Rhyme Made Of Love (Completed)
By Milo_YoYo
1.6M 129K 1.7K
Melodies of falling in love with the right person 🎢 More
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
FINAL
Farewell letter
Special Part !
Extra : Kaki's First Trip (1)
Extra : I love you more , my Jey
My New Story ^^
About Rhyme's production ^^
Extra : Kaki's First Trip (Final)
28.7K 2.4K 28
By Milo_YoYo
(Unicode)
သားသား မျက်လုံးဖွင့်တော့ အမှောင်ရိပ်နည်းနည်းကျနေပါပြီ။ လက်တုတ်တုတ်လေးမှာတော့ spider man ပုံနဲ့ နာရီလေးက ပတ်ထားလျက်သားလေး။
ကြည့်လိုက်တော့ 4PM တဲ့။ ပါးပါးက အချိန်ပြောင်းထားပေးတယ်ဟုပြောသောကြောင့်.. ဒါသေချာပါသည် ညနေလေးနာရီ။ တည်သီးလေး အိပ်ယာကနေထလိုက်ပါသည်။ ဗိုက်ဆာနေပြီ။ ပါးပါးတို့က တည်သီးလေးကို မုန့်လည်းမကျွေးပါ။
ဘေးကုတင်ကိုလှမ်းကြည့်လိုက်တော့ ..အားရားရား။ ဒီလောက်အေးနေသည့် အချိန်ကြီးကို ပါးပါးနှင့်ဖေဖေက အင်္ကျီချွတ်တွေနှင့်။ စောင်တော့ခြုံထားသေးသည်၊ အေးလို့ဖြစ်မည်။
တည်သီးလေး ကုတင်ဆီလျှောက်သွားတော့ တက်နင်းမိသည်က ဘောင်းဘီတွေ .. အားရိုးရိုး။ ပါးပါး အိတ်ထဲက ဘောင်းဘီတွေထွက်ကုန်ပြီထင်သည်။
"ပါးပါး၊ ဖေဖေ"
လှုပ်နှိုးတော့လည်း ပါးပါးရော ဖေဖေရော ချွေးတွေနှင့်။ တည်သီးလေးတို့လို ပတ်များပြေးရင်း ဆော့ထားကြလားမသိပါ။ သိသည်က တည်သီးလေးဗိုက်ဆာနေပါပြီ။
"ဖေရေ၊ ပါးပါးရေ"
လူးလူးလွန့်လွန့်နိုးလာတာက ဖေဖေ.
"ဖေဖေ သားသား ဗိုက်ဆာလို့"
ခန့်တည် အိပ်ယာပေါ်က မြန်မြန်ဆင်းဖို့လုပ်ပေမယ့် အဝတ်မကပ်နေသည့် ကိုယ့်ကိုယ်ကို အရင်သတိထားမိလိုက်သည်။
"ဪ ဟုတ်ပြီ၊ ဖေ့သားကို အောက်မှာ မုန့်လိုက်ကျွေးမယ်၊ ခုအိပ်ယာထထားတာဆိုတော့ ဘာလုပ်ရမလဲ တည်သီးလေး"
"သွားတိုက်ရပါမယ်"
"ဟုတ်ပြီ သွားသွားတိုက်၊ ပါးပါးက သွားပွတ်တံတွေထုတ်ထားပေးတယ်"
တည်သီးလေး လုံးတုံးလုံးတုံးနှင့် ရေချိုးခန်းထဲဝင်မှ ခန့်တည်ဘောင်းဘီစွတ်ရပါသည်။
ဒုက္ခပဲ သားကိုအပြင်အရင်မျှားရမည်။ အစ်ကိုလည်း င်္အကျီဝတ်ရဦးမည်လေ။
                           ~~~~~~~
Hotel ၏ စားသောက်ဆိုင် တစ်ခု၌ သားအတွက် chocolate cake နှင့် နို့တစ်ခွက် မှာကျွေးနေရသည့် ခန့်တည်ကို တွေ့ရတော့ Jey ရှက်ကြောဖြာလာပြန်သည်။
"Jey ! We're here !"
နိုင်ငံခြားတိုင်းပြည်မှာ ကိုယ့်ဘာသာစကားမသုံးပဲ သူတို့နားလည်နိုင်သော ဘာသာစကားဖြင့် လှမ်းပြောသည့် ကောင်လေးက Jey ရဲ့ အလိုက်သိရတဲ့ ချစ်ရသူပင်။
"သားဗိုက်ဆာတယ်ဆိုလို့၊ ခဏနေရင် ဘုန်းတော်ကြီးကျောင်းသွားမယ်နော်၊ ပြီးရင် နမ်ဆန်းတာဝါ .. အဆင်ပြေလား"
"ဘယ်တုန်းကတည်းက အစီအစဉ်ဆွဲလိုက်တာလဲ ခန့်တည်"
"ဟိုတစ်ခေါက်လာတုန်းက တကယ် bad memories တွေပဲ ကျန်ခဲ့လို့လေ၊ ဒီတစ်ခေါက်တော့ အစ်ကို့ကိုသေချာသော့ခတ်သိမ်းမလို့"
Jey လည်ပင်းက သော့ဆွဲကြိုးလေးက ရယ်တတ်ရင် ပြုံးရယ်တော့မလိုပင်။
"ချစ်တယ် "
"ဟင် ဘာပြောတာလဲအစ်ကို"
"ချစ်တယ်လို့၊ ဒီလို အလိုက်တသိ အကုန်ဖြစ်ချင်တာလိုက်လုပ်ပေးတဲ့ မင်းကို ချစ်တယ်လို့"
Jey သည် ရင်ထဲကခံစားချက်တွေကို ထုတ်မပြတတ်သည့် လူမျိုးထဲမှာပါလေသည်။ သို့သော် အခုဒီလိုထုတ်ပြောလိုက်ခြင်းက အလေးနက်ဆုံးလို့ခံစားရစေသည်။
"အောင်မယ်လေး ညမှပြောလေ၊ သားရှိတယ်ဗျ"
တည်သီးလေးကတော့ မကြားချင်ယောင်ဆောင်ပြီး နို့သောက်နေပါသည်။
ပါးပါးတို့ကလေ သိပ်ပို၊ သိပ်ကဲပါသည်။ မမတို့ကလည်း ဒီ ကဲကဲစုံတွဲကိုမှ ချစ်ရတယ်လို့။ သားကိုချစ်ပါ။ မမတို့ထဲကတစ်ယောက် စွံစေရမည်။ သားသား သိပ်အာမခံသည်။
                            ~~~~~~~
ခရီးသွား ဒိုင်ယာရီလေး တကားကားနှင့် အကုန်လိုက်မှတ်နေသည့် သားသားကို ကိုရီးယားသူလေးတွေက အသည်းယားနေလေသည်။
Jey ကတော့ ခန့်တည်ကိုပဲ အသည်းယားပါသည်။ သူနှင့်တူတူ ရေစင်သောက်မယ်ဆိုပြီး ရေတွင်းနားမှာ အန်တီကြီးတွေနှင့် တန်းစီနေသည့် ခန့်တည်က တစ်ချက်တစ်ချက် လှည့်လှည့်ပြုံးပြနေလေ၏။ သဘောက ရတော့မယ် ခဏစောင့် ဆိုသည့်သဘော။
ဘဝဆက်တိုင်းတွေ့ပါရစေဆိုတဲ့ သဘောနဲ့ ရေစင်သောက်တော့ သားကိုပါပေါင်းထည့်ပေးရပါသည်။ သွေးသားမတော်စပ်တာတောင် ဒီလောက်ချစ်နေရတာ တကယ့်သွေးသားလေးဆို မည်မျှ ကောင်းလိုက်မည်နည်း။
နမ်စန်းတာဝါရောက်တော့ သားက ငိုက်မျည်းချင်နေပြန်ပြီ။ ခန့်တည်တစ်ယောက်တည်း သော့ဝယ် နာမည်ရေးနဲ့ အလုပ်ကို ရှုပ်လျက်။ "KT ❤️ Jey" ဆိုပြီး နာမည်လေးထွင်းထားတဲ့ သော့လေးက ကိုရီးယားမြေက အချစ်သက်သေလေး။
အတိတ်ဆိုးတွေ ပြေပျောက်အောင် ချစ်သူတွေလုပ်သင့်တာ တူတူလုပ်ခဲ့လေရဲ့။
အချစ်တို့ခိုင်မြဲပါစေ။ ချစ်ရသူနဲ့ သေတစ်ပန် သက်တစ်ဆုံးပေါင်းဖက်ရပါစေ။
Extra : Kaki's First Trip {The End}
(Zawgyi)
"ပါးပါး၊ ဖေဖေ"
"ဖေရေ၊ ပါးပါးရေ"
"သွားတိုက်ရပါမယ်"
                           ~~~~~~~
"Jey ! We're here !"
"ချစ်တယ် "
"ဟင် ဘာပြောတာလဲအစ်ကို"
                            ~~~~~~~
Continue Reading
You'll Also Like
145K 10.7K 19
ထချစ်က α€˜α€α€α€…α€Ία€α€―α€™α€Ÿα€―α€α€Ία€•α€±α€™α€²α€· ထစ်ကိုနဲ့ α€˜α€α€α€…α€Ία€α€― α€‘α€α€°α€α€Šα€Ία€†α€±α€¬α€„α€Ία€›α€„α€Ία€Έ ထချစ်ကို ကျွန်တော် α€α€½α€±α€·α€α€²α€·α€α€šα€Ία‹ ထခ်စ္က α€˜α€α€α€…α€Ήα€α€―α€™α€Ÿα€―α€α€Ήα€±α€•α€™α€²α€· ထစ္ကိုနဲ႔ α€˜α€α€α€…α€Ήα€α€― α€‘α€α€°α€α€Šα€Ήα€±α€†α€¬α€„α€Ήα€›α€„α€Ήα€Έ...
2.6K 200 11
"α€˜α€α€™α€Ύα€¬ α€”α€±α€›α€–α€­α€―α€· α€›α€€α€Ί α€‘α€€α€”α€Ία€·α€‘α€žα€α€Ία€•α€² ကျန်တော့တဲ့ α€œα€°α€α€…α€Ία€šα€±α€¬α€€α€Ία€€α€­α€― α€…α€½α€²α€…α€½α€²α€œα€”α€Ία€Έα€œα€”α€Ία€Έ α€α€½α€šα€Ία€α€¬α€žα€½α€¬α€Έα€™α€­α€α€šα€Ία€†α€­α€― ခင်ဗျားတို့ α€‘α€²α€·α€œα€°α€‘α€•α€±α€«α€Ί α€˜α€šα€Ία€œα€­α€― α€™α€Όα€„α€Ία€™α€œα€²α‹" "α€˜α€α€™α€½α€¬ α€±α€”α€›α€–α€­α€―α‚” α€›α€€α€Ή...
791K 44.2K 71
ထခ်စ္ကို α€€α€­α€―α€Έα€€α€Όα€šα€Ήα€±α€žα€¬α€œα€°α€žα€¬α€Έα€α€…α€Ήα€±α€šα€¬α€€α€Ήα€”α€²α‚” α€‘α€α€Ία€…α€Ήα€™α€α€Άα€α€Ία€„α€Ήα€±α€žα€¬α€…α€­α€α€Ήα€€α€°α€Έα€šα€₯α€Ήα€™α€†α€”α€Ήα€±α€žα€¬α€œα€°α€žα€¬α€Έα€α€…α€Ήα€±α€šα€¬α€€α€Ή ထခ်စ္ α€™α€½α€¬α€˜α€šα€Ήα€žα€°α€€ α€€α€Ία‚α€½α€Άα€―α€Έα€™α€œα€² #bl
676K 93.5K 54
Zawgyi ခဢစားခ်က္ေတြကို α€–α€Όα€„α€Ήα€·α€Ÿα€œα€­α€―α€€α€Ήα€›α€„α€Ή α€α€„α€Ήα€—α€Ία€¬α€Έα€α€­α€―α‚”α€”α€¬α€Έα€œα€Šα€Ήα€œα€¬α€œα€­α€™α€Ήα€·α€™α€šα€Ήα‹ α€•α€Όα€„α€Ήα€·α€œα€„α€Ήα€Έα€…α€Όα€¬α€α€Ία€…α€Ήα€›α€»α€α€„α€Ήα€Έα€€ α€˜α€šα€Ήα€±α€œα€¬α€€α€Ήα€‘α€­ α€…α€­α€α€Ήα€‘α€¬α€Ÿα€¬α€› α€»α€–α€…α€Ήα€±α€…α€žα€œα€²α€†α€­α€―α€α€¬α‹ Unicode ခဢစားချက်တ...