပးသင့္သည္
ထင္တာပဲ။
"အင္း"
သူက ကြၽန္မ၏ အေျဖကိုၾကားတာနွင့္ သူ႔ရင္ခြင္ထဲသို႔
ကြၽန္မကို ဆြဲသြင္းထားေတာ့သည္။ ၿပီးေတာ့ ကြၽန္မ၏ ဆံနြယ္ေလးမ်ားကို သူ႔လက္သြယ္သြယ္ေလးမ်ားနွင့္ ပြတ္သပ္ေပးရင္း....
"ငါနင့္ကိုတကယ္ခ်စ္တာပါ နင္လိုအပ္တဲ့အခ်ိန္တိုင္း ငါ့ကိုေခၚပါ ငါ့ျဖစ္တည္မႈက နင့္အတြက္မို႔ပါ"
သူ႔ေမးဖ်ားကေနစီးဆင္းလာတဲ့မ်က္ရည္မ်ားကို ကြၽန္မ ခံစားမိသည္။
ငါေတာင္းပန္ပါတယ္...ငါတကယ္ကိုေတာင္းပန္ပါတယ္
ခ်ယ္ေယာင္းရယ္.....
အဟြတ္ ...!!
ေခ်ာင္းဆိုးသံ။
ဟုတ္တယ္ သူ႔ရဲ႕ ေခ်ာင္းဆိုးသံ။
ထိုအသံကို ၾကားေတာ့ ခ်ယ္ေယာင္းက ကြၽန္မကို
လႊတ္ေပးလိုက္သည္။
ကြၽန္မ ခ်ယ္ေယာင္း မ်က္ဝန္းမ်ားကို စိုက္ၾကည့္ၿပီး
"သူမလားဟင္"
▪️▪️▪️▪️▪️
သဘက္ခါ လီဆာ့ ေမြးေန႔
Hum!!!ဟုတ္လား ငါဘာလုပ္ေပးသင့္လဲ
ငါမသိဘူးေလ
သူဘာေတြႀကိဳက္တတ္လဲ
သူေၾကာင္ေလးေတြေတာ့ခ်စ္တယ္
ငါက အဲ့က်ေၾကာင္ဝယ္ေပးရမွာလား
အဲ့လိုလည္း မဟုတ္ဘူးေလ
အဲ့ဒါဆို ငါဘာလုပ္ေပးသင့္လဲ ေျပာစမ္းပါ ခ်ယ္ေယာင္းရာ
နင္ကိတ္မုန္႔ဖုတ္တတ္တယ္မလား အဲ့ဒါပဲလုပ္ေပးလိုက္ေပါ့
ေအး အဲ့ideaမဆိုးဘူး မုန္႔နဲ႔ပန္းနဲ႔ဆို သူႀကိဳက္မယ္ထင္တာပဲ
အင္းအင္း ကိတ္ပဲအာရံုစိုက္မေနနဲ႔ဦးေနာ္ သူ႔ေမြးေန႔ၿပီးရင္ စာေမးပြဲကလာေတာ့မွာ
အင္းပါ ေက်းဇူးပဲ
ကြၽန္မနွင့္ ခ်ယ္ေယာင္း အျပန္အလွန္ messageပို႔ေန
ၾကတာရယ္ပါ။
သဘက္ခါ သူ႔ေမြးေန႔တဲ့။
သူဆိုတာျဖစ္တည္လာတဲ့ေန႔ေလး။
တစ္နည္းေျပာရရင္ ကြၽန္မရဲ႕နွလံုးသားေလး ေပါက္ဖြားလာတဲ့ေန႔ေလးေပါ့ေနာ္။
ဒီေန႔ ညေနေတာ့ ေက်ာင္းဆင္းရင္ လိုအပ္တာကို
သြားဝယ္ရမည္။
စာေမးပြဲနီးလို႔ စာကုို အာရံုစိုက္ေနရသည္။
EunJiကေနတစ္ဆင့္ သူစာေတြလုပ္ေနသည္ ဟူေသာ သတင္းေၾကာင့္ သိပ္မစိုးရိမ္ေပမဲ့ စိတ္ကပူမိေသးသည္။
သူအားနည္းတဲ့ ဘာသာရပ္ေတြ အဆင္မွေျပပါ့မလား..
သူ႔ေမြးေန႔အတြက္ ဘာကိတ္လုပ္ေပးရမလဲ စဥ္းစားရင္း
Googleေခါက္မိသည္။ ရုတ္တရက္ သူတင္ထားေသာ ပို႔စ္တစ္ခုက notiတက္လာသည္။
love ေပးသင့္လား မေပးသင့္လား...ကြၽန္မမသိေတာ့ပါဘူး။
သူ႔ပိုစ့္ေလးကို ကြၽန္မ အခ်ိန္အေတာ္ၾကာ ၾကည့္ေနမိသည္။ ျပစ္မ်ိဳးမဲွဲ႔မထင္ေလး ၊ ေျခာက္ျပစ္ကင္း သဲလဲစင္ေလး။
ဘယ္လိုၾကည့္ၾကည့္ ခ်စ္ဖို႔ေကာင္းေနသူေလး။
ဒီနႈတ္ခမ္းေလးေတြ...
ဒီမ်က္ဝန္းေလးေတြ...
ကြၽန္မအပိုင္ဆိုတာ...ဘယ္ေတာ့မ်ားမွလဲ။
ကြၽန္မအလွည့္က ဘယ္ေတာ့မ်ားမွလဲ။
ကြၽန္မ အလွည့္ဆိုတာေရာ ...ရွိလာပါဦးမလား ဆိုတာ
မေသခ်ာေပမဲ့လို႔.....
ခ်စ္တယ္ေနာ္...ကေလးေလး..
ကြၽန္မရဲ႕ ထာဝရေလး......
▪️▪️▪️▪️▪️
"သူက ဘာကိတ္ႀကိဳက္တတ္တုန္းဟင္"
"ကိတ္ဆိုရင္ ႀကိဳက္ပါတယ္ ငါ့ဆုိင္မွာဆိုလည္း သူက
သိပ္မေ႐ြးဘူးရယ္"
"ဟုတ္လား အဲ့ဒါဆို ငါေခ်ာကလက္ကိတ္ပဲလုပ္
လိုက္ေတာ့မယ္"
"အင္း ေကာင္းသားပဲ"
ကြၽန္မနွင့္ ခ်ယ္ေယာင္း Shopping Mallထဲမွာ
ကိတ္မုန္႔အတြက္ လိုအပ္သည္မ်ားကို ဝယ္ေနသည္။
သူနွင့္ Eunjiရည္းစားျဖစ္ၿပီးေနာက္ပိုင္း ကြၽန္မသူ႔ဆိုင္ကယ္ေနာက္ကို မလိုက္ျဖစ္ေတာ့ပါ။
အခုကေတာ့ ခ်ယ္ေယာင္းက သူလိုက္ပို႔မည္ဆိုသျဖင့္ သူနွင့္ အတူတူထြက္လာလိုက္သည္။
"ေနဦး ငါCreamဝယ္ရဦးမွာ ဒါေလးကိုင္ထား"
"ေပး ေပး ဂ်ံဳအိတ္ႀကီးငါ့ေပး"
"ေရာ႕ ေက်းဇူး"
မေတာ္တဆ သူနွင့္ တိုးပါေတာ့သည္။
ဒါတိုက္ဆိုင္မႈလား...
"နင္တို႔နွစ္ေယာက္ ဒီလိုေတြ႕ရတာငါဝမ္းသာပါတယ္"
"လီဆာ!"
သူက မ်က္ေမွာင္ႀကံဳ႕ၿပီး ကြၽန္မကို လွည့္ၾကည့္လာသည္။
"လီဆာ နင္ဘာလာဝယ္တာလဲ ငါတို႔နဲ႔အတူတူလိုက္ခဲ့ေလ"ဟု ခ်ယ္ေယာင္းကေျပာသည္။
"ေတာ္ပါ နွစ္ေယာက္သား ေအးေဆးလည္ၾက ငါပါရင္ အေနွာင့္အယွက္ျဖစ္ေနမွာပါ့"
သူ....သူ...အခုထိ ကြၽန္မကို မယံုေသးဘူး။
ကြၽန္မနွင့္ ခ်ယ္ေယာင္း ခ်စ္သူရည္းစား လံုးဝမဟုတ္ပါဘူးလို႔ ေသခ်ာရွင္းျပထားရက္နဲ႔။
သူ.....ဘာလို႔ အဲ့ေလာက္ထိ....
"လီဆာ နင္ဘာစကားေျပာတာလဲ"
ခ်ယ္ေယာင္း ေမးေတာ့ လီဆာ မေျဖ။
ေအာင့္သက္သက္ မ်က္နွာနွင့္ ကြၽန္မတို႔နွင့္ ေဝးရာသိ့ု
ထြက္သြားသည္။
"Jennie yar..."
"ငါ အဆင္ေျပပါတယ္ ခ်ယ္ေယာင္း သြားၾကစို႔"
သူကလည္း ကြၽန္မကို ေက်ာခိုင္းလ်က္။
ကြၽန္မကလည္း သူ႔ကိုေက်ာခိုင္းလ်က္။
▪️▪️▪️▪️▪️
ဒီေန႔က သူ႔ေမြးေန႔ပဲ။
ကြၽန္မ အေစာႀကီးထၿပီး လုပ္စရာ ရွိတာကို လုပ္သည္။
ကိတ္မုန္႔ေလးကို ေနာက္ဆံုး အေခ်ာကိုင္ၿပီး
Cream ေလးျဖင့္ ခ်ယ္ရီပန္းပံုေလး ေဖာ္လိုက္သည္။
ကြၽန္မတို႔ အနမ္းေတြ စတင္အသက္ဝင္ေစခဲ့တဲ့ေနရာကို သတိရလို ရျငားေပါ့။
ေနာက္ဆံုး ၿပီးသြားေတာ့ ေသေသခ်ာခ်ာထုပ္ပိုးၿပီး သူ႔အိမ္ဘက္သို႔ ကားနွင့္ ထြက္လာလိုက္သည္။
စက္ဘီးနဲ႔ဆို creamေတြ ေပပြကုန္မွာ။
ဒရိုင္ဘာဦးေလးႀကီး၏ ကြၽမ္းက်င္မႈျဖင့္ ကိတ္မုန္႔ေလးမွာ ဘာအနာတရ မွ မျဖစ္ခဲ့ပါ။
တံခါးအျဖဴေလးေရွ႕မွာ ကြၽန္မရပ္ေနမိသည္။
ပန္းစည္းေလးရယ္..ကိတ္မုန္႔ေလးရယ္...ကြၽန္မရယ္...
ေဒါက္ ေဒါက္!!
ေဒါက္ ေဒါက္ ေဒါက္!!!!
"ဘယ္သူလဲ??"
အထဲကေန ေမးခြန္းနွင့္ ထြက္လာေသာသူ။
သူကတံခါး တြန္းဖြင့္လိုက္သည္နွင့္
"Happy Birthday လီဆာ"
ကြၽန္မ သူ႔ကို ၿပံဳးျပၿပီး.........
ကြၽန္မအၿပံဳးေတြက စကၠန္႔ပိုင္းအတြင္း ကြယ္ေပ်ာက္ရပါသည္။
"ဘာလာလုပ္တာလဲ"
"ဒီေန႔နင့္ေမြးေန႔ေလ အဲ့ဒါငါ ဒါေလးလာေပးတာ"
"နင့္ကိုဘယ္သူက အဲ့ဒါေတြလုပ္ခိုင္းလို႔လဲ ၿပီးေတာ့ငါဒါေတြလိုခ်င္ပါတယ္လို႔ နင့္ကိုဘယ္သူကေျပာလိုက္လို႔လဲ"
"လီဆာ..ငါ ဒီအတိုင္း နင့္ေမြးေန႔ကို...."
"မလိုအပ္ဘူး Jennieသြားေတာ့ "
သူက စိတ္အေနွာင့္အယွက္ ျဖစ္စြာနွင့္ ကြၽန္မကို မာန္မဲသည္။
"နင္ မေနေစခ်င္ရင္ ငါသြားပါမယ္ ဒါေပမဲ့ ဒါေလးေတာ့လက္ခံေပးပါေနာ္"
"ဟင့္အင္း ငါမႀကိဳက္ဘူး နင့္ဟာေတြနင္ျပန္ယူသြား"
"လီဆာရယ္ အဲ့လိုေတာ့မလုပ္ပါနဲ႔ ငါနင့္အတြက္သီးသန္႔ဆိုၿပီးေသခ်ာလုပ္ထားလို႔ပါ နင္မလိုခ်င္ရင္လည္း ငါသြားတာနဲ႔ ပစ္လိုက္လို႔ရပါတယ္"
"ဘာ!! သီးသန္႔? ပစ္လို႔ရတယ္? ဟုတ္လား နင္ကဒီကိတ္နဲ႔ ပန္းစည္းေပးၿပီး ငါ့ဆီက ဘာကိုေမ်ွာ္လင့္ေနတာလဲ
ဟမ္!! Jennie Kim"
"ငါအဲ့လိုသေဘာမဟုတ္.."
"မဟုတ္ရင္ဘာလဲ နင္ငါ့ဆီက တစ္ခုခုကိုေမ်ွာ္လင့္လို႔ ဒီလိုေတြလုပ္ေနတာ ငါသိတယ္ ငါ့ကိုမညာနဲ႔ Jennje Kim"
"နင္ဘာေတြေလွ်ာက္ထင္ေနတာလဲ လီဆာ နင္ထင္တာေတြ တစ္ခုမွ မဟုတ္ဘူး"
"သြား ငါ့ေရွ႕ကေန အခုခ်က္ခ်င္းထြက္သြား"
သူက ေဒါသတႀကီးေအာ္ေျပာၿပီး ကြၽန္မလက္ထဲက
ကိတ္မုန္႔ကို ပုတ္ခ်လိုက္သည္။
"ေက်နပ္တယ္မလား နင္ေျပာသလို ငါပစ္လိုက္ၿပီ ok?"
ဒါ..ဒါက ပစ္တာမွမဟုတ္ပဲ.....
တံခါးကိုေစာင့့္ၿပီး ပိတ္ကာ အိမ္ထဲဝင္သြားသည္။
"Lisa yar...."
လုပ္ရက္လိုက္တာဟာ.....။
ကိတ္မုန္႔ေလးက ေၾကမြလို႔။
Cream ေတြကလည္း တစ္စစီ။
သူေမြးေန႔ေလး ကြၽန္မေၾကာင့္ပ်က္စီးရၿပီ။
▪️▪️▪️▪️▪️
ကြၽန္မ ငိုဖို႔ အားအင္မရွိခဲ့ပါ။
ကိုယ့္လုပ္ရပ္ကို ျပန္ေတြးၿပီး စိတ္မေကာင္းျဖစ္ရသည္။
ကြၽန္မ ဘာအမွားလုပ္ခဲ့လို႔လဲ။
ကြၽန္မ လုပ္ခဲ့သမ်ွကို ျပန္ေတြးၾကည့္သည္။
သူ႔ကို စခ်စ္ခဲ့တဲ့ အခ်ိန္ကစလို႔ .....အခုထိ...
ဘုရား...ဘုရား...ကြၽန္မ သူ႔ကိုခ်စ္တာ ေမ်ွာ္လင့္ခ်က္ၿကီးနဲ႔ပါလား...သူျပန္ခ်စ္ေစဖို႔ဆိုတဲ့ ေလာဘႀကီးနဲ႔။
ကိုယ့္ကိုကိုယ္ ထိတ္လန္႔သြားခဲ့ရသည္။
သူေျပာသလိုပဲ ေမ်ွာ္လင့္ခ်က္ႀကီးနဲ႔။
ကြၽန္မ ေမ်ွာ္လင့္ခ်က္ကပဲ သူ႔ကို အေနွာင့္အယွက္ျဖစ္ေစတာမ်ားလား။
တကယ္ဆို ကြၽန္မလည္း သိပ္ပင္ပန္းေနပါၿပီ။
သူ႔ကို ခ်စ္ရတာ.....ရပ္ပစ္ခ်င္ၿပီ။
ဟာ...ဒါေပမဲ့ ..ဒါက ျဖစ္မွ မျဖစ္နိုင္တာ။
ကြၽန္မ နွလံုးသားတစ္ခုလံုး ရင္းၿပီး သူ႔ကိုခ်စ္တာ ရပ္ပစ္လို႔ မျဖစ္နိုင္ပါဘူး။
ကြၽန္မ ကိုယ့္စိတ္ကူးကို ႐ြံမိသြားသည္။
ဘယ္လိုမ်ား ေတြးလိုက္တာပါလိမ့္ Jennie Kim..
သူ႔ကို ခ်စ္တာ ရပ္တန္႔ပစ္မယ္တဲ့လား။
အဟားဟား.....ကိုယ့္ကိုကိုယ္ ေလွာင္ေျပာင္ဟားတိုက္
ပစ္လိုက္သည္။
ခပ္စိုစို အရာမ်ားက မ်က္ေထာင့္မွ စီးက်လာသည္။
က်ပါ...က်ပါ...မ်က္ရည္...ကြၽန္မကိုေလွာင္ေျပာင္ေနတဲ့ ကြၽန္မရဲဲ့ မ်က္ရည္.....
နင္ပဲ က်နိုင္မလား...ငါပဲခ်စ္နိုင္မလား....
▪️▪️▪️▪️▪️
အခုဆို ကြၽန္မက သူ႔ကို အေဝးကေနပဲ ေငးၾကည့္ေနရံုနဲ႔ ေက်နပ္တတ္လာၿပီ။ သူေပ်ာ္တာေတြ႕ရင္ ကြၽန္မၿပံဳးတယ္။ သူဘယ္သူနဲ႔ပဲေပ်ာ္ေပ်ာ္ေပါ့ အဓိက က သူေပ်ာ္ဖို႔ပဲ
မလား။ ကြၽန္မအမွန္အကန္ခ်စ္တတ္လာတာမ်ားလား။
ကြၽန္မ ေမတၲာေၾကာင့္ သူစာေမးပြဲေျဖနိုင္မယ္ဆိုၿပီး
ကုိယ့္ကိုုကိုယ္ စိတ္ၿကီးဝင္မိေသးသည္။
သူနဲ႔ ကြၽန္မနဲ႔....စကားမေျပာျဖစ္တာ ၈ရက္တိတိ။
ေက်ာင္းစာေမးပြဲေၾကာင့္ေရာ...သူကေတြ႕တာနဲ႔ မ်က္နွာလႊဲပစ္တာေရာ.....
အျပစ္ႀကီးတဲ့ ကြၽန္မကပဲ ေအာက္က်ိဳ႕ပါတယ္။
သူ႔အခ်စ္ဆံုး သူငယ္ခ်င္းပါဆိုတဲ့ ခ်ယ္ေယာင္းနဲ႔ပါ စကားမေျပာေတာ့။
ကြၽန္မသာ မရွိခဲ့လ်ွင္ သူတို႔နွစ္ေယာက္ ဒီလိုျဖစ္စရာ အ
ေၾကာင္းကိုမရွိ။ တစ္ခါတစ္ေလေတာ့ ကြၽန္မဆိုတာ ဘာအတြက္ ျဖစ္တည္လာတာလဲလို႔ ေမးခြန္းထုတ္မိသည္။
အေနွာင့္အယွက္ေတြပဲ ေပးဖို႔ ျဖစ္တည္လာတာမ်ားလား။
ကြၽန္မဆိုတာ အမွိုက္သာသာပဲလား။
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
....ဒီေန႔က ကြၽန္မတို႔ရဲ႕ ေက်ာင္းေနာက္ဆံုးေန႔....
ေတြးမိတိုင္း ရင္ထဲလာလာေအာင့္တာက သူနဲ႔မေတြ႕ရေတာ့မွာကိုပါပဲ။
ေငးၾကည့္နဲ႔ရံုနဲ႔လည္းေနသားတက်ျဖစ္ေနတာမို႔။
ကံၾကမၼာရယ္....ေက်းဇူးျပဳၿပီး မရက္စက္ပါနဲ႔လား...
စာေမးပြဲၿပီးေတာ့ ဘတ္စကတ္ေဘာကြင္းနားက ျဖတ္သြားမိသည္။
ဒီေနရာမွာ...ကြၽန္မသူ႔ကို စရင္ခုန္ခဲ့တာ..စခ်စ္ခဲ့တာ..
ေနာက္ၿပီး...ေဘာလံုးကြင္း....
ဒီေနရာက.....ကြၽန္မဘဝထဲ သူဆိုတာ ေရာက္လာတဲ့ေနရာ......
ကားထဲဝင္ဖို႔ ေနာက္ဆံုးအႀကိမ္အျဖစ္ ေက်ာင္းႀကီးကို
လွည့္ၾကည့္မိသည္။
ေသတဲ့အထိ မေမ့ပါဘူး...
အမွတ္တရေတြ ဖန္တီးေပးလို႔...
သူနဲ႔ ဆံုေအာင္ ဖန္တီးေပးလို႔ ....
ခ်စ္တတ္လာေအာင္....အင္း ...ေမ်ွာ္လင့္ခ်က္ကင္းမဲ့စြာနဲ႔
ခ်စ္တတ္ေအာင္ သင္ေပးလို႔......
နႈတ္ဆက္ပါတယ္ ေက်ာင္းေတာ္ႀကီးေရ......
▪️▪️▪️▪️▪️▪️▪️▪️▪️
အဲ့ဒီေန႔ညက သူ ကြၽန္မဆီေရာက္လာခဲ့သည္။
ဟင့္အင္း ကြၽန္မ အစက သူေရာက္ေနမွန္းကိုမသိခဲ့ပါဘူး။
မွန္ၾကည့္ၿပီး ေခါင္းၿဖီးေနခိုက္ မွန္အနားတြင္ေထာင္ထားေသာ သူ႔ဓာတ္ပံုေလးက .......နားလည္ရခက္စြာ....
အိပ္ခါနီး သူ႔ဓာတ္ပံုေလးကို အိပ္ရာဝင္အနမ္းေပးလိုက္ၿပီး
လိုက္ကာကို ဆြဲခ်ေနခိုက္....
ဟင္...သူ....ဟုတ္တာေပါ့ ..သူမွသူ...
ကြၽန္မရူးသြားရင္ေတာင္ ေမ့မွာမဟုတ္တဲ့ သူ႔မ်က္နွာေလး..
သူက ကြၽန္မတို႔အိမ္ေရွ႕က ဓာတ္တိုင္မွာ မီွၿပီး ကြၽန္မ အခန္းကို လွမ္းၾကည့္ေနသည္။
ကြၽန္မ ျမင္ျမင္ခ်င္း ေအာက္ထပ္သို႔ ေျပးဆင္းသြားလိုက္
ၿပီး ၿခံတံခါးကိုတြန္းဖြင့္လိုက္သည္။
....သူဘယ္ေရာက္သြားတာလဲ....
ဒီေလာက္ျမန္ျမန္ၿကီး သူေပ်ာက္သြားနိုင္စရာအေၾကာင္းမရွိ။
ဟိုဟိုဒီဒီ ေလ်ွာက္ရွာမိသည္။
"Jen"
"ဖိနပ္ေလးေတာ့ စီးခဲ့ေပါ့ Jenရယ္ ငါကအဲ့ေလာက္အေရးႀကီးလို႔လား"
Jenလို႔ေခၚသံေအာက္မွာတင္ ကြၽန္မဒူးေတြ ယိုင္နဲ႔လာၿပီး
ခနၶာကိုယ္ႀကီးက အားမရွိေတာ့သလို.........
"လီဆာ......နင္ကငါ့အသက္ထက္ေတာင္အေရး
ႀကီးပါတယ္"
"ငါ ....."
"........"
"ျဖစ္ခဲ့သမ်ွ အကုန္လံုးအတြက္ လာေတာင္းပန္တာ"
"ဘာ.....ဘာအတြက္လဲ လီဆာရဲ႕ နင္ဘာမွမ မမွားတာ"
"မဟုတ္ဘူး Jen နင္မသိဘူး"
"............"
သူက ကြၽန္မ လက္ေခ်ာင္းေလးမ်ားကို သူ႔လက္မ်ားနွင့္ ခပ္ဖြဖြ ဆုပ္ကိုင္ၿပီး....
"ငါေတာင္းပန္တာကို လက္ခံပါေနာ္ ငါ့ကိုခြင့္လႊတ္ပါေနာ္"
ကြၽန္မ အႀကိမ္ႀကိမ္ က်ရွံုးၿပီး အႀကိမ္ႀကိမ္ လမ္းေပ်ာက္ခဲ့တဲ့ သူ႔မ်က္ဝန္းေတြဆီမွာ မ်က္ရည္ေတြ ျပည့္လို႔....
"ငါ ......."
ကြၽန္မဘာမွ မေျပာရေသးခင္မွာပဲ.........
ကြၽန္မနႈတ္ခမ္းေတြ အျပဳစားႀကီး ျပဳစားခံလိုက္ရသည္။
သူ႔ရဲ႕ ထြက္သက္ေနြးေနြးေလးေတြက ကြၽန္မနွာဖ်ားတစ္ဝိုက္မွာ ႏူးညံ့စြာရိုက္ခတ္ေနသည္။
ကြၽန္မ နွလံုးသား............အလုပ္ေရာ လုပ္ေနေသးလားမသိေတာ့ပါ။
၇စကၠန္႔ေလာက္အနမ္းက.............၇ဘဝစာေလာက္ထိ အမွတ္ရေနမွာမ်ိဳး.........
သူက ကြၽန္မနႈတ္ခမ္းေတြနဲ႔ ခြာလိုက္ၿပီး
သူ႔အသံေတြက ငိုသံပါပါ တုန္ယင္စြာျဖင့္.....
"ေကာင္းေကာင္းေနခဲ့ အရူးမေလး"
ကြၽန္မဆံပင္ေတြကို ဖြသြားခဲ့သည္။
▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️
ကြၽန္မတို႔ေတြ ဘာမွမတတ္နိုင္ေတာ့တဲ့အခါ...
ကံၾကမၼာကိုပဲ အျပစ္တင္တတ္ၾကပါတယ္။
ရက္စက္ဆိုး႐ြားတဲ့ ကံၾကမၼာက ကြၽန္မတို႔နွစ္ေယာက္ကို
မ်က္နွာသာ တစ္စက္ေလးမ်ွ မေပးခဲ့။
အျဖစ္အပ်က္ေတြက တကယ္ကို ျမန္ဆန္ပါသည္။
မ်က္လွည့္ဆန္ဆန္ကို...မ်က္စိတစ္မွိတ္အတြင္း ျဖစ္ပ်က္သြားတာမ်ဳိး...
၂ပတ္အၾကာမွာ သူ႔အိမ္သြားၾကည့္မိသည္။
...For Saleဆိုတဲ့ ဗီနိုင္းေလး ခ်ိတ္ထားၿပီး....
•••••••ငါတို႔ ေဝးၿပီၾကၿပီေပါ့လီဆာ••••••••
💛💛💛🖤🖤🖤
4630 words
28Jan2020 | 08: 03 PM
ေနာက္တစ္ပိုင္းက လီဆာ့အေၾကာင္း ျဖစ္ဖို႔မ်ားတယ္ရယ္။
Thank u to all...💛💛🖤🖤💛💛
===============================
Tripက ပြန်ရောက်ပြီး ၃ရက်အကြာမှာ အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေသည်။
သူနဲ့ EunJiနဲ့ တတွဲတွဲလုပ်နေတာရော။
ချယ်ယောင်းက ဂရုတစိုက်ရှိနေတာရော။
အားလုံးက ပုံမှန်ပါပဲ။
နာကျင်ရမှန်းသိပေမဲ့ သူ့ကိုချစ်တုန်းပဲ။
ဘုရား ဘုရား...နာကျင်မှုကိုပါ မြတ်နိုးမိနေတာလားလို့
အထိတ်တလန့်ပါ ဖြစ်ခဲ့ရတဲ့အထိ။
"ကဲကဲ tripမှာလည်း ပျော်သင့်သလောက်ပျော်ခဲ့ပြီးပြီ အဲ့တော့ စာမေးပွဲတွေလာတော့မယ် စာကိုသေချာကျက်ရမယ် ဒီစာမေးပွဲက နောက်ဆုံးစာမေးပွဲပြီးတော့ တက္ကသိုလ်ဝင်တန်းမို့ သေချာဂရုစိုက်ရမယ် ××××××××"
ဟာ .ဟင် နဲ့ ကျောင်းသားကျောင်းသူ များ၏ညည်းညူသံများကြား သူ့ကိုလှမ်းကြည့်မိသည်။
သူ့ကြည့်ရတာစာမေးပွဲကို အနည်းငယ်တော့ စိုးရိမ်နေပုံရသည်။ စာမေးပွဲကိုစိုးရိမ်တာလား တစ်ခုခုကိုစိုးရိမ်နေတာလားတော့ တပ်အပ်မပြောနိုင်။
နဖူးမှာ ချွေးစတွေတွဲလွဲ ခိုနေသည်။
ချောင်းကလည်း တဟွတ်ဟွတ်ဆိုးနေသည်။
လက်တွေက စာအုပ်ပေါ် ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်နဲ့။
သူ့ဘေးက ချယ်ယောင်းကတော့ ကျောက်ရုပ်နီးနီး။
တုတ်တုတ်မျှ မလှုပ်ပေ။
တစ်ခါတစ်လေတော့ ဒီသူငယ်ချင်းနှစ်ယောက်
အတော်လိုက်ဖက်သည်ဟု ကျွန်မထင်မိသည်။
ချယ်ယောင်းကလည်း တစ်ခါတစ်ခါကျ အဓိပ္ပါယ်မရှိတာတွေပြောလွန်းသည်။ လီဆာကလည်း အဓိပ္ပါယ်မရှိတာတွေ လုပ်လွန်းသည်။ တကယ်ကို လိုက်ဖက်တဲ့ သူငယ်ချင်းနှစ်ယောက်ရယ်ပါ။
နေ့လည်စာ ထမင်းစားတော့ ချယ်ယောင်းက ကျွန်မအနားလာထိုင်သည်။
"Jennie နင်စာတွေရပြီလား"
"အင်း နင်ရော"
"ငါက ရတယ် ငါလီဆာ့အတွက်ပဲ စိတ်ပူတာ"
"လီဆာကမရလို့လား"
"နင်သိတဲ့အတိုင်းပဲ သူကသချာင်္နဲ့ ကိုရီးယားဘာသာမှာ အားနည်းတာကို"
"အင်း......."
"နင်သူ့ကို စာရှင်းမပြချင်ဘူးလား"
" သူအကူညီတောင်းရင်တော့ ရှင်းပြပါမယ်"
"သြော ....."
ဒါဘာသဘောလဲ ပတ်ချယ်ယောင်း။
ကျွန်မတို့စားနေစဉ်မှာပင် မျက်စောင်းထိုးစားပွဲဝိုင်းမှာ
EunJiနှင့် သူ လာထိုင်သည်။
"စီနီယာ့ကိုစောင့်နေတာ"
"စားနှင့်တာမဟုတ်ဘူး ဗိုက်ဆာနေမှာပေါ့"
"ဟင့်အင်း ကိုယ့်ချစ်သူကို စောင့်သင့်တာမဟုတ်ဘူးလား"
"အင်း EunJiလိမ္မာတယ်"
"ဟင်.....ဒီဟင်းကြီး EunJiမကြိုက်ဘူး"
"ပေးပေး စီနီယာ့ ပန်းကန်ထဲထည့်"
ယောင်အမ်းအမ်း ဖြင့် ကျွန်မပန်းကန်ထဲငုံ့ကြည့်မိသည်။
ကျွန်မ မကြိုက်တဲ့ ငါးဟင်းတွေ။
"ငါသွားတော့မယ် ချယ်ယောင်း"
"ကုန်အောင်စားဦးလေ Jennie"
"တော်ပြီ ငါမစားနိုင်တော့ဘူး"
ကျွန်မ သန့်စင်ခန်းထဲသို့ထွက်လာလိုက်သည်။
ကျွန်မလက်ဆေးနေနခိုက်
"နင် လီဆာ့ကိုတွေ့လိုက်လို့လား"
"မဟုတ်ပါဘူး"
"မညာပါနဲ့ဟာ"
"ငါ...ဒီတိုင်း...ဗိုက်မဆာလို့လေ"
ချယ်ယောင်းနှင့် ကျွန်မကြား အနည်းငယ်တိတ်ဆိတ်သွားခဲ့သည်။
"နင်...ငါ့ကိုနည်းနည်းလေးတောင် စဉ်းစားပေးလို့မရဘူးလား"
"ချယ်ယောင်း..."
"ငါလည်း နင်သူ့ကိုချစ်သလို နင့်ကိုချစ်တာလေ နင်ဘာလို့မမြင်ရတာလဲ"
"........."
"နင်...ငါ့ကိုနည်းနည်းလေးပဲ ပြန်ငဲ့ကြည့်ပါလား"
"........"
"နည်းနည်းလေးပဲလေ Jennie"
"......."
"ငါ့အတွက်သေးသေးလေးတောင်နေရာတောင်
မရှိဘူးပေါ့"
"........"
"အင်းပါ.....ငါနားလည်ပါပြီ...."
ချယ်ယောင်း၏ မျက်ရည်က ကြွေပြားပေါ်ကျသွားသည်ကို ကျွန်မမြင်လိုက်ရသည်။
ကျွန်မက တခြားတစ်ယောက်အတွက် နာကျင်နေချိန်မှာ
တခြားတစ်ယောက်က ကျွန်မအတွက် နာကျင်နေသည်။
ကျွန်မက.....အတ္တကြီးတဲ့သူများ ဖြစ်နေပြီလား...။
ချယ်ယောင်းက ကျွန်မကို ကျောခိုင်းပြီး ထွက်သွားမလို့
လုပ်နေချိန် ကျွန်မသူ့လက်ကို လှမ်းဆွဲလိုက်သည်။
"Jennie?"
"တောင်းပန်ပါတယ် ချယ်ယောင်း နင်ခံစားရအောင်ငါလုပ်မိပြီ"
"ရပါတယ်"
"ငါ...နင့်ကိုတကယ်ကျေးဇူးတင်ပါတယ်"
"အင်း..."
"........."
"ငါ...နင့်ကို ခဏလောက်ဖက်ထားချင်တယ်ရလားဟင် Jennie ဒါပြီးရင် ငါနင့်ကိုဘာမှမတောင်းဆိုတော့ပါဘူး"
ကျွန်မ ဒီလောက်တော့ လိုက်လျောပေးသင့်သည်
ထင်တာပဲ။
"အင်း"
သူက ကျွန်မ၏ အဖြေကိုကြားတာနှင့် သူ့ရင်ခွင်ထဲသို့
ကျွန်မကို ဆွဲသွင်းထားတော့သည်။ ပြီးတော့ ကျွန်မ၏ ဆံနွယ်လေးများကို သူ့လက်သွယ်သွယ်လေးများနှင့် ပွတ်သပ်ပေးရင်း....
"ငါနင့်ကိုတကယ်ချစ်တာပါ နင်လိုအပ်တဲ့အချိန်တိုင်း ငါ့ကိုခေါ်ပါ ငါ့ဖြစ်တည်မှုက နင့်အတွက်မို့ပါ"
သူ့မေးဖျားကနေစီးဆင်းလာတဲ့မျက်ရည်များကို ကျွန်မ ခံစားမိသည်။
ငါတောင်းပန်ပါတယ်...ငါတကယ်ကိုတောင်းပန်ပါတယ်
ချယ်ယောင်းရယ်.....
အဟွတ် ...!!
ချောင်းဆိုးသံ။
ဟုတ်တယ် သူ့ရဲ့ ချောင်းဆိုးသံ။
ထိုအသံကို ကြားတော့ ချယ်ယောင်းက ကျွန်မကို
လွှတ်ပေးလိုက်သည်။
ကျွန်မ ချယ်ယောင်း မျက်ဝန်းများကို စိုက်ကြည့်ပြီး
"သူမလားဟင်"
▪️▪️▪️▪️▪️
သဘက်ခါ လီဆာ့ မွေးနေ့
Hum!!!ဟုတ်လား ငါဘာလုပ်ပေးသင့်လဲ
ငါမသိဘူးလေ
သူဘာတွေကြိုက်တတ်လဲ
သူကြောင်လေးတွေတော့ချစ်တယ်
ငါက အဲ့ကျကြောင်ဝယ်ပေးရမှာလား
အဲ့လိုလည်း မဟုတ်ဘူးလေ
အဲ့ဒါဆို ငါဘာလုပ်ပေးသင့်လဲ ပြောစမ်းပါ ချယ်ယောင်းရာ
နင်ကိတ်မုန့်ဖုတ်တတ်တယ်မလား အဲ့ဒါပဲလုပ်ပေးလိုက်ပေါ့
အေး အဲ့ideaမဆိုးဘူး မုန့်နဲ့ပန်းနဲ့ဆို သူကြိုက်မယ်ထင်တာပဲ
အင်းအင်း ကိတ်ပဲအာရုံစိုက်မနေနဲ့ဦးနော် သူ့မွေးနေ့ပြီးရင် စာမေးပွဲကလာတော့မှာ
အင်းပါ ကျေးဇူးပဲ
ကျွန်မနှင့် ချယ်ယောင်း အပြန်အလှန် messageပို့နေ
ကြတာရယ်ပါ။
သဘက်ခါ သူ့မွေးနေ့တဲ့။
သူဆိုတာဖြစ်တည်လာတဲ့နေ့လေး။
တစ်နည်းပြောရရင် ကျွန်မရဲ့နှလုံးသားလေး ပေါက်ဖွားလာတဲ့နေ့လေးပေါ့နော်။
ဒီနေ့ ညနေတော့ ကျောင်းဆင်းရင် လိုအပ်တာကို
သွားဝယ်ရမည်။
စာမေးပွဲနီးလို့ စာကို အာရုံစိုက်နေရသည်။
EunJiကနေတစ်ဆင့် သူစာတွေလုပ်နေသည် ဟူသော သတင်းကြောင့် သိပ်မစိုးရိမ်ပေမဲ့ စိတ်ကပူမိသေးသည်။
သူအားနည်းတဲ့ ဘာသာရပ်တွေ အဆင်မှပြေပါ့မလား..
သူ့မွေးနေ့အတွက် ဘာကိတ်လုပ်ပေးရမလဲ စဉ်းစားရင်း
Googleခေါက်မိသည်။ ရုတ်တရက် သူတင်ထားသော ပို့စ်တစ်ခုက notiတက်လာသည်။
love ပေးသင့်လား မပေးသင့်လား...ကျွန်မမသိတော့ပါဘူး။
သူ့ပိုစ့်လေးကို ကျွန်မ အချိန်အတော်ကြာ ကြည့်နေမိသည်။ ပြစ်မျိုးမှဲ့မထင်လေး ၊ ခြောက်ပြစ်ကင်း သဲလဲစင်လေး။
ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းနေသူလေး။
ဒီနှုတ်ခမ်းလေးတွေ...
ဒီမျက်ဝန်းလေးတွေ...
ကျွန်မအပိုင်ဆိုတာ...ဘယ်တော့များမှလဲ။
ကျွန်မအလှည့်က ဘယ်တော့များမှလဲ။
ကျွန်မ အလှည့်ဆိုတာရော ...ရှိလာပါဦးမလား ဆိုတာ
မသေချာပေမဲ့လို့.....
ချစ်တယ်နော်...ကလေးလေး..
ကျွန်မရဲ့ ထာဝရလေး......
▪️▪️▪️▪️▪️
"သူက ဘာကိတ်ကြိုက်တတ်တုန်းဟင်"
"ကိတ်ဆိုရင် ကြိုက်ပါတယ် ငါ့ဆိုင်မှာဆိုလည်း သူက
သိပ်မရွေးဘူးရယ်"
"ဟုတ်လား အဲ့ဒါဆို ငါချောကလက်ကိတ်ပဲလုပ်
လိုက်တော့မယ်"
"အင်း ကောင်းသားပဲ"
ကျွန်မနှင့် ချယ်ယောင်း Shopping Mallထဲမှာ
ကိတ်မုန့်အတွက် လိုအပ်သည်များကို ဝယ်နေသည်။
သူနှင့် Eunjiရည်းစားဖြစ်ပြီးနောက်ပိုင်း ကျွန်မသူ့ဆိုင်ကယ်နောက်ကို မလိုက်ဖြစ်တော့ပါ။
အခုကတော့ ချယ်ယောင်းက သူလိုက်ပို့မည်ဆိုသဖြင့် သူနှင့် အတူတူထွက်လာလိုက်သည်။
"နေဦး ငါCreamဝယ်ရဦးမှာ ဒါလေးကိုင်ထား"
"ပေး ပေး ဂျုံအိတ်ကြီးငါ့ပေး"
"ရော့ ကျေးဇူး"
မတော်တဆ သူနှင့် တိုးပါတော့သည်။
ဒါတိုက်ဆိုင်မှုလား...
"နင်တို့နှစ်ယောက် ဒီလိုတွေ့ရတာငါဝမ်းသာပါတယ်"
"လီဆာ!"
သူက မျက်မှောင်ကြုံ့ပြီး ကျွန်မကို လှည့်ကြည့်လာသည်။
"လီဆာ နင်ဘာလာဝယ်တာလဲ ငါတို့နဲ့အတူတူလိုက်ခဲ့လေ"ဟု ချယ်ယောင်းကပြောသည်။
"တော်ပါ နှစ်ယောက်သား အေးဆေးလည်ကြ ငါပါရင် အနှောင့်အယှက်ဖြစ်နေမှာပါ့"
သူ....သူ...အခုထိ ကျွန်မကို မယုံသေးဘူး။
ကျွန်မနှင့် ချယ်ယောင်း ချစ်သူရည်းစား လုံးဝမဟုတ်ပါဘူးလို့ သေချာရှင်းပြထားရက်နဲ့။
သူ.....ဘာလို့ အဲ့လောက်ထိ....
"လီဆာ နင်ဘာစကားပြောတာလဲ"
ချယ်ယောင်း မေးတော့ လီဆာ မဖြေ။
အောင့်သက်သက် မျက်နှာနှင့် ကျွန်မတို့နှင့် ဝေးရာသို့
ထွက်သွားသည်။
"Jennie yar..."
"ငါ အဆင်ပြေပါတယ် ချယ်ယောင်း သွားကြစို့"
သူကလည်း ကျွန်မကို ကျောခိုင်းလျက်။
ကျွန်မကလည်း သူ့ကိုကျောခိုင်းလျက်။
▪️▪️▪️▪️▪️
ဒီနေ့က သူ့မွေးနေ့ပဲ။
ကျွန်မ အစောကြီးထပြီး လုပ်စရာ ရှိတာကို လုပ်သည်။
ကိတ်မုန့်လေးကို နောက်ဆုံး အချောကိုင်ပြီး
Cream လေးဖြင့် ချယ်ရီပန်းပုံလေး ဖော်လိုက်သည်။
ကျွန်မတို့ အနမ်းတွေ စတင်အသက်ဝင်စေခဲ့တဲ့နေရာကို သတိရလို ရငြားပေါ့။
နောက်ဆုံး ပြီးသွားတော့ သေသေချာချာထုပ်ပိုးပြီး သူ့အိမ်ဘက်သို့ ကားနှင့် ထွက်လာလိုက်သည်။
စက်ဘီးနဲ့ဆို creamတွေ ပေပွကုန်မှာ။
ဒရိုင်ဘာဦးလေးကြီး၏ ကျွမ်းကျင်မှုဖြင့် ကိတ်မုန့်လေးမှာ ဘာအနာတရ မှ မဖြစ်ခဲ့ပါ။
တံခါးအဖြူလေးရှေ့မှာ ကျွန်မရပ်နေမိသည်။
ပန်းစည်းလေးရယ်..ကိတ်မုန့်လေးရယ်...ကျွန်မရယ်...
ဒေါက် ဒေါက်!!
ဒေါက် ဒေါက် ဒေါက်!!!!
"ဘယ်သူလဲ??"
အထဲကနေ မေးခွန်းနှင့် ထွက်လာသောသူ။
သူကတံခါး တွန်းဖွင့်လိုက်သည်နှင့်
"Happy Birthday လီဆာ"
ကျွန်မ သူ့ကို ပြုံးပြပြီး.........
ကျွန်မအပြုံးတွေက စက္ကန့်ပိုင်းအတွင်း ကွယ်ပျောက်ရပါသည်။
"ဘာလာလုပ်တာလဲ"
"ဒီနေ့နင့်မွေးနေ့လေ အဲ့ဒါငါ ဒါလေးလာပေးတာ"
"နင့်ကိုဘယ်သူက အဲ့ဒါတွေလုပ်ခိုင်းလို့လဲ ပြီးတော့ငါဒါတွေလိုချင်ပါတယ်လို့ နင့်ကိုဘယ်သူကပြောလိုက်လို့လဲ"
"လီဆာ..ငါ ဒီအတိုင်း နင့်မွေးနေ့ကို...."
"မလိုအပ်ဘူး Jennieသွားတော့ "
သူက စိတ်အနှောင့်အယှက် ဖြစ်စွာနှင့် ကျွန်မကို မာန်မဲသည်။
"နင် မနေစေချင်ရင် ငါသွားပါမယ် ဒါပေမဲ့ ဒါလေးတော့လက်ခံပေးပါနော်"
"ဟင့်အင်း ငါမကြိုက်ဘူး နင့်ဟာတွေနင်ပြန်ယူသွား"
"လီဆာရယ် အဲ့လိုတော့မလုပ်ပါနဲ့ ငါနင့်အတွက်သီးသန့်ဆိုပြီးသေချာလုပ်ထားလို့ပါ နင်မလိုချင်ရင်လည်း ငါသွားတာနဲ့ ပစ်လိုက်လို့ရပါတယ်"
"ဘာ!! သီးသန့်? ပစ်လို့ရတယ်? ဟုတ်လား နင်ကဒီကိတ်နဲ့ ပန်းစည်းပေးပြီး ငါ့ဆီက ဘာကိုမျှော်လင့်နေတာလဲ
ဟမ်!! Jennie Kim"
"ငါအဲ့လိုသဘောမဟုတ်.."
"မဟုတ်ရင်ဘာလဲ နင်ငါ့ဆီက တစ်ခုခုကိုမျှော်လင့်လို့ ဒီလိုတွေလုပ်နေတာ ငါသိတယ် ငါ့ကိုမညာနဲ့ Jennje Kim"
"နင်ဘာတွေလျှောက်ထင်နေတာလဲ လီဆာ နင်ထင်တာတွေ တစ်ခုမှ မဟုတ်ဘူး"
"သွား ငါ့ရှေ့ကနေ အခုချက်ချင်းထွက်သွား"
သူက ဒေါသတကြီးအော်ပြောပြီး ကျွန်မလက်ထဲက
ကိတ်မုန့်ကို ပုတ်ချလိုက်သည်။
"ကျေနပ်တယ်မလား နင်ပြောသလို ငါပစ်လိုက်ပြီ ok?"
ဒါ..ဒါက ပစ်တာမှမဟုတ်ပဲ.....
တံခါးကိုစောင့်ပြီး ပိတ်ကာ အိမ်ထဲဝင်သွားသည်။
"Lisa yar...."
လုပ်ရက်လိုက်တာဟာ.....။
ကိတ်မုန့်လေးက ကြေမွလို့။
Cream တွေကလည်း တစ်စစီ။
သူမွေးနေ့လေး ကျွန်မကြောင့်ပျက်စီးရပြီ။
▪️▪️▪️▪️▪️
ကျွန်မ ငိုဖို့ အားအင်မရှိခဲ့ပါ။
ကိုယ့်လုပ်ရပ်ကို ပြန်တွေးပြီး စိတ်မကောင်းဖြစ်ရသည်။
ကျွန်မ ဘာအမှားလုပ်ခဲ့လို့လဲ။
ကျွန်မ လုပ်ခဲ့သမျှကို ပြန်တွေးကြည့်သည်။
သူ့ကို စချစ်ခဲ့တဲ့ အချိန်ကစလို့ .....အခုထိ...
ဘုရား...ဘုရား...ကျွန်မ သူ့ကိုချစ်တာ မျှော်လင့်ချက်ကြီးနဲ့ပါလား...သူပြန်ချစ်စေဖို့ဆိုတဲ့ လောဘကြီးနဲ့။
ကိုယ့်ကိုကိုယ် ထိတ်လန့်သွားခဲ့ရသည်။
သူပြောသလိုပဲ မျှော်လင့်ချက်ကြီးနဲ့။
ကျွန်မ မျှော်လင့်ချက်ကပဲ သူ့ကို အနှောင့်အယှက်ဖြစ်စေတာများလား။
တကယ်ဆို ကျွန်မလည်း သိပ်ပင်ပန်းနေပါပြီ။
သူ့ကို ချစ်ရတာ.....ရပ်ပစ်ချင်ပြီ။
ဟာ...ဒါပေမဲ့ ..ဒါက ဖြစ်မှ မဖြစ်နိုင်တာ။
ကျွန်မ နှလုံးသားတစ်ခုလုံး ရင်းပြီး သူ့ကိုချစ်တာ ရပ်ပစ်လို့ မဖြစ်နိုင်ပါဘူး။
ကျွန်မ ကိုယ့်စိတ်ကူးကို ရွံမိသွားသည်။
ဘယ်လိုများ တွေးလိုက်တာပါလိမ့် Jennie Kim..
သူ့ကို ချစ်တာ ရပ်တန့်ပစ်မယ်တဲ့လား။
အဟားဟား.....ကိုယ့်ကိုကိုယ် လှောင်ပြောင်ဟားတိုက်
ပစ်လိုက်သည်။
ခပ်စိုစို အရာများက မျက်ထောင့်မှ စီးကျလာသည်။
ကျပါ...ကျပါ...မျက်ရည်...ကျွန်မကိုလှောင်ပြောင်နေတဲ့ ကျွန်မရဲ့ မျက်ရည်.....
နင်ပဲ ကျနိုင်မလား...ငါပဲချစ်နိုင်မလား....
▪️▪️▪️▪️▪️
အခုဆို ကျွန်မက သူ့ကို အဝေးကနေပဲ ငေးကြည့်နေရုံနဲ့ ကျေနပ်တတ်လာပြီ။ သူပျော်တာတွေ့ရင် ကျွန်မပြုံးတယ်။ သူဘယ်သူနဲ့ပဲပျော်ပျော်ပေါ့ အဓိက က သူပျော်ဖို့ပဲ
မလား။ ကျွန်မအမှန်အကန်ချစ်တတ်လာတာများလား။
ကျွန်မ မေတ္တာကြောင့် သူစာမေးပွဲဖြေနိုင်မယ်ဆိုပြီး
ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်မိသေးသည်။
သူနဲ့ ကျွန်မနဲ့....စကားမပြောဖြစ်တာ ၈ရက်တိတိ။
ကျောင်းစာမေးပွဲကြောင့်ရော...သူကတွေ့တာနဲ့ မျက်နှာလွှဲပစ်တာရော.....
အပြစ်ကြီးတဲ့ ကျွန်မကပဲ အောက်ကျို့ပါတယ်။
သူ့အချစ်ဆုံး သူငယ်ချင်းပါဆိုတဲ့ ချယ်ယောင်းနဲ့ပါ စကားမပြောတော့။
ကျွန်မသာ မရှိခဲ့လျှင် သူတို့နှစ်ယောက် ဒီလိုဖြစ်စရာ အ
ကြောင်းကိုမရှိ။ တစ်ခါတစ်လေတော့ ကျွန်မဆိုတာ ဘာအတွက် ဖြစ်တည်လာတာလဲလို့ မေးခွန်းထုတ်မိသည်။
အနှောင့်အယှက်တွေပဲ ပေးဖို့ ဖြစ်တည်လာတာများလား။
ကျွန်မဆိုတာ အမှိုက်သာသာပဲလား။
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
....ဒီနေ့က ကျွန်မတို့ရဲ့ ကျောင်းနောက်ဆုံးနေ့....
တွေးမိတိုင်း ရင်ထဲလာလာအောင့်တာက သူနဲ့မတွေ့ရတော့မှာကိုပါပဲ။
ငေးကြည့်နဲ့ရုံနဲ့လည်းနေသားတကျဖြစ်နေတာမို့။
ကံကြမ္မာရယ်....ကျေးဇူးပြုပြီး မရက်စက်ပါနဲ့လား...
စာမေးပွဲပြီးတော့ ဘတ်စကတ်ဘောကွင်းနားက ဖြတ်သွားမိသည်။
ဒီနေရာမှာ...ကျွန်မသူ့ကို စရင်ခုန်ခဲ့တာ..စချစ်ခဲ့တာ..
နောက်ပြီး...ဘောလုံးကွင်း....
ဒီနေရာက.....ကျွန်မဘဝထဲ သူဆိုတာ ရောက်လာတဲ့နေရာ......
ကားထဲဝင်ဖို့ နောက်ဆုံးအကြိမ်အဖြစ် ကျောင်းကြီးကို
လှည့်ကြည့်မိသည်။
သေတဲ့အထိ မမေ့ပါဘူး...
အမှတ်တရတွေ ဖန်တီးပေးလို့...
သူနဲ့ ဆုံအောင် ဖန်တီးပေးလို့ ....
ချစ်တတ်လာအောင်....အင်း ...မျှော်လင့်ချက်ကင်းမဲ့စွာနဲ့
ချစ်တတ်အောင် သင်ပေးလို့......
နှုတ်ဆက်ပါတယ် ကျောင်းတော်ကြီးရေ......
▪️▪️▪️▪️▪️▪️▪️▪️▪️
အဲ့ဒီနေ့ညက သူ ကျွန်မဆီရောက်လာခဲ့သည်။
ဟင့်အင်း ကျွန်မ အစက သူရောက်နေမှန်းကိုမသိခဲ့ပါဘူး။
မှန်ကြည့်ပြီး ခေါင်းဖြီးနေခိုက် မှန်အနားတွင်ထောင်ထားသော သူ့ဓာတ်ပုံလေးက .......နားလည်ရခက်စွာ....
အိပ်ခါနီး သူ့ဓာတ်ပုံလေးကို အိပ်ရာဝင်အနမ်းပေးလိုက်ပြီး
လိုက်ကာကို ဆွဲချနေခိုက်....
ဟင်...သူ....ဟုတ်တာပေါ့ ..သူမှသူ...
ကျွန်မရူးသွားရင်တောင် မေ့မှာမဟုတ်တဲ့ သူ့မျက်နှာလေး..
သူက ကျွန်မတို့အိမ်ရှေ့က ဓာတ်တိုင်မှာ မှီပြီး ကျွန်မ အခန်းကို လှမ်းကြည့်နေသည်။
ကျွန်မ မြင်မြင်ချင်း အောက်ထပ်သို့ ပြေးဆင်းသွားလိုက်
ပြီး ခြံတံခါးကိုတွန်းဖွင့်လိုက်သည်။
....သူဘယ်ရောက်သွားတာလဲ....
ဒီလောက်မြန်မြန်ကြီး သူပျောက်သွားနိုင်စရာအကြောင်းမရှိ။
ဟိုဟိုဒီဒီ လျှောက်ရှာမိသည်။
"Jen"
"ဖိနပ်လေးတော့ စီးခဲ့ပေါ့ Jenရယ် ငါကအဲ့လောက်အရေးကြီးလို့လား"
Jenလို့ခေါ်သံအောက်မှာတင် ကျွန်မဒူးတွေ ယိုင်နဲ့လာပြီး
ခန္ဓာကိုယ်ကြီးက အားမရှိတော့သလို.........
"လီဆာ......နင်ကငါ့အသက်ထက်တောင်နင်ကအရေး
ကြီးပါတယ်"
"ငါ ....."
"........"
"ဖြစ်ခဲ့သမျှ အကုန်လုံးအတွက် လာတောင်းပန်တာ"
"ဘာ.....ဘာအတွက်လဲ လီဆာရဲ့ နင်ဘာမှမ မမှားတာ"
"မဟုတ်ဘူး Jen နင်မသိဘူး"
"............"
သူက ကျွန်မ လက်ချောင်းလေးများကို သူ့လက်များနှင့် ခပ်ဖွဖွ ဆုပ်ကိုင်ပြီး....
"ငါတောင်းပန်တာကို လက်ခံပါနော် ငါ့ကိုခွင့်လွှတ်ပါနော်"
ကျွန်မ အကြိမ်ကြိမ် ကျရှုံးပြီး အကြိမ်ကြိမ် လမ်းပျောက်ခဲ့တဲ့ သူ့မျက်ဝန်းတွေဆီမှာ မျက်ရည်တွေ ပြည့်လို့....
"ငါ ......."
ကျွန်မဘာမှ မပြောရသေးခင်မှာပဲ.........
ကျွန်မနှုတ်ခမ်းတွေ အပြုစားကြီး ပြုစားခံလိုက်ရသည်။
သူ့ရဲ့ ထွက်သက်နွေးနွေးလေးတွေက ကျွန်မနှာဖျားတစ်ဝိုက်မှာ နူးညံ့စွာရိုက်ခတ်နေသည်။
ကျွန်မ နှလုံးသား............အလုပ်ရော လုပ်နေသေးလားမသိတော့ပါ။
၇စက္ကန့်လောက်အနမ်းက.............၇ဘဝစာလောက်ထိ အမှတ်ရနေမှာမျိုး.........
သူက ကျွန်မနှုတ်ခမ်းတွေနဲ့ ခွာလိုက်ပြီး
သူ့အသံတွေက ငိုသံပါပါ တုန်ယင်စွာဖြင့်.....
"ကောင်းကောင်းနေခဲ့ အရူးမလေး"
ကျွန်မဆံပင်တွေကို ဖွသွားခဲ့သည်။
▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️
ကျွန်မတို့တွေ ဘာမှမတတ်နိုင်တော့တဲ့အခါ...
ကံကြမ္မာကိုပဲ အပြစ်တင်တတ်ကြပါတယ်။
ရက်စက်ဆိုးရွားတဲ့ ကံကြမ္မာက ကျွန်မတို့နှစ်ယောက်ကို
မျက်နှာသာ တစ်စက်လေးမျှ မပေးခဲ့။
အဖြစ်အပျက်တွေက တကယ်ကို မြန်ဆန်ပါသည်။
မျက်လှည့်ဆန်ဆန်ကို...မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားတာမျိုး...
၂ပတ်အကြာမှာ သူ့အိမ်သွားကြည့်မိသည်။
...For Saleဆိုတဲ့ ဗီနိုင်းလေး ချိတ်ထားပြီး....
•••••••ငါတို့ ဝေးပြီကြပြီပေါ့လီဆာ••••••••
💛💛💛🖤🖤🖤
4630 words
28Jan2020 | 08: 03 PM
နောက်တစ်ပိုင်းက လီဆာ့အကြောင်း ဖြစ်ဖို့များတယ်ရယ်။
Thank u to all...💛💛🖤🖤💛💛