Before I Let You Go

By VowelMino

731K 72.7K 8.7K

ခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about h... More

. 1 .
. 2 .
. 3 .
. 4 .
. 5 .
. 6 .
. 7 .
. 8 .
. 9 .
. 10 .
. 11 .
. 12 .
. 13 .
. 14 .
. 15 .
. 17 .
. 18 .
. 19 .
. 20 .
. 21 .
. 22 .
. 23 .
. 24 .
. 25 .
. 26 .
. 27.
. 28 .
. 29 .
. Final . (Z)
. Final . (U)
About BILYG/BILUG
Hello Again
Extra Z
Extra U

. 16 .

18.8K 2.2K 231
By VowelMino

[ Zawgyi ]

က်န္႔ေကာတို႔ ၿမိဳ႕ေလးက ရိေပၚထင္ထားတာထက္ ပိုေဝးတယ္..
ေတာ္ရံုတန္ရံု ေလယာဥ္စီးေလ့မရွိဘူးဆိုတဲ့ က်န္႔ေကာေၾကာင့္ က်န္းခ်န္ကားနဲ႔ ၈ နာရီ နီးပါးေမာင္းၿပီး ေရာက္တဲ့ၿမိဳ႕ေလးကေန သူတို႔ ရထားတဆင့္ထပ္စီးရျပန္တယ္..
ၿမိဳ႕ခံေတြကလြဲၿပီး စီးမယ့္သူသိပ္မရွိတဲ့ ရထားဘူတာေလးရဲ႕ အေငြ႕အသက္ေလးကအစ သူတို႔ၿမိဳ႕ႀကီးျပႀကီးေတြလိုမဟုတ္ဘဲ ခ်မ္းစီးစီးေလးနဲ႔ ေႏြးေထြးလတ္ဆတ္ေနရဲ႕ ..။

ခရီးေတြဆက္ၿပီး ရိေပၚတေယာက္ပင္ပန္းေနေပမယ့္ သူ ေပ်ာ္တယ္..
သတိရလို႔ လွည့္ၾကည့္လိုက္တိုင္း သူ႔က်န္႔ေကာက သူ႔ေဘးမွာရွိေနခဲ့တယ္ဆိုတဲ့ အသိက သူ႔ကို ေႏြးေထြးေစတယ္..

ကားေမာင္းေနတဲ့ က်န္းခ်န္ အိပ္ငိုက္မွာစိုးလို႔ မုန္႔စားလိုက္ စကားေျပာလိုက္နဲ႔ လမ္းတေလၽွာက္လံုး သူတို႔ အခ်ိန္ေတြျဖဳန္းခဲ့ၾကတယ္..
ေလးေယာက္သား စကားဝိုင္းဆိုေပမယ့္ တခ်ိဳ႕ေမးခြန္းေတြကိုျပန္ေျဖတာကလြဲလို႔ သူက နားေထာင္သူ သက္သက္ပဲလုပ္ျဖစ္တယ္..

တကယ္ေတာ့ ရိေပၚက စကားမေျပာခ်င္ဘူး..
ေရွာင္က်န္႔ကိုပဲၾကည့္ေနခ်င္တာ..
ဒီေန႔ အရင္ကထက္ပိုၿပီး ေရွာင္က်န္႔က အရယ္အျပံဳးေတြ ရက္ရက္ေရာေရာေပးတယ္..
စကားေတြေျပာေနရင္းကေန ထရယ္တတ္တဲ့အခါ ေပၚေပၚလာတဲ့ သြားျဖဴျဖဴေလးေတြက ရင္ခုန္ဖို႔ေကာင္းလြန္းတယ္..

က်န္႔ေကာက ေပ်ာ္ေနပံုပါပဲ..
စကားစေတြျပတ္သြားတဲ့အခါ ကင္မရာေလးထုတ္ၿပီး ရႈခင္းေတြကို တဖ်တ္ဖ်တ္ရိုက္တယ္..
ပ်င္းလာရင္ေတာ့ မ်က္လံုးေတြ မွိတ္ၿပီး ၿငိမ္ၿငိမ္ေလး ေမွးေနတတ္တယ္..

ရထားေပၚေရာက္ေတာ့ က်န္းလီက်ဲနဲ႔သြားထိုင္ဖို႔ျပင္တဲ့ ေရွာင္က်န္႔ကို ရိေပၚက လွမ္းဆြဲတယ္..
ေရွာင္က်န္႔ကို ခံုေထာင့္ဘက္ထည့္ၿပီး ရိေပၚကခ်က္ခ်င္း ေဘးမွာကပ္ထိုင္ေတာ့ ေရွာင္က်န္႔ ကိုယ္ေလးက်ံဳ႕သြားတယ္..

" မထိပါဘူး ေကာရဲ႕ "

" အဲလိုမဟုတ္ပါဘူး...ဒီတိုင္း ရုတ္တရတ္မို႔ "

အားနာသြားပံုနဲ႔ ေျပာလာတဲ့ေရွာင္က်န္႔ကိုၾကည့္ၿပီး ရိေပၚက Mask ေအာက္ကေန ၿကိတ္ျပံဳးတယ္..
တလမ္းလံုးၿမိဳသိပ္ခဲ့ရတဲ့ ေရွာင္က်န္႔လက္ေတြကို လွမ္းဆြဲကိုင္ေတာ့ အဲဒီလူက အတင္းရုန္းျပန္တယ္..
လႊတ္မေပးဘဲ ပိုဖိညႇစ္လိုက္ေတာ့ ေရွာင္က်န္႔က အံႀကိတ္ရင္းခပ္တိုးတိုးေျပာလာရဲ႕..

" ရိေပၚ..လႊတ္စမ္း "

" မသိဘူး..အိပ္ေနၿပီ ..ကၽြန္ေတာ္အိပ္ေနၿပီ "

" ရိေပၚ ! မင္း ဘာျဖစ္ေနလဲ "

" ဘာျဖစ္လို႔လဲ အိပ္ခ်င္လို႔ကို..ေကာကလဲ "

" လႊတ္စမ္း..လူေတြနဲ႔ "

" ဘယ္မွာလဲ မေတြ႕ပါဘူး "

တကယ္လဲ ရထားက သူတိုပတ္ပတ္လည္ကခံုေတြမွာ ဘယ္သူမွမရွိဘဲ ရွင္းေနတယ္.
က်န္းလီက်ဲတို႔ကို ရွက္မွာစိုးလို႔ေတာင္ တမင္တကာ တခံုေက်ာ္မွာလာထိုင္ေနတာကို ရွက္ေနေသးတဲ့ ေရွာင္က်န္႔ကို သူအသဲယားလို႔ေသေတာ့မွာပဲ..
သူ႔ကိုဘုၾကည့္ၾကည့္ေနတဲ့ ေရွာင္က်န္႔က မရမကျငင္းဦးမယ့္ပံုမို႔လို႔ ရိေပၚ မသိခ်င္ေယာင္ေဆာင္ၿပီး ေခါင္းေမာ့အိပ္လိုက္တယ္ ..

" ဝမ္ရိေပၚ "

" မရွိဘူး.. အိပ္ေန..အားး..ေကာ ! "

လက္ဖ်ံကဆစ္ခနဲအသိေၾကာင့္ ငံု႔ၾကည့္လိုက္ေတာ့ ေရွာင္က်န္႔က သူ႔လက္ကို ကိုက္ေနတာမ်ား..
အေပၚကၾကည့္ရင္ သူ အသည္းယားေနတဲ့ ယုန္သြားေလးႏွစ္ေခ်ာင္းကျပဴးလို႔..
စိတ္ရွိလက္ရွိလုပ္ပစ္လိုက္ရင္ တစစီျဖစ္ေတာ့မွာပဲ ဒီလူေတာ့..

" လႊတ္ေတာ့ "

" ေရာ့..ဒီဘက္ပါကိုက္ "

" .... "

" ကိုက္ေလ.. ပီးရင္ ဟိုဘက္လက္ပါေပးကိုင္ "

ရိေပၚက ရယ္သဲ့သဲ့နဲ႔ေျပာေတာ့ ေရွာင္က်န္႔က တကယ္ႀကီးစိတ္ဆိုးသြားပံုပဲ..
ဘယ္လိုလုပ္လုပ္ ရိေပၚက လက္မေလ်ာ့မွန္း နားလည္သြားပံုရတဲ့ ေရွာင္က်န္႔က ျပတင္းေပါက္ဘက္ေငးၿပီး သူဘက္ျပန္မလွည့္လာေတာ့..

" ငါ မင္းကိုေခၚလာမိတာမွားၿပီ "

" ေကာ ! "

တခြန္းထဲပါပဲ..
တင္းတင္းဆုပ္ထားတဲ့ လက္ေတြေျပေလ်ာ့သြားတယ္..
ရိေပၚဆီက သက္ျပင္းခ်သံေတြထြက္လာတယ္..
တိတ္ဆိတ္သြားတဲ့ေလထုမွာ စိတ္ရွပ္ေထြးျခင္းကလြဲၿပီး ဘာလတ္ဆတ္ျခင္း ဘာေႏြးေထြးျခင္းမွ ရိေပၚမခံစားရေတာ့ဘူး..
တကယ္ပါပဲ ..
အသက္ရႉရတာေတာင္ ပင္ပန္းလာတယ္..။

ရထားေလးက လိုက္ပါမယ့္သူနည္းပါးေပမယ့္ တဘူတာၿပီး တဘူတာ ရပ္တုန္းပဲ...
ေရွာင္က်န္႔ သူ႔ေဘးနားမွာ လက္တင္းတင္းပိုက္ၿပီး အိပ္ေနတဲ့ ရိေပၚကိုလွမ္းၾကည့္တယ္..
တကယ္အိပ္ေပ်ာ္ေနတာဟုတ္မဟုတ္ သူမသိေပမယ့္ ရိေပၚက တုတ္တုတ္မွမလႈပ္ေတာ့တဲ့အျပင္ ရထားခုန္တာေတာင္ သူ႔ကိုလံုးဝမထိေစရဘဲ အိပ္ေနျပန္တယ္..

ဒီတခါသက္ျပင္းခ်ရတာက သူကိုယ္တိုင္ပဲ..
ခုနက စကားမွားသြားမွန္း သူသိသလို စိတ္ထဲပါလို႔ေျပာတာမ်ိဳးမဟုတ္မွန္းလဲ သူ႔ကိုယ္သူသိတယ္..
ပိုဆိုးတာက ဒီေနာက္ပိုင္းမွ ရိေပၚက အရမ္း ထိရွလြယ္လာသလိုမ်ိဳးပဲ..

ေရွာင္က်န္႔ သူ႔ေက်ာပိုးအိတ္ထဲက ပလတ္စတာတစ္ခုရွာၿပီး ခုနက သူကိုက္ထားလို႔ ေသြးစို႔ေနတဲ့ ရိေပၚလက္ကို ဆြဲယူကပ္ေပးလိုက္ေတာ့ ရိေပၚက သူ႔ကို မ်က္ဝန္းေတြေမွးၿပီးၾကည့္လာတယ္..

" ႏိုးသြားတာလား..ေဆာရီး.."

" ..... "

" ျပန္အိပ္လိုက္ ..ေရာက္ရင္ေကာႏွိဳးမယ္ "

" ေကာ.. "

" ဟင္ "

" ကၽြန္ေတာ္ျပန္ရမလား.. ကၽြန္ေတာ္.. "

ေရွ႕ဆက္ေျပာဖို႔ေတြေဝေနတဲ့ ေကာင္ေလးကို ေရွာင္က်န္႔က အခ်ိန္ေပးၿပီး စိုက္ၾကည့္တယ္..

" မင္းက ျပန္ခ်င္လို႔လား "

" ေကာမွ မေနေစခ်င္တာ "

" မေနေစခ်င္တာမွမဟုတ္တာ.. မင္းက ဆိုးတာေလ "

" လက္ေလးပဲကိုင္မိတာကို "

" ငါမႀကိဳက္ဘူးေလ "

" ၿပီးေရာ........ ျပန္လိုက္ေတာ့မယ္ "

ႏႈတ္ခမ္းတင္းတင္းေစ့ၿပီး ျပတ္ျပတ္သားသားေျပာလာတဲ့ ေကာင္ေလးကို ေရွာင္က်န္႔က ဘာမွမေျပာေတာ့ဘဲ မ်က္ေမွာင္ကုတ္ၾကည့္တယ္..

" ျမင္ေနရရင္ကို ထိခ်င္ေနတာဘယ္လိုလုပ္မလဲ... မဟုတ္ဘူး.. မျမင္ရလဲ ေကာကိုဆို ထိခ်င္ကိုင္ခ်င္ေနတာကို အဲလိုႀကီး တခ်က္လႊတ္မကိုင္ရအမိန္႔ထုတ္မွျဖစ္မွာလား.. ၿပီးေတာ့ ခုမွ လက္ကေလးပဲကိုင္ရေသး... ေကာက ေဒါသေတြထြက္ျပေနေတာ့ ကၽြန္ေတာ္က ေရွ႕ေလၽွာက္ဘာဆက္လုပ္ရမွာလဲ.. တင္းလာၿပီ တကယ္ "

" ..... "

" ဘာမွမလုပ္ရမယ့္တူတူ ျပန္တာပဲေကာင္းတယ္ "

Mask ကိုပါဆြဲခ်ၿပီး အားရပါးရေျပာေနတဲ့ ရိေပၚက ေနာက္တေယာက္ေျပာင္းသြားသလို လံုးဝကိုစူပူတ္ေနၿပီ..
သၾကားလံုးမစားရလို႔ ပူဆာတတ္တဲ့ ကေလးေလးေတြလို ေထာ္ထြက္လာတဲ့ ေအာက္ႏႈတ္ခမ္းေလးကို ေရွာင္က်န္႔က တအံ့တဩေငးတယ္..

သူ ရိေပၚငိုတာလဲျမင္ဖူးတယ္..
စိတ္ေကာက္ၿပီး မ်က္ေမွာင္ေတြ ၾကဳတ္ထားတဲ့ပံုေလးလဲျမင္ဖူးတယ္..
အခုလို စိတ္တိုၿပီး စူပုတ္ေနတဲ့ပံုက ေအာ္ရယ္ခ်င္ေလာက္ေအာင္ တကယ္ခ်စ္ဖို႔ေကာင္းတယ္..

" ဘာကိုျပန္မွာလဲ မျပန္ရဘူး "

" .... "

" mask ျပန္တပ္..လူေတြျမင္ကုန္မယ္ "

ေရွာင္က်န္႔ေျပာေျပာဆိုဆုိနဲ႔ သူကိုယ္တိုင္ဆြဲတင္ေပးလိုက္ေတာ့ ေပၚေနတဲ့ ရိေပၚမ်က္ဝန္းေလးေတြက သူ႔ကိုေငးေနျပန္တယ္..
မ်က္ခမ္းအစ္အစ္ေလးေတြၾကည့္ရတာ ဒီေကာင္ေလး ခုနကေတာ့ တကယ္အိပ္ေပ်ာ္သြားပံုပဲ..
ဝမ္ရိေပၚက ေခ်တယ္ဆိုၿပီး နာမည္ႀကီးတယ္တဲ့..
သူၾကည့္တာေတာ့ ဒီတိုင္း ခ်စ္ဖို႔ေကာင္းတဲ့ မ်က္ေပတံုးေလးပါပဲ...

ေရွာင္က်န္႔ျပံဳးတာျမင္ေတာ့ ရိေပၚက သူ႔လက္ေခ်ာင္းေတြကို မရဲတရဲနဲ႔ ဆြဲတယ္..
ၿငိမ္ေနလိုက္ေတာ့ သူ႔လက္ဖဝါးေတြထဲ ေရွာင္က်န္႔လက္ေတြ ျမဳပ္သြားတဲ့အထိ ဆုပ္ကိုင္ထားေတာ့တာပဲ...

တလမ္းလံုးလဲ တခ်က္တခ်က္ ရထားခုန္တိုင္း လိုတာထက္ပုိၿပီး သူ႔နားကပ္ကပ္လာရင္း ရင္ဘတ္ႀကီးနဲ႔ဖိတတ္ေသးရဲ႕..

ရိေပၚက ပံုျပင္ထဲက ကုလားအုတ္ေလး နဲ႔တူတယ္..
ေခါင္းေလးဝင္ပါရေစ
လည္ပင္းေလး ဝင္ပါရေစနဲ႔ တျဖည္းျဖည္း ေရာင့္တက္လာသလိုမ်ိဳးေပါ့...

ဒါေပမယ့္.. ဒီေကာင္ေလးက ခ်စ္ဖို႔ေကာင္းတယ္..။

.

.

.

ေရွာင္က်န္႔တို႔ ၿမိဳ႕ေလးက ေဆာင္းတြင္းထဲစဝင္ေနသလိုမ်ိဳး ေအးစိမ့္ေနတယ္..
က်န္းလီက်ဲေျပာေတာ့ ဒီရာသီဥတုက ပံုမွန္ပဲတဲ့..
ဒါေပမယ့္ ဧည့္သည္ေလးဝမ္ရိေပၚကေတာ့ ပါးေလးေတြ ႏွာေခါင္းထိပ္ေလးေတြ ရဲတြတ္လာတဲ့အထိ သူ႔ကိုယ္သူ လက္ဖဝါးေတြနဲ႔ပြတ္ေနေတာ့တာပဲ..

ခရီးပန္းလာၾကတာမို႔ ေရွာင္က်န္႔ပါးပါးတို႔ကို ေနာက္မွ ႏႈတ္ဆက္ေတာ့မယ္ဆိုၿပီး က်န္းလီက်ဲတို႔က သူတို႔အိမ္ကို တန္းျပန္ၾကတယ္...
ရိေပၚကို ဘယ္မွာတည္းခ်င္လဲေမးေတာ့ ေရွာင္က်န္႔နားကေန မခြာေတာ့တဲ့ေကာင္ေလးကိုေတာ့ က်န္းလီက်ဲတို႔က အလိုက္တသိနဲ႔ထားခဲ့ေပးရဲ႕ ..

" ေကာ..ေကာ.. ခ်မ္းတယ္ "

ရိေပၚက တတြတ္တြတ္ရြတ္ၿပီး ေရွာင္က်န္႔လမ္းေလၽွာက္တဲ့အတိုင္း ေက်ာေနာက္ကေန တဖဝါးမခြာ လိုက္ကပ္ေလၽွာက္တယ္..

ပါးပါးတို႔ကို ႏႈတ္ဆက္ၿပီးတာနဲ႔ အရင္ဆံုး အေပၚထပ္က ေရွာင္က်န္႔အခန္းေရွ႕က အခန္းမွာ ရိေပၚကိုေနရာခ်ေပးရတယ္...
ဘယ္ေလာက္ေတာင္ခ်မ္းေနလဲမသိတဲ့ေကာင္ေလးက အခန္းထဲေရာက္တာနဲ႔ ေစာင္ပံုထဲပစ္ဝင္အိပ္ေတာ့တာပဲ..
ပါးစပ္ကေတာ့ ထံုးစံအတိုင္း တေကာကာနဲ႔ရြတ္ေနတုန္း..။

.

.

ညဘက္ဆို လေရာင္အျပင္ အိမ္ေလးေတြေရွ႕မွာ ထြန္းထားတတ္တဲ့ ဝါက်င့္က်င့္ မီးေရာင္ေလးေတြက ဟိုတဖ်တ္ ဒီတဖ်တ္လင္းတယ္...
ၿမိဳ႕ႀကီးျပႀကီးေတြလိုမဟုတ္တဲ့ တိတ္ဆိတ္မႈက ပုရစ္ေအာ္သံေလးေတြကအစ ခပ္သဲ့သဲ့ၾကားေနရျပန္တယ္..

တာဝန္က်လို႔ ဒီၿမိဳ႕ေလးကိုေရာက္လာတဲ့ပါပါးတို႔က ဒီမွာပဲ အေျခခ်မိတဲ့အထိ ၿမိဳ႕ေလးကိုခင္တြယ္ခဲ့တယ္..
ပါးပါးနဲ႔ ေဖေဖတို႔ရဲ႕ ႏွစ္ေယာက္သားဘဝတစ္ခုကို အတူတူစခဲ့တဲ့ ပထမဆံုးေနရာေလးျဖစ္ခဲ့လို႔ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခုထဲနဲ႔ လူေတြရဲ႕အတင္းအဖ်င္းစကားေတြကိုလဲ ဥေပကၡာျပဳၿပီး အမွတ္တရေတြကိုပဲ ဖက္တြယ္ခဲ့ၾကသတဲ့..

ေစတနာေတြက ေရာင္ျပန္ဟပ္တယ္လို႔ပါးပါးကယံုတယ္..
ဖြံ႕ၿဖိဳးမႈနည္းတဲ့ေဒသေလးမွာ ေဖေဖက ေဆးရံုေဆးခန္းေတြေဆာက္ေပးၿပီး ပါးပါးက ေဆးရံုအုပ္ႀကီးျဖစ္လာတဲ့အခါမွာေတာ့ လူေတြရဲ႕ အျမင္ေတြက ေကာင္းတဲ့ဘက္ကိုေျပာင္းလဲလာၾကတယ္..

အခု ဒီအေၾကာင္းေတြကိုေျပာျပေနတဲ့ပါးပါးထက္ ပါးပါးကို ၾကည့္ေနတဲ့ ေဖေဖ့မ်က္ဝန္းေတြရဲ႕ ေႏြးေထြးမႈက ေရွာင္က်န္႔ကို ပိုၾကည္ႏူးေစတယ္...

ေဖေဖ့လို လူမ်ိဳးက ထပ္ရွိႏိုင္ဦးမယ္လို သူမထင္ဘူး..
ပါးပါးက ေရွာင္က်န္႔လိုမဟုတ္ဘဲ သိပ္ကိုကံေကာင္းပါတယ္..

" ေရွာင္က်န္႔....က်န္႔ေကာ.. "

အိမ္ထဲက အသံသဲ့သဲ့က သူရယ္ ပါးပါးတို႔ရယ္ ထိုင္ေနတဲ့ ျခံဝင္းေလးထဲထိ ပ်ံႏွံ႔လာတယ္..
သူ႔ကိုရွာေနတဲ့ ရိေပၚအသံေၾကာင့္ သူ မ်က္ႏွာပူစြာနဲ႔ ဂုတ္ကိုပြတ္ေနမိေတာ့ ေရွ႕က ပါးပါးက ေဖေဖ့ကို လွမ္းျပံဳးျပလိုက္သလားလို႔..

" သြားလိုက္ဦး.. ကေလးအေဖေလး."

" အာ.. ပါးပါးကလဲ "

ေရွာင္က်န္႔ရွက္ရွက္နဲ႔ပဲ ထလာလိုက္တယ္..
သူ႔ကိုယ္သူလဲ သိပ္ေတာ့ နားမလည္ခ်င္ေတာ့ဘူး..

ရိေပၚက အရင္ကလို လူဆိုးဂ်စ္တူးေလးလုပ္ၿပီး ပိုးပန္းရင္ေတာင္ သူ႔မွာ ျငင္းလို႔ ဆူလို႔ရေသးတယ္..
အခုေတာ့ သူေျပာသမၽွစကားတိုင္း လိုက္ခံစားၿပီး ဝမ္းနည္းလြယ္လိုက္ ေပ်ာ္လြယ္လိုက္ျဖစ္ေနတဲ့ ရိေပၚေၾကာင့္ သူ ထင္တာထက္ပို ေပ်ာ့ညံ့ေနမိသလိုပဲ..
မျဖစ္ေသးပါဘူး..။

အိမ္ထဲဝင္လိုက္တာနဲ႔ သူ႔ဆီတန္းေျပးလာတဲ့ ေကာင္ေလးက ဖြာလန္ၾကဲဆံပင္ေတြနဲ႔ ဘယ္ႏွထပ္မွန္းမသိတဲ့ အေႏြးထည္ေတြ ၾကားမွာျမဳပ္ေနရဲ႕..

ပါးပါးတို႔ စေနာက္သလိုမ်ိဳး တကယ္လဲ ေရွာင္က်န္႔က ကေလးေခၚလာသလိုျဖစ္ေနတယ္...

ရိေပၚက ဗိုက္ဆာလဲ သူ႔ကိုရွာတယ္..
ထမင္းစားရင္လဲ ေဘးကေနမလႊတ္ဘူး..
ျခံထဲလမ္းေလၽွာက္ရင္လဲ ကပ္ရပ္ပါျပန္တယ္..
ပါးပါးတို႔နဲ႔စကားေျပာရင္လဲ ေဘးမွာၿငိမ္ၿငိမ္ေလးထိုင္ၿပီး သူ႔ကိုၾကည့္ေနတတ္တာမို႔ တခ်က္ခ်က္ သူ႔မွာ မ်က္ႏွာေတြပူရျပန္တယ္..

ဧည့္သည္ဆိုတဲ့ ရပိုင္ခြင့္ကို ဝမ္ရိေပၚက အျပည့္အဝအသံုးခ်တတ္ျပန္တယ္..
လူလစ္တာနဲ႔ ေရွာင္က်န္႔လက္ေတြကို လာလာဆုပ္ကိုင္ထားရင္းနဲ႔ သူ႔အပိုင္လိုမ်ိဳးလဲ ျပဳမူတတ္ေသး..။

.

.

.

ဒီကိုေရာက္ေရာက္ခ်င္း တညေနလံုးအိပ္ထားထာမို႔ ရိေပၚညဘက္က် ေသခ်ာအိပ္မေပ်ာ္ေတာ့ဘူး..
အိပ္ရာေပၚလူးလိမ့္ရင္းနဲ႔ အခ်ိန္ေတြကုန္လာတာ လင္းစျပဳလာတဲ့အထိမို႔ မထူးပါဘူးဆိုၿပီး
မ်က္ႏွာသစ္သန္႔ရွင္းၿပီး ျခံထဲဆင္း ေဆးလိပ္ထိုင္ေသာက္ေနလိုက္တယ္..
ေငးစရာမရွိေပမယ့္ စိမ့္စိမ့္ေလးေအးေနတဲ့ အေအးဓာတ္နဲ႔ စထြက္ခါစ ေရာင္နီႏုႏုေလးက ခံစားခ်က္အသစ္တမ်ိဳးကိုေပးျပန္တယ္..

" ရိေပၚ ? "

လွည့္ၾကည့္လိုက္ေတာ့ သူ႔က်န္႔ေကာက အိမ္ေပါက္ဝမွာရပ္ေနရဲ႕..

" ေစာေစာႏိုးေနတာလား..ေအးလာရင္ အိမ္ထဲဝင္ေနာ္ "

ေျပာၿပီးျပန္လွည့္သြားတဲ့ ေရွာင္က်န္႔ေနာက္ကို ရိေပၚလိုက္ဝင္တယ္..
ေအးလို႔ဆိုတာထက္ ေရွာင္က်န္႔အနားေနခ်င္လို႔ ဆိုတာေတာ့ ထူးေထြေျပာေနစရာ မလိုေတာ့ပါဘူး..

ေရွာင္က်န္႔ က သူ႔ကို ေကာ္ဖီတခြက္ခ်ေပးၿပီး မီးဖိုေခ်ာင္ထဲမွာ တကုတ္ကုတ္နဲ႔ အလုပ္ရႈပ္ေနေလရဲ႕..
ေအပရြန္အဝါေလးနဲ႔ ေရွာင္က်န္႔က ခါတိုင္းနဲ႔မတူဘဲ ပိုခ်စ္ဖို႔ေကာင္းေနတယ္..
ႏိုးကာစမို႔ မ်က္ႏွာေဖာင္းေဖာင္းေလး မ်က္ဝန္းအစ္အစ္ေလးေတြနဲ႔ နဖူးေပၚက်ေနတဲ့ ဆံပင္ဝဲဝဲေလးက ပိုငယ္တဲ့ပံုေပါက္ေစျပန္တယ္...
အင္း..စိတ္ကိုမခ်ပါဘူး..

" ေကာ.. "

" အင္း "

" ကၽြန္ေတာ့္ေကာင္ေလး လုပ္ပါလား "

ၾကက္သားျပဳတ္မယ့္အိုးထဲ ေရွာင္က်န္႔ထည့္ေနတဲ့ ေရဘူးထဲကေရေတြက အရွိန္မထိန္းႏိုင္ဘဲ အလံုးလိုက္ဝင္သြားတယ္..
လာေနာက္မေနနဲ႔ လို႔ခပ္တိုးတိုးေျပာၿပီး ေရေတြသြန္ေနတဲ့ က်န္႔ေကာေနာက္ေက်ာကိုၾကည့္ၿပီး သူမခ်င့္မရဲျဖစ္လာတယ္..

" အေျဖဘယ္ေတာ့ေပးမွာလဲ "

" ေပါက္ကရေတြေျပာမေနနဲ႔ ရိေပၚ "

" ေပါက္ကရမဟုတ္မွန္း ေကာသိသိႀကီးနဲ႔.. "

ၾကားျဖတ္ဝင္လာတဲ့ ေရွာင္က်န္႔ရဲ႕သက္ျပင္းခ်သံေတြၾကား ရိေပၚရဲ႕စကားက အဆံုးသတ္မွာ တိုးလ်သြားတယ္...
ေလးေလးနက္နက္ပဲေျပာေျပာ ေပါ့ေပါ့ပါးပါးပဲေျပာေျပာ ဒီကိစၥနဲ႔ပတ္သတ္ရင္ေတာ့ ေရွာင္က်န္႔က ဘယ္ဘက္ကစည္းကိုမွ ေလ်ာ့ေပးဖို႔ မစဥ္းစားထားဘူးထင္ရဲ႕..၊

ေရွာင္က်န္႔က ထမင္းဟင္းေတြတည္ၿပီးေတာ့ ဂ်ံဳမႈန္႔ထုတ္ႀကီး ထုတ္လာတယ္..
ဘာလုိ႔ အမ်ားႀကီး ျပင္ဆင္ေနတာလဲ ေမးမိေတာ့ သူ႔ပါးပါးတို႔ကို ကုိယ္တိုင္ခ်က္ေကၽြးခ်င္လို႔တဲ့..
သူ႔က်န္႔ေကာက သားလိမၼာေလးဆိုၿပီး ရိေပၚကေတာ့ အသားလြတ္မာန္တက္ခ်င္လာတာပဲ...

" ကၽြန္ေတာ္ ဘာလုပ္ေပးရမလဲ "

" ၿငိမ္ၿငိမ္ေလးရပ္ေန "

" ေကာကလဲ "

တကယ္ေတာ့ ရိေပၚ ဘူပိတ္ေနတယ္..
မိုးကလဲ ေသခ်ာမလင္းေသးဘူး..
က်န္႔ေကာနဲ႔သူ ႏွစ္ေယာက္ထဲပဲရွိတယ္..
ဒီအေျခအေနမွာ သူပိုင္တဲ့.. အင္း.. သူအတင္းပိုင္ထားတဲ့ က်န္႔ေကာလက္ေတြက ဂ်ံဳေတြနယ္ေနေတာ့ အတင္းဆြဲကိုင္ေနက် ရိေပၚလက္ေလးက အခြင့္အေရးေတြ ဆံုးရွံုးေနတာ အဆင္မေျပလွဘူး..

လူဆိုးေလးက တခုခု ၾကံေနတုန္း ေရွာင္က်န္႔ကေတာ့ ဂ်ံဳမႈန္႔ေတြၾကား တေယာက္ထဲႏွင္းေတြေဝေနတယ္..
မ်က္ႏွာေရာ ေခါင္းေပၚေရာမွာ အျဖဴမႈန္႔ေလးေတြကတလက္လက္..

" ေကာမ်က္ႏွာမွာ.. "

" အင္း.. ထားလိုက္ "

" ကၽြန္ေတာ္သုတ္ေပးမယ္ေလ..ေနာ္ "

ရိေပၚရဲ႕ ခပ္ခၽြဲခၽြဲေလသံေၾကာင့္ ေရွာင္က်န္႔ျငင္းဖို႔ ေမ့ေနတုန္းမွာပဲ သူ႔ပါးေပၚကို ခပ္ေႏြးေႏြးအထိအေတြ႕က က်လာတယ္..

" တစ္ရႉးရွိတယ္ေလ "

" ရတယ္..မလိုဘူး "

ရိေပၚကေဘးနားလာရပ္ရင္း သူ႔ပါးေလးကို လက္မနဲ႔ ခပ္ဖြဖြဖိပြတ္တယ္..
ေရွာင္က်န္႔ကို အေနာက္ကပတ္ေလၽွာက္ရင္း သူ႔လက္ေတြနဲ႔ ဟိုဘက္ပါးကိုပြတ္လိုက္ ဒီဘက္ပါးကိုတို႔လိုက္နဲ႔ တေယာက္ထဲ အလုပ္ရႈပ္ေယာင္ေဆာင္ေနတဲ့ ရိေပၚေၾကာင့္ သူ နည္းနည္းေတာ့ ၾကည္ႏူးမိတယ္ထင္တယ္ ..

" ေကာတို႔ၿမိဳ႕က ဂ်ံဳက အနက္ေရာင္လဲထြက္တာပဲလား "

" ဟမ္ "

ေရွာင္က်န္႔ သူ႔ေရွ႕က မုန္႔ႏွစ္ဇလံုကို ငံု႔ၾကည့္မိတယ္..
အနက္နဲ႔တူတာဘာမွမေတြ႕..

" ဒီမွာေလ..စားခ်င္စရာေလး "

ရိေပၚက ေရွာင္က်န္႔ႏႈတ္ခမ္းေထာင့္ကို ခပ္ဖြဖြဖိပြတ္ၿပီး ေျပာလာတယ္..
လွည့္ၾကည့္မိလိုက္ေတာ့ ရိေပၚအၾကည့္ေတြက သူ႔ႏႈတ္ခမ္းေတြနားမွာ ေမ့ေမ့ေမာေမာတည္တယ္..

အခ်ိန္ေတြက ရပ္သြားတယ္..
မွဲ႔နက္ေလးကို ဖိကစားေနတဲ့ ရိေပၚလက္ေတြက သူ႔ေအာက္ႏႈတ္ခမ္းဆီ တေရြ႕ေရြ႕နဲ႔ ခပ္ဖြဖြပြတ္လာတဲ့ အထိအေတြ႕မွာ ေရွာင္က်န္႔က အလန္႔တၾကားနဲ႔ ရုန္းထြက္မိတယ္..

" သြားထိုင္ေနေတာ့ "

" ေကာ.. "

ေလာဘေသးေသးေလးစြက္ေနတဲ့ ရိေပၚအသံေဖ်ာ့ေဖ်ာ့ကို ေရွာင္က်န္႔ ဥေပကၡာျပဳလိုက္တယ္..
တကယ္တမ္းေတာ့သူ႔ႏႈတ္ခမ္းမွာ ရိေပၚလက္ဖ်ားက ေဆးလိပ္နံ႔က ယုယုယယကို စြဲကပ္ေနခဲ့ရဲ႕ ...

.

.

" Happy Birthday အားက်န္႔ "

က်န္းလီက်ဲက စေတာ္ဘယ္ရီတျခင္းကို ေရွာင္က်န္႔ကိုလွမ္းေပးရင္း ေျပာလာရဲ႕..

အင္း..ဒီေန႔ သူ႔ေမြးေန႔
သူမ်ားေတြလို သူငယ္ခ်င္းေတြေပါေပါမ်ားမ်ားမရွိတဲ့သူမို႔ အထူးတလည္မလုပ္ခ်င္ေပမယ့္ က်ဲတို႔ကေတာ့ ႏွစ္တိုင္း ပါးပါးတို႔နဲ႔ တူတူျဖတ္သန္းျဖစ္ေအာင္ တိုက္တြန္းတတ္တယ္..

ေရွာင္က်န္႔က ေလာဘေတြ မႀကီးခ်င္ဘူး..
သူခ်စ္တဲ့သူေတြ သူ႔နားရွိေနရံုနဲ႔ သူက ေရာင့္ရဲလိုက္ဖို႔ အသင့္ပဲ..။

မနက္စာစားၿပီးလို႔ ပါးပါးတို႔အလုပ္သြားေတာ့ သူလဲ က်န္းလီက်ဲတို႔အိမ္ကို သြားႏႈတ္ဆက္ဖို႔ျပင္ရတယ္..
က်ဲတို႔ ပါးပါးနဲ႔မားမားက ေရွာင္က်န္႔ရဲ႕ ဒုတိယမိဘေတြလိုပဲ..

" အားက်န္႔.. ရိေပၚေရာ "

" အေပၚတက္သြားတယ္ထင္တယ္.. ကၽြန္ေတာ္သြားေခၚလိုက္ဦးမယ္ "

မနက္က ကိစၥၿပီးထဲက သူ႔မ်က္ႏွာကို အရိပ္တၾကည့္ၾကည့္လုပ္ေနတဲ့ ရိေပၚက ပါးပါးတို႔ႏိုးလာၿပီး သူ႔ေမြးေန႔မွန္းသိသြားတဲ့ အခ်ိန္ကစၿပီး စကားမေျပာေတာ့ဘဲ မ်က္ႏွာေလးကအစ တည္ေနခဲ့တာ..

မနက္စာကိုလဲ ဟုတ္တိပတ္တိမစားသလို စကားလဲတခြန္းမွဝင္မေျပာဘဲ စားၿပီးတာနဲ႔အေပၚထပ္ တက္သြားေတာ့တာပဲ..

ခင္တာမၾကာေသးေပမယ့္ ေရွာင္က်န္႔က ရိေပၚမ်က္ႏွာရိပ္ကို ေကာင္းေကာင္းအကဲခတ္တတ္ေနၿပီ..
ဒီတခါက စိတ္ေကာက္တာထက္ပိုတယ္လို႔ သူေတြးမိေနတယ္..

အခု သြားေခၚေတာ့လဲ မလိုက္ေတာ့ဘူးဆိုၿပီး ျငင္းျပန္တယ္..
သူ႔မ်က္ႏွာကို တခ်က္ေတာင္မၾကည့္ဘဲနဲ႔တဲ့..
ရိေပၚကေလ..အဲဒီ ေကာင္ေလးကေလ..။

.

.

.

မားမားတို႔နဲ႔စကားေတြေျပာရင္း ညဘက္မွ သူ အိမ္ျပန္လာျဖစ္တယ္..
ထံုးစံအတိုင္း က်န္းခ်န္ကလိုက္ပို႔တာပါပဲ..

" ေကာ..မနက္ျဖန္လာခဲ့ရမွာလား "

" ငါ... ရိေပၚနဲ႔သြားမလားလို႔ "

" ေတြ႕လား..ေတြ႕လား..အသစ္ျမင္ေတာ့ ပစ္ပီ.. လူေတြမ်ား.."

ပြစိပြစိနဲ႔ ဒီလူပ်ိဳႀကီးေပါက္စက သူရဲ႕ CEO တဲ့..
ႏွစ္ေတြၾကာတာေတာင္ က်န္းခ်န္က ငယ္ငယ္ကအတိုင္း တပံုစံထဲ မ်က္ေစာင္းထိုးတတ္ေနတုန္းပဲ...
သူတို႔ေတြေၾကာင့္ပါပဲ..
ေရွာင္က်န္႔က အခ်စ္ထက္ သံေယာဇဥ္ေတြကို ပိုယံုခဲ့တယ္..။

ပါးပါးတို႔ကို ႏႈတ္ဆက္ၿပီး အေပၚထပ္တက္ေတာ့ အခန္းထဲကထြက္ေတာ့မယ့္ ရိေပၚနဲ႔ ဆံုတယ္..
သူ႔ကိုျမင္ေတာ့ အထဲျပန္ဝင္သြားတဲ့ေကာင္ေလးကို ေရွာင္က်န္႔က မ်က္ေမွာင္ၾကဳတ္ၾကည့္တယ္..
တခုခုေတာ့မွားေနသလိုပဲ..

" ရိေပၚ.. ေကာဝင္ခဲ့မယ္ "

တံခါးေခါက္ၿပီးတာနဲ႔ ေရွာင္က်န္႔က အေျဖကိုမေစာင့္ဘဲတန္းဖြင့္တယ္...
ရိေပၚက ကုတင္ေပၚမွာ သူကိုေက်ာေပးၿပီး laptop တစ္လံုးနဲ႔ အလုပ္ရႈပ္ေနရဲ႕...
အလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနတယ္ လို႔ေျပာရင္ ပိုမွန္ေလာက္မယ္ထင္တယ္..
ေရွာင္က်န္႔ ရိေပၚေဘးဝင္ထိုင္ေတာ့ ရိေပၚက laptop ေဘးခ်ၿပီး ထထြက္ဖို႔ျပင္တယ္..

" ဝမ္ရိေပၚ.. ျပန္ထိုင္စမ္း "

ထြက္ေလၽွာက္မယ့္ေျခလွမ္းေတြရပ္သြားေပမယ့္ ရိေပၚက မတ္မတ္ရပ္ေနတုန္းမို႔ ေရွာင္က်န္႔ကပဲ မ်က္ႏွာခ်င္းဆိုင္ကို ေလၽွာက္သြားလိုက္ရတယ္..

" တေန႔လံုး ဘာျဖစ္ေနတာလဲ..ေျပာ "

" ဘာျဖစ္ျဖစ္ "

ဘာျဖစ္ေနမွန္းမသိတဲ့ ရိေပၚကို ေရွာင္က်န္႔က ဘယ္လိုကိုင္တြယ္ရမလဲဆိုတာကိုက အစေပ်ာက္ေနျပန္တယ္..
ေရွ႕ကေကာင္ေလးက ေခါင္းတြင္တြင္ငံု႔ထားတာမို႔ မ်က္ေတာင္ဖ်ားေတြကလြဲၿပီး သူဘာမွမျမင္ရ..

" ဘာလို႔ ေကာကိုေရွာင္ေနတာလဲ... "

" .... "

" မနက္ကလဲ ေကာင္းေကာင္းမစားဘူး..  ညစာေရာစားၿပီးရဲ႕လား "

" .... "

" ရိေပၚ..ဘာျဖစ္ေနတာလဲ..တခုခုျပန္ေျပာစမ္း.."

" ခုမွ လာဂရုစိုက္မေနနဲ႔ "

ဒီမွာေနတဲ့ေတာက္ေလၽွာက္ သူ ဂရုမစိုက္မိတာမ်ားရွိခဲ့လားဆိုၿပီး ေရွာင္က်န္႔ စဥ္းစားသြားရတယ္..

" ကၽြန္ေတာ့္ကို အရူးလုပ္ရတာေပ်ာ္လား..ဟမ္.. မပတ္သတ္ခ်င္ဘူးဆိုတာကို ဒဲ့ေျပာရင္လဲရပါတယ္.. ဒီလိုတခမ္းတနားနဲ႔ အရွက္ခြဲဖို႔လိုလို႔လား.. ဟမ္..ေရွာင္က်န္႔! "

ခ်က္ခ်င္းေပါက္ကြဲထြက္လာတဲ့ ရိေပၚစကားေတြကို ေရွာင္က်န္႔တလံုးမွ နားမလည္ေပမယ့္ စိတ္ေကာက္ေနရံုေလးဆိုၿပီး သူ႔ေလ်ာ့တြက္ခဲ့မိတာ လံုးလံုးလ်ားလ်ားကို မွားခဲ့ျပန္တယ္ထင္ရဲ႕..
နီရဲေနတဲ့ မ်က္ႏွာေလးက ေဒါသေၾကာင့္ျဖစ္ၿပီး က်စ္က်စ္ဆုပ္ထားတဲ့ လက္သီးဆုပ္ေတြက ရိေပၚ သူ႔ကိုယ္သူထိန္းခ်ဳပ္ေနရတဲ့ ပံုစံေတြလား..

" ခဏ..ခဏေလး..ရိေပၚ..ေသခ်ာေျပာ.. "

" ခင္ဗ်ားျပန္ေတာ့..သြားဗ်ာ "

သူ႔အိမ္ကေန သူ႔ကိုျပန္ေမာင္းထုတ္ေနတဲ့ေကာင္ေလးက ေရွာင္က်န္႔ကို ထိလဲမထိရက္သလို တြန္းဖို႔ဟန္ျပင္တဲ့လက္ေတြကလဲ ေလထဲမွာပဲေပ်ာက္ကုန္တဲ့အထိ ေယာက္ယက္ခတ္ေနျပန္တယ္..

ေနာက္ဆံုး သည္းမခံႏိုင္ေတာ့တဲ့ ေရွာင္က်န္႔ကပဲ အဲဒီလက္ေတြကိုဆြဲၿပီး ရိေပၚကို ကုတင္ေပၚအတင္ဖိထိုင္ခိုင္းရင္း သူပါေဘးက ဝင္ထိုင္တယ္..

" ရိေပၚ..ငါနားလည္ေအာင္ေျပာစမ္း.. တေယာက္ထဲအရူးထမေနနဲ႔ "

" ခင္ဗ်ား..ေရွာင္က်န္႔..ခင္ဗ်ားဗ်ာ "

တမိုးေအာက္တေယာက္ ဝမ္ရိေပၚက ငိုတယ္တဲ့...
အရင္တခါေတြလို ခိုးငိုတာမ်ိဳးမဟုတ္ဘဲ ရွိုက္ရွိုက္ၿပီးေတာ့ကို ငိုတာမို႔ ေရွာင္က်န္႔ေၾကာင္ၾကည့္ေနမိတယ္..

ဘာမွမေျပာဘဲ အငိုတိတ္တဲ့ထိ ထိုင္ၾကည့္ၿပီးေစာင့္ေနလိုက္ေတာ့ အဝငိုၿပီးတဲ့ ရိေပၚက မ်က္ရည္သုတ္ၿပီး သူ႔ဘက္ကို ေပေစာင္းေစာင္းၾကည့္လာတယ္...
ေရွာင္က်န္႔က ေျပာေတာ့ဆိုတဲ့ပံုစံနဲ႔ေမးေငါ့ျပေတာ့ ရိေပၚက ျပန္လွည့္သြားရင္း ဘာမွမရွိတဲ့ ေရွ႕တည့္တည့္ကိုလွည့္သြားၿပီး တည္တည္ေလး ေျပာလာတယ္..

" ဒီေန႔ ခင္ဗ်ားေမြးေန႔ဆိုတာ ဘာလို႔မေျပာတာလဲ "

" အာ..ေနပါဦး.. အခုက ငါ့ေမြးေန႔မသိရလို႔ငိုတာလား "

" ေရွာင္က်န္႔!! ကၽြန္ေတာ္ကေလးမဟုတ္ဘူး "

" ဒါဆို.."

" ကၽြန္ေတာ္က ေကာအတြက္ဘာလဲ "

" .... "

" ကၽြန္ေတာ္သာ ဇြတ္မလိုက္ခဲ့ရင္ ေကာရဲ႕ေမြးေန႔ဆိုတာကိုေတာင္ ကၽြန္ေတာ္သိခြင့္ရွိပါ့မလား... ကၽြန္ေတာ့္ကလြဲၿပီး အကုန္လံုးက ခင္ဗ်ားအတြက္ႀကိဳျပင္ဆင္ေနၾကတာကို ဘာမွမသိတဲ့ ကၽြန္ေတာ္က ငတံုးလား"

" ..... "

" အကုန္လံုးရဲ႕ဆုေတာင္းေတြကိုေတာ့ ယူဖို႔ျပင္ဆင္ထားၿပီး ကၽြန္ေတာ့္ တေယာက္ထဲကိုပဲ ကြက္ပယ္ထားတာေရာ ခင္ဗ်ားေပ်ာ္လား..ဟမ္ "

" ရိေပၚ.."

" ခင္ဗ်ားကၽြန္ေတာ့္ကို မခ်စ္မွန္းသိတာေတာင္ ကၽြန္ေတာ္ကခ်စ္ေနရတဲ့သူဗ်...တမနက္လံံုးအတူတူရွိေနရက္နဲ႔ ဒီေန႔ဘာေန႔လဲဆိုတာေလး ေျပာျပဖို႔ကိုေတာင္ ခင္ဗ်ား ကၽြန္ေတာ့္အေပၚစိတ္မရွိဘူးဆိုတာ ေသခ်ာသြားပီ "

" ေတာ္ေတာ့ ရိေပၚ "

" ဟက္..ကၽြန္ေတာ္က ေစာက္တံုးပဲ "

ရွက္တဲ့စိတ္ ခံျပင္းတဲ့စိတ္ေၾကာင့္ မငိုလဲ မ်က္ရည္ေတြကက်ျပန္တယ္..
သူ ဒီခရီးကိုမလိုက္ခဲ့သင့္ဘူး..

" မငိုနဲ႔ေတာ့ ေခါင္းကိုက္မယ္ "

ေရွာင္က်န္႔အသံ ႏူးညံ့ေနတာကိုလဲမုန္းတယ္..
မလိုအပ္ပဲ ဟန္ေဆာင္ျပေနတာကိုလဲ မလိုခ်င္ဘူး..

" သြားပါ..ခင္ဗ်ား အတူတူအခ်ိန္ကုန္ခ်င္တဲ့ သူေတြဆီပဲသြား.. "

" .... "

" တဝိုင္းထဲထိုင္ေနရတာေတာင္ ခင္ဗ်ားစိတ္ပ်က္ေနခဲ့တာမလား.. ကြယ္ရာမွာ ကၽြန္ေတာ့္ကို ေလွာင္ခ်င္ေလွာင္ေနဦးမွာ... "

ရိေပၚက ေျပာသင့္သင့္ မေျပာသင့္သင့္ အကုန္ေျပာထြက္လာတယ္...
အားငယ္ေနတဲ့စိတ္တျခမ္းက ဟန္ေဆာင္ဖို႔ေတာင္ အေမ့ေမ့အေလ်ာ့ေလ်ာ့ပဲ..

" အခုေရာ ဘာလဲ.. ကၽြန္ေတာ္တေန႔လံုး ေရွာင္ေပးထားတာ မလံုေလာက္ေသးလို႔လား... ကၽြန္ေတာ့္မ်က္ႏွာျမင္ရင္ ခင္ဗ်ားစိတ္ရႈပ္တတ္လြန္းလို႔ ပုန္းေနေပးတာလဲ မေက်နပ္ေသးဘူးလား..ဟမ္ "

" ဟူး...ေတာ္ေတာ့ ရိေပၚ.. မင္းမဟုတ္တာေတြေျပာေနတာ မေမာေသးဘူးလား "

" ကၽြန္ေတာ္ေျပာတာ တလံုးမွမမွားဘူး "

" က်စ္.. "

" ခင္ဗ်ားက ကၽြန္ေတာ့္ကို ဘယ္တုန္းကမွ ၾကည္ျဖဴခဲ့တာမဟုတ္ဘူး "

အသံေတြ တိတ္ကုန္တယ္..
ေရွာင္က်န္႔က မတ္တပ္ထျပီး ရိေပၚကို ေက်ာခိုင္းရပ္တယ္...
ရိေပၚကေတာ့ အခ်ိန္ၾကာတဲ့အထိ မတုန္မလႈပ္နဲ႔ ေရွာင္က်န္႔ ထိုင္ခိုင္းထားတဲ့ေနရာေလးမွာ ၿငိမ္သက္ေနတုန္း..

ေျပာခ်င္တာေတြေျပာလိုက္ရလို႔ ရိေပၚမေက်နပ္စိတ္ေတြက အနည္ထိုင္လာတယ္...
ဒါေပမယ့္ ဝမ္းနည္းတဲ့စိတ္နဲ႔ သူၿငိမ္သက္ေနတုန္း..

အရာေရာက္ခ်င္သမၽွက အရာမထင္ေတာ့ အခုခ်ိန္မွာ သူေပ်ာက္ကြယ္ခ်င္ေတာ့တာပဲ သိတယ္..

" ရိေပၚ "

အသံနဲ႔အတူ ေရွာင္က်န္႔ဝင္ထိုင္လိုက္တဲ့ ကုတင္ကအိခနဲ..
ေရွာင္က်န္႔က ရိေပၚဘက္ကို မ်က္ႏွာမူၿပီးထိုင္တယ္..

တကယ္ပါပဲ..
ဒီေကာင္ေလးက သူတားထားတဲ့အကာအရံေတြကို တေျမ့ေျမနဲ႔ ရိုက္ခ်ိဳးေနေတာ့တာပဲ..

" တကယ္ေတာ့ ေကာမနက္က ေျပာမလို႔ပဲ..ဒါေပမယ့္.. "

သူ႔ကိုျပန္မၾကည့္ေသးေပမယ့္ ဆက္ေျပာမယ့္စကားကို နားေထာင္ေနမွန္းသိသာစြာ ရိေပၚက ၿငိမ္သက္ေနေလရဲ႕..
ဒါေပမယ့္ မနက္က သူရင္အခုန္လြန္သြားလို႔ မေျပာျဖစ္တာ ဆိုတဲ့စကားကို ေရွာင္က်န္႔ ဘယ္လိုေျပာရမလဲ..

" အင္း.. မနက္က... ေကာအလုပ္ရႈပ္ၿပီးေမ့သြားတာ.. မးင္ကို တမင္မေျပာတာမဟုတ္ဘူး..တကယ္ပါ.. အထင္မလြဲနဲ႔ေတာ့.. "

" .... "

"ေနာ္.. ကေလးေလး "

သူစကားအဆံုးမွာ ဆတ္ခနဲလႈပ္သြားတဲ့ကိုယ္ေလးနဲ႔ လွည့္ၾကည့္ခ်င္တာေတာင္ အတင္းထိန္းထားပံုရတဲ့ ဂ်စ္တူးေလးက တကယ္ ခ်စ္ဖို႔ေကာင္းတယ္..
လက္ကေလးႏွစ္ဖက္က တုန္တုန္ယင္ယင္နဲ႔ က်စ္က်စ္ပါေအာင္ ဆုပ္ထားေသး..

" အဟမ္း... ေကာကို ဖက္ခ်င္လား "

" ..... "

" ေကာမွားတာမို႔ ခဏေပးဖက္မယ္ေလ.. တကယ္လို႔ ရိေပၚ မဖက္ခ်င္ရင္လဲ..အင့္ "

ရိေပၚက သူ႔ရင္ခြင္ထဲ အရွိန္နဲ႔ အလံုးလိုက္ေလးပစ္ဝင္လာတယ္...
ခ်မ္းလို႔ဆိုၿပီး အေႏြးထည္ေတြအထပ္ထပ္နဲ႔ ေကာင္ေလးရဲ႕ကိုယ္ေငြ႕က တကယ္လဲ ေႏြးေနေလရဲ႕..

" ေကာ.. "

" အင္း "

" ကၽြန္ေတာ့္ ေကာင္ေလးလုပ္ "

" ေအာ္.. ဖက္လို႔ဝသြားပီေပါ့ "

" ဟင့္အင္း..မေျပာေတာ့ဘူး "

ေရွာင္က်န္႔က အသံတိတ္ရယ္ၿပီး ရိေပၚဆံပင္ေတြကို ခပ္ဖြဖြပြတ္ေပးေတာ့ ရိေပၚက ေရွာင္က်န္႔ခါးေပၚက သူ႔လက္ေတြကို တင္းက်ပ္ပစ္တယ္..
ထပ္ၿပီး ေရွာင္က်န္႔လည္ပင္းၾကားထဲ မ်က္ႏွာတစ္ခုလံုးကို မရမက တိုးဝင္လာေတာ့ ရိေပၚရဲ႕ ဝင္သက္ထြက္သက္အစံုက ေရွာင္က်န္႔လည္ပင္းတဝိုက္မွာ ခပ္ေႏြးေႏြးေလး နားခိုျပန္ရဲ႕...

" ခင္ဗ်ားကို မုန္းၾကည့္လို႔လဲမရဘူး .. ရူးေတာ့မွာပဲ "

အဲဒီညက ေရွာင္က်န္႔ကို ရိေပၚက ေတာ္ေတာ္နဲ႔ မလႊတ္ေပးခဲ့ဘူး..
ေရွာင္က်န္႔ကိုယ္တိုင္ခြင့္ျပဳခဲ့တဲ့ ေထြးေပြ႕ျခင္းကို ရိေပၚက တျမတ္တႏိုးနဲ႔ သူတဦးထဲအပိုင္ဆိုၿပီး ေလာဘတႀကီး သိမ္းဆည္းခဲ့ေတာ့တာပဲ..

ေရွာင္က်န္႔ေျပာတာမွန္တယ္...
ရိေပၚက တကယ္လဲ ကုလားအုတ္ေလးပဲ ။

~ ~ ~ ~ ~ ~ ~

[ Unicode ]

ကျန့်ကောတို့ မြို့လေးက ရိပေါ်ထင်ထားတာထက် ပိုဝေးတယ်..
တော်ရုံတန်ရုံ လေယာဉ်စီးလေ့မရှိဘူးဆိုတဲ့ ကျန့်ကောကြောင့် ကျန်းချန်ကားနဲ့ ၈ နာရီ နီးပါးမောင်းပြီး ရောက်တဲ့မြို့လေးကနေ သူတို့ ရထားတဆင့်ထပ်စီးရပြန်တယ်..
မြို့ခံတွေကလွဲပြီး စီးမယ့်သူသိပ်မရှိတဲ့ ရထားဘူတာလေးရဲ့ အငွေ့အသက်လေးကအစ သူတို့မြို့ကြီးပြကြီးတွေလိုမဟုတ်ဘဲ ချမ်းစီးစီးလေးနဲ့ နွေးထွေးလတ်ဆတ်နေရဲ့ ..။

ခရီးတွေဆက်ပြီး ရိပေါ်တယောက်ပင်ပန်းနေပေမယ့် သူ ပျော်တယ်..
သတိရလို့ လှည့်ကြည့်လိုက်တိုင်း သူ့ကျန့်ကောက သူ့ဘေးမှာရှိနေခဲ့တယ်ဆိုတဲ့ အသိက သူ့ကို နွေးထွေးစေတယ်..

ကားမောင်းနေတဲ့ ကျန်းချန် အိပ်ငိုက်မှာစိုးလို့ မုန့်စားလိုက် စကားပြောလိုက်နဲ့ လမ်းတလျှောက်လုံး သူတို့ အချိန်တွေဖြုန်းခဲ့ကြတယ်..
လေးယောက်သား စကားဝိုင်းဆိုပေမယ့် တချို့မေးခွန်းတွေကိုပြန်ဖြေတာကလွဲလို့ သူက နားထောင်သူ သက်သက်ပဲလုပ်ဖြစ်တယ်..

တကယ်တော့ ရိပေါ်က စကားမပြောချင်ဘူး..
ရှောင်ကျန့်ကိုပဲကြည့်နေချင်တာ..
ဒီနေ့ အရင်ကထက်ပိုပြီး ရှောင်ကျန့်က အရယ်အပြုံးတွေ ရက်ရက်ရောရောပေးတယ်..
စကားတွေပြောနေရင်းကနေ ထရယ်တတ်တဲ့အခါ ပေါ်ပေါ်လာတဲ့ သွားဖြူဖြူလေးတွေက ရင်ခုန်ဖို့ကောင်းလွန်းတယ်..

ကျန့်ကောက ပျော်နေပုံပါပဲ..
စကားစတွေပြတ်သွားတဲ့အခါ ကင်မရာလေးထုတ်ပြီး ရှုခင်းတွေကို တဖျတ်ဖျတ်ရိုက်တယ်..
ပျင်းလာရင်တော့ မျက်လုံးတွေ မှိတ်ပြီး ငြိမ်ငြိမ်လေး မှေးနေတတ်တယ်..

ရထားပေါ်ရောက်တော့ ကျန်းလီကျဲနဲ့သွားထိုင်ဖို့ပြင်တဲ့ ရှောင်ကျန့်ကို ရိပေါ်က လှမ်းဆွဲတယ်..
ရှောင်ကျန့်ကို ခုံထောင့်ဘက်ထည့်ပြီး ရိပေါ်ကချက်ချင်း ဘေးမှာကပ်ထိုင်တော့ ရှောင်ကျန့် ကိုယ်လေးကျုံ့သွားတယ်..

" မထိပါဘူး ကောရဲ့ "

" အဲလိုမဟုတ်ပါဘူး...ဒီတိုင်း ရုတ်တရတ်မို့ "

အားနာသွားပုံနဲ့ ပြောလာတဲ့ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်က Mask အောက်ကနေ ကြိတ်ပြုံးတယ်..
တလမ်းလုံးမြိုသိပ်ခဲ့ရတဲ့ ရှောင်ကျန့်လက်တွေကို လှမ်းဆွဲကိုင်တော့ အဲဒီလူက အတင်းရုန်းပြန်တယ်..
လွှတ်မပေးဘဲ ပိုဖိညှစ်လိုက်တော့ ရှောင်ကျန့်က အံကြိတ်ရင်းခပ်တိုးတိုးပြောလာရဲ့..

" ရိပေါ်..လွှတ်စမ်း "

" မသိဘူး..အိပ်နေပြီ ..ကျွန်တော်အိပ်နေပြီ "

" ရိပေါ် ! မင်း ဘာဖြစ်နေလဲ "

" ဘာဖြစ်လို့လဲ အိပ်ချင်လို့ကို..ကောကလဲ "

" လွှတ်စမ်း..လူတွေနဲ့ "

" ဘယ်မှာလဲ မတွေ့ပါဘူး "

တကယ်လဲ ရထားက သူတိုပတ်ပတ်လည်ကခုံတွေမှာ ဘယ်သူမှမရှိဘဲ ရှင်းနေတယ်.
ကျန်းလီကျဲတို့ကို ရှက်မှာစိုးလို့တောင် တမင်တကာ တခုံကျော်မှာလာထိုင်နေတာကို ရှက်နေသေးတဲ့ ရှောင်ကျန့်ကို သူအသဲယားလို့သေတော့မှာပဲ..

သူ့ကိုဘုကြည့်ကြည့်နေတဲ့ ရှောင်ကျန့်က မရမကငြင်းဦးမယ့်ပုံမို့လို့ ရိပေါ် မသိချင်ယောင်ဆောင်ပြီး ခေါင်းမော့အိပ်လိုက်တယ် ..

" ဝမ်ရိပေါ် "

" မရှိဘူး.. အိပ်နေ..အားး..ကော ! "

လက်ဖျံကဆစ်ခနဲအသိကြောင့် ငုံ့ကြည့်လိုက်တော့ ရှောင်ကျန့်က သူ့လက်ကို ကိုက်နေတာများ..
အပေါ်ကကြည့်ရင် သူ အသည်းယားနေတဲ့ ယုန်သွားလေးနှစ်ချောင်းကပြူးလို့..
စိတ်ရှိလက်ရှိလုပ်ပစ်လိုက်ရင် တစစီဖြစ်တော့မှာပဲ ဒီလူတော့..

" လွှတ်တော့ "

" ရော့..ဒီဘက်ပါကိုက် "

" .... "

" ကိုက်လေ.. ပီးရင် ဟိုဘက်လက်ပါပေးကိုင် "

ရိပေါ်က ရယ်သဲ့သဲ့နဲ့ပြောတော့ ရှောင်ကျန့်က တကယ်ကြီးစိတ်ဆိုးသွားပုံပဲ..
ဘယ်လိုလုပ်လုပ် ရိပေါ်က လက်မလျော့မှန်း နားလည်သွားပုံရတဲ့ ရှောင်ကျန့်က ပြတင်းပေါက်ဘက်ငေးပြီး သူဘက်ပြန်မလှည့်လာတော့..

" ငါ မင်းကိုခေါ်လာမိတာမှားပြီ "

" ကော ! "

တခွန်းထဲပါပဲ..
တင်းတင်းဆုပ်ထားတဲ့ လက်တွေပြေလျော့သွားတယ်..
ရိပေါ်ဆီက သက်ပြင်းချသံတွေထွက်လာတယ်..
တိတ်ဆိတ်သွားတဲ့လေထုမှာ စိတ်ရှပ်ထွေးခြင်းကလွဲပြီး ဘာလတ်ဆတ်ခြင်း ဘာနွေးထွေးခြင်းမှ ရိပေါ်မခံစားရတော့ဘူး..
တကယ်ပါပဲ ..
အသက်ရှူရတာတောင် ပင်ပန်းလာတယ်..။

ရထားလေးက လိုက်ပါမယ့်သူနည်းပါးပေမယ့် တဘူတာပြီး တဘူတာ ရပ်တုန်းပဲ...
ရှောင်ကျန့် သူ့ဘေးနားမှာ လက်တင်းတင်းပိုက်ပြီး အိပ်နေတဲ့ ရိပေါ်ကိုလှမ်းကြည့်တယ်..
တကယ်အိပ်ပျော်နေတာဟုတ်မဟုတ် သူမသိပေမယ့် ရိပေါ်က တုတ်တုတ်မှမလှုပ်တော့တဲ့အပြင် ရထားခုန်တာတောင် သူ့ကိုလုံးဝမထိစေရဘဲ အိပ်နေပြန်တယ်..

ဒီတခါသက်ပြင်းချရတာက သူကိုယ်တိုင်ပဲ..
ခုနက စကားမှားသွားမှန်း သူသိသလို စိတ်ထဲပါလို့ပြောတာမျိုးမဟုတ်မှန်းလဲ သူ့ကိုယ်သူသိတယ်..
ပိုဆိုးတာက ဒီနောက်ပိုင်းမှ ရိပေါ်က အရမ်း ထိရှလွယ်လာသလိုမျိုးပဲ..

ရှောင်ကျန့် သူ့ကျောပိုးအိတ်ထဲက ပလတ်စတာတစ်ခုရှာပြီး ခုနက သူကိုက်ထားလို့ သွေးစို့နေတဲ့ ရိပေါ်လက်ကို ဆွဲယူကပ်ပေးလိုက်တော့ ရိပေါ်က သူ့ကို မျက်ဝန်းတွေမှေးပြီးကြည့်လာတယ်..

" နိုးသွားတာလား..ဆောရီး.."

" ..... "

" ပြန်အိပ်လိုက် ..ရောက်ရင်ကောနှိုးမယ် "

" ကော.. "

" ဟင် "

" ကျွန်တော်ပြန်ရမလား.. ကျွန်တော်.. "

ရှေ့ဆက်ပြောဖို့တွေဝေနေတဲ့ ကောင်လေးကို ရှောင်ကျန့်က အချိန်ပေးပြီး စိုက်ကြည့်တယ်..

" မင်းက ပြန်ချင်လို့လား "

" ကောမှ မနေစေချင်တာ "

" မနေစေချင်တာမှမဟုတ်တာ.. မင်းက ဆိုးတာလေ "

" လက်လေးပဲကိုင်မိတာကို "

" ငါမကြိုက်ဘူးလေ "

" ပြီးရော........ ပြန်လိုက်တော့မယ် "

နှုတ်ခမ်းတင်းတင်းစေ့ပြီး ပြတ်ပြတ်သားသားပြောလာတဲ့ ကောင်လေးကို ရှောင်ကျန့်က ဘာမှမပြောတော့ဘဲ မျက်မှောင်ကုတ်ကြည့်တယ်..

" မြင်နေရရင်ကို ထိချင်နေတာဘယ်လိုလုပ်မလဲ... မဟုတ်ဘူး.. မမြင်ရလဲ ကောကိုဆို ထိချင်ကိုင်ချင်နေတာကို အဲလိုကြီး တချက်လွှတ်မကိုင်ရအမိန့်ထုတ်မှဖြစ်မှာလား.. ပြီးတော့ ခုမှ လက်ကလေးပဲကိုင်ရသေး... ကောက ဒေါသတွေထွက်ပြနေတော့ ကျွန်တော်က ရှေ့လျှောက်ဘာဆက်လုပ်ရမှာလဲ.. တင်းလာပြီ တကယ် "

" ..... "

" ဘာမှမလုပ်ရမယ့်တူတူ ပြန်တာပဲကောင်းတယ် "

Mask ကိုပါဆွဲချပြီး အားရပါးရပြောနေတဲ့ ရိပေါ်က နောက်တယောက်ပြောင်းသွားသလို လုံးဝကိုစူပူတ်နေပြီ..
သကြားလုံးမစားရလို့ ပူဆာတတ်တဲ့ ကလေးလေးတွေလို ထော်ထွက်လာတဲ့ အောက်နှုတ်ခမ်းလေးကို ရှောင်ကျန့်က တအံ့တဩငေးတယ်..

သူ ရိပေါ်ငိုတာလဲမြင်ဖူးတယ်..
စိတ်ကောက်ပြီး မျက်မှောင်တွေ ကြုတ်ထားတဲ့ပုံလေးလဲမြင်ဖူးတယ်..
အခုလို စိတ်တိုပြီး စူပုတ်နေတဲ့ပုံက အော်ရယ်ချင်လောက်အောင် တကယ်ချစ်ဖို့ကောင်းတယ်..

" ဘာကိုပြန်မှာလဲ မပြန်ရဘူး "

" .... "

" mask ပြန်တပ်..လူတွေမြင်ကုန်မယ် "

ရှောင်ကျန့်ပြောပြောဆိုဆိုနဲ့ သူကိုယ်တိုင်ဆွဲတင်ပေးလိုက်တော့ ပေါ်နေတဲ့ ရိပေါ်မျက်ဝန်းလေးတွေက သူ့ကိုငေးနေပြန်တယ်..
မျက်ခမ်းအစ်အစ်လေးတွေကြည့်ရတာ ဒီကောင်လေး ခုနကတော့ တကယ်အိပ်ပျော်သွားပုံပဲ..
ဝမ်ရိပေါ်က ချေတယ်ဆိုပြီး နာမည်ကြီးတယ်တဲ့..
သူကြည့်တာတော့ ဒီတိုင်း ချစ်ဖို့ကောင်းတဲ့ မျက်ပေတုံးလေးပါပဲ...

ရှောင်ကျန့်ပြုံးတာမြင်တော့ ရိပေါ်က သူ့လက်ချောင်းတွေကို မရဲတရဲနဲ့ ဆွဲတယ်..
ငြိမ်နေလိုက်တော့ သူ့လက်ဖဝါးတွေထဲ ရှောင်ကျန့်လက်တွေ မြုပ်သွားတဲ့အထိ ဆုပ်ကိုင်ထားတော့တာပဲ...

တလမ်းလုံးလဲ တချက်တချက် ရထားခုန်တိုင်း လိုတာထက်ပိုပြီး သူ့နားကပ်ကပ်လာရင်း ရင်ဘတ်ကြီးနဲ့ဖိတတ်သေးရဲ့..

ရိပေါ်က ပုံပြင်ထဲက ကုလားအုတ်လေး နဲ့တူတယ်..
ခေါင်းလေးဝင်ပါရစေ
လည်ပင်းလေး ဝင်ပါရစေနဲ့ တဖြည်းဖြည်း ရောင့်တက်လာသလိုမျိုးပေါ့...

ဒါပေမယ့်.. ဒီကောင်လေးက ချစ်ဖို့ကောင်းတယ်..။

.

.

.

ရှောင်ကျန့်တို့ မြို့လေးက ဆောင်းတွင်းထဲစဝင်နေသလိုမျိုး အေးစိမ့်နေတယ်..
ကျန်းလီကျဲပြောတော့ ဒီရာသီဥတုက ပုံမှန်ပဲတဲ့..
ဒါပေမယ့် ဧည့်သည်လေးဝမ်ရိပေါ်ကတော့ ပါးလေးတွေ နှာခေါင်းထိပ်လေးတွေ ရဲတွတ်လာတဲ့အထိ သူ့ကိုယ်သူ လက်ဖဝါးတွေနဲ့ပွတ်နေတော့တာပဲ..

ခရီးပန်းလာကြတာမို့ ရှောင်ကျန့်ပါးပါးတို့ကို နောက်မှ နှုတ်ဆက်တော့မယ်ဆိုပြီး ကျန်းလီကျဲတို့က သူတို့အိမ်ကို တန်းပြန်ကြတယ်...
ရိပေါ်ကို ဘယ်မှာတည်းချင်လဲမေးတော့ ရှောင်ကျန့်နားကနေ မခွာတော့တဲ့ကောင်လေးကိုတော့ ကျန်းလီကျဲတို့က အလိုက်တသိနဲ့ထားခဲ့ပေးရဲ့ ..

" ကော..ကော.. ချမ်းတယ် "

ရိပေါ်က တတွတ်တွတ်ရွတ်ပြီး ရှောင်ကျန့်လမ်းလျှောက်တဲ့အတိုင်း ကျောနောက်ကနေ တဖဝါးမခွာ လိုက်ကပ်လျှောက်တယ်..

ပါးပါးတို့ကို နှုတ်ဆက်ပြီးတာနဲ့ အရင်ဆုံး အပေါ်ထပ်က ရှောင်ကျန့်အခန်းရှေ့က အခန်းမှာ ရိပေါ်ကိုနေရာချပေးရတယ်...
ဘယ်လောက်တောင်ချမ်းနေလဲမသိတဲ့ကောင်လေးက အခန်းထဲရောက်တာနဲ့ စောင်ပုံထဲပစ်ဝင်အိပ်တော့တာပဲ..
ပါးစပ်ကတော့ ထုံးစံအတိုင်း တကောကာနဲ့ရွတ်နေတုန်း..။

.

.

ညဘက်ဆို လရောင်အပြင် အိမ်လေးတွေရှေ့မှာ ထွန်းထားတတ်တဲ့ ဝါကျင့်ကျင့် မီးရောင်လေးတွေက ဟိုတဖျတ် ဒီတဖျတ်လင်းတယ်...
မြို့ကြီးပြကြီးတွေလိုမဟုတ်တဲ့ တိတ်ဆိတ်မှုက ပုရစ်အော်သံလေးတွေကအစ ခပ်သဲ့သဲ့ကြားနေရပြန်တယ်..

တာဝန်ကျလို့ ဒီမြို့လေးကိုရောက်လာတဲ့ပါပါးတို့က ဒီမှာပဲ အခြေချမိတဲ့အထိ မြို့လေးကိုခင်တွယ်ခဲ့တယ်..
ပါးပါးနဲ့ ဖေဖေတို့ရဲ့ နှစ်ယောက်သားဘဝတစ်ခုကို အတူတူစခဲ့တဲ့ ပထမဆုံးနေရာလေးဖြစ်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့ လူတွေရဲ့အတင်းအဖျင်းစကားတွေကိုလဲ ဥပေက္ခာပြုပြီး အမှတ်တရတွေကိုပဲ ဖက်တွယ်ခဲ့ကြသတဲ့..

စေတနာတွေက ရောင်ပြန်ဟပ်တယ်လို့ပါးပါးကယုံတယ်..
ဖွံ့ဖြိုးမှုနည်းတဲ့ဒေသလေးမှာ ဖေဖေက ဆေးရုံဆေးခန်းတွေဆောက်ပေးပြီး ပါးပါးက ဆေးရုံအုပ်ကြီးဖြစ်လာတဲ့အခါမှာတော့ လူတွေရဲ့ အမြင်တွေက ကောင်းတဲ့ဘက်ကိုပြောင်းလဲလာကြတယ်..

အခု ဒီအကြောင်းတွေကိုပြောပြနေတဲ့ပါးပါးထက် ပါးပါးကို ကြည့်နေတဲ့ ဖေဖေ့မျက်ဝန်းတွေရဲ့ နွေးထွေးမှုက ရှောင်ကျန့်ကို ပိုကြည်နူးစေတယ်...

ဖေဖေ့လို လူမျိုးက ထပ်ရှိနိုင်ဦးမယ်လို သူ မထင်ဘူး..
ပါးပါးက ရှောင်ကျန့်လိုမဟုတ်ဘဲ သိပ်ကိုကံကောင်းပါတယ်..

" ရှောင်ကျန့်....ကျန့်ကော.. "

အိမ်ထဲက အသံသဲ့သဲ့က သူရယ် ပါးပါးတို့ရယ် ထိုင်နေတဲ့ ခြံဝင်းလေးထဲထိ ပျံနှံ့လာတယ်..
သူ့ကိုရှာနေတဲ့ ရိပေါ်အသံကြောင့် သူ မျက်နှာပူစွာနဲ့ ဂုတ်ကိုပွတ်နေမိတော့ ရှေ့က ပါးပါးက ဖေဖေ့ကို လှမ်းပြုံးပြလိုက်သလားလို့..

" သွားလိုက်ဦး.. ကလေးအဖေလေး."

" အာ.. ပါးပါးကလဲ "

ရှောင်ကျန့်ရှက်ရှက်နဲ့ပဲ ထလာလိုက်တယ်..
သူ့ကိုယ်သူလဲ သိပ်တော့ နားမလည်ချင်တော့ဘူး..

ရိပေါ်က အရင်ကလို လူဆိုးဂျစ်တူးလေးလုပ်ပြီး ပိုးပန်းရင်တောင် သူ့မှာ ငြင်းလို့ ဆူလို့ရသေးတယ်..
အခုတော့ သူပြောသမျှစကားတိုင်း လိုက်ခံစားပြီး ဝမ်းနည်းလွယ်လိုက် ပျော်လွယ်လိုက်ဖြစ်နေတဲ့ ရိပေါ်ကြောင့် သူ ထင်တာထက်ပို ပျော့ညံ့နေမိသလိုပဲ..
မဖြစ်သေးပါဘူး..။

အိမ်ထဲဝင်လိုက်တာနဲ့ သူ့ဆီတန်းပြေးလာတဲ့ ကောင်လေးက ဖွာလန်ကြဲဆံပင်တွေနဲ့ ဘယ်နှထပ်မှန်းမသိတဲ့ အနွေးထည်တွေ ကြားမှာမြုပ်နေရဲ့..

ပါးပါးတို့ စနောက်သလိုမျိုး တကယ်လဲ ရှောင်ကျန့်က ကလေးခေါ်လာသလိုဖြစ်နေတယ်...

ရိပေါ်က ဗိုက်ဆာလဲ သူ့ကိုရှာတယ်..
ထမင်းစားရင်လဲ ဘေးကနေမလွှတ်ဘူး..
ခြံထဲလမ်းလျှောက်ရင်လဲ ကပ်ရပ်ပါပြန်တယ်..
ပါးပါးတို့နဲ့စကားပြောရင်လဲ ဘေးမှာငြိမ်ငြိမ်လေးထိုင်ပြီး သူ့ကိုကြည့်နေတတ်တာမို့ တချက်ချက် သူ့မှာ မျက်နှာတွေပူရပြန်တယ်..

ဧည့်သည်ဆိုတဲ့ ရပိုင်ခွင့်ကို ဝမ်ရိပေါ်က အပြည့်အဝအသုံးချတတ်ပြန်တယ်..
လူလစ်တာနဲ့ ရှောင်ကျန့်လက်တွေကို လာလာဆုပ်ကိုင်ထားရင်းနဲ့ သူ့အပိုင်လိုမျိုးလဲ ပြုမူတတ်သေး..။

.

.

.

ဒီကိုရောက်ရောက်ချင်း တညနေလုံးအိပ်ထားထာမို့ ရိပေါ်ညဘက်ကျ သေချာအိပ်မပျော်တော့ဘူး..
အိပ်ရာပေါ်လူးလိမ့်ရင်းနဲ့ အချိန်တွေကုန်လာတာ လင်းစပြုလာတဲ့အထိမို့ မထူးပါဘူးဆိုပြီး
မျက်နှာသစ်သန့်ရှင်းပြီး ခြံထဲဆင်း ဆေးလိပ်ထိုင်သောက်နေလိုက်တယ်..
ငေးစရာမရှိပေမယ့် စိမ့်စိမ့်လေးအေးနေတဲ့ အအေးဓာတ်နဲ့ စထွက်ခါစ ရောင်နီနုနုလေးက ခံစားချက်အသစ်တမျိုးကိုပေးပြန်တယ်..

" ရိပေါ် ? "

လှည့်ကြည့်လိုက်တော့ သူ့ကျန့်ကောက အိမ်ပေါက်ဝမှာရပ်နေရဲ့..

" စောစောနိုးနေတာလား..အေးလာရင် အိမ်ထဲဝင်နော် "

ပြောပြီးပြန်လှည့်သွားတဲ့ ရှောင်ကျန့်နောက်ကို ရိပေါ်လိုက်ဝင်တယ်..
အေးလို့ဆိုတာထက် ရှောင်ကျန့်အနားနေချင်လို့ ဆိုတာတော့ ထူးထွေပြောနေစရာ မလိုတော့ပါဘူး..

ရှောင်ကျန့် က သူ့ကို ကော်ဖီတခွက်ချပေးပြီး မီးဖိုချောင်ထဲမှာ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေလေရဲ့..
အေပရွန်အဝါလေးနဲ့ ရှောင်ကျန့်က ခါတိုင်းနဲ့မတူဘဲ ပိုချစ်ဖို့ကောင်းနေတယ်..
နိုးကာစမို့ မျက်နှာဖောင်းဖောင်းလေး မျက်ဝန်းအစ်အစ်လေးတွေနဲ့ နဖူးပေါ်ကျနေတဲ့ ဆံပင်ဝဲဝဲလေးက ပိုငယ်တဲ့ပုံပေါက်စေပြန်တယ်...
အင်း..စိတ်ကိုမချပါဘူး..

" ကော.. "

" အင်း "

" ကျွန်တော့်ကောင်လေး လုပ်ပါလား "

ကြက်သားပြုတ်မယ့်အိုးထဲ ရှောင်ကျန့်ထည့်နေတဲ့ ရေဘူးထဲကရေတွေက အရှိန်မထိန်းနိုင်ဘဲ အလုံးလိုက်ဝင်သွားတယ်..
လာနောက်မနေနဲ့ လို့ခပ်တိုးတိုးပြောပြီး ရေတွေသွန်နေတဲ့ ကျန့်ကောနောက်ကျောကိုကြည့်ပြီး သူမချင့်မရဲဖြစ်လာတယ်..

" အဖြေဘယ်တော့ပေးမှာလဲ "

" ပေါက်ကရတွေပြောမနေနဲ့ ရိပေါ် "

" ပေါက်ကရမဟုတ်မှန်း ကောသိသိကြီးနဲ့.. "

ကြားဖြတ်ဝင်လာတဲ့ ရှောင်ကျန့်ရဲ့သက်ပြင်းချသံတွေကြား ရိပေါ်ရဲ့စကားက အဆုံးသတ်မှာ တိုးလျသွားတယ်...
လေးလေးနက်နက်ပဲပြောပြော ပေါ့ပေါ့ပါးပါးပဲပြောပြော ဒီကိစ္စနဲ့ပတ်သတ်ရင်တော့ ရှောင်ကျန့်က ဘယ်ဘက်ကစည်းကိုမှ လျော့ပေးဖို့ မစဉ်းစားထားဘူးထင်ရဲ့..၊

ရှောင်ကျန့်က ထမင်းဟင်းတွေတည်ပြီးတော့ ဂျုံမှုန့်ထုတ်ကြီး ထုတ်လာတယ်..
ဘာလို့ အများကြီး ပြင်ဆင်နေတာလဲ မေးမိတော့ သူ့ပါးပါးတို့ကို ကိုယ်တိုင်ချက်ကျေွးချင်လို့တဲ့..
သူ့ကျန့်ကောက သားလိမ္မာလေးဆိုပြီး ရိပေါ်ကတော့ အသားလွတ်မာန်တက်ချင်လာတာပဲ...

" ကျွန်တော် ဘာလုပ်ပေးရမလဲ "

" ငြိမ်ငြိမ်လေးရပ်နေ "

" ကောကလဲ "

တကယ်တော့ ရိပေါ် ဘူပိတ်နေတယ်..
မိုးကလဲ သေချာမလင်းသေးဘူး..
ကျန့်ကောနဲ့သူ နှစ်ယောက်ထဲပဲရှိတယ်..
ဒီအခြေအနေမှာ သူပိုင်တဲ့.. အင်း.. သူအတင်းပိုင်ထားတဲ့ ကျန့်ကောလက်တွေက ဂျုံတွေနယ်နေတော့ အတင်းဆွဲကိုင်နေကျ ရိပေါ်လက်လေးက အခွင့်အရေးတွေ ဆုံးရှုံးနေတာ အဆင်မပြေလှဘူး..

လူဆိုးလေးက တခုခု ကြံနေတုန်း ရှောင်ကျန့်ကတော့ ဂျုံမှုန့်တွေကြား တယောက်ထဲနှင်းတွေဝေနေတယ်..
မျက်နှာရော ခေါင်းပေါ်ရောမှာ အဖြူမှုန့်လေးတွေကတလက်လက်..

" ကောမျက်နှာမှာ.. "

" အင်း.. ထားလိုက် "

" ကျွန်တော်သုတ်ပေးမယ်လေ..နော် "

ရိပေါ်ရဲ့ ခပ်ချွဲချွဲလေသံကြောင့် ရှောင်ကျန့်ငြင်းဖို့ မေ့နေတုန်းမှာပဲ သူ့ပါးပေါ်ကို ခပ်နွေးနွေးအထိအတွေ့က ကျလာတယ်..

" တစ်ရှူးရှိတယ်လေ "

" ရတယ်... မလိုဘူး "

ရိပေါ်က ဘေးနားလာရပ်ရင်း သူ့ပါးလေးကို လက်မနဲ့ ခပ်ဖွဖွဖိပွတ်တယ်..
ရှောင်ကျန့်ကို အနောက်ကပတ်လျှောက်ရင်း သူ့လက်တွေနဲ့ ဟိုဘက်ပါးကိုပွတ်လိုက် ဒီဘက်ပါးကိုတို့လိုက်နဲ့ တယောက်ထဲ အလုပ်ရှုပ်ယောင်ဆောင်နေတဲ့ ရိပေါ်ကြောင့် သူ နည်းနည်းတော့ ကြည်နူးမိတယ်ထင်တယ် ..

" ကောတို့မြို့က ဂျုံက အနက်ရောင်လဲထွက်တာပဲလား "

" ဟမ် "

ရှောင်ကျန့် သူ့ရှေ့က မုန့်နှစ်ဇလုံကို ငုံ့ကြည့်မိတယ်..
အနက်နဲ့တူတာဘာမှမတွေ့..

" ဒီမှာလေ..စားချင်စရာလေး "

ရိပေါ်က ရှောင်ကျန့်နှုတ်ခမ်းထောင့်ကို ခပ်ဖွဖွဖိပွတ်ပြီး ပြောလာတယ်..
လှည့်ကြည့်မိလိုက်တော့ ရိပေါ်အကြည့်တွေက သူ့နှုတ်ခမ်းတွေနားမှာ မေ့မေ့မောမောတည်တယ်..

အချိန်တွေက ရပ်သွားတယ်..
မှဲ့နက်လေးကို ဖိကစားနေတဲ့ ရိပေါ်လက်တွေက သူ့အောက်နှုတ်ခမ်းဆီ တရွေ့ရွေ့နဲ့ ခပ်ဖွဖွပွတ်လာတဲ့ အထိအတွေ့မှာ ရှောင်ကျန့်က အလန့်တကြားနဲ့ ရုန်းထွက်မိတယ်..

" သွားထိုင်နေတော့ "

" ကော.. "

လောဘသေးသေးလေးစွက်နေတဲ့ ရိပေါ်အသံဖျော့ဖျော့ကို ရှောင်ကျန့် ဥပေက္ခာပြုလိုက်တယ်..
တကယ်တမ်းတော့သူ့နှုတ်ခမ်းမှာ ရိပေါ်လက်ဖျားက ဆေးလိပ်နံ့က ယုယုယယကို စွဲကပ်နေခဲ့ရဲ့ ...

.

.

.

" Happy Birthday အားကျန့် "

ကျန်းလီကျဲက စတော်ဘယ်ရီတခြင်းကို ရှောင်ကျန့်ကိုလှမ်းပေးရင်း ပြောလာရဲ့..

အင်း..ဒီနေ့ သူ့မွေးနေ့
သူများတွေလို သူငယ်ချင်းတွေပေါပေါများများမရှိတဲ့သူမို့ အထူးတလည်မလုပ်ချင်ပေမယ့် ကျဲတို့ကတော့ နှစ်တိုင်း ပါးပါးတို့နဲ့ တူတူဖြတ်သန်းဖြစ်အောင် တိုက်တွန်းတတ်တယ်..

ရှောင်ကျန့်က လောဘတွေ မကြီးချင်ဘူး..
သူချစ်တဲ့သူတွေ သူ့နားရှိနေရုံနဲ့ သူက ရောင့်ရဲလိုက်ဖို့ အသင့်ပဲ..။

မနက်စာစားပြီးလို့ ပါးပါးတို့အလုပ်သွားတော့ သူလဲ ကျန်းလီကျဲတို့အိမ်ကို သွားနှုတ်ဆက်ဖို့ပြင်ရတယ်..
ကျဲတို့ ပါးပါးနဲ့မားမားက ရှောင်ကျန့်ရဲ့ ဒုတိယမိဘတွေလိုပဲ..

" အားကျန့်.. ရိပေါ်ရော "

" အပေါ်တက်သွားတယ်ထင်တယ်.. ကျွန်တော်သွားခေါ်လိုက်ဦးမယ် "

မနက်က ကိစ္စပြီးထဲက သူ့မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေတဲ့ ရိပေါ်က ပါးပါးတို့နိုးလာပြီး သူ့မွေးနေ့မှန်းသိသွားတဲ့ အချိန်ကစပြီး စကားမပြောတော့ဘဲ မျက်နှာလေးကအစ တည်နေခဲ့တာ..

မနက်စာကိုလဲ ဟုတ်တိပတ်တိမစားသလို စကားလဲတခွန်းမှဝင်မပြောဘဲ စားပြီးတာနဲ့အပေါ်ထပ် တက်သွားတော့တာပဲ..

ခင်တာမကြာသေးပေမယ့် ရှောင်ကျန့်က ရိပေါ်မျက်နှာရိပ်ကို ကောင်းကောင်းအကဲခတ်တတ်နေပြီ..
ဒီတခါက စိတ်ကောက်တာထက်ပိုတယ်လို့ သူတွေးမိနေတယ်..

အခု သွားခေါ်တော့လဲ မလိုက်တော့ဘူးဆိုပြီး ငြင်းပြန်တယ်..
သူ့မျက်နှာကို တချက်တောင်မကြည့်ဘဲနဲ့တဲ့..
ရိပေါ်ကလေ..အဲဒီ ကောင်လေးကလေ..။

.

.

မားမားတို့နဲ့စကားတွေပြောရင်း ညဘက်မှ သူ အိမ်ပြန်လာဖြစ်တယ်..
ထုံးစံအတိုင်း ကျန်းချန်ကလိုက်ပို့တာပါပဲ..

" ကော..မနက်ဖြန်လာခဲ့ရမှာလား "

" ငါ... ရိပေါ်နဲ့သွားမလားလို့ "

" တွေ့လား..တွေ့လား..အသစ်မြင်တော့ ပစ်ပီ.. လူတွေများ.."

ပွစိပွစိနဲ့ ဒီလူပျိုကြီးပေါက်စက သူရဲ့ CEO တဲ့..
နှစ်တွေကြာတာတောင် ကျန်းချန်က ငယ်ငယ်ကအတိုင်း တပုံစံထဲ မျက်စောင်းထိုးတတ်နေတုန်းပဲ...

သူတို့တွေကြောင့်ပါပဲ..
ရှောင်ကျန့်က အချစ်ထက် သံယောဇဉ်တွေကို ပိုယုံခဲ့တယ်..။

ပါးပါးတို့ကို နှုတ်ဆက်ပြီး အပေါ်ထပ်တက်တော့ အခန်းထဲကထွက်တော့မယ့် ရိပေါ်နဲ့ ဆုံတယ်..
သူ့ကိုမြင်တော့ အထဲပြန်ဝင်သွားတဲ့ကောင်လေးကို ရှောင်ကျန့်က မျက်မှောင်ကြုတ်ကြည့်တယ်..
တခုခုတော့မှားနေသလိုပဲ..

" ရိပေါ်.. ကောဝင်ခဲ့မယ် "

တံခါးခေါက်ပြီးတာနဲ့ ရှောင်ကျန့်က အဖြေကိုမစောင့်ဘဲတန်းဖွင့်တယ်...
ရိပေါ်က ကုတင်ပေါ်မှာ သူကိုကျောပေးပြီး laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေရဲ့...
အလုပ်ရှုပ်ချင်ယောင်ဆောင်နေတယ် လို့ပြောရင် ပိုမှန်လောက်မယ်ထင်တယ်..
ရှောင်ကျန့် ရိပေါ်ဘေးဝင်ထိုင်တော့ ရိပေါ်က laptop ဘေးချပြီး ထထွက်ဖို့ပြင်တယ်..

" ဝမ်ရိပေါ်.. ပြန်ထိုင်စမ်း "

ထွက်လျှောက်မယ့်ခြေလှမ်းတွေရပ်သွားပေမယ့် ရိပေါ်က မတ်မတ်ရပ်နေတုန်းမို့ ရှောင်ကျန့်ကပဲ မျက်နှာချင်းဆိုင်ကို လျှောက်သွားလိုက်ရတယ်..

" တနေ့လုံး ဘာဖြစ်နေတာလဲ..ပြော "

" ဘာဖြစ်ဖြစ် "

ဘာဖြစ်နေမှန်းမသိတဲ့ ရိပေါ်ကို ရှောင်ကျန့်က ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုက အစပျောက်နေပြန်တယ်..
ရှေ့ကကောင်လေးက ခေါင်းတွင်တွင်ငုံ့ထားတာမို့ မျက်တောင်ဖျားတွေကလွဲပြီး သူဘာမှမမြင်ရ..

" ဘာလို့ ကောကိုရှောင်နေတာလဲ... "

" .... "

" မနက်ကလဲ ကောင်းကောင်းမစားဘူး.. ညစာရောစားပြီးရဲ့လား "

" .... "

" ရိပေါ်..ဘာဖြစ်နေတာလဲ..တခုခုပြန်ပြောစမ်း.."

" ခုမှ လာဂရုစိုက်မနေနဲ့ "

ဒီမှာနေတဲ့တောက်လျှောက် သူ ဂရုမစိုက်မိတာများရှိခဲ့လားဆိုပြီး ရှောင်ကျန့် စဉ်းစားသွားရတယ်..

" ကျွန်တော့်ကို အရူးလုပ်ရတာပျော်လား..ဟမ်.. မပတ်သတ်ချင်ဘူးဆိုတာကို ဒဲ့ပြောရင်လဲရပါတယ်.. ဒီလိုတခမ်းတနားနဲ့ အရှက်ခွဲဖို့လိုလို့လား.. ဟမ်..ရှောင်ကျန့်! "

ချက်ချင်းပေါက်ကွဲထွက်လာတဲ့ ရိပေါ်စကားတွေကို ရှောင်ကျန့်တလုံးမှ နားမလည်ပေမယ့် စိတ်ကောက်နေရုံလေးဆိုပြီး သူ့လျော့တွက်ခဲ့မိတာ လုံးလုံးလျားလျားကို မှားခဲ့ပြန်တယ်ထင်ရဲ့..
နီရဲနေတဲ့ မျက်နှာလေးက ဒေါသကြောင့်ဖြစ်ပြီး ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးဆုပ်တွေက ရိပေါ် သူ့ကိုယ်သူထိန်းချုပ်နေရတဲ့ ပုံစံတွေလား..

" ခဏ..ခဏလေး..ရိပေါ်..သေချာပြော.. "

" ခင်ဗျားပြန်တော့..သွားဗျာ "

သူ့အိမ်ကနေ သူ့ကိုပြန်မောင်းထုတ်နေတဲ့ကောင်လေးက ရှောင်ကျန့်ကို ထိလဲမထိရက်သလို တွန်းဖို့ဟန်ပြင်တဲ့လက်တွေကလဲ လေထဲမှာပဲပျောက်ကုန်တဲ့အထိ ယောက်ယက်ခတ်နေပြန်တယ်..
နောက်ဆုံး သည်းမခံနိုင်တော့တဲ့ ရှောင်ကျန့်ကပဲ အဲဒီလက်တွေကိုဆွဲပြီး ရိပေါ်ကို ကုတင်ပေါ်အတင်ဖိထိုင်ခိုင်းရင်း သူပါဘေးက ဝင်ထိုင်တယ်..

" ရိပေါ်..ငါနားလည်အောင်ပြောစမ်း.. တယောက်ထဲအရူးထမနေနဲ့ "

" ခင်ဗျား..ရှောင်ကျန့်..ခင်ဗျားဗျာ "

တမိုးအောက်တယောက် ဝမ်ရိပေါ်က ငိုတယ်တဲ့...
အရင်တခါတွေလို ခိုးငိုတာမျိုးမဟုတ်ဘဲ ရှိုက်ရှိုက်ပြီးတော့ကို ငိုတာမို့ ရှောင်ကျန့်ကြောင်ကြည့်နေမိတယ်..

ဘာမှမပြောဘဲ အငိုတိတ်တဲ့ထိ ထိုင်ကြည့်ပြီးစောင့်နေလိုက်တော့ အဝငိုပြီးတဲ့ ရိပေါ်က မျက်ရည်သုတ်ပြီး သူ့ဘက်ကို ပေစောင်းစောင်းကြည့်လာတယ်...
ရှောင်ကျန့်က ပြောတော့ဆိုတဲ့ပုံစံနဲ့မေးငေါ့ပြတော့ ရိပေါ်က ပြန်လှည့်သွားရင်း ဘာမှမရှိတဲ့ ရှေ့တည့်တည့်ကိုလှည့်သွားပြီး တည်တည်လေး ပြောလာတယ်..

" ဒီနေ့ ခင်ဗျားမွေးနေ့ဆိုတာ ဘာလို့မပြောတာလဲ "

" အာ..နေပါဦး.. အခုက ငါ့မွေးနေ့မသိရလို့ငိုတာလား "

" ရှောင်ကျန့်!! ကျွန်တော်ကလေးမဟုတ်ဘူး "

" ဒါဆို.."

" ကျွန်တော်က ကောအတွက်ဘာလဲ "

" .... "

" ကျွန်တော်သာ ဇွတ်မလိုက်ခဲ့ရင် ကောရဲ့မွေးနေ့ဆိုတာကိုတောင် ကျွန်တော်သိခွင့်ရှိပါ့မလား... ကျွန်တော့်ကလွဲပြီး အကုန်လုံးက ခင်ဗျားအတွက်ကြိုပြင်ဆင်နေကြတာကို ဘာမှမသိတဲ့ ကျွန်တော်က ငတုံးလား"

" ..... "

" အကုန်လုံးရဲ့ဆုတောင်းတွေကိုတော့ ယူဖို့ပြင်ဆင်ထားပြီး ကျွန်တော့် တယောက်ထဲကိုပဲ ကွက်ပယ်ထားတာရော ခင်ဗျားပျော်လား..ဟမ် "

" ရိပေါ်.."

" ခင်ဗျားကျွန်တော့်ကို မချစ်မှန်းသိတာတောင် ကျွန်တော်ကချစ်နေရတဲ့သူဗျ...တမနက်လံုံးအတူတူရှိနေရက်နဲ့ ဒီနေ့ဘာနေ့လဲဆိုတာလေး ပြောပြဖို့ကိုတောင် ခင်ဗျား ကျွန်တော့်အပေါ်စိတ်မရှိဘူးဆိုတာ သေချာသွားပီ "

" တော်တော့ ရိပေါ် "

" ဟက်..ကျွန်တော်က စောက်တုံးပဲ "

ရှက်တဲ့စိတ် ခံပြင်းတဲ့စိတ်ကြောင့် မငိုလဲ မျက်ရည်တွေကကျပြန်တယ်..
သူ ဒီခရီးကိုမလိုက်ခဲ့သင့်ဘူး..

" မငိုနဲ့တော့ ခေါင်းကိုက်မယ် "

ရှောင်ကျန့်အသံ နူးညံ့နေတာကိုလဲမုန်းတယ်..
မလိုအပ်ပဲ ဟန်ဆောင်ပြနေတာကိုလဲ မလိုချင်ဘူး..

" သွားပါ..ခင်ဗျား အတူတူအချိန်ကုန်ချင်တဲ့ သူတွေဆီပဲသွား.. "

" .... "

" တဝိုင်းထဲထိုင်နေရတာတောင် ခင်ဗျားစိတ်ပျက်နေခဲ့တာမလား.. ကွယ်ရာမှာ ကျွန်တော့်ကို လှောင်ချင်လှောင်နေဦးမှာ... "

ရိပေါ်က ပြောသင့်သင့် မပြောသင့်သင့် အကုန်ပြောထွက်လာတယ်...
အားငယ်နေတဲ့စိတ်တခြမ်းက ဟန်ဆောင်ဖို့တောင် အမေ့မေ့အလျော့လျော့ပဲ..

" အခုရော ဘာလဲ.. ကျွန်တော်တနေ့လုံး ရှောင်ပေးထားတာ မလုံလောက်သေးလို့လား... ကျွန်တော့်မျက်နှာမြင်ရင် ခင်ဗျားစိတ်ရှုပ်တတ်လွန်းလို့ ပုန်းနေပေးတာလဲ မကျေနပ်သေးဘူးလား..ဟမ် "

" ဟူး...တော်တော့ ရိပေါ်.. မင်းမဟုတ်တာတွေပြောနေတာ မမောသေးဘူးလား "

" ကျွန်တော်ပြောတာ တလုံးမှမမှားဘူး "

" ကျစ်.. "

" ခင်ဗျားက ကျွန်တော့်ကို ဘယ်တုန်းကမှ ကြည်ဖြူခဲ့တာမဟုတ်ဘူး "

အသံတွေ တိတ်ကုန်တယ်..
ရှောင်ကျန့်က မတ်တပ်ထပြီး ရိပေါ်ကို ကျောခိုင်းရပ်တယ်...
ရိပေါ်ကတော့ အချိန်ကြာတဲ့အထိ မတုန်မလှုပ်နဲ့ ရှောင်ကျန့် ထိုင်ခိုင်းထားတဲ့နေရာလေးမှာ ငြိမ်သက်နေတုန်း..

ပြောချင်တာတွေပြောလိုက်ရလို့ ရိပေါ်မကျေနပ်စိတ်တွေက အနည်ထိုင်လာတယ်...
ဒါပေမယ့် ဝမ်းနည်းတဲ့စိတ်နဲ့ သူငြိမ်သက်နေတုန်း..

အရာရောက်ချင်သမျှက အရာမထင်တော့ အခုချိန်မှာ သူပျောက်ကွယ်ချင်တော့တာပဲ သိတယ်..

" ရိပေါ် "

အသံနဲ့အတူ ရှောင်ကျန့်ဝင်ထိုင်လိုက်တဲ့ ကုတင်ကအိခနဲ..
ရှောင်ကျန့်က ရိပေါ်ဘက်ကို မျက်နှာမူပြီးထိုင်တယ်..

တကယ်ပါပဲ..
ဒီကောင်လေးက သူတားထားတဲ့အကာအရံတွေကို တမြေ့မြေနဲ့ ရိုက်ချိုးနေတော့တာပဲ..

" တကယ်တော့ ကောမနက်က ပြောမလို့ပဲ..ဒါပေမယ့်.. "

သူ့ကိုပြန်မကြည့်သေးပေမယ့် ဆက်ပြောမယ့်စကားကို နားထောင်နေမှန်းသိသာစွာ ရိပေါ်က ငြိမ်သက်နေလေရဲ့..
ဒါပေမယ့် မနက်က သူရင်အခုန်လွန်သွားလို့ မပြောဖြစ်တာ ဆိုတဲ့စကားကို ရှောင်ကျန့် ဘယ်လိုပြောရမလဲ..

" အင်း.. မနက်က... ကောအလုပ်ရှုပ်ပြီးမေ့သွားတာ.. မင်းကို တမင်မပြောတာမဟုတ်ဘူး..တကယ်ပါ.. အထင်မလွဲနဲ့တော့.. "

" .... "

"နော်.. ကလေးလေး "

သူစကားအဆုံးမှာ ဆတ်ခနဲလှုပ်သွားတဲ့ကိုယ်လေးနဲ့ လှည့်ကြည့်ချင်တာတောင် အတင်းထိန်းထားပုံရတဲ့ ဂျစ်တူးလေးက တကယ် ချစ်ဖို့ကောင်းတယ်..
လက်ကလေးနှစ်ဖက်က တုန်တုန်ယင်ယင်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားသေး..

" အဟမ်း... ကောကို ဖက်ချင်လား "

" ..... "

" ကောမှားတာမို့ ခဏပေးဖက်မယ်လေ.. တကယ်လို့ ရိပေါ် မဖက်ချင်ရင်လဲ..အင့် "

ရိပေါ်က သူ့ရင်ခွင်ထဲ အရှိန်နဲ့ အလုံးလိုက်လေးပစ်ဝင်လာတယ်...
ချမ်းလို့ဆိုပြီး အနွေးထည်တွေအထပ်ထပ်နဲ့ ကောင်လေးရဲ့ကိုယ်ငွေ့က တကယ်လဲ နွေးနေလေရဲ့..

" ကော.. "

" အင်း "

" ကျွန်တော့် ကောင်လေးလုပ် "

" အော်.. ဖက်လို့ဝသွားပီပေါ့ "

" ဟင့်အင်း..မပြောတော့ဘူး "

ရှောင်ကျန့်က အသံတိတ်ရယ်ပြီး ရိပေါ်ဆံပင်တွေကို ခပ်ဖွဖွပွတ်ပေးတော့ ရိပေါ်က ရှောင်ကျန့်ခါးပေါ်က သူ့လက်တွေကို တင်းကျပ်ပစ်တယ်..
ထပ်ပြီး ရှောင်ကျန့်လည်ပင်းကြားထဲ မျက်နှာတစ်ခုလုံးကို မရမက တိုးဝင်လာတော့ ရိပေါ်ရဲ့ ဝင်သက်ထွက်သက်အစုံက ရှောင်ကျန့်လည်ပင်းတဝိုက်မှာ ခပ်နွေးနွေးလေး နားခိုပြန်ရဲ့...

" ခင်ဗျားကို မုန်းကြည့်လို့လဲမရဘူး .. ရူးတော့မှာပဲ "

အဲဒီညက ရှောင်ကျန့်ကို ရိပေါ်က တော်တော်နဲ့ မလွှတ်ပေးခဲ့ဘူး..
ရှောင်ကျန့်ကိုယ်တိုင်ခွင့်ပြုခဲ့တဲ့ ထွေးပွေ့ခြင်းကို ရိပေါ်က တမြတ်တနိုးနဲ့ သူတဦးထဲအပိုင်ဆိုပြီး လောဘတကြီး သိမ်းဆည်းခဲ့တော့တာပဲ..

ရှောင်ကျန့်ပြောတာမှန်တယ်...
ရိပေါ်က တကယ်လဲ ကုလားအုတ်လေးပဲ ။

~ ~ ~ ~ ~ ~ ~

Continue Reading

You'll Also Like

5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
156K 20.5K 15
Xiao Zhan + Wang Yibo (short story)
8.6K 575 13
သိမ်းဆည်းထား‌သော Fan Art Photoများ
140K 15.2K 43
1st Cover by Choco_bubble_syh