(Unicode)
Super market ကနေဝယ်လာသော Coca Cola ဘူးများ၊ ပဲနို့ဘူးများကို အိမ်တံခါးဝ၌ချပြီး password နှိပ်၍ ဝင်လာခဲ့လိုက်သည်။ ခန့်တည် မရှိသော အိမ်ကြီးမှာ ခြောက်ကပ်လို့နေ၏။
အိမ်၌ ကြားနေကျဖြစ်သော ရယ်သံလေးများ တိတ်ဆိတ်နေသည် "အကိုရေ" ဟူသော ခေါ်သံလေးများ မကြားရသည်မှာ နှစ်ရက်ကျော်ပြီ။ သူကြိုက်သည့်အစားအသောက်များလည်း ချက်မကျွေးရသည်မှာ လေးဆယ့်ရှစ်နာရီကျော်ပြီ။
ရေခဲသေတ္တာထဲသို့ Coca Cola ဘူးနှင့်ပဲနို့ဘူးများကို စီရီထည့်ပြီး အိမ်သန့်ရှင်းရေး လုပ်လိုက်ပါသည်။ ခန့်တည်ရှိလျှင် သူနှင့်တူတူ ဖုန်သုတ် တံမြက်စည်းလှဲပြီး "မောင်တစ်ထမ်းကိုယ်တစ်ရွက်" ဖြတ်သန်းနေရလောက်ပြီ။
ရေချိုးပြီး အိပ်ယာပေါ် ခဏလှဲနေမိသည်။ ခပ်နွေးနွေး အငွေ့အသက်လေးကို ဘယ်နားသွားရှာရမလဲလေနော်။
လွမ်းလွန်းလှပါသည်။
~~~~~~
"ဓမ္မတာအတိုင်းမဟုတ်ပဲ ချစ်ခင်စုံမက် ပေါင်းသင်းခြင်းက ရှေးဘဝ ဝဍ်ကြွေးမဟုတ်ပါဘူး၊ ရေစက်ရှိလို့ ပြန်လာဆုံကြတယ်လို့ပဲ မှတ်ကြရတယ် တရားနာ ပရိတ်သတ်ရဲ့"
ဘုန်းဘုန်းကတော့ တရားဟောပြီးလို့ ရေစက်ချပါတော့မည်။ အလှူလေးကတော့ ရိုးရှင်းပါ၏။ ခန့်တည်ကို ဦးပဥ္ဇင်း ဝတ်ပေးတဲ့ အလှူလေး၊ ခန့်တည်မွေးနေ့ အမှတ်တရ။
Jey ရှေ့မှာတော့ နှစ်ရက်ကြာ ခွဲထားရသည့် ချစ်သော ခန့်တည် တစ်ဖြစ်လဲ ဦးပဥ္ဇင်း ရှင်ပညာဒီပ က ရပ်နေလေသည်။
စဝတ်ခါစနေ့ကတော့ "ဒကာလေး ဦးပဥ္ဇင်းစိတ်ချမယ်နော်" "အိမ်တံခါး သေချာပိတ်ရဲ့လား ဒကာလေး" "ကားသေချာမောင်းနော် ဒကာလေး" စသည့် စကားများကို ငါးမိနစ်ခြားတစ်ခါ ဖုန်းဆက်ပြောလေ့ရှိသောကြောင့် ကိုရင်လေးတွေက ပိုရန်ကော ဆိုပြီး ကြည့်တတ်ကြသည်။ "ဒကာလေး ချက်တဲ့ ဆွမ်းပဲ ဘုဉ်းပေးချင်တယ်" လုပ်နေသောကြောင့် ဘုန်းဘုန်းဆူတာလည်း ခံရပြီးဖြစ်ပါသည်။
တကယ်ပါ။ သင်္ကန်းသာ မခြုံထားရင် ဒီကောင်လေး ခေါင်းကို တစ်ဒေါက်ဒေါက်ခေါက်ပြီးပါပြီ။ ခုတော့ ဥပုသ်စောင့်နေရတဲ့ ကျားပေါက်လေးက ဘုန်းဘုန်းကြီးဘေးမှာ စူပုတ်ပုတ်ရပ်နေလေသည်။
ပြောမယ့်သာ ပြောရသည်ပါ။ Jey ကိုယ်တိုင်လည်း လွမ်းနေမိတာ သူ့ကိုယ့်သူ အသိ။
"တန်းဆွမ်းလောင်းလို့ရပြီ သားရေ"
ခန့်တည်မေမေပြောတော့မှ ရှင်ပညာဒီပ ထွက်လာတော့မယ်ဆိုတာသိတော့သည်။
ပြောရရင် ဒီဘုန်းကြီးကျောင်းလေးက တိတ်ဆိတ်အေးချမ်းသည်။ မိဘမဲ့ ဂေဟာလေးပါ ရှိသောကြောင့် Jey ဝယ်လာသည့် Coca Cola တွေ ပဲနို့တွေက ကုသိုလ်ကောင်းမှုမြောက်လေသည်။
ဒီနေ့က ကလေးများနေ့ ပြီးတော့ ဗိုလ်ချုပ်မွေးနေ့။ ဘုန်းဘုန်းတွေအတွက် ဆပ်ပြာ ၊ ရေစစ် စသည့်အထုပ်ငယ်လေးတွေ လောင်းရင်း ဦးပဥ္ဇင်းအလှည့်ရောက်လာတော့ ဦးပဥ္ဇင်း မျက်နှာက ရယ်ကျဲကျဲ။
"မလိုပါဘူး ဒကာလေး၊ ဒီနေ့ညနေ လူထွက်ရင် ဒကာလေးအိမ်မှာ ရေပြန်ချိုးမှာပါ"
Jey မျက်နှာကို ရေနွေးပူနှင့် ပက်လိုက်သလိုပင်။ ခန့်တည်မေမေကတော့ "ငရဲမှာပဲ ရေချိုးရမှာ ဦးပဥ္ဇင်းရဲ့" ဆိုပြီး ပြောနေလေသည်။
မနိုင်ပါ။ ဒီကောင်လေးကို တကယ်မနိုင်ပါ။
~~~~~~
မိဘမဲ့ကလေးများက Baymax ရယ် Baybay ရယ်နှင့် ပတ်လည်ဝိုင်းပြီး ဆော့နေကြပါသည်။ Baymax ရယ် Baybay ရယ်က မျက်နှာချိုသည်။ ကလေးတွေကြားထဲမှာလည်း ပျော်လို့ ရွှင်လို့သာ။ ညနေ လူပြန်ထွက်မည့် ခန့်တည်ကိုစောင့်ရင်း အလှူပြီးကတည်းက မပြန်ဖြစ်ခဲ့ပါ။
အခုရပ်နေတဲ့ ဝါးရုံတောလေးက အေးချမ်းလွန်းသည်။ ကလေးတွေကလည်း ပဲနို့သောက်လိုက်၊ မုန့်စားလိုက်နှင့် Jey နဲ့ပါဆော့လိုက်သေးသည်။
Jey ကလေးသိပ်ချစ်တတ်ပါသည်။ အထူးသဖြင့် ဖြူဖြူတုတ်တုတ်ကလေးလေးတွေ။ ခုလည်း ဒီကလေးတွေ ကြားမှာ။ သည်လိုကျ တွေးရင်းနှင့် ဝမ်းနည်းမိပြန်သည်။ ခန့်တည်လည်း ကလေးချစ်တတ်သည်ပဲ။ သူလည်းကလေးလေး လိုချင်မှာပင်။ ဒါပထမဆုံး Jey သူ့ဖြစ်တည်မှုကို သူမကျေမနပ်ဖြစ်မိခြင်းသာ။
"အစ်ကို"
လူထွက်လာသည့် ခန့်တည်ခေါင်းတုံးပြောင်လေးက ဝမ်းသာအားရပြေးဖက်လေသည်။
"လွမ်းနေတာ၊ အရမ်းအရမ်းလွမ်းနေတာ"
"အင်း၊ အစ်ကိုလည်း လွမ်းနေတာ"
ဘုန်းကြီးကျောင်းဝင်းထဲမှာမို့ မနည်းဆွဲခွါနေရသည်။ တောက်တဲ့လိုကပ်နေတဲ့ ခန့်တည်လေးက မနက်ဖြန်ဆို နှစ်ဆယ့်နှစ်နှစ်တောင် ပြည့်ပြီ။
"ဘာယူမလဲ မွေးနေ့လက်ဆောင်"
"အစ်ကို့ကို တကယ်တော့ ပြောစရာ ရှိတယ်"
ခုန ပျော်ရွှင်နေတဲ့ ပုံစံက ခုတော့ တည်တံ့သွားပါသည်။
"ပြော အစ်ကိုပေးနိုင်တာဆိုပေးမယ်"
"အစ်ကို့ဆီက ခွင့်ပြုချက်လေးပဲလိုတာ"
"ဟမ်"
~~~~~~
နောက်ထပ် နှစ်နှစ်လောက် ကြာသည့်အချိန်မှာတော့ 406A ကနေ ထွက်လာပြီး ကိုယ်ပိုင််ခြံဝန်းနှင့် အိမ်လေးကို သူတို့နှစ်ဦး စုဆောင်းငွေဖြင့် ရွှေတောင်ကြားဘက်မှာ ဝယ်ခဲ့ပါသည်။
တိုက်ခန်းမှာ မဆံ့တော့လောက်အောင် Baymax ကထွားလာသည်၊ Baybay ကတော့ Baymax လောက်မထွားပေမယ့် သူလည်း ကြီးလာသည်လေ။
ပြီးတော့ အိမ်ရဲ့ ဆည်းလည်းလေး။
ခန့်တည်ခွင့်ပြုချက်တောင်းတုန်းက မျက်ရည်တွေပါ ကျလောက်သည်အထိ ပျော်ပြီး ဘဝနှစ်ခုထဲကို ဝင်ခွင့်ပေးလိုက်သော သားသား "တည်နန္ဒနိုင်"။
တကယ်တော့ ခန့်တည်ကို မွေးနေ့လက်ဆောင်ပေးလိုက်တာ မဟုတ်ပဲ ခန့်တည်က Jey ကို လက်ဆောင်ပေးခဲ့သည်ပဲ။ ခြံဝန်းထဲမှာ Baymax တို့နှင့် ဆော့နေသည့် သားသားက သက်သေ။
ဖြူလုံးတုတ်နေသည့် သားသားလေးက Jey နှင့် မျက်နှာကျဆင်ပြီး ခန့်တည်လိုလည်သည်။ နှစ်ဖက် ဖွားဖွားတွေရဲ့ အသည်းကျော် သားလေးပင်။
သားကို မိဘမဲ့ ဂေဟာ၌ တစ်နှစ်သားအရွယ်က လာစွန့်ပစ်သွားတယ်ပြောသည်။ ခန့်တည် ဦးပဥ္ဇင်းစဝတ်သည့်နေ့မှာရောက်လာသော သားလေးက Jey တို့နှင့် ရေစက်ပါသည်လို့ပြောရမည်။
"သားသားရေ တည်သီးလေး၊ လာလာ ရေချိုးမယ်၊ ဖေဖေ ပြန်လာရင် မွှေးမွှေးလေး ဖြစ်အောင် ရေချိုးကြမယ် ပြီးရင် ပြင်ပြင်သွားမယ်လေ"
"ဟုတ် ရာပြီ"
သုံးနှစ်ကျော်ကျော်ပဲ ရှိသေးသည့် သားသားက စကားတတ်ပေမယ့် တချို့စကားတွေက မပီသေး။ မပီကလာ ပီကလာနှင့် ပြောတတ်သည့် သားသားရဲ့စကားတွေကို ခန့်တည်ကတော့ ဒုတိယ အမောပြေလို့ပြောပါသည်။
ပထမအမောပြေကတော့ ပြေးကြည့်စရာမလို .. Jey သာပင်။
ဖြူလုံးလုံးတည်သီးလေးကို ပေါင်ဒါလေးပုတ်ပေးတော့ သားသားကပျော်မြူးလျက်။ အိမ်ခေါ်နာမည်ကို တည်သီးလေးဟု ပေးထားသည်က ခန့်တည်သားလေးက တည်သီးလေးလိုပဲတဲ့။
"အစ်ကိုရေ ကျွန်တော် ပြန်လာပြီ၊ တည်သီးလေးရေ ဖေဖေပြန်လာပြီ"
"ထေထေ ကျန်ရာပြီ ပါးပါး"
မပီတဲ့ စကားတွေထဲမှာ အပီဆုံးက Jey ကိုခေါ်တဲ့ ပါးပါး။ တည်သီးလေးကို ပွေ့ဖက်နမ်းရှုံ့နေသည့် ခန့်တည်ကို ကြည့်ရင်း Jey ရင်ထဲမှာ ပီတိတွေဖြာလျက်သား။
~~~~~~~
ကြည့်မြင်တိုင်ညစျေးက လူတော့ရှုပ်ပေမယ့် မိသားစုသုံးယောက်အတွက်တော့ ပျော်စရာကောင်းပါ၏။ ခန့်တည်က တည်သီးလေးကို ချီထားပြီး လက်တစ်ဖက်ကတော့ Jey ကိုဆွဲထားသည်။
တည်သီးလေးက အပြင်စာ သိပ်မစားနိုင်သေးသောကြောင့် အဖေနှစ်ယောက် ချီရာနောက် လိုက်ရတာပါပဲ။ အိမ်ပြန်ရောက်မှ တည်သီးလေးကို ထမင်းကျွေးရသည်။ တည်သီးလေးက အပြင်လိုက်ပို့ရင် ပျော်သည်။ ထမင်းတွေများစားလိုက်တာ သူ့ဖေဖေနဲ့ အပြိုင်။
Baymax နှင့် Baybay ကို အစာကျွေးနေတုန်း သားသားအခန်းထဲ၌ ခန့်တည်က ပုံပြင်ဖတ်ပြနေလေသည်။ ညဘက် ဆယ်နာရီခွဲခန့် သားသားအိပ်မောကျသွားတော့မှ ခန့်တည်ကအခန်းထဲဝင်လာတော့သည်။
"လာအစ်ကို အိပ်ရအောင်"
"အင်း အိပ်မယ်"
Jey ဖတ်လက်စ ဆရာမ"ခင်ခင်ထူး"ရဲ့စာအုပ်ကိုချပြီး အိပ်ယာပေါ်တက်ကာ ခန့်တည်ရင်ခွင်ထဲ တိုးဝင်လာတော့သည်။
"သားသားရော အိပ်ပြီလား"
"အိပ်ပါပြီဗျာ တည်သီးလေးက ရှူးကနဲ ရှူးကနဲ အိပ်ပျော်နေတာ"
"ဟူး တစ်နေ့တော့ ပြီးသွားပြန်ပြီနော်"
"နေ့ရက်တိုင်းက ပျော်စရာကြီးနော် အစ်ကို"
"ဆည်းလည်းလေးရှိတော့ အိမ်ရဲ့ကာရန်လေးက ပိုပြီး ဖွဲ့သီလို့ကောင်းတယ်လေ"
"ဘာဆည်းလည်းလေးလဲ၊ အစကတော့ ကျွန်တော့်ကိုပဲ မေတ္တာတွေပေးပါ့မယ်ဆိုပြီး၊ ခုတော့ တည်သီးလေးကိုပဲချစ်နေတယ်၊ သားအဖတောင် ခွဲခြားခွဲခြားနဲ့"
"အာ ဒီကလေးဆိုးလေးကတော့"
ရယ်သံလေးတွေ ပြည့်နှက်သွားသည့် အိပ်ခန်းငယ်။
ကောင်းကင်ပေါ်က ကြယ်လေးတွေကတော့ အိပ်ခန်းထဲက ကောင်လေးနှစ်ယောက်ကို ရှက်ရွံ့ဟန်နှင့် မှိတ်တုတ်မှိတ်တုတ်။ ထိုညက လမင်းကြီးလည်း သာပါသည်။
ချစ်ခြင်းမေတ္တာနဲ့ သက်ဆိုင်လာလျှင် အရာရာက ကာရန်ညီပါသည်။
ချစ်ခြင်းမေတ္တာနဲ့ ဖွဲ့သီလာလျှင်တော့
အရာရာက ကြည်နူးစရာမြတ်နိုးခြင်းတရားတွေပါပင်။
- THE END -
(Zawgyi)
Super market ကေနဝယ္လာေသာ Coca Cola ဘူးမ်ား၊ ပဲႏို႔ဘူးမ်ားကို အိမ္တံခါးဝ၌ခ်ၿပီး password ႏွိပ္၍ ဝင္လာခဲ့လိုက္သည္။ ခန႔္တည္ မရွိေသာ အိမ္ႀကီးမွာ ေျခာက္ကပ္လို႔ေန၏။
အိမ္၌ ၾကားေနက်ျဖစ္ေသာ ရယ္သံေလးမ်ား တိတ္ဆိတ္ေနသည္ "အကိုေရ" ဟူေသာ ေခၚသံေလးမ်ား မၾကားရသည္မွာ ႏွစ္ရက္ေက်ာ္ၿပီ။ သူႀကိဳက္သည့္အစားအေသာက္မ်ားလည္း ခ်က္မေကြၽးရသည္မွာ ေလးဆယ့္ရွစ္နာရီေက်ာ္ၿပီ။
ေရခဲေသတၱာထဲသို႔ Coca Cola ဘူးႏွင့္ပဲႏို႔ဘူးမ်ားကို စီရီထည့္ၿပီး အိမ္သန႔္ရွင္းေရး လုပ္လိုက္ပါသည္။ ခန႔္တည္ရွိလွ်င္ သူႏွင့္တူတူ ဖုန္သုတ္ တံျမက္စည္းလွဲၿပီး "ေမာင္တစ္ထမ္းကိုယ္တစ္႐ြက္" ျဖတ္သန္းေနရေလာက္ၿပီ။
ေရခ်ိဳးၿပီး အိပ္ယာေပၚ ခဏလွဲေနမိသည္။ ခပ္ေႏြးေႏြး အေငြ႕အသက္ေလးကို ဘယ္နားသြားရွာရမလဲေလေနာ္။
လြမ္းလြန္းလွပါသည္။
~~~~~~
"ဓမၼတာအတိုင္းမဟုတ္ပဲ ခ်စ္ခင္စုံမက္ ေပါင္းသင္းျခင္းက ေရွးဘဝ ဝဍ္ေႂကြးမဟုတ္ပါဘူး၊ ေရစက္ရွိလို႔ ျပန္လာဆုံၾကတယ္လို႔ပဲ မွတ္ၾကရတယ္ တရားနာ ပရိတ္သတ္ရဲ႕"
ဘုန္းဘုန္းကေတာ့ တရားေဟာၿပီးလို႔ ေရစက္ခ်ပါေတာ့မည္။ အလႉေလးကေတာ့ ႐ိုးရွင္းပါ၏။ ခန႔္တည္ကို ဦးပၪၨင္း ဝတ္ေပးတဲ့ အလႉေလး၊ ခန႔္တည္ေမြးေန႔ အမွတ္တရ။
Jey ေရွ႕မွာေတာ့ ႏွစ္ရက္ၾကာ ခြဲထားရသည့္ ခ်စ္ေသာ ခန႔္တည္ တစ္ျဖစ္လဲ ဦးပၪၨင္း ရွင္ပညာဒီပ က ရပ္ေနေလသည္။
စဝတ္ခါစေန႔ကေတာ့ "ဒကာေလး ဦးပၪၨင္းစိတ္ခ်မယ္ေနာ္" "အိမ္တံခါး ေသခ်ာပိတ္ရဲ႕လား ဒကာေလး" "ကားေသခ်ာေမာင္းေနာ္ ဒကာေလး" စသည့္ စကားမ်ားကို ငါးမိနစ္ျခားတစ္ခါ ဖုန္းဆက္ေျပာေလ့ရွိေသာေၾကာင့္ ကိုရင္ေလးေတြက ပိုရန္ေကာ ဆိုၿပီး ၾကည့္တတ္ၾကသည္။ "ဒကာေလး ခ်က္တဲ့ ဆြမ္းပဲ ဘုဥ္းေပးခ်င္တယ္" လုပ္ေနေသာေၾကာင့္ ဘုန္းဘုန္းဆူတာလည္း ခံရၿပီးျဖစ္ပါသည္။
တကယ္ပါ။ သကၤန္းသာ မၿခဳံထားရင္ ဒီေကာင္ေလး ေခါင္းကို တစ္ေဒါက္ေဒါက္ေခါက္ၿပီးပါၿပီ။ ခုေတာ့ ဥပုသ္ေစာင့္ေနရတဲ့ က်ားေပါက္ေလးက ဘုန္းဘုန္းႀကီးေဘးမွာ စူပုတ္ပုတ္ရပ္ေနေလသည္။
ေျပာမယ့္သာ ေျပာရသည္ပါ။ Jey ကိုယ္တိုင္လည္း လြမ္းေနမိတာ သူ႔ကိုယ့္သူ အသိ။
"တန္းဆြမ္းေလာင္းလို႔ရၿပီ သားေရ"
ခန႔္တည္ေမေမေျပာေတာ့မွ ရွင္ပညာဒီပ ထြက္လာေတာ့မယ္ဆိုတာသိေတာ့သည္။
ေျပာရရင္ ဒီဘုန္းႀကီးေက်ာင္းေလးက တိတ္ဆိတ္ေအးခ်မ္းသည္။ မိဘမဲ့ ေဂဟာေလးပါ ရွိေသာေၾကာင့္ Jey ဝယ္လာသည့္ Coca Cola ေတြ ပဲႏို႔ေတြက ကုသိုလ္ေကာင္းမႈေျမာက္ေလသည္။
ဒီေန႔က ကေလးမ်ားေန႔ ၿပီးေတာ့ ဗိုလ္ခ်ဳပ္ေမြးေန႔။ ဘုန္းဘုန္းေတြအတြက္ ဆပ္ျပာ ၊ ေရစစ္ စသည့္အထုပ္ငယ္ေလးေတြ ေလာင္းရင္း ဦးပၪၨင္းအလွည့္ေရာက္လာေတာ့ ဦးပၪၨင္း မ်က္ႏွာက ရယ္က်ဲက်ဲ။
"မလိုပါဘူး ဒကာေလး၊ ဒီေန႔ညေန လူထြက္ရင္ ဒကာေလးအိမ္မွာ ေရျပန္ခ်ိဳးမွာပါ"
Jey မ်က္ႏွာကို ေရေႏြးပူႏွင့္ ပက္လိုက္သလိုပင္။ ခန႔္တည္ေမေမကေတာ့ "ငရဲမွာပဲ ေရခ်ိဳးရမွာ ဦးပၪၨင္းရဲ႕" ဆိုၿပီး ေျပာေနေလသည္။
မႏိုင္ပါ။ ဒီေကာင္ေလးကို တကယ္မႏိုင္ပါ။
~~~~~~
မိဘမဲ့ကေလးမ်ားက Baymax ရယ္ Baybay ရယ္ႏွင့္ ပတ္လည္ဝိုင္းၿပီး ေဆာ့ေနၾကပါသည္။ Baymax ရယ္ Baybay ရယ္က မ်က္ႏွာခ်ိဳသည္။ ကေလးေတြၾကားထဲမွာလည္း ေပ်ာ္လို႔ ႐ႊင္လို႔သာ။ ညေန လူျပန္ထြက္မည့္ ခန႔္တည္ကိုေစာင့္ရင္း အလႉၿပီးကတည္းက မျပန္ျဖစ္ခဲ့ပါ။
အခုရပ္ေနတဲ့ ဝါး႐ုံေတာေလးက ေအးခ်မ္းလြန္းသည္။ ကေလးေတြကလည္း ပဲႏို႔ေသာက္လိုက္၊ မုန႔္စားလိုက္ႏွင့္ Jey နဲ႔ပါေဆာ့လိုက္ေသးသည္။
Jey ကေလးသိပ္ခ်စ္တတ္ပါသည္။ အထူးသျဖင့္ ျဖဴျဖဴတုတ္တုတ္ကေလးေလးေတြ။ ခုလည္း ဒီကေလးေတြ ၾကားမွာ။ သည္လိုက် ေတြးရင္းႏွင့္ ဝမ္းနည္းမိျပန္သည္။ ခန႔္တည္လည္း ကေလးခ်စ္တတ္သည္ပဲ။ သူလည္းကေလးေလး လိုခ်င္မွာပင္။ ဒါပထမဆုံး Jey သူ႔ျဖစ္တည္မႈကို သူမေက်မနပ္ျဖစ္မိျခင္းသာ။
"အစ္ကို"
လူထြက္လာသည့္ ခန႔္တည္ေခါင္းတုံးေျပာင္ေလးက ဝမ္းသာအားရေျပးဖက္ေလသည္။
"လြမ္းေနတာ၊ အရမ္းအရမ္းလြမ္းေနတာ"
"အင္း၊ အစ္ကိုလည္း လြမ္းေနတာ"
ဘုန္းႀကီးေက်ာင္းဝင္းထဲမွာမို႔ မနည္းဆြဲခြါေနရသည္။ ေတာက္တဲ့လိုကပ္ေနတဲ့ ခန႔္တည္ေလးက မနက္ျဖန္ဆို ႏွစ္ဆယ့္ႏွစ္ႏွစ္ေတာင္ ျပည့္ၿပီ။
"ဘာယူမလဲ ေမြးေန႔လက္ေဆာင္"
"အစ္ကို႔ကို တကယ္ေတာ့ ေျပာစရာ ရွိတယ္"
ခုန ေပ်ာ္႐ႊင္ေနတဲ့ ပုံစံက ခုေတာ့ တည္တံ့သြားပါသည္။
"ေျပာ အစ္ကိုေပးႏိုင္တာဆိုေပးမယ္"
"အစ္ကို႔ဆီက ခြင့္ျပဳခ်က္ေလးပဲလိုတာ"
"ဟမ္"
~~~~~~
ေနာက္ထပ္ ႏွစ္ႏွစ္ေလာက္ ၾကာသည့္အခ်ိန္မွာေတာ့ 406A ကေန ထြက္လာၿပီး ကိုယ္ပိုင္ၿခံဝန္းႏွင့္ အိမ္ေလးကို သူတို႔ႏွစ္ဦး စုေဆာင္းေငြျဖင့္ ေ႐ႊေတာင္ၾကားဘက္မွာ ဝယ္ခဲ့ပါသည္။
တိုက္ခန္းမွာ မဆံ့ေတာ့ေလာက္ေအာင္ Baymax ကထြားလာသည္၊ Baybay ကေတာ့ Baymax ေလာက္မထြားေပမယ့္ သူလည္း ႀကီးလာသည္ေလ။
ၿပီးေတာ့ အိမ္ရဲ႕ ဆည္းလည္းေလး။
ခန႔္တည္ခြင့္ျပဳခ်က္ေတာင္းတုန္းက မ်က္ရည္ေတြပါ က်ေလာက္သည္အထိ ေပ်ာ္ၿပီး ဘဝႏွစ္ခုထဲကို ဝင္ခြင့္ေပးလိုက္ေသာ သားသား "တည္နႏၵႏိုင္"။
တကယ္ေတာ့ ခန႔္တည္ကို ေမြးေန႔လက္ေဆာင္ေပးလိုက္တာ မဟုတ္ပဲ ခန႔္တည္က Jey ကို လက္ေဆာင္ေပးခဲ့သည္ပဲ။ ၿခံဝန္းထဲမွာ Baymax တို႔ႏွင့္ ေဆာ့ေနသည့္ သားသားက သက္ေသ။
ျဖဴလုံးတုတ္ေနသည့္ သားသားေလးက Jey ႏွင့္ မ်က္ႏွာက်ဆင္ၿပီး ခန႔္တည္လိုလည္သည္။ ႏွစ္ဖက္ ဖြားဖြားေတြရဲ႕ အသည္းေက်ာ္ သားေလးပင္။
သားကို မိဘမဲ့ ေဂဟာ၌ တစ္ႏွစ္သားအ႐ြယ္က လာစြန႔္ပစ္သြားတယ္ေျပာသည္။ ခန႔္တည္ ဦးပၪၨင္းစဝတ္သည့္ေန႔မွာေရာက္လာေသာ သားေလးက Jey တို႔ႏွင့္ ေရစက္ပါသည္လို႔ေျပာရမည္။
"သားသားေရ တည္သီးေလး၊ လာလာ ေရခ်ိဳးမယ္၊ ေဖေဖ ျပန္လာရင္ ေမႊးေမႊးေလး ျဖစ္ေအာင္ ေရခ်ိဳးၾကမယ္ ၿပီးရင္ ျပင္ျပင္သြားမယ္ေလ"
"ဟုတ္ ရာၿပီ"
သုံးႏွစ္ေက်ာ္ေက်ာ္ပဲ ရွိေသးသည့္ သားသားက စကားတတ္ေပမယ့္ တခ်ိဳ႕စကားေတြက မပီေသး။ မပီကလာ ပီကလာႏွင့္ ေျပာတတ္သည့္ သားသားရဲ႕စကားေတြကို ခန႔္တည္ကေတာ့ ဒုတိယ အေမာေျပလို႔ေျပာပါသည္။
ပထမအေမာေျပကေတာ့ ေျပးၾကည့္စရာမလို .. Jey သာပင္။
ျဖဴလုံးလုံးတည္သီးေလးကို ေပါင္ဒါေလးပုတ္ေပးေတာ့ သားသားကေပ်ာ္ျမဴးလ်က္။ အိမ္ေခၚနာမည္ကို တည္သီးေလးဟု ေပးထားသည္က ခန႔္တည္သားေလးက တည္သီးေလးလိုပဲတဲ့။
"အစ္ကိုေရ ကြၽန္ေတာ္ ျပန္လာၿပီ၊ တည္သီးေလးေရ ေဖေဖျပန္လာၿပီ"
"ေထေထ က်န္ရာၿပီ ပါးပါး"
မပီတဲ့ စကားေတြထဲမွာ အပီဆုံးက Jey ကိုေခၚတဲ့ ပါးပါး။ တည္သီးေလးကို ေပြ႕ဖက္နမ္းရႈံ႕ေနသည့္ ခန႔္တည္ကို ၾကည့္ရင္း Jey ရင္ထဲမွာ ပီတိေတြျဖာလ်က္သား။
~~~~~~~
ၾကည့္ျမင္တိုင္ညေဈးက လူေတာ့ရႈပ္ေပမယ့္ မိသားစုသုံးေယာက္အတြက္ေတာ့ ေပ်ာ္စရာေကာင္းပါ၏။ ခန႔္တည္က တည္သီးေလးကို ခ်ီထားၿပီး လက္တစ္ဖက္ကေတာ့ Jey ကိုဆြဲထားသည္။
တည္သီးေလးက အျပင္စာ သိပ္မစားႏိုင္ေသးေသာေၾကာင့္ အေဖႏွစ္ေယာက္ ခ်ီရာေနာက္ လိုက္ရတာပါပဲ။ အိမ္ျပန္ေရာက္မွ တည္သီးေလးကို ထမင္းေကြၽးရသည္။ တည္သီးေလးက အျပင္လိုက္ပို႔ရင္ ေပ်ာ္သည္။ ထမင္းေတြမ်ားစားလိုက္တာ သူ႔ေဖေဖနဲ႔ အၿပိဳင္။
Baymax ႏွင့္ Baybay ကို အစာေကြၽးေနတုန္း သားသားအခန္းထဲ၌ ခန႔္တည္က ပုံျပင္ဖတ္ျပေနေလသည္။ ညဘက္ ဆယ္နာရီခြဲခန႔္ သားသားအိပ္ေမာက်သြားေတာ့မွ ခန႔္တည္ကအခန္းထဲဝင္လာေတာ့သည္။
"လာအစ္ကို အိပ္ရေအာင္"
"အင္း အိပ္မယ္"
Jey ဖတ္လက္စ ဆရာမ"ခင္ခင္ထူး"ရဲ႕စာအုပ္ကိုခ်ၿပီး အိပ္ယာေပၚတက္ကာ ခန႔္တည္ရင္ခြင္ထဲ တိုးဝင္လာေတာ့သည္။
"သားသားေရာ အိပ္ၿပီလား"
"အိပ္ပါၿပီဗ်ာ တည္သီးေလးက ရွဴးကနဲ ရွဴးကနဲ အိပ္ေပ်ာ္ေနတာ"
"ဟူး တစ္ေန႔ေတာ့ ၿပီးသြားျပန္ၿပီေနာ္"
"ေန႔ရက္တိုင္းက ေပ်ာ္စရာႀကီးေနာ္ အစ္ကို"
"ဆည္းလည္းေလးရွိေတာ့ အိမ္ရဲ႕ကာရန္ေလးက ပိုၿပီး ဖြဲ႕သီလို႔ေကာင္းတယ္ေလ"
"ဘာဆည္းလည္းေလးလဲ၊ အစကေတာ့ ကြၽန္ေတာ့္ကိုပဲ ေမတၱာေတြေပးပါ့မယ္ဆိုၿပီး၊ ခုေတာ့ တည္သီးေလးကိုပဲခ်စ္ေနတယ္၊ သားအဖေတာင္ ခြဲျခားခြဲျခားနဲ႔"
"အာ ဒီကေလးဆိုးေလးကေတာ့"
ရယ္သံေလးေတြ ျပည့္ႏွက္သြားသည့္ အိပ္ခန္းငယ္။
ေကာင္းကင္ေပၚက ၾကယ္ေလးေတြကေတာ့ အိပ္ခန္းထဲက ေကာင္ေလးႏွစ္ေယာက္ကို ရွက္႐ြံ႕ဟန္ႏွင့္ မွိတ္တုတ္မွိတ္တုတ္။ ထိုညက လမင္းႀကီးလည္း သာပါသည္။
ခ်စ္ျခင္းေမတၱာနဲ႔ သက္ဆိုင္လာလွ်င္ အရာရာက ကာရန္ညီပါသည္။
ခ်စ္ျခင္းေမတၱာနဲ႔ ဖြဲ႕သီလာလွ်င္ေတာ့
အရာရာက ၾကည္ႏူးစရာျမတ္ႏိုးျခင္းတရားေတြပါပင္။
- THE END -