Tom loved Jerry (complete)

By AngelHYSE

231K 18.1K 417

မတည့္အတူေန More

Tom loved Jerry 1
Tom loved Jerry 2
Tom loved Jerry 3
Tom loved Jerry 4
Tom loved Jerry 5
Tom loved Jerry 6
Tom loved Jerry 7
Tom loved Jerry 8
Tom loved Jerry 9
Tom loved Jerry 10
Tom loved Jerry 11
Tom loved Jerry 12
Tom loved Jerry 13
Tom loved Jerry 14
Tom loved Jerry 16
Tom loved Jerry 17
Tom loved Jerry 18
Tom loved Jerry 19
Tom loved Jerry 20
Tom loved Jerry 21
Tom loved Jerry 22
Tom loved Jerry 23
Tom loved Jerry 24
Tom loved Jerry 25
Tom loved Jerry 26
Tom loved Jerry 27
Tom loved Jerry 28
Tom loved Jerry 29
Tom loved Jerry Final
Tom love Jerry (extra)

Tom loved Jerry 15

6.7K 595 7
By AngelHYSE

Tom loved Jerry ( မတည့်အတူနေ)
Part 15
Unicode
XZ  : ဝမ်ရိပေါ် ဘာလို့ ငါ့လက်ကို ရိုက်လိုက်တာလည်း
Yibo : ဘာမှမဖြစ်ဘူး လုပ်စရာရှိတာမလုပ်ဘဲ လေကြောရှည်နေလို့ ရိုက်တာ
XZ.  : ဟင့် ငါမပြောချင်ဘူးနော်......
ရှောင်းကျန့်တံခါးကိုဆောင့်ပိတ်ပြီး ဌာနဘက်ထွက်လာလိုက်သည်။ပါးစပ်ကလည်း ပွစိပွစိနဲ့
" သူ့ဟာမကို သူ့ဘေးနားထားချင်တာနဲ့ ငါ့ကိုရာထူးချပစ်တာ တွေ့အုန်းမယ်ဝမ်ရိပေါ်.... "
ဝမ်ချင် ရှောင်းကျန့်ထွက်သွားတော့ ထိုင်ခုံပေါ်ထိုင်လိုက်ပြီး 
ဝမ်ချင် : ဝမ်ရိပေါ် နင့်ဟာကို ငါစနိုက်မကျော်ပါဘူးဟဲ့
Yibo    : မကျော်တဲ့ရုပ်ကလည်း တွေ့ကတည်းက ရှောင်းကျန့်ကိုဘဲ နှုတ်ဆက်နေပြီးတော့
ဝမ်ချင် :နင်တော်တော်အဖြစ်သည်းပါလား ဝမ်ရိပေါ် ဒါပေမယ့် နင့်ဟာလေးက သည်းတော့သည်းချင်စရာလေးဟဲ့ ယုန်သွားလေးနဲ့ ချစ်စရာလေး
Yibo : ဒီနေ့မှ အလုပ်စဝင်တာနော် ဒီနေ့ဘဲ အလုပ်ထွက်ချင်နေတာလား ဝမ်ချင်
ဝမ်ချင်  : အမလေးဟယ် ဒါလေးပြောမိတာကို ငါ့ကိုအလုပ်ထုတ်တော့မှာလား ။ဒါကိုပြောတာနေမှာ လူတွေက အချစ်နဲ့တွေ့ရင် သူငယ်ချင်းသံယောဇဉ်တောင် ဖြတ်ပစ်ကြတယ်တဲ့
XZ   : ဖြတ်သင့်ရင်ဖြတ်ရမှာဘဲ သူကငါ့အပိုင် သူ့ကိုတစ်စက်လေးတောင်ထိဖို့မကြိုးစားနဲ့
ဝမ်ချင် : မထိဘူး အခုဘာအစီအစဉ်တွေရှိလဲပြော
Yibo.  : ရှိတယ် နင်လုပ်ပေးရမယ့်အရာ.
ဝမ်ချင် : ဘာလဲ.........................

ရှောင်းကျန့်တစ်ယောက် အရောင်းဌာနထဲရောက်တာနဲ့ အာပေါက်အောင်အော်နေရပြီ
XZ : ကျိုးချန် တွက်ပြတာကြီးဘဲမရဘူး ဈေးနှုန်းတွေရောရေးပြလေ မင်းကိုမင်း သင်္ချာဉာဏ်စမ်းကမ္ဘာထဲရောက်နေတာလား
ဟဲ့ ဟွိုက်စန်း ငိုက်နေပြန်ပြီ ငါနားရင်အုပ်လိုက်ရ
စစ်ကျွေးဒီလာ ဒါတွေသယ်....  ကျင်းလင်......
ရှောင်းကျန့်ကျင်းလင်ဘက်ကြည့်လိုက်တော့ အလုပ်ပေါ်မှာ အာရုံစူးစိုက်နေပုံရတယ် ၊ခေါ်တာတောင်မကြား
" မဆိုးပါဘူး ဒီကလေး အလုပ်လုပ်ဖို့စိတ်ပါလာပြီ...
ရက်စ် ဒါက ငါ့အောင်မြင်မှုဘဲကွ "
XZ  : ကျင်းလင် ဒီကိုလာ မင်းတို့ဌာနက အရင်တုန်းက ဘယ်လို promotion တွေဆင်းလဲ
ကျင်းလင် : ကျုပ်တို့ဌာနက တစ်ခါမှ promotion မချခဲ့ဘူး
XZ. : ဘာ သေလိုက်ပါတော့ ဒါကြောင့် ဒီမှာ ပစ္စည်းဟောင်းတွေ တစ်ပုံကြီးကျန်နေတာ  ဟွိုက်စန်းဒီလာ ဌာနခွဲ ၁ နဲ့ ၂ ကိုသွားမေးပေး အခုရက်ပိုင်း promotion ပွဲတေဘာတေစီစဉ်ဖို့ရှိလားလို့
ဟွိုက်စန်း : ဟုတ် အကိုကျန့်

ဟွိုက်စန်းထွက်သွားပြီး ဘယ်လောက်မှပင်မကြာသေးဘူး မျက်နှာငယ်လေးနဲ့ပြန်ဝင်လာတယ်

ဟွိုက်စန်း  : အကိုကျန့်
XZ   : ဟွိုက်စန်း ဘာဖြစ်လာတာလဲ အကို့ကိုပြော

ဟွိုက်စန်း : ကျွန်တော် အရင်ဆုံး ဌာနခွဲ ၂ ကိုသွားပြီမေးတယ် promotion ပွဲရှိလားလို့ သူတို့ကပြောတယ် မရှိဘူးတဲ့ ၊ အဲ့ဒါနဲ့ ဌာနခွဲ ၁ ကို သွားမေးလိုက်တယ် ဒါပေမယ့် အဲ့ဌာနမှာရှိတဲ့သူတွေက ကျုပ်ကိုဝိုင်းရယ်တယ်။ပြီးတော့ ကျုပ်တို့ပစ္စည်းတွေနဲ့promotion ချရင် သူတို့သိက္ခာကျတယ်တဲ့ ဒါကြောင့် လက်မခံဘူးတဲ့။
XZ   : ဘာ သူတို့ကဒီလိုဘဲပြောလိုက်တာလား လာသွားမယ် ၊ဘယ်သူကမင်းကိုပြောလိုက်တာလဲငါ့ကိုလိုက်ပြ
ရှောင်းကျန့်တို့ တစ်ဖွဲ့လုံး ဌာနခွဲ ၁ ဘက်ရောက်လာခဲ့တယ် ၊
ဟွိုက်စန်း : ဟိုမှာ အကိုကျန့် အဲ့လူကျွန်တော့်ကို ပြောလွှတ်လိုက်တာ
ရှောင်းကျန့် ဟွိုက်စန်းပြောတဲ့လူကို ခေါ်လိုက်တယ်
XZ  : ဒီမှာ  မင်းက ငါ့ဌာနကလူကို ပြောလွှတ်လိုက်တဲ့သူလား
ရှောင်းကျန့်ဘက်ကို ထိုလူလှည့်လာတယ်
XZ   : ဟမ် အားထန်
အားထန် : ဘယ်သူများလဲလို့ အတွင်းရေးမှူးကနေ အရောင်းဝန်ထမ်းလေးဖြစ်သွားတဲ့ ရှောင်ရှောင်းကျန့်ပါလားး
ရှောင်းကျန့် တကယ်ကို အံ့သြသွားသည်။
အကြောင်းမှာ သူ့အားအမြဲရိုသေပြီး အကိုကျန့် အကိုကျန့်နှင့် ပါးစပ်ကမချတဲ့သူက သူ့အား ရှေ့ကအကိုမထည့်ဘဲ နာမည်ကိုအားပါးတရခေါ်နေသည့်အပြင် လှောင်ပြောင်နေခြင်းပင်ဖြစ်သည်။
XZ  : မင်းကတော်တော်ယဉ်ကျေးမှုမရှိတာဘဲ ငါကမင်းထက် ရာထူးနိမ့်သွားရင်တောင် မင်းထက်ငါကအသက်ကြီးနေသေးတယ်အားထန်

အားထန် : အသက်ကြီးတော့ရော ဘာလုပ်ရမှာလဲ အဓိကက လူ့အသိုင်းအဝိုင်းမှာ ငွေရှိရင် အကုန်အဆင်ပြေတယ်သိလား ၊ပြောမင်းမှာငွေရှိလား အရင်က မင်းနား ကပ်ခဲ့တယ်ဆိုတာက မင်းကငါ့ထက် ရာထူးကြီးတဲ့အပြင် ဝင်ငွေလည်းကောင်းတယ် ၊ဒါကြောင့်ငါကပ်ခဲ့တာ အခုတော့ မင်းမှာမျှော်လင့်ချက်မရှိတော့ဘူး။ မင်းဌာနခွဲ ၃ ကိုရောက်ကတည်းက မင်းမှာမျှော်လင့်ချက်မရှိတော့တာဘဲ။

XZ  : မင်းက ငါ့ကလေးတွေကိုတော်တော်အထင်သေးတာဘဲ ငါမင်းကိုပြောလိုက်မယ် ငါတို့ဌာနက တစ်နေ့မှာ မင်းတို့ဌာနထက် သာကိုသာစေရမယ်

အားထန် : ဟားးဟားးး တော်တော်ရယ်ရပါလား ရှောင်ရှောင်းကျန့် ငါကလည်းမင်းကိုပြောလိုက်မယ်
မင်းတို့သာ ငါတို့ဌာနထက် သာသွားမယ်ဆိုရင် ငါအားထန် မင်းတို့တစ်ယောက်ချင်းဆီကို ဒူးထောက်တောင်းပန်ပြမယ်

XZ : ဟုတ်ပြီ မင်းစကားကို မင်းမြဲမြဲမှတ်ထား လာသွားမယ် ကလေးတွေ
...... : ဟုတ် !!!
" အမလေး ခုမှဒင်းတို့က စည်းရုံးပြနေတာ လန့်တောင်သွားတယ် "

ဒီလိုနဲ့ ကိုယ့်ဌာနကို ပြန်လာကြတော့သည်။
စစ်ကျွေး  : အကိုကျန့် တကယ်ပြောတာလားဟင်
XZ           : ဘာကိုလဲကွာ အရင်းမရှိ အဖျားမရှိနဲ့
စစ်ကျွေး  : ခုနက အကိုပြောတဲ့ဟာလေ
ရှောင်းကျန့်သဘောပေါက်လိုက်ပါပြီ.....
" နောက်ဆုံးတို့ ဒီပြဿနာကနေ ငါနောက်တစ်ယောက်ကိုပါ ပြန်ဆွဲခေါ်နိုင်တော့မယ်........ "
ရှောင်းကျန့်မေးလေးထောက်ကာ
XZ   : စစ်ကျွေးရေ လူဆိုတာ ရည်မှန်းချက်ထားရင် တစ်နေ့ အောင်ကို အောင်မြင်တယ် အဓိကက မင်းဆီမှာရှိတဲ့ စိတ်ဓာတ်ကိုခိုင်အောင်ထားထား ရှုံးလည်းပြန်ထနိုင်ရမယ်၊အောင်မြင်နေတဲ့လူတွေကိုကြည့် အရှုံးတွေကနေ ကိုယ့်ကိုယ်ကိုဆင်ခြင်ပြီး တက်လှမ်းလာခဲ့တာ ။
စစ်ကျွေး : အကိုကျွန်တော်အခုချိန်မှာ ပြန်ကြိုးစားရင် မှီနိုင်သေးလား
XZ         : မင်းမှာသာ ကြိုးစားချင်စိတ်ရှိရင် မင်းဘယ်အသက်အရွယ်ရောက်ရောက် အောင်မြင်ရမယ်။ဘယ်တော့မှ နောက်မကျသွားဘူး ငါ့ညီ
စစ်ကျွေး ရှောင်းကျန့်အား အထင်ကြီးလေးစားသွားသည်။
စစ်ကျွေး : ကျေးဇူးပါအကို
XZ          :ဘာအတွက်လည်း
စစ်ကျွေး : ကျွန့်တော့်လို ရှုံးနိမ့်မှာ ကြောက်နေတဲ့သူကို စိတ်ခွန်အားတွေ ပေးလို့ ၊ အခုကျွန်တော် ရှုံးမှာကိုမကြောက်တော့ဘူးသိလား
XZ.         : ကောင်းတယ် မင်းကြိုးစားလေ့လာ ပြီးရင်အသစ်ကပြန်စ ပိုကောင်းမွန်အောင်လုပ် မင်းမှာရှိတဲ့အရည်အချင်းကို အသုံးချ
စစ်ကျွေး : ဟုတ် အကို...................
ကျင်းလင် : အကို ကျုပ်တို့ promotion ကိုဘယ်လိုလုပ်မလဲ
XZ      : ငါတို့ဘာသာ လုပ်ရတော့မှာပေါ့
ကျင်းလင် : ကျွန်တော်ကြားတာတော့ promotion ပွဲတွေကို ဌာနခွဲလေးတွေက ကိုယ့်ဘာသာ လုပ်လို့မရဘူးတဲ့  ပြီးတော့ ကိုယ့်ဘာသာလုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ ငွေကြေးလိုတယ်
XZ    : အဲ့ဒါမှခက်ရော ငါ့မှာလည်း ငွေရေးကြေးရေးပြဿမာရှိတယ်
ကျင်းလင် : ကျွန်တော့်ကိုလည်း ပါးက ငွေဖြတ်ထားတယ် ကိုယ့်ဘာသာရှာသုံးတဲ့
စစ်ကျွေး : ကျွန်တော်ကလည်း ရသမျှပိုက်ဆံ ဂိမ်းထဲမှာဘဲကုန်တာ
XZ : အဲ့တာမှ ဒုက္ခ မင်းတို့မှာတောင်မရှိဘူးဆိုတော့ ဟိုနှစ်ယောက်မှာလည်းမရှိလောက်ဘူး
စစ်ကျွေး : ဟုတ်တယ် အကို ကျွန်တော်တို့ဘယ်လျုလုပ်မလဲ

ရှောင်းကျန့်စဉ်းစားလိုက်သည် ။ ခဏနေတော့ သက်ပျင်းတစ်ချက်ချကာ

"ဟူးးးး ငါဘဲ အိမ်အတွက်ရော မင်းတို့အတွက်ရော အနစ်နာခံလိုက်တော့မယ်.................. "
ကျန်လေးယောက်ကတော့ နားမလည် မျက်လုံးပြူးလေးတွေနှင့်သာ ကြည့်နေတော့သည် ။
စစ်ကျွေး : အကို့မှာ အကြံရှိတယ်မလား ဒါဆိုမြန်မြန်အကောင်အထည်ဖော်လိုက်တော့လေ ကျွန်တော်ကြိုးစားကြည့်ချင်နေပြီ
XZ        : အတော်ကို ချစ်စရာကောင်းတဲ့ ငါ့တပည့်လေးတွေ ကိုယ့်အလုပ်ကိုလုပ်တော့ !!!!.................
# Han 7
Sorry for late ❤️❤️❤️

ZAWGYI
Part 15

ဝမ်ချင် : ဘာလဲ...............


ဟွိုက်စန်း  : အကိုကျန့်

XZ   : ဟမ် အားထန်




...... : ဟုတ် !!!

XZ          :ဘာအတွက်လည်း
စစ်ကျွေး : ဟုတ် အကို.............................
စစ်ကျွေး : ဟုတ်တယ် အကို ကျွန်တော်တို့ဘယ်လိုလုပ်မလဲ


.....,..................................................
# Han 7
Sorry for late ❤️❤️❤️

Continue Reading

You'll Also Like

400K 52K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
616K 55.3K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
622K 59.8K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
856K 53.9K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...