ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁...

By ThanAung8

237K 35.2K 510

Unicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်... More

အခန်း ( ၁ )
အခန်း ( ၂ )
အခန်း ( ၃ )
အခန်း ( ၄ )
အခန်း ( ၅ )
အခန်း ( ၆ )
အခန်း ( ၇ )
အခန်း ( ၈ )
အခန်း ( ၉ )
အခန်း (၁၀)
အခန္း ( ၁၁ )
အခန္း ( ၁၂ )
အခန္း ( ၁၃ )
အခန္း ( ၁၄ )
အခန္း ( ၁၅ )
အခန္း ( ၁၆ )
အခန္း ( ၁၇ )
အခန္း ( ၁၈ )
အခန္း ( ၁၉ )
အခန္း ( ၂၀ )
အခန္း ( ၂၁ )
အခန္း ( ၂၂ )
အခန္း ( ၂၃ )
အခန္း ( ၂၄ )
အခန္း ( ၂၅ )
အခန္း ( ၂၆ )
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉ )
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အခန်း(၁၁၃)
အခန်း(၁၁၄)
အခန်း(၁၁၅)
အခန်း(၁၁၆)
အခန်း(၁၁၇)
အခန်း(၁၁၈)
အခန်း(၁၁၉)
အခန္း ( ၁၂၀ )
အခန္း ( ၁၂၁ )
အခန္း ( ၁၂၂ )
အခန္း ( ၁၂၃ )
အခန္း ( ၁၂၄ )
အခန္း ( ၁၂၅ )
အခန္း ( ၁၂၆ )
အခန္း ( ၁၂၇ )
အခန္း ( ၁၂၈ )
အခန္း ( ၁၂၉ )
အခန္း ( ၁၃၀ )
အခန်း ( ၁၃၁ ) ( Unicode )
အခန္း ( ၁၃၁ ) ( Zawgyi )
အခန်း ( ၁၃၂ ) ( Unicode )
အခန္း ( ၁၃၂ ) ( Zawgyi )
အခန်း ( ၁၃၃ )
အခန်း ( ၁၃၄ )
အခန္း ( ၁၃၅ )
အခန္း ( ၁၃၆ )
အခန်း ( ၁၃၇ )
အခန္း ( ၁၃၈ )
အခန္း ( ၁၃၉ )
အခန္း ( ၁၄၀ )
အခန္း (၁၄၁)
အခန္း ( ၁၄၂ )
အခန္း ( ၁၄၃ )
အခန္း ( ၁၄၄ )
အခန္း ( ၁၄၅ )
အခန္း ( ၁၄၆ )
အခန္း ( ၁၄၇ )
အခန္း ( ၁၄၈ )
အခန္း ( ၁၄၉ )
အခန္း ( ၁၅၀ )
အခန္း ( ၁၅၁ )
အခန္း ( ၁၅၂ )
အခန္း ( ၁၅၃ )
အခန္း ( ၁၅၄ )
အခန္း ( ၁၅၅ )
အခန္း ( ၁၅၆ )
အခန္း ( ၁၅၇ )
အခန္း ( ၁၅၈ )
အခန္း ( ၁၅၉ )
အခန္း ( ၁၆၀ )
အခန္း ( ၁၆၁ )
အခန္း ( ၁၆၂ )
အခန္း ( ၁၆၃ )
အခန္း ( ၁၆၄ )
အခန္း ( ၁၆၅ )
အခန္း ( ၁၆၆ )
အခန္း ( ၁၆၇ )
အခန္း (၁၆၈)
အခန္း ( ၁၆၉ )
အခန္း ( ၁၇၀ )
အခန္း ( ၁၇၁ )
အခန္း ( ၁၇၂ )
အပိုင္း ( ၁၇၃ )
အခန္း ( ၁၇၄ )
အခန္း ( ၁၇၅ )
အခန္း ( ၁၇၆ )
အခန္း ( ၁၇၇ )
အခန္း ( ၁၇၈ )
အခန္း ( ၁၇၉ )
အခန္း ( ၁၈၀ )
အခန္း ( ၁၈၁ )
အခန္း ( ၁၈၂ )
အခန္း ( ၁၈၃ )
Volume ( 1 )

အခန်း(၉၈)

1.3K 189 6
By ThanAung8

ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergen

အခန်း ( ၉၈ )
နဂါးလိုဆင်လို အဏ္ဏဝါကျမ်း

လက်ရွေးစင်တိုက်ပွဲများကြောင့် ဖက်တီးကျန်းကြီးအပေါ် ဂိုဏ်းချုပ်အပါအဝင်လူအများက အာရုံစိုက်လာကြလေသည်။

"စိတ်ရဲ့စွမ်းအား..." ဖက်တီးကျန်းက လေးလေးနက်နက်ဆိုသည်။ အခြားဂိုဏ်းချုပ်များ အံ့အားသင့်သွားပြီး မျက်လုံးများအရောင်လက်သွားကြသည်။

ရွှီမေ့ရှန်းသည် လုထျန်းလဲ့၏ဒဏ်ရာများကိုကုသရန် အဝေးသို့ထွက်သွားလေပြီ။ အကယ်၍သူမသာရှိနေသေးပါက သူမတပည့်၏အကြောင်းများကိုမယုံနိုင်ဖြစ်နေပေလိမ့်မည်။

ကျေနပ်အားရမှုအပြည့်မျက်နှာထားဖြင့် ဂိုဏ်းချုပ်က "ဂိုဏ်းတူညီမရွှီမေ့ရှန်းက ဒီလူဝကလေးကို လူရှေ့ထုတ်ပြခဲတယ်ကွ...။ အခုတော့ ဒီကလေးရဲ့ရှေ့ရေးဟာ ရှင်းရှင်းလင်းလင်းမြင်နေရပါပြီ။ သူ့ရဲ့စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့ကျင့်စဥ်တွေဟာ သူ့ရဲ့စိတ်စွမ်းအားကိုအဆင့်မြင့်လာစေတယ်...။ ဒီလိုသန်မာတဲ့စိတ်ဓာတ်နဲ့ဆိုရင် သေသေချာချာ ကောင်းကောင်းမွန်မွန်လေ့ကျင့်ပေးရမယ့်ကလေးမျိုးပဲ...။"

မြစိမ်းတောင်၏ဂိုဏ်းချုပ်သည် အနည်းငယ်ပြုံးလိုက်ကာ "ခင်ဗျားကအခုတော့ ဒီလိုပြောလာပြီပေါ့...။ သူ့နဲ့အတူစားဖိုဆောင်ကရောက်လာတဲ့ မိန်းကလေးကျင်းရုံကလဲ တော်တော်အံ့အားသင့်ဖွယ်ပဲဗျ...။ ထျန်းယုံကိုတော့မမီသေးဘူးပေါ့ဗျာ...။ ဒါပေမယ့် ဒီကလေးမမှာလည်းရည်မှန်းချက်တွေရှိသကိုး...။ သူမက မြစိမ်းတောင်ရဲ့အကာအကွယ်ဓားနဲ့ တနည်းနည်းဆက်နွယ်နေလိမ့်မယ်လို့ ကျုပ်တော့ထင်မိတယ်...။ အခုတော့ကျင်းရုံက မြစိမ်းတောင် ဂူထဲမှာကျင့်ကြံနေလေရဲ့...။ အခြေအနေကောင်းရင်တော့ မြစိမ်းတောင်မှာနောက်ထပ် ဝိညာဥ်ဓားကိုစောင့်ရှောက်သူတယောက်ပေါ်ထွက်လာတော့မှာပဲဗျို့...။" ဟုအာဘောင်အာရင်းသန်သန်ပြောနေလေ၏။

တောင်ဘက်ဂိုဏ်းသားများ လှုပ်လှုပ်ရွရွဖြစ်နေကြစဥ် မြောက်ဘက်ဂိုဏ်းသားများ ငြိမ်သက်စွာထိုင်နေကြလေသည်။ ထိုစဥ် ဂိုဏ်းခေါင်းဆောင်က ရလဒ်များကိုတရားဝင်ကြေငြာလေသည်။

တောင်ဘက်နဲ့မြောက်ဘက်ပူးတွဲလက်ရွေးစင်ရွေးချယ်ပွဲတွင် ပိုင်ရှောင်ချန်းသည် ပထမနေရာကိုရသွားသောကြောင့် သူသည်အတွင်းစည်းဂိုဏ်းသို့ဝင်ရောက်ခွင့်ရသွားပြီဖြစ်သည်။

ဆုလာဘ်အနေဖြင့် သူသည် တာအိုသစ်စေ့တောင်ရှိကောင်းကင်ချိုအဆောင်သို့သွားကာ ချီစုစည်းမှုအဆင့်ရတနာတခုကို ယူဆောင်ခွင့်ရလေသည်။

ထို့အပြင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏လျှို့ဝှက်နယ်မြေ ထဲသို့ဝင်ခွင့်ကိုလည်းရမည်ဖြစ်ပြီး သူ့အနေဖြင့်မှော်ပညာများကိုလေ့လာခွင့်ရနိုင်မည်ဖြစ်သည်။ လက်ရွေးစင်တိုက်ပွဲများတွင်ပထမရခဲ့ဖူးသောဂိုဏ်းသားများအားလုံးကအခြေခိုင်မာခြင်းအဆင့်သိုသေချာပေါက်ရောက်ကြလေရာ ယခုအချိန်သည်ထိုအခွင့်အရေးကိုလုံးဝဆုပ်ကိုင်ရမည့်အချိန်ပင်ဖြစ်သည်။

နောက်ဆုံးဆုကြေးမှာ ဝိညာဥ်ကျောက်တုံးပေါင်း တစ်သောင်းဖြစ်လေသည်။

ထို့နောက် ကျိန်းယွမ်သုန်သည် ထိပ်ဆုံးဂိုဏ်းသားဆယ်ယောက်ကို လက်ရွေးစင်ဘွဲ့များ တရားဝင်အပ်နှင်းပေးလိုက်ပြီး အတွင်းစည်းဂိုဏ်းသားများအဖြစ်အဆင့်တိုးမြှင့်ပေးလိုက်လေသည်။ ပရိသတ်များသည်တဖြည်းဖြည်းလူစုခွဲကာ အိမ်ပြန်နေကြလေပြီ။

မြောက်ဘက်ဂိုဏ်းသားများ၏မျက်နှာများမှာ မသာမယာဖြစ်နေကြလေသည်။ တောင်ဘက်ဂိုဏ်းသားများမှာမူ စိတ်လှုပ်ရှားမှုကြောင့်လှုပ်လှုပ်ရွရွဖြစ်နေကြလေ၏။ လက်ရွေးစင်များ၏မျက်နှာတွင်မူ မသေချာမရေရာမှုများသာမြင်နေရလေသည်။ ဝိညာဥ်စွယ်သည် ပိုင်ရှောင်ချန်းထွက်သွားသည်ကိုကြည့်ရင်းက သက်ပြင်းချလျက်ရှိသည်။ သူ၏စိတ်ထဲတွင် အမှန်တကယ်အရှုံးပေးလိုက်ရပြီဆိုသည်ကိုလက်မခံနိုင်သေးပေ။

မြောက်ဘက်ဂိုဏ်း၏လက်ရွေးစင်များဖြစ်သော ကုန်းစွန်းမောင်နှမနှင့် ရွှီဆုန်တို့ကမူ လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်ကာထွက်ခွာသွားကြလေသည်။ သူတို့သည် သက်ဆိုင်ရာတောင်ထိပ်များဆီသို့ပြန်ပြီး တစ်ကိုယ်တည်းတရားကျင့်ကြံရန်ရည်ရွယ်ထားကြသည်။

ကျိုးရှင်းချီသည် သူမ မြင်တွေ့ခဲ့ရသည်များကို မယုံနိုင်ဖြစ်နေပြီး ခေါင်းစားနေပုံပေါ်ကာ ပိုင်ရှောင်ချန်းထွက်သွားနေသည်ကိုကြည့်နေလေသည်။ သူမထက်ပို၍မယုံနိုင်ဖြစ်နေသူမှာ ရှမ်ကွမ်းထျန်ယုံဖြစ်၏။

သူသည်စိတ်ပျက်လက်ပျက်ရပ်နေပြီး လူအားလုံးနီးပါးကသူ့အားလျစ်လျူရှုထားကြလေသည်။ သူ၏ပိုင်ရှောင်ချန်းအပေါ်တိတ်တဆိတ်တိုက်ကွက်သည် တောင်ဘက်ဂိုဏ်းသားများ၏ရင်ထဲတွင် မှတ်ကျောက်တင်လိုက်သကဲ့သို့အမြဲတမ်းရှိနေမည့် အရာတစ်ခုဖြစ်သွားလေသည်။

သူသည် နာကြည်းစွာရယ်လိုက်ပြီးနောက် အံကိုကြိတ်ကာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

"ငါတို့က ချီစုစည်းမှုအဆင့်မှာပဲရှိပါသေးတယ်ကွာ... အခြေခိုင်မာခြင်းအဆင့်ရောက်အောင်စောင့်ကြည့်နေပေါ့... အဲဒီအဆင့်ရောက်ရင် ငါကသေချာပေါက်အဆင့်တစ်ဖြစ်နေမှာပဲ... ပိုင်ရှောင်ချန်းရော ဝိညာဥ်စွယ်ရော နှစ်ကောင်လုံးထက်ပိုသာစေရမယ်..." ဟုသန္နိဠာန်ချလိုက်ကာ ဂုဏ်ယူဝင့်ကြွားစွာခေါင်းကိုမော့လျက် အလင်းတန်းတစ်ခုအသွင်ဖြင့် ပျံသန်းပျောက်ကွယ်သွားလေတော့သည်။

ကွင်းပြင်ထဲမှလူများက တဖြည်းဖြည်းပြန်ကုန်ကြပြီ။ လက်ရွေးစင်တိုက်ပွဲများလည်း ပြီးဆုံးသွားလေပြီ။ သို့သော် လက်ရွေးစင်များကြားမှ တစ်ကယ့်တိုက်ပွဲအစစ်အမှန်မှာ ယခုမှစတင်မည်ဖြစ်လေ၏။

တောင်ဘက်ဂိုဏ်းသားအားလုံးသာမက မြောက်ဘက်ဂိုဏ်းသားအားလုံးပါ တစ်ယောက်မကျန် ပိုင်ရှောင်ချန်းဟူသောနာမည်ကို သိသွားကြလေပြီ။ သို့သော် မြောက်ဘက်ဂိုဏ်းအတွင်းတွင်မူ ပိုင်ရှောင်ချန်းဟူသောစကားလုံးသည် တားမြစ်စကားလုံးဖြစ်လာလေ၏။

သူသည် မြောက်ဘက်ဂိုဏ်း၏ဘုံရန်သူဖြစ်လာခဲ့ပြီး မြောက်ဘက်ဂိုဏ်းသားများကိုအရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်ခဲ့သော အရှက်မဲ့သည်လူယုတ်မာတစ်ယောက်အဖြစ်အားလုံးကသတ်မှတ်ထားလေသည်။

ပေဟန်လဲ့အတွက်ထိုအကြောင်းအရာများက ပို၍မှန်လေသည်။ သူ၏ဆရာက သူ့ကိုခေါ်သွားပြီးနောက် သူသည်တစ်ကိုယ်တည်းတရားကျင့်ကြံနေခဲ့လေသည်။ လူတောထဲတွင်မျက်နှာပင်ထုတ်မပြရဲတော့ပေ။ သူ၏ခွေးကြီးကိုမူ မြောက်ဘက်ဂိုဏ်းထဲတွင် လွှတ်ထားလိုက်ပြီး ဘေးမဲ့ပေးလိုက်လေသည်။

ခွေးဘီလူးသည် သာမန်မဟုတ်သောကြောင့် မည်သူမှလည်းမထိန်းချုပ်နိုင်ကြပေ။ အချိန်ကာလကြာလာသောအခါ ထိုအကောင်သည် ခွေးရိုင်းတစ်ကောင်ကဲ့သို့ဖြစ်လာလေသည်။ ရံဖန်ရံခါတွင် ၎င်းသည် မြောက်ဘက်ဂိုဏ်း၏တောင်ထိပ်လေးခုအနီးတစ်ဝိုက်တွင် ခြေဦးတည့်ရာလျှောက်သွားနေသည်ကို တွေ့ရလေသည်။

များစွာသောမြောက်ဘက်ဂိုဏ်းသားများသည် ပွဲမှပြန်ရောက်ပြီးနောက်ပိုင်းတွင် ၎င်းတို့၏အချိန်၊စွမ်းအားများကို ကျင့်ကြံခြင်းတွင်အလုံးစုံမြှုပ်နှံထားလေသည်။ သူတို့သည် ပိုင်ရှောင်ချန်းကြောင့်ရခဲ့သော အရှက်ကွဲခဲ့ရသည့်အစွန်းအထင်းကို တစ်နေ့တွင်သွေးဖြင့်ပြန်လည်ဆေးကြောနိုင်ရမည်ဟု စိတ်ထဲတေးမှတ်ထားလိုက်ကြ၏။

မြောက်ဘက်ဂိုဏ်းသားများသည် "ရှောင်ချန်းသုတ်သင်ရေးအဖွဲ့" ဟုအမည်ရသော အဖွဲ့တစ်ခုပင်ဖွဲ့စည်းထားပြီး ပိုင်ရှောင်ချန်းကို အမြစ်ပြတ်သုတ်သင်ရန်လုံးဝအားစိုက်နေကြလေသည်။

လက်ရွေးစင်တိုက်ပွဲများအတွင်းအဖြစ်အပျက်များကြောင့် ဖက်တီးကျန်းကြီးသည် လုံးဝနာမည်ကြီးနေလေ၏။ဝိညာဥ်စွယ်နှင့်တိုက်ပွဲတွင် ပိုင်ရှောင်ချန်းသုံးခဲ့သော ဖက်တီးကျန်းကြီး၏ များစွာသောစိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးသားရတနာများကြောင့် လူအများအံ့သြထိတ်လန့်နေကြလေသည်။

ဖက်တီးကျန်းကြီးသည် ခရမ်းဒယ်အိုးတောင်၏လက်ရွေးစင်ဖြစ်လာခဲ့ပြီး များမကြာမီတွင်သူ့ထံသို့ဂိုဏ်းသားအများအပြားသည် မိတ်ဆွေဖြစ်လို၍၎င်း၊ စိတ်စွမ်းအင်မြှင့်တင်ထားသောပစ္စည်းများကိုလိုချင်၍၎င်း လာရောက်ဂါရဝပြုကြလေသည်။

ဖက်တီးကျန်းကြီးသည်လွန်စွာကျေနပ်အားရနေသည်ဖြစ်သော်လည်း စိတ်ထဲမှထုတ်ဖော်မပြပေ။ သူသည်မည်သူ့အတွက်မှ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကိုထပ်မလုပ်ပေးတော့ပေ။ သူထပ်မံလုပ်ပေးနေလျှင် သူ့ထံသို့ ဖော်လံဖားများကလာရောက်အပူကပ်လွန်းသောကြောင့်ဖြစ်သည်။ ရွှီမေ့ရှန်းကိုယ်တိုင်ကပင် အသေးစိတ်မေးမြန်းရန် သူ့ကိုဆင့်ခေါ်လိုက်ရသည်။ သူမ ကြားရသည်များကိုမယုံနိုင်ဖြစ်နေပြီး သူ၏စိတ်စွမ်းအားများကို ခံစားမိလိုက်သောအခါ ပို၍အံ့အားသင့်သွားလေ၏။

အဆုံးတွင် သူမသည် ဖက်တီးကျန်းကြီးကို အခြားသူများအတွက်စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးခြင်းများ ထပ်မလုပ်ရန်တားမြစ်လိုက်လေသည်။ အနည်းဆုံးတော့ ပိုင်ရှောင်ချန်းအတွက်စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းငါးဆင့်အထိမလုပ်ပေးနိုင်သေးသမျှခဏနားထားရန် ညွှန်ကြားလေသည်။

ဖက်တီးကျန်းကြီးသည် ထိုကိစ္စနှင့်ပက်သတ်၍ အနည်းငယ်ထူးဆန်းနေသည်ဟုထင်မိသော်လည်း သဘောတူကြောင်းခေါင်းငြိမ့်လိုက်လေ၏။

"စိတ်စွမ်းအင်အဆင့်မြှင့်တင်တယ်ဆိုတာ သိပ်ကိုလျှို့ဝှက်ဆန်းကြယ်တဲ့ပညာရပ်ပဲ..." သူမတွေးလိုက်သည်။ "ပိုင်ရှောင်ချန်းနဲ့ ဖက်တီးကျန်းကြီးတို့ကြားမှာ ဆက်နွယ်မှုတစ်ခုရှိကောင်းရှိနိုင်လိမ့်မယ်...။ သူတို့နှစ်ယောက်သာပူးပေါင်းမိသွားရင်... ရလဒ်ကမတွေးရဲစရာပဲ...။" ဖက်တီးကျန်းကြီးထွက်ခွာသွားသည်ကိုလှမ်းကြည့်ရင်း ရွှီမေ့ရှန်းတွေးနေမိသည်။ ထိုထက်တော့ ဆက်မစဥ်းစားတော့ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဂိုဏ်းသားတိုင်းသည် သူ့ကံနှင့်သူရှိပြီးသားဖြစ်ရာ လောဘကြီးပြီးအခြားသူများအပေါ်အခွင့်အရေးယူရန်ကြိုးပမ်းမိလျှင် ဂိုဏ်း၏အုတ်မြစ်ကိုထိခိုက်စေနိုင်သည်။ ထိုကဲ့သို့မလုပ်ရန်မှာ တင်းကြပ်စွာတားမြစ်ပိတ်ပင်ပြီးဖြစ်ပေသည်။ ထို့ပြင် ပိုင်ရှောင်ချန်းသည် ကိုင်တွယ်ရန်မလွယ်သည့်အခြေအနေတစ်ခုသို့ရောက်နေလေပြီ။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နှစ်တစ်သောင်းကျော်တည်မြဲနေရခြင်းအကြောင်းရင်းတစ်ခုမှာ ထိုတင်းကြပ်သောစည်းမျဥ်းကြောင့်ပင်ဖြစ်သည်။

ရက်အနည်းငယ်အကြာတွင် အတွင်းစည်းဂိုဏ်းဝတ်စုံနှင့်  အမိန့်ပေးလည်ဆွဲကိုပိုင်ရှောင်ချန်းရရှိခဲ့၏။ ထို့ပြင်မွှေးရနံ့တိမ်တောင်ပေါ်တွင်အတွင်းစည်းဂိုဏ်းကိုအုပ်ချုပ်နေသော အကြီးအကဲရွှီထံမှ အထုပ်အားလုံးထုပ်ပိုးပြီး လွန်ခဲ့သောနှစ်အတွင်း သူ၏အိမ်ဖြစ်ခဲ့သောဝင်းထဲမှထွက်ခွာရန်အမိန့်ကိုရရှိလိုက်သည်။

အတွင်းစည်းဂိုဏ်းသားအားလုံးက အားကောင်းသောစိတ်စွမ်းအင်များဖြင့်ပြည့်နေသည့် အင်မော်တယ်ဂူများထဲတွင်နေထိုင်ကြရလေ၏။

အဆိုပါ အင်မော်တယ်ဂူများသည် သီးခြားတည်ရှိလျက်ရှိသော ကောင်းကင်ရှိဘုံဗိမာန်များအလား ခမ်းနားလှသည်။ လက်ရွေးစင်တိုက်ပွဲတွင်ပထမရခဲ့သည့် ပိုင်ရှောင်ချန်းအနေဖြင့် သူကြိုက်နှစ်သက်ရာအင်မော်တယ်ဂူကိုရွေးခွင့်ရှိရာ ထုံးစံအတိုင်းပင် အကောင်းဆုံးဂူကို ရွေးလိုက်လေ၏။ ထိုဂူသည် မွှေးရနံ့တိမ်တောင်၏အနောက်ဘက်၊ လမ်းကျဥ်းကလေးတစ်ခု၏အဆုံးတွင်တည်ရှိပြီး အားကောင်းသောစိတ်စွမ်းအင်များပြည့်နေသည့် တိတ်ဆိတ်အေးချမ်းသောနေရာလေးဖြစ်သည်။

ဂူထဲတွင် အခန်းငါးခန်းပါဝင်ပြီး မျက်နှာကျက်တွင် ညပုလဲများဖြင့်စီခြယ်ထားကာ ညပုလဲများမှအလင်းရောင်ဖျော့တော့တော့သည် ဂူထဲသို့ဖြာကျနေသည်။ ကျယ်ဝန်းသောပင်မဆောင်တစ်ခုလည်းရှိပြီး အလယ်တွင်ရေပူစမ်းလေးတစ်ခုလည်းပါဝင်လေသည်။ ရေပူများသည်ပလုံစီထနေပြီး ရေကန်ငယ်လေးတစ်ခုဖြစ်နေရာ ကန်ထဲတွင်ပျင်းရိစွာကူးခတ်နေသောငါးအချို့ကိုတွေ့ရလေသည်။

အင်မော်တယ်ဂူသည် ရိုးရှင်းသော်လည်း ခမ်းနားလှ၏။ ဂူထဲတွင်ဆေးဖော်စပ်သည့်အလုပ်ရုံ၊ တစ်ကိုယ်တည်းတရားကျင့်ကြံရန်အခန်း၊ စိတ်စွမ်းအင်အပင်ပျိုးခင်းနှင့် မှော်အတတ်များလေ့ကျင့်ရန်နေရာတစ်ခုတို့ပါဝင်လေ၏။

ထို့ပြင် ပိုင်ရှောင်ချန်း၏နေ့စဥ်ဝေယျာဝစ္စပြုလုပ်ရန် ချီစုစည်းမှုအဆင့်ငါးနှင့် ညီမျှသော ကျင့်ကြံခြင်းအဆင့်ရှိသည့် အရုပ်နှစ်ရုပ်လည်းပါဝင်လေသည်။ အင်မော်တယ်ဂူ၏အခန်းတိုင်းတွင် မန္တန်ဝင်္ကပါများရှိသည်။ မန္တန်ရွတ်လိုက်လျှင် ကျောက်နံရံများနှင့် မျက်နှာကျက်များတွင် မိုးကောင်းကင်၏ပုံရိပ်များပေါ်လာလေသည်။ ညအခါတွင် လနှင့်ကြယ်များကိုပါမြင်တွေ့နိုင်ပေ၏။ အင်မော်တယ်ဂူတစ်ခုလုံးကိုကာကွယ်ထားသော ပို၍ကြီးမားသည့် မန္တန်ဝင်္ကပါတစ်ခုရှိသေးပြီး မန္တန်ရွတ်လိုက်လျှင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူပင် ချိုးဖျက်ဝင်ရောက်ဖို့ရန် မလွယ်ကူချေ။

အင်မော်တယ်ဂူသည် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအတွက်ပင် အထူးသင့်တော်သည်။ မွှေးရနံ့တိမ်တောင်ရှိ အကောင်းဆုံးဂူများထဲတွင် ပါဝင်သည်။

ပိုင်ရှောင်ချန်းသည် အလွန်ကျေနပ်အားရလျက်ရှိပြီး ဝမ်းသာအူမြူးနေလေသည်။ ယခုမှတွေးလိုက်မိသည်မှာ သူ၏ယခင်အိမ်ဝန်းသည် အလွန်ရိုးစင်းလွန်းပြီးကြမ်းတမ်းလွန်းလှသည်။ အကြီးအကဲရွှီကိုလိုက်ပို့စဥ် အကြီးအကဲရွှီက လီချင်းဟောက်သည် အတွင်းစည်းဂိုဏ်း၏ စိတ်စွမ်းအင်ဆောင်ကိုသွားရောက်ကာ ကျင့်စဥ်ကို သွားရောက်ရှာဖွေရန် မှာကြားလိုက်ကြောင်း ပြောပြလိုက်သည်။ ထို့နောက် အကြီးအကဲရွှီထွက်ခွာသွားလေသည်။

အကြီးအကဲရွှီပျောက်ကွယ်သွားသည်နှင့် ပိုင်ရှောင်ချန်းသည် အဝတ်အစားများချွတ်လိုက်ပြီး ရေကန်ထဲသို့ခုန်ချကာ ပေါလောမျောနေလေ၏။ တစ်ခါတစ်ခါ ငါးတစ်ကောင်ရောက်လာပြီး သူ့အရေပြားကိုလာလာတွတ်လေသည်။ သူ့ဘဝတွင်တစ်ခါမှမကြုံဖူးသောလောကစည်းစိမ်များကို ခံစားနေရပေပြီ။

"တုလင်ဖေးဂိုဏ်းထဲမှာမရှိတော့တာ စိတ်မကောင်းစရာပဲ...။ သူနဲ့ရေတူတူစိမ်နေရရင်သိပ်ကောင်းမှာပဲ...။" သက်ပြင်းများချလျက် ဟိုရှောင်မေ့အကြောင်းတွေးနေမိသည်။ ထို့နောက်ပြုံးလိုက်သည်။ ထိုအချိန်ခဏတွင် မဖြစ်မနေလုပ်ဆောင်မည့် ကတိတစ်ခုပြုလိုက်လေသည်။ မဖြစ်ဖြစ်သည့်နည်းဖြင့် ရှောင်မေ့ကိုဒီနေရာသို့အရောက်ခေါ်လာမည်။ ရေပူစမ်းထဲတွင်ရေတူတူစိမ်ရင်း ကောင်းကင်ကကြယ်တွေကိုငေးကြည့်ကြမည်...။

လေးနက်စွာတွေးလိုက်ပြီး သူ၏ဆုံးဖြတ်ချက်တွင်ကန့်သတ်ချက်များရှိနေသည်ကို သတိပြုမိလိုက်သည်။ "ရည်မှန်းချက်ကြီးတဲ့ယောက်ျားတစ်ယောက်အဖို့၊ ဟိုရှောင်မေ့ရော တုလင်ဖေးရောနှစ်ယောက်လုံးကိုခေါ်လာမယ်...။ နှစ်ယောက်လုံးနဲ့ ရေပူစိမ်ရမယ်...။"

နောက်နေ့မနက်တွင် ပိုင်ရှောင်ချန်းသည်စောစောထပြီး အင်မော်တယ်ဂူမှထွက်လာခဲ့သည်။ တောင်ကြားလမ်းတစ်လျှောက်ဟိုသည်လျှောက်ကြည့်နေရာ အခြားအင်မော်တယ်ဂူနှင့် သိပ်မဝေးမှန်းတွေ့ရသည်။

ထိုဂူနှင့် သူ၏ဂူသည် မျက်စောင်းထိုးအနေအထားမှာရှိပြီး မီတာအနည်းငယ်မျှသာဝေးသည်။ မန္တန်ရွတ်ကာ အရံအတားချထားသည်ကိုတွေ့ရပြီး လူနေသည့်အရိပ်အယောင်များတွေ့ရသည်။ ထိုဂူမှဆက်လျှောက်မသွားမီ ပိုင်ရှောင်ချန်းသည် ဂူကိုအသေအချာလေ့လာနေလေသည်။

ဆက်လျှောက်လာရာ လမ်းတွင် အပြင်စည်းဂိုဏ်းသားတစ်ယောက်တစ်လေမှမတွေ့ရပဲ အတွင်းစည်းဂိုဏ်းသားအချို့ကိုသာတွေ့ရလေသည်။

အတွင်းစည်းဂိုဏ်းသားအများစုသည် တစ်ကိုယ်တည်းတရားကျင့်ကြံခြင်းဖြင့်သာ အချိန်ဖြုန်းလေ့ရှိကြပြီး ဟိုဟိုဒီဒီလျှောက်သွားမနေကြပေ။ ဂိုဏ်းတာဝန်များဆောင်ရွက်ရန်ရှိမှသာ အပြင်ထွက်လေ့ရှိကြသည်။ ပိုင်ရှောင်ချန်းကတော့ထုံးစံအတိုင်းပင် တစ်ယောက်ယောက်ကိုမြင်တိုင်း လည်ချောင်းရှင်းကာ ဆရာကြီးပုံဖမ်းတတ်လေသည်။ ခဏကြာကြောင်စီစီဖြစ်သွားပြီးနောက် အတွင်းစည်းဂိုဏ်းသားများသည် ဂိုဏ်းတူဦးလေးပိုင်ကို အရိုအသေပြုနှုတ်ဆက်ရသည်သာ။

ထိုကဲ့သို့တလေးတစားနှုတ်ဆက်ခံရသဖြင့် မြောက်ကြွမြောက်ကြွဖြစ်နေလေသည်။ မွှေးရနံ့တိမ်တောင်တလျှောက်ဝင့်ကြွားစွာ လမ်းလျှောက်ပြီးနောက် အတွင်းစည်းဂိုဏ်းစိတ်စွမ်းအင်ဆောင်သို့ရောက်ရှိလာခဲ့လေ၏။ ထိုနေရာတွင် အတွင်းစည်းဂိုဏ်းသားများသည် သူတို့၏ မှော်အတတ်ပေါင်းစုံနှင့် စွမ်းရည်များကိုလေ့ကျင့်ကြလေသည်။

ဂိုဏ်းသားတစ်ယောက်သည် အတွင်းစည်းဂိုဏ်းသို့ဝင်ရောက်ခွင့်ရသည်နှင့် ဂိုဏ်း၏ပညာရပ်များစွာထဲမှတစ်ခုကို လေ့လာဆည်းပူးခွင့်ရလေသည်။ ပိုင်ရှောင်ချန်းရောက်သွားသည့်အခါ တာဝန်ကျဂိုဏ်းသားက နှုတ်ဆက်ဂါရဝပြုလေသည်။ များစွာကျေနပ်အားရမှုဖြစ်သွားလေရာ တာဝန်ကျဂိုဏ်းသား၏ပုခုံးကိုပုတ်လိုက်ပြီး ရွေးချယ်စရာပညာရပ်များစွာကို စတင်စူးစမ်းလိုက်သည်။

“ ကောင်းကင်တစ်ခွင် တုန်ဟီးစေ “

“ ရေမီးတောက် ပညာရပ် “

“ ကောင်းကင်ကိုးခုဖျက်ဆီးခြင်း ”

ရွေးစရာအားလုံးစုံပြီဖြစ်သောအခါ ဘယ်ပညာကိုရွေးချယ်ရမလဲ ပိုင်ရှောင်ချန်းတယောက်မစဥ်းစားနိုင်တော့ချေ။ ပညာရပ်အားလုံးသည် သူ့ဟာနှင့်သူထူးခြားပုံပေါ်သည်။ နောက်ဆုံးတွင် လီချင်းဟောက်လမ်းညွှန်သွားသော ပညာရပ်ကို သူရှာတွေ့သွားလေ၏။

“  နဂါးလိုဆင်လို အဏ္ဏဝါကျမ်း ” ကျောက်စိမ်းပေလွှာကိုကောက်ယူလိုက်ပြီး စိတ်စွမ်းအင်တချို့ကိုထုတ်လွှတ်လိုက်လေ၏။ နိဒါန်းကိုလေ့လာပြီးနောက်တွင် အံ့အားသင့်မှုကြောင့် မျက်လုံးများပြူးကျယ်လာကာ ကြက်သီးများထလာလေ၏။

"လူတွေဟာအတားအဆီးတွေကြားမှာပိတ်မိနေတတ်တယ်...။ ကျင့်ကြံခြင်းမှာဖြစ်စေ၊ ဒါမှမဟုတ် ကိုယ်ခန္ဓာမှာပဲဖြစ်စေ ချိုးဖျက်မရနိုင်တဲ့လူသားဘဝအတားအဆီးတွေရှိတတ်တယ်...။ လူသားဘဝအတားအဆီးတွေကိုချိုးဖောက်ဖို့မလုပ်ပဲ အတားအဆီးတွေကနေပညာယူနိုင်မယ့် ချီစုစည်းမှုအဆင့်ကျင့်ကြံဖို့သင့်တော်တဲ့ ဤပညာရပ်ကိုကျုပ်ဖန်တီးခဲ့ခြင်းဖြစ်တယ်...။ “

ပိုင်ရှောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဝတ်ရုံနက်ဝတ်ဆင်ထားသော သူ့ကိုကယ်ခဲ့ဖူးသည့် သချိုင်္ငးစောင့်လူကြီးကိုပြန်မြင်ယောင်မိလာသည်။ ဤပေလွှာထဲရှိစကားလုံးများသည် ထိုလူကြီးပြောခဲ့ဖူးသည့်စကားလုံးများနှင့်တစ်ထပ်တည်းဖြစ်နေသည်။

"ထာဝရအပိုင်းငါးတွဲဟာ လူသားဘဝရဲ့အတားအဆီးငါးခုကိုချိုးဖျက်နိုင်ပြီး... အသက်ရှည်နည်းအပိုင်းငါးတွဲဟာ အဆုံးမဲ့ပိတ်လှောင်ခြင်းငါးရပ်ကိုချိုးဖျက်ခြင်းပဲ...။"

ကျမ်းစာသည် သာမန်ကျမ်းတစောင်ထက်မပိုဟု ပိုင်ရှောင်ချန်းရုတ်တရက်ခံစားမိလိုက်သည်။ သို့သော်ထပ်မံလေ့လာကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။ ဖော်ပြထားချက်များအရ အထူးတလည်အံ့အားသင့်စရာအချက်တခုမှမပါပေ။ ထိုကျမ်းသည် သူကြည့်ခဲ့သောအခြားမှော်ပညာရပ်များနှင့်ယှဥ်စရာကိုမရှိပေ။ သို့သော်မကြာမီပင်ထိုကျမ်းသည် ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းပညာရပ်နှင့် လုံးဝအံဝင်ခွင်ကျဖြစ်နေပြီး အခြေခိုင်မာခြင်းအဆင့်ကိုရောက်ရန်အခွင့်အလမ်းပိုမြင့်မားစေနိုင်သည်ကိုသိရှိလိုက်ရသည်ဖြစ်ရာ ပိုင်ရှောင်ချန်း၏မျက်နှာမှာဝင်းလက်လာလေသည်။

ပိုင်ရှောင်ချန်းသည်အခြေခိုင်မာခြင်းအဆင့်ကိုကျင့်ကြံရန်အိပ်မက် မက်လာခဲ့သည်မှာနှစ်ချီနေပြီဖြစ်ပြီး ထိုအကြောင်းစဥ်းစားမိလိုက်တိုင်း ရင်များတဒိန်းဒိန်းခုန်လာရသည်။

နဂါးလိုဆင်လို အဏ္ဏဝါကျမ်း   တွင်အဆင့်သုံးဆင့်သာရှိပြီး ပထမအဆင့်မှာချီစုစည်းမှုအဆင့်ကိုးသို့ရောက်အောင်ညွှန်ပြပေးသည်။ ဒုတိယအဆင့်တွင် ချီစုစည်းမှုအဆင့်တစ်ဆယ်၏စက်ဝန်းကိုဖော်ပြထားပြီး နောက်ဆုံးအဆင့်တွင်ကား အခြေခိုင်မာခြင်းအဆင့်လမ်းညွှန်များပါရှိလေသည်။

အထွတ်အထိပ်အဆင့်တွင်ကျင့်ကြံသူသည် နဂါးနှင့်ဆင်ကြီးတို့၏သန်စွမ်းမှုမျိုးရရှိလာမည်ဖြစ်ပြီး ပင်လယ်ကြီးတမျှကြီးမားသောစိတ်စွမ်းအားကိုလည်းရရှိမည်ဖြစ်လေ၏။ အကောင်းဆုံးမှာ ပြိုင်ဘက်မရှိ အခြေခံကောင်းမွန်ပြီး အခြေခိုင်မာခြင်းအဆင့်ကိုရောက်ပြီဆိုလျှင် နတ်ဘုရားအစွမ်းများကိုလွယ်ကူစွာလေ့ကျင့်နိုင်ပြီး အဆင်မပြေဖြစ်မည်ကိုပူစရာမလိုတော့ပေ။

ထိုအချက်သည်ကားသာမန်ထဲမှ တမူထူးခြားခြင်းပင်ဖြစ်ပေသည်။

"ဒီပညာရပ်က ငါနဲ့အသင်တော်ဆုံးပါပဲ...။" နိဒါန်းထဲတွင်ဖော်ပြထားသော အတားအဆီးများအကြောင်းကြောင့်လား၊ ကျမ်းစာဟာသူ့ကို အခြေခိုင်မာခြင်းအဆင့်ရောက်အောင်လမ်းပြပေးနိုင်သည်ဆို၍လား၊ တခုခုတော့ တခုခုပင်။ ကျမ်းစာကိုကိုင်ထားရုံနှင့်ပင် ပိုင်ရှောင်ချန်းရင်မှာ တဒိန်းဒိန်းခုန်နေလေ၏။ ထို့နောက်ပိုင်ရှောင်ချန်းသည် ကျမ်းစာကိုပြန်မချတော့ပဲ ယူဆောင်လာကာ အင်မော်တယ်ဂူသို့ရင်ခုန်စွာဖြင့်ပြန်ခဲ့လေတော့သည်။

ထိုနေရာသို့ရောက်ခါနီးဆဲဆဲမှာပင် သူနှင့်မျက်စောင်းထိုးရှိ အင်မော်တယ်ဂူ၏တံခါးပွင့်လာပြီး မိန်းမပျိုတစ်ယောက်ထွက်လာလေသည်။ မိန်းမပျိုသည် သူ့ကိုမြင်လိုက်သည်နှင့် ပါးစပ်အဟောင်းသားဖြစ်ကာ ဂူထဲပြန်ပြေးဝင်ရန်ဟန်ပြင်သည်။ သို့သော်နောက်ကျသွားလေပြီ...။

"အိမ်း... ဂိုဏ်းတူ တူမရှင်းချီပါလား..." သူသည် ချက်ချင်းဝမ်းသာသွားသည်။ လက်ရွေးစင်တိုက်ပွဲများကျင်းပစဥ်ကတည်းကပင် ကျိုးရှင်းချီသည် သူနှင့်ဝေးဝေးမှာပင်နေခဲ့လေရာ သူ့ကိုဂိုဏ်းတူဦးလေးဟုခေါ်သည်ကိုမကြားခဲ့ရပေ။ ယခုတော့ သူမနှင့်မျက်နှာချင်းဆိုင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးတွေ့ရပေပြီ။

Zaw Gyi

ထာဝရအသက္ရွည္လိုေသာ္
မူရင္းစာေရးဆရာ Ergen

အခန္း ( ၉၈ )
နဂါးလိုဆင္လို အဏၰဝါက်မ္း

လက္ေ႐ြးစင္တိုက္ပြဲမ်ားေၾကာင့္ ဖက္တီးက်န္းႀကီးအေပၚ ဂိုဏ္းခ်ဳပ္အပါအဝင္လူအမ်ားက အာ႐ုံစိုက္လာၾကေလသည္။

"စိတ္ရဲ႕စြမ္းအား..." ဖက္တီးက်န္းက ေလးေလးနက္နက္ဆိုသည္။ အျခားဂိုဏ္းခ်ဳပ္မ်ား အံ့အားသင့္သြားၿပီး မ်က္လုံးမ်ားအေရာင္လက္သြားၾကသည္။

႐ႊီေမ့ရွန္းသည္ လုထ်န္းလဲ့၏ဒဏ္ရာမ်ားကိုကုသရန္ အေဝးသို႔ထြက္သြားေလၿပီ။ အကယ္၍သူမသာရွိေနေသးပါက သူမတပည့္၏အေၾကာင္းမ်ားကိုမယုံႏိုင္ျဖစ္ေနေပလိမ့္မည္။

ေက်နပ္အားရမႈအျပည့္မ်က္ႏွာထားျဖင့္ ဂိုဏ္းခ်ဳပ္က "ဂိုဏ္းတူညီမ႐ႊီေမ့ရွန္းက ဒီလူဝကေလးကို လူေရွ႕ထုတ္ျပခဲတယ္ကြ...။ အခုေတာ့ ဒီကေလးရဲ႕ေရွ႕ေရးဟာ ရွင္းရွင္းလင္းလင္းျမင္ေနရပါၿပီ။ သူ႔ရဲ႕စိတ္စြမ္းအင္အဆင့္ျမႇင့္တင္တဲ့က်င့္စဥ္ေတြဟာ သူ႔ရဲ႕စိတ္စြမ္းအားကိုအဆင့္ျမင့္လာေစတယ္...။ ဒီလိုသန္မာတဲ့စိတ္ဓာတ္နဲ႔ဆိုရင္ ေသေသခ်ာခ်ာ ေကာင္းေကာင္းမြန္မြန္ေလ့က်င့္ေပးရမယ့္ကေလးမ်ိဳးပဲ...။"

ျမစိမ္းေတာင္၏ဂိုဏ္းခ်ဳပ္သည္ အနည္းငယ္ၿပဳံးလိုက္ကာ "ခင္ဗ်ားကအခုေတာ့ ဒီလိုေျပာလာၿပီေပါ့...။ သူ႔နဲ႔အတူစားဖိုေဆာင္ကေရာက္လာတဲ့ မိန္းကေလးက်င္း႐ုံကလဲ ေတာ္ေတာ္အံ့အားသင့္ဖြယ္ပဲဗ်...။ ထ်န္းယုံကိုေတာ့မမီေသးဘူးေပါ့ဗ်ာ...။ ဒါေပမယ့္ ဒီကေလးမမွာလည္းရည္မွန္းခ်က္ေတြရွိသကိုး...။ သူမက ျမစိမ္းေတာင္ရဲ႕အကာအကြယ္ဓားနဲ႔ တနည္းနည္းဆက္ႏြယ္ေနလိမ့္မယ္လို႔ က်ဳပ္ေတာ့ထင္မိတယ္...။ အခုေတာ့က်င္း႐ုံက ျမစိမ္းေတာင္ ဂူထဲမွာက်င့္ႀကံေနေလရဲ႕...။ အေျခအေနေကာင္းရင္ေတာ့ ျမစိမ္းေတာင္မွာေနာက္ထပ္ ဝိညာဥ္ဓားကိုေစာင့္ေရွာက္သူတေယာက္ေပၚထြက္လာေတာ့မွာပဲဗ်ိဳ႕...။" ဟုအာေဘာင္အာရင္းသန္သန္ေျပာေနေလ၏။

ေတာင္ဘက္ဂိုဏ္းသားမ်ား လႈပ္လႈပ္႐ြ႐ြျဖစ္ေနၾကစဥ္ ေျမာက္ဘက္ဂိုဏ္းသားမ်ား ၿငိမ္သက္စြာထိုင္ေနၾကေလသည္။ ထိုစဥ္ ဂိုဏ္းေခါင္းေဆာင္က ရလဒ္မ်ားကိုတရားဝင္ေၾကျငာေလသည္။

ေတာင္ဘက္နဲ႔ေျမာက္ဘက္ပူးတြဲလက္ေ႐ြးစင္ေ႐ြးခ်ယ္ပြဲတြင္ ပိုင္ေရွာင္ခ်န္းသည္ ပထမေနရာကိုရသြားေသာေၾကာင့္ သူသည္အတြင္းစည္းဂိုဏ္းသို႔ဝင္ေရာက္ခြင့္ရသြားၿပီျဖစ္သည္။

ဆုလာဘ္အေနျဖင့္ သူသည္ တာအိုသစ္ေစ့ေတာင္ရွိေကာင္းကင္ခ်ိဳအေဆာင္သို႔သြားကာ ခ်ီစုစည္းမႈအဆင့္ရတနာတခုကို ယူေဆာင္ခြင့္ရေလသည္။

ထို႔အျပင္ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္း၏လွ်ိဳ႕ဝွက္နယ္ေျမ ထဲသို႔ဝင္ခြင့္ကိုလည္းရမည္ျဖစ္ၿပီး သူ႔အေနျဖင့္ေမွာ္ပညာမ်ားကိုေလ့လာခြင့္ရႏိုင္မည္ျဖစ္သည္။ လက္ေ႐ြးစင္တိုက္ပြဲမ်ားတြင္ပထမရခဲ့ဖူးေသာဂိုဏ္းသားမ်ားအားလုံးကအေျခခိုင္မာျခင္းအဆင့္သိုေသခ်ာေပါက္ေရာက္ၾကေလရာ ယခုအခ်ိန္သည္ထိုအခြင့္အေရးကိုလုံးဝဆုပ္ကိုင္ရမည့္အခ်ိန္ပင္ျဖစ္သည္။

ေနာက္ဆုံးဆုေၾကးမွာ ဝိညာဥ္ေက်ာက္တုံးေပါင္း တစ္ေသာင္းျဖစ္ေလသည္။

ထို႔ေနာက္ က်ိန္းယြမ္သုန္သည္ ထိပ္ဆုံးဂိုဏ္းသားဆယ္ေယာက္ကို လက္ေ႐ြးစင္ဘြဲ႕မ်ား တရားဝင္အပ္ႏွင္းေပးလိုက္ၿပီး အတြင္းစည္းဂိုဏ္းသားမ်ားအျဖစ္အဆင့္တိုးျမႇင့္ေပးလိုက္ေလသည္။ ပရိသတ္မ်ားသည္တျဖည္းျဖည္းလူစုခြဲကာ အိမ္ျပန္ေနၾကေလၿပီ။

ေျမာက္ဘက္ဂိုဏ္းသားမ်ား၏မ်က္ႏွာမ်ားမွာ မသာမယာျဖစ္ေနၾကေလသည္။ ေတာင္ဘက္ဂိုဏ္းသားမ်ားမွာမူ စိတ္လႈပ္ရွားမႈေၾကာင့္လႈပ္လႈပ္႐ြ႐ြျဖစ္ေနၾကေလ၏။ လက္ေ႐ြးစင္မ်ား၏မ်က္ႏွာတြင္မူ မေသခ်ာမေရရာမႈမ်ားသာျမင္ေနရေလသည္။ ဝိညာဥ္စြယ္သည္ ပိုင္ေရွာင္ခ်န္းထြက္သြားသည္ကိုၾကည့္ရင္းက သက္ျပင္းခ်လ်က္ရွိသည္။ သူ၏စိတ္ထဲတြင္ အမွန္တကယ္အရႈံးေပးလိုက္ရၿပီဆိုသည္ကိုလက္မခံႏိုင္ေသးေပ။

ေျမာက္ဘက္ဂိုဏ္း၏လက္ေ႐ြးစင္မ်ားျဖစ္ေသာ ကုန္းစြန္းေမာင္ႏွမႏွင့္ ႐ႊီဆုန္တို႔ကမူ လက္သီးမ်ားက်စ္က်စ္ပါေအာင္ဆုပ္ကာထြက္ခြာသြားၾကေလသည္။ သူတို႔သည္ သက္ဆိုင္ရာေတာင္ထိပ္မ်ားဆီသို႔ျပန္ၿပီး တစ္ကိုယ္တည္းတရားက်င့္ႀကံရန္ရည္႐ြယ္ထားၾကသည္။

က်ိဳးရွင္းခ်ီသည္ သူမ ျမင္ေတြ႕ခဲ့ရသည္မ်ားကို မယုံႏိုင္ျဖစ္ေနၿပီး ေခါင္းစားေနပုံေပၚကာ ပိုင္ေရွာင္ခ်န္းထြက္သြားေနသည္ကိုၾကည့္ေနေလသည္။ သူမထက္ပို၍မယုံႏိုင္ျဖစ္ေနသူမွာ ရွမ္ကြမ္းထ်န္ယုံျဖစ္၏။

သူသည္စိတ္ပ်က္လက္ပ်က္ရပ္ေနၿပီး လူအားလုံးနီးပါးကသူ႔အားလ်စ္လ်ဴရႈထားၾကေလသည္။ သူ၏ပိုင္ေရွာင္ခ်န္းအေပၚတိတ္တဆိတ္တိုက္ကြက္သည္ ေတာင္ဘက္ဂိုဏ္းသားမ်ား၏ရင္ထဲတြင္ မွတ္ေက်ာက္တင္လိုက္သကဲ့သို႔အၿမဲတမ္းရွိေနမည့္ အရာတစ္ခုျဖစ္သြားေလသည္။

သူသည္ နာၾကည္းစြာရယ္လိုက္ၿပီးေနာက္ အံကိုႀကိတ္ကာလက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္သည္။

"ငါတို႔က ခ်ီစုစည္းမႈအဆင့္မွာပဲရွိပါေသးတယ္ကြာ... အေျခခိုင္မာျခင္းအဆင့္ေရာက္ေအာင္ေစာင့္ၾကည့္ေနေပါ့... အဲဒီအဆင့္ေရာက္ရင္ ငါကေသခ်ာေပါက္အဆင့္တစ္ျဖစ္ေနမွာပဲ... ပိုင္ေရွာင္ခ်န္းေရာ ဝိညာဥ္စြယ္ေရာ ႏွစ္ေကာင္လုံးထက္ပိုသာေစရမယ္..." ဟုသႏၷိဠာန္ခ်လိုက္ကာ ဂုဏ္ယူဝင့္ႂကြားစြာေခါင္းကိုေမာ့လ်က္ အလင္းတန္းတစ္ခုအသြင္ျဖင့္ ပ်ံသန္းေပ်ာက္ကြယ္သြားေလေတာ့သည္။

ကြင္းျပင္ထဲမွလူမ်ားက တျဖည္းျဖည္းျပန္ကုန္ၾကၿပီ။ လက္ေ႐ြးစင္တိုက္ပြဲမ်ားလည္း ၿပီးဆုံးသြားေလၿပီ။ သို႔ေသာ္ လက္ေ႐ြးစင္မ်ားၾကားမွ တစ္ကယ့္တိုက္ပြဲအစစ္အမွန္မွာ ယခုမွစတင္မည္ျဖစ္ေလ၏။

ေတာင္ဘက္ဂိုဏ္းသားအားလုံးသာမက ေျမာက္ဘက္ဂိုဏ္းသားအားလုံးပါ တစ္ေယာက္မက်န္ ပိုင္ေရွာင္ခ်န္းဟူေသာနာမည္ကို သိသြားၾကေလၿပီ။ သို႔ေသာ္ ေျမာက္ဘက္ဂိုဏ္းအတြင္းတြင္မူ ပိုင္ေရွာင္ခ်န္းဟူေသာစကားလုံးသည္ တားျမစ္စကားလုံးျဖစ္လာေလ၏။

သူသည္ ေျမာက္ဘက္ဂိုဏ္း၏ဘုံရန္သူျဖစ္လာခဲ့ၿပီး ေျမာက္ဘက္ဂိုဏ္းသားမ်ားကိုအရွက္တကြဲအက်ိဳးနည္းျဖစ္ေအာင္လုပ္ခဲ့ေသာ အရွက္မဲ့သည္လူယုတ္မာတစ္ေယာက္အျဖစ္အားလုံးကသတ္မွတ္ထားေလသည္။

ေပဟန္လဲ့အတြက္ထိုအေၾကာင္းအရာမ်ားက ပို၍မွန္ေလသည္။ သူ၏ဆရာက သူ႔ကိုေခၚသြားၿပီးေနာက္ သူသည္တစ္ကိုယ္တည္းတရားက်င့္ႀကံေနခဲ့ေလသည္။ လူေတာထဲတြင္မ်က္ႏွာပင္ထုတ္မျပရဲေတာ့ေပ။ သူ၏ေခြးႀကီးကိုမူ ေျမာက္ဘက္ဂိုဏ္းထဲတြင္ လႊတ္ထားလိုက္ၿပီး ေဘးမဲ့ေပးလိုက္ေလသည္။

ေခြးဘီလူးသည္ သာမန္မဟုတ္ေသာေၾကာင့္ မည္သူမွလည္းမထိန္းခ်ဳပ္ႏိုင္ၾကေပ။ အခ်ိန္ကာလၾကာလာေသာအခါ ထိုအေကာင္သည္ ေခြး႐ိုင္းတစ္ေကာင္ကဲ့သို႔ျဖစ္လာေလသည္။ ရံဖန္ရံခါတြင္ ၎သည္ ေျမာက္ဘက္ဂိုဏ္း၏ေတာင္ထိပ္ေလးခုအနီးတစ္ဝိုက္တြင္ ေျခဦးတည့္ရာေလွ်ာက္သြားေနသည္ကို ေတြ႕ရေလသည္။

မ်ားစြာေသာေျမာက္ဘက္ဂိုဏ္းသားမ်ားသည္ ပြဲမွျပန္ေရာက္ၿပီးေနာက္ပိုင္းတြင္ ၎တို႔၏အခ်ိန္၊စြမ္းအားမ်ားကို က်င့္ႀကံျခင္းတြင္အလုံးစုံျမႇဳပ္ႏွံထားေလသည္။ သူတို႔သည္ ပိုင္ေရွာင္ခ်န္းေၾကာင့္ရခဲ့ေသာ အရွက္ကြဲခဲ့ရသည့္အစြန္းအထင္းကို တစ္ေန႔တြင္ေသြးျဖင့္ျပန္လည္ေဆးေၾကာႏိုင္ရမည္ဟု စိတ္ထဲေတးမွတ္ထားလိုက္ၾက၏။

ေျမာက္ဘက္ဂိုဏ္းသားမ်ားသည္ "ေရွာင္ခ်န္းသုတ္သင္ေရးအဖြဲ႕" ဟုအမည္ရေသာ အဖြဲ႕တစ္ခုပင္ဖြဲ႕စည္းထားၿပီး ပိုင္ေရွာင္ခ်န္းကို အျမစ္ျပတ္သုတ္သင္ရန္လုံးဝအားစိုက္ေနၾကေလသည္။

လက္ေ႐ြးစင္တိုက္ပြဲမ်ားအတြင္းအျဖစ္အပ်က္မ်ားေၾကာင့္ ဖက္တီးက်န္းႀကီးသည္ လုံးဝနာမည္ႀကီးေနေလ၏။ဝိညာဥ္စြယ္ႏွင့္တိုက္ပြဲတြင္ ပိုင္ေရွာင္ခ်န္းသုံးခဲ့ေသာ ဖက္တီးက်န္းႀကီး၏ မ်ားစြာေသာစိတ္စြမ္းအင္အဆင့္ျမႇင့္တင္ၿပီးသားရတနာမ်ားေၾကာင့္ လူအမ်ားအံ့ၾသထိတ္လန္႔ေနၾကေလသည္။

ဖက္တီးက်န္းႀကီးသည္ ခရမ္းဒယ္အိုးေတာင္၏လက္ေ႐ြးစင္ျဖစ္လာခဲ့ၿပီး မ်ားမၾကာမီတြင္သူ႔ထံသို႔ဂိုဏ္းသားအမ်ားအျပားသည္ မိတ္ေဆြျဖစ္လို၍၎၊ စိတ္စြမ္းအင္ျမႇင့္တင္ထားေသာပစၥည္းမ်ားကိုလိုခ်င္၍၎ လာေရာက္ဂါရဝျပဳၾကေလသည္။

ဖက္တီးက်န္းႀကီးသည္လြန္စြာေက်နပ္အားရေနသည္ျဖစ္ေသာ္လည္း စိတ္ထဲမွထုတ္ေဖာ္မျပေပ။ သူသည္မည္သူ႔အတြက္မွ စိတ္စြမ္းအင္အဆင့္ျမႇင့္တင္ျခင္းကိုထပ္မလုပ္ေပးေတာ့ေပ။ သူထပ္မံလုပ္ေပးေနလွ်င္ သူ႔ထံသို႔ ေဖာ္လံဖားမ်ားကလာေရာက္အပူကပ္လြန္းေသာေၾကာင့္ျဖစ္သည္။ ႐ႊီေမ့ရွန္းကိုယ္တိုင္ကပင္ အေသးစိတ္ေမးျမန္းရန္ သူ႔ကိုဆင့္ေခၚလိုက္ရသည္။ သူမ ၾကားရသည္မ်ားကိုမယုံႏိုင္ျဖစ္ေနၿပီး သူ၏စိတ္စြမ္းအားမ်ားကို ခံစားမိလိုက္ေသာအခါ ပို၍အံ့အားသင့္သြားေလ၏။

အဆုံးတြင္ သူမသည္ ဖက္တီးက်န္းႀကီးကို အျခားသူမ်ားအတြက္စိတ္စြမ္းအင္အဆင့္ျမႇင့္တင္ေပးျခင္းမ်ား ထပ္မလုပ္ရန္တားျမစ္လိုက္ေလသည္။ အနည္းဆုံးေတာ့ ပိုင္ေရွာင္ခ်န္းအတြက္စိတ္စြမ္းအင္အဆင့္ျမႇင့္တင္ျခင္းငါးဆင့္အထိမလုပ္ေပးႏိုင္ေသးသမွ်ခဏနားထားရန္ ၫႊန္ၾကားေလသည္။

ဖက္တီးက်န္းႀကီးသည္ ထိုကိစၥႏွင့္ပက္သတ္၍ အနည္းငယ္ထူးဆန္းေနသည္ဟုထင္မိေသာ္လည္း သေဘာတူေၾကာင္းေခါင္းၿငိမ့္လိုက္ေလ၏။

"စိတ္စြမ္းအင္အဆင့္ျမႇင့္တင္တယ္ဆိုတာ သိပ္ကိုလွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ပညာရပ္ပဲ..." သူမေတြးလိုက္သည္။ "ပိုင္ေရွာင္ခ်န္းနဲ႔ ဖက္တီးက်န္းႀကီးတို႔ၾကားမွာ ဆက္ႏြယ္မႈတစ္ခုရွိေကာင္းရွိႏိုင္လိမ့္မယ္...။ သူတို႔ႏွစ္ေယာက္သာပူးေပါင္းမိသြားရင္... ရလဒ္ကမေတြးရဲစရာပဲ...။" ဖက္တီးက်န္းႀကီးထြက္ခြာသြားသည္ကိုလွမ္းၾကည့္ရင္း ႐ႊီေမ့ရွန္းေတြးေနမိသည္။ ထိုထက္ေတာ့ ဆက္မစဥ္းစားေတာ့ေပ။ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းတြင္ ဂိုဏ္းသားတိုင္းသည္ သူ႔ကံႏွင့္သူရွိၿပီးသားျဖစ္ရာ ေလာဘႀကီးၿပီးအျခားသူမ်ားအေပၚအခြင့္အေရးယူရန္ႀကိဳးပမ္းမိလွ်င္ ဂိုဏ္း၏အုတ္ျမစ္ကိုထိခိုက္ေစႏိုင္သည္။ ထိုကဲ့သို႔မလုပ္ရန္မွာ တင္းၾကပ္စြာတားျမစ္ပိတ္ပင္ၿပီးျဖစ္ေပသည္။ ထို႔ျပင္ ပိုင္ေရွာင္ခ်န္းသည္ ကိုင္တြယ္ရန္မလြယ္သည့္အေျခအေနတစ္ခုသို႔ေရာက္ေနေလၿပီ။

စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္း၏ ႏွစ္တစ္ေသာင္းေက်ာ္တည္ၿမဲေနရျခင္းအေၾကာင္းရင္းတစ္ခုမွာ ထိုတင္းၾကပ္ေသာစည္းမ်ဥ္းေၾကာင့္ပင္ျဖစ္သည္။

ရက္အနည္းငယ္အၾကာတြင္ အတြင္းစည္းဂိုဏ္းဝတ္စုံႏွင့္  အမိန္႔ေပးလည္ဆြဲကိုပိုင္ေရွာင္ခ်န္းရရွိခဲ့၏။ ထို႔ျပင္ေမႊးရနံ႔တိမ္ေတာင္ေပၚတြင္အတြင္းစည္းဂိုဏ္းကိုအုပ္ခ်ဳပ္ေနေသာ အႀကီးအကဲ႐ႊီထံမွ အထုပ္အားလုံးထုပ္ပိုးၿပီး လြန္ခဲ့ေသာႏွစ္အတြင္း သူ၏အိမ္ျဖစ္ခဲ့ေသာဝင္းထဲမွထြက္ခြာရန္အမိန္႔ကိုရရွိလိုက္သည္။

အတြင္းစည္းဂိုဏ္းသားအားလုံးက အားေကာင္းေသာစိတ္စြမ္းအင္မ်ားျဖင့္ျပည့္ေနသည့္ အင္ေမာ္တယ္ဂူမ်ားထဲတြင္ေနထိုင္ၾကရေလ၏။

အဆိုပါ အင္ေမာ္တယ္ဂူမ်ားသည္ သီးျခားတည္ရွိလ်က္ရွိေသာ ေကာင္းကင္ရွိဘုံဗိမာန္မ်ားအလား ခမ္းနားလွသည္။ လက္ေ႐ြးစင္တိုက္ပြဲတြင္ပထမရခဲ့သည့္ ပိုင္ေရွာင္ခ်န္းအေနျဖင့္ သူႀကိဳက္ႏွစ္သက္ရာအင္ေမာ္တယ္ဂူကိုေ႐ြးခြင့္ရွိရာ ထုံးစံအတိုင္းပင္ အေကာင္းဆုံးဂူကို ေ႐ြးလိုက္ေလ၏။ ထိုဂူသည္ ေမႊးရနံ႔တိမ္ေတာင္၏အေနာက္ဘက္၊ လမ္းက်ဥ္းကေလးတစ္ခု၏အဆုံးတြင္တည္ရွိၿပီး အားေကာင္းေသာစိတ္စြမ္းအင္မ်ားျပည့္ေနသည့္ တိတ္ဆိတ္ေအးခ်မ္းေသာေနရာေလးျဖစ္သည္။

ဂူထဲတြင္ အခန္းငါးခန္းပါဝင္ၿပီး မ်က္ႏွာက်က္တြင္ ညပုလဲမ်ားျဖင့္စီျခယ္ထားကာ ညပုလဲမ်ားမွအလင္းေရာင္ေဖ်ာ့ေတာ့ေတာ့သည္ ဂူထဲသို႔ျဖာက်ေနသည္။ က်ယ္ဝန္းေသာပင္မေဆာင္တစ္ခုလည္းရွိၿပီး အလယ္တြင္ေရပူစမ္းေလးတစ္ခုလည္းပါဝင္ေလသည္။ ေရပူမ်ားသည္ပလုံစီထေနၿပီး ေရကန္ငယ္ေလးတစ္ခုျဖစ္ေနရာ ကန္ထဲတြင္ပ်င္းရိစြာကူးခတ္ေနေသာငါးအခ်ိဳ႕ကိုေတြ႕ရေလသည္။

အင္ေမာ္တယ္ဂူသည္ ႐ိုးရွင္းေသာ္လည္း ခမ္းနားလွ၏။ ဂူထဲတြင္ေဆးေဖာ္စပ္သည့္အလုပ္႐ုံ၊ တစ္ကိုယ္တည္းတရားက်င့္ႀကံရန္အခန္း၊ စိတ္စြမ္းအင္အပင္ပ်ိဳးခင္းႏွင့္ ေမွာ္အတတ္မ်ားေလ့က်င့္ရန္ေနရာတစ္ခုတို႔ပါဝင္ေလ၏။

ထို႔ျပင္ ပိုင္ေရွာင္ခ်န္း၏ေန႔စဥ္ေဝယ်ာဝစၥျပဳလုပ္ရန္ ခ်ီစုစည္းမႈအဆင့္ငါးႏွင့္ ညီမွ်ေသာ က်င့္ႀကံျခင္းအဆင့္ရွိသည့္ အ႐ုပ္ႏွစ္႐ုပ္လည္းပါဝင္ေလသည္။ အင္ေမာ္တယ္ဂူ၏အခန္းတိုင္းတြင္ မႏၲန္ဝကၤပါမ်ားရွိသည္။ မႏၲန္႐ြတ္လိုက္လွ်င္ ေက်ာက္နံရံမ်ားႏွင့္ မ်က္ႏွာက်က္မ်ားတြင္ မိုးေကာင္းကင္၏ပုံရိပ္မ်ားေပၚလာေလသည္။ ညအခါတြင္ လႏွင့္ၾကယ္မ်ားကိုပါျမင္ေတြ႕ႏိုင္ေပ၏။ အင္ေမာ္တယ္ဂူတစ္ခုလုံးကိုကာကြယ္ထားေသာ ပို၍ႀကီးမားသည့္ မႏၲန္ဝကၤပါတစ္ခုရွိေသးၿပီး မႏၲန္႐ြတ္လိုက္လွ်င္ အေျခခိုင္မာျခင္းအဆင့္က်င့္ႀကံသူပင္ ခ်ိဳးဖ်က္ဝင္ေရာက္ဖို႔ရန္ မလြယ္ကူေခ်။

အင္ေမာ္တယ္ဂူသည္ အေျခခိုင္မာျခင္းအဆင့္က်င့္ႀကံသူအတြက္ပင္ အထူးသင့္ေတာ္သည္။ ေမႊးရနံ႔တိမ္ေတာင္ရွိ အေကာင္းဆုံးဂူမ်ားထဲတြင္ ပါဝင္သည္။

ပိုင္ေရွာင္ခ်န္းသည္ အလြန္ေက်နပ္အားရလ်က္ရွိၿပီး ဝမ္းသာအူျမဴးေနေလသည္။ ယခုမွေတြးလိုက္မိသည္မွာ သူ၏ယခင္အိမ္ဝန္းသည္ အလြန္႐ိုးစင္းလြန္းၿပီးၾကမ္းတမ္းလြန္းလွသည္။ အႀကီးအကဲ႐ႊီကိုလိုက္ပို႔စဥ္ အႀကီးအကဲ႐ႊီက လီခ်င္းေဟာက္သည္ အတြင္းစည္းဂိုဏ္း၏ စိတ္စြမ္းအင္ေဆာင္ကိုသြားေရာက္ကာ က်င့္စဥ္ကို သြားေရာက္ရွာေဖြရန္ မွာၾကားလိုက္ေၾကာင္း ေျပာျပလိုက္သည္။ ထို႔ေနာက္ အႀကီးအကဲ႐ႊီထြက္ခြာသြားေလသည္။

အႀကီးအကဲ႐ႊီေပ်ာက္ကြယ္သြားသည္ႏွင့္ ပိုင္ေရွာင္ခ်န္းသည္ အဝတ္အစားမ်ားခြၽတ္လိုက္ၿပီး ေရကန္ထဲသို႔ခုန္ခ်ကာ ေပါေလာေမ်ာေနေလ၏။ တစ္ခါတစ္ခါ ငါးတစ္ေကာင္ေရာက္လာၿပီး သူ႔အေရျပားကိုလာလာတြတ္ေလသည္။ သူ႔ဘဝတြင္တစ္ခါမွမႀကဳံဖူးေသာေလာကစည္းစိမ္မ်ားကို ခံစားေနရေပၿပီ။

"တုလင္ေဖးဂိုဏ္းထဲမွာမရွိေတာ့တာ စိတ္မေကာင္းစရာပဲ...။ သူနဲ႔ေရတူတူစိမ္ေနရရင္သိပ္ေကာင္းမွာပဲ...။" သက္ျပင္းမ်ားခ်လ်က္ ဟိုေရွာင္ေမ့အေၾကာင္းေတြးေနမိသည္။ ထို႔ေနာက္ၿပဳံးလိုက္သည္။ ထိုအခ်ိန္ခဏတြင္ မျဖစ္မေနလုပ္ေဆာင္မည့္ ကတိတစ္ခုျပဳလိုက္ေလသည္။ မျဖစ္ျဖစ္သည့္နည္းျဖင့္ ေရွာင္ေမ့ကိုဒီေနရာသို႔အေရာက္ေခၚလာမည္။ ေရပူစမ္းထဲတြင္ေရတူတူစိမ္ရင္း ေကာင္းကင္ကၾကယ္ေတြကိုေငးၾကည့္ၾကမည္...။

ေလးနက္စြာေတြးလိုက္ၿပီး သူ၏ဆုံးျဖတ္ခ်က္တြင္ကန္႔သတ္ခ်က္မ်ားရွိေနသည္ကို သတိျပဳမိလိုက္သည္။ "ရည္မွန္းခ်က္ႀကီးတဲ့ေယာက္်ားတစ္ေယာက္အဖို႔၊ ဟိုေရွာင္ေမ့ေရာ တုလင္ေဖးေရာႏွစ္ေယာက္လုံးကိုေခၚလာမယ္...။ ႏွစ္ေယာက္လုံးနဲ႔ ေရပူစိမ္ရမယ္...။"

ေနာက္ေန႔မနက္တြင္ ပိုင္ေရွာင္ခ်န္းသည္ေစာေစာထၿပီး အင္ေမာ္တယ္ဂူမွထြက္လာခဲ့သည္။ ေတာင္ၾကားလမ္းတစ္ေလွ်ာက္ဟိုသည္ေလွ်ာက္ၾကည့္ေနရာ အျခားအင္ေမာ္တယ္ဂူႏွင့္ သိပ္မေဝးမွန္းေတြ႕ရသည္။

ထိုဂူႏွင့္ သူ၏ဂူသည္ မ်က္ေစာင္းထိုးအေနအထားမွာရွိၿပီး မီတာအနည္းငယ္မွ်သာေဝးသည္။ မႏၲန္႐ြတ္ကာ အရံအတားခ်ထားသည္ကိုေတြ႕ရၿပီး လူေနသည့္အရိပ္အေယာင္မ်ားေတြ႕ရသည္။ ထိုဂူမွဆက္ေလွ်ာက္မသြားမီ ပိုင္ေရွာင္ခ်န္းသည္ ဂူကိုအေသအခ်ာေလ့လာေနေလသည္။

ဆက္ေလွ်ာက္လာရာ လမ္းတြင္ အျပင္စည္းဂိုဏ္းသားတစ္ေယာက္တစ္ေလမွမေတြ႕ရပဲ အတြင္းစည္းဂိုဏ္းသားအခ်ိဳ႕ကိုသာေတြ႕ရေလသည္။

အတြင္းစည္းဂိုဏ္းသားအမ်ားစုသည္ တစ္ကိုယ္တည္းတရားက်င့္ႀကံျခင္းျဖင့္သာ အခ်ိန္ျဖဳန္းေလ့ရွိၾကၿပီး ဟိုဟိုဒီဒီေလွ်ာက္သြားမေနၾကေပ။ ဂိုဏ္းတာဝန္မ်ားေဆာင္႐ြက္ရန္ရွိမွသာ အျပင္ထြက္ေလ့ရွိၾကသည္။ ပိုင္ေရွာင္ခ်န္းကေတာ့ထုံးစံအတိုင္းပင္ တစ္ေယာက္ေယာက္ကိုျမင္တိုင္း လည္ေခ်ာင္းရွင္းကာ ဆရာႀကီးပုံဖမ္းတတ္ေလသည္။ ခဏၾကာေၾကာင္စီစီျဖစ္သြားၿပီးေနာက္ အတြင္းစည္းဂိုဏ္းသားမ်ားသည္ ဂိုဏ္းတူဦးေလးပိုင္ကို အ႐ိုအေသျပဳႏႈတ္ဆက္ရသည္သာ။

ထိုကဲ့သို႔တေလးတစားႏႈတ္ဆက္ခံရသျဖင့္ ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနေလသည္။ ေမႊးရနံ႔တိမ္ေတာင္တေလွ်ာက္ဝင့္ႂကြားစြာ လမ္းေလွ်ာက္ၿပီးေနာက္ အတြင္းစည္းဂိုဏ္းစိတ္စြမ္းအင္ေဆာင္သို႔ေရာက္ရွိလာခဲ့ေလ၏။ ထိုေနရာတြင္ အတြင္းစည္းဂိုဏ္းသားမ်ားသည္ သူတို႔၏ ေမွာ္အတတ္ေပါင္းစုံႏွင့္ စြမ္းရည္မ်ားကိုေလ့က်င့္ၾကေလသည္။

ဂိုဏ္းသားတစ္ေယာက္သည္ အတြင္းစည္းဂိုဏ္းသို႔ဝင္ေရာက္ခြင့္ရသည္ႏွင့္ ဂိုဏ္း၏ပညာရပ္မ်ားစြာထဲမွတစ္ခုကို ေလ့လာဆည္းပူးခြင့္ရေလသည္။ ပိုင္ေရွာင္ခ်န္းေရာက္သြားသည့္အခါ တာဝန္က်ဂိုဏ္းသားက ႏႈတ္ဆက္ဂါရဝျပဳေလသည္။ မ်ားစြာေက်နပ္အားရမႈျဖစ္သြားေလရာ တာဝန္က်ဂိုဏ္းသား၏ပုခုံးကိုပုတ္လိုက္ၿပီး ေ႐ြးခ်ယ္စရာပညာရပ္မ်ားစြာကို စတင္စူးစမ္းလိုက္သည္။

“ ေကာင္းကင္တစ္ခြင္ တုန္ဟီးေစ “

“ ေရမီးေတာက္ ပညာရပ္ “

“ ေကာင္းကင္ကိုးခုဖ်က္ဆီးျခင္း ”

ေ႐ြးစရာအားလုံးစုံၿပီျဖစ္ေသာအခါ ဘယ္ပညာကိုေ႐ြးခ်ယ္ရမလဲ ပိုင္ေရွာင္ခ်န္းတေယာက္မစဥ္းစားႏိုင္ေတာ့ေခ်။ ပညာရပ္အားလုံးသည္ သူ႔ဟာႏွင့္သူထူးျခားပုံေပၚသည္။ ေနာက္ဆုံးတြင္ လီခ်င္းေဟာက္လမ္းၫႊန္သြားေသာ ပညာရပ္ကို သူရွာေတြ႕သြားေလ၏။

“  နဂါးလိုဆင္လို အဏၰဝါက်မ္း ” ေက်ာက္စိမ္းေပလႊာကိုေကာက္ယူလိုက္ၿပီး စိတ္စြမ္းအင္တခ်ိဳ႕ကိုထုတ္လႊတ္လိုက္ေလ၏။ နိဒါန္းကိုေလ့လာၿပီးေနာက္တြင္ အံ့အားသင့္မႈေၾကာင့္ မ်က္လုံးမ်ားျပဴးက်ယ္လာကာ ၾကက္သီးမ်ားထလာေလ၏။

"လူေတြဟာအတားအဆီးေတြၾကားမွာပိတ္မိေနတတ္တယ္...။ က်င့္ႀကံျခင္းမွာျဖစ္ေစ၊ ဒါမွမဟုတ္ ကိုယ္ခႏၶာမွာပဲျဖစ္ေစ ခ်ိဳးဖ်က္မရႏိုင္တဲ့လူသားဘဝအတားအဆီးေတြရွိတတ္တယ္...။ လူသားဘဝအတားအဆီးေတြကိုခ်ိဳးေဖာက္ဖို႔မလုပ္ပဲ အတားအဆီးေတြကေနပညာယူႏိုင္မယ့္ ခ်ီစုစည္းမႈအဆင့္က်င့္ႀကံဖို႔သင့္ေတာ္တဲ့ ဤပညာရပ္ကိုက်ဳပ္ဖန္တီးခဲ့ျခင္းျဖစ္တယ္...။ “

ပိုင္ေရွာင္ခ်န္းသည္ အသက္ျပင္းျပင္းရႉလိုက္ၿပီး ဝတ္႐ုံနက္ဝတ္ဆင္ထားေသာ သူ႔ကိုကယ္ခဲ့ဖူးသည့္ သခ်ိဳငၤးေစာင့္လူႀကီးကိုျပန္ျမင္ေယာင္မိလာသည္။ ဤေပလႊာထဲရွိစကားလုံးမ်ားသည္ ထိုလူႀကီးေျပာခဲ့ဖူးသည့္စကားလုံးမ်ားႏွင့္တစ္ထပ္တည္းျဖစ္ေနသည္။

"ထာဝရအပိုင္းငါးတြဲဟာ လူသားဘဝရဲ႕အတားအဆီးငါးခုကိုခ်ိဳးဖ်က္ႏိုင္ၿပီး... အသက္ရွည္နည္းအပိုင္းငါးတြဲဟာ အဆုံးမဲ့ပိတ္ေလွာင္ျခင္းငါးရပ္ကိုခ်ိဳးဖ်က္ျခင္းပဲ...။"

က်မ္းစာသည္ သာမန္က်မ္းတေစာင္ထက္မပိုဟု ပိုင္ေရွာင္ခ်န္း႐ုတ္တရက္ခံစားမိလိုက္သည္။ သို႔ေသာ္ထပ္မံေလ့လာၾကည့္လိုက္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္ေလသည္။ ေဖာ္ျပထားခ်က္မ်ားအရ အထူးတလည္အံ့အားသင့္စရာအခ်က္တခုမွမပါေပ။ ထိုက်မ္းသည္ သူၾကည့္ခဲ့ေသာအျခားေမွာ္ပညာရပ္မ်ားႏွင့္ယွဥ္စရာကိုမရွိေပ။ သို႔ေသာ္မၾကာမီပင္ထိုက်မ္းသည္ ခရမ္းေရာင္ခ်ီဒယ္ေစာက္အိုးထိန္းခ်ဳပ္နည္းပညာရပ္ႏွင့္ လုံးဝအံဝင္ခြင္က်ျဖစ္ေနၿပီး အေျခခိုင္မာျခင္းအဆင့္ကိုေရာက္ရန္အခြင့္အလမ္းပိုျမင့္မားေစႏိုင္သည္ကိုသိရွိလိုက္ရသည္ျဖစ္ရာ ပိုင္ေရွာင္ခ်န္း၏မ်က္ႏွာမွာဝင္းလက္လာေလသည္။

ပိုင္ေရွာင္ခ်န္းသည္အေျခခိုင္မာျခင္းအဆင့္ကိုက်င့္ႀကံရန္အိပ္မက္ မက္လာခဲ့သည္မွာႏွစ္ခ်ီေနၿပီျဖစ္ၿပီး ထိုအေၾကာင္းစဥ္းစားမိလိုက္တိုင္း ရင္မ်ားတဒိန္းဒိန္းခုန္လာရသည္။

နဂါးလိုဆင္လို အဏၰဝါက်မ္း   တြင္အဆင့္သုံးဆင့္သာရွိၿပီး ပထမအဆင့္မွာခ်ီစုစည္းမႈအဆင့္ကိုးသို႔ေရာက္ေအာင္ၫႊန္ျပေပးသည္။ ဒုတိယအဆင့္တြင္ ခ်ီစုစည္းမႈအဆင့္တစ္ဆယ္၏စက္ဝန္းကိုေဖာ္ျပထားၿပီး ေနာက္ဆုံးအဆင့္တြင္ကား အေျခခိုင္မာျခင္းအဆင့္လမ္းၫႊန္မ်ားပါရွိေလသည္။

အထြတ္အထိပ္အဆင့္တြင္က်င့္ႀကံသူသည္ နဂါးႏွင့္ဆင္ႀကီးတို႔၏သန္စြမ္းမႈမ်ိဳးရရွိလာမည္ျဖစ္ၿပီး ပင္လယ္ႀကီးတမွ်ႀကီးမားေသာစိတ္စြမ္းအားကိုလည္းရရွိမည္ျဖစ္ေလ၏။ အေကာင္းဆုံးမွာ ၿပိဳင္ဘက္မရွိ အေျခခံေကာင္းမြန္ၿပီး အေျခခိုင္မာျခင္းအဆင့္ကိုေရာက္ၿပီဆိုလွ်င္ နတ္ဘုရားအစြမ္းမ်ားကိုလြယ္ကူစြာေလ့က်င့္ႏိုင္ၿပီး အဆင္မေျပျဖစ္မည္ကိုပူစရာမလိုေတာ့ေပ။

ထိုအခ်က္သည္ကားသာမန္ထဲမွ တမူထူးျခားျခင္းပင္ျဖစ္ေပသည္။

"ဒီပညာရပ္က ငါနဲ႔အသင္ေတာ္ဆုံးပါပဲ...။" နိဒါန္းထဲတြင္ေဖာ္ျပထားေသာ အတားအဆီးမ်ားအေၾကာင္းေၾကာင့္လား၊ က်မ္းစာဟာသူ႔ကို အေျခခိုင္မာျခင္းအဆင့္ေရာက္ေအာင္လမ္းျပေပးႏိုင္သည္ဆို၍လား၊ တခုခုေတာ့ တခုခုပင္။ က်မ္းစာကိုကိုင္ထား႐ုံႏွင့္ပင္ ပိုင္ေရွာင္ခ်န္းရင္မွာ တဒိန္းဒိန္းခုန္ေနေလ၏။ ထို႔ေနာက္ပိုင္ေရွာင္ခ်န္းသည္ က်မ္းစာကိုျပန္မခ်ေတာ့ပဲ ယူေဆာင္လာကာ အင္ေမာ္တယ္ဂူသို႔ရင္ခုန္စြာျဖင့္ျပန္ခဲ့ေလေတာ့သည္။

ထိုေနရာသို႔ေရာက္ခါနီးဆဲဆဲမွာပင္ သူႏွင့္မ်က္ေစာင္းထိုးရွိ အင္ေမာ္တယ္ဂူ၏တံခါးပြင့္လာၿပီး မိန္းမပ်ိဳတစ္ေယာက္ထြက္လာေလသည္။ မိန္းမပ်ိဳသည္ သူ႔ကိုျမင္လိုက္သည္ႏွင့္ ပါးစပ္အေဟာင္းသားျဖစ္ကာ ဂူထဲျပန္ေျပးဝင္ရန္ဟန္ျပင္သည္။ သို႔ေသာ္ေနာက္က်သြားေလၿပီ...။

"အိမ္း... ဂိုဏ္းတူ တူမရွင္းခ်ီပါလား..." သူသည္ ခ်က္ခ်င္းဝမ္းသာသြားသည္။ လက္ေ႐ြးစင္တိုက္ပြဲမ်ားက်င္းပစဥ္ကတည္းကပင္ က်ိဳးရွင္းခ်ီသည္ သူႏွင့္ေဝးေဝးမွာပင္ေနခဲ့ေလရာ သူ႔ကိုဂိုဏ္းတူဦးေလးဟုေခၚသည္ကိုမၾကားခဲ့ရေပ။ ယခုေတာ့ သူမႏွင့္မ်က္ႏွာခ်င္းဆိုင္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီးေတြ႕ရေပၿပီ။

Continue Reading

You'll Also Like

124K 15.3K 113
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
2.4M 174K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023