ထာ၀ရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen
စာစဉ် ၈
အခန်း ( ၁၀၅ )
အကျဥ်းချခံထားရာမှ လွတ်မြောက်သွားသော တိရစ္ဆာန်များ
ကောင်းကင်တွင် ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရချိန်တွင် ပိုင်ရှောင်ချန်း၏စိတ် နှလုံး၌ ကြောက်လန့်မှုများ ဖြစ်ပေါ်လာရတော့သည်။ သူသည်အင်မော်တယ်ဂူအတွင်းသို့ ပြန်လှည့်လာကာ မန္တာန်ဝင်္ကပါအား လျင်မြန်စွာ အသက်သွင်းလိုက် သည်။ သူသည်ငိုယိုတော့မည့်ဟန် ပေါက်နေခဲ့၏။ သူ့အနေဖြင့် လူအုပ်၏ဒေါသကို နှိုးဆွခဲ့မိသည်ကို သိလိုက်သည်။ သို့သော် သူသည်တမင်သက်သက် ပြုလုပ်ခဲ့ခြင်းမဟုတ်ရာ မတရားလုပ်ခံရသည်ဟုခံစားနေရသည်။
“ဒီဟာက နောက်ဆုံးအကြိမ်ဖြစ်စေရမယ်လို့ ငါ အာမခံပါတယ်” ဟူ၍သူ့နှုတ်မှ လွှတ်ခနဲထွက်သွား ခဲ့သည်။
“ငါ တကယ်ကို ကတိပေးပါတယ်”
လူအုပ်ကြီးမှာ သူတို့၏ဒေါသအချို့ကို ဖွင့်ချ ပြီးနောက်တွင် ပိုင်ရှောင်ချန်းက ဆက်လက်၍ ဖြေရှင်းချက်များပေးခဲ့ကာ နောက်ဆုံးတွင် လူများက ထွက်ခွာသွားကြတော့သည်။
သက်ပြင်းချလိုက်ကာ ပိုင်ရှောင်ချန်းသည် အင်မော်တယ်ဂူအတွင်းမှပြိုကျထားသော ကျောက်တုံးများအား ရှင်းလင်းလိုက်ပြီးနောက် သူ၏ဆေးဖော်စပ်သည့် အလုပ်ခန်းသို့ပြန်လာလေ သည်။ သူသည်ထိုနေရာတွင်ထိုင်၍ အရာ အားလုံးကိုတွေးတောကြံဆနေလေသည်။
နောက်ဆုံးတွင် အံကြိတ်လိုက်ကာ နောက်ထပ် ဆေးပေါင်းဖိုတစ်ခုကို ညင်သာစွာထုတ်ယူလိုက် သည်။ နောက်ဆုံးအကြိမ်က ပြုလုပ်ထားသော စိစစ်ချက်များအပေါ်တွင် အခြေခံပြီး သူကဆေးကို နောက်တစ်ကြိမ် ဖော်စပ်လေသည်။
ယခုတစ်ကြိမ်တွင် သူက အပြန်အလှည်ကြီးမားလာခြင်းနှင့် ဖိနှိပ်ခြင်းတို့အပေါ်တွင်ကြီးစွာအာရုံစိုကထားသည်။ ရက်အနည်းငယ်ကြာပြီးနောက်
မွှေးပျံ့သောရနံ့သည် လေတွင်ပျံ့နှံ့လာရာ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့်မျက်ရည်များနှင့်ပြည့်နှက်လာရသည်။
နောက်ဆုံးတွင် သူသည်ဆေးပေါင်းဖိုပေါက်ကွဲခြင်း ပြဿနာကို ဖြေရှင်းနိုင်သွားသဖြင့် စိတ်ထွက်ပေါက် ရသွားကာ ပျော်ရွှင်သွားလေသည်။ ထို့အပြင် သူသည် အပြန်အလှည်ကြီးမားလာခြင်းနှင့်ဖိနှိပ်ခြင်း တို့ကြောင့် တွေ့ရှိနိုင်သော ပြောင်းလဲခြင်း သဘောတရားများ အပေါ်တွင် နက်နဲစွာနားလည် သွားတော့သည်။
" ငါ အဆင့်သုံး စိတ်စွမ်းအင်ဆေးတွေမှာ ဆရာတစ်ဆူဖြစ်ခါနီးနေပြီ။ " စိတ်အားထက်သန်စွာဖြင့် သူသည်နောက်ရက်များတွင်လည်း ဆေးဖော်စပ်ခြင်းတွင် အပြည့်အဝအာရုံစိုက်ထားလေသည်။
မွှေးရနံ့တိမ်တောင် ဂိုဏ်းသားများသည် နောက်ထပ် ဆေးပေါင်းဖိုပေါက်ကွဲမှုမရှိတော့သည် ကို ဖြည်းဖြည်းခြင်း သိလာကြသည်။ သူတို့သည် စိတ်သက်သာရာ ရသွားသဖြင့် သက်ပြင်း ချနိုင်သွားတော့သည်။
နေ့ရက်များ ကုန်လွန်လာသည် နှင့်အမျှ တောင်သည်ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ် သွားလေသည်။
ပိုင်ရှောင်ချန်းသည် ဆေးပေါင်းဖိုပေါက်ကွဲသည့် ပြဿနာကို ဖြေရှင်းနိုင်သွားသော်လည်း အဆင့်၃ စိတ်စွမ်းအင်ဆေးနှင့် ပတ်သက်၍ သူ၏အောင်မြင်မှုနှုန်းမှာ
အတော်ပင် နိမ့်ကျနေသေးကိုတွေ့လာရသည်။
ထို့ပြင် ထူးဆန်းသောဆေးလုံးအနည်းငယ်သည်လည်း ထွက်လာနေဆဲဖြစ်သည်။
ထိုကဲ့သို့ ထူးဆန်းသာဆေးလုံးများ ဆေးပေါင်းဖိုထံမှထွက်လာချိန်တွင် သူ့အနေဖြင့် သံသယဝင်လာရသည်။ ဆေးလုံးများတွင် ထူးဆန်းသော လျို့ဝှက်ချက်များပါရှိနေသည်ကို သူအသေအချာ သိသော်လည်းသူ၏ ကာမအားတိုးဆေးကဲ့သို့ အံ့ဩဖွယ်ကောင်းသလား ဆိုသည်ကို ပြောရန်ခက်ခဲလှသည်။
“သူတို့ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ ဆိုတာကို ငါစမ်းသပ်ဖို့လိုတယ်”
ဟူ၍သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏ အင်မော်တယ်ဂူအတွင်းမှ ထွက်လာလျက် စျေးဆီသို့
ဆင်းသွားကာ ရောက်တတ်ရာရာ တိရစ္ဆာန်အချို့ကို
ဝယ်ယူခဲ့လေ၏။ သူသည် ဂိုဏ်းမှ တိရစ္ဆာန်အချို့ကို ရရန်အတွက် စွမ်းဆောင်မှု ရမှတ် များကိုပင် အသုံးပြုခဲ့လေသည်။
အင်မော်တယ်ဂူသို့ပြန်လာကာ ဘဝတွင်
ဒုတိယအကြိမ်အနေဖြင့် တိရစ္ဆာန်စမ်းသပ်ခြင်းအား လုပ်ဆောင်ရန်ပြင်ဆင်လေသည်။ သူသည် အချက်အလက်များအား မှတ်တမ်းတင်ရန်အတွက် ကျောက်စိမ်းပေလွှာအလွတ် တစ်ခုကိုပါ ပြင်ဆင်ခဲ့သည်။
ကြိုတင်ပြင်ဆင်မှုအားလုံး ပြည့်စုံသွားချိန်တွင် သက်ပြင်းရှိုက်လိုက်ကာ ယုန်တစ်ကောင်ကိုထုတ်ယူ
လိုက်ပြီးနောက် သူစုဆောင်းထားသော ထူးဆန်းသည့် ဆေးလုံးများထဲမှ အနက်ရောင်ဆေးလုံးအား ရွေးထုတ်လိုက်လေသည်။
ယုန်သည် ဆေးလုံးအား အနံ့ခံကြည့်လိုက်ကာ အလောတကြီးမြိုချလိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် ယုန်သည် စတင်တုန်ရီလာလေ၏။ထို့နောက်တွင် ခြေထောက်လေးများက ကြုံ့သွား လျက် ပစ်ကျသွားကာ မြေပေါ်တွင်မလှုပ်မယှက် လဲလျောင်းနေသည်။
“သေသွားပြီလား” ပိုင်ရှောင်ချန်းကတွေးလိုက်ကာ
မျက်လုံးပြူးသွားရသည်။ အနီးကပ်ကြည့်လိုက်ပြီး
နောက်တွင် ယုန်သည် မသေသေးဘဲ စွမ်းအားပြည့်ဝ သောဆေးလုံးမှ စိတ်စွမ်းအင်များ စီးဝင်မှုကြောင့် သတိလစ် သွားသည်ကို သိလိုက်ရသောအခါတွင်မှ သက်ပြင်းချနိုင်တော့သည်။ နာရီအနည်းငယ်ကြာပြီး
နောက်တွင် ယုန်လေးကပြန်လည်နိုးထလာသည်။ပြန်ထလာချိန်တွင် ယုန်သည် လူတစ်ယောက်ပမာ ခြေထောက်၂ချောင်းနှင့် မတ်တပ်ရပ်လျက်
ပိုင်ရှောင်ချန်းအား စူးစိုက်စွာငေးကြည့်နေလေသည်။
“ အီး ” ပိုင်ရှောင်ချန်းက ပြောလိုက်သည်။ တစ်ခဏ
မျှကြာပြီးနောက်တွင် ယုန်သည်ထိုကဲ့သို့တစ်သံတည်း
ထွက်လာရာ ပိုင်ရှောင်ချန်းအား အံ့ဩထိတ်လန့် သွားစေခဲ့သည်။
"မင်းက စကားပြောနိုင်တာလား"
အံ့ဩထိတ်လန့်ပုံပေါ်လျက် ယုန်ကပြောလိုက် သည်။ “မင်းက စကားပြောနိုင်တာလား”
ချက်ချင်းပင်ပိုင်ရှောင်ချန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားရကာ ယုန်အား စစ်ဆေးကြည့်ရန် လှည့်ပတ်ကြည့်ရှုလိုက်သည်။အပြန်အလှန်အားဖြင့် ယုန်သည်လည်း စိတ်လှုပ်ရှားလာကာ ပိုင်ရှောင်ချန်းအား လှည့်ပတ်ကြည့်ရှုလေသည်။ ယခုအချိန်တွင် ထူးဆန်းသောမြင်ကွင်းသည် အင်မော်တယ်ဂူအတွင်း ဖြစ်ပေါ်လျက်ရှိသည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် အူလှိုက်သဲ
လှိုက်ရီမော လိုက်လေ၏။
“ဟား ဟား ဟား၊ဒီဆေးလုံးက မယုံနိုင်စရာပဲ။ငါ
ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ဒီယုန်က
တကယ်ပဲ စကားပြောနိုင်တယ်ကွ ”
ယုန်ကလည်း အူလှိုက်သဲလှိုက်ရီမောလိုက်ကာ သူပြောသည့်အတိုင်း တသဝေမတိမ်း လိုက်ပြောလေ ၏။ သရော်ကျီစယ်လိုသော အကြည့်သည် သူ့မျက်
နှာတွင်ပေါ်လာလျက် ပိုင်ရှောင်ချန်းသည် ဘေးအခန်း
၏တံခါးအားဖွင့်လိုက်ကာ ယုန်အားတွန်းပို့လိုက် သည်။
“ဘာနေနေ မင်းက ဥာဏ်မကောင်းဘူးဆိုတာ သိသာတယ်။ ရှေ့လျှောက် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို နည်းနည်းပါးပါး တိုးတက်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ပြန်လာပြီး ငါ့ကိုကျေးဇူးတင်ဖို့မမေ့နဲ့။ အခုငါမင်းကို
ဒီမှာထားခဲ့မယ်။နောက်ရက်နည်းနည်းကြာရင်တော့
ဂိုဏ်းရဲ့အပြင်ကိုလွှတ်ပေးမယ်”
ယုန်ကို တခြားအခန်းတွင်ထားခဲ့ပြီးနောက်
ပိုင်ရှောင်ချန်းသည် စမ်းသပ်ခြင်းကို ဆက်လက်လုပ်ဆောင်နေရာ ယုန်ကို ဂရုမပြုမိတော့ပေ။ နောက်ထပ်အလုပ်တစ်ခုမှာ သူရွေးချယ်ထား သောအဝါရောင်ဆေးလုံးနှင့်မျောက်တစ်ကောင်အား စမ်းသပ်ရန်ဖြစ်သည်။ အစပိုင်းတွင် မျောက်သည် ဆေးလုံးအား မမြင်ဟန်ဆောင်သော်လည်း နောက်ဆုံးတွင် စိတ်ဝင်စားလာကာ ဆတ်ခနဲ ကောက်ယူလိုက်သည်။ အနံ့ခံလိုက်ပြီးနောက် ဆေးလုံးအချို့ကို ဖောက်ခနဲမြည်သွားအောင်ချေမွလိုက်ကာ ဆေးလုံးအပိုင်းအစများကိုပါးစပ်ထဲသို့ ထည့်လျက်မြိုချလိုက်လေသည်။
ထို့နောက်တွင် မည်သည့်နေရာမှ ထွက်လာသည် ကိုမသိရသော လျင်မြန်စွာအရောင်လွင့်ပျယ်သွားသည့် ထူးဆန်းသော လေများ လွင့်ပျံ့လာသည်မှလွဲ၍ မည်သည့် ထူးခြားမှုမှ ဖြစ်မလာခဲ့ပေ။ ပိုင်ရှောင်ချန်းသည် ငေးငိုင်သောမျက်နှာအမူအရာဖြင့် ထိုနေရာတွင် ထိုင်နေသည့် မျောက်အား စူးစမ်းချင်စိတ်ပြင်းပြစွာ ဖြင့် ကြည့်လိုက်သည်။ တစ်စုံတစ်ခုမှ မဖြစ်ပေါ်လာ သည်မှာသေချာသွားသောအခါမှ ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ကာ မျောက်အား ယုန်နှင့် တစ်ခန်းထဲ ထားလိုက်လေ၏။
ရက်အနည်းငယ်ကြာပြီးနောက်တွင် သူ၏စမ်းသပ် မှုများထဲမှတစ်ခုမှာ ယုန်အုပ်စုဖြစ်သည်။ဆေးလုံး များအား စားပြီးနောက်တွင် ယုန်များ၏မျက်လုံးများသည် အနီရောင်ပြောင်းသွားပြီး စတင်အူကြလျက် ပိုင်ရှောင်ချန်း၏ခြေထောက်များအား ကိုက်ဝါးရန် ခုန်လာကြသည်။
သူတုန်လှုပ်သွားခဲ့ကာ သူ၏မှတ်တမ်းတွင် မှတ်သားထားလိုက်ပြီးနောက် ယုန်များအား ဘေးအခန်းသို့ပစ်သွင်းလိုက်ရသည်။ ဘေး အခန်းအတွင်းတွင် ယုန်များသည် သွေးထွက်အောင်မဟုတ်သော်လည်း အချင်းချင်းကိုက်ကြလေ၏။
ထိုအခန်းတွင် ဘဲ ၃၊၄ကောင်လည်း ရှိသည်။ ထူးဆန်းသောဆေးလုံးများအား ဝါးမြိုပြီး
နောက်တွင် တုန်ရီလာကြကာ သူတို့၏အတောင် များသည် ရုတ်တရက် ကြီးလာလျက် အင်မော်တယ်
ဂူအတွင်းတွင် ကျော့ရှင်းစွာ လှည့်လည်ပျံသန်းကြလေ၏။ ပိုင်ရှောင်ချန်းသည် တုန်လှုပ်စွာငေးကြည့်နေမိကာတချိန်တည်းမှာပင် သူ၏ထူးဆန်းသော ဆေးလုံးများနှင့် ပတ်သက်သည့် စိတ်လှုပ်ရှားမှုသည် ပို၍ပင် ကြီးမားလာခဲ့လေသည်။
အချိန်များ ကုန်လွန်လာခဲ့၏။ နောက်လဝက် အတွင်းတွင် ပိုင်ရှောင်ချန်းသည် သူ၏ထူးဆန်းသော
ဆေးလုံးများနှင့် စမ်းသပ်မှုများပြုလုပ်လျက် အားလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားခဲ့သည်။
တစ်ခါတရံတွင် သူ၏ ရယ်သံကျယ်ကြီးသည် အင်မော်တယ်ဂူအတွင်းမှ လွင့်ပျံ့လာတတ်သည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် သူသည်သာမန်
ကြက်လေးများကို ဆေးလုံးအချို့ ကျွေးလိုက်ချိန်၌ သူတို့သည် ဆင်အရွယ်ပမာဏတမျှ လျင်မြန်စွာကြီးထွားလာကြသည်။ ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာနှင့် ပတ်သက်၍ နားလည်သဘောပေါက်မှုသည်ပို၍ နက်နဲလာခဲ့တော့သည်။ စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ခါနေ
ကာ သူ၏စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင် လေ၏။
တဖြည်းဖြည်းဖြင့် တိရစ္ဆာန်စမ်းသပ်မှုများအတွက် သီးသန့်ထားသော ဘေးအခန်းများတွင် ထူးဆန်းသော သားရဲအမျိုးမျိုး ရှိနေတော့သည်။ ထိုအခန်းတွင် ကိုယ်တစ်ခုလုံးမျက်လုံးများဖြင့် ပြည့်နေသောဖားပြုပ်အုပ်စုရှိလေသည်။ ထိုမျက်လုံးများ သည် ဖားပြုပ်များအော်လိုက်ချိန်တိုင်းတွင် မျက်တောင် ခတ်လေသည်။
အခန်းအတွင်းတွင် ပိုင်ရှောင်ချန်းသည် လက်တစ် ဆုပ်စာ ဝိညာဥ်ကျောက်တုံးများဖြင့်ဝယ်ခဲ့ရသော ကျား တစ်ကောင်လည်း ရှိလေသည်။ သူ၏ဆေးလုံးတစ်လုံး အား ဝါးစားပြီးနောက်တွင် နောက်ထပ်ဦးခေါင်း၈လုံး ထွက်လာကာ ခေါင်းစုစုပေါင်း၉လုံးဖြစ်သွားလေသည်။ သူ၏ခေါင်းများအားလုံးနှင့် ဟိန်းဟောက်ချိန်တွင် အသံ သည် လွန်စွာ အံ့သြဖွယ်ကောင်းလှသည်။
ထိုနေရာတွင် သာမန် ခိုအုပ်စုလည်းရှိနေကာ သူတို့ပျံသန်းရာတွင် သူတို့ကိုယ်သူတို့ အမြဲ သက်သာရာရစေသည်မှလွဲ၍ အခြားပြောင်းလဲမှုမကြုံ တွေ့ရပေ။
အချိန်သည် ကုန်လွန်သွားခဲ့သကဲ့သို့ စမ်းသပ်မှုများ သည်လည်းဆက်လက်လုပ်ဆောင်ခဲ့ကာ ထူးဆန်းသော ဆေလုံးများ၏ ကို့ရို့ကားယားနှင့်အံ့မခန်း ရလာဒ်များ သည်ပို၍ထင်ရှားလာခဲ့သည်။ ထူးဆန်းသောဆေးလုံး များအား စားပြီးနောက်တွင် အဆက်မပြတ် လှုပ်ရှားနေသောမျောက်အုပ်စု ရှိသည်။
မိုးချုန်းသံတမျှကျယ်လောင်လှသောအသံဖြင့် ကြို့ထိုးနေသော ကြောင်အုပ်လည်းရှိသည်။ ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသော်လည်း ထိုကဲ့သို့ ထူးဆန်းသောဆေးလုံးများအားလုံးကို မည်ကဲ့သို့ဖော်စပ်ခဲ့သည်ကိုအံ့သြရုံမှအပ မတတ်နုိင်တော့ချေ။ အကြီးကျယ်ဆုံး အခြေအနေမှာ ငန်းအုပ်စုဖြစ် သည်။ ဆေးလုံးများအား စားပြီးနောက်တွင် သူတို့၏ မျက်လုံးများသည် စင်ကြယ်သောအဖြူရောင်သို့ ပြောင်းလဲသွားလေ၏။ သူတို့သည် ချူချာပုံပေါက်နေ သော်လည်း အလွန်သစ္စာ ရှိသောပုံစံပြောင်းသွားခဲ့ ကာ ပိုင်ရှောင်ချန်း၏ဂူအား စောင့်ကြပ်ကြလေသည်။
အဆုံးတွင် သူသည် ရေပူစမ်းထဲမှငါးများအား ဆေးလုံးအချို့ကျွေးလိုက်သည်။ ငါးများသည် ချက်ချင်း ပင် ရူးသွပ်သွားကြကာ ရေထဲမှထွက်ရန် အချင်းချင်း ရုန်းကန်ကြလေသည်။ ဤတွင်သူတို့၏ကိုယ်မှ ခြေထောက်များထွက်လာကာ အင်မော်တယ်ဂူပတ်လည် လမ်းလျှောက်ကြတော့သည်။
ငါးများအား စမ်းသပ်ပြီးနောက်တွင်သူသည် နောက်ဘေးအခန်းတစ်ခုထဲသို့ ပစ်ထားလိုက်သည်။ ဤအချက်အရ ဘေးဘက်အခန်းများတွင် ပြည့်နှက်နေပြီဖြစ်ကာ သူ၏ အင်မော်တယ်ဂူတစ်ခုလုံးသည် ကို့ရို့ကားယားနိုင်သော အိမ်မွေးတိရစ္ဆာန် ပြပွဲ အဖြစ်သို့ပြောင်းလဲသွားတော့ သည်။
ထိုနေရာတွင် သူ၏မေးစေ့ကို လက်ထောက်လျက် အတွေးတွင်နစ်မျောနေဟန်ရှိသည့် နေရာတကျထိုင်နေသောမျောက်တစ်ကောင်ရှိသည်။ တစ်ချက်တစ်ချက် တွင် ထထလှုပ်ရှားသောမျောက်အုပ်စုလည်းရှိသည်။ မျက်လုံးနီနှင့် ယုန်များသည် ဆင်အရွယ်ခန့်ရှိသော ကြက်များနှင့် ဆော့ကစားလျက်ရှိကြသည်။
အခြား ဘက်တွင် ဖားပြုတ်များသည် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ဆူညံစွာ အော်ဟစ်နေကြသည်။ နောက်ဆုံးတွင် ဟန်ပန်အမျိုးမျိုးကိုလေ့ကျင့်နေ သော ယုန်လည်းရှိလေ၏။ တစ်ခါတရံတွင်
“ အီး…မင်းက စကားပြောနိုင်တာလား။ ဟား ဟား ဟား.. ဒီဆေးလုံးကမယုံနိုင်စရာပဲ။ ငါ ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ ဒီယုန်က တကယ် ပဲစကားပြောနိုင်တယ်။ ” ဟူ၍ပြောသည်။ထိုယုန်သည် ထိုစကားစု၃ခုကိုသာရွတ်နိုင်လေသည်။
လေထဲတွင် ဘဲများသည်ကျက်သရေရှိစွာ ပျံသန်း လျက်ရှိသည်။ ခိုများသည်လည်း တောင်ပံ တဖြတ် ဖြတ်ခါလျက်ရှိကာ မစင်များကိုပါချင်တိုင်းပါလျက် ရှိသည်။ ခေါင်း၉လုံးကျားသည် မစင်များ ဖုံးလွှမ်းလျက်ရှိကာအဆက်မပြတ် ဟိန်းနေလေသည်။ အခြားဘက် တွင် ခြေထောက်နှင့်ငါးများသည် ကြို့ထိုးနေသော ကြောင်များနှင့်အဆက်မပြတ်ပြေးလွှားလျက်ရှိသည်။
တံခါးနားတွင် ရှိနေသည်မှာ တစ်စုံတစ်ခုကို စောင့်ရှောက်နေသည့်အလား အရာအားလုံးကို အေးစက်စွာ ကြည့်နေသော ဘဲငန်းကြီးများ ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် အရာအားလုံးကို လှည့်ပတ်ကြည့်ရှုနေရင်းမှ သူ၏ ထူးဆန်းသော ဆေးလုံးအနည်းငယ်ကိုသာ စမ်းသပ်ရသေးသည်ကို တွေးနေမိသည်။ ကံမကောင်းစွာဖြင့်ပင် စမ်းသပ်ရန် တိရစ္ဆာန်မရှိတော့ပေ။
" တာအိုဆေးပညာက တကယ့်ကို အံ့ဩဖို့ကောင်းတယ် " သူက ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ ထူးဆန်းဆေးလုံးအားလုံးကို သေချာပေါက် စမ်းသပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် အင်မော်တယ်ဂူထဲမှ ထွက်ကာ လက်တွေ့စမ်းသပ်ရန် နောက်ထပ် တိရစ္ဆာန်များ သွားရောက် ဝယ်ယူတော့သည်။
သို့သော် သူသွားလျှင်သွားချင်းပင် သူ၏ ဒုတိယ စမ်းသပ်ချက်ဖြစ်သော စဥ်းစားဥာဏ်ရှိသည့် မျောက်မှာ ငေးငိုင်နေရာမှ ရုတ်တရက် အမြော်အမြင်ရှိဟန်ဖြင့် မော့ကြည့်လိုက်လေသည်။ ထို့နောက် သူ၏ အကြည့်မှာ ဘေးအခန်းတံခါးဆီသို့ ရောက်သွားကာ မျက်လုံးများမှာလည်း လူတစ်ယောက်ကဲ့သို့ အသိဥာဏ်ရှိသည့် ပုံစံမျိုးပေါက်နေလေသည်။ ရုတ်တရက် ထိုမျောက်သည် လှုပ်ရှားလာကာ တံခါးကို ဖွင့်ရန် ပြေးသွားလေတော့သည်။
ထို့နောက်တွင် အင်မော်တယ်ဂူ၏ ပင်မတံခါးပေါက်သည် ဟောင်းလောင်းပွင့်သွားတော့သည်။
စဥ်းစားဥာဏ်ရှိသည့် မျောက်သည် ပွင့်နေသော တံခါးမှတစ်ဆင့် ခုန်ထွက်လိုက်ချိန်တွင် အပြင်ဘက်၌ နေရောင်တောက်ပလျက်ရှိသည်။ အခြားတိရစ္ဆာန်များသည် လန့်ဖျပ်ကာ ငေးကြည့်နေရာမှ ခဏအကြာတွင် အားလုံးထွက်ပြေးသွားတော့သည်။
အမှတ်မထင်ပင် ကျိုးရှင်းချီသည် ထိုအချိန်တွင် သူမ၏ အင်မော်တယ်ဂူအပြင်ဘက်သို့ ထွက်၍ လမ်းလျှောက်လျက် ရှိနေသည်။ အပြင်ဘက် လေထုထဲသို့ ကျော့ရှင်းစွာ ပျံထွက်လာသော တဂတ်ဂတ်အော်မြည်နေသည့် ဘဲတစ်အုပ်ကို မြင်လိုက်သော အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမသည် ဝိညာဥ်သတ္တဝါ ကျမ်း၅တွဲလုံးကို ပိုင်နိုင်ပြီး ဖြစ်သော်လည်း ထိုကဲ့သို့ ပျံနေသော ဘဲများကို မတွေ့ ဖူးသေးပေ။
" အဲ့တာ ဘာကောင်တွေလဲ။ " ဟု သူမက ရေရွတ်လိုက်သည်။ နောက်ထပ် အံ့ဩဖွယ်ကောင်းစွာ တွေ့လိုက်ရသည်မှာ ဆင်အရွယ်အစားရှိသည့် ပြေးထွက်လာနေသော ကြက်များပင် ဖြစ်သည်။ ကြက်များထဲမှ တစ်ကောင်၏ ထိပ်တွင် လိုက်ပါလာသည်မှာ ယုန်တစ်ကောင် ဖြစ်သည်။
" အီး…. မင်းက စကားပြောနိုင်တာလား။ ဟား ဟား ဟား၊ဒီဆေးလုံးက မယုံနိုင်စရာပဲ။ငါ ပိုင်ရှောင်ချန်းက အင်မတန်တော်တာပဲ။ဒီယုန်က တကယ်ပဲ စကားပြောနိုင်တယ် ”
ကျိုးရှင်းချီမှာ နေရာတွင်ပင် အံ့ဩလှသဖြင့် မျက်တောင် တဖျပ်ဖျပ်ခတ်ကာ သွေးလေချောက်ခြားနေခြင်းများလားဟုပင် တွေးနေမိသည်။
Zaw Gyi
ထာ၀ရအသက္ရွည္လိုေသာ္
မူရင္းစာေရးဆရာ Ergen
စာစဥ္ ၈
အခန္း ( ၁၀၅ )
အက်ဥ္းခ်ခံထားရာမွ လြတ္ေျမာက္သြားေသာ တိရစာၦန္မ်ား
ေကာင္းကင္တြင္ ေက်ာက္တုံးမ်ားျဖင့္ ျပည့္ႏွက္ေနသည္ကို ျမင္လိုက္ရခ်ိန္တြင္ ပိုင္ေရွာင္ခ်န္း၏စိတ္ ႏွလုံး၌ ေၾကာက္လန္႔မႈမ်ား ျဖစ္ေပၚလာရေတာ့သည္။ သူသည္အင္ေမာ္တယ္ဂူအတြင္းသို႔ ျပန္လွည့္လာကာ မႏၲာန္ဝကၤပါအား လ်င္ျမန္စြာ အသက္သြင္းလိုက္ သည္။ သူသည္ငိုယိုေတာ့မည့္ဟန္ ေပါက္ေနခဲ့၏။ သူ႔အေနျဖင့္ လူအုပ္၏ေဒါသကို ႏႈိးဆြခဲ့မိသည္ကို သိလိုက္သည္။ သို႔ေသာ္ သူသည္တမင္သက္သက္ ျပဳလုပ္ခဲ့ျခင္းမဟုတ္ရာ မတရားလုပ္ခံရသည္ဟုခံစားေနရသည္။
“ဒီဟာက ေနာက္ဆုံးအႀကိမ္ျဖစ္ေစရမယ္လို႔ ငါ အာမခံပါတယ္” ဟူ၍သူ႔ႏႈတ္မွ လႊတ္ခနဲထြက္သြား ခဲ့သည္။
“ငါ တကယ္ကို ကတိေပးပါတယ္”
လူအုပ္ႀကီးမွာ သူတို႔၏ေဒါသအခ်ိဳ႕ကို ဖြင့္ခ် ၿပီးေနာက္တြင္ ပိုင္ေရွာင္ခ်န္းက ဆက္လက္၍ ေျဖရွင္းခ်က္မ်ားေပးခဲ့ကာ ေနာက္ဆုံးတြင္ လူမ်ားက ထြက္ခြာသြားၾကေတာ့သည္။
သက္ျပင္းခ်လိုက္ကာ ပိုင္ေရွာင္ခ်န္းသည္ အင္ေမာ္တယ္ဂူအတြင္းမွၿပိဳက်ထားေသာ ေက်ာက္တုံးမ်ားအား ရွင္းလင္းလိုက္ၿပီးေနာက္ သူ၏ေဆးေဖာ္စပ္သည့္ အလုပ္ခန္းသို႔ျပန္လာေလ သည္။ သူသည္ထိုေနရာတြင္ထိုင္၍ အရာ အားလုံးကိုေတြးေတာႀကံဆေနေလသည္။
ေနာက္ဆုံးတြင္ အံႀကိတ္လိုက္ကာ ေနာက္ထပ္ ေဆးေပါင္းဖိုတစ္ခုကို ညင္သာစြာထုတ္ယူလိုက္ သည္။ ေနာက္ဆုံးအႀကိမ္က ျပဳလုပ္ထားေသာ စိစစ္ခ်က္မ်ားအေပၚတြင္ အေျခခံၿပီး သူကေဆးကို ေနာက္တစ္ႀကိမ္ ေဖာ္စပ္ေလသည္။
ယခုတစ္ႀကိမ္တြင္ သူက အျပန္အလွည္ႀကီးမားလာျခင္းႏွင့္ ဖိႏွိပ္ျခင္းတို႔အေပၚတြင္ႀကီးစြာအာ႐ုံစိုကထားသည္။ ရက္အနည္းငယ္ၾကာၿပီးေနာက္
ေမႊးပ်ံ႕ေသာရနံ႔သည္ ေလတြင္ပ်ံ႕ႏွံ႔လာရာ ပိုင္ေရွာင္ခ်န္း၏ မ်က္လုံးမ်ားမွာ စိတ္လႈပ္ရွားမႈေၾကာင့္မ်က္ရည္မ်ားႏွင့္ျပည့္ႏွက္လာရသည္။
ေနာက္ဆုံးတြင္ သူသည္ေဆးေပါင္းဖိုေပါက္ကြဲျခင္း ျပႆနာကို ေျဖရွင္းႏိုင္သြားသျဖင့္ စိတ္ထြက္ေပါက္ ရသြားကာ ေပ်ာ္႐ႊင္သြားေလသည္။ ထို႔အျပင္ သူသည္ အျပန္အလွည္ႀကီးမားလာျခင္းႏွင့္ဖိႏွိပ္ျခင္း တို႔ေၾကာင့္ ေတြ႕ရွိႏိုင္ေသာ ေျပာင္းလဲျခင္း သေဘာတရားမ်ား အေပၚတြင္ နက္နဲစြာနားလည္ သြားေတာ့သည္။
" ငါ အဆင့္သုံး စိတ္စြမ္းအင္ေဆးေတြမွာ ဆရာတစ္ဆူျဖစ္ခါနီးေနၿပီ။ " စိတ္အားထက္သန္စြာျဖင့္ သူသည္ေနာက္ရက္မ်ားတြင္လည္း ေဆးေဖာ္စပ္ျခင္းတြင္ အျပည့္အဝအာ႐ုံစိုက္ထားေလသည္။
ေမႊးရနံ႔တိမ္ေတာင္ ဂိုဏ္းသားမ်ားသည္ ေနာက္ထပ္ ေဆးေပါင္းဖိုေပါက္ကြဲမႈမရွိေတာ့သည္ ကို ျဖည္းျဖည္းျခင္း သိလာၾကသည္။ သူတို႔သည္ စိတ္သက္သာရာ ရသြားသျဖင့္ သက္ျပင္း ခ်ႏိုင္သြားေတာ့သည္။
ေန႔ရက္မ်ား ကုန္လြန္လာသည္ ႏွင့္အမွ် ေတာင္သည္ျဖည္းျဖည္းခ်င္း ပုံမွန္ျပန္ျဖစ္ သြားေလသည္။
ပိုင္ေရွာင္ခ်န္းသည္ ေဆးေပါင္းဖိုေပါက္ကြဲသည့္ ျပႆနာကို ေျဖရွင္းႏိုင္သြားေသာ္လည္း အဆင့္၃ စိတ္စြမ္းအင္ေဆးႏွင့္ ပတ္သက္၍ သူ၏ေအာင္ျမင္မႈႏႈန္းမွာ
အေတာ္ပင္ နိမ့္က်ေနေသးကိုေတြ႕လာရသည္။
ထို႔ျပင္ ထူးဆန္းေသာေဆးလုံးအနည္းငယ္သည္လည္း ထြက္လာေနဆဲျဖစ္သည္။
ထိုကဲ့သို႔ ထူးဆန္းသာေဆးလုံးမ်ား ေဆးေပါင္းဖိုထံမွထြက္လာခ်ိန္တြင္ သူ႔အေနျဖင့္ သံသယဝင္လာရသည္။ ေဆးလုံးမ်ားတြင္ ထူးဆန္းေသာ လ်ိဳ႕ဝွက္ခ်က္မ်ားပါရွိေနသည္ကို သူအေသအခ်ာ သိေသာ္လည္းသူ၏ ကာမအားတိုးေဆးကဲ့သို႔ အံ့ဩဖြယ္ေကာင္းသလား ဆိုသည္ကို ေျပာရန္ခက္ခဲလွသည္။
“သူတို႔ဘယ္လို အက်ိဳးသက္ေရာက္မႈေတြရွိလဲ ဆိုတာကို ငါစမ္းသပ္ဖို႔လိုတယ္”
ဟူ၍သူ႔ကိုယ္သူ ေရ႐ြတ္လိုက္သည္။ သူ၏ အင္ေမာ္တယ္ဂူအတြင္းမွ ထြက္လာလ်က္ ေစ်းဆီသို႔
ဆင္းသြားကာ ေရာက္တတ္ရာရာ တိရစာၦန္အခ်ိဳ႕ကို
ဝယ္ယူခဲ့ေလ၏။ သူသည္ ဂိုဏ္းမွ တိရစာၦန္အခ်ိဳ႕ကို ရရန္အတြက္ စြမ္းေဆာင္မႈ ရမွတ္ မ်ားကိုပင္ အသုံးျပဳခဲ့ေလသည္။
အင္ေမာ္တယ္ဂူသို႔ျပန္လာကာ ဘဝတြင္
ဒုတိယအႀကိမ္အေနျဖင့္ တိရစာၦန္စမ္းသပ္ျခင္းအား လုပ္ေဆာင္ရန္ျပင္ဆင္ေလသည္။ သူသည္ အခ်က္အလက္မ်ားအား မွတ္တမ္းတင္ရန္အတြက္ ေက်ာက္စိမ္းေပလႊာအလြတ္ တစ္ခုကိုပါ ျပင္ဆင္ခဲ့သည္။
ႀကိဳတင္ျပင္ဆင္မႈအားလုံး ျပည့္စုံသြားခ်ိန္တြင္ သက္ျပင္းရႈိက္လိုက္ကာ ယုန္တစ္ေကာင္ကိုထုတ္ယူ
လိုက္ၿပီးေနာက္ သူစုေဆာင္းထားေသာ ထူးဆန္းသည့္ ေဆးလုံးမ်ားထဲမွ အနက္ေရာင္ေဆးလုံးအား ေ႐ြးထုတ္လိုက္ေလသည္။
ယုန္သည္ ေဆးလုံးအား အနံ႔ခံၾကည့္လိုက္ကာ အေလာတႀကီးၿမိဳခ်လိုက္သည္။ တစ္ခဏမွ် ၾကာၿပီးေနာက္ ယုန္သည္ စတင္တုန္ရီလာေလ၏။ထို႔ေနာက္တြင္ ေျခေထာက္ေလးမ်ားက ႀကဳံ႕သြား လ်က္ ပစ္က်သြားကာ ေျမေပၚတြင္မလႈပ္မယွက္ လဲေလ်ာင္းေနသည္။
“ေသသြားၿပီလား” ပိုင္ေရွာင္ခ်န္းကေတြးလိုက္ကာ
မ်က္လုံးျပဴးသြားရသည္။ အနီးကပ္ၾကည့္လိုက္ၿပီး
ေနာက္တြင္ ယုန္သည္ မေသေသးဘဲ စြမ္းအားျပည့္ဝ ေသာေဆးလုံးမွ စိတ္စြမ္းအင္မ်ား စီးဝင္မႈေၾကာင့္ သတိလစ္ သြားသည္ကို သိလိုက္ရေသာအခါတြင္မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။ နာရီအနည္းငယ္ၾကာၿပီး
ေနာက္တြင္ ယုန္ေလးကျပန္လည္ႏိုးထလာသည္။ျပန္ထလာခ်ိန္တြင္ ယုန္သည္ လူတစ္ေယာက္ပမာ ေျခေထာက္၂ေခ်ာင္းႏွင့္ မတ္တပ္ရပ္လ်က္
ပိုင္ေရွာင္ခ်န္းအား စူးစိုက္စြာေငးၾကည့္ေနေလသည္။
“ အီး ” ပိုင္ေရွာင္ခ်န္းက ေျပာလိုက္သည္။ တစ္ခဏ
မွ်ၾကာၿပီးေနာက္တြင္ ယုန္သည္ထိုကဲ့သို႔တစ္သံတည္း
ထြက္လာရာ ပိုင္ေရွာင္ခ်န္းအား အံ့ဩထိတ္လန္႔ သြားေစခဲ့သည္။
"မင္းက စကားေျပာႏိုင္တာလား"
အံ့ဩထိတ္လန္႔ပုံေပၚလ်က္ ယုန္ကေျပာလိုက္ သည္။ “မင္းက စကားေျပာႏိုင္တာလား”
ခ်က္ခ်င္းပင္ပိုင္ေရွာင္ခ်န္းသည္ အလြန္အမင္း စိတ္လႈပ္ရွားသြားရကာ ယုန္အား စစ္ေဆးၾကည့္ရန္ လွည့္ပတ္ၾကည့္ရႈလိုက္သည္။အျပန္အလွန္အားျဖင့္ ယုန္သည္လည္း စိတ္လႈပ္ရွားလာကာ ပိုင္ေရွာင္ခ်န္းအား လွည့္ပတ္ၾကည့္ရႈေလသည္။ ယခုအခ်ိန္တြင္ ထူးဆန္းေသာျမင္ကြင္းသည္ အင္ေမာ္တယ္ဂူအတြင္း ျဖစ္ေပၚလ်က္ရွိသည္။
ေနာက္ဆုံးတြင္ ပိုင္ေရွာင္ခ်န္းသည္ အူလႈိက္သဲ
လႈိက္ရီေမာ လိုက္ေလ၏။
“ဟား ဟား ဟား၊ဒီေဆးလုံးက မယုံႏိုင္စရာပဲ။ငါ
ပိုင္ေရွာင္ခ်န္းက အင္မတန္ေတာ္တာပဲ။ဒီယုန္က
တကယ္ပဲ စကားေျပာႏိုင္တယ္ကြ ”
ယုန္ကလည္း အူလႈိက္သဲလႈိက္ရီေမာလိုက္ကာ သူေျပာသည့္အတိုင္း တသေဝမတိမ္း လိုက္ေျပာေလ ၏။ သေရာ္က်ီစယ္လိုေသာ အၾကည့္သည္ သူ႔မ်က္
ႏွာတြင္ေပၚလာလ်က္ ပိုင္ေရွာင္ခ်န္းသည္ ေဘးအခန္း
၏တံခါးအားဖြင့္လိုက္ကာ ယုန္အားတြန္းပို႔လိုက္ သည္။
“ဘာေနေန မင္းက ဥာဏ္မေကာင္းဘူးဆိုတာ သိသာတယ္။ ေရွ႕ေလွ်ာက္ မင္းရဲ႕ က်င့္ႀကံျခင္းအဆင့္ကို နည္းနည္းပါးပါး တိုးတက္ေအာင္ လုပ္ႏိုင္ခဲ့မယ္ဆိုရင္ ျပန္လာၿပီး ငါ့ကိုေက်းဇူးတင္ဖို႔မေမ့နဲ႔။ အခုငါမင္းကို
ဒီမွာထားခဲ့မယ္။ေနာက္ရက္နည္းနည္းၾကာရင္ေတာ့
ဂိုဏ္းရဲ႕အျပင္ကိုလႊတ္ေပးမယ္”
ယုန္ကို တျခားအခန္းတြင္ထားခဲ့ၿပီးေနာက္
ပိုင္ေရွာင္ခ်န္းသည္ စမ္းသပ္ျခင္းကို ဆက္လက္လုပ္ေဆာင္ေနရာ ယုန္ကို ဂ႐ုမျပဳမိေတာ့ေပ။ ေနာက္ထပ္အလုပ္တစ္ခုမွာ သူေ႐ြးခ်ယ္ထား ေသာအဝါေရာင္ေဆးလုံးႏွင့္ေမ်ာက္တစ္ေကာင္အား စမ္းသပ္ရန္ျဖစ္သည္။ အစပိုင္းတြင္ ေမ်ာက္သည္ ေဆးလုံးအား မျမင္ဟန္ေဆာင္ေသာ္လည္း ေနာက္ဆုံးတြင္ စိတ္ဝင္စားလာကာ ဆတ္ခနဲ ေကာက္ယူလိုက္သည္။ အနံ႔ခံလိုက္ၿပီးေနာက္ ေဆးလုံးအခ်ိဳ႕ကို ေဖာက္ခနဲျမည္သြားေအာင္ေခ်မြလိုက္ကာ ေဆးလုံးအပိုင္းအစမ်ားကိုပါးစပ္ထဲသို႔ ထည့္လ်က္ၿမိဳခ်လိုက္ေလသည္။
ထို႔ေနာက္တြင္ မည္သည့္ေနရာမွ ထြက္လာသည္ ကိုမသိရေသာ လ်င္ျမန္စြာအေရာင္လြင့္ပ်ယ္သြားသည့္ ထူးဆန္းေသာ ေလမ်ား လြင့္ပ်ံ႕လာသည္မွလြဲ၍ မည္သည့္ ထူးျခားမႈမွ ျဖစ္မလာခဲ့ေပ။ ပိုင္ေရွာင္ခ်န္းသည္ ေငးငိုင္ေသာမ်က္ႏွာအမူအရာျဖင့္ ထိုေနရာတြင္ ထိုင္ေနသည့္ ေမ်ာက္အား စူးစမ္းခ်င္စိတ္ျပင္းျပစြာ ျဖင့္ ၾကည့္လိုက္သည္။ တစ္စုံတစ္ခုမွ မျဖစ္ေပၚလာ သည္မွာေသခ်ာသြားေသာအခါမွ ပိုင္ေရွာင္ခ်န္းသည္ သက္ျပင္းခ်လိုက္ကာ ေမ်ာက္အား ယုန္ႏွင့္ တစ္ခန္းထဲ ထားလိုက္ေလ၏။
ရက္အနည္းငယ္ၾကာၿပီးေနာက္တြင္ သူ၏စမ္းသပ္ မႈမ်ားထဲမွတစ္ခုမွာ ယုန္အုပ္စုျဖစ္သည္။ေဆးလုံး မ်ားအား စားၿပီးေနာက္တြင္ ယုန္မ်ား၏မ်က္လုံးမ်ားသည္ အနီေရာင္ေျပာင္းသြားၿပီး စတင္အူၾကလ်က္ ပိုင္ေရွာင္ခ်န္း၏ေျခေထာက္မ်ားအား ကိုက္ဝါးရန္ ခုန္လာၾကသည္။
သူတုန္လႈပ္သြားခဲ့ကာ သူ၏မွတ္တမ္းတြင္ မွတ္သားထားလိုက္ၿပီးေနာက္ ယုန္မ်ားအား ေဘးအခန္းသို႔ပစ္သြင္းလိုက္ရသည္။ ေဘး အခန္းအတြင္းတြင္ ယုန္မ်ားသည္ ေသြးထြက္ေအာင္မဟုတ္ေသာ္လည္း အခ်င္းခ်င္းကိုက္ၾကေလ၏။
ထိုအခန္းတြင္ ဘဲ ၃၊၄ေကာင္လည္း ရွိသည္။ ထူးဆန္းေသာေဆးလုံးမ်ားအား ဝါးၿမိဳၿပီး
ေနာက္တြင္ တုန္ရီလာၾကကာ သူတို႔၏အေတာင္ မ်ားသည္ ႐ုတ္တရက္ ႀကီးလာလ်က္ အင္ေမာ္တယ္
ဂူအတြင္းတြင္ ေက်ာ့ရွင္းစြာ လွည့္လည္ပ်ံသန္းၾကေလ၏။ ပိုင္ေရွာင္ခ်န္းသည္ တုန္လႈပ္စြာေငးၾကည့္ေနမိကာတခ်ိန္တည္းမွာပင္ သူ၏ထူးဆန္းေသာ ေဆးလုံးမ်ားႏွင့္ ပတ္သက္သည့္ စိတ္လႈပ္ရွားမႈသည္ ပို၍ပင္ ႀကီးမားလာခဲ့ေလသည္။
အခ်ိန္မ်ား ကုန္လြန္လာခဲ့၏။ ေနာက္လဝက္ အတြင္းတြင္ ပိုင္ေရွာင္ခ်န္းသည္ သူ၏ထူးဆန္းေသာ
ေဆးလုံးမ်ားႏွင့္ စမ္းသပ္မႈမ်ားျပဳလုပ္လ်က္ အားလုံးကိုအေသးစိတ္မွတ္တမ္းတင္ထားခဲ့သည္။
တစ္ခါတရံတြင္ သူ၏ ရယ္သံက်ယ္ႀကီးသည္ အင္ေမာ္တယ္ဂူအတြင္းမွ လြင့္ပ်ံ႕လာတတ္သည္။
ရက္အနည္းငယ္ၾကာၿပီးေနာက္တြင္ သူသည္သာမန္
ၾကက္ေလးမ်ားကို ေဆးလုံးအခ်ိဳ႕ ေကြၽးလိုက္ခ်ိန္၌ သူတို႔သည္ ဆင္အ႐ြယ္ပမာဏတမွ် လ်င္ျမန္စြာႀကီးထြားလာၾကသည္။ ပိုင္ေရွာင္ခ်န္း၏ တာအိုေဆးပညာႏွင့္ ပတ္သက္၍ နားလည္သေဘာေပါက္မႈသည္ပို၍ နက္နဲလာခဲ့ေတာ့သည္။ စိတ္လႈပ္ရွားမႈတို႔ျဖင့္ တုန္ခါေန
ကာ သူ၏စမ္းသပ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ ေလ၏။
တျဖည္းျဖည္းျဖင့္ တိရစာၦန္စမ္းသပ္မႈမ်ားအတြက္ သီးသန္႔ထားေသာ ေဘးအခန္းမ်ားတြင္ ထူးဆန္းေသာ သားရဲအမ်ိဳးမ်ိဳး ရွိေနေတာ့သည္။ ထိုအခန္းတြင္ ကိုယ္တစ္ခုလုံးမ်က္လုံးမ်ားျဖင့္ ျပည့္ေနေသာဖားျပဳပ္အုပ္စုရွိေလသည္။ ထိုမ်က္လုံးမ်ား သည္ ဖားျပဳပ္မ်ားေအာ္လိုက္ခ်ိန္တိုင္းတြင္ မ်က္ေတာင္ ခတ္ေလသည္။
အခန္းအတြင္းတြင္ ပိုင္ေရွာင္ခ်န္းသည္ လက္တစ္ ဆုပ္စာ ဝိညာဥ္ေက်ာက္တုံးမ်ားျဖင့္ဝယ္ခဲ့ရေသာ က်ား တစ္ေကာင္လည္း ရွိေလသည္။ သူ၏ေဆးလုံးတစ္လုံး အား ဝါးစားၿပီးေနာက္တြင္ ေနာက္ထပ္ဦးေခါင္း၈လုံး ထြက္လာကာ ေခါင္းစုစုေပါင္း၉လုံးျဖစ္သြားေလသည္။ သူ၏ေခါင္းမ်ားအားလုံးႏွင့္ ဟိန္းေဟာက္ခ်ိန္တြင္ အသံ သည္ လြန္စြာ အံ့ၾသဖြယ္ေကာင္းလွသည္။
ထိုေနရာတြင္ သာမန္ ခိုအုပ္စုလည္းရွိေနကာ သူတို႔ပ်ံသန္းရာတြင္ သူတို႔ကိုယ္သူတို႔ အၿမဲ သက္သာရာရေစသည္မွလြဲ၍ အျခားေျပာင္းလဲမႈမႀကဳံ ေတြ႕ရေပ။
အခ်ိန္သည္ ကုန္လြန္သြားခဲ့သကဲ့သို႔ စမ္းသပ္မႈမ်ား သည္လည္းဆက္လက္လုပ္ေဆာင္ခဲ့ကာ ထူးဆန္းေသာ ေဆလုံးမ်ား၏ ကို႔႐ို႕ကားယားႏွင့္အံ့မခန္း ရလာဒ္မ်ား သည္ပို၍ထင္ရွားလာခဲ့သည္။ ထူးဆန္းေသာေဆးလုံး မ်ားအား စားၿပီးေနာက္တြင္ အဆက္မျပတ္ လႈပ္ရွားေနေသာေမ်ာက္အုပ္စု ရွိသည္။
မိုးခ်ဳန္းသံတမွ်က်ယ္ေလာင္လွေသာအသံျဖင့္ ႀကိဳ႕ထိုးေနေသာ ေၾကာင္အုပ္လည္းရွိသည္။ ပိုင္ေရွာင္ခ်န္းသည္ ေၾကာက္႐ြံ႕စိတ္မ်ား ျဖစ္ေပၚလာေသာ္လည္း ထိုကဲ့သို႔ ထူးဆန္းေသာေဆးလုံးမ်ားအားလုံးကို မည္ကဲ့သို႔ေဖာ္စပ္ခဲ့သည္ကိုအံ့ၾသ႐ုံမွအပ မတတ္ႏုိင္ေတာ့ေခ်။ အႀကီးက်ယ္ဆုံး အေျခအေနမွာ ငန္းအုပ္စုျဖစ္ သည္။ ေဆးလုံးမ်ားအား စားၿပီးေနာက္တြင္ သူတို႔၏ မ်က္လုံးမ်ားသည္ စင္ၾကယ္ေသာအျဖဴေရာင္သို႔ ေျပာင္းလဲသြားေလ၏။ သူတို႔သည္ ခ်ဴခ်ာပုံေပါက္ေန ေသာ္လည္း အလြန္သစၥာ ရွိေသာပုံစံေျပာင္းသြားခဲ့ ကာ ပိုင္ေရွာင္ခ်န္း၏ဂူအား ေစာင့္ၾကပ္ၾကေလသည္။
အဆုံးတြင္ သူသည္ ေရပူစမ္းထဲမွငါးမ်ားအား ေဆးလုံးအခ်ိဳ႕ေကြၽးလိုက္သည္။ ငါးမ်ားသည္ ခ်က္ခ်င္း ပင္ ႐ူးသြပ္သြားၾကကာ ေရထဲမွထြက္ရန္ အခ်င္းခ်င္း ႐ုန္းကန္ၾကေလသည္။ ဤတြင္သူတို႔၏ကိုယ္မွ ေျခေထာက္မ်ားထြက္လာကာ အင္ေမာ္တယ္ဂူပတ္လည္ လမ္းေလွ်ာက္ၾကေတာ့သည္။
ငါးမ်ားအား စမ္းသပ္ၿပီးေနာက္တြင္သူသည္ ေနာက္ေဘးအခန္းတစ္ခုထဲသို႔ ပစ္ထားလိုက္သည္။ ဤအခ်က္အရ ေဘးဘက္အခန္းမ်ားတြင္ ျပည့္ႏွက္ေနၿပီျဖစ္ကာ သူ၏ အင္ေမာ္တယ္ဂူတစ္ခုလုံးသည္ ကို႔႐ို႕ကားယားႏိုင္ေသာ အိမ္ေမြးတိရစာၦန္ ျပပြဲ အျဖစ္သို႔ေျပာင္းလဲသြားေတာ့ သည္။
ထိုေနရာတြင္ သူ၏ေမးေစ့ကို လက္ေထာက္လ်က္ အေတြးတြင္နစ္ေမ်ာေနဟန္ရွိသည့္ ေနရာတက်ထိုင္ေနေသာေမ်ာက္တစ္ေကာင္ရွိသည္။ တစ္ခ်က္တစ္ခ်က္ တြင္ ထထလႈပ္ရွားေသာေမ်ာက္အုပ္စုလည္းရွိသည္။ မ်က္လုံးနီႏွင့္ ယုန္မ်ားသည္ ဆင္အ႐ြယ္ခန္႔ရွိေသာ ၾကက္မ်ားႏွင့္ ေဆာ့ကစားလ်က္ရွိၾကသည္။
အျခား ဘက္တြင္ ဖားျပဳတ္မ်ားသည္ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္ကာ ဆူညံစြာ ေအာ္ဟစ္ေနၾကသည္။ ေနာက္ဆုံးတြင္ ဟန္ပန္အမ်ိဳးမ်ိဳးကိုေလ့က်င့္ေန ေသာ ယုန္လည္းရွိေလ၏။ တစ္ခါတရံတြင္
“ အီး…မင္းက စကားေျပာႏိုင္တာလား။ ဟား ဟား ဟား.. ဒီေဆးလုံးကမယုံႏိုင္စရာပဲ။ ငါ ပိုင္ေရွာင္ခ်န္းက အင္မတန္ေတာ္တာပဲ။ ဒီယုန္က တကယ္ ပဲစကားေျပာႏိုင္တယ္။ ” ဟူ၍ေျပာသည္။ထိုယုန္သည္ ထိုစကားစု၃ခုကိုသာ႐ြတ္ႏိုင္ေလသည္။
ေလထဲတြင္ ဘဲမ်ားသည္က်က္သေရရွိစြာ ပ်ံသန္း လ်က္ရွိသည္။ ခိုမ်ားသည္လည္း ေတာင္ပံ တျဖတ္ ျဖတ္ခါလ်က္ရွိကာ မစင္မ်ားကိုပါခ်င္တိုင္းပါလ်က္ ရွိသည္။ ေခါင္း၉လုံးက်ားသည္ မစင္မ်ား ဖုံးလႊမ္းလ်က္ရွိကာအဆက္မျပတ္ ဟိန္းေနေလသည္။ အျခားဘက္ တြင္ ေျခေထာက္ႏွင့္ငါးမ်ားသည္ ႀကိဳ႕ထိုးေနေသာ ေၾကာင္မ်ားႏွင့္အဆက္မျပတ္ေျပးလႊားလ်က္ရွိသည္။
တံခါးနားတြင္ ရွိေနသည္မွာ တစ္စုံတစ္ခုကို ေစာင့္ေရွာက္ေနသည့္အလား အရာအားလုံးကို ေအးစက္စြာ ၾကည့္ေနေသာ ဘဲငန္းႀကီးမ်ား ျဖစ္သည္။
ပိုင္ေရွာင္ခ်န္းသည္ အရာအားလုံးကို လွည့္ပတ္ၾကည့္ရႈေနရင္းမွ သူ၏ ထူးဆန္းေသာ ေဆးလုံးအနည္းငယ္ကိုသာ စမ္းသပ္ရေသးသည္ကို ေတြးေနမိသည္။ ကံမေကာင္းစြာျဖင့္ပင္ စမ္းသပ္ရန္ တိရစာၦန္မရွိေတာ့ေပ။
" တာအိုေဆးပညာက တကယ့္ကို အံ့ဩဖို႔ေကာင္းတယ္ " သူက ေရ႐ြတ္လိုက္သည္။ ထို႔ေနာက္ သူ၏ ထူးဆန္းေဆးလုံးအားလုံးကို ေသခ်ာေပါက္ စမ္းသပ္ရမည္ဟု ဆုံးျဖတ္လိုက္သည္။ ထို႔ေၾကာင့္ သူသည္ အင္ေမာ္တယ္ဂူထဲမွ ထြက္ကာ လက္ေတြ႕စမ္းသပ္ရန္ ေနာက္ထပ္ တိရစာၦန္မ်ား သြားေရာက္ ဝယ္ယူေတာ့သည္။
သို႔ေသာ္ သူသြားလွ်င္သြားခ်င္းပင္ သူ၏ ဒုတိယ စမ္းသပ္ခ်က္ျဖစ္ေသာ စဥ္းစားဥာဏ္ရွိသည့္ ေမ်ာက္မွာ ေငးငိုင္ေနရာမွ ႐ုတ္တရက္ အေျမာ္အျမင္ရွိဟန္ျဖင့္ ေမာ့ၾကည့္လိုက္ေလသည္။ ထို႔ေနာက္ သူ၏ အၾကည့္မွာ ေဘးအခန္းတံခါးဆီသို႔ ေရာက္သြားကာ မ်က္လုံးမ်ားမွာလည္း လူတစ္ေယာက္ကဲ့သို႔ အသိဥာဏ္ရွိသည့္ ပုံစံမ်ိဳးေပါက္ေနေလသည္။ ႐ုတ္တရက္ ထိုေမ်ာက္သည္ လႈပ္ရွားလာကာ တံခါးကို ဖြင့္ရန္ ေျပးသြားေလေတာ့သည္။
ထို႔ေနာက္တြင္ အင္ေမာ္တယ္ဂူ၏ ပင္မတံခါးေပါက္သည္ ေဟာင္းေလာင္းပြင့္သြားေတာ့သည္။
စဥ္းစားဥာဏ္ရွိသည့္ ေမ်ာက္သည္ ပြင့္ေနေသာ တံခါးမွတစ္ဆင့္ ခုန္ထြက္လိုက္ခ်ိန္တြင္ အျပင္ဘက္၌ ေနေရာင္ေတာက္ပလ်က္ရွိသည္။ အျခားတိရစာၦန္မ်ားသည္ လန္႔ဖ်ပ္ကာ ေငးၾကည့္ေနရာမွ ခဏအၾကာတြင္ အားလုံးထြက္ေျပးသြားေတာ့သည္။
အမွတ္မထင္ပင္ က်ိဳးရွင္းခ်ီသည္ ထိုအခ်ိန္တြင္ သူမ၏ အင္ေမာ္တယ္ဂူအျပင္ဘက္သို႔ ထြက္၍ လမ္းေလွ်ာက္လ်က္ ရွိေနသည္။ အျပင္ဘက္ ေလထုထဲသို႔ ေက်ာ့ရွင္းစြာ ပ်ံထြက္လာေသာ တဂတ္ဂတ္ေအာ္ျမည္ေနသည့္ ဘဲတစ္အုပ္ကို ျမင္လိုက္ေသာ အခါ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။ သူမသည္ ဝိညာဥ္သတၱဝါ က်မ္း၅တြဲလုံးကို ပိုင္ႏိုင္ၿပီး ျဖစ္ေသာ္လည္း ထိုကဲ့သို႔ ပ်ံေနေသာ ဘဲမ်ားကို မေတြ႕ ဖူးေသးေပ။
" အဲ့တာ ဘာေကာင္ေတြလဲ။ " ဟု သူမက ေရ႐ြတ္လိုက္သည္။ ေနာက္ထပ္ အံ့ဩဖြယ္ေကာင္းစြာ ေတြ႕လိုက္ရသည္မွာ ဆင္အ႐ြယ္အစားရွိသည့္ ေျပးထြက္လာေနေသာ ၾကက္မ်ားပင္ ျဖစ္သည္။ ၾကက္မ်ားထဲမွ တစ္ေကာင္၏ ထိပ္တြင္ လိုက္ပါလာသည္မွာ ယုန္တစ္ေကာင္ ျဖစ္သည္။
" အီး…. မင္းက စကားေျပာႏိုင္တာလား။ ဟား ဟား ဟား၊ဒီေဆးလုံးက မယုံႏိုင္စရာပဲ။ငါ ပိုင္ေရွာင္ခ်န္းက အင္မတန္ေတာ္တာပဲ။ဒီယုန္က တကယ္ပဲ စကားေျပာႏိုင္တယ္ ”
က်ိဳးရွင္းခ်ီမွာ ေနရာတြင္ပင္ အံ့ဩလွသျဖင့္ မ်က္ေတာင္ တဖ်ပ္ဖ်ပ္ခတ္ကာ ေသြးေလေခ်ာက္ျခားေနျခင္းမ်ားလားဟုပင္ ေတြးေနမိသည္။