Tom loved Jerry 25

6.9K 548 18
                                    

Tom loved Jerry ( မတည့်အတူနေ)
Part 25
UNICODE
XZ  : ဝမ်ရိပေါ် လွှတ်လွှတ် ဒီပုံစံကြီးနဲ့မဝင်ချင်ဘူးလို့ဆိုနေကွာ
Yibo : မင်္ဂလာဘဲဆောင်တော့မှာကိုဘာလို့မဝင်ချင်ရတာလဲ ပြောပါအုန်း
XZ  : မသိဘူးကွာ မဝင်ချင်ဘူး
Yibo : နေအုန်းနေအုန်း ကုမ္ပဏီရှေ့လည်းရောက်ရော ဝမ်ရိပေါ်ဖြစ်သွားတာလား
XZ  : ဟုတ်တယ်လေ အလုပ်မှာတော့ မခေါ်ချင်ဘူး
အလုပ်စည်းကမ်းဆိုတာရှိတယ်လေ၊ ဘယ်လောက်ဘဲ မင်းနဲ့လက်ထပ်မယ်ပြောပြော သူများမျက်စိနောက်အောင်မနေသင့်ဘူးလေ ဟုတ်တယ်မလား
Yibo : မဟုတ်ပါဘူး မင်းကိုဘယ်သူက မျက်စိနောက်ရဲလည်း နောက်ရဲတဲ့သူကို ငါအလုပ်ထုတ်ပစ်မှာ
XZ  : မင်းကလည်း အာဏာကို အလွဲသုံးစားလုပ်မယ်ဆိုတာကြီးဘဲ
Yibo : လာပါ ရှက်မနေနဲ့  ကုမ္ပဏီတစ်ခုလည်းသိနေလောက်ပါပြီ
XZ   : ဟမ်ဘာလို့လဲ
Yibo : မနေ့က ဌာနတွေအားလုံးကို ဖိတ်စာပို့ထားဖို့ ဝမ်ချင်ကို ပြောပြီးသွားပြီလေ
XZ  : ဟာ အကုန်သိသွားပြီလား
Yibo : ဒါပေါ့
XZ  : ဟွန့် မထူးတော့ပါဘူး ၊အကုန်သိသွားမှတော့ ငါတစ်ယောက်ထဲလည်း မဝင်ရဲဘူး ဌာနထိလိုက်ပို့တော့
Yibo : ဒါဆို ကိုကိုလို့ခေါ်
XZ   : ကိုကို
Yibo : အခုမဟုတ်ဘူး ဘယ်နေရာဘဲ ရောက်ရောက် ကိုကိုလို့ခေါ်ခိုင်းတာ
XZ  : ဟာ မခေါ်ချင်ပါဘူးကွာ
Yibo : ဒါဆိုလည်း ကိုယ့်ဘာသာ တစ်ယောက်တည်းသွား လိုက်မပို့ဘူး။မင်းဝင်သွားတာနဲ့ ကုမ္ပဏီမှာရှိတဲ့လူတွေက မင်းကို ဝိုင်းကြည့်ကြမှာ
ဝမ်ရိပေါ် ရှောင်းကျန့်အား ခြိမ်းခြောက်လေတော့ ရှောင်းကျန့် သူမပါဘဲ မဝင်ရဲပေ။
XZ  : ခေါ်မယ်ကွာ လိုက်ပို့တော့
Yibo : အင်း လာ ငါ့လက်ကိုဆွဲထား

ရှောင်းကျန့် ကုမ္ပဏီထဲစဝင်လိုက်တာနဲ့ ဝန်ထမ်းအားလုံးက ပြာပြာသလဲ လာပြီးနှုတ်ဆက်ကြတယ်။
"မင်္ဂလာပါ CEO ဝမ် နဲ့ CEO ရှောင်း"
ရှောင်းကျန့်  အဲ့အားသင့်ကာ ဝမ်ရိပေါ်ဘက် တိုးတိုးလေးလှမ်းပြောလိုက်တယ်။
XZ  : ဝမ်ရိပေါ် ငါဘယ်တုန်းက CEO ဖြစ်သွားတာလဲ
Yibo : ကိုကိုလို့ခေါ်!!
ဝန်ထမ်းအားလုံးရှေ့မှာ ပြောချလိုက်သော ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မျက်နှာပင်ပူသွားရသည်။သို့သော် မေးစရာရှိတာကမေးရအုန်းမည်လေ။ထို့ကြောင့် ဝမ်ရိပေါ်နားကပ်ကာ တိုးတိုးလေးထပ်မေးလိုက်သည်။
XZ  : ကိုကို ငါဘာလို့ CEO ဖြစ်သွားတာလဲ။
ထိုအခါမှ ဝမ်ရိပေါ်  ရှောင်းကျန့်အား ပြုံးပြလိုက်ပြီး
Yibo : ငါက မင်းယောက်ျားဖြစ်တော့မှာဆိုတော့ ငါပိုင်တဲ့ဟာတွေအကုန် မင်းလည်းပိုင်မှာ ဒါကြောင့်
မင်းကို CEOရှောင်းလို့ခေါ်ခိုင်းထားတာ
XZ  : ဟင့် အဲ့လိုကြီးတော့ အခေါ်မခံချင်ပါဘူးကွာ
Yibo : အဲ့လိုအခေါ်မခံချင်ရင် တခြားဟာခေါ်ခိုင်းလိုက်ရမလား
XZ  : ဘယ်ဟာလဲ
Yibo : သူဌေးကတော်လေ
XZ. :ဝမ်ရိပေါ်  အဟုတ်မှတ်လို့နားထောင်နေတာ
လာနောက်နေတယ်
ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့လက်မောင်းကို လက်နဲ့ ရိုက်မလိုလုပ်တော့ ဝမ်ရိပေါ် ထိုလက်ကလေးကို ဖမ်းထားလိုက်ပြီး 
Yibo : ဒီလူဆိုးလေး ပြောစကားနားမထောင်ဘူး
ကိုကိုလို့ခေါ်ပါဆိုနေ
ရှောင်းကျန့် ခုမှ သတိပြန်ရသွားကာ
XZ  : အာမေ့သွားလို့
Yibo : နောက်ခါမေ့ကြည့် လူကြားထဲလည်း အပြစ်ပေးပစ်မယ် ဘာမှတ်
XZ   : ဟင့် ဒါလေးခေါ်ဖို့ မေ့တာကို လူကြားထဲ အပြစ်ပေးဖို့လိုလို့လားပြော
Yibo : ပေးသင့်ရင် ပေးရမှာဘဲ ဒါမှမင်းရဲ့ပါးစပ်ကမထွက်ခင် ဦးနှောက်ကအရင်စဉ်းစားမှာ
XZ  : ခုမှ ခေါ်ကာစရှိသေးတာကို ဘယ်သူက မမှားဘဲနေမှာလဲ အပြစ်ပေးလဲနေပေါ့ ငါကတော့မှားမှာဘဲ
Yibo : ဒါဆိုလည်း အခုဘဲအပြစ်ပေးလိုက်တော့မယ်ကွာ
ဝမ်ရိပေါ် ပြောရင်းဆိုရင်း ရှောင်းကျန့်မေးစေ့လေး ကိုင်ကာ နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။ ထိုမြင်ကွင်းကို မြင်ရသည့် ဘေးနားမှ ဝန်ထမ်းများကလည်း လက်ခုပ်လက်ဝါးတီးကာ အားပေးနေကြလေရဲ့။
" ဘယ်လိုလဲ ရှောင်ရှောင်းကျန့်လေး အပြစ်ကို ထပ်လုပ်ဖို့ စိတ်ကူးရှိသေးလား "
ရှောင်းကျန့်ဘာမှထပ်မပြော ဝမ်ရိပေါ်အားထားခဲ့ကာ မိမိဌာနသို့ထွက်ပြေးလေတော့သည်။
XZ  : ဟွန့် ဒီလိုမှန်းသိ ငါ့ဘာငါ ဝင်လာပါတယ်၊အခုတော့ သူကြောင့် အားးးရှက်စရာကြီးကွာ
ဝမ်ရိပေါ် လူယုတ်မာကြီး !!
စစ်ကျွေး : အကို ဘယ်သူ့ကို လူယုတ်မာကြီးလို့ခေါ်နေတာလဲ
ဟွိုက်ဆန်း : အကိုကျွန်တော်သွားတိုင်လိုက်မှ ထပ်နမ်းခံနေရအုန်းမယ်
ကျင်းလင် : ဟုတ်ပ အကိုနိုင်တာလည်းမဟုတ်ဘဲနဲ့
ကျိုးချန်  : ဝါး အကိုအရမ်းမိုက်တယ်
XZ. : ဘာကိုမိုက်တာလဲ
ကျိုးချန်: မိုက်တာပေါ့ အရောင်းဝန်ထမ်းလေးကနေ နေ့ချင်းညချင်း CEO ဖြစ်သွားလေ
စစ်ကျွေး : ဇာတ်ကားထဲမှာဘဲ ရှိတယ်မှတ်နေတာ အပြင်လောကမှာလည်းရှိသားဘဲ
XZ  : ကဲ တော်ပြီ ပါးစပ်ပိတ်ကြတော့  ငါခိုင်းထားတဲ့ဟာတွေ အကုန်လုပ်ပြီးပြီလား
ကျင်းလင် : မနေ့ကဘဲ အမဝမ်ချင် အကုန်လုပ်သွားတယ် ၊ ဘာမှလုပ်စရာမရှိတော့ဘူး
XZ : အင်း ဒါဆိုလည်း စာရင်းတွေထိုင်စစ်နေကြ
ဒါနဲ့ ဝမ်ချင်မရောက်သေးတာလား
ကျိုးချန် : အမဝမ်ချင်လား paradise က manager
နဲ့ မနက်စာသွားစားတယ်။နောက်ကျမယ်တဲ့
XZ : ဒီဝမ်ချင်ကတော့!!!
စစ်ကျွေး : ဘာဖြစ်လို့လဲ အကို အမက အလုပ်ကိစ္စသွားတာမဟုတ်လား
XZ. : မင်းတို့မသိပါဘူးကွာ ကိုယ့်အလုပ်ကို လုပ်ကြတော့............

Tom loved Jerry (complete)Where stories live. Discover now