❄Ice Dynasty❄ (Completed)

By JaejoongHtike

79.2K 8.6K 703

A Story about Ice City. Taehyung x Jungkook Yoongi x Jimin Namjoon x Seokjin Hope x OC More

❄~1~❄
❄~3~❄
❄~4~❄
❄~5~❄
❄~6~❄
❄~7~❄
❄~8~❄
❄~9~❄
❄~10~❄
❄~11~❄
❄~12~❄
❄~13~❄
❄~14~❄
❄~15~❄
❄~16~❄
❄~17~❄
❄~18~❄
❄~19~❄ (FINAL)

❄~2~❄

4.1K 516 9
By JaejoongHtike

(Zawgyi)

ဒီေန႔ရဲ႕ရာသီဥတုကေတာ့ အရမ္းႀကီးမဆိုး႐ြားလွပါ..။ ကုန္းနိမ့္ပိုင္းျဖစ္သည္မို႔ အေအးဒဏ္ကလည္း ေလ်ာ့သည္ကိုး...။ ေနေရာင္ျခည္ေႏြးေႏြးရဲ႕ ျဖာက်မႈေအာက္မွာ မနက္အေစာပိုင္းကက်ထားတဲ့ ႏွင္းမႈန္တို႔က အရည္ေပ်ာ္စျပဳေနေလၿပီ....။ ပတ္ဝန္းက်င္အေနအထားက စိမ္းလန္းစိုေျပကာ မ်က္စိပဒႆျဖစ္လြန္းလွတယ္...။

ႏွင္းရည္စိုစြတ္ေနတဲ့ ကြင္းျပင္က်ယ္ေပၚမွာ ျမင္းကိုယ္စီကို ခပ္ျဖည္းျဖည္းစီးႏွင္လာတဲ့ ေယာက်ၤားပ်ိဳ၂ေယာက္...။ တနည္းအားျဖင့္ေရခဲၿမိဳ႕ေတာ္ရဲ႕ အရွင္သခင္ျဖစ္တဲ့ မင္းႀကီးနမ္ဂြၽန္းနဲ႔ သူ႔ရဲ႕စစ္သူႀကီးဟိုေဆာ့...။

"အမဲလိုက္မထြက္ရတာေတာင္ ႏွစ္တစ္ဝက္ေလာက္ရွိၿပီ.. တိုင္းေရးျပည္ရာအလုပ္ေတြက သိပ္ရႈပ္ေထြးသကိုး"

"မွန္ပါတယ္... မင္းႀကီးအေနနဲ႔ တစ္လမွာတစ္ခါေလာက္ေတာ့ စိတ္ေျပလက္ေပ်ာက္ အနားယူသင့္ပါတယ္"

စစ္သူႀကီးရဲ႕အေျပာေၾကာင့္ မင္းႀကီးက သူ႔ရဲ႕ပါးခ်ိဳင့္အႀကီးႀကီးေတြ ေပၚလာတဲ့အထိ ၿပဳံးလိုက္ေလတယ္...။ ခပ္ေႏြးေႏြးျဖာက်ေနတဲ့ ေနေရာင္ေအာက္မွာ ထိုေယာက္်ားရဲ႕ ေခ်ာေမာေျပျပစ္မႈက ျပစ္မ်ိဳးမွဲ႔မထင္ရွိလွတယ္...။ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ၾကီးေလးတဲ့တာဝန္ကိုယူထားရတာေၾကာင့္ တည္ၾကည္ရင့္က်က္မႈေတြနဲ႔လည္း ျပည့္လို႔ေပါ့...။

"မင္းလည္း သိသင့္သေလာက္သိတာပဲ.. နန္းတြင္းေအေရးအခင္းေတြက ၿငိမ္သက္မႈမွမရွိတာ... ငါကိုယ္ေတာ္ ဘယ္လိုစိတ္ေအးႏိုင္မွာလဲ"

"မင္းႀကီး သံသယရွိေနသူကိုကြပ္မ်က္ရင္ေရာ"

စစ္သူႀကီးရဲ႕ စကားပင္မဆုံးေသး မင္းႀကီးက လက္ကာျပလိုက္တယ္...။

"စစ္သူႀကီးက တယ္လဲေဒါသႀကီးတာကိုး.. ငါကိုယ္ေတာ္အဲလိုလုပ္လိုက္ရင္ ျပည္သူျပည္သားေတြက တရားမရွိတဲ့သူလို႔ထင္ကုန္မွာေပါ့... ငါတို႔မွာ သက္ေသအေထာက္အထား အခိုင္အလုံမွမရွိဘဲ"

"ကြၽန္ေတာ္မ်ိဳးမွားယြင္းမိပါတယ္အရွင္"

ဟိုေဆာ့ သူ႔ရဲ႕စိတ္ေလာမႈအတြက္ ပ်ာပ်ာသလဲ ေတာင္းပန္လိုက္တယ္...။ မင္းႀကီးအတြက္ စိုးရိမ္လို႔ေျပာတာျဖစ္ေပမယ့္ သူ႔ေစတနာက ေဝဒနာျဖစ္သြားပုံပါ...။ ေတာ္ေသးတာက စိတ္သေဘာထားျပည့္ဝတဲ့မင္းႀကီးက သူ႔အမွားကိုေဗြမယူေပ...။

"ထားပါေတာ့ေလ.. ေရာက္တုန္းေရာက္ခိုက္ တျခားဘာမွေတြးမေနေတာ့ဘဲ အမဲလိုက္ၾကတာေပါ့... ငါကိုယ္ေတာ္နဲ႔ မင္းနဲ႔ ဘယ္သူကအရင္ သားေကာင္ရမလဲ ၿပိဳင္ၾကည့္ၾကမလား"

"ေကာင္းတာေပါ့အရွင္ ကြၽန္ေတာ္မ်ိဳးဘက္ကလည္း အေလ်ာ့မေပးေတာ့ဘူးေနာ္"

ဓားေရးယွဥ္ၿပိဳင္ရင္ျဖစ္ျဖစ္ အမဲလိုက္ရင္ျဖစ္ျဖစ္ ဟိုေဆာ့က မင္းႀကီးအတြက္ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ပါ...။ ဘုရင္မင္းျမတ္မို႔ အေလ်ာ့ေပးလိုက္မယ္ဆိုတာမ်ိဳး ေတြးမေနဘဲ သူ႔အရည္အခ်င္းအကုန္ ထုတ္ျပတတ္တာမို႔လဲ မင္းႀကီးအေနနဲ႔ ယံုၾကည္စိတ္ခ်စြာျဖင့္ ဘယ္သြားသြားသူ႔ကိုသာ ေခၚသြားတတ္တယ္...။

အခုလည္း စီးလာၾကတဲ့ျမင္းေတြကို ညာသံေပးရင္း အၿပိဳင္အဆိုင္ပင္ စတင္အမဲလိုက္ၾကတယ္။ ျမက္ခင္းေတြကိုစားေနၾကတဲ့ ေခ်အုပ္ဆီသို႔ သူတို႔ဦးတည္သြားမိေတာ့ ထိတ္လန႔္တၾကားထေျပးသြားၾကတယ္...။ ဝ႐ုန္းသုန္းကားေျပးကုန္တဲ့ ေခ်ငယ္မ်ားရဲ႕အေနာက္သို႔ လိုက္ရင္းနဲ႔ လူခ်င္းကဲြသြားေပမယ့္လည္း စုရပ္ကိုေျပာၿပီးသားမို႔ စိုးရိမ္မေနၾကပါ...။ ဒီေတာဒီေတာင္မွာ သူတို႔၂ေယာက္အတူတူ အမဲလိုက္ျဖစ္ၾကတာက ၁ေခါက္၂ေခါက္မွ မကေတာ့တာ...။

မင္းႀကီးကေတာ့ သိပ္မၾကာခင္မွာပင္ ေရွ႕ကေန ခုန္ေပါက္ေျပးေနတဲ့ ေခ်ငယ္ဆီသို႔ ျမႇားတစ္စင္း ပစ္ခြင္းလိုက္ႏိုင္တဲ့အတြက္ ေခ်ငယ္လည္း တခုန္ႏွခုန္ေလာက္ အားတင္းေျပးၿပီးမွ ပုံလ်က္သားလဲက်သြားေတာ့တယ္...။ ျမင္းကိုဇက္ႀကိဳးသပ္ကာ ခုန္ဆင္းလိုက္ၿပီးေနာက္ မင္းႀကီးလည္း ေခ်ငယ္ဆီသို႔ တလွမ္းခ်င္းတိုးကာသြားလိုက္တယ္...။

ျမက္ပင္ရွည္ေတြၾကားမွာမို႔ သူေျခတစ္လွမ္းလွမ္းလိုက္တိုင္း ဝတ္႐ံုရွည္နဲ႔ျမက္ပင္တို႔ရဲ႕ ပြတ္တိုက္သံက တရွပ္ရွပ္ျမည္ေနခဲ့တယ္...။ ထိုအသံေတြၾကားကေန နားထဲၾကားလိုက္တဲ့ တစ္စုံတစ္ခုက ေလကိုပစ္ခြင္းဝင္လာသံေၾကာင့္ သူအလ်င္အျမန္ ကိုယ္ကိုေ႐ြ႕လိုက္ေပမယ့္လည္း အသြားထက္တဲ့ျမႇားဦးက သူ႔လက္ျပင္ကို ေဖာက္ထြက္သြားခဲ့တယ္...။

"အာ့...!!!"

နာက်င္မႈေၾကာင့္ ေအာ္သံသဲ့သဲထြက္သြားခဲ့ေပမယ့္ အသိစိတ္မလြတ္ေစဘဲ ခ်က္ခ်င္းပင္ေနာက္သို႔လွည့္ကာ ခုနကအသံလာရာဆီသို႔ ျမႇားတစ္စင္းကိုပစ္ခြင္းလိုက္တယ္...။ သစ္ပင္အကြယ္မွာရပ္ေနတဲ့ ဝတ္႐ုံနက္နဲ႔လူက ျမႇားတန္းလန္းနဲ႔ပင္ ေနရာမွာတင္ ဒူးေထာက္က်သြားခဲ့တယ္...။

ေခ်ငယ္ကိုျမႇားနဲ႔ ပစ္မိတဲ့အတြက္ ကိုယ္လည္းခ်က္ခ်င္းပင္ဝဋ္လည္ေၾကာင္း ေတြးလိုက္မိတဲ့ေနာက္ သူ႔ႏႈတ္ခမ္းေတြၿပံဳးသြားခဲ့ေသးတယ္...။ ထို႔ေနာက္မွာေတာ့ တစတစတက္လာတဲ့ ျမႇားဆိပ္ေၾကာင့္ သူလည္း ေနရာမွာတင္ တအိအိၿပိဳလဲက်သြားေတာ့တယ္...။ အသိစိတ္မေပ်ာက္ေသးခင္မွာ နားထဲမွာေတာ့ ျမင္းခြာသံသဲ့သဲ့ၾကားလိုက္ရသလိုပင္...။

သူသတိရလာေတာ့ ခပ္ေႏြးေႏြးအိပ္ယာတစ္ခုေပၚ ေရာက္ေနေလၿပီ...။ ဒဏ္ရာရထားတဲ့လက္ျပင္ကို လက္နဲ႔စမ္းၾကည့္ေတာ့ စည္းေႏွာင္ထားတဲ့ အဝတ္ျဖဴျဖဴေတြကို စမ္းမိသြားတယ္။ ရင္ႏွီးေနတဲ့အေငြ႕အသက္ေတြေၾကာင့္ သူေရာက္ေနတဲ့ေနရာကို ခန႔္မွန္းမိသြားတယ္...။

ေရခဲၿမိဳ႕ေတာ္မွာရွိတဲ့ အေႏြးေထြးဆုံးေနရာကိုျပပါဆို ဒီေနရာကိုျပရေပလိမ့္မယ္။ အိမ္အလယ္မွာရွိတဲ့ ႀကီးမားတဲ့မီးလင္းဖိုႀကီးေၾကာင့္ အိမ္တစ္ခုလုံးဟာ ေႏြးေထြးလို႔ ေနခဲ့တယ္...။ အိမ္ထဲမွာပ်ံ႕လြင့္ေနတဲ့ သင္းပ်ံ႕တဲ့ပန္းရနံ႔တခ်ိဳ႕ေၾကာင့္လည္း နာက်င္ကိုက္ခဲျခင္းကို တစ္ဝက္ေလာက္သက္သာေစတယ္...။

"မင္းႀကီးသတိရလာၿပီလား.....??"

သူလွဲေလ်ာင္းေနတဲ့အိပ္ယာေဘးမွာ လာထိုင္ေလတဲ့ ေခ်ာေမာလြန္းတဲ့ေယာက္်ားတစ္ေယာက္...။ သူ႔ရဲ႕မ်က္ဝန္းလွလွေတြက အၾကင္နာတရားရဲ႕ အေငြ႕အသက္တို႔ ဖုံးလႊမ္းလို႔ေနေလတယ္...။

"ဒဏ္ရာက နာေနေသးလား...??"

သူၿပဳံးရင္း ျဖည္းညႇင္းစြာေခါင္းခါျပလိုက္တယ္..။ ထိုလူက သူ႔ရဲ႕လက္ေကာက္ဝတ္ကိုကိုင္ကာ ေသြးခုန္ႏႈန္းအေနအထားကိုလည္း စမ္းသပ္ၾကည့္ေနေသးတယ္...။

"ေတာ္ေသးတယ္ အရမ္းႀကီးထိမသြားလို႔... အေရွာင္ျမန္လိုက္လို႔ ျမႇားခ်က္က ႏွလုံးသားေနရာကေန ေခ်ာ္ထြက္ၿပီး လက္ျပင္ကိုထိသြားတယ္ထင္ပါရဲ႕"

ဘာကိုယ္ခံပညာမွ မတတ္ကြၽမ္းေသာ ေဆးဆရာတစ္ေယာက္ျဖစ္ေပမယ့္လည္း ဉာဏ္ေကာင္းလြန္းတာေၾကာင့္ တိုက္ပြဲမွာ သူကိုယ္တိုင္ေရာက္ေနသလို ခန႔္မွန္းႏိုင္စြမ္းရွိလွတယ္...။

"မင္းႀကီးခဏနားဦးေနာ္... ကြၽန္ေတာ္မ်ိဳးေဆးႀကိဳထားတာ သြားယူေပးပါ့မယ္"

ထြက္သြားေတာ့မယ့္သူရဲ႕ လက္တစ္ဖက္ကို မင္းႀကီးက ဖမ္းဆြဲလိုက္တာေၾကာင့္ သူျပန္လွည့္ၾကည့္လို႔လာတယ္...။ ႏႈတ္ဖ်ားကထုတ္မေမးေသာ္လည္း သူ႔မ်က္ဝန္းအၾကည့္ေတြကေန သူေမးခ်င္ေနတာေတြကို ျမင္ေနရသည္အထိ သူနဲ႔ကိုယ္က စိတ္ခ်င္းနီးစပ္ေနခဲ့တယ္...။

"ငါဒဏ္ရာရတာ ဘယ္သူမွသိလို႔မျဖစ္ဘူးေနာ္ ေဆာ့ဂ်င္"

"စိတ္ခ်ပါ.. အဲဒါေၾကာင့္လည္း မင္းႀကီးကို အေကာင္းဆုံးေဆးဝါးေတြနဲ႔ ကုသေပးေနတာေပါ့... ဒီတစ္ေန႔ေတာ့ အျပည့္အဝအနားယူလိုက္ပါ... မနက္ျဖန္ဆို မင္းႀကီးရဲ႕ဒဏ္ရာက အေတာ္ေလးသက္သာသြားပါလိမ့္မယ္"

မင္းႀကီးလည္းေခါင္းညိတ္ျပလိုက္ၿပီး ဆြဲကိုင္ထားတဲ့ သူ႔ရဲ႕လက္ကို ျပန္လႊတ္ေပးလိုက္တယ္...။ ေဆာ့ဂ်င္လည္း ေဆးႀကိဳၿပီးသားကို ျပန္ေႏႊးလိုက္ၿပီး ပန္းကန္လုံးထဲထည့္ကာ မင္းႀကီးအတြက္ယူလာခဲ့လိုက္တယ္...။ ေဆးေသာက္ၿပီးလို႔ မင္းႀကီးျပန္အိပ္ေပ်ာ္သြားခ်ိန္မွ အိမ္ထဲသို႔ဝင္လာတဲ့ စစ္သူႀကီးဟိုေဆာ့...။

"မင္းႀကီးသတိရၿပီလား...??"

"အင္း.. ေဆးေသာက္ၿပီးျပန္အိပ္သြားတယ္... မင္းစုံစမ္းႏိုင္ခဲ့ရဲ႕လား"

သူ႔အေမးေၾကာင့္ဟိုေဆာ့က စိတ္ပ်က္လက္ပ်က္ပုံစံနဲ႔ ခုံမွာဝင္ထိုင္လိုက္တယ္...။ ထိုအခါသူကပဲ အလိုက္တသိနဲ႔ ေရေႏြးၾကမ္းတစ္ခြက္ ငွဲ႔ေပးလိုက္တယ္...။ ေရေႏြးကိုအပူအတိုင္းကိုပဲ နည္းနည္းေလးပဲမႈတ္ကာ ဟိုေဆာ့ေမာ့ေသာက္လိုက္ၿပီးမွ စကားျပန္စလာတယ္...။

"အရင္လူေတြပဲ... သူတို႔ကမင္းႀကီးကို လုပ္ႀကံခ်င္ေနၾကတာ... မ်ဳိးဆက္မက်န္ခဲ့ဖို႔ မင္းႀကီးရဲ႕ မိဖုရားေတြကိုလည္း သူတို႔ပဲသတ္ပစ္တာ... ခက္တာကသူတို႔ကို အရွင္ဖမ္းမရတာပဲ... ဖမ္းမိရင္လဲသူတို႔ကိုယ္သူတို႔ လွ်ာကိုက္ၿပီးသတ္ေသသြားၾကတယ္... သူတို႔ကိုခိုင္းေစတဲ့သူက ဘယ္သူလဲဆိုတာ စုံစမ္းလို႔ကိုမရဘူး"

ဟိုေဆာ့ရဲ႕စကားေၾကာင့္ ေဆာ့ဂ်င္ပါ သက္ျပင္းခ်မိတယ္...။ ေနာက္ကြယ္ကလူကို ေဖာ္ထုတ္လို႔မရမခ်င္း မင္းႀကီးမွာအႏၲရာယ္ရွိေနသည္...။ သူတို႔က မင္းႀကီးရဲ႕ မ်ိဳးဆက္မက်န္ခဲ့ေစရန္ မိဖုရားကိုေတာင္ သတ္ပစ္တဲ့အထိ အတင့္ရဲၾကသည္ပဲ..။

"ငါတို႔အေနနဲ႔ အခုလုပ္ႏိုင္တာက မင္းႀကီးရဲ႕ေဘးမွာ လုံၿခဳံေရးထပ္တိုးျမႇင့္ဖို႔ပဲ... မ်က္စိတစ္ခ်က္လွစ္လိုက္တာနဲ႔ မင္းႀကီးမွာအႏၲရာယ္ရွိေနၿပီ"

ေဆာ့ဂ်င္လည္းေခါင္းညိတ္ျပလိုက္ရင္း သူ႔ဘက္ကေနေရာ ဘာကူညီေပးႏိုင္မလဲဆိုတာ အေျပးအလႊား စဥ္းစားေနလိုက္တယ္...။ ေလာေလာဆယ္မွာေတာ့ သူ႔အေနနဲ႔လုပ္ေပးႏိုင္တာက ဒဏ္ရာရေနတဲ့မင္းၾကီးကို ျပဳစုေစာင့္ေရွာက္ေပးဖို႔သာ...။

~•~•~•~•~•~•~•~•~

"ဒီေန႔အတြက္ မင္းတို႔ရဲ႕ ပထမဆုံးစစ္ဆင္ေရးက ေရွ႕မွာရွိေနတဲ့ အခက္အခဲအတားအဆီးေတြကို အကုန္ျဖတ္ေက်ာ္ၿပီး မဂၤလာေရကန္ထဲကၾကာပန္းကိုခူးၿပီး ဒီကိုျပန္လာခဲ့ရမယ္... အခ်ိန္ၾကာျမင့္ခ်ိန္ေပၚ မူတည္ၿပီး မင္းတို႔ရဲ႕အမွတ္ေတြကို သတ္မွတ္မယ္"

"ေကာင္းပါၿပီဆရာႀကီး"

ဂ်ံဳးကုအပါအဝင္လက္ေ႐ြးစင္ ေ႐ြးခ်ယ္ခံထားရတဲ့ လူငယ္၁၀ေယာက္...။ စီတန္းရပ္ေနၾကရင္း ေရွ႕မွာျမင္ေနရတဲ့ အခက္အခဲေတြကိုၾကည့္ကာ အားတင္းတဲ့အေနနဲ႔ လက္သီးကိုတင္းတင္းဆုပ္ထားလိုက္တယ္...။ ခ်မ္းေအးလွတဲ့ရာသီဥတုေပမယ့္ သူတို႔ကိုယ္ေပၚမွာေတာ့ သာမန္ဖ်င္ထည္အဝတ္အစားကိုသာ ဝတ္ဆင္ထားရတယ္...။ ကိစၥေတာ့မရွိ ခဏေနရင္ ေျပးရလႊားရနဲ႔ ေခြၽးထြက္သြားမွာေလ...။

"ကဲ..စမယ္... တစ္.. ႏွစ္..သုံး..!!"

ေခါင္းေဆာင္ရဲ႕ ေရတြက္သံအဆုံးမွာ သူတို႔အားလုံး စမွတ္ကေန သူ႔ထက္ငါဦးေအာင္ ေျပးထြက္သြားၾကတယ္...။ ပထမဆုံးအခက္အခဲက ႐ြံ႕ႏြံေတာႀကီး...။ သူ႔အေပၚမွာေတာ့ ကာတန္းထားတဲ့ သံတိုင္ေတြရွိေနတယ္...။ သံတန္းေတြကိုေျပာင္းျပန္ဖက္တြယ္ကာ ႐ြံ႕ႏြံေတာႀကီးကို ျဖတ္ေက်ာ္သြားရမွာျဖစ္တယ္...။

လြယ္မယ္ထင္ရေပမယ့္ တကယ္တမ္းလုပ္ၾကည့္ေတာ့မွ ခက္ခဲရတဲ့အေၾကာင္းရင္းက သံတန္းေတြမွာသုတ္လိမ္းထားတဲ့ အမဲဆီေတြေၾကာင့္ပင္...။ လက္မခိုင္ဘဲျပဳတ္က်သြားေလတိုင္း အစကေနျပန္တြယ္တက္ရသည္မို႔ အခ်ိန္လင့္လွတယ္...။ ေဘးမွာလည္း ေစာင့္ၾကပ္ေနသူေတြ ရွိေနတာေၾကာင့္ မမွန္မကန္လုပ္လို႔မရပါ...။

ဂ်ံဳးကုကိုယ္တိုင္လည္း ႏွစ္ေခါက္ျပဳတ္က်ၿပီးမွ တစ္ဖက္သို႔ ေအာင္ျမင္စြာ ေျခခ်ႏိုင္ခဲ့တယ္...။ လူကစုတ္ျပတ္ေနေပမယ့္ ညည္းညဴမေနႏိုင္အား...။ ေရွ႕ကျဖတ္ေက်ာ္သြားတဲ့ၿပိဳင္ဘက္ေတြကို အမွီလိုက္ရဦးမယ္...။ ဒီတစ္ခါေတာ့ကာဆီးထားတဲ့နံရံႀကီးကို အကူမပါဘဲ လက္နဲ႔သာတြယ္တက္ျခင္း...။ လက္ထိပ္ေတြဆိုတာ ေပါက္ၿပဲၿပီးနာက်င္တဲ့အထိ ႀကိဳးစားၿပီးမွသာ တဖက္ျခမ္းသို႔ေျခခ်ႏိုင္ခဲ့တယ္...။

ေမာေနၿပီမို႔ နားဖို႔မစဥ္းစားႏိုင္...။ ေနာက္ထပ္ေစာင့္ႀကိဳေနတာက ေျမေပၚခပ္နိမ့္နိမ့္မွာ စိုက္ထူထားတဲ့တိုင္တန္းမ်ား ...။ သူတို႔က ထိုတန္းေတြေအာက္ကေန တြားသြားၿပီးသြားရမွာျဖစ္တယ္...။ တန္းေတြမွာပတ္ခ်ည္ထားတဲ့ သံဆူးႀကိဳးမ်ားက တြားသြားေနတဲ့သူေတြရဲ႕ အသားကိုထိထိမိမိႀကီး ဆြဲျခစ္ပစ္တယ္...။

"အား... ကြၽန္ေတာ္မရေတာ့ဘူး"

ခႏၶာကိုယ္ႀကီးထြားတဲ့ လက္ေ႐ြးစင္တစ္ေယာက္ကေတာ့ အသားထဲေဖာက္ဝင္တဲ့ သံဆူးႀကိဳးေတြရဲ႕ဒဏ္ကို မခံႏိုင္ေတာ့တာေၾကာင့္ ေစာေစာစီးစီးလက္ေလွ်ာ့သြားေလၿပီ...။ ဂ်ံဳးကုရဲ႕ ခႏၶာကိုယ္ကေတာ့ က်စ္လစ္တဲ့အထဲပါသည္မို႔ တိုးဝင္ရတာအဆင္ေျပတယ္လို႔ ထင္ရပါေသာ္လည္း အျမန္သြားရေသာအခါ ဆူးေတြကျခစ္မိတာပါပဲ...။

နာက်င္မႈကိုက်ိတ္မွိတ္ခံရင္း အခက္အခဲေတြကို တစ္ခုၿပီးတစ္ခု ျဖတ္ေက်ာ္ေနရတယ္...။ ၆ခုေျမာက္အခက္အခဲကို ေက်ာ္ျဖတ္ၿပီးတဲ့ေနာက္ ဂ်ံဳးကုအရမ္းေမာပန္းလို႔ေနေလၿပီ။ ေရွ႕မွာေနာက္ဆုံးအခက္အခဲျဖစ္တဲ့ ၾကာကန္ႀကီးကဆီးႀကိဳေနတယ္...။ သူေရကူးဖို႔ေတာင္ အားရွိပါေတာ့မလားမသိ...။

"ဗြမ္း..!!!!"

ကိုယ္ကအေရွ႕ဆုံးေရာက္ေနၿပီလို႔ ထင္ထားမိေပမယ့္ ကိုယ့္ေနာက္မွလူက ေရထဲဦးေအာင္ဆင္းသြားေတာ့ ဂ်ံဳးကုလည္းရွိသမွ်အားေတြကိုစုစည္းကာ ေရထဲခုန္ခ်ရေတာ့တယ္...။ သူၾကာပန္းကိုလွမ္းခ်ိဳးေနတုန္းမွာပင္ ခုနကၿပိဳင္ဘက္က ၾကာပန္းခူးကာ ကုန္းေပၚေတာင္ျပန္တက္သြားေလၿပီ...။ ဒီလိုနဲ႔ပင္ ဂ်ံဳးကုက ဒုတိယေနရာကေနသာ ဗိုလ္စြဲသြားရေတာ့တယ္။

"ပထမဆုံးစစ္ဆင္ေရးမွာ က်႐ံႈးတဲ့သူ၃ေယာက္ရွိတယ္... သူတို႔ကိုေတာ့ အခုကတည္းက အဖြဲ႕ကေနထုတ္ပယ္မွာျဖစ္ၿပီး က်န္တဲ့၇ေယာက္ကေတာ့ ဒုတိယအဆင့္ကို တက္လွမ္းႏိုင္မွာျဖစ္တယ္"

ေရေတြစိုေနတာေၾကာင့္ ေလတိုက္လိုက္တိုင္း ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနေသာ္လည္း သူတို႔အားလုံးမလႈပ္မယွက္သာ ရပ္ေနၾကရတယ္...။

"ပထမရရွိသူကေတာ့ ဆြန္းေယာင္းပါ... သူကမဆုတ္မနစ္တဲ့ ဇြဲလုံ႔လနဲ႔ အႀကိမ္ႀကိမ္ၿပိဳလဲသြားလည္း လက္မေလွ်ာ့တတ္ဘူး... ဒုတိယက ဂ်ံဳးကု... သူကအမွန္ဆို ပထမေနရာမွာေရာက္ရမွာကို ေနာက္ဆုံးအဆင့္မွာ ခဏနားလိုက္လို႔ အခ်ိန္ပိုၾကာသြားတာပါ"

ဂ်ံဳးကုလည္း သူ႔အမွားကိုသူ သတိျပဳမိပါတယ္...။ ပန္းတိုင္ကိုမေရာက္ေသးခင္ လုပ္ႏိုင္ပါ့မလားဆိုတဲ့ ေတြေဝတဲ့စိတ္က သူ႔ကိုဒုတိယေနရာကိုသာရဖို႔ အေၾကာင္းဖန္လာေလတယ္...။

"ေနာက္စစ္ဆင္ေရးကို ၃ရက္ေျမာက္ေန႔မွလုပ္မွာမို႔ မင္းတို႔၇ေယာက္ နားႏွင့္ၾကဦးေပါ့... မင္းတို႔အားလုံးမေမ့ဖို႔က ေနာက္ဆုံးအဆင့္မွာေ႐ြးခ်ယ္မယ့္သူက တစ္ေယာက္တည္းဆိုတာပဲ"

"ေကာင္းပါၿပီဆရာႀကီး"

သူတို႔ အားလုံး နားေနေဆာင္သို႔ ျပန္လာခ်ိန္မွာ လူတိုင္းဟာ အေတြးကိုယ္စီနဲ႔ ၿငိမ္သက္ေနၾကတယ္...။ အထူးသျဖင့္ ဂ်ံဳးကုေပါ့...။ ဒီေန႔စစ္ဆင္ေရးမွာ သူ႔အတြက္ သင္ခန္းစာေကာင္းေကာင္း ရသြားခဲ့ၿပီပဲ...။

To Be Continued.....

(Unicode)

ဒီနေ့ရဲ့ရာသီဥတုကတော့ အရမ်းကြီးမဆိုးရွားလှပါ..။ ကုန်းနိမ့်ပိုင်းဖြစ်သည်မို့ အအေးဒဏ်ကလည်း လျော့သည်ကိုး...။ နေရောင်ခြည်နွေးနွေးရဲ့ ဖြာကျမှုအောက်မှာ မနက်အစောပိုင်းကကျထားတဲ့ နှင်းမှုန်တို့က အရည်ပျော်စပြုနေလေပြီ....။ ပတ်ဝန်းကျင်အနေအထားက စိမ်းလန်းစိုပြေကာ မျက်စိပဒဿဖြစ်လွန်းလှတယ်...။

နှင်းရည်စိုစွတ်နေတဲ့ ကွင်းပြင်ကျယ်ပေါ်မှာ မြင်းကိုယ်စီကို ခပ်ဖြည်းဖြည်းစီးနှင်လာတဲ့ ယောင်္ကျားပျို၂ယောက်...။ တနည်းအားဖြင့်ရေခဲမြို့တော်ရဲ့ အရှင်သခင်ဖြစ်တဲ့ မင်းကြီးနမ်ဂျွန်းနဲ့ သူ့ရဲ့စစ်သူကြီးဟိုဆော့...။

"အမဲလိုက်မထွက်ရတာတောင် နှစ်တစ်ဝက်လောက်ရှိပြီ.. တိုင်းရေးပြည်ရာအလုပ်တွေက သိပ်ရှုပ်ထွေးသကိုး"

"မှန်ပါတယ်... မင်းကြီးအနေနဲ့ တစ်လမှာတစ်ခါလောက်တော့ စိတ်ပြေလက်ပျောက် အနားယူသင့်ပါတယ်"

စစ်သူကြီးရဲ့အပြောကြောင့် မင်းကြီးက သူ့ရဲ့ပါးချိုင့်အကြီးကြီးတွေ ပေါ်လာတဲ့အထိ ပြုံးလိုက်လေတယ်...။ ခပ်နွေးနွေးဖြာကျနေတဲ့ နေရောင်အောက်မှာ ထိုယောက်ျားရဲ့ ချောမောပြေပြစ်မှုက ပြစ်မျိုးမှဲ့မထင်ရှိလှတယ်...။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးလေးတဲ့တာဝန်ကိုယူထားရတာကြောင့် တည်ကြည်ရင့်ကျက်မှုတွေနဲ့လည်း ပြည့်လို့ပေါ့...။

"မင်းလည်း သိသင့်သလောက်သိတာပဲ.. နန်းတွင်းအေရေးအခင်းတွေက ငြိမ်သက်မှုမှမရှိတာ... ငါကိုယ်တော် ဘယ်လိုစိတ်အေးနိုင်မှာလဲ"

"မင်းကြီး သံသယရှိနေသူကိုကွပ်မျက်ရင်ရော"

စစ်သူကြီးရဲ့ စကားပင်မဆုံးသေး မင်းကြီးက လက်ကာပြလိုက်တယ်...။

"စစ်သူကြီးက တယ်လဲဒေါသကြီးတာကိုး.. ငါကိုယ်တော်အဲလိုလုပ်လိုက်ရင် ပြည်သူပြည်သားတွေက တရားမရှိတဲ့သူလို့ထင်ကုန်မှာပေါ့... ငါတို့မှာ သက်သေအထောက်အထား အခိုင်အလုံမှမရှိဘဲ"

"ကျွန်တော်မျိုးမှားယွင်းမိပါတယ်အရှင်"

ဟိုဆော့ သူ့ရဲ့စိတ်လောမှုအတွက် ပျာပျာသလဲ တောင်းပန်လိုက်တယ်...။ မင်းကြီးအတွက် စိုးရိမ်လို့ပြောတာဖြစ်ပေမယ့် သူ့စေတနာက ဝေဒနာဖြစ်သွားပုံပါ...။ တော်သေးတာက စိတ်သဘောထားပြည့်ဝတဲ့မင်းကြီးက သူ့အမှားကိုဗွေမယူပေ...။

"ထားပါတော့လေ.. ရောက်တုန်းရောက်ခိုက် တခြားဘာမှတွေးမနေတော့ဘဲ အမဲလိုက်ကြတာပေါ့... ငါကိုယ်တော်နဲ့ မင်းနဲ့ ဘယ်သူကအရင် သားကောင်ရမလဲ ပြိုင်ကြည့်ကြမလား"

"ကောင်းတာပေါ့အရှင် ကျွန်တော်မျိုးဘက်ကလည်း အလျော့မပေးတော့ဘူးနော်"

ဓားရေးယှဉ်ပြိုင်ရင်ဖြစ်ဖြစ် အမဲလိုက်ရင်ဖြစ်ဖြစ် ဟိုဆော့က မင်းကြီးအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ပါ...။ ဘုရင်မင်းမြတ်မို့ အလျော့ပေးလိုက်မယ်ဆိုတာမျိုး တွေးမနေဘဲ သူ့အရည်အချင်းအကုန် ထုတ်ပြတတ်တာမို့လဲ မင်းကြီးအနေနဲ့ ယုံကြည်စိတ်ချစွာဖြင့် ဘယ်သွားသွားသူ့ကိုသာ ခေါ်သွားတတ်တယ်...။

အခုလည်း စီးလာကြတဲ့မြင်းတွေကို ညာသံပေးရင်း အပြိုင်အဆိုင်ပင် စတင်အမဲလိုက်ကြတယ်။ မြက်ခင်းတွေကိုစားနေကြတဲ့ ချေအုပ်ဆီသို့ သူတို့ဦးတည်သွားမိတော့ ထိတ်လန့်တကြားထပြေးသွားကြတယ်...။ ဝရုန်းသုန်းကားပြေးကုန်တဲ့ ချေငယ်များရဲ့အနောက်သို့ လိုက်ရင်းနဲ့ လူချင်းကွဲသွားပေမယ့်လည်း စုရပ်ကိုပြောပြီးသားမို့ စိုးရိမ်မနေကြပါ...။ ဒီတောဒီတောင်မှာ သူတို့၂ယောက်အတူတူ အမဲလိုက်ဖြစ်ကြတာက ၁ခေါက်၂ခေါက်မှ မကတော့တာ...။

မင်းကြီးကတော့ သိပ်မကြာခင်မှာပင် ရှေ့ကနေ ခုန်ပေါက်ပြေးနေတဲ့ ချေငယ်ဆီသို့ မြှားတစ်စင်း ပစ်ခွင်းလိုက်နိုင်တဲ့အတွက် ချေငယ်လည်း တခုန်နှခုန်လောက် အားတင်းပြေးပြီးမှ ပုံလျက်သားလဲကျသွားတော့တယ်...။ မြင်းကိုဇက်ကြိုးသပ်ကာ ခုန်ဆင်းလိုက်ပြီးနောက် မင်းကြီးလည်း ချေငယ်ဆီသို့ တလှမ်းချင်းတိုးကာသွားလိုက်တယ်...။

မြက်ပင်ရှည်တွေကြားမှာမို့ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဝတ်ရုံရှည်နဲ့မြက်ပင်တို့ရဲ့ ပွတ်တိုက်သံက တရှပ်ရှပ်မြည်နေခဲ့တယ်...။ ထိုအသံတွေကြားကနေ နားထဲကြားလိုက်တဲ့ တစ်စုံတစ်ခုက လေကိုပစ်ခွင်းဝင်လာသံကြောင့် သူအလျင်အမြန် ကိုယ်ကိုရွေ့လိုက်ပေမယ့်လည်း အသွားထက်တဲ့မြှားဦးက သူ့လက်ပြင်ကို ဖောက်ထွက်သွားခဲ့တယ်...။

"အာ့...!!!"

နာကျင်မှုကြောင့် အော်သံသဲ့သဲထွက်သွားခဲ့ပေမယ့် အသိစိတ်မလွတ်စေဘဲ ချက်ချင်းပင်နောက်သို့လှည့်ကာ ခုနကအသံလာရာဆီသို့ မြှားတစ်စင်းကိုပစ်ခွင်းလိုက်တယ်...။ သစ်ပင်အကွယ်မှာရပ်နေတဲ့ ဝတ်ရုံနက်နဲ့လူက မြှားတန်းလန်းနဲ့ပင် နေရာမှာတင် ဒူးထောက်ကျသွားခဲ့တယ်...။

ချေငယ်ကိုမြှားနဲ့ ပစ်မိတဲ့အတွက် ကိုယ်လည်းချက်ချင်းပင်ဝဋ်လည်ကြောင်း တွေးလိုက်မိတဲ့နောက် သူ့နှုတ်ခမ်းတွေပြုံးသွားခဲ့သေးတယ်...။ ထို့နောက်မှာတော့ တစတစတက်လာတဲ့ မြှားဆိပ်ကြောင့် သူလည်း နေရာမှာတင် တအိအိပြိုလဲကျသွားတော့တယ်...။ အသိစိတ်မပျောက်သေးခင်မှာ နားထဲမှာတော့ မြင်းခွာသံသဲ့သဲ့ကြားလိုက်ရသလိုပင်...။

သူသတိရလာတော့ ခပ်နွေးနွေးအိပ်ယာတစ်ခုပေါ် ရောက်နေလေပြီ...။ ဒဏ်ရာရထားတဲ့လက်ပြင်ကို လက်နဲ့စမ်းကြည့်တော့ စည်းနှောင်ထားတဲ့ အဝတ်ဖြူဖြူတွေကို စမ်းမိသွားတယ်။ ရင်နှီးနေတဲ့အငွေ့အသက်တွေကြောင့် သူရောက်နေတဲ့နေရာကို ခန့်မှန်းမိသွားတယ်...။

ရေခဲမြို့တော်မှာရှိတဲ့ အနွေးထွေးဆုံးနေရာကိုပြပါဆို ဒီနေရာကိုပြရပေလိမ့်မယ်။ အိမ်အလယ်မှာရှိတဲ့ ကြီးမားတဲ့မီးလင်းဖိုကြီးကြောင့် အိမ်တစ်ခုလုံးဟာ နွေးထွေးလို့ နေခဲ့တယ်...။ အိမ်ထဲမှာပျံ့လွင့်နေတဲ့ သင်းပျံ့တဲ့ပန်းရနံ့တချို့ကြောင့်လည်း နာကျင်ကိုက်ခဲခြင်းကို တစ်ဝက်လောက်သက်သာစေတယ်...။

"မင်းကြီးသတိရလာပြီလား.....??"

သူလှဲလျောင်းနေတဲ့အိပ်ယာဘေးမှာ လာထိုင်လေတဲ့ ချောမောလွန်းတဲ့ယောက်ျားတစ်ယောက်...။ သူ့ရဲ့မျက်ဝန်းလှလှတွေက အကြင်နာတရားရဲ့ အငွေ့အသက်တို့ ဖုံးလွှမ်းလို့နေလေတယ်...။

"ဒဏ်ရာက နာနေသေးလား...??"

သူပြုံးရင်း ဖြည်းညှင်းစွာခေါင်းခါပြလိုက်တယ်..။ ထိုလူက သူ့ရဲ့လက်ကောက်ဝတ်ကိုကိုင်ကာ သွေးခုန်နှုန်းအနေအထားကိုလည်း စမ်းသပ်ကြည့်နေသေးတယ်...။

"တော်သေးတယ် အရမ်းကြီးထိမသွားလို့... အရှောင်မြန်လိုက်လို့ မြှားချက်က နှလုံးသားနေရာကနေ ချော်ထွက်ပြီး လက်ပြင်ကိုထိသွားတယ်ထင်ပါရဲ့"

ဘာကိုယ်ခံပညာမှ မတတ်ကျွမ်းသော ဆေးဆရာတစ်ယောက်ဖြစ်ပေမယ့်လည်း ဉာဏ်ကောင်းလွန်းတာကြောင့် တိုက်ပွဲမှာ သူကိုယ်တိုင်ရောက်နေသလို ခန့်မှန်းနိုင်စွမ်းရှိလှတယ်...။

"မင်းကြီးခဏနားဦးနော်... ကျွန်တော်မျိုးဆေးကြိုထားတာ သွားယူပေးပါ့မယ်"

ထွက်သွားတော့မယ့်သူရဲ့ လက်တစ်ဖက်ကို မင်းကြီးက ဖမ်းဆွဲလိုက်တာကြောင့် သူပြန်လှည့်ကြည့်လို့လာတယ်...။ နှုတ်ဖျားကထုတ်မမေးသော်လည်း သူ့မျက်ဝန်းအကြည့်တွေကနေ သူမေးချင်နေတာတွေကို မြင်နေရသည်အထိ သူနဲ့ကိုယ်က စိတ်ချင်းနီးစပ်နေခဲ့တယ်...။

"ငါဒဏ်ရာရတာ ဘယ်သူမှသိလို့မဖြစ်ဘူးနော် ဆော့ဂျင်"

"စိတ်ချပါ.. အဲဒါကြောင့်လည်း မင်းကြီးကို အကောင်းဆုံးဆေးဝါးတွေနဲ့ ကုသပေးနေတာပေါ့... ဒီတစ်နေ့တော့ အပြည့်အဝအနားယူလိုက်ပါ... မနက်ဖြန်ဆို မင်းကြီးရဲ့ဒဏ်ရာက အတော်လေးသက်သာသွားပါလိမ့်မယ်"

မင်းကြီးလည်းခေါင်းညိတ်ပြလိုက်ပြီး ဆွဲကိုင်ထားတဲ့ သူ့ရဲ့လက်ကို ပြန်လွှတ်ပေးလိုက်တယ်...။ ဆော့ဂျင်လည်း ဆေးကြိုပြီးသားကို ပြန်နွှေးလိုက်ပြီး ပန်းကန်လုံးထဲထည့်ကာ မင်းကြီးအတွက်ယူလာခဲ့လိုက်တယ်...။ ဆေးသောက်ပြီးလို့ မင်းကြီးပြန်အိပ်ပျော်သွားချိန်မှ အိမ်ထဲသို့ဝင်လာတဲ့ စစ်သူကြီးဟိုဆော့...။

"မင်းကြီးသတိရပြီလား...??"

"အင်း.. ဆေးသောက်ပြီးပြန်အိပ်သွားတယ်... မင်းစုံစမ်းနိုင်ခဲ့ရဲ့လား"

သူ့အမေးကြောင့်ဟိုဆော့က စိတ်ပျက်လက်ပျက်ပုံစံနဲ့ ခုံမှာဝင်ထိုင်လိုက်တယ်...။ ထိုအခါသူကပဲ အလိုက်တသိနဲ့ ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်တယ်...။ ရေနွေးကိုအပူအတိုင်းကိုပဲ နည်းနည်းလေးပဲမှုတ်ကာ ဟိုဆော့မော့သောက်လိုက်ပြီးမှ စကားပြန်စလာတယ်...။

"အရင်လူတွေပဲ... သူတို့ကမင်းကြီးကို လုပ်ကြံချင်နေကြတာ... မျိုးဆက်မကျန်ခဲ့ဖို့ မင်းကြီးရဲ့ မိဖုရားတွေကိုလည်း သူတို့ပဲသတ်ပစ်တာ... ခက်တာကသူတို့ကို အရှင်ဖမ်းမရတာပဲ... ဖမ်းမိရင်လဲသူတို့ကိုယ်သူတို့ လျှာကိုက်ပြီးသတ်သေသွားကြတယ်... သူတို့ကိုခိုင်းစေတဲ့သူက ဘယ်သူလဲဆိုတာ စုံစမ်းလို့ကိုမရဘူး"

ဟိုဆော့ရဲ့စကားကြောင့် ဆော့ဂျင်ပါ သက်ပြင်းချမိတယ်...။ နောက်ကွယ်ကလူကို ဖော်ထုတ်လို့မရမချင်း မင်းကြီးမှာအန္တရာယ်ရှိနေသည်...။ သူတို့က မင်းကြီးရဲ့ မျိုးဆက်မကျန်ခဲ့စေရန် မိဖုရားကိုတောင် သတ်ပစ်တဲ့အထိ အတင့်ရဲကြသည်ပဲ..။

"ငါတို့အနေနဲ့ အခုလုပ်နိုင်တာက မင်းကြီးရဲ့ဘေးမှာ လုံခြုံရေးထပ်တိုးမြှင့်ဖို့ပဲ... မျက်စိတစ်ချက်လှစ်လိုက်တာနဲ့ မင်းကြီးမှာအန္တရာယ်ရှိနေပြီ"

ဆော့ဂျင်လည်းခေါင်းညိတ်ပြလိုက်ရင်း သူ့ဘက်ကနေရော ဘာကူညီပေးနိုင်မလဲဆိုတာ အပြေးအလွှား စဉ်းစားနေလိုက်တယ်...။ လောလောဆယ်မှာတော့ သူ့အနေနဲ့လုပ်ပေးနိုင်တာက ဒဏ်ရာရနေတဲ့မင်းကြီးကို ပြုစုစောင့်ရှောက်ပေးဖို့သာ...။

~•~•~•~•~•~•~•~•~

"ဒီနေ့အတွက် မင်းတို့ရဲ့ ပထမဆုံးစစ်ဆင်ရေးက ရှေ့မှာရှိနေတဲ့ အခက်အခဲအတားအဆီးတွေကို အကုန်ဖြတ်ကျော်ပြီး မင်္ဂလာရေကန်ထဲကကြာပန်းကိုခူးပြီး ဒီကိုပြန်လာခဲ့ရမယ်... အချိန်ကြာမြင့်ချိန်ပေါ် မူတည်ပြီး မင်းတို့ရဲ့အမှတ်တွေကို သတ်မှတ်မယ်"

"ကောင်းပါပြီဆရာကြီး"

ဂျုံးကုအပါအဝင်လက်ရွေးစင် ရွေးချယ်ခံထားရတဲ့ လူငယ်၁၀ယောက်...။ စီတန်းရပ်နေကြရင်း ရှေ့မှာမြင်နေရတဲ့ အခက်အခဲတွေကိုကြည့်ကာ အားတင်းတဲ့အနေနဲ့ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်တယ်...။ ချမ်းအေးလှတဲ့ရာသီဥတုပေမယ့် သူတို့ကိုယ်ပေါ်မှာတော့ သာမန်ဖျင်ထည်အဝတ်အစားကိုသာ ဝတ်ဆင်ထားရတယ်...။ ကိစ္စတော့မရှိ ခဏနေရင် ပြေးရလွှားရနဲ့ ချွေးထွက်သွားမှာလေ...။

"ကဲ..စမယ်... တစ်.. နှစ်..သုံး..!!"

ခေါင်းဆောင်ရဲ့ ရေတွက်သံအဆုံးမှာ သူတို့အားလုံး စမှတ်ကနေ သူ့ထက်ငါဦးအောင် ပြေးထွက်သွားကြတယ်...။ ပထမဆုံးအခက်အခဲက ရွံ့နွံတောကြီး...။ သူ့အပေါ်မှာတော့ ကာတန်းထားတဲ့ သံတိုင်တွေရှိနေတယ်...။ သံတန်းတွေကိုပြောင်းပြန်ဖက်တွယ်ကာ ရွံ့နွံတောကြီးကို ဖြတ်ကျော်သွားရမှာဖြစ်တယ်...။

လွယ်မယ်ထင်ရပေမယ့် တကယ်တမ်းလုပ်ကြည့်တော့မှ ခက်ခဲရတဲ့အကြောင်းရင်းက သံတန်းတွေမှာသုတ်လိမ်းထားတဲ့ အမဲဆီတွေကြောင့်ပင်...။ လက်မခိုင်ဘဲပြုတ်ကျသွားလေတိုင်း အစကနေပြန်တွယ်တက်ရသည်မို့ အချိန်လင့်လှတယ်...။ ဘေးမှာလည်း စောင့်ကြပ်နေသူတွေ ရှိနေတာကြောင့် မမှန်မကန်လုပ်လို့မရပါ...။

ဂျုံးကုကိုယ်တိုင်လည်း နှစ်ခေါက်ပြုတ်ကျပြီးမှ တစ်ဖက်သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့တယ်...။ လူကစုတ်ပြတ်နေပေမယ့် ညည်းညူမနေနိုင်အား...။ ရှေ့ကဖြတ်ကျော်သွားတဲ့ပြိုင်ဘက်တွေကို အမှီလိုက်ရဦးမယ်...။ ဒီတစ်ခါတော့ကာဆီးထားတဲ့နံရံကြီးကို အကူမပါဘဲ လက်နဲ့သာတွယ်တက်ခြင်း...။ လက်ထိပ်တွေဆိုတာ ပေါက်ပြဲပြီးနာကျင်တဲ့အထိ ကြိုးစားပြီးမှသာ တဖက်ခြမ်းသို့ခြေချနိုင်ခဲ့တယ်...။

မောနေပြီမို့ နားဖို့မစဉ်းစားနိုင်...။ နောက်ထပ်စောင့်ကြိုနေတာက မြေပေါ်ခပ်နိမ့်နိမ့်မှာ စိုက်ထူထားတဲ့တိုင်တန်းများ ...။ သူတို့က ထိုတန်းတွေအောက်ကနေ တွားသွားပြီးသွားရမှာဖြစ်တယ်...။ တန်းတွေမှာပတ်ချည်ထားတဲ့ သံဆူးကြိုးများက တွားသွားနေတဲ့သူတွေရဲ့ အသားကိုထိထိမိမိကြီး ဆွဲခြစ်ပစ်တယ်...။

"အား... ကျွန်တော်မရတော့ဘူး"

ခန္ဓာကိုယ်ကြီးထွားတဲ့ လက်ရွေးစင်တစ်ယောက်ကတော့ အသားထဲဖောက်ဝင်တဲ့ သံဆူးကြိုးတွေရဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် စောစောစီးစီးလက်လျှော့သွားလေပြီ...။ ဂျုံးကုရဲ့ ခန္ဓာကိုယ်ကတော့ ကျစ်လစ်တဲ့အထဲပါသည်မို့ တိုးဝင်ရတာအဆင်ပြေတယ်လို့ ထင်ရပါသော်လည်း အမြန်သွားရသောအခါ ဆူးတွေကခြစ်မိတာပါပဲ...။

နာကျင်မှုကိုကျိတ်မှိတ်ခံရင်း အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်နေရတယ်...။ ၆ခုမြောက်အခက်အခဲကို ကျော်ဖြတ်ပြီးတဲ့နောက် ဂျုံးကုအရမ်းမောပန်းလို့နေလေပြီ။ ရှေ့မှာနောက်ဆုံးအခက်အခဲဖြစ်တဲ့ ကြာကန်ကြီးကဆီးကြိုနေတယ်...။ သူရေကူးဖို့တောင် အားရှိပါတော့မလားမသိ...။

"ဗွမ်း..!!!!"

ကိုယ်ကအရှေ့ဆုံးရောက်နေပြီလို့ ထင်ထားမိပေမယ့် ကိုယ့်နောက်မှလူက ရေထဲဦးအောင်ဆင်းသွားတော့ ဂျုံးကုလည်းရှိသမျှအားတွေကိုစုစည်းကာ ရေထဲခုန်ချရတော့တယ်...။ သူကြာပန်းကိုလှမ်းချိုးနေတုန်းမှာပင် ခုနကပြိုင်ဘက်က ကြာပန်းခူးကာ ကုန်းပေါ်တောင်ပြန်တက်သွားလေပြီ...။ ဒီလိုနဲ့ပင် ဂျုံးကုက ဒုတိယနေရာကနေသာ ဗိုလ်စွဲသွားရတော့တယ်။

"ပထမဆုံးစစ်ဆင်ရေးမှာ ကျရှုံးတဲ့သူ၃ယောက်ရှိတယ်... သူတို့ကိုတော့ အခုကတည်းက အဖွဲ့ကနေထုတ်ပယ်မှာဖြစ်ပြီး ကျန်တဲ့၇ယောက်ကတော့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်"

ရေတွေစိုနေတာကြောင့် လေတိုက်လိုက်တိုင်း ခိုက်ခိုက်တုန်အောင်ချမ်းနေသော်လည်း သူတို့အားလုံးမလှုပ်မယှက်သာ ရပ်နေကြရတယ်...။

"ပထမရရှိသူကတော့ ဆွန်းယောင်းပါ... သူကမဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ အကြိမ်ကြိမ်ပြိုလဲသွားလည်း လက်မလျှော့တတ်ဘူး... ဒုတိယက ဂျုံးကု... သူကအမှန်ဆို ပထမနေရာမှာရောက်ရမှာကို နောက်ဆုံးအဆင့်မှာ ခဏနားလိုက်လို့ အချိန်ပိုကြာသွားတာပါ"

ဂျုံးကုလည်း သူ့အမှားကိုသူ သတိပြုမိပါတယ်...။ ပန်းတိုင်ကိုမရောက်သေးခင် လုပ်နိုင်ပါ့မလားဆိုတဲ့ တွေဝေတဲ့စိတ်က သူ့ကိုဒုတိယနေရာကိုသာရဖို့ အကြောင်းဖန်လာလေတယ်...။

"နောက်စစ်ဆင်ရေးကို ၃ရက်မြောက်နေ့မှလုပ်မှာမို့ မင်းတို့၇ယောက် နားနှင့်ကြဦးပေါ့... မင်းတို့အားလုံးမမေ့ဖို့က နောက်ဆုံးအဆင့်မှာရွေးချယ်မယ့်သူက တစ်ယောက်တည်းဆိုတာပဲ"

"ကောင်းပါပြီဆရာကြီး"

သူတို့ အားလုံး နားနေဆောင်သို့ ပြန်လာချိန်မှာ လူတိုင်းဟာ အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြတယ်...။ အထူးသဖြင့် ဂျုံးကုပေါ့...။ ဒီနေ့စစ်ဆင်ရေးမှာ သူ့အတွက် သင်ခန်းစာကောင်းကောင်း ရသွားခဲ့ပြီပဲ...။

To Be Continued.....

Continue Reading

You'll Also Like

29.6K 1.9K 32
taekook, yoonmin, namjin, j-hope and ARMY,
6.5K 602 5
Competition fanfic 𝗞𝗶𝗺𝘁 𝗧𝗮𝗲𝗵𝘆𝘂𝗻𝗴 & 𝗝𝗲𝗼𝗻 𝗝𝘂𝗻𝗴𝗸𝗼𝗼𝗸 & 𝗞𝗶𝗺 𝗡𝗮𝗺𝗷𝗼𝗼𝗻. 𝗧𝗼𝗽 »» 𝗧𝗮𝗲𝗵𝘆𝘂𝗻𝗴/𝗡𝗮𝗺𝗷𝗼𝗼𝗻 𝗕𝗼𝘁𝘁�...
25K 2.5K 42
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
358K 33.5K 26
- Can't help falling in love with you - This is the story of love between us. Jeon's Tae🐯🐰 Start - 28/4/2021 End - 22/7/2021 #Myanmar #Taekook (...