((Zawgyi))
အပိုင္း ၃၉
မီးဖိုေဆာင္ဆိုတာ အျမဲထာ၀ရ ေဂးအခ်စ္ေတြနဲ႔
ေရာင္၀ါေတြ ျဖာေနတဲ့ ေနရာပဲ....
ေနာက္တစ္ေန႔မွာေတာ့ က်န္းလင္ရိက အလုပ္ကိစၥနဲ႔ ခရီးထြက္သြားခဲ့တယ္. ၀မ္ကြမ္းနင္ကေတာ့ ျပည္တြင္းေရာင္း၀ယ္သူေတြနဲ႔ အစည္းအေ၀းတစ္ခုလုပ္ခဲ့တယ္
ဖူမာအိုခါအိစိဟာ ျပည္မႀကီးရဲ႕ ေစ်းကြက္ထဲကို ၀င္ေရာက္လာတာမၾကာေသးတာေၾကာင့္ ျပည္တြင္းေရာင္း၀ယ္သူေတြကို ကိုင္တြယ္တဲ့အဖြဲ႔ဟာ အေတြ႔အၾကံဳမ်ားမ်ားမ႐ွိၾကဘူး. အဲ့ဒီမွာ ၀မ္ကြမ္းနင္ရဲ႕ အလြန္အေရးပါတဲ့ အခန္းက႑က ျဖန္႔ေ၀ေရးဆိုင္ရာ ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို အမွားအယြင္းမ႐ွိၿပီးျပည့္စံုေအာင္ ျပဳလုပ္ေပးရတာပဲျဖစ္တယ္.
ဒါေပမယ့္ အေတြ႔အၾကံဳ႐ွိတဲ့ ၀ါရင့္ေရာင္း၀ယ္ေဖာက္ကားသူေတြဟာ သူတို႔ကိုယ္ပိုင္ ပူးေပါင္းေဆာင္ရြက္ေနက် ပံုေသ စီးပြားေရးပါတနာေတြ ႐ွိေနၾကၿပီးသားျဖစ္တယ္. ဒါ့အျပင္ အဲ့ဒီ ပါတနာေတြအားလံုးက ဟြိဳက္ဒီႏိုင္ငံတကာလိုမ်ိဳး ႏိုင္ငံတကာနဲ႔ဆက္သြယ္လုပ္ကိုင္ေနတဲ့ ၾကကီးမားတဲ့ ေကာ္ပိုေရး႐ွင္းအဖြဲ႔အစည္းေတြ ျဖစ္ၾကတယ္. သူတို႔ေတြနဲ႔ ဆက္သြယ္ဖို႔က်ျပန္ေတာ့ က်သင့္မယ့္ ကုန္က်စရိတ္က အရမ္းကိုျမင့္မားေနတယ္. ဒါဟာ ျပည္မႀကီးေစ်းကြက္ထဲကို ခုမွ စတင္ေျခကုတ္ယူခါစ မတည္ၿငိမ္ေသးတဲ့ ဖူမာအိုခါအိစိ ၿမိဳ႕ေတာ္ G ႒ာနခြဲအတြက္ေတာ့ အျမတ္အစြန္းနည္းၿပီး အက်ိဳးမ႐ွိလွဘူး.
တကယ္လို႔ သူတို႔ဟာ ေရာင္း၀ယ္သူေတြနဲ႔ အတူတူတြဲလုပ္ဖို႔ အဖြဲ႔အစည္းအသစ္တစ္ခု စတင္ၿပိဳးေထာင္မယ္ဆိုရင္လည္း အဲ့ဒါက အခ်ိန္ေတာ္ေတာ္ယူရဦးမွာ ျဖစ္တယ္. အဲ့ဒီလိုသာ လုပ္ခဲ့မယ္ဆိုရင္လည္း ေဒသခံ၀ါရင့္ေရာင္း၀ယ္ေဖာက္ကားသူေတြအေနနဲ႔ သူတို႔ကို ဖိႏွိပ္ပစ္လိုက္ဖို႔ရာ အလြန္႔အင္မတန္ လြယ္ကူသြားလိမ့္မယ္. ဒါေၾကာင့္ စြန္႔စားအားထုတ္ရမွာေတြက အေတာ္ေလးမ်ားျပားျမင့္မားေနတယ္
၀မ္ကြမ္းနင္ဟာ ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး ေစ်းကြက္စီးပြားေရးဆိုင္ရာ တစ္ဖြဲ႔လံုးနဲ႔ ရက္အေတာ္ၾကာေအာင္ ေဆြးေႏြးခဲ့တယ္. သူတို႔ဟာ ေနာက္ဆံုးမွာ ေဒသခံ၀ါရင့္ နာမည္ရၿပီးသား ေရာင္း၀ယ္သူ အဖြဲ႔ ႏွစ္ခုထဲက တစ္ခုကိုေရြးခ်ယ္ၿပီး သူတို႔နဲ႔ ပံုေသတြဲဖက္လုပ္ကိုင္ စီစဥ္ရန္ ဆံုးျဖတ္ခ်က္ခ်လိုက္တယ္. ၀မ္ကြမ္းနင္ဟာ ပထမတန္းစား အထူးအခြင့္အေရး႐ွိတဲ့ ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ထိုသူေတြနဲ႔ အဆင္ေျပသင့္ေတာ္မယ့္ သေဘာတူညီခ်က္ေတြကို ေစ့စပ္ညႇိႏႈိင္းႏိုင္တယ္. တစ္ခ်ိန္တည္းမွာပဲ ၀မ္ကြမ္းနင္က တက္သစ္စေရာင္း၀ယ္သူတစ္ခ်ိဳနဲ႔လည္း အဆက္အသြယ္႐ွိေနမွာျဖစ္ၿပီး ထိုသူေတြနဲ႔အတူ ဒုတိယတန္းစား ေျပာေရးဆိုခြင့္႐ွိတဲ့ အဖြဲ႔တစ္ဖြဲ႔ကို တည္ေထာင္ထားမွာ ျဖစ္တယ္. ထိုဒုတိယတန္းစား ေျပာေရးဆိုခြင့္႐ွိတဲ့အဖြဲ႔အစည္းက ရင့္က်က္ရပ္တည္ႏိုင္လာၿပီဆိုရင္ ပထမတန္းစား ေရာင္း၀ယ္သူေတြနဲ႔ အခြင့္အလမ္းအေျခအေနေတြကို ေဆြးေႏြးလာႏိုင္မွာျဖစ္တယ္
ထိုေဒသခံ ထိပ္တန္းေရာင္း၀ယ္သူႏွစ္ဦးထဲမွ တစ္ဦးကေတာ့ ဟြိဳက္ဒီႏုိင္ငံတကာနဲ႔ ေရ႐ွည္ပူးေပါင္းေဆာင္ရြက္ေနတာျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ေဟာင္ေကာင္တိုက္႐ိုက္စာပို႔ဆက္သြယ္ေရး ေကာ္ပိုေရး႐ွင္းအဖြဲ႔နဲ႔ အလုပ္လုပ္ကိုင္ေနတာျဖစ္တယ္
အေကာင္းဆံုးအေျခအေနေတြကို ရ႐ွိဖို႔ေျပာဆိုဆက္ဆံၾကရတဲ့အခါ ၀မ္ကြမ္းနင္ဟာ ဒီအဖြဲ႔အစည္းႀကီးႏွစ္ခုစလံုးက ေရာင္း၀ယ္သူေတြနဲ႔ ဆက္တိုက္ဆိုသလို လူမႈဆက္သြယ္မႈေတြ႐ွိေနတယ္.ေနခင္းဘက္ေတြမွာဆို သူဟာ အစည္းအေ၀းမထိုင္ရဘူးဆို လူမႈဆက္ဆံေရးနယ္ပယ္က ေတြ႕ဆံုမႈေတြကိုတက္ေရာက္ေနရတယ္. ညဘက္က်ျပန္ေတာ့လည္း သူဟာ အစီအစဥ္ေတြကို ေရးဆြဲရျပန္တယ္. ၀မ္ကြမ္းနင္ဟာ ေျခကုန္လက္ပန္းက်လြန္းလို႔ မဆံုးႏိုင္ေအာင္ ညီးညဴမိတဲ့အထိပဲ
ကံေကာင္းေထာက္မစြာနဲ႔ မိုးေကာင္းကင္က အမွန္တကယ္ႀကိဳးစားသူေတြကို စိတ္မပ်က္ေစခဲ့ဘူး. ဒုကၡသုတ္ခေတြအားလံုးရဲ႕ အဆံုးမွာေတာ့ အစီအစဥ္ေတြအားလံုးရဲ႕ ေယဘုယ်ပံုၾကမ္းကို ေရးဆြဲႏိုင္ခဲ့တယ္. သို႔ေပမယ့္ ထိုေရာင္း၀ယ္ေရး အဖြဲ႔အစည္းႏွစ္ခုဟာ ႀကီးမားတဲ့ ကုမၸဏီေတြနဲ႔ ပံုေသပူးေပါင္းေဆာင္ရြက္မႈေတြ ႐ွိေနတာေၾကာင့္ သူတို႔မွာ ေစ်းႏႈန္းတန္ဖိုးေတြနဲ႔ ပတ္သတ္လို႔ အၾကပ္အတည္းေတြ ႐ွိေသးတယ္
အျခားေရြးခ်ယ္စရာမ႐ွိတဲ့ေနာက္ ၀မ္ကြမ္းနင္ဟာ ေလာင္ေခ်ာင္နဲ႔ ဗီဒီယိုအစည္းအေ၀းတစ္ခုလုပ္ကာ အဲ့ဒီအေၾကာင္းကို ေဆြးေႏြးတိုင္ပင္ၾကတယ္
သူတို႔ အစည္းအေ၀းၿပီးသြားတဲ့အခ်ိန္မွာ အခ်ိန္ဟာ ည၉နာရီေက်ာ္သြားခဲ့ၿပီ
၀မ္ကြမ္းနင္ဟာ ကုမၸဏီနားက နီးစပ္ရာ အသင့္စားစားေသာက္ဆိုင္တစ္ဆိုင္ကေန ၾကံဳရာဆံုရာစားစရာေတြ မွာယူလိုက္တယ္. သူ စားလို႔ၿပီးလို႔ အိမ္ျပန္ဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ သူဆီကို သူနဲ႔မရင္းႏွီးတဲ့ နံပါတ္တစ္ခုကေန ဖုန္း၀င္လာတယ္
"ဒီဖုန္းက မစၥတာ ၀မ္ကြမ္းနင္ရဲ႕ ဖုန္းဟုတ္ပါသလားခင္ဗ်ာ? မစၥတာ က်န္းလင္ရိ ကား accident ျဖစ္ထားလို႔ အခု ၿမိဳ႕ေတာ္ G ရဲ႕ ပထမဆံုး စည္ပင္သာယာေရးေဆးရံုမွာေရာက္ေနပါတယ္. ခင္ဗ်ားက မိသားစု၀င္လားခင္ဗ်ာ?"
"ကြၽန္ေတာ္ပါပဲ"
႐ုတ္တရတ္ဆိုသလို ၀မ္ကြမ္းနင္ရဲ႕ ႏွလံုးသားဟာ ေၾကာက္လန္႔တၾကားတုန္လႈပ္သြားတယ္.
"ကြၽန္ေတာ္ အခုပဲ လာခဲ့ပါ့မယ္"
သူဟာ စကားေျပာလို႔မၿပီးခင္မွာပဲ တကၠစီ တားၿပီးသြားၿပီ. ၀မ္ကြမ္းနင္ဟာ ကားေပၚကို ဒေရာေသာပါးနဲ႔ ၀င္ထိုင္လိုက္ၿပီးေနာက္ ယာဥ္ေမာင္းဆရာကို ေျပာလိုက္တယ္
"ျမန္ျမန္ေလး ပထမဆံုး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေဆးရံုကို ေမာင္းေပးပါ!"
၀မ္ကြမ္းနင္ဟာ အလ်င္အျမန္ပဲ ေဆးရံုကို ေရာက္လာတယ္. သူ က်န္းလင္ရိရဲ႕ ေဆးရံုခန္းကို ေမးလိုက္ကာ အဲ့ဒီကို အျမန္သုတ္ေျခတင္လာခဲ့တယ္. အဲ့ဒီ့မွာေတြ႔လိုက္ရတဲ့ ျမင္ကြင္းကေတာ့ တစ္ဖက္လူဟာ တည္ၿငိမ္စြာ ပန္းသီးအခြံႏႊာေနတာပဲ.........
၀မ္ကြမ္းနင္ : "........"
၀မ္ကြမ္းနင္ကို ျမင္လိုက္ေတာ့ က်န္းလင္ရိ ခဏေလာက္ ၾကက္ေသေသသြားတယ္. အဲ့ေနာက္ သူ တစ္မ်ိဳးတစ္ဖံုပီတိျဖစ္သြားတယ္
"မင္း ဘယ္လိုလုပ္ ဒီေရာက္လာတာလဲ?"
၀မ္ကြမ္းနင္ဟာ မ်က္ႏွာႀကီးမည္းကာ ျပန္ေျပာလိုက္တယ္
"ေဆးရံု ၀န္ထမ္းတစ္ေယာက္က ငါ့ကို ဖုန္းေခၚၿပီး ေျပာတယ္. မင္း ကား accident ျဖစ္လို႔တဲ့"
၀မ္ကြမ္းနင္ဟာ က်န္းလင္ရိ ကားaccidentျဖစ္တယ္လို႔ ေျပာတာၾကားလိုက္ရတဲ့အခ်ိန္မွာ သူႏွလံုးသားတစ္ခုလံုး ေၾကာက္ရြံတုန္လႈပ္သြားတယ္. သူက အေျခခံသေဘာတရားျဖစ္တဲ့ ေဆးရံု၀န္ထမ္းက က်န္းလင္ရိမိသားစုေတြကို ဖုန္းေခၚကမယ့္အစား ဘာလို႔ သူ႔ကိုဖုန္းေခၚခဲ့သလဲဆိုတာကိုေတာင္ မစဥ္းစားႏိုင္ခဲ့ဘူး
တစ္ဖက္မွာေတာ့ က်န္းလင္ရိက သူ႔စကားကိုၾကားလိုက္တာနဲ႔ ၀မ္ကြမ္းနင္ရဲ႕ ဖုန္းနံပါတ္ကို သူ႔ဖုန္းရဲ႕ speed-dial အျမန္ေခၚခလုတ္ထဲမွာ ထည့္ထားတာကို သူ သြားသတိရတယ္. ၾကည့္ရတာ ေဆးရံု၀န္ထမ္းက အဲ့ကေန တိုက္႐ိုက္ဖုန္းဆက္ေခၚလိုက္တာ ျဖစ္မယ္
ဒါေပါ့ ၀မ္ကြမ္းနင္ကို ဒီကိစၥအေၾကာင္း အစေဖာ္ေျပာျပရမွာ ႐ွက္စရာေကာင္းတာေပါ့
ဒါနဲ႔ မ်က္လံုးကြၽတ္က်မတတ္အံ့ၾသေနတဲ့ သူ႔အမူအရာကို ကိုယ္႐ွိန္သတ္လိုက္ရင္းက က်န္းလင္ရိေျပာလိုက္တယ္
"ငါ ဘာမွမျဖစ္ပါဘူး, စိတ္မပူပါနဲ႔"
၀မ္ကြမ္းနင္ ႏွလံုးသားေလးကေတာ့ သူေအးေအးလူလူ ပန္းသီးအခြံႏႊာေနတာ ျမင္လိုက္ၿပီးကတည္းက တည္ၿငိမ္အနည္ထိုင္သြားၿပီျဖစ္တယ္. သူဟာ လမ္းေလွ်ာက္၀င္လာကာ က်န္းလင္ရိေဘးမွာထိုင္လိုက္တယ္. သူ႔ပံုစံက အနည္းငယ္ မူမမွန္ျဖစ္ေနတယ္
"မင္း ဘယ္လိုလုပ္ၿပီး ကား accident ျဖစ္ရတာလဲ?"
က်န္းလင္ရိဟာ မ်က္ႏွာၾကက္ကိုေမာ့ၾကည့္လိုက္ရင္း ေဖ်ာ့ေတာ့စြာ တုန္႔ျပန္လိုက္တယ္
"ပင္ပန္းၿပီး..... ကားေမာင္းလို႔...."
၀မ္ကြမ္းနင္ဟာ ခ်က္ခ်င္း ေပါက္ကြဲေတာ့တယ္
"မင္ ပင္ပန္းေနတဲ့ဟာ ဘာျဖစ္လို႔ ကားေမာင္းရတာတုန္း?"
က်န္းလင္ရိက အေနာက္ကို တြန္႔သြားကာ
"အာ, ငါ ပင္ပန္းတယ္လို႕မခံစားရပါဘူး ငါ သိသိသာသာႀကီး အရမ္းကို အားအင္ေတြျပည့္ေနတယ္လို႔ ခံစားရတယ္"
အမွန္က ဒီလို... အိမ္ကို အျမန္ဆံုးနည္းနဲ႔ ပန္းကန္လံုးစီးၿပီးျပန္ဖို႔ အတြက္ သူဟာ ႏွစ္ရက္စာလုပ္ရမယ့္အလုပ္ေတြကို တစ္ရက္ထဲနဲ႔ၿပီးေအာင္ ထိုးသိပ္ၿပီးလုပ္ခဲ့တာျဖစ္တယ္. သူဟာ ဂ်ာရိုစကုတ္က ဂ်င္လည္သလို အျမန္ႏႈန္းနဲ႔ တစ္ရက္ထဲမွာတင္ အလုပ္ေတြအကုန္လံုးၿပီးစီးသြားေအာင္ အလ်င္အျမန္လုပ္ခဲ့တယ္. အဲ့ေနာက္ သူ မရမကပဲ ၿမိဳ႕ေတာ္ G ဆီ ကားေမာင္းၿပီး ျပန္ခဲ့တယ္
အစကေတာ့ ၀မ္ကြမ္းနင္နဲ႔ ဒီညအတူတူ႐ွိေနနိုင္မယ္ဆိုတဲ့ အေတြးက သူစိတ္ကို အျပင္းအထန္လႈ့ံေဆာ္ေနခဲ့တယ္. ဒါေပမယ့္ သူ အရမ္းကို ပင္ပန္းေနၿပီ. က်န္းလင္ရိဟာ အေတြ႕အၾကံဳႏုေသးတဲ့ ယာဥ္ေမာင္းတစ္ေယာက္နဲ႔ ေတြ႕ၾကံဳခဲ့ရၿပီး ကားေနာက္ဖ်ားကို ၀င္ေဆာင့္မိခဲ့တယ္
၀မ္ကြမ္းနင္ဟာ က်န္းလင္ရိ သေဘာထားကို အရမ္းကို မေက်မနပ္ျဖစ္ေနတယ္. ဒါေပမယ့္ ျဖစ္တာလည္း ျဖစ္ၿပီးေနၿပီဆိုေတာ့ အဲ့အေၾကာင္းအက်ယ္ခ်ဲ့ေျပာေနလည္း အသံုးမ၀င္ေတာ့ဘူး. ေနာက္ဆံုးမွာေတာ့ သူဟာ သူ႔စိတ္ထဲက စိုးရိမ္ပူပင္မႈေတြကို မထိန္းႏိုင္ေတာ့ပဲ ေမးလိုက္တယ္
"ဒါဆို အခုေကာ ဘယ္လိုေနေသးလဲ? ဆရာ၀န္က ဘာေျပာလဲ?"
က်န္းလင္ရိက ရယ္လိုက္တယ္
"ႀကီးႀကီးမားမား မျဖစ္ပါဘူး. ငါ့လက္ေမာင္းပြန္းသြားလို႔ နည္းနည္းေယာင္ေနတာပဲ႐ွိတာ. ေနာက္ႏွစ္ရက္ေလာက္ေတာ့ ငါအလုပ္လုပ္ႏိုင္မွာ မဟုတ္ဘူး"
၀မ္ကြမ္းနင္ဟာ က်န္းလင္ရိလက္ေမာင္းကို ဖမ္းဆြဲကာ သူ႔အက်ႌလက္ကို မၿပီးၾကည့္လိုက္ခ်င္စိတ္ေတြ တဖြားဖြားေပၚေပါက္ေနတယ္. ဒါေပမယ့္ သူေနာက္ဆံုးေတာ့ အဲ့လို မလုပ္ျဖစ္လိုက္ဘူး. ၀မ္ကြမ္းနင္ဟာ က်န္းလင္ရိလက္ထဲက ပန္းသီးကို ဆြဲယူလိုက္ကာ အခြံစၿပီးခြာလိုက္တယ္
က်န္းလင္ရိ ခ်က္ခ်င္း ျပံဳးသြားတယ္. သူ႔မ်က္လံုးေတြဟာ လျခမ္းေကြးသ႑ာန္ေလးျဖစ္လို႕သြားတယ္. သူဟာ မေမွ်ာ္လင့္ပဲ ေယာင္ေတာင္ေတာင္နဲ႔ ထုတ္ေျပာလိုက္တယ္
"႐ိႈ႐ႈိသာ အေကာင္းဆံုးပဲ!"
၀မ္ကြမ္းနင္ ဒီအေခၚအေ၀ၚကို မၾကားခဲ့တာ အေတာ္ေလးၾကာခဲ့ၿပီ. ပန္းသီးခြာေနတဲ့သူ႕လက္ေတြ ရပ္တန္႔သြားတယ္. သူ႔ႏွလံုးသားထဲကေန ခံစားခ်က္တစ္ေထာင္ေလာက္က လိႈက္တက္လာတယ္. သို႔ေပမယ့္လည္း ၀မ္ကြမ္းနင္ ေခါင္းေမာ့လိုက္ခ်ိန္မွာေတာ့ သူ႔မ်က္ႏွာအမူအရာဟာ ထိန္းထားၿပီးသားျဖစ္ေနတယ္. ပန္းသီးအခြံႏႊာေနတဲ့ ဓားဟာ က်န္းလင္ရိအေ႐ွ႕မွာ လက္ခနဲေရာင္ျပန္ဟပ္သြားတယ္
"ငါက 'ကုန္´!"
က်န္းလင္ရိ : "......."
ပညာ႐ွိဆိုတာ အေျခအေနကို ၾကည့္ၿပီးလႈပ္႐ွားတတ္ရတယ္. အခုခ်ိန္မွာ သူ ဘာမွမေျပာပဲ စြဲဲြစြဲျမဲျမဲနဲ႕ တိတ္တိတ္ေလး ေနဖုိ႔ တကယ္ အေရးႀကီးတယ္
က်န္းလင္ရိ ဒဏ္ရာဟာ တကယ္ပဲ အရမ္းမဆိုးဘူး. ေနာက္တစ္ေန႔မွာပဲ သူေဆးရံုကဆင္းခြင့္ရလုိက္တယ္. ဒါေပမယ့္ ဟြိဳက္ဒီႏိုင္ငံတကာက သူ႔ကို ခြင့္ႏွစ္ရက္ေပးလိုက္္တယ္
တစ္ဖက္မွာေတာ့ ၀မ္ကြမ္းနင္ဟာ အရင္လို အလုပ္သြားဖို႔လိုတယ္. ဒီေတာ့ က်န္းလင္ရိဟာ ေခါင္းမွာမိႈပြင့္ေတြေပါက္တဲ့အထိ အိမ္မွာတစ္ေယာက္တည္းပ်င္းကာ က်န္ရစ္ခဲ့တယ္. ေနာက္ဆံုး သူတအားပ်င္းလာတာနဲ႔ ဖုန္းကို ေကာက္ကိုင္လို္က္ကာ က်န္းလင္ရိဆီ မက္ေဆ့ပို႔လိုက္တယ္
႐ိႈ႐ိႈ, မင္း ဘာလုပ္ေနလဲ?
အမွန္ပဲ, ေဆးရံုကေန ျပန္လာၿပီးတဲ့ေနာက္ကစၿပီး က်န္းလင္ရိဟာ ၀မ္ကြမ္းနင္ကို '႐ိႈ႐ိႈ´ လို႔ စၿပီးျပန္လည္ သံုးႏႈန္းလာတယ္
နာရီ၀က္ၾကာၿပီးေနာက္, ၀မ္ကြမ္းနင္ဆီက မက္ေဆ့ျပန္လာတယ္
အစည္းအေ၀းခန္းထဲမွာ
က်န္းလင္ရိက အလ်င္အျမန္ပဲ စာျပန္လိုက္တယ္
အဲ့ဒါက ဘယ္ေလာက္ ၾကာမွာလဲ?
ႏွစ္နာရီၾကာၿပီးေနာက္
ခုပဲ ၿပီးသြားၿပီ
က်န္းလင္ရိက ဆက္လက္ၿပီး သူ႔ဆီ စာျပန္လိုက္တယ္
မင္းအစည္းအေ၀းက အရမ္းၾကာတာပဲ~!
သံုးနာရီၾကာၿပီးေနာက္
မင္း ငါ့ကို ဆက္ၿပီးေႏွာင့္ယွက္ေနရင္ မင္းဖုန္းနံပါတ္ကို ငါ blacklist ထဲ ထည့္ပစ္မယ္
က်န္းလင္ရိ မ်က္ႏွာေပၚမွာ မ်က္ရည္ေၾကာင္းႀကီးႏွစ္ေၾကာင္းေပၚသြားတယ္. သူဟာ တိတ္ဆိတ္စြာနဲ႔ ဖုန္းကို အေ၀းမွာထားလိုက္ကာ ဆက္္ၿပီး မႈိပြင့္ေတြေပါက္ေလာက္ေအာင္ ပ်င္းေနေလေတာ့တယ္
❖
ညေန ၇ နာရီမွာေတာ့ ၀မ္ကြမ္းနင္ဟာ ဟင္းသီးဟင္းရြက္ေတြနဲ႔ လက္ဆတ္တဲ့ အသားေတြ တစ္ပံုတစ္ပင္ကိုသယ္ကာ အိမ္ကို ျပန္လာတယ္. က်န္းလင္ရိက ပ်င္းလြန္းအားႀကီးလို႔ အခုေတာ့ သူ႔အခန္းထဲမွာ အိပ္ေပ်ာ္ေနတယ္.
၀မ္ကြမ္းနင္ဟာ က်န္းလင္ရိ အခန္းတံခါးကို ျဖည္းျဖည္းခ်င္းတြန္းဖြင့္လိုက္တယ္. သူဟာ တံခါးၾကားက်ဥ္းက်ဥ္းေလးထဲကေန တစ္ဖက္လူအိပ္ေပ်ာ္ေနတာကို တစြန္းတစျမင္လိုက္တယ္. အဲ့ေနာက္ သူကုတ္အက်ႌ သြားခြၽတ္လိုက္ကာ အက်ႌလက္ဖ်ားေတြကို ေခါက္တင္လိုက္တယ္. သူဟာ မီးဖိုေဆာင္ထဲကို လွမ္း၀င္သြားလိုက္ၿပီးေတာ့ သူ႔ရဲ႕ ကြၽမ္းက်င္မႈ စေကးေတြကို အသက္သြင္းဖို႔ျပင္လိုက္တယ္
က်န္းလင္ရိက အရမ္း အိပ္ေမာက်ေနတာေတာ့မဟုတ္ဘူး. သူ ေမွးခနဲ အိပ္ေပ်ာ္သြားတဲ့ အခ်ိန္မွာ အိမ္မက္ဆိုးေတာင္ မက္လိုက္ေသးတယ္. အိပ္မက္ထဲမွာ သူ႔အိမ္ႀကီးက ေပါက္ကြဲထြက္သြားတယ္.
အဲ့ဒီျမင္ကြင္းဟာ ေဟာလီး၀ုဒ္က နာမည္ႀကီးဒုကၡသည္႐ုပ္႐ွင္ကားေတြထဲကလိုပဲ. ေသြးသံတရဲရဲနဲ႔!
အဲ့ေနာက္ က်န္းလင္ရိ လန္႔ဖ်န္႔ၿပီး ႏိုးလာတယ္
ဒါ တကယ္ကို ေျခာက္ျခားစရာေကာင္းတာပဲ!
က်န္းလင္ရိဟာ ေဇာေခြၽးေတြကို ပြတ္သုတ္လိုက္တယ္. အဲ့ေနာက္ သူ အခ်ိန္ကို လွမ္းၾကည့္လိုက္တယ္. အခ်ိန္က ၈နာရီေတာင္ ေက်ာ္ေနၿပီ.
ဒီအခ်ိန္ေလာက္ဆို ႐ႈိ႐ႈိအိမ္ျပန္ေရာက္ေလာက္ၿပီ ဟုတ္တယ္မလား?
အဲ့အေၾကာင္းေတြးလုိက္ရင္း က်န္းလင္ရိဟာ အခန္းတံခါးဖြင့္လို္က္တယ္. အဲ့မွာ အိုးေတြ ဒယ္ေတြ အခ်င္းခ်င္းခိုက္မိတဲ့ နမိတ္ဆိုးသံေတြကို သူ ၾကားလိုက္ရတယ္.
က်န္းလင္ရိမ်က္ခံုးလႈပ္သြားတယ္. သူ မီးဖိုေဆာင္ဆီကို အေျပးသြားၾကည့္လိုက္ေတာ့ ၀မ္ကြမ္းနင္ ကို႔႐ို႔ကားယားနဲ႔ လက္တစ္ဖက္မွာ ဒယ္အိုးအဖံုး ေနာက္တစ္ဖက္မွာ ေဂၚတံကိုကိုင္ထားတာကို ေတြ႔လိုက္တယ္. သူက ဒယ္အိုးအဖံုးကို သူ႔အေ႐ွ႕မွာ ဒိုင္းလို ကာကြယ္ထားတယ္. ၀မ္ကြမ္းနင္ ေ႐ွ႕တည့္တည့္က အိုးထဲမွာေတာ့ ေလာလတ္တေလာမွာ မီးခိုးေငြ႔ေတြ တစ္ေထာင္းေထာင္းထေနတဲ့ အ၀ါေရာင္ အျဖဴေရာင္အလံုးေတြနဲ႔ ျပည့္ေနတယ္. က်န္းလင္ရိ မွန္းၾကည့္ရသေလာက္ေတာ့ အဲ့ဒါက တို႔ဖူး ဒါမွမဟုတ္ တို႔ဖူးနဲ႔ တူတာ တစ္ခုခုျဖစ္ႏိုင္တယ္
က်န္းလင္ရိ ေခ်ာင္းဆိုးလိုက္တယ္. သူဟာ ႐ုတ္တရတ္ႀကီး တစ္ဖက္လူကို ၀င္တားၿပီး ရပ္ခိုင္းလိုက္ရင္ ႐ိုင္းပ်မွာစိုးတယ္. ဒါနဲ႔ အဲ့အစား သူ အသံကိုပဲ အသံုးခ်လိုက္တယ္
"႐ိႈ႐ိႈ, မင္းဘာေတြ...... လုပ္ေနတာလဲ?"
၀မ္ကြမ္းနင္ဟာ အခုတင္ ဒုကၡအႀကီးအက်ယ္ေရာက္ေနတာ. က်န္းလင္ရိအသံကို ႐ုတ္တရတ္ၾကားလိုက္ရတဲ့ အခ်ိန္မွာ သူအေၾကာေတြေတာင့္တင္းသြားတယ္. အဲ့ေနာက္ သူ႔နားရြက္ဖ်ားေလးေတြ နီျမန္းလာၿပီး မေက်မနပ္နဲ႔ ေနာက္လွည့္ကာေျပာလိုက္တယ္
"ညစာခ်က္ေနတာေလ! မျမင္ဘူးလား?"
က်န္းလင္ရိ ဆြံ႔အသြားတယ္.
အာ, ႐ိႈ႐ိႈရဲ႕ အခ်က္အျပဳတ္စေကးကေတာ့ အခ်ိန္ေတြၾကာသြားတာေတာင္ တကယ့္ကို မေျပာင္းလဲေသးဘူးပဲ!
က်န္းလင္ရိဟာ ကူကယ္ရာမဲ့စြာနဲ႔ လက္ဟန္ျပလိုက္တယ္
"မင္းအခု ဘာခ်က္ေနတာလဲ?"
၀မ္ကြမ္းနင္ ႏႈတ္ခမ္းေလးေတြ အေပၚကို ေကြးတက္သြားတယ္.
"ဂဏန္းတို႔ဖူးေလ. အဲ့ေလာက္ေတာင္ ေျပာရခက္လား?"
"ဒါေပါ့မခက္ပါဘူး. ငါတစ္ခ်က္ေလာက္ၾကည့္လိုက္ကတည္းက သိပါတယ္"
က်န္းလင္ရိဟာ စိတ္လိုလက္ရနဲ႔ ခ်ီးက်ဴးေထာပနာျပဳလိုက္တယ္
"ငါ တစ္ခါမွ ဒီေလာက္ဂဏန္းတို႔ပူးဟင္းနဲ႔ အရမ္းတူတဲ့ ဂဏန္းတုိ႔ပူးဟင္းကို မျမင္ဖူးဘူး"
၀မ္ကြမ္းနင္ : "........."
က်န္းလင္ရိလည္း သူ႔ရဲ႕ခ်ီးက်ဴးစကားေတြက သိသိသာသာႀကီး အလြန္အကြၽံေတြျဖစ္ေနမွန္း သူကိုယ္သူသိတယ္. သူက ရယ္လိုက္ကာေျပာတယ္
"အမ္... ႐ိႈ႐ိႈ, အဲ့အစား ငါခ်က္ေပးရင္ေကာ?"
၀မ္ကြမ္းနင္က သူ႔လက္ကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္
"မင္းကို အရမ္းအားစိုက္ရတဲ့အလုပ္ေတြမလုပ္ဖို႔ မွာထားတယ္မဟုတ္လား?"
က်န္းလင္ရိက သူ႔လက္ေမာင္းကို လႈပ္ျပလိုက္ရင္းက
"ထမင္းေလးတစ္ခါခ်က္တာေလာက္နဲ႔ေတာ့ ဘာျပသာနာမွမ႐ွိေလာက္ပါဘူး"
က်န္းလင္ရိဟာ ႐ွပ္အက်ႌလက္တိုတစ္ထည္ ၀တ္ဆင္ထားတာေၾကာင့္ သူ႔လက္ေမာင္းေပၚက အညိဳအမည္းဆြဲကာ ေရာင္ကိုင္းေနတဲ့ ႀကီးမာတဲ့ ဒဏ္ရာႀကီးကို အတိုင္းသားျမင္ႏိုင္တယ္
၀မ္ကြမ္းနင္ မ်က္လံုးေတြထဲမွာ ၾကည္ႏူး ေႏြးေထြးမႈအရိပ္အေရာင္ေတြေပၚသြားတယ္
"ဒါဆို ငါကခ်က္ေပးျပီး မင္းက ငါ့ကိုဘယ္လိုခ်က္ရမလဲဆိုတာ ေျပာျပရင္ေကာ?"
က်န္းလင္ရိ ခဏေလာက္ စဥ္းစားလိုက္ၿပီးတဲ့ေနာက္ ေျပာလိုက္တယ္
"အဲ့ဒါလည္း ရတာပဲ"
အဲ့ဒီေနာက္ ၀မ္ကြမ္းနင္ဟာ သူ႔ရဲ႕ဟင္းခ်က္ျခင္းအလုပ္ကို ျပန္လည္အစျပဳလိုက္တယ္. တကယ္တမ္းေတာ့ သူနည္းနည္း စိတ္တိုေနတယ္. က်န္းလင္ရိဟာ တစ္ခါတုန္းက သူစားဖို႔အတြက္ ဒီဂဏန္းတို႔ဖူးဟင္းကို ခ်က္ေပးဖူးတယ္.ၿပီးေတာ့ သူကိုယ္တိုင္လည္း ထိုင္၀မ္မွာ ေနခဲ့ခ်ိန္တုန္းက ဒီဟင္းကို အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခ်က္ျပဳတ္ခဲ့ဖူးတယ္. ဒါေပမယ့္ လက္ေတြ႔မွာေတာ့ သူ႔ဆီမွာ အခ်က္အျပဳတ္နဲ႔ပတ္သတ္ၿပီး ပါရမီမပါတာကို သက္ေသျပေနတယ္. ၀မ္ကြမ္းနင္ အႀကိမ္ေပါင္းဘယ္ေလာက္မ်ားမ်ား ႀကိဳးစားပါေသာ္လည္း အဆံုးသတ္အေျဖကေတာ့ အျမဲလိုလို တူးေနတဲ့ အစိုင္အခဲလံုးႀကီးျဖစ္ရင္ျဖစ္ မဟုတ္ရင္ ေကာ္လိုေစးကပ္ေနတဲ့ ဟင္းပံုႀကီးျဖစ္သြားတယ္
အဲ့ေနာက္ က်န္းလင္ရိဟာ ၀မ္ကြမ္းနင္ေဘးနားမွာ ရပ္ကာ သူ႔ကို စတင္ၿပီး ၫႊန္ၾကားခ်က္ေတြ ေပးေတာ့တယ္.
"ၾကက္ဥဆားစိမ္ရဲ႕ အကာကို ေခါက္ၿပီးေမႊလိုက္. အင္း ေခါက္လိုက္. ေရထည့္. ၿပီးရင္ ၾကက္ဥအကာေတြ ျပစ္လာတဲ့အထိ ေမႊလိုက္"
"တို႔ဖူးေတြကို အသာေလး ထည့္လိုက္. သတိထား......."
"ျမန္ျမန္ေလး တို႔ဖူးေတြကို ေဂၚနဲ႔ ေကာ္ၿပီး လွန္လိုက္. မဟုတ္ရင္ ေအာက္ေျခေတြ တူးကုန္လိမ့္မယ္. ျမန္ျမန္လွန္......"
၀မ္ကြမ္းနင္က အစကတည္းက စိတ္လႈပ္႐ွားေနတယ္. သူဟာ က်န္းလင္ရိေျပာတာကို ၾကားလိုက္ေတာ့ ပိုပ်ာယာခတ္သြားၿပီး အိုးထဲကဟာေတြအကုန္လံုး တြန္႔ေၾကကာ ပံုပ်က္ကုန္တယ္
"ငါ လွန္ေနတယ္. အရမ္း နားမပူနဲ႔!"
၀မ္ကြမ္းနင္က စိတ္႐ႈပ္စြာ ေျပာလိုက္တယ္
က်န္းလင္ရိဟာ တူးခါနီးဆဲဆဲျဖစ္ေနတဲ့ တို႔ပူးေတြကို ၾကည့္ကာ မတတ္သာသလို ေခါင္းခါးရမ္းလိုက္တယ္. သူဟာ အေ႐ွ႕ကို ေလွ်ာက္လာကာ ၀မ္ကြမ္းနင္ အေနာက္မွာ မတ္တပ္ရပ္လိုက္တယ္. သူ႔ညာဘက္လက္က ၀မ္ကြမ္းနင္ရဲ႕ ခါးကို ေက်ာ္ကာ တစ္ဖက္လူရဲ႕ လက္ေကာက္၀တ္ကို မိမိရရကဆုပ္ကိုင္လိုက္တယ္. က်န္းလင္ရိဟာ လ်င္ျမန္သြက္လက္စြာနဲ႔ တို႔ပူးေတြကို အႀကိမ္အနည္းငယ္ေလာက္ ဟိုဘက္ဒီဘက္လွန္လိုက္ကာ ေျပာတယ္
"ၾကည့္, ဒီလို လွန္ရမွာ"
က်န္းလင္ရိက သူ႔အေနာက္နားကို နီးနီးကပ္ကပ္ႀကီးေရႊ႔လာတဲ့အခါမွာ ၀မ္ကြမ္းနင္ရဲ႕ ခႏၶာကိုယ္တစ္ခုလံုး ေတာင့္တင္းသြားတယ္. အဲ့ေနာက္ သူ႔ကိုယ့္ပိုင္လႈပ္႐ွားမႈေတြအေပၚ သူ လံုး၀ကို မထိန္းခ်ဳပ္ႏိုင္ျဖစ္သြားတယ္. က်န္းလင္ရိက သူ႔နား နားကပ္ကာ စကားေျပာလာတဲ့အခ်ိန္အထိပဲ. ေလပူေႏြးေႏြးေလးေတြ ျဖတ္သန္းတိုက္ခတ္သြားတဲ့အခါ သူုုတုန္လႈပ္သြားတယ္
က်န္းလင္ရိရဲ႕ မ႐ိုးမရြခံစားခ်က္ေတြကလည္း သူ႔ထက္ေတာ႔နည္းနည္းမွမေလ်ာ့ဘူး. သူ႔ဟာ ႐ိုး႐ိုးေလးပဲ ဟင္းပြဲကို ကယ္တင္ခ်င္ခဲ့တာ. ဒါေပမယ့္ သူသိသြားတယ္ သူဟာ ၀မ္ကြမ္းနင္ရဲ႕ လက္ကိုကိုင္လိုက္မိတာနဲ႔ လံုး၀ကိုျပန္မလႊတ္ခ်င္ေတာ့ဘူး. သူ ေန႔ေရာညပါ လိုလားေတာင့္တေနခဲ့ရသူဟာ အခု သူ႔ရင္ခြင္ထဲမွာေရာက္ေနၿပီ. သူ႔ ေျခလွမ္းေလး တစ္လွမ္းသာ လိုတယ္. ၿပီးတာနဲ႔ ထိုလူက သူ႔အပိုင္ပဲ. ဒါေပမယ့္ ဒီေလာက္အကြာအေ၀းေလးဟာ ေပါ့ေပါ့တန္တန္နဲ႔ စည္းေက်ာ္လိုက္လို႔ရတဲ့အရာမဟုတ္ဘူး
က်န္းလင္ရိ စိတ္ထဲကေန ၾကိတ္ၿပီး သက္ျပင္းခ်လိုက္ရင္း ၀မ္ကြမ္းနင္လက္ကို ကိုင္ကာ တို႔ပူးကိုေနာက္တစ္ခါ လွန္လိုက္ျပန္တယ္. သူဟာ တို႔ပူးေတြကို ၾကက္ဥအႏွစ္ေတြနဲ႔ ေသခ်ာရစ္ပတ္သြားတဲ့အထိ ဆက္ကာဆက္ကာ လွန္ေပးေနတယ္. အဲ့ေနာက္ သူ မီးပိတ္လိုက္ကာ ဟင္းေတြအားလံုးကို ပန္းကန္ထဲေျပာင္းထည့္လိုက္တယ္
"ၿပီးၿပီ"
သူ ဘယ္ေလာက္ပင္တြန္႔ဆုတ္ေနပါေစ က်န္းလင္ရိဟာ ၀မ္ကြမ္းနင္လက္ေကာက္၀တ္ကိုဆုတ္ကိုင္ထားတဲ့ သူ႔ရဲ႕လက္ကို ေျဖေလ်ာ့ေပးလိုက္တယ္. သူက ျပံဳးလိုက္ရင္း
"ငါ့ဒဏ္ရာ ေပ်ာက္သြားရင္ ခ်က္ေရးျပဳတ္ေရးေတြကို ငါ့ကိုေပးလုပ္ပါ"
သူက ခဏေလာက္ရပ္လိုက္ၿပီးေနာက္ ဆက္ေျပာတယ္
"ဘာေတြပဲ ျဖစ္ေနေန မင္းသာ သေဘာတူတယ္ဆို ငါမင္းအတြက္ ထာ၀ရ ဟင္းခ်က္ေပးမယ္"
စကၠန္႔ပိုင္းေလာက္ေလးမွာ ၀မ္ကြမ္းနင္ဟာ သူက က်န္းလင္ရိကို ႀကိဳက္ေနသလို က်န္းလင္ရိကလည္း သူ႔ကိုႀကိဳက္ေနတယ္လို႔ သံသယ၀င္မိေတာ့မလို ျဖစ္သြားတယ္
ဒါေပမယ့္ သူ ပိုနီးကပ္ေအာင္ ေျခတစ္လွမ္းတိုးေတာ့မယ့္ အခ်ိန္ေလးမွာ သူ႔စိတ္ထဲကေန လ်ိဳက်ီ၀ုိက္က က်န္းလင္ရိရဲ႕ လက္ေမာင္းကို ကိုင္ထားတဲ့ မွတ္ဥာဏ္ေတြ ေပၚေပါက္၀င္ေရာက္လာကာ အဲ့ဒီအေတြးေတြ ေ႐ွ႕ဆက္ဖို႔ကို ပိတ္ပင္တားျမစ္တာခံလိုက္ရတယ္
မစဥ္းစားမဆင္ျခင္ပဲနဲ႔ မ်က္ကန္းတစ္ေယာက္လို မလုပ္စမ္းပါနဲ႔!
၀မ္ကြမ္းနင္ သူ႔ကိုယ္သူေျပာေနတယ္
က်န္းလင္ရိ အကူအညီနဲ႔ ၀မ္ကြမ္းနင္ဟာ ေနာက္ဆံုးမွာ တစ္ဘုန္းဘုန္းတစ္ဒိုင္ဒိုင္းနဲ႔ ဟင္းလ်ာႏွစ္ပြဲကို ခ်က္ျပဳတ္ၿပီးစီးသြားတယ္. သူက က်န္းလင္ရိအတြက္ ပန္းကန္လံုးထဲကို ထမင္းထည့္လိုက္ၿပီးေနာက္ ႏွစ္ေယာက္သား ထမင္းစားပြဲမွာထိုင္လိုက္ၾကတယ္
က်န္းလင္ရိရဲ႕ စားခ်င္ေသာက္ခ်င္စိတ္ဟာ အရမ္းကိုေကာင္းေနတယ္. သူဟာ လူမမာတစ္ေယာက္နဲ႔ နည္းနည္းေလးေတာင္မတူဘူး. သူက ၿမိန္ေရရွက္ေရ စားေသာက္ကာ သြားေတြေပၚေအာင္ ရယ္လိုက္ရင္း ေျပာတယ္
"႐ိႈ႐ိႈရဲ႕ အခ်က္အျပဳတ္စြမ္းရည္ေတြက အရမ္းကို တိုးတက္လာတာပဲ. ဒီလို အစားေကာင္းေတြ စားဖို႔ အခြင့္အေရးရတာ ငါအရမ္းကံေကာင္းတာပဲ!"
မင္း ဒီ့ထက္ပိုၿပီး ႏႈတ္သီးညိဳေလးေတြလို ၾကည္ညိဳေလးစားျပလို႔ရႏိုင္ေသးလား?
(T/N - ႏႈတ္သီးညိဳေလးေတြဆိုတာ ခ်စ္စရာအာ၀ုေခးေတြကိုေျပာတာပါ. ေခြးလို 'ကုန္' လို႔ဆိုလုိတဲ့ သေဘာပါပဲ)
၀မ္ကြမ္းနင္ဟာ စိတ္ကုန္တဲ့ပံုနဲ႔ က်န္းလင္ရိေျခေထာက္ေတြကို လွန္းၾကည့္လိုက္တယ္. က်န္းလင္ရိေျခေထာက္ေတြက တစ္ခုေသာသတၱ၀ါေလးေတြရဲ႕ အေမႊးထူထူပံုစံေလးေတြမ်ား ထင္ေယာင္ထင္မွားေပၚလာဦးမလား ဆိုၿပီးေတာ့ေလ
သူဟာ ပါးစပ္အျပည့္ထမင္းတစ္လုတ္စားလိုက္ၿပီးေနာက္ ႐ုတ္တရတ္ တခုခုကို သတိရသြားကာ ေျပာလိုက္တယ္
"အိုး, ဟုတ္သား. က်န္းလင္ရိ. ဒီေန႔ ငါ့ဆီကို ေဒးဗစ္ဖုန္းေခၚလာတယ္"
"ဘာလို႔ ေဒးဗစ္က မင္းဆီကို ဖုန္းေခၚရတာလဲ?"
က်န္းလင္ရိ နားမလည္ႏိုင္ဘူး.
"သူ႔ကမ္းလွမ္းထားတဲ့ဟာကို လက္ခံေစခ်င္လို႔မ်ားလား?"
အဲ့ဒါက မျဖစ္ႏိုင္တာေတာ့ မျဖစ္ဘူး. ဘာပဲျဖစ္ျဖစ္ ၀မ္ကြမ္းနင္က ဟြိဳက္ဒီကို ျငင္းဆိုလိုက္ရတဲ့ အေၾကာင္းျပခ်က္ဟာ စိတ္ပ်က္စရာေကာင္းတယ္ဆိုေပမယ့္ အဲ့ဒါက သူ႔ရဲ႕ စစ္မွန္တဲ့ ပါရမီအရည္အခ်င္းေတြကိုေတာ့ မထိခိုက္ေစႏိုင္ဘူး. ေဒးဗစ္ဟာ အရမ္းကို ဂ်ီးမ်ားတဲ့သူျဖစ္သလို တစ္ခ်ိန္တည္းမွာပဲ သူဟာ လုပ္ရည္ကိုင္ရည္ အရည္အခ်င္း႐ွိသူေတြကို အလြန္ႏွစ္သက္သေဘာက်သူျဖစ္တယ္. သူ႔မ်က္စိထဲ ေက်နပ္သေဘာက်သူကို ေတြ႕ဖို႔ဆိုတာ သူ႔အတြက္ အေတာ္႐ွားပါးတဲ့ကိစၥပဲ. အဲ့ေတာ့ ေဒးဗစ္အေနနဲ႔ ၀မ္ကြမ္းနင္ကို ေခၚယူသိမ္းသြင္းဖို႔ဆိုတာ သဘာ၀က်တဲ့ပံုမွန္ကိစၥေလးပဲ
"ဟင့္အင္း, သူက မင္းတို႔ကုမၸဏီရဲ႕ ႏွစ္ပတ္လည္ညစာစားပြဲကို တက္ဖို႔ဖိတ္တာ"
အဲ့ဒီမွာ ၀မ္ကြမ္းနင္ ထည့္မေျပာလိုက္တဲ့ စကားတစ္ခြန္း႐ွိေသးတယ္. ဖုန္းကေနတစ္ဆင့္ ေဒးဗစ္ေျပာခဲ့တာက ဒါဟာ ၀မ္ကြမ္းနင္နဲ႔ သူရဲ႕ ခ်စ္ရတဲ့သူအတြက္ အခြင့္အေရးဖန္တီးေပးခဲ့တာျဖစ္တယ္လို႔ သူေျပာခဲ့တယ္
ကုမၸဏီႀကီးတစ္ခုရဲ႕ ႏွစ္ပတ္လည္ညစာစားပြဲဆိုတာ ဒီိအသိုင္းအ၀ိုင္းတစ္ခုတည္းက ထူးခြၽန္ၿပီးအလားအလာေကာင္းတဲ့သူ တစ္ခ်ဳိ့ကိုသာ မၾကာခဏဖိတ္ေခၚတာမ်ဳိးျဖစ္တယ္. သူတို႔ဟာ အၿပိဳင္အဆိုင္ ကုမၸဏီကျဖစ္ေနဦးေတာ့ အဲ့ဒါက အၾကံဳး၀င္တာျဖစ္တယ္. မည္သို႔ပင္ဆိုေစ ဒီေလာကႀကီးက က်ဥ္းက်ဥ္းေလးသာျဖစ္တာေၾကာင့္ ဆက္ဆံေရးတစ္ခုျဖစ္သြားၿပီဆိုတာနဲ႔ တစ္ေန႔ေန႔တခ်ိန္ခ်ိန္မွာ ပူးေပါင္းေဆာင္ရြက္မႈေတြ ျပဳလုပ္ျဖစ္မယ္ဆိုတာ ေသခ်ာ သေလာက္ပဲ.
က်န္းလင္ရိျပန္ျပီးအမွတ္ရသြားတယ္. သူ ဟိြဳက္ဒီႏိုင္ငံတကာကို မ၀င္ေရာက္ရေသးခင္တုန္းက ဖူမာအိုခါအိစိရဲ႕ သူေ႒းႀကီး ေလာင္ေခ်ာင္ဟာလည္း ဒီလိုမ်ိဳးႏွစ္ပတ္လည္ညစာစားပြဲတစ္ခုမွာ တက္ေရာက္ဖို႔ဖိတ္ၾကားျခင္းခံခဲ့ရတယ္. လက္႐ွိမွာ ၀မ္ကြမ္းနင္ဟာ ဖူမာအိုခါအိစိရဲ႕ တ႐ုတ္ျပည္ေတာင္ပိုင္း႒ာနခြဲရဲ႕ ေျပာေရးဆိုခြင့္႐ွိသူတစ္ေယာက္ျဖစ္တယ္. ဒီေတာ့ ေဒးဗစ္ သူ႔ကိုဖိတ္ေခၚရျခင္းဟာ ေမွ်ာ္လင့္ထားၿပီးသားကိစၥတစ္ခုပဲ. ဒါနဲ႔ က်န္းလင္ရိလည္း တျခားေျပာမေနေတာ့ပဲ ေမးလိုက္တယ္
"အဲ့ေတာ့ မင္းသြားမွာလား?"
၀မ္ကြမ္းနင္ဟာ ဂဏန္းတို႔ပူးတစ္လုတ္ကို မ်ိဳခ်လိုက္ရင္းက ျပန္ေျပာတယ္
"ဒါေပါ့ ငါသြားမွာ!"
______________________________________
အခ်စ္ဆံုးတို႔ေရ
Woww..... မ႐ိုးမရြျဖစ္ေအာင္ေတြ ႐ိုျပေနၾကပါတယ္လို႔ 😭😅😂 ဒီအပိုင္းမွာ စီးပြားေရးနဲ႔ဆိုင္တာေတြပါလာေတာ့ ႀကိဳးစားၿပီး ဘာသာျပန္ေပးထားပါတယ္ေနာ္ 😁 အဆင္မေျပတာေလးေတြ ႐ွိရင္ ျဖည့္ၿပီးဖတ္ေပးၾကပါေနာ္ 😅😅 ေနာက္ၿပီိးေတာ့ ဒီအပိုင္းေလးၿပီးလို႔ ေနာက္အပိုင္း ၄၀ အထိပဲ ဆရာမ kiai က eng လိုဘာသာျပန္ေပးထားလို႔ ေနာက္အပိုင္းၿပီးရင္ ျပန္စရာမ႐ွိေတာ့ပါဘူး. ဒါေပမယ့္ သာသာ ႐ု႐ွားကေန အဂၤလိပ္လို ဘာသာျပန္ေပးထားတဲ့သာသာတစ္ေယာက္ ေတြ႔ထားပါတယ္. သူျပန္ေပးထားတာက နဲနဲေတာ့ ဖတ္ရတာေထာက္ေပမယ့္ အဲ့ဒီကေန ျမန္မာလိုေလးဆက္ၿပီး ျပန္ေပးပါမယ့္ေနာ္ 😊😊 သူေရးထားတဲ့အထိေပါ့ 😍😍
ေနာက္အပိုင္းေတြမွာ ျပန္ေတြ႔ၾကမယ္ေနာ္ 😁
ေပ်ာ္ရႊင္စရာေန႔ရက္ေလး ျဖစ္ၾကပါေစ 😊
ဒါေလးကေတာ့ bonus fan art ေလး 'မ' လာတာပါ. ဘယ္သူေလးေတြလဲဆိုတာ မွန္းၾကည့္ၾကပါဦး😁😁
With love ❤❤
Taiga 😘
((Unicode))
အပိုင်း ၃၉
မီးဖိုဆောင်ဆိုတာ အမြဲထာဝရ ဂေးအချစ်တွေနဲ့
ရောင်ဝါတွေ ဖြာနေတဲ့ နေရာပဲ....
နောက်တစ်နေ့မှာတော့ ကျန်းလင်ရိက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့တယ်. ဝမ်ကွမ်းနင်ကတော့ ပြည်တွင်းရောင်းဝယ်သူတွေနဲ့ အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်
ဖူမာအိုခါအိစိဟာ ပြည်မကြီးရဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာတာမကြာသေးတာကြောင့် ပြည်တွင်းရောင်းဝယ်သူတွေကို ကိုင်တွယ်တဲ့အဖွဲ့ဟာ အတွေ့အကြုံများများမရှိကြဘူး. အဲ့ဒီမှာ ဝမ်ကွမ်းနင်ရဲ့ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ဖြန့်ဝေရေးဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အမှားအယွင်းမရှိပြီးပြည့်စုံအောင် ပြုလုပ်ပေးရတာပဲဖြစ်တယ်.
ဒါပေမယ့် အတွေ့အကြုံရှိတဲ့ ဝါရင့်ရောင်းဝယ်ဖောက်ကားသူတွေဟာ သူတို့ကိုယ်ပိုင် ပူးပေါင်းဆောင်ရွက်နေကျ ပုံသေ စီးပွားရေးပါတနာတွေ ရှိနေကြပြီးသားဖြစ်တယ်. ဒါ့အပြင် အဲ့ဒီ ပါတနာတွေအားလုံးက ဟွိုက်ဒီနိုင်ငံတကာလိုမျိုး နိုင်ငံတကာနဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့ ကြကီးမားတဲ့ ကော်ပိုရေးရှင်းအဖွဲ့အစည်းတွေ ဖြစ်ကြတယ်. သူတို့တွေနဲ့ ဆက်သွယ်ဖို့ကျပြန်တော့ ကျသင့်မယ့် ကုန်ကျစရိတ်က အရမ်းကိုမြင့်မားနေတယ်. ဒါဟာ ပြည်မကြီးဈေးကွက်ထဲကို ခုမှ စတင်ခြေကုတ်ယူခါစ မတည်ငြိမ်သေးတဲ့ ဖူမာအိုခါအိစိ မြို့တော် G ဋ္ဌာနခွဲအတွက်တော့ အမြတ်အစွန်းနည်းပြီး အကျိုးမရှိလှဘူး.
တကယ်လို့ သူတို့ဟာ ရောင်းဝယ်သူတွေနဲ့ အတူတူတွဲလုပ်ဖို့ အဖွဲ့အစည်းအသစ်တစ်ခု စတင်ပြိုးထောင်မယ်ဆိုရင်လည်း အဲ့ဒါက အချိန်တော်တော်ယူရဦးမှာ ဖြစ်တယ်. အဲ့ဒီလိုသာ လုပ်ခဲ့မယ်ဆိုရင်လည်း ဒေသခံဝါရင့်ရောင်းဝယ်ဖောက်ကားသူတွေအနေနဲ့ သူတို့ကို ဖိနှိပ်ပစ်လိုက်ဖို့ရာ အလွန့်အင်မတန် လွယ်ကူသွားလိမ့်မယ်. ဒါကြောင့် စွန့်စားအားထုတ်ရမှာတွေက အတော်လေးများပြားမြင့်မားနေတယ်
ဝမ်ကွမ်းနင်ဟာ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဈေးကွက်စီးပွားရေးဆိုင်ရာ တစ်ဖွဲ့လုံးနဲ့ ရက်အတော်ကြာအောင် ဆွေးနွေးခဲ့တယ်. သူတို့ဟာ နောက်ဆုံးမှာ ဒေသခံဝါရင့် နာမည်ရပြီးသား ရောင်းဝယ်သူ အဖွဲ့ နှစ်ခုထဲက တစ်ခုကိုရွေးချယ်ပြီး သူတို့နဲ့ ပုံသေတွဲဖက်လုပ်ကိုင် စီစဉ်ရန် ဆုံးဖြတ်ချက်ချလိုက်တယ်. ဝမ်ကွမ်းနင်ဟာ ပထမတန်းစား အထူးအခွင့်အရေးရှိတဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထိုသူတွေနဲ့ အဆင်ပြေသင့်တော်မယ့် သဘောတူညီချက်တွေကို စေ့စပ်ညှိနှိုင်းနိုင်တယ်. တစ်ချိန်တည်းမှာပဲ ဝမ်ကွမ်းနင်က တက်သစ်စရောင်းဝယ်သူတစ်ချိုနဲ့လည်း အဆက်အသွယ်ရှိနေမှာဖြစ်ပြီး ထိုသူတွေနဲ့အတူ ဒုတိယတန်းစား ပြောရေးဆိုခွင့်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ထားမှာ ဖြစ်တယ်. ထိုဒုတိယတန်းစား ပြောရေးဆိုခွင့်ရှိတဲ့အဖွဲ့အစည်းက ရင့်ကျက်ရပ်တည်နိုင်လာပြီဆိုရင် ပထမတန်းစား ရောင်းဝယ်သူတွေနဲ့ အခွင့်အလမ်းအခြေအနေတွေကို ဆွေးနွေးလာနိုင်မှာဖြစ်တယ်
ထိုဒေသခံ ထိပ်တန်းရောင်းဝယ်သူနှစ်ဦးထဲမှ တစ်ဦးကတော့ ဟွိုက်ဒီနိုင်ငံတကာနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး နောက်တစ်ခုကတော့ ဟောင်ကောင်တိုက်ရိုက်စာပို့ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖွဲ့နဲ့ အလုပ်လုပ်ကိုင်နေတာဖြစ်တယ်
အကောင်းဆုံးအခြေအနေတွေကို ရရှိဖို့ပြောဆိုဆက်ဆံကြရတဲ့အခါ ဝမ်ကွမ်းနင်ဟာ ဒီအဖွဲ့အစည်းကြီးနှစ်ခုစလုံးက ရောင်းဝယ်သူတွေနဲ့ ဆက်တိုက်ဆိုသလို လူမှုဆက်သွယ်မှုတွေရှိနေတယ်.နေခင်းဘက်တွေမှာဆို သူဟာ အစည်းအဝေးမထိုင်ရဘူးဆို လူမှုဆက်ဆံရေးနယ်ပယ်က တွေ့ဆုံမှုတွေကိုတက်ရောက်နေရတယ်. ညဘက်ကျပြန်တော့လည်း သူဟာ အစီအစဉ်တွေကို ရေးဆွဲရပြန်တယ်. ဝမ်ကွမ်းနင်ဟာ ခြေကုန်လက်ပန်းကျလွန်းလို့ မဆုံးနိုင်အောင် ညီးညူမိတဲ့အထိပဲ
ကံကောင်းထောက်မစွာနဲ့ မိုးကောင်းကင်က အမှန်တကယ်ကြိုးစားသူတွေကို စိတ်မပျက်စေခဲ့ဘူး. ဒုက္ခသုတ်ခတွေအားလုံးရဲ့ အဆုံးမှာတော့ အစီအစဉ်တွေအားလုံးရဲ့ ယေဘုယျပုံကြမ်းကို ရေးဆွဲနိုင်ခဲ့တယ်. သို့ပေမယ့် ထိုရောင်းဝယ်ရေး အဖွဲ့အစည်းနှစ်ခုဟာ ကြီးမားတဲ့ ကုမ္ပဏီတွေနဲ့ ပုံသေပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာကြောင့် သူတို့မှာ ဈေးနှုန်းတန်ဖိုးတွေနဲ့ ပတ်သတ်လို့ အကြပ်အတည်းတွေ ရှိသေးတယ်
အခြားရွေးချယ်စရာမရှိတဲ့နောက် ဝမ်ကွမ်းနင်ဟာ လောင်ချောင်နဲ့ ဗီဒီယိုအစည်းအဝေးတစ်ခုလုပ်ကာ အဲ့ဒီအကြောင်းကို ဆွေးနွေးတိုင်ပင်ကြတယ်
သူတို့ အစည်းအဝေးပြီးသွားတဲ့အချိန်မှာ အချိန်ဟာ ည၉နာရီကျော်သွားခဲ့ပြီ
ဝမ်ကွမ်းနင်ဟာ ကုမ္ပဏီနားက နီးစပ်ရာ အသင့်စားစားသောက်ဆိုင်တစ်ဆိုင်ကနေ ကြုံရာဆုံရာစားစရာတွေ မှာယူလိုက်တယ်. သူ စားလို့ပြီးလို့ အိမ်ပြန်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူဆီကို သူနဲ့မရင်းနှီးတဲ့ နံပါတ်တစ်ခုကနေ ဖုန်းဝင်လာတယ်
"ဒီဖုန်းက မစ္စတာ ဝမ်ကွမ်းနင်ရဲ့ ဖုန်းဟုတ်ပါသလားခင်ဗျာ? မစ္စတာ ကျန်းလင်ရိ ကား accident ဖြစ်ထားလို့ အခု မြို့တော် G ရဲ့ ပထမဆုံး စည်ပင်သာယာရေးဆေးရုံမှာရောက်နေပါတယ်. ခင်ဗျားက မိသားစုဝင်လားခင်ဗျာ?"
"ကျွန်တော်ပါပဲ"
ရုတ်တရတ်ဆိုသလို ဝမ်ကွမ်းနင်ရဲ့ နှလုံးသားဟာ ကြောက်လန့်တကြားတုန်လှုပ်သွားတယ်.
"ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်"
သူဟာ စကားပြောလို့မပြီးခင်မှာပဲ တက္ကစီ တားပြီးသွားပြီ. ဝမ်ကွမ်းနင်ဟာ ကားပေါ်ကို ဒရောသောပါးနဲ့ ဝင်ထိုင်လိုက်ပြီးနောက် ယာဉ်မောင်းဆရာကို ပြောလိုက်တယ်
"မြန်မြန်လေး ပထမဆုံး မြို့တော်စည်ပင်သာယာရေးဆေးရုံကို မောင်းပေးပါ!"
ဝမ်ကွမ်းနင်ဟာ အလျင်အမြန်ပဲ ဆေးရုံကို ရောက်လာတယ်. သူ ကျန်းလင်ရိရဲ့ ဆေးရုံခန်းကို မေးလိုက်ကာ အဲ့ဒီကို အမြန်သုတ်ခြေတင်လာခဲ့တယ်. အဲ့ဒီ့မှာတွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ တစ်ဖက်လူဟာ တည်ငြိမ်စွာ ပန်းသီးအခွံနွှာနေတာပဲ.........
ဝမ်ကွမ်းနင် : "........"
ဝမ်ကွမ်းနင်ကို မြင်လိုက်တော့ ကျန်းလင်ရိ ခဏလောက် ကြက်သေသေသွားတယ်. အဲ့နောက် သူ တစ်မျိုးတစ်ဖုံပီတိဖြစ်သွားတယ်
"မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ?"
ဝမ်ကွမ်းနင်ဟာ မျက်နှာကြီးမည်းကာ ပြန်ပြောလိုက်တယ်
"ဆေးရုံ ဝန်ထမ်းတစ်ယောက်က ငါ့ကို ဖုန်းခေါ်ပြီး ပြောတယ်. မင်း ကား accident ဖြစ်လို့တဲ့"
ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိ ကားaccidentဖြစ်တယ်လို့ ပြောတာကြားလိုက်ရတဲ့အချိန်မှာ သူနှလုံးသားတစ်ခုလုံး ကြောက်ရွံတုန်လှုပ်သွားတယ်. သူက အခြေခံသဘောတရားဖြစ်တဲ့ ဆေးရုံဝန်ထမ်းက ကျန်းလင်ရိမိသားစုတွေကို ဖုန်းခေါ်ကမယ့်အစား ဘာလို့ သူ့ကိုဖုန်းခေါ်ခဲ့သလဲဆိုတာကိုတောင် မစဉ်းစားနိုင်ခဲ့ဘူး
တစ်ဖက်မှာတော့ ကျန်းလင်ရိက သူ့စကားကိုကြားလိုက်တာနဲ့ ဝမ်ကွမ်းနင်ရဲ့ ဖုန်းနံပါတ်ကို သူ့ဖုန်းရဲ့ speed-dial အမြန်ခေါ်ခလုတ်ထဲမှာ ထည့်ထားတာကို သူ သွားသတိရတယ်. ကြည့်ရတာ ဆေးရုံဝန်ထမ်းက အဲ့ကနေ တိုက်ရိုက်ဖုန်းဆက်ခေါ်လိုက်တာ ဖြစ်မယ်
ဒါပေါ့ ဝမ်ကွမ်းနင်ကို ဒီကိစ္စအကြောင်း အစဖော်ပြောပြရမှာ ရှက်စရာကောင်းတာပေါ့
ဒါနဲ့ မျက်လုံးကျွတ်ကျမတတ်အံ့သြနေတဲ့ သူ့အမူအရာကို ကိုယ်ရှိန်သတ်လိုက်ရင်းက ကျန်းလင်ရိပြောလိုက်တယ်
"ငါ ဘာမှမဖြစ်ပါဘူး, စိတ်မပူပါနဲ့"
ဝမ်ကွမ်းနင် နှလုံးသားလေးကတော့ သူအေးအေးလူလူ ပန်းသီးအခွံနွှာနေတာ မြင်လိုက်ပြီးကတည်းက တည်ငြိမ်အနည်ထိုင်သွားပြီဖြစ်တယ်. သူဟာ လမ်းလျှောက်ဝင်လာကာ ကျန်းလင်ရိဘေးမှာထိုင်လိုက်တယ်. သူ့ပုံစံက အနည်းငယ် မူမမှန်ဖြစ်နေတယ်
"မင်း ဘယ်လိုလုပ်ပြီး ကား accident ဖြစ်ရတာလဲ?"
ကျန်းလင်ရိဟာ မျက်နှာကြက်ကိုမော့ကြည့်လိုက်ရင်း ဖျော့တော့စွာ တုန့်ပြန်လိုက်တယ်
"ပင်ပန်းပြီး..... ကားမောင်းလို့...."
ဝမ်ကွမ်းနင်ဟာ ချက်ချင်း ပေါက်ကွဲတော့တယ်
"မင် ပင်ပန်းနေတဲ့ဟာ ဘာဖြစ်လို့ ကားမောင်းရတာတုန်း?"
ကျန်းလင်ရိက အနောက်ကို တွန့်သွားကာ
"အာ, ငါ ပင်ပန်းတယ်လို့မခံစားရပါဘူး ငါ သိသိသာသာကြီး အရမ်းကို အားအင်တွေပြည့်နေတယ်လို့ ခံစားရတယ်"
အမှန်က ဒီလို... အိမ်ကို အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးပြန်ဖို့ အတွက် သူဟာ နှစ်ရက်စာလုပ်ရမယ့်အလုပ်တွေကို တစ်ရက်ထဲနဲ့ပြီးအောင် ထိုးသိပ်ပြီးလုပ်ခဲ့တာဖြစ်တယ်. သူဟာ ဂျာရိုစကုတ်က ဂျင်လည်သလို အမြန်နှုန်းနဲ့ တစ်ရက်ထဲမှာတင် အလုပ်တွေအကုန်လုံးပြီးစီးသွားအောင် အလျင်အမြန်လုပ်ခဲ့တယ်. အဲ့နောက် သူ မရမကပဲ မြို့တော် G ဆီ ကားမောင်းပြီး ပြန်ခဲ့တယ်
အစကတော့ ဝမ်ကွမ်းနင်နဲ့ ဒီညအတူတူရှိနေနိုင်မယ်ဆိုတဲ့ အတွေးက သူစိတ်ကို အပြင်းအထန်လှုံ့ဆော်နေခဲ့တယ်. ဒါပေမယ့် သူ အရမ်းကို ပင်ပန်းနေပြီ. ကျန်းလင်ရိဟာ အတွေ့အကြုံနုသေးတဲ့ ယာဉ်မောင်းတစ်ယောက်နဲ့ တွေ့ကြုံခဲ့ရပြီး ကားနောက်ဖျားကို ဝင်ဆောင့်မိခဲ့တယ်
ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိ သဘောထားကို အရမ်းကို မကျေမနပ်ဖြစ်နေတယ်. ဒါပေမယ့် ဖြစ်တာလည်း ဖြစ်ပြီးနေပြီဆိုတော့ အဲ့အကြောင်းအကျယ်ချဲ့ပြောနေလည်း အသုံးမဝင်တော့ဘူး. နောက်ဆုံးမှာတော့ သူဟာ သူ့စိတ်ထဲက စိုးရိမ်ပူပင်မှုတွေကို မထိန်းနိုင်တော့ပဲ မေးလိုက်တယ်
"ဒါဆို အခုကော ဘယ်လိုနေသေးလဲ? ဆရာဝန်က ဘာပြောလဲ?"
ကျန်းလင်ရိက ရယ်လိုက်တယ်
"ကြီးကြီးမားမား မဖြစ်ပါဘူး. ငါ့လက်မောင်းပွန်းသွားလို့ နည်းနည်းယောင်နေတာပဲရှိတာ. နောက်နှစ်ရက်လောက်တော့ ငါအလုပ်လုပ်နိုင်မှာ မဟုတ်ဘူး"
ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိလက်မောင်းကို ဖမ်းဆွဲကာ သူ့အကျႌလက်ကို မပြီးကြည့်လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်နေတယ်. ဒါပေမယ့် သူနောက်ဆုံးတော့ အဲ့လို မလုပ်ဖြစ်လိုက်ဘူး. ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိလက်ထဲက ပန်းသီးကို ဆွဲယူလိုက်ကာ အခွံစပြီးခွာလိုက်တယ်
ကျန်းလင်ရိ ချက်ချင်း ပြုံးသွားတယ်. သူ့မျက်လုံးတွေဟာ လခြမ်းကွေးသဏ္ဍာန်လေးဖြစ်လို့သွားတယ်. သူဟာ မမျှော်လင့်ပဲ ယောင်တောင်တောင်နဲ့ ထုတ်ပြောလိုက်တယ်
"ရှိုရှိုသာ အကောင်းဆုံးပဲ!"
ဝမ်ကွမ်းနင် ဒီအခေါ်အဝေါ်ကို မကြားခဲ့တာ အတော်လေးကြာခဲ့ပြီ. ပန်းသီးခွာနေတဲ့သူ့လက်တွေ ရပ်တန့်သွားတယ်. သူ့နှလုံးသားထဲကနေ ခံစားချက်တစ်ထောင်လောက်က လှိုက်တက်လာတယ်. သို့ပေမယ့်လည်း ဝမ်ကွမ်းနင် ခေါင်းမော့လိုက်ချိန်မှာတော့ သူ့မျက်နှာအမူအရာဟာ ထိန်းထားပြီးသားဖြစ်နေတယ်. ပန်းသီးအခွံနွှာနေတဲ့ ဓားဟာ ကျန်းလင်ရိအရှေ့မှာ လက်ခနဲရောင်ပြန်ဟပ်သွားတယ်
"ငါက 'ကုန်´!"
ကျန်းလင်ရိ : "......."
ပညာရှိဆိုတာ အခြေအနေကို ကြည့်ပြီးလှုပ်ရှားတတ်ရတယ်. အခုချိန်မှာ သူ ဘာမှမပြောပဲ စွဲွဲစွဲမြဲမြဲနဲ့ တိတ်တိတ်လေး နေဖို့ တကယ် အရေးကြီးတယ်
ကျန်းလင်ရိ ဒဏ်ရာဟာ တကယ်ပဲ အရမ်းမဆိုးဘူး. နောက်တစ်နေ့မှာပဲ သူဆေးရုံကဆင်းခွင့်ရလိုက်တယ်. ဒါပေမယ့် ဟွိုက်ဒီနိုင်ငံတကာက သူ့ကို ခွင့်နှစ်ရက်ပေးလိုက်တယ်
တစ်ဖက်မှာတော့ ဝမ်ကွမ်းနင်ဟာ အရင်လို အလုပ်သွားဖို့လိုတယ်. ဒီတော့ ကျန်းလင်ရိဟာ ခေါင်းမှာမှိုပွင့်တွေပေါက်တဲ့အထိ အိမ်မှာတစ်ယောက်တည်းပျင်းကာ ကျန်ရစ်ခဲ့တယ်. နောက်ဆုံး သူတအားပျင်းလာတာနဲ့ ဖုန်းကို ကောက်ကိုင်လိုက်ကာ ကျန်းလင်ရိဆီ မက်ဆေ့ပို့လိုက်တယ်
ရှိုရှို, မင်း ဘာလုပ်နေလဲ?
အမှန်ပဲ, ဆေးရုံကနေ ပြန်လာပြီးတဲ့နောက်ကစပြီး ကျန်းလင်ရိဟာ ဝမ်ကွမ်းနင်ကို 'ရှိုရှို´ လို့ စပြီးပြန်လည် သုံးနှုန်းလာတယ်
နာရီဝက်ကြာပြီးနောက်, ဝမ်ကွမ်းနင်ဆီက မက်ဆေ့ပြန်လာတယ်
အစည်းအဝေးခန်းထဲမှာ
ကျန်းလင်ရိက အလျင်အမြန်ပဲ စာပြန်လိုက်တယ်
အဲ့ဒါက ဘယ်လောက် ကြာမှာလဲ?
နှစ်နာရီကြာပြီးနောက်
ခုပဲ ပြီးသွားပြီ
ကျန်းလင်ရိက ဆက်လက်ပြီး သူ့ဆီ စာပြန်လိုက်တယ်
မင်းအစည်းအဝေးက အရမ်းကြာတာပဲ~!
သုံးနာရီကြာပြီးနောက်
မင်း ငါ့ကို ဆက်ပြီးနှောင့်ယှက်နေရင် မင်းဖုန်းနံပါတ်ကို ငါ blacklist ထဲ ထည့်ပစ်မယ်
ကျန်းလင်ရိ မျက်နှာပေါ်မှာ မျက်ရည်ကြောင်းကြီးနှစ်ကြောင်းပေါ်သွားတယ်. သူဟာ တိတ်ဆိတ်စွာနဲ့ ဖုန်းကို အဝေးမှာထားလိုက်ကာ ဆက်ပြီး မှိုပွင့်တွေပေါက်လောက်အောင် ပျင်းနေလေတော့တယ်
❖
ညနေ ၇ နာရီမှာတော့ ဝမ်ကွမ်းနင်ဟာ ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဆတ်တဲ့ အသားတွေ တစ်ပုံတစ်ပင်ကိုသယ်ကာ အိမ်ကို ပြန်လာတယ်. ကျန်းလင်ရိက ပျင်းလွန်းအားကြီးလို့ အခုတော့ သူ့အခန်းထဲမှာ အိပ်ပျော်နေတယ်.
ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိ အခန်းတံခါးကို ဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တယ်. သူဟာ တံခါးကြားကျဉ်းကျဉ်းလေးထဲကနေ တစ်ဖက်လူအိပ်ပျော်နေတာကို တစွန်းတစမြင်လိုက်တယ်. အဲ့နောက် သူကုတ်အကျႌ သွားချွတ်လိုက်ကာ အကျႌလက်ဖျားတွေကို ခေါက်တင်လိုက်တယ်. သူဟာ မီးဖိုဆောင်ထဲကို လှမ်းဝင်သွားလိုက်ပြီးတော့ သူ့ရဲ့ ကျွမ်းကျင်မှု စကေးတွေကို အသက်သွင်းဖို့ပြင်လိုက်တယ်
ကျန်းလင်ရိက အရမ်း အိပ်မောကျနေတာတော့မဟုတ်ဘူး. သူ မှေးခနဲ အိပ်ပျော်သွားတဲ့ အချိန်မှာ အိမ်မက်ဆိုးတောင် မက်လိုက်သေးတယ်. အိပ်မက်ထဲမှာ သူ့အိမ်ကြီးက ပေါက်ကွဲထွက်သွားတယ်.
အဲ့ဒီမြင်ကွင်းဟာ ဟောလီးဝုဒ်က နာမည်ကြီးဒုက္ခသည်ရုပ်ရှင်ကားတွေထဲကလိုပဲ. သွေးသံတရဲရဲနဲ့!
အဲ့နောက် ကျန်းလင်ရိ လန့်ဖျန့်ပြီး နိုးလာတယ်
ဒါ တကယ်ကို ခြောက်ခြားစရာကောင်းတာပဲ!
ကျန်းလင်ရိဟာ ဇောချွေးတွေကို ပွတ်သုတ်လိုက်တယ်. အဲ့နောက် သူ အချိန်ကို လှမ်းကြည့်လိုက်တယ်. အချိန်က ၈နာရီတောင် ကျော်နေပြီ.
ဒီအချိန်လောက်ဆို ရှိုရှိုအိမ်ပြန်ရောက်လောက်ပြီ ဟုတ်တယ်မလား?
အဲ့အကြောင်းတွေးလိုက်ရင်း ကျန်းလင်ရိဟာ အခန်းတံခါးဖွင့်လိုက်တယ်. အဲ့မှာ အိုးတွေ ဒယ်တွေ အချင်းချင်းခိုက်မိတဲ့ နမိတ်ဆိုးသံတွေကို သူ ကြားလိုက်ရတယ်.
ကျန်းလင်ရိမျက်ခုံးလှုပ်သွားတယ်. သူ မီးဖိုဆောင်ဆီကို အပြေးသွားကြည့်လိုက်တော့ ဝမ်ကွမ်းနင် ကို့ရို့ကားယားနဲ့ လက်တစ်ဖက်မှာ ဒယ်အိုးအဖုံး နောက်တစ်ဖက်မှာ ဂေါ်တံကိုကိုင်ထားတာကို တွေ့လိုက်တယ်. သူက ဒယ်အိုးအဖုံးကို သူ့အရှေ့မှာ ဒိုင်းလို ကာကွယ်ထားတယ်. ဝမ်ကွမ်းနင် ရှေ့တည့်တည့်က အိုးထဲမှာတော့ လောလတ်တလောမှာ မီးခိုးငွေ့တွေ တစ်ထောင်းထောင်းထနေတဲ့ အဝါရောင် အဖြူရောင်အလုံးတွေနဲ့ ပြည့်နေတယ်. ကျန်းလင်ရိ မှန်းကြည့်ရသလောက်တော့ အဲ့ဒါက တို့ဖူး ဒါမှမဟုတ် တို့ဖူးနဲ့ တူတာ တစ်ခုခုဖြစ်နိုင်တယ်
ကျန်းလင်ရိ ချောင်းဆိုးလိုက်တယ်. သူဟာ ရုတ်တရတ်ကြီး တစ်ဖက်လူကို ဝင်တားပြီး ရပ်ခိုင်းလိုက်ရင် ရိုင်းပျမှာစိုးတယ်. ဒါနဲ့ အဲ့အစား သူ အသံကိုပဲ အသုံးချလိုက်တယ်
"ရှိုရှို, မင်းဘာတွေ...... လုပ်နေတာလဲ?"
ဝမ်ကွမ်းနင်ဟာ အခုတင် ဒုက္ခအကြီးအကျယ်ရောက်နေတာ. ကျန်းလင်ရိအသံကို ရုတ်တရတ်ကြားလိုက်ရတဲ့ အချိန်မှာ သူအကြောတွေတောင့်တင်းသွားတယ်. အဲ့နောက် သူ့နားရွက်ဖျားလေးတွေ နီမြန်းလာပြီး မကျေမနပ်နဲ့ နောက်လှည့်ကာပြောလိုက်တယ်
"ညစာချက်နေတာလေ! မမြင်ဘူးလား?"
ကျန်းလင်ရိ ဆွံ့အသွားတယ်.
အာ, ရှိုရှိုရဲ့ အချက်အပြုတ်စကေးကတော့ အချိန်တွေကြာသွားတာတောင် တကယ့်ကို မပြောင်းလဲသေးဘူးပဲ!
ကျန်းလင်ရိဟာ ကူကယ်ရာမဲ့စွာနဲ့ လက်ဟန်ပြလိုက်တယ်
"မင်းအခု ဘာချက်နေတာလဲ?"
ဝမ်ကွမ်းနင် နှုတ်ခမ်းလေးတွေ အပေါ်ကို ကွေးတက်သွားတယ်.
"ဂဏန်းတို့ဖူးလေ. အဲ့လောက်တောင် ပြောရခက်လား?"
"ဒါပေါ့မခက်ပါဘူး. ငါတစ်ချက်လောက်ကြည့်လိုက်ကတည်းက သိပါတယ်"
ကျန်းလင်ရိဟာ စိတ်လိုလက်ရနဲ့ ချီးကျူးထောပနာပြုလိုက်တယ်
"ငါ တစ်ခါမှ ဒီလောက်ဂဏန်းတို့ပူးဟင်းနဲ့ အရမ်းတူတဲ့ ဂဏန်းတို့ပူးဟင်းကို မမြင်ဖူးဘူး"
ဝမ်ကွမ်းနင် : "........."
ကျန်းလင်ရိလည်း သူ့ရဲ့ချီးကျူးစကားတွေက သိသိသာသာကြီး အလွန်အကျွံတွေဖြစ်နေမှန်း သူကိုယ်သူသိတယ်. သူက ရယ်လိုက်ကာပြောတယ်
"အမ်... ရှိုရှို, အဲ့အစား ငါချက်ပေးရင်ကော?"
ဝမ်ကွမ်းနင်က သူ့လက်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်
"မင်းကို အရမ်းအားစိုက်ရတဲ့အလုပ်တွေမလုပ်ဖို့ မှာထားတယ်မဟုတ်လား?"
ကျန်းလင်ရိက သူ့လက်မောင်းကို လှုပ်ပြလိုက်ရင်းက
"ထမင်းလေးတစ်ခါချက်တာလောက်နဲ့တော့ ဘာပြသာနာမှမရှိလောက်ပါဘူး"
ကျန်းလင်ရိဟာ ရှပ်အကျႌလက်တိုတစ်ထည် ဝတ်ဆင်ထားတာကြောင့် သူ့လက်မောင်းပေါ်က အညိုအမည်းဆွဲကာ ရောင်ကိုင်းနေတဲ့ ကြီးမာတဲ့ ဒဏ်ရာကြီးကို အတိုင်းသားမြင်နိုင်တယ်
ဝမ်ကွမ်းနင် မျက်လုံးတွေထဲမှာ ကြည်နူး နွေးထွေးမှုအရိပ်အရောင်တွေပေါ်သွားတယ်
"ဒါဆို ငါကချက်ပေးပြီး မင်းက ငါ့ကိုဘယ်လိုချက်ရမလဲဆိုတာ ပြောပြရင်ကော?"
ကျန်းလင်ရိ ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် ပြောလိုက်တယ်
"အဲ့ဒါလည်း ရတာပဲ"
အဲ့ဒီနောက် ဝမ်ကွမ်းနင်ဟာ သူ့ရဲ့ဟင်းချက်ခြင်းအလုပ်ကို ပြန်လည်အစပြုလိုက်တယ်. တကယ်တမ်းတော့ သူနည်းနည်း စိတ်တိုနေတယ်. ကျန်းလင်ရိဟာ တစ်ခါတုန်းက သူစားဖို့အတွက် ဒီဂဏန်းတို့ဖူးဟင်းကို ချက်ပေးဖူးတယ်.ပြီးတော့ သူကိုယ်တိုင်လည်း ထိုင်ဝမ်မှာ နေခဲ့ချိန်တုန်းက ဒီဟင်းကို အကြိမ်ပေါင်းများစွာ ကြိုးစားချက်ပြုတ်ခဲ့ဖူးတယ်. ဒါပေမယ့် လက်တွေ့မှာတော့ သူ့ဆီမှာ အချက်အပြုတ်နဲ့ပတ်သတ်ပြီး ပါရမီမပါတာကို သက်သေပြနေတယ်. ဝမ်ကွမ်းနင် အကြိမ်ပေါင်းဘယ်လောက်များများ ကြိုးစားပါသော်လည်း အဆုံးသတ်အဖြေကတော့ အမြဲလိုလို တူးနေတဲ့ အစိုင်အခဲလုံးကြီးဖြစ်ရင်ဖြစ် မဟုတ်ရင် ကော်လိုစေးကပ်နေတဲ့ ဟင်းပုံကြီးဖြစ်သွားတယ်
အဲ့နောက် ကျန်းလင်ရိဟာ ဝမ်ကွမ်းနင်ဘေးနားမှာ ရပ်ကာ သူ့ကို စတင်ပြီး ညွှန်ကြားချက်တွေ ပေးတော့တယ်.
"ကြက်ဥဆားစိမ်ရဲ့ အကာကို ခေါက်ပြီးမွှေလိုက်. အင်း ခေါက်လိုက်. ရေထည့်. ပြီးရင် ကြက်ဥအကာတွေ ပြစ်လာတဲ့အထိ မွှေလိုက်"
"တို့ဖူးတွေကို အသာလေး ထည့်လိုက်. သတိထား......."
"မြန်မြန်လေး တို့ဖူးတွေကို ဂေါ်နဲ့ ကော်ပြီး လှန်လိုက်. မဟုတ်ရင် အောက်ခြေတွေ တူးကုန်လိမ့်မယ်. မြန်မြန်လှန်......"
ဝမ်ကွမ်းနင်က အစကတည်းက စိတ်လှုပ်ရှားနေတယ်. သူဟာ ကျန်းလင်ရိပြောတာကို ကြားလိုက်တော့ ပိုပျာယာခတ်သွားပြီး အိုးထဲကဟာတွေအကုန်လုံး တွန့်ကြေကာ ပုံပျက်ကုန်တယ်
"ငါ လှန်နေတယ်. အရမ်း နားမပူနဲ့!"
ဝမ်ကွမ်းနင်က စိတ်ရှုပ်စွာ ပြောလိုက်တယ်
ကျန်းလင်ရိဟာ တူးခါနီးဆဲဆဲဖြစ်နေတဲ့ တို့ပူးတွေကို ကြည့်ကာ မတတ်သာသလို ခေါင်းခါးရမ်းလိုက်တယ်. သူဟာ အရှေ့ကို လျှောက်လာကာ ဝမ်ကွမ်းနင် အနောက်မှာ မတ်တပ်ရပ်လိုက်တယ်. သူ့ညာဘက်လက်က ဝမ်ကွမ်းနင်ရဲ့ ခါးကို ကျော်ကာ တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ကို မိမိရရကဆုပ်ကိုင်လိုက်တယ်. ကျန်းလင်ရိဟာ လျင်မြန်သွက်လက်စွာနဲ့ တို့ပူးတွေကို အကြိမ်အနည်းငယ်လောက် ဟိုဘက်ဒီဘက်လှန်လိုက်ကာ ပြောတယ်
"ကြည့်, ဒီလို လှန်ရမှာ"
ကျန်းလင်ရိက သူ့အနောက်နားကို နီးနီးကပ်ကပ်ကြီးရွှေ့လာတဲ့အခါမှာ ဝမ်ကွမ်းနင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတယ်. အဲ့နောက် သူ့ကိုယ့်ပိုင်လှုပ်ရှားမှုတွေအပေါ် သူ လုံးဝကို မထိန်းချုပ်နိုင်ဖြစ်သွားတယ်. ကျန်းလင်ရိက သူ့နား နားကပ်ကာ စကားပြောလာတဲ့အချိန်အထိပဲ. လေပူနွေးနွေးလေးတွေ ဖြတ်သန်းတိုက်ခတ်သွားတဲ့အခါ သူုုတုန်လှုပ်သွားတယ်
ကျန်းလင်ရိရဲ့ မရိုးမရွခံစားချက်တွေကလည်း သူ့ထက်တော့နည်းနည်းမှမလျော့ဘူး. သူ့ဟာ ရိုးရိုးလေးပဲ ဟင်းပွဲကို ကယ်တင်ချင်ခဲ့တာ. ဒါပေမယ့် သူသိသွားတယ် သူဟာ ဝမ်ကွမ်းနင်ရဲ့ လက်ကိုကိုင်လိုက်မိတာနဲ့ လုံးဝကိုပြန်မလွှတ်ချင်တော့ဘူး. သူ နေ့ရောညပါ လိုလားတောင့်တနေခဲ့ရသူဟာ အခု သူ့ရင်ခွင်ထဲမှာရောက်နေပြီ. သူ့ ခြေလှမ်းလေး တစ်လှမ်းသာ လိုတယ်. ပြီးတာနဲ့ ထိုလူက သူ့အပိုင်ပဲ. ဒါပေမယ့် ဒီလောက်အကွာအဝေးလေးဟာ ပေါ့ပေါ့တန်တန်နဲ့ စည်းကျော်လိုက်လို့ရတဲ့အရာမဟုတ်ဘူး
ကျန်းလင်ရိ စိတ်ထဲကနေ ကြိတ်ပြီး သက်ပြင်းချလိုက်ရင်း ဝမ်ကွမ်းနင်လက်ကို ကိုင်ကာ တို့ပူးကိုနောက်တစ်ခါ လှန်လိုက်ပြန်တယ်. သူဟာ တို့ပူးတွေကို ကြက်ဥအနှစ်တွေနဲ့ သေချာရစ်ပတ်သွားတဲ့အထိ ဆက်ကာဆက်ကာ လှန်ပေးနေတယ်. အဲ့နောက် သူ မီးပိတ်လိုက်ကာ ဟင်းတွေအားလုံးကို ပန်းကန်ထဲပြောင်းထည့်လိုက်တယ်
"ပြီးပြီ"
သူ ဘယ်လောက်ပင်တွန့်ဆုတ်နေပါစေ ကျန်းလင်ရိဟာ ဝမ်ကွမ်းနင်လက်ကောက်ဝတ်ကိုဆုတ်ကိုင်ထားတဲ့ သူ့ရဲ့လက်ကို ဖြေလျော့ပေးလိုက်တယ်. သူက ပြုံးလိုက်ရင်း
"ငါ့ဒဏ်ရာ ပျောက်သွားရင် ချက်ရေးပြုတ်ရေးတွေကို ငါ့ကိုပေးလုပ်ပါ"
သူက ခဏလောက်ရပ်လိုက်ပြီးနောက် ဆက်ပြောတယ်
"ဘာတွေပဲ ဖြစ်နေနေ မင်းသာ သဘောတူတယ်ဆို ငါမင်းအတွက် ထာဝရ ဟင်းချက်ပေးမယ်"
စက္ကန့်ပိုင်းလောက်လေးမှာ ဝမ်ကွမ်းနင်ဟာ သူက ကျန်းလင်ရိကို ကြိုက်နေသလို ကျန်းလင်ရိကလည်း သူ့ကိုကြိုက်နေတယ်လို့ သံသယဝင်မိတော့မလို ဖြစ်သွားတယ်
ဒါပေမယ့် သူ ပိုနီးကပ်အောင် ခြေတစ်လှမ်းတိုးတော့မယ့် အချိန်လေးမှာ သူ့စိတ်ထဲကနေ လျိုကျီဝိုက်က ကျန်းလင်ရိရဲ့ လက်မောင်းကို ကိုင်ထားတဲ့ မှတ်ဉာဏ်တွေ ပေါ်ပေါက်ဝင်ရောက်လာကာ အဲ့ဒီအတွေးတွေ ရှေ့ဆက်ဖို့ကို ပိတ်ပင်တားမြစ်တာခံလိုက်ရတယ်
မစဉ်းစားမဆင်ခြင်ပဲနဲ့ မျက်ကန်းတစ်ယောက်လို မလုပ်စမ်းပါနဲ့!
ဝမ်ကွမ်းနင် သူ့ကိုယ်သူပြောနေတယ်
ကျန်းလင်ရိ အကူအညီနဲ့ ဝမ်ကွမ်းနင်ဟာ နောက်ဆုံးမှာ တစ်ဘုန်းဘုန်းတစ်ဒိုင်ဒိုင်းနဲ့ ဟင်းလျာနှစ်ပွဲကို ချက်ပြုတ်ပြီးစီးသွားတယ်. သူက ကျန်းလင်ရိအတွက် ပန်းကန်လုံးထဲကို ထမင်းထည့်လိုက်ပြီးနောက် နှစ်ယောက်သား ထမင်းစားပွဲမှာထိုင်လိုက်ကြတယ်
ကျန်းလင်ရိရဲ့ စားချင်သောက်ချင်စိတ်ဟာ အရမ်းကိုကောင်းနေတယ်. သူဟာ လူမမာတစ်ယောက်နဲ့ နည်းနည်းလေးတောင်မတူဘူး. သူက မြိန်ရေရှက်ရေ စားသောက်ကာ သွားတွေပေါ်အောင် ရယ်လိုက်ရင်း ပြောတယ်
"ရှိုရှိုရဲ့ အချက်အပြုတ်စွမ်းရည်တွေက အရမ်းကို တိုးတက်လာတာပဲ. ဒီလို အစားကောင်းတွေ စားဖို့ အခွင့်အရေးရတာ ငါအရမ်းကံကောင်းတာပဲ!"
မင်း ဒီ့ထက်ပိုပြီး နှုတ်သီးညိုလေးတွေလို ကြည်ညိုလေးစားပြလို့ရနိုင်သေးလား?
(T/N - နှုတ်သီးညိုလေးတွေဆိုတာ ချစ်စရာအာဝုခေးတွေကိုပြောတာပါ. ခွေးလို 'ကုန်' လို့ဆိုလိုတဲ့ သဘောပါပဲ)
ဝမ်ကွမ်းနင်ဟာ စိတ်ကုန်တဲ့ပုံနဲ့ ကျန်းလင်ရိခြေထောက်တွေကို လှန်းကြည့်လိုက်တယ်. ကျန်းလင်ရိခြေထောက်တွေက တစ်ခုသောသတ္တဝါလေးတွေရဲ့ အမွှေးထူထူပုံစံလေးတွေများ ထင်ယောင်ထင်မှားပေါ်လာဦးမလား ဆိုပြီးတော့လေ
သူဟာ ပါးစပ်အပြည့်ထမင်းတစ်လုတ်စားလိုက်ပြီးနောက် ရုတ်တရတ် တခုခုကို သတိရသွားကာ ပြောလိုက်တယ်
"အိုး, ဟုတ်သား. ကျန်းလင်ရိ. ဒီနေ့ ငါ့ဆီကို ဒေးဗစ်ဖုန်းခေါ်လာတယ်"
"ဘာလို့ ဒေးဗစ်က မင်းဆီကို ဖုန်းခေါ်ရတာလဲ?"
ကျန်းလင်ရိ နားမလည်နိုင်ဘူး.
"သူ့ကမ်းလှမ်းထားတဲ့ဟာကို လက်ခံစေချင်လို့များလား?"
အဲ့ဒါက မဖြစ်နိုင်တာတော့ မဖြစ်ဘူး. ဘာပဲဖြစ်ဖြစ် ဝမ်ကွမ်းနင်က ဟွိုက်ဒီကို ငြင်းဆိုလိုက်ရတဲ့ အကြောင်းပြချက်ဟာ စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် အဲ့ဒါက သူ့ရဲ့ စစ်မှန်တဲ့ ပါရမီအရည်အချင်းတွေကိုတော့ မထိခိုက်စေနိုင်ဘူး. ဒေးဗစ်ဟာ အရမ်းကို ဂျီးများတဲ့သူဖြစ်သလို တစ်ချိန်တည်းမှာပဲ သူဟာ လုပ်ရည်ကိုင်ရည် အရည်အချင်းရှိသူတွေကို အလွန်နှစ်သက်သဘောကျသူဖြစ်တယ်. သူ့မျက်စိထဲ ကျေနပ်သဘောကျသူကို တွေ့ဖို့ဆိုတာ သူ့အတွက် အတော်ရှားပါးတဲ့ကိစ္စပဲ. အဲ့တော့ ဒေးဗစ်အနေနဲ့ ဝမ်ကွမ်းနင်ကို ခေါ်ယူသိမ်းသွင်းဖို့ဆိုတာ သဘာဝကျတဲ့ပုံမှန်ကိစ္စလေးပဲ
"ဟင့်အင်း, သူက မင်းတို့ကုမ္ပဏီရဲ့ နှစ်ပတ်လည်ညစာစားပွဲကို တက်ဖို့ဖိတ်တာ"
အဲ့ဒီမှာ ဝမ်ကွမ်းနင် ထည့်မပြောလိုက်တဲ့ စကားတစ်ခွန်းရှိသေးတယ်. ဖုန်းကနေတစ်ဆင့် ဒေးဗစ်ပြောခဲ့တာက ဒါဟာ ဝမ်ကွမ်းနင်နဲ့ သူရဲ့ ချစ်ရတဲ့သူအတွက် အခွင့်အရေးဖန်တီးပေးခဲ့တာဖြစ်တယ်လို့ သူပြောခဲ့တယ်
ကုမ္ပဏီကြီးတစ်ခုရဲ့ နှစ်ပတ်လည်ညစာစားပွဲဆိုတာ ဒီအသိုင်းအဝိုင်းတစ်ခုတည်းက ထူးချွန်ပြီးအလားအလာကောင်းတဲ့သူ တစ်ချို့ကိုသာ မကြာခဏဖိတ်ခေါ်တာမျိုးဖြစ်တယ်. သူတို့ဟာ အပြိုင်အဆိုင် ကုမ္ပဏီကဖြစ်နေဦးတော့ အဲ့ဒါက အကြုံးဝင်တာဖြစ်တယ်. မည်သို့ပင်ဆိုစေ ဒီလောကကြီးက ကျဉ်းကျဉ်းလေးသာဖြစ်တာကြောင့် ဆက်ဆံရေးတစ်ခုဖြစ်သွားပြီဆိုတာနဲ့ တစ်နေ့နေ့တချိန်ချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖြစ်မယ်ဆိုတာ သေချာ သလောက်ပဲ.
ကျန်းလင်ရိပြန်ပြီးအမှတ်ရသွားတယ်. သူ ဟွိုက်ဒီနိုင်ငံတကာကို မဝင်ရောက်ရသေးခင်တုန်းက ဖူမာအိုခါအိစိရဲ့ သူေဋ္ဌးကြီး လောင်ချောင်ဟာလည်း ဒီလိုမျိုးနှစ်ပတ်လည်ညစာစားပွဲတစ်ခုမှာ တက်ရောက်ဖို့ဖိတ်ကြားခြင်းခံခဲ့ရတယ်. လက်ရှိမှာ ဝမ်ကွမ်းနင်ဟာ ဖူမာအိုခါအိစိရဲ့ တရုတ်ပြည်တောင်ပိုင်းဋ္ဌာနခွဲရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်တယ်. ဒီတော့ ဒေးဗစ် သူ့ကိုဖိတ်ခေါ်ရခြင်းဟာ မျှော်လင့်ထားပြီးသားကိစ္စတစ်ခုပဲ. ဒါနဲ့ ကျန်းလင်ရိလည်း တခြားပြောမနေတော့ပဲ မေးလိုက်တယ်
"အဲ့တော့ မင်းသွားမှာလား?"
ဝမ်ကွမ်းနင်ဟာ ဂဏန်းတို့ပူးတစ်လုတ်ကို မျိုချလိုက်ရင်းက ပြန်ပြောတယ်
"ဒါပေါ့ ငါသွားမှာ!"
______________________________________
အချစ်ဆုံးတို့ရေ
Woww..... မရိုးမရွဖြစ်အောင်တွေ ရိုပြနေကြပါတယ်လို့ 😭😅😂 ဒီအပိုင်းမှာ စီးပွားရေးနဲ့ဆိုင်တာတွေပါလာတော့ ကြိုးစားပြီး ဘာသာပြန်ပေးထားပါတယ်နော် 😁 အဆင်မပြေတာလေးတွေ ရှိရင် ဖြည့်ပြီးဖတ်ပေးကြပါနော် 😅😅 နောက်ပြီးတော့ ဒီအပိုင်းလေးပြီးလို့ နောက်အပိုင်း ၄၀ အထိပဲ ဆရာမ kiai က eng လိုဘာသာပြန်ပေးထားလို့ နောက်အပိုင်းပြီးရင် ပြန်စရာမရှိတော့ပါဘူး. ဒါပေမယ့် သာသာ ရုရှားကနေ အင်္ဂလိပ်လို ဘာသာပြန်ပေးထားတဲ့သာသာတစ်ယောက် တွေ့ထားပါတယ်. သူပြန်ပေးထားတာက နဲနဲတော့ ဖတ်ရတာထောက်ပေမယ့် အဲ့ဒီကနေ မြန်မာလိုလေးဆက်ပြီး ပြန်ပေးပါမယ့်နော် 😊😊 သူရေးထားတဲ့အထိပေါ့ 😍😍
နောက်အပိုင်းတွေမှာ ပြန်တွေ့ကြမယ်နော် 😁
ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်ကြပါစေ 😊
ဒါလေးကတော့ bonus fan art လေး 'မ' လာတာပါ. ဘယ်သူလေးတွေလဲဆိုတာ မှန်းကြည့်ကြပါဦး😁😁
With love ❤❤
Taiga 😘