ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁...

By ThanAung8

237K 35.2K 510

Unicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်... More

အခန်း ( ၁ )
အခန်း ( ၂ )
အခန်း ( ၃ )
အခန်း ( ၄ )
အခန်း ( ၅ )
အခန်း ( ၆ )
အခန်း ( ၇ )
အခန်း ( ၈ )
အခန်း ( ၉ )
အခန်း (၁၀)
အခန္း ( ၁၁ )
အခန္း ( ၁၂ )
အခန္း ( ၁၃ )
အခန္း ( ၁၄ )
အခန္း ( ၁၅ )
အခန္း ( ၁၆ )
အခန္း ( ၁၇ )
အခန္း ( ၁၈ )
အခန္း ( ၁၉ )
အခန္း ( ၂၀ )
အခန္း ( ၂၁ )
အခန္း ( ၂၂ )
အခန္း ( ၂၃ )
အခန္း ( ၂၄ )
အခန္း ( ၂၅ )
အခန္း ( ၂၆ )
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉ )
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အခန်း(၁၁၃)
အခန်း(၁၁၄)
အခန်း(၁၁၅)
အခန်း(၁၁၇)
အခန်း(၁၁၈)
အခန်း(၁၁၉)
အခန္း ( ၁၂၀ )
အခန္း ( ၁၂၁ )
အခန္း ( ၁၂၂ )
အခန္း ( ၁၂၃ )
အခန္း ( ၁၂၄ )
အခန္း ( ၁၂၅ )
အခန္း ( ၁၂၆ )
အခန္း ( ၁၂၇ )
အခန္း ( ၁၂၈ )
အခန္း ( ၁၂၉ )
အခန္း ( ၁၃၀ )
အခန်း ( ၁၃၁ ) ( Unicode )
အခန္း ( ၁၃၁ ) ( Zawgyi )
အခန်း ( ၁၃၂ ) ( Unicode )
အခန္း ( ၁၃၂ ) ( Zawgyi )
အခန်း ( ၁၃၃ )
အခန်း ( ၁၃၄ )
အခန္း ( ၁၃၅ )
အခန္း ( ၁၃၆ )
အခန်း ( ၁၃၇ )
အခန္း ( ၁၃၈ )
အခန္း ( ၁၃၉ )
အခန္း ( ၁၄၀ )
အခန္း (၁၄၁)
အခန္း ( ၁၄၂ )
အခန္း ( ၁၄၃ )
အခန္း ( ၁၄၄ )
အခန္း ( ၁၄၅ )
အခန္း ( ၁၄၆ )
အခန္း ( ၁၄၇ )
အခန္း ( ၁၄၈ )
အခန္း ( ၁၄၉ )
အခန္း ( ၁၅၀ )
အခန္း ( ၁၅၁ )
အခန္း ( ၁၅၂ )
အခန္း ( ၁၅၃ )
အခန္း ( ၁၅၄ )
အခန္း ( ၁၅၅ )
အခန္း ( ၁၅၆ )
အခန္း ( ၁၅၇ )
အခန္း ( ၁၅၈ )
အခန္း ( ၁၅၉ )
အခန္း ( ၁၆၀ )
အခန္း ( ၁၆၁ )
အခန္း ( ၁၆၂ )
အခန္း ( ၁၆၃ )
အခန္း ( ၁၆၄ )
အခန္း ( ၁၆၅ )
အခန္း ( ၁၆၆ )
အခန္း ( ၁၆၇ )
အခန္း (၁၆၈)
အခန္း ( ၁၆၉ )
အခန္း ( ၁၇၀ )
အခန္း ( ၁၇၁ )
အခန္း ( ၁၇၂ )
အပိုင္း ( ၁၇၃ )
အခန္း ( ၁၇၄ )
အခန္း ( ၁၇၅ )
အခန္း ( ၁၇၆ )
အခန္း ( ၁၇၇ )
အခန္း ( ၁၇၈ )
အခန္း ( ၁၇၉ )
အခန္း ( ၁၈၀ )
အခန္း ( ၁၈၁ )
အခန္း ( ၁၈၂ )
အခန္း ( ၁၈၃ )
Volume ( 1 )

အခန်း(၁၁၆)

1.2K 177 0
By ThanAung8

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ်(၉)

အခန်း ( ၁၁၆ )
ပထမဆုံးဘိုးဘေး ပေါ်ထွက်လာခြင်း

တာအိုသစ်စေ့တောင်ပေါ်ရှိ ပိုင်ရှောင်ချန်း၏ဆရာကို မြှုပ်နှံထားသော ဂူအား ထောင်သောင်းများစွာသော ဂိုဏ်းသားများက စူးရှသောအကြည့်များဖြင့် ဝန်းရံထားသည်။ ထိုနေရာသည် တားမြစ်ထားသောနေရာတစ်ခုဖြစ်ပါသော်လည်း သူတို့လူအုပ်စုမှာ တောင့်လွန်းလှသဖြင့် ဝင်ရောက်ရန် သတ္တိအပြည့်ဖြစ်နေကြလေသည်။

      " ပိုင်ရှောင်ချန်း။ အခုချက်ချင်း အပြင်ထွက်ခဲ့စမ်း။"
   
      " မင်း မျက်နှာထွက်ပြစမ်းကွာ။"
  
      " ယုတ်မာအောက်တန်းကျတဲ့ ပိုင်ရှောင်ချန်း။ ဒီနေ့တော့ ဘုရားသခင်ကု မင်းကို အပြစ်ပေးတော့မှာကွ။ ငါတို့လည်း မင်းကို အပြစ်ပေးတော့မှာ"

သို့သော်လည်း သူတို့၏အော်သံများထွက်လာသောအခါ ဂူထဲမှ တင်းမာခက်ထန်သောအသံတစ်သံ ထွက်ပေါ်လာ၏။
" ပါးစပ်ပိတ်ထားကြစမ်း။"

ထိုအော်သံကြီးတွင် ပိုင်ရှောင်ချန်း၏ စွမ်းအားအပြည့်ပါလေသည်။ ထို့ကြောင့် ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေပြီး အခြားအသံများအားလုံးကို လွှမ်းမိုးသွားတော့သည်။
 
ထို့နောက် ချက်ချင်းပင် ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့် ပိုင်ရှောင်ချန်းက ဂူထဲမှ တည်ကြည်စွာ ထွက်လာလေသည်။

တောင်သုံးလုံးမှ စုဝေးနေသော ဂိုဏ်းသားများက သူ့ကိုမြင်သောအခါ သူတို့လက်ထဲတွင် ကိုင်ထသော ကျောက်တုံးများကို မြှောက်ကာ ဒေါသတကြီးဖြင့် ပိုင်ရှောင်ချန်းကို ဝိုင်းပေါက်ရန်ပြင်လိုက်ကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက အသံကျယ်ကျယ်တစ်ချက်အော်လိုက်ကာ ပုံတူဆွဲထားသော ရုပ်ပုံတစ်ခုကို သူ့ရှေ့သို့ ထုတ်ပြလိုက်သည်။

ထိုပုံမှာ သူနှင့် ကျိန်းယွမ်သုန်၏ဆရာ  စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း၏ပုံဖြစ်သည်။

ပိုင်ရှောင်ချန်းက အနည်းငယ် တုန်လှုပ်နေသော်လည်း တင်းမာသောလေသံနှင့် အော်ပြောလိုက်လေသည်။
" မင်းတို့က ဘာကောင်တွေလဲကွ။ ငါ့ဆရာရဲ့ ပုံတူပန်းချီကို ထိရဲထိကြည့် ဂိုဏ်းတူအစ်ကိုဂိုဏ်းခေါင်းဆောင်ရယ် ငါရယ်က အဲ့ကောင်ကို သေတဲ့အထိ လုပ်ပြီသာမှတ်။"

သူ့ဆရာ့ပုံတူ၏ နောက်တွင် ပြားဝပ်နေသော ပိုင်ရှောင်ချန်းကို လူအုပ်ကြီးကမြင်လိုက်သောအခါ သူတို့၏ ခန္ဓာကိုယ်မှာတောင့်တင်းသွားပြီး အများစုမှာ မှင်တက်နေကြသည်။ တစ်ယောက်တစ်လေမျှ ကျောက်ခဲနှင့် လှမ်းမပေါက်ရဲကြတော့ပေ။
   
ထိုရုပ်ပုံသည် ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အပြင် ဂိုဏ်းခေါင်းဆောင်၏ဆရာလည်း ဖြစ်နေခြင်းဖြစ်သည်။ တစ်ယောက်ယောက်သာ ထိုရုပ်ပုံကို ထိခိုက်အောင်လုပ်မိပါက ကျိန်းယွမ်သုံ အမျက်တော်ရှကာ တုံ့ပြန်မည့်ပုံမှာ တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့အပြင် မည်သည့် ဂိုဏ်းချုပ်သခင်ကမှ ဝင်ရောက်မစွက်ဖက်ရဲမည်မှာလည်း အမှန်ပင်။

ဂိုဏ်းသားများမှာ စိတ်တိုလွန်းလှသ၍ စိတ်လိုက်မာန်ပါလုပ်ပစ်လိုက်ချင်ပါသော်လည်း မည်သည့်တစ်ခုမှ မလုပ်ရဲပေ။

"တော်တော် အရှက်မရှိတဲ့ကောင်ကွာ။"

သူ၏နည်းဗျူးဟာမှာ အလုပ်ဖြစ်နေကြောင်းသိလိုက်ရ၍ ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်လေသည်။ သူက ထိုရုပ်ပုံကို မြင့်မြင့်ကိုင်မြှောက်ကာ လူအုလူအုပ်ကြီးကို လှည့်လည်ကြည့်ရှုနေတော့သည်။

      " မင်းတို့တွေ သေချာနားထောင်ကြပါကွာ။ ငါတမင်လုပ်တာမဟုတ်ရပါဘူး။ ငါ...."
  
ပိုင်ရှောင်ချန်းသာ အခြေအနေကို ရှင်းပြရန်မကြိုးစားပါက ဤပြဿနာမှာ အေးအေးလူလူပြီးသွားမည်သာဖြစ်သည်။ သို့သော်လည်း သူ့ပါးစပ်ဟလိုက်ချိန်မှစ၍ လူအုပ်ကြီးမှာ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်တော့သည်။
  
      "မင်း...မင်း...မင်းအမြဲတမ်း တမင်လပ်တာမဟုတ်ဘူးလို့ပဲ ပြောနေကြ။ မွှေးရနံ့တိမ်တောင် မိုးကြိုးဆက်တိုက်ပစ်ခံရတုံးကလည်း မင်းတမင်လုပ်တာမဟုတ်ဘူးလို့ပြောခဲ့တာပဲ။ ခရမ်းဒယ်အိုးတောင်နဲ့ မြစိမ်းတောင်ပေါ် အက်စစ်မိုးတွေရွာကျအောင်လုပ်တုံးကလည်း မင်းတမင်လုပ်တာမဟုတ်ရပါဘူးဆိုပြီး ငြင်းခဲ့တာပဲ။ ကဲ အခုလည်း မင်းအဲ့လိုမျိုး ဆက်ပြောနေပြန်ပြီ။"

    " အဓိပ္ပါယ်မရှိလိုက်တာကွာ။"
   
ထိုစကားသံများထွက်လာသောအခါ ပိုင်ရှောင်ချန်းက အလျင်အမြန်ပင် သူ၏ဆရာ့ပုံတူကို ဝှေ့ယမ်းပြနေတော့သည်။ ရင်ထဲအသည်းထဲက တောင်းပန်သောလေသံဖြင့် သူကဆက်ပြောလိုက်ပြန်သည်။ " ငါ့ရဲ့ဆရာက စောစောက ငါ့အိပ်မက်ထဲလာပြီး ငါ့ကိုခွင့်လွှတ်တယ်လို့ပြောသွားတယ်ကွ။ ငါတကယ် အာမခံပါတယ်ကွ။ ဒီတစ်ခါတစ်ကယ်နောက်ဆုံးပါ။ နောက်တစ်ကြိမ်ဆိုတာ လုံးဝထပ်မရှိစေရ....ရ..."
 
ပိုင်ရှောင်ချန်းပင် စကားမဆုံးလိုက်ပေ။ သူ၏အရှက်ကင်းမဲ့စွာဆိုသောစကားများကြောင့် လူအုပ်ကြီးမှာ ပို၍ပင် ဒေါသထွက် လာတော့သည်။
   
      " ငါထပ်ပြီး သည်းမခံနိုင်တော့ဘူးဟေ့။ ဒီကောင်ကို မှတ်လောက်သားလောက်အောင် တွယ်မှရတော့မယ်။"
       
" သူက ဂိုဏ်းခေါင်းဆောင်ရဲ့ သားအရင်းဖြစ်နေရင်တောင် အဲ့ကောင်ကို အသေလုပ်ပြီပဲ။"
   
      " ပိုင်ရှောင်ချန်းကို သုတ်သင်ကြဟေ့။"
  
ထိုအချိန်တွင် အခြေခိုင်မာခြင်းအဆင့်ရှိသည့် များစွာသော နတ်ဘုရား အာရုံများက ထိုနေရာတစ်ဝိုက်ကို ဖုံးလွှမ်းသွားတော့သည်။
   
အနည်းငယ်ကြာသောအခါ လူဒါဇင်အနည်းငယ်က တာအိုသစ်စေ့တောင်၏ထိပ်သို့ ဆင်းသက်လာကြလေသည်။ ထိုလူများမှာ တောင်မျိုးစုံ၏ အကြီးအကဲများ၊ ဂိုဏ်းချုပ်သခင်များနှင့် ကျိန်းယွမ်သုန် ကိုယ်တိုင်ပင်ဖြစ်လေသည်။

ဖြစ်ပျက်နေသည်များကိုမြင်သောအခါ ကျိန်းယွမ်သုန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သဖြင့် မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်နေတော့သည်။
" ဒီနေရာနေ ချက်ချင်း ထွက်သွားကြစမ်း။"
  
ထိုနားစည်များပင်ကွဲလောက်သော အော်သံကြီးကြောင့် ရှန်ကွမ်းထျန်ယုံနှင့် အခြားလက်ရွေးစင်များအပါအဝင် ရှိသမျှလူတိုင်းမှာ ကြောက်ရွံ့သွားကြလေသည်။ တုန်တုန်ရီရီဖြင့် သူတို့မှာ ဆုတ်ခွာသွားကြတော့သည်။
  
ပိုင်ရှောင်ချန်းကမူ စိတ်ဓာတ်များ တက်ကြွနေတော့သည်။ သူက တစ်ခုခုပြောရန်ပြင်လိုက်စဥ်မှာပဲ ကျိန်းယွမ်သုန်က သူ့ကို ကြောက်မက်ဖွယ်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
   
" ပိုင်ရှောင်ချန်း။ ငါကမင်းရဲ့ ဂိုဏ်းတူအစ်ကိုဖြစ်တဲ့အတွက် တခြားဘယ်သူမှ မင်းကိုရိုက်ခွင့်တော့မပေးနိုင်ဘူး။ အေး ဒါပေမဲ့ ငါကတော့ မင်းကို ကောင်းကောင်းဆုံးမနိုင်တယ်ကွ။" ထိုသို့ပြောရင်း သူက ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားလေသည်။ ထိုမြင်ကွင်းကြောင့် ပ်ိုင်ရှောင်ချန်း၏ ခေါင်းများထူပူလာပြီး ပေါက်ကွဲလုမတတ်ပင်ဖြစ်သွားတော့သည်။ သူ၏ဆရာ့ပုံတူကို ဝှေ့ယမ်းရန် ပြုလိုက်စဥ်မှာပဲ ကျိန်းယွမ်သုန်က အင်္ကျီလက်ကို ခါယမ်းလိုက်သဖြင့် ထိုပုံတူပန်းချီမှာ သူ့ဆီသို့ ပျံဝဲလာတော့သည်။

ပိုင်ရှောင်ချန်းမှာ အလန့်တကြားထအော်လိုက်ပြီး သူ၏နောက်ကျောမှ အတောင်ပံတစ်စုံကိုထုတ်ကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။ သို့သော်လည်း သူခပ်ဝေးဝေးပင်မရောက်သေးချိန်တွင် သူ၏တင်ပါးကို ကျိန်းယွမ်သုံက လက်ဝါးဖြင့်လှမ်းရိုက်လိုက်သဖြင့် အသံကျယ်ကြီးတစ်ခုပေါ်ထွက်လာလေသည်။
 
ထိုနာကျင်မှုမှာ သူ၏တစ်ကိုယ်လုံးပျံ့နှံ့သွားသောအခါ သူကထအော်လိုက်တော့သည်။ ငိုမဲ့မဲ့ မျက်နှာဖြင့် သူက သနားကမားအော်ဟစ်လိုက်လေသည်။
" ကျွန်တော့်ကိုကယ်ပါအုံး ဦးလေးလီရေ။ ကျွန်တော့် ဂိုဏ်းတူအစ်ကိုက ကျွန်တော့်ကို သတ်တော့မှာဗျ။"

ထိုအခါ လီချင်းဟောက်၏ မျက်ခုံးမွှေးများ လှုပ်သွားပြီး သူက မကြားချင်ယောင်သာ ဆောင်နေလိုက်တော့သည်။ ကျိန်းယွမ်သုန်၏ အမျက်မှာ မပြေသေးပေ။ သူ၏ ဆရာ့ပုံတူကို ပိုင်ရှောင်ချန်းက ဝှေ့ယမ်းနေသည့်အတွက် သူ့မှာ ဒေါသအလိပ်လိုက်ထွက်လာပြီး နောက်တစ်ချက် ပိတ်ကန်လိုက်လေသည်။
   
ပိုင်ရှောင်ချန်း ကမူ ယခင်ကထက် ပို၍သနားဖွယ်ကောင်းသော အသံဖြင့် အော်ဟစ်မြည်တမ်းနေလေတော့သည်။

      " ကယ်ပါအုံးဗျ ဆရာရေ။ ဒီတပည့်လေးကို ကယ်ပါအုံးဗျာ။"
 
ပိုင်ရှောင်ချန်းကို ကျိန်းယွမ်သုန်က ရိုက်နှက်နေသည့်မြင်ကွင်းကြောင့် ဘေးနားကဝိုင်းကြည့်နေကြသူများ၏ ဒေါသများမှာ ဖြည်းညင်းစွာ လျော့နည်းသွားကြသည်။ မကြာမီတွင် အကြီးအကဲများ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများပေါ်လာပြီး သူတို့က ခြောက်ကပ်ကပ်နှင့် ချောင်းဟန့်လိုက်ကြတော့သည်။

      " ဒီကိစ္စက ဂိုဏ်းခေါင်းဆောင်နဲ့ သူ့မိသားစုကြားက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုပဲလေ။"
   
    " ဟုတ်တယ်။ဟုတ်တယ်။ အို... မေ့နေလိုက်တာ။ ဆေးပေါင်းဖိုထဲမှာ ဆေးလုံးအချို့ထားခဲ့မိတာပဲ။ ငါအခုပဲ ပြန်မှပါ။" ထိုသို့ အကြောင်းပြချက် အမျိုးမျိုးပေးကာ အကြီးအကဲများက အပြုံးများကို လူမသိအောင် ဖုံးကွယ်ရင်း ထွက်ခွာသွားကြတော့သည်။

မကြာမီတွင် လေပေါ်တွင် လီချင်းဟောက်နှင့် ရွှီမေ့ရှန်းတို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။ ခပ်လှမ်းလှမ်းရှိပိုင်ရှောင်ချန်းကို လီချင်းဟောက်က လှမ်းကြည့်ကာ သူက အနည်းငယ်စိတ်မကောင်းဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းကို သူကအများကြီး မျှော်လင့်ထားသည် မဟုတ်ပါလော။

ရွှီမေ့ရှန်းက လီချင်းဟောက်ကို နူးညံ့သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
" အဲ့ကလေးက သူ့နှလုံးသားထဲမှာ ရှင့်ကို အဖေတစ်ယောက်လို မှတ်ယူထားတာနော်။ သူ့ကို တကယ်ပဲ မြောက်ခြမ်းကို ပေးလိုက်တော့မလို့လားရှင်။" သူမက ညင်သာစွာ မေးလိုက်လေသည်။
 
လီချင်းဟောက်က ပိုင်ရှောင်ချန်းဆီမှအကြည့်လွှဲလိုက်ပြီး ရွှီမေ့ရှန်းဘက်သို့ လှည့်လိုက်လေသည်။ သူ၏ခေါင်းကို အနည်းငယ်ခါယမ်းကာ သူက ပြန်ဖြေလိုက်လေသည်။
" ရှောင်ချန်း… အခုလုပ်တာတွေက ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူးကွာ။ သူက အတွင်းစိတ်ကောင်းတဲ့ လူတစ်ယောက်ပါ။ ပြီးတော့ သူလည်းအခု အရာရာတိုင်းအတွက် စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ပြစ်ဒဏ်ချဖို့သက်သက်ဆို သူ့ကို မြောက်ခြမ်းထိပို့ဖို့ မလိုပါဘူး။"

  " ဒါပေမဲ့ စောစောက ဂိုဏ်းခေါင်းဆောင်ကို ငါပြောတဲ့စကားတွေက ရင်ထဲကလာတဲ့စကားတွေ။ မြောက်ခြမ်းကနေ ရွှယ်ကျဲကော်တုသိုင်းကျမ်းကို သူရထဲက ငါက အဲ့လိုစိတ်ကူးထားတာ။ ပိုင်ရှောင်ချန်းရဲ့ ကိန်းအောင်းနေတဲ့ အရည်အချင်းတွေက ထိပ်တန်းအဆင့်မှာရှိတယ်လေ။ အကောင်းဆုံးကတော့  တောင်ခြမ်းရော မြောက်ခြမ်းရောရဲ့ အကောင်းဆုံးအရာတွေကို သူ့ကို ပေါင်းစပ်သင်ယူခွင့်ပေးဖို့ပဲ။ ပြီးတော့ သူသာ ရွှဲကျယ်ကော်တုကို အောင်မြင်အောင်ကျင့်ပြီး ချီစုစည်းမှုအဆင့်တစ်ဆယ်စက်ဝန်းထဲကို နှစ်အနည်းငယ်အတွင်း ရောက်အောင်သာ လုပ်နိုင်လို့ရှိရင်... ငါတို့ ဓားကြွေမဟူရာချောက် ကို မြန်မြန်ဖွင့်မယ့်အချိန်ကို ရောက်ပြီ။ အဲ့အချိန်ေရာက်ရင် သူ့အတွက် အခွင့်အရေးရလာမှာပဲ "
     
" ဓားကြွေမဟူရာချောက် ဟုတ်လား" ရွှီမေ့ရှန်းက အံ့သြနေသော အမူအရာဖြင့် မေးလိုက်လေသည်။

"ကောင်းကင်တံတားရဲ့ ရှေ့ဘက်အနိမ့်ပိုင်းမှာရှိတဲ့ ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ မြင့်မြတ်တဲ့နယ်မြေသုံးခုထဲက တစ်ခု ပါလား...... အဲ့နေရာမှာ ကောင်းကင်ကြိုးစွမ်းအင် (heavenstring energy) တွေရှိတဲ့ အရိပ်အယောင်တွေတောင် ပေါ်လာတယ်လို့တော့ ကြားတယ်။ ငါတို့ အဲ့တာကိုဖွင့်တိုင်း ရှေ့ဘက်ခြမ်းက ဂိုဏ်းကြီးလေးခုဖြစ်တဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ နက်နဲစွမ်းအင်နတ်ရေစင်ဂိုဏ်း နဲ့ ငါတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ချီစုစည်းမှုအဆင့်တစ်ဆယ်မှာရှိတဲ့ ဂိုဏ်းသားတွေကို စေလွှတ်ပြီး သွေးသံတရဲရဲတိုက်ပွဲတွေထဲ ရုန်းကန်ခိုင်းနေကြလေ။

" အဲ့ သွေးသံတရဲရဲ တိုက်ပွဲတွေက လိုအပ်တယ်ကွ။ သူသာ ရွှယ်ကျဲကော်တုသိုင်းကျမ်းကို ပြီးစီးအောင် မကျင့်ရသေးဘူးဆိုရင် ငါသွားခွင့်ပြုနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူသာပြီးမြောက်အောင်ကျင့်ပြီးလို့ကတော့ သွားကိုသွားရမှာ။ ကျင့်ကြံခြင်းဆိုတာ ရှည်လျားပြီး သွေးအပြည့်စွန်းနေတဲ့ လမ်းတစ်လမ်းလိုပဲ။ စွမ်းအားကြီးသူကသာ အသက်ရှင်ကျန်ရစ်ပြီး အကျိုးခံစားခွင့် ရစမြဲပဲလေ။ သူအဲ့သဘောတရားကို ကြောက်မနေပဲ သေချာ လက်ခံကျင့်သုံးနိုင်ဖို့လိုတယ်။" လီချင်းဟောက်က သက်ပြင်းချရင်း ဆိုလေသည်။ ထိုသို့ ဆွေးနွှေးကြပြီးနောက် သူတို့နှစ်ယောက်မှာ နောက်လှည့်ကာ ထွက်ခွာသွားကြတော့သည်။

ထိုနေ့တွင် ပိုင်ရှောင်ချန်း၏ အော်ဟစ်သံများမှာ ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့နေတော့သည်။ ကျိန်းယွမ်သုံက ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့မဟုတ်ပဲ ဂိုဏ်းတူအစ်ကိုတစ်ယောက်အနေဖြင့် သူ့ကို အကေအကျေ သင်ခန်းစာပေးနေတော့သည်။
   
ထိုညတွင် ပိုင်ရှောင်ချန်း နှာခေါင်းများမှ သွေးအလိန်းလိန်းထွက်ကာ မျက်နှာများလည်း ဖူးယောင်နေသည်။ သူက ကျိန်းယွမ်သုန်နောက်မှ လိုက်ချင်မလိုက်ချင်ပုံစံဖြင့် သူတို့၏ ဆရာ့ဂူသို့ ပြန်သွားကြသည်။

" ဒူးထောက်စမ်း။ ဆရာ့ကို မြန်မြန်တောင်းပန်လိုက်။" ကျိန်းယွမ်သုန်က ပြူးကြည့်ကာ ဟောက်လိုက်လေသည်။ ပိုင်ရှောင်ချန်းမှာလည်း လန့်ဖျန့်သွားပြီး ချက်ချင်းပင် ပုံတူပန်းချီ၏ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။

" ဆရာ… တပည့် တောင်းပန်ပါတယ်ဗျာ။" ပိုင်ရှောင်ချန်းမှာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး အထူးသဖြင့် သူ၏တင်ပါးများမှာ ပေါက်ထွက်တော့မည့်အလားပင် ခံစားနေရလေသည်။

ထို့နောက် သူက ငိုမဲ့မဲမျက်နှာဖြင့် ဆက်လက်ညည်းညူနေလေတော့သည်။ " ဆရာ …. ဂိုဏ်းသားတွေ တပည့်ကို ဝိုင်းရိုက်ဖို့လာတုံးက ဆရာက ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်လို့ အိပ်မက်ထဲထိတောင်ရောက်လာခဲ့တယ်လေ။ အဲဒါ ဂိုဏ်းတူအစ်ကိုကို တပည့်က နားချပေမဲ့ သူကမယုံဘူးဗျ...." သူက ဂိုဏ်းခေါင်းဆောင်ကို ပင် သူ့ဆရာထံ ပြန်တိုင်နေလေတော့သည်။

" ဆရာ… ဂိုဏ်းတူအစ်ကိုရဲ့ အိပ်မက်ထဲ ဒီနေ့ညသွားပြီးတော့ အမှန်တရားတွေကို ပြောပြလိုက်ပါလား " ထိုစကားများကိုကြားသောအခါ ကျိန်းယွမ်သုန်မှာ ဘေးသို့ထွက်ရပ်ကာ ရယ်ရမလို ငိုရမလိုပင် ဖြစ်နေတော့သည်။ သူက ပိုင်ရှောင်ချန်းကို ထပ်ရိုက်ရန်ပြင်လိုက်သော်လည်း သူ၏အရေပြား၏ ကြောက်မက်ဖွယ်မာကြောမှုကြီးကြောင့် သူ၏လက်မှာ အနည်းငယ် ကိုက်ခဲနေပြီဖြစ်၍ ထပ်မရိုက်တော့ပေ။

" ဒီနေရာမှာ သုံးလတိတိ ဒူးထောက်။ အဲ့တာမင်း မြွေတစ်သောင်းတောင်ကြားမှာ ရှာခဲ့တဲ့ ပြဿနာတွေအတွက် ပြစ်ဒဏ်ပဲ။" သူက တောင်သုံးတောင်၏ ဂိုဏ်းသားများအတွက် ဤပြစ်ဒဏ်ကို မဖြစ်မနေပေးလိုက်ရလေသည်။ ထို့သို့ အမိန့်ပေးပြီးနောက် သူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ပြီး အင်္ကျီလက်ကိုခါလိုက်သဖြင့် ဆေးလုံးတစ်လုံးမှာ ထွက်ကျလာလေသည်။ ထို့နောက် သူကထိုဆေးလုံးကို မမြင်ချင်ယောင်ဆောင်ကာ နောက်လှည့်ထွက်ခွာသွားလေတော့သည်။

ကျိန်းယွမ်သုန်ထွက်ခွာသွားကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက်နှင့် အော်ငိုလိုက်တော့သည်။ သူ၏ဆရာကို တိုင်တန်းရန်ပြင်လိုက်သော်လည်း သတိတစ်ချက်ရသွားသဖြင့် သူကဘေးဘီဝဲယာကိုကြည့်၍  ယုန်ကလေးရှိမရှိ သေချာစစ်ဆေးလိုက်လေသည်။
   
" ဆရာရေ။ တပည့်အဖြစ်က ဆိုးလှပါတယ်ဗျားး။"

"ဂိုဏ်းတူအစ်ကို တပည့်ကိုရိုက်တာဘယ်လောက်ကြမ်းလည်း ကြည့်ပါအုံးဗျာ။ တင်ပါးတွေကိုက်ခဲပြီး တစ်ကိုယ်လုံး ဖူးယောင်နေပြီ။"

" တရားမျှတမှု မရှိဘူးဗျာ။ တပည့်က ဒါတွေကို တမင်လုပ်တာမှ မဟုတ်ပဲကို...... ဟင်...ဘာကြီးလဲဟ။" ထိုသို့ညည်းညူနေရင်း ကျိန်းယွမ်သုန်ထားခဲ့သော ဆေးလုံးလေးကို သူ သတိထားမိလိုက်လေသည်။
   
  " အဆင့်မြင့် အဆင့်သုံး စွမ်းအင်အားဖြည့် ဆေးလုံးပဲဟ။"
      
    တောက်ပနေသောမျက်လုံးများဖြင့် သူက ဂူအပြင်ဘက်သို့ ဝေ့ဝိုက်ကြည့်ကာ ဘေးဘက်တွင် ထိုင်ချလိုက်လေသည်။ အနည်းငယ်ပျင်းရိလာသဖြင့် သူကဆေးလုံးကိုသောက်လိုက်ကာ ကျင့်ကြံခြင်းတွင် အာရုံစိုက်လိုက်လေသည်။

ထိုအချိန်တွင် ဂိုဏ်းသားများသာမက ဂိုဏ်းချုပ်များပင် သတိမထားမိသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်သွားလေသည်။ တာအိုသစ်စေ့တောင် နောက်ဘက်ရှိ ဟင်းလင်းပြင်ကျယ်ကြီးတစ်ခုထဲတွင် အရာရာတိုင်းမှာ တွန့်လိန်စပြုလာလေသည်။

အနည်းငယ်ကြာသောအခါ ထိုတွန့်လိန်မှုများမှာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ယခုတွင်မူ တာအိုသစ်စေ့တောင်နောက်တွင် အခြားတောင်တစ်လုံးမှာ ခပ်ရေးရေး ပေါ်လာတော့သည်။

ထိုတောင်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နဝမမြောက်တောင်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်မှာ ထိုတောင်ရှိကြောင်းသိထားသော်လည်း အရင်တုံးက ထိုသို့သော တွန့်လိန်မှုများကို သူမကြုံဖူးပေ။
  
ထို နဝမမြောက်တောင်မှာ သူမတူအောင် တိတ်ဆိတ်ငြိမ်းချမ်းလှပြီး ပေါက်ရောက်နေသော အပင်နှင့်အသီးအရွက် အကုန်လုံးမှာ လုံးဝနက်မှောင်နေသော အရောင်အဆင်းရှိလေသည်။ ထိုတောင်ထိပ်ရှိ အနက်ရောင်မက်မွန်သီးပင်ထိပ်တွင် ခံစားချက်မျိုးစုံရောယှက်နေသော မျက်လုံးအစုံဖြင့် တိတ်ဆိတ်စွာ ထိုင်နေသည့် မျောက်တစ်ကောင် ရှိလေသည်။
  
ပိုင်ရှောင်ချန်းသာ ထိုနေရာတွင်ရှိပါက ထိုမျောက်ကို ချက်ချင်း မှတ်မိမည်ဖြစ်သည်။ ထိုမျောက်မှာ သူ၏ ထူးဆန်းသောဆေးလုံးများထဲမှ တစ်လုံးကိုစားမိခဲ့သဖြင့် သူကိုယ်တိုင် တောထဲသို့ လွှတ်ပေးခဲ့သည့် မျောက်ပင်ဖြစ်သည်။

အဆုံးတွင် ထိုမျောက်မှာ သက်ပြင်းချလိုက်လေသည်။
" မင်းဒီမှာရှိနေတာငါသိတယ်။ ပုန်းမနေနဲ့ ထွက်ခဲ့ပါတော့လား။"

ထိုမျောက်က ထိုသို့ပြောလိုက်သောအခါ သူ၏နောက်ရှိလေထုကြီးမှာ တွန့်လိန်သွားပြီး ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် အဘိုးကြီးတစ်ယောက် ပေါ်ထွက်လာလေသည်။ သူက သာမန်လူတစ်ယောက်အလား မည်သည့်စွမ်းအားမှ ထုတ်ဖော်ထားခြင်းမရှိဘဲ လေထဲမှ ဗြုန်းစားကြီးပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း တစ်ချိန်ထဲမှာပင် သူမတ်တတ်ရပ်နေသည့်ပုံစံမှာ ပြစ်မျိုးမှဲ့မထင် လူသားတစ်ယောက်အလားပင်။

ထိုအဘိုးကြီးက ဘေးဘက်သို့ထွက်ကာ ရပ်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။ အနည်းငယ်အကြာတွင် သူ၏နဖူးပေါ်တွင် တတိယမြောက်မျက်လုံးတစ်လုံး ပွင့်လာပြီး သူက ထိုမျောက်ကို ငုံ့ကြည့်လိုက်လေသည်။ " မင်းက ဘယ်သူများလဲ..."

ထိုမျောက်က နက်ရှိုင်းသောအရောင်များလက်နေသည့််မျက်လုံးများဖြင့် အဘိုးကြီးကိုလှည့်ကြည့်ကာ ဆိုလိုက်လေသည်။ " မင်းက ငါ့တောင်မမှတ်မိတော့ဘူးလား။ ဒါမှမဟုတ် ငါကမင်းကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးလို့ ခေါ်ရမှာလား။"

‌ထိုအဘိုးကြီးမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဂိုဏ်းကြီးလေးခုထဲတွင် နေရာတစ်ခုရအောင် ဦးဆောင်ခဲ့သောသူဖြစ်ပြီး ဂိုဏ်းကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။ ယခုတွင်မူ သူ့မှာ အံ့အားသင့်နေတော့သည်။ မျက်လုံးအိမ်များမှာကျဥ်းသွားပြီး သူက အသက်ပြင်းပြင်းရှူလိုက်ကာ မယုံကြည်မှုအရိပ်အယောင်များက သူ၏မျက်နှာပေါ်တွင် ပြေးနေတော့သည်။
   
      " မဖြစ်နိုင်ဘူး။ ဆရာ...ဆရာကသေသွားပြီလေ။ ဘာပြန်လာလုပ်တာလဲ။"
    
ဂိုဏ်းတွင်ရှိသော သူ၏အဆင့်အတန်း၊ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်၊ သူ၏ စိတ်အားပြင်းထန်မှုများက အဆင့်မြင့်မားလှပါသော်လည်း သူ့မှာ မှင်တက်နေရတော့သည်။ သူ၏အတွင်းစိတ်ထဲတွင်မူ ဤမျောက်မှာ လွန်ခဲ့သောနှစ်တစ်သောင်းခန့်က ကွယ်လွန်သွားသည့် သူ၏ ပဟေဠိဆန်သော ဆရာဖြစ်ကြောင်း ရိုးတွင်းချဥ်ဆီထဲကနေ ခံစားမိနေလေသည်။
 
မျောက်ကမူ ဘာမှ မပြောချေ။ သူက တာအိုသစ်စေ့တောင်ကိုလှမ်းကြည့်လိုက်ပြီး တောင်ကိုဖြတ်ကာ ပိုင်ရှောင်ချန်းတရားထိုင်နေသော ဂူထဲသို့ အကြည့်ရောက်သွားလေသည်။ မည်သူမှ သိမည်မဟုတ်သော်လည်း မျောက်၏မျက်လုံးများထဲတွင် လေးစားသည့်အရိပ်ယောင်များ ပေါ်နေလေသည်။
   
  " ငါလည်း ဘယ်လိုပြန်ရောက်လာလဲတော့မသိဘူး။ ကောင်လေးပိုင်ရှောင်ချန်းရဲ့ ဆေးလုံးကြောင့်လည်းဖြစ်ရင်ဖြစ်မှာပေါ့။ ဒါမှမဟုတ် အခြား ထူးဆန်းတဲ့အားတစ်ခုခုက သူ့ကို မရရအောင်စေခိုင်းပြီး ငါ့ကိုပြန်ခေါ်လာတာနေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရောက်လာတာ့ ငါတစ်ယောက်ထဲမဟုတ်ဘူး။"
     
ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီးမှာ မျောက်၏ အကြည့်တိုင်း လိုက်ကြည့်လိုက်ရာ ထိုင်နေသော ပိုင်ရှောင်ချန်းကို တွေ့လိုက်လေသည်။

" ချီစုစည်းမှုအဆင့် ဂိုဏ်းသားတစ်ယောက်ကလား။ သူက ဘယ်လိုများ အဲ့လိုလုပ်နိုင်ရတာလဲ။" အဘိုးကြီးက ဖြစ်ပျက်နေသည်များကို ယခုထိမယုံနိုင်သေးပေ။

" ဟန်ဇောင်…. မင်းကိုဘာလို့ ငါ အဲ့နာမည်ပေးခဲ့လည်း မှတ်မိလား။ မင်းဆရာ မင်းကိို ဘာလို့ မိုးကောင်းကင်အံတုတဲ့ တာဝန်တစ်ခုပေးခဲလဲ မှတ်မိလား။ မင်း နှစ်ပေါင်း တစ်သောင်းလောက်ထိ အသက်ရှင်နိုင်အောင်လို့ ငါလုပ်ခဲ့လည်းဆိုတာရော မှတ်မိသေးရဲ့လား။ ဖြေပါဦး " ထိုမေးခွန်းများမေးရင်း မျောက်၏ မျက်လုံးများမှာ စူးရှတောက်ပသော အလင်းရောင်များဖြင့် လက်နေပြီး မသိလျှင် လျှက်စီးများ လက်နေသည့်အလားပင်။ သို့သော်လည်း အကျိုးသက်ရောက်မှုများကမူ သူတို့ပတ်ပတ်လည် မီတာသုံးဆယ်လောက်ထဲတွင်သာ ဖြစ်ပျက်နေလေသည်။ နဝမမြောက်တောင်ပေါ်ရှိအခြားခေါင်းဆောင်များပင်လျှင် ထူးထူးဆန်းဆန်းအရာဖြစ်နေကြောင်း ထားမိမည်မဟုတ်။

ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီးက လွန်ခဲ့သောနှစ်တစ်သောင်းက ပုံရိပ်များကို ပြန်တွေးကာ ကတုန်ကရီဖြစ်နေလေသည်။ နှစ်ပေါင်းမည်မျှပင် ကြာပါစေ ထိုကိစ္စများကို သူက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူက အသက်ကြီးနေပြီဖြစ်သော်လည်း သူ၏ဆရာရှေ့တွင် လူငယ်လေးတစ်ယောက်လို ခံစားလိုက်ရလေသည်။ သူက မတ်မတ်ရပ်ကာ မျက်နှာအနည်းငယ်နီရဲသွားပြီး တပ်သားတစ်ယောက်အလား ပြန်ဖြေလိုက်လေသည်။
" မှတ်မိပါတယ် ဆရာ။ တပည့်တာဝန်က အစစ်အမှန် ဝိညာဥ်ကို ကာကွယ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို အရှေ့ဘက် ကောင်းကင်တံတားမြစ်ရဲ့ အလယ်ပိုင်းက ဂိုဏ်းတစ်ဂိုဏ်းဖြစ်အောင်လုပ်ပြီး အဲ့ကနေတစ်ဆင့် မြစ်အထက်ပိုင်းက ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့အထိ လုပ်ဖို့ပါ။ အဲ့လိုလုပ်ပြီးရင် ကောင်းကင်တံတားမြစ်ရဲ့ မြောက်ဘက်ကို ကျူးကျော်ပြီး အဲ့နေရာက အထက်ပိုင်းအဆင့်ထိ ရောက်အောင်ရုံးကန်ရပါမယ်။ ပြီးရင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းကို ချေမှုန်းရပါမယ်။ ပြီးတော့ တပည့်တို့ရဲ့ အဘိုးအဘေးတွေရဲ့ မွေးရပ်မြေဆီပြန်ပြီး ဟန်ဇောင်ကျောင်းတော်ရဲ့  ဂုဏ်အရှိန်အဝါ ပြန်လည်တောက်ပလာအောင် လုပ်ဖို့ပါ "

" အဲ့တာဆို မင်းက ငါတို့ ဘိုးဘွားတွေရဲ့မွေးရပ်မြေနဲ့ အစစ်အမှန် ဝိညာဥ် ကို မင်းက မှတ်မိသေးတယ်ပေါ့။ ကောင်းပြီလေါ အဲ့တာဆို မွှေးရနံ့တိမ်တောင်အောက်က မှော်သေင်္ကတကို ကြည့်လိုက်ပါအုံး။".

ဟန်ဇောင် က မွှေးရနံ့တိမ်တောင်ကိုလှမ်းကြည့်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အသက်သွေးကြောကို စုပေါင်းဖွဲ့စည်းထားသော ရှုပ်ထွေးသည့်မှော်သေ င်္ကကို  တောင်ရှစ်တောင်အတွင်းတွင် ဝှက်ထားလေသည်။ ထို မှော်သေင်္ကတများ၏ အရေးကြီးမှုကို စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်။
 
သို့သော်လည်း ဟန်ဇောင် ကမူ မွှေးရနံ့တိမ်တောင်၏ မှော်သ
ေင်္ကတနှင့်ပတ်သတ်၍ ထူးခြားနေသည့်အချက်ကို သတိမထားမိပေ။
   
မျောက်ကမူ ဖြည်းညင်းစွာ သက်ပြင်းချလိုက်၏။ သူ့မျက်လုံးထဲရှိ လေးနက်တည်ကြည်သည့်အရိပ်အယောင်များ ပိုမိုအားကောင်းလာသည်။

" မင်းမမြင်နိုင်ဘူးပေါ့ ဟုတ်လား။ ကြည့်ရတာ ငါပြန်လာတာ နည်းနည်းနောက်ကျသွားပုံပဲ။ ငါ့ထက်အရင် တခြားတစ်ယောက်က အရင်ပြန်ရောက်လာပြီး သူ့ရဲ့ အာက်လမ်းဂိုဏ်းသားတစ်ယောက်ကိုသုံးပြီး အပင်နဲ့အသီးအရွက်ပြောင်းလဲမှုတွေကို အသုံးချသွားပြီး မန္တန်အစီအရင်ကို ပြောင်းသွားတဲ့ပုံပဲ။"

" မွှေးရနံ့တိမ်တောင်အောက်က ကမ္ဘာဦး မှော် သင်္ကေတ ပြောင်းလဲသွားတယ်။ အဲ့တာကို ပြန်ပြောင်းဖို့က ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ဆို မဖြစ်နိုင်ဘူး။ ငါလုပ်နိုင်တာဆိုလို့ ရှိသမျှအားသုံးပြီး ဝိညာဥ်မြွေတွေကို လှုံဆော်ဖို့ ပိုင်ရှောင်ချန်းကို ခိုင်းရမှာပဲ။ အဲ့တာဆို အရာအရာရာတိုင်းက သူ့အလိုလို ပြန်ကောင်းသွားမှာပါ။ "

Zaw Gyi
ထာ၀ရအသက္ရွည္လိုေသာ္
မူရင္းစာေရးဆရာ Ergen
စာစဥ္(၉)

အခန္း ( ၁၁၆ )
ပထမဆုံးဘိုးေဘး ေပၚထြက္လာျခင္း

တာအိုသစ္ေစ့ေတာင္ေပၚရွိ ပိုင္ေရွာင္ခ်န္း၏ဆရာကို ျမႇဳပ္ႏွံထားေသာ ဂူအား ေထာင္ေသာင္းမ်ားစြာေသာ ဂိုဏ္းသားမ်ားက စူးရွေသာအၾကည့္မ်ားျဖင့္ ဝန္းရံထားသည္။ ထိုေနရာသည္ တားျမစ္ထားေသာေနရာတစ္ခုျဖစ္ပါေသာ္လည္း သူတို႔လူအုပ္စုမွာ ေတာင့္လြန္းလွသျဖင့္ ဝင္ေရာက္ရန္ သတၱိအျပည့္ျဖစ္ေနၾကေလသည္။

      " ပိုင္ေရွာင္ခ်န္း။ အခုခ်က္ခ်င္း အျပင္ထြက္ခဲ့စမ္း။"
   
      " မင္း မ်က္ႏွာထြက္ျပစမ္းကြာ။"
  
      " ယုတ္မာေအာက္တန္းက်တဲ့ ပိုင္ေရွာင္ခ်န္း။ ဒီေန႔ေတာ့ ဘုရားသခင္ကု မင္းကို အျပစ္ေပးေတာ့မွာကြ။ ငါတို႔လည္း မင္းကို အျပစ္ေပးေတာ့မွာ"

သို႔ေသာ္လည္း သူတို႔၏ေအာ္သံမ်ားထြက္လာေသာအခါ ဂူထဲမွ တင္းမာခက္ထန္ေသာအသံတစ္သံ ထြက္ေပၚလာ၏။
" ပါးစပ္ပိတ္ထားၾကစမ္း။"

ထိုေအာ္သံႀကီးတြင္ ပိုင္ေရွာင္ခ်န္း၏ စြမ္းအားအျပည့္ပါေလသည္။ ထို႔ေၾကာင့္ ထိုအသံမွာ မိုးၿခိမ္းသံကဲ့သို႔ ပဲ့တင္ထပ္ေနၿပီး အျခားအသံမ်ားအားလုံးကို လႊမ္းမိုးသြားေတာ့သည္။
 
ထို႔ေနာက္ ခ်က္ခ်င္းပင္ ပိန္ပိန္ပါးပါးခႏၶာကိုယ္ႏွင့္ ပိုင္ေရွာင္ခ်န္းက ဂူထဲမွ တည္ၾကည္စြာ ထြက္လာေလသည္။

ေတာင္သုံးလုံးမွ စုေဝးေနေသာ ဂိုဏ္းသားမ်ားက သူ႔ကိုျမင္ေသာအခါ သူတို႔လက္ထဲတြင္ ကိုင္ထေသာ ေက်ာက္တုံးမ်ားကို ေျမႇာက္ကာ ေဒါသတႀကီးျဖင့္ ပိုင္ေရွာင္ခ်န္းကို ဝိုင္းေပါက္ရန္ျပင္လိုက္ၾကသည္။ သို႔ေသာ္လည္း ပိုင္ေရွာင္ခ်န္းက အသံက်ယ္က်ယ္တစ္ခ်က္ေအာ္လိုက္ကာ ပုံတူဆြဲထားေသာ ႐ုပ္ပုံတစ္ခုကို သူ႔ေရွ႕သို႔ ထုတ္ျပလိုက္သည္။

ထိုပုံမွာ သူႏွင့္ က်ိန္းယြမ္သုန္၏ဆရာ  စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္း၏ ေခါင္းေဆာင္ေဟာင္း၏ပုံျဖစ္သည္။

ပိုင္ေရွာင္ခ်န္းက အနည္းငယ္ တုန္လႈပ္ေနေသာ္လည္း တင္းမာေသာေလသံႏွင့္ ေအာ္ေျပာလိုက္ေလသည္။
" မင္းတို႔က ဘာေကာင္ေတြလဲကြ။ ငါ့ဆရာရဲ႕ ပုံတူပန္းခ်ီကို ထိရဲထိၾကည့္ ဂိုဏ္းတူအစ္ကိုဂိုဏ္းေခါင္းေဆာင္ရယ္ ငါရယ္က အဲ့ေကာင္ကို ေသတဲ့အထိ လုပ္ၿပီသာမွတ္။"

သူ႔ဆရာ့ပုံတူ၏ ေနာက္တြင္ ျပားဝပ္ေနေသာ ပိုင္ေရွာင္ခ်န္းကို လူအုပ္ႀကီးကျမင္လိုက္ေသာအခါ သူတို႔၏ ခႏၶာကိုယ္မွာေတာင့္တင္းသြားၿပီး အမ်ားစုမွာ မွင္တက္ေနၾကသည္။ တစ္ေယာက္တစ္ေလမွ် ေက်ာက္ခဲႏွင့္ လွမ္းမေပါက္ရဲၾကေတာ့ေပ။
   
ထို႐ုပ္ပုံသည္ ဂိုဏ္း၏ေခါင္းေဆာင္တစ္ေယာက္ျဖစ္သည့္အျပင္ ဂိုဏ္းေခါင္းေဆာင္၏ဆရာလည္း ျဖစ္ေနျခင္းျဖစ္သည္။ တစ္ေယာက္ေယာက္သာ ထို႐ုပ္ပုံကို ထိခိုက္ေအာင္လုပ္မိပါက က်ိန္းယြမ္သုံ အမ်က္ေတာ္ရွကာ တုံ႔ျပန္မည့္ပုံမွာ ေတြးၾကည့္႐ုံႏွင့္ပင္ ေၾကာက္မက္ဖြယ္ေကာင္းလွေပသည္။ ထို႔အျပင္ မည္သည့္ ဂိုဏ္းခ်ဳပ္သခင္ကမွ ဝင္ေရာက္မစြက္ဖက္ရဲမည္မွာလည္း အမွန္ပင္။

ဂိုဏ္းသားမ်ားမွာ စိတ္တိုလြန္းလွသ၍ စိတ္လိုက္မာန္ပါလုပ္ပစ္လိုက္ခ်င္ပါေသာ္လည္း မည္သည့္တစ္ခုမွ မလုပ္ရဲေပ။

"ေတာ္ေတာ္ အရွက္မရွိတဲ့ေကာင္ကြာ။"

သူ၏နည္းဗ်ဴးဟာမွာ အလုပ္ျဖစ္ေနေၾကာင္းသိလိုက္ရ၍ ပိုင္ေရွာင္ခ်န္းမွာ စိတ္ေအးသြားၿပီး သက္ျပင္းခ်လိုက္ေလသည္။ သူက ထို႐ုပ္ပုံကို ျမင့္ျမင့္ကိုင္ေျမႇာက္ကာ လူအုလူအုပ္ႀကီးကို လွည့္လည္ၾကည့္ရႈေနေတာ့သည္။

      " မင္းတို႔ေတြ ေသခ်ာနားေထာင္ၾကပါကြာ။ ငါတမင္လုပ္တာမဟုတ္ရပါဘူး။ ငါ...."
  
ပိုင္ေရွာင္ခ်န္းသာ အေျခအေနကို ရွင္းျပရန္မႀကိဳးစားပါက ဤျပႆနာမွာ ေအးေအးလူလူၿပီးသြားမည္သာျဖစ္သည္။ သို႔ေသာ္လည္း သူ႔ပါးစပ္ဟလိုက္ခ်ိန္မွစ၍ လူအုပ္ႀကီးမွာ ထိန္းမႏိုင္သိမ္းမရျဖစ္ကုန္ေတာ့သည္။
  
      "မင္း...မင္း...မင္းအၿမဲတမ္း တမင္လပ္တာမဟုတ္ဘူးလို႔ပဲ ေျပာေနၾက။ ေမႊးရနံ႔တိမ္ေတာင္ မိုးႀကိဳးဆက္တိုက္ပစ္ခံရတုံးကလည္း မင္းတမင္လုပ္တာမဟုတ္ဘူးလို႔ေျပာခဲ့တာပဲ။ ခရမ္းဒယ္အိုးေတာင္နဲ႔ ျမစိမ္းေတာင္ေပၚ အက္စစ္မိုးေတြ႐ြာက်ေအာင္လုပ္တုံးကလည္း မင္းတမင္လုပ္တာမဟုတ္ရပါဘူးဆိုၿပီး ျငင္းခဲ့တာပဲ။ ကဲ အခုလည္း မင္းအဲ့လိုမ်ိဳး ဆက္ေျပာေနျပန္ၿပီ။"

    " အဓိပၸါယ္မရွိလိုက္တာကြာ။"
   
ထိုစကားသံမ်ားထြက္လာေသာအခါ ပိုင္ေရွာင္ခ်န္းက အလ်င္အျမန္ပင္ သူ၏ဆရာ့ပုံတူကို ေဝွ႔ယမ္းျပေနေတာ့သည္။ ရင္ထဲအသည္းထဲက ေတာင္းပန္ေသာေလသံျဖင့္ သူကဆက္ေျပာလိုက္ျပန္သည္။ " ငါ့ရဲ႕ဆရာက ေစာေစာက ငါ့အိပ္မက္ထဲလာၿပီး ငါ့ကိုခြင့္လႊတ္တယ္လို႔ေျပာသြားတယ္ကြ။ ငါတကယ္ အာမခံပါတယ္ကြ။ ဒီတစ္ခါတစ္ကယ္ေနာက္ဆုံးပါ။ ေနာက္တစ္ႀကိမ္ဆိုတာ လုံးဝထပ္မရွိေစရ....ရ..."
 
ပိုင္ေရွာင္ခ်န္းပင္ စကားမဆုံးလိုက္ေပ။ သူ၏အရွက္ကင္းမဲ့စြာဆိုေသာစကားမ်ားေၾကာင့္ လူအုပ္ႀကီးမွာ ပို၍ပင္ ေဒါသထြက္ လာေတာ့သည္။
   
      " ငါထပ္ၿပီး သည္းမခံႏိုင္ေတာ့ဘူးေဟ့။ ဒီေကာင္ကို မွတ္ေလာက္သားေလာက္ေအာင္ တြယ္မွရေတာ့မယ္။"
       
" သူက ဂိုဏ္းေခါင္းေဆာင္ရဲ႕ သားအရင္းျဖစ္ေနရင္ေတာင္ အဲ့ေကာင္ကို အေသလုပ္ၿပီပဲ။"
   
      " ပိုင္ေရွာင္ခ်န္းကို သုတ္သင္ၾကေဟ့။"
  
ထိုအခ်ိန္တြင္ အေျခခိုင္မာျခင္းအဆင့္ရွိသည့္ မ်ားစြာေသာ နတ္ဘုရား အာ႐ုံမ်ားက ထိုေနရာတစ္ဝိုက္ကို ဖုံးလႊမ္းသြားေတာ့သည္။
   
အနည္းငယ္ၾကာေသာအခါ လူဒါဇင္အနည္းငယ္က တာအိုသစ္ေစ့ေတာင္၏ထိပ္သို႔ ဆင္းသက္လာၾကေလသည္။ ထိုလူမ်ားမွာ ေတာင္မ်ိဳးစုံ၏ အႀကီးအကဲမ်ား၊ ဂိုဏ္းခ်ဳပ္သခင္မ်ားႏွင့္ က်ိန္းယြမ္သုန္ ကိုယ္တိုင္ပင္ျဖစ္ေလသည္။

ျဖစ္ပ်က္ေနသည္မ်ားကိုျမင္ေသာအခါ က်ိန္းယြမ္သုန္က ေဒါသတႀကီးျဖင့္ ေအာ္ဟစ္လိုက္သျဖင့္ မိုးၿခိမ္းသံႀကီးအလား ပဲ့တင္ထပ္ေနေတာ့သည္။
" ဒီေနရာေန ခ်က္ခ်င္း ထြက္သြားၾကစမ္း။"
  
ထိုနားစည္မ်ားပင္ကြဲေလာက္ေသာ ေအာ္သံႀကီးေၾကာင့္ ရွန္ကြမ္းထ်န္ယုံႏွင့္ အျခားလက္ေ႐ြးစင္မ်ားအပါအဝင္ ရွိသမွ်လူတိုင္းမွာ ေၾကာက္႐ြံ႕သြားၾကေလသည္။ တုန္တုန္ရီရီျဖင့္ သူတို႔မွာ ဆုတ္ခြာသြားၾကေတာ့သည္။
  
ပိုင္ေရွာင္ခ်န္းကမူ စိတ္ဓာတ္မ်ား တက္ႂကြေနေတာ့သည္။ သူက တစ္ခုခုေျပာရန္ျပင္လိုက္စဥ္မွာပဲ က်ိန္းယြမ္သုန္က သူ႔ကို ေၾကာက္မက္ဖြယ္အၾကည့္ျဖင့္ ၾကည့္လိုက္ေလသည္။
   
" ပိုင္ေရွာင္ခ်န္း။ ငါကမင္းရဲ႕ ဂိုဏ္းတူအစ္ကိုျဖစ္တဲ့အတြက္ တျခားဘယ္သူမွ မင္းကို႐ိုက္ခြင့္ေတာ့မေပးႏိုင္ဘူး။ ေအး ဒါေပမဲ့ ငါကေတာ့ မင္းကို ေကာင္းေကာင္းဆုံးမႏိုင္တယ္ကြ။" ထိုသို႔ေျပာရင္း သူက ပိုင္ေရွာင္ခ်န္းဆီသို႔ ေျပးသြားေလသည္။ ထိုျမင္ကြင္းေၾကာင့္ ပ္ိုင္ေရွာင္ခ်န္း၏ ေခါင္းမ်ားထူပူလာၿပီး ေပါက္ကြဲလုမတတ္ပင္ျဖစ္သြားေတာ့သည္။ သူ၏ဆရာ့ပုံတူကို ေဝွ႔ယမ္းရန္ ျပဳလိုက္စဥ္မွာပဲ က်ိန္းယြမ္သုန္က အက်ႌလက္ကို ခါယမ္းလိုက္သျဖင့္ ထိုပုံတူပန္းခ်ီမွာ သူ႔ဆီသို႔ ပ်ံဝဲလာေတာ့သည္။

ပိုင္ေရွာင္ခ်န္းမွာ အလန္႔တၾကားထေအာ္လိုက္ၿပီး သူ၏ေနာက္ေက်ာမွ အေတာင္ပံတစ္စုံကိုထုတ္ကာ ထြက္ေျပးရန္ ျပင္လိုက္ေတာ့သည္။ သို႔ေသာ္လည္း သူခပ္ေဝးေဝးပင္မေရာက္ေသးခ်ိန္တြင္ သူ၏တင္ပါးကို က်ိန္းယြမ္သုံက လက္ဝါးျဖင့္လွမ္း႐ိုက္လိုက္သျဖင့္ အသံက်ယ္ႀကီးတစ္ခုေပၚထြက္လာေလသည္။
 
ထိုနာက်င္မႈမွာ သူ၏တစ္ကိုယ္လုံးပ်ံ႕ႏွံ႔သြားေသာအခါ သူကထေအာ္လိုက္ေတာ့သည္။ ငိုမဲ့မဲ့ မ်က္ႏွာျဖင့္ သူက သနားကမားေအာ္ဟစ္လိုက္ေလသည္။
" ကြၽန္ေတာ့္ကိုကယ္ပါအုံး ဦးေလးလီေရ။ ကြၽန္ေတာ့္ ဂိုဏ္းတူအစ္ကိုက ကြၽန္ေတာ့္ကို သတ္ေတာ့မွာဗ်။"

ထိုအခါ လီခ်င္းေဟာက္၏ မ်က္ခုံးေမႊးမ်ား လႈပ္သြားၿပီး သူက မၾကားခ်င္ေယာင္သာ ေဆာင္ေနလိုက္ေတာ့သည္။ က်ိန္းယြမ္သုန္၏ အမ်က္မွာ မေျပေသးေပ။ သူ၏ ဆရာ့ပုံတူကို ပိုင္ေရွာင္ခ်န္းက ေဝွ႔ယမ္းေနသည့္အတြက္ သူ႔မွာ ေဒါသအလိပ္လိုက္ထြက္လာၿပီး ေနာက္တစ္ခ်က္ ပိတ္ကန္လိုက္ေလသည္။
   
ပိုင္ေရွာင္ခ်န္း ကမူ ယခင္ကထက္ ပို၍သနားဖြယ္ေကာင္းေသာ အသံျဖင့္ ေအာ္ဟစ္ျမည္တမ္းေနေလေတာ့သည္။

      " ကယ္ပါအုံးဗ် ဆရာေရ။ ဒီတပည့္ေလးကို ကယ္ပါအုံးဗ်ာ။"
 
ပိုင္ေရွာင္ခ်န္းကို က်ိန္းယြမ္သုန္က ႐ိုက္ႏွက္ေနသည့္ျမင္ကြင္းေၾကာင့္ ေဘးနားကဝိုင္းၾကည့္ေနၾကသူမ်ား၏ ေဒါသမ်ားမွာ ျဖည္းညင္းစြာ ေလ်ာ့နည္းသြားၾကသည္။ မၾကာမီတြင္ အႀကီးအကဲမ်ား၏မ်က္ႏွာေပၚတြင္ ထူးဆန္းေသာအမူအရာမ်ားေပၚလာၿပီး သူတို႔က ေျခာက္ကပ္ကပ္ႏွင့္ ေခ်ာင္းဟန္႔လိုက္ၾကေတာ့သည္။

      " ဒီကိစၥက ဂိုဏ္းေခါင္းေဆာင္နဲ႔ သူ႔မိသားစုၾကားက ကိုယ္ေရးကိုယ္တာ ကိစၥတစ္ခုပဲေလ။"
   
    " ဟုတ္တယ္။ဟုတ္တယ္။ အို... ေမ့ေနလိုက္တာ။ ေဆးေပါင္းဖိုထဲမွာ ေဆးလုံးအခ်ိဳ႕ထားခဲ့မိတာပဲ။ ငါအခုပဲ ျပန္မွပါ။" ထိုသို႔ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေပးကာ အႀကီးအကဲမ်ားက အၿပဳံးမ်ားကို လူမသိေအာင္ ဖုံးကြယ္ရင္း ထြက္ခြာသြားၾကေတာ့သည္။

မၾကာမီတြင္ ေလေပၚတြင္ လီခ်င္းေဟာက္ႏွင့္ ႐ႊီေမ့ရွန္းတို႔ႏွစ္ေယာက္သာ က်န္ခဲ့ေလသည္။ ခပ္လွမ္းလွမ္းရွိပိုင္ေရွာင္ခ်န္းကို လီခ်င္းေဟာက္က လွမ္းၾကည့္ကာ သူက အနည္းငယ္စိတ္မေကာင္းျဖစ္ေနေတာ့သည္။ ပိုင္ေရွာင္ခ်န္းကို သူကအမ်ားႀကီး ေမွ်ာ္လင့္ထားသည္ မဟုတ္ပါေလာ။

႐ႊီေမ့ရွန္းက လီခ်င္းေဟာက္ကို ႏူးညံ့ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ကာ ေျပာလိုက္ေလသည္။
" အဲ့ကေလးက သူ႔ႏွလုံးသားထဲမွာ ရွင့္ကို အေဖတစ္ေယာက္လို မွတ္ယူထားတာေနာ္။ သူ႔ကို တကယ္ပဲ ေျမာက္ျခမ္းကို ေပးလိုက္ေတာ့မလို႔လားရွင္။" သူမက ညင္သာစြာ ေမးလိုက္ေလသည္။
 
လီခ်င္းေဟာက္က ပိုင္ေရွာင္ခ်န္းဆီမွအၾကည့္လႊဲလိုက္ၿပီး ႐ႊီေမ့ရွန္းဘက္သို႔ လွည့္လိုက္ေလသည္။ သူ၏ေခါင္းကို အနည္းငယ္ခါယမ္းကာ သူက ျပန္ေျဖလိုက္ေလသည္။
" ေရွာင္ခ်န္း… အခုလုပ္တာေတြက ဘာမွ ေရးႀကီးခြင္က်ယ္မဟုတ္ပါဘူးကြာ။ သူက အတြင္းစိတ္ေကာင္းတဲ့ လူတစ္ေယာက္ပါ။ ၿပီးေတာ့ သူလည္းအခု အရာရာတိုင္းအတြက္ စိတ္မေကာင္းျဖစ္ေနမယ္ဆိုတာ ငါသိပါတယ္။ ျပစ္ဒဏ္ခ်ဖို႔သက္သက္ဆို သူ႔ကို ေျမာက္ျခမ္းထိပို႔ဖို႔ မလိုပါဘူး။"

  " ဒါေပမဲ့ ေစာေစာက ဂိုဏ္းေခါင္းေဆာင္ကို ငါေျပာတဲ့စကားေတြက ရင္ထဲကလာတဲ့စကားေတြ။ ေျမာက္ျခမ္းကေန ႐ႊယ္က်ဲေကာ္တုသိုင္းက်မ္းကို သူရထဲက ငါက အဲ့လိုစိတ္ကူးထားတာ။ ပိုင္ေရွာင္ခ်န္းရဲ႕ ကိန္းေအာင္းေနတဲ့ အရည္အခ်င္းေတြက ထိပ္တန္းအဆင့္မွာရွိတယ္ေလ။ အေကာင္းဆုံးကေတာ့  ေတာင္ျခမ္းေရာ ေျမာက္ျခမ္းေရာရဲ႕ အေကာင္းဆုံးအရာေတြကို သူ႔ကို ေပါင္းစပ္သင္ယူခြင့္ေပးဖို႔ပဲ။ ၿပီးေတာ့ သူသာ ႐ႊဲက်ယ္ေကာ္တုကို ေအာင္ျမင္ေအာင္က်င့္ၿပီး ခ်ီစုစည္းမႈအဆင့္တစ္ဆယ္စက္ဝန္းထဲကို ႏွစ္အနည္းငယ္အတြင္း ေရာက္ေအာင္သာ လုပ္ႏိုင္လို႔ရွိရင္... ငါတို႔ ဓားေႂကြမဟူရာေခ်ာက္ ကို ျမန္ျမန္ဖြင့္မယ့္အခ်ိန္ကို ေရာက္ၿပီ။ အဲ့အခ်ိန္ေရာက္ရင္ သူ႔အတြက္ အခြင့္အေရးရလာမွာပဲ "
     
" ဓားေႂကြမဟူရာေခ်ာက္ ဟုတ္လား" ႐ႊီေမ့ရွန္းက အံ့ၾသေနေသာ အမူအရာျဖင့္ ေမးလိုက္ေလသည္။

"ေကာင္းကင္တံတားရဲ႕ ေရွ႕ဘက္အနိမ့္ပိုင္းမွာရွိတဲ့ ဂိုဏ္းႀကီးေလးဂိုဏ္းရဲ႕ ျမင့္ျမတ္တဲ့နယ္ေျမသုံးခုထဲက တစ္ခု ပါလား...... အဲ့ေနရာမွာ ေကာင္းကင္ႀကိဳးစြမ္းအင္ (heavenstring energy) ေတြရွိတဲ့ အရိပ္အေယာင္ေတြေတာင္ ေပၚလာတယ္လို႔ေတာ့ ၾကားတယ္။ ငါတို႔ အဲ့တာကိုဖြင့္တိုင္း ေရွ႕ဘက္ျခမ္းက ဂိုဏ္းႀကီးေလးခုျဖစ္တဲ့ ေသြးစြမ္းအင္နတ္ေရစင္ဂိုဏ္း၊ ေဆးစြမ္းအင္နတ္ေရစင္ဂိုဏ္း၊ နက္နဲစြမ္းအင္နတ္ေရစင္ဂိုဏ္း နဲ႔ ငါတို႔ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းက ခ်ီစုစည္းမႈအဆင့္တစ္ဆယ္မွာရွိတဲ့ ဂိုဏ္းသားေတြကို ေစလႊတ္ၿပီး ေသြးသံတရဲရဲတိုက္ပြဲေတြထဲ ႐ုန္းကန္ခိုင္းေနၾကေလ။

" အဲ့ ေသြးသံတရဲရဲ တိုက္ပြဲေတြက လိုအပ္တယ္ကြ။ သူသာ ႐ႊယ္က်ဲေကာ္တုသိုင္းက်မ္းကို ၿပီးစီးေအာင္ မက်င့္ရေသးဘူးဆိုရင္ ငါသြားခြင့္ျပဳႏိုင္မွာ မဟုတ္ဘူး။ ဒါေပမဲ့ သူသာၿပီးေျမာက္ေအာင္က်င့္ၿပီးလို႔ကေတာ့ သြားကိုသြားရမွာ။ က်င့္ႀကံျခင္းဆိုတာ ရွည္လ်ားၿပီး ေသြးအျပည့္စြန္းေနတဲ့ လမ္းတစ္လမ္းလိုပဲ။ စြမ္းအားႀကီးသူကသာ အသက္ရွင္က်န္ရစ္ၿပီး အက်ိဳးခံစားခြင့္ ရစၿမဲပဲေလ။ သူအဲ့သေဘာတရားကို ေၾကာက္မေနပဲ ေသခ်ာ လက္ခံက်င့္သုံးႏိုင္ဖို႔လိုတယ္။" လီခ်င္းေဟာက္က သက္ျပင္းခ်ရင္း ဆိုေလသည္။ ထိုသို႔ ေဆြးေႏႊးၾကၿပီးေနာက္ သူတို႔ႏွစ္ေယာက္မွာ ေနာက္လွည့္ကာ ထြက္ခြာသြားၾကေတာ့သည္။

ထိုေန႔တြင္ ပိုင္ေရွာင္ခ်န္း၏ ေအာ္ဟစ္သံမ်ားမွာ ဂိုဏ္းတစ္ခုလုံး ပ်ံ႕ႏွံ႔ေနေတာ့သည္။ က်ိန္းယြမ္သုံက ဂိုဏ္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔မဟုတ္ပဲ ဂိုဏ္းတူအစ္ကိုတစ္ေယာက္အေနျဖင့္ သူ႔ကို အေကအေက် သင္ခန္းစာေပးေနေတာ့သည္။
   
ထိုညတြင္ ပိုင္ေရွာင္ခ်န္း ႏွာေခါင္းမ်ားမွ ေသြးအလိန္းလိန္းထြက္ကာ မ်က္ႏွာမ်ားလည္း ဖူးေယာင္ေနသည္။ သူက က်ိန္းယြမ္သုန္ေနာက္မွ လိုက္ခ်င္မလိုက္ခ်င္ပုံစံျဖင့္ သူတို႔၏ ဆရာ့ဂူသို႔ ျပန္သြားၾကသည္။

" ဒူးေထာက္စမ္း။ ဆရာ့ကို ျမန္ျမန္ေတာင္းပန္လိုက္။" က်ိန္းယြမ္သုန္က ျပဴးၾကည့္ကာ ေဟာက္လိုက္ေလသည္။ ပိုင္ေရွာင္ခ်န္းမွာလည္း လန္႔ဖ်န္႔သြားၿပီး ခ်က္ခ်င္းပင္ ပုံတူပန္းခ်ီ၏ေရွ႕တြင္ ဒူးေထာက္ခ်လိုက္ေလသည္။

" ဆရာ… တပည့္ ေတာင္းပန္ပါတယ္ဗ်ာ။" ပိုင္ေရွာင္ခ်န္းမွာ တစ္ကိုယ္လုံးနာက်င္ကိုက္ခဲေနၿပီး အထူးသျဖင့္ သူ၏တင္ပါးမ်ားမွာ ေပါက္ထြက္ေတာ့မည့္အလားပင္ ခံစားေနရေလသည္။

ထို႔ေနာက္ သူက ငိုမဲ့မဲမ်က္ႏွာျဖင့္ ဆက္လက္ညည္းညဴေနေလေတာ့သည္။ " ဆရာ …. ဂိုဏ္းသားေတြ တပည့္ကို ဝိုင္း႐ိုက္ဖို႔လာတုံးက ဆရာက ကြၽန္ေတာ့္အတြက္စိတ္မေကာင္းျဖစ္လို႔ အိပ္မက္ထဲထိေတာင္ေရာက္လာခဲ့တယ္ေလ။ အဲဒါ ဂိုဏ္းတူအစ္ကိုကို တပည့္က နားခ်ေပမဲ့ သူကမယုံဘူးဗ်...." သူက ဂိုဏ္းေခါင္းေဆာင္ကို ပင္ သူ႔ဆရာထံ ျပန္တိုင္ေနေလေတာ့သည္။

" ဆရာ… ဂိုဏ္းတူအစ္ကိုရဲ႕ အိပ္မက္ထဲ ဒီေန႔ညသြားၿပီးေတာ့ အမွန္တရားေတြကို ေျပာျပလိုက္ပါလား " ထိုစကားမ်ားကိုၾကားေသာအခါ က်ိန္းယြမ္သုန္မွာ ေဘးသို႔ထြက္ရပ္ကာ ရယ္ရမလို ငိုရမလိုပင္ ျဖစ္ေနေတာ့သည္။ သူက ပိုင္ေရွာင္ခ်န္းကို ထပ္႐ိုက္ရန္ျပင္လိုက္ေသာ္လည္း သူ၏အေရျပား၏ ေၾကာက္မက္ဖြယ္မာေၾကာမႈႀကီးေၾကာင့္ သူ၏လက္မွာ အနည္းငယ္ ကိုက္ခဲေနၿပီျဖစ္၍ ထပ္မ႐ိုက္ေတာ့ေပ။

" ဒီေနရာမွာ သုံးလတိတိ ဒူးေထာက္။ အဲ့တာမင္း ေႁမြတစ္ေသာင္းေတာင္ၾကားမွာ ရွာခဲ့တဲ့ ျပႆနာေတြအတြက္ ျပစ္ဒဏ္ပဲ။" သူက ေတာင္သုံးေတာင္၏ ဂိုဏ္းသားမ်ားအတြက္ ဤျပစ္ဒဏ္ကို မျဖစ္မေနေပးလိုက္ရေလသည္။ ထို႔သို႔ အမိန္႔ေပးၿပီးေနာက္ သူက ေအးစက္စက္ႏွာတစ္ခ်က္မႈတ္လိုက္ၿပီး အက်ႌလက္ကိုခါလိုက္သျဖင့္ ေဆးလုံးတစ္လုံးမွာ ထြက္က်လာေလသည္။ ထို႔ေနာက္ သူကထိုေဆးလုံးကို မျမင္ခ်င္ေယာင္ေဆာင္ကာ ေနာက္လွည့္ထြက္ခြာသြားေလေတာ့သည္။

က်ိန္းယြမ္သုန္ထြက္ခြာသြားေၾကာင္း သိလိုက္ရေသာအခါ ပိုင္ေရွာင္ခ်န္းမွာ စိတ္ပ်က္လက္ပ်က္ႏွင့္ ေအာ္ငိုလိုက္ေတာ့သည္။ သူ၏ဆရာကို တိုင္တန္းရန္ျပင္လိုက္ေသာ္လည္း သတိတစ္ခ်က္ရသြားသျဖင့္ သူကေဘးဘီဝဲယာကိုၾကည့္၍  ယုန္ကေလးရွိမရွိ ေသခ်ာစစ္ေဆးလိုက္ေလသည္။
   
" ဆရာေရ။ တပည့္အျဖစ္က ဆိုးလွပါတယ္ဗ်ားး။"

"ဂိုဏ္းတူအစ္ကို တပည့္ကို႐ိုက္တာဘယ္ေလာက္ၾကမ္းလည္း ၾကည့္ပါအုံးဗ်ာ။ တင္ပါးေတြကိုက္ခဲၿပီး တစ္ကိုယ္လုံး ဖူးေယာင္ေနၿပီ။"

" တရားမွ်တမႈ မရွိဘူးဗ်ာ။ တပည့္က ဒါေတြကို တမင္လုပ္တာမွ မဟုတ္ပဲကို...... ဟင္...ဘာႀကီးလဲဟ။" ထိုသို႔ညည္းညဴေနရင္း က်ိန္းယြမ္သုန္ထားခဲ့ေသာ ေဆးလုံးေလးကို သူ သတိထားမိလိုက္ေလသည္။
   
  " အဆင့္ျမင့္ အဆင့္သုံး စြမ္းအင္အားျဖည့္ ေဆးလုံးပဲဟ။"
      
    ေတာက္ပေနေသာမ်က္လုံးမ်ားျဖင့္ သူက ဂူအျပင္ဘက္သို႔ ေဝ့ဝိုက္ၾကည့္ကာ ေဘးဘက္တြင္ ထိုင္ခ်လိုက္ေလသည္။ အနည္းငယ္ပ်င္းရိလာသျဖင့္ သူကေဆးလုံးကိုေသာက္လိုက္ကာ က်င့္ႀကံျခင္းတြင္ အာ႐ုံစိုက္လိုက္ေလသည္။

ထိုအခ်ိန္တြင္ ဂိုဏ္းသားမ်ားသာမက ဂိုဏ္းခ်ဳပ္မ်ားပင္ သတိမထားမိေသာ ျဖစ္ရပ္တစ္ခု ျဖစ္ေပၚသြားေလသည္။ တာအိုသစ္ေစ့ေတာင္ ေနာက္ဘက္ရွိ ဟင္းလင္းျပင္က်ယ္ႀကီးတစ္ခုထဲတြင္ အရာရာတိုင္းမွာ တြန္႔လိန္စျပဳလာေလသည္။

အနည္းငယ္ၾကာေသာအခါ ထိုတြန္႔လိန္မႈမ်ားမွာ ေပ်ာက္ကြယ္သြားသည္။ သို႔ေသာ္လည္း ယခုတြင္မူ တာအိုသစ္ေစ့ေတာင္ေနာက္တြင္ အျခားေတာင္တစ္လုံးမွာ ခပ္ေရးေရး ေပၚလာေတာ့သည္။

ထိုေတာင္မွာ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္း၏ နဝမေျမာက္ေတာင္ျဖစ္သည္။ ဂိုဏ္းေခါင္းေဆာင္မွာ ထိုေတာင္ရွိေၾကာင္းသိထားေသာ္လည္း အရင္တုံးက ထိုသို႔ေသာ တြန္႔လိန္မႈမ်ားကို သူမႀကဳံဖူးေပ။
  
ထို နဝမေျမာက္ေတာင္မွာ သူမတူေအာင္ တိတ္ဆိတ္ၿငိမ္းခ်မ္းလွၿပီး ေပါက္ေရာက္ေနေသာ အပင္ႏွင့္အသီးအ႐ြက္ အကုန္လုံးမွာ လုံးဝနက္ေမွာင္ေနေသာ အေရာင္အဆင္းရွိေလသည္။ ထိုေတာင္ထိပ္ရွိ အနက္ေရာင္မက္မြန္သီးပင္ထိပ္တြင္ ခံစားခ်က္မ်ိဳးစုံေရာယွက္ေနေသာ မ်က္လုံးအစုံျဖင့္ တိတ္ဆိတ္စြာ ထိုင္ေနသည့္ ေမ်ာက္တစ္ေကာင္ ရွိေလသည္။
  
ပိုင္ေရွာင္ခ်န္းသာ ထိုေနရာတြင္ရွိပါက ထိုေမ်ာက္ကို ခ်က္ခ်င္း မွတ္မိမည္ျဖစ္သည္။ ထိုေမ်ာက္မွာ သူ၏ ထူးဆန္းေသာေဆးလုံးမ်ားထဲမွ တစ္လုံးကိုစားမိခဲ့သျဖင့္ သူကိုယ္တိုင္ ေတာထဲသို႔ လႊတ္ေပးခဲ့သည့္ ေမ်ာက္ပင္ျဖစ္သည္။

အဆုံးတြင္ ထိုေမ်ာက္မွာ သက္ျပင္းခ်လိုက္ေလသည္။
" မင္းဒီမွာရွိေနတာငါသိတယ္။ ပုန္းမေနနဲ႔ ထြက္ခဲ့ပါေတာ့လား။"

ထိုေမ်ာက္က ထိုသို႔ေျပာလိုက္ေသာအခါ သူ၏ေနာက္ရွိေလထုႀကီးမွာ တြန္႔လိန္သြားၿပီး ခရမ္းေရာင္ဝတ္႐ုံရွည္ဝတ္ဆင္ထားေသာ အရပ္ျမင့္ျမင့္ႏွင့္ အဘိုးႀကီးတစ္ေယာက္ ေပၚထြက္လာေလသည္။ သူက သာမန္လူတစ္ေယာက္အလား မည္သည့္စြမ္းအားမွ ထုတ္ေဖာ္ထားျခင္းမရွိဘဲ ေလထဲမွ ျဗဳန္းစားႀကီးေပၚလာျခင္းျဖစ္သည္။ သို႔ေသာ္လည္း တစ္ခ်ိန္ထဲမွာပင္ သူမတ္တတ္ရပ္ေနသည့္ပုံစံမွာ ျပစ္မ်ိဳးမွဲ႔မထင္ လူသားတစ္ေယာက္အလားပင္။

ထိုအဘိုးႀကီးက ေဘးဘက္သို႔ထြက္ကာ ရပ္လိုက္ေသာအခါ သူ၏မ်က္ႏွာေပၚတြင္ထူးဆန္းေသာအမူအရာတစ္ခု ေပၚလာသည္။ အနည္းငယ္အၾကာတြင္ သူ၏နဖူးေပၚတြင္ တတိယေျမာက္မ်က္လုံးတစ္လုံး ပြင့္လာၿပီး သူက ထိုေမ်ာက္ကို ငုံ႔ၾကည့္လိုက္ေလသည္။ " မင္းက ဘယ္သူမ်ားလဲ..."

ထိုေမ်ာက္က နက္ရႈိင္းေသာအေရာင္မ်ားလက္ေနသည့္္မ်က္လုံးမ်ားျဖင့္ အဘိုးႀကီးကိုလွည့္ၾကည့္ကာ ဆိုလိုက္ေလသည္။ " မင္းက ငါ့ေတာင္မမွတ္မိေတာ့ဘူးလား။ ဒါမွမဟုတ္ ငါကမင္းကို စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းတည္ေထာင္သူ ေခါင္းေဆာင္ႀကီးလို႔ ေခၚရမွာလား။"

‌ထိုအဘိုးႀကီးမွာ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းကို ဂိုဏ္းႀကီးေလးခုထဲတြင္ ေနရာတစ္ခုရေအာင္ ဦးေဆာင္ခဲ့ေသာသူျဖစ္ၿပီး ဂိုဏ္းကို တည္ေထာင္ခဲ့သူလည္းျဖစ္သည္။ ယခုတြင္မူ သူ႔မွာ အံ့အားသင့္ေနေတာ့သည္။ မ်က္လုံးအိမ္မ်ားမွာက်ဥ္းသြားၿပီး သူက အသက္ျပင္းျပင္းရႉလိုက္ကာ မယုံၾကည္မႈအရိပ္အေယာင္မ်ားက သူ၏မ်က္ႏွာေပၚတြင္ ေျပးေနေတာ့သည္။
   
      " မျဖစ္ႏိုင္ဘူး။ ဆရာ...ဆရာကေသသြားၿပီေလ။ ဘာျပန္လာလုပ္တာလဲ။"
    
ဂိုဏ္းတြင္ရွိေသာ သူ၏အဆင့္အတန္း၊ သူ၏က်င့္ႀကံျခင္းအေျခခံအဆင့္၊ သူ၏ စိတ္အားျပင္းထန္မႈမ်ားက အဆင့္ျမင့္မားလွပါေသာ္လည္း သူ႔မွာ မွင္တက္ေနရေတာ့သည္။ သူ၏အတြင္းစိတ္ထဲတြင္မူ ဤေမ်ာက္မွာ လြန္ခဲ့ေသာႏွစ္တစ္ေသာင္းခန္႔က ကြယ္လြန္သြားသည့္ သူ၏ ပေဟဠိဆန္ေသာ ဆရာျဖစ္ေၾကာင္း ႐ိုးတြင္းခ်ဥ္ဆီထဲကေန ခံစားမိေနေလသည္။
 
ေမ်ာက္ကမူ ဘာမွ မေျပာေခ်။ သူက တာအိုသစ္ေစ့ေတာင္ကိုလွမ္းၾကည့္လိုက္ၿပီး ေတာင္ကိုျဖတ္ကာ ပိုင္ေရွာင္ခ်န္းတရားထိုင္ေနေသာ ဂူထဲသို႔ အၾကည့္ေရာက္သြားေလသည္။ မည္သူမွ သိမည္မဟုတ္ေသာ္လည္း ေမ်ာက္၏မ်က္လုံးမ်ားထဲတြင္ ေလးစားသည့္အရိပ္ေယာင္မ်ား ေပၚေနေလသည္။
   
  " ငါလည္း ဘယ္လိုျပန္ေရာက္လာလဲေတာ့မသိဘူး။ ေကာင္ေလးပိုင္ေရွာင္ခ်န္းရဲ႕ ေဆးလုံးေၾကာင့္လည္းျဖစ္ရင္ျဖစ္မွာေပါ့။ ဒါမွမဟုတ္ အျခား ထူးဆန္းတဲ့အားတစ္ခုခုက သူ႔ကို မရရေအာင္ေစခိုင္းၿပီး ငါ့ကိုျပန္ေခၚလာတာေနမွာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ျပန္ေရာက္လာတာ့ ငါတစ္ေယာက္ထဲမဟုတ္ဘူး။"
     
ခရမ္းေရာင္ဝတ္႐ုံရွည္ဝတ္ထားေသာ အဘိုးႀကီးမွာ ေမ်ာက္၏ အၾကည့္တိုင္း လိုက္ၾကည့္လိုက္ရာ ထိုင္ေနေသာ ပိုင္ေရွာင္ခ်န္းကို ေတြ႕လိုက္ေလသည္။

" ခ်ီစုစည္းမႈအဆင့္ ဂိုဏ္းသားတစ္ေယာက္ကလား။ သူက ဘယ္လိုမ်ား အဲ့လိုလုပ္ႏိုင္ရတာလဲ။" အဘိုးႀကီးက ျဖစ္ပ်က္ေနသည္မ်ားကို ယခုထိမယုံႏိုင္ေသးေပ။

" ဟန္ေဇာင္…. မင္းကိုဘာလို႔ ငါ အဲ့နာမည္ေပးခဲ့လည္း မွတ္မိလား။ မင္းဆရာ မင္းကိို ဘာလို႔ မိုးေကာင္းကင္အံတုတဲ့ တာဝန္တစ္ခုေပးခဲလဲ မွတ္မိလား။ မင္း ႏွစ္ေပါင္း တစ္ေသာင္းေလာက္ထိ အသက္ရွင္ႏိုင္ေအာင္လို႔ ငါလုပ္ခဲ့လည္းဆိုတာေရာ မွတ္မိေသးရဲ႕လား။ ေျဖပါဦး " ထိုေမးခြန္းမ်ားေမးရင္း ေမ်ာက္၏ မ်က္လုံးမ်ားမွာ စူးရွေတာက္ပေသာ အလင္းေရာင္မ်ားျဖင့္ လက္ေနၿပီး မသိလွ်င္ လွ်က္စီးမ်ား လက္ေနသည့္အလားပင္။ သို႔ေသာ္လည္း အက်ိဳးသက္ေရာက္မႈမ်ားကမူ သူတို႔ပတ္ပတ္လည္ မီတာသုံးဆယ္ေလာက္ထဲတြင္သာ ျဖစ္ပ်က္ေနေလသည္။ နဝမေျမာက္ေတာင္ေပၚရွိအျခားေခါင္းေဆာင္မ်ားပင္လွ်င္ ထူးထူးဆန္းဆန္းအရာျဖစ္ေနေၾကာင္း ထားမိမည္မဟုတ္။

ခရမ္းေရာင္ဝတ္႐ုံရွည္ဝတ္ထားေသာ အဘိုးႀကီးက လြန္ခဲ့ေသာႏွစ္တစ္ေသာင္းက ပုံရိပ္မ်ားကို ျပန္ေတြးကာ ကတုန္ကရီျဖစ္ေနေလသည္။ ႏွစ္ေပါင္းမည္မွ်ပင္ ၾကာပါေစ ထိုကိစၥမ်ားကို သူက ရွင္းရွင္းလင္းလင္း မွတ္မိေနေသးသည္။ သူက အသက္ႀကီးေနၿပီျဖစ္ေသာ္လည္း သူ၏ဆရာေရွ႕တြင္ လူငယ္ေလးတစ္ေယာက္လို ခံစားလိုက္ရေလသည္။ သူက မတ္မတ္ရပ္ကာ မ်က္ႏွာအနည္းငယ္နီရဲသြားၿပီး တပ္သားတစ္ေယာက္အလား ျပန္ေျဖလိုက္ေလသည္။
" မွတ္မိပါတယ္ ဆရာ။ တပည့္တာဝန္က အစစ္အမွန္ ဝိညာဥ္ကို ကာကြယ္ၿပီး စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းကို အေရွ႕ဘက္ ေကာင္းကင္တံတားျမစ္ရဲ႕ အလယ္ပိုင္းက ဂိုဏ္းတစ္ဂိုဏ္းျဖစ္ေအာင္လုပ္ၿပီး အဲ့ကေနတစ္ဆင့္ ျမစ္အထက္ပိုင္းက ဂိုဏ္းတစ္ဂိုဏ္းျဖစ္တဲ့အထိ လုပ္ဖို႔ပါ။ အဲ့လိုလုပ္ၿပီးရင္ ေကာင္းကင္တံတားျမစ္ရဲ႕ ေျမာက္ဘက္ကို က်ဴးေက်ာ္ၿပီး အဲ့ေနရာက အထက္ပိုင္းအဆင့္ထိ ေရာက္ေအာင္႐ုံးကန္ရပါမယ္။ ၿပီးရင္ ေကာင္းကင္ကိုးသြယ္လွ်ပ္စီးဂိုဏ္းကို ေခ်မႈန္းရပါမယ္။ ၿပီးေတာ့ တပည့္တို႔ရဲ႕ အဘိုးအေဘးေတြရဲ႕ ေမြးရပ္ေျမဆီျပန္ၿပီး ဟန္ေဇာင္ေက်ာင္းေတာ္ရဲ႕  ဂုဏ္အရွိန္အဝါ ျပန္လည္ေတာက္ပလာေအာင္ လုပ္ဖို႔ပါ "

" အဲ့တာဆို မင္းက ငါတို႔ ဘိုးဘြားေတြရဲ႕ေမြးရပ္ေျမနဲ႔ အစစ္အမွန္ ဝိညာဥ္ ကို မင္းက မွတ္မိေသးတယ္ေပါ့။ ေကာင္းၿပီေလါ အဲ့တာဆို ေမႊးရနံ႔တိမ္ေတာင္ေအာက္က ေမွာ္ေသကၤတကို ၾကည့္လိုက္ပါအုံး။".

ဟန္ေဇာင္ က ေမႊးရနံ႔တိမ္ေတာင္ကိုလွမ္းၾကည့္ကာ ခ်က္ခ်င္းပင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္း၏ အသက္ေသြးေၾကာကို စုေပါင္းဖြဲ႕စည္းထားေသာ ရႈပ္ေထြးသည့္ေမွာ္ေသ ကၤကို  ေတာင္ရွစ္ေတာင္အတြင္းတြင္ ဝွက္ထားေလသည္။ ထို ေမွာ္ေသကၤတမ်ား၏ အေရးႀကီးမႈကို စကားလုံးမ်ားႏွင့္ပင္ ေဖာ္ျပ၍မရႏိုင္။
 
သို႔ေသာ္လည္း ဟန္ေဇာင္ ကမူ ေမႊးရနံ႔တိမ္ေတာင္၏ ေမွာ္သ
ေကၤတႏွင့္ပတ္သတ္၍ ထူးျခားေနသည့္အခ်က္ကို သတိမထားမိေပ။
   
ေမ်ာက္ကမူ ျဖည္းညင္းစြာ သက္ျပင္းခ်လိုက္၏။ သူ႔မ်က္လုံးထဲရွိ ေလးနက္တည္ၾကည္သည့္အရိပ္အေယာင္မ်ား ပိုမိုအားေကာင္းလာသည္။

" မင္းမျမင္ႏိုင္ဘူးေပါ့ ဟုတ္လား။ ၾကည့္ရတာ ငါျပန္လာတာ နည္းနည္းေနာက္က်သြားပုံပဲ။ ငါ့ထက္အရင္ တျခားတစ္ေယာက္က အရင္ျပန္ေရာက္လာၿပီး သူ႔ရဲ႕ အာက္လမ္းဂိုဏ္းသားတစ္ေယာက္ကိုသုံးၿပီး အပင္နဲ႔အသီးအ႐ြက္ေျပာင္းလဲမႈေတြကို အသုံးခ်သြားၿပီး မႏၲန္အစီအရင္ကို ေျပာင္းသြားတဲ့ပုံပဲ။"

" ေမႊးရနံ႔တိမ္ေတာင္ေအာက္က ကမာၻဦး ေမွာ္ သေကၤတ ေျပာင္းလဲသြားတယ္။ အဲ့တာကို ျပန္ေျပာင္းဖို႔က ငါ့ရဲ႕လက္ရွိစြမ္းအားနဲ႔ဆို မျဖစ္ႏိုင္ဘူး။ ငါလုပ္ႏိုင္တာဆိုလို႔ ရွိသမွ်အားသုံးၿပီး ဝိညာဥ္ေႁမြေတြကို လႈံေဆာ္ဖို႔ ပိုင္ေရွာင္ခ်န္းကို ခိုင္းရမွာပဲ။ အဲ့တာဆို အရာအရာရာတိုင္းက သူ႔အလိုလို ျပန္ေကာင္းသြားမွာပါ။ "

Continue Reading

You'll Also Like

1.3M 59K 28
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
311K 28.3K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
442K 84.3K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
124K 15.3K 113
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...