Tom loved Jerry 22

6.8K 652 17
                                    

Tom loved Jerry ( မတည့်အတူနေ)
Part 22
Unicode
စစ်ကျွေး :မင်္ဂလာပွဲမှာ promotion ဆင်းမယ်ဟုတ်လားအကို CEO ကရော သဘောတူပါ့မလား
XZ          :မတူလည်း တူအောင်ပြောရမှာပေါ့
ဟွိုက်စန်း : ဘယ်လို အကို့မင်္ဂလာဆောင် CEO
အဲ့ဒါကဘာတွေလည်း
ကျိုးချန်  : အကိုက ဘယ် ဘယ်သူနဲ့မင်္ဂလာဆောင်မှာလည်း ကျုပ်နားကြားမှားတာတော့မဟုတ်ပါဘူးနော်
ကျင်းလင် : နားကြားမှားတာ မဟုတ်ဘူး တကယ်ကိုအကိုက စီအီးအိုနဲ့မင်္ဂလာဆောင်မှာ
ဟွိုက်စန်း  : မင်းတို့နှစ်ကောင် သိရဲ့သားနဲ့ ငါတို့ကို မပြောဘဲ ထားထားတာပေါ့လေ
စစ်ကျွေးနဲ့ကျင်းလင်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးစိပြုံးစိနဲ့
ကျင်းလင်  : အဲ့နေ့က မင်းတို့က အချိန်ပိုမှမဆင်းတာ ငါတို့ကအချိန်ပိုဆင်းတော့ မင်းတို့ထက်ပိုသိတာပေါ့ ခိခိ
XZ  : ကဲတော်ပြီ ငါမပြောလည်း မင်းတို့မကြာခင်သိရတော့မှာဘဲ ဒါကြောင့်ငါပြောပြတာ
အလုပ်လုပ်စရာရှိတာ လုပ်ကြတော့ ပြီးရင် မင်းတို့လုပ်ထားသမျှ copy လုပ်ပြီး ငါ့စားပွဲပေါ်ထားထားပေး ငါသူနဲ့  promotion ကိစ္စဆွေးနွေးစရာရှိတယ်။သွားလိုက်အုန်းမယ်.....

Yibo : ဘာ !!!! မင်းကမင်္ဂလာဆောင်မှာ promotion ဆင်းမယ်ဟုတ်လား
XZ    : လန့်လိုက်တာ ဘာဖြစ်လို့လဲ ငါခုနက ကားပေါ်မှာ မပြောခဲ့ဘူးလား ယန်ယန်းနဲ့ အလုပ်ကိစ္စဆွေးနွေးနေတာပါလို့
Yibo : လာပြန်ပြီဒီကိစ္စ  မင်းငါ့စိတ်ကိုထပ်ဆွပြန်ပြီလား
XZ    : မဟုတ်ဘူးလေ ဝမ်ရိပေါ် ငါပြောတာကိုသေချာနားထောင်အုန်း
ရှောင်းကျန့်  ဝမ်ရိပေါ်ရှေ့ သွားထိုင်လိုက်ပြီး
XZ   : ခုနကတွေ့ခဲ့တဲ့ ကောင်မလေးက Paradise ကုမ္ပဏီရဲ့ marketing manager လေ သိတယ်မလား
Yibo : သိတယ်
XZ   : ဒါဆိုမင်းငါပြောချင်တာကိုသိတယ်မလား
Yibo : မသိဘူး !!
XZ.   : ဒါဆိုလည်း ပြောပြမယ် ငါတို့စကားပြောနေရင်း သူက အဲ့ကုမ္ပဏီကဆိုတာကို ငါသိလိုက်တာ
အဲ့တာနဲ့ ငါတို့ဌာနက အလှကုန်ပစ္စည်းတွေ မင်းတို့ရဲ့ ဆိုင်တွေမှာ ထားပေးလို့ရမလားလို့မေးတော့ သူကရတယ်တဲ့ ဒါပေမယ့် အချက်နှစ်ချက်ရှိတယ်တဲ့
Yibo : ဘာအချက်တွေလည်း
XZ    : ပထမတစ်ချက်က ငါတို့ကုန်ပစ္စည်းက ဆန်းသစ်နေရမယ်တဲ့
Yibo : ဒုတိယတစ်ချက်ကရော
XZ.   : အဲ့ ဒုတိယတစ်ချက်က လူသိများရမယ်တဲ့
Yibo : အော် ငါနားလည်ပြီ ဒါကြောင့်မင်းက ငါ့မင်္ဂလာပွဲကို အသုံးချပြီး လူသိများအောင်လုပ်ချင်တာပေါ့လေ
XZ    : အင်းဟုတ်တယ်အဲ့လိုမျိုး
Yibo : တခြားနည်းလမ်းစဉ်းစား မင်္ဂလာဆောင်မှာ
Promotion ပွဲလုပ်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ၊ပြီးတော့ မင်းအဲ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ရင်တောင်  ကိုယ်စားလှယ်ကို မင်းကိုမထားဘူး ငါတခြားတစ်ယောက်ထားမှာ
XZ   : အဲ့အတွက်ငါစဉ်းစားထားပါတယ်၊ ပရိုမိုးရှင်းဆိုပေမယ့် ငါက လူသိများအောင်လုပ်ချင်ရုံပါဘဲ
ပြီးတော့ မင်း မင်္ဂလာပွဲဆိုတော့ သတင်းထောက်တွေလည်းများမယ်၊ လူသိလည်းများမယ်လေ၊ ဒါကြောင့်ငါက ကြေငြာလုပ်ချင်ရုံပါ
Yibo : ဒါဆိုလည်း တစ်ခါသုံး အထုပ်ပုံစံမျိုးထုတ်ခိုင်းလိုက် မင်္ဂလာပွဲလာတဲ့သူတွေကို ဝေခိုင်းလိုက်
အဲ့အထုတ်ထဲကိုမှ အဲ့ပစ္စည်းရဲ့ အသုံးဝင်ပုံတွေ ကြေငြာထည့်ပေးလိုက်
XZ :ဝါး ဝမ်ရိပေါ် မင်းအတော်ဆုံးဘဲ
ရှောင်းကျန့် လက်မလေးထောင်ပြီး လုပ်ပြနေသည်။ဝမ်ရိပေါ် ရှောင်းကျန့်ရဲ့ လက်ကလေးကို လှမ်းဆွဲလိုက်ပြီး ပါလာတဲ့ ခန္ဓာကိုယ်လေးကိုသူပေါင်ပေါ်တင်ကာ  ခါးလေးကိုလှမ်းဖက်လိုက်သည်။
" ဒါနဲ့လေ  မနေ့ညက ငါ့ကိုချစ်တယ်လို့ပြောတာ တကယ်လားဟင် "
XZ  : ဟမ် မင်းပြောတော့ လျှောက်ပြောနေကျ မမှတ်မိဘူးဆို
Yibo : အင်း အစကတော့ မမှတ်မိဘူး ဒါပေမယ့် ကားပေါ်မှာ မင်းကိုနမ်းလိုက်တာ ငါနည်းနည်းလေးမှတ်မိသွားတယ်၊အဲ့တာနဲ့ ငါရောက်ကတည်းက ထိုင်စဉ်းစားနေတာ အခုငါအားလုံးပြန်မှတ်မိသွားပြီ
XZ   : အော် အင်း ငါခုမှသတိရတယ် ငါ့ကလေးတွေနဲ့ အစည်းအဝေးထိုင်ရအုန်းမယ်  သွားလိုက်အုန်းမယ်နော်
ရှောင်းကျန့် အကြောင်းပြချက် ရှာပြီးထွက်ပြေးဖို့ကြိုးစားနေပေမယ့် ဝမ်ရိပေါ်လက်တို့ကတော့ မဖြုတ် သူ့အား ဖက်ထားဆဲပင်
Yibo : အစည်းအဝေးက ခုမှလုပ်လာတာမဟုတ်ဘူးလား
XZ.   : ဟမ် မင်းဘယ်လိုသိတာလဲ
Yibo :ဒီမှာလေ CCTV ပြီးတော့ အသံဖမ်းစက်လည်းထည့်ထားသေးတယ်
XZ.   : ဟမ်ဒါဆို မင်းက ဒီထဲကနေ အချိန်ပြည့်စောင့်ကြည့်နေတာပေါ့
Yibo : ဒါပေါ့
XZ    : ဘာလဲ မင်းကငါ့ကိုမယုံလို့လား
Yibo. : မဟုတ်ပါဘူး ငါကမင်းကို အတွင်းရေးမှူးရာထူးကနေထုတ်လိုက်ပေမယ့် မင်းကိုငါ့အနားမှာ အမြဲထားချင်တာလေ ဒါကြောင့် ငါတွေ့ချင်ရင် ကြည့်လို့ရအောင် တပ်ထားတာပါ။
XZ.   : ဟူးးးး ( သက်ပျင်းချလိုက်သည်။)
Yibo :သက်ပြင်းချမနေနဲ့ မေးတာဖြေအုန်း ငါ့ကိုချစ်လားလို့
XZ    : အဲ့တုန်းက မင်းကမူးပြီး မေးနေလို့ ငါကလျှောက်ပြောလိုက်တာ မင်းလည်းမူးပြီးလျှောက်ပြောတာမလား
Yibo : မနက်က မင်းကိုပြောဖို့တစ်ခုလိုသွားတယ်
XZ.   : ဘာကိုလဲ
Yibo : ငါကမူးရင် လျှောက်ပြောတယ်ဆိုတာမှန်တယ် ဒါပေမဲ့ ငါရင်ထဲကလာတဲ့စကားတွေကိုဘဲ လျှောက်ပြောတာ
XZ.   :ဟမ် အဲ့တာက ဘာပြောတာလဲ
Yibo. : ဒီငတုံးလေးကတော့ လုပ်ပြီ ရင်ထဲကလာတဲ့စကားပါဆိုနေမှ ငါ့ရင်ထဲမှာမင်းရှိနေလို့ မင်းအကြောင်းပြောတာပေါ့
XZ   : ဟွန့် နားမလည်ဘူး ရှင်းရှင်းပြော
Yibo : မင်းငါ့ကို ရစ်တာပေါ့လေ ဟုတ်လားရှောင်းကျန့်
ထိုအခါမှ ရှောင်းကျန့်ပြုံးလာပြီး
XZ.  : မသိလို့ မသိဘူးပြောနေတာလေ
Yibo : ငါမင်းကို ချစ်တယ် လို့ပြောတာ သိပြီလား
XZ.  : အင်းသိပြီ
Yibo : ဒါဘဲလား ချစ်တယ်လို့ပြန်မပြောတော့ဘူးလား
XZ   : မပြောချင်ပါဘူး
Yibo ; မပြောလည်းနေပေါ့ ငါလည်း မင်းကိုမလွှတ်တော့ဘူး ဖက်ထားမှာ
XZ   : ဟာ ဝမ်ရိပေါ် ဘယ်လိုဖြစ်နေတာလဲ အခုကအလုပ်မှာနော်
Yibo : သိဘူးလာမပြောနဲ့ မင်းပြန်မဖြေမချင်း မလွှတ်ဘူးဘဲ
XZ    : ဟုတ်ပြီဟုတ်ပြီ ငါဖြေမယ် ရပြီလား
Yibo. : အင်း ဖြေ
XZ    : အရင်လွှတ်ပေးလေ
ဝမ်ရိပေါ် ဖက်ထားတဲ့ လက်ကလေးကို မဖယ်ချင်ဖယ်ချင် ဖယ်ပေးလိုက်တယ်
" ငါလည်း.......  မင်းကိုချစ်တယ် "
ပြောပြီးပြီးချင်း ရှောင်းကျန့်ထွက်ပြေးပါေလတော့သည်...............
Yibo : အခုတော့ ခဏလွှတ်ပေးထားလိုက်မယ်
ရုံးဆင်းချိန်ရောက်ရင်တော့ မင်းကိုပြန်လာဖမ်းမယ်

Tom loved Jerry (complete)Where stories live. Discover now