ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁...

由 ThanAung8

237K 35.2K 510

Unicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်... 更多

အခန်း ( ၁ )
အခန်း ( ၂ )
အခန်း ( ၃ )
အခန်း ( ၄ )
အခန်း ( ၅ )
အခန်း ( ၆ )
အခန်း ( ၇ )
အခန်း ( ၈ )
အခန်း ( ၉ )
အခန်း (၁၀)
အခန္း ( ၁၁ )
အခန္း ( ၁၂ )
အခန္း ( ၁၃ )
အခန္း ( ၁၄ )
အခန္း ( ၁၅ )
အခန္း ( ၁၆ )
အခန္း ( ၁၇ )
အခန္း ( ၁၈ )
အခန္း ( ၁၉ )
အခန္း ( ၂၀ )
အခန္း ( ၂၁ )
အခန္း ( ၂၂ )
အခန္း ( ၂၃ )
အခန္း ( ၂၄ )
အခန္း ( ၂၅ )
အခန္း ( ၂၆ )
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉ )
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အခန်း(၁၁၃)
အခန်း(၁၁၄)
အခန်း(၁၁၅)
အခန်း(၁၁၆)
အခန်း(၁၁၇)
အခန်း(၁၁၈)
အခန်း(၁၁၉)
အခန္း ( ၁၂၀ )
အခန္း ( ၁၂၁ )
အခန္း ( ၁၂၂ )
အခန္း ( ၁၂၃ )
အခန္း ( ၁၂၄ )
အခန္း ( ၁၂၅ )
အခန္း ( ၁၂၆ )
အခန္း ( ၁၂၇ )
အခန္း ( ၁၂၈ )
အခန္း ( ၁၂၉ )
အခန္း ( ၁၃၀ )
အခန်း ( ၁၃၁ ) ( Unicode )
အခန္း ( ၁၃၁ ) ( Zawgyi )
အခန်း ( ၁၃၂ ) ( Unicode )
အခန္း ( ၁၃၂ ) ( Zawgyi )
အခန်း ( ၁၃၃ )
အခန်း ( ၁၃၄ )
အခန္း ( ၁၃၅ )
အခန္း ( ၁၃၆ )
အခန်း ( ၁၃၇ )
အခန္း ( ၁၃၈ )
အခန္း ( ၁၃၉ )
အခန္း ( ၁၄၀ )
အခန္း (၁၄၁)
အခန္း ( ၁၄၂ )
အခန္း ( ၁၄၃ )
အခန္း ( ၁၄၄ )
အခန္း ( ၁၄၅ )
အခန္း ( ၁၄၆ )
အခန္း ( ၁၄၇ )
အခန္း ( ၁၄၈ )
အခန္း ( ၁၄၉ )
အခန္း ( ၁၅၀ )
အခန္း ( ၁၅၁ )
အခန္း ( ၁၅၂ )
အခန္း ( ၁၅၃ )
အခန္း ( ၁၅၄ )
အခန္း ( ၁၅၅ )
အခန္း ( ၁၅၆ )
အခန္း ( ၁၅၇ )
အခန္း ( ၁၅၈ )
အခန္း ( ၁၅၉ )
အခန္း ( ၁၆၀ )
အခန္း ( ၁၆၁ )
အခန္း ( ၁၆၂ )
အခန္း ( ၁၆၃ )
အခန္း ( ၁၆၄ )
အခန္း ( ၁၆၅ )
အခန္း ( ၁၆၆ )
အခန္း ( ၁၆၇ )
အခန္း (၁၆၈)
အခန္း ( ၁၆၉ )
အခန္း ( ၁၇၀ )
အခန္း ( ၁၇၁ )
အခန္း ( ၁၇၂ )
အပိုင္း ( ၁၇၃ )
အခန္း ( ၁၇၄ )
အခန္း ( ၁၇၅ )
အခန္း ( ၁၇၆ )
အခန္း ( ၁၇၇ )
အခန္း ( ၁၇၈ )
အခန္း ( ၁၇၉ )
အခန္း ( ၁၈၀ )
အခန္း ( ၁၈၁ )
အခန္း ( ၁၈၂ )
အခန္း ( ၁၈၃ )
Volume ( 1 )

အခန်း(၃၅)

1.4K 222 0
由 ThanAung8

Unicode
ရွှီပေါက်ချိုင်နှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း

ပိုင်ရှောင်ချန်းက တုလင်ဖေးကို ပြိုင်ပွဲတွင် အနိုင်ရရှိသည့်သတင်းမှာ ဂိုဏ်းသားများအားလုံးထံသို့ လဝက်အတွင်းပင် ပျံ့နှံ့သွားသည်။ ထိုအခါ ဂိုဏ်းတစ်ခုလုံး အုပ်အော်သောင်းနင်းဖြစ်သွားကုန်တော့သည်။

ပိုင်ရှောင်ချန်းအပြင်ထွက်တုံး သူ့ကိုလမ်းတွင်တွေ့သော အပြင်စည်းဂိုဏ်းသားများက ရွှင်လန်းစွာနှုတ်ဆက်ကြသည်။ ပိုင်ရှောင်ချန်းသည် ဘဝမှာ ပထမဆုံးအကြိမ် ကျော်ကြားမှု ခံစားဖူးသွားတော့သည်။ သူ၏ခြံဝန်းအတွင်းမှ အပြင်သို့ထွက်ရသည်ကိုလည်း နှစ်ခြိုက်သွားတော့သည်။

လမ်းတွင်တွေ့သောသူများနှင့် စကားဝင်ပြောရင်းသူတို့က သူ့နာမည်ကိုမေးလာသောအခါ သူက ဂုဏ်ယူဝင့်ကြွားစွာပင် ဖြေတော့သည်။

ဤကဲ့သို့စည်းစိမ်တကျနေရသည်ကို ပိုင်ရှောင်ချန်းက အလွန်အမင်း နှစ်သက်နေသည်။ တုလင်ဖေးဆီကရသော အမွှေးတိုင်ကိုလည်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အဆင့်သုံးအထိ လုပ်လိုက်ကာ သုံးလိုက်သောအခါ ချီစုစည်းမှုအဆင့်ငါးစက်ဝန်းမှ ချီစုစည်းမှုအဆင့်ခြောက်သို့ပင် ရောက်သွားတော့သည်။

သူ၏ လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့အတတ်မှာလည်း ပို၍လေ့ကျင့်လေ ပို၍ ကောင်းမွန်လာလေဖြစ်သည်။ သူက ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းပညာရပ်၏ ဒုတိယအဆင့်ဖြစ်သော ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကိုပင် စ၍ကျင့်နေပြီဖြစ်သည်။

အစပိုင်းတွင်ကျင့်ရသည်မှာ အလွန်ခက်ခဲသော်လည်း ကြိမ်ဖန်များစွာလေ့ကျင့်ပြီးနောက် အနည်းငယ်တိုးတက်လာတော့သည်။

တစ်နေ့တွင် သူက သူ၏ခြံဝန်းထဲတွင် တင်ပျဥ်ခွေထိုင်ကာ ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကို ကျင့်ကြံနေစဉ် သူ၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ သူ၏ သစ်သားဓားကို သိမ်းလိုက်ပြီး ခြံဝန်း၏ ပင်မတံခါးကို ကြည့်လိုက်လေသည်။ ခဏကြာသောအခါ တံခါးခေါက်သံကို သူကြားလိုက်ရသည်။

"ဂိုဏ်းတူအစ်ကိုပိုင်။ အစ်ကို အိမ်ထဲရှိလားဗျ။" လူရှိမရှိ မေးသံတစ်သံထွက်လာသည်။

ထိုအသံကို ရင်းနှီးနေသောပိုင်ရှောင်ချန်းက မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။ သူ့ဆီလာလည်သော လူများက မရှိသလောက်နည်းသည်မဟုတ်ပါလော။ သူ၏လက်ချောင်းကို တံခါးဆီသို့ ဝှေ့ယမ်းလိုက်သောအခါ တံခါးမှာပွင့်သွားပြီး ပိန်လှီသော လူငယ်တစ်ယောက်ပေါ်လာသည်။

သူက အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ အဝတ်အစားကိုဝတ်ဆင်ထားသည်။ သူကအလွန်တည်ကြည်သောအမူအရာဖြင့် လက်ယှက်ကာ ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။

" ရွှီပေါက်ချိုင် နှုတ်ခွန်းဆက်သပါတယ်။ ဂိုဏ်းတူအစ်ကိုပိုင်။" ရွှီပေါက်ချိုင်က ချိုသာစွာ နှုတ်ဆက်လိုက်သည်။

" မင်းဒီကို ဘာလာလုပ်တာလဲကွ။" ပိုင်ရှောင်ချန်းက တအံ့တသြမေးလိုက်သည်။သူ့ရှေ့ရှိလူငယ်လေးမှာ သူစားဖိုဆောင်မှာနေခဲ့ချိန် ချီစုစည်းမှုအဆင့်သုံးသာရှိခဲ့စဉ်က တိုက်ခိုက်ခဲ့သော ရွှီပေါက်ချိုင်ပင်ဖြစ်သည်။ ရွှီပေါက်ချိုင်မှာ ယခုဆို အပြင်စည်းဂိုဏ်းသားဖြစ်နေပြီဖြစ်သည်။

ရွှီပေါက်ချိုင်က ချီစုစည်းမှုအဆင့်သုံးတွင်သာရှိသေးကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အသက်ရှူချောင်သွားသည်။ ခက်ထန်သောမျက်နှာအမူအရာဖြင့် သူက မေးခွန်းထုတ်လိုက်လေသည်။

" ဘာလဲ မင်းက အပြင်စည်းဂိုဏ်းသားဖြစ်သွားပြီဆိုတော့ အတိတ်ကဟာတွေကို သင်ပုန်းမချေချင်တော့ဘူးပေါ့ ဟုတ်လား။ ငါနဲ့ထပ်ချချင်သေးတာလားကွ။"

ရွှီပေါက်ချိုင်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။ သူ့မျက်နှာတွင်ခြောက်ကပ်ကပ်အပြုံးတစ်ခုပေါ်လာပြီး သူ ကပိုင်ရှောင်ချန်းကို နောက်တစ်ခေါက် ဦးညွှတ်လိုက်တော့သည်။

" အဲ့အရင်တုံးက ကျွန်တော်က မိုက်မဲပြီး မသိတတ်ခဲ့လို့ပါဗျ။ ကျွန်တော့်ကို ဗွေမယူပါနဲ့။ ဂိုဏ်းတူအစ်ကိုပိုင်။ ကျွန်တော်ဒီနေ့လာတာက ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ။ အဲ့အရာတွေကို မေ့လိုက်ရအောင်လားဗျာ။" ရွှီပေါက်ချိုင်ကမူ အတိတ်ကို အတိတ်မှာအကုန်ထားခဲ့လိုသော လေသံဖြင့် တောင်းပန်လိုက်သည်။

ယခုသူလည်း အပြင်စည်းဂိုဏ်းသားဖြစ်သွားပြီဖြစ်၍ အရင်တုံးကအရာများမှာ အရေးမကြီးတော့သည်မဟုတ်ပါလော။

ထို့အပြင် အရေးကြီးဆုံးမှာ ယခုဆိုလျှင်ပိုင်ရှောင်ချန်းသည် မွှေးရနံ့တောင်ပေါ်တွင် အလွန်နာမည်ကြီးနေသည့်အချက် ဖြစ်သည်။ ထိုတောင်ပေါ်မှာပဲ ရွှီပေါက်ချိုင်က အပြင်စည်းဂိုဏ်းသားလာဖြစ်သည့်အတွက် အတိတ်ကြောင့် ပစ္စုပ္ပန်တွင် ပြဿနာအရှုပ်အရှင်းများဖြစ်လာရန် မလိုလားပေ။

ပိုင်ရှောင်ချန်းကမူ စာဖိုဆောင်တုံးကဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးလိုက်ရင် မျက်တောင် တဖျတ်ဖျတ်ခတ်နေတော့သည်။ တစ်နည်းနည်းနှင့်တော့ ရွှီပေါက်ချိုင်ကို သူ၏သူငယ်ချင်းဟောင်းအဖြစ် သတ်မှတ်နိုင်သည်။ သူသည် အလျှင်အမြန်ထိုင်ရာမှထလိုက်ပြီး ရွှီပေါက်ချိုင်ကိုအိမ်ထဲသို့ဖိတ်ခေါ်ကာ အတိတ်ကအကြောင်းများကို စမြုံပြန်နေကြတော့သည်။

သွေးစာအကြောင်း စကားစပ်မိသွားသောအခါ ပိုင်ရှောင်ချန်းက မနေနိုင်တော့ပဲ ထမေးလိုက်တော့သည်။

" ကဲကွ ဒါနဲ့နေပါအုံး။ အဲ့တုံးက 'သေစမ်း' ဆိုတဲ့ စာလုံးကိုဘာလို့များ သွေးနဲ့ အကြိမ်ကြိမ်ရေးခဲ့ရတာတုံး။ နားတော့နားလည်ပါတယ်။ ဒါပေမဲ့ငါသိချင်တာက အဲ့လောက်သွေးတွေအများကြီးသုံးရတာ မနာဘူးလား။ "

ထိုအရင်တုံးက သူ၏ထူးထူးဆန်းဆန်းလုပ်ရပ်များကို ပြန်တွေးမိသွားသောအခါ ရွှီပေါက်ချိုင်၏ မျက်နှာမှာမူ ရှက်ရွံ့မှူများဖြင့် နီရဲသွားပြီး အလျှင်အမြန် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

"ဂိုဏ်းတူအစ်ကိုပိုင်။ စီမံရေးရာ ဌာနကလူတွေကို အစ်ကိုသတိထားမှရမယ်နော်။အစ်ကိုအပြင်စည်းဂိုဏ်းသားဖြစ်အောင် လုပ်လိုက်တဲ့ ချန်ဖေးနဲ့ တခြားလူတေက အစ်ကို့ကိုယ်တစ်ချိန်လုံး အငြိုးအတေးထားနေကြတယ်လို့ ပြောသံကြားတယ်။ “

" ချန်ဖေး။ ဟုတ်လား။" ပိုင်ရှောင်ချန်းက စီမံရေးရာဌာနမှ ဗလနှင့်လူအကြောင်းပြန်တွေးမိသွားသောအခါ သတိကြီးကြီးထားရန် နှလုံးသွင်းလိုက်တော့သည်။

ထို့နောက်သူက တည်ကြည်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။

" သူက ချီစုစည်းမှုဘယ်အဆင့်ရောက်နေပြီလဲ မင်းသိလား။"

ရွှီပေါက်ချိုင်ကလည်း သူနှင့်ပိုင်ရှောင်ချန်းအကြား ရန်ငြိုးများကို ပပျောက်စေရန် အခွင့်အရေးရပြီဟူသော အတွေးဖြင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

" ကျွန်တော်ကြားတာတော့ သူက ချီစုစည်းမှုအဆင့်လေးစက်ဝန်းထဲကို ရောက်နေပြီလို့ ကြားတယ်။ "

ချန်ဖေးမှာ ချီစုစည်းမှုအဆင့်၄သာ ရှိသေးကြောင်းသိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရသွားပြီး အေးဆေးဖြစ်သွားတော့သည်။

ရွှီပေါက်ချိုင်ကမူ ထိုအကြောင်းဆက်မပြောတော့ပေ။ သူနှင့်ပိုင်ရှောင်ချန်းက ဂိုဏ်းအကြောင်းစကားစမြည်ပြောဆိုနေကြပြီး မကြာမီပင် ရွှီပေါက်ချိုင်ကသူ့ထက်ပို၍ ဗဟုသုတနှံ့စပ်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်ရသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်တွင်ဖြစ်သမျှအရာတိုင်းကို သူကသိနေသည့်အလားပင်။ သူက ပွဲတော်ကြီးများကိုလည်းသိပြီး ၎င်းတို့၏အကျိုးဆက်များကိုလည်း သိလေသည်။ ထို့အပြင် လျှို့ဝှက်ချက်အကြီးစားတစ်ချို့ကိုပင် သိထားလေသည်။ အဆုံးတွင်သူတို့က နောက်ဆုံးလူပြောများနေသော အကြောင်းသို့ စကားစမိသွားသောအခါ စကားဝိုင်းမှာပို၍ပင် အသက်ဝင်လာသည်။

" ဂိုဏ်းတူအစ်ကိုပိုင်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တစ်ယောက်တစ်မျိုးစီ ကိုယ်ပိုင်အလှထူးတွေရှိကြတဲ့ အလှပဂေးလေး၅ယောက်ရှိတာကို အစ်ကိုသိတယ်မလား။ အဲ့ထဲကတစ်ယောက်နဲ့သာအတူနေရလို့ရတော့ ကျွန်တော်တို့လို ကျင့်ကြံသူတွေအတွက် ဘဝကြီးကို အပူအပင်ကင်းကင်းနဲ့ဖြတ်သန်းနိုင်လိမ့်မယ် " ရွှီပေါက်ချိုင်က ဆန္ဒရမ္မက်မီးများလောင်ကျွမ်းနေသော မျက်လုံးများဖြင့် ပြောဆိုနေသည်။

ပိုင်ရှောင်ချန်းမှာလည်း စိတ်ဝင်စားသွားပြီး ရွှီပေါက်ချိုင်ကို ထပ်ရှင်းပြရန် တောင်းဆိုလိုက်သည်။

ဤအကြောင်းကိုပြောရတာ ရွှီပေါက်ချိုင်ကြိုက်နှစ်သက်သလို ပိုင်ရှောင်ချန်းကလည်း စိတ်ဝင်စားနေရာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာမျက်ခုံးပင့်လိုက်လေသည်။

ထို့နောက်သူက သေချာရှင်းပြလေတော့သည်။ "အလှပဂေး၅ယောက်က သူမသာကိုယ်မသာပဲ။ ဒါပေမဲ့ သူတို့ရဲ့ အဆင့်ကတော့မတူကြဘူး။ ပထမနေရာမှာဂိုဏ်းချုပ်ရွှီ၊ရွှီမေ့ရှန်း ရှိတယ်။ သိမ်မွေ့နူးညံ့လှပပြီး ဆွဲဆောင်မှုအပြည့်ပဲ။ ဖက်တီးကျန်းကြီးရဲ့ ဆရာမလေ။"

"တကယ်ကြီးလားဟ။" ပိုင်ရှောင်ချန်းက မယုံကြည်သည့်အလား တုန်လှုပ်သွားသည်။

ဖက်တီးကျန်းကြီးကမူ သူ့ဆရာမကို ဘွားတော်ကြီးဟုသာ ခေါ်လေ့ရှိသည်။ ထို့နောက်  ထိုဘွားတော်ကြီးက ဖက်တီးတွေကိုမုန်းလွန်းလှသဖြင့် သူနှင့် ဖက်တီးကျန်းကြီး ဆုံဆုံချင်း ဖက်တီးကျန်းမှာ ပိန်လှီနေရသည်ကိုလည်း သူပြန်တွေးမိသွားသည်။

ချက်ချင်းပင် ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် ကိစ္စများကို ပိုပို၍ နားလည်လာတော့သည်။ သူ၏လည်ချောင်းကိုရှင်းလိုက်ကာ ထိုအကြောင်း ဆက်မတွေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤအရာကအလွန်အန္တရာယ်များသော အလုပ်တစ်ခု မဟုတ်ပါလော။

"အဆင့်အတိုင်းစဥ်မယ်ဆို နောက်၂ယောက်က မွှေးရနံ့တိမ်တောင်ကပဲ။ သူတို့က ဂိုဏ်းတူအစ်မကျိုး၊ ကျိုးရှင်းချီရယ် ဂိုဏ်းတူအစ်မတု၊ တုလင်ဖေးရယ်။" ရွှီပေါက်ချိုင်မှာ စိတ်အားထက်သန်စွာ သိသမျှအကုန်ရှင်းပြနေသည့်အတွက် ကျိုးရှင်းချီအကြောင်း ပါလာသောအခါ သူမ၏ လက်ရွေးစင်ဖြစ်သည့်အချက်ပါ ပါလာသည်။

" ဂိုဏ်းတူအစ်ကိုပိုင်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တောင်ဘက်မှာ လက်ရွေးစင်တွေရှိတာတော့ အစ်ကိုသိပြီးသားမလား။ သူတို့က ကျွန်တော်တို့ မွှေးရနံ့တိမ်တောင်က ကျိုးရှင်းချီရယ်၊ ခရမ်းဒယ်အိုးတောင်က လုထျန်းလဲ့ရယ်၊ မြစိမ်းတောင်က ရှန်ကွမ်းထျန်ယုံ ရယ်လေ။ သူတို့၃ယောက်စလုံးက ပြီးပြည့်စုံလောက်အောင် ထက်မြက်တဲ့ ကျွမ်းကျင်သူတွေပဲ။" လူရည်ချွန်များအကြောင်းရှင်းပြနေရင်း ရွှီပေါက်ချိိုင်၏ မျက်လုံးများမှာ အားကျမှုများဖြင့် တောက်ပနေတော့သည်။

" သူတို့ကအဲ့လောက်တော်နေတာကို ဘာလို့များ ငါတို့လိုမျိုး အပြင်စည်းဂိုဏ်းသားပဲ ဖြစ်နေရတာတုံး " ပိုင်ရှောင်ချန်းကမူ အနည်းငယ် လှောင်ပြုံးပြုံး ပြုံးကာမေးလိုက်သည်။ ရှန်ကွမ်းထျန်ယုံ နှင့် လုထျန်းလဲ့အကြောင်းကို သူ မသိသော်လည်း ကျိုးရှင်းချီနှင့်မူ သူဆုံပြီးပြီဖြစ်သည်။ သူ၏ထည့်စရာအိတ်ထဲမှ ကျောက်စိမ်းလည်ဆွဲမှာ သူမ ပေးထားသည်မဟုတ်ပါလော။

ရွှီပေါက်ချိုင်ကမူ ခြောက်ကပ်စွာချောင်းဟန့်လိုက်သည်။ စိတ်ထဲတွင် ပိုင်ရှောင်ချန်းကို ကြိတ်၍အထင်သေးနေသော်လည်း ထုတ်မပြောရဲပဲ ရယ်မောလိုက်ကာ ရှင်းပြလိုက်သည်။

" ဂိုဏ်းတူအစ်ကိုပိုင်ကလည်းဗျာ။ ဂိုဏ်းရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြောင့်သာမဟုတ်ရင် အဲ့ဒီသုံးယောက်စလုံးက အပြင်စည်းဂိုဏ်းကနေ အတွင်းစည်းဂိုဏ်းကို ရောက်နေတာကြာပေါ့။ အခုတောင်မှ သူတို့က အပြင်စည်းဂိုဏ်းထဲမှာ သူတို့ကနံပါတ်တစ် လူတွေပဲ။ အတွင်းစည်းဂိုဏ်းသားတွေတောင် သူတို့ကို ကြောက်ရတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက သတ်မှတ်ထားတဲ့အဆင့်ကိုရောက်တာနဲ့ အတွင်းစည်းဂိုဏ်းထဲမှာ ကြယ်ပွင့်တွေဖြစ်သွားမှာ ဧကန်ပဲ။ သူတို့အတွက်ကတော့ အတွင်းစည်းဂိုဏ်းဆိုတာ အမွေဆက်ခံသူအဆင့် ထဲဝင်ဖို့ ခြေနင်းပြားသပ်သပ်တစ်ခုပါပဲ။" လေးစားနေသောမျက်လုံးများဖြင့် ရွှီပေါက်ချိုင်က တစ်ဆင့်ခြင်းရှင်းပြနေတော့သည်။

ပိုင်ရှောင်ချန်းကမူ ယခုထိ မယုံချင်သေးပေ။

" ကျိုးရှင်းချီကိုပဲ အရင်ကြည့်ဗျာ။ သူမရဲ့ အပင်နဲ့အသီးအရွက်တွေနဲ့ပတ်သတ်တဲ့ အရည်အချင်းကြောင့် ဂိုဏ်းချုပ်လီရဲ့ နေရာကိုဆက်ခံပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ထိပ်တန်းသမားတော်တစ်ယောက်ဖြစ်လာမှာ အသေအချာပဲ။ ပြီးတော့ လုထျန်းလဲ့။ သူက ဆင်းရဲတဲ့မိသားစုကမွေးတာ။ မွေးမွေးချင်းတုံးကဆိူ ပိန်တာမှ ထင်းချောင်းလေးကြနေတာပဲ။ ဒါပေမဲ့သူ့မှာ ရှားပါးတဲ့ အလင်းဝိညာဉ်သွေးကြောရှိတယ်။ ပြီးတော့သူကျင့်ကြံတဲ့ မှော်အတတ်တွေက အလင်းတာအိုတွေပဲ။ ဂိုဏ်းခေါင်းဆောင်ကတောင် သူ့ရဲ့ အနာဂတ်က ထူးခြားနေမယ်လို့ ကိုယ်တိုင်ပြောထားတာ။" ရွှီပေါက်ချိုင်က ဆက်ရှင်းပြသည်။

" တကယ်ကြီးလား။" ဤအခါတွင်မူ အံ့သားသင့်သွားသော် အမူအရာဖြင့် ပိုင်ရှောင်ချန်းက မေးလိုက်တော့သည်။ ကျင့်ကြံခြင်းကမ္ဘာနှင့်ပတ်သတ်လျှင်သူကား လူသစ်တစ်ယောက်မဟုတ်တော့ပေ။ ဘယ်အရာများက ဘယ်လိုဖြစ်ပျက်သည်ကို သူတီးမိခေါက်မိ ရှိနေပြီဖြစ်သည်။ အလင်းဝိညာဉ်သွေးကြောရှိကြောင်း သူကြားလိုက်ရသောအခါ မနာလိုစိတ်ပင်ဖြစ်သွားတော့သည်။ ထိုကဲ့သို့ဝိညာဉ်သွေးကြောရှိသူသည် မှော်အတတ်များကို ပိုမိုအစွမ်းထက်အောင် ပြုလုပ်နိုင်ပြီး အဆင့်တက်ရာတွင်လည်း အခက်အခဲမရှိဘဲ လွယ်ကူလျင်မြန်စွာ နောက်တစ်ဆင့် ရောက်ရှိနိုင်သည်။

ထို လက်ရွေးစင်များအကြောင်းကြားတိုင်း ပြုမူတတ်သည့် လူများကဲ့သို့ ပိုင်ရှောင်ချန်းလည်း တုံ့ပြန်နေသည်ကိုမြင်လိုက်ရသောအခါ ရွှီပေါက်ချိုင်ကဆက်၍ တတိယလူအကြောင်းဆက်၍ ရှင်းပြလိုက်တော့သည်။

" တတိယမြောက် ရှန်ကွမ်းထျန်ယုံကတော့ ပိုလို့တောင်အံ့သြဖို့ကောင်းသေးတယ်။ သူ့မှာ ဓားဝိညာဉ်ခန္ဓာကိုယ်ရှိတယ်။ ပြီးတော့ အချို့လူတွေပြောတာက သူကအံ့မခန်းအစွမ်းထက်တဲ့ ဓားသမားတစ်ယောက်ကနေ ဝင်စားတာတဲ့။ ကောင်းကင်က နတ်တွေက သူ့ကိုအကြွေးတင်နေသလို ခံစားနေရတဲ့အလား သူ့တစ်ဘဝလုံး ကောင်းတာတွေပဲ ဖြည့်ဆည်းပေးတာ။ သူ၃နှစ်သားတုံးက လမ်းလျှောက်နေရင်း ရှေးဟောင်းဓားတစ်လက်ကောက်ရတယ်။ ၇နှစ်သားရောက်တော့ ကြက်သွေးရောင် တိမ်လွှာသားရဲပေါက်လေးတစ်ကောင်က ကောင်းကနေကျလာပြီး သူ့ကိုချက်ချင်း သခင်တင်တယ်။ ဟော ၁၃နှစ်သားရောက်ပြန်တော့လည်း ရွှေရောင်အလင်းတန်တွေထွက်နေတဲ့ ဒိုင်းကာတစ်ခု ရပြန်ရော။ အဲ့တာမလို့သူ့ရဲ့နာမည်ကလည်း ထျန်ယုံ ဆိုပြီးဖြစိနေတာ။ သူဂိုဏ်းထဲစဝင်ကထဲက စံပြအကြီးအကဲတွေကတောင် တုန်လှုပ်ရတဲ့အထိပဲ။"

(ရှန်ကွမ်းထျန်ယုံ၏ တရုတ်နာမည်မှာ shàngguān tiānyòu ဖြစ်သည်။

ရှန်ကွမ်း ဆိုသည်မှာ အတွေ့ရနည်းသော စကားလုံး၂လုံးပါမျိုးရိုးနာမည်ဖြစ်သည်။ ' ထျန် 'ဆိုသည်မှာ ကောင်းကင် သို့မဟုတ် နတ်ဘုံနတ်နန်းဟုအဓိပ္ပါယ်ရပြီး ' ယုံ ' ဆိုသည်မှာ ကောင်းချီးပေးခံရသည် သို့မဟုတ် အကာကွယ်ပေးခံရသည်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထျန်ယုံဆိုသည်မှာကား ကောင်းကင်ဘုံက ချီးမြောက်ခြင်းခံရသူဟု အဓိပ္ပါယ်ကောက်နိုင်ပေသည်။)

ထိုအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ပြူးသွားပြီး တုန်လှုပ်နေသည့်ပုံစံပင်ပေါက်နေတော့သည်။

" ဘာကြီး။ ကောင်းကင်ကို အကြွေးတင်တာ။ သုံးနှစ်သားလေးနဲ့ ဘာဖြစ်တာ။ ဘယ်လိုကံကောင်းရတာလဲ။ နေပါအုံး။ အံ့မခန်းအစွမ်းထက်တဲ့ ဓားသမားဝင်စားတာဟုတ်လား။" သူ့မှာ ပါးစပ်အဟောင်းသားနှင့် ကြက်သေသေနေတော့သည်။

ယနေ့မှစ၍ ကောင်းကင်ဘုံကတောင်အလိုဖြည့်ပေးရသော ရှန်ကွမ်းထျန်ယုံဆိုသောသူကို သွား၍ရန်မစရန် သူဆုံးဖြတ်လိုက်တော့သည်။

ရွှီပေါက်ချိုင်ကမူ ပိုင်ရှောင်ချန်း တုန်လှုပ်နေသည်ကိုမြင်သော် အလွန်အမင်းကျေနပ်နေပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ အခြေခိုင်မာခြင်းအဆင့်အကြောင်းရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

" အဲ့ဒီသုံးယောက်က အခြေခိုင်မာခြင်းအဆင့်ကို ရောက်မှာအသေအချာပဲ။ ဂိုဏ်းတူအစ်ကိုပိုင်ရေ။ ကျွန်တော်တို့ ကျင့်ကြံသူတွေက အစေခံအဆင့်ကနေမှ အပြင်စည်းဂိုဏ်းကိုဝင်ရတာ။ကျွန်တော်တို့ကသာ အဲ့လိုအဆင့်တက်တာကို နဂါးတံခါးကိုခုန်ကျော်နိုင်တဲ့ငါးနဲ့ ခိုင်းနှိုင်းနေကြတာ။ တကယ်တန်းက ချီစုစည်းမှုအဆင့်ကနေ အခြေခိုင်မာခြင်းအဆင့်ကို ဖောက်ထွက်နိုင်မှသာ တကယ့် နဂါးတံခါးကိုခုန်ကျော်နိုင်တဲ့ငါးတွေဖြစ်မှာဗျ။ အဲ့လိုဖြစ်မှပဲ ဘဝကြီးက တကယ်ပြောင်းလဲသွားပြီး သေမျိုးနဲ့ဆိုင်တဲ့အရာတွေကို ချန်ထားခဲ့နိုင်မှာ။ အဲ့လမ်းစဥ်ကသာ အင်မော်တယ်လမ်းစဥ်အမှန်ပဲ။ အဲ့ဒီရောက်ရင် အသက်က နှစ်တစ်ရာပိုရှည်သွားပြီလေ။ " ရွှီပေါက်ချိုင်က စိတ်အားထက်သန်စွာ မနားတမ်း ရှင်းပြနေတော့သည်။

ရွှီပေါက်ချိုင်သည် ရှင်းပြပြီးနောက် သက်ပြင်းချလိုက်စဉ် နှစ်တစ်ရာအသက်ပိုရှည်မည့်အကြောင်းကြားလိုက်ရသော ပိုင်ရှောင်ချန်း၏မျက်လုံးတွေမှာ အရင်ကနှင့်မတူအောင် တောက်ပသွားတော့သည်။ အသားများပါ တဆတ်ဆတ်တုန်နေပြီး သူ၏စိတ်ထဲတွင် တဂျုံးဂျုံးမြည်ဟည်းသံများပင် ကြားနေရ၏။ ထို့နောက် သူက ရွှီပေါင်ချိုင်၏ လက်မောင်းများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

" စောစောကမင်းပြောတာ အခြေခိုင်မာခြင်းအဆင့်ရောက်ရင် အဆင့်ရောက်ရင် အသက်တစ်ရာထပ်ရှည်တယ်လို့ ပြောလိုက်တာလား။" သူက တအံံ့တသြပင် မေးလိုက်တော့သည်။

ပိုင်ရှောင်ချန်း၏ နီရဲနေသောမျက်လုံးများကိုကြည့်ရင်း ရွှီပေါက်ချိုင်မှာ ချက်ချင်းပြန်မဖြေနိုင်။ အနည်းငယ်လန့်နေသောပုံစံဖြင့် ခေါင်းကိုအလျှင်အမြန်ငြိမ့်လိုက်သည်။.

ပိုင်ရှောင်ချန်းကမူ အသက်ပြင်းပြင်းရှူလိုက်ရင်း သူ၏ခြံဝန်းထဲတွင် ရှေ့ပြန်နောက်ပြန်လမ်းလျှောက်ကာ ခြေဟန်လက်ဟန်တွေသာမက လက်များကိုပင် ဝှေ့ယမ်းနေသည်။ ကိုယ့်ကိုယ်ကို တစ်ယောက်ထဲရေရွတ်လိုက် ကြမ်းတမ်းစွာရယ်မောလိုက်နှင့် အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။

ဘာဖြစ်သွားမှန်းမသိသော ရွှီပေါက်ချိုင်ကမူ အလွန်ကြောက်လန့်နေတော့သည်။ သူ ကျောချမ်းသွားပြီး ပြန်တော့မည်ဖြစ်ကြောင်းပြောလိုက်လေသည်။ ပိုင်ရှောင်ချန်းသည်ကား သတိပင်မထားမိ။ မသိလျှင်သူ့ကို သရဲဝင်စီးထားသည့်အတိုင်းပင်။

ရွှီပေါက်ချိုင်ကမူ အသက်ပြင်းပြင်းရှူကာ ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားတော့သည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာလောက်ကြာသွားသောအခါ စုတ်ဖွာနေသောဆံပင်များဖြင့် ပိုင်ရှောင်ချန်းက ကောင်းကင်သို့မော့ကြည့်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်တော့သည်။ ထို့နောက်သူက ခေါင်းကို နောက်သို့လှန်ကာ ကျယ်လောင်စွာရယ်မောနေတော့သည်။

ဆုံးဖြတ်ချက်ပြတ်သားသောလေသံများဖြင့်သူကရေရွတ်လိုက်တော့သည်။

" နှစ်တစ်ရာကွ။ အခြေခိုင်မာခြင်းအဆင့်။ အခြေခိုင်မာခြင်းအဆင့်ကို သေချာပေါက် ငါရောက်ရမယ် "

Zaw Gyi

႐ႊီေပါက္ခ်ိဳင္ႏွင့္ ေနာက္တစ္ႀကိမ္ ထိပ္တိုက္ေတြ႕ဆုံျခင္း

ပိုင္ေရွာင္ခ်န္းက တုလင္ေဖးကို ၿပိဳင္ပြဲတြင္ အႏိုင္ရရွိသည့္သတင္းမွာ ဂိုဏ္းသားမ်ားအားလုံးထံသို႔ လဝက္အတြင္းပင္ ပ်ံ႕ႏွံ႔သြားသည္။ ထိုအခါ ဂိုဏ္းတစ္ခုလုံး အုပ္ေအာ္ေသာင္းနင္းျဖစ္သြားကုန္ေတာ့သည္။

ပိုင္ေရွာင္ခ်န္းအျပင္ထြက္တုံး သူ႔ကိုလမ္းတြင္ေတြ႕ေသာ အျပင္စည္းဂိုဏ္းသားမ်ားက ႐ႊင္လန္းစြာႏႈတ္ဆက္ၾကသည္။ ပိုင္ေရွာင္ခ်န္းသည္ ဘဝမွာ ပထမဆုံးအႀကိမ္ ေက်ာ္ၾကားမႈ ခံစားဖူးသြားေတာ့သည္။ သူ၏ၿခံဝန္းအတြင္းမွ အျပင္သို႔ထြက္ရသည္ကိုလည္း ႏွစ္ၿခိဳက္သြားေတာ့သည္။

လမ္းတြင္ေတြ႕ေသာသူမ်ားႏွင့္ စကားဝင္ေျပာရင္းသူတို႔က သူ႔နာမည္ကိုေမးလာေသာအခါ သူက ဂုဏ္ယူဝင့္ႂကြားစြာပင္ ေျဖေတာ့သည္။

ဤကဲ့သို႔စည္းစိမ္တက်ေနရသည္ကို ပိုင္ေရွာင္ခ်န္းက အလြန္အမင္း ႏွစ္သက္ေနသည္။ တုလင္ေဖးဆီကရေသာ အေမႊးတိုင္ကိုလည္း စိတ္စြမ္းအင္အဆင့္ျမႇင့္တင္ျခင္း အဆင့္သုံးအထိ လုပ္လိုက္ကာ သုံးလိုက္ေသာအခါ ခ်ီစုစည္းမႈအဆင့္ငါးစက္ဝန္းမွ ခ်ီစုစည္းမႈအဆင့္ေျခာက္သို႔ပင္ ေရာက္သြားေတာ့သည္။

သူ၏ ေလးလံရာမွသည္ေပါ့ပါးျခင္းဆီသို႔အတတ္မွာလည္း ပို၍ေလ့က်င့္ေလ ပို၍ ေကာင္းမြန္လာေလျဖစ္သည္။ သူက ခရမ္းေရာင္ခ်ီဒယ္ေစာက္အိုးထိန္းခ်ဳပ္နည္းပညာရပ္၏ ဒုတိယအဆင့္ျဖစ္ေသာ ေပါ့ပါးရာမွသည္ေလးလံျခင္းဆီသို႔အတတ္ကိုပင္ စ၍က်င့္ေနၿပီျဖစ္သည္။

အစပိုင္းတြင္က်င့္ရသည္မွာ အလြန္ခက္ခဲေသာ္လည္း ႀကိမ္ဖန္မ်ားစြာေလ့က်င့္ၿပီးေနာက္ အနည္းငယ္တိုးတက္လာေတာ့သည္။

တစ္ေန႔တြင္ သူက သူ၏ၿခံဝန္းထဲတြင္ တင္ပ်ဥ္ေခြထိုင္ကာ ေပါ့ပါးရာမွသည္ေလးလံျခင္းဆီသို႔အတတ္ကို က်င့္ႀကံေနစဥ္ သူ၏အမူအရာမွာ ႐ုတ္တရက္ေျပာင္းလဲသြားသည္။ သူ၏ သစ္သားဓားကို သိမ္းလိုက္ၿပီး ၿခံဝန္း၏ ပင္မတံခါးကို ၾကည့္လိုက္ေလသည္။ ခဏၾကာေသာအခါ တံခါးေခါက္သံကို သူၾကားလိုက္ရသည္။

"ဂိုဏ္းတူအစ္ကိုပိုင္။ အစ္ကို အိမ္ထဲရွိလားဗ်။" လူရွိမရွိ ေမးသံတစ္သံထြက္လာသည္။

ထိုအသံကို ရင္းႏွီးေနေသာပိုင္ေရွာင္ခ်န္းက မ်က္ေမွာင္အနည္းငယ္ႀကဳံ႕သြားသည္။ သူ႔ဆီလာလည္ေသာ လူမ်ားက မရွိသေလာက္နည္းသည္မဟုတ္ပါေလာ။ သူ၏လက္ေခ်ာင္းကို တံခါးဆီသို႔ ေဝွ႔ယမ္းလိုက္ေသာအခါ တံခါးမွာပြင့္သြားၿပီး ပိန္လွီေသာ လူငယ္တစ္ေယာက္ေပၚလာသည္။

သူက အျပင္စည္းဂိုဏ္းသားတစ္ေယာက္၏ အဝတ္အစားကိုဝတ္ဆင္ထားသည္။ သူကအလြန္တည္ၾကည္ေသာအမူအရာျဖင့္ လက္ယွက္ကာ ဦးၫႊတ္၍ အ႐ိုအေသေပးလိုက္သည္။

" ႐ႊီေပါက္ခ်ိဳင္ ႏႈတ္ခြန္းဆက္သပါတယ္။ ဂိုဏ္းတူအစ္ကိုပိုင္။" ႐ႊီေပါက္ခ်ိဳင္က ခ်ိဳသာစြာ ႏႈတ္ဆက္လိုက္သည္။

" မင္းဒီကို ဘာလာလုပ္တာလဲကြ။" ပိုင္ေရွာင္ခ်န္းက တအံ့တၾသေမးလိုက္သည္။သူ႔ေရွ႕ရွိလူငယ္ေလးမွာ သူစားဖိုေဆာင္မွာေနခဲ့ခ်ိန္ ခ်ီစုစည္းမႈအဆင့္သုံးသာရွိခဲ့စဥ္က တိုက္ခိုက္ခဲ့ေသာ ႐ႊီေပါက္ခ်ိဳင္ပင္ျဖစ္သည္။ ႐ႊီေပါက္ခ်ိဳင္မွာ ယခုဆို အျပင္စည္းဂိုဏ္းသားျဖစ္ေနၿပီျဖစ္သည္။

႐ႊီေပါက္ခ်ိဳင္က ခ်ီစုစည္းမႈအဆင့္သုံးတြင္သာရွိေသးေၾကာင္း သိလိုက္ရေသာအခါ ပိုင္ေရွာင္ခ်န္းမွာ အသက္ရႉေခ်ာင္သြားသည္။ ခက္ထန္ေသာမ်က္ႏွာအမူအရာျဖင့္ သူက ေမးခြန္းထုတ္လိုက္ေလသည္။

" ဘာလဲ မင္းက အျပင္စည္းဂိုဏ္းသားျဖစ္သြားၿပီဆိုေတာ့ အတိတ္ကဟာေတြကို သင္ပုန္းမေခ်ခ်င္ေတာ့ဘူးေပါ့ ဟုတ္လား။ ငါနဲ႔ထပ္ခ်ခ်င္ေသးတာလားကြ။"

႐ႊီေပါက္ခ်ိဳင္က ခ်က္ခ်င္းပင္ ေခါင္းခါလိုက္သည္။ သူ႔မ်က္ႏွာတြင္ေျခာက္ကပ္ကပ္အၿပဳံးတစ္ခုေပၚလာၿပီး သူ ကပိုင္ေရွာင္ခ်န္းကို ေနာက္တစ္ေခါက္ ဦးၫႊတ္လိုက္ေတာ့သည္။

" အဲ့အရင္တုံးက ကြၽန္ေတာ္က မိုက္မဲၿပီး မသိတတ္ခဲ့လို႔ပါဗ်။ ကြၽန္ေတာ့္ကို ေဗြမယူပါနဲ႔။ ဂိုဏ္းတူအစ္ကိုပိုင္။ ကြၽန္ေတာ္ဒီေန႔လာတာက ျဖစ္ပ်က္ခဲ့တာေတြအတြက္ ေတာင္းပန္ခ်င္လို႔ပါ။ အဲ့အရာေတြကို ေမ့လိုက္ရေအာင္လားဗ်ာ။" ႐ႊီေပါက္ခ်ိဳင္ကမူ အတိတ္ကို အတိတ္မွာအကုန္ထားခဲ့လိုေသာ ေလသံျဖင့္ ေတာင္းပန္လိုက္သည္။

ယခုသူလည္း အျပင္စည္းဂိုဏ္းသားျဖစ္သြားၿပီျဖစ္၍ အရင္တုံးကအရာမ်ားမွာ အေရးမႀကီးေတာ့သည္မဟုတ္ပါေလာ။

ထို႔အျပင္ အေရးႀကီးဆုံးမွာ ယခုဆိုလွ်င္ပိုင္ေရွာင္ခ်န္းသည္ ေမႊးရနံ႔ေတာင္ေပၚတြင္ အလြန္နာမည္ႀကီးေနသည့္အခ်က္ ျဖစ္သည္။ ထိုေတာင္ေပၚမွာပဲ ႐ႊီေပါက္ခ်ိဳင္က အျပင္စည္းဂိုဏ္းသားလာျဖစ္သည့္အတြက္ အတိတ္ေၾကာင့္ ပစၥဳပၸန္တြင္ ျပႆနာအရႈပ္အရွင္းမ်ားျဖစ္လာရန္ မလိုလားေပ။

ပိုင္ေရွာင္ခ်န္းကမူ စာဖိုေဆာင္တုံးကျဖစ္ပ်က္ခဲ့သည္မ်ားကို ျပန္ေတြးလိုက္ရင္ မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္ေနေတာ့သည္။ တစ္နည္းနည္းႏွင့္ေတာ့ ႐ႊီေပါက္ခ်ိဳင္ကို သူ၏သူငယ္ခ်င္းေဟာင္းအျဖစ္ သတ္မွတ္ႏိုင္သည္။ သူသည္ အလွ်င္အျမန္ထိုင္ရာမွထလိုက္ၿပီး ႐ႊီေပါက္ခ်ိဳင္ကိုအိမ္ထဲသို႔ဖိတ္ေခၚကာ အတိတ္ကအေၾကာင္းမ်ားကို စၿမဳံျပန္ေနၾကေတာ့သည္။

ေသြးစာအေၾကာင္း စကားစပ္မိသြားေသာအခါ ပိုင္ေရွာင္ခ်န္းက မေနႏိုင္ေတာ့ပဲ ထေမးလိုက္ေတာ့သည္။

" ကဲကြ ဒါနဲ႔ေနပါအုံး။ အဲ့တုံးက 'ေသစမ္း' ဆိုတဲ့ စာလုံးကိုဘာလို႔မ်ား ေသြးနဲ႔ အႀကိမ္ႀကိမ္ေရးခဲ့ရတာတုံး။ နားေတာ့နားလည္ပါတယ္။ ဒါေပမဲ့ငါသိခ်င္တာက အဲ့ေလာက္ေသြးေတြအမ်ားႀကီးသုံးရတာ မနာဘူးလား။ "

ထိုအရင္တုံးက သူ၏ထူးထူးဆန္းဆန္းလုပ္ရပ္မ်ားကို ျပန္ေတြးမိသြားေသာအခါ ႐ႊီေပါက္ခ်ိဳင္၏ မ်က္ႏွာမွာမူ ရွက္႐ြံ႕မႉမ်ားျဖင့္ နီရဲသြားၿပီး အလွ်င္အျမန္ စကားလမ္းေၾကာင္းလႊဲလိုက္ေတာ့သည္။

"ဂိုဏ္းတူအစ္ကိုပိုင္။ စီမံေရးရာ ဌာနကလူေတြကို အစ္ကိုသတိထားမွရမယ္ေနာ္။အစ္ကိုအျပင္စည္းဂိုဏ္းသားျဖစ္ေအာင္ လုပ္လိုက္တဲ့ ခ်န္ေဖးနဲ႔ တျခားလူေတက အစ္ကို႔ကိုယ္တစ္ခ်ိန္လုံး အၿငိဳးအေတးထားေနၾကတယ္လို႔ ေျပာသံၾကားတယ္။ “

" ခ်န္ေဖး။ ဟုတ္လား။" ပိုင္ေရွာင္ခ်န္းက စီမံေရးရာဌာနမွ ဗလႏွင့္လူအေၾကာင္းျပန္ေတြးမိသြားေသာအခါ သတိႀကီးႀကီးထားရန္ ႏွလုံးသြင္းလိုက္ေတာ့သည္။

ထို႔ေနာက္သူက တည္ၾကည္ေသာအမူအရာျဖင့္ ေမးျမန္းလိုက္သည္။

" သူက ခ်ီစုစည္းမႈဘယ္အဆင့္ေရာက္ေနၿပီလဲ မင္းသိလား။"

႐ႊီေပါက္ခ်ိဳင္ကလည္း သူႏွင့္ပိုင္ေရွာင္ခ်န္းအၾကား ရန္ၿငိဳးမ်ားကို ပေပ်ာက္ေစရန္ အခြင့္အေရးရၿပီဟူေသာ အေတြးျဖင့္ ခ်က္ခ်င္းပင္ ျပန္ေျဖလိုက္သည္။

" ကြၽန္ေတာ္ၾကားတာေတာ့ သူက ခ်ီစုစည္းမႈအဆင့္ေလးစက္ဝန္းထဲကို ေရာက္ေနၿပီလို႔ ၾကားတယ္။ "

ခ်န္ေဖးမွာ ခ်ီစုစည္းမႈအဆင့္၄သာ ရွိေသးေၾကာင္းသိလိုက္ရေသာအခါ ပိုင္ေရွာင္ခ်န္းမွာ စိတ္သက္သာရာရသြားၿပီး ေအးေဆးျဖစ္သြားေတာ့သည္။

႐ႊီေပါက္ခ်ိဳင္ကမူ ထိုအေၾကာင္းဆက္မေျပာေတာ့ေပ။ သူႏွင့္ပိုင္ေရွာင္ခ်န္းက ဂိုဏ္းအေၾကာင္းစကားစျမည္ေျပာဆိုေနၾကၿပီး မၾကာမီပင္ ႐ႊီေပါက္ခ်ိဳင္ကသူ႔ထက္ပို၍ ဗဟုသုတႏွံ႔စပ္ေၾကာင္း ပိုင္ေရွာင္ခ်န္း သိလိုက္ရသည္။ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္း၏ ေတာင္ဘက္တြင္ျဖစ္သမွ်အရာတိုင္းကို သူကသိေနသည့္အလားပင္။ သူက ပြဲေတာ္ႀကီးမ်ားကိုလည္းသိၿပီး ၎တို႔၏အက်ိဳးဆက္မ်ားကိုလည္း သိေလသည္။ ထို႔အျပင္ လွ်ိဳ႕ဝွက္ခ်က္အႀကီးစားတစ္ခ်ိဳ႕ကိုပင္ သိထားေလသည္။ အဆုံးတြင္သူတို႔က ေနာက္ဆုံးလူေျပာမ်ားေနေသာ အေၾကာင္းသို႔ စကားစမိသြားေသာအခါ စကားဝိုင္းမွာပို၍ပင္ အသက္ဝင္လာသည္။

" ဂိုဏ္းတူအစ္ကိုပိုင္။ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းမွာ တစ္ေယာက္တစ္မ်ိဳးစီ ကိုယ္ပိုင္အလွထူးေတြရွိၾကတဲ့ အလွပေဂးေလး၅ေယာက္ရွိတာကို အစ္ကိုသိတယ္မလား။ အဲ့ထဲကတစ္ေယာက္နဲ႔သာအတူေနရလို႔ရေတာ့ ကြၽန္ေတာ္တို႔လို က်င့္ႀကံသူေတြအတြက္ ဘဝႀကီးကို အပူအပင္ကင္းကင္းနဲ႔ျဖတ္သန္းႏိုင္လိမ့္မယ္ " ႐ႊီေပါက္ခ်ိဳင္က ဆႏၵရမၼက္မီးမ်ားေလာင္ကြၽမ္းေနေသာ မ်က္လုံးမ်ားျဖင့္ ေျပာဆိုေနသည္။

ပိုင္ေရွာင္ခ်န္းမွာလည္း စိတ္ဝင္စားသြားၿပီး ႐ႊီေပါက္ခ်ိဳင္ကို ထပ္ရွင္းျပရန္ ေတာင္းဆိုလိုက္သည္။

ဤအေၾကာင္းကိုေျပာရတာ ႐ႊီေပါက္ခ်ိဳင္ႀကိဳက္ႏွစ္သက္သလို ပိုင္ေရွာင္ခ်န္းကလည္း စိတ္ဝင္စားေနရာ ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားစြာမ်က္ခုံးပင့္လိုက္ေလသည္။

ထို႔ေနာက္သူက ေသခ်ာရွင္းျပေလေတာ့သည္။ "အလွပေဂး၅ေယာက္က သူမသာကိုယ္မသာပဲ။ ဒါေပမဲ့ သူတို႔ရဲ႕ အဆင့္ကေတာ့မတူၾကဘူး။ ပထမေနရာမွာဂိုဏ္းခ်ဳပ္႐ႊီ၊႐ႊီေမ့ရွန္း ရွိတယ္။ သိမ္ေမြ႕ႏူးညံ့လွပၿပီး ဆြဲေဆာင္မႈအျပည့္ပဲ။ ဖက္တီးက်န္းႀကီးရဲ႕ ဆရာမေလ။"

"တကယ္ႀကီးလားဟ။" ပိုင္ေရွာင္ခ်န္းက မယုံၾကည္သည့္အလား တုန္လႈပ္သြားသည္။

ဖက္တီးက်န္းႀကီးကမူ သူ႔ဆရာမကို ဘြားေတာ္ႀကီးဟုသာ ေခၚေလ့ရွိသည္။ ထို႔ေနာက္  ထိုဘြားေတာ္ႀကီးက ဖက္တီးေတြကိုမုန္းလြန္းလွသျဖင့္ သူႏွင့္ ဖက္တီးက်န္းႀကီး ဆုံဆုံခ်င္း ဖက္တီးက်န္းမွာ ပိန္လွီေနရသည္ကိုလည္း သူျပန္ေတြးမိသြားသည္။

ခ်က္ခ်င္းပင္ ပိုင္ေရွာင္ခ်န္း၏စိတ္ထဲတြင္ ကိစၥမ်ားကို ပိုပို၍ နားလည္လာေတာ့သည္။ သူ၏လည္ေခ်ာင္းကိုရွင္းလိုက္ကာ ထိုအေၾကာင္း ဆက္မေတြးရန္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ ဤအရာကအလြန္အႏၲရာယ္မ်ားေသာ အလုပ္တစ္ခု မဟုတ္ပါေလာ။

"အဆင့္အတိုင္းစဥ္မယ္ဆို ေနာက္၂ေယာက္က ေမႊးရနံ႔တိမ္ေတာင္ကပဲ။ သူတို႔က ဂိုဏ္းတူအစ္မက်ိဳး၊ က်ိဳးရွင္းခ်ီရယ္ ဂိုဏ္းတူအစ္မတု၊ တုလင္ေဖးရယ္။" ႐ႊီေပါက္ခ်ိဳင္မွာ စိတ္အားထက္သန္စြာ သိသမွ်အကုန္ရွင္းျပေနသည့္အတြက္ က်ိဳးရွင္းခ်ီအေၾကာင္း ပါလာေသာအခါ သူမ၏ လက္ေ႐ြးစင္ျဖစ္သည့္အခ်က္ပါ ပါလာသည္။

" ဂိုဏ္းတူအစ္ကိုပိုင္။ စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းရဲ႕ ေတာင္ဘက္မွာ လက္ေ႐ြးစင္ေတြရွိတာေတာ့ အစ္ကိုသိၿပီးသားမလား။ သူတို႔က ကြၽန္ေတာ္တို႔ ေမႊးရနံ႔တိမ္ေတာင္က က်ိဳးရွင္းခ်ီရယ္၊ ခရမ္းဒယ္အိုးေတာင္က လုထ်န္းလဲ့ရယ္၊ ျမစိမ္းေတာင္က ရွန္ကြမ္းထ်န္ယုံ ရယ္ေလ။ သူတို႔၃ေယာက္စလုံးက ၿပီးျပည့္စုံေလာက္ေအာင္ ထက္ျမက္တဲ့ ကြၽမ္းက်င္သူေတြပဲ။" လူရည္ခြၽန္မ်ားအေၾကာင္းရွင္းျပေနရင္း ႐ႊီေပါက္ခ်ိိုင္၏ မ်က္လုံးမ်ားမွာ အားက်မႈမ်ားျဖင့္ ေတာက္ပေနေတာ့သည္။

" သူတို႔ကအဲ့ေလာက္ေတာ္ေနတာကို ဘာလို႔မ်ား ငါတို႔လိုမ်ိဳး အျပင္စည္းဂိုဏ္းသားပဲ ျဖစ္ေနရတာတုံး " ပိုင္ေရွာင္ခ်န္းကမူ အနည္းငယ္ ေလွာင္ၿပဳံးၿပဳံး ၿပဳံးကာေမးလိုက္သည္။ ရွန္ကြမ္းထ်န္ယုံ ႏွင့္ လုထ်န္းလဲ့အေၾကာင္းကို သူ မသိေသာ္လည္း က်ိဳးရွင္းခ်ီႏွင့္မူ သူဆုံၿပီးၿပီျဖစ္သည္။ သူ၏ထည့္စရာအိတ္ထဲမွ ေက်ာက္စိမ္းလည္ဆြဲမွာ သူမ ေပးထားသည္မဟုတ္ပါေလာ။

႐ႊီေပါက္ခ်ိဳင္ကမူ ေျခာက္ကပ္စြာေခ်ာင္းဟန႔္လိုက္သည္။ စိတ္ထဲတြင္ ပိုင္ေရွာင္ခ်န္းကို ႀကိတ္၍အထင္ေသးေနေသာ္လည္း ထုတ္မေျပာရဲပဲ ရယ္ေမာလိုက္ကာ ရွင္းျပလိုက္သည္။

" ဂိုဏ္းတူအစ္ကိုပိုင္ကလည္းဗ်ာ။ ဂိုဏ္းရဲ႕ တင္းက်ပ္တဲ့ စည္းကမ္းေတြေၾကာင့္သာမဟုတ္ရင္ အဲ့ဒီသုံးေယာက္စလုံးက အျပင္စည္းဂိုဏ္းကေန အတြင္းစည္းဂိုဏ္းကို ေရာက္ေနတာၾကာေပါ့။ အခုေတာင္မွ သူတို႔က အျပင္စည္းဂိုဏ္းထဲမွာ သူတို႔ကနံပါတ္တစ္ လူေတြပဲ။ အတြင္းစည္းဂိုဏ္းသားေတြေတာင္ သူတို႔ကို ေၾကာက္ရတယ္။ သူတို႔ရဲ႕ က်င့္ႀကံျခင္းအေျခခံက သတ္မွတ္ထားတဲ့အဆင့္ကိုေရာက္တာနဲ႔ အတြင္းစည္းဂိုဏ္းထဲမွာ ၾကယ္ပြင့္ေတြျဖစ္သြားမွာ ဧကန္ပဲ။ သူတို႔အတြက္ကေတာ့ အတြင္းစည္းဂိုဏ္းဆိုတာ အေမြဆက္ခံသူအဆင့္ ထဲဝင္ဖို႔ ေျခနင္းျပားသပ္သပ္တစ္ခုပါပဲ။" ေလးစားေနေသာမ်က္လုံးမ်ားျဖင့္ ႐ႊီေပါက္ခ်ိဳင္က တစ္ဆင့္ျခင္းရွင္းျပေနေတာ့သည္။

ပိုင္ေရွာင္ခ်န္းကမူ ယခုထိ မယုံခ်င္ေသးေပ။

" က်ိဳးရွင္းခ်ီကိုပဲ အရင္ၾကည့္ဗ်ာ။ သူမရဲ႕ အပင္နဲ႔အသီးအ႐ြက္ေတြနဲ႔ပတ္သတ္တဲ့ အရည္အခ်င္းေၾကာင့္ ဂိုဏ္းခ်ဳပ္လီရဲ႕ ေနရာကိုဆက္ခံၿပီး စိတ္စြမ္းအင္နတ္ေရစင္ဂိုဏ္းရဲ႕ ထိပ္တန္းသမားေတာ္တစ္ေယာက္ျဖစ္လာမွာ အေသအခ်ာပဲ။ ၿပီးေတာ့ လုထ်န္းလဲ့။ သူက ဆင္းရဲတဲ့မိသားစုကေမြးတာ။ ေမြးေမြးခ်င္းတုံးကဆိူ ပိန္တာမွ ထင္းေခ်ာင္းေလးၾကေနတာပဲ။ ဒါေပမဲ့သူ႔မွာ ရွားပါးတဲ့ အလင္းဝိညာဥ္ေသြးေၾကာရွိတယ္။ ၿပီးေတာ့သူက်င့္ႀကံတဲ့ ေမွာ္အတတ္ေတြက အလင္းတာအိုေတြပဲ။ ဂိုဏ္းေခါင္းေဆာင္ကေတာင္ သူ႔ရဲ႕ အနာဂတ္က ထူးျခားေနမယ္လို႔ ကိုယ္တိုင္ေျပာထားတာ။" ႐ႊီေပါက္ခ်ိဳင္က ဆက္ရွင္းျပသည္။

" တကယ္ႀကီးလား။" ဤအခါတြင္မူ အံ့သားသင့္သြားေသာ္ အမူအရာျဖင့္ ပိုင္ေရွာင္ခ်န္းက ေမးလိုက္ေတာ့သည္။ က်င့္ႀကံျခင္းကမာၻႏွင့္ပတ္သတ္လွ်င္သူကား လူသစ္တစ္ေယာက္မဟုတ္ေတာ့ေပ။ ဘယ္အရာမ်ားက ဘယ္လိုျဖစ္ပ်က္သည္ကို သူတီးမိေခါက္မိ ရွိေနၿပီျဖစ္သည္။ အလင္းဝိညာဥ္ေသြးေၾကာရွိေၾကာင္း သူၾကားလိုက္ရေသာအခါ မနာလိုစိတ္ပင္ျဖစ္သြားေတာ့သည္။ ထိုကဲ့သို႔ဝိညာဥ္ေသြးေၾကာရွိသူသည္ ေမွာ္အတတ္မ်ားကို ပိုမိုအစြမ္းထက္ေအာင္ ျပဳလုပ္ႏိုင္ၿပီး အဆင့္တက္ရာတြင္လည္း အခက္အခဲမရွိဘဲ လြယ္ကူလ်င္ျမန္စြာ ေနာက္တစ္ဆင့္ ေရာက္ရွိႏိုင္သည္။

ထို လက္ေ႐ြးစင္မ်ားအေၾကာင္းၾကားတိုင္း ျပဳမူတတ္သည့္ လူမ်ားကဲ့သို႔ ပိုင္ေရွာင္ခ်န္းလည္း တုံ႔ျပန္ေနသည္ကိုျမင္လိုက္ရေသာအခါ ႐ႊီေပါက္ခ်ိဳင္ကဆက္၍ တတိယလူအေၾကာင္းဆက္၍ ရွင္းျပလိုက္ေတာ့သည္။

" တတိယေျမာက္ ရွန္ကြမ္းထ်န္ယုံကေတာ့ ပိုလို႔ေတာင္အံ့ၾသဖို႔ေကာင္းေသးတယ္။ သူ႔မွာ ဓားဝိညာဥ္ခႏၶာကိုယ္ရွိတယ္။ ၿပီးေတာ့ အခ်ိဳ႕လူေတြေျပာတာက သူကအံ့မခန္းအစြမ္းထက္တဲ့ ဓားသမားတစ္ေယာက္ကေန ဝင္စားတာတဲ့။ ေကာင္းကင္က နတ္ေတြက သူ႔ကိုအေႂကြးတင္ေနသလို ခံစားေနရတဲ့အလား သူ႔တစ္ဘဝလုံး ေကာင္းတာေတြပဲ ျဖည့္ဆည္းေပးတာ။ သူ၃ႏွစ္သားတုံးက လမ္းေလွ်ာက္ေနရင္း ေရွးေဟာင္းဓားတစ္လက္ေကာက္ရတယ္။ ၇ႏွစ္သားေရာက္ေတာ့ ၾကက္ေသြးေရာင္ တိမ္လႊာသားရဲေပါက္ေလးတစ္ေကာင္က ေကာင္းကေနက်လာၿပီး သူ႔ကိုခ်က္ခ်င္း သခင္တင္တယ္။ ေဟာ ၁၃ႏွစ္သားေရာက္ျပန္ေတာ့လည္း ေ႐ႊေရာင္အလင္းတန္ေတြထြက္ေနတဲ့ ဒိုင္းကာတစ္ခု ရျပန္ေရာ။ အဲ့တာမလို႔သူ႔ရဲ႕နာမည္ကလည္း ထ်န္ယုံ ဆိုၿပီးျဖစိေနတာ။ သူဂိုဏ္းထဲစဝင္ကထဲက စံျပအႀကီးအကဲေတြကေတာင္ တုန္လႈပ္ရတဲ့အထိပဲ။"

(ရွန္ကြမ္းထ်န္ယုံ၏ တ႐ုတ္နာမည္မွာ shàngguān tiānyòu ျဖစ္သည္။

ရွန္ကြမ္း ဆိုသည္မွာ အေတြ႕ရနည္းေသာ စကားလုံး၂လုံးပါမ်ိဳး႐ိုးနာမည္ျဖစ္သည္။ ' ထ်န္ 'ဆိုသည္မွာ ေကာင္းကင္ သို႔မဟုတ္ နတ္ဘုံနတ္နန္းဟုအဓိပၸါယ္ရၿပီး ' ယုံ ' ဆိုသည္မွာ ေကာင္းခ်ီးေပးခံရသည္ သို႔မဟုတ္ အကာကြယ္ေပးခံရသည္ဟု အဓိပၸါယ္ရသည္။ ထို႔ေၾကာင့္ ထ်န္ယုံဆိုသည္မွာကား ေကာင္းကင္ဘုံက ခ်ီးေျမာက္ျခင္းခံရသူဟု အဓိပၸါယ္ေကာက္ႏိုင္ေပသည္။)

ထိုအခါ ပိုင္ေရွာင္ခ်န္း၏မ်က္လုံးမ်ားမွာ ျပဴးသြားၿပီး တုန္လႈပ္ေနသည့္ပုံစံပင္ေပါက္ေနေတာ့သည္။

" ဘာႀကီး။ ေကာင္းကင္ကို အေႂကြးတင္တာ။ သုံးႏွစ္သားေလးနဲ႔ ဘာျဖစ္တာ။ ဘယ္လိုကံေကာင္းရတာလဲ။ ေနပါအုံး။ အံ့မခန္းအစြမ္းထက္တဲ့ ဓားသမားဝင္စားတာဟုတ္လား။" သူ႔မွာ ပါးစပ္အေဟာင္းသားႏွင့္ ၾကက္ေသေသေနေတာ့သည္။

ယေန႔မွစ၍ ေကာင္းကင္ဘုံကေတာင္အလိုျဖည့္ေပးရေသာ ရွန္ကြမ္းထ်န္ယုံဆိုေသာသူကို သြား၍ရန္မစရန္ သူဆုံးျဖတ္လိုက္ေတာ့သည္။

႐ႊီေပါက္ခ်ိဳင္ကမူ ပိုင္ေရွာင္ခ်န္း တုန္လႈပ္ေနသည္ကိုျမင္ေသာ္ အလြန္အမင္းေက်နပ္ေနၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ အေျခခိုင္မာျခင္းအဆင့္အေၾကာင္းရွင္းျပရန္ ဆုံးျဖတ္လိုက္သည္။

" အဲ့ဒီသုံးေယာက္က အေျခခိုင္မာျခင္းအဆင့္ကို ေရာက္မွာအေသအခ်ာပဲ။ ဂိုဏ္းတူအစ္ကိုပိုင္ေရ။ ကြၽန္ေတာ္တို႔ က်င့္ႀကံသူေတြက အေစခံအဆင့္ကေနမွ အျပင္စည္းဂိုဏ္းကိုဝင္ရတာ။ကြၽန္ေတာ္တို႔ကသာ အဲ့လိုအဆင့္တက္တာကို နဂါးတံခါးကိုခုန္ေက်ာ္ႏိုင္တဲ့ငါးနဲ႔ ခိုင္းႏႈိင္းေနၾကတာ။ တကယ္တန္းက ခ်ီစုစည္းမႈအဆင့္ကေန အေျခခိုင္မာျခင္းအဆင့္ကို ေဖာက္ထြက္ႏိုင္မွသာ တကယ့္ နဂါးတံခါးကိုခုန္ေက်ာ္ႏိုင္တဲ့ငါးေတြျဖစ္မွာဗ်။ အဲ့လိုျဖစ္မွပဲ ဘဝႀကီးက တကယ္ေျပာင္းလဲသြားၿပီး ေသမ်ိဳးနဲ႔ဆိုင္တဲ့အရာေတြကို ခ်န္ထားခဲ့ႏိုင္မွာ။ အဲ့လမ္းစဥ္ကသာ အင္ေမာ္တယ္လမ္းစဥ္အမွန္ပဲ။ အဲ့ဒီေရာက္ရင္ အသက္က ႏွစ္တစ္ရာပိုရွည္သြားၿပီေလ။ " ႐ႊီေပါက္ခ်ိဳင္က စိတ္အားထက္သန္စြာ မနားတမ္း ရွင္းျပေနေတာ့သည္။

႐ႊီေပါက္ခ်ိဳင္သည္ ရွင္းျပၿပီးေနာက္ သက္ျပင္းခ်လိုက္စဥ္ ႏွစ္တစ္ရာအသက္ပိုရွည္မည့္အေၾကာင္းၾကားလိုက္ရေသာ ပိုင္ေရွာင္ခ်န္း၏မ်က္လုံးေတြမွာ အရင္ကႏွင့္မတူေအာင္ ေတာက္ပသြားေတာ့သည္။ အသားမ်ားပါ တဆတ္ဆတ္တုန္ေနၿပီး သူ၏စိတ္ထဲတြင္ တဂ်ဳံးဂ်ဳံးျမည္ဟည္းသံမ်ားပင္ ၾကားေနရ၏။ ထို႔ေနာက္ သူက ႐ႊီေပါင္ခ်ိဳင္၏ လက္ေမာင္းမ်ားကို တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ေလသည္။

" ေစာေစာကမင္းေျပာတာ အေျခခိုင္မာျခင္းအဆင့္ေရာက္ရင္ အဆင့္ေရာက္ရင္ အသက္တစ္ရာထပ္ရွည္တယ္လို႔ ေျပာလိုက္တာလား။" သူက တအံံ့တၾသပင္ ေမးလိုက္ေတာ့သည္။

ပိုင္ေရွာင္ခ်န္း၏ နီရဲေနေသာမ်က္လုံးမ်ားကိုၾကည့္ရင္း ႐ႊီေပါက္ခ်ိဳင္မွာ ခ်က္ခ်င္းျပန္မေျဖႏိုင္။ အနည္းငယ္လန္႔ေနေသာပုံစံျဖင့္ ေခါင္းကိုအလွ်င္အျမန္ၿငိမ့္လိုက္သည္။.

ပိုင္ေရွာင္ခ်န္းကမူ အသက္ျပင္းျပင္းရႉလိုက္ရင္း သူ၏ၿခံဝန္းထဲတြင္ ေရွ႕ျပန္ေနာက္ျပန္လမ္းေလွ်ာက္ကာ ေျခဟန္လက္ဟန္ေတြသာမက လက္မ်ားကိုပင္ ေဝွ႔ယမ္းေနသည္။ ကိုယ့္ကိုယ္ကို တစ္ေယာက္ထဲေရ႐ြတ္လိုက္ ၾကမ္းတမ္းစြာရယ္ေမာလိုက္ႏွင့္ အ႐ူးတစ္ေယာက္ႏွင့္ပင္ တူေနေတာ့သည္။

ဘာျဖစ္သြားမွန္းမသိေသာ ႐ႊီေပါက္ခ်ိဳင္ကမူ အလြန္ေၾကာက္လန္႔ေနေတာ့သည္။ သူ ေက်ာခ်မ္းသြားၿပီး ျပန္ေတာ့မည္ျဖစ္ေၾကာင္းေျပာလိုက္ေလသည္။ ပိုင္ေရွာင္ခ်န္းသည္ကား သတိပင္မထားမိ။ မသိလွ်င္သူ႔ကို သရဲဝင္စီးထားသည့္အတိုင္းပင္။

႐ႊီေပါက္ခ်ိဳင္ကမူ အသက္ျပင္းျပင္းရႉကာ ေၾကာက္ေၾကာက္လန္႔လန္႔ ထြက္ေျပးသြားေတာ့သည္။

အေမႊးတိုင္တစ္တိုင္ေလာင္ကြၽမ္းစာေလာက္ၾကာသြားေသာအခါ စုတ္ဖြာေနေသာဆံပင္မ်ားျဖင့္ ပိုင္ေရွာင္ခ်န္းက ေကာင္းကင္သို႔ေမာ့ၾကည့္ကာ အသက္ျပင္းျပင္းရႉသြင္းလိုက္ေတာ့သည္။ ထို႔ေနာက္သူက ေခါင္းကို ေနာက္သို႔လွန္ကာ က်ယ္ေလာင္စြာရယ္ေမာေနေတာ့သည္။

ဆုံးျဖတ္ခ်က္ျပတ္သားေသာေလသံမ်ားျဖင့္သူကေရ႐ြတ္လိုက္ေတာ့သည္။

" ႏွစ္တစ္ရာကြ။ အေျခခိုင္မာျခင္းအဆင့္။ အေျခခိုင္မာျခင္းအဆင့္ကို ေသခ်ာေပါက္ ငါေရာက္ရမယ္ "

繼續閱讀

You'll Also Like

568K 36.7K 31
story description>>>>> start-5/10/2021 end-1/1/2022
51.8K 3.9K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
203K 17.1K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
57K 1.9K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...