အပိုင္း-(၁၇)
နင့္နင့္သီးသီးရိႈက္ငိုေနသည့္ Chakrii ကို Arthit က ေထြးေပြ႕ကာေက်ာျပင္ကိုဖြဖြေလးပုတ္ေပးေနသည္။သူ ကိုယ္တိုင္ မွာလည္း မ်က္ရည္စတုိ႕ျဖင့္-
“မသိိခဲ့ဘူး။မသိခဲ့ဘဲနဲ႕ ေလလြင့္ေနခဲ့တာ Arthit ရယ္။ကုိႀကီးက--သူ အသက္ရွင္ေနေသးတယ္ဆုိတာေတာင္ မသိဘဲနဲ႕.”
“ကိုႀကီး အျပစ္မဟုတ္ပါဘူး။အားလံုးက သူဆံုးပါးသြားခဲ့တယ္လုိ႕ပဲသိခဲ့ႀကတာေလ။ Kong တုိ႕ဘက္က ေသေသခ်ာခ်ာ သိမ္းဝွက္ထားခဲ့တာ။”
Chakriiက ေခါင္းခါရင္း ငိုေႀကြးေနဆဲျဖစ္သည္။ လက္ထဲတြင္က ပန္းပင္ေတြနားတြင္ ျပံဳးရယ္ေနသည့္ မ်က္ႏွာေလး.။ Nanyi က သိမ္သိမ္ေမြ႕ေမြ႕ေလး လွပတင့္တယ္ေနဆဲျဖစ္သည္။ျပံဳးရယ္ေနသည့္ သူမ မ်က္ႏွာေလးက ေအးခ်မ္း စင္ႀကယ္ ေနသည္။
“ႀကိဳးစားရမွာ ကိုႀကီး။ခ်စ္တဲ့သူကို ျပန္ပိုင္ဆိုင္ႏို္င္ဖို႕သူ႕ကိုေအးေအးခ်မ္းခ်မ္းခ်စ္ေပးႏိုင္ဖို႕ ကိုႀကီးႀကိဳးစားရမွာ.။”
“အင္း-ဟုတ္တယ္။ Arthit ေလး ေျပာတာမွန္တယ္။ ကုိယ္ သူ႕ဆီသြားမယ္.သူ႕ကိုသြားရွာရမယ္။”
“သူ ထိုင္းကိုလာမွာ ကုိႀကီး။ တရုတ္ကေန ထိုင္းကိုလာတာ။”
“ေက်းဇူးတင္ပါတယ္ ညီေလးရယ္။ကိုႀကီး Nanyi ကုိဒီတစ္ခါ လံုးဝအဆံုးရႈံးမခံေတာ့ဘူး။”
“မယ္မယ္ က တားရင္ေတာင္မွလား.”
ေအးစက္ေနသည့္ အသံခပ္မာမာပိုင္ရွင္က Arthit တုိ႕အခန္းတံခါးဝနားတြင္ မတ္တပ္ရပ္ေနရင္းမွ ျဖည္းျဖည္းခ်င္း အခန္းထဲဝင္ လာသည္။ Chakrii က မ်က္ရည္ေတြသုတ္လိုက္ရင္း မယ္မယ့္ကိုႀကည့္သည္။
“ဘယ္သူတားတား. ကြ်န္ေတာ္ ေနာက္မဆုတ္ေတာ့ဘူး မယ္မယ္။ ”
“ငါ သေဘာမတူႏိုင္ဘူးေလ။ မင္းတုိ႕ႏွစ္ေယာက္လံုး အဲ့မ်ိဴးႏြယ္နဲ႕ ဘာျဖစ္ခ်င္ေနႀကတာလဲ ”
မယ္မယ္က လက္ႏွစ္ဖက္တင္းတင္းဆုပ္လ်က္ ေအာ္ဟစ္လာသည္။ မယ္မယ္၏ ယခုလိုပံုစံက ျမင္ရခဲသည့္အတြက္ ႏွစ္ေယာက္လံုးေႀကာင္ႀကည့္ေနမိႀကသည္။
“ငါ ဘဝတစ္ေလွ်ာက္လံုး မ်ိဴးရုိးဂုဏ္သိကၡာကိုအေလးထားလာတာ။ ငါ ခ်စ္ရတဲ့သူက နိ္မ့္ပါးတဲ့မ်ိဴးရိုးကျဖစ္ေနတာမုိ႕ ငါကို္ယ္တုိင္ မင္းတုိ႕ အေဖနဲ႕လက္ဆက္ခဲ့တာ။ ထင္ရင္ေတာ့ငါက ခ်စ္သူကိုပစ္တဲ့မိန္းမဆိုးႀကီးေပါ့ေလ.။ဒါေပမယ့္ ငါတုိ႕ သိကၡာ ငါတုိ႕မ်ိဴးရိုးကို ငါတုိ႕ေစာင့္ေရွာက္ရမွာ ။ဒါကို ငါ့သားေတြကလည္း ဆက္ထိန္းသိမ္းလိမ့္မယ္လို႕ထင္ေနခဲ့တာ ငါ့အမွား.”
“မယ္မယ္-Arthit လက္ထပ္ဖုိ႕ေတာင္ခြင့္ျပဳခဲ့ေသးတာပဲ။ Kongpob ကဖ်က္တာမဟုတ္ရင္ ဒီမဂၤလာပြဲ ျဖစ္ေျမာက္သြားမွာ။ဒါ မယ္မယ္ လက္ခံေပးလိုက္တဲ့သေဘာပဲေလ။ ကြ်န္ေတာ့္ကိုက် လက္မခံေပးႏိုင္တာ--”
Chakrii က သက္ျပင္းဖြဖြခ်လ်က္ မယ္မယ့္ကို မ်က္လံုးခ်င္းစံုႀကည့္လာကာ-
“ကြ်န္ေတာ္က သားအရင္း မဟုတ္လုိ႕လား.”
“ဘာ-- ”
တစ္ဆက္တည္း မယ္မယ္ အားကုန္လႊဲရိုက္လိုက္သည့္ လက္ဝါးျပင္က Chakrii ပါးေပၚက်ေရာက္သြားသည္။မယ္မယ္ ရင္ဘတ္ အစံုက နိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ မ်က္ရည္ေတြစီးက်လာသည္။
“ထားခဲ့တဲ့ ငါ့ေမတၱာေတြကို မင္း ေစာ္ကားလိုက္တာပဲ Chakrii. မင္းအေဖမရွိကတည္းက ငါမင္းကို ဘယ္လို ဂရုစိုက္ေပးခဲ့လဲ မင္း သိပါတယ္။ မင္း ေျပာသလို Arthit က ငါ့သားအရင္းမုိ႕ ငါပိုခ်စ္တယ္ဆုိရင္ေတာင္ မင္းကိုလည္း မေလ်ာ့ဘူးဆုိတာ သိသင့္တယ္။မိန္းမတစ္ေယာက္အတြက္နဲ႕ မင္းက ငါ့ကို ဘယ္လုိေတာင္ေျပာရက္လုိက္တာလဲ”
“အဲ့လိုမဟုတ္ပါဘူး မယ္မယ္.ကိုႀကီးက အဲ့လိုေျပာခ်င္တာ မဟုတ္ပါဘူး။”
“မင္းလည္း တူတူပဲ.။မင္းတုိ႕အားလံုး ..”
မယ္မယ္ ခ်ာကနဲလွည့္ထြက္သြားတဲ့ထိ သူတုိ႕ ျငိမ္သက္ေနခဲ့ႀကသည္။အသံတိတ္မ်က္ရည္ေတြက်ေနသည့္ Chakrii ကုိလည္း Arthit စိတ္မေကာင္းစြာႀကည့္ေနမိသည္။Chakrii က Arthit ႏွင့္ က အေဖတူ အေမကြဲ အကို။ မယ္မယ္က သူ႕ကို သားအရင္း မဟုတ္လို႕ ဒီလုိျပဳမူသည္ဟု ေျပာေတာ့ မယ္မယ္ စိတ္ထိခို္က္သြားသည္။
Nanyi က Singto ဆီကုိလာမွာကို သူေသခ်ာသိထားသည္။ဘာေႀကာင့္မွန္းေတာ့မသိေပမယ့္ Chakrii တုိ႕ခ်စ္ရသူခ်င္းကို ေပါင္းဖက္ေစခ်င္မိတာသူ႕စိတ္ရင္းအမွန္။
Kong က သူ႕ကိုလ်စ္လ်ရႈထားရင္ေတာင္မွေပါ့ေလ.
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“Kong ေတာ္ေတာ္အလုပ္ႀကိဳးုစားေနတာပဲ.။ႀကည့္ဦး.လုပ္ငန္းေတာင္ ေတာ္ေတာ္ အေျခက်ေနျပီ”
“အစကတည္းက အေျခကက်ျပီးသားပါ မမရာ။ ခုမွ ကြ်န္ေတာ္ ထဲထဲဝင္ဝင္လုပ္ရလို႕သာ”
ဟုိတယ္ေရွ႕က ေကာ္ဖီဆိုင္ေလးေရွ႕ ေလွ်ာက္လမ္းေလးအတို္င္း Kongpob တုိ႕ေလွ်ာက္လာႀကသည္။ အရင္ကတည္းက Kongpob တုိ႕မိသားစုပိုင္ ဟုိတယ္က Kongpob ေရာက္လာျပီးမွပိုလုိ႕ နာမည္တက္ကာ ဒီဇို္င္းအျပင္အဆင္ ဝန္ေဆာင္မႈ ပို္င္း ကအစ တုိးတက္ေအာင္ျမင္လာျခင္းျဖစ္သည္။ဒါေပမယ့္ ဒါေတြကို သူ လူယံုနဲ႕လႊဲထားျပီးေတာ့သာ Arthit ေနာက္လိုက္ေနခဲ့တာ။
“ဒီမွာ မမႀကာမွာလား”
“အင္း စာတမ္းျပဳစုဖုိ႕ဆုိေတာ့ နည္းနည္းေတာ့ႀကာမယ္ထင္တာပဲ.။မေျပာတတ္ေသးဘူး Kong ရယ္”
“ဘယ္ေလာက္ႀကာႀကာဗ်ာ.။မမ အနားမွာရွိေတာ့ကြ်န္ေတာ္က ေပ်ာ္ေနတာပဲ.”
Nanyi ေဘးနားကေန ျပံဳးကာေျပာေနသည့္ Kongpob ကကေလးငယ္တစ္ေယာက္သဖြယ္။သူမ ေဘးကုိလွည့္ႀကည့္ရင္း ျပံဳးမိသည္။ Kongpob က ငယ္ကတည္းက သူမကို အင္မတန္ခင္တြယ္သည့္ကေလးျဖစ္သည္။သူမ ထိခိုက္မိတာက အစ. စိတ္ဆင္းရဲေနတာက အဆံုး အျမဲလုိလို ပူပန္ကာ စိတ္မခ်တတ္သည့္ ေမာင္ငယ္ေလးလည္းျဖစ္၏။ခုလည္း မေန႕ကတည္း ကေရာက္သည့္ သူမ အိမ္မွာနားေန ခိုင္းျပီး ဒီေန႕မွ ဟုိတယ္ကုိေခၚလာျပခဲ့တာ။သူမ ေကာ္ဖီေသာက္ခ်င္တယ္ဆုိ၍ ဟုိတယ္က မဟုတ္ဘဲ ေရွ႕က ဆိုင္ေလးကိုလည္းေခၚလာေပးခဲ့သည္။
“ကိစၥေလးနည္းနည္းရွိလို႕ ေနာက္က်သြားတယ္ မမ Nanyi ခြင့္လႊတ္ေပးပါ.”
“ရပါတယ္ရွင္.မမ လည္း ခုမွ ေကာ္ဖီေသာက္ျပီးတာ. ”
Mai က မမကုိသာ အေရးတယူလုပ္ ႏႈတ္ဆက္လ်က္ Kongpob ကုိေတာ့ လက္ျပကာသာ ႏႈတ္ဆက္ေတာ့ Kongpob လည္း ေခါင္းညိတ္ျပလိုက္သည္။ ဘာပဲျဖစ္ျဖစ္ မမ အနားမွာ Mai ရွိေနေပးတာ သူ သေဘာက်သည္။ Mai က အေျပာအဆို သြက္လက္သလို Nanyi ကုိလည္း အမရင္းသဖြယ္ခ်စ္ခင္သည္မုိ႕ သူမႏွင့္ဆို Kongpob စိတ္ခ်ပါသည္။
“ခ်ိန္းထားႀကတာလား။”
“အင္းေလ--ငါ ရုပ္ရွင္လိုက္ျပမလို႕.။ေနာက္ျပီး ေစ်းပတ္မယ္. မုန္႕ေတြဝယ္စားမယ္ ေနာ့ မမ.”
“နင္က ပုိသြားခ်င္ေနတာမလား ငါမသိရင္ခက္မယ္.”
Mai က ႏႈတ္ခမ္းမဲ့လ်က္ ျပဳေတာ့ Nanyi ေရာ Kongpob ပါရယ္မိႀကသည္။Kongpob ရယ္ေနရင္းျဖင့္ မသိစိတ္က တစ္ေနရာ ကို ႀကည့္မိေတာ့ ဟုိတယ္ေရွ႕ကေန သူ႕ကို လွမ္းျပံဳးျပေနသည့္ Arthit ကုိေတြ႕လိုက္ရသည္။ေဘးက Chakrri ကိုျမင္လွ်င္ ပို လို႕ ေတာင္ တြန္႕ကုတ္သြားသည့္ Kongpob မ်က္ခံုးေတြသည္ Nanyi ကုိ ဒီေနရာကေန အျမန္ေခၚထုတ္သြားဖုိ႕သာစိတ္ကူးရွိ သည္။
သုိ႕ေပမယ့္လည္း--
“Yi-”
Nanyi ၏ မ်က္လံုးေတြ မသိသလိုေလးျဖစ္သြားကာ Kongpob ဘက္လွည့္ႀကည့္လာသည္။
“သြားမယ္ မမ..”
“ခဏေလး Yi ကုိယ့္ကို ဘယ္လိုႀကည့္လုိက္တာလဲ.။ေမ့ပစ္လိုက္တာလားဟင္ Yi ကုိယ့္ကိုႀကည့္ပါဦး။”
“ခင္ဗ်ား ဘာလုပ္တာလဲ သြားစမ္းပါ.”
တုန္လႈပ္ေနပံုရသည့္ Nanyi ကုိ Mai ကေဘးကေနေပြ႕ပိုက္ထားေပးရင္း Kongpob က Chakrri ကုိတြန္းထုတ္ပစ္လုိက္သည္။ Arthit အလ်င္အျမန္ပင္ ျပန္ထိန္းလိုက္ကာ-
“ခဏေလာက္ စကားေပးေျပာလုိက္ပါ Kong. သူတုိ႕အခ်င္းခ်င္းေျဖရွင္းပါေစေလ”
“ကြ်န္ေတာ့္ အမ ေႀကာက္ေနတာမေတြ႕ဘူးလား.။”
“ခဏေလးပါပဲ Kongpob ကုိယ္ သူနဲ႕စကားေျပာပါရေစ.”
Nanyi က မ်က္ရည္ေတြလည္းက်လာသလို မ်က္ႏွာပါ ျဖဴေဖ်ာ့လာသည္ေႀကာင့္ Kongpob ေဒါသေတြ ျမင့္တက္လာသည္။
“Mai . မမကိုေခၚသြားႏွင့္.”
Mai ကလည္းခပ္ျမန္ျမန္ပင္ Nanyi ကုိ တြဲေခၚသည္။Chakrii က ေနရာမွာတင္ မလႈပ္မယွက္ေတြေတြႀကီး စိုက္ႀကည့္ရင္း သာက်န္ခဲ့သည့္အခါ Arthit တစ္ေယာက္သာလ်ွင္ စိတ္ေလာလ်က္ ထြက္သြားေတာ့မည့္ Kongpob လက္ဖ်ံကိုလွမ္းဆြဲ လိုက္သည္။
“ခဏေလးပါပဲ Kong. ငါ့ ကုိႀကီးကို မမနဲ႕စကားေပးေျပာလုိက္ပါ.။ခဏေလးပါပဲ ငါေတာင္းပန္ပါတယ္။”
“ဖယ္စမ္းပါ ဗ်ာ-”
“Arthit.”
အားနွင့္ရုန္းလုိက္သည္မုိ႕ ဒီလိုရုန္းလိမ့္မယ္မထင္ထားသည့္ Arthit သည္ ပလက္ေဖာင္းေပၚကေန ေျခေခ်ာ္က်သြား ေတာ့သည္။တုိက္ဆိုင္လြန္းလွစြာပင္ တရွိ္န္ထိုးေမာင္းလာသည့္ ဆိုင္ကယ္တစ္စ္ီးေရွ႕ ေရာက္မိမလိုျဖစ္သြားသည့္အခါ Kongpob ႏွလံုးေသြးေတြေဆာင့္ခုန္ကာ ခ်က္ခ်ငး္ပင္ လက္ဖ်ားေလးကေန လွမ္းဆြဲလိုက္မိသည္။ ႏွစ္ေယာက္သား ႀကမ္းခင္း ေပၚ ပစ္လဲက်ျပီး Arthit သည္က Kongpob အေပၚတြင္ ေမွာက္ရက္သားေလး။
“အ-”
“ဟင္ Kong.. ဘာျဖစ္တာလဲ ဘယ္နားထိမိသြားတာလဲ”
“Arthit ညီေလး..”
Chakrii က သတိဝင္လာျပီး လဲက်ေနသည့္ Arthit ကုိကူမေပးသည္။ မ်က္ႏွာရံႈ႕မဲ့လ်က္ ထလာသည့္ Kongpob ၏ လက္တံေတာင္စစ္နားႏွစ္ဖက္လံုး ပြန္းပဲ့ျခင္းေႀကာင့္ ေသြးစတုိ႕ျဖစ္တည္ေနသည္။
“အရမ္းနာေနတာထင္တယ္။ေဆးရံုသြားရေအာင္.။င့ါေႀကာင့္ျဖစ္တာ ေတာင္းပန္ပါတယ္။”
“ရတယ္ ဘာမွမျဖစ္ဘူး။ ခင္ဗ်ားကုိ ကြ်န္ေတာ္ တြန္းမိတာမုိ႕ ျပန္ကယ္ေပးတာ.။ခင္ဗ်ားသာ ကြ်န္ေတာ္ နဲ႕ကင္းကင္းေန.။”
Kongpob က မႈန္ကုတ္ကုတ္ျဖင့္ ထလ်က္ ထြက္သြားခဲ့သည္။ Arthit မ်က္ႏွာေလးျပံဳးစစျဖင့္ က်န္ေနခဲ့သည္။ တြန္းလို္က္တာပဲ ျပန္ကူေနစရာမွမလိုတာ.။အနားမလာေစခ်င္ဘူးဆို ဘာျဖစ္ျဖစ္ ပစ္ထားလိုက္ေပါ့။ဒီလူက သူ႕ကိုဘယ္ေတာ့မွအျပစ္မတင္မွာ သိရဲ႕သားနဲ႕.
ဒါေပမယ့္- စိုးရိမ္စိတ္ေတြ- Kongpob မ်က္လံုး ထဲမွာ ထင္ထင္ရွားရွားျမင္လိုက္တာပဲ
မင္း ခ်စ္ေနပါတယ္ေလ.
*********************
# With Heart
Just A Dreamer
UNICODE
အပိုင်း-(၁၇)
နင့်နင့်သီးသီးရှိုက်ငိုနေသည့် Chakrii ကို Arthit က ထွေးပွေ့ကာကျောပြင်ကိုဖွဖွလေးပုတ်ပေးနေသည်။သူ ကိုယ်တိုင် မှာလည်း မျက်ရည်စတို့ဖြင့်-
“မသိခဲ့ဘူး။မသိခဲ့ဘဲနဲ့ လေလွင့်နေခဲ့တာ Arthit ရယ်။ကိုကြီးက--သူ အသက်ရှင်နေသေးတယ်ဆိုတာတောင် မသိဘဲနဲ့.”
“ကိုကြီး အပြစ်မဟုတ်ပါဘူး။အားလုံးက သူဆုံးပါးသွားခဲ့တယ်လို့ပဲသိခဲ့ကြတာလေ။ Kong တို့ဘက်က သေသေချာချာ သိမ်းဝှက်ထားခဲ့တာ။”
Chakriiက ခေါင်းခါရင်း ငိုကြွေးနေဆဲဖြစ်သည်။ လက်ထဲတွင်က ပန်းပင်တွေနားတွင် ပြုံးရယ်နေသည့် မျက်နှာလေး.။ Nanyi က သိမ်သိမ်မွေ့မွေ့လေး လှပတင့်တယ်နေဆဲဖြစ်သည်။ပြုံးရယ်နေသည့် သူမ မျက်နှာလေးက အေးချမ်း စင်ကြယ် နေသည်။
“ကြိုးစားရမှာ ကိုကြီး။ချစ်တဲ့သူကို ပြန်ပိုင်ဆိုင်နိုင်ဖို့သူ့ကိုအေးအေးချမ်းချမ်းချစ်ပေးနိုင်ဖို့ ကိုကြီးကြိုးစားရမှာ.။”
“အင်း-ဟုတ်တယ်။ Arthit လေး ပြောတာမှန်တယ်။ ကိုယ် သူ့ဆီသွားမယ်.သူ့ကိုသွားရှာရမယ်။”
“သူ ထိုင်းကိုလာမှာ ကိုကြီး။ တရုတ်ကနေ ထိုင်းကိုလာတာ။”
“ကျေးဇူးတင်ပါတယ် ညီလေးရယ်။ကိုကြီး Nanyi ကိုဒီတစ်ခါ လုံးဝအဆုံးရှုံးမခံတော့ဘူး။”
“မယ်မယ် က တားရင်တောင်မှလား.”
အေးစက်နေသည့် အသံခပ်မာမာပိုင်ရှင်က Arthit တို့အခန်းတံခါးဝနားတွင် မတ်တပ်ရပ်နေရင်းမှ ဖြည်းဖြည်းချင်း အခန်းထဲဝင် လာသည်။ Chakrii က မျက်ရည်တွေသုတ်လိုက်ရင်း မယ်မယ့်ကိုကြည့်သည်။
“ဘယ်သူတားတား. ကျွန်တော် နောက်မဆုတ်တော့ဘူး မယ်မယ်။ ”
“ငါ သဘောမတူနိုင်ဘူးလေ။ မင်းတို့နှစ်ယောက်လုံး အဲ့မျိူးနွယ်နဲ့ ဘာဖြစ်ချင်နေကြတာလဲ ”
မယ်မယ်က လက်နှစ်ဖက်တင်းတင်းဆုပ်လျက် အော်ဟစ်လာသည်။ မယ်မယ်၏ ယခုလိုပုံစံက မြင်ရခဲသည့်အတွက် နှစ်ယောက်လုံးကြောင်ကြည့်နေမိကြသည်။
“ငါ ဘဝတစ်လျှောက်လုံး မျိူးရိုးဂုဏ်သိက္ခာကိုအလေးထားလာတာ။ ငါ ချစ်ရတဲ့သူက န်ိမ့်ပါးတဲ့မျိူးရိုးကဖြစ်နေတာမို့ ငါကိုယ်တိုင် မင်းတို့ အဖေနဲ့လက်ဆက်ခဲ့တာ။ ထင်ရင်တော့ငါက ချစ်သူကိုပစ်တဲ့မိန်းမဆိုးကြီးပေါ့လေ.။ဒါပေမယ့် ငါတို့ သိက္ခာ ငါတို့မျိူးရိုးကို ငါတို့စောင့်ရှောက်ရမှာ ။ဒါကို ငါ့သားတွေကလည်း ဆက်ထိန်းသိမ်းလိမ့်မယ်လို့ထင်နေခဲ့တာ ငါ့အမှား.”
“မယ်မယ်-Arthit လက်ထပ်ဖို့တောင်ခွင့်ပြုခဲ့သေးတာပဲ။ Kongpob ကဖျက်တာမဟုတ်ရင် ဒီမင်္ဂလာပွဲ ဖြစ်မြောက်သွားမှာ။ဒါ မယ်မယ် လက်ခံပေးလိုက်တဲ့သဘောပဲလေ။ ကျွန်တော့်ကိုကျ လက်မခံပေးနိုင်တာ--”
Chakrii က သက်ပြင်းဖွဖွချလျက် မယ်မယ့်ကို မျက်လုံးချင်းစုံကြည့်လာကာ-
“ကျွန်တော်က သားအရင်း မဟုတ်လို့လား.”
“ဘာ-- ”
တစ်ဆက်တည်း မယ်မယ် အားကုန်လွှဲရိုက်လိုက်သည့် လက်ဝါးပြင်က Chakrii ပါးပေါ်ကျရောက်သွားသည်။မယ်မယ် ရင်ဘတ် အစုံက နိမ့်ချည်မြင့်ချည်ဖြင့် မျက်ရည်တွေစီးကျလာသည်။
“ထားခဲ့တဲ့ ငါ့မေတ္တာတွေကို မင်း စော်ကားလိုက်တာပဲ Chakrii. မင်းအဖေမရှိကတည်းက ငါမင်းကို ဘယ်လို ဂရုစိုက်ပေးခဲ့လဲ မင်း သိပါတယ်။ မင်း ပြောသလို Arthit က ငါ့သားအရင်းမို့ ငါပိုချစ်တယ်ဆိုရင်တောင် မင်းကိုလည်း မလျော့ဘူးဆိုတာ သိသင့်တယ်။မိန်းမတစ်ယောက်အတွက်နဲ့ မင်းက ငါ့ကို ဘယ်လိုတောင်ပြောရက်လိုက်တာလဲ”
“အဲ့လိုမဟုတ်ပါဘူး မယ်မယ်.ကိုကြီးက အဲ့လိုပြောချင်တာ မဟုတ်ပါဘူး။”
“မင်းလည်း တူတူပဲ.။မင်းတို့အားလုံး ..”
မယ်မယ် ချာကနဲလှည့်ထွက်သွားတဲ့ထိ သူတို့ ငြိမ်သက်နေခဲ့ကြသည်။အသံတိတ်မျက်ရည်တွေကျနေသည့် Chakrii ကိုလည်း Arthit စိတ်မကောင်းစွာကြည့်နေမိသည်။Chakrii က Arthit နှင့် က အဖေတူ အမေကွဲ အကို။ မယ်မယ်က သူ့ကို သားအရင်း မဟုတ်လို့ ဒီလိုပြုမူသည်ဟု ပြောတော့ မယ်မယ် စိတ်ထိခိုက်သွားသည်။
Nanyi က Singto ဆီကိုလာမှာကို သူသေချာသိထားသည်။ဘာကြောင့်မှန်းတော့မသိပေမယ့် Chakrii တို့ချစ်ရသူချင်းကို ပေါင်းဖက်စေချင်မိတာသူ့စိတ်ရင်းအမှန်။
Kong က သူ့ကိုလျစ်လျရှုထားရင်တောင်မှပေါ့လေ.
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“Kong တော်တော်အလုပ်ကြိုးစားနေတာပဲ.။ကြည့်ဦး.လုပ်ငန်းတောင် တော်တော် အခြေကျနေပြီ”
“အစကတည်းက အခြေကကျပြီးသားပါ မမရာ။ ခုမှ ကျွန်တော် ထဲထဲဝင်ဝင်လုပ်ရလို့သာ”
ဟိုတယ်ရှေ့က ကော်ဖီဆိုင်လေးရှေ့ လျှောက်လမ်းလေးအတိုင်း Kongpob တို့လျှောက်လာကြသည်။ အရင်ကတည်းက Kongpob တို့မိသားစုပိုင် ဟိုတယ်က Kongpob ရောက်လာပြီးမှပိုလို့ နာမည်တက်ကာ ဒီဇိုင်းအပြင်အဆင် ဝန်ဆောင်မှု ပိုင်း ကအစ တိုးတက်အောင်မြင်လာခြင်းဖြစ်သည်။ဒါပေမယ့် ဒါတွေကို သူ လူယုံနဲ့လွှဲထားပြီးတော့သာ Arthit နောက်လိုက်နေခဲ့တာ။
“ဒီမှာ မမကြာမှာလား”
“အင်း စာတမ်းပြုစုဖို့ဆိုတော့ နည်းနည်းတော့ကြာမယ်ထင်တာပဲ.။မပြောတတ်သေးဘူး Kong ရယ်”
“ဘယ်လောက်ကြာကြာဗျာ.။မမ အနားမှာရှိတော့ကျွန်တော်က ပျော်နေတာပဲ.”
Nanyi ဘေးနားကနေ ပြုံးကာပြောနေသည့် Kongpob ကကလေးငယ်တစ်ယောက်သဖွယ်။သူမ ဘေးကိုလှည့်ကြည့်ရင်း ပြုံးမိသည်။ Kongpob က ငယ်ကတည်းက သူမကို အင်မတန်ခင်တွယ်သည့်ကလေးဖြစ်သည်။သူမ ထိခိုက်မိတာက အစ. စိတ်ဆင်းရဲနေတာက အဆုံး အမြဲလိုလို ပူပန်ကာ စိတ်မချတတ်သည့် မောင်ငယ်လေးလည်းဖြစ်၏။ခုလည်း မနေ့ကတည်း ကရောက်သည့် သူမ အိမ်မှာနားနေ ခိုင်းပြီး ဒီနေ့မှ ဟိုတယ်ကိုခေါ်လာပြခဲ့တာ။သူမ ကော်ဖီသောက်ချင်တယ်ဆို၍ ဟိုတယ်က မဟုတ်ဘဲ ရှေ့က ဆိုင်လေးကိုလည်းခေါ်လာပေးခဲ့သည်။
“ကိစ္စလေးနည်းနည်းရှိလို့ နောက်ကျသွားတယ် မမ Nanyi ခွင့်လွှတ်ပေးပါ.”
“ရပါတယ်ရှင်.မမ လည်း ခုမှ ကော်ဖီသောက်ပြီးတာ. ”
Mai က မမကိုသာ အရေးတယူလုပ် နှုတ်ဆက်လျက် Kongpob ကိုတော့ လက်ပြကာသာ နှုတ်ဆက်တော့ Kongpob လည်း ခေါင်းညိတ်ပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် မမ အနားမှာ Mai ရှိနေပေးတာ သူ သဘောကျသည်။ Mai က အပြောအဆို သွက်လက်သလို Nanyi ကိုလည်း အမရင်းသဖွယ်ချစ်ခင်သည်မို့ သူမနှင့်ဆို Kongpob စိတ်ချပါသည်။
“ချိန်းထားကြတာလား။”
“အင်းလေ--ငါ ရုပ်ရှင်လိုက်ပြမလို့.။နောက်ပြီး ဈေးပတ်မယ်. မုန့်တွေဝယ်စားမယ် နော့ မမ.”
“နင်က ပိုသွားချင်နေတာမလား ငါမသိရင်ခက်မယ်.”
Mai က နှုတ်ခမ်းမဲ့လျက် ပြုတော့ Nanyi ရော Kongpob ပါရယ်မိကြသည်။Kongpob ရယ်နေရင်းဖြင့် မသိစိတ်က တစ်နေရာ ကို ကြည့်မိတော့ ဟိုတယ်ရှေ့ကနေ သူ့ကို လှမ်းပြုံးပြနေသည့် Arthit ကိုတွေ့လိုက်ရသည်။ဘေးက Chakrri ကိုမြင်လျှင် ပို လို့ တောင် တွန့်ကုတ်သွားသည့် Kongpob မျက်ခုံးတွေသည် Nanyi ကို ဒီနေရာကနေ အမြန်ခေါ်ထုတ်သွားဖို့သာစိတ်ကူးရှိ သည်။
သို့ပေမယ့်လည်း--
“Yi-”
Nanyi ၏ မျက်လုံးတွေ မသိသလိုလေးဖြစ်သွားကာ Kongpob ဘက်လှည့်ကြည့်လာသည်။
“သွားမယ် မမ..”
“ခဏလေး Yi ကိုယ့်ကို ဘယ်လိုကြည့်လိုက်တာလဲ.။မေ့ပစ်လိုက်တာလားဟင် Yi ကိုယ့်ကိုကြည့်ပါဦး။”
“ခင်ဗျား ဘာလုပ်တာလဲ သွားစမ်းပါ.”
တုန်လှုပ်နေပုံရသည့် Nanyi ကို Mai ကဘေးကနေပွေ့ပိုက်ထားပေးရင်း Kongpob က Chakrri ကိုတွန်းထုတ်ပစ်လိုက်သည်။ Arthit အလျင်အမြန်ပင် ပြန်ထိန်းလိုက်ကာ-
“ခဏလောက် စကားပေးပြောလိုက်ပါ Kong. သူတို့အချင်းချင်းဖြေရှင်းပါစေလေ”
“ကျွန်တော့် အမ ကြောက်နေတာမတွေ့ဘူးလား.။”
“ခဏလေးပါပဲ Kongpob ကိုယ် သူနဲ့စကားပြောပါရစေ.”
Nanyi က မျက်ရည်တွေလည်းကျလာသလို မျက်နှာပါ ဖြူဖျော့လာသည်ကြောင့် Kongpob ဒေါသတွေ မြင့်တက်လာသည်။
“Mai . မမကိုခေါ်သွားနှင့်.”
Mai ကလည်းခပ်မြန်မြန်ပင် Nanyi ကို တွဲခေါ်သည်။Chakrii က နေရာမှာတင် မလှုပ်မယှက်တွေတွေကြီး စိုက်ကြည့်ရင်း သာကျန်ခဲ့သည့်အခါ Arthit တစ်ယောက်သာလျှင် စိတ်လောလျက် ထွက်သွားတော့မည့် Kongpob လက်ဖျံကိုလှမ်းဆွဲ လိုက်သည်။
“ခဏလေးပါပဲ Kong. ငါ့ ကိုကြီးကို မမနဲ့စကားပေးပြောလိုက်ပါ.။ခဏလေးပါပဲ ငါတောင်းပန်ပါတယ်။”
“ဖယ်စမ်းပါ ဗျာ-”
“Arthit.”
အားနှင့်ရုန်းလိုက်သည်မို့ ဒီလိုရုန်းလိမ့်မယ်မထင်ထားသည့် Arthit သည် ပလက်ဖောင်းပေါ်ကနေ ခြေချော်ကျသွား တော့သည်။တိုက်ဆိုင်လွန်းလှစွာပင် တရှိ်န်ထိုးမောင်းလာသည့် ဆိုင်ကယ်တစ်စ်ီးရှေ့ ရောက်မိမလိုဖြစ်သွားသည့်အခါ Kongpob နှလုံးသွေးတွေဆောင့်ခုန်ကာ ချက်ချင်းပင် လက်ဖျားလေးကနေ လှမ်းဆွဲလိုက်မိသည်။ နှစ်ယောက်သား ကြမ်းခင်း ပေါ် ပစ်လဲကျပြီး Arthit သည်က Kongpob အပေါ်တွင် မှောက်ရက်သားလေး။
“အ-”
“ဟင် Kong.. ဘာဖြစ်တာလဲ ဘယ်နားထိမိသွားတာလဲ”
“Arthit ညီလေး..”
Chakrii က သတိဝင်လာပြီး လဲကျနေသည့် Arthit ကိုကူမပေးသည်။ မျက်နှာရှုံ့မဲ့လျက် ထလာသည့် Kongpob ၏ လက်တံတောင်စစ်နားနှစ်ဖက်လုံး ပွန်းပဲ့ခြင်းကြောင့် သွေးစတို့ဖြစ်တည်နေသည်။
“အရမ်းနာနေတာထင်တယ်။ဆေးရုံသွားရအောင်.။င့ါကြောင့်ဖြစ်တာ တောင်းပန်ပါတယ်။”
“ရတယ် ဘာမှမဖြစ်ဘူး။ ခင်ဗျားကို ကျွန်တော် တွန်းမိတာမို့ ပြန်ကယ်ပေးတာ.။ခင်ဗျားသာ ကျွန်တော် နဲ့ကင်းကင်းနေ.။”
Kongpob က မှုန်ကုတ်ကုတ်ဖြင့် ထလျက် ထွက်သွားခဲ့သည်။ Arthit မျက်နှာလေးပြုံးစစဖြင့် ကျန်နေခဲ့သည်။ တွန်းလိုက်တာပဲ ပြန်ကူနေစရာမှမလိုတာ.။အနားမလာစေချင်ဘူးဆို ဘာဖြစ်ဖြစ် ပစ်ထားလိုက်ပေါ့။ဒီလူက သူ့ကိုဘယ်တော့မှအပြစ်မတင်မှာ သိရဲ့သားနဲ့.
ဒါပေမယ့်- စိုးရိမ်စိတ်တွေ- Kongpob မျက်လုံး ထဲမှာ ထင်ထင်ရှားရှားမြင်လိုက်တာပဲ
မင်း ချစ်နေပါတယ်လေ.
*********************
# With Heart
Just A Dreamer