Villain And His Cheating Syst...

By Real-Momon

68.6K 7.8K 573

"မင္း ဂိမ္းကစားခ်င္လား" "...." "Cheatေတြလည္း အမ်ားႀကီး ထည့္ေပးအုံးမွာ" "အိုေခ..စိန္လိုက္ေလ" "မင်း ဂိမ်းကစားချ... More

Wei XingChen
Wei Xing Chen
announcement
Wei XingChen
ads
Wei XingChen
Wei XingChen
Wei Xing Chen
Wei XingChen
Wei XingChen
Wei Xing Chen
Wei Xing Chen
Wei XingChen
Wei XingChen
Wei XingChen
Wei XingChen

Wei XingChen

12.2K 518 24
By Real-Momon

ZawGyi

Keyboardကို တေဗ်ာင္းေဗ်ာင္း႐ိုက္ေနတာကို
ရပ္လိုက္ၿပီး ေဘးက ႏြားႏို႔ခြက္ကို လွမ္းယူလိုက္ကာ တ႐ွိန္ထိုး ေမာ့ခ်လိုက္သည္။
သူ႔မ်က္ႏွာက ေဒါသေၾကာင့္ နီရဲေနသည္။

"Keyboard အသစ္ ထပ္ဝယ္ရေတာ့မွာပဲ"

ေဝ့႐ွင္းခ်န္ဟာ ဂိမ္းကို အ႐ူးအမူး စဲြလန္းေနတဲ့
Hardcore gamer တစ္ေယာက္။
သူ႔ရဲ႕ ထူးျခားခ်က္က သူေဆာ့တဲ့ ဂိမ္းတိုင္းကို
Cheatလုပ္ၿပီးမွ ေဆာ့တတ္တာပဲ။

ဘယ္ေလာက္ေကာင္းေကာင္း cheatလုပ္ထားတဲ့ ဂိမ္းမဟုတ္ရင္ သူမေဆာ့။
တစ္ျခားအေၾကာင္းေၾကာင့္ မဟုတ္ပဲ
ဂိမ္းထဲက ပစၥည္းေတြကို ေဖာေဖာသီသီ ဝယ္
Damageေတြအမ်ားႀကီးထြက္၊
သူမ်ားေတြထက္သာေနတာက သူ႔ကို စိတ္ခ်မ္းသာေစလို႔ပဲ။

ဟုတ္တယ္ေလ။ဂိမ္းထဲက ပစၥည္းေတြကို
တကယ့္ပိုက္ဆံေပးၿပီး ဝယ္ေနရတာက
သူ႔အတြက္ အက်ိဴးမ႐ွိ။
သူေဆာ့တဲ့ဂိမ္းေတြကလည္း
ပိုက္ဆံသံုးႏိုင္မွ ထိပ္ဆံုးေရာက္မယ့္ဂိမ္းေတြ။
အဲ့ေတာ့ cheatလုပ္ၿပီး ေဆာ့သည္။

အစပိုင္းမွာ သူမ်ားhackထားတဲ့ cheatလုပ္ၿပီးသား fileေတြ ႐ွာသံုးသည္။
ေနာက္ေတာ့ သူလိုခ်င္တဲ့ ဂိမ္းေတြက
Cheatလုပ္ထားတာ မ႐ွိတဲ့အခါ သူကိုယ္တိုင္
Hackဖို႔ ႀကိဳးစားရင္း တျဖည္းျဖည္းနဲ႔
အဆင္ေျပလာသည္။နည္းပညာပိုင္းကို
ထဲထဲဝင္ဝင္ ေလ့လာျဖစ္ခဲ့သည္။
သူ႔ရဲ႕ပါရမီေၾကာင့္
Hackingဘက္မွာပါ ဆရာက်လာၿပီး
သူ႔ရဲ႕အရည္အခ်င္းက world wide hackerေတြနဲ႔
ယွဥ္လို႔ ရလာသည္။

သို႔ေသာ္လည္း ပါရမီ႐ွင္ေလးဟာ သူ႔ရဲ႕
႐ွမ္း႐ွမ္းေတာက္ ပါရမီကို ဂိမ္းေတြ
hackတဲ့ေနရာမွာပဲ အသံုးခ်ေလတယ္။

အခုလည္း ၾကည့္ေလ။သူေဆာ့ခ်င္တဲ့ ဂိမ္းတစ္ခုကို စhackၿပီးရံုပဲ ႐ွိ​ေသးသည္။
ဂိမ္းကုမၸဏီက ေၾကညာလာသည္။
ဂိမ္းကို ပိတ္သိမ္းေတာ့မည္တဲ့။

ဒါေပမဲ့လည္း သိပ္မဆိုးေသး။
ဂိမ္းပိတ္သိမ္းမဲ့ရက္က ၁လေလာက္
လိုေသးသည္။ဒါေၾကာင့္ပဲ သူေန႔မနားညမနား
၃ရက္ဆက္တိုက္ ဂိမ္းေဆာ့ခဲ့သည္။

ေဆာ့ရင္း တျဖည္းျဖည္း သူသိလာရတာက
သူ႔ရဲ႕ စံႏႈန္းျပည့္မွီတယ္လို႔ ထင္ထားတဲ့ဂိမ္းဟာ
တကယ့္ကို ခ်ီးထုပ္ အစုတ္ပလုတ္ ဂိမ္း ျဖစ္ေနတာပဲ။သူ႔ရဲ႕ ေမ်ွာ္လင့္ခ်က္ေတြ အားလံုး
႐ိုက္ခ်ိဳးခံရသလို ခံစားရသည္။

"ေဖာ့စ္ပဲ ခ်ီးထုပ္ဂိမ္း ပိတ္ခံရတာေတာင္
နည္းေသးတယ္။
Graphicက စုတ္ျပတ္၊ဇာတ္အိမ္က အေျခအျမစ္ မ႐ွိ၊errorေတြbugေတြက ခဏခဏတက္၊ဒီၾကားထဲ serverက လိုင္းက က်က်သြားေသးတယ္။
ေနာက္ကို ဒီလိုဂိမ္းမ်ိဳး အေတြးထဲေတာင္ မထည့္ဘူး။hackတဲ့အခ်ိန္ရယ္ ၊ ေဆာ့တဲ့အခ်ိန္ရယ္ ၊ အခ်ိန္ေတြ အမ်ားႀကီး ကုန္သြားၿပီ။"

တစ္ေယာက္တည္း ပြစိပြစိေျပာရင္း ေဝ့႐ွင္းခ်န္
အျပင္သြားဖို႔အတြက္ ကုတ္အက်ႌတစ္ထည္
ယူလိုက္တယ္။

Keyboardက သူ႔ရဲ႕ေဒါသေၾကာင့္
ပ်က္သြားေတာ့ အသစ္ဝယ္ရေတာ့မယ္။
ေရကေတာ့ မခ်ိဳးေတာ့ပါဘူးေလ။ျပန္လာမွပဲ
ေရခ်ိဳးၿပီး တစ္ခါတည္း အိပ္ေတာ့မယ္။

ကုတ္အက်ႌကို ဝတ္ရင္းနဲ႔ တဂြီဂြီျမည္လာေသာ
သူ႔ဗိုက္ကို ၾကည့္လိုက္သည္။၃ရက္ခန္႔ ဘာမွ
မထည့္ရေသးေသာ အစာအိမ္ေလးမွာ
အသံေပါင္းစံုျဖင့္ ဆႏၵျပေနတာေၾကာင့္
တစ္ခုခုစားဖို႔အတြက္ အျမန္ေတြးရသည္။

'လမ္းထိပ္က ဆိုင္မွာပဲ မုန္႔တစ္ခုခု ဝယ္ၿပီး
စားရင္ ေကာင္းမလား..'

​'​ေတာ္ပါၿပီ..လမ္းထိပ္ေရာက္မွ စဥ္းစားေတာ့မယ္'
ေတြးရင္းနဲ႔ အခန္းအျပင္ကို သြားလိုက္သည္။
အဲ့ဒီအခ်ိန္မွာပဲ ေခါင္းထဲမွာ မိုက္ခနဲ ျဖစ္ၿပီး
အရာအားလံုး အေမွာင္က်သြားသည္။
သူေနာက္ဆံုးသိလိုက္ရသည္က သူလဲက်သြားၿပီး
ၾကမ္းျပင္နဲ႔ ေနာက္ေစ့နဲ႔ မိတ္ဆက္သြားတာကိုပဲ။

"မင္း ဂိမ္းကစားခ်င္လား"

ဘယ္ကမွန္းမသိတဲ့ အသံတစ္ခုေၾကာင့္
သူႏိုးလာရသည္။
သူမ်က္လံုးဖြင့္ၾကည့္လိုက္ေတာ့
ဘာမွမ႐ွိတဲ့ အာကာသဟင္းလင္းျပင္လို
ေနရာမ်ိဳးမွာ ေရာက္ေနၿပီး သူ႔ခႏၶာကိုယ္က
ေလထဲမွာ လြင့္ေမ်ာေနသည္။

ေဘးပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့လည္း
ဘာမွမ႐ွိ။အေမွာင္က်ေနေပမဲ့ လင္းေနသည္။
ဘာေတြက ဘယ္လိုျဖစ္ေနမွန္း သူမသိေခ်။

"ငါဘယ္ေရာက္ေနတာလဲ။မင္းက ဘယ္သူလဲ။"

ေဝ့႐ွင္းခ်န္ဟာ ဘာေတြျဖစ္သြားမွန္း
မသိတာေၾကာင့္ စိတ္ေတြ ႐ႈပ္ေထြးေနတယ္။
သူဘာလို႔ အခုလို ေလထဲမွာ ေပါေလာေနလဲ
သူ မသိဘူး။ေတြးရင္းနဲ႔ စိတ္ထဲမွာ ေမးခြန္းတစ္ခု
ေပၚလာတယ္။

"ငါေသသြားတာလား"

ခုနက ၾကားလိုက္ရတဲ့ အသံက အခုတခါက်ေတာ့ ၾကည္လင္ျပတ္သားစြာ ၾကားရတယ္။
အသံပိုင္႐ွင္က ေျပာတယ္။

"အခု မင္းေရာက္ေနတာက ျဖစ္တည္ျခင္းနဲ႔ ပ်က္စီးျခင္းၾကားက နယ္နမိတ္ပဲ။ငါဘယ္သူလဲဆိုတာကေတာ့ မင္းသိစရာ မလိုဘူး။မင္းေမးလာတဲ့ ေမးခြန္းအရ ေျဖရမယ္ဆိုရင္ေတာ့
ဟုတ္တယ္ မင္းေသသြားၿပီ။"

ေဝ့႐ွင္းခ်န္းရဲ႕မ်က္ႏွာဟာ ခံစားခ်က္မ႐ွိတဲ့
မ်က္ႏွာမ်ိဳး ျဖစ္ေနတယ္။ဒါေပမဲ့ သူ႔စိတ္ထဲမွာေတာ့ အရာအားလံုးကို နားလည္ဖို႔အတြက္
အသည္းအသန္ ႀကိဳးစားေနရတယ္။

အသံက ေနာက္ထပ္ ထြက္ေပၚလာတယ္။

"အခု ငါ့ေမးခြန္းကို ေျဖဖို႔ အလွည့္က်လာၿပီ"

"မင္း ဂိမ္းကစားခ်င္လား"

"....."

"တစ္ပဲြႏိုင္တိုင္းမွာ မင္းရဲ႕ဝိညာဥ္စြမ္းအားကို
Missionေပၚ မူတည္ၿပီး တိုးျမႇင့္ေပးမယ္။
မင္းႀကိဳက္တဲ့ဆုကိုလည္း ေတာင္းႏိုင္တယ္။

"...."

"Cheatေတြလည္း အမ်ားႀကီး ထည့္ေပးအံုးမွာ"

တစ္ျခားအရာေတြကို စိတ္မဝင္စားေသာ္လည္း cheat အေၾကာင္းကို ၾကားေတာ့
ေဝ့႐ွင္းခ်န္ စိတ္ဝင္စားသြားသည္။

"ဘာဂိမ္းလဲ"

"မင္း လူတစ္ခ်ိဳ႕ဆီကို သြားၿပီး သူတို႔ရဲ႕ေနာက္ဆံုးဆႏၵေတြကို ျဖည့္ေပးရမယ္။သူတို႔ရဲ႕ ဆႏၵေတြ
ျပည့္ဝဖို႔အတြက္ မင္း သူတို႔ေနရာမွာ ဝင္ၿပီး
လုပ္ေဆာင္ေပးရမယ္"

"ဒါက ဘာလဲ။ Visual Novelလို ဂိမ္းမ်ိဴးလား။"

"...."

တစ္ဖက္က ဘာမွ ျပန္မေျဖေတာ့ သူလည္း ဘာမွဆက္ေမးလို႔ မရေတာ့မွန္း သိလိုက္သည္။
ေသသြားၿပီဆို​ေတာ့ ဘာမွ ဆက္လုပ္စရာမ႐ွိ။
ဒါ့အျပင္ Cheatေတြလည္း ပါတယ္ဆိုေတာ့ သူ႔အတြက္ အက်ိဴးမယုတ္။လက္ခံသင့္စရာပဲ ျဖစ္သည္။

"စိန္လိုက္ေလ..ဘာဆက္လုပ္ရမလဲပဲ ေျပာ"

"Hostရဲ႕ ဝိညာဥ္ကို ပထမဆံုး ကမာၻသို႔ ကူးေျပာင္းေပးေနပါၿပီ"

စက္႐ုပ္လိုလို အသံတစ္ခုႏွင့္ စာတန္းတစ္ခု ေပၚလာသည္။

"ဘာႀကီး....ခဏေနအံုး...ငါ့မွာ ေမးစရာေတြ ႐ွိေသးတယ္"

ေဝ့႐ွင္းခ်န္၏ စကားကို ဘယ္သူမွ မၾကားသည့္အလားပင္။သူ႔ရဲ႕စိတ္ဝိညာဥ္ဟာ ျပင္းထန္တဲ့နာက်င္မႈကို ခံစားရၿပီးေနာက္ သူ႔ရဲ႕အျမင္အာရံုဟာလည္း အေမွာင္က်သြားေတာ့သည္။

Author's note

Cheatလုပ္တယ္ဆိုတာ ဂိမ္းထဲက ability​ေတြ itemေတြ ခိုးတာပါ။တစ္ခ်ိဳ႕ သိမယ္ထင္တယ္။
Daimond99999တို႔ဘာတို႔ေလ...

Authorက နည္းပညာပိုင္း မကြၽမ္းတာမို႔လို႔
အသံုးအႏႈန္းမွားခဲ့ရင္ ေတာင္းပန္ပါတယ္

Authorႏွင့္ သားသမီးမ်ား

ေဝ့႐ွင္းခ်န္ - ဘယ္ေရာက္ေနလဲ အစုတ္ပလုတ္အေမ..အခုထြက္လာခဲ့..

Author - စာအုပ္စင္ေနာက္မွာ ပုန္းေန၊ေထာင့္ကပ္ၿပီး မရဲတရဲ ခိုးၾကည့္။

ေဝ့႐ွန္းခ်န္ - ဘယ္မွာပုန္းေနလဲဆိုတာ သိတယ္ေနာ္။ဟင္းဟင္း... ကိုယ့္သားကို ဘယ္လိုပံုစံမ်ိဳးနဲ႔ ေသခိုင္းလိုက္တာလဲ ေျပာ..အခုေျဖ႐ွင္းခ်က္ေပး

Author - တုန္တုန္ရီရီနဲ႔ ထြက္လာၿပီး ဒူးေထာက္
ေတာင္းပန္ပါတယ္....နင္ေလးကို ဘယ္လိုေသခိုင္းရမလဲမသိလို႔ပါ..ျဗဲဟဲဟဲ

Unicode

Keyboardကို တဗျောင်းဗျောင်းရိုက်နေတာကို
ရပ်လိုက်ပြီး ဘေးက နွားနို့ခွက်ကို လှမ်းယူလိုက်ကာ တရှိန်ထိုး မော့ချလိုက်သည်။
သူ့မျက်နှာက ဒေါသကြောင့် နီရဲနေသည်။

"Keyboard အသစ် ထပ်ဝယ်ရတော့မှာပဲ"

ဝေ့ရှင်းချန်ဟာ ဂိမ်းကို အရူးအမူး စွဲလန်းနေတဲ့
Hardcore gamer တစ်ယောက်။
သူ့ရဲ့ ထူးခြားချက်က သူဆော့တဲ့ ဂိမ်းတိုင်းကို
Cheatလုပ်ပြီးမှ ဆော့တတ်တာပဲ။

ဘယ်လောက်ကောင်းကောင်း cheatလုပ်ထားတဲ့ ဂိမ်းမဟုတ်ရင် သူမဆော့။
တစ်ခြားအကြောင်းကြောင့် မဟုတ်ပဲ
ဂိမ်းထဲက ပစ္စည်းတွေကို ဖောဖောသီသီ ဝယ်
Damageတွေအများကြီးထွက်၊
သူများတွေထက်သာနေတာက သူ့ကို စိတ်ချမ်းသာစေလို့ပဲ။

ဟုတ်တယ်လေ။ဂိမ်းထဲက ပစ္စည်းတွေကို
တကယ့်ပိုက်ဆံပေးပြီး ဝယ်နေရတာက
သူ့အတွက် အကျိူးမရှိ။
သူဆော့တဲ့ဂိမ်းတွေကလည်း
ပိုက်ဆံသုံးနိုင်မှ ထိပ်ဆုံးရောက်မယ့်ဂိမ်းတွေ။
အဲ့တော့ cheatလုပ်ပြီး ဆော့သည်။

အစပိုင်းမှာ သူများhackထားတဲ့ cheatလုပ်ပြီးသား fileတွေ ရှာသုံးသည်။
နောက်တော့ သူလိုချင်တဲ့ ဂိမ်းတွေက
Cheatလုပ်ထားတာ မရှိတဲ့အခါ သူကိုယ်တိုင်
Hackဖို့ ကြိုးစားရင်း တဖြည်းဖြည်းနဲ့
အဆင်ပြေလာသည်။နည်းပညာပိုင်းကို
ထဲထဲဝင်ဝင် လေ့လာဖြစ်ခဲ့သည်။
သူ့ရဲ့ပါရမီကြောင့်
Hackingဘက်မှာပါ ဆရာကျလာပြီး
သူ့ရဲ့အရည်အချင်းက world wide hackerတွေနဲ့
ယှဉ်လို့ ရလာသည်။

သို့သော်လည်း ပါရမီရှင်လေးဟာ သူ့ရဲ့
ရှမ်းရှမ်းတောက် ပါရမီကို ဂိမ်းတွေ
hackတဲ့နေရာမှာပဲ အသုံးချလေတယ်။

အခုလည်း ကြည့်လေ။သူဆော့ချင်တဲ့ ဂိမ်းတစ်ခုကို စhackပြီးရုံပဲ ရှိ​သေးသည်။
ဂိမ်းကုမ္ပဏီက ကြေညာလာသည်။
ဂိမ်းကို ပိတ်သိမ်းတော့မည်တဲ့။

ဒါပေမဲ့လည်း သိပ်မဆိုးသေး။
ဂိမ်းပိတ်သိမ်းမဲ့ရက်က ၁လလောက်
လိုသေးသည်။ဒါကြောင့်ပဲ သူနေ့မနားညမနား
၃ရက်ဆက်တိုက် ဂိမ်းဆော့ခဲ့သည်။

ဆော့ရင်း တဖြည်းဖြည်း သူသိလာရတာက
သူ့ရဲ့ စံနှုန်းပြည့်မှီတယ်လို့ ထင်ထားတဲ့ဂိမ်းဟာ
တကယ့်ကို ချီးထုပ် အစုတ်ပလုတ် ဂိမ်း ဖြစ်နေတာပဲ။သူ့ရဲ့ မျှော်လင့်ချက်တွေ အားလုံး
ရိုက်ချိုးခံရသလို ခံစားရသည်။

"ဖော့စ်ပဲ ချီးထုပ်ဂိမ်း ပိတ်ခံရတာတောင်
နည်းသေးတယ်။
Graphicက စုတ်ပြတ်၊ဇာတ်အိမ်က အခြေအမြစ် မရှိ၊errorတွေbugတွေက ခဏခဏတက်၊ဒီကြားထဲ serverက လိုင်းက ကျကျသွားသေးတယ်။
နောက်ကို ဒီလိုဂိမ်းမျိုး အတွေးထဲတောင် မထည့်ဘူး။hackတဲ့အချိန်ရယ် ၊ ဆော့တဲ့အချိန်ရယ် ၊ အချိန်တွေ အများကြီး ကုန်သွားပြီ။"

တစ်ယောက်တည်း ပွစိပွစိပြောရင်း ဝေ့ရှင်းချန်
အပြင်သွားဖို့အတွက် ကုတ်အကျႌတစ်ထည်
ယူလိုက်တယ်။

Keyboardက သူ့ရဲ့ဒေါသကြောင့်
ပျက်သွားတော့ အသစ်ဝယ်ရတော့မယ်။
ရေကတော့ မချိုးတော့ပါဘူးလေ။ပြန်လာမှပဲ
ရေချိုးပြီး တစ်ခါတည်း အိပ်တော့မယ်။

ကုတ်အကျႌကို ဝတ်ရင်းနဲ့ တဂွီဂွီမြည်လာသော
သူ့ဗိုက်ကို ကြည့်လိုက်သည်။၃ရက်ခန့် ဘာမှ
မထည့်ရသေးသော အစာအိမ်လေးမှာ
အသံပေါင်းစုံဖြင့် ဆန္ဒပြနေတာကြောင့်
တစ်ခုခုစားဖို့အတွက် အမြန်တွေးရသည်။

'လမ်းထိပ်က ဆိုင်မှာပဲ မုန့်တစ်ခုခု ဝယ်ပြီး
စားရင် ကောင်းမလား..'

​'​တော်ပါပြီ..လမ်းထိပ်ရောက်မှ စဉ်းစားတော့မယ်'
တွေးရင်းနဲ့ အခန်းအပြင်ကို သွားလိုက်သည်။
အဲ့ဒီအချိန်မှာပဲ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်ပြီး
အရာအားလုံး အမှောင်ကျသွားသည်။
သူနောက်ဆုံးသိလိုက်ရသည်က သူလဲကျသွားပြီး
ကြမ်းပြင်နဲ့ နောက်စေ့နဲ့ မိတ်ဆက်သွားတာကိုပဲ။

"မင်း ဂိမ်းကစားချင်လား"

ဘယ်ကမှန်းမသိတဲ့ အသံတစ်ခုကြောင့်
သူနိုးလာရသည်။
သူမျက်လုံးဖွင့်ကြည့်လိုက်တော့
ဘာမှမရှိတဲ့ အာကာသဟင်းလင်းပြင်လို
နေရာမျိုးမှာ ရောက်နေပြီး သူ့ခန္ဓာကိုယ်က
လေထဲမှာ လွင့်မျောနေသည်။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း
ဘာမှမရှိ။အမှောင်ကျနေပေမဲ့ လင်းနေသည်။
ဘာတွေက ဘယ်လိုဖြစ်နေမှန်း သူမသိချေ။

"ငါဘယ်ရောက်နေတာလဲ။မင်းက ဘယ်သူလဲ။"

ဝေ့ရှင်းချန်ဟာ ဘာတွေဖြစ်သွားမှန်း
မသိတာကြောင့် စိတ်တွေ ရှုပ်ထွေးနေတယ်။
သူဘာလို့ အခုလို လေထဲမှာ ပေါလောနေလဲ
သူ မသိဘူး။တွေးရင်းနဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု
ပေါ်လာတယ်။

"ငါသေသွားတာလား"

ခုနက ကြားလိုက်ရတဲ့ အသံက အခုတခါကျတော့ ကြည်လင်ပြတ်သားစွာ ကြားရတယ်။
အသံပိုင်ရှင်က ပြောတယ်။

"အခု မင်းရောက်နေတာက ဖြစ်တည်ခြင်းနဲ့ ပျက်စီးခြင်းကြားက နယ်နမိတ်ပဲ။ငါဘယ်သူလဲဆိုတာကတော့ မင်းသိစရာ မလိုဘူး။မင်းမေးလာတဲ့ မေးခွန်းအရ ဖြေရမယ်ဆိုရင်တော့
ဟုတ်တယ် မင်းသေသွားပြီ။"

ဝေ့ရှင်းချန်းရဲ့မျက်နှာဟာ ခံစားချက်မရှိတဲ့
မျက်နှာမျိုး ဖြစ်နေတယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အရာအားလုံးကို နားလည်ဖို့အတွက်
အသည်းအသန် ကြိုးစားနေရတယ်။

အသံက နောက်ထပ် ထွက်ပေါ်လာတယ်။

"အခု ငါ့မေးခွန်းကို ဖြေဖို့ အလှည့်ကျလာပြီ"

"မင်း ဂိမ်းကစားချင်လား"

"....."

"တစ်ပွဲနိုင်တိုင်းမှာ မင်းရဲ့ဝိညာဉ်စွမ်းအားကို
Missionပေါ် မူတည်ပြီး တိုးမြှင့်ပေးမယ်။
မင်းကြိုက်တဲ့ဆုကိုလည်း တောင်းနိုင်တယ်။

"...."

"Cheatတွေလည်း အများကြီး ထည့်ပေးအုံးမှာ"

တစ်ခြားအရာတွေကို စိတ်မဝင်စားသော်လည်း cheat အကြောင်းကို ကြားတော့
ဝေ့ရှင်းချန် စိတ်ဝင်စားသွားသည်။

"ဘာဂိမ်းလဲ"

"မင်း လူတစ်ချို့ဆီကို သွားပြီး သူတို့ရဲ့နောက်ဆုံးဆန္ဒတွေကို ဖြည့်ပေးရမယ်။သူတို့ရဲ့ ဆန္ဒတွေ
ပြည့်ဝဖို့အတွက် မင်း သူတို့နေရာမှာ ဝင်ပြီး
လုပ်ဆောင်ပေးရမယ်"

"ဒါက ဘာလဲ။ Visual Novelလို ဂိမ်းမျိူးလား။"

"...."

တစ်ဖက်က ဘာမှ ပြန်မဖြေတော့ သူလည်း ဘာမှဆက်မေးလို့ မရတော့မှန်း သိလိုက်သည်။
သေသွားပြီဆို​တော့ ဘာမှ ဆက်လုပ်စရာမရှိ။
ဒါ့အပြင် Cheatတွေလည်း ပါတယ်ဆိုတော့ သူ့အတွက် အကျိူးမယုတ်။လက်ခံသင့်စရာပဲ ဖြစ်သည်။

"စိန်လိုက်လေ..ဘာဆက်လုပ်ရမလဲပဲ ပြော"

"Hostရဲ့ ဝိညာဉ်ကို ပထမဆုံး ကမ္ဘာသို့ ကူးပြောင်းပေးနေပါပြီ"

စက်ရုပ်လိုလို အသံတစ်ခုနှင့် စာတန်းတစ်ခု ပေါ်လာသည်။

"ဘာကြီး....ခဏနေအုံး...ငါ့မှာ မေးစရာတွေ ရှိသေးတယ်"

ဝေ့ရှင်းချန်၏ စကားကို ဘယ်သူမှ မကြားသည့်အလားပင်။သူ့ရဲ့စိတ်ဝိညာဉ်ဟာ ပြင်းထန်တဲ့နာကျင်မှုကို ခံစားရပြီးနောက် သူ့ရဲ့အမြင်အာရုံဟာလည်း အမှောင်ကျသွားတော့သည်။

Author's note

Cheatလုပ်တယ်ဆိုတာ ဂိမ်းထဲက ability​တွေ itemတွေ ခိုးတာပါ။တစ်ချို့ သိမယ်ထင်တယ်။
Daimond99999တို့ဘာတို့လေ...

Authorက နည်းပညာပိုင်း မကျွမ်းတာမို့လို့
အသုံးအနှုန်းမှားခဲ့ရင် တောင်းပန်ပါတယ်

Authorနှင့် သားသမီးများ

ဝေ့ရှင်းချန် - ဘယ်ရောက်နေလဲ အစုတ်ပလုတ်အမေ..အခုထွက်လာခဲ့..

Author - စာအုပ်စင်နောက်မှာ ပုန်းနေ၊ထောင့်ကပ်ပြီး မရဲတရဲ ခိုးကြည့်။

ဝေ့ရှန်းချန် - ဘယ်မှာပုန်းနေလဲဆိုတာ သိတယ်နော်။ဟင်းဟင်း... ကိုယ့်သားကို ဘယ်လိုပုံစံမျိုးနဲ့ သေခိုင်းလိုက်တာလဲ ပြော..အခုဖြေရှင်းချက်ပေး

Author - တုန်တုန်ရီရီနဲ့ ထွက်လာပြီး ဒူးထောက်
တောင်းပန်ပါတယ်....နင်လေးကို ဘယ်လိုသေခိုင်းရမလဲမသိလို့ပါ..ဗြဲဟဲဟဲ

Continue Reading

You'll Also Like

671K 1.1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭
228K 5.1K 73
imagines as taylor swift as your mom and travis kelce as your dad
128K 1.6K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
160K 5.8K 27
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !