အပိုင်း ၄၀ ဗိုက်​ကြွက်​သား ပိုများသူက ပိုနည်းသူအ​ပေါ် စိုးမိုးနိုင်​စွမ်းရှိ

11.4K 1.5K 128
                                    

((Zawgyi))

အပိုင်း ၄၀
ဗိုက်​ကြွက်​သား ပိုများသူဟာ ဗိုက်​ကြွက်​သားပိုနည်းတဲ့သူအ​ပေါ် စိုးမိုးနိုင်​စွမ်းရှိတယ်

ကျန်းလင်​ရိ နှစ်​ရက်​​လောက်​အနားယူလိုက်​တယ်​. အဲ့နှစ်​ရက်​မှာ ၀မ်​ကွမ်းနင်​က ချက်​တာပြုတ်​တာ​တွေ လုပ်​​ပေးတယ်​. သူချက်​ပြုတ်​တဲ့ဟင်း​တွေရဲ့ ​နောက်​ဆုံးရလဒ်​ဟာ ဘာနဲ့မှလည်းမတူ ဘာပုံမှလည်း မထွက်​လာ​ပေမယ့်​ ကျန်းလင်​ရိက​တော့ လုံးဝကို​ကျေ​ကျေနပ်​နပ်​ကြီး စား​နေတယ်​.

သုံးရက်​​မြောက်​​နေ့မှာ​တော့ ကျန်းလင်​ရိဟာ ​​နောက်​ဆုံးမှာ ဟွိုက်​ဒီနိုင်​ငံတကာ ဆီကို အလုပ်​ပြန်​တက်​နိုင်​ပြီ. ထင်​တဲ့အတိုင်းပဲ ရှရင်းချူဟာ ကုမ္ပဏီရဲ့ နှစ်​ပတ်​လည်​ပွဲအတွက်​ ပွဲအစီအစဉ်​​တွေနဲ့ ဖိတ်​ကြားထားသူစာရင်းကို သူ​ရောက်​လာတဲ့အချိန်​မှာ သူ့ဆီတင်​ပြလာတယ်​. အံ့သြစရာ​ကောင်း​လောက်​​အောင်​ပဲ ၀မ်​ကွမ်းနင်​ရဲ့ နာမည်​ဟာ အထူးဖိတ်​ကြားထားသူ ဧည့်​သည်​ စာရင်းမှာ ပါဝင်​​နေတယ်

ကျန်းလင်​ရိဟာ အဲ့ဒါကို ချက်​ချင်းပဲ ​ထောက်​ခံ​ပေးလိုက်​ပြီး​နောက်​ ၀မ်​ကွမ်းနင်​ဆီကို မက်​​ဆေ့ပို့လိုက်​တယ်​: ရှိုရှို ငါဒီည ညစာချက်​​ကျွေးမယ်​. မင်း ဘာစားချင်​လဲ?

ဝမ်​ကွမ်းနင်​ဆီက အလျင်​အမြန်​ပဲ ပြန်​စာဝင်​လာတယ်​: ​ဈေးကြီး​လေ ​ကောင်း​လေပဲ! စာကြွင်း. အလုပ်​ချိန်​မှာ ငါ့ကိုမ​နှောင့်​ယှက်​နဲ့. ငါ့က အလုပ်​နဲ့အကိုင်​နဲ့.

ကျန်းလင်​ရိ: ! ! ! ! ! !

အဲ့​တော့ ငါ့ပုံက အလုပ်​မရှိအကိုင်​မရှိ 109 110 ပုံ​ပေါက်​​နေလို့လား? ငါ့မှာ​တော့ အလုပ်​​တွေလုပ်​ပြီး ရတဲ့အချိန်​​လေးမှာ စာပို့လိုက်​ရတာ. အဲ့ဒါ ဘယ်​သူ့အတွက်​လို့ မင်းထင်​​နေလို့လဲ?

ကျန်းလင်​ရိဟာ မတရားခံရသလို ခံစား​နေရတယ်

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိကို အလုပ်​ချိန်​မှာ သူ့ကိုမ​နှောင့်​ယှက်​ဖို့ ​ပြောထား​ပေမယ့်​ အဲ့​နေ့မှာ သူက အလုပ်​ပြီးတာနဲ့ အိမ်​ကို ​စော​စောပြန်​လာခဲ့တယ်​. သူပြန်​​ရောက်​ချိန်​မှာ ကျန်းလင်​ရိက မထင်​မှတ်​ပဲ ပြန်​မ​ရောက်​လာ​သေးဘူး

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)حيث تعيش القصص. اكتشف الآن