(Unicode)
ခန့်တည် နာရီကို တကြည့်ကြည့်ဖြင့် အလုပ်လုပ်ရသည်မှာ သိပ်စိတ်မဖြောင့်ချင်။ သုံးနာရီကျော်နေလေပြီ။ သီဟက အခုထိ meeting minute တွေ ရေးနေသည်မှာ တမေ့တမော။
တည်သီးလေးကို ကျောင်းကြိုရဦးမည်။ ပြီးလျှင် ခရီးထွက်ဖို့လုပ်ရပါဦးမည်။ အိမ်မှာ အစ်ကိုတစ်ယောက်တည်းရှိနေသောကြောင့် အစ်ကိုသာအိတ်တွေထည့်နေရလို့ပင်ပန်းလျှင် မည်သို့လုပ်မည်နည်း။ သီဟကအလိုက်ကန်းဆိုးကို မသိပါ။
"ဟေ့ကောင် သီဟ၊ နောက်မှရေးတော့ကွာ၊ သိရှိကြောင်းလက်မှတ်ထိုးရင်ရနေပြီကို၊ ငါခရီးကပြန်လာရင် အကုန်လုပ်ပေးမယ်၊ ခုလောလောဆယ် တည်သီးလေးကျောင်းဆင်းတော့မယ်ကွ"
ခန့်တည်ပုံစံက ကလေးကျောင်းကြိုမမှီမှာစိုးသည့် အဖေနှင့်မတူပဲ အိမ်မှာစောင့်နေသည့်မိန်းမကို လွမ်းလို့ဖင်တကြွကြွဖြစ်နေသည့်ပုံ။ သီဟတို့ရယ်မိတာ ခွိကနဲ။
"အေးအေး သွားသွား၊ ခရီးကပြန်လာရင်တော့ မင်းသေပြီသာမှတ်နော်"
"ကျေးဇူးကွာ၊ သွားပြီ"
အိတ်ဆွဲပြီး ကားပေါ်တက်၊ ကားမြန်မြန်မောင်းထွက်သွားတဲ့ ခန့်တည်က တကယ်အဖေပေါက်စ။
~~~~~~~
"ဖေဖေ သိလား"
"ဟင် ဘာမှမပြောပဲနဲ့ ဖေဖေက ဘာသိမှာလဲ တည်သီးလေးရဲ့"
"သားကို တည်သီးလေးလို့ မခေါ်နဲ့တော့"
ငယ်ငယ်က တည်သီးလေးလို့ခေါ်လျှင် လုံးနေအောင်ပျော်နေတတ်သည့်ကလေးက လေးနှစ်လောက်ရောက်တော့ မကြိုက်တော့ပြန်ပါဘူးတဲ့။
"ကဲပြော ဘယ်လိုခေါ်ရမလဲ"
ခန့်တည်မှာ ကားမောင်းနေရင်းဖြင့် သားပြောသည်ကို အာရုံထားနေရပါ၏။ အစ်ကိုသာပါလျှင် အဖေရောသားရော ဗျင်းခံရတော့မည်ဖြစ်သည်။
"Kaki လို့ခေါ်၊ ချယ်နိုးနိုးကပြောတယ်၊ တည်သီးလေးဆိုတာ အင်္ဂလိပ်လိုဆို Kaki တဲ့"
"သားကလည်း၊ တည်သီးဆိုတာ peach ပေါ့"
သိပေမယ့်လည်း သားကို ပညာစမ်းပေးရသည်။ သားကအဖေကိုနိုင်ရရင် ပျော်နေရောပဲလေ။
"Peach က မက်မွန်သီးတဲ့၊ မက်မွန်သီးဆိုတာ သားသားတို့ ဖင်တုံးလေးနဲ့ တူတယ်သိလား ဖေဖေ"
ခန့်တည်မရယ်ပဲလမနေနိုင်တော့ပါ။ သားသားက သိပ်စကားတတ်သည်။
"ဟုတ်ပါပြီ Kaki ရယ် ရပြီလား"
"ဟုတ်ဘူး၊ ခု ဒီမှာရှိရင် တည်သီးလေးလို့ပဲခေါ်၊ ဟိုးကိုရောက်ရင် Kaki လို့ခေါ်"
"ဘယ်က ဟိုးတုန်း"
"ညကျ ပါးပါးနဲ့သွားမယ့် ဟိုးလေ"
"ဪ တည်သီးရယ်၊ ဟုတ်ပြီ ဖေ့သားကို ဟိုးရောက်ရင် Kaki လို့ခေါ်မယ် ဟုတ်ပြီလား"
သားက စကားဆုံးတော့ စုတ်လုံးငုံပြီး ဟိုဘက်လှည့်သွားသည်။ အိမ်ရှေ့လမ်းရောက်မှ စကားပြောတာရပ်သော သာလိကာငယ်လေး။
"တည်သီးလေး သား စုတ်လုံးအခုမှစုတ်ရလား ဝယ်ကျွေးလာတာ စထွက်ကတည်းကကို၊ ခုထွေးထုတ်၊ သားပါးပါးမြင်ရင် ဖေပါ ဆူခံထိမှာ"
ရှေ့သွားနှစ်ချောင်းကို လေဝင်ပေါက်ဖောက်ထားသော သားသားက ဟီးကနဲ ရယ်ပြရှာသည်။
ဒုက္ခပါပဲ။
~~~~~~~
အိမ်ရောက်တော့ တွေ့လိုက်ရသည်က အမေပြောသည့် အမောပြေလေး။ အိတ်နှစ်လုံးနှင့် အလုပ်ရှုပ်နေသော အစ်ကို့ကို ပြန်ရောက်ကြောင်း သံတော်ဦးတင်ရပါသေးသည်။
"အစ်ကို ကျွန်တော် ပြန်ရောက်ပြီ၊ သားပါဝင်ကြိုခဲ့တယ်"
"အင်း၊ အိတ်တွေထည့်လိုက်ပြီ Flight က ကိုးနာရီဆိုတော့ မမှီမှာစိုးလို့"
"အကိုကလည်းဗျာ၊ ကျွန်တော်ပြန်ရောက်လည်းမှီပါတယ် ခုမှ လေးခွဲပဲရှိသေးတာကို"
"ညစာစားတာနဲ့ အမေတို့ကို ကန်တော့တာနဲ့ နောက်ကျမှာစိုးလို့၊ သားကို ရေချိုးပေးလိုက်တော့မယ်၊ ခန့်တည်လည်းရေချိုးတော့"
Jey ထထွက်မယ်လုပ်တော့ လက်ကနေဆွဲပြီးနောက်ကနေ သိုင်းဖက်လိုက်တဲ့ ခန့်တည်။
"ဒီနေ့အတွက် ချစ်တယ်မပြောရသေးဘူး"
"လွှတ်ဦး သားရှိတယ်"
ဂုတ်ပိုးစပ်နားကို ဖွဖွလေးနမ်းရင်း တိုးတိုးလေး မြွက်ဟမိသည်က ..
"အစ်ကို့ကို ကျွန်တော်ချစ်တယ်"
ကြွက်ဖြူလုံးကတော့ ကလေးတစ်ယောက်အဖေဖြစ်နေလည်း ရှက်သည်းဖြာနေဆဲ။ တော်ပါသေး၏.. သားက Baymax တို့နဲ့ဆော့နေလို့။
ညစာစားတော့လည်း သားကပျော်ပျော်ကြီးကိုစားနေသည်၊ ပါးဖောင်းဖောင်းကြီးက လုံးနေလျက်။ Jey ပါးဖောင်းဖောင်းကြီးကို နစ်နေအောင် မွှေးမွှေးပေးတော့ သားက သွားကျိုးလေးဖြင့် ရယ်ပြရှာသည်။
ခန့်တည်ရေချိုးပြီး ထွက်လာတော့ အိတ်နှစ်အိတ်ကိုဆွဲလို့သာ။ Baymax နဲ့ Baybay တို့ကတော့ သူတို့ပါမလိုက်ရလို့ထင် .. ဟောင်နေတာမပြီးနိုင်တော့။
"ရပြီ သားစားလို့ပြီးပြီ"
ကော့တော့ကော့တော့နဲ့ သားက သူ့လွယ်အိတ်လေးဆွဲပြီး ထွက်လာလေသည်။ Jey အိမ်တံခါးတွေစစ်ပြီး သားကိုလက်ဆွဲထွက်လာချိန် ခန့်တည်က အိတ်တွေထည့်ပြီးပြီ။
အမေတို့ကို သွားကန်တော့ရဦးမည်။ Baymax တို့ကိုလည်း အပ်ရပေဦးမည်။
~~~~~~
Incheon လေဆိပ်ရောက်တော့ သားက ပင်ပန်းလို့ နုံးချိနေသည်။ Hotel ခန်းမှာ သားကို သိပ်ပြီး ဒီဘက်ကုတင်ပြောင်းလာတော့ ခန့်တည်က အိပ်ယာပေါ်မှာ မြိန့်မြိန့်ကြီး။ Jey ကြက်သီးတွေပါထလာတော့သည်။ မထွက်လိုက်ရတဲ့ Honeymoon ခရီးကို သားလေးနှစ်ပြည့်နဲ့ တစ်ခါတည်းသွားမယ်ဆိုကတည်းက Jey ရိပ်မိသင့်သည်လေ။
အစားခံရတဲ့ ယုန်သူငယ်လေးအကြောင်း တည်နန္ဒနိုင်တို့ မသိလိုက်ပါ။ ရှုးကနဲ ရှုးကနဲ အိပ်မောကျနေသောကြောင့်သာပင်။
~~~~~~~
(A/N ; Extra တွေအကုန် First edition မှာပါပါတယ်နော် ^^ second မှ ပိုထည့်ပေးတာလည်း မဟုတ်ပါဘူးနော် :((
First edition တုန်းက စုစုပေါင်းရေးထားတဲ့ extra သုံးပုဒ်အပြင် ဒီမှာ မတင်ထားတဲ့ extra နှစ်ပုဒ်ပါပါသေးတယ်။ အခု အကုန်ပြန်တင်ပြီး 2nd edition မှာပါ ထည့်ပေးလိုက်မှာမလို့ တောင်းပန်ပါတယ် စိတ်မငြိုငြင်ကြပါနဲ့)
(Zawgyi)
ခန္႔တည္ နာရီကို တၾကည့္ၾကည့္ျဖင့္ အလုပ္လုပ္ရသည္မွာ သိပ္စိတ္မေျဖာင့္ခ်င္။ သုံးနာရီေက်ာ္ေနေလၿပီ။ သီဟက အခုထိ meeting minute ေတြ ေရးေနသည္မွာ တေမ့တေမာ။
တည္သီးေလးကို ေက်ာင္းႀကိဳရဦးမည္။ ၿပီးလွ်င္ ခရီးထြက္ဖို႔လုပ္ရပါဦးမည္။ အိမ္မွာ အစ္ကိုတစ္ေယာက္တည္းရွိေနေသာေၾကာင့္ အစ္ကိုသာအိတ္ေတြထည့္ေနရလို႔ပင္ပန္းလွ်င္ မည္သို႔လုပ္မည္နည္း။ သီဟကအလိုက္ကန္းဆိုးကို မသိပါ။
"ေဟ့ေကာင္ သီဟ၊ ေနာက္မွေရးေတာ့ကြာ၊ သိရွိေၾကာင္းလက္မွတ္ထိုးရင္ရေနၿပီကို၊ ငါခရီးကျပန္လာရင္ အကုန္လုပ္ေပးမယ္၊ ခုေလာေလာဆယ္ တည္သီးေလးေက်ာင္းဆင္းေတာ့မယ္ကြ"
ခန္႔တည္ပုံစံက ကေလးေက်ာင္းႀကိဳမမွီမွာစိုးသည့္ အေဖႏွင့္မတူပဲ အိမ္မွာေစာင့္ေနသည့္မိန္းမကို လြမ္းလို႔ဖင္တႂကြႂကြျဖစ္ေနသည့္ပုံ။ သီဟတို႔ရယ္မိတာ ခြိကနဲ။
"ေအးေအး သြားသြား၊ ခရီးကျပန္လာရင္ေတာ့ မင္းေသၿပီသာမွတ္ေနာ္"
"ေက်းဇူးကြာ၊ သြားၿပီ"
အိတ္ဆြဲၿပီး ကားေပၚတက္၊ ကားျမန္ျမန္ေမာင္းထြက္သြားတဲ့ ခန္႔တည္က တကယ္အေဖေပါက္စ။
~~~~~~~
"ေဖေဖ သိလား"
"ဟင္ ဘာမွမေျပာပဲနဲ႔ ေဖေဖက ဘာသိမွာလဲ တည္သီးေလးရဲ႕"
"သားကို တည္သီးေလးလို႔ မေခၚနဲ႔ေတာ့"
ငယ္ငယ္က တည္သီးေလးလို႔ေခၚလွ်င္ လုံးေနေအာင္ေပ်ာ္ေနတတ္သည့္ကေလးက ေလးႏွစ္ေလာက္ေရာက္ေတာ့ မႀကိဳက္ေတာ့ျပန္ပါဘူးတဲ့။
"ကဲေျပာ ဘယ္လိုေခၚရမလဲ"
ခန္႔တည္မွာ ကားေမာင္းေနရင္းျဖင့္ သားေျပာသည္ကို အာ႐ုံထားေနရပါ၏။ အစ္ကိုသာပါလွ်င္ အေဖေရာသားေရာ ဗ်င္းခံရေတာ့မည္ျဖစ္သည္။
"Kaki လို႔ေခၚ၊ ခ်ယ္ႏိုးႏိုးကေျပာတယ္၊ တည္သီးေလးဆိုတာ အဂၤလိပ္လိုဆို Kaki တဲ့"
"သားကလည္း၊ တည္သီးဆိုတာ peach ေပါ့"
သိေပမယ့္လည္း သားကို ပညာစမ္းေပးရသည္။ သားကအေဖကိုႏိုင္ရရင္ ေပ်ာ္ေနေရာပဲေလ။
"Peach က မက္မြန္သီးတဲ့၊ မက္မြန္သီးဆိုတာ သားသားတို႔ ဖင္တုံးေလးနဲ႔ တူတယ္သိလား ေဖေဖ"
ခန္႔တည္မရယ္ပဲလမေနႏိုင္ေတာ့ပါ။ သားသားက သိပ္စကားတတ္သည္။
"ဟုတ္ပါၿပီ Kaki ရယ္ ရၿပီလား"
"ဟုတ္ဘူး၊ ခု ဒီမွာရွိရင္ တည္သီးေလးလို႔ပဲေခၚ၊ ဟိုးကိုေရာက္ရင္ Kaki လို႔ေခၚ"
"ဘယ္က ဟိုးတုန္း"
"ညက် ပါးပါးနဲ႔သြားမယ့္ ဟိုးေလ"
"ဪ တည္သီးရယ္၊ ဟုတ္ၿပီ ေဖ့သားကို ဟိုးေရာက္ရင္ Kaki လို႔ေခၚမယ္ ဟုတ္ၿပီလား"
သားက စကားဆုံးေတာ့ စုတ္လုံးငုံၿပီး ဟိုဘက္လွည့္သြားသည္။ အိမ္ေရွ႕လမ္းေရာက္မွ စကားေျပာတာရပ္ေသာ သာလိကာငယ္ေလး။
"တည္သီးေလး သား စုတ္လုံးအခုမွစုတ္ရလား ဝယ္ေကြၽးလာတာ စထြက္ကတည္းကကို၊ ခုေထြးထုတ္၊ သားပါးပါးျမင္ရင္ ေဖပါ ဆူခံထိမွာ"
ေရွ႕သြားႏွစ္ေခ်ာင္းကို ေလဝင္ေပါက္ေဖာက္ထားေသာ သားသားက ဟီးကနဲ ရယ္ျပရွာသည္။
ဒုကၡပါပဲ။
~~~~~~~
အိမ္ေရာက္ေတာ့ ေတြ႕လိုက္ရသည္က အေမေျပာသည့္ အေမာေျပေလး။ အိတ္ႏွစ္လုံးႏွင့္ အလုပ္ရႈပ္ေနေသာ အစ္ကို႔ကို ျပန္ေရာက္ေၾကာင္း သံေတာ္ဦးတင္ရပါေသးသည္။
"အစ္ကို ကြၽန္ေတာ္ ျပန္ေရာက္ၿပီ၊ သားပါဝင္ႀကိဳခဲ့တယ္"
"အင္း၊ အိတ္ေတြထည့္လိုက္ၿပီ Flight က ကိုးနာရီဆိုေတာ့ မမွီမွာစိုးလို႔"
"အကိုကလည္းဗ်ာ၊ ကြၽန္ေတာ္ျပန္ေရာက္လည္းမွီပါတယ္ ခုမွ ေလးခြဲပဲရွိေသးတာကို"
"ညစာစားတာနဲ႔ အေမတို႔ကို ကန္ေတာ့တာနဲ႔ ေနာက္က်မွာစိုးလို႔၊ သားကို ေရခ်ိဳးေပးလိုက္ေတာ့မယ္၊ ခန္႔တည္လည္းေရခ်ိဳးေတာ့"
Jey ထထြက္မယ္လုပ္ေတာ့ လက္ကေနဆြဲၿပီးေနာက္ကေန သိုင္းဖက္လိုက္တဲ့ ခန္႔တည္။
"ဒီေန႔အတြက္ ခ်စ္တယ္မေျပာရေသးဘူး"
"လႊတ္ဦး သားရွိတယ္"
ဂုတ္ပိုးစပ္နားကို ဖြဖြေလးနမ္းရင္း တိုးတိုးေလး ႁမြက္ဟမိသည္က ..
"အစ္ကို႔ကို ကြၽန္ေတာ္ခ်စ္တယ္"
ႂကြက္ျဖဴလုံးကေတာ့ ကေလးတစ္ေယာက္အေဖျဖစ္ေနလည္း ရွက္သည္းျဖာေနဆဲ။ ေတာ္ပါေသး၏.. သားက Baymax တို႔နဲ႔ေဆာ့ေနလို႔။
ညစာစားေတာ့လည္း သားကေပ်ာ္ေပ်ာ္ႀကီးကိုစားေနသည္၊ ပါးေဖာင္းေဖာင္းႀကီးက လုံးေနလ်က္။ Jey ပါးေဖာင္းေဖာင္းႀကီးကို နစ္ေနေအာင္ ေမႊးေမႊးေပးေတာ့ သားက သြားက်ိဳးေလးျဖင့္ ရယ္ျပရွာသည္။
ခန္႔တည္ေရခ်ိဳးၿပီး ထြက္လာေတာ့ အိတ္ႏွစ္အိတ္ကိုဆြဲလို႔သာ။ Baymax နဲ႔ Baybay တို႔ကေတာ့ သူတို႔ပါမလိုက္ရလို႔ထင္ .. ေဟာင္ေနတာမၿပီးႏိုင္ေတာ့။
"ရၿပီ သားစားလို႔ၿပီးၿပီ"
ေကာ့ေတာ့ေကာ့ေတာ့နဲ႔ သားက သူ႔လြယ္အိတ္ေလးဆြဲၿပီး ထြက္လာေလသည္။ Jey အိမ္တံခါးေတြစစ္ၿပီး သားကိုလက္ဆြဲထြက္လာခ်ိန္ ခန္႔တည္က အိတ္ေတြထည့္ၿပီးၿပီ။
အေမတို႔ကို သြားကန္ေတာ့ရဦးမည္။ Baymax တို႔ကိုလည္း အပ္ရေပဦးမည္။
~~~~~~
Incheon ေလဆိပ္ေရာက္ေတာ့ သားက ပင္ပန္းလို႔ ႏုံးခ်ိေနသည္။ Hotel ခန္းမွာ သားကို သိပ္ၿပီး ဒီဘက္ကုတင္ေျပာင္းလာေတာ့ ခန္႔တည္က အိပ္ယာေပၚမွာ ၿမိန္႔ၿမိန္႔ႀကီး။ Jey ၾကက္သီးေတြပါထလာေတာ့သည္။ မထြက္လိုက္ရတဲ့ Honeymoon ခရီးကို သားေလးႏွစ္ျပည့္နဲ႔ တစ္ခါတည္းသြားမယ္ဆိုကတည္းက Jey ရိပ္မိသင့္သည္ေလ။
အစားခံရတဲ့ ယုန္သူငယ္ေလးအေၾကာင္း တည္နႏၵႏိုင္တို႔ မသိလိုက္ပါ။ ရႈးကနဲ ရႈးကနဲ အိပ္ေမာက်ေနေသာေၾကာင့္သာပင္။
~~~~~~~
(A/N ; Extra ေတြအကုန္ First edition မွာပါပါတယ္ေနာ္ ^^ second မွ ပိုထည့္ေပးတာလည္း မဟုတ္ပါဘူးေနာ္ :((
First edition တုန္းက စုစုေပါင္းေရးထားတဲ့ extra သုံးပုဒ္အျပင္ ဒီမွာ မတင္ထားတဲ့ extra ႏွစ္ပုဒ္ပါပါေသးတယ္။ အခု အကုန္ျပန္တင္ၿပီး 2nd edition မွာပါ ထည့္ေပးလိုက္မွာမလို႔ ေတာင္းပန္ပါတယ္ စိတ္မၿငိဳျငင္ၾကပါနဲ႔)