မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)

By Natpankalay

150K 14.6K 1.1K

ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။ More

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)(Z &U)
အပိုင္း-(၈)
အပိုင္း(၉) (Z&U)
အပိုင္း(၁၀)(Z&U)
အပိုင္း-(၁၁)
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း -၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း ၂၅
အပိုင်း-၂၆
အပိုင်း ၂၇ final

အပိုင္း-၁၄

4.1K 528 103
By Natpankalay

အပိုင္း-(၁၄)

မ်က္စိေရွ႕က ျမင္ေနရသည့္ နံ႕သာေရာင္ ရုိးရာဝတ္စံုျဖင့္ သားျဖစ္သူကိုႀကည့္ကာ မယ္မယ္ နွေျမာသလို သက္ျပင္းလည္းခ် သည္။

“မယ္မယ္က သားမက္ျဖစ္လာမယ့္သူကို မဂၤလာပြဲေန႕မွ ေသေသခ်ာခ်ာေတြ႕ရမယ္လုိ႕ တစ္ခါမွ မေတြးမိဖူးဘူး။ ”

“ေတာင္းပန္ပါတယ္ မယ္မယ္.။မဂၤလာပြဲျပီးရင္ မယ္မယ္ ေသေသခ်ာခ်ာေတြ႕ရမွာပါ.။နားလည္ေပးပါ မယ္မယ္.”

“လာပါ မမရယ္။ ဓါတ္ပံုေတြလည္းေတြ႕ေနရတာပဲကုိ။ခဏေန Chakkari လည္းေရာက္ေတာ့မွာ လာ..သားငယ္ကိုခဏထားျပီး သားႀကီးကုိ ဂရုစိုက္ပါဦး”

မယ္မယ္ ကမခ်ိျပံဳးလ်က္ Chanchai တြဲေခၚသည့္အတုိင္း နားေနခန္းမထဲမွ ထြက္ႏွင့္သည္။ Arthit သက္ျပင္းဖြဖြေလးခ်လ်က္ တစ္ဖက္မွ Kongpob ရွိေနမည့္ အခန္းဘက္ကူးလာခဲ့သည္။လြန္ခဲ့သည့္ တစ္ပတ္လံုး Kongpob အနားကုိ မယ္မယ္ မကပ္ရေလေအာင္ သူ အေစာင့္ေတြ ထားလ်က္ ေစာင့္ႀကည့္ေစခဲ့သည္။သူ ဘယ္လိုျခိမ္းေျခာက္ခဲ့ပါေစ သူ မသိလိုက္ခ်ိန္တြင္ Kongpob တစ္ခုခုျဖစ္သြားမည္ ကုိ စိုးမိသည္ေႀကာင့္။ မဂၤလာပြဲျပီးလွွ်င္ေတာ့ျဖင့္ မယ္မယ္က Kong ကုိထိခိုက္ေအာင္ မလုပ္ႏီုင္ေတာ့.။တရားဝင္လူသိရွင္ႀကား ျဖစ္ျပီဆုိေတာ့ Arthit ဒုကၡေရာက္ေအာင္ အိမ္ေထာင္ကြဲေအာင္ေတာ့ မလုပ္ေတာ့ဘူးဆုိတာ Arthit က ေကာင္းေကာင္းသိသည္။

“ကုိကုိ ဘယ္သြားေနတာလဲဗ်ာ. ေတြ႕ခ်င္ေနတာကုိ”

“ဟုိဘက္မွာမယ္မယ္နဲ႕ စကားခဏေျပာေနတာ.။Kong ရဲ႕ မိဘေတြေရာ ေရာက္ေနျပီမလား။”

“ေရာက္ေနျပီေလ.ခုနေလးကတင္ ခန္းမထဲ ေန၇ာခ်ေပးခဲ့တယ္။”

Kong ၏မိဘေတြႏွင့္ကေတာ့ လြန္ခဲ့သည့္ရက္ေတြကတည္းက Arthit လိုက္ေတြ႕ျပီးျပီမုိ႕ ရင္းႏွီးမႈေတာ့ရွိေနျပီျဖစ္သည္။ Arthit ဘက္ကသာ မယ္မယ္ႏွင့္ေပးမေတြ႕ျခင္းကုိ Kongpob ကလည္း အျပစ္မဆုိ.။ေအးေအးသာသာလက္ခံျပီးဘာမွမေမးခဲ့ေပ။

“မ်က္ႏွာေလးက မေကာင္းပါလား။ဘာျဖစ္လုိ႕လဲ”

အနားကုိတုိးလာျပီး Kongpob ေမးေတာ့ Arthit ေငးေငးေလးႀကည့္ရင္း ေခါင္းခါျပလိုက္သည္။

“လက္ထပ္ရမယ္ဆုိေတာ့ မယံုႏိုင္ေအာင္ျဖစ္ျပီး ဝမ္းသာလြန္းလို႕ပါ။”

“ကြ်န္ေတာ္ေရာပဲ ခု ရင္ေတြတအားခုန္ေနတယ္.”

Kongpob က Arthit လက္တစ္ဖက္ကုိဆြဲလ်က္ သူ႕၇င္ဘတ္ေပၚတင္ေပးသည္။ပံုမွန္ထက္ခုန္ျမန္ေနေသာ Kongpob ရင္ခုန္သံ ေႀကာင့္ Arthit ျပံဳးလာမိသည္။

“ဒီရင္ခုန္သံေတြက ငါ့အတြက္ျဖစ္တာေရာဟုတ္လုိ႕လား Kong”

“ကုိုကို႕အတြက္မဟုတ္လုိ႕ဘယ္သူ႕အတြက္ရမွာလဲ.”

ႏွစ္ေယာက္သား အႀကည့္ခ်င္းဆံုသြားသည္။ျဖည္းျဖည္းခ်င္းနီးကပ္လာေသာ မ်က္ႏွာႏွစ္ခုႏွင့္အတူ အႀကည့္မလႊဲႏိုင္ေသာ မ်က္ဝန္းႏွစ္စံုက ထိကပ္လုအ့ံဆဲဆဲ.. တံခါးရြက္က ျဖတ္ခနဲပြင့္လာသည္။

“အဟမ္း--ငါေႏွာင့္ယွက္မိသလိုျဖစ္သြားလား.။ပြဲစေတာ့မယ္ ျပီးရင္လည္း အတူေနရမွာ. အကဲပုိမေနနဲ႕.”

Bright က မဲ့ရြဲ႕ကာ ေျပာေတာ့ ႏွစ္ေယာက္လံုးရယ္မိႀကေသးသည္။ထုိ႕ေနာက္လက္တြဲလ်က္ ခန္းမထဲဝင္ခဲ့ႀကေတာ့သည္။ ပြဲသည္ စံအိမ္ေတာ္၏ သခင္ေလးျဖစ္သူ၏ မဂၤလာပြဲေပမုိ႕ အားလံုးစည္စည္ကားကားရွိလွသည္။ သတင္းမီဒီယာတစ္ခ်ိဴ႕က လည္း ဟိုတစ္စ ဒီတစ္စ. အရင္ႏွစ္က ပ်က္ျပားသြားခဲ့သည့္ စံအိမ္ေတာ္၏သားႀကီးျဖစ္သူ ၏ ပြဲကလည္း ရွိထားေတာ့ ဒီပြဲကုိ အားလံုးကစိတ္ဝင္စားေနႀကသည္။ခန္းမတစ္ခုလံုး အျဖဴေရာင္လုိက္ကာေတြ အျဖဴေရာင္ပန္းပြင့္ေတြျဖင့္ အလွဆင္သည္။

Arthit က Kongpob ကုိမယ္မယ့္နားသို႕ေခၚလာခဲ့လုိက္သည္။

“မယ္မယ္. Kongpob ပါ ”

“မဂၤလာပါမယ္မယ္.”

Kongpob က လက္အုပ္ခ်ီလ်က္ ႏႈတ္ဆက္ေပမယ့္ ဒီေကာင္ေလး၏အႀကည့္ကို မယ္မယ္မႏွစ္ျမိဳ႕။သုိ႕ေသာ္ ျပံဳးေနသည့္ Arthit မ်က္ႏွာကိုတစ္ခ်က္ႀကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။

“ဦးေလး Chanchai ကိုေတာ့မင္းသိလိမ့္မယ္။ဒါက င့ါကုိႀကီး Chakrii.တ့ဲ”

Arthit မိတ္ဆက္ေပးသည့္ အကုိျဖစ္သူဆုိသည့္တစ္ေယာက္ကို Kongpob လက္အုပ္ခ်ီကာထပ္မံႏႈတ္ဆက္သည္။ Chakrii ဆုိသည့္ အသားျဖဴျဖဴ အရပ္ရွည္ရွည္ႏွင့္လူကလည္းျပန္ျပံဳးကာႏႈတ္ဆက္လာ၏။တျခားဧည့္သည္ေတြကုိပါ လိုက္လံႏႈတ္ ဆက္ႀကရင္း မဂၤလာေကာင္းခ်ီးေပးမည့္အခ်ိန္သို႕ေရာက္လာခဲ့သည္။ ႏွစ္ေယာက္လံုးသည္ ေရစင္သြန္းကာေကာင္းခ်ီးေပး ခံမည့္ ထိုင္ခံုေလးဆီသုိ႕သြားႀကသည္။Arthit က ထိုင္လိုက္ျပီျဖစ္ေပမယ့္ Kongpob က မထိုင္ေသး.။မတ္တပ္ရပ္ေနေသးေတာ့ Arthit ေမာ့ႀကည့္လိုက္သည္။

“Kong ထိုင္ေလ.”

Kongpob သူ႕ကိုျပံဳးျပေသာ အျပံဳးသည္ ထူးဆန္းေနသည္။ Kongpob က ကင္မရာတရြယ္ရြယ္ျဖင့္ မီဒီယာေတြေရွ႕.. မယ္မယ္တုိ႕ရပ္ေနသည့္ဘက္ကုိမ်က္ႏွာမူလိုက္ျပီး မ်က္ႏွာအေနအထားက မခန္႕ေလးစားအသြင္ေပၚလာသည္။

“အရင္ က ဒီလုိအခ်ိန္ပဲ ဟုိတယ္ခန္းမတစ္ခုမွာ ေပ်ာ္စရာေကာင္းတဲ့ မဂၤလာပြဲေလးျဖစ္ခဲ့တယ္။သတုိ႕သားေရာ သတုိ႕သမီးေရာ အရမး္ကိုေပ်ာ္ေနခဲ့တယ္ေလ။ ဒါေပမယ့္အေပ်ာ္က သိပ္မခံဘူး။ သတုိ႕သားရဲ႕ ဂုဏ္ရွိန္ႀကီးမားလွပါတယ္ဆုိတဲ့ မိခင္က ပြဲမွာတင္ တစ္ဖက္မိန္းကေလးရဲ႕မ်ိဴးရုိးကုိအရွက္ခြဲ နစ္နစ္နာနာေတြေျပာခဲ့တယ္။အင္း--သူတုိ႕အေျပာအရအေစခံမ်ိဴးရိုးေပါ့။နဂိုကတည္းကပန္းတစ္ပြင့္လုိႏုနယ္တဲ့မိန္းကေလးက ပြဲကေန ထြက္ေျပးသြားတဲ့အခ်ိန္ ဟိုတယ္ေရွ႕မွာပဲ ကားအက္ဆီးဒင့္ျဖစ္ခဲ့တယ္။အဲ့မိန္းကေလးနာမည္က Nanyi တဲ့။ ဘယ္လုိလဲ မွတ္မိတယ္မလား မယ္မယ္..”

မယ္မယ္၏ မ်က္လံုးေတြနီရဲလာသည္။Chakrii သည္မ်က္ႏွာတစ္ခုလံုးျဖဴဆုတ္လ်က္ Kongpob ကုိအ့ံအားတႀကီးႀကည့္လာ သည္။ အားလံုး၏စိတ္ပါဝင္စားမႈသည္ Kongpob ထံတြင္ျဖစ္တည္ကာ ကင္မရာက တဖ်တ္ဖ်တ္လက္၏။

“အစကတည္းက သေဘာမတူရင္ မတူဘူးေပါ့.။တူသလုိလုပ္ျပီးမွ တစ္ဖက္ရဲ႕အရွက္ကုိခြဲတာ။ခင္ဗ်ားတုိ႕ကဘယ္ေလာက္ေတာင္ ျမင့္ျမတ္ႀကီးက်ယ္ေနလုိ႕လဲ.။ခင္ဗ်ားတုိ႕ကဘာမုိ႕လုိ႕လဲ ”

ေမးေႀကာေတြေထာင္လ်က္ အံႀကိတ္ကာဆုိေနသည့္ Kongpob ေႀကာင့္ အားလံုးအသံတိတ္ေနႀကသည္။မယ္မယ္သည္ နိမ့္ခ်ည္ျမင့္ခ်ည္ခုန္ေနသည့္ရင္ဘတ္ကုိ ထိန္းကာ Kongpob ကုိစူးစူးရဲရဲႀကည့္ေနသည္။

“အဲ့ဒီ မယ္မယ္ အရွက္ခြဲခဲ့တဲ့မ်ိဴးရိုးက ပဲ ကြ်န္ေတာ္လည္း.။ဘယ္လိုလုပ္ရပါ့. မယ္မယ္ကို္ယ္တုိင္အေစခံမ်ိဴးရုိးက သားနဲ႕ မယ္မယ့္အဖိုးတန္သားေလးကုိ ေပးစားတယ္ပဲဆုိရမလား။”

“မင္း---မင္း လူပါးဝလိုက္တာ.လာဆြဲထုတ္ႀကစမ္း.”

မယ္မယ့္၏ဝန္ထမ္းတုိ႕ Kongpob အနားလာမည္ျပင္စဥ္ ထုိဝန္ထမ္းေတြအနား တခ်ိဴ႕လူေတြက ပိတ္ပင္တားဆီးထားႀကသည္။

“အဟက္ ဘာမွမျပင္ဆင္ဘဲ ကြ်န္ေတာ္လာခဲ့တယ္လုိ႕ထင္ေနလား မယ္မယ္ရဲ႕။မယ္မယ္ သတ္မွတ္တဲ့အေစခံမ်ိဴးရုိးက Kongpob suthiluck ဆိုတဲ့ကြ်န္ေတာ္ က  မယ္မယ့္လုပ္ငန္းေတြထက္ပိုတဲ့ပို္င္ဆုိ္င္မႈရွိတယ္ဆုိ ယံု.။ခုလုိ ကိုယ္တိုင္အရွက္ခြဲခံရေတာ့ဘယ္လိုေနလဲ မယ္မယ္။ ကဲ ဒီတစ္ခါ မဂၤလာပြဲကိုေတာ့ ကြ်န္ေတာ္တုိ႕မ်ိဴးရုိးဘက္က ဖ်က္မယ္။”

ခပ္တုိးတုိးေဝဖန္သံေတြက ေပၚထြက္လာသည္။ အားလံုးကုိ Kongpob က မဲ့ျပံဳးျဖင့္ေဝ့ဝဲႀကည့္လ်က္ ေဘးက Arthit ကုိျပန္ႀကည့္သည္။ Arthit က သူ႕ကိုေမာ့ႀကည့္လာသည္။ႀကယ္လုိလင္းလက္သည့္မ်က္ဝန္းလက္ေတြက ေငြ႕ရည္ဖြဲ႕ေနသည္။

“ပြဲဖ်က္ျပီးအရွက္ခြဲခံရလို႕ ထြက္ေျပးဖုိ႕ထိေတာ့ Arthit က မိန္းကေလးမဟုတ္ေတာ့မျဖစ္ေလာက္ဘူးေပါ့။ျဖစ္သြားလည္း ကြ်န္ေတာ့္ အမျဖစ္သလို ကားအက္ဆီးဒင့္ျဖစ္ဖုိ႕ ဆုေတာင္းမယ္ဆုိ မလြန္ဘူးမလား။”

“ေဟ့ေကာင္ Kongpob မင္း ဘာစကားေျပာတာလဲ.. ဒါေတြက Arthit နဲ႕ ဘာဆုိင္လုိ႕လဲ”

Bright က တက္လာျပီး တစ္ခုခုလုပ္ဖုိ႕ႀကိဳးစားေတာ့ Chanchai က အတင္းဖမ္းဆြဲထားရေသးသည္။ျပိဳလဲက်ကာ သတိလစ္မလို ျဖစ္သြားသည့္ မယ္မယ့္ကုိေတာ့ Chakrii က ဖမ္းေပြ႕ထားရ၏။အေစာပိုင္းက ေပ်ာ္ရႊယ္ဖြယ္ မဂၤလာပြဲ သည္ ရုတ္ျခည္းအက်ည္းတန္လ်က္။

“စံအိမ္ေတာ္က သခင္ေလးျဖစ္ေနတာက ကံဆုိးတာပဲ Arthit ။ဒီေန႕ပြဲထိ ျဖစ္လာဖုိ႕အထိ ကြ်န္ေတာ့္ကို ခင္ဗ်ား မယ္မယ္ရန္ကေန ေဘးမသိီရန္မခေစာင့္ေရွာက္ထားေပးခဲ့တာ ေက်းဇူးတင္ပါတယ္။ခု အားလံုးျပီးသြားျပီ။ အရွက္တကြဲအက်ိဴးနည္းခံစားခဲ့ရတဲ့ ကြ်န္ေတာ့္အမ အစား ကြ်န္ေတာ္တံု႕ျပန္ႏိုင္ခဲ့ျပီ။ ခင္ဗ်ားတုိ႕မ်ိဴးရုိးကုိ ကြ်န္ေတာ္လက္စားေခ်ႏိုင္ခဲ့ျပိီ အဟား ဟား--”

သေဘာတက်ရယ္ေမာေနသည့္ Kongpob ကုိႀကည့္ကာ Arthit မ်က္ေတာင္ခတ္လိုက္ေတာ့မ်က္ရည္ကျပိဳက်လာသည္။

“ဒါဆုိ ငါ့ကုိေျပာခဲ့သမွ်.က”

“ေသခ်ာေပါက္ စိတ္ရင္းေတြမဟုတ္ဘူးေပါ့. ရန္သူလို လူကုိ ကြ်န္ေတာ္ကဘယ္လိုလုပ္ခ်စ္ႏိုင္မွာလဲ ျပီးေတာ့ ကြ်န္ေတာ္ ေယာက်ာ္းေလးေတြကုိမႀကိဳက္တတ္ဘူး Arthit. ။အဲ့ေန႕က ကြ်န္ေတာ့္အမ ခံစားရတာ ခုခ်ိန္ထိ မေမ့ႏိုင္ေသးဘူး။ မေက်နပ္ႏိုင္ဘူး။ လူ လူခ်င္းဘာမ်ိဴးရုိးဂုဏ္သိကၡာလဲ သြားစမ္းပါ.. ေသာက္စရာေရတစ္ခြက္ေလာက္ေတာင္ အေရးမပါတဲ့ဟာေတြ.. အေစခံမ်ိဴးရုိးကကြ်န္ေတာ့္ကို တကယ္ခ်စ္ခဲ့တယ္ဆုိရင္ေတာ့ စိတ္မေကာင္းပါဘူး။ယူႀကံဳးမရလည္းျဖစ္ေနမွာေပါ့ အဟက္ ဟက္.”

“ဲဟင့္အင္း ငါ ဘယ္တုန္းကမွ-”

“Good bye  ထာဝရအတြက္ႏႈတ္ဆက္တယ္. ”

စင္ျမင့္ေသးေသးေလးေပၚကေန Kongpob ဆင္းသြားေတာ့ ဧည့္သည္ေတြႀကားမွာပင္ရွိေနသည့္ Kongpob လူေတြက Kong ေနာက္ျခံရံလ်က္ လုိက္သြားႀကသည္မွာ Kongpob သည္ တကယ့္မင္းသားအလား.။

ေဒါသေတြ နင့္ပုိးလ်က္ မယ္မယ္သတိလစ္သြားသည္ကိုေအာ္ေခၚျပဳစုေနႀကသူမ်ားကုိလည္းေတြ႕သည္။ လံုျခံဳေရးေတြ အတင္း ႏွင္လႊတ္သည့္  မီဒီယာသမားေတြကုိလည္းေတြ႕သည္။ ဒါေတာင္ မရ ရသည့္ေနရာက ကင္မရာတဖ်တ္ဖ်တ္ျဖင့္ Arthit ကုိ မွတ္တမ္းတင္ေနသည့္သူမ်ားကိုလည္းေတြ႕သည္။ သို႕ေသာ္ Arthit လႈပ္ရွားမႈမရွိ.ထုိေနရာတြင္သာျငိမ္ျငိမ္ေလးထိုင္ေနမိသည္။ မ်က္စိေရွ႕ ကျဖစ္ပ်က္ေနသမွ်ကိုႀကည့္ရင္းမ်က္ရည္လည္းမက်.ေတြေတြႀကီးႀကည့္ေနသည္မွာ အဘယ္မွ် တာသြားသည္မသိ.။ပုခုံးကိုလာကိုင္သည့္လက္တစ္ဖက္ေႀကာင့္ ေမာ့ႀကည့္လုိက္မိသည္။

“ဧည့္သည္ေတြလည္း အားလံုးျပန္သြားျပီ အျပင္မွာလည္းရွင္းလင္းေနျပီ ျပန္ရေအာင္ေနာ္ Arthit.”

“ခဏေလး ကုိႀကီး  ကြ်န္ေတာ္  ဒီမွာ ခဏထိုင္ခ်င္ေသးတယ္။ ျပန္ႏွင့္ေတာ့ေနာ္ တစ္ေယာက္တည္းေနခ်င္လို႕”

Chakrii  က သက္ျပင္းရွည္ႀကီးခ်လ်က္ အနားက Bright ကုိပါလွမ္းႀကည့္လိုက္သည္။ Bright က ေခါင္းညိတ္ျပသည္မုိ႕ သူ ျပန္ထြက္သြားခဲ့သည္။

ဘယ္သူမွ မရွိေတာ့ဘူးဆိုကာမွ Arthit မ်က္လံုးေတြစံုမွိတ္လုိက္သည္။ ဘယ္တုန္းကတည္းက က်ခ်င္ေနမွန္း မသိ သည့္ မ်က္ရည္တုိ႕က သူ႕ထက္ငါ အျပိဳင္အဆိုင္က်ဆင္းလာႀကသည္။

~ ~ ပြဲဖ်က္ျပီးအရွက္ခြဲခံရလို႕ ထြက္ေျပးဖုိ႕ထိေတာ့ Arthit က မိန္းကေလးမဟုတ္ေတာ့မျဖစ္ေလာက္ဘူးေပါ့။ျဖစ္သြားလည္း ကြ်န္ေတာ့္ အမျဖစ္သလို ကားအက္ဆီးဒင့္ျဖစ္ဖုိ႕ ဆုေတာင္းမယ္ဆုိ မလြန္ဘူးမလား။

မလြန္ဘူးမလားတဲ့.။ဘယ္လိုျဖစ္လုိ႕ Kong က သူ႕ကိုအဲ့ေလာက္ေတာင္ ေျပာရက္ရတာလဲ..

ေရွ႕ကစားပြဲေပၚ လက္တင္ ေခါင္းေမွာက္လ်က္  ရိႈက္ႀကီးတငင္အသံထြက္လ်က္ငိုမိသည္။ေယာက်ာ္းသားျဖစ္လင့္ကစား.-- အျပင္ပန္းသန္မာသည္ထင္ရသည့္ Arthit သည္ စိတ္ႏွလံုးသားက ႏူးည့ံသူမုိ႕ ပုခုံးစြန္းေတြလႈပ္သည္အထိ နင့္နင့္နဲနဲငိုမိသည္။

ခ်စ္သူေပးသည့္ ဒဏ္ရာ က ေသရာပါပင္ ျဖစ္ေပေတာ့သည္။

***************
#With Heart
Just A Dreamer

UNICODE

အပိုင်း-(၁၄)

မျက်စိရှေ့က မြင်နေရသည့် နံ့သာရောင် ရိုးရာဝတ်စုံဖြင့် သားဖြစ်သူကိုကြည့်ကာ မယ်မယ် နှမြောသလို သက်ပြင်းလည်းချ သည်။

“မယ်မယ်က သားမက်ဖြစ်လာမယ့်သူကို မင်္ဂလာပွဲနေ့မှ သေသေချာချာတွေ့ရမယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး။ ”

“တောင်းပန်ပါတယ် မယ်မယ်.။မင်္ဂလာပွဲပြီးရင် မယ်မယ် သေသေချာချာတွေ့ရမှာပါ.။နားလည်ပေးပါ မယ်မယ်.”

“လာပါ မမရယ်။ ဓါတ်ပုံတွေလည်းတွေ့နေရတာပဲကို။ခဏနေ Chakkari လည်းရောက်တော့မှာ လာ..သားငယ်ကိုခဏထားပြီး သားကြီးကို ဂရုစိုက်ပါဦး”

မယ်မယ် ကမချိပြုံးလျက် Chanchai တွဲခေါ်သည့်အတိုင်း နားနေခန်းမထဲမှ ထွက်နှင့်သည်။ Arthit သက်ပြင်းဖွဖွလေးချလျက် တစ်ဖက်မှ Kongpob ရှိနေမည့် အခန်းဘက်ကူးလာခဲ့သည်။လွန်ခဲ့သည့် တစ်ပတ်လုံး Kongpob အနားကို မယ်မယ် မကပ်ရလေအောင် သူ အစောင့်တွေ ထားလျက် စောင့်ကြည့်စေခဲ့သည်။သူ ဘယ်လိုခြိမ်းခြောက်ခဲ့ပါစေ သူ မသိလိုက်ချိန်တွင် Kongpob တစ်ခုခုဖြစ်သွားမည် ကို စိုးမိသည်ကြောင့်။ မင်္ဂလာပွဲပြီးလျှင်တော့ဖြင့် မယ်မယ်က Kong ကိုထိခိုက်အောင် မလုပ်နီုင်တော့.။တရားဝင်လူသိရှင်ကြား ဖြစ်ပြီဆိုတော့ Arthit ဒုက္ခရဲအောင် အိမ်ထောင်ကွဲအောင်တော့ မလုပ်တော့ဘူးဆိုတာ Arthit က ကောင်းကောင်းသိသည်။

“ကိုကို ဘယ်သွားနေတာလဲဗျာ. တွေ့ချင်နေတာကို”

“ဟိုဘက်မှာမယ်မယ်နဲ့ စကားခဏပြောနေတာ.။Kong ရဲ့ မိဘတွေရော ရောက်နေပြီမလား။”

“ရောက်နေပြီလေ.ခုနလေးကတင် ခန်းမထဲ နေ၇ာချပေးခဲ့တယ်။”

Kong ၏မိဘတွေနှင့်ကတော့ လွန်ခဲ့သည့်ရက်တွေကတည်းက Arthit လိုက်တွေ့ပြီးပြီမို့ ရင်းနှီးမှုတော့ရှိနေပြီဖြစ်သည်။ Arthit ဘက်ကသာ မယ်မယ်နှင့်ပေးမတွေ့ခြင်းကို Kongpob ကလည်း အပြစ်မဆို.။အေးအေးသာသာလက်ခံပြီးဘာမှမမေးခဲ့ပေ။

“မျက်နှာလေးက မကောင်းပါလား။ဘာဖြစ်လို့လဲ”

အနားကိုတိုးလာပြီး Kongpob မေးတော့ Arthit ငေးငေးလေးကြည့်ရင်း ခေါင်းခါပြလိုက်သည်။

“လက်ထပ်ရမယ်ဆိုတော့ မယုံနိုင်အောင်ဖြစ်ပြီး ဝမ်းသာလွန်းလို့ပါ။”

“ကျွန်တော်ရောပဲ ခု ရင်တွေတအားခုန်နေတယ်.”

Kongpob က Arthit လက်တစ်ဖက်ကိုဆွဲလျက် သူ့၇င်ဘတ်ပေါ်တင်ပေးသည်။ပုံမှန်ထက်ခုန်မြန်နေသော Kongpob ရင်ခုန်သံ ကြောင့် Arthit ပြုံးလာမိသည်။

“ဒီရင်ခုန်သံတွေက ငါ့အတွက်ဖြစ်တာရောဟုတ်လို့လား Kong”

“ကိုကို့အတွက်မဟုတ်လို့ဘယ်သူ့အတွက်ရမှာလဲ.”

နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည်။ဖြည်းဖြည်းချင်းနီးကပ်လာသော မျက်နှာနှစ်ခုနှင့်အတူ အကြည့်မလွှဲနိုင်သော မျက်ဝန်းနှစ်စုံက ထိကပ်လုအံ့ဆဲဆဲ.. တံခါးရွက်က ဖြတ်ခနဲပွင့်လာသည်။

“အဟမ်း--ငါနှောင့်ယှက်မိသလိုဖြစ်သွားလား.။ပွဲစတော့မယ် ပြီးရင်လည်း အတူနေရမှာ. အကဲပိုမနေနဲ့.”

Bright က မဲ့ရွဲ့ကာ ပြောတော့ နှစ်ယောက်လုံးရယ်မိကြသေးသည်။ထို့နောက်လက်တွဲလျက် ခန်းမထဲဝင်ခဲ့ကြတော့သည်။ ပွဲသည် စံအိမ်တော်၏ သခင်လေးဖြစ်သူ၏ မင်္ဂလာပွဲပေမို့ အားလုံးစည်စည်ကားကားရှိလှသည်။ သတင်းမီဒီယာတစ်ချိူ့က လည်း ဟိုတစ်စ ဒီတစ်စ. အရင်နှစ်က ပျက်ပြားသွားခဲ့သည့် စံအိမ်တော်၏သားကြီးဖြစ်သူ ၏ ပွဲကလည်း ရှိထားတော့ ဒီပွဲကို အားလုံးကစိတ်ဝင်စားနေကြသည်။ခန်းမတစ်ခုလုံး အဖြူရောင်လိုက်ကာတွေ အဖြူရောင်ပန်းပွင့်တွေဖြင့် အလှဆင်သည်။

Arthit က Kongpob ကိုမယ်မယ့်နားသို့ခေါ်လာခဲ့လိုက်သည်။

“မယ်မယ်. Kongpob ပါ ”

“မင်္ဂလာပါမယ်မယ်.”

Kongpob က လက်အုပ်ချီလျက် နှုတ်ဆက်ပေမယ့် ဒီကောင်လေး၏အကြည့်ကို မယ်မယ်မနှစ်မြို့။သို့သော် ပြုံးနေသည့် Arthit မျက်နှာကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဦးလေး Chanchai ကိုတော့မင်းသိလိမ့်မယ်။ဒါက င့ါကိုကြီး Chakrii.တဲ့”

Arthit မိတ်ဆက်ပေးသည့် အကိုဖြစ်သူဆိုသည့်တစ်ယောက်ကို Kongpob လက်အုပ်ချီကာထပ်မံနှုတ်ဆက်သည်။ Chakrii ဆိုသည့် အသားဖြူဖြူ အရပ်ရှည်ရှည်နှင့်လူကလည်းပြန်ပြုံးကာနှုတ်ဆက်လာ၏။တခြားဧည့်သည်တွေကိုပါ လိုက်လံနှုတ် ဆက်ကြရင်း မင်္ဂလာကောင်းချီးပေးမည့်အချိန်သို့ရောက်လာခဲ့သည်။ နှစ်ယောက်လုံးသည် ရေစင်သွန်းကာကောင်းချီးပေး ခံမည့် ထိုင်ခုံလေးဆီသို့သွားကြသည်။Arthit က ထိုင်လိုက်ပြီဖြစ်ပေမယ့် Kongpob က မထိုင်သေး.။မတ်တပ်ရပ်နေသေးတော့ Arthit မော့ကြည့်လိုက်သည်။

“Kong ထိုင်လေ.”

Kongpob သူ့ကိုပြုံးပြသော အပြုံးသည် ထူးဆန်းနေသည်။ Kongpob က ကင်မရာတရွယ်ရွယ်ဖြင့် မီဒီယာတွေရှေ့.. မယ်မယ်တို့ရပ်နေသည့်ဘက်ကိုမျက်နှာမူလိုက်ပြီး မျက်နှာအနေအထားက မခန့်လေးစားအသွင်ပေါ်လာသည်။

“အရင် က ဒီလိုအချိန်ပဲ ဟိုတယ်ခန်းမတစ်ခုမှာ ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေးဖြစ်ခဲ့တယ်။သတို့သားရော သတို့သမီးရော အရမ်းကိုပျော်နေခဲ့တယ်လေ။ ဒါပေမယ့်အပျော်က သိပ်မခံဘူး။ သတို့သားရဲ့ ဂုဏ်ရှိန်ကြီးမားလှပါတယ်ဆိုတဲ့ မိခင်က ပွဲမှာတင် တစ်ဖက်မိန်းကလေးရဲ့မျိူးရိုးကိုအရှက်ခွဲ နစ်နစ်နာနာတွေပြောခဲ့တယ်။အင်း--သူတို့အပြောအရအစေခံမျိူးရိုးပေါ့။နဂိုကတည်းကပန်းတစ်ပွင့်လိုနုနယ်တဲ့မိန်းကလေးက ပွဲကနေ ထွက်ပြေးသွားတဲ့အချိန် ဟိုတယ်ရှေ့မှာပဲ ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်။အဲ့မိန်းကလေးနာမည်က Nanyi တဲ့။ ဘယ်လိုလဲ မှတ်မိတယ်မလား မယ်မယ်..”

မယ်မယ်၏ မျက်လုံးတွေနီရဲလာသည်။Chakrii သည်မျက်နှာတစ်ခုလုံးဖြူဆုတ်လျက် Kongpob ကိုအံ့အားတကြီးကြည့်လာ သည်။ အားလုံး၏စိတ်ပါဝင်စားမှုသည် Kongpob ထံတွင်ဖြစ်တည်ကာ ကင်မရာက တဖျတ်ဖျတ်လက်၏။

“အစကတည်းက သဘောမတူရင် မတူဘူးပေါ့.။တူသလိုလုပ်ပြီးမှ တစ်ဖက်ရဲ့အရှက်ကိုခွဲတာ။ခင်ဗျားတို့ကဘယ်လောက်တောင် မြင့်မြတ်ကြီးကျယ်နေလို့လဲ.။ခင်ဗျားတို့ကဘာမို့လို့လဲ ”

မေးကြောတွေထောင်လျက် အံကြိတ်ကာဆိုနေသည့် Kongpob ကြောင့် အားလုံးအသံတိတ်နေကြသည်။မယ်မယ်သည် နိမ့်ချည်မြင့်ချည်ခုန်နေသည့်ရင်ဘတ်ကို ထိန်းကာ Kongpob ကိုစူးစူးရဲရဲကြည့်နေသည်။

“အဲ့ဒီ မယ်မယ် အရှက်ခွဲခဲ့တဲ့မျိူးရိုးက ပဲ ကျွန်တော်လည်း.။ဘယ်လိုလုပ်ရပါ့. မယ်မယ်ကိုယ်တိုင်အစေခံမျိူးရိုးက သားနဲ့ မယ်မယ့်အဖိုးတန်သားလေးကို ပေးစားတယ်ပဲဆိုရမလား။”

“မင်း---မင်း လူပါးဝလိုက်တာ.လာဆွဲထုတ်ကြစမ်း.”

မယ်မယ့်၏ဝန်ထမ်းတို့ Kongpob အနားလာမည်ပြင်စဉ် ထိုဝန်ထမ်းတွေအနား တချိူ့လူတွေက ပိတ်ပင်တားဆီးထားကြသည်။

“အဟက် ဘာမှမပြင်ဆင်ဘဲ ကျွန်တော်လာခဲ့တယ်လို့ထင်နေလား မယ်မယ်ရဲ့။မယ်မယ် သတ်မှတ်တဲ့အစေခံမျိူးရိုးက Kongpob suthiluck ဆိုတဲ့ကျွန်တော် က  မယ်မယ့်လုပ်ငန်းတွေထက်ပိုတဲ့ပိုင်ဆိုင်မှုရှိတယ်ဆို ယုံ.။ခုလို ကိုယ်တိုင်အရှက်ခွဲခံရတော့ဘယ်လိုနေလဲ မယ်မယ်။ ကဲ ဒီတစ်ခါ မင်္ဂလာပွဲကိုတော့ ကျွန်တော်တို့မျိူးရိုးဘက်က ဖျက်မယ်။”

ခပ်တိုးတိုးဝေဖန်သံတွေက ပေါ်ထွက်လာသည်။ အားလုံးကို Kongpob က မဲ့ပြုံးဖြင့်ဝေ့ဝဲကြည့်လျက် ဘေးက Arthit ကိုပြန်ကြည့်သည်။ Arthit က သူ့ကိုမော့ကြည့်လာသည်။ကြယ်လိုလင်းလက်သည့်မျက်ဝန်းလက်တွေက ငွေ့ရည်ဖွဲ့နေသည်။

“ပွဲဖျက်ပြီးအရှက်ခွဲခံရလို့ ထွက်ပြေးဖို့ထိတော့ Arthit က မိန်းကလေးမဟုတ်တော့မဖြစ်လောက်ဘူးပေါ့။ဖြစ်သွားလည်း ကျွန်တော့် အမဖြစ်သလို ကားအက်ဆီးဒင့်ဖြစ်ဖို့ ဆုတောင်းမယ်ဆို မလွန်ဘူးမလား။”

“ဟေ့ကောင် Kongpob မင်း ဘာစကားပြောတာလဲ.. ဒါတွေက Arthit နဲ့ ဘာဆိုင်လို့လဲ”

Bright က တက်လာပြီး တစ်ခုခုလုပ်ဖို့ကြိုးစားတော့ Chanchai က အတင်းဖမ်းဆွဲထားရသေးသည်။ပြိုလဲကျကာ သတိလစ်မလို ဖြစ်သွားသည့် မယ်မယ့်ကိုတော့ Chakrii က ဖမ်းပွေ့ထားရ၏။အစောပိုင်းက ပျော်ရွှယ်ဖွယ် မင်္ဂလာပွဲ သည် ရုတ်ခြည်းအကျည်းတန်လျက်။

“စံအိမ်တော်က သခင်လေးဖြစ်နေတာက ကံဆိုးတာပဲ Arthit ။ဒီနေ့ပွဲထိ ဖြစ်လာဖို့အထိ ကျွန်တော့်ကို ခင်ဗျား မယ်မယ်ရန်ကနေ ဘေးမသီရန်မခစောင့်ရှောက်ထားပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ခု အားလုံးပြီးသွားပြီ။ အရှက်တကွဲအကျိူးနည်းခံစားခဲ့ရတဲ့ ကျွန်တော့်အမ အစား ကျွန်တော်တုံ့ပြန်နိုင်ခဲ့ပြီ။ ခင်ဗျားတို့မျိူးရိုးကို ကျွန်တော်လက်စားချေနိုင်ခဲ့ပြီ အဟား ဟား--”

သဘောတကျရယ်မောနေသည့် Kongpob ကိုကြည့်ကာ Arthit မျက်တောင်ခတ်လိုက်တော့မျက်ရည်ကပြိုကျလာသည်။

“ဒါဆို ငါ့ကိုပြောခဲ့သမျှ.က”

“သေချာပေါက် စိတ်ရင်းတွေမဟုတ်ဘူးပေါ့. ရန်သူလို လူကို ကျွန်တော်ကဘယ်လိုလုပ်ချစ်နိုင်မှာလဲ ပြီးတော့ ကျွန်တော် ယောကျာ်းလေးတွေကိုမကြိုက်တတ်ဘူး Arthit. ။အဲ့နေ့က ကျွန်တော့်အမ ခံစားရတာ ခုချိန်ထိ မမေ့နိုင်သေးဘူး။ မကျေနပ်နိုင်ဘူး။ လူ လူချင်းဘာမျိူးရိုးဂုဏ်သိက္ခာလဲ သွားစမ်းပါ.. သောက်စရာရေတစ်ခွက်လောက်တောင် အရေးမပါတဲ့ဟာတွေ.. အစေခံမျိူးရိုးကကျွန်တော့်ကို တကယ်ချစ်ခဲ့တယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ယူကြုံးမရလည်းဖြစ်နေမှာပေါ့ အဟက် ဟက်.”

“ဲဟင့်အင်း ငါ ဘယ်တုန်းကမှ-”

“Good bye  ထာဝရအတွက်နှုတ်ဆက်တယ်. ”

စင်မြင့်သေးသေးလေးပေါ်ကနေ Kongpob ဆင်းသွားတော့ ဧည့်သည်တွေကြားမှာပင်ရှိနေသည့် Kongpob လူတွေက Kong နောက်ခြံရံလျက် လိုက်သွားကြသည်မှာ Kongpob သည် တကယ့်မင်းသားအလား.။

ဒေါသတွေ နင့်ပိုးလျက် မယ်မယ်သတိလစ်သွားသည်ကိုအော်ခေါ်ပြုစုနေကြသူများကိုလည်းတွေ့သည်။ လုံခြုံရေးတွေ အတင်း နှင်လွှတ်သည့်  မီဒီယာသမားတွေကိုလည်းတွေ့သည်။ ဒါတောင် မရ ရသည့်နေရာက ကင်မရာတဖျတ်ဖျတ်ဖြင့် Arthit ကို မှတ်တမ်းတင်နေသည့်သူများကိုလည်းတွေ့သည်။ သို့သော် Arthit လှုပ်ရှားမှုမရှိ.ထိုနေရာတွင်သာငြိမ်ငြိမ်လေးထိုင်နေမိသည်။ မျက်စိရှေ့ ကဖြစ်ပျက်နေသမျှကိုကြည့်ရင်းမျက်ရည်လည်းမကျ.တွေတွေကြီးကြည့်နေသည်မှာ အဘယ်မျှ တာသွားသည်မသိ.။ပုခုံးကိုလာကိုင်သည့်လက်တစ်ဖက်ကြောင့် မော့ကြည့်လိုက်မိသည်။

“ဧည့်သည်တွေလည်း အားလုံးပြန်သွားပြီ အပြင်မှာလည်းရှင်းလင်းနေပြီ ပြန်ရအောင်နော် Arthit.”

“ခဏလေး ကိုကြီး  ကျွန်တော်  ဒီမှာ ခဏထိုင်ချင်သေးတယ်။ ပြန်နှင့်တော့နော် တစ်ယောက်တည်းနေချင်လို့”

Chakrii  က သက်ပြင်းရှည်ကြီးချလျက် အနားက Bright ကိုပါလှမ်းကြည့်လိုက်သည်။ Bright က ခေါင်းညိတ်ပြသည်မို့ သူ ပြန်ထွက်သွားခဲ့သည်။

ဘယ်သူမှ မရှိတော့ဘူးဆိုကာမှ Arthit မျက်လုံးတွေစုံမှိတ်လိုက်သည်။ ဘယ်တုန်းကတည်းက ကျချင်နေမှန်း မသိ သည့် မျက်ရည်တို့က သူ့ထက်ငါ အပြိုင်အဆိုင်ကျဆင်းလာကြသည်။

~ ~ ပွဲဖျက်ပြီးအရှက်ခွဲခံရလို့ ထွက်ပြေးဖို့ထိတော့ Arthit က မိန်းကလေးမဟုတ်တော့မဖြစ်လောက်ဘူးပေါ့။ဖြစ်သွားလည်း ကျွန်တော့် အမဖြစ်သလို ကားအက်ဆီးဒင့်ဖြစ်ဖို့ ဆုတောင်းမယ်ဆို မလွန်ဘူးမလား။

မလွန်ဘူးမလားတဲ့.။ဘယ်လိုဖြစ်လို့ Kong က သူ့ကိုအဲ့လောက်တောင် ပြောရက်ရတာလဲ..

ရှေ့ကစားပွဲပေါ် လက်တင် ခေါင်းမှောက်လျက်  ရှိုက်ကြီးတငင်အသံထွက်လျက်ငိုမိသည်။ယောကျာ်းသားဖြစ်လင့်ကစား.-- အပြင်ပန်းသန်မာသည်ထင်ရသည့် Arthit သည် စိတ်နှလုံးသားက နူးညံ့သူမို့ ပုခုံးစွန်းတွေလှုပ်သည်အထိ နင့်နင့်နဲနဲငိုမိသည်။

ချစ်သူပေးသည့် ဒဏ်ရာ က သေရာပါပင် ဖြစ်ပေတော့သည်။

***************
#With Heart
Just A Dreamer



Continue Reading

You'll Also Like

104K 6.2K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
272K 18.9K 58
အတိတ္​ ​ေတြ အနာဂါတ္​​ေတြ​ေတာ့ ကိုယ္​မသိဘူး လက္​႐ွိဘဝမွာ​ေတာ့ မင္​းကို အခ်စ္​ဆံုးပဲ အတိတ်​ ​တွေ အနာဂါတ်​​တွေ​တော့ ကိုယ်​မသိဘူး လက်​ရှိဘဝမှာ​တော့ မင်းက...
151K 21.9K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
51.4K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...