Villain And His Cheating Syst...

De Real-Momon

68.6K 7.8K 573

"မင္း ဂိမ္းကစားခ်င္လား" "...." "Cheatေတြလည္း အမ်ားႀကီး ထည့္ေပးအုံးမွာ" "အိုေခ..စိန္လိုက္ေလ" "မင်း ဂိမ်းကစားချ... Mais

Wei XingChen
Wei Xing Chen
announcement
Wei XingChen
ads
Wei XingChen
Wei XingChen
Wei Xing Chen
Wei XingChen
Wei XingChen
Wei Xing Chen
Wei Xing Chen
Wei XingChen
Wei XingChen
Wei XingChen
Wei XingChen

Wei XingChen

5K 543 10
De Real-Momon

ZawGyi

ျပင္းထန္တဲ့ နာက်င္မႈကို ခံစားရၿပီးေနာက္
ေဝ့႐ွင္းခ်န္ဟာ သူ႔မ်က္လံုးေတြကို ဖြင့္လိုက္တဲ့အခါ အျဖဴေရာင္မ်က္ႏွာက်က္ကို အရင္ဆံုး ျမင္ရတယ္။ေမြ႔ရာထူထူေပၚမွာ သူ႔ရဲ႕ ခႏၶာကိုယ္က သက္ေတာင့္သက္သာ ျဖစ္ေနတယ္။

ျပတင္းေပါက္ဖြင့္ထားတာေၾကာင့္ ေနေရာင္ျခည္က အခန္းထဲမွာ ျဖာက်ေနတယ္။ေဝ့႐ွင္းခ်န္ဟာ အိပ္ရာေပၚကေန ထၿပီး အခန္းကို ၾကည့္လိုက္တဲ့အခါ အခန္းဖဲြ႔စည္းပံု စနစ္က်ၿပီး သန္႔႐ွင္းတာကို ေတြ႔ရတယ္။'ဒီခႏၶာကိုယ္ပိုင္႐ွင္က စည္းကမ္း႐ွိတဲ့လူျဖစ္ရမယ္'လို႔ ေတြးမိတယ္။

*ႀကိဳဆိုပါတယ္ Host..လက္႐ွိခႏၶာကိုယ္ပိုင္ရွင္ရဲ႕
မွတ္ဥာဏ္ေတြကို စတင္ကူးေျပာင္းေပးပါေတာ့မယ္*

သူ ဘာမွမေျပာရေသးခင္မွာပဲ ေခါင္းက
တဆစ္ဆစ္နာလာၿပီး တူနဲ႔ထုေနသလို
ခံစားရတာေၾကာင့္
ေဝ့႐ွန္းခ်န္ရဲ႕ မ်က္ႏွာဟာ ႐ႈံ႕မဲ့ေနတယ္။

၅မိနစ္ေလာက္ၾကာမွပဲ မွတ္ဥာဏ္ကူးေျပာင္းမႈဟာလည္း ၿပီးဆံုးသြားေတာ့တယ္။
ေဝ့႐ွင္းခ်န္ရဲ႕ ခႏၶာကိုယ္ဟာ နာက်င္မႈေၾကာင့္
တုန္ရီေနၿပီး ေခြၽးေလးေတြ ဆို႔ေနတယ္။
ကိုယ္ထည္မ႐ွိတဲ့ systemကို မွန္းၿပီး
မ်က္ေထာင့္နီႀကီးနဲ႔ ၾကည့္ကာ မွတ္ဥာဏ္ေတြကို
စစ္ေဆးလိုက္ေတာ့တယ္။

ဒီကမာၻရဲ႕  အမ်ိဳးသားဇာတ္လိုက္နာမည္က
လန္စစ္ရန္ .. ဇာတ္လမ္းကေတာ့ ပံုမွန္ေက်ာင္းသားဇာတ္လမ္းေတြလိုပါပဲ။ေက်ာင္းရဲ႕ kingျဖစ္တဲ့
လန္စစ္ရန္ဟာ ခပ္ဆိုးဆိုး ေကာင္ေလးတစ္ေယာက္ေပါ့။ေက်ာင္းမွာ လူမိုက္ဂိုဏ္းဖဲြ႔ၿပီး ေက်ာင္းသားေတြကို အႏိုင္က်င့္တတ္တယ္။
ဒါေပမဲ့ သူ႔ရဲ႕ေနာက္ခံက ေတာင့္တင္းတာေၾကာင့္
သူ ဘာလုပ္လုပ္ အမွား ျဖစ္မလာဘူး။ပိုက္ဆံနဲ႔
အရာရာကို ဖံုးကြယ္ေျဖ႐ွင္းႏိုင္တယ္။
သူဟာ လန္ကုမၸဏီရဲ႕ ဆက္ခံသူျဖစ္တဲ့အျပင္
ခန့္ညားတဲ့႐ုပ္ရည္ေၾကာင့္ ေကာင္မေလးေတြ
ဝိုင္းဝိုင္းလည္ေနတယ္။

အဲ့ဒီအခ်ိန္မွာပဲ အမ်ိဳးသမီးဇာတ္လိုက္ ရႊယ္ခ်န္ေမနဲ႔ စေတြ႔ေတာ့တာပဲ။ရႊယ္ခ်န္ေမက နယ္ကေန ေက်ာင္းလာတတ္တဲ့ ၾကာပန္းျဖဴေလးေပါ့။
သူဟာ ႐ိုးသားၿပီး တံုးအလြန္းတာေၾကာင့္
တစ္ျခားသူေတြရဲ႕ ေခ်ာက္တြန္းျခင္းကို ခဏခဏခံရတယ္။

အမ်ိဳးသားဇာတ္လိုက္က သူမရဲ႕ ႐ိုးသားတံုးအတဲ့အမူအရာေတြေၾကာင့္ စိတ္ဝင္စားသြားၿပီး
သူ႔ရဲ႕အႏိုင္က်င့္ခံစာရင္းထဲကို ထည့္လိုက္တယ္။

ဇာတ္လိုက္ရဲ႕ အႏိုင္က်င့္မႈေတြေၾကာင့္
ရႊယ္ခ်န္ေမဟာ ဒုတိယဇာတ္လိုက္ ယြမ္နင္နဲ႔
​ေတြ႔ရဖို႔ အေၾကာင္းဖန္လာတယ္။
ဒုတိယဇာတ္လိုက္ဟာ အျမဲတမ္း
ရႊယ္ခ်န္ေမကို ကူညီေပးခဲ့တယ္။

ဒါေပမဲ့ လူေတြက ကိုယ့္ကို နာက်င္ေစတဲ့လူကိုပဲ
ခ်စ္မိ​ျကတာ မဟုတ္လား....
ရႊယ္ခ်န္ေမဟာ ဇာတ္လိုက္ကိုပဲ တိတ္တခိုး
စိတ္ဝင္စားေနခဲ့တယ္။သူမရဲ႕ရင္ဘတ္ထဲမွာ
ဒုတိယဇာတ္လိုက္အတြက္ ေနရာ မ႐ွိေတာ့ဘူး။

ဒုတိယဇာတ္လိုက္ရဲ႕ ေထာက္ပံ့မႈေၾကာင့္
ေက်ာင္းကပဲြမွာ လွလွပပဝတ္စားလာတဲ့
ရႊယ္ခ်န္ေမကို ေတြ႔တဲ့အခါ ခ်စ္မိသြားၿပီးေတာ့
လူေတြအားလံုးေ႐ွ႕မွာပဲ ခ်စ္ေရးဆိုကာ
သူ႔အပိုင္ျဖစ္ေၾကာင္း ေၾကညာခဲ့တယ္။

အဲ့ဒီေနာက္မွာေတာ့ လူတိုင္းအားက်ရတဲ့စံုတဲြ
ျဖစ္လာခဲ့တယ္။​ေက်ာင္းၿပီးတဲ့အခါ လန္စစ္ရန္က
လန္ကုမၸဏီကို ဆက္ခံကာ ရႊယ္ခ်န္ေမနဲ႔
လက္ထပ္ခဲ့တယ္။သား၁ေယာက္ ေမြးၿပီးေတာ့
သူတို႔မိသားစုဟာ ေပ်ာ္ရႊင္စြာနဲ႔ ေနထိုင္သြားခဲ့ၾကတယ္။

ဒုတိယဇာတ္လိုက္က​ေတာ့ ေက်ာင္းၿပီးတဲ့အခါ
ႏိုင္ငံျခားကို ထြက္သြားၿပီး သူတို႔ႏိုင္ငံကို
ဘယ္ေတာ့မွ ျပန္မလာခဲ့ေတာ့ဘူး။
သူဟာ တစ္သက္လံုး တစ္ေယာက္တည္း
ေနသြားခဲ့တယ္။

ဒါဆို ေဝ့႐ွင္းခ်န္ကေရာ ဘယ္သူလဲ..
ေဝ့႐ွင္းခ်န္ဟာ ဗီလိန္လို႔ေတာင္ ေျပာမရတဲ့
နစ္နာသူေလးပဲ..အမွန္အတိုင္းေျပာရရင္
အမ်ိုးသားဇာတ္လိုက္က Female Leadအေပၚ
စိတ္ဝင္စားေနတယ္ဆိုတာ ကိုယ့္ကိုယ္ကို
နားလည္လာဖို႔အတြက္  ခ်နင္းခံလိုက္ရတဲ့
​ေျမစာပင္ေလးပဲ ျဖစ္တယ္။

ဒီခႏၶာကုိယ္ပိုင္႐ွင္ရဲ႕ နာမည္ကလည္း
ေဝ့႐ွင္းခ်န္ပဲ ျဖစ္တယ္။ေဝ့႐ွင္းခ်န္ဟာ
မိဘမဲ့ တစ္ေကာင္ႂကြက္။သူ႔မိဘေတြ ထားခဲ့တဲ့
အေမြကလည္း ေက်ာင္းတက္ဖို႔အတြက္
ေလာက္ငွရံုေလာက္ပဲ ျဖစ္တာေၾကာင့္
အခ်ိန္ပိုင္းအလုပ္ေတြအမ်ားႀကီး လုပ္ၿပီး
စားဝတ္ေနေရးအတြက္ ဝင္ေငြ႐ွာရတယ္။

ေဝ့႐ွင္းခ်န္ဟာ ဓာတ္ပံု႐ိုက္ရတာ အရမ္းဝါသနာပါတဲ့ ဓာတ္ပံုဝါသနာအိုးေလးတစ္ေယာက္လည္း
ျဖစ္တယ္။ဒါေၾကာင့္ သူဟာ အခ်ိန္ပိုင္းအလုပ္ေတြကို ေန႔ညမျပတ္ ၄ႏွစ္ဆက္တိုက္လုပ္ခဲ့ၿပီး ကင္မရာအသစ္ေလးတစ္လံုး ဝယ္ခဲ့တယ္။

ေသခ်ာတာေပါ့။ေက်ာင္းကပဲြမွာ သူ႔ရဲ႕ကင္မရာအသစ္ေလးကို ထုတ္ႂကြားဖို႔ သူမေမ့ခဲ့ဘူး။
ေက်ာင္းကပဲြမွာ ေပ်ာ္ရႊင္ေနၾကတဲ့ ေက်ာင္းသားေတြရဲ႕ ပံုရိပ္ေတြကို ကင္မရာေလးတဖ်က္ဖ်က္
႐ိုက္ၿပီး သူ မွတ္တမ္းတင္ခဲ့တယ္။
သူမသိခဲ့တာက အဲ့ဒီအခ်ိန္ကစၿပီး သူ႔ဘဝေလးကို ကံဆိုးျခင္းေတြ အလံုးလိုက္အရင္းလိုက္ ေရာက္လာေတာ့မွာဆိုတာကိုပဲ။

သူမွတ္တမ္းတင္ခဲ့တဲ့ဓာတ္ပံုေတြထဲမွာ
Female Leadရဲ႕ ပံုေတြ အမ်ားႀကီး ပါသြားတယ္။ဒါကို သတိထားမိသြားတဲ့ အမ်ိဳးသားဇာတ္လိုက္ဟာ ေက်ာင္းကပဲြမွာပဲ သူ႔ရဲ႕ကင္မရာကို ႐ိုက္ခဲြခဲ့ၿပီး သူ႔ရဲ႕ လူမိုက္ဂိုဏ္းသားေတြနဲ႔
အႏိုင္က်င့္ခိုင္းေတာ့တယ္။

ေဝ့႐ွင္းခ်န္ဟာ တစ္ျခားေက်ာင္းသားေတြရဲ႕
အဓမၼက်င့္ျခင္းကို ခံရၿပီး သူအႏိုင္က်င့္ခံခဲ့ရတဲ့
ဓာတ္ပံုေတြဟာလည္း ေက်ာင္းရဲ႕websiteကို
တင္ခံလိုက္ရတယ္။
မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါဆိုသလိုပဲ
တစ္ေက်ာင္းလံုးက ေဝ့႐ွင္းခ်န္ကိုသာ
ဝိုင္းအျပစ္တင္ၾကၿပီး ပိုဖိအားေပးလာၾကတယ္။
ေန႔စဥ္ရက္ဆက္ ေက်ာင္းအိမ္သာထဲမွာ အဓမၼက်င့္ခံရတယ္။ဆရာေတြက သိေပမဲ့ ဘာမွမေျပာတဲ့အျပင္ မသိခ်င္ေယာင္ေဆာင္ေနခဲ့ၾကတယ္။

၁ပတ္ၾကာတဲ့အခါ ေဝ့႐ွင္းခ်န္ဟာ ေက်ာင္းေခါင္မိုးထပ္ကေန ခုန္ခ်ၿပီး သတ္ေသခဲ့တယ္။
သူ႔ရဲ႕ေနာက္ဆံုးဆႏၵကေတာ့ male leadနဲ႔female leadကို နင္းေခ်ဖို႔နဲ႔
အင္အားႀကီးတဲ့လူ ျဖစ္လာဖို႔ပဲ။

သူဟာ အင္အားႀကီးတဲ့လူေတြကသာ
အသက္႐ွင္ႏိုင္တယ္ဆိုတာကို နားလည္ခဲ့ၿပီး
ေနာက္ဆံုးထြက္သက္မတိုင္ခင္မွာ systemနဲ႔
အေပးအယူ လုပ္ခဲ့တာ ျဖစ္တယ္။

ဇာတ္ေၾကာင္းကို သိလိုက္ရတဲ့အခါ
ေဝ့႐ွင္းခ်န္ဟာ ေဒါသေတြနဲ႔ ဆူပြက္လာခဲ့တယ္။
တကယ္ဆိုရင္ ဓာတ္ပံုေလး႐ိုက္မိရံုေလာက္နဲ႔
လူတစ္ေယာက္ရဲ႕ ဘဝကို နင္းေခ်ပစ္စရာ မလိုဘူးေလ။

သူေဒါသအထြက္ဆံုးက အမ်ိဳးသားဇာတ္လိုက္ဟာ
သူေသသြားတဲ့အခ်ိန္မွာ ​ေနာင္တရျခင္း တစိုးတစိမွကို မ႐ွိတဲ့အျပင္ "နည္းေတာင္နည္းေသးတယ္"လို႔
ေျပာခဲ့တာကိုပဲ။ရႊယ္ခ်န္ေမဟာလည္း အားနာတဲ့ စိတ္ေလးေတာင္ မျဖစ္ခဲ့ဘူး။အမ်ိဳးသားဇာတ္လိုက္ရဲ႕ ရင္ခြင္ထဲကို တိုး​ေဝွ့ၿပီး က်ိတ္ေက်နပ္ေနခဲ့တယ္။

'ဘာကို ၾကာပန္းျဖဴေလးလဲ...ဒီေလာက္ စိတ္ဓာတ္က ပုပ္ပြေနတာကို။ဒီလူႏွစ္ေယာက္လံုးကို
အသက္႐ွင္ရတာကို ထိတ္လန္႔ေနတဲ့အထိ လက္စားေခ်ရမယ္။'

ေဝ့႐ွင္းခ်န္ဟာ စိတ္ထဲမွာ တိတ္တဆိတ္ ဆံုးျဖတ္ခ်က္ခ်ၿပီးတဲ့​ေနာက္ မွန္ေ႐ွ႕ကို ရပ္လိုက္တယ္။
ဒီခႏၶာကိုယ္ရဲ႕ ပံုစံက သာမန္ပဲ။အသားျဖဴျဖဴ
ပိန္ပိန္ပါးပါးနဲ႔ ေငြေရာင္ဆံပင္ေပ်ာ့ေပ်ာ့ေတြကို
ပိုင္ဆိုင္ထားတယ္။

"System..႐ွိလား?"

မွန္ေ႐ွ႕မွာ သူ႔ရဲ႕ခႏၶာကိုယ္အသစ္ကို စူးစမ္းၿပီးေတာ့ ေဝ့႐ွင္းခ်န္ဟာ Systemနဲ႔ ေဆြးေႏြးဖို႔အတြက္
အစီအစဥ္ေတြ ခ်ေနတယ္။
Systemက အျမဲ သူ႔ကို မေျပာမဆိုနဲ႔ ေလ်ွာက္လုပ္ေနတာ..ဒီတစ္ေခါက္ေတာ့ သူ လက္ဦးမႈ ရယူရမယ္။

*ေျပာပါ host*

"မင္းတို႔ေျပာေတာ့ ငါ့ကို cheatေတြ ထည့္ေပးမယ္ဆို?ဘယ္မွာလဲ အဲ့ဒါေတြ..ဘာcheatေတြလဲ"

ေမးခြန္းထုတ္လိုက္တာနဲ႔ တၿပိဳင္နက္ သူ႔ေခါင္းထဲမွာ notificationတက္တဲ့ အသံေတြ ေပၚလာတယ္။

*Ding...႐ုပ္ပိုင္းဆိုင္ရာ ျမႇင့္တင္ျခင္းpackage x1*

*Ding...စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ျခင္းpackage x1*

*Ding...အရည္အခ်င္းမ်ားကို ျမႇင့္တင္ျခင္းpackage x1*

*Ding...system၏ အေထာက္အကူ ရ႐ွိျခင္းကဒ္*

*Ding...system shopမွ itemမ်ားကို
freeဝယ္ယူႏိုင္ခြင့္ ရ႐ွိျခင္းကဒ္*

*Ding...system၏ အထူးေမတၱာလက္ေဆာင္ကဒ္*

*Name- ေဝ့႐ွင္းခ်န္(Wei XingChen)

Level-0

Skills-God Level Hacker,God Level Player,God Level Cheater.

Level 1 တက္ရန္ လိုအပ္ေသာ skill points -0/100

သိုေလွာင္ရံု - ႐ုပ္ပိုင္းဆိုင္ရာ ျမႇင့္တင္ျခင္း packagex1၊
စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ျခင္းpackagex1၊အရည္အခ်င္းမ်ားကို ျမႇင့္တင္ျခင္းpackagex1၊system၏ အေထာက္အကူ ရ႐ွိျခင္းကဒ္x1၊system shopမွ itemမ်ားကို
freeဝယ္ယူႏိုင္ခြင့္ ရ႐ွိျခင္းကဒ္x1၊system၏ အထူးေမတၱာလက္ေဆာင္ကဒ္x1။*

မ်က္စိေ႐ွ႕တြင္ ေပၚေနေသာ စာတန္းမ်ားအား
ခပ္ေၾကာင္ေၾကာင္ ၾကည့္ေနမိသည္။

"System"

*ေျပာပါ host*

"တစ္ခုေလာက္ ေမးလို႔ရမလား"

*ေမးပါ host*

"ငါမေမးရင္ မင္းတို႔ ငါ့ကို ဒါေတြ မေပးေတာ့ဘူးလား ...ဟမ္"

*hostက ေတြးေခၚတတ္တဲ့လူပဲ*

"Wtf system #%$&$"

Author's note

အရင္ဆံုး ပ႐ိုမိုး႐ွင္း ဆင္းေပးတဲ့ အခ်စ္ကိုလည္း
ေက်းဇူးတင္ပါတယ္လို႔စ္... K-Htet
တကယ္က ပထမပိုင္းစတင္ၿပီးကတည္းက
ေနာက္တပိုင္းက အဆံုးသတ္ခါနီးအထိ ၿပီးေနၿပီ
ၾကားထဲမွာ ဖုန္းပ်က္သြားလို႔ ေရးထားသမ်ွ မနည္းျပန္saveရတယ္..ကံေကာင္းလို႔..

Authorႏွင့္ သားသမီးမ်ား

ေဝ့႐ွင္းခ်န္-လက္စားေခ်ရမယ္ ဘူးထြားဟားဟား

Author-ေဘးမွာ မိန္႔မိန္႔ႀကီး ျပံဳးၿပီး ထိုင္ေန

ေဝ့႐ွင္းခ်န္-authorမားမားကို လက္စားေခ်ရမယ္
ဘူးထြားဟားဟား..

Author-အယ္..မလုပ္ရဘူးေလ..သားေလး..
မားမားေလ..

ေဝ့႐ွင္းခ်န္-မားမားမို႔လို႔ကို လက္စားေခ်မွာ
Bottomထိုင္တဲ့ေကာင္ထဲကိုမွ ထည့္ေပးရလား
ဂါး..ဒီကTopပါဆို..မုန္းတယ္..လက္စားေခ်မယ္

Author-အူးဝါး..ကယ္ၾကပါအံုး...........
ဘာၾကည့္ေနတာလဲ..ေျပးၿပီေလ: p

20.1.2020

Wei XingChen's room

Unicode

ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပြီးနောက်
ဝေ့ရှင်းချန်ဟာ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ အဖြူရောင်မျက်နှာကျက်ကို အရင်ဆုံး မြင်ရတယ်။မွေ့ရာထူထူပေါ်မှာ သူ့ရဲ့ ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်နေတယ်။

ပြတင်းပေါက်ဖွင့်ထားတာကြောင့် နေရောင်ခြည်က အခန်းထဲမှာ ဖြာကျနေတယ်။ဝေ့ရှင်းချန်ဟာ အိပ်ရာပေါ်ကနေ ထပြီး အခန်းကို ကြည့်လိုက်တဲ့အခါ အခန်းဖွဲ့စည်းပုံ စနစ်ကျပြီး သန့်ရှင်းတာကို တွေ့ရတယ်။'ဒီခန္ဓာကိုယ်ပိုင်ရှင်က စည်းကမ်းရှိတဲ့လူဖြစ်ရမယ်'လို့ တွေးမိတယ်။

*ကြိုဆိုပါတယ် Host..လက်ရှိခန္ဓာကိုယ်ပိုင်ရှင်ရဲ့
မှတ်ဉာဏ်တွေကို စတင်ကူးပြောင်းပေးပါတော့မယ်*

သူ ဘာမှမပြောရသေးခင်မှာပဲ ခေါင်းက
တဆစ်ဆစ်နာလာပြီး တူနဲ့ထုနေသလို
ခံစားရတာကြောင့်
ဝေ့ရှန်းချန်ရဲ့ မျက်နှာဟာ ရှုံ့မဲ့နေတယ်။

၅မိနစ်လောက်ကြာမှပဲ မှတ်ဉာဏ်ကူးပြောင်းမှုဟာလည်း ပြီးဆုံးသွားတော့တယ်။
ဝေ့ရှင်းချန်ရဲ့ ခန္ဓာကိုယ်ဟာ နာကျင်မှုကြောင့်
တုန်ရီနေပြီး ချွေးလေးတွေ ဆို့နေတယ်။
ကိုယ်ထည်မရှိတဲ့ systemကို မှန်းပြီး
မျက်ထောင့်နီကြီးနဲ့ ကြည့်ကာ မှတ်ဉာဏ်တွေကို
စစ်ဆေးလိုက်တော့တယ်။

ဒီကမ္ဘာရဲ့  အမျိုးသားဇာတ်လိုက်နာမည်က
လန်စစ်ရန် .. ဇာတ်လမ်းကတော့ ပုံမှန်ကျောင်းသားဇာတ်လမ်းတွေလိုပါပဲ။ကျောင်းရဲ့ kingဖြစ်တဲ့
လန်စစ်ရန်ဟာ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ပေါ့။ကျောင်းမှာ လူမိုက်ဂိုဏ်းဖွဲ့ပြီး ကျောင်းသားတွေကို အနိုင်ကျင့်တတ်တယ်။
ဒါပေမဲ့ သူ့ရဲ့နောက်ခံက တောင့်တင်းတာကြောင့်
သူ ဘာလုပ်လုပ် အမှား ဖြစ်မလာဘူး။ပိုက်ဆံနဲ့
အရာရာကို ဖုံးကွယ်ဖြေရှင်းနိုင်တယ်။
သူဟာ လန်ကုမ္ပဏီရဲ့ ဆက်ခံသူဖြစ်တဲ့အပြင်
ခန့်ညားတဲ့ရုပ်ရည်ကြောင့် ကောင်မလေးတွေ
ဝိုင်းဝိုင်းလည်နေတယ်။

အဲ့ဒီအချိန်မှာပဲ အမျိုးသမီးဇာတ်လိုက် ရွှယ်ချန်မေနဲ့ စတွေ့တော့တာပဲ။ရွှယ်ချန်မေက နယ်ကနေ ကျောင်းလာတတ်တဲ့ ကြာပန်းဖြူလေးပေါ့။
သူဟာ ရိုးသားပြီး တုံးအလွန်းတာကြောင့်
တစ်ခြားသူတွေရဲ့ ချောက်တွန်းခြင်းကို ခဏခဏခံရတယ်။

အမျိုးသားဇာတ်လိုက်က သူမရဲ့ ရိုးသားတုံးအတဲ့အမူအရာတွေကြောင့် စိတ်ဝင်စားသွားပြီး
သူ့ရဲ့အနိုင်ကျင့်ခံစာရင်းထဲကို ထည့်လိုက်တယ်။

ဇာတ်လိုက်ရဲ့ အနိုင်ကျင့်မှုတွေကြောင့်
ရွှယ်ချန်မေဟာ ဒုတိယဇာတ်လိုက် ယွမ်နင်နဲ့
​တွေ့ရဖို့ အကြောင်းဖန်လာတယ်။
ဒုတိယဇာတ်လိုက်ဟာ အမြဲတမ်း
ရွှယ်ချန်မေကို ကူညီပေးခဲ့တယ်။

ဒါပေမဲ့ လူတွေက ကိုယ့်ကို နာကျင်စေတဲ့လူကိုပဲ
ချစ်မိ​ကြတာ မဟုတ်လား....
ရွှယ်ချန်မေဟာ ဇာတ်လိုက်ကိုပဲ တိတ်တခိုး
စိတ်ဝင်စားနေခဲ့တယ်။သူမရဲ့ရင်ဘတ်ထဲမှာ
ဒုတိယဇာတ်လိုက်အတွက် နေရာ မရှိတော့ဘူး။

ဒုတိယဇာတ်လိုက်ရဲ့ ထောက်ပံ့မှုကြောင့်
ကျောင်းကပွဲမှာ လှလှပပဝတ်စားလာတဲ့
ရွှယ်ချန်မေကို တွေ့တဲ့အခါ ချစ်မိသွားပြီးတော့
လူတွေအားလုံးရှေ့မှာပဲ ချစ်ရေးဆိုကာ
သူ့အပိုင်ဖြစ်ကြောင်း ကြေညာခဲ့တယ်။

အဲ့ဒီနောက်မှာတော့ လူတိုင်းအားကျရတဲ့စုံတွဲ
ဖြစ်လာခဲ့တယ်။​ကျောင်းပြီးတဲ့အခါ လန်စစ်ရန်က
လန်ကုမ္ပဏီကို ဆက်ခံကာ ရွှယ်ချန်မေနဲ့
လက်ထပ်ခဲ့တယ်။သား၁ယောက် မွေးပြီးတော့
သူတို့မိသားစုဟာ ပျော်ရွှင်စွာနဲ့ နေထိုင်သွားခဲ့ကြတယ်။

ဒုတိယဇာတ်လိုက်က​တော့ ကျောင်းပြီးတဲ့အခါ
နိုင်ငံခြားကို ထွက်သွားပြီး သူတို့နိုင်ငံကို
ဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး။
သူဟာ တစ်သက်လုံး တစ်ယောက်တည်း
နေသွားခဲ့တယ်။

ဒါဆို ဝေ့ရှင်းချန်ကရော ဘယ်သူလဲ..
ဝေ့ရှင်းချန်ဟာ ဗီလိန်လို့တောင် ပြောမရတဲ့
နစ်နာသူလေးပဲ..အမှန်အတိုင်းပြောရရင်
အမျိုးသားဇာတ်လိုက်က Female Leadအပေါ်
စိတ်ဝင်စားနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို
နားလည်လာဖို့အတွက်  ချနင်းခံလိုက်ရတဲ့
​မြေစာပင်လေးပဲ ဖြစ်တယ်။

ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နာမည်ကလည်း
ဝေ့ရှင်းချန်ပဲ ဖြစ်တယ်။ဝေ့ရှင်းချန်ဟာ
မိဘမဲ့ တစ်ကောင်ကြွက်။သူ့မိဘတွေ ထားခဲ့တဲ့
အမွေကလည်း ကျောင်းတက်ဖို့အတွက်
လောက်ငှရုံလောက်ပဲ ဖြစ်တာကြောင့်
အချိန်ပိုင်းအလုပ်တွေအများကြီး လုပ်ပြီး
စားဝတ်နေရေးအတွက် ဝင်ငွေရှာရတယ်။

ဝေ့ရှင်းချန်ဟာ ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတဲ့ ဓာတ်ပုံဝါသနာအိုးလေးတစ်ယောက်လည်း
ဖြစ်တယ်။ဒါကြောင့် သူဟာ အချိန်ပိုင်းအလုပ်တွေကို နေ့ညမပြတ် ၄နှစ်ဆက်တိုက်လုပ်ခဲ့ပြီး ကင်မရာအသစ်လေးတစ်လုံး ဝယ်ခဲ့တယ်။

သေချာတာပေါ့။ကျောင်းကပွဲမှာ သူ့ရဲ့ကင်မရာအသစ်လေးကို ထုတ်ကြွားဖို့ သူမမေ့ခဲ့ဘူး။
ကျောင်းကပွဲမှာ ပျော်ရွှင်နေကြတဲ့ ကျောင်းသားတွေရဲ့ ပုံရိပ်တွေကို ကင်မရာလေးတဖျက်ဖျက်
ရိုက်ပြီး သူ မှတ်တမ်းတင်ခဲ့တယ်။
သူမသိခဲ့တာက အဲ့ဒီအချိန်ကစပြီး သူ့ဘဝလေးကို ကံဆိုးခြင်းတွေ အလုံးလိုက်အရင်းလိုက် ရောက်လာတော့မှာဆိုတာကိုပဲ။

သူမှတ်တမ်းတင်ခဲ့တဲ့ဓာတ်ပုံတွေထဲမှာ
Female Leadရဲ့ ပုံတွေ အများကြီး ပါသွားတယ်။ဒါကို သတိထားမိသွားတဲ့ အမျိုးသားဇာတ်လိုက်ဟာ ကျောင်းကပွဲမှာပဲ သူ့ရဲ့ကင်မရာကို ရိုက်ခွဲခဲ့ပြီး သူ့ရဲ့ လူမိုက်ဂိုဏ်းသားတွေနဲ့
အနိုင်ကျင့်ခိုင်းတော့တယ်။

ဝေ့ရှင်းချန်ဟာ တစ်ခြားကျောင်းသားတွေရဲ့
အဓမ္မကျင့်ခြင်းကို ခံရပြီး သူအနိုင်ကျင့်ခံခဲ့ရတဲ့
ဓာတ်ပုံတွေဟာလည်း ကျောင်းရဲ့websiteကို
တင်ခံလိုက်ရတယ်။
မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလိုပဲ
တစ်ကျောင်းလုံးက ဝေ့ရှင်းချန်ကိုသာ
ဝိုင်းအပြစ်တင်ကြပြီး ပိုဖိအားပေးလာကြတယ်။
နေ့စဉ်ရက်ဆက် ကျောင်းအိမ်သာထဲမှာ အဓမ္မကျင့်ခံရတယ်။ဆရာတွေက သိပေမဲ့ ဘာမှမပြောတဲ့အပြင် မသိချင်ယောင်ဆောင်နေခဲ့ကြတယ်။

၁ပတ်ကြာတဲ့အခါ ဝေ့ရှင်းချန်ဟာ ကျောင်းခေါင်မိုးထပ်ကနေ ခုန်ချပြီး သတ်သေခဲ့တယ်။
သူ့ရဲ့နောက်ဆုံးဆန္ဒကတော့ male leadနဲ့female leadကို နင်းချေဖို့နဲ့
အင်အားကြီးတဲ့လူ ဖြစ်လာဖို့ပဲ။

သူဟာ အင်အားကြီးတဲ့လူတွေကသာ
အသက်ရှင်နိုင်တယ်ဆိုတာကို နားလည်ခဲ့ပြီး
နောက်ဆုံးထွက်သက်မတိုင်ခင်မှာ systemနဲ့
အပေးအယူ လုပ်ခဲ့တာ ဖြစ်တယ်။

ဇာတ်ကြောင်းကို သိလိုက်ရတဲ့အခါ
ဝေ့ရှင်းချန်ဟာ ဒေါသတွေနဲ့ ဆူပွက်လာခဲ့တယ်။
တကယ်ဆိုရင် ဓာတ်ပုံလေးရိုက်မိရုံလောက်နဲ့
လူတစ်ယောက်ရဲ့ ဘဝကို နင်းချေပစ်စရာ မလိုဘူးလေ။

သူဒေါသအထွက်ဆုံးက အမျိုးသားဇာတ်လိုက်ဟာ
သူသေသွားတဲ့အချိန်မှာ ​နောင်တရခြင်း တစိုးတစိမှကို မရှိတဲ့အပြင် "နည်းတောင်နည်းသေးတယ်"လို့
ပြောခဲ့တာကိုပဲ။ရွှယ်ချန်မေဟာလည်း အားနာတဲ့ စိတ်လေးတောင် မဖြစ်ခဲ့ဘူး။အမျိုးသားဇာတ်လိုက်ရဲ့ ရင်ခွင်ထဲကို တိုး​ဝှေ့ပြီး ကျိတ်ကျေနပ်နေခဲ့တယ်။

'ဘာကို ကြာပန်းဖြူလေးလဲ...ဒီလောက် စိတ်ဓာတ်က ပုပ်ပွနေတာကို။ဒီလူနှစ်ယောက်လုံးကို
အသက်ရှင်ရတာကို ထိတ်လန့်နေတဲ့အထိ လက်စားချေရမယ်။'

ဝေ့ရှင်းချန်ဟာ စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချပြီးတဲ့​နောက် မှန်ရှေ့ကို ရပ်လိုက်တယ်။
ဒီခန္ဓာကိုယ်ရဲ့ ပုံစံက သာမန်ပဲ။အသားဖြူဖြူ
ပိန်ပိန်ပါးပါးနဲ့ ငွေရောင်ဆံပင်ပျော့ပျော့တွေကို
ပိုင်ဆိုင်ထားတယ်။

"System..ရှိလား?"

မှန်ရှေ့မှာ သူ့ရဲ့ခန္ဓာကိုယ်အသစ်ကို စူးစမ်းပြီးတော့ ဝေ့ရှင်းချန်ဟာ Systemနဲ့ ဆွေးနွေးဖို့အတွက်
အစီအစဉ်တွေ ချနေတယ်။
Systemက အမြဲ သူ့ကို မပြောမဆိုနဲ့ လျှောက်လုပ်နေတာ..ဒီတစ်ခေါက်တော့ သူ လက်ဦးမှု ရယူရမယ်။

*ပြောပါ host*

"မင်းတို့ပြောတော့ ငါ့ကို cheatတွေ ထည့်ပေးမယ်ဆို?ဘယ်မှာလဲ အဲ့ဒါတွေ..ဘာcheatတွေလဲ"

မေးခွန်းထုတ်လိုက်တာနဲ့ တပြိုင်နက် သူ့ခေါင်းထဲမှာ notificationတက်တဲ့ အသံတွေ ပေါ်လာတယ်။

*Ding...ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းpackage x1*

*Ding...စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းpackage x1*

*Ding...အရည်အချင်းများကို မြှင့်တင်ခြင်းpackage x1*

*Ding...system၏ အထောက်အကူ ရရှိခြင်းကဒ်*

*Ding...system shopမှ itemများကို
freeဝယ်ယူနိုင်ခွင့် ရရှိခြင်းကဒ်*

*Ding...system၏ အထူးမေတ္တာလက်ဆောင်ကဒ်*

*Name- ဝေ့ရှင်းချန်(Wei XingChen)

Level-0

Skills-God Level Hacker,God Level Player,God Level Cheater.

Level 1 တက်ရန် လိုအပ်သော skill points -0/100

သိုလှောင်ရုံ - ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း packagex1၊
စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်းpackagex1၊အရည်အချင်းများကို မြှင့်တင်ခြင်းpackagex1၊system၏ အထောက်အကူ ရရှိခြင်းကဒ်x1၊system shopမှ itemများကို
freeဝယ်ယူနိုင်ခွင့် ရရှိခြင်းကဒ်x1၊system၏ အထူးမေတ္တာလက်ဆောင်ကဒ်x1။*

မျက်စိရှေ့တွင် ပေါ်နေသော စာတန်းများအား
ခပ်ကြောင်ကြောင် ကြည့်နေမိသည်။

"System"

*ပြောပါ host*

"တစ်ခုလောက် မေးလို့ရမလား"

*မေးပါ host*

"ငါမမေးရင် မင်းတို့ ငါ့ကို ဒါတွေ မပေးတော့ဘူးလား ...ဟမ်"

*hostက တွေးခေါ်တတ်တဲ့လူပဲ*

"Wtf system #%$&$"

Author's note

အရင်ဆုံး ပရိုမိုးရှင်း ဆင်းပေးတဲ့ အချစ်ကိုလည်း
ကျေးဇူးတင်ပါတယ်လို့စ်... K-Htet
တကယ်က ပထမပိုင်းစတင်ပြီးကတည်းက
နောက်တပိုင်းက အဆုံးသတ်ခါနီးအထိ ပြီးနေပြီ
ကြားထဲမှာ ဖုန်းပျက်သွားလို့ ရေးထားသမျှ မနည်းပြန်saveရတယ်..ကံကောင်းလို့..

Authorနှင့် သားသမီးများ

ဝေ့ရှင်းချန်-လက်စားချေရမယ် ဘူးထွားဟားဟား

Author-ဘေးမှာ မိန့်မိန့်ကြီး ပြုံးပြီး ထိုင်နေ

ဝေ့ရှင်းချန်-authorမားမားကို လက်စားချေရမယ်
ဘူးထွားဟားဟား..

Author-အယ်..မလုပ်ရဘူးလေ..သားလေး..
မားမားလေ..

ဝေ့ရှင်းချန်-မားမားမို့လို့ကို လက်စားချေမှာ
Bottomထိုင်တဲ့ကောင်ထဲကိုမှ ထည့်ပေးရလား
ဂါး..ဒီကTopပါဆို..မုန်းတယ်..လက်စားချေမယ်

Author-အူးဝါး..ကယ်ကြပါအုံး...........
ဘာကြည့်နေတာလဲ..ပြေးပြီလေ: p

20.1.2020

Continue lendo

Você também vai gostar

128K 1.6K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
268K 40.4K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
95.6K 2.5K 35
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...
5.3M 46.3K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...