ေခါင္းစဥ္တပ္လို႔ မရတဲ့ ဆက္ဆံေရး ေအာက္မွာ သူနဲ႔ ကြၽန္မ ေဝးဖို႔က ပိုေသခ်ာေနခဲ့ၿပီ။
သူနွင့္ EunJiတြဲေနသည္ဟု သတင္းၾကားေသာ ေန႔က ကြၽန္မ ကိုယ့္နားကိုယ္ မယံုနိုင္ခဲ့။
တကယ္လည္း မဟုတ္ပါေစနဲ႔ဟု ဆုေတာင္းခဲ့တာ။
ကြၽန္မရဲ႕ ဆုေတာင္းေတြက ဘယ္ေတာ့မွ မျပည့္ခဲ့။
သူ႔ကိုေက်ာင္းလာေစခ်င္တဲ့ ေတာင္းဆုက မျပည့္သလို EunJiနဲ႔ တြဲတာမဟုတ္ပါေစနဲ႔ ဟူေသာ ေတာင္းဆုကလည္း မျပည့္ဝခဲ့။
"Chae yaa...သူ...သူ...EunJiဆိုတဲ့ေကာင္မေလးနဲ႔တြဲေနတာတဲ့"
".........."
"အဲ့ဒါဆို ငါကေရာ...ငါ့ကိုသူစိတ္ဝင္စားခဲ့တာေသခ်ာပါတယ္ ငါခံစားမိတယ္ ChaeYoung "
"............."
"သူဘာျဖစ္လို႔ အဲ့ဒီလိုလုပ္တာလဲဟင္"
"..............."
"ငါ့မွာ...သူမႀကိဳက္တဲ့အခ်က္ေတြမ်ားရွိေနလို႔လားဟင္"
"............."
"သူႀကိဳက္လာေအာင္ ငါဘာေတြျပင္ရမလဲ မဟုတ္ဘူး သူခ်စ္လာေအာင္ ငါဘာလုပ္ရမလဲ"
"............"
"ငါသူ႔ကိုခ်စ္တယ္ ငါသူ႔ကိုပိုင္ဆိုင္ခ်င္တယ္ ငါ.....သူ႔ကိုအဆံုးရွံုးမခံနိုင္လို႔"
".............."
"ေက်းဇူးျပဳၿပီး မဟုတ္ဘူးလို႔ေျဖေပးပါ Chae Young nar.. ေနာ္ သူ..သူ Eunjiနဲ႔ တြဲေနတာ မဟုတ္ဘူးလို႔ေျဖေပးပါ"
"..............."
"Chae nar.... ငါ့...ငါ့..ကိုလိမ္ေပးပါ မဟုတ္...မဟုတ္ဘူးလို႔"
"ေတာ္ေတာ့ Jenni Kim ေတာ္ပါေတာ့"
▪️▪️▪️▪️▪️
သူေက်ာင္းျပန္တက္တဲ့ေန႔ကစလို႔....ကြၽန္မအတြက္က ငရဲထက္ပို ပူေလာင္ေသာ နာက်င္မႈေတြနဲ႔ ေန႔ရက္ေတြကို ျဖတ္သန္းရေတာ့သည္။
အတန္းခ်ိန္အားတာနဲ႔ ေပ်ာက္ေပ်ာက္သြားတတ္တဲ့သူ႔ကို ေထြေထြထူးထူးရွာစရာမလိုအပ္ပါ။
တစ္ခ်ိန္လံုး EunJiရဲ႕ေဘးမွာ။
ကြၽန္မက ေက်ာင္းတက္ဖို႔ မနည္းတိုက္တြန္းခဲ့ရေပမဲ့
EunJiကေတာ့ ဘယ္လို တိုက္တြန္းခဲ့သည္မသိ။
ဒါမွမဟုတ္လည္း အခ်စ္ရဲ႕စြမ္းအားေၾကာင့္ေနမွာေပါ့ေလ။ အတန္းေတြကို မွန္လို႔။
"မဟုတ္ဘူးေလ EunJiရ ဒီလိုခုန္သြင္းရမွာ"
"စီနီယာကျပေပးေလ EunJiမွ မသိပဲ"
"လာေဘာလံုးကိုေသခ်ာကိုင္ အင္း အဲ့လိုခုန္သြင္း"
EunJiကို ဘတ္စကတ္ေဘာ ကစားနည္းသင္ေပးေနေသာ သူ႔လက္ေခ်ာင္းေလးမ်ားကို ေငးေနမိသည္။
ရုတ္တရက္ အသိဝင္လာမွ ထိုေနရာကေန ခပ္သုပ္သုပ္ ထြက္ခြာလာလိုက္သည္။
ကြၽန္မျမတ္နိုးတဲ့ ထိုလက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက တျခားတစ္ေယာက္ရဲ႕ လက္ကို တယုတယ ဆုပ္ကိုင္လို႔။
ေန႔လည္စာ ထမင္းစားေတာ့ ကြၽန္မ မႀကိဳက္ေသာ ထိုငါးဟင္းက ပါလာျပန္သည္။
"ေရာ႕ ငါ့ၾကက္သားယူ နင္ငါးမႀကိဳက္ဘူးမလား"
ဘာရယ္မဟုတ္ သူေျပာခဲ့တဲ့ စကားေလးျပန္ၾကားေယာင္မိတာရယ္ပါ။
ညေနေက်ာင္းဆင္းေတာ့ သူ႔ဆိုင္ကယ္ကို ရွာၾကည့္သည္။
ဘယ္ေတာ့မွ မေတြ႕ရ။ သူကပဲ ေစာျပန္တာလား။ ကြၽန္မကပဲ ေစာေနတာလား ေနာက္က်ေနတာလား နားမလည္ေတာ့ပါ။
နာက်င္ရတဲ့ ေန႔ရက္ေတြက တစ္ရက္ၿပီးတစ္ရက္ ျဖည္းညႇင္းစြာကုန္ဆံုးလ်က္......
▪️▪️▪️▪️▪️▪️
ဘာလိုလိုနွင့္ သူနွင့္EunJiေတာင္ တစ္လျပည့္ေတာ့မည္။ ကြၽန္မတြက္ထားတဲ့ ရက္အတိုင္း ဆိုလ်ွင္ေပါ့ေလ။
ကြၽန္မကေတာ့ တိတ္တိတ္ေလးပဲ.......
"ကဲ ေက်ာင္းပိတ္ဖို႔လည္း သိပ္မလိုေတာ့ဘူးဆိုေတာ့ ေက်ာင္းအုပ္ဆရာႀကီးကေန ေနာက္ဆံုးနွစ္အထက္တန္းေက်ာင္းသူ ေက်ာင္းသားအားလံုးအတြက္ tripတစ္ခုစီစဥ္ေပးထားတယ္"
ဆရာမရဲ႕ ေျပာစကားအဆံုးမွာ တစ္ခန္းလံုးက ဆူညံသြားသည္။ ကြၽန္မ၊ခ်ယ္ေယာင္း နွင့္ လီဆာသာ တိတ္ဆိတ္လို႔။
"tripက ပင္လယ္ကမ္းေျခကို သြားရမွာ အဲ့ေတာ့ လိုအပ္တာေတြ.........××××××××"
"နင္လိုက္မွာလား"
"ဟမ္ ငါ..အဲ"
နာယြန္းေမးတာကို ကြၽန္မေျဖဖို႔ အင္တင္တင္ျဖစ္ေနမိသည္။ ထိုစဥ္လိုက္မည့္သူ စာရင္းထဲတြင္ လီဆာ့နာမည္ကို ရုတ္တရက္ ၾကားလိုက္ေတာ့ ကြၽန္မကိုလိုက္ဖို႔ ကြၽန္မနွလံုးသားက အမိန္႔ေပးေတာ့သည္။
"အင္း ငါလိုက္မယ္"
"yay!! ငါနဲ႔အတူတူ တစ္ခန္းေနမယ္ေနာ္"
"အင္ အင္း"
အတန္းေျပာင္းခ်ိန္ ဆရာ မဝင္ခင္ ခ်ယ္ေယာင္းက
ကြၽန္မေဘး လာထိုင္သည္။
"နင္အဆင္ေျပရဲ႕လား"
"ေျပပါတယ္ ဘာလို႔"
"ေၾသာ ဒီတိုင္းပါပဲ ဒါနဲ႔နင္ေရာလိုက္မွာမလား tripကို"
"အင္း လိုက္မွာ နင္ေရာ"
"ငါေရာ လီဆာေရာလိုက္မွာ"
"အင္း"
"ဟိုက် နင္နဲ႔ Roomateက?"
"နာယြန္းနဲ႔ အတူတူေနမွာ"
"တကယ္လို႔ အေဖာ္မရွိရင္ ငါလာေနေပးလို႔ရတယ္ေနာ္ အားမနာနဲ႔"
"ရပါတယ္"
"နင္အဆင္ေျပတာေသခ်ာရဲ႕လား"
"ChaeYoung Nar.."
"ငါတို႔ တစ္ေနရာရာမွာစကားသြားေျပာရေအာင္လား"
ဘတ္စကတ္ေဘာကြင္းက အားေပးသည့္ခံုတန္းေပၚ ကြၽန္မနွင့္ ခ်ယ္ေယာင္း နွစ္ေယာက္တည္း ထိုင္ေနမိသည္။
"ငါအဆင္မေျပဘူး ခ်ယ္ေယာင္း ငါတကယ္ အဆင္မေျပဘူး"
"ငါသိပါတယ္ဟာ"
"ငါေလ...သူ႔ကိုအရမ္းခ်စ္တာဟ"
"ငါ......."
ရင္ထဲက အစိုင္အခဲက လည္ေခ်ာင္းကေနစို႔တက္လာၿပီး
မ်က္ရည္အျဖစ္ ေျပာင္းလဲသြားခဲ့သည္။
"ငါ...အ..အ..အရမ္းခ်စ္တာ သူ႔ကို"
"ငိုလိုက္ ငိုလိုက္ ဒါမွနင္သက္သာမွာ"
"ငါအခုထိ ဒဏ္ရာမက်က္ေသးဘူး ငါ...သူတို႔...ေရွ႕...ဟန္ေဆာင္ရတာ..."
"စကားကိုေနာက္မွေျပာ Jennie ျဖည္းျဖည္း"
ChaeYoungရင္ခြင္ထဲမွာ ကြၽန္မ စူးစူးနင့္နင့္ ငိုေနမိသည္။ ChaeYoungက ကြၽန္မ ေက်ာကို ညႇင္သာစြာ ပုတ္ေပးရင္း.....
"ငါ...သူတို႔ေရွ႕မွာ......ဟန္ေဆာင္...ရတာ....ေတာ္ေတာ္ပင္ပန္း......ေနၿပီ..."
"အနည္းဆံုးေတာ့ သူေပ်ာ္ေနမွာေပါ့..ေနာ္ သူ..ခ်စ္တဲ့သူနဲ႔ေလ ဟုတ္တယ္မလားဟင္ ChaeYoung"
ChaeYoungက ကြၽန္မ ပါးေပၚမွ မ်က္ရည္မ်ားကို သုပ္ေပးေနသည္။
"အင္း သူေပ်ာ္မွာပါ"
"သူေပ်ာ္ရင္ ငါေက်နပ္ပါၿပီဟာ..."
".........."
"နင္ ေမ့လိုက္ပါေတာ့လား အဲ့ဒါအေကာင္းဆံုးပဲ"
"ChaeYoung ငါ သူ႔ကိုဘယ္လိုလုပ္ေမ့လို႔ရမွာလဲဟ"
"နင္ ဒီထက္ပိုခံစားရတာငါမျမင္ခ်င္လို႔ပါ"
"အမွန္တိုင္းေျပာရရင္ ငါတကယ္ပင္ပန္းပါတယ္ ဒါေပမဲ့ သူ႔ကို ေမ့ဖို႔ဆိုတာက လံုးဝမျဖစ္ႏုိင္ဘူး ChaeYoung"
"ငါသူ႔ကို ေလာဘတက္မိမွာေၾကာက္ရင္းေၾကာက္ရင္းကပဲ ေလာဘတက္မိတယ္ ခုငါ့အျပစ္နဲ႔ငါပဲ အဲ့ဒီအတြက္ ငါအျပစ္ဒဏ္ကိုေကာင္းေကာင္းႀကီး ခံယူမယ္ သူ႔မွာဘာ
အျပစ္မွမရွိဘူး "
"ဒီေန႔အတြက္ ေက်းဇူးပါ ChaeYoung"
"ရပါတယ္ဟာ ငါတို႔ကသူငယ္ခ်င္းေတြပဲ"
"အင္း ငါသြားၿပီေနာ္ စာသင္ေနေလာက္ၿပီ"
"ငါေရာလိုက္မယ္ေလ"
ကြၽန္မနွင့္ ခ်ယ္ေယာင္းက စာသင္ခန္းထဲသို႔ သြားရန္ ေလွကားအတိုင္းတက္လာခဲ့သည္။ ၂လႊာအေရာက္တြင္
ေကာင္မေလး နွစ္ေယာက္ ပူးကပ္ကာ တစ္ေယာက္က ပခံုးကိုဖက္ေပးထားၿပီး တစ္ေယာက္က ခါးကိုျပန္ဖက္ေပစထားေသာ ျမင္ကြင္းက ကြၽန္မ ရင္ကို ဓားနွင့္ျဖည္းညႇင္းစြာ မႊန္းေနသလို ခံစားရသည္။ သူတို႔နွစ္ေယာက္တည္းရွိေနသလို မိုးမျမင္ေလျမင္ ရယ္ေမာေနလိုက္ၾကတာ....
သူတို႔နွစ္ေယာက္က ကြၽန္မတို႔နွစ္ေယာက္ကို ျမင္ေတာ့ ရပ္တန္႔သြားခဲ့သည္။ သူတို႔ဘာအထာလုပ္တာလဲ သြားစရာရွိတာ သြားပါေရာ႕လား။
"အတန္းမတက္ေတာ့ဘူးလား လီဆာ"
"အင္း ခ်ယ္ေယာင္း"
ကြၽန္မအသည္းေပါက္မတတ္ခ်စ္ရေသာ မ်က္ဝန္းမ်ားက ကြၽန္မကိုစိုက္ၾကည့္ေနတာ ခံစားမိသည္။ နႈတ္ခမ္းေတြက မပြင့္တပြင့္ ၿပံဳးေနသည္။
"Congratulations ChaeYoung ေနာက္ဆံုးေတာ့ Jennieနဲ႔ဒိတ္ၿပီး ျပန္လာၿပီေပါ့"
"လီဆာ နင္!"
တစ္စိတ္၊ ဒါေတာ့ သူနည္းနည္းမ်ားသြားၿပီ။
သူ....ကြၽန္မအခ်စ္ကို..ေစာ္ကားေနတာ။
သူမို႔လို႔ ထင္ရက္တယ္။ သူမို႔လို႔..စြပ္စြဲရက္တယ္။
ေျပာထြက္ရက္လိုက္တာ.....အခ်စ္ရာ...
"အမ္...အာ...ငါတို႔ကနင္ထင္သလိုမဟုတ္ဘူး လီဆာ
ငါတို႔အတန္းတက္မွာမို႔လို႔ သြားေတာ့မယ္
လာဂ်င္းနီ သြားမယ္"
ခ်ယ္ေယာင္းက အတင္းဆြဲေခၚသြားသျဖင့္ ကြၽန္မအတန္းထဲသို႔ ပါလာခဲ့ရသည္။
"ခ်ယ္ေယာင္း နင္ငါ့ကို ဘာလို႔တားတာလဲ"
"မေကာင္းဘူးေလ"
"ဘာကိုမေကာင္းတာလဲ သူငါ့နွလံုးသားကိုေစာ္ကားသြားတာ နင္မျမင္ဘူးလား နင္ကန္းေနလား"
ကြၽန္မအသံအေတာ္ျမင့္သြားသည္ထင္သည္။
အတန္းထဲက လူတစ္ခ်ိဳ႕က ကြၽန္မတို႔နွစ္ေယာက္ကိုၾကည့္ေနသည္။
"တိုးတိုး ဂ်င္းနီ တိုးတိုးလုပ္ပါ"
ရုတ္တရက္ ေခါင္းေတြထိုးကိုက္လာသည္။
"ငါ..အိမ္ျပန္ေတာ့မယ္"
"ငါလိုက္ပို႔မယ္"
"ေတာ္ပါ ငါ့ဘာသာပဲျပန္ေတာ့မယ္ ေနခဲ့ေတာ့"
▪️▪️▪️▪️▪️
"ပစၥည္းေတြစံုၿပီလား စစ္ဦး သမီး"
"ဟုတ္စံုတယ္ ေမေမ"
၅ရက္ေလာက္ၾကာေတာ့ ကြၽန္မတို႔ Tripထြက္ရသည္။
ေမေမေရာ ေဖေဖပါ ေက်ာင္းကို ကားနွင့္လိုက္ပို႔ေပးသည္။
Express ကားအနားမွာေတာ့ ေက်ာင္းသူေက်ာင္းသားမ်ားစုရံုးလ်က္။
"ေဆးေတြေရာ ေသခ်ာျပန္စစ္"
"ဟုတ္ အကုန္ပါၿပီ"
"ဂရုစိုက္ေနာ္ သမီးငယ္"
ထိုအခ်ိန္ နာယြန္းနွင့္ ခ်ယ္ေယာင္းက ကြၽန္မအနားေရာက္လာသည္။
"ေမေမ ဒါနာယြန္း ဒါခ်ယ္ေယာင္းတဲ့"
"ေၾသာ..ေတြ႕ရတာဝမ္းသာပါတယ္ သမီးတို႔ေရ ဂ်င္းနီေလးကိုအပ္ပါတယ္ေနာ္ ထည့္သာထည့္ရတာအန္တီကသိပ္စိတ္မခ်ဘူး သူကႏုတယ္ေလ အဲ့ဒါေၾကာင့္"
"ဟာ..ေမေမကလည္း"
"ကဲကဲ သြားေတာ့ ဆရာမေစာင့္ေနလိမ့္မယ္"
"သမီးသြားၿပီ ေဖနဲ႔ေမ ခ်စ္တယ္"
ကြၽန္မ မိဘမ်ားကိုနႈတ္ဆက္ၿပီးေနာ္ ဆရာမအနားသို႔
စာရင္းေပးရန္ သြားလိုက္သည္။
ကြၽန္မပဲ နာက်င္ဖို႔ ကံပါလာတာလားမသိေတာ့။
"ChaeYoung nar..EunJiက..ဘာလို႔..ပါလာတာလဲသူက ေနာက္ဆံုးနွစ္မွမဟုတ္ပဲ"
"လိုက္ခ်င္လို႔ဆိုၿပီး ဆရာမကိုေျပာၿပီးလိုက္တာတဲ့ေအ
ေျပာကိုမေျပာခ်င္ဘူး"
"လီဆာကေရာ မလိုက္ဖို႔မေျပာဘူးလား"
"ဘယ္တားမလဲ ခ်စ္သူေတြဥစၥာ ကဲပါထားလိုက္ လာကားေပၚတက္မယ္"
ကြၽန္မေမးသမ်ွကို ဒိုင္ခံေျဖေနသူက နာယြန္း။
လိုလို႔လား...အဲ့ေလာက္ထိ....ေခၚလာရေလာက္ေအာင္ကို လိုလို႔လား အခ်စ္ရာ.....
အင္းေပါ့ေလ...သူတို႔က ခ်စ္သူေတြဥစၥာ...
မပိုင္ဆိုင္ရတဲ့ အခ်စ္ကို ကြၽန္မသဝန္တိုေနတာ မ်ားၿပီထင္တယ္ အဟက္.....
💛💛💛🖤🖤🖤
14Jan2020 | 08:24 PM
================================
ခေါင်းစဉ်တပ်လို့ မရတဲ့ ဆက်ဆံရေး အောက်မှာ သူနဲ့ ကျွန်မ ဝေးဖို့က ပိုသေချာနေခဲ့ပြီ။
သူနှင့် EunJiတွဲနေသည်ဟု သတင်းကြားသော နေ့က ကျွန်မ ကိုယ့်နားကိုယ် မယုံနိုင်ခဲ့။
တကယ်လည်း မဟုတ်ပါစေနဲ့ဟု ဆုတောင်းခဲ့တာ။
ကျွန်မရဲ့ ဆုတောင်းတွေက ဘယ်တော့မှ မပြည့်ခဲ့။
သူ့ကိုကျောင်းလာစေချင်တဲ့ တောင်းဆုက မပြည့်သလို EunJiနဲ့ တွဲတာမဟုတ်ပါစေနဲ့ ဟူသော တောင်းဆုကလည်း မပြည့်ဝခဲ့။
"Chae yaa...သူ...သူ...EunJiဆိုတဲ့ကောင်မလေးနဲ့တွဲနေတာတဲ့"
".........."
"အဲ့ဒါဆို ငါကရော...ငါ့ကိုသူစိတ်ဝင်စားခဲ့တာသေချာပါတယ် ငါခံစားမိတယ် ChaeYoung "
"............."
"သူဘာဖြစ်လို့ အဲ့ဒီလိုလုပ်တာလဲဟင်"
"..............."
"ငါ့မှာ...သူမကြိုက်တဲ့အချက်တွေများရှိနေလို့လားဟင်"
"............."
"သူကြိုက်လာအောင် ငါဘာတွေပြင်ရမလဲ မဟုတ်ဘူး သူချစ်လာအောင် ငါဘာလုပ်ရမလဲ"
"............"
"ငါသူ့ကိုချစ်တယ် ငါသူ့ကိုပိုင်ဆိုင်ချင်တယ် ငါ.....သူ့ကိုအဆုံးရှုံးမခံနိုင်လို့"
".............."
"ကျေးဇူးပြုပြီး မဟုတ်ဘူးလို့ဖြေပေးပါ Chae Young nar.. နော် သူ..သူ Eunjiနဲ့ တွဲနေတာ မဟုတ်ဘူးလို့ဖြေပေးပါ"
"..............."
"Chae nar.... ငါ့...ငါ့..ကိုလိမ်ပေးပါ မဟုတ်...မဟုတ်ဘူးလို့"
"တော်တော့ Jenni Kim တော်ပါတော့"
▪️▪️▪️▪️▪️
သူကျောင်းပြန်တက်တဲ့နေ့ကစလို့....ကျွန်မအတွက်က ငရဲထက်ပို ပူလောင်သော နာကျင်မှုတွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းရတော့သည်။
အတန်းချိန်အားတာနဲ့ ပျောက်ပျောက်သွားတတ်တဲ့သူ့ကို ထွေထွေထူးထူးရှာစရာမလိုအပ်ပါ။
တစ်ချိန်လုံး EunJiရဲ့ဘေးမှာ။
ကျွန်မက ကျောင်းတက်ဖို့ မနည်းတိုက်တွန်းခဲ့ရပေမဲ့
EunJiကတော့ ဘယ်လို တိုက်တွန်းခဲ့သည်မသိ။
ဒါမှမဟုတ်လည်း အချစ်ရဲ့စွမ်းအားကြောင့်နေမှာပေါ့လေ။ အတန်းတွေကို မှန်လို့။
"မဟုတ်ဘူးလေ EunJiရ ဒီလိုခုန်သွင်းရမှာ"
"စီနီယာကပြပေးလေ EunJiမှ မသိပဲ"
"လာဘောလုံးကိုသေချာကိုင် အင်း အဲ့လိုခုန်သွင်း"
EunJiကို ဘတ်စကတ်ဘော ကစားနည်းသင်ပေးနေသော သူ့လက်ချောင်းလေးများကို ငေးနေမိသည်။
ရုတ်တရက် အသိဝင်လာမှ ထိုနေရာကနေ ခပ်သုပ်သုပ် ထွက်ခွာလာလိုက်သည်။
ကျွန်မမြတ်နိုးတဲ့ ထိုလက်ချောင်းသွယ်သွယ်လေးများက တခြားတစ်ယောက်ရဲ့ လက်ကို တယုတယ ဆုပ်ကိုင်လို့။
နေ့လည်စာ ထမင်းစားတော့ ကျွန်မ မကြိုက်သော ထိုငါးဟင်းက ပါလာပြန်သည်။
"ရော့ ငါ့ကြက်သားယူ နင်ငါးမကြိုက်ဘူးမလား"
ဘာရယ်မဟုတ် သူပြောခဲ့တဲ့ စကားလေးပြန်ကြားယောင်မိတာရယ်ပါ။
ညနေကျောင်းဆင်းတော့ သူ့ဆိုင်ကယ်ကို ရှာကြည့်သည်။
ဘယ်တော့မှ မတွေ့ရ။ သူကပဲ စောပြန်တာလား။ ကျွန်မကပဲ စောနေတာလား နောက်ကျနေတာလား နားမလည်တော့ပါ။
နာကျင်ရတဲ့ နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက် ဖြည်းညှင်းစွာကုန်ဆုံးလျက်......
▪️▪️▪️▪️▪️▪️
ဘာလိုလိုနှင့် သူနှင့်EunJiတောင် တစ်လပြည့်တော့မည်။ ကျွန်မတွက်ထားတဲ့ ရက်အတိုင်း ဆိုလျှင်ပေါ့လေ။
ကျွန်မကတော့ တိတ်တိတ်လေးပဲ.......
"ကဲ ကျောင်းပိတ်ဖို့လည်း သိပ်မလိုတော့ဘူးဆိုတော့ ကျောင်းအုပ်ဆရာကြီးကနေ နောက်ဆုံးနှစ်အထက်တန်းကျောင်းသူ ကျောင်းသားအားလုံးအတွက် tripတစ်ခုစီစဉ်ပေးထားတယ်"
ဆရာမရဲ့ ပြောစကားအဆုံးမှာ တစ်ခန်းလုံးက ဆူညံသွားသည်။ ကျွန်မ၊ချယ်ယောင်း နှင့် လီဆာသာ တိတ်ဆိတ်လို့။
"tripက ပင်လယ်ကမ်းခြေကို သွားရမှာ အဲ့တော့ လိုအပ်တာတွေ.........××××××××"
"နင်လိုက်မှာလား"
"ဟမ် ငါ..အဲ"
နာယွန်းမေးတာကို ကျွန်မဖြေဖို့ အင်တင်တင်ဖြစ်နေမိသည်။ ထိုစဉ်လိုက်မည့်သူ စာရင်းထဲတွင် လီဆာ့နာမည်ကို ရုတ်တရက် ကြားလိုက်တော့ ကျွန်မကိုလိုက်ဖို့ ကျွန်မနှလုံးသားက အမိန့်ပေးတော့သည်။
"အင်း ငါလိုက်မယ်"
"yay!! ငါနဲ့အတူတူ တစ်ခန်းနေမယ်နော်"
"အင် အင်း"
အတန်းပြောင်းချိန် ဆရာ မဝင်ခင် ချယ်ယောင်းက
ကျွန်မဘေး လာထိုင်သည်။
"နင်အဆင်ပြေရဲ့လား"
"ပြေပါတယ် ဘာလို့"
"သြော ဒီတိုင်းပါပဲ ဒါနဲ့နင်ရောလိုက်မှာမလား tripကို"
"အင်း လိုက်မှာ နင်ရော"
"ငါရော လီဆာရောလိုက်မှာ"
"အင်း"
"ဟိုကျ နင်နဲ့ Roomateက?"
"နာယွန်းနဲ့ အတူတူနေမှာ"
"တကယ်လို့ အဖော်မရှိရင် ငါလာနေပေးလို့ရတယ်နော် အားမနာနဲ့"
"ရပါတယ်"
"နင်အဆင်ပြေတာသေချာရဲ့လား"
"ChaeYoung Nar.."
"ငါတို့ တစ်နေရာရာမှာစကားသွားပြောရအောင်လား"
ဘတ်စကတ်ဘောကွင်းက အားပေးသည့်ခုံတန်းပေါ် ကျွန်မနှင့် ချယ်ယောင်း နှစ်ယောက်တည်း ထိုင်နေမိသည်။
"ငါအဆင်မပြေဘူး ချယ်ယောင်း ငါတကယ် အဆင်မပြေဘူး"
"ငါသိပါတယ်ဟာ"
"ငါလေ...သူ့ကိုအရမ်းချစ်တာဟ"
"ငါ......."
ရင်ထဲက အစိုင်အခဲက လည်ချောင်းကနေစို့တက်လာပြီး
မျက်ရည်အဖြစ် ပြောင်းလဲသွားခဲ့သည်။
"ငါ...အ..အ..အရမ်းချစ်တာ သူ့ကို"
"ငိုလိုက် ငိုလိုက် ဒါမှနင်သက်သာမှာ"
"ငါအခုထိ ဒဏ်ရာမကျက်သေးဘူး ငါ...သူတို့...ရှေ့...ဟန်ဆောင်ရတာ..."
"စကားကိုနောက်မှပြော Jennie ဖြည်းဖြည်း"
ChaeYoungရင်ခွင်ထဲမှာ ကျွန်မ စူးစူးနင့်နင့် ငိုနေမိသည်။ ChaeYoungက ကျွန်မ ကျောကို ညှင်သာစွာ ပုတ်ပေးရင်း.....
"ငါ...သူတို့ရှေ့မှာ......ဟန်ဆောင်...ရတာ....တော်တော်ပင်ပန်း......နေပြီ..."
"အနည်းဆုံးတော့ သူပျော်နေမှာပေါ့..နော် သူ..ချစ်တဲ့သူနဲ့လေ ဟုတ်တယ်မလားဟင် ChaeYoung"
ChaeYoungက ကျွန်မ ပါးပေါ်မှ မျက်ရည်များကို သုပ်ပေးနေသည်။
"အင်း သူပျော်မှာပါ"
"သူပျော်ရင် ငါကျေနပ်ပါပြီဟာ..."
".........."
"နင် မေ့လိုက်ပါတော့လား အဲ့ဒါအကောင်းဆုံးပဲ"
"ChaeYoung ငါ သူ့ကိုဘယ်လိုလုပ်မေ့လို့ရမှာလဲဟ"
"နင် ဒီထက်ပိုခံစားရတာငါမမြင်ချင်လို့ပါ"
"အမှန်တိုင်းပြောရရင် ငါတကယ်ပင်ပန်းပါတယ် ဒါပေမဲ့ သူ့ကို မေ့ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး ChaeYoung"
"ငါသူ့ကို လောဘတက်မိမှာကြောက်ရင်းကြောက်ရင်းကပဲ လောဘတက်မိတယ် ခုငါ့အပြစ်နဲ့ငါပဲ အဲ့ဒီအတွက် ငါအပြစ်ဒဏ်ကိုကောင်းကောင်းကြီး ခံယူမယ် သူ့မှာဘာ
အပြစ်မှမရှိဘူး "
"ဒီနေ့အတွက် ကျေးဇူးပါ ChaeYoung"
"ရပါတယ်ဟာ ငါတို့ကသူငယ်ချင်းတွေပဲ"
"အင်း ငါသွားပြီနော် စာသင်နေလောက်ပြီ"
"ငါရောလိုက်မယ်လေ"
ကျွန်မနှင့် ချယ်ယောင်းက စာသင်ခန်းထဲသို့ သွားရန် လှေကားအတိုင်းတက်လာခဲ့သည်။ ၂လွှာအရောက်တွင်
ကောင်မလေး နှစ်ယောက် ပူးကပ်ကာ တစ်ယောက်က ပခုံးကိုဖက်ပေးထားပြီး တစ်ယောက်က ခါးကိုပြန်ဖက်ပေစထားသော မြင်ကွင်းက ကျွန်မ ရင်ကို ဓားနှင့်ဖြည်းညှင်းစွာ မွှန်းနေသလို ခံစားရသည်။ သူတို့နှစ်ယောက်တည်းရှိနေသလို မိုးမမြင်လေမြင် ရယ်မောနေလိုက်ကြတာ....
သူတို့နှစ်ယောက်က ကျွန်မတို့နှစ်ယောက်ကို မြင်တော့ ရပ်တန့်သွားခဲ့သည်။ သူတို့ဘာအထာလုပ်တာလဲ သွားစရာရှိတာ သွားပါရော့လား။
"အတန်းမတက်တော့ဘူးလား လီဆာ"
"အင်း ချယ်ယောင်း"
ကျွန်မအသည်းပေါက်မတတ်ချစ်ရသော မျက်ဝန်းများက ကျွန်မကိုစိုက်ကြည့်နေတာ ခံစားမိသည်။ နှုတ်ခမ်းတွေက မပွင့်တပွင့် ပြုံးနေသည်။
"Congratulation ChaeYoung နောက်ဆုံးတော့ Jennieနဲ့ဒိတ်ပြီး ပြန်လာပြီပေါ့"
"လီဆာ နင်!"
တစ်စိတ်၊ ဒါတော့ သူနည်းနည်းများသွားပြီ။
သူ....ကျွန်မအချစ်ကို..စော်ကားနေတာ။
သူမို့လို့ ထင်ရက်တယ်။ သူမို့လို့..စွပ်စွဲရက်တယ်။
ပြောထွက်ရက်လိုက်တာ.....အချစ်ရာ...
"အမ်...အာ...ငါတို့ကနင်ထင်သလိုမဟုတ်ဘူး လီဆာ
ငါတို့အတန်းတက်မှာမို့လို့ သွားတော့မယ်
လာဂျင်းနီ သွားမယ်"
ချယ်ယောင်းက အတင်းဆွဲခေါ်သွားသဖြင့် ကျွန်မအတန်းထဲသို့ ပါလာခဲ့ရသည်။
"ချယ်ယောင်း နင်ငါ့ကို ဘာလို့တားတာလဲ"
"မကောင်းဘူးလေ"
"ဘာကိုမကောင်းတာလဲ သူငါ့နှလုံးသားကိုစော်ကားသွားတာ နင်မမြင်ဘူးလား နင်ကန်းနေလား"
ကျွန်မအသံအတော်မြင့်သွားသည်ထင်သည်။
အတန်းထဲက လူတစ်ချို့က ကျွန်မတို့နှစ်ယောက်ကိုကြည့်နေသည်။
"တိုးတိုး ဂျင်းနီ တိုးတိုးလုပ်ပါ"
ရုတ်တရက် ခေါင်းတွေထိုးကိုက်လာသည်။
"ငါ..အိမ်ပြန်တော့မယ်"
"ငါလိုက်ပို့မယ်"
"တော်ပါ ငါ့ဘာသာပဲပြန်တော့မယ် နေခဲ့တော့"
▪️▪️▪️▪️▪️
"ပစ္စည်းတွေစုံပြီလား စစ်ဦး သမီး"
"ဟုတ်စုံတယ် မေမေ"
၅ရက်လောက်ကြာတော့ ကျွန်မတို့ Tripထွက်ရသည်။
မေမေရော ဖေဖေပါ ကျောင်းကို ကားနှင့်လိုက်ပို့ပေးသည်။
Express ကားအနားမှာတော့ ကျောင်းသူကျောင်းသားများစုရုံးလျက်။
"ဆေးတွေရော သေချာပြန်စစ်"
"ဟုတ် အကုန်ပါပြီ"
"ဂရုစိုက်နော် သမီးငယ်"
ထိုအချိန် နာယွန်းနှင့် ချယ်ယောင်းက ကျွန်မအနားရောက်လာသည်။
"မေမေ ဒါနာယွန်း ဒါချယ်ယောင်းတဲ့"
"သြော..တွေ့ရတာဝမ်းသာပါတယ် သမီးတို့ရေ ဂျင်းနီလေးကိုအပ်ပါတယ်နော် ထည့်သာထည့်ရတာအန်တီကသိပ်စိတ်မချဘူး သူကနုတယ်လေ အဲ့ဒါကြောင့်"
"ဟာ..မေမေကလည်း"
"ကဲကဲ သွားတော့ ဆရာမစောင့်နေလိမ့်မယ်"
"သမီးသွားပြီ ဖေနဲ့မေ ချစ်တယ်"
ကျွန်မ မိဘများကိုနှုတ်ဆက်ပြီးနော် ဆရာမအနားသို့
စာရင်းပေးရန် သွားလိုက်သည်။
ကျွန်မပဲ နာကျင်ဖို့ ကံပါလာတာလားမသိတော့။
"ChaeYoung nar..EunJiက..ဘာလို့..ပါလာတာလဲသူက နောက်ဆုံးနှစ်မှမဟုတ်ပဲ"
"လိုက်ချင်လို့ဆိုပြီး ဆရာမကိုပြောပြီးလိုက်တာတဲ့အေ
ပြောကိုမပြောချင်ဘူး"
"လီဆာကရော မလိုက်ဖို့မပြောဘူးလား"
"ဘယ်တားမလဲ ချစ်သူတွေဥစ္စာ ကဲပါထားလိုက် လာကားပေါ်တက်မယ်"
ကျွန်မမေးသမျှကို ဒိုင်ခံဖြေနေသူက နာယွန်း။
လိုလို့လား...အဲ့လောက်ထိ....ခေါ်လာရလောက်အောင်ကို လိုလို့လား အချစ်ရာ.....
အင်းပေါ့လေ...သူတို့က ချစ်သူတွေဥစ္စာ...
မပိုင်ဆိုင်ရတဲ့ အချစ်ကို ကျွန်မသဝန်တိုနေတာ များပြီထင်တယ် အဟက်.....
💛💛💛🖤🖤🖤
14Jan2020 | 08:24 PM