အလြမ္းနဲ႔ ၿပီးခဲ့ရတဲ့ ေက်ာင္းပိတ္ရက္တခ်ိဳ႕ကို ကြၽန္မေတာ္ေတာ္မုန္းေနၿပီ။ ေက်ာင္းပ်က္ရက္ေတြအတြက္ ကြၽန္မကပဲ စ လယ္ ဆံုး တာဝန္ယူေပးေနသည္။
ဒါက ကြၽန္မအတြက္ ပင္ပန္းတယ္ရယ္လို႔ေတာ့မဟုတ္။ သူကေတာ့ လာလည္းမလာခိုင္း။ ကြၽန္မကပဲ......
"Jen ငါနင့္ကိုတကယ္အားနာေနၿပီ"
"နင္ အမွတ္ေကာင္းေစခ်င္လို႔ပါ"
"ငါ ေသခ်ာေပါက္ႀကိဳးစားပါမယ္ ဒါေပမဲ့ ငါက နင့္အတြက္ ဝန္ထုပ္ဝန္ပိုး တစ္ခုျဖစ္ေနမွာ"
"ဟာ....အဲ့လိုျဖစ္စရာလား မဟုတ္တာ အဲ့လိုမ်ိဳးမထင္လိုက္ပါနဲ႔ ငါအတြက္ဘာဝန္ထုပ္ဝန္ပိုးမွ မျဖစ္ဘူး
ဟုတ္ၿပီလား"
"ေနာက္ၿပီး နင္စာလုပ္ရတာလဲ ပ်က္မွာေပါ့"
"ငါကဘယ္သူလဲ ငါက JennieKimေလ အဲ့ေလာက္ေတာ့ ေအးေဆး"
ကြၽန္မကိုယ္ကြၽန္မ ယံုၾကည္မႈရွိမွ သူက ကြၽန္မကို ယံုၾကည္မည္ မဟုတ္လား။
"အင္းပါ ေနာက္ဆို ငါအတန္းမွန္ေအာင္တက္ပါ့မယ္"
ဒါေပမဲ့....သူက ကတိမတည္။
ထံုးစံအတိုင္း ၅ ရက္မွာ ၃ရက္ေလာက္က ေပ်ာက္ေနတတ္သည္။
"ငါေတာင္းပန္ပါတယ္ Jen"
"အင္း..ရပါတယ္ေနာက္ထပ္ႀကိဳးစားဖို႔ အခ်ိန္ေတြရွိပါေသးတယ္"
"အင္း.."
ႀကိဳးစားဖို႔ အခ်ိန္ရွိသည္ ဆိုေသာ္ျငား ကြၽန္မ စိတ္ပူမိသည္။ ေနာက္ရက္ေတြမွာလည္း သူက ပ်က္ကြက္ၿမဲ။
"လီဆာရယ္ ေက်ာင္းမပ်က္ပါနဲ႔ေတာ့ ေနာ္ "
"အင္း အင္း မပ်က္ေတာ့ဘူး"
စာေမးပြဲေျဖဖို႔ ဆယ္ရက္အလိုမွာေတာ့ ကြၽန္မသူ႔ကိုေသခ်ာၾကပ္မတ္ဖို႔ ဆံုးျဖတ္ထားသည္။
ကံေကာင္းေထာက္မစြာျဖင့္ ထိုဆယ္ရက္ေတာ့ သူက
ကြၽန္မ စကားကိုနားေထာင္ကာ စာကိုေသခ်ာလုပ္သည္။
အရင္ရက္ေတြအတြက္ကေတာ့ နွေျမာဖို႔ေကာင္းပါသည္။
"ေျဖနိုင္လား လီဆာ"
"အင္း ေျဖနိုင္တယ္ နင္ေရာ"
သူေျဖနိုင္တယ္ဆိုရင္ပဲ ကြၽန္မ စိတ္မေအးေသးပါ။
Resultေတာ့ ေစာင့္ၾကည့္ရဦးမည္။
" I am JennieKim"
သူက သေဘာက်စြာ ရယ္ေမာၿပီး ကြၽန္မဆံပင္ကို ဖြသည္။
"Yarr..."
"စြာလိုက္တာ"
လမ္းေလ်ွာက္ေနရင္း ကြၽန္မက သူ႔ပခံုးကို စေနာက္ၿပီး
တိုက္လိုက္သည္။
"Ahh...!"
သူက တစ္ဖက္သို႔ ယိုင္သြားၿပီး ေဘးက ျဖတ္သြားေသာကာင္မေလးအေပၚသို႔ က်သြားသည္။
တကယ္ဆို ကြၽန္မ မစသင့္ခဲ့ဘူး။
"ေတာင္းပန္ပါတယ္ ရရဲ႕လား"
"ဟုတ္ရပါတယ္"
"နာသြားေသးလား"
"ဟင့္အင္း ခြင့့္ျပဳပါဦး"
ထိုေကာင္မေလး ထြက္သြားမွ ကြၽန္မတို႔
ခရီးဆက္ခဲ့ၾကသည္။
"ေက်ာင္းတက္ေနတာ နွစ္ဝက္က်ိဳးေနၿပီ နင္ခုထိဝမလာဘူးေနာ္"
"Body shamingလုပ္တာလား လာလီဆာ"
"အဟားဟား နင္ကေသးေသးနဲ႔လည္းခ်စ္ဖို႔ေကာင္းၿပီးသားပါ နင္ဒီထက္နည္းနည္းေလး ထြားလာတာကိုပဲ ငါျမင္ခ်င္တာပါ"
"ေစာင့္ၾကည့္ေန ငါထြားလာေအာင္လုပ္ျပမယ္"
"ေအးပါ ငါတို႔အခုဘယ္သြားၾကဦးမလဲ နင္အိမ္ျပန္မွာလား"
"နင္ေရာ"
"ငါက ခ်ယ္ေယာင္းဆီသြားမွာလိုက္ခ်င္ရင္လိုက္ခဲ့ေလ"
"အင္း လိုက္ခဲ့မယ္ေလ"
"အဲ့ဒါဆို ေက်ာင္းေပါက္ဝကေနခဏေစာင့္ ငါေဘာင္းဘီလဲၿပီး ထြက္လာခဲ့မယ္ မၾကာဘူး အိုေခ?"
"အိုေခ"
၅မိနစ္ေလာက္ေစာင့္ၿပီး သူ႔ဆိုင္ကယ္ေရာက္လာေတာ့
ေနာက္ကတက္ကာ ခါးကိုဖက္ထားလိုက္သည္။
ခ်ယ္ေယာင္း၏ ေကာ္ဖီဆိုင္ေရွ႕မွာပဲ ဆိုင္ကယ္ကိုထိုးရပ္လိုက္သည္။
ခ်ယ္ေယာင္းတစ္ေယာက္ေတာ့ စာေမးပြဲေစာေစာေျဖၿပီး ဆိုင္သြားဖြင့္ေနတာ။ စီးပြားေရး ေသာင္းက်န္းေနသူဟု
သမုတ္သင့္ၿပီ။
"Chae Young naa.."
"Aw.. Lisa Jennie ေျဖနိုင္လား"
"အင္း ေျဖနိုင္တယ္"
ကြၽန္မတို႔ နွစ္ေယာက္ဆီမွ အသံက ၿပိဳင္တူနီးပါးထြက္လာ
ၾကသည္။
ေရာက္ေရာက္ခ်င္း ခ်ယ္ေယာင္းက လီဆာကို စားပြဲတစ္ခုသို႔ ေမးေငါ့ျပသည္။
"ဟာ...မမ"
ကြၽန္မ မလိုက္ခဲ့သင့္ဘူး။
သူ႔လက္ေမာင္းကို ကိုင္ထားတဲ့ ကြၽန္မလက္ေတြ ေျပေလ်ာ့က်ကုန္သည္။
ကြၽန္မသူ႔ကို ၾကည့္လိုက္ေတာ့ သူ႔မ်က္ဝန္းေတြက ခါတိုင္းထက္ပိုမိုေတာက္ပေနသည္။
ဒီလိုႀကီး မထင္မွတ္ပဲ သံုးေယာက္လံုး ဆံုရမယ္လို႔ ကြၽန္မအေတြးထဲေတာင္မရွိခဲ့။
"လီဆာ ဂ်င္းနီ ကေလးေတြလာထိုင္ၾကေလ"
"ဟုတ္"
ခ်ယ္ေယာင္းလာခ်ေပးေသာ ေကာ္ဖီခြက္ကို ကြၽန္မ မလႈပ္မယွက္ ၾကည့္ေနမိသည္။
"Jennie စားေလ"
Jennie တဲ့လား ။ သူကြၽန္မကို Jennieလို႔ေခၚလိုက္တာလား။ သူ......
"Jennie Unnieကိုအားမနာပါနဲ႔ စားေလ
ဒီေန႔Unnieက ဝယ္ေကြၽးမွာမို႔"
"မိုးေတြ႐ြာဦးေတာ့မယ္ Jisoo Unnie"
ခ်ယ္ေယာင္းက ကိတ္မုန္႔ခ်ေပးၿပီး သူပါေရာထိုင္သည္။
"အံမယ္ ChaeYoungရယ္ ဒီေန႔တကယ္ဝယ္ေကြၽးမွာပါ"
သူကေတာ့ သူ႔မမကို ႐ႊန္း႐ႊန္းစားစား ၾကည့္ေနသည္ကလြဲလို႔ ဘာမွေတာ့ဝင္မေျပာေသး။
"ကဲ ကေလးေတြကို ဒီေန႔unnie ေျပာစရာရွိတယ္"
"ေျပာစရာ?"
ခ်ယ္ေယာင္း ေကာ္ဖီေသာက္ရင္း ေမးသည္။
ကြၽန္မလက္နွစ္ဖက္ကေတာ့ ေကာ္ဖီခြက္ကို တင္းက်ပ္စြာဆုပ္ကိုင္ထားတုန္းသာ။
"မနက္ျဖန္က်ရင္ U.Sကိုျပန္ရေတာ့မယ္ ဟိုမွာပဲ အၿပီးေနေတာ့မွာ Masterေတြလည္းဆက္တက္ခ်င္လို႔
ၿပီးေတာ့ အလုပ္အကိုင္လည္းေကာင္းလို႔ေလ"
ထိတ္လန္႔သြားသူက သူတစ္ေယာက္တည္းမဟုတ္။
ကြၽန္မေရာ ထိတ္လန္႔သြားတာ။
သူကထိတ္လန္႔တၾကားျဖစ္သြားၿပီး မယံုနိုင္သလို နားလည္ရခက္သလို မ်က္ဝန္းမ်ားနွင့္ၾကည့္ေနသည္။
"အၿပီးေနမယ္?"
"အင္း ဟုတ္တယ္ လီဆာ"
သူမ်က္လႊာခ်သြားသည္။
"ဘာလို႔အၿပီးေနမွာလဲ ဒီမွာလည္း အလုပ္ေတြေကာင္းရဲ႕သားနဲ႔"
"ေပ်ာ္ရာမွာမေန ေတာ္ရာမွာေန ဆိုသလိုေပါ့ လီဆာရယ္ Unnieလည္း ဒီမွာေနခ်င္ပါေသးတယ္ ဒါေပမဲ့ မရဘူးေလ "
ေမေမေျပာခဲ့ဖူးေသာ ထိုစကားေလးကိုေတာင္ ကြၽန္မ
အမွတ္ရသြားေသးသည္။
"ဘာကို ဘာကို မရတာလဲ မမ အရည္အခ်င္းနဲ႔ဆို ဒီမွာCEOေလာက္ေတာင္ျဖစ္နိုင္ေသးတာ"
"အဲ...အဲ့လိုလည္းမဟုတ္ေသးဘူးေလ လီဆာနားလည္ေအာင္ ဘယ္လိုရွင္းျပရမလဲဟင္"
သူက မငိုမိေအာင္ မနည္းထိန္းေနရသည္ထင္ပါရဲ႕။
သူ႔အသံေတြက တုန္ေနသည္။
အသံတင္မဟုတ္ လက္ေတြပါ.....တုန္ေနတာ။
သူက ေခါင္းငံု႔ၿပီး သူ႔မ်က္ရည္မ်ားကို မ်က္ေတာင္ျဖင့္
ပုတ္ခတ္ပစ္လိုက္သည္။ၿပီးေတာ့ သက္ျပင္းရွည္ႀကီး ခ်သည္။
"အင္းပါ မမ ဘဝတိုးတက္ဖို႔ပဲ သြားရမွာေပါ့ လီဆာနားလည္ပါတယ္"
ကြၽန္မသာ ငွက္ေတာင္ေမႊးေလး ျဖစ္ရင္သိပ္ေကာင္းမွာ။
ဒီဝိုင္းကေန အေဝးဆံုးကို လႊင့္ထြက္ခ်င္ ထြက္သြားနိုင္တာမို႔။
ကြၽန္မတို႔ ဝိုင္း ခဏ ၿငိမ္က်သြားသည္။
"လီဆာ ငါျပန္ေတာ့မယ္"
"အင္ ျပန္ေတာ့မွာလား"
"Unnie လိုက္ပို႔မယ္ေလ Jennie"
"အာ..ရတယ္ Unnie ကြၽန္မဘာသာ ျပန္လိုက္ပါမယ္"
ကြၽန္မ လြယ္အိတ္ေကာက္လြယ္ၿပီး ျမန္ျမန္ထြက္လာခဲ့သည္။ သူဒီလိုျဖစ္ေနတာ...ကြၽန္မ မၾကည့္ရက္။
ဘာလုပ္ေပးရမယ္မွန္းလဲမသိတဲ့ကြၽန္မကိုယ္ကြၽန္မ
အေတာ္မုန္းမိသည္။
သူ႔အတြက္ ရွိေနေပးသင့္တာ.....အခုက်.....
"Jennie yar.."
ခ်ယ္ေယာင္းက ဆို္င္ထဲကေန ေျပးထြက္လာသည္။
"Chae Young"
"လာ ငါလိုက္ပို႔မယ္"
"ရတယ္ ငါTaxi ငွားၿပီးပဲ ျပန္လိုက္ေတာ့မယ္"
"မငွားနဲ႔ ငါလိုက္ပို႔မယ္"
"နင့္ဆိုင္ကေရာ"
"ဘာမွမျဖစ္ဘူး လာ"
ခ်ယ္ေယာင္းက သူ႔ဆိုင္ကယ္နွင့္ ကြၽန္မကို အိမ္သို႔လိုက္ပို႔ေပးသည္။ အျပန္လမ္းက ခါတိုင္းလို ေနြးေထြးမေနခဲ့ပါ။
"ေက်းဇူး ခ်ယ္ေယာင္း"
"ရပါတယ္ နင္အဆင္ေျပရဲ႕လား"
"ငါ.......သူအဆင္ေျပမေျပပဲ သိခ်င္တယ္"
"ခုခ်ိန္ကေတာ့ သူေသခ်ာေပါက္အဆင္ေျပမွာမဟုတ္ဘူး"
"ဟင္ ငါအဲ့ဒါဆို"
"ဟိုးထား Jennie သူ႔ဆီျပန္လိုက္ခဲ့မယ္လို႔ေတာ့မေျပာနဲ႔"
"ဘာလို႔တုန္း"
ခ်ယ္ေယာင္းက ေျဖရေကာင္းမလား မေကာင္းလား စဥ္းစားၿပီးမွ
"ဒီေန႔ သူ႔မမနဲ႔ပဲ အတူတူရွိေနခဲ့မယ္လို့ေျပာတယ္"
"ေၾသာ...."
ခ်ယ္ေယာင္း၏ အေျဖတစ္ခုတည္းနွင့္ ကြၽန္မကို
သတ္သည္။
ခ်ယ္ေယာင္းမွာ တည့္တိုးေျပာတတ္တဲ့ အက်င့္မရွိရင္
သိပ္ေကာင္းမွာဟု ကြၽန္မထင္မိသည္။
"နင္လိုအပ္ရင္ ငါ့ကိုဖုန္းဆက္ေလ ေနာ္ ငါလာခဲ့မယ္"
ကြၽန္မမွာ အင္း လို႔ေတာင္ေျဖနိုင္ဖို႔ အားမရွိေတာ့ပါ။
ဝတ္ေက် တန္းေက် ေခါင္းပဲ ၿငိမ့္ျပမိသည္။
ၿပီးေတာ့ ကြၽန္မ အခန္းထဲကို ဘယ္လို ျပန္ေရာက္ခဲ့သည္မသိ။
အဲ့ေလာက္ေတာင္ JisooUnnieကိုခ်စ္ရလား အခ်စ္ရယ္။
ခါတိုင္းလို႔ သူ႔ဓာတ္ပံုေလးေတြကို ရူးရူးနွမ္းနွမ္း ထုတ္ၾကည့္ေနမိသည္။
မ်က္ဝန္းညိဳေလးေတြ....
နွာတံစင္းစင္း...
နႈတ္ခမ္း ေထြးႏုႏုေလး...
ေကာ့ဆင္းေနတဲ့ မ်က္ေတာင္ေလးေတြ.....
ခုေတာ့ ကြၽန္ခ်စ္တဲ့ ထိုမ်က္ဝန္းညိဳေလးေတြက ကြၽန္မဆီမွာမဟုတ္ပဲ တစ္ဖက္သက္ဆန္စြာ တျခားလူဆီမွာေရာက္လို႔......
ဒီေန႔ေတာ့ မ်က္ဝန္းညိဳေလးေတြက တျခားသူ အပိုင္ေပါ့ေလ။ ရယ္စရာေကာင္းတာတစ္ခုက ကြၽန္မအပိုင္လည္း မဟုတ္ခဲ့ပါဘူး။ တကယ္တမ္းတစ္ဖက္သက္ဆန္ေနတာ
ကြၽန္မ ထင္ပါရဲ႕။
▪️▪️▪️▪️▪️
၉ရက္တိတိ သူေက်ာင္းမလာခဲ့ပါ။
သူ႔မမ U.Sျပန္သြားတဲ့ေန႔က စလို႔.....
ထို ၉ ရက္က ကြၽန္မအတြက္ ငရဲက်သလို ပူေလာင္ရ
သည္။
သူတင္မက ကြၽန္မပါ အထီးက်န္စြာ က်န္ေနခဲ့သည္။
ဖုန္းဆက္တိုင္း ဆက္သြယ္မႈ ဧရိယာျပင္ပနွင့္ တိုးေတာ့ သူ႔ဖုန္းေလးက U.Sကို ပါသြားလာေတာင္ ထင္ရသည္။
တစ္ရက္ေလာက္ေတာ့ သူ႕အိမ္ကို လိုက္သြားရပါဦးမည္။ သူေက်ာင္းစာေတြလုပ္ဖို႔ တစ္ပံုႀကီးက်န္ေသးသည္။
"ChaeYoung Na.. lisa........ေနေရာေကာင္းရဲ့လားဟင္"
"ေကာင္းမွာပါ"
"ေကာင္းမွာပါဆိုတာက?"
"အဲ.........ငါနဲ႕လည္း အဆက္အသြယ္မရွိဘူး"
"ဟင္ နင္နဲ့ေတာင္ အဆက္အသြယ္မရွိဘူး ဟုတ္လား"
"အင္း ဟုတ္တယ္ ငါသူ႔အိမ္သြားၾကည့္ေတာ့ အိမ္ပိတ္ထားတယ္ ဖုန္းလည္းမကိုင္ဘူးေလ နင္နဲ႔ေရာ"
"ငါနဲ႔လည္း အဆက္သြယ္မရလို႔နင့္ကိုေမးၾကည့္တာေလ"
"ငါက သူနင့္ကိုေတာ့ အေၾကာင္းၾကားမယ္ထင္ေနတာ"
ကိစၥတိုင္းကို အေၾကာင္းၾကားဖို႔အထိ ကြၽန္မက အဲ့ေလာက္အေရးႀကီးတဲ့သူမွမဟုတ္တာေလ ေနာ။
"သူဘယ္ေတြ သြားတတ္လဲဟင္"
"သူ႔အဘြားအိမ္ေရာ"
အယ္!!! ဟုတ္သား။
"ေက်းဇူး ခ်ယ္ေယာင္း ငါသြားေတာ့မယ္"
လြယ္အိတ္ထဲ စာအုပ္ေတြ ျမန္ျမန္ထိုးထည့္ၿပီး ထြက္လာလိုက္သည္။
ကြၽန္မ ဘာလို႔ အဘြားအိမ္ကို မေတြးမိတာပါလိမ့္။
ညံ့လိုက္တာ ဟုကိုယ့္ကိုကိုယ္ အျပစ္တင္မိသည္။
"Jennie ခဏ ငါေရာလိုက္မယ္ နင္တစ္ေယာက္တည္း စိတ္မခ်ဘူး"
ကြၽန္မနွင့္ ခ်ယ္ေယာင္း တကၠစီငွားၿပီး အဘြားအိမ္သို႔
ထြက္လာလိုက္သည္။
ကားမွန္ကိုခ်လိုက္ေတာ့ ျပတင္းေပါက္က ဝင္လာေသာ
ေလႏုေအးေလးက ကြၽန္မကို က်ီစယ္သည္။
သူနွင့္ ဆိုင္ကယ္အတူစီးခဲ့ေသာ အခ်ိန္ေတြက မေန႔တစ္ေန႔ကလို။
အဘြားအိမ္ေရာက္ေတာ့ ကြၽန္မေမ်ွာ္လင့္ထားသမ်ွက
သဲထဲေရသြန္လိုက္သလိုမ်ိဳး။
အခ်စ္ေလးက အဘြားတို႔ဆီ မလာတာေတာင္အေတာ္
ၾကာၿပီတဲ့ေလ။ ကြၽန္မနွင့္အတူလာတာ ေနာက္ဆံုးဆိုပဲ။
ကြၽန္မဒူးေတြ ေခြယိုင္ခ်င္လာသည္။
ရင္ထဲက ဆို႔တက္လာေသာ အစုိင္အခဲကို မ်က္ဝန္းမွာ ေငြ႕ရည္မဖြဲ႕ေအာင္ မနည္းထိန္းထားရသည္။
"ငါဘာလုပ္ရမလဲဟင္ ခ်ယ္ေယာင္း"
"နင္.....ေစာင့္ရံုကလြဲၿပီး ဘာတတ္နိုင္မွာလဲ"
အင္းေပါ့ေလ။ ေစာင့္မယ္....ေစာင့္ပါမယ္...။
ကြၽန္မဘယ္ေလာက္ထိေစာင့္ရ...ေစာင့္ရ..
၁၂ရက္ေျမာက္သြားၿပီ။ သူကေတာ့....
ေက်ာင္းလာပါေတာ့ အခ်စ္ရယ္.. ေက်းဇူးျပဳၿပီး.....
ဒီမွာလြမ္းလွပါၿပီ။ ရင္ေတြလည္း ပူလွပါၿပီ။
ေက်းဇူးျပဳၿပီး ဘုရားသခင္ ကြၽန္မဆုေတာင္းကို ၾကားပါေစ။
▪️▪️▪️▪️▪️
ေအာင္စာရင္းထြက္ေတာ့ အလုအရက္ တိုးေဝွ႔ၾကည့္မိတာ သူ႔နာမည္ကို။
ဒီတစ္ေခါက္ေတာ့ သူ အကုန္ေအာင္သည္။
သူေအာင္ေတာ့ ကြၽန္မ ေပ်ာ္တာထက္ပိုရပါသည္။
ဒီရက္ပိုင္းမွာ ဒါကကြၽန္မရဲ႕ ပထမဆံုးအၿပံဳးဟုထင္ပါသည္။
ဒါေပမဲ့ ကြၽန္မအေပ်ာ္ေတြက စကၠန္႔ပိုင္းအတြင္းမွာ...ၿပိဳက်ပ်က္စီး ရသည္။
"စီနီယာLisaနဲ႔ EunJiနဲ႔ တြဲေနၿပီတဲ့"
"Bor!! ထင္ေတာင္မထားဘူး စီနီယာlisaကငါတို႔EunJiကို စိတ္ဝင္စားလိမ့္မယ္လုိ႔"
ဟင္!!!....ဟင့္အင္း...ဟင့္အင္း...ကြၽန္မလည္းမထင္ဘူး။
💛💛💛🖤🖤🖤
11Jan2020 | 09 : 34 PM
ခုရက္ပိုင္း Uတို႔ကို သိပ္လြမ္းပါတယ္။
ဒါေပမဲ့လည္း ခ်စ္ေသာမ်က္ဝန္းမ်ားက ဖုန္းကိုစိုက္ၾကည့္ရင္ ေခါင္းေတြအရမ္းထိုးကိုက္လာတဲ့အတြက္..အဆင္မေျပျဖစ္ေနလို႔ အႏူးအၫြတ္ေတာင္းပန္ပါတယ္။ အခုေတာ့
နည္းနည္းျပန္အဆင္ေျပေနလို႔ updateျပန္မွန္မယ္လို႔ထင္ပါတယ္။ စာလံုးေပါင္းမွားရင္လည္း သည္းခံေပးပါေနာ္။ ဖတ္ေပး voteေပး cmtေပးတဲ့တစ္ေယာက္ခ်င္းစီကိုလည္း ေက်းဇူးအရမ္းတင္ပါတယ္လို႔စ္😍😘😘😙
================================
အလွမ်းနဲ့ ပြီးခဲ့ရတဲ့ ကျောင်းပိတ်ရက်တချို့ကို ကျွန်မတော်တော်မုန်းနေပြီ။ ကျောင်းပျက်ရက်တွေအတွက် ကျွန်မကပဲ စ လယ် ဆုံး တာဝန်ယူပေးနေသည်။
ဒါက ကျွန်မအတွက် ပင်ပန်းတယ်ရယ်လို့တော့မဟုတ်။ သူကတော့ လာလည်းမလာခိုင်း။ ကျွန်မကပဲ......
"Jen ငါနင့်ကိုတကယ်အားနာနေပြီ"
"နင် အမှတ်ကောင်းစေချင်လို့ပါ"
"ငါ သေချာပေါက်ကြိုးစားပါမယ် ဒါပေမဲ့ ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေမှာ"
"ဟာ....အဲ့လိုဖြစ်စရာလား မဟုတ်တာ အဲ့လိုမျိုးမထင်လိုက်ပါနဲ့ ငါအတွက်ဘာဝန်ထုပ်ဝန်ပိုးမှ မဖြစ်ဘူး
ဟုတ်ပြီလား"
"နောက်ပြီး နင်စာလုပ်ရတာလဲ ပျက်မှာပေါ့"
"ငါကဘယ်သူလဲ ငါက JennieKimလေ အဲ့လောက်တော့ အေးဆေး"
ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုရှိမှ သူက ကျွန်မကို ယုံကြည်မည် မဟုတ်လား။
"အင်းပါ နောက်ဆို ငါအတန်းမှန်အောင်တက်ပါ့မယ်"
ဒါပေမဲ့....သူက ကတိမတည်။
ထုံးစံအတိုင်း ၅ ရက်မှာ ၃ရက်လောက်က ပျောက်နေတတ်သည်။
"ငါတောင်းပန်ပါတယ် Jen"
"အင်း..ရပါတယ်နောက်ထပ်ကြိုးစားဖို့ အချိန်တွေရှိပါသေးတယ်"
"အင်း.."
ကြိုးစားဖို့ အချိန်ရှိသည် ဆိုသော်ငြား ကျွန်မ စိတ်ပူမိသည်။ နောက်ရက်တွေမှာလည်း သူက ပျက်ကွက်မြဲ။
"လီဆာရယ် ကျောင်းမပျက်ပါနဲ့တော့ နော် "
"အင်း အင်း မပျက်တော့ဘူး"
စာမေးပွဲဖြေဖို့ ဆယ်ရက်အလိုမှာတော့ ကျွန်မသူ့ကိုသေချာကြပ်မတ်ဖို့ ဆုံးဖြတ်ထားသည်။
ကံကောင်းထောက်မစွာဖြင့် ထိုဆယ်ရက်တော့ သူက
ကျွန်မ စကားကိုနားထောင်ကာ စာကိုသေချာလုပ်သည်။
အရင်ရက်တွေအတွက်ကတော့ နှမြောဖို့ကောင်းပါသည်။
"ဖြေနိုင်လား လီဆာ"
"အင်း ဖြေနိုင်တယ် နင်ရော"
သူဖြေနိုင်တယ်ဆိုရင်ပဲ ကျွန်မ စိတ်မအေးသေးပါ။
Resultတော့ စောင့်ကြည့်ရဦးမည်။
" I am JennieKim"
သူက သဘောကျစွာ ရယ်မောပြီး ကျွန်မဆံပင်ကို ဖွသည်။
"Yarr..."
"စွာလိုက်တာ"
လမ်းလျှောက်နေရင်း ကျွန်မက သူ့ပခုံးကို စနောက်ပြီး
တိုက်လိုက်သည်။
"Ahh...!"
သူက တစ်ဖက်သို့ ယိုင်သွားပြီး ဘေးက ဖြတ်သွားသောကာင်မလေးအပေါ်သို့ ကျသွားသည်။
တကယ်ဆို ကျွန်မ မစသင့်ခဲ့ဘူး။
"တောင်းပန်ပါတယ် ရရဲ့လား"
"ဟုတ်ရပါတယ်"
"နာသွားသေးလား"
"ဟင့်အင်း ခွင့့်ပြုပါဦး"
ထိုကောင်မလေး ထွက်သွားမှ ကျွန်မတို့
ခရီးဆက်ခဲ့ကြသည်။
"ကျောင်းတက်နေတာ နှစ်ဝက်ကျိုးနေပြီ နင်ခုထိဝမလာဘူးနော်"
"Body shamingလုပ်တာလား လာလီဆာ"
"အဟားဟား နင်ကသေးသေးနဲ့လည်းချစ်ဖို့ကောင်းပြီးသားပါ နင်ဒီထက်နည်းနည်းလေး ထွားလာတာကိုပဲ ငါမြင်ချင်တာပါ"
"စောင့်ကြည့်နေ ငါထွားလာအောင်လုပ်ပြမယ်"
"အေးပါ ငါတို့အခုဘယ်သွားကြဦးမလဲ နင်အိမ်ပြန်မှာလား"
"နင်ရော"
"ငါက ချယ်ယောင်းဆီသွားမှာလိုက်ချင်ရင်လိုက်ခဲ့လေ"
"အင်း လိုက်ခဲ့မယ်လေ"
"အဲ့ဒါဆို ကျောင်းပေါက်ဝကနေခဏစောင့် ငါဘောင်းဘီလဲပြီး ထွက်လာခဲ့မယ် မကြာဘူး အိုခေ?"
"အိုခေ"
၅မိနစ်လောက်စောင့်ပြီး သူ့ဆိုင်ကယ်ရောက်လာတော့
နောက်ကတက်ကာ ခါးကိုဖက်ထားလိုက်သည်။
ချယ်ယောင်း၏ ကော်ဖီဆိုင်ရှေ့မှာပဲ ဆိုင်ကယ်ကိုထိုးရပ်လိုက်သည်။
ချယ်ယောင်းတစ်ယောက်တော့ စာမေးပွဲစောစောဖြေပြီး ဆိုင်သွားဖွင့်နေတာ။ စီးပွားရေး သောင်းကျန်းနေသူဟု
သမုတ်သင့်ပြီ။
"Chae Young naa.."
"Aw.. Lisa Jennie ဖြေနိုင်လား"
"အင်း ဖြေနိုင်တယ်"
ကျွန်မတို့ နှစ်ယောက်ဆီမှ အသံက ပြိုင်တူနီးပါးထွက်လာ
ကြသည်။
ရောက်ရောက်ချင်း ချယ်ယောင်းက လီဆာကို စားပွဲတစ်ခုသို့ မေးငေါ့ပြသည်။
"ဟာ...မမ"
ကျွန်မ မလိုက်ခဲ့သင့်ဘူး။
သူ့လက်မောင်းကို ကိုင်ထားတဲ့ ကျွန်မလက်တွေ ပြေလျော့ကျကုန်သည်။
ကျွန်မသူ့ကို ကြည့်လိုက်တော့ သူ့မျက်ဝန်းတွေက ခါတိုင်းထက်ပိုမိုတောက်ပနေသည်။
ဒီလိုကြီး မထင်မှတ်ပဲ သုံးယောက်လုံး ဆုံရမယ်လို့ ကျွန်မအတွေးထဲတောင်မရှိခဲ့။
"လီဆာ ဂျင်းနီ ကလေးတွေလာထိုင်ကြလေ"
"ဟုတ်"
ချယ်ယောင်းလာချပေးသော ကော်ဖီခွက်ကို ကျွန်မ မလှုပ်မယှက် ကြည့်နေမိသည်။
"Jennie စားလေ"
Jennie တဲ့လား ။ သူကျွန်မကို Jennieလို့ခေါ်လိုက်တာလား။ သူ......
"Jennie Unnieကိုအားမနာပါနဲ့ စားလေ
ဒီနေ့Unnieက ဝယ်ကျွေးမှာမို့"
"မိုးတွေရွာဦးတော့မယ် Jisoo Unnie"
ချယ်ယောင်းက ကိတ်မုန့်ချပေးပြီး သူပါရောထိုင်သည်။
"အံမယ် ChaeYoungရယ် ဒီနေ့တကယ်ဝယ်ကျွေးမှာပါ"
သူကတော့ သူ့မမကို ရွှန်းရွှန်းစားစား ကြည့်နေသည်ကလွဲလို့ ဘာမှတော့ဝင်မပြောသေး။
"ကဲ ကလေးတွေကို ဒီနေ့unnie ပြောစရာရှိတယ်"
"ပြောစရာ?"
ချယ်ယောင်း ကော်ဖီသောက်ရင်း မေးသည်။
ကျွန်မလက်နှစ်ဖက်ကတော့ ကော်ဖီခွက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားတုန်းသာ။
"မနက်ဖြန်ကျရင် U.Sကိုပြန်ရတော့မယ် ဟိုမှာပဲ အပြီးနေတော့မှာ Masterတွေလည်းဆက်တက်ချင်လို့
ပြီးတော့ အလုပ်အကိုင်လည်းကောင်းလို့လေ"
ထိတ်လန့်သွားသူက သူတစ်ယောက်တည်းမဟုတ်။
ကျွန်မရော ထိတ်လန့်သွားတာ။
သူကထိတ်လန့်တကြားဖြစ်သွားပြီး မယုံနိုင်သလို နားလည်ရခက်သလို မျက်ဝန်းများနှင့်ကြည့်နေသည်။
"အပြီးနေမယ်?"
"အင်း ဟုတ်တယ် လီဆာ"
သူမျက်လွှာချသွားသည်။
"ဘာလို့အပြီးနေမှာလဲ ဒီမှာလည်း အလုပ်တွေကောင်းရဲ့သားနဲ့"
"ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုသလိုပေါ့ လီဆာရယ် Unnieလည်း ဒီမှာနေချင်ပါသေးတယ် ဒါပေမဲ့ မရဘူးလေ "
မေမေပြောခဲ့ဖူးသော ထိုစကားလေးကိုတောင် ကျွန်မ
အမှတ်ရသွားသေးသည်။
"ဘာကို ဘာကို မရတာလဲ မမ အရည်အချင်းနဲ့ဆို ဒီမှာCEOလောက်တောင်ဖြစ်နိုင်သေးတာ"
"အဲ...အဲ့လိုလည်းမဟုတ်သေးဘူးလေ လီဆာနားလည်အောင် ဘယ်လိုရှင်းပြရမလဲဟင်"
သူက မငိုမိအောင် မနည်းထိန်းနေရသည်ထင်ပါရဲ့။
သူ့အသံတွေက တုန်နေသည်။
အသံတင်မဟုတ် လက်တွေပါ.....တုန်နေတာ။
သူက ခေါင်းငုံ့ပြီး သူ့မျက်ရည်များကို မျက်တောင်ဖြင့်
ပုတ်ခတ်ပစ်လိုက်သည်။ပြီးတော့ သက်ပြင်းရှည်ကြီး ချသည်။
"အင်းပါ မမ ဘဝတိုးတက်ဖို့ပဲ သွားရမှာပေါ့ လီဆာနားလည်ပါတယ်"
ကျွန်မသာ ငှက်တောင်မွှေးလေး ဖြစ်ရင်သိပ်ကောင်းမှာ။
ဒီဝိုင်းကနေ အဝေးဆုံးကို လွှင့်ထွက်ချင် ထွက်သွားနိုင်တာမို့။
ကျွန်မတို့ ဝိုင်း ခဏ ငြိမ်ကျသွားသည်။
"လီဆာ ငါပြန်တော့မယ်"
"အင် ပြန်တော့မှာလား"
"Unnie လိုက်ပို့မယ်လေ Jennie"
"အာ..ရတယ် Unnie ကျွန်မဘာသာ ပြန်လိုက်ပါမယ်"
ကျွန်မ လွယ်အိတ်ကောက်လွယ်ပြီး မြန်မြန်ထွက်လာခဲ့သည်။ သူဒီလိုဖြစ်နေတာ...ကျွန်မ မကြည့်ရက်။
ဘာလုပ်ပေးရမယ်မှန်းလဲမသိတဲ့ကျွန်မကိုယ်ကျွန်မ
အတော်မုန်းမိသည်။
သူ့အတွက် ရှိနေပေးသင့်တာ.....အခုကျ.....
"Jennie yar.."
ချယ်ယောင်းက ဆို်င်ထဲကနေ ပြေးထွက်လာသည်။
"Chae Young"
"လာ ငါလိုက်ပို့မယ်"
"ရတယ် ငါTaxi ငှားပြီးပဲ ပြန်လိုက်တော့မယ်"
"မငှားနဲ့ ငါလိုက်ပို့မယ်"
"နင့်ဆိုင်ကရော"
"ဘာမှမဖြစ်ဘူး လာ"
ချယ်ယောင်းက သူ့ဆိုင်ကယ်နှင့် ကျွန်မကို အိမ်သို့လိုက်ပို့ပေးသည်။ အပြန်လမ်းက ခါတိုင်းလို နွေးထွေးမနေခဲ့ပါ။
"ကျေးဇူး ချယ်ယောင်း"
"ရပါတယ် နင်အဆင်ပြေရဲ့လား"
"ငါ.......သူအဆင်ပြေမပြေပဲ သိချင်တယ်"
"ခုချိန်ကတော့ သူသေချာပေါက်အဆင်ပြေမှာမဟုတ်ဘူး"
"ဟင် ငါအဲ့ဒါဆို"
"ဟိုးထား Jennie သူ့ဆီပြန်လိုက်ခဲ့မယ်လို့တော့မပြောနဲ့"
"ဘာလို့တုန်း"
ချယ်ယောင်းက ဖြေရကောင်းမလား မကောင်းလား စဉ်းစားပြီးမှ
"ဒီနေ့ သူ့မမနဲ့ပဲ အတူတူရှိနေခဲ့မယ်လို့ပြောတယ်"
"သြော...."
ချယ်ယောင်း၏ အဖြေတစ်ခုတည်းနှင့် ကျွန်မကို
သတ်သည်။
ချယ်ယောင်းမှာ တည့်တိုးပြောတတ်တဲ့ အကျင့်မရှိရင်
သိပ်ကောင်းမှာဟု ကျွန်မထင်မိသည်။
"နင်လိုအပ်ရင် ငါ့ကိုဖုန်းဆက်လေ နော် ငါလာခဲ့မယ်"
ကျွန်မမှာ အင်း လို့တောင်ဖြေနိုင်ဖို့ အားမရှိတော့ပါ။
ဝတ်ကျေ တန်းကျေ ခေါင်းပဲ ငြိမ့်ပြမိသည်။
ပြီးတော့ ကျွန်မ အခန်းထဲကို ဘယ်လို ပြန်ရောက်ခဲ့သည်မသိ။
အဲ့လောက်တောင် JisooUnnieကိုချစ်ရလား အချစ်ရယ်။
ခါတိုင်းလို့ သူ့ဓာတ်ပုံလေးတွေကို ရူးရူးနှမ်းနှမ်း ထုတ်ကြည့်နေမိသည်။
မျက်ဝန်းညိုလေးတွေ....
နှာတံစင်းစင်း...
နှုတ်ခမ်း ထွေးနုနုလေး...
ကော့ဆင်းနေတဲ့ မျက်တောင်လေးတွေ.....
ခုတော့ ကျွန်ချစ်တဲ့ ထိုမျက်ဝန်းညိုလေးတွေက ကျွန်မဆီမှာမဟုတ်ပဲ တစ်ဖက်သက်ဆန်စွာ တခြားလူဆီမှာရောက်လို့......
ဒီနေ့တော့ မျက်ဝန်းညိုလေးတွေက တခြားသူ အပိုင်ပေါ့လေ။ ရယ်စရာကောင်းတာတစ်ခုက ကျွန်မအပိုင်လည်း မဟုတ်ခဲ့ပါဘူး။ တကယ်တမ်းတစ်ဖက်သက်ဆန်နေတာ
ကျွန်မ ထင်ပါရဲ့။
▪️▪️▪️▪️▪️
၉ရက်တိတိ သူကျောင်းမလာခဲ့ပါ။
သူ့မမ U.Sပြန်သွားတဲ့နေ့က စလို့.....
ထို ၉ ရက်က ကျွန်မအတွက် ငရဲကျသလို ပူလောင်ရ
သည်။
သူတင်မက ကျွန်မပါ အထီးကျန်စွာ ကျန်နေခဲ့သည်။
ဖုန်းဆက်တိုင်း ဆက်သွယ်မှု ဧရိယာပြင်ပနှင့် တိုးတော့ သူ့ဖုန်းလေးက U.Sကို ပါသွားလာတောင် ထင်ရသည်။
တစ်ရက်လောက်တော့ သူ့အိမ်ကို လိုက်သွားရပါဦးမည်။ သူကျောင်းစာတွေလုပ်ဖို့ တစ်ပုံကြီးကျန်သေးသည်။
"ChaeYoung Na.. lisa........နေရောကောင်းရဲ့လားဟင်"
"ကောင်းမှာပါ"
"ကောင်းမှာပါဆိုတာက?"
"အဲ.........ငါနဲ့လည်း အဆက်အသွယ်မရှိဘူး"
"ဟင် နင်နဲ့တောင် အဆက်အသွယ်မရှိဘူး ဟုတ်လား"
"အင်း ဟုတ်တယ် ငါသူ့အိမ်သွားကြည့်တော့ အိမ်ပိတ်ထားတယ် ဖုန်းလည်းမကိုင်ဘူးလေ နင်နဲ့ရော"
"ငါနဲ့လည်း အဆက်သွယ်မရလို့နင့်ကိုမေးကြည့်တာလေ"
"ငါက သူနင့်ကိုတော့ အကြောင်းကြားမယ်ထင်နေတာ"
ကိစ္စတိုင်းကို အကြောင်းကြားဖို့အထိ ကျွန်မက အဲ့လောက်အရေးကြီးတဲ့သူမှမဟုတ်တာလေ နော။
"သူဘယ်တွေ သွားတတ်လဲဟင်"
"သူ့အဘွားအိမ်ရော"
အယ်!!! ဟုတ်သား။
"ကျေးဇူး ချယ်ယောင်း ငါသွားတော့မယ်"
လွယ်အိတ်ထဲ စာအုပ်တွေ မြန်မြန်ထိုးထည့်ပြီး ထွက်လာလိုက်သည်။
ကျွန်မ ဘာလို့ အဘွားအိမ်ကို မတွေးမိတာပါလိမ့်။
ညံ့လိုက်တာ ဟုကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။
"Jennie ခဏ ငါရောလိုက်မယ် နင်တစ်ယောက်တည်း စိတ်မချဘူး"
ကျွန်မနှင့် ချယ်ယောင်း တက္ကစီငှားပြီး အဘွားအိမ်သို့
ထွက်လာလိုက်သည်။
ကားမှန်ကိုချလိုက်တော့ ပြတင်းပေါက်က ဝင်လာသော
လေနုအေးလေးက ကျွန်မကို ကျီစယ်သည်။
သူနှင့် ဆိုင်ကယ်အတူစီးခဲ့သော အချိန်တွေက မနေ့တစ်နေ့ကလို။
အဘွားအိမ်ရောက်တော့ ကျွန်မမျှော်လင့်ထားသမျှက
သဲထဲရေသွန်လိုက်သလိုမျိုး။
အချစ်လေးက အဘွားတို့ဆီ မလာတာတောင်အတော်
ကြာပြီတဲ့လေ။ ကျွန်မနှင့်အတူလာတာ နောက်ဆုံးဆိုပဲ။
ကျွန်မဒူးတွေ ခွေယိုင်ချင်လာသည်။
ရင်ထဲက ဆို့တက်လာသော အစိုင်အခဲကို မျက်ဝန်းမှာ ငွေ့ရည်မဖွဲ့အောင် မနည်းထိန်းထားရသည်။
"ငါဘာလုပ်ရမလဲဟင် ချယ်ယောင်း"
"နင်.....စောင့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ"
အင်းပေါ့လေ။ စောင့်မယ်....စောင့်ပါမယ်...။
ကျွန်မဘယ်လောက်ထိစောင့်ရ...စောင့်ရ..
၁၂ရက်မြောက်သွားပြီ။ သူကတော့....
ကျောင်းလာပါတော့ အချစ်ရယ်.. ကျေးဇူးပြုပြီး.....
ဒီမှာလွမ်းလှပါပြီ။ ရင်တွေလည်း ပူလှပါပြီ။
ကျေးဇူးပြုပြီး ဘုရားသခင် ကျွန်မဆုတောင်းကို ကြားပါစေ။
▪️▪️▪️▪️▪️
အောင်စာရင်းထွက်တော့ အလုအရက် တိုးဝှေ့ကြည့်မိတာ သူ့နာမည်ကို။
ဒီတစ်ခေါက်တော့ သူ အကုန်အောင်သည်။
သူအောင်တော့ ကျွန်မ ပျော်တာထက်ပိုရပါသည်။
ဒီရက်ပိုင်းမှာ ဒါကကျွန်မရဲ့ ပထမဆုံးအပြုံးဟုထင်ပါသည်။
ဒါပေမဲ့ ကျွန်မအပျော်တွေက စက္ကန့်ပိုင်းအတွင်းမှာ...ပြိုကျပျက်စီး ရသည်။
"စီနီယာLisaနဲ့ EunJiနဲ့ တွဲနေပြီတဲ့"
"Bor!! ထင်တောင်မထားဘူး စီနီယာlisaကငါတို့EunJiကို စိတ်ဝင်စားလိမ့်မယ်လို့"
ဟင်!!!....ဟင့်အင်း...ဟင့်အင်း...ကျွန်မလည်းမထင်ဘူး။
💛💛💛🖤🖤🖤
11Jan2020 | 09 : 34 PM
ခုရက်ပိုင်း Uတို့ကို သိပ်လွမ်းပါတယ်။
ဒါပေမဲ့လည်း ချစ်သောမျက်ဝန်းများက ဖုန်းကိုစိုက်ကြည့်ရင် ခေါင်းတွေအရမ်းထိုးကိုက်လာတဲ့အတွက်..အဆင်မပြေဖြစ်နေလို့ အနူးအညွတ်တောင်းပန်ပါတယ်။ အခုတော့
နည်းနည်းပြန်အဆင်ပြေနေလို့ updateပြန်မှန်မယ်လို့ထင်ပါတယ်။ စာလုံးပေါင်းမှားရင်လည်း သည်းခံပေးပါနော်။ ဖတ်ပေး voteပေး cmtပေးတဲ့တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်လို့စ်😍😘😘😙