မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)

بواسطة Natpankalay

150K 14.6K 1.1K

ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။ المزيد

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)(Z &U)
အပိုင္း-(၈)
အပိုင္း(၉) (Z&U)
အပိုင္း(၁၀)(Z&U)
အပိုင္း-(၁၁)
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၇
အပိုင္း -၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း ၂၅
အပိုင်း-၂၆
အပိုင်း ၂၇ final

အပိုင္း-၁၆

4K 485 21
بواسطة Natpankalay

အပိုင္း-(၁၆)

“ဘာေျပာရမွာလဲ ေျပာစရာစကားမွမရွိတာ။ျဖစ္တာေတြသူတုိ႕ျမင္ေနတာပဲ.။သက္သက္မဲ့အလုပ္အားေနႀကတယ္။”

Arthit က လုပ္လက္စ အလုပ္ကိုသာ ဆက္လုပ္ေနရင္းဆုိသည္။ သတင္းေထာက္ေတြကလည္း အဲ့ေန႕က ျဖစ္သမွ် ျမင္ေတြ႕ ေနတာပဲကုိ တစ္ဖက္စိတ္အေျခအေနဘယ္လိုရွိသည္မသိ. အင္တာဗ်ဴးခြင့္ေတာင္းေနေသးသည္။ အတြင္းေရးမွဴးေလး က ေခါင္းညိတ္လ်က္ ျပန္ထြက္ သြားေတာ့မွ သူ လုက္လက္စ ခဏရပ္ကာ ေဘးနားက ေကာ္ဖီေႏြးေႏြးေလးကို တစ္ငံု႕ေသာက္လိုက္သည္။အမွန္က သူ ေကာ္ဖီမႀကိဳက္ပါဘူး။ Kongpob ေသာက္လို႕သာ လုိက္ေသာက္ႀကည့္တာ။

ခ်စ္ရသူအေႀကာင္း ေတြးမိရံုနဲ႕ ႏႈတ္ခမ္းကျပံဳးသြားသည္။ Kongpob က တကယ္ကိုလူဆုိးေလးျဖစ္သည္။ ခ်စ္ေနရက္ သား ႏွင့္လ်စ္လ်ဴရႈသည္။မ်က္ကြယ္ျပဳ သည္။နာက်င္ေအာင္လည္းလုပ္သည္။ဒါေပမယ့္လည္း သူ အျပစ္မဆုိႏိုင္။ ကုိယ့္ အမ တစ္ေယာက္လံုး ဒီလိုျဖစ္ပ်က္သြားသည့္ အေပၚ သူ ဘယ္လုိလုပ္စိတ္မနာႏိုင္ဘဲ ေနႏိုင္မလဲ။အျပစ္က မယ္မယ္ အရင္ျပဳခဲ့တာ။ ဒါဆို မယ္မယ့္ကို အျပစ္ဆုိရ မည္လား။ဒီလိုေတာ့လည္းမျဖစ္။ မယ္မယ္က သူတုိ႕အေပၚ ဘယ္ေလာက္ေတာင္ ေကာင္း ခဲ့လုိက္သလဲ။

ျပႆနာအားလံုး အရင္းစစ္လုိက္ရင္လည္း သူ ဘယ္သူ႕ကိုအျပစ္တင္ရမလဲမသိပါ။

“Arthit-”

“လာ-- Bright.”

“မင္း ေျပာတာ ငါ စံုစမ္းလာခဲ့ျပီ။ေတာ္ေတာ္ေတာ့လွိ်ဴ႕ဝွက္ထားတာကြ.။ငါ့ အသိက အဲ့ဒီဘက္ပိုင္းမွာ ထူးခြ်န္လို႕သာ.။ေရာ့-”

Bright က Arthit ေရွ႕က ခံုမွာဝင္ထိုင္လုိက္ရင္း ဖုိုင္တြဲအနက္ေရာင္တစ္ခုကိုကမ္းေပးလာသည္။သူ အလ်င္အျမန္ ယူႀကည့္ လိုက္ေတာ့ ပထမဆံုးျမင္ရတာက  ေတာ္ေတာ္ေလးကိုလွသည့္ မိန္းကေလးတစ္ေယာက္ ၏ ဓါတ္ပံု။သူမက အျပံဳးေအးေအးေလး ေတြျဖင့္ ေတာ္ေတာ္ကိုလွပါသည္။

Arthit သေဘာက်စြာျပံဳးလိုက္မိသည္။

“ေက်းဇူးတင္ပါတယ္ Bright. ဒါငါ့အတြက္အရမ္းကိုအေရးႀကီးတယ္.”

“ေအး--ငါ့ကိုေက်းဇူးတင္ရင္ အစားမွန္မွန္စား.မွန္မွန္အိပ္။မင္း မ်က္ႏွာလည္းမင္းျပန္ႀကည့္ဦး.။မ်က္ကြင္းေတြခ်ိဴင့္ေနတာမ်ား  ေႀကာင္တစ္ေကာင္ ဝင္အိပ္လို႕ရေနျပီ။လက္ထပ္ပြဲပ်က္တာ ေယာက်္ားေလးအတြက္ဘာျဖစ္လဲ.။အဲ့လိုေကာင္မ်ား သြားစမ္းပါ.-အဲ့ထက္သာတာေတြ မင္းအနားမွာ ရွိတာ မသိလုိ႕လား.”

ဒါေပမယ့္လည္း  Arthti က အဲ့လူကိုမွ ႏွစ္သက္ေနေတာ့ခက္တာကိုေတာ့ ထည့္မေျပာလိုက္ေတာ့ပါ။ ပါးခ်ိဴင့္ခြက္ဝင္ေအာင္ ခ်ိဴခ်ိဴသာသာပင္ျပံဳးျပလိုက္သည္။ညေနပိုင္းေတာ့ Bright ၏အတင္းေတာင္းဆုိမႈႏွင့္အတူ ညစာ စားရန္အတြက္ ဆိုင္တစ္ဆိုင္ ကို ထြက္လာရေတာ့သည္။ ထံုးစံအတိုင္း Bright ကလည္း ဆုိင္ေကာင္းေကာင္း အရသာေကာင္းေကာင္းကို ႀကိဳက္တာမုိ႕ သူ ေခၚလာသည့္ေနရာက ေစ်းႀကီးသည့္ နာမည္ႀကီးစားေသာက္ဆိုင္။

“ခဏထိုင္ဦး ငါ သန္႕စင္ခန္းခဏသြားလိုက္ဦးမယ္။”

Bright ထြက္သြားေတာ့ ေခါင္းညိတ္ျပလိုက္ရင္း ဆိုင္အတြင္းပိုင္းကို ဘာရယ္မဟုတ္ ေဝ့ဝဲႀကည့္လိုက္မိသည္။တစ္ေနရာ ေရာက္ေတာ့ Arthit မ်က္လံုးေလးေတြ ေတာက္ပသြားသည္။ ဆိုင္၏ေထာင့္တစ္ေနရာတြင္ ေျခခ်ိတ္ထိုင္လ်က္ လက္က ဝို္င္တစ္ခြက္ျဖင့္ ခမ္းနားေနသူသည္ ခ်စ္ရသည့္သူ.။ဘာမွ ေတြးေတာျခင္းမရွိပါဘဲ Arthit ေနရာမွထကာ သူ႕အနားကို တန္းလာခဲ့လိုက္သည္။ ဖုန္းထဲက တစ္ခုခုကို အာရံုစိုက္ႀကည့္ေနပံုရေသာ သူက တစ္စံုတစ္ေယာက္ေရာက္လာသည္ကို ခံစားမိသည္ထင္။ ေမာ့ႀကည့္လာပါသည္။ Arthit ျပံဳးျပရင္းတစ္လက္စတည္း ဝင္ထိုင္လိုက္ေတာ့ သူ မ်က္ေမွာင္ႀကံဳ႕သြား၏။

“တစ္ေယာက္တည္းလား Kong.”

“ကြ်တ္-- ခင္ဗ်ား တကယ္ပဲ Arthit ရာ.”

“ကုိကိုလုိ႕ေတာင္ မေခၚေတာ့ဘူးေပါ့.”

Kongpob က လက္ထဲက ဝိုင္ခြက္ကိုကုန္စင္ေအာင္ေမာ့ေသာက္လ်က္ စားပြဲေပၚ တင္လိုက္သည္။ ဝတ္ထားသည့္ အက်ၤ ီကုတ္နီညိဳေရာင္ေအာက္က ရွပ္အနက္က ရင္ဘတ္ခပ္ဟဟမုိ႕ ဆြဲႀကိဳးမွ်င္တစ္ခုဆြဲထားသည့္ Kongpob ပံုရိပ္ကို ပိုျပီး ဆဲြေဆာင္မႈရွိကာ ခပ္မုိက္မိုက္ေလးျဖစ္ေစသည္။ Kongpob က ခါတိုင္း အက်ၤ ီစုတ္စုတ္ကေလးေတြႏွင့္လည္း လုိက္သည္။ခုလို တန္ဖိုးႀကီး အဝတ္အစားေတြႏွင့္ဆုိေတာ့ ပိုလုိ႕ေတာင္ စြဲမက္စရာေကာင္းေနေသးသည္။

ခ်စ္သူပဲမုိ႕ ေငးႀကည့္မိတာ အျပစ္မရွိဘူးထင္ပါရဲဲ႕။

“ခုထိ စိတ္မေလွ်ာ့ေသးဘူးလား။”

“မင္း ငါ့ကိုခ်စ္တယ္လုိ႕ခံစားေနရတာ ငါ လက္ေလွ်ာ့လို႕မရဘူးျဖစ္ေနတယ္။”

“ခက္ျပီ။ အရင္က ေျပာခဲ့သမွ်က အတုအေယာင္ေတြပါလို႕ ကြ်န္ေတာ္ေျပာျပီးျပီေလ။ စက္ရံုမွာ ခင္ဗ်ား အစား လက္ အထိခိုက္ခံတာလည္းဟန္ေဆာင္တာ.။အ့ဲဆူပူမႈလည္း ကြ်န္ေတာ္ ဖန္တီးတာပဲ။ကြ်န္ေတာ့္မိဘေတြဆိုျပီး မိတ္ဆက္ေပးခဲ့တာလည္း ကြ်န္ေတာ့္အိမ္က ဝန္ထမ္းလင္မယားေတြ.။ခင္ဗ်ားအေပၚ စစ္မွန္တာ ဘာတစ္ခုမွမရွိခဲ့ဘူး Arthit.”

သူ စကားေျပာေနတာကို Arthti မ်က္ေတာင္မခတ္ဘဲ လိုက္ႀကည့္ေနမိသည္။စကားေတြက ဓါးထက္ထက္လိုပဲ.။ ေတာ္ ေတာ္ေလးကို အထိနာေစသည္။သုိ႕ေပမယ့္ Kongpob စကားေတြက အသြားႏွစ္ဖက္ႏွင့္ ဓါး။ ေျပာတဲ့သူ ကိုယ္တိုင္လည္း နာက်င္ရသည္ကို သူ သိေနသည္။

“ေလွ်ာက္မေျပာစမ္းပါနဲ႕ Kong ရာ.။မင္း ျဖစ္ေစခ်င္သလို ငါတို႕အိမ္ေတာ္ကို အရွက္ခြဲခဲ့ျပီးျပီပဲ။မင္းေက်နပ္တယ္မလား။ ခု ျပီးျပီေလေနာ္.။ငါတုိ႕ေအးေအးေဆးေဆး ေနလုိ႕ရတယ္။ စံအိမ္ေတာ္မွာ မေနဘူးေလ.။ ငါတုိ႕ႏွစ္ေယာက္တည္းသီးသန္႕ေနလည္းရပါတယ္။ ေနာ္ Kong.”

“Arthit ဒီမွာဘာလာလုပ္ေနတာလဲ.။လာ--”

Bright က ထိုင္ေနသည့္ Arthit လက္ေကာက္ဝတ္ကုိလာဆြဲသည္မုိ႕ Arthit မတ္တပ္ရပ္လုိက္ရသည္။

“ခဏေလး Bright ငါ စကားခဏေျပာလိုက္ဦးမယ္ ခဏေစာင့္ေနေနာ္။ ဟင္းေတြမွာထားလုိက္ေတာ့ေလ.”

Bright က ကြ်တ္ခနဲစုတ္သပ္လ်က္ Arthit ေျပာတာကိုေတာ့ နားေထာင္သည္။ Kongpob က ေခါင္းတခါခါႏွင့္ ေနရာမွထ သည္။

“စားလက္စေတြ အာရံုေတာင္ပ်က္သြားျပီ.။သြားမယ္. ေနာက္ မေတြ႕ဘဲေနႀကရေအာင္”

“မင္း ရဲ႕ မမ Nanyi အသက္ရွင္ေနေသးတယ္မလား။”

ထြက္သြားေတာ့မည့္ Kongpob ေျခလွမ္းေတြတံု႕သြားသည္။ျပန္ႀကည့္လာသည့္မ်က္ဝန္းတုိ႕သည္ ေဒါသတုိ႕ျဖင့္ ျပည့္ႏွက္ေန ေတာ့ Arthit အနည္းငယ္လန္႕သြားသည္။

“ဒါ ဘာစကားလဲ.”

“စံုစမ္းျပီးျပီ.။မမ Nanyi ေဘးကင္းကင္းနဲ႕ အသက္ရွင္ေနတယ္ဆုိတာ.--အ-- Kong-”

Kongpob က ေလလိုအလ်င္ျဖင့္ အနားေရာက္လာကာ Arthit အက်ၤ ီလည္ပင္းကိုလာဆြဲေဆာင့္သည္။ Bright က လွမ္း ႀကည့္ေနတာျမင္ေတာ့ Arthit သိပ္မလႈပ္ရဲ။

“ဘာျဖစ္ခ်င္ေနတာလဲ ခင္ဗ်ားတုိ႕.။ဒီတစ္ခါ ဒုကၡေပးရင္ ဒီေလာက္နဲ႕ျပီးသြားမယ့္ကိစၥမဟုတ္ဘူး.။ကြ်န္ေတာ့္အမ စိတ္ဒဏ္ရာထပ္ရ ရင္ ခင္ဗ်ားတုိ႕ အားလံုးကုိ ဒီတိုင္းမထားဘူး.”

“Kong- ငါ အသက္-ရႈ--လို႕ မရ--”

ရုန္းရင္းဆန္ခတ္ဆုိလွ်င္လည္း Bright ေျပးလာမည္စိုးသျဖင့္အတင္းမရုန္းရဲေသာ Arthit က မ်က္ႏွာတစ္ခုလံုးနီရဲလာသျဖင့္ Kongpob အလန္႕တႀကားလက္လႊတ္ေပးလိုက္သည္။

“ကုိ- ကြ်တ္~ ”

ေျခလွမ္းက်ဲမ်ားျဖင့္ ထြက္သြားသည့္ Kongpob ေနာက္တြင္မွ Arthit ေလအဝရႈရသည္။ အက်ၤ ီကုိ အနည္းငယ္ ျပန္ဆြဲဆန္႕ လိုက္ျပီးမွ Bright  ရွိသည့္ေနရာကို ျပန္လာခဲ့လုိက္သည္။စူးစမ္းႀကည့္ေနသည့္ Bright ေရွ႕အသာဝင္ထိုင္လိုက္ကာ-

“ဘယ္လိုႀကည့္ေနတာတုနး္.။ဘာမွမဟုတ္ဘူး။စကားေျပာတာ.။                                                                                  စားေတာ့--ဟင္းေတြက ဒါပဲလားထပ္မွာဦးေလ.။ငါ ေကြ်းမွာမုိ႕ မင္း အဝစား.”

“အင္း-မင္းက မ်ားမ်ားစား.။”

Bright က ဘာမွမေျပာေတာ့ဘဲ ဟင္းပြဲတခ်ိဴ႕ထပ္မွာသည္။အားလံုးက Arthit အႀကိဳက္ေတြခ်ည္း။ ဒီညေန ထမင္းအမ်ားႀကီး စားဝင္ခဲ့သည္။ အဲ့ဒါနဲ႕အတူ မ်က္ရည္စက္တခ်ိဴ႕လည္း ပါဝင္ခဲ့၏။

ခ်စ္ျခင္းကိုယံုႀကည္သည္။ စူးစုိက္ႀကည့္ဖူးခဲ့သည့္မ်က္ဝန္းေတြထဲ ခ်စ္ျခင္းေတြေပ်ာ္ဝင္ေနခဲ့တာ ေသခ်ာပါသည္။

Kong က သူ႕ယံုႀကည္ရာမုိ႕ -

***********
#With Heart
Just A Dreamer

UNICODE

အပိုင်း-(၁၆)

“ဘာပြောရမှာလဲ ပြောစရာစကားမှမရှိတာ။ဖြစ်တာတွေသူတို့မြင်နေတာပဲ.။သက်သက်မဲ့အလုပ်အားနေကြတယ်။”

Arthit က လုပ်လက်စ အလုပ်ကိုသာ ဆက်လုပ်နေရင်းဆိုသည်။ သတင်းထောက်တွေကလည်း အဲ့နေ့က ဖြစ်သမျှ မြင်တွေ့ နေတာပဲကို တစ်ဖက်စိတ်အခြေအနေဘယ်လိုရှိသည်မသိ. အင်တာဗျူးခွင့်တောင်းနေသေးသည်။ အတွင်းရေးမှူးလေး က ခေါင်းညိတ်လျက် ပြန်ထွက် သွားတော့မှ သူ လုက်လက်စ ခဏရပ်ကာ ဘေးနားက ကော်ဖီနွေးနွေးလေးကို တစ်ငုံ့သောက်လိုက်သည်။အမှန်က သူ ကော်ဖီမကြိုက်ပါဘူး။ Kongpob သောက်လို့သာ လိုက်သောက်ကြည့်တာ။

ချစ်ရသူအကြောင်း တွေးမိရုံနဲ့ နှုတ်ခမ်းကပြုံးသွားသည်။ Kongpob က တကယ်ကိုလူဆိုးလေးဖြစ်သည်။ ချစ်နေရက် သား နှင့်လျစ်လျူရှုသည်။မျက်ကွယ်ပြု သည်။နာကျင်အောင်လည်းလုပ်သည်။ဒါပေမယ့်လည်း သူ အပြစ်မဆိုနိုင်။ ကိုယ့် အမ တစ်ယောက်လုံး ဒီလိုဖြစ်ပျက်သွားသည့် အပေါ် သူ ဘယ်လိုလုပ်စိတ်မနာနိုင်ဘဲ နေနိုင်မလဲ။အပြစ်က မယ်မယ် အရင်ပြုခဲ့တာ။ ဒါဆို မယ်မယ့်ကို အပြစ်ဆိုရ မည်လား။ဒီလိုတော့လည်းမဖြစ်။ မယ်မယ်က သူတို့အပေါ် ဘယ်လောက်တောင် ကောင်း ခဲ့လိုက်သလဲ။

ပြဿနာအားလုံး အရင်းစစ်လိုက်ရင်လည်း သူ ဘယ်သူ့ကိုအပြစ်တင်ရမလဲမသိပါ။

“Arthit-”

“လာ-- Bright.”

“မင်း ပြောတာ ငါ စုံစမ်းလာခဲ့ပြီ။တော်တော်တော့လျှိူ့ဝှက်ထားတာကွ.။ငါ့ အသိက အဲ့ဒီဘက်ပိုင်းမှာ ထူးချွန်လို့သာ.။ရော့-”

Bright က Arthit ရှေ့က ခုံမှာဝင်ထိုင်လိုက်ရင်း ဖိုင်တွဲအနက်ရောင်တစ်ခုကိုကမ်းပေးလာသည်။သူ အလျင်အမြန် ယူကြည့် လိုက်တော့ ပထမဆုံးမြင်ရတာက  တော်တော်လေးကိုလှသည့် မိန်းကလေးတစ်ယောက် ၏ ဓါတ်ပုံ။သူမက အပြုံးအေးအေးလေး တွေဖြင့် တော်တော်ကိုလှပါသည်။

Arthit သဘောကျစွာပြုံးလိုက်မိသည်။

“ကျေးဇူးတင်ပါတယ် Bright. ဒါငါ့အတွက်အရမ်းကိုအရေးကြီးတယ်.”

“အေး--ငါ့ကိုကျေးဇူးတင်ရင် အစားမှန်မှန်စား.မှန်မှန်အိပ်။မင်း မျက်နှာလည်းမင်းပြန်ကြည့်ဦး.။မျက်ကွင်းတွေချိူင့်နေတာများ  ကြောင်တစ်ကောင် ဝင်အိပ်လို့ရနေပြီ။လက်ထပ်ပွဲပျက်တာ ယောက်ျားလေးအတွက်ဘာဖြစ်လဲ.။အဲ့လိုကောင်များ သွားစမ်းပါ.-အဲ့ထက်သာတာတွေ မင်းအနားမှာ ရှိတာ မသိလို့လား.”

ဒါပေမယ့်လည်း  Arthti က အဲ့လူကိုမှ နှစ်သက်နေတော့ခက်တာကိုတော့ ထည့်မပြောလိုက်တော့ပါ။ ပါးချိူင့်ခွက်ဝင်အောင် ချိူချိူသာသာပင်ပြုံးပြလိုက်သည်။ညနေပိုင်းတော့ Bright ၏အတင်းတောင်းဆိုမှုနှင့်အတူ ညစာ စားရန်အတွက် ဆိုင်တစ်ဆိုင် ကို ထွက်လာရတော့သည်။ ထုံးစံအတိုင်း Bright ကလည်း ဆိုင်ကောင်းကောင်း အရသာကောင်းကောင်းကို ကြိုက်တာမို့ သူ ခေါ်လာသည့်နေရာက ဈေးကြီးသည့် နာမည်ကြီးစားသောက်ဆိုင်။

“ခဏထိုင်ဦး ငါ သန့်စင်ခန်းခဏသွားလိုက်ဦးမယ်။”

Bright ထွက်သွားတော့ ခေါင်းညိတ်ပြလိုက်ရင်း ဆိုင်အတွင်းပိုင်းကို ဘာရယ်မဟုတ် ဝေ့ဝဲကြည့်လိုက်မိသည်။တစ်နေရာ ရောက်တော့ Arthit မျက်လုံးလေးတွေ တောက်ပသွားသည်။ ဆိုင်၏ထောင့်တစ်နေရာတွင် ခြေချိတ်ထိုင်လျက် လက်က ဝိုင်တစ်ခွက်ဖြင့် ခမ်းနားနေသူသည် ချစ်ရသည့်သူ.။ဘာမှ တွေးတောခြင်းမရှိပါဘဲ Arthit နေရာမှထကာ သူ့အနားကို တန်းလာခဲ့လိုက်သည်။ ဖုန်းထဲက တစ်ခုခုကို အာရုံစိုက်ကြည့်နေပုံရသော သူက တစ်စုံတစ်ယောက်ရောက်လာသည်ကို ခံစားမိသည်ထင်။ မော့ကြည့်လာပါသည်။ Arthit ပြုံးပြရင်းတစ်လက်စတည်း ဝင်ထိုင်လိုက်တော့ သူ မျက်မှောင်ကြုံ့သွား၏။

“တစ်ယောက်တည်းလား Kong.”

“ကျွတ်-- ခင်ဗျား တကယ်ပဲ Arthit ရာ.”

“ကိုကိုလို့တောင် မခေါ်တော့ဘူးပေါ့.”

Kongpob က လက်ထဲက ဝိုင်ခွက်ကိုကုန်စင်အောင်မော့သောက်လျက် စားပွဲပေါ် တင်လိုက်သည်။ ဝတ်ထားသည့် အင်္ကျီကုတ်နီညိုရောင်အောက်က ရှပ်အနက်က ရင်ဘတ်ခပ်ဟဟမို့ ဆွဲကြိုးမျှင်တစ်ခုဆွဲထားသည့် Kongpob ပုံရိပ်ကို ပိုပြီး ဆွဲဆောင်မှုရှိကာ ခပ်မိုက်မိုက်လေးဖြစ်စေသည်။ Kongpob က ခါတိုင်း အင်္ကျီစုတ်စုတ်ကလေးတွေနှင့်လည်း လိုက်သည်။ခုလို တန်ဖိုးကြီး အဝတ်အစားတွေနှင့်ဆိုတော့ ပိုလို့တောင် စွဲမက်စရာကောင်းနေသေးသည်။

ချစ်သူပဲမို့ ငေးကြည့်မိတာ အပြစ်မရှိဘူးထင်ပါရဲ့။

“ခုထိ စိတ်မလျှော့သေးဘူးလား။”

“မင်း ငါ့ကိုချစ်တယ်လို့ခံစားနေရတာ ငါ လက်လျှော့လို့မရဘူးဖြစ်နေတယ်။”

“ခက်ပြီ။ အရင်က ပြောခဲ့သမျှက အတုအယောင်တွေပါလို့ ကျွန်တော်ပြောပြီးပြီလေ။ စက်ရုံမှာ ခင်ဗျား အစား လက် အထိခိုက်ခံတာလည်းဟန်ဆောင်တာ.။အဲ့ဆူပူမှုလည်း ကျွန်တော် ဖန်တီးတာပဲ။ကျွန်တော့်မိဘတွေဆိုပြီး မိတ်ဆက်ပေးခဲ့တာလည်း ကျွန်တော့်အိမ်က ဝန်ထမ်းလင်မယားတွေ.။ခင်ဗျားအပေါ် စစ်မှန်တာ ဘာတစ်ခုမှမရှိခဲ့ဘူး Arthit.”

သူ စကားပြောနေတာကို Arthti မျက်တောင်မခတ်ဘဲ လိုက်ကြည့်နေမိသည်။စကားတွေက ဓါးထက်ထက်လိုပဲ.။ တော် တော်လေးကို အထိနာစေသည်။သို့ပေမယ့် Kongpob စကားတွေက အသွားနှစ်ဖက်နှင့် ဓါး။ ပြောတဲ့သူ ကိုယ်တိုင်လည်း နာကျင်ရသည်ကို သူ သိနေသည်။

“လျှောက်မပြောစမ်းပါနဲ့ Kong ရာ.။မင်း ဖြစ်စေချင်သလို ငါတို့အိမ်တော်ကို အရှက်ခွဲခဲ့ပြီးပြီပဲ။မင်းကျေနပ်တယ်မလား။ ခု ပြီးပြီလေနော်.။ငါတို့အေးအေးဆေးဆေး နေလို့ရတယ်။ စံအိမ်တော်မှာ မနေဘူးလေ.။ ငါတို့နှစ်ယောက်တည်းသီးသန့်နေလည်းရပါတယ်။ နော် Kong.”

“Arthit ဒီမှာဘာလာလုပ်နေတာလဲ.။လာ--”

Bright က ထိုင်နေသည့် Arthit လက်ကောက်ဝတ်ကိုလာဆွဲသည်မို့ Arthit မတ်တပ်ရပ်လိုက်ရသည်။

“ခဏလေး Bright ငါ စကားခဏပြောလိုက်ဦးမယ် ခဏစောင့်နေနော်။ ဟင်းတွေမှာထားလိုက်တော့လေ.”

Bright က ကျွတ်ခနဲစုတ်သပ်လျက် Arthit ပြောတာကိုတော့ နားထောင်သည်။ Kongpob က ခေါင်းတခါခါနှင့် နေရာမှထ သည်။

“စားလက်စတွေ အာရုံတောင်ပျက်သွားပြီ.။သွားမယ်. နောက် မတွေ့ဘဲနေကြရအောင်”

“မင်း ရဲ့ မမ Nanyi အသက်ရှင်နေသေးတယ်မလား။”

ထွက်သွားတော့မည့် Kongpob ခြေလှမ်းတွေတုံ့သွားသည်။ပြန်ကြည့်လာသည့်မျက်ဝန်းတို့သည် ဒေါသတို့ဖြင့် ပြည့်နှက်နေ တော့ Arthit အနည်းငယ်လန့်သွားသည်။

“ဒါ ဘာစကားလဲ.”

“စုံစမ်းပြီးပြီ.။မမ Nanyi ဘေးကင်းကင်းနဲ့ အသက်ရှင်နေတယ်ဆိုတာ.--အ-- Kong-”

Kongpob က လေလိုအလျင်ဖြင့် အနားရောက်လာကာ Arthit အင်္ကျီလည်ပင်းကိုလာဆွဲဆောင့်သည်။ Bright က လှမ်း ကြည့်နေတာမြင်တော့ Arthit သိပ်မလှုပ်ရဲ။

“ဘာဖြစ်ချင်နေတာလဲ ခင်ဗျားတို့.။ဒီတစ်ခါ ဒုက္ခပေးရင် ဒီလောက်နဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး.။ကျွန်တော့်အမ စိတ်ဒဏ်ရာထပ်ရ ရင် ခင်ဗျားတို့ အားလုံးကို ဒီတိုင်းမထားဘူး.”

“Kong- ငါ အသက်-ရှု--လို့ မရ--”

ရုန်းရင်းဆန်ခတ်ဆိုလျှင်လည်း Bright ပြေးလာမည်စိုးသဖြင့်အတင်းမရုန်းရဲသော Arthit က မျက်နှာတစ်ခုလုံးနီရဲလာသဖြင့် Kongpob အလန့်တကြားလက်လွှတ်ပေးလိုက်သည်။

“ကို- ကျွတ်~ ”

ခြေလှမ်းကျဲများဖြင့် ထွက်သွားသည့် Kongpob နောက်တွင်မှ Arthit လေအဝရှုရသည်။ အင်္ကျီကို အနည်းငယ် ပြန်ဆွဲဆန့် လိုက်ပြီးမှ Bright  ရှိသည့်နေရာကို ပြန်လာခဲ့လိုက်သည်။စူးစမ်းကြည့်နေသည့် Bright ရှေ့အသာဝင်ထိုင်လိုက်ကာ-

“ဘယ်လိုကြည့်နေတာတုန်း.။ဘာမှမဟုတ်ဘူး။စကားပြောတာ.။                                                                                  စားတော့--ဟင်းတွေက ဒါပဲလားထပ်မှာဦးလေ.။ငါ ကျွေးမှာမို့ မင်း အဝစား.”

“အင်း-မင်းက များများစား.။”

Bright က ဘာမှမပြောတော့ဘဲ ဟင်းပွဲတချိူ့ထပ်မှာသည်။အားလုံးက Arthit အကြိုက်တွေချည်း။ ဒီညနေ ထမင်းအများကြီး စားဝင်ခဲ့သည်။ အဲ့ဒါနဲ့အတူ မျက်ရည်စက်တချိူ့လည်း ပါဝင်ခဲ့၏။

ချစ်ခြင်းကိုယုံကြည်သည်။ စူးစိုက်ကြည့်ဖူးခဲ့သည့်မျက်ဝန်းတွေထဲ ချစ်ခြင်းတွေပျော်ဝင်နေခဲ့တာ သေချာပါသည်။

Kong က သူ့ယုံကြည်ရာမို့ -

***********
#With Heart
Just A Dreamer




















واصل القراءة

ستعجبك أيضاً

81.4K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
678K 122K 90
Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flyin...
171K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
68.2K 3.7K 58
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။