အပိုင်း၁၃ တစ်​​ယောက်​ဆံပင်​ကိုတစ်​​ယောက်​​ခြောက်​​အောင်​သုတ်​​ပေးမယ်

12.4K 1.7K 131
                                    

((Zawgyi))

အပိုင်း ၁၃
တစ်​​ယောက်​ဆံပင်​ကို တစ်​​ယောက်​ ​ခြောက်​​အောင်​ ကူသုတ်​​ပေးမယ်​ dryer မှုတ်​​ပေးမယ်​ ပြီး​တော့ တစ်​​ယောက်​​ပေါင်​​ပေါ်တစ်​​ယောက်​ အိပ်​ရင်း TV ကြည့်​မယ်

ဆယ်​ရက်​​မြောက်​​နေ့ | တစ်​​ယောက်​ဆံပင်​ကိုတစ်​​ယောက်​ ​ခြောက်​​အောင်​ ကူသုတ်​​ပေးရန်​ dryer မှုတ်​​ပေးရန်​, တစ်​​ယောက်​​ပေါင်​​ပေါ်တစ်​​ယောက်​ ​အိပ်​ကာ TV ကြည့်​ရန်​, နှင့်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြန်​အလှန်​ မုန့်​ခွံ​ကျွေးရန်

ကျန်းလင်​ရိဟာ ကြပ်​မပြည့်​ဘူးဆို​ပေမယ့်​ ဧည့်​သည်​လာတဲ့အချိန်​မှာ​ ဧည့်​ဝတ်​​ဘယ်​လို ​ကြေပွန်​ရမယ်​ဆိုတာသူ​ကောင်း​ကောင်းသိတယ်​.သူရဲ့ အိမ်​က အများအားဖြင့်​ လူမ​နေတဲ့အတွက်​ သစ်​သီးလိုစားစရာမျိုး​တော့ သူရှာမ​တွေ့ဘူး ဒါ​ပေမယ့်​ သူဟာ မုန့်​​ထုတ်ေ​တွ ဘီစကစ်ေ​တွ သ​ရေစာ​တွေနဲ့ အသား​ခြောက်​​ထုတ်​​တွေကို ရှာ​တွေ့လာတယ်​. ဒီစားစရာ​တွေက အ​တော်​​လေး​နေရာယူတာ​ကြောင့်​ စား​ပွဲကို မတင်​ဘဲ ကြမ်းပြင်​​ပေါ်မှာပဲ သူ တိုက်​ရိုက်​ ပုံထားလိုက်​တယ်

တောင်​ပိုင်းက အိမ်​​တွေဟာ အပူ​ပေးစက်မတပ်​ထားတတ်​တာရယ်​ အခန်းတွင်းအပူချိန်​ နိမ့်​တာရယ်​​ကြောင့်​ ကျန်းလင်​ရိဟာ ၀မ်​ကွမ်းနင်​ ​ချမ်း​နေမှာ စိုးတယ်​. ဒါ​နဲ့ သူဟာ ၀မ်​ကွမ်းနင်​ ခြုံထား​ဖို့ ဂွမ်းကပ်​​စောင်​တစ်​ထည်​ရှာလာတယ်​.

ကျန်းလင်​ရိအားလုံးကို အမြန်​စီစဉ်​ပြီး စာကြည့်​ခန်းထဲလည်း ပြန်​လာ​ရော သူ​တွေ့လိုက်​တာက ၀မ်​ကွမ်းနင်​ဟာ စာကြည့်​စားပွဲခုံအပု​လေးကိုြ ပြတင်း​ပေါက်​နားကို ​ရွေ့ထားတယ်​. သူ့တစ်​ကိုယ်​လုံးဟာ ​ပျော့အိ​နေတဲ့ ဆိုဖာထဲမှာ နှစ်​၀င်​​နေပြီး ပျင်ရိပျင်းတွဲနဲ့ ပြတင်း​ပေါက်​​ဘောင်​ကို မှီထားတယ်​. သူဟာ ဒူး​ခေါင်းနားမှာ ခြုံ​စောင်​ကိုပတ်​ခွေထားပြီး ကြမ်း​ပေါ်မှာလည်း သ​ရေစာမုန့်​ထုတ်​​တွေပုံလျက်​သား ချထားတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now