ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁...

By ThanAung8

237K 35.2K 510

Unicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်... More

အခန်း ( ၁ )
အခန်း ( ၂ )
အခန်း ( ၃ )
အခန်း ( ၄ )
အခန်း ( ၅ )
အခန်း ( ၆ )
အခန်း ( ၇ )
အခန်း ( ၈ )
အခန်း ( ၉ )
အခန်း (၁၀)
အခန္း ( ၁၁ )
အခန္း ( ၁၂ )
အခန္း ( ၁၃ )
အခန္း ( ၁၄ )
အခန္း ( ၁၅ )
အခန္း ( ၁၆ )
အခန္း ( ၁၇ )
အခန္း ( ၁၈ )
အခန္း ( ၁၉ )
အခန္း ( ၂၀ )
အခန္း ( ၂၁ )
အခန္း ( ၂၂ )
အခန္း ( ၂၃ )
အခန္း ( ၂၄ )
အခန္း ( ၂၅ )
အခန္း ( ၂၆ )
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉ )
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်(၁၀၈)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အခန်း(၁၁၃)
အခန်း(၁၁၄)
အခန်း(၁၁၅)
အခန်း(၁၁၆)
အခန်း(၁၁၇)
အခန်း(၁၁၈)
အခန်း(၁၁၉)
အခန္း ( ၁၂၀ )
အခန္း ( ၁၂၁ )
အခန္း ( ၁၂၂ )
အခန္း ( ၁၂၃ )
အခန္း ( ၁၂၄ )
အခန္း ( ၁၂၅ )
အခန္း ( ၁၂၆ )
အခန္း ( ၁၂၇ )
အခန္း ( ၁၂၈ )
အခန္း ( ၁၂၉ )
အခန္း ( ၁၃၀ )
အခန်း ( ၁၃၁ ) ( Unicode )
အခန္း ( ၁၃၁ ) ( Zawgyi )
အခန်း ( ၁၃၂ ) ( Unicode )
အခန္း ( ၁၃၂ ) ( Zawgyi )
အခန်း ( ၁၃၃ )
အခန်း ( ၁၃၄ )
အခန္း ( ၁၃၅ )
အခန္း ( ၁၃၆ )
အခန်း ( ၁၃၇ )
အခန္း ( ၁၃၈ )
အခန္း ( ၁၃၉ )
အခန္း ( ၁၄၀ )
အခန္း (၁၄၁)
အခန္း ( ၁၄၂ )
အခန္း ( ၁၄၃ )
အခန္း ( ၁၄၄ )
အခန္း ( ၁၄၅ )
အခန္း ( ၁၄၆ )
အခန္း ( ၁၄၇ )
အခန္း ( ၁၄၈ )
အခန္း ( ၁၄၉ )
အခန္း ( ၁၅၀ )
အခန္း ( ၁၅၁ )
အခန္း ( ၁၅၂ )
အခန္း ( ၁၅၃ )
အခန္း ( ၁၅၄ )
အခန္း ( ၁၅၅ )
အခန္း ( ၁၅၆ )
အခန္း ( ၁၅၇ )
အခန္း ( ၁၅၈ )
အခန္း ( ၁၅၉ )
အခန္း ( ၁၆၀ )
အခန္း ( ၁၆၁ )
အခန္း ( ၁၆၂ )
အခန္း ( ၁၆၃ )
အခန္း ( ၁၆၄ )
အခန္း ( ၁၆၅ )
အခန္း ( ၁၆၆ )
အခန္း ( ၁၆၇ )
အခန္း (၁၆၈)
အခန္း ( ၁၆၉ )
အခန္း ( ၁၇၀ )
အခန္း ( ၁၇၁ )
အခန္း ( ၁၇၂ )
အပိုင္း ( ၁၇၃ )
အခန္း ( ၁၇၄ )
အခန္း ( ၁၇၅ )
အခန္း ( ၁၇၆ )
အခန္း ( ၁၇၇ )
အခန္း ( ၁၇၈ )
အခန္း ( ၁၇၉ )
အခန္း ( ၁၈၀ )
အခန္း ( ၁၈၁ )
အခန္း ( ၁၈၂ )
အခန္း ( ၁၈၃ )
Volume ( 1 )

အခန်း(၁၀၉)

1.1K 163 2
By ThanAung8

ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ်၈
အခန်း ( ၁၀၉ )

ခရမ်းဒယ်အိုးတောင်မှာ ရွာတဲ့မိုး

ခရမ်းဒယ်အိုးတောင်ပေါ်ရောက်ရောက်ချင်းတလတွင် ပိုင်ရှောင်ချန်းသည် အင်မော်တယ်ဂူထဲတွင်တိတ်တဆိတ်ဆေးဖော်စပ်နေလေ၏။ အနီးအနားရှိဂိုဏ်းသား တစ်ယောက်တလေမှပင် ပိုင်ရှောင်ချန်းရှိနေမှန်းသတိမထားမိကြပေ။ ဖက်တီးကျန်းကြီးလည်း စိတ်ချလက်ချဖြစ်နေလေ၏။ အစပိုင်းတွင် ပိုင်ရှောင်ချန်းဆေးဖော်စပ်နေရာသို့ မကြာခဏလာရောက်လည်ပတ်လေ့ရှိသော်လည်း နောက်ပိုင်းတွင်လာမကြည့်ဖြစ်တော့ချေ။

ထိုသို့ဖြင့် နောက်ထပ်တလကုန်ဆုံးသွားပြန်၏။

ပိုင်ရှောင်ချန်းသည် သူ့ရှေ့ရှိဖော်စပ်ပြီးဆေးလုံးများကို တောက်ပသောမျက်လုံးများဖြင့်စိုက်ကြည့်နေ၏။ ခဏမျှအသေးစိတ်စစ်ဆေးကြည့်ရှုပြီးသောအခါ ဟက်ဟက်ပက်ပက်ရယ်မောနေလေ၏။ လွန်ခဲ့သောတစ်လအတွင်း အညစ်အကြေးများကိုသန့်ရှင်းရန်နည်းလမ်းအသစ်ကိုရှာဖွေနေခဲ့ရာ ယခုမှာမူ နည်းလမ်းအသစ်တခုကိုရှာဖွေတွေ့ရှိသွားပြီဖြစ်သည်။

"မိုးကြိုးလျှပ်စီးကိုသုံးပြီး ဆေးလုံးတွေကို ပြင်ပတွန်းအားနဲ့သန့်စင်စေခြင်းဟာ နည်းလမ်းတခုပဲ...။ ဒါပေမယ့် တခြားနည်းလမ်းတခုကကျတော့ စိတ်စွမ်းအင်ဆေးလုံးတွေကို အတွင်းကနေသန့်စင်တဲ့နည်းပဲ...။"

"ပိုင်ရှောင်ချန်း၊ မင်းကတော့တကယ့်ပါရမီရှင်ပဲဟေ့... ။ ဟားဟားဟား... ငါဘာလုပ်ရမလဲဆိုတာသိသွားပြီကွ...။ အပြန်အလှန် ကြီးမားလာခြင်းနဲ့ ဖိနှိပ်ခြင်း နိယာမကိုသုံးပြီးတော့ အပူစွမ်းအင်တခုကို ဆေးလုံးတွေဖော်စပ်နေစဥ်မှာပဲ ငါဖန်တီးရမယ်...။ မသန့်စင်မှုတွေကို မီးတောက်ကဖယ်ရှားပေးလိမ့်မယ်...။ သန့်ရှင်းစင်ကြယ်သွားပြီဆိုရင် နောက်ဆုံးထွက်လာတဲ့ဆေးလုံးဟာ အဆိပ်အတောက်မဖြစ်နိုင်တော့ဘူး...။" သူသည် ပို၍ပင်စိတ်လှုပ်ရှားလာကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အလုပ်ကိုဆက်လုပ်နေသည်။

စုစည်းထားသောဆေးဝါးပင်များကို ဆေးပေါင်းဖိုထဲပစ်ထည့်နေစဥ်မှာပင် သူသည်ဆေးနည်းထဲတွင်မပါဝင်သော အခြားအပင်များကိုပါကောက်ထည့်နေလေ၏။ သူလုပ်နေသမျှကိုလဲ ကျကျနနမှတ်တမ်းတင်ထားလေသည်။

ပိုင်ရှောင်ချန်းသည် လေးရက်ခန့် ထမင်းမေ့ဟင်းမေ့ဆေးဖော်စပ်နေလေ၏။ ဆေးပေါင်းဖိုကိုအဆက်မပြတ်လှည့်ပတ်နေပြီး ဆေးအပြင်းအပျော့ကိုချိန်ညှိရန်အတွက် ရံဖန်ရံခါတွင် မြေမီးတောက်ကို အလိုက်သင့်ထိန်းညှိပေးခြင်းများ၊ တစ်ခါတလေတွင် အခြားစိတ်စွမ်းအင်ဆေးဝါးများထပ်ထည့်ခြင်းများကို ပြုလုပ်နေလေသည်။

ညအခါသို့ရောက်လာသောအခါ ဆေးပေါင်းဖိုဆီမှ တပွက်ပွက်ဆူသံများထွက်လာသောကြောင့် ပိုင်ရှောင်ချန်းတယောက် ပို၍ပင်စိတ်လှုပ်ရှားလာသည်။ မကြာမီပင် ဆေးပေါင်းဖိုသည်လှုပ်ခါလာပြီး အန္တရာယ်ရှိသောအနက်ရောင်မီးခိုးလုံးများလျှံကျလာလေ၏။ ပိုင်ရှောင်ချန်းသည် အလျင်အမြန်ပင် မီးခိုးလုံးများကို အင်မော်တယ်ဂူအပြင်သို့ရောက်အောင်မှုတ်ထုတ်လိုက်လေရာ မီးခိုးလုံးများသည် လေနှင့်အတူမျောလွင့်သွားလေ၏။ တချို့မှာ ခရမ်းဒယ်အိုးတောင်ပေါ်ရှိတိမ်များထဲသို့ဝင်ရောက်ပျောက်ကွယ်သွားပြီး တချို့မှာ မြစိမ်းတောင်ဘက်သို့ပျံ့လွင့်သွားလေ၏။

အင်မော်တယ်ဂူထဲတွင် ရှင်းလင်းသွားသောအခါ ပိုင်ရှောင်ချန်းသည် ဆေးပေါင်းဖိုရှိရာသို့အပြေးအလွှားသွားပြီး ငုံ့ကြည့်လိုက်ရာ ဆေးလုံးတလုံးကိုတွေ့လိုက်ရသောကြောင့် ကောက်ယူပြီးစစ်ဆေးကြည့်နေ၏။ ၎င်းဆေးလုံးသည် အဆိပ်ဆေးဖြစ်မှန်းသိသာသော်လည်း လွန်ခဲ့သောဆေးလုံးများက တစ်ရာရာခိုင်နှုန်းမသန့်စင်ခြင်းဖြစ်ပြီး ယခုဆေးလုံးမှာမူ ကိုးဆယ့်ရှစ်၊ သို့မဟုတ် ကိုးဆယ့်ကိုးရာခိုင်နှုန်းသာ မသန့်စင်ခြင်းဖြစ်လေ၏။

ပိုင်ရှောင်ချန်းသည် အားကျကျေနပ်သွားပြီး သူသည်လမ်းမှန်ပေါ်သို့ရောက်နေပြီဆိုသည်မှာ သေချာလာပြီဖြစ်သည်။ သူထပ်မံလုပ်ရမည်မှာ ပါဝင်ပစ္စည်းအရောအစပ်ကိုချိန်ညှိခြင်းဖြင့် ထိုနည်းလမ်းကိုအောင်မြင်အောင် ဆက်လုပ်ရန်ပင်။

"ဟားဟားဟား... ဒီဆေးဖော်စပ်နည်းက ပိုပြီးတော့တောင်လျှို့ဝှက်သေးတယ်...။ မိုးကြိုးလည်းမပစ်၊ လျှပ်စီးလည်းမလက်...။ ငါလည်း ဘယ်သူ့ကိုမှမထိခိုက်မိတော့ဘူး...။" သူသည် လုံးဝပျော်ရွှင်နေသည်။ တကယ်တော့ သူဆေးဖော်စပ်မှုကြောင့် အခြားဂိုဏ်းသားများဒေါသထွက်နေရခြင်းကို သူမလိုချင်တော့ပေ။

ကျေနပ်မှုအပြည့်ဖြင့် ခဏမျှတရားထိုင်ရန်တင်ပျဥ်ခွေထိုင်လိုက်၏။ နေ့စဥ်ပြုလုပ်နေကြဖြစ်သော နဂါးလိုဆင်လို အဏ္ဏဝါကျမ်း၊ ထာဝရအသက်ရှည်နည်း ပညာရပ်နှင့် ရွှယ်ကျဲကော်တုပညာရပ်တို့ကို လေ့ကျင့်အပြီးတွင် သူသည်ဆေးပေါင်းဖိုသို့တဖန်ပြန်သွားကာ ဆေးဖော်စပ်နေပြန်၏။

သူသည် ဆေးဖော်စပ်ခြင်းတွင် စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားလေတော့သည်။ နေ့စဥ် လေးကြိမ်ငါးကြိမ်ခန့် ဆေးဖော်စပ်လေ့ရှိပြီး အချိန်တိုင်းအနက်ရောင်မီးခိုးလုံးများလျှံကျလာရာ ထိုမီးခိုးလုံးများကို အင်မော်တယ်ဂူအပြင်သို့ရောက်အောင်မှုတ်ထုတ်ပေးမှသာ လေထဲသို့ဝင်ရောက်ပျောက်ကွယ်သွားတတ်လေ၏။

ဆယ်ရက်ခန့်ကြာသောအခါ ဆယ်ကြိမ်ဖော်စပ်လျှင် လေးကြိမ်သာအဆိပ်ဆေးဖြစ်လေရာ မသန့်စင်မှုနှုန်းသည် သိသိသာသာကျလာသည်ဖြစ်သောကြောင့် အလွန်ပင်ဝမ်းသာနေလေသည်။ ထို့ပြင်မသန့်စင်မှုရာခိုင်နှုန်းမှာလည်း ကိုးဆယ့်ခုနှစ်ရာခိုင်နှုန်းသို့ကျလာလေ၏။ ယခင်ကတရာရာခိုင်နှုန်းနှင့်ယှဥ်လျှင် သိသိသာသာလျော့ကျသွားသည်ဖြစ်၏။

သူ၏အောင်မြင်မှုမှာထိုတခုတည်းမဟုတ်ပေ။ အောင်မြင်စွာထွက်လာသောဆေးလုံးများတွင်လည်း မသန့်စင်မှုအနည်းငယ်သာပါတော့သည်။ ဤနည်းအတိုင်းသာဆက်သွားမည်ဆိုလျှင် ပိုင်ရှောင်ချန်းအနေဖြင့် မကြာခင်အချိန်အတွင်း အလယ်အလတ်အဆင့် အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးများကိုဖော်စပ်နိုင်မည်ဖြစ်သည်။

သူသည်ဆေးဖော်စပ်ရာတွင်သာအလွန်အမင်းစိတ်ရောက်နေသောကြောင့် အပြင်လောကကြီးနှင့်လုံးဝအဆက်အသွယ်ပြတ်နေလေတော့သည်မှာ တကိုယ်တည်းတရားကျင့်ကြံနေသည်နှင့်ပင်တူနေလေတော့၏။ သူသည်မှတ်တမ်းများကိုလည်းစနစ်တကျပြုစုထားပြီး ဆေးဝါးဖော်စပ်ရာတွင် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကိုလည်း လိုအပ်သလိုပြုလုပ်လေ၏။ မကြာမီတွင် ဆေးဖော်စပ်သည့်နှုန်းကိုမြှင့်လိုက်ပြီး တနေ့တွင် ၇ကြိမ်၈ကြိမ်အထိ ဖော်စပ်နိုင်လာလေ၏။ အနက်ရောင်မီးခိုးများသည်လည်း ကောင်းကင်ယံသို့အစဥ်သဖြင့်တက်နေလေတော့၏။ လဝက်ခန့်ကြာသောအခါ အဆိပ်ဆေးလုံးထဲတွင်ပါဝင်သော အညစ်အကြေးပမာဏသည် ၉၅ရာခိုင်နှုန်းအထိကျဆင်းသွားလေ၏။

ပိုင်ရှောင်ချန်းတစ်ယောက် ခရမ်းရောင်ဒယ်အိုးတောင်ပေါ်တွင်ရောက်ရှိနေသည်မှာ နှစ်လခန့်ကြာသောအခါ မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားများသည် လွန်စွာမှစိတ်အေးချမ်းသာယာရှိနေကြ၏။ ပိုင်ရှောင်ချန်း ဘယ်ရောက်နေသည်ကိုမည်သူမှမသိကြသော်လည်း ငြိမ်းချမ်းမှုပြန်လည်ရရှိနေသည်ကိုခံစားမိကြ၏။

ပိုင်ရှောင်ချန်းတစ်ယောက် ခရမ်းဒယ်အိုးတောင်ပေါ်တွင် လာရောက်ဆေးဖော်နေသည်ကို ဖက်တီးကျန်းကြီးမှလွဲ၍ ဘယ်သူမှမသိကြပေ။ သို့သော် မွှေးရနံ့တိမ်တောင်တွင်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအကြောင်းကိုမူ သူလိုက်ဖွထား၍ တစတစသိနေကြလေပြီ။ ဖက်တီးကျန်းကြီးသည် ထိုအကြောင်းများကို ပို၍ကြားလေလေ ပို၍တုန်လှုပ်လေလေဖြစ်လာ၏။

ပိုင်ရှောင်ချန်းက မွှေးရနံ့တိမ်တောင်ပေါ်တွင် ထိုမျှဂယက်ထအောင်လုပ်နိုင်လိမ့်မည်ဟု စိတ်ပင်မကူးမိဖူးချေ။ ဖက်တီးကျန်းသည်အနည်းငယ်တုန်လှုပ်နေသော်လည်း ပိုင်ရှောင်ချန်းဘက်မှ ဘာသံမှမကြားရချေရာ နောက်ဆုံးတွင်ဖက်တီးကျန်းကြီးသည် တဖြည်းဖြည်းစိတ်သက်သာရာရလာသည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးလာပြီး ပိုင်ရှောင်ချန်း မနားမနေဆေးဖော်စပ်နေသည်မှာ သုံးလဆက်တိုက်ပင်ရှိလာပြီ။ အနက်ရောင်မီးခိုးငွေ့များသည် အင်မော်တယ်ဂူထဲမှ အဆက်မပြတ်ထွက်လာနေရာ ခရမ်းဒယ်အိုးတောင်ပေါ်ရှိ ဂိုဏ်းသားအချို့မှာ တဖြည်းဖြည်းသတိပြုမိလာကြသည်။ သို့သော်လည်း ဂိုဏ်းသားများသည် သိပ်ဂရုမစိုက်ကြချေ။

ဖက်တီးကျန်းသည် ပို၍ စိတ်အေးလာနေသည်။ သို့သော်လည်း သူသည် ခရမ်းဒယ်အိုးတောင်ပေါ်တွင် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလောက်အောင် မိုးများရွာသွန်းလာသည်ကို သတိပြုမိလာသည်။ ခရမ်းဒယ်အိုးတောင်ပေါ်တွင်သာရွာနေပြီး ကျန်တခြားနေရာများတွင် ရွာသွန်းခြင်းမရှိသည့်အတွက် ထိုမိုးသည် အလွန်ထူးဆန်းသောမိုးဖြစ်သည်။

ထို့ပြင် မိုးရေများသည်လည်းသာမန်ထက်ညစ်ပတ်လွန်းနေသည်။ မိုးစက်များခန္ဓာကိုယ်ပေါ်သို့ကျလာလျှင် အနက်ရောင်အကြောင်းလေးတခု ကျန်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ခရမ်းဒယ်အိုးတောင်ပေါ်ရှိအခြားဂိုဏ်းသားများပါ သတိပြုမိလာကြပြီး ဘာတွေဖြစ်နေပြီလဲဆိုသည်ကို သိချင်လာကြ၏။ ပိုင်ရှောင်ချန်းကမူ ဆေးဝါးများကို သည်းကြီးမည်းကြီးဖော်ကောင်းနေဆဲဖြစ်ပြီး တနေ့လျှင် ၁၅ကြိမ်မျှဖော်စပ်နိုင်နေပြီဖြစ်သည်။

သူသည်အနားယူခြင်းမျိုးလည်းမလုပ်သောကြောင့် တဖြည်းဖြည်းပိန်လာကာ ဖြူဖပ်ဖြူရော်ပင်ဖြစ်လာလေ၏။ အဆိပ်ဆေးများအတွက်မူ၊ ပါဝင်သောမသန့်စင်မှုရာခိုင်နှုန်းမှာ လျော့ကျ၍သာနေသည်ဖြစ်ရာ ၉၂ မှ ၉၃ ရာခိုင်နှုန်းခန့်သာရှိတော့သည်။

"နောက်ထပ်လအနည်းငယ်လောက်ဆိုရင် အဆိပ်အတောက်ပါဝင်မှုရာခိုင်နှုန်းကို ၉၀အောက်ရောက်အောင်လုပ်နိုင်လိမ့်မယ်...။ အဲ့အခါကျရင်  အဆင့်နိမ့်စိတ်စွမ်းအင်ဆေးလုံးတွေဖြစ်သွားပြီ...။" စိတ်လှုပ်ရှားမှုများမြင့်တက်လာသည်နှင့်အတူ ပိုင်ရှောင်ချန်းသည်ဆေးဝါးဖော်စပ်ခြင်းတွင် စိတ်ရောကိုယ်ပါ ပို၍နှစ်မြှုပ်လိုက်လေသည်။ ထိုအချိန်တွင် ဂူအပြင်၌လူအများစူးစူးဝါးဝါးအော်ဟစ်နေကြသည်။

ဖက်တီးကျန်းကြီးသည် ခရမ်းဒယ်အိုးတောင်ကိုပတ်၍ဖောက်ထားသော တောင်ပတ်လမ်းတခုတွင် လမ်းလျှောက်နေစဥ် ရုတ်တရက် မိုးပြင်းထန်စွာရွာချလေသည်။ တချိန်တည်းမှာပင် လေထုထဲတွင် ညှော်နံ့များပါလာလေ၏။ ထို့နောက် သူ့အပေါ်သို့ရွာချနေသောမိုးသည် သူ့ကိုနာကျင်စေသည်ကို သတိပြုမိလိုက်သောအခါ ဖက်တီးကျန်းကြီးမျက်လုံးပြူးသွားလေသည်။ အကြောင်းမူကား... မိုးသည် သူ့အဝတ်အစားများကိုအရည်ပျော်သွားစေသောကြောင့်ဖြစ်သည်။

ဖက်တီးကျန်းသည် အသက်ရှူရပ်မတတ် အံ့အားသင့်သွားကာ ကြောက်လန့်တကြားအော်ဟစ်လိုက်လေ၏။ သူသည် သူ့အိမ်ရှိရာဘက်သို့ အားကုန်ပြန်ပြေးလေ၏။

လမ်းတလျှောက်တွင်လည်း ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားနေကြသော ဂိုဏ်းသားများကိုတွေ့လိုက်ရလေသည်။ ဖက်တီးကျန်းကြီးနည်းတူ ခရမ်းဒယ်အိုးတောင်ပေါ်ရှိ အခြားဂိုဏ်းသားများသည် အရည်ပျော်နေသောအဝတ်အစားများဖြင့် ကြောက်လန့်တကြားပြေးလွှားနေကြ၏။ မိုးရေများများစိုလေလေ၊ အဝတ်အစားများ မြန်မြန်အရည်ပျော်လေဖြစ်သည်။ တချို့ကံမကောင်းသောဂိုဏ်းသားတချို့မှာမူ ကိုယ်လုံးတီးဖြင့် ပြေးနေရလေ၏။

"ဘုရားရေ...။ ဘာ... ဘာတွေဖြစ်နေတာလဲ..."

" ငါ့အဝတ်အစားတွေ...!!"

"သောက်ကျိုးနည်း... ဘယ်လိုမိုးမျိုးပါလိမ့်...။ နံလည်းနံသေး၊ ဒုက္ခလည်းပေးသေး...။ ငါ့အဝတ်အစားလေးတွေတော့ အရည်ပျော်ကုန်ပါပြီ...။"

"ချီးပဲ...။ မှော်ဒိုင်းကာတွေတောင် မကယ်နိုင်တော့ဘူး...။" ခရမ်းဒယ်အိုးတောင်တခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေကြ၏။ မိုးရေနှင့်လွတ်ရာသို့ အလျင်အမြန်မပြေးမိသောလူတိုင်း ကိုယ်ပေါ်ရှိအဝတ်အစားများ လုံးဝအရည်ပျော်ကျကုန်၏။

ခရမ်းဒယ်အိုးတောင်တခုလုံး ကမ္ဘာပျက်နေလေပြီ။ ဝါရင့်အတွင်းစည်းဂိုဏ်းသားအချို့ပင်လျှင်သွေးပျက်နေလေ၏။ သူတို့တစ်သက်လုံးတွင် ဤကဲ့သို့သောထူးထူးဆန်းဆန်းဖြစ်ရပ်မျိုး တစ်ခါမှမကြုံဖူးချေ။ အမျိုးသမီးဂိုဏ်းသူများ၏ စူးစူးဝါးဝါးအော်သံများသည်ကား အကျယ်လောင်ဆုံးဖြစ်သည်။

ခရမ်းဒယ်အိုးတောင်ရှိအကြီးအကဲများသည် အံ့သြထိတ်လန့်စွာ ကြက်သေသေနေကြ၏။ အပြင်သို့ထွက်၍ မှော်ပညာရပ်များကိုသင်ကြားပို့ချနေသော အကြီးအကဲအချို့သည် မိုးစက်များကျလာသောအခါ ထိတ်လန့်သွားကြလေ၏။

တချိန်တည်းမှာပင် လူအများသည် ပိုင်ရှောင်ချန်းဆေးဖော်စပ်နေရာ အင်မော်တယ်ဂူအပေါ်သို့ လှမ်းကြည့်နေကြလေ၏။ ဂူအပေါ်မှ အနက်ရောင်မီးခိုးလုံးများထွက်နေကာ မီးခိုးများ ကောင်းကင်ပေါ်ရောက်လေလေ၊ မိုးသည်ပို၍ပြင်းထန်လာလေလေဖြစ်၏။

သူ၏အဝတ်အစားများကို အတတ်နိုင်ဆုံးကြိုးစားကာကွယ်နေသော အတွင်းစည်းဂိုဏ်းသားတစ်ယောက်လည်းရှိသေး၏။ ကြောက်လန့်တကြားအော်ဟစ်ကာပျံပြေးလေရာ အနက်ရောင်မီးခိုးများပြည့်နေသောတိမ်တိုက်ထဲသို့ တည့်တည့်ပျံပြေးမိလျက်သားဖြစ်သွားလေ၏။

ချက်ခြင်းပင် မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားလေ၏။ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး လျှပ်စီးတချို့ထုတ်လွှတ်လိုက်ရာ ခဏအကြာတွင် လျှပ်စစ်စက်ကွင်းတခုကသူ့ကိုရစ်ပတ်လျက်သားဖြစ်သွားလေ၏။ တစ်ခဏမျှအကြာတွင် ဝတ်ရုံအသစ်တထည်ကိုဝတ်ဆင်လိုက်သော်လည်း ထိုဝတ်ရုံသည်လည်းစတင်အရည်ပျော်နေပြီဖြစ်၏။

"ဘာတွေဖြစ်နေတာလဲကွ...။ အဲဒီအင်မော်တယ်ဂူထဲကဘယ်သူပဲဖြစ်ဖြစ် အခုချက်ခြင်းထွက်ခဲ့စမ်း....။" ထိုအတွင်းစည်းဂိုဏ်းသားသည် လုထျန်းလဲ့ပင်ဖြစ်သည်။

အခြားဂိုဏ်းသားများသည်လည်း ပြဿနာ၏ရင်းမြစ်ကိုရှင်းရှင်းလင်းလင်းသိလိုက်ရသောအခါ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။

"သောက်ကျိုးနည်း...။ မီးခိုးတွေက အဲ့ဂူထဲကလာတာပဲ...။ တခုခုဖြစ်နေမှန်းသိတော့သိတယ်ကွ...။ အဲ့အင်မော်တယ်ဂူမှာအရင်ကဘယ်သူမှမနေဘူး...။ ဒါပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်ကစပြီးတော့ ဂူထဲကအနက်ရောင်မီးခိုးတွေထွက်လာတာမြင်ရတာပဲ...။"

"ဒီကပ်ဘေးကိုဖြစ်စေတာ အဲ့ဒီမီးခိုးနက်တွေပဲ... မီးခိုးနက်တွေလေထဲလွင့်နေတာ လနဲ့ချီနေပြီ...။ ရာသီဥတုကိုထိခိုက်အောင်လုပ်နေတာပဲ...။ အဲ့မီးခိုးတွေကြောင့် အက်စစ်မိုးတွေရွာချလာတာပဲ...။"

လူအများဒေါသတကြီးအော်ဟစ်နေကြစဥ် ဖက်တီးကျန်းသည် အိမ်ထဲတွင်အောင်းနေပြီး အပြင်၌ဖြစ်ပျက်နေသမျှကို မလှုပ်မယှက်ကြည့်နေလေ၏။ သူသည် မိုးရွာနေသည်ကိုကြည့်ရင်း စိတ်ထဲတွင်ဝေခွဲမရဖြစ်နေပြီး ရုတ်တရက် မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားများ မည်ကဲ့သို့ခံစားခဲ့ရလိမ့်မည်ဆိုသည်ကို နားလည်လာ၏။

တောင်ထိပ်တွင် ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းချုပ် ရွှီမေ့ရှန်းသည် ပတ်ဝန်းကျင်ကို ကြောင်စီစီနှင့်လိုက်လံကြည့်ရှုနေသည်။ သူမ၏အိမ်အပြင်ဘက်သို့ ခြေတလှမ်းမှမချရဲပဲ ကောင်းကင်ဆီသို့လက်ကိုဝှေ့ယမ်းလိုက်ပြီး ခရမ်းဒယ်အိုးတောင်၏မန္တန်ဝင်္ကပါကို အသက်သွင်းလိုက်သည်။ အလင်းရောင်ဒိုင်းကာတခုပေါ်လာပြီး တောင်ပေါ်တွင်ရွာနေသောမိုးကိုခေတ္တတားဆီးထားလေ၏။

သို့သော် ဖျက်ဆီးသောမိုးသည် ဒိုင်းကာကိုပါတဖြည်းဖြည်းလှိုက်စားနေသည်ကိုမြင်တွေ့နေရသည်။

ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများသည် မိုးခဏရပ်သွားစဥ်အချိန်လေးအတွင်း အဝတ်အစားများကိုအသစ်လဲလှယ်ဝတ်ဆင်နေကြသည်။ ဒေါသထွက်နေသောလူအုပ်ကြီးသည် ပိုင်ရှောင်ချန်းရှိရာအင်မော်တယ်ဂူဆီသို့ ဦးတည်၍ပြေးလာနေကြ၏။

မကြာမီပင် မွှေးရနံ့တိမ်တောင်၏ဂိုဏ်းသားများသည် ခရမ်းဒယ်အိုးတောင်ပေါ်ရှိမန္တန်ဝင်္ကပါကို သတိထားမိသွားကြပြီး ထိုအပေါ်မှ မိုးများရွာချနေသည်ကိုပါ သတိပြုမိသွားကြလေ၏။

"ခရမ်းဒယ်အိုးတောင်ပေါ်မှာ ဘာတွေများဖြစ်နေပါလိမ့်..."

မည်သို့ဖြစ်ပျက်နေလဲစဥ်းစား၍မရနိုင်သေးခင်မှာပင် ခရမ်းဒယ်အိုးတောင်ပေါ်ရှိ မရေမတွက်နိုင်အောင်များပြားလှသောလူအုပ်ကြီး၏ တစုတစည်းတည်းအော်လိုက်သံက ကမ္ဘာပျက်တော့မတတ်၊ မြေကြီးများပြိုကျတော့မတတ် ကျယ်လောင်စွာထွက်ပေါ်လာလေ၏။

"ပိုင်ရှောင်ချန်း..."

အော်သံသည်အရပ်မျက်နှာအနှံ့ပဲ့တင်ထပ်သွားပြီး ခရမ်းဒယ်အိုးတောင်တခုလုံး တသိမ့်သိမ့်တုန်သွားလေ၏။ မွှေးရနံ့တိမ်တောင်၏ဂိုဏ်းသားများသည် တယောက်ကိုတယောက်အံ့အားသင့်စွာကြည့်နေကြလျက်က လူတယောက်၏ပုံရိပ်တခု သူတို့အားလုံး၏ခေါင်းထဲတွင် ပေါ်လာလေ၏။ ယခုတော့ အားလုံးနားလည်သွားကြပြီဖြစ်သည်။

"ပိုင်ရှောင်ချန်းက ခရမ်းဒယ်အိုးတောင်သွားပြီး ဆေးဖော်နေတာပဲ..."

"ဒါပဲဖြစ်မှာပေါ့... ဂိုဏ်းချုပ်က ဒီတောင်ပေါ်မှာဆေးဖော်ခွင့်မပြုတော့ ခရမ်းဒယ်အိုးတောင်ပေါ်သွားပြီး ဆေးဖော်နေတာပဲဖြစ်မယ်..."

ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများအော်ဟစ်လိုက်သံကြောင့် ပိုင်ရှောင်ချန်းမှာ လန့်ပြီးထအော်မိလေ၏။ မရေမတွက်နိုင်အောင်များပြားသောမှော်ပညာရပ်များဖြင့် အင်မော်တယ်ဂူအား ထုရိုက်နေသံများကိုကြားလိုက်ရချိန်တွင် သူသည်နောက်ထပ်ဆေးတစ်မျိုးကိုဖော်စပ်ရန်ပြင်နေဆဲဖြစ်၏။ အလွန်အမင်းထိတ်လန့်သွားပြီး ဂူအပြင်သို့ကြည့်လိုက်ရာ ဒေါသထွက်နေသောလူအုပ်ကြီးက ဂူပတ်လည်အား ပိတ်ဆို့ထားသည်ကိုတွေ့လိုက်ရ၏။

လုထျန်းလဲ့သည်လည်းလူအုပ်နှင့်အတူရှိနေသည်။ သူ၏ဘေးပတ်လည်တွင် လျှပ်စစ်စက်ဝန်းတခုက ဝန်းရံထား၏။

ကြောက်လန့်နေသောပိုင်ရှောင်ချန်းသည် အတောင်ပံများထုတ်ကာပျံပြေးလေတော့၏။ ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများသည် ဒေါသတကြီးအော်ဟစ်ကာ ပိုင်ရှောင်ချန်းကိုလိုက်လံဖမ်းဆီးကြလေသည်။

ဖက်တီးကျန်းကြီးသည်အဖြစ်အပျက်အလုံးစုံကို အဝေးမှကြည့်နေကာ သူဘာမှမသိသလိုပုံစံမျိုးဖမ်းနေလေ၏။ ပိုင်ရှောင်ချန်းအတွက်အင်မော်တယ်ဂူရအောင်လုပ်ပေးခဲ့သူမှာ သူဖြစ်ကြောင်းတယောက်ယောက်များသိသွားပါက မတွေးရဲစရာပင်...။

ခရမ်းဒယ်အိုးတောင်၏ဂိုဏ်းသားများ ပိုင်ရှောင်ချန်းအားသဲကြီးမဲကြီးလိုက်ဖမ်းနေစဥ်တွင်... ရုတ်တရက်......

မြစိမ်းတောင်ဘက်မှ စူးစူးဝါးဝါးအော်ဟစ်သံများထွက်ပေါ်လာလေတော့သည်။

Zaw Gyi

ထာ၀ရအသက္ရွည္လိုေသာ္
မူရင္းစာေရးဆရာ Ergen
စာစဥ္၈
အခန္း ( ၁၀၉ )

ခရမ္းဒယ္အိုးေတာင္မွာ ႐ြာတဲ့မိုး

ခရမ္းဒယ္အိုးေတာင္ေပၚေရာက္ေရာက္ခ်င္းတလတြင္ ပိုင္ေရွာင္ခ်န္းသည္ အင္ေမာ္တယ္ဂူထဲတြင္တိတ္တဆိတ္ေဆးေဖာ္စပ္ေနေလ၏။ အနီးအနားရွိဂိုဏ္းသား တစ္ေယာက္တေလမွပင္ ပိုင္ေရွာင္ခ်န္းရွိေနမွန္းသတိမထားမိၾကေပ။ ဖက္တီးက်န္းႀကီးလည္း စိတ္ခ်လက္ခ်ျဖစ္ေနေလ၏။ အစပိုင္းတြင္ ပိုင္ေရွာင္ခ်န္းေဆးေဖာ္စပ္ေနရာသို႔ မၾကာခဏလာေရာက္လည္ပတ္ေလ့ရွိေသာ္လည္း ေနာက္ပိုင္းတြင္လာမၾကည့္ျဖစ္ေတာ့ေခ်။

ထိုသို႔ျဖင့္ ေနာက္ထပ္တလကုန္ဆုံးသြားျပန္၏။

ပိုင္ေရွာင္ခ်န္းသည္ သူ႔ေရွ႕ရွိေဖာ္စပ္ၿပီးေဆးလုံးမ်ားကို ေတာက္ပေသာမ်က္လုံးမ်ားျဖင့္စိုက္ၾကည့္ေန၏။ ခဏမွ်အေသးစိတ္စစ္ေဆးၾကည့္ရႈၿပီးေသာအခါ ဟက္ဟက္ပက္ပက္ရယ္ေမာေနေလ၏။ လြန္ခဲ့ေသာတစ္လအတြင္း အညစ္အေၾကးမ်ားကိုသန္႔ရွင္းရန္နည္းလမ္းအသစ္ကိုရွာေဖြေနခဲ့ရာ ယခုမွာမူ နည္းလမ္းအသစ္တခုကိုရွာေဖြေတြ႕ရွိသြားၿပီျဖစ္သည္။

"မိုးႀကိဳးလွ်ပ္စီးကိုသုံးၿပီး ေဆးလုံးေတြကို ျပင္ပတြန္းအားနဲ႔သန္႔စင္ေစျခင္းဟာ နည္းလမ္းတခုပဲ...။ ဒါေပမယ့္ တျခားနည္းလမ္းတခုကက်ေတာ့ စိတ္စြမ္းအင္ေဆးလုံးေတြကို အတြင္းကေနသန္႔စင္တဲ့နည္းပဲ...။"

"ပိုင္ေရွာင္ခ်န္း၊ မင္းကေတာ့တကယ့္ပါရမီရွင္ပဲေဟ့... ။ ဟားဟားဟား... ငါဘာလုပ္ရမလဲဆိုတာသိသြားၿပီကြ...။ အျပန္အလွန္ ႀကီးမားလာျခင္းနဲ႔ ဖိႏွိပ္ျခင္း နိယာမကိုသုံးၿပီးေတာ့ အပူစြမ္းအင္တခုကို ေဆးလုံးေတြေဖာ္စပ္ေနစဥ္မွာပဲ ငါဖန္တီးရမယ္...။ မသန္႔စင္မႈေတြကို မီးေတာက္ကဖယ္ရွားေပးလိမ့္မယ္...။ သန္႔ရွင္းစင္ၾကယ္သြားၿပီဆိုရင္ ေနာက္ဆုံးထြက္လာတဲ့ေဆးလုံးဟာ အဆိပ္အေတာက္မျဖစ္ႏိုင္ေတာ့ဘူး...။" သူသည္ ပို၍ပင္စိတ္လႈပ္ရွားလာကာ အသက္ျပင္းျပင္းရႉလိုက္ၿပီး အလုပ္ကိုဆက္လုပ္ေနသည္။

စုစည္းထားေသာေဆးဝါးပင္မ်ားကို ေဆးေပါင္းဖိုထဲပစ္ထည့္ေနစဥ္မွာပင္ သူသည္ေဆးနည္းထဲတြင္မပါဝင္ေသာ အျခားအပင္မ်ားကိုပါေကာက္ထည့္ေနေလ၏။ သူလုပ္ေနသမွ်ကိုလဲ က်က်နနမွတ္တမ္းတင္ထားေလသည္။

ပိုင္ေရွာင္ခ်န္းသည္ ေလးရက္ခန္႔ ထမင္းေမ့ဟင္းေမ့ေဆးေဖာ္စပ္ေနေလ၏။ ေဆးေပါင္းဖိုကိုအဆက္မျပတ္လွည့္ပတ္ေနၿပီး ေဆးအျပင္းအေပ်ာ့ကိုခ်ိန္ညႇိရန္အတြက္ ရံဖန္ရံခါတြင္ ေျမမီးေတာက္ကို အလိုက္သင့္ထိန္းညႇိေပးျခင္းမ်ား၊ တစ္ခါတေလတြင္ အျခားစိတ္စြမ္းအင္ေဆးဝါးမ်ားထပ္ထည့္ျခင္းမ်ားကို ျပဳလုပ္ေနေလသည္။

ညအခါသို႔ေရာက္လာေသာအခါ ေဆးေပါင္းဖိုဆီမွ တပြက္ပြက္ဆူသံမ်ားထြက္လာေသာေၾကာင့္ ပိုင္ေရွာင္ခ်န္းတေယာက္ ပို၍ပင္စိတ္လႈပ္ရွားလာသည္။ မၾကာမီပင္ ေဆးေပါင္းဖိုသည္လႈပ္ခါလာၿပီး အႏၲရာယ္ရွိေသာအနက္ေရာင္မီးခိုးလုံးမ်ားလွ်ံက်လာေလ၏။ ပိုင္ေရွာင္ခ်န္းသည္ အလ်င္အျမန္ပင္ မီးခိုးလုံးမ်ားကို အင္ေမာ္တယ္ဂူအျပင္သို႔ေရာက္ေအာင္မႈတ္ထုတ္လိုက္ေလရာ မီးခိုးလုံးမ်ားသည္ ေလႏွင့္အတူေမ်ာလြင့္သြားေလ၏။ တခ်ိဳ႕မွာ ခရမ္းဒယ္အိုးေတာင္ေပၚရွိတိမ္မ်ားထဲသို႔ဝင္ေရာက္ေပ်ာက္ကြယ္သြားၿပီး တခ်ိဳ႕မွာ ျမစိမ္းေတာင္ဘက္သို႔ပ်ံ႕လြင့္သြားေလ၏။

အင္ေမာ္တယ္ဂူထဲတြင္ ရွင္းလင္းသြားေသာအခါ ပိုင္ေရွာင္ခ်န္းသည္ ေဆးေပါင္းဖိုရွိရာသို႔အေျပးအလႊားသြားၿပီး ငုံ႔ၾကည့္လိုက္ရာ ေဆးလုံးတလုံးကိုေတြ႕လိုက္ရေသာေၾကာင့္ ေကာက္ယူၿပီးစစ္ေဆးၾကည့္ေန၏။ ၎ေဆးလုံးသည္ အဆိပ္ေဆးျဖစ္မွန္းသိသာေသာ္လည္း လြန္ခဲ့ေသာေဆးလုံးမ်ားက တစ္ရာရာခိုင္ႏႈန္းမသန္႔စင္ျခင္းျဖစ္ၿပီး ယခုေဆးလုံးမွာမူ ကိုးဆယ့္ရွစ္၊ သို႔မဟုတ္ ကိုးဆယ့္ကိုးရာခိုင္ႏႈန္းသာ မသန္႔စင္ျခင္းျဖစ္ေလ၏။

ပိုင္ေရွာင္ခ်န္းသည္ အားက်ေက်နပ္သြားၿပီး သူသည္လမ္းမွန္ေပၚသို႔ေရာက္ေနၿပီဆိုသည္မွာ ေသခ်ာလာၿပီျဖစ္သည္။ သူထပ္မံလုပ္ရမည္မွာ ပါဝင္ပစၥည္းအေရာအစပ္ကိုခ်ိန္ညႇိျခင္းျဖင့္ ထိုနည္းလမ္းကိုေအာင္ျမင္ေအာင္ ဆက္လုပ္ရန္ပင္။

"ဟားဟားဟား... ဒီေဆးေဖာ္စပ္နည္းက ပိုၿပီးေတာ့ေတာင္လွ်ိဳ႕ဝွက္ေသးတယ္...။ မိုးႀကိဳးလည္းမပစ္၊ လွ်ပ္စီးလည္းမလက္...။ ငါလည္း ဘယ္သူ႔ကိုမွမထိခိုက္မိေတာ့ဘူး...။" သူသည္ လုံးဝေပ်ာ္႐ႊင္ေနသည္။ တကယ္ေတာ့ သူေဆးေဖာ္စပ္မႈေၾကာင့္ အျခားဂိုဏ္းသားမ်ားေဒါသထြက္ေနရျခင္းကို သူမလိုခ်င္ေတာ့ေပ။

ေက်နပ္မႈအျပည့္ျဖင့္ ခဏမွ်တရားထိုင္ရန္တင္ပ်ဥ္ေခြထိုင္လိုက္၏။ ေန႔စဥ္ျပဳလုပ္ေနၾကျဖစ္ေသာ နဂါးလိုဆင္လို အဏၰဝါက်မ္း၊ ထာဝရအသက္ရွည္နည္း ပညာရပ္ႏွင့္ ႐ႊယ္က်ဲေကာ္တုပညာရပ္တို႔ကို ေလ့က်င့္အၿပီးတြင္ သူသည္ေဆးေပါင္းဖိုသို႔တဖန္ျပန္သြားကာ ေဆးေဖာ္စပ္ေနျပန္၏။

သူသည္ ေဆးေဖာ္စပ္ျခင္းတြင္ စိတ္ေရာကိုယ္ပါႏွစ္ျမႇဳပ္ထားေလေတာ့သည္။ ေန႔စဥ္ ေလးႀကိမ္ငါးႀကိမ္ခန္႔ ေဆးေဖာ္စပ္ေလ့ရွိၿပီး အခ်ိန္တိုင္းအနက္ေရာင္မီးခိုးလုံးမ်ားလွ်ံက်လာရာ ထိုမီးခိုးလုံးမ်ားကို အင္ေမာ္တယ္ဂူအျပင္သို႔ေရာက္ေအာင္မႈတ္ထုတ္ေပးမွသာ ေလထဲသို႔ဝင္ေရာက္ေပ်ာက္ကြယ္သြားတတ္ေလ၏။

ဆယ္ရက္ခန္႔ၾကာေသာအခါ ဆယ္ႀကိမ္ေဖာ္စပ္လွ်င္ ေလးႀကိမ္သာအဆိပ္ေဆးျဖစ္ေလရာ မသန္႔စင္မႈႏႈန္းသည္ သိသိသာသာက်လာသည္ျဖစ္ေသာေၾကာင့္ အလြန္ပင္ဝမ္းသာေနေလသည္။ ထို႔ျပင္မသန္႔စင္မႈရာခိုင္ႏႈန္းမွာလည္း ကိုးဆယ့္ခုႏွစ္ရာခိုင္ႏႈန္းသို႔က်လာေလ၏။ ယခင္ကတရာရာခိုင္ႏႈန္းႏွင့္ယွဥ္လွ်င္ သိသိသာသာေလ်ာ့က်သြားသည္ျဖစ္၏။

သူ၏ေအာင္ျမင္မႈမွာထိုတခုတည္းမဟုတ္ေပ။ ေအာင္ျမင္စြာထြက္လာေသာေဆးလုံးမ်ားတြင္လည္း မသန္႔စင္မႈအနည္းငယ္သာပါေတာ့သည္။ ဤနည္းအတိုင္းသာဆက္သြားမည္ဆိုလွ်င္ ပိုင္ေရွာင္ခ်န္းအေနျဖင့္ မၾကာခင္အခ်ိန္အတြင္း အလယ္အလတ္အဆင့္ အဆင့္သုံးစိတ္စြမ္းအင္ေဆးလုံးမ်ားကိုေဖာ္စပ္ႏိုင္မည္ျဖစ္သည္။

သူသည္ေဆးေဖာ္စပ္ရာတြင္သာအလြန္အမင္းစိတ္ေရာက္ေနေသာေၾကာင့္ အျပင္ေလာကႀကီးႏွင့္လုံးဝအဆက္အသြယ္ျပတ္ေနေလေတာ့သည္မွာ တကိုယ္တည္းတရားက်င့္ႀကံေနသည္ႏွင့္ပင္တူေနေလေတာ့၏။ သူသည္မွတ္တမ္းမ်ားကိုလည္းစနစ္တက်ျပဳစုထားၿပီး ေဆးဝါးေဖာ္စပ္ရာတြင္ လိုအပ္ေသာျပဳျပင္ေျပာင္းလဲမႈမ်ားကိုလည္း လိုအပ္သလိုျပဳလုပ္ေလ၏။ မၾကာမီတြင္ ေဆးေဖာ္စပ္သည့္ႏႈန္းကိုျမႇင့္လိုက္ၿပီး တေန႔တြင္ ၇ႀကိမ္၈ႀကိမ္အထိ ေဖာ္စပ္ႏိုင္လာေလ၏။ အနက္ေရာင္မီးခိုးမ်ားသည္လည္း ေကာင္းကင္ယံသို႔အစဥ္သျဖင့္တက္ေနေလေတာ့၏။ လဝက္ခန္႔ၾကာေသာအခါ အဆိပ္ေဆးလုံးထဲတြင္ပါဝင္ေသာ အညစ္အေၾကးပမာဏသည္ ၉၅ရာခိုင္ႏႈန္းအထိက်ဆင္းသြားေလ၏။

ပိုင္ေရွာင္ခ်န္းတစ္ေယာက္ ခရမ္းေရာင္ဒယ္အိုးေတာင္ေပၚတြင္ေရာက္ရွိေနသည္မွာ ႏွစ္လခန္႔ၾကာေသာအခါ ေမႊးရနံ႔တိမ္ေတာင္ေပၚရွိဂိုဏ္းသားမ်ားသည္ လြန္စြာမွစိတ္ေအးခ်မ္းသာယာရွိေနၾက၏။ ပိုင္ေရွာင္ခ်န္း ဘယ္ေရာက္ေနသည္ကိုမည္သူမွမသိၾကေသာ္လည္း ၿငိမ္းခ်မ္းမႈျပန္လည္ရရွိေနသည္ကိုခံစားမိၾက၏။

ပိုင္ေရွာင္ခ်န္းတစ္ေယာက္ ခရမ္းဒယ္အိုးေတာင္ေပၚတြင္ လာေရာက္ေဆးေဖာ္ေနသည္ကို ဖက္တီးက်န္းႀကီးမွလြဲ၍ ဘယ္သူမွမသိၾကေပ။ သို႔ေသာ္ ေမႊးရနံ႔တိမ္ေတာင္တြင္ျဖစ္ပ်က္ခဲ့ေသာအျဖစ္အပ်က္မ်ားအေၾကာင္းကိုမူ သူလိုက္ဖြထား၍ တစတစသိေနၾကေလၿပီ။ ဖက္တီးက်န္းႀကီးသည္ ထိုအေၾကာင္းမ်ားကို ပို၍ၾကားေလေလ ပို၍တုန္လႈပ္ေလေလျဖစ္လာ၏။

ပိုင္ေရွာင္ခ်န္းက ေမႊးရနံ႔တိမ္ေတာင္ေပၚတြင္ ထိုမွ်ဂယက္ထေအာင္လုပ္ႏိုင္လိမ့္မည္ဟု စိတ္ပင္မကူးမိဖူးေခ်။ ဖက္တီးက်န္းသည္အနည္းငယ္တုန္လႈပ္ေနေသာ္လည္း ပိုင္ေရွာင္ခ်န္းဘက္မွ ဘာသံမွမၾကားရေခ်ရာ ေနာက္ဆုံးတြင္ဖက္တီးက်န္းႀကီးသည္ တျဖည္းျဖည္းစိတ္သက္သာရာရလာသည္။

အခ်ိန္မ်ားတေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာၿပီး ပိုင္ေရွာင္ခ်န္း မနားမေနေဆးေဖာ္စပ္ေနသည္မွာ သုံးလဆက္တိုက္ပင္ရွိလာၿပီ။ အနက္ေရာင္မီးခိုးေငြ႕မ်ားသည္ အင္ေမာ္တယ္ဂူထဲမွ အဆက္မျပတ္ထြက္လာေနရာ ခရမ္းဒယ္အိုးေတာင္ေပၚရွိ ဂိုဏ္းသားအခ်ိဳ႕မွာ တျဖည္းျဖည္းသတိျပဳမိလာၾကသည္။ သို႔ေသာ္လည္း ဂိုဏ္းသားမ်ားသည္ သိပ္ဂ႐ုမစိုက္ၾကေခ်။

ဖက္တီးက်န္းသည္ ပို၍ စိတ္ေအးလာေနသည္။ သို႔ေသာ္လည္း သူသည္ ခရမ္းဒယ္အိုးေတာင္ေပၚတြင္ စိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းေလာက္ေအာင္ မိုးမ်ား႐ြာသြန္းလာသည္ကို သတိျပဳမိလာသည္။ ခရမ္းဒယ္အိုးေတာင္ေပၚတြင္သာ႐ြာေနၿပီး က်န္တျခားေနရာမ်ားတြင္ ႐ြာသြန္းျခင္းမရွိသည့္အတြက္ ထိုမိုးသည္ အလြန္ထူးဆန္းေသာမိုးျဖစ္သည္။

ထို႔ျပင္ မိုးေရမ်ားသည္လည္းသာမန္ထက္ညစ္ပတ္လြန္းေနသည္။ မိုးစက္မ်ားခႏၶာကိုယ္ေပၚသို႔က်လာလွ်င္ အနက္ေရာင္အေၾကာင္းေလးတခု က်န္ေနခဲ့သည္။ တျဖည္းျဖည္းႏွင့္ ခရမ္းဒယ္အိုးေတာင္ေပၚရွိအျခားဂိုဏ္းသားမ်ားပါ သတိျပဳမိလာၾကၿပီး ဘာေတြျဖစ္ေနၿပီလဲဆိုသည္ကို သိခ်င္လာၾက၏။ ပိုင္ေရွာင္ခ်န္းကမူ ေဆးဝါးမ်ားကို သည္းႀကီးမည္းႀကီးေဖာ္ေကာင္းေနဆဲျဖစ္ၿပီး တေန႔လွ်င္ ၁၅ႀကိမ္မွ်ေဖာ္စပ္ႏိုင္ေနၿပီျဖစ္သည္။

သူသည္အနားယူျခင္းမ်ိဳးလည္းမလုပ္ေသာေၾကာင့္ တျဖည္းျဖည္းပိန္လာကာ ျဖဴဖပ္ျဖဴေရာ္ပင္ျဖစ္လာေလ၏။ အဆိပ္ေဆးမ်ားအတြက္မူ၊ ပါဝင္ေသာမသန္႔စင္မႈရာခိုင္ႏႈန္းမွာ ေလ်ာ့က်၍သာေနသည္ျဖစ္ရာ ၉၂ မွ ၉၃ ရာခိုင္ႏႈန္းခန္႔သာရွိေတာ့သည္။

"ေနာက္ထပ္လအနည္းငယ္ေလာက္ဆိုရင္ အဆိပ္အေတာက္ပါဝင္မႈရာခိုင္ႏႈန္းကို ၉၀ေအာက္ေရာက္ေအာင္လုပ္ႏိုင္လိမ့္မယ္...။ အဲ့အခါက်ရင္  အဆင့္နိမ့္စိတ္စြမ္းအင္ေဆးလုံးေတြျဖစ္သြားၿပီ...။" စိတ္လႈပ္ရွားမႈမ်ားျမင့္တက္လာသည္ႏွင့္အတူ ပိုင္ေရွာင္ခ်န္းသည္ေဆးဝါးေဖာ္စပ္ျခင္းတြင္ စိတ္ေရာကိုယ္ပါ ပို၍ႏွစ္ျမႇဳပ္လိုက္ေလသည္။ ထိုအခ်ိန္တြင္ ဂူအျပင္၌လူအမ်ားစူးစူးဝါးဝါးေအာ္ဟစ္ေနၾကသည္။

ဖက္တီးက်န္းႀကီးသည္ ခရမ္းဒယ္အိုးေတာင္ကိုပတ္၍ေဖာက္ထားေသာ ေတာင္ပတ္လမ္းတခုတြင္ လမ္းေလွ်ာက္ေနစဥ္ ႐ုတ္တရက္ မိုးျပင္းထန္စြာ႐ြာခ်ေလသည္။ တခ်ိန္တည္းမွာပင္ ေလထုထဲတြင္ ေညႇာ္နံ႔မ်ားပါလာေလ၏။ ထို႔ေနာက္ သူ႔အေပၚသို႔႐ြာခ်ေနေသာမိုးသည္ သူ႔ကိုနာက်င္ေစသည္ကို သတိျပဳမိလိုက္ေသာအခါ ဖက္တီးက်န္းႀကီးမ်က္လုံးျပဴးသြားေလသည္။ အေၾကာင္းမူကား... မိုးသည္ သူ႔အဝတ္အစားမ်ားကိုအရည္ေပ်ာ္သြားေစေသာေၾကာင့္ျဖစ္သည္။

ဖက္တီးက်န္းသည္ အသက္ရႉရပ္မတတ္ အံ့အားသင့္သြားကာ ေၾကာက္လန္႔တၾကားေအာ္ဟစ္လိုက္ေလ၏။ သူသည္ သူ႔အိမ္ရွိရာဘက္သို႔ အားကုန္ျပန္ေျပးေလ၏။

လမ္းတေလွ်ာက္တြင္လည္း ေၾကာက္လန္႔တၾကားေအာ္ဟစ္ေျပးလႊားေနၾကေသာ ဂိုဏ္းသားမ်ားကိုေတြ႕လိုက္ရေလသည္။ ဖက္တီးက်န္းႀကီးနည္းတူ ခရမ္းဒယ္အိုးေတာင္ေပၚရွိ အျခားဂိုဏ္းသားမ်ားသည္ အရည္ေပ်ာ္ေနေသာအဝတ္အစားမ်ားျဖင့္ ေၾကာက္လန္႔တၾကားေျပးလႊားေနၾက၏။ မိုးေရမ်ားမ်ားစိုေလေလ၊ အဝတ္အစားမ်ား ျမန္ျမန္အရည္ေပ်ာ္ေလျဖစ္သည္။ တခ်ိဳ႕ကံမေကာင္းေသာဂိုဏ္းသားတခ်ိဳ႕မွာမူ ကိုယ္လုံးတီးျဖင့္ ေျပးေနရေလ၏။

"ဘုရားေရ...။ ဘာ... ဘာေတြျဖစ္ေနတာလဲ..."

" ငါ့အဝတ္အစားေတြ...!!"

"ေသာက္က်ိဳးနည္း... ဘယ္လိုမိုးမ်ိဳးပါလိမ့္...။ နံလည္းနံေသး၊ ဒုကၡလည္းေပးေသး...။ ငါ့အဝတ္အစားေလးေတြေတာ့ အရည္ေပ်ာ္ကုန္ပါၿပီ...။"

"ခ်ီးပဲ...။ ေမွာ္ဒိုင္းကာေတြေတာင္ မကယ္ႏိုင္ေတာ့ဘူး...။" ခရမ္းဒယ္အိုးေတာင္တခုလုံး အုတ္အုတ္က်က္က်က္ျဖစ္ေနၾက၏။ မိုးေရႏွင့္လြတ္ရာသို႔ အလ်င္အျမန္မေျပးမိေသာလူတိုင္း ကိုယ္ေပၚရွိအဝတ္အစားမ်ား လုံးဝအရည္ေပ်ာ္က်ကုန္၏။

ခရမ္းဒယ္အိုးေတာင္တခုလုံး ကမာၻပ်က္ေနေလၿပီ။ ဝါရင့္အတြင္းစည္းဂိုဏ္းသားအခ်ိဳ႕ပင္လွ်င္ေသြးပ်က္ေနေလ၏။ သူတို႔တစ္သက္လုံးတြင္ ဤကဲ့သို႔ေသာထူးထူးဆန္းဆန္းျဖစ္ရပ္မ်ိဳး တစ္ခါမွမႀကဳံဖူးေခ်။ အမ်ိဳးသမီးဂိုဏ္းသူမ်ား၏ စူးစူးဝါးဝါးေအာ္သံမ်ားသည္ကား အက်ယ္ေလာင္ဆုံးျဖစ္သည္။

ခရမ္းဒယ္အိုးေတာင္ရွိအႀကီးအကဲမ်ားသည္ အံ့ၾသထိတ္လန္႔စြာ ၾကက္ေသေသေနၾက၏။ အျပင္သို႔ထြက္၍ ေမွာ္ပညာရပ္မ်ားကိုသင္ၾကားပို႔ခ်ေနေသာ အႀကီးအကဲအခ်ိဳ႕သည္ မိုးစက္မ်ားက်လာေသာအခါ ထိတ္လန္႔သြားၾကေလ၏။

တခ်ိန္တည္းမွာပင္ လူအမ်ားသည္ ပိုင္ေရွာင္ခ်န္းေဆးေဖာ္စပ္ေနရာ အင္ေမာ္တယ္ဂူအေပၚသို႔ လွမ္းၾကည့္ေနၾကေလ၏။ ဂူအေပၚမွ အနက္ေရာင္မီးခိုးလုံးမ်ားထြက္ေနကာ မီးခိုးမ်ား ေကာင္းကင္ေပၚေရာက္ေလေလ၊ မိုးသည္ပို၍ျပင္းထန္လာေလေလျဖစ္၏။

သူ၏အဝတ္အစားမ်ားကို အတတ္ႏိုင္ဆုံးႀကိဳးစားကာကြယ္ေနေသာ အတြင္းစည္းဂိုဏ္းသားတစ္ေယာက္လည္းရွိေသး၏။ ေၾကာက္လန္႔တၾကားေအာ္ဟစ္ကာပ်ံေျပးေလရာ အနက္ေရာင္မီးခိုးမ်ားျပည့္ေနေသာတိမ္တိုက္ထဲသို႔ တည့္တည့္ပ်ံေျပးမိလ်က္သားျဖစ္သြားေလ၏။

ခ်က္ျခင္းပင္ မိေမြးတိုင္းဖေမြးတိုင္းျဖစ္သြားေလ၏။ စူးစူးဝါးဝါးေအာ္ဟစ္လိုက္ၿပီး လွ်ပ္စီးတခ်ိဳ႕ထုတ္လႊတ္လိုက္ရာ ခဏအၾကာတြင္ လွ်ပ္စစ္စက္ကြင္းတခုကသူ႔ကိုရစ္ပတ္လ်က္သားျဖစ္သြားေလ၏။ တစ္ခဏမွ်အၾကာတြင္ ဝတ္႐ုံအသစ္တထည္ကိုဝတ္ဆင္လိုက္ေသာ္လည္း ထိုဝတ္႐ုံသည္လည္းစတင္အရည္ေပ်ာ္ေနၿပီျဖစ္၏။

"ဘာေတြျဖစ္ေနတာလဲကြ...။ အဲဒီအင္ေမာ္တယ္ဂူထဲကဘယ္သူပဲျဖစ္ျဖစ္ အခုခ်က္ျခင္းထြက္ခဲ့စမ္း....။" ထိုအတြင္းစည္းဂိုဏ္းသားသည္ လုထ်န္းလဲ့ပင္ျဖစ္သည္။

အျခားဂိုဏ္းသားမ်ားသည္လည္း ျပႆနာ၏ရင္းျမစ္ကိုရွင္းရွင္းလင္းလင္းသိလိုက္ရေသာအခါ အုတ္ေအာ္ေသာင္းနင္းျဖစ္ကုန္ၾကသည္။

"ေသာက္က်ိဳးနည္း...။ မီးခိုးေတြက အဲ့ဂူထဲကလာတာပဲ...။ တခုခုျဖစ္ေနမွန္းသိေတာ့သိတယ္ကြ...။ အဲ့အင္ေမာ္တယ္ဂူမွာအရင္ကဘယ္သူမွမေနဘူး...။ ဒါေပမယ့္ လြန္ခဲ့တဲ့လအနည္းငယ္ကစၿပီးေတာ့ ဂူထဲကအနက္ေရာင္မီးခိုးေတြထြက္လာတာျမင္ရတာပဲ...။"

"ဒီကပ္ေဘးကိုျဖစ္ေစတာ အဲ့ဒီမီးခိုးနက္ေတြပဲ... မီးခိုးနက္ေတြေလထဲလြင့္ေနတာ လနဲ႔ခ်ီေနၿပီ...။ ရာသီဥတုကိုထိခိုက္ေအာင္လုပ္ေနတာပဲ...။ အဲ့မီးခိုးေတြေၾကာင့္ အက္စစ္မိုးေတြ႐ြာခ်လာတာပဲ...။"

လူအမ်ားေဒါသတႀကီးေအာ္ဟစ္ေနၾကစဥ္ ဖက္တီးက်န္းသည္ အိမ္ထဲတြင္ေအာင္းေနၿပီး အျပင္၌ျဖစ္ပ်က္ေနသမွ်ကို မလႈပ္မယွက္ၾကည့္ေနေလ၏။ သူသည္ မိုး႐ြာေနသည္ကိုၾကည့္ရင္း စိတ္ထဲတြင္ေဝခြဲမရျဖစ္ေနၿပီး ႐ုတ္တရက္ ေမႊးရနံ႔တိမ္ေတာင္ေပၚရွိဂိုဏ္းသားမ်ား မည္ကဲ့သို႔ခံစားခဲ့ရလိမ့္မည္ဆိုသည္ကို နားလည္လာ၏။

ေတာင္ထိပ္တြင္ ခရမ္းဒယ္အိုးေတာင္၏ဂိုဏ္းခ်ဳပ္ ႐ႊီေမ့ရွန္းသည္ ပတ္ဝန္းက်င္ကို ေၾကာင္စီစီႏွင့္လိုက္လံၾကည့္ရႈေနသည္။ သူမ၏အိမ္အျပင္ဘက္သို႔ ေျခတလွမ္းမွမခ်ရဲပဲ ေကာင္းကင္ဆီသို႔လက္ကိုေဝွ႔ယမ္းလိုက္ၿပီး ခရမ္းဒယ္အိုးေတာင္၏မႏၲန္ဝကၤပါကို အသက္သြင္းလိုက္သည္။ အလင္းေရာင္ဒိုင္းကာတခုေပၚလာၿပီး ေတာင္ေပၚတြင္႐ြာေနေသာမိုးကိုေခတၱတားဆီးထားေလ၏။

သို႔ေသာ္ ဖ်က္ဆီးေသာမိုးသည္ ဒိုင္းကာကိုပါတျဖည္းျဖည္းလႈိက္စားေနသည္ကိုျမင္ေတြ႕ေနရသည္။

ခရမ္းဒယ္အိုးေတာင္၏ဂိုဏ္းသားမ်ားသည္ မိုးခဏရပ္သြားစဥ္အခ်ိန္ေလးအတြင္း အဝတ္အစားမ်ားကိုအသစ္လဲလွယ္ဝတ္ဆင္ေနၾကသည္။ ေဒါသထြက္ေနေသာလူအုပ္ႀကီးသည္ ပိုင္ေရွာင္ခ်န္းရွိရာအင္ေမာ္တယ္ဂူဆီသို႔ ဦးတည္၍ေျပးလာေနၾက၏။

မၾကာမီပင္ ေမႊးရနံ႔တိမ္ေတာင္၏ဂိုဏ္းသားမ်ားသည္ ခရမ္းဒယ္အိုးေတာင္ေပၚရွိမႏၲန္ဝကၤပါကို သတိထားမိသြားၾကၿပီး ထိုအေပၚမွ မိုးမ်ား႐ြာခ်ေနသည္ကိုပါ သတိျပဳမိသြားၾကေလ၏။

"ခရမ္းဒယ္အိုးေတာင္ေပၚမွာ ဘာေတြမ်ားျဖစ္ေနပါလိမ့္..."

မည္သို႔ျဖစ္ပ်က္ေနလဲစဥ္းစား၍မရႏိုင္ေသးခင္မွာပင္ ခရမ္းဒယ္အိုးေတာင္ေပၚရွိ မေရမတြက္ႏိုင္ေအာင္မ်ားျပားလွေသာလူအုပ္ႀကီး၏ တစုတစည္းတည္းေအာ္လိုက္သံက ကမာၻပ်က္ေတာ့မတတ္၊ ေျမႀကီးမ်ားၿပိဳက်ေတာ့မတတ္ က်ယ္ေလာင္စြာထြက္ေပၚလာေလ၏။

"ပိုင္ေရွာင္ခ်န္း..."

ေအာ္သံသည္အရပ္မ်က္ႏွာအႏွံ႔ပဲ့တင္ထပ္သြားၿပီး ခရမ္းဒယ္အိုးေတာင္တခုလုံး တသိမ့္သိမ့္တုန္သြားေလ၏။ ေမႊးရနံ႔တိမ္ေတာင္၏ဂိုဏ္းသားမ်ားသည္ တေယာက္ကိုတေယာက္အံ့အားသင့္စြာၾကည့္ေနၾကလ်က္က လူတေယာက္၏ပုံရိပ္တခု သူတို႔အားလုံး၏ေခါင္းထဲတြင္ ေပၚလာေလ၏။ ယခုေတာ့ အားလုံးနားလည္သြားၾကၿပီျဖစ္သည္။

"ပိုင္ေရွာင္ခ်န္းက ခရမ္းဒယ္အိုးေတာင္သြားၿပီး ေဆးေဖာ္ေနတာပဲ..."

"ဒါပဲျဖစ္မွာေပါ့... ဂိုဏ္းခ်ဳပ္က ဒီေတာင္ေပၚမွာေဆးေဖာ္ခြင့္မျပဳေတာ့ ခရမ္းဒယ္အိုးေတာင္ေပၚသြားၿပီး ေဆးေဖာ္ေနတာပဲျဖစ္မယ္..."

ခရမ္းဒယ္အိုးေတာင္၏ဂိုဏ္းသားမ်ားေအာ္ဟစ္လိုက္သံေၾကာင့္ ပိုင္ေရွာင္ခ်န္းမွာ လန္႔ၿပီးထေအာ္မိေလ၏။ မေရမတြက္ႏိုင္ေအာင္မ်ားျပားေသာေမွာ္ပညာရပ္မ်ားျဖင့္ အင္ေမာ္တယ္ဂူအား ထု႐ိုက္ေနသံမ်ားကိုၾကားလိုက္ရခ်ိန္တြင္ သူသည္ေနာက္ထပ္ေဆးတစ္မ်ိဳးကိုေဖာ္စပ္ရန္ျပင္ေနဆဲျဖစ္၏။ အလြန္အမင္းထိတ္လန္႔သြားၿပီး ဂူအျပင္သို႔ၾကည့္လိုက္ရာ ေဒါသထြက္ေနေသာလူအုပ္ႀကီးက ဂူပတ္လည္အား ပိတ္ဆို႔ထားသည္ကိုေတြ႕လိုက္ရ၏။

လုထ်န္းလဲ့သည္လည္းလူအုပ္ႏွင့္အတူရွိေနသည္။ သူ၏ေဘးပတ္လည္တြင္ လွ်ပ္စစ္စက္ဝန္းတခုက ဝန္းရံထား၏။

ေၾကာက္လန္႔ေနေသာပိုင္ေရွာင္ခ်န္းသည္ အေတာင္ပံမ်ားထုတ္ကာပ်ံေျပးေလေတာ့၏။ ခရမ္းဒယ္အိုးေတာင္၏ဂိုဏ္းသားမ်ားသည္ ေဒါသတႀကီးေအာ္ဟစ္ကာ ပိုင္ေရွာင္ခ်န္းကိုလိုက္လံဖမ္းဆီးၾကေလသည္။

ဖက္တီးက်န္းႀကီးသည္အျဖစ္အပ်က္အလုံးစုံကို အေဝးမွၾကည့္ေနကာ သူဘာမွမသိသလိုပုံစံမ်ိဳးဖမ္းေနေလ၏။ ပိုင္ေရွာင္ခ်န္းအတြက္အင္ေမာ္တယ္ဂူရေအာင္လုပ္ေပးခဲ့သူမွာ သူျဖစ္ေၾကာင္းတေယာက္ေယာက္မ်ားသိသြားပါက မေတြးရဲစရာပင္...။

ခရမ္းဒယ္အိုးေတာင္၏ဂိုဏ္းသားမ်ား ပိုင္ေရွာင္ခ်န္းအားသဲႀကီးမဲႀကီးလိုက္ဖမ္းေနစဥ္တြင္... ႐ုတ္တရက္......

ျမစိမ္းေတာင္ဘက္မွ စူးစူးဝါးဝါးေအာ္ဟစ္သံမ်ားထြက္ေပၚလာေလေတာ့သည္။

Continue Reading

You'll Also Like

57.5K 1.9K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
330K 17.8K 40
My priority /property/privacy