အစစ်မကိုကျော်လွန်၍ ရက်ပေါင်း...

By Sebastiann048

929K 111K 9.4K

F ယူနီဗာစီတီ ရဲ႕ စြဲ​ေဆာင္​မႈ အ႐ွိဆံုး ​ေယာက်ာ္​း ႏွစ္​​ေယာက္​.... ၀မ္​ကြမ္​းနင္​ နဲ႔ က်န္​းလင္​ရိ ထိုလူငယ္​... More

About
အပိုင္​း၁.၁ သိပ္​ဟုတ္​တာ​ေပါ့သူတို႔ကFယူနီဗာစီတီရဲ့အသည္​း​ေက်ာ္​ႏွစ​္​​ေယာက္​​​ေလ
အပိုင္​း၁.၂ သိပ္​ဟုတ္​တာ​ေပါ့သူတို႔ကFယူနီဗာစီတီရဲ့အသည္​း​ေက်ာ္​ႏွစ​္​​ေယာက္​​​ေလ
အပိုင္​း၂ ကဲဒါဆိုိႏွစ္​​ေယာက္​​ေပါင္းျပီးလူ​ေတကို ကလဲ့စား​ေခ်ၾကစို႔
အပိုင္​း၃.၁ ဘယ္​သူအ​ေပၚ(Gong)ဘယ္​သူ​ေအာက္​(Shou)​ေခါင္​းပန္​းလွန္​ၿပီးဆံုးျဖတ္​
အပိုင္​း၃.၂ ဘယ္​သူအ​ေပၚ(Gong)ဘယ္​သူ​ေအာက္​​(Shou)​ေခါင္​းပန္​းလွန္​ၿပီးဆံုးျဖတ္​
အပိုင္​း ၄ မပူနဲ႔, ​ေယာက်ာ္​း​ေလး​ေတြအတြက္​ စံုတြဲအက်ီဆိုတာ မ႐ွိဘူး
အပိုင္း ၅ ​ေဂးစံုတြဲ​ေ​တြ'​ေလ့က်င္​့ခန္​း'တူတူလုပ္​ရင္​လြယ္​လြယ္​နဲ႔ဒဏ္​ရာရႏိုင္
အပိုင္​း၆ တစ္​​ေယာက္​ကိုတစ္​​ေယာက္ ခြံ႔​ေကြၽးမယ္​?အ​ေျခခံလူ႔က်င္​့၀တ္​​ေတြ​ေကာ
အခန္​း ၇ သင္​့ရန္​သူ​ေတာ္​ႀကီးရဲ႕ မ်က္​ႏွာကို ဖုန္​းwallpaperထားဖို႔
အပိုင္​း ၈ ႐ုပ္​႐ွင္​ၾကည္​့တဲ့အခါ သူ႔စည္​းကိုယ္​့စည္​းနဲ႔​ေနမယ္​?
အပိုင္​း ၉ ​ေနမ​ေကာင္​းတဲ့အခါ တစ္​​ေယာက္​ကို တစ္​​ေယာက္​ အ​ေဖာ္​ျပဳ​ေပးမယ္​
အပိုင္​း၁၀ အ​ေအးတစ္​ခြက္​ထဲကို တူတူ​ေသာက္​မယ္​,မင္​းတံ​ေတြး​ေတာ့မ​ေထြးထားဘူးမလား
အပိုင္​း၁၁ စာၾကည္​့တိုက္​မွာ စာတူတူဖတ္​မယ္ တ​ေယာက္​ကိုတ​ေယာက္​ စိုက္​ၾကည္​့ၾကမယ္
အပိုင္​း၁၂ အက်ႌအိပ္​ကပ္​တစ္​ခုထဲကိုလက္​ထည္​့ၿပီး​ေႏြး​ေအာင္​လုပ္​ၾကမယ္ၿပီးမွ..
အပိုင္​း၁၃ တစ္​​ေယာက္​ဆံပင္​ကိုတစ္​​ေယာက္​​ေျခာက္​​ေအာင္​သုတ္​​ေပးမယ္
အပိုင္​း ၁၄ မင္း အ႐ွက္​မ႐ွိတဲ့​ေကာင္​ ငါ႐ိႈ႐ိႈကို ျမန္​ျမန္​လႊတ္​လိုက္​စမ္​း
အပိုင္​း၁၅ သစၥာ႐ွိ႐ွိနဲ႔ခ်စ္​တတ္​တဲ့'ကုန္​'ကသူရဲ႕ မာနခဲ'႐ိႈ'​ေလး​ကိုခ​ြင့္​လြတ္​
အပိုင္​း ၁၆ ဆံပင္​ပံုစံ​ေလး​ေတြ တစ္​​ေယာက္ကိုတစ္​​ေယာက္​ မတူ​ေအာင္​​ေရြး​ေပးမယ္​
အပိုင္း ၁၇ ႏွစ္​​ေယာက္​အတူတူၾကယ္​​ေတြၾကည္​့ၾကမယ္​. ခ်မ္​းလာတဲ့အခါက်ရင္ သူ႔ကို..
အပိုင္​း ၁၈ "႐ိႈ႐ိႈ, ငါကို ျမန္​ျမန္​​ေလး ဖက္​​ထား​ေပး"
အပိုင္​း ၁၉ က​ေလးရဲ႕နာမည္​ကို ဘယ္​သူ့မ်ိဳး႐ိုးနာမည္ ​ေပးသင္​့သလဲဆိုတာ....
အပိုင္​း ၂၀ စက္​ဘီစီးရင္​​ေနာက္​​ခံုမပါပဲ​ေ႐ွ႕ဘားတန္​းပဲပါတဲ့စက္ဘီးကို႐ွာရန္​
အပိုင္း ၂၁ စ​က္​ဘီးတူတူစီးၾကရင္​ႏွလံုးခုန္​သံ​ေတြအရမ္​းမျမန္​​ေအာင္​ေသခ်ာထိန္​း
အပိုင္​း ၂၂ ဟင္​းအတူတူခ်က္​ၾကမယ္​... ဒီ ဆိုးရြားတဲ့ နတ္​ဆိုးလို အရသာႀကီးက ဘာလဲ?!
အပိုင္​း ၂၃ ငါတို႔သြားတူတူတိုက္​ၾကမယ္​. ဒါငါတို႔ရဲ႕ပထမဆံုးအနမ္​း လံုး၀ မဟုတ္​ဘူး
အပိုင္​း ၂၄ Plants vs Zombies ဂိမ္​း​ေဆာ့ၾကမယ္​!
အပိုင္​း ၂၅ ကိုယ္​့လူကိုကိုယ္​ သ၀န္တို​ၾကမယ္​!
အပိုင္​း ၂၆ တစ္ဖက္​​လူအတြက္​ ႐ွာလကာရည္​ ​ေသာက္​​ေပးမယ္​! (သို႔မဟုတ္​)...
အပိုင္​း ၂၇ မီး႐ွဴးမီးပန္​း​ေဖာက္​ၾကတဲ့အခါ......
အပိုင္​း ၂၈ ခရီးသြား​​ေနခ်ိန္​မွာ BL ဇာတ္​လမ္​း​ေတြျဖစ္​ဖို႔ အလြယ္​ကူဆံုးပဲ
အပိုင္​း ၂၉ အရက္​အတူတူ​ေသာက္​ၾကမယ္​__ မူးလာတဲ့အခါက်ရင္​​ေတာ့...... hehehe~
အပိုင္​း ၃၀ ပထမဆံုးအနမ္​းကို ​ေလလံတင္​ျခင္​း....... ႏွင္​့ အစစ္​အမွန္​ အနမ္​း
အပိုင္​း ၃၁ တစ္​ညတာ အတူတူအိပ္​ျခင္​း. အဲ့​ေနာက္​____႐ိႈ႐ိႈ.... ငါ့ဟာ မာလာၿပီ
အပိုင္​း ၃၂ လွ်ိဳ႕၀ွက္​ခ်က္​တစ္​ခုအားအတူတူျမႇဳပ္​ႏွံၾကျခင္​း_ငါမင္​းကိုႀကိဳက္တယ္
အပိုင္​း ၃၃ မိုး​ေရထဲတြင္​ အတူတကြ မတ္တပ္ရ​ပ္​ၾကျခင္​း
အပိုင္​း ၃၄ တကယ္​​ေတာ့ငါက Hakuna Matata ၿဂိဳဟ္​ကမာၻ​မွာ ထီး​နန္​းဆက္​ခံလာတာပဲ
အပိုင္​း ၃၅ ၀မ္​ကြမ္​းနင္​​ေခါင္​းအ​ေမာ့မွာခ်က္​ခ်င္​း​ေအးခဲသြားတယ္​ အဲ့မွာZLY
အပိုင္​း ၃၆ အဲ့​ေတာ့ မင္​း ငါနဲ႔ အတူတူ​ေနခ်င္​လား?
အပိုင္​း ၃၇ ဘယ္​သူ sex clip ၾကည္​့ခ်င္ၾက​လဲ?
အပိုင္​း ၃၈ ၀မ္​တဖာ​ေလး: ကြၽန္​​ေတာ္​့ရဲ႕ ​ေနာက္​အ​ေဖတစ္​​ေယာက္​ အိမ္​ျပန္​လာၿပီ
အပိုင္​း ၃၉ မီးဖို​ေဆာင္​ဆိုတာ အျမဲတမ္​း ​ေဂးအခ်စ္​​ေတြ ျပည္​့​ေနတဲ့​ေနရာပဲ
အပိုင္​း ၄၀ ဗိုက္​ႂကြက္​သား ပိုမ်ားသူက ပိုနည္​းသူအ​ေပၚ စိုးမိုးႏိုင္​စြမ္​း႐ွိ
အပိုင္​း ၄၁ အဲ့ဒါက ျမင္​ျမင္​ခ်င္​းအခ်စ္​လား?
အပိုင္​း ၄၂ အ႐ုပ္​​ေကာက္​တာ ​ေအာင္​ျမင္​မွာလား မ​ေအာင္​ျမင္​ဘူးလား ဆိုတာ
အပိုင္​း ၄၄ သင္​သိရဲ႕လား? မိုး​ေမလင္​းဆိုတာ တကယ္​ႀကီး႐ွိတယ္​!
အပိုင္​း ၄၅ ဒါ​႐ိုက္​တာ​​ခ်င္​း​ေတာင္​ လူခ်င္​းမတူ​ေလ​ေတာ့..
အပိုင္​း ၄၆ သရဖူတစ္​ခု ဘုရင္​က ႏွစ္​​ေယာက္​.. ​အဆံုးသတ္​က ဘယ္​သူျဖစ္​မလဲ?
အပိုင္​း ၄၇ နဂါးအႂကြ ဖီးနစ္​အက
အပိုင္​း ၄၈ အခ်ိန္​အၾကာႀကီး​ေစာင္​့ခဲ့ရတဲ့ ဖီးနစ္​နဲ႔နဂါး အတူကခုန္​ျခင္​း ၁
အပိုင္​း ၄၉ အခ်ိန္​အၾကာႀကီး​ေစာင္​့ခဲ့ရတဲ့ ဖီးနစ္​နဲ႔နဂါး အတူကခုန္​ျခင္​း ၂
အပိုင္​း ၅၀ ဇြန္​ဘီ​ေတြ လာတိုက္​သြားၾကျပန္​ၿပီ
အပိုင္​း ၅၁ အခက္​အခဲ​ေတြလား? အဲ့ဒါဘာကို​ေျပာတာလဲ?
အပိုင္​း ၅၂ ဂီတ​ေဖ်ာ္​​ေျဖပြဲတစ္​ခုကို အတူတူသြားၾကည္​့ၾကမယ္​
အပိုင္​း ၅၃ တစ္​ဖက္​လူကို ကိုယ္​့မိသားစု၀င္​​ေတြနဲ႔ ​ေတြ႕​ေပးမယ္​
အပိုင္​း ၅၄ မင္​း...သ​ေဘာတူ​ေပးႏိုင္​မလား?
အပိုင္​း ၅၅ ဟုတ္​ကဲ့ ကြၽန္​​ေတာ္​နဲ႔ ZLY ခ်စ္​​ေနၾကတာပါ ၁
အပိုင္​း ၅၆ ဟုတ္​ကဲ့ ကြၽန္​​ေတာ္​နဲ႔ ZLY ခ်စ္​​ေနၾကတာပါ ၂
အပိုင္​း ၅၇ ငါ မင္​းတို႔ကို သ​ေဘာမတူဘူး!
အပိုင္​း ၅၈ တစ္​​ေယာက္​ကို တစ္​​ေယာက္​ အသက္​ထက္​ဆံုး ခ်စ္​သြားၾကမယ္​
အပုိင္​း ၅၉ အဆံုးသတ္​​​ဆိုတာ ​ေနာက္​တစ္​ခုရဲ႕ အစပါပဲ!
Q & A [ part 1]
Q & A [ part 2]

အပိုင္​း ၄၃ အ​ေကာင္​းဆံုး ခ်ိန္​း​ေတြ႔ျခင္​းႏွင္​့ ​ေသာက္​က်ိဳးနည္​း ႐ိုမန္​႔စ္

11.5K 1.5K 147
By Sebastiann048

((Zawgyi))

အပိုင္​း ၄၃
အ​ေကာင္​းဆံုး ခ်ိန္​း​ေတြ႔ျခင္​းႏွင္​့ ​ေသာက္​က်ိဳးနည္​း ႐ိုမန္​႔စ္​

ႏူးႏူးညံ့ညံ့​ေလးနဲ႔ ဓာတ္​လိုက္​သလို အထိအ​ေတြ႕​ဟာ သူ႔ရဲ႕ ႏွလံုးသားကို အနည္​းငယ္​တုန္​ခါသြား​ေစတယ္​

အဲ႔ဒါဟာ ႏွစ္​​ေပါင္​းမ်ားစြာထဲက သူ ​ေမွ်ာ္​လင္​့​ေတာင္​းတခဲ့ရသလိုမ်ိဳး. ကိုယ္ပိုင္​ဆိုင္​တဲ့ အရာ​ကုိ ထိ​ေတြ႕လိုက္​ရသလိုမ်ိဳး. အဲ့ဒါဟာ ​အနမ္​း​ေလးသက္​သက္​​ေၾကာင္​့ရယ္​ မဟုတ္​ဘူး. ​အဲ့ဒါဟာ သူအနမ္​း​ေတြ ​ေခြၽ​ေနတဲ့ သူ​ေလ​း​ေၾကာင္​့. ဒီ​ေမွာ္​ဆန္​လွတဲ့ ခံစားခ်က္​ထဲမွာ သူ့ဟာ နစ္​​ျမဳပ္​လို႔သြားတယ္​.

က်န္​းလင္​ရိဟာ သတိလက္​လြတ္​ျဖစ္​သြား​ေတာ့မလို႔ပဲ. သူက ၀မ္​ကြမ္​းနင္​ခါးကိုဖက္​ထားတဲ့ သူရဲ႕လက္​​ေမာင္း​ေ​တြ ပိုျပီးတင္​းၾကပ္​လိုက္​တယ္. သူ႔လက္​​ေမာင္​း​ေတြထဲမွာ႐ွိ​ေနတဲ့ ဒီအပူ​ေငြ႔​ေလးဟာ စစ္​မွန္​လြန္းတာ​ေၾကာင္​့ သူ စိတ္​မထိန္​းႏိုင္​​​ေလာက္​​ေအာင္​ျဖစ္​​ေနတယ္​. ​ေလးႏွစ္​လံုးလံုးလစ္​လပ္​​ေနတဲ့ သူ႔ရင္​ထဲကကြက္​လပ္​​ေလးဟာ အခု​ခ်ိန္မွာ​ေ​တာ့ ျပည္​့စံုလို႔သြားခဲ့ၿပီ.

ရင္​ဘက္​က ရင္​ဘက္​ကုိကပ္​လ်က္​, ဗိုက္​ႂကြက္​သားက ဗိုက္​ႂကြက္​သား.... အဟြတ္​ တစ္​​ေယာက္​ကိုယ္​လံုးက တစ္​​ေယာက္​ကိုယ္​လံုးကို ကပ္​လ်က္​.....

သူ သူတို႔ႏွစ္​​ေယာက္​ၾကားက ကြက္​လပ္​​ေတြကုိ လံုး၀ျပည္​့သြား​ေအာင္​ ျဖည္​့ဆည္​းပစ္​လိုက္​ခ်င္​တယ္​.

ႏႈတ္​ခမ္​း​​ေတြဟာ အခ်င္​းခ်င္​းဖိကပ္​ကာထားၿပီး သြားအခ်င္​းခ်င္​း ပြတ္​တိုက္​​သံဟာလည္​း နားထဲမွာ ၾကား​ေနရတယ္​

ဒါ​ေပမယ္​့ ၀မ္​ကြမ္​းနင္​ဟာ စစခ်င္​းမွာ အလြန္​အမင္​း အံ့ၾသ​ေနတာ​ေၾကာင္​့ တုန္​႔ျပန္​ဖို႔ကုိ​ေတာင္​ ​ေမ့​ေလ်ာ့သြားတယ္​

အနမ္​း​ေတြက ပိုပိုျပီးနက္​႐ႈိင္​းလာတယ္​. ဒါ​ေပမယ္​့ ဒီငတံုး​ေလးႏွစ္​​ေယာက္​က ဒီထက္​့ပိုုၿပီး ဘယ္​လိုနက္​နက္​႐ိႈင္​း႐ႈိင္​းနမ္​း႐ႈိက္​ရမယ္​ဆိုတာ မသိ​ေတာ့ခ်ိန္​မွာ​​ေတာ့ နီ​ေစြး​ေစြးႏႈတ္​ခန္​း​ေလး​ေတြကို တင္​းတင္​းၾကပ္​ၾကပ္​ စုပ္​ယူ​ေနၾကတယ္​

လွ်ာ​အခ်င္​းခ်င္​းကလည္း ​လွည္​့ပတ္​သြားလာကာ ရစ္​​​​ေႏွာင္​ဆက္​သြယ္​​ေနၾကတာ..

အသက္​႐ႈ​​ ၾကပ္​လာၾကတဲ့အထိပဲ

သူတို႔ႏွစ္​​ေယာက္​ လူခ်င္​းခြာလိုက္​ၾက​ေတာ့ ႏွစ္​​ေယာက္​စလံုး မ်က္​ႏွာ​ေတြက နီျမန္​းလို႔ အသက္​ကိုမနားတမ္​း ႐ႈသြင္​း​ေနၾကတယ္​

ဒီတစ္​ႀကိမ္​က​ေတာ့ လံုး၀​ကို ​လြဲလို႔မျဖစ္​ဘူး

ၿပီး​ေတာ့ က်န္​းလင္​ရိဟာ သူ႔ခံစားခ်က္​​ေတြကို နည္​းနည္​း​ေလး​ေတာင္​ ဆက္​ၿပီး ဖံုးကြယ္​မထားႏိုင္​​ေတာ့ဘူး. ၀မ္​ကြမ္​းနင္​က သူႀကိဳက္​​ေနတဲ့ လူ႔စြမ္​းအားရင္​းျမစ္​႒ာနကလူဟာ ႐ွရင္​းခ်ဴမဟုတ္​ဘူးလို႔ ​ေျပာလိုက္​တဲ့အခ်ိန္​ကစၿပီး သူ႔ႏွလံုးသားထဲမွာ ​ေျဗာင္​းဆန္​​ေနခဲ့တယ္​.ၿပီး​ေတာ့ ၀မ္​ကြမ္​းနင္​ကလည္​း သူ႔ကုိ အ​ေ၀းကုိ တြန္​းဖယ္​မပစ္​ခဲ့ဘူး

"လူ႔စြမ္​းအားရင္​းျမစ္​႒ာန က မင္​းသ​ေဘာက်​ေနတဲ့သူဆိုတာ...."

က်န္​းလင္​ရိမ်က္​လံုး​ေတြက ​ေမွ်ာ္​လင္​့ခ်က္​​ေတြနဲ႔ ျပည္​့​ေနတယ္​. သူ႔အၾကည္​့​ေတြက ၀မ္​ကြမ္​းနင္​ကို​ေတာင္​ အရည္​​ေပ်ာ္​က်သြား​ေစ​ေလာက္​တယ္​

"ငါလား?"

၀မ္​ကြမ္​းနင္က သူ႔ကို ၾကည္​့လိုက္​ၿပီး​ေနာက္​ သူ႔ရဲ႕နီးျမန္​း​ေနတဲ့ မ်က္​ႏွာ​​ေလးဟာ အ​ေရာင္​​ျပန္​​ေဖ်ာ့သြားတယ္​. သူက ညင္​သာစြာ ျပံဳးလိုက္​ၿပီး​ေနာက္​

"ငါ တစ္​ခါမွ ဘာမွ မ​ေျပာခဲ့ဖူးဘူး"

"ငါဂ႐ုမစိုက္​ဘူး. မင္​း​ေျပာတာ အဲ့အဓိပၸါယ္​ပဲ"

က်န္​းလင္​ရိက​ ထပ္​ၿပီး​ေျပာလိုက္​တယ္​.

၀မ္​ကြမ္​းနင္​က ပါး​ေလးရဲဲသြားကာ

"အဲ့ဒါ ငါ့ကိစၥ. မင္​း​ေျပာတာက အၾကံဳးမ၀င္​ဘူး"

သူ႕ရဲ႕ အတိတ္​က နာက်င္​ခဲ့ရတဲ့ မွတ္​ဥာဏ္​​ေတြက အရမ္​းကို ႐ွင္​း႐ွင္​းလင္​းလင္​းႀကီး က်န္​႐ွိ​ေနခဲ့တာရယ္​ ၿပီး​ေတာ့ အဲ့ဒါရဲ႕ ​ေနာက္​ဆက္​တြဲ ခံစားခဲ့ရတာ​ေတြက အရမ္​းၾကာျမင္​့ခဲ့တာရယ္​​ေၾကာင္​့ ၀မ္​ကြမ္​းနင္​ဟာ သူ႔​ေမွ်ာ္​လင္​့ထားတာ​နဲ႔ နီးကပ္​လာတဲ့အခ်ိန္​မွာ ထုတ္​​ေဖာ္​၀န္​ခံဖို႔ မ၀ံ့ရဲဘူးျဖစ္​​ေနတယ္​

အဲ့ဒါဟာ ​ေခ်ာကလက္​​ေရာင္​စံု​ေလး​ေတြ ထည္​့ထားတဲ့လွပတဲ့​​ေသတၱာ​ေလး တစ္​ဗူးလိုပဲ.... ပါးစပ္​ထဲမွာ ဘာအရသာ႐ွိမယ္​ဆိုတာ မသိႏိုင္​​ေပမယ္​့ ​ေနာက္​ဆံုးမွာ အဲ့ဒါက ခ်ိဳျမိန္​မွာ​ေတာ့ အ​ေသအခ်ာပဲ

ၿပီး​ေတာ့ ဒီတစ္​ခါမွာ​ ဘာ​ေၾကာင္​့ရယ္​မသိ ၀မ္​ကြမ္​းနင္​ဟာ သူအလိုခ်င္​ဆံုးအရာကို ​ေသခ်ာ​ေပါက္​ စားရ​ေတာ့မယ္​ဆိုတာ သိ​ေနတယ္​

က်န္​းလင္​ရိဟာ အရမ္​းကို စိတ္​လႈပ္​႐ွား​ေနတယ္​. ၀မ္​ကြမ္​းနင္​ ခါးကို ဖက္​ထားတဲ့ သူ႔ရဲ႕လက္​​ေတြက ပိုၿပီးသန္​မာလာတယ္​..

"ဒါ​ေပမယ္​့, ငါ.....မင္​းကို ၾကဳိက္​တယ္​"

"ဟိုး..ဟိုးအရင္​ကတည္​းက"

က်န္​းလင္​ရိဟာ ၀မ္​ကြမ္​းနင္​ရဲ႕ မ်က္​လံုး​ေတြကို ၾကည္​့ၿပီိး ​ေျပာလိုက္​တယ္​

ဟုတ္တယ္​, သူ ဒီသူ႔ကို ႀကိဳက္​​ခဲ့ရတာ အရမ္​း အရမ္​းကို ၾကာခဲ့ၿပီ

ဒီ သ​ေဘာတူညီခ်က္​ကို စခဲ့တဲ့ အခ်ိန္​ကတည္​းက သူမ်က္​လံုးထဲမွာ ထိုသူတစ္​ေယာက္​တည္​းကိုပဲ ျမင္​​ခဲ့တယ္​. ​ေန႔တိုင္​း​ေန႔တိုင္​းပဲ သူ​႕ကို​ေစာင္​့ၾကည္​့​ေနမိတယ္​. သူ ရယ္​​ေမာ​ေပ်ာ္​ရႊင္​​တာ​​ေလး​ေတြ သူ​ေဒါသထြက္​တာ​ေလး​ေတြ သူညာတာ​ေလး​ေတြ ကိုယ့္ကိုယ္​ကို ကူကယ္​ရာမဲ့ျဖစ္​​ေစတာ​ေလး​ေတြ...

သူဟာ အလြန္​ကို သည္​းခံႏိုင္​စြမ္​း​႐ွိတယ္​. သူ႔ဟာ သူ႔ ဘ၀အတြက္​ အရမ္​းကို ႀကိဳးစားတယ္​, အ႐ိုးထိ​ေအာင္​ စြဲ​ေနတဲ့ ၾကင္​နာသနားတတ္​တဲ့စိတ္​​ေလး​လည္​း႐ွိတယ္​. ၿပီး​ေတာ့ လူတိုင္​းအ​ေပၚမွာ စိတ္​​ေကာင္​းထားတတ္​တယ္​

အစက​ေတာ့ ဒါ​ေတြဟာ ဒီအတိုင္​း အသိအမွတ္​ျပဳမႈ​ေလးတစ္​ခုပဲ. ဒါ​ေပမယ္​့ အခ်ိန္​​ေတြၾကာလာတဲ့အမွ် အဲ့ဒါက မထိန္​းႏိုင္​မသိမ္​းႏိုင္​​ေတြျဖစ္​ကုန္​တယ္​

အစတုန္​းက သူ နားမလည္​ခဲ့ဘူး

လိင္​တူ​ခ်င္​းဆိုတဲ့ အတားအဆီႀကီးက သူ႔​ေ႐ွ႕က​ေန ပိတ္​ကာ သူ႔ႏွလံုးသားကို ဘယ္​အရာက​ ကိုင္​လႈပ္​​ေနသလဲဆိုတာ သူ မွန္​မွန္​ကန္​ကန္​ မခြဲျခားႏိုင္​​ေအာင္​ တားဆီးထားခဲ့တယ္​

သူဟာ ​ေဂးမဟုတ္​မွန္းလည္​း သူ႔ကိုယ္​သူသိ​ေနတယ္​. အဲ့ဒါ​ေၾကာင္​့  လ်ိဳက်ီ၀ိုက္​နဲ႔ တဲြဖို႔ သူလက္​ခံခဲ့တယ္​.

ဒါ​ေပမယ္​့ ႐ွာမန္​းၿမိဳ႕က အျဖစ္​အပ်က္​​ေတြ​ဟာ သူနဲ႔ ၀မ္​ကြမ္​းနင္​ ႏွစ္​​ေယာက္​ၾကားက ပတ္​သတ္​မႈကို သူ႔နားလည္​ႏိုင္​တာထက္​ လံုး၀ ​ေက်ာ္​လြန္​သြား​ေစခဲ့တယ္​

လ်ိဳက်ီ၀ိုက္​အ​ေပၚ တာ၀န္​​ေက်ဖို႔နဲ႔ သူ႔ႏွလံုးသားထဲက အ​ေမွာင္​ဖံုး​ေနတာ​ေတြ​ေၾကာင္​့ သူဘာမွ မ​ေတြးႏိုင္​​ေအာင္​ ျဖစ္​ခဲ့တယ္​

​ေနာက္​ဆံုး ၀မ္​ကြမ္​းနင္​ ထိုင္​၀မ္​ကို ထြက္​သြားၿပီဆိုတာ သိလိုက္​ရတဲ့အခ်ိန္​ထိ​ေအာင္​ပဲ

F ယူနီဗာစီတီမွာ ​ေက်ာင္​းသားလဲလွယ္​သင္​ၾကား​ေရး ပ​ေရာဂ်က္​​ ရွိ​ေနခဲ့တာ သူသိတယ္​. သူ႕ရဲ႕အတိုင္​ပင္​ခံဆရာက သူအဲ့ဒီပ​ေရာဂ်က္​မွာ ပါ၀င္​ခ်င္​သလားလို႔ သူ႔ကို ​ေမးခဲ့ဖူးတယ္​. ဒါ​ေပမယ္​့ သူ႔မွာ မိုင္​နာဘာသာရပ္​တစ္​ခု႐ွိ​ခဲ့တာ​ေၾကာင္​့ သူသာ ​ေက်ာင္​းသားလဲလွယ္​​ေရးအစီအစဥ္​မွာ ပါ၀င္​ခဲ့ရင္​ သူ႔ရဲ႕ မိုင္​နာဘာသာရပ္​ဟာ ဖ်က္​သိမ္​းခံရမွာျဖစ္​တယ္​. ဒါ​ေၾကာင္​့ပဲ သူအဲ့ဒါကို ျငင္​းဆန္​ခဲ့တယ္​

သူမ​ေမွ်ာ္​လင္​့ထားတာက ၀မ္​ကြမ္​းနင္​က​ေတာ့ တကယ္​ႀကီး ထြက္​သြားခဲ့တယ္​

သူ အစက ၀မ္​ကြမ္​းနင္​ကို တစ္​ႏွစ္​​ေလာက္​ပဲ မ​ေတြ႕ပဲ​ေနရမွာပါလို႔ ​ေတြးလိုက္​တယ္​. ဒါ​ေပမယ္​့ သူႏွလံုးသားထဲမွာ​ေတာ့ အလြန္​ ႀကီးမားတဲ့ အရာတစ္​ခုကို ဆံုး႐ႈံးလိုက္​ရတ​ဲ့ ခံစားခ်က္​ႀကီးက သူ႕ကို လံုး၀အသက္​႐ူရပ္​သြား​ေတာ့မလိုျဖစ္​​ေစတယ္​

အဲ့ဒီ့မွာ သူသိလာခဲ့တယ္​. သူမွာ ဘယ္​လိုခံစားခ်က္​​ေတြ႐ွိ႐ွိ အဲ့ဒါက ဆက္​ၿပီးဖံုးကြယ္​ထားလို႔မရ​ႏိုင္​​ေတာ့တာပဲ

ဒါ​ေပမယ္​့ ​ေနာက္​​ေရာက္လာတဲ႔​ ကိစၥတစ္​ခုက သူ႔​ေမွ်ာ္​မွန္​းထားတာထက္​​ေတာင္​ ​ေက်ာ္​လြန္​သြားခဲ့တယ္​. ၀မ္​ကြမ္​းနင္​ဟာ လူတိုင္​းနဲ႔ အဆက္​အသြယ္​ျဖတ္​ခဲ့တယ္​.

ဖုန္​း​​ကိုလည္​း မကိုင္​. QQ မွာလည္​း မ႐ွိ. အီး​ေမးလ္​​ေတြဟာလည္​း ျပန္​စာ​ေတြ ​ေရာက္​မလာခဲ့ဘူး. ​ေနာက္​ဆံုး သူ႕အၾကံ​ေပးဆရာ​ကို​ေပးခဲ့တဲ့ ​ဖုန္​းနံပါတ္​က​ေတာင္​ သူ႔မိဘ​ေတြရဲ႕ ဖုန္​းျဖစ္​​ေနတယ္​

ဘယ္​သူမွ သူ႔ကို ဘယ္​လိုဆက္​သြယ္​ရမယ္​မွန္​း မသိခဲ့ဘူး

သူ​ဟာ ႐ုတ္​တရတ္​ႀကီး ​ေလထဲမွာ ​ေပ်ာက္​သြားသလိုပဲ

က်န္​းလင္​ရိဟာ တစ္လလံုးလံုး, ​ေနရာစံုက​ေန ၀မ္​ကြမ္​းနင္​နဲ႔ အဆက္​အသြယ္​ရဖို႔ နည္​းလမ္​း​ေတြ ႐ွာ​ေဖြခဲ့တယ္​. သူဟာ ​ေက်ာင္​းအၾကံ​ေပးဆရာဆီက ထိုင္​၀မ္​လဲလွယ္​​ေရးအစီအစဥ္​မွာ တစ္​​ေနရာစာထပ္​ထည္​့​ေပးဖို႔​ေတာင္​ တိုင္​ပင္​ခဲ့တယ္​. ဒါ​ေပမယ္​့ စာရင္​းက ပိတ္​သြားခဲ့ၿပီ. အရမ္​းကို ​ေနာက္​က်သြားခဲ့ၿပီ

၀မ္​ကြမ္​းနင္​ ဘာလို႔ ဒီလိုထြက္​သြားခဲ့တာလဲဆိုတာ သူနားမလည္​ႏိုင္​ဘူး

သူတစ္​ခါက​ေတြးဖူးတယ္​ သူတို႔ႏွစ္​​ေယာက္​ၾကားထဲမွာ အနည္​းဆံုး​ေတာ့ သူငယ္​ခ်င္​းသံ​ေယာဇဥ္​​ေလး​ ႐ွိ​​ေနတယ္​​ေပါ့. ဘာျဖစ္​လို႔ ၀မ္​ကြမ္​းနင္​က သူ႔ကို ႏႈတ္​ဆက္​စကား​ေလး​ေတာင္​ ​ေျပာမသြားရတာလဲ?

တစ္​လၾကာ​ေတာ့ ​လ်ိဳက်ီ၀ိုက္​ ​ေနာက္​ဆံုးမွာ သည္​းမခံႏိုင္​တဲ့အဆံုး သူ႔နဲ႔ လမ္​းခြဲဖို႔ ​ေျပာလာတယ္​. အဲ့​ေတာ့မွ က်န္​းလင္​ရိဟာ သူ လ်ိဳက်ီ၀ိုက္​ကို ဒီ​ေလာက္​ အၾကာႀကီး လ်စ္​လ်ဴ႐ႈထားမိတာ သတိရသြားတယ္​

​ေနာက္​ဆံုး​ေတာ့.....​ေနာက္​ဆံုးမွာ​ေတာ့ သူ ကိုယ္​့ဟာကိုယ္​ ၀န္​ခံလိုက္​တယ္​. သူ ၀မ္​ကြမ္​းနင္​ကို ခ်စ္​မိ​ေနၿပီ

သူ အမွန္​တကယ္​ကို တစ္​ခါမွ မခ်စ္​ခဲ့ဖူးဘူး. ဒါ​ေပမယ္​့ အဲ့ဒီလူရဲ႕ သူအ​ေပၚ လႊမ္​းမိုးႏိုင္​မႈက ခ်စ္​တယ္​ဆိုတဲ့ အတိုင္​းအတာထိ​ ​ေရာက္​​ေနခဲ့ၿပီ. အဲ့ဒါက သူငယ္​ခ်င္​းသံ​ေယာဇဥ္​သက္​သက္​ပါပဲဆိုတဲ့ ႏံုခ်ာခ်ာအ​ေတြးမ်ိဳး သူ​ ​ေတြး​ေတာ့မွာ မဟုတ္​ဘူး

အဲ့ဒီလူက ​ေယာက်ာ္​းတစ္​​ေယာက္​ ျဖစ္​​ေနရင္​​ေတာင္​မွ​ေပါ့

သူပထမဆံုး​ေဆးလိပ္​​ေသာက္​ျဖစ္​ခဲ့တာ အဲ့ဒီအခ်ိန္​တုန္​းကပဲ

ကံၾကမၼာရဲ႕ အႀကီးမားဆံုး​ေသာ ရယ္​စရာဟာသက အခ်စ္​ဆိုတာ ခ်စ္​ဖို႔မဟုတ္​ခဲ့ဘူး ဆံုး႐ႈံးဖို႔... ဆံုး႐ႈံးလိုက္​ရ​ေတာ့မွ အဲ့ဒီလူကို သူခ်စ္​​ေနတယ္​ဆိုတာ သူ႐ွာ​ေဖြ​ေတြ႔႐ွိခဲ့တယ္​

ဒါ​ေၾကာင္​့ သူ ႏွစ္​႐ွည္​လမ်ား ​ေစာင္​့​ဆိုင္​းျခင္​းကိုအလုပ္​ကို စတင္​ခဲ့တယ္​. ​ေက်ာင္​းသားလဲလွယ္​​သင္​ၾကား​ေရးကာလႀကီး ကုန္​ဆံုးသြားတဲ့အထိ သူ​ေစာင္​့​ေနခဲ့တယ္​. ၀မ္​ကြမ္​းနင္​နဲ႔ အတူတူ လဲလွယ္​​ေရးအစီအစဥ္​မွာပါတဲ့ ​တျခား​ေက်ာင္​းသား​ေတြအားလံုး ျပန္​​ေရာက္​လာခဲ့တယ္​ ဒါ​ေပမယ္​့ အဲ့ဒီလူက​ေတာ့ ျပန္​မလာခဲ့ဘူး

၀မ္​ကြမ္​းနင္​နဲ႔ အတူတူ​ေက်ာင္​းတက္​ခဲ့တဲ့ လဲလွယ္​​ေရးအစီအစဥ္​က​ေက်ာင္​းသား​ေတြမွာ​ေတာင္​ သူ႔ဆီဆက္​သြယ္​ဖို႔ ဘာနည္​းလမ္​းမွမ႐ွိခဲ့ဘူး. သူ႔တို႔ ​ေ၀​ေ၀၀ါး၀ါးသာ သိၾကတာက ၀မ္​ကြမ္​းနင္​ဟာ ထိုင္​၀မ္​မွာ​ အလုပ္​လုပ္​ဖို႔​ေနရစ္​ခဲ့တယ္​ဆိုတာပဲ

ဒီ​ ​ေလးႏွစ္​ဆိုတာက ​ေျပာရရင္​​ေတာ့ မၾကာပါဘူး. ဒါ​ေပမယ္​့ မ်ားျပားတဲ႔အ​ေတြး​ေတြနဲ႔ ရင္​ဆိုင္​​ေနရသူအဖို႔ ဒါက အဆံုးမဲ့ ရွည္လ်ားျခင္​းမ်ိဳးပဲ

​ေၾကာက္​စရာအ​ေကာင္​းဆံုးအခ်က္​က ဒီလို​ေစာင္​့ဆိုင္​း​ေနရျခင္​း​က ဘယ္​​ေတာ့မွ အဆံုးသတ္​​မလဲဆိုတာ သူမသိႏိုင္​တာပဲ

ကံ​ေကာင္​း​ေထာက္​မစြာနဲ႔ ထိုသူျပန္​လာခဲ့တယ္​

သူဟာ ထိုသူ႔​ေပၚကို တဟုန္​ထိုး ခုန္​အုပ္​ပစ္​လိုက္​ခ်င္တယ္​

ဒါ​ေပမယ္​့ သူ႔မွာ အဲ့လိုလုပ္​ဖို႔ ဘယ္လို အ​ေနအထားမွ ႐ွိမ​ေနဘူး

သူတို႔ရဲ႕ ဆက္​ဆံ​ေရးက ဘာလဲ?

သူငယ္​ခ်င္​းသံ​ေယာဇဥ္​​လို႔​ေျပာရ​ေအာင္​လည္​း သူတို႔ႏွစ္​​ေယာက္​ၾကားက သူငယ္​ခ​်င္​းသံ​ေယာဇဥ္​ဟာ သူနဲ႔ စန္​းစစ္​ရန္​တို​့​ေလာက္​ မနက္​႐ႈိင္​းဘူး

ဒါ​ေပမယ္​့ ဒီလူက​ို​ေတာ့ သူ ဘယ္​နည္​းနဲ႔မွ သြားခြင္​့မျပဳႏိုင္​​ေတာ့ဘူး

ဘယ္​လိုနည္​းလမ္​းပဲ သံုးရသံုးရ သူ႔နားမွာ႐ွိ​ေန​ေအာင္​ အရင္​လုပ္​ၿပီးမွ ဆက္​​ေျပာၾကတာ​ေပါ့

ဒါ​ေပမယ္​့ သူအခုသိလာရတာက သူဟာ မ်က္​စိ​ေ႐ွ႕မွာ ၾကည္​့​ေနရရံုနဲ႔ လံုး၀ဆက္​ၿပီး မ​ေက်နပ္​ႏိုင္​​ေတာ့ဘူး. သူ႔မွာ သ၀န္​တိုပိုင္​ခြင္​့​ေလး​ေတာင္​ ႐ွိမ​ေနဘူး

သူ ဖြင္​့​ေျပာမယ္​ ၿပီး​ေတာ့ သူ႔အပိုင္​ဆိုၿပီး တံဆိပ္​ကပ္ပစ္​လိုက္​မယ္​

"ငါမင္​းကို ဟိုးအရင္​ကတည္​းက တကယ္​ႀကိဳက္​​ခဲ့တာ"

က်န္​းလင္​ရိက ​ေနာက္​တစ္​ခါထပ္​ၿပီး ​ေသခ်ာ​ေျပာလိုက္​တယ္​. သူ႔မ်က္​လံုးထဲမွာ ​ေနမထိထိုင္​မသာျဖစ္​​ေနမွန္​း သိသာ​​ေနတယ္​

"အိုး, ဟုတ္​လား?"

၀မ္​ကြမ္​းနင္​က ခပ္​ဖြဖြျပံဳးၿပီး ​ေျပာလိုက္​တယ္​

၀မ္​ကြမ္​းနင္​ဟာ ​ေနာက္​ဆံုး​ေတာ့ သူအၾကာႀကီး​ေစာင္​့​ေနခဲ့ရတဲ့ စကားလံုး​ေတြကို သူၾကားခဲ့ရၿပီ. သူ႔ႏွလံုးသားထဲက ​​ေပ်ာ္​ရႊင္​၀မ္​း​ေျမာက္​မႈ​ေတြဟာ ဖံုးဖိမထားႏိုင္​​ေလာက္​​ေအာင္​ပဲ

ဒါ​ေပမယ္​့ သူဟာ သူႏွလံုးသားထဲက စိတ္​လႈပ္​႐ွား​ေနတာ​ေတြကို မ​်က္​ႏွာ​မွာ မ​ေပၚလာ​ေအာင္​ တည္​ၿငိမ္​စြာထိန္​းထားတယ္​

တကယ္​​ေတာ့ သူ က်န္​းလင္​ရိကို ​ေမးၾကည္​့လိုက္​ခ်င္​တယ္​. မင္​း​ေျပာတဲ့ အရမ္​းအရမ္​းကုိ ၾကာ​ေနၿပီဆိုတာ ဘယ္​​ေလာက္​ၾကာတာလဲ? အဲ့ဒါက ငါ့မင္​းကို ႀကိဳက္​​ခဲ့တဲ့အခ်ိန္​ထက္​ပဲ ပိုၾကာဦးမလား?

၀မ္​ကြမ္​းနင္​ဟာ အခုခ်ိန္​ထိ အဲ့ဒီတုန္းက ျ​မင္​ကြင္​းကို ရွင္​း႐ွင္​းလင္​းလင္​း မွတ္​မိ​ေန​ေသးတယ္​. သူမိုး​ေရထဲမွာ အ႐ူးတစ္​​ေယာက္​လို ဖြင္​့​ေျပာဖို႔ ႀကိဳးစားခဲ့တုန္​းက သူျမင္​ခဲ့ရတဲ့ အဲ့ဒီ ျမင္​ကြင္​း....

မင္​း ငါ့ကို ဟိုးအရင္​ကတည္​းက ႀကိဳက္​တယ္​? ဒါ​ေပမယ္​့ အဲ့ဒါက ​ေသခ်ာ​ေပါက္​ ငါမင္​းကို ႀကိဳက္​ခဲ့တာထက္​​​​ေတာ႔ ပိုမၾကာႏိုင္​ပါဘူး

၀မ္​ကြမ္​းနင္​ ၀န္​ခံပါတယ္​. သူအလိုလို ​ေဒါသ​ေတြထြက္​လာမိတယ္​

ဒါဟာ အရမ္​း ​ေယာက်ာ္​းမဆန္​ရာက်​ေန​ေပမယ္​့လည္​း သူ႔မွာ အခ်ိန္​အၾကာႀကီး ခံစားခဲ့ရတာ​. က်န္​းလင္​ရိကို နဲနဲ​ေလာက္​ ညင္​းဆဲ​လိုက္​တာ​ေတာ့ မလြန္​​ပါဘူး!

ဒါနဲ႔ သူ က်န္​းလင္​ရိကို ​ဖြဖြ​ေ​​လး တြန္​းလိုက္​တယ္​

"ဒါဆိုလည္​း မင္​းလုပ္​ပံုကိုင္​ပံု​ပဲ ၾကည္​့ရတာ​ေပါ့"

"အာ?"

က်န္​းလင္​ရိ: "????"

"႐ႈိ႐ိႈ လာ, သရက္​သီး​ေလး တစ္​စိတ္​​ေလာက္​စားၾကည္​့"

က်န္​းလင္​ရိဟာ ​ေခ်ာ့​ေခ်ာ့​ေမာ့​ေမာ့နဲ႔ အခ်ိဳမႈန္​႔တို႔ထားတဲ့ သရက္​သီးတစ္​စိတ္​ကို ၀မ္​ကြမ္​းနင္​ပါးစပ္​နားကို ​ေတ့​ေပးလိုက္​တယ္​

၀မ္​ကြမ္​းနင္​ဟာ ဆိုဖာ​ေပၚမွာ ​ေကြး​ေကြး​ေလး အိပ္​​ေနတယ္​. သူဟာ ipad ကို ​ေဆာ့​ေနရင္​းက သူ႔ဆီကို ကမ္​း​ေပးလာတဲ့ သစ္​သီး​ေအး​ေအး​ေလးကို သဘာ၀က်က် ပါးစပ္​ဟ​ေပးလိုက္​ကာ စားလိုက္​တယ္​

"စားလို႔​ေကာင္​းလား?"

က်န္​းလင္​ရိက ၀မ္​ကြမ္​းနင္​ကို မ်က္​စိတစ္​ဖက္​မွိတ္​ျပကာ ​ေမးလိုက္​တယ္​

၀မ္​ကြမ္​းနင္​က ​ေခါင္​း​ေတာင္​​ေမာ့မၾကည္​့ပဲ ဒီအတိုင္​း​ေခါင္​းကိုညိမ္​့ျပလိုက္​တယ္​

"စားလို႔​ေကာင္​းတယ္​"

ဆင္​စြယ္​​ေရာင္​ သရက္​သီး​ေလး​ေတြကို ​ေရခဲ​ေသတၱာထဲမွာ အ​ေအးခံထားရာက​ေန အတံုး​ေလး​ေတြ တံုးကာခ်ိဳခ်ဥ္​အမႈန္​႔​ေလး​ေတြနဲ႔ နယ္​ထားတာက လူကို လံုး၀လန္​းဆန္​းကာ ​ေရငတ္​​ေျပသြား​ေစတယ္​. ဒါဟာ ​ေႏြရာသီရဲ႕ ​အ​ေကာင္​းဆံုး​ စားစရာတစ္​ခုျဖစ္​တယ္​.

က်န္​းလင္​ရိ ၀မ္​ကြမ္​းနင္​ကို ဖြင္​့​ေျပာျပီးတဲ့အခ်ိန္​ကစလို႔ သူ႔ရဲ႕ အိမ္​ကအ​ေျခအ​ေနက ဟိုး​ေအာက္​ကို ​ေရာက္​သြား​ေလ​ေတာ့တယ္​. သူဟာ ခါတိုင္​းလို မ်က္​ႏွာ​ေျပာင္​​ေနတဲ့အျပင္​ သူ႔႐ႈိ႐ိႈ ​ေျပာသမွ်ကို ​ေခါင္​းညိမ္​့ကာ အလိုလိုက္​အႀကိဳက္​​ေဆာင္​​ေနတယ္​. သူဟာ သူခ်စ္​ရတဲ့ သူဆီက​ေန မ်က္​ႏွာရ​ေအာင္​ မုန္​႔​ေတြျပင္​ဆင္​​ေကြၽးတာမ်ိဳးလည္​း လုပ္​လိုက္​​ေသးတယ္​

တကယ္​့ကို စိတ္​မ​ေကာင္​းစရာပဲ!

က်န္​းလင္​ရိဟာ အဘက္​ဘက္​က​ေန အဆုတ္​အတက္​ အသြားအလာ​ေတြကို စဥ္​းစား​ေလ့လာၿပီးတဲ့​ေနာက္​မွာ လက္​႐ွိအ​ေျခအ​ေနအရ သူ​အ​ေ႐ွ႕တက္​ဖို႔ကို ​ေရြးခ်ယ္​လိုက္​တယ္​!

နည္​းနည္​း​ေလာက္​ပဲ ​ေ႐ွ႕တက္​ၿပီး နည္​းနည္​းပဲ အာရံုစိုက္​ခံရတာက တန္​ဖိုးမ႐ွိဆံုးပဲ!

၀မ္​ကြမ္​းနင္​ဟာ က်န္​းလင္​ရိကို တမင္​တကာ အခ်ိန္​ဆြဲထားတာ​ေတာ့မဟုတ္​ဘူး. သူဟာ က်န္​းလင္​ရိဖက္​ထားကို သ​ေဘာက်​​ေပမယ္​့ က်န္​းလင္​ရိကို ႏွစ္​ရက္​​ေလာက္​ အခ်ိန္​ဆြဲထားဖို႔ သူ အစတုန္​းက စဥ္​းစားခဲ့တယ္​. ဒါ​ေပမယ္​့ က်န္​းလင္​ရိဆိုတဲ့ သူက ဖြင္​့မ​ေျပာရင္​လဲမ​ေျပာလို႔ ​ေျပာျပန္​​ေတာ့လဲ လူကို အရမ္​းအံ့ၾသသြား​ေအာင္​ လုပ္​ႏိုင္​တယ္​. ဒါနဲ႔သူဟာ သူအစတုန္း​က​ေတြးထားတဲ့ အ​ေတြး​ေတြကို စြန္​႔လႊတ္​လိုက္​ၿပီး​ေနာက္​ ​ေန့တိုင္​း​ကို အခြင္​့​ေကာင္​းယူခ်င္​စိတ္​​ေတြ႔ျဖစ္​လာ​ေတာ့တယ္​

ဒါ​ေပမယ္​ ​ေနာက္ဆံုး​မွာ​ေတာ့ ​၀မ္​ကြမ္​းနင္​ခမ်ာ သူ႔​ေၾကာင္​့စိတ္​​ေတြသာ ႐ႈပ္​လာ​ရတာ​ေၾကာင္​့ သူ႔ကို ခပ္​​ေခ်​ေခ်ပဲ ဆက္​ဆံ​ေန​မိတယ္​

အမွန္​ပဲ. ဒီလိုမ်ိဳး ခႏၶာကိုယ္​တစ္​ခုလံုးမွာ အ​ေရးျပားကခ်ည္​း ၉၀ရာခိုင္​ႏႈန္​း​ေလာက္​႐ွိ​ေနလားထင္​ရ​ေလာက္​​ေအာင္​ မ်က္​ႏွာ​ေျပာင္​ၿပီး အ​ေရထူတဲ့လူ​ေတြကို ဆက္​​ဆံတဲ့နည္​းက​ ​ေအးတိ​ေအးစက္​နဲ႔ ခပ္​​ေခ်​ေခ် ​ေနျခင္​းပဲ

က်န္​းလင္​ရိဟာ နားမလည္​ႏိုင္​​ေတာ့ဘူး. သူဟာ တကယ္​​ေတာ့ အၾကံကုန္​ထုတ္​သံုးၿပီးသြားၿပီ. ဘာလို႔ ႐ိႈ႐ိႈၾကည္​့ရတာ အရင္​ကထက္​​ေတာင္​ ပိုၿပီး​ေအးတိ​ေအးစက္​ႏိုင္​လာရတာလဲ?

မဟုတ္​မွလြဲ​ေရာ သူမွန္​းတာမ်ားမွား​ေနသလား? တကယ္​​ေတာ့ ႐ိႈ႐ိႈက သူ႔ကို တကယ္​ႀကီး သ​ေဘာမက်ဘူးမ်ားလား?

ဒါျဖင္​့ရင္​ ဟို​ေန႔ သူတို႔နမ္​းၿပီးသြားတဲ့အခါက်​ သူ ဘာလို႔ သူ႔ကို တြန္​းထုတ္​မပစ္​ရတာလဲ?

​ေျပာရမယ္​ဆိုရင္​ သူတို႔ အဲ့​​ေလာက္​​ေတာင္​ နမ္​းခဲ့ၾကတဲ့ဟာ တကယ္​လို႔ ႐ိႈ႐ိႈဘက္​က သူ႔အ​ေပၚမွာ ဘယ္​လိုမွ သ​ေဘာမထားဘူးဆို သူက ၀က္​ဦး​ေႏွာက္​ျဖစ္​​ေနမွပဲ!

ဒါဆို ဘာလို႔ ခုက်မွ ႐ိႈ႐ိႈက အဲ့​ေလာက္​​ေတာင္​ ​ေအးတိ​ေအးစက္​ႏိုင္​​ေနရတာလဲ?

က်န္​းလင္​ရိရဲ႕ ထိပ္​တန္​းစ​ေကာ္​႐ွစ္​တစ္​​ေယာက္​ရဲ႕ IQ ဟာ ခု​ေတာ့ လံုး၀ကို minus ​ေတြ ျပ​ေနခဲ့ၿပီ

"႐ိႈ႐ိႈ, ဒီအပတ္​ကုန္​က်ရင္​ ငါတို႔ အျပင္​မွာ ခ်ိန္​း​ေတြ႔ၾကရ​ေအာင္​!"

က်န္​းလင္​ရိဟာ ​အားငယ္​စြာနဲ႔ ၀မ္​ကြမ္​းနင္​ကို ​ေျပာခ်လိုက္​တယ္​

၀မ္​ကြမ္​းနင္​ရဲ႕ မ်က္​လံုး​ေတြက​ေတာ့ ဂိမ္​း​​ေဆာ့မျပတ္​ဘူး. သူက က်န္​းလင္​ရိ​ေျပာတာကိုလည္​း ၾကား​ေရာ

"​ေယာက်ာ္​းရင္​့မာႀကီးႏွစ္​​ေယာက္​က ဘာ​ေတြမ်ား ခ်ိန္​း​ေတြ႔စရာ႐ွိလို႔လဲ!"

အဲ့ခ်ိန္​မွာ​ က်န္​းလင္​ရိရဲ႕ မ်က္​ႏွာ​ေျပာင္​မႈႀကီးဟာ စံခ်ိန္​အသစ္​ခ်ိဳးသြား​ေတာ့တယ္​. သူဟာ စိတ္​ပိုင္​းဆိုင္​ရာ အခက္​အခဲ​ေလးတစ္​စံုတစ္​ရာ​ေတာင္​ မ႐ွိသလိုမ်ိဳးနဲ႔ ​ေျပာခ်လိုက္​တယ္​

"တကယ္​​ေတာ့ ​ေယာက်ာ္​း​ေလးႏွစ္​​ေယာက္​ ခ်ိန္​း​ေတြ႔တယ္​ဆိုတာ ​ေကာင္​း​တဲ့ကိစၥပဲ​ေလ. ​ေကာင္​မ​ေလးတစ္​​ေယာက္​နဲ႔ ခ်ိန္​း​ေတြ႔တာ​ထက္​ေ​တာ့ မဆိုး​ေသးပါဘူး.မင္​းသာ ​ေကာင္​မ​ေလးတစ္​​ေယာက္​နဲ႔ ခ်ိန္​႔​ေတြ႕မယ္​ဆို မင္​းက သူ႔ကို အလိုလိုက္​အႀကိဳက္​​ေဆာင္​ရမယ္​. သူက ​ေျခလွမ္​းႏွစ္​လွမ္​း​ေလာက္​လွမ္​းလိုက္​တာနဲ႔ ပင္​ပန္​းလာမယ္​. ၿပီး​ေတာ့ မင္​းက သူ႔အ​ေနာက္​က​ေန တစ္​​ေကာက္​​ေကာက္​လိုက္​​ေနရမယ္​. အခန္​႔မသင္​့ရင္​ မင္​း သူနဲ႔ shopping လိုက္​ထြက္​ရမယ္​. ဘယ္​​ေလာက္​​ေတာင္​ဆိုးလိုက္​သလဲ! ဒါ​ေပမယ္​့ ငါနဲ႔ ခ်ိန္​း​ေတြ႔ရင္​ၾက​ေတာ့ မတူ​ေတာ့ဘူး​. ငါက မင္​းကို အလိုလဲလိုက္​​ေပးမယ္​. မင္​းသြားတဲ့​ေနာက္​ကိုပဲ တ​ေကာက္​​ေကာက္​လိုက္​​ေပးမယ္​. မင္​းကို အလိုလိုက္​ အႀကိဳက္​​ေဆာင္​...."

၀မ္​ကြမ္​းနင္​ဟာ သူ႔​​ေျပာစကား​ေတြ​ေၾကာင္​့ ​ေခါင္​း​ေတြ​ေတာင္​ ကိုက္​လာတယ္​. ​ေနာက္​ဆံုးမွာ သူမတတ္​ႏိုင္​​ေတာ့ပဲ ​ေခါင္​း​ေမာ့လာကာ ​ေျပာလိုက္​တယ္​

"ဘယ္​သြားမွာလဲ?"

"အာ?"

က်န္​းလင္​ရိဟာ သူ႔ကို ဆက္​ၿပီးတုိက္​တြန္​းဖို႕ စကား​ေတြ ​ေျပာမလို႔႐ွိ​ေသးတယ္​ ၀မ္​ကြမ္​းနင္​ ႐ုတ္​တရတ္​ စကားျဖတ္​​ေမးတာခံလိုက္​ရတယ္​

"ငါတို႔ အျပင္​မွာ ခ်ိန္​း​ေတြ႕မလို႔ မဟုတ္​ဘူးလား?"

၀မ္​ကြမ္​းနင္​ မ်က္​ႏွာက 'မင္​း အဲ့​ေလာက္​​ေတာင္​ တုံး​ေနလည္​း ခ်ိန္​း​ေတြ႕မ​ေနနဲ႔​ေတာ့´ ဆိုတဲ့ပံုနဲ႔ ​ေမးလိုက္​တယ္​

"ဘယ္​သြားမွာလဲ?"

က်န္​းလင္​ရိဟာ သူ​ေျပာတာလည္​း ၾကား​ေရာ ခ်က္​ခ်င္​းကို တက္​ႂကြသြားတယ္​. သူက စိတ္​လႈပ္​႐ွားစြာနဲ႔...

"ငါ အစီအစဥ္​သံုးခု စဥ္​းစားထားတယ္​. ငါတို႔ အတူတူ တစ္​ခု​ေလာက္​​ေရြးရ​ေအာင္​"

တကယ္​ႀကီး သံုးခု​ေတာင္​ စဥ္​းစားထားတယ္​!

၀မ္​ကြမ္​းနင္​ဟာ က်န္​းလင္​ရိကို မ​ေက်မနပ္​နဲ႔ ၾကည္​့လိုက္​တယ္​

သူ႔မွာ လုပ္​စရာအလုပ္​​​​ေကာ႐ွိ​ေသးရဲ႕လား?

ဘာျဖစ္​လို႔ ဒါမ်ိဳး​ေတြ စဥ္​းစားဖို႔​ေတာင္​ အခ်ိန္​​ေတြ အဲ့​ေလာက္​​ေပါ​ေနရတာလဲ?

ၿပီး​ေတာ့ က်န္​းလင္​ရိဟာ လံုး၀ကို အျပည္​့အစံု ျပင္ဆင္​လာတယ္​.

"႐ိႈ႐ိႈ​ ​ေနာက္​ဆံုး​ေတာ့ ငါနဲ႔ ခ်ိန္​း​ေတြ႔ဖို႔ သ​ေဘာတူၿပီ​ေပါ့"

က်န္​းလင္​ရိဟာ သူ႔႐ႈိ႐ႈိ​ေလးက ခ်ိန္​း​ေတြ႔ဖို႔ သ​ေဘာတူလိုက္​ၿပီဆိုတာနဲ႔ ​ေပ်ာ္​ရႊင္​မႈ​ေတြနဲ႔ အျပည့္႔ျဖစ္​သြားတယ္​. သူဟာ ၀မ္​ကြမ္​းနင္​ရဲ႕ စိတ္​​ေတြ ႐ႈပ္​​ေထြး​ေနတဲ့ မ်က္​ႏွာအမူအရာကို​ေတာင္​ သတိမျပဳမိ​ေတာ့ဘူး

"ပထမဆံုးတစ္​ခုက ႐ုပ္​႐ွင္​ၾကည္​့ၾကမယ္​. ငါ ​ေနာက္​ဆံုးထြက္​တဲ့ ႐ုပ္​႐ွင္​ဇာတ္​ကားစာရင္​းကို ၾကည္​့ၿပီးသြားၿပီ. အဲ့မွာ နာမည္​ႀကီး​ေနတဲ့ ႐ုပ္​႐ွင္​တစ္​ကား႐ွိတယ္​. နာမည္​က <<အ​ေသြးႏွင္​့အသား>> တဲ့. ၾကည္​့ရတာ ​ေတာ္​​ေတာ္​ စိတ္​၀င္​စားၿပီး ၾကည္​့​ေကာင္​းမယ္​ပံုပဲ....."

က်န္​းလင္​ရိ​ေျပာ​ေနပံုက သူတစ္​ခုခုကို သတိရသြားသလိုမ်ိဳးပဲ မ်က္​လံုး​ေတြကလည္​း အ​ေရာင္​တလက္​လက္​နဲ႔.

<<အ​ေသြးႏွင္​့ အသား>> ?

အဲ့ကားက ခုတစ္​​ေလာ ​ေၾကာျငာ​ေနတဲ့ ​ေသြးရဲရဲသံရဲရဲ သည္​းထိတ္​ရင္​ဖို႐ုပ္​႐ွင္​ကားႀကီး မဟုတ္​ဘူးလား? ႐ုပ္​႐ွင္​ရံုက ​ေၾကာ္​ျငာထဲမွာ ထပ္​ၿပီး​ေျပာထား​ေသးတာက ဘာတဲ့..

"သူမကို ခ်စ္​တယ္​ဆိုရင္​ သူမကို ဒီ <<အ​ေသြးႏွင္​့ အသား>> ႐ုပ္​႐ွင္​ဇာတ္​ကားႀကီးကို ၾကည္​့ဖို႔​ေခၚလာလွည္​့ပါ" တဲ့.....

၀မ္​ကြမ္​းနင္​ရဲ႕ ​ေကာင္​းမြန္​တဲ့ မွတ္​ဥာဏ္​​ေတြဟာ အလ်င္​အျမန္​ပဲ သူတို႔ႏွစ္​​ေယာက္​ ပထမဆံုး ႐ုပ္​႐ွင္​သြားၾကည္​့တုန္​းက အခ်ိန္​​ေတြကို သြားသတိရမိ​တယ္​. က်န္​းလင္​ရိရဲ႕ သည္​းထိတ္​ရင္​ဖို ဇာတ္​လမ္​းအ​ေပၚ အဓိပၸါယ္​ဖြင္​့ဆိုခ်က္​က __ အတြဲ​ေတြအၾကည္​စိုက္​ႏိုင္​ဖို႔ အကူအညီ​ေကာင္​း​ေလး!

အဲ့​ေတာ့ က်န္​းလင္​ရိက အရင္​တစ္​​ေခါက္​ကလို ထပ္​လုပ္​ခ်င္​​ေနတာလား?

၀မ္​ကြမ္​းနင္​ဟာ သူ႔ကို ​ေအးတိ​ေအးစက္​ ၾကည္​့လိုက္​ရင္​းက

"ငါ​​ေတာ့ မင္​းအ​ေပၚ မွီအိပ္​ဖို႔ ​ေတာ့လံုး၀ပဲ. မင္​း ​သြား​ေသလိုက္​​ေတာ့?"

က်န္​းလင္​ရိ​ေမွ်ာ္​လင္​့​ေနတဲ့ အ​ေတြး​ေလး​ေတြဟာ ​ပယ္​ခ်ျခင္​းခံလိုက္​ရတယ္​. သူက​ေျပာလိုက္​တယ္​

"အဲ့လိုဆိုလည္​း ထားလိုက္​​ေတာ့. ငါတို႔ ဒုတိယတစ္​ခုကို စဥ္​းစားၾကမယ္​ __ ငါတို႔ water park သြားၾကမယ္​!"

အ​ေကာင္​းဆံုးက​ေတာ့ roller coaster သြားစီးမယ္​. ၿပီး​ေတာ့မွ ​ေၾကာက္​လြန္​းလို႔ မ်က္​ႏွာ​ေလး ျဖဴ​ေဖ်ာ့​ေနတဲ့ ႐ိႈ႐ိႈ​ကို လက္​​ေလးနဲ႔ အသာဖက္​ထားၿပီး ႏွစ္​သိမ္​့​ေပးမယ္​. ဒါကအျမင္​​ေတာ့ သိပ္​​ေကာင္​းမွာမဟုတ္​ဘူး!

၀မ္​ကြမ္​းနင္​ဟာ ဆိတ္​ဆိတ္​​ေနရင္​းက က်န္​းလင္​ရိ ႀကိတ္​ျပံဳး​ေနတာကို ျမင္​​လိုက္​တယ္​.

ဒါ Water park ​ေလး တစ္ခ​ါ​ ​သြားတာပဲ မဟုတ္​ဘူးလား? အဲ့​ေလာက္​​ေတာင္​ စိတ္​လႈပ္​႐ွားစရာလိုလို႔လား?

​​ေသခ်ာ​ေပါက္​ ​ထုတ္​ေ​ျပာလို႔မရတဲ့ ဘာရည္​ရြယ္​ခ်က္​​ေတြမ်ား ႐ွိ​ေနလို႔လဲ? သတိလက္​လြတ္​လို႔ မျဖစ္​ဘူး!

ၿပီး​ေတာ့ ပိတ္​ရက္​မွာ water park သြားတာက ​ေသခ်ာ​ေပါက္​ က​ေလးပိစီ​ေလး​ေတြနဲ႔ ျပည္​့​ေနမွာ. စဥ္​းစားၾကည္​့တာနဲ႔​တင္​ ​ေၾကာက္​ဖို႔​ေကာင္​း​ေနၿပီ!

ဒါနဲ႔ ၀မ္​ကြမ္​းနင္​ဟာ ခ်က္​ခ်င္​းဆိုသလို ကန္​႔ကြက္​လိုက္​တယ္​.

"အသက္​ကျဖင္​့ ၾကီး​ေနၿပီ ဘာ water park  သြားမယ္​လဲ! မသြားဘူး"

"ဒါလည္​း မသြားျပန္​ဘူးလား! "

က်န္​းလင္​ရိဟာ ခါးသီးစြာ ​ေျပာလိုက္​တယ္​

"ဒါျဖင္​့ ​ေနာက္​ဆံုး​တစ္​ခုပဲ က်န္​​ေတာ့တယ္​ __ တိရစၧာန္​ရံုသြားၾကမယ္​"

၀မ္​ကြမ္းနင္​ : "....."

အဲ့ဒါက နား​ေထာင္​ၾကည္​့တာနဲ႔တင္​ ပ်င္​းစရာ​ေကာင္​း​ေပမယ္​့ ပထမဟာ ႏွစ္​ခုထက္​ ယွဥ္​လိုက္​ရင္​​ေတာ့......

"​ေကာင္​းၿပီ. အဲ့ပဲ သြားၾကတာ​ေပါ့!"

၀မ္​ကြမ္​းနင္​ ​ေနာက္​ဆံုးအ​ေနနဲ႔ ​ေျပာလိုက္​တယ္​

က်န္​းလင္​ရိ : "....."

ဒီတိရစာၦန္​​ရံု​ေလးတစ္​ခုကို သြားဖို႔အ​ေရး ဘာလို႔ သူနည္​းနည္​း​ေလး ​ေနာင္​တရခ်င္​စိတ္​​ေပါက္လာရတာလဲ?

ဒီငွက္​​ေတြ တိရစၧာန္​​ေတြ တစ္​သိုက္​နဲ႔က​ေတာ့ သူ႔အခ်စ္က တကယ္​ႀကီး ႐ိုမန္​တစ္​ဆန္​လာပါ​ေတာ့မလား?

______________________________________

အခ်စ္​ဆံုးတို႔​ေရ....

​ေနာက္​ဆံုး​ေတာ့ ဒီအပိုင္​း​ေလးကို ျပန္​လို႔ၿပီးသြားပါၿပီ 👏👏 သာသာလည္​း တ႐ုတ္​စာ​ေတြ ​အမ်ားႀကီး တိုးတက္​သြားၿပီ 😁😁 ဒါနဲ႔ ဒီက​ေလးႏွစ္​​ေယာက္​ကို ဘယ္​လိုလုပ္​ရပါ့​ေနာ္​ 😂😂 😝😝 . ​ေနာက္​အပိုင္​း တိရစၧာန္​ဥယ်ာဥ္​မွာ ျပန္​​ေတြ႕ၾကမယ္​​ေနာ္​ 😍😍 အားလံုးပဲ ​ေပ်ာ္​ရႊင္​စရာ ညခ်မ္​း​ေလးျဖစ္​ပါ​ေစ . good night ပါ 😊🌙

With love ❤❤
Taiga 😘

((Unicode))

အပိုင်း ၄၃
အကောင်းဆုံး ချိန်းတွေ့ခြင်းနှင့် သောက်ကျိုးနည်း ရိုမန့်စ်

နူးနူးညံ့ညံ့လေးနဲ့ ဓာတ်လိုက်သလို အထိအတွေ့ဟာ သူ့ရဲ့ နှလုံးသားကို အနည်းငယ်တုန်ခါသွားစေတယ်

အဲ့ဒါဟာ နှစ်ပေါင်းများစွာထဲက သူ မျှော်လင့်တောင်းတခဲ့ရသလိုမျိုး. ကိုယ်ပိုင်ဆိုင်တဲ့ အရာကို ထိတွေ့လိုက်ရသလိုမျိုး. အဲ့ဒါဟာ အနမ်းလေးသက်သက်ကြောင့်ရယ် မဟုတ်ဘူး. အဲ့ဒါဟာ သူအနမ်းတွေ ချွေနေတဲ့ သူလေးကြောင့်. ဒီမှော်ဆန်လှတဲ့ ခံစားချက်ထဲမှာ သူ့ဟာ နစ်မြုပ်လို့သွားတယ်.

ကျန်းလင်ရိဟာ သတိလက်လွတ်ဖြစ်သွားတော့မလို့ပဲ. သူက ဝမ်ကွမ်းနင်ခါးကိုဖက်ထားတဲ့ သူရဲ့လက်မောင်းတွေ ပိုပြီးတင်းကြပ်လိုက်တယ်. သူ့လက်မောင်းတွေထဲမှာရှိနေတဲ့ ဒီအပူငွေ့လေးဟာ စစ်မှန်လွန်းတာကြောင့် သူ စိတ်မထိန်းနိုင်လောက်အောင်ဖြစ်နေတယ်. လေးနှစ်လုံးလုံးလစ်လပ်နေတဲ့ သူ့ရင်ထဲကကွက်လပ်လေးဟာ အခုချိန်မှာတော့ ပြည့်စုံလို့သွားခဲ့ပြီ.

ရင်ဘက်က ရင်ဘက်ကိုကပ်လျက်, ဗိုက်ကြွက်သားက ဗိုက်ကြွက်သား.... အဟွတ် တစ်ယောက်ကိုယ်လုံးက တစ်ယောက်ကိုယ်လုံးကို ကပ်လျက်.....

သူ သူတို့နှစ်ယောက်ကြားက ကွက်လပ်တွေကို လုံးဝပြည့်သွားအောင် ဖြည့်ဆည်းပစ်လိုက်ချင်တယ်.

နှုတ်ခမ်းတွေဟာ အချင်းချင်းဖိကပ်ကာထားပြီး သွားအချင်းချင်း ပွတ်တိုက်သံဟာလည်း နားထဲမှာ ကြားနေရတယ်

ဒါပေမယ့် ဝမ်ကွမ်းနင်ဟာ စစချင်းမှာ အလွန်အမင်း အံ့သြနေတာကြောင့် တုန့်ပြန်ဖို့ကိုတောင် မေ့လျော့သွားတယ်

အနမ်းတွေက ပိုပိုပြီးနက်ရှိုင်းလာတယ်. ဒါပေမယ့် ဒီငတုံးလေးနှစ်ယောက်က ဒီထက့်ပိုုပြီး ဘယ်လိုနက်နက်ရှိုင်းရှိုင်းနမ်းရှိုက်ရမယ်ဆိုတာ မသိတော့ချိန်မှာတော့ နီစွေးစွေးနှုတ်ခန်းလေးတွေကို တင်းတင်းကြပ်ကြပ် စုပ်ယူနေကြတယ်

လျှာအချင်းချင်းကလည်း လှည့်ပတ်သွားလာကာ ရစ်နှောင်ဆက်သွယ်နေကြတာ..

အသက်ရှု ကြပ်လာကြတဲ့အထိပဲ

သူတို့နှစ်ယောက် လူချင်းခွာလိုက်ကြတော့ နှစ်ယောက်စလုံး မျက်နှာတွေက နီမြန်းလို့ အသက်ကိုမနားတမ်း ရှုသွင်းနေကြတယ်

ဒီတစ်ကြိမ်ကတော့ လုံးဝကို လွဲလို့မဖြစ်ဘူး

ပြီးတော့ ကျန်းလင်ရိဟာ သူ့ခံစားချက်တွေကို နည်းနည်းလေးတောင် ဆက်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး. ဝမ်ကွမ်းနင်က သူကြိုက်နေတဲ့ လူ့စွမ်းအားရင်းမြစ်ဋ္ဌာနကလူဟာ ရှရင်းချူမဟုတ်ဘူးလို့ ပြောလိုက်တဲ့အချိန်ကစပြီး သူ့နှလုံးသားထဲမှာ ဗြောင်းဆန်နေခဲ့တယ်.ပြီးတော့ ဝမ်ကွမ်းနင်ကလည်း သူ့ကို အဝေးကို တွန်းဖယ်မပစ်ခဲ့ဘူး

"လူ့စွမ်းအားရင်းမြစ်ဋ္ဌာန က မင်းသဘောကျနေတဲ့သူဆိုတာ...."

ကျန်းလင်ရိမျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်. သူ့အကြည့်တွေက ဝမ်ကွမ်းနင်ကိုတောင် အရည်ပျော်ကျသွားစေလောက်တယ်

"ငါလား?"

ဝမ်ကွမ်းနင်က သူ့ကို ကြည့်လိုက်ပြီးနောက် သူ့ရဲ့နီးမြန်းနေတဲ့ မျက်နှာလေးဟာ အရောင်ပြန်ဖျော့သွားတယ်. သူက ညင်သာစွာ ပြုံးလိုက်ပြီးနောက်

"ငါ တစ်ခါမှ ဘာမှ မပြောခဲ့ဖူးဘူး"

"ငါဂရုမစိုက်ဘူး. မင်းပြောတာ အဲ့အဓိပ္ပါယ်ပဲ"

ကျန်းလင်ရိက ထပ်ပြီးပြောလိုက်တယ်.

ဝမ်ကွမ်းနင်က ပါးလေးရဲသွားကာ

"အဲ့ဒါ ငါ့ကိစ္စ. မင်းပြောတာက အကြုံးမဝင်ဘူး"

သူ့ရဲ့ အတိတ်က နာကျင်ခဲ့ရတဲ့ မှတ်ဉာဏ်တွေက အရမ်းကို ရှင်းရှင်းလင်းလင်းကြီး ကျန်ရှိနေခဲ့တာရယ် ပြီးတော့ အဲ့ဒါရဲ့ နောက်ဆက်တွဲ ခံစားခဲ့ရတာတွေက အရမ်းကြာမြင့်ခဲ့တာရယ်ကြောင့် ဝမ်ကွမ်းနင်ဟာ သူ့မျှော်လင့်ထားတာနဲ့ နီးကပ်လာတဲ့အချိန်မှာ ထုတ်ဖော်ဝန်ခံဖို့ မဝံ့ရဲဘူးဖြစ်နေတယ်

အဲ့ဒါဟာ ချောကလက်ရောင်စုံလေးတွေ ထည့်ထားတဲ့လှပတဲ့သေတ္တာလေး တစ်ဗူးလိုပဲ.... ပါးစပ်ထဲမှာ ဘာအရသာရှိမယ်ဆိုတာ မသိနိုင်ပေမယ့် နောက်ဆုံးမှာ အဲ့ဒါက ချိုမြိန်မှာတော့ အသေအချာပဲ

ပြီးတော့ ဒီတစ်ခါမှာ ဘာကြောင့်ရယ်မသိ ဝမ်ကွမ်းနင်ဟာ သူအလိုချင်ဆုံးအရာကို သေချာပေါက် စားရတော့မယ်ဆိုတာ သိနေတယ်

ကျန်းလင်ရိဟာ အရမ်းကို စိတ်လှုပ်ရှားနေတယ်. ဝမ်ကွမ်းနင် ခါးကို ဖက်ထားတဲ့ သူ့ရဲ့လက်တွေက ပိုပြီးသန်မာလာတယ်..

"ဒါပေမယ့်, ငါ.....မင်းကို ကြိုက်တယ်"

"ဟိုး..ဟိုးအရင်ကတည်းက"

ကျန်းလင်ရိဟာ ဝမ်ကွမ်းနင်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး ပြောလိုက်တယ်

ဟုတ်တယ်, သူ ဒီသူ့ကို ကြိုက်ခဲ့ရတာ အရမ်း အရမ်းကို ကြာခဲ့ပြီ

ဒီ သဘောတူညီချက်ကို စခဲ့တဲ့ အချိန်ကတည်းက သူမျက်လုံးထဲမှာ ထိုသူတစ်ယောက်တည်းကိုပဲ မြင်ခဲ့တယ်. နေ့တိုင်းနေ့တိုင်းပဲ သူ့ကိုစောင့်ကြည့်နေမိတယ်. သူ ရယ်မောပျော်ရွှင်တာလေးတွေ သူဒေါသထွက်တာလေးတွေ သူညာတာလေးတွေ ကိုယ့်ကိုယ်ကို ကူကယ်ရာမဲ့ဖြစ်စေတာလေးတွေ...

သူဟာ အလွန်ကို သည်းခံနိုင်စွမ်းရှိတယ်. သူ့ဟာ သူ့ ဘဝအတွက် အရမ်းကို ကြိုးစားတယ်, အရိုးထိအောင် စွဲနေတဲ့ ကြင်နာသနားတတ်တဲ့စိတ်လေးလည်းရှိတယ်. ပြီးတော့ လူတိုင်းအပေါ်မှာ စိတ်ကောင်းထားတတ်တယ်

အစကတော့ ဒါတွေဟာ ဒီအတိုင်း အသိအမှတ်ပြုမှုလေးတစ်ခုပဲ. ဒါပေမယ့် အချိန်တွေကြာလာတဲ့အမျှ အဲ့ဒါက မထိန်းနိုင်မသိမ်းနိုင်တွေဖြစ်ကုန်တယ်

အစတုန်းက သူ နားမလည်ခဲ့ဘူး

လိင်တူချင်းဆိုတဲ့ အတားအဆီကြီးက သူ့ရှေ့ကနေ ပိတ်ကာ သူ့နှလုံးသားကို ဘယ်အရာက ကိုင်လှုပ်နေသလဲဆိုတာ သူ မှန်မှန်ကန်ကန် မခွဲခြားနိုင်အောင် တားဆီးထားခဲ့တယ်

သူဟာ ဂေးမဟုတ်မှန်းလည်း သူ့ကိုယ်သူသိနေတယ်. အဲ့ဒါကြောင့်  လျိုကျီဝိုက်နဲ့ တွဲဖို့ သူလက်ခံခဲ့တယ်.

ဒါပေမယ့် ရှာမန်းမြို့က အဖြစ်အပျက်တွေဟာ သူနဲ့ ဝမ်ကွမ်းနင် နှစ်ယောက်ကြားက ပတ်သတ်မှုကို သူ့နားလည်နိုင်တာထက် လုံး၀ ကျော်လွန်သွားစေခဲ့တယ်

လျိုကျီဝိုက်အပေါ် တာဝန်ကျေဖို့နဲ့ သူ့နှလုံးသားထဲက အမှောင်ဖုံးနေတာတွေကြောင့် သူဘာမှ မတွေးနိုင်အောင် ဖြစ်ခဲ့တယ်

နောက်ဆုံး ဝမ်ကွမ်းနင် ထိုင်ဝမ်ကို ထွက်သွားပြီဆိုတာ သိလိုက်ရတဲ့အချိန်ထိအောင်ပဲ

F ယူနီဗာစီတီမှာ ကျောင်းသားလဲလှယ်သင်ကြားရေး ပရောဂျက် ရှိနေခဲ့တာ သူသိတယ်. သူ့ရဲ့အတိုင်ပင်ခံဆရာက သူအဲ့ဒီပရောဂျက်မှာ ပါဝင်ချင်သလားလို့ သူ့ကို မေးခဲ့ဖူးတယ်. ဒါပေမယ့် သူ့မှာ မိုင်နာဘာသာရပ်တစ်ခုရှိခဲ့တာကြောင့် သူသာ ကျောင်းသားလဲလှယ်ရေးအစီအစဉ်မှာ ပါဝင်ခဲ့ရင် သူ့ရဲ့ မိုင်နာဘာသာရပ်ဟာ ဖျက်သိမ်းခံရမှာဖြစ်တယ်. ဒါကြောင့်ပဲ သူအဲ့ဒါကို ငြင်းဆန်ခဲ့တယ်

သူမမျှော်လင့်ထားတာက ဝမ်ကွမ်းနင်ကတော့ တကယ်ကြီး ထွက်သွားခဲ့တယ်

သူ အစက ဝမ်ကွမ်းနင်ကို တစ်နှစ်လောက်ပဲ မတွေ့ပဲနေရမှာပါလို့ တွေးလိုက်တယ်. ဒါပေမယ့် သူနှလုံးသားထဲမှာတော့ အလွန် ကြီးမားတဲ့ အရာတစ်ခုကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကြီးက သူ့ကို လုံးဝအသက်ရူရပ်သွားတော့မလိုဖြစ်စေတယ်

အဲ့ဒီ့မှာ သူသိလာခဲ့တယ်. သူမှာ ဘယ်လိုခံစားချက်တွေရှိရှိ အဲ့ဒါက ဆက်ပြီးဖုံးကွယ်ထားလို့မရနိုင်တော့တာပဲ

ဒါပေမယ့် နောက်ရောက်လာတဲ့ ကိစ္စတစ်ခုက သူ့မျှော်မှန်းထားတာထက်တောင် ကျော်လွန်သွားခဲ့တယ်. ဝမ်ကွမ်းနင်ဟာ လူတိုင်းနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်.

ဖုန်းကိုလည်း မကိုင်. QQ မှာလည်း မရှိ. အီးမေးလ်တွေဟာလည်း ပြန်စာတွေ ရောက်မလာခဲ့ဘူး. နောက်ဆုံး သူ့အကြံပေးဆရာကိုပေးခဲ့တဲ့ ဖုန်းနံပါတ်ကတောင် သူ့မိဘတွေရဲ့ ဖုန်းဖြစ်နေတယ်

ဘယ်သူမှ သူ့ကို ဘယ်လိုဆက်သွယ်ရမယ်မှန်း မသိခဲ့ဘူး

သူဟာ ရုတ်တရတ်ကြီး လေထဲမှာ ပျောက်သွားသလိုပဲ

ကျန်းလင်ရိဟာ တစ်လလုံးလုံး, နေရာစုံကနေ ဝမ်ကွမ်းနင်နဲ့ အဆက်အသွယ်ရဖို့ နည်းလမ်းတွေ ရှာဖွေခဲ့တယ်. သူဟာ ကျောင်းအကြံပေးဆရာဆီက ထိုင်ဝမ်လဲလှယ်ရေးအစီအစဉ်မှာ တစ်နေရာစာထပ်ထည့်ပေးဖို့တောင် တိုင်ပင်ခဲ့တယ်. ဒါပေမယ့် စာရင်းက ပိတ်သွားခဲ့ပြီ. အရမ်းကို နောက်ကျသွားခဲ့ပြီ

ဝမ်ကွမ်းနင် ဘာလို့ ဒီလိုထွက်သွားခဲ့တာလဲဆိုတာ သူနားမလည်နိုင်ဘူး

သူတစ်ခါကတွေးဖူးတယ် သူတို့နှစ်ယောက်ကြားထဲမှာ အနည်းဆုံးတော့ သူငယ်ချင်းသံယောဇဉ်လေး ရှိနေတယ်ပေါ့. ဘာဖြစ်လို့ ဝမ်ကွမ်းနင်က သူ့ကို နှုတ်ဆက်စကားလေးတောင် ပြောမသွားရတာလဲ?

တစ်လကြာတော့ လျိုကျီဝိုက် နောက်ဆုံးမှာ သည်းမခံနိုင်တဲ့အဆုံး သူ့နဲ့ လမ်းခွဲဖို့ ပြောလာတယ်. အဲ့တော့မှ ကျန်းလင်ရိဟာ သူ လျိုကျီဝိုက်ကို ဒီလောက် အကြာကြီး လျစ်လျူရှုထားမိတာ သတိရသွားတယ်

နောက်ဆုံးတော့.....နောက်ဆုံးမှာတော့ သူ ကိုယ့်ဟာကိုယ် ဝန်ခံလိုက်တယ်. သူ ဝမ်ကွမ်းနင်ကို ချစ်မိနေပြီ

သူ အမှန်တကယ်ကို တစ်ခါမှ မချစ်ခဲ့ဖူးဘူး. ဒါပေမယ့် အဲ့ဒီလူရဲ့ သူအပေါ် လွှမ်းမိုးနိုင်မှုက ချစ်တယ်ဆိုတဲ့ အတိုင်းအတာထိ ရောက်နေခဲ့ပြီ. အဲ့ဒါက သူငယ်ချင်းသံယောဇဉ်သက်သက်ပါပဲဆိုတဲ့ နုံချာချာအတွေးမျိုး သူ တွေးတော့မှာ မဟုတ်ဘူး

အဲ့ဒီလူက ယောကျာ်းတစ်ယောက် ဖြစ်နေရင်တောင်မှပေါ့

သူပထမဆုံးဆေးလိပ်သောက်ဖြစ်ခဲ့တာ အဲ့ဒီအချိန်တုန်းကပဲ

ကံကြမ္မာရဲ့ အကြီးမားဆုံးသော ရယ်စရာဟာသက အချစ်ဆိုတာ ချစ်ဖို့မဟုတ်ခဲ့ဘူး ဆုံးရှုံးဖို့... ဆုံးရှုံးလိုက်ရတော့မှ အဲ့ဒီလူကို သူချစ်နေတယ်ဆိုတာ သူရှာဖွေတွေ့ရှိခဲ့တယ်

ဒါကြောင့် သူ နှစ်ရှည်လများ စောင့်ဆိုင်းခြင်းကိုအလုပ်ကို စတင်ခဲ့တယ်. ကျောင်းသားလဲလှယ်သင်ကြားရေးကာလကြီး ကုန်ဆုံးသွားတဲ့အထိ သူစောင့်နေခဲ့တယ်. ဝမ်ကွမ်းနင်နဲ့ အတူတူ လဲလှယ်ရေးအစီအစဉ်မှာပါတဲ့ တခြားကျောင်းသားတွေအားလုံး ပြန်ရောက်လာခဲ့တယ် ဒါပေမယ့် အဲ့ဒီလူကတော့ ပြန်မလာခဲ့ဘူး

ဝမ်ကွမ်းနင်နဲ့ အတူတူကျောင်းတက်ခဲ့တဲ့ လဲလှယ်ရေးအစီအစဉ်ကကျောင်းသားတွေမှာတောင် သူ့ဆီဆက်သွယ်ဖို့ ဘာနည်းလမ်းမှမရှိခဲ့ဘူး. သူ့တို့ ဝေေ၀ဝါးဝါးသာ သိကြတာက ဝမ်ကွမ်းနင်ဟာ ထိုင်ဝမ်မှာ အလုပ်လုပ်ဖို့နေရစ်ခဲ့တယ်ဆိုတာပဲ

ဒီ လေးနှစ်ဆိုတာက ပြောရရင်တော့ မကြာပါဘူး. ဒါပေမယ့် များပြားတဲ့အတွေးတွေနဲ့ ရင်ဆိုင်နေရသူအဖို့ ဒါက အဆုံးမဲ့ ရှည်လျားခြင်းမျိုးပဲ

ကြောက်စရာအကောင်းဆုံးအချက်က ဒီလိုစောင့်ဆိုင်းနေရခြင်းက ဘယ်တော့မှ အဆုံးသတ်မလဲဆိုတာ သူမသိနိုင်တာပဲ

ကံကောင်းထောက်မစွာနဲ့ ထိုသူပြန်လာခဲ့တယ်

သူဟာ ထိုသူ့ပေါ်ကို တဟုန်ထိုး ခုန်အုပ်ပစ်လိုက်ချင်တယ်

ဒါပေမယ့် သူ့မှာ အဲ့လိုလုပ်ဖို့ ဘယ်လို အနေအထားမှ ရှိမနေဘူး

သူတို့ရဲ့ ဆက်ဆံရေးက ဘာလဲ?

သူငယ်ချင်းသံယောဇဉ်လို့ပြောရအောင်လည်း သူတို့နှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ဟာ သူနဲ့ စန်းစစ်ရန်တို့လောက် မနက်ရှိုင်းဘူး

ဒါပေမယ့် ဒီလူကိုတော့ သူ ဘယ်နည်းနဲ့မှ သွားခွင့်မပြုနိုင်တော့ဘူး

ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ သူ့နားမှာရှိနေအောင် အရင်လုပ်ပြီးမှ ဆက်ပြောကြတာပေါ့

ဒါပေမယ့် သူအခုသိလာရတာက သူဟာ မျက်စိရှေ့မှာ ကြည့်နေရရုံနဲ့ လုံးဝဆက်ပြီး မကျေနပ်နိုင်တော့ဘူး. သူ့မှာ သဝန်တိုပိုင်ခွင့်လေးတောင် ရှိမနေဘူး

သူ ဖွင့်ပြောမယ် ပြီးတော့ သူ့အပိုင်ဆိုပြီး တံဆိပ်ကပ်ပစ်လိုက်မယ်

"ငါမင်းကို ဟိုးအရင်ကတည်းက တကယ်ကြိုက်ခဲ့တာ"

ကျန်းလင်ရိက နောက်တစ်ခါထပ်ပြီး သေချာပြောလိုက်တယ်. သူ့မျက်လုံးထဲမှာ နေမထိထိုင်မသာဖြစ်နေမှန်း သိသာနေတယ်

"အိုး, ဟုတ်လား?"

ဝမ်ကွမ်းနင်က ခပ်ဖွဖွပြုံးပြီး ပြောလိုက်တယ်

ဝမ်ကွမ်းနင်ဟာ နောက်ဆုံးတော့ သူအကြာကြီးစောင့်နေခဲ့ရတဲ့ စကားလုံးတွေကို သူကြားခဲ့ရပြီ. သူ့နှလုံးသားထဲက ပျော်ရွှင်ဝမ်းမြောက်မှုတွေဟာ ဖုံးဖိမထားနိုင်လောက်အောင်ပဲ

ဒါပေမယ့် သူဟာ သူနှလုံးသားထဲက စိတ်လှုပ်ရှားနေတာတွေကို မျက်နှာမှာ မပေါ်လာအောင် တည်ငြိမ်စွာထိန်းထားတယ်

တကယ်တော့ သူ ကျန်းလင်ရိကို မေးကြည့်လိုက်ချင်တယ်. မင်းပြောတဲ့ အရမ်းအရမ်းကို ကြာနေပြီဆိုတာ ဘယ်လောက်ကြာတာလဲ? အဲ့ဒါက ငါ့မင်းကို ကြိုက်ခဲ့တဲ့အချိန်ထက်ပဲ ပိုကြာဦးမလား?

ဝမ်ကွမ်းနင်ဟာ အခုချိန်ထိ အဲ့ဒီတုန်းက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်. သူမိုးရေထဲမှာ အရူးတစ်ယောက်လို ဖွင့်ပြောဖို့ ကြိုးစားခဲ့တုန်းက သူမြင်ခဲ့ရတဲ့ အဲ့ဒီ မြင်ကွင်း....

မင်း ငါ့ကို ဟိုးအရင်ကတည်းက ကြိုက်တယ်? ဒါပေမယ့် အဲ့ဒါက သေချာပေါက် ငါမင်းကို ကြိုက်ခဲ့တာထက်တော့ ပိုမကြာနိုင်ပါဘူး

ဝမ်ကွမ်းနင် ဝန်ခံပါတယ်. သူအလိုလို ဒေါသတွေထွက်လာမိတယ်

ဒါဟာ အရမ်း ယောကျာ်းမဆန်ရာကျနေပေမယ့်လည်း သူ့မှာ အချိန်အကြာကြီး ခံစားခဲ့ရတာ. ကျန်းလင်ရိကို နဲနဲလောက် ညင်းဆဲလိုက်တာတော့ မလွန်ပါဘူး!

ဒါနဲ့ သူ ကျန်းလင်ရိကို ဖွဖွလေး တွန်းလိုက်တယ်

"ဒါဆိုလည်း မင်းလုပ်ပုံကိုင်ပုံပဲ ကြည့်ရတာပေါ့"

"အာ?"

ကျန်းလင်ရိ: "????"

"ရှိုရှို လာ, သရက်သီးလေး တစ်စိတ်လောက်စားကြည့်"

ကျန်းလင်ရိဟာ ချော့ချော့မော့မော့နဲ့ အချိုမှုန့်တို့ထားတဲ့ သရက်သီးတစ်စိတ်ကို ဝမ်ကွမ်းနင်ပါးစပ်နားကို တေ့ပေးလိုက်တယ်

ဝမ်ကွမ်းနင်ဟာ ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေတယ်. သူဟာ ipad ကို ဆော့နေရင်းက သူ့ဆီကို ကမ်းပေးလာတဲ့ သစ်သီးအေးအေးလေးကို သဘာဝကျကျ ပါးစပ်ဟပေးလိုက်ကာ စားလိုက်တယ်

"စားလို့ကောင်းလား?"

ကျန်းလင်ရိက ဝမ်ကွမ်းနင်ကို မျက်စိတစ်ဖက်မှိတ်ပြကာ မေးလိုက်တယ်

ဝမ်ကွမ်းနင်က ခေါင်းတောင်မော့မကြည့်ပဲ ဒီအတိုင်းခေါင်းကိုညိမ့်ပြလိုက်တယ်

"စားလို့ကောင်းတယ်"

ဆင်စွယ်ရောင် သရက်သီးလေးတွေကို ရေခဲသေတ္တာထဲမှာ အအေးခံထားရာကနေ အတုံးလေးတွေ တုံးကာချိုချဉ်အမှုန့်လေးတွေနဲ့ နယ်ထားတာက လူကို လုံးဝလန်းဆန်းကာ ရေငတ်ပြေသွားစေတယ်. ဒါဟာ နွေရာသီရဲ့ အကောင်းဆုံး စားစရာတစ်ခုဖြစ်တယ်.

ကျန်းလင်ရိ ဝမ်ကွမ်းနင်ကို ဖွင့်ပြောပြီးတဲ့အချိန်ကစလို့ သူ့ရဲ့ အိမ်ကအခြေအနေက ဟိုးအောက်ကို ရောက်သွားလေတော့တယ်. သူဟာ ခါတိုင်းလို မျက်နှာပြောင်နေတဲ့အပြင် သူ့ရှိုရှို ပြောသမျှကို ခေါင်းညိမ့်ကာ အလိုလိုက်အကြိုက်ဆောင်နေတယ်. သူဟာ သူချစ်ရတဲ့ သူဆီကနေ မျက်နှာရအောင် မုန့်တွေပြင်ဆင်ကျွေးတာမျိုးလည်း လုပ်လိုက်သေးတယ်

တကယ့်ကို စိတ်မကောင်းစရာပဲ!

ကျန်းလင်ရိဟာ အဘက်ဘက်ကနေ အဆုတ်အတက် အသွားအလာတွေကို စဉ်းစားလေ့လာပြီးတဲ့နောက်မှာ လက်ရှိအခြေအနေအရ သူအရှေ့တက်ဖို့ကို ရွေးချယ်လိုက်တယ်!

နည်းနည်းလောက်ပဲ ရှေ့တက်ပြီး နည်းနည်းပဲ အာရုံစိုက်ခံရတာက တန်ဖိုးမရှိဆုံးပဲ!

ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိကို တမင်တကာ အချိန်ဆွဲထားတာတော့မဟုတ်ဘူး. သူဟာ ကျန်းလင်ရိဖက်ထားကို သဘောကျပေမယ့် ကျန်းလင်ရိကို နှစ်ရက်လောက် အချိန်ဆွဲထားဖို့ သူ အစတုန်းက စဉ်းစားခဲ့တယ်. ဒါပေမယ့် ကျန်းလင်ရိဆိုတဲ့ သူက ဖွင့်မပြောရင်လဲမပြောလို့ ပြောပြန်တော့လဲ လူကို အရမ်းအံ့သြသွားအောင် လုပ်နိုင်တယ်. ဒါနဲ့သူဟာ သူအစတုန်းကတွေးထားတဲ့ အတွေးတွေကို စွန့်လွှတ်လိုက်ပြီးနောက် နေ့တိုင်းကို အခွင့်ကောင်းယူချင်စိတ်တွေ့ဖြစ်လာတော့တယ်

ဒါပေမယ် နောက်ဆုံးမှာတော့ ဝမ်ကွမ်းနင်ခမျာ သူ့ကြောင့်စိတ်တွေသာ ရှုပ်လာရတာကြောင့် သူ့ကို ခပ်ချေချေပဲ ဆက်ဆံနေမိတယ်

အမှန်ပဲ. ဒီလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးပြားကချည်း ၉၀ရာခိုင်နှုန်းလောက်ရှိနေလားထင်ရလောက်အောင် မျက်နှာပြောင်ပြီး အရေထူတဲ့လူတွေကို ဆက်ဆံတဲ့နည်းက အေးတိအေးစက်နဲ့ ခပ်ချေချေ နေခြင်းပဲ

ကျန်းလင်ရိဟာ နားမလည်နိုင်တော့ဘူး. သူဟာ တကယ်တော့ အကြံကုန်ထုတ်သုံးပြီးသွားပြီ. ဘာလို့ ရှိုရှိုကြည့်ရတာ အရင်ကထက်တောင် ပိုပြီးအေးတိအေးစက်နိုင်လာရတာလဲ?

မဟုတ်မှလွဲရော သူမှန်းတာများမှားနေသလား? တကယ်တော့ ရှိုရှိုက သူ့ကို တကယ်ကြီး သဘောမကျဘူးများလား?

ဒါဖြင့်ရင် ဟိုနေ့ သူတို့နမ်းပြီးသွားတဲ့အခါကျ သူ ဘာလို့ သူ့ကို တွန်းထုတ်မပစ်ရတာလဲ?

ပြောရမယ်ဆိုရင် သူတို့ အဲ့လောက်တောင် နမ်းခဲ့ကြတဲ့ဟာ တကယ်လို့ ရှိုရှိုဘက်က သူ့အပေါ်မှာ ဘယ်လိုမှ သဘောမထားဘူးဆို သူက ဝက်ဦးနှောက်ဖြစ်နေမှပဲ!

ဒါဆို ဘာလို့ ခုကျမှ ရှိုရှိုက အဲ့လောက်တောင် အေးတိအေးစက်နိုင်နေရတာလဲ?

ကျန်းလင်ရိရဲ့ ထိပ်တန်းစကော်ရှစ်တစ်ယောက်ရဲ့ IQ ဟာ ခုတော့ လုံးဝကို minus တွေ ပြနေခဲ့ပြီ

"ရှိုရှို, ဒီအပတ်ကုန်ကျရင် ငါတို့ အပြင်မှာ ချိန်းတွေ့ကြရအောင်!"

ကျန်းလင်ရိဟာ အားငယ်စွာနဲ့ ဝမ်ကွမ်းနင်ကို ပြောချလိုက်တယ်

ဝမ်ကွမ်းနင်ရဲ့ မျက်လုံးတွေကတော့ ဂိမ်းဆော့မပြတ်ဘူး. သူက ကျန်းလင်ရိပြောတာကိုလည်း ကြားရော

"ယောကျာ်းရင့်မာကြီးနှစ်ယောက်က ဘာတွေများ ချိန်းတွေ့စရာရှိလို့လဲ!"

အဲ့ချိန်မှာ ကျန်းလင်ရိရဲ့ မျက်နှာပြောင်မှုကြီးဟာ စံချိန်အသစ်ချိုးသွားတော့တယ်. သူဟာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲလေးတစ်စုံတစ်ရာတောင် မရှိသလိုမျိုးနဲ့ ပြောချလိုက်တယ်

"တကယ်တော့ ယောကျာ်းလေးနှစ်ယောက် ချိန်းတွေ့တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲလေ. ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့တာထက်တော့ မဆိုးသေးပါဘူး.မင်းသာ ကောင်မလေးတစ်ယောက်နဲ့ ချိန့်တွေ့မယ်ဆို မင်းက သူ့ကို အလိုလိုက်အကြိုက်ဆောင်ရမယ်. သူက ခြေလှမ်းနှစ်လှမ်းလောက်လှမ်းလိုက်တာနဲ့ ပင်ပန်းလာမယ်. ပြီးတော့ မင်းက သူ့အနောက်ကနေ တစ်ကောက်ကောက်လိုက်နေရမယ်. အခန့်မသင့်ရင် မင်း သူနဲ့ shopping လိုက်ထွက်ရမယ်. ဘယ်လောက်တောင်ဆိုးလိုက်သလဲ! ဒါပေမယ့် ငါနဲ့ ချိန်းတွေ့ရင်ကြတော့ မတူတော့ဘူး. ငါက မင်းကို အလိုလဲလိုက်ပေးမယ်. မင်းသွားတဲ့နောက်ကိုပဲ တကောက်ကောက်လိုက်ပေးမယ်. မင်းကို အလိုလိုက် အကြိုက်ဆောင်...."

ဝမ်ကွမ်းနင်ဟာ သူ့ပြောစကားတွေကြောင့် ခေါင်းတွေတောင် ကိုက်လာတယ်. နောက်ဆုံးမှာ သူမတတ်နိုင်တော့ပဲ ခေါင်းမော့လာကာ ပြောလိုက်တယ်

"ဘယ်သွားမှာလဲ?"

"အာ?"

ကျန်းလင်ရိဟာ သူ့ကို ဆက်ပြီးတိုက်တွန်းဖို့ စကားတွေ ပြောမလို့ရှိသေးတယ် ဝမ်ကွမ်းနင် ရုတ်တရတ် စကားဖြတ်မေးတာခံလိုက်ရတယ်

"ငါတို့ အပြင်မှာ ချိန်းတွေ့မလို့ မဟုတ်ဘူးလား?"

ဝမ်ကွမ်းနင် မျက်နှာက 'မင်း အဲ့လောက်တောင် တုံးနေလည်း ချိန်းတွေ့မနေနဲ့တော့´ ဆိုတဲ့ပုံနဲ့ မေးလိုက်တယ်

"ဘယ်သွားမှာလဲ?"

ကျန်းလင်ရိဟာ သူပြောတာလည်း ကြားရော ချက်ချင်းကို တက်ကြွသွားတယ်. သူက စိတ်လှုပ်ရှားစွာနဲ့...

"ငါ အစီအစဉ်သုံးခု စဉ်းစားထားတယ်. ငါတို့ အတူတူ တစ်ခုလောက်ရွေးရအောင်"

တကယ်ကြီး သုံးခုတောင် စဉ်းစားထားတယ်!

ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိကို မကျေမနပ်နဲ့ ကြည့်လိုက်တယ်

သူ့မှာ လုပ်စရာအလုပ်ကောရှိသေးရဲ့လား?

ဘာဖြစ်လို့ ဒါမျိုးတွေ စဉ်းစားဖို့တောင် အချိန်တွေ အဲ့လောက်ပေါနေရတာလဲ?

ပြီးတော့ ကျန်းလင်ရိဟာ လုံးဝကို အပြည့်အစုံ ပြင်ဆင်လာတယ်.

"ရှိုရှို နောက်ဆုံးတော့ ငါနဲ့ ချိန်းတွေ့ဖို့ သဘောတူပြီပေါ့"

ကျန်းလင်ရိဟာ သူ့ရှိုရှိုလေးက ချိန်းတွေ့ဖို့ သဘောတူလိုက်ပြီဆိုတာနဲ့ ပျော်ရွှင်မှုတွေနဲ့ အပြည့့်ဖြစ်သွားတယ်. သူဟာ ဝမ်ကွမ်းနင်ရဲ့ စိတ်တွေ ရှုပ်ထွေးနေတဲ့ မျက်နှာအမူအရာကိုတောင် သတိမပြုမိတော့ဘူး

"ပထမဆုံးတစ်ခုက ရုပ်ရှင်ကြည့်ကြမယ်. ငါ နောက်ဆုံးထွက်တဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို ကြည့်ပြီးသွားပြီ. အဲ့မှာ နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားရှိတယ်. နာမည်က <<အသွေးနှင့်အသား>> တဲ့. ကြည့်ရတာ တော်တော် စိတ်ဝင်စားပြီး ကြည့်ကောင်းမယ်ပုံပဲ....."

ကျန်းလင်ရိပြောနေပုံက သူတစ်ခုခုကို သတိရသွားသလိုမျိုးပဲ မျက်လုံးတွေကလည်း အရောင်တလက်လက်နဲ့.

<<အသွေးနှင့် အသား>> ?

အဲ့ကားက ခုတစ်လော ကြောငြာနေတဲ့ သွေးရဲရဲသံရဲရဲ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကြီး မဟုတ်ဘူးလား? ရုပ်ရှင်ရုံက ကြော်ငြာထဲမှာ ထပ်ပြီးပြောထားသေးတာက ဘာတဲ့..

"သူမကို ချစ်တယ်ဆိုရင် သူမကို ဒီ <<အသွေးနှင့် အသား>> ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ဖို့ခေါ်လာလှည့်ပါ" တဲ့.....

ဝမ်ကွမ်းနင်ရဲ့ ကောင်းမွန်တဲ့ မှတ်ဉာဏ်တွေဟာ အလျင်အမြန်ပဲ သူတို့နှစ်ယောက် ပထမဆုံး ရုပ်ရှင်သွားကြည့်တုန်းက အချိန်တွေကို သွားသတိရမိတယ်. ကျန်းလင်ရိရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်က __ အတွဲတွေအကြည်စိုက်နိုင်ဖို့ အကူအညီကောင်းလေး!

အဲ့တော့ ကျန်းလင်ရိက အရင်တစ်ခေါက်ကလို ထပ်လုပ်ချင်နေတာလား?

ဝမ်ကွမ်းနင်ဟာ သူ့ကို အေးတိအေးစက် ကြည့်လိုက်ရင်းက

"ငါတော့ မင်းအပေါ် မှီအိပ်ဖို့ တော့လုံးဝပဲ. မင်း သွားသေလိုက်တော့?"

ကျန်းလင်ရိမျှော်လင့်နေတဲ့ အတွေးလေးတွေဟာ ပယ်ချခြင်းခံလိုက်ရတယ်. သူကပြောလိုက်တယ်

"အဲ့လိုဆိုလည်း ထားလိုက်တော့. ငါတို့ ဒုတိယတစ်ခုကို စဉ်းစားကြမယ် __ ငါတို့ water park သွားကြမယ်!"

အကောင်းဆုံးကတော့ roller coaster သွားစီးမယ်. ပြီးတော့မှ ကြောက်လွန်းလို့ မျက်နှာလေး ဖြူဖျော့နေတဲ့ ရှိုရှိုကို လက်လေးနဲ့ အသာဖက်ထားပြီး နှစ်သိမ့်ပေးမယ်. ဒါကအမြင်တော့ သိပ်ကောင်းမှာမဟုတ်ဘူး!

ဝမ်ကွမ်းနင်ဟာ ဆိတ်ဆိတ်နေရင်းက ကျန်းလင်ရိ ကြိတ်ပြုံးနေတာကို မြင်လိုက်တယ်.

ဒါ Water park လေး တစ်ခါ သွားတာပဲ မဟုတ်ဘူးလား? အဲ့လောက်တောင် စိတ်လှုပ်ရှားစရာလိုလို့လား?

သေချာပေါက် ထုတ်ပြောလို့မရတဲ့ ဘာရည်ရွယ်ချက်တွေများ ရှိနေလို့လဲ? သတိလက်လွတ်လို့ မဖြစ်ဘူး!

ပြီးတော့ ပိတ်ရက်မှာ water park သွားတာက သေချာပေါက် ကလေးပိစီလေးတွေနဲ့ ပြည့်နေမှာ. စဉ်းစားကြည့်တာနဲ့တင် ကြောက်ဖို့ကောင်းနေပြီ!

ဒါနဲ့ ဝမ်ကွမ်းနင်ဟာ ချက်ချင်းဆိုသလို ကန့်ကွက်လိုက်တယ်.

"အသက်ကဖြင့် ကြီးနေပြီ ဘာ water park  သွားမယ်လဲ! မသွားဘူး"

"ဒါလည်း မသွားပြန်ဘူးလား! "

ကျန်းလင်ရိဟာ ခါးသီးစွာ ပြောလိုက်တယ်

"ဒါဖြင့် နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ် __ တိရစ္ဆာန်ရုံသွားကြမယ်"

ဝမ်ကွမ်းနင် : "....."

အဲ့ဒါက နားထောင်ကြည့်တာနဲ့တင် ပျင်းစရာကောင်းပေမယ့် ပထမဟာ နှစ်ခုထက် ယှဉ်လိုက်ရင်တော့......

"ကောင်းပြီ. အဲ့ပဲ သွားကြတာပေါ့!"

ဝမ်ကွမ်းနင် နောက်ဆုံးအနေနဲ့ ပြောလိုက်တယ်

ကျန်းလင်ရိ : "....."

ဒီတိရစ္ဆာန်ရုံလေးတစ်ခုကို သွားဖို့အရေး ဘာလို့ သူနည်းနည်းလေး နောင်တရချင်စိတ်ပေါက်လာရတာလဲ?

ဒီငှက်တွေ တိရစ္ဆာန်တွေ တစ်သိုက်နဲ့ကတော့ သူ့အချစ်က တကယ်ကြီး ရိုမန်တစ်ဆန်လာပါတော့မလား?

______________________________________

အချစ်ဆုံးတို့ရေ....

နောက်ဆုံးတော့ ဒီအပိုင်းလေးကို ပြန်လို့ပြီးသွားပါပြီ 👏👏 သာသာလည်း တရုတ်စာတွေ အများကြီး တိုးတက်သွားပြီ 😁😁 ဒါနဲ့ ဒီကလေးနှစ်ယောက်ကို ဘယ်လိုလုပ်ရပါ့နော် 😂😂 😝😝 . နောက်အပိုင်း တိရစ္ဆာန်ဥယျာဉ်မှာ ပြန်တွေ့ကြမယ်နော် 😍😍 အားလုံးပဲ ပျော်ရွှင်စရာ ညချမ်းလေးဖြစ်ပါစေ . good night ပါ 😊🌙

With love ❤❤
Taiga 😘

Continue Reading

You'll Also Like

238K 35.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
2.6M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
2.8M 311K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...