The Love from Windward (Compl...

By Po_wayy

622K 47.1K 1K

More

(1)
(2)
(3)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
Final.

(4)

15.4K 1.3K 2
By Po_wayy


ဝမ္​အိမ္​​ေတာ္​မွာ ပထမဆံုး​ေန႔.....။

​ေရွာင္​းက်န္​႔နိုးတဲ့အခ်ိန္​က ​ေနျမင္​့​ေနၿပီမို႔
မနက္​စာ နဲ႔ ​ေန႔လည္​စာ
​ေပါင္​းစားလိုက္​သည္​။

ဟင္​း​ပြဲ​ေတြက..ရွယ္​​ေတြခ်ည္​း။
တစ္​ခါတစ္​​ေလမွ
ဦး​ေလး ဒါမွမဟုတ္​ သူကိုယ္​တိုင္​
အႀကံအဖန္​ ဂြင္​​ေကာင္​းမွ စားရတာမ်ိဳး​ေတြမို႔
အမ်ားႀကီးစားမိသည္​။

ဝမ္​ရိ​ေပၚက​ေတာ့..company သြား​ေနၿပီ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

​ေအာက္​ထပ္​မွာ​ေရာ..ၿခံထဲမွာ​ေရာ
အ​ေစခံ​ေတြအမ်ားႀကီးဆို​ေတာ့
​ေရွာင္းက်န္​႔..​ေန႔လည္​စာ ဆင္​းစားၿပီးကတည္​းက
အခန္​းထဲပဲ..​ေအာင္​း​ေနလိုက္​သည္​။

ည​ေန..

"​ေဒါက္​.....​ေဒါက္​ "

တံခါး​ေခါက္​သံ​ေၾကာင္​့..ဖြင္​့ၾကည္​့​ေတာ့

" အကို​ေလး...သခင္​​ေလး ျပန္​လာၿပီ..ၿခံထဲကားဝင္​လာၿပီ....ဟီး......"

" အဲ့ဒါ  ဘာလုပ္​ရမွာလဲ "

ခဏ​ေန​ေတာ့..တံခါးထပ္​​ေခါက္​ျပန္​သည္​။
စိတ္​ရႈပ္​ရႈပ္​နဲ႔ ထဖြင္​့​လိုက္​​ေတာ့
အိမ္​အကူ​ေတြ အမ်ားႀကီး။

" အကို​ေလးအတြက္​ သခင္​​ေလးပို႔ခိုင္​းလိုက္​တာ​ေတြ ဗီဒို​ေတြထဲထည္​့လိုက္​မယ္​​ေနာ္​ "

ဘာမွျပန္​မ​ေျပာဘဲ ​ေန​ေနလိုက္​ၿပီး
အကုန္​ၿပီးလို႔ ျပန္​ထြက္​သြားၾက​ေတာ့မွ
​ေျပးၾကည္​့​ေတာ့ ​ေရွာင္​းက်န္​႔​ေပ်ာ္​သြားသည္​။

ဗီဒို​ေတြအမ်ားႀကီးထဲမွာ
အဝတ္​အစားအသစ္​​ေတြ အျပည္​့။
အားလံုး ​ေစ်းႀကီးတဲ့ branded ​ေတြခ်ည္​း။

"​ေဒါက္​...​ေဒါက္​.."

တံခါး​ေခါက္​​လိုက္​တဲ့အသံ​ေတာင္​မၾကား
အဝတ္​အစားအသစ္​​ေတြဝတ္​ၾကည္​့​ေနၿပီး
​ေပ်ာ္​႐ႊင္​စြာ..ၿပံဳးရယ္​​ေနတဲ့ ​ေရွာင္​းက်န္​႔ကို
ၾကည္​့ၿပီး..ဝမ္​ရိ​ေပၚ ၿပံဳး​ေနမိသည္​။

​ေရွာင္​းက်န္​႔က​ေတာ့..သူ႔တြက္​ကိန္​းနဲ႔သူ။

* ကြာရွင္​းၿပီးရင္​..ဒီအက်ႌ​ေတြအကုန္​ယူသြားမယ္​
ဒါက..လူႀကီးဆန္​တယ္​..ဦး​ေလးကို​ေပးမယ္​
ဒီ၂ ထည္​က..​ေရွာင္​ထန္​းနဲ႔ စံုတြဲဝတ္​မယ္​ *

ဖြင္​့ၿပီးသား တံခါးကို
ရိ​ေပၚ ထပ္​​ေခါက္​ကာ..အသံ​ေပးလိုက္​ၿပီး..

" ​ေရွာင္​းက်န္​႔.... ၿပီးရင္​..​​​ေအာက္​ခဏဆင္​းရ​ေအာင္​
မင္​းကို..အိမ္​ကဝန္​ထမ္​း​ေတြနဲ႔ မိတ္​ဆက္​​ေပးခ်င္​လို႔ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဝမ္​အိမ္​​ေတာ္​ရဲ႕ ၿခံဝန္​းထဲမွာ
တစ္​အိမ္​လံုး တစ္​ၿခံလံုးမွာရွိတဲ့ ဝန္​ထမ္​း​ေတြ
အားလံုး..စု​ေဝး​ေနၾကရသည္​။

အိမ္​အတြင္​းဝန္​ထမ္​း..ၿခံဝန္​းထိန္​းသိမ္​းတဲ့ဝန္​ထမ္​း
ၿခံလံုၿခံဳ​ေရး..အိမ္​လံုၿခံဳ​ေရး
အားလံုးဆို​ေတာ့..လူအုပ္​က မနည္​းမ​ေနာ။

​ေရွ႕မွာ​ေတာ့
တူတူရပ္​​ေနတဲ့
ဝမ္​ရိ​ေပၚ နဲ႔ ​ေရွာင္​းက်န္​႔။

​ေျမာက္​ျမားစြာ​ေသာ လူ​ေတြက ဝိုင္​းၾကည္​့​ေနၾက၍
​ေရွာင္​းက်န္​႔ကိုယ္​တိုင္​သတိမထားမိဘဲ
ဝမ္​ရိ​ေပၚလက္​ကို တင္​းတင္​းဆုပ္​ကိုင္​ထားမိ​ေတာ့

ဝမ္​ရိ​ေပၚက..​ေရွာင္​းက်န္​႔လက္​ကို...ခပ္​ဖြဖြ အုပ္​ၿပီး
ျပန္​ကိုင္​ထား​ေပးလိုက္​သည္​။

" ​ေရွာင္​းက်န္​႔...ဒါက..ကိုယ္​တို႔အိမ္​က ဝန္​ထမ္​း​ေတြ
သူတို႔က..ကိုယ္​့အတြက္​​ေတာ့ ဝန္​ထမ္​းဆိုတာထက္​မိသားစုလိုပဲ "

" အားလံုးပဲ..သူက..​ေရွာင္​းက်န္​႔
ကြၽန္​​ေတာ္​နဲ႔ လက္​ထပ္​ထားတဲ့
ဒီအိမ္​ရဲ႕..မိသားစုဝင္​ အသစ္​
ကြၽန္​​ေတာ္​့ကို..ကူညီ​ေပးသလို..​ေရွာင္​းက်န္​႔ကိုလည္​း
ဝိုင္​းၿပီးကူညီ​ေစာင္​့​ေရွာက္​​ေပးၾကပါဦး "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

အစဥ္​အလာႀကီးမားတဲ့ ဝမ္​အိမ္​​ေတာ္​မွာ
​ေဆြစဥ္​မ်ိဳးဆက္​ သစၥာရွိ ဝန္​ထမ္​း​ေတြကို ပိုင္​ဆိုင္​ထားတာဟာ ဆုလာဘ္​တစ္​ခုပါပဲ။

လူႀကီးလူ​ေကာင္​းဆန္ၿပီး
ရိုးရိုး​ေအး​ေအး​ေနတတ္​သည္​့
ဝမ္​သခင္​​ေလးကို​ေတာ့ ​
ဝန္​ထမ္​းအားလံုးက​ သစၥာရွိရံုသာမက
​ေမတၱာပါပိုၾကရသည္​။

သူ႔ခမ်ာ..အိမ္​​ေထာင္​​ေရးကံလည္​း မ​ေကာင္​းရွာ။

မိဘ..သ​ေဘာက်
သက္​တူ႐ြယ္​တူ အက်င္​့စရိုက္​တူ  ပထမဇနီးမွာ
ပင္​ကိုယ္​က်န္​းမာ​ေရးမ​ေကာင္​း၍
အိမ္​​ေထာင္​က်ၿပီးဘယ္​​ေလာက္​မွမၾကာ
ဆံုးပါးသြားခဲ့သည္​။

ဒုတိယဇနီးမွာလည္​း..မိဘ​ေပးစားတာ​ပဲဆို​ေပမယ္​့
ကံမ​ေကာင္​းျပန္​။ အက်င္​့စရိုက္​က တျခားစီ။
ကား Accident နဲ႔ ​ေသဆံုးတာ​ေတာင္​
တိတ္​တိတ္​ပုန္​း​ေယာက်ာၤးနွင္​့အတူ။

မိဘ၂ ပါးလံုး မရွိ​ေတာ့တဲ့ ​ေနာက္​ပိုင္​း
တစ္​​ေယာက္​တည္​းပဲ..​ေနတာၾကာလွ​ေနၿပီျဖစ္​တဲ့
ဝမ္​သခင္​​ေလးက..

အခုမွ..ရုတ္​တရက္​ႀကီး..​ေကာက္​ယူလာၿပီး
အိမ္​​ေပၚ​ေခၚလာတာက
သူ႔ထက္​ ​အသက္​အမ်ားႀကီးငယ္​တဲ့
​ေယာက်ာၤး​ေလး တစ္​​ေယာက္​။

ဘာပၿဲဖစ္​ျဖစ္​
သခင္​​ေလး..ကိုယ္​တိုင္​​ေ႐ြးခ်ယ္​ၿပီး
လက္​ထပ္​ယူလာတဲ့..အိမ္​​ေထာင္​ဖက္​မို႔
​ခ်စ္​ၿပီးဂရုစိုက္​​ေပးၾကဖို႔..ႀကိဳဆံုးျဖတ္​ထား​ၿပီး

သာယာတဲ့ အိမ္​​ေထာင္​တစ္​ခုျဖစ္​လာ​ေစဖို႔
​ေမ်ွာ္​လင္​့ထားၾကသည္​။

သူတို႔ ​ေမ်ွာ္​လင္​့ထားသလို ျဖစ္​လာမလား
ဆိုတာက​ေတာ့............

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
(Unicode)

ရှောင်းကျန့်နိုးတဲ့အချိန်
နေမြင့်နေပြီဖြစ်၍
မနက်စာ နဲ့ နေ့လည်စာ
ပေါင်းစားလိုက်သည်။

ဟင်းပွဲတွေက..ရှယ်တွေချည်း။
တစ်ခါတစ်လေမှ
ဦးလေး ဒါမှမဟုတ် သူကိုယ်တိုင်
အကြံအဖန် ဂွင်ကောင်းမှ စားရတာမျိုးတွေမို့
အများကြီးစားမိသည်။

ဝမ်ရိပေါ်ကတော့..company သွားနေပြီ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

အောက်ထပ်မှာရော..ခြံထဲမှာရော
အစေခံတွေအများကြီးဆိုတော့
ရှောင်းကျန့်..နေ့လည်စာ ဆင်းစားပြီးကတည်းက
အခန်းထဲပဲ..အောင်းနေလိုက်သည်။

ညနေ..

"ဒေါက်.....ဒေါက် "
တံခါးခေါက်သံကြောင့်..ဖွင့်ကြည့်တော့

" အကိုလေး...သခင်လေး ပြန်လာပြီ..ခြံထဲကားဝင်လာပြီ....ဟီး......"

" အဲ့ဒါ  ဘာလုပ်ရမှာလဲ "

ခဏနေတော့..တံခါးထပ်ခေါက်ပြန်သည်။
စိတ်ရှုပ်ရှုပ်နဲ့ ထဖွင့်လိုက်တော့
အိမ်အကူတွေ အများကြီး။

" အကိုလေးအတွက် သခင်လေးပို့ခိုင်းလိုက်တာတွေ ဗီဒိုတွေထဲထည့်လိုက်မယ်နော် "

ဘာမှပြန်မပြောဘဲ နေနေလိုက်ပြီး
အကုန်ပြီးလို့ ပြန်ထွက်သွားကြတော့မှ
ပြေးကြည့်တော့ ရှောင်းကျန့်ပျော်သွားသည်။

ဗီဒိုတွေအများကြီးထဲမှာ
အဝတ်အစားအသစ်တွေ အပြည့်။
အားလုံး ဈေးကြီးတဲ့ branded တွေချည်း။

"ဒေါက်...ဒေါက်.."

တံခါးခေါက်လိုက်တဲ့အသံတောင်မကြား
အဝတ်အစားအသစ်တွေဝတ်ကြည့်နေပြီး
ပျော်ရွှင်စွာ..ပြုံးရယ်နေတဲ့ ရှောင်းကျန့်ကို
ကြည့်ပြီး..ဝမ်ရိပေါ် ပြုံးနေမိသည်။

ရှောင်းကျန့်ကတော့..သူ့တွက်ကိန်းနဲ့သူ။

* ကွာရှင်းပြီးရင်..ဒီအကျႌတွေအကုန်ယူသွားမယ်
ဒါက..လူကြီးဆန်တယ်..ဦးလေးကိုပေးမယ်
ဒီ၂ ထည်က..ရှောင်ထန်းနဲ့ စုံတွဲဝတ်မယ် *

ဖွင့်ပြီးသား တံခါးကို
ရိပေါ် ထပ်ခေါက်ကာ..အသံပေးလိုက်ပြီး..

" ရှောင်းကျန့်.... ပြီးရင်..အောက်ခဏဆင်းရအောင်
မင်းကို..အိမ်ကဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးချင်လို့ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဝမ်အိမ်တော်ရဲ့ ခြံဝန်းထဲမှာ
တစ်အိမ်လုံး တစ်ခြံလုံးမှာရှိတဲ့ ဝန်ထမ်းတွေ
အားလုံး..စုဝေးနေကြရသည်။

အိမ်အတွင်းဝန်ထမ်း..ခြံဝန်းထိန်းသိမ်းတဲ့ဝန်ထမ်း
ခြံလုံခြုံရေး..အိမ်လုံခြုံရေး
အားလုံးဆိုတော့..လူအုပ်က မနည်းမနော။

ရှေ့မှာတော့
တူတူရပ်နေတဲ့
ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်။

မြောက်မြားစွာသော လူတွေက ဝိုင်းကြည့်နေကြ၍
ရှောင်းကျန့်ကိုယ်တိုင်သတိမထားမိဘဲ
ဝမ်ရိပေါ်လက်ကို တင်းတင်းဆုပ်ကိုင်ထားမိတော့

ဝမ်ရိပေါ်က..ရှောင်းကျန့်လက်ကို...ခပ်ဖွဖွ အုပ်ပြီး
ပြန်ကိုင်ထားပေးလိုက်သည်။

" ရှောင်းကျန့်...ဒါက..ကိုယ်တို့အိမ်က ဝန်ထမ်းတွေ
သူတို့က..ကိုယ့်အတွက်တော့ ဝန်ထမ်းဆိုတာထက်မိသားစုလိုပဲ "

" အားလုံးပဲ..သူက..ရှောင်းကျန့်
ကျွန်တော်နဲ့ လက်ထပ်ထားတဲ့
ဒီအိမ်ရဲ့..မိသားစုဝင် အသစ်
ကျွန်တော့်ကို..ကူညီပေးသလို..ရှောင်းကျန့်ကိုလည်း
ဝိုင်းပြီးကူညီစောင့်ရှောက်ပေးကြပါဦး "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

အစဉ်အလာကြီးမားတဲ့ ဝမ်အိမ်တော်မှာ
ဆွေစဉ်မျိုးဆက် သစ္စာရှိ ဝန်ထမ်းတွေကို ပိုင်ဆိုင်ထားတာဟာ ဆုလာဘ်တစ်ခုပါပဲ။

လူကြီးလူကောင်းဆန်ပြီး
ရိုးရိုးအေးအေးနေတတ်သည့်
ဝမ်သခင်လေးကိုတော့
ဝန်ထမ်းအားလုံးက သစ္စာရှိရုံသာမက
မေတ္တာပါပိုကြရသည်။

သူ့ခမျာ..အိမ်ထောင်ရေးကံလည်း မကောင်းရှာ။

မိဘ..သဘောကျ
သက်တူရွယ်တူ အကျင့်စရိုက်တူ  ပထမဇနီးမှာ
ပင်ကိုယ်ကျန်းမာရေးမကောင်း၍
အိမ်ထောင်ကျပြီးဘယ်လောက်မှမကြာ
ဆုံးပါးသွားခဲ့သည်။

ဒုတိယဇနီးမှာလည်း..မိဘပေးစားတာပဲဆိုပေမယ့်
ကံမကောင်းပြန်။ အကျင့်စရိုက်က တခြားစီ။
ကား Accident နဲ့ သေဆုံးတာတောင်
တိတ်တိတ်ပုန်းယောကျာၤးနှင့်အတူ။

မိဘ၂ ပါးလုံး မရှိတော့တဲ့ နောက်ပိုင်း
တစ်ယောက်တည်းပဲ..နေတာကြာလှနေပြီဖြစ်တဲ့
ဝမ်သခင်လေးက..

အခုမှ..ရုတ်တရက်ကြီး..ကောက်ယူလာပြီး
အိမ်ပေါ်ခေါ်လာတာက
သူ့ထက် အသက်အများကြီးငယ်တဲ့
ယောကျာၤးလေး တစ်ယောက်။

ဘာပြဲဖစ်ဖြစ်
သခင်လေး..ကိုယ်တိုင်ရွေးချယ်ပြီး
လက်ထပ်ယူလာတဲ့..အိမ်ထောင်ဖက်မို့
ချစ်ပြီးဂရုစိုက်ပေးကြဖို့..ကြိုဆုံးဖြတ်ထားပြီး

သာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်လာစေဖို့
မျှော်လင့်ထားကြသည်။

သူတို့ မျှော်လင့်ထားသလို ဖြစ်လာမလား
ဆိုတာကတော့............

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

Continue Reading

You'll Also Like

84.9K 8.7K 90
Dracoသည္​Harryကိုသူ​ေအာင္​ျမင္​မူ​ေတြ​ ​ေက်ာ္​ၾကားမူ​ေတြကိုခိုးယူသြားတယ္​လို႔ထင္​ၿပီး မုန္​းတီးခဲ့သည္​အမ်ိဳးမ်ိဳးဒုကၡ​ေရာက္​​ေအာင္​လုပ္​ခဲ့​သည္​​ေနာက...
24K 1.3K 40
ငါ့အသိဉာဏ်တွေပျောက်ဆုံးပြီး မင်းကိုမမှတ်မိတော့ရင်တောင် ဘဝအသစ်နဲ့ မင်းကိုပဲတစ်ခါပြန်ချစ်မယ် ငါ့အသိဉာဏ္ေတြေပ်ာက္ဆုံးၿပီး မင္းကိုမမွတ္မိေတာ့ရင္ေတာင္ ဘဝအ...
8.8K 631 4
Beijing Love story or You are my Destiny 🌻 Love is memory. Love is power. Our memorise are not ended. အထီးက်န္ဆန္ေနခဲ့ေသာ တစ္ေကာင္ႂကြက္ဆိုတဲ့ ေရွာင္...
57.5K 1.9K 34
My walk home was cut rather short. I thought this house was for safety. Turns out it is the EXACT opposite. Crap.