အရံဇာတ္​​ေကာင္​၏လွည္​့ျဖားျခင...

By IrisShin999

1.4M 169K 4.5K

ကမ႓ာ႓ၻ​ေပါင္​းမ်ားစြာရဲ႕ အရံဇာတ္​​ေကာင္​အျဖစ္​ ဝင္​စားဖို႔တြန္​းအား​ေပးျခင္​းကို သူခံရတယ္​။ သူဒါကိုလံုးဝဆန္႔​... More

Prologue
1.1 အ​ေမြဆက္​ခံသူ စာဖိုမွဴး
1.2
1.3
1.4
1.5
1.6
1.7
1.8
1.9
1.10
1.11
1.12
1.13
1.14
1.15
2.1 (တရုတ္​ျပည္​ရဲ႕ မတည္​ၿငိမ္​​ေသာ ကိုယ္​စားလွယ္​အုပ္​ခ်ဳပ္​​ေရး)
2.2
2.3
2.4
2.5
2.6
2.7
2.8
2.9
2.10
2.11
3.1(ၾကယ္​စင္​ၾကားကတိုက္​ရိုက္​လႊင္​့တဲ့ ကိုယ္​တိုင္​လုပ္​​ေဆာင္သူမ်ားၿပိဳင္​ပဲြ)
3.2
3.3
3.4
3.5
3.6
3.7
3.8
3.9
3.10
3.11
3.12
3.13
4.1( စႏၵယားမင္​းသား​ေလး)
4.2
4.3
4.4
4.5
4.6
4.7
4.8
4.9
4.10
4.11
4.12
4.13
5.1(ရွင္​သန္​ရာဂိမ္​း)
5.2
5.3
5.4
5.5
5.6
5.7
5.8
5.9
5.10
5.11
5.12
5.13
5.14
6.1( ျမင့္ျမတ္ေသာ အလင္း၏ ဒ႑ာရီ)
6.2
6.3
6.5
6.6
6.7
6.8
6.9
6.10
6.11
6.12
notice
notice
7.1 စူပါမော်ဒယ်ပြိုင်ပွဲ
7.2
7.3
7.4
7.5
7.6
7.7
7.8
7.9
7.10
7.11
7.12
7.13
7.14
7.15
7.16
7.17

6.4

11.4K 1.5K 22
By IrisShin999

Carnia ႏိုးလာေတာ့ သူ႔မ်က္လံုးထဲမွာ ေၾကာက္ရံြ႔မႈေတြ ႐ွိေနေသးၿပီး Orede ေၾကာင့္ သူေသသြားၿပီလို႔ ထင္ေနတာျဖစ္သည္။ သူ႔ရဲ႕ ေတာက္ပတဲ့ ေန႔ရက္ေတြက အခုမွစတာ သူ႔ဘဝထိပ္ဆံုးကို မေရာက္ေသးခင္မွာ ဒီလိုေသသြားလို႔မျဖစ္ဘူး။

" Carnia မေၾကာက္ပါနဲ႔။ ဘာမွမျဖစ္ေတာ့ဘူး သိလား။'' Louis က Carnia ရဲ႕ ေၾကာက္လန္႔ေနတဲ့ ပံုကို ျမင္ေတာ့ လက္ကို ကိုင္ကာ ႏွစ္သိမ့္ေပးသည္။

" Louis'' Carnia က ထထိုင္မလို႔လုပ္ေတာ့ သူ႔ရင္ဘတ္က စူးကနဲနာတာေၾကာင့္ မ်က္ႏွာတြန္႔သြားသည္။

" မထနဲ႔။'' Louis က Carnia ကို ျပန္လွဲကာ ေျပာသည္။ '' မင္းဒဏ္ရာေတြ အမ်ားႀကီးရထားတာ။ ေတာ္ေသးတာေပါ့ မင္းမွာ သန္မာတဲ့ အလင္းစြမ္းအင္႐ွိလို႔ ဒဏ္ရာေတြကို ျပန္ကုလို႔ရႏိုင္တယ္။''

Carnia ရဲ႕ အလင္းစြမ္းအင္ဆိုတဲ့ဟာက တကယ္အလင္းစြမ္းအင္ မဟုတ္ေပ။ Carnia က နတ္ဆိုးဘုရင္နဲ႔ သေဘာတူထားတာေၾကာင့္ သူ႔မွာ႐ွိေနတဲ့ ပါဝါက နတ္ဆိုးဘုရင္ရဲ႕ စြမ္းအားတစ္စိတ္တစ္ပိုင္း ျဖစ္သည္။ နတ္ဆိုးဘုရင္ရဲ႕ ပံုဖ်က္ျခင္းအစြမ္းက ထုတ္လႊင့္လိုက္ရင္ အလင္းစြမ္းအင္နဲ႔ တူသည္။ ဒါေပမဲ့ နတ္ဆိုးစြမ္းအင္က သူ႔ဒဏ္ရာေတြကို အလ်င္အျမန္သက္သာေစႏိုင္ေပမယ့္ ဘုရားေက်ာင္းထဲမွာဆိုေတာ့ သူ႔စြမ္အားက သိပ္အလုပ္မလုပ္ေပ။

" ဒီမွာ မေနခ်င္ဘူး။ ကြၽန္ေတာ့္ကို ျမန္ျမန္ေခၚထုတ္သြားေပးပါ။'' Carnia က Louis ကုိ သနားစဖြယ္အၾကည့္ေလးနဲ႔ ေျပာသည္။

" ဘာလို႔လဲ ဘုရားေက်ာင္းထဲမွာ ႐ွိေနတာက မင္းအတြက္ပိုေကာင္းတယ္ မဟုတ္ဘူးလား။'' Louis က သံသယနဲ႔ ေမးသည္။ '' မင္းဘာလို႔ အကိုႀကီးရဲ႕ ႐ိုက္တာကို ခံရတာလဲ။ မင္းအနားမကပ္ေအာင္ အလင္းစြမ္းအင္နဲ႔ ဟန္႔တားလို႔ ရတယ္မဟုတ္ဘူးလား။''

Carnia မ်က္လံုးက ခ်က္ခ်င္းမ်က္ရည္ေတြနဲ႔ ျပည့္လာၿပီး '' သူဘာျဖစ္ေနလဲဆိုတာ ကြၽန္ေတာ္သြားၾကည့္တာ။ သူပံုမွန္အတိုင္း ျဖစ္ေနတာျမင္ေတာ့ မေစာင့္ၾကပ္မိဘူး။ စကား၂ခြန္းလည္း ေျပာၿပီးေတာ့ ကြၽန္ေတာ့္ကို ႐ုတ္တရက္ခုန္အုပ္ၿပီး အဝတ္ေတြ ဆဲြခြၽတ္ေတာ့တာပဲ။ ကြၽန္ေတာ္က ေၾကာက္လန္႔တၾကားနဲ႔ ႐ုန္းကန္ၿပီး အလင္းစြမ္းအင္ မသံုးခင္မွာ သူက ႐ုတ္တရက္ စိတ္ေဖာ္ျပန္သြားၿပီး ကြၽန္ေတာ့္ကို စ႐ိုက္ေတာ့တာပဲ။ ကြၽန္ေတာ္....''

" ငါသိတယ္။ ဘာမွမျဖစ္ေတာ့ဘူး။ ဘာမွမျဖစ္ေတာ့ဘူး။'' Louis က Carnia နဖူးကို နမ္းကာ ႏွစ္သိမ့္ေပးသည္။

" ကြၽန္ေတာ့္ ခႏၶာကိုယ္ကို သူျမင္သြားၿပီ။ သူထိသြားၿပီ။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။'' Carnia မ်က္လံုးထဲကေန မ်က္ရည္ေတြ က်လာျပန္သည္။

" မင္းအမွား မဟုတ္ဘူး။ ငါ့အကိုကသာ တိရစၧာန္ထက္ ဆိုးတဲ့လူ။ နတ္ဆိုးေမွာ္ေၾကာင့္ အသိစိတ္ေပ်ာက္သြားတယ္ ဆိုရင္ေတာင္ ခြင့္လႊတ္စရာေၾကာင္း မ႐ွိဘူး။'' Louis က လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး ေဒါသတႀကီးနဲ႔ ေျပာသည္။ '' မင္းကို တရားမ်ွတေအာင္ လုပ္ေပးမယ္။ ငါသူ႔ကို လံုးဝမလႊတ္ေပးဘူး။''

Carnia က Louis ရဲ႕ ရင္ဘတ္က အဝတ္စကို ဆုပ္ကိုင္ၿပီး '' ကြၽန္ေတာ့္ကို ဒီကေန ျမန္ျမန္ ေခၚသြားပါေတာ့။ ဒီဘုရားေက်ာင္းထဲမွာ မေနခ်င္ေတာ့ဘူး။ ကြၽန္ေတာ့္ကို သူဒီလိုလုပ္တာကို ျပန္ေတြးမိၿပီး ကြၽန္ေတာ္....''

"ငါျမန္ျမန္ ျမင္းလွည္းေခၚၿပီး မင္းကို နန္းေတာ္ကို ျပန္ေခၚသြားေပးမယ္။''

စစ္သရဲႀကီးဆီ ယဇ္ပူေဇာ္ခံရမယ့္ ေန႔မတိုင္ခင္ jing yang က ဘုရင္ဆီသြားေတြ႔သည္။ ဘုရင္က သူ႔ရဲ႕ ေနာက္ဆံုးဆႏၵကိုေမးေတာ့ jing yang က မင္းသားႀကီးကို ေတြ႔ခ်င္တယ္လို႔ေျပာသည္။

ဘုရင္က jing yang အေပၚ ဘာေမ်ွာ္လင့္ခ်က္မွ မထားေတာ့ေပမယ့္ မင္းသားႀကီးကို ဘာလို႔ေတြ႔ခ်င္သလဲဆိုတာ သံသယျဖစ္သည္။ ဒါေပမဲ့ jing yang ဆႏၵကိုေတာ့ ျဖည့္ဆည္းေပးသည္။

Jing yang ရဲ႕ ရည္ရြယ္ခ်က္က ဘုရားေက်ာင္းထဲဝင္ၿပီး Orede ကို ကိုယ္ေပ်ာက္ဝတ္ရံုေပးဖို႔ ျဖစ္သည္။

Orede ကိုယ္ထဲမွာ႐ွိတဲ့ နတ္ဆိုးေသြးနဲ႔ နတ္ဆိုးေမွာ္က လံုးဝသန္႔စင္သြားၿပီ ျဖစ္သည္။ jing yang က သူ႔ရဲ႕ အလင္းစြမ္းအင္သံုးၿပီး Orede ကိုယ္တြင္းမွာ႐ွိတဲ့ ပ်က္စီးသြားတဲ့ အစိတ္အပိုင္းေတြကို ျပန္ကုသေပးၿပီး ျဖစ္သည္။ အခုဆိုရင္ Orede က ဟိုအရင္၅ႏွစ္ကအတိုင္း ျပန္ျဖစ္သြားသည္။

" မနက္ျဖန္ ခင္ဗ်ား ဘုရားေက်ာင္းအျပင္ကို ထြက္လာႏိုင္တာကို ကြၽန္ေတာ္လာၾကည့္ႏိုင္ေတာ့မွာ မဟုတ္ဘူး။ ဒါေၾကာင့္ စစ္သရဲႀကီးခ်ဳပ္ေႏွာင္ထားတဲ့ ေနရာမွာပဲ ေတြ႔ရေအာင္။''

Orede က jing yang ရဲ႕ ႏူးည့ံတဲ့ ပါးေလးကို ပြတ္ၿပီး '' မပူနဲ႔ ကိုယ္ေသခ်ာေပါက္ လာခဲ့မယ္။''

" ကြၽန္ေတာ္ ေၾကာက္လည္းမေၾကာက္သလို စိတ္လည္း မပူပါဘူး။ ခင္ဗ်ားနဲ႔အတူ ဒီကေန အတူေလ်ွာက္ၿပီး မထြက္ရတာကိုပဲ စိတ္မေကာင္းတာ။''

Orede က ျပံဳးၿပီး '' ဘာမွ ေနာင္တရစရာမ႐ွိဘူး။ အနာဂတ္မွာ ကိုယ္တို႔၂ေယာက္က ဘယ္သြားသြား အတူ႐ွိေနမွာ။''

Orede က jing yang ကိုဖက္ၿပီး ေခါင္းငု႔ံကာ ႏႈတ္ခမ္းကို နမ္းလိုက္သည္။ သူတို႔၂ေယာက္ လ်ွာက ရစ္ပတ္ဆက္ႏြယ္ေနသည္။ ဒီအနမ္းက ဘာရမက္မွမပါဘဲ အခ်င္းခ်င္းႏွစ္သိမ့္ေပးတဲ့ အနမ္းျဖစ္သည္။

Jing yang ကို စစ္သရဲႀကီးဆီ ပူေဇာ္မယ့္ေန႔မွာ ဘုရင္က အမတ္ေတြ အားလံုးကို သားရဲႀကီး ခ်ဳပ္ေႏွာင္ထားရာဆီ လာခိုင္းသည္။

Carnia က ဒဏ္ရာေတြ အ႐ွင္းမေပ်ာက္ေသးေပမယ့္လည္း ဒီျမင္ကြင္းကို ဘယ္လက္လြတ္ခံပါ့မလဲ။ နာက်င္မႈကို ခံစားရမယ္ဆိုရင္ေတာင္ Sylvie စစ္သရဲႀကီး စားတာခံရတာကို ကိုယ္တိုင္ ၾကည့္ခ်င္တယ္ေလ။ တစ္ခါတုန္းက ဂုဏ္က်က္သေရ ႐ွိပါတယ္ဆိုတဲ့ Graham မိသားစု ဒီကမာၻေပၚက ေပ်ာက္ကြယ္သြားတာကို ၾကည့္ခ်င္သည္။ ဒါေတြအားလံုးကို သူကိုယ္တိုင္ လုပ္ခဲ့ျခင္းျဖစ္သည္။

Carnia နဲ႔ အမတ္ေတြအားလံုးက စင္ျမင့္ေပၚမွာရပ္ေနၿပီး jing yang က အလယ္မွာ႐ွိေနတဲ့ စစ္သရဲႀကီးဆီ ျဖည္းျဖည္းခ်င္းသြားတာကို ၾကည့္ေနၾကသည္။ Carnia က အဆံုးမဲ့ေပ်ာ္ရႊင္မႈကို ခံစားေနရၿပီး သူ႔ရင္ဘတ္က နာက်င္မႈေတာင္ ေလ်ာ့သြားသလို ခံစားရသည္။

စကားလံုးတစ္စုနဲ႔ ေျပာရမယ္ဆိုရင္ ႐ုပ္ဆိုးတယ္လို႔ ေျပာလို႔ရတဲ့ စစ္သရဲႀကီးဆီ jing yang က ေလ်ွာက္လာသည္။ ၿပီးေတာ့ နတ္ဆိုးသတၱဝါဆီက ပုတ္ေဟာင္တဲ့ အန႔ံေတြ ထြက္ေနသည္။ နတ္ဆိုးဘုရင္က ဒီလိုသတၱဝါကို သံုးၿပီး သူ႔နတ္ဆိုးခန္းမကို ေစာင့္ၾကည့္ခိုင္းတယ္လား နံမွာမေၾကာက္ဘူးလား။

စစ္သရဲႀကီး မ်က္လံုးက အရသာ႐ွိတဲ့အစာကို ေတြ႔လိုက္ရလို႔ အစိမ္းေရာင္အလင္းတန္း ျဖတ္သြားသည္။ သားရဲႀကီးက ဒါသူ အစာစားရေတာ့မယ္လို႔ သိလိုက္သည္။

စစ္သရဲႀကီးက ေ႐ွ႕တိုးလာၿပီး သူရဲ႕ နံေဟာင္ေနတဲ့ ပါးစပ္ႀကီးကို ဟလိုက္သည္။ jing yang ကို ကိုက္ခါနီးေတာ့ ျမားတစ္စင္းက အလင္းတန္းလို သရဲႀကီးရဲ႕ ပါးစပ္ထဲကို ဝင္သြားသည္။

စင္ျမင့္ေပၚမွာ႐ွိေနတဲ့လူေတြက ဘာမွေသေသခ်ာခ်ာ မျမင္ရေသးခင္မွယ သားရဲႀကီးက ေျမျပင္ေပၚ လဲက်သြားၿပီး နာက်င္စြာ ေအာ္ဟစ္ေနသည္။

Jing yang က နားပိတ္ၿပီး ေနာက္ဆုတ္သည္။

ထိုအခ်ိန္မွာ စစ္ျမင္းအနက္ေရာင္ တစ္စီးေရာက္လာသည္။ ျမင္းေပၚက လူကို ဘယ္သူမွမျမင္ၾကေပ။

Orede က jing yang ကို ျမင္းေပၚဆဲြတင္ၿပီး သူကေတာ့ ျမင္းေပၚကေန ခုန္ခ်ကာ ဓားထုတ္ၿပီး သတၱဝါႀကီးကို ခုတ္ပိုင္းေတာ့သည္။ ေသြးနက္ေတြက သားရဲႀကီးကိုယ္ကေန ထြက္လာၿပီး ေဒါသထြက္သြားသည္။ ျပန္ထလာၿပီး သူ႔ရဲ႕ နတ္ဆိုးေမွာ္အစြမ္းနဲ႔ Orede ကို တိုက္ခိုက္သည္။

Jing yang က သူ႔လက္ကို ေျမာက္ၿပီး အလင္းစြမ္းအင္ကို ထုတ္လႊင့္လိုက္သည္။ တိုက္ခိုက္စြမ္းရည္နဲ႔ ေပါင္းလိုက္ရင္ သားရဲႀကီးက Orede ရဲ႕ ၿပိဳင္ဖက္မဟုတ္ေပ။ Orede က စစ္သရဲႀကီးေခါင္းကို ျဖတ္လိုက္ေတာ့ ေခါင္းႀကီး ေျမျပင္ေပၚ လိမ့္သြားၿပီး ေနရာတကာမွာ ေသြးနက္ေတြ ျပန္႔က်ဲသြားသည္။

တစ္စံုတစ္ေယာက္က စစ္သရဲႀကီးကုိ သတ္လိုက္တယ္။ jing yang က အလင္းစြမ္းအင္ကို ထုတ္ျပလိုက္ေတာ့ စင္ေပၚမွာ႐ွိေနတဲ့လူေတြ အလြန္ေ႐ွာ့ခ္ရကုန္သည္။

စစ္သားေတြက ဓားေတြေဝွ့ယမ္းၿပီး jing yang တို႔ကို ဖမ္းဖို႔ အနားကပ္လာသည္။ Orede က သူတို႔ကို လွည့္ၾကည့္သည္။ ေ႐ွ႕ဆံုးက လာတဲ့ စစ္သားက Orede ကိုျမင္ေတာ့ တျခားစစ္သားေတြကို တားလိုက္သည္။ စစ္သားေတြအားလံုး ေက်ာက္႐ုပ္ႀကီးလို ရပ္ေနၾကသည္။

Orede က ျမင္းေပၚခုန္တက္ၿပီး jing yang ေနာက္မွာ ထိုင္လိုက္သည္။ ၿပီးေတာ့ စင္ျမင့္ဆီကို သြားသည္။ jing yang လက္ကို ဆဲြၿပီး စင္ျမင့္ေပၚကို တက္သြားသည္။

အခုထိေ႐ွာ့ခ္ေနတဲ့ အမတ္ေတြကို သူတို႔ကို ေငးၾကည့္ေနၿပီး သတိဝင္မလာေသးေပ။

ဘုရင္ရဲ႕ အိုမင္းေနတဲ့ မ်က္ႏွာက စိတ္လႈပ္႐ွားမႈေတြနဲ႔ ျပည့္ေနၿပီး သူ႔ရဲ႕ တုန္ယင္ေနတဲ့ လက္က Orede ဆီေရာက္လာသည္။

" ခမည္းေတာ္'' Orede က ေ႐ွ႕တိုးၿပီး ဘုရင္ႀကီးရဲ႕ လက္ကို ကိုင္သည္။

" O..Orede'' ဘုရင္ႀကီးရဲ႕ ခႏၶာကိုယ္က အရမ္းအားနည္းေနၿပီး စိတ္လႈပ္႐ွားေနတာေၾကာင့္ စကားေတာင္ ေျဖာင့္ေျဖာင့္ မေျပာႏိုင္ဘဲ Orede လက္ကို တင္းတင္းဆုပ္ကိုင္ထားသည္။

Carnia က သူ႔ေခါင္းကို မိုးႀကိဳးပစ္သလိုခံစားလိုက္ရသည္။ Orede က ဘုရားေက်ာင္းကေန ဒီတိုင္းထြက္လာႏိုင္တာကို မယံုႏိုင္ျဖစ္ေနသည္။ နတ္ဆိုးေသြးသာ သူ႔ခႏၶာကိုယ္ထဲမွာ ႐ွိေနေသးမယ္ဆိုရင္ ဘုရားေက်ာင္းကေန ဒီအတိုင္းထြက္လာဖို႔ မျဖစ္ႏိုင္ဘူး။

Orede ဘုရားေက်ာင္းကေန ထြက္လာႏိုင္တာရယ္၊ စစ္သရဲႀကီးကို သတ္လိုက္ႏိုင္တာရယ္၊ jing yang က အလင္းစြမ္းအင္ထုတ္လႊင့္ႏိုင္ရယ္ကို ၾကည့္ၿပီး Carnia တစ္ေယာက္ ေၾကာင္ေနေတာ့သည္။

ဘုရင္ႀကီးရဲ႕ မ်က္လံုးကေန ေမးခြန္းေတြကို Orede က ျမင္ေနရတာေၾကာင့္ '' ခမည္းေတာ္ ကြၽန္ေတာ္ပံုမွန္ပါပဲ။ ကြၽန္ေတာ့္ ခႏၶာကိုယ္ထဲက နတ္ဆိုးေမွာေတြ အားလံုးကို သန္႔စင္ၿပီးပါၿပီ။ စိတ္ခ်ထားလိုက္ပါေတာ့ ကြၽန္ေတာ္ စိတ္မေဖာက္ျပန္ေတာ့ဘူး။''

" ေကာင္းတယ္။'' ဘုရင္ႀကီးက သူစိတ္ေလ်ာ့လိုက္ေတာ့ တစ္ခါတည္း သတိလစ္သြားသည္။

Orede က အေစခံေတြကို ျမင္းလွည္းအျမန္ ျပင္ခိုင္းၿပီး နန္းေတာ္ကို အျမန္ဆံုးေရာက္ေအာင္ သြားေတာ့သည္။ အမတ္ေတြကေတာ့ အေနာက္ကေန ျမန္ျမန္ နန္းေတာ္ကို လိုက္လာၾကသည္။

Louis က သူ႔လက္ကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး အေနာက္လိုက္ဖို႔ျပင္သည္။ Carnia ေနရာမွာ ေၾကာင္ေနတာျမင္ေတာ့ Louis က Carnia လက္ကို ဆဲြၿပီး ေခၚသြားသည္။

ဘုရင္ႀကီးကို အိပ္ယာေပၚ လွဲလိုက္ၿပီး အဆင့္နိမ့္အမတ္ေတြကေတာ့ အျပင္ကေန ေစာင့္ေနရၿပီး အဆင့္ျမင့္အမတ္ေတြကေတာ့ ကုတင္အေဝးကေန ေစာင့္ၾကည့္ေနၾကသည္။

Jing yang အလင္းစြမ္းအင္ထုတ္လႊင့္ၿပီး ဘုရင္ႀကီး ခႏၶာကိုယ္ေပၚ ဖံုးလႊမ္းလိုက္သည္။ Carnia က ဘုရင္ႀကီးခႏၶာကိုယ္မွာ ထားထားတဲ့ နတ္ဆိုးေမွာ္ေတြကို သန္႔စင္လိုက္ၿပီး ပ်က္စီးေနတဲ့ အစိတ္အပိုင္းေတြကို ကုသေပးသည္။

ဘုရင္က အရင္တုန္းက Carnia ရဲ႕ အလင္းစြမ္းအင္ကုသမႈကို ခံဖူးသည္။ ဘုရင္ႀကီးက Carnia ရဲ႕ အၾကံသမားစိတ္ကို သိေပမယ့္ Carnia က နတ္ဆိုးဘုရင္နဲ႔ အဆက္အသြယ္႐ွိၿပီး အလင္းစြမ္းအင္ဆိုတာကလည္း နတ္ဆိုးစြမးအင္မွန္း မသိေပ။

ဘုရင္ႀကီးက သတိတျဖည္းျဖည္းရလာၿပီး သူ႔အျမင္အာရံုမွာ အလင္းစြမ္းအင္ေတြကို ျမင္ေနရသည္။ အလင္းစြမ္းအင္ထုတ္ေနတဲ့သူက jing yang မွန္းလည္းသိေရာ Sylvie အဖိုးေျပာခဲ့တာကို သတိရသြားသည္။ အံ့ျသဖြယ္ရာ တစ္ခုခုေပၚေပါက္လာရင္ အရာအားလံုး အေကာင္းဘက္ကို ဦးတည္ေနလိမ့္မယ္။ Orede ရဲ႕ ပံုမွန္ျဖစ္ေနတဲ့ အမူအရာကိုလည္း ျမင္ေတာ့ ဘုရင္ႀကီးစိတ္ထဲမွာ သက္ျပင္း႐ွည္ႀကီး ခ်မိသည္။ အ့ံျသဖြယ္ရာကေတာ့ ေပၚလာၿပီ ဘုရားသခင္က သူခ်စ္တဲ့ လူသားေတြကို ပစ္မထားပါဘူး။

Jing yang က အလင္းစြမ္းအင္လႊင့္ၿပီး ကိုမာအေနအထားေရာက္ေနတဲ့ ေသအံ့ဆဲဆဲ ဘုရင္ႀကီးကို အခ်ိန္တိုအတြင္း ႏိုးထႏိုင္ေအာင္ လုပ္ခဲ့တာကို Carnia က ထပ္ၿပီး ျမင္ေတြ႔လိုက္ရသည္။ သူ႔စိတ္ထဲမွာ ခံစားခ်က္မိ်ဳးစံုေျပးေနၿပီး အခုသူဘယ္လို ခံစားေနရမွန္းေတာင္ မသိေတာ့ေပ။

Jing yang က အလင္းစြမ္းအင္ကို ျပန္႐ုတ္သိမ္းလိုက္ၿပီး Orede က ကုတင္ေဘးမွာ ဒူးေထာက္ကာ '' ခမည္းေတာ္ သက္သာရဲ႕လား။''

ဘုရင္ႀကီးက သူသက္သာေၾကာင္း ေခါင္းညိမ့္ၿပီး ေဘးမွာ ႐ွိေနတဲ့ အမတ္ေတြကို လက္ညႇိဳးထိုးျပသည္။

Orede က မတ္တပ္ရပ္ၿပီး '' ခင္ဗ်ားတို႔ေတြ အားလံုးထြက္သြားႏိုင္ၿပီ။''

အခ်ိန္၅ႏွစ္ၾကာၿပီးေနာက္မွာ ဘုရင္ႀကီးရဲ႕ ပံုရိပ္က အမတ္ေတြ ရင္ထဲမ႐ွိေတာ့ေပ။ ဘယ္သူမွ မေနရဲေတာ့ဘဲ ခ်က္ခ်င္းထြက္သြားၾကသည္။ ဘုရင္ႀကီးႏိုးလာၿပီဆိုေတာ့ သူတို႔ေတြ ေစာဒကတက္ၿပီး မေနရဲေပ။ အားလံုးက ဘုရင္ႀကီးအခန္းကေန ျမန္ျမန္ထြက္သြားၾကသည္။

" မင္းတို႔ေရာ ထြက္သြားပါ။'' Orede က အခုထိရပ္ေနေသးတဲ့ Louis နဲ႔ Carnia ကို ေျပာသည္။
Louis က လံုးဝလက္မခံခ်င္ေသးေပ။ Orede မ႐ွိတဲ့ ၅ႏွစ္အတြင္းမွာ သူက ေခါင္းေဆာင္ေနရာမွာ ေရာက္ေနတာျဖစ္သည္။ Orede က ဘာအားထုတ္မႈမွ မလိုဘဲ သူ႔ေနရာကို လာယူရတာလဲ။

Louis က ဘုရင္ႀကီးကို ၾကည့္လိုက္ေတာ့ ဘုရင္ႀကီးက သူ႔ကို အခန္းထဲ႐ွိမေနေစခ်င္တဲ့ပံုေၾကာင့္ Louis က အံႀကိတ္ကာ အခန္းထဲကေန ထြက္သြားသည္။

Carnia က Orede ကို လွည့္ၾကည့္ၿပီး အျမန္ထြက္သြားသည္။

အမတ္ေတြရဲ႕ အၾကည့္ေအာက္မွာ Louis က အခန္းထဲကေနထြက္လာၿပီး ေနရာလြတ္တစ္ခုလည္းေရာက္ေရာ နံရံကို လက္သီးနဲ႔ထိုးကာ ေဒါသေတြ ေဖာက္ခဲြလိုက္သည္။

Louis နဲ႔ Orede က တစ္မေအတည္းကေန ေမြးဖြားလာျခင္းျဖစ္သည္။ Louis က ဒုတိယမိဖုရားကေန ေမြးဖြားလာတာျဖစ္သည္၊၊ ဘုရင္ႀကီးက ပထမမိဖုရားကို ခ်စ္ေနတုန္းျဖစ္ၿပီး Louis ရဲ႕အေမကိုေတာ့ မခ်စ္ေပ။ ဒါေၾကာင့္ Louis ကိုလည္း သိပ္ဂ႐ုမစိုက္ေပ။ အထူးသျဖင့္ ၂ေယာက္ ႀကီးလာေတာ့ သူတို႔၂ေယာက္ ကြာျခားမႈက မေသးေပ။ ဒါေၾကာင့္ ဘုရင္ႀကီးက Louis အေပၚ ဂ႐ုစိုက္မႈ တျဖည္းျဖည္းနည္းလာၿပီး သူ႔သားအႀကီး Orede ကိုသာ အာရံုစိုက္ေတာ့သည္။

Louis က Orede ရဲ႕ အရိပ္ေအာက္မွာသာ ေနရသည္။ Carnia ကို ေတြ႔ၿပီးေနာက္ သူ႔ဘဝအခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္ၿပီလို႔ ထင္ခဲ့ၿပီး အခုၾကေတာ့ ေန႔ခ်င္းညခ်င္း မူလအေျခအေနအတိုင္း ျပန္ေရာက္သြားၿပီ။ သူ႔လက္ထဲမွာ အာဏာဆ္ုိတာကို ကိုင္ထားတာ မဝေသးတုန္း လက္ထဲကေန လုယူခံရတာ ၾကာပြတ္နဲ႔အ႐ိုက္ခံရသလို နာက်င္ရတယ္။

Carnia က Louis ဆီလာၿပီး လက္ကို ကိုင္ထားသည္။ '' မပူပါနဲ႔ ငါမင္းကို ေသခ်ာေပါက္ ကူညီမွာပါ။ မင္းပိုင္ဆိုင္တာေတြကို လုယူသြားခြင့္ေပးမွာ မဟုတ္ဘူး။''

Louis က Carnia ကို ဝမ္းသာအားရဖက္လိုက္သည္။ '' ငါမင္းကို ေတြ႔တာ ကံေကာင္းတယ္။''

Carnia ရဲ႕ စိတ္ထဲမွာေတာ့ jing yang နဲ႔ Orede ကို ဘာလုပ္ရမလဲဆိုတာ ေတြးေနၿပီး နတ္ဆိုးဘုရင္ရဲ႕ အကူအညီနဲ႔ဆိုရင္ စစ္နတ္ဘုရား Orede ဆိုတဲ့ သူက သူ႔ၿပိဳင္ဖက္မဟုတ္ပါဘူး။ အရင္တစ္ခါက က်႐ႈံးေအာင္ လုပ္ႏိုင္ခဲ့တာပဲ။ ဒီတစ္ခါၾကေတာ့ ေခါင္းမထူႏိုင္ေအာင္ လုပ္ပစ္မယ္။

Orede က ဘုရင္ႀကီးကို ခုတင္ေပၚမွာ ထိုင္ႏိုင္ေအာင္ လုပ္ေပးသည္။

" Orede '' ဘုရင္ႀကီးက ေခၚသည္။

" ဟုတ္ ခမည္းေတာ္။''

" မင္းထဲမွာ႐ွိတဲ့ နတ္ဆိုးေမွာ္ တကယ္ေပ်ာက္သြားၿပီလား။'' ဘုရင္ႀကီးက ေသခ်ာေအာင္ ျပန္ေမးသည္။

Orede က သူ႔ေဘးနားမွာရပ္ေနတဲ့ jing yang ကို ၾကည့္ၿပီး '' Sylvie ရဲ႕ အလင္းစြမ္းအင္က သူ႔အဖိုးထက္ ပိုစြမ္းအားႀကီးပါတယ္။ ၿမိဳ႕ေတာ္ကို ျပန္လာၿပီးေနာက္မွာ ကြၽန္ေတာ့္ခႏၶာကို္ယ္ထဲမွာ႐ွိတဲ့ နတ္ဆိုးေမွာ္ေတြ သန္႔စင္ေပးေနခဲ့တာပါ။ အခု နတ္ဆိုးေမွာ္ေကာ နတ္ဆိုေသြးေကာ မ႐ွိေတာ့ဘူး။ ''

" ေကာင္းတယ္ ေကာင္းတယ္။'' ဘုရင္ႀကီးက စိတ္ထဲသက္သာသြားၿပီး ဆံုးျဖတ္တစ္ခု ျပဳလုပ္လိုက္သည္။

Orede က နတ္ဆိုးဘုရင္ေၾကာင့္ ဒဏ္ရာရၿပီးေနာက္ပိုင္း ဘုရင္ႀကီးက တျဖည္းျဖည္းအိုမင္းလာၿပီး နာမက်န္းျဖစ္လာသည္။ သူ သားတစ္ေယာက္ကို မဆံုး႐ႈံးခ်င္သလို သူဂ႐ုတစိုက္ပ်ိဳးေထာင္လာတဲ့ ဆက္ခံသူကိုလည္း မဆံုး႐ႈံးခ်င္ေပ။ Orede တစ္ေယာက္တည္းကသာ ထီးနန္းေမြကို ဆက္ခံႏိုင္ၿပီး အင္ပါယာနဲ႔ ျပည္သူေတြကို အင္အားႀကီးေအာင္ လုပ္ႏိုင္မွာ ျဖစ္သည္။

Orede က်႐ႈံးသြားၿပီး Sylvie ရဲ႕ အဖိုး႐ုတ္တရက္ေသဆံုးသြားမႈေၾကာင့္ သူ႔မွာ ေခ်ာက္ကမ္းပါးစြန္းနားရပ္ေနရသလို ခံစားရသည္။ ေရြးခ်ယ္စရာမ႐ွိတာေၾကာင့္ Louis ကို သူ႔တာဝန္ေတြကို လဲႊလိုက္ရသည္။ Louis နဲ႔ Carnia က နတ္ဆိုးဘုရင္နဲ႔ တစ္ခုခုဆက္ႏြယ္ေနရမယ္လို႔ သံသယ႐ွိေပမယ့္လည္း သက္ေသမ႐ွိေပ။ ဒါေၾကာင့္မတတ္ႏိုင္ဘဲ အင္ပါယာတည္ၿငိမ္ဖို႔အတြက္ Louis ကို Orede ေနရာအစားထိုးၿပီး Carnia ကို Sylvie အဖိုးေနရာမွာ အစားထိုးခဲ့သည္။

အခုေတာ့ သူေစာင့္ရက်ိဳးနပ္ၿပီ။ သူေသရင္ေတာင္ စိတ္ခ်လက္ခ်ေသလို႔ရၿပီ။ အခုေတာ့မဟုတ္ေသးဘူး အင္ပါယာအတြက္ ျပည္သူေတြအတြက္ Orede ျပန္တိုက္ခိုက္ႏိုင္ဖို႔ အခ်ိန္အနည္းငယ္အတြက္ သူနည္းနည္းေတာ့ ေတာင့္ခံထားရမယ္။





Carnia နိုးလာတော့ သူ့မျက်လုံးထဲမှာ ကြောက်ရံွ့မှုတွေ ရှိနေသေးပြီး Orede ကြောင့် သူသေသွားပြီလို့ ထင်နေတာဖြစ်သည်။ သူ့ရဲ့ တောက်ပတဲ့ နေ့ရက်တွေက အခုမှစတာ သူ့ဘဝထိပ်ဆုံးကို မရောက်သေးခင်မှာ ဒီလိုသေသွားလို့မဖြစ်ဘူး။

" Carnia မကြောက်ပါနဲ့။ ဘာမှမဖြစ်တော့ဘူး သိလား။'' Louis က Carnia ရဲ့ ကြောက်လန့်နေတဲ့ ပုံကို မြင်တော့ လက်ကို ကိုင်ကာ နှစ်သိမ့်ပေးသည်။

" Louis'' Carnia က ထထိုင်မလို့လုပ်တော့ သူ့ရင်ဘတ်က စူးကနဲနာတာကြောင့် မျက်နှာတွန့်သွားသည်။

" မထနဲ့။'' Louis က Carnia ကို ပြန်လှဲကာ ပြောသည်။ '' မင်းဒဏ်ရာတွေ အများကြီးရထားတာ။ တော်သေးတာပေါ့ မင်းမှာ သန်မာတဲ့ အလင်းစွမ်းအင်ရှိလို့ ဒဏ်ရာတွေကို ပြန်ကုလို့ရနိုင်တယ်။''

Carnia ရဲ့ အလင်းစွမ်းအင်ဆိုတဲ့ဟာက တကယ်အလင်းစွမ်းအင် မဟုတ်ပေ။ Carnia က နတ်ဆိုးဘုရင်နဲ့ သဘောတူထားတာကြောင့် သူ့မှာရှိနေတဲ့ ပါဝါက နတ်ဆိုးဘုရင်ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်း ဖြစ်သည်။ နတ်ဆိုးဘုရင်ရဲ့ ပုံဖျက်ခြင်းအစွမ်းက ထုတ်လွှင့်လိုက်ရင် အလင်းစွမ်းအင်နဲ့ တူသည်။ ဒါပေမဲ့ နတ်ဆိုးစွမ်းအင်က သူ့ဒဏ်ရာတွေကို အလျင်အမြန်သက်သာစေနိုင်ပေမယ့် ဘုရားကျောင်းထဲမှာဆိုတော့ သူ့စွမ်အားက သိပ်အလုပ်မလုပ်ပေ။

" ဒီမှာ မနေချင်ဘူး။ ကျွန်တော့်ကို မြန်မြန်ခေါ်ထုတ်သွားပေးပါ။'' Carnia က Louis ကို သနားစဖွယ်အကြည့်လေးနဲ့ ပြောသည်။

" ဘာလို့လဲ ဘုရားကျောင်းထဲမှာ ရှိနေတာက မင်းအတွက်ပိုကောင်းတယ် မဟုတ်ဘူးလား။'' Louis က သံသယနဲ့ မေးသည်။ '' မင်းဘာလို့ အကိုကြီးရဲ့ ရိုက်တာကို ခံရတာလဲ။ မင်းအနားမကပ်အောင် အလင်းစွမ်းအင်နဲ့ ဟန့်တားလို့ ရတယ်မဟုတ်ဘူးလား။''

Carnia မျက်လုံးက ချက်ချင်းမျက်ရည်တွေနဲ့ ပြည့်လာပြီး '' သူဘာဖြစ်နေလဲဆိုတာ ကျွန်တော်သွားကြည့်တာ။ သူပုံမှန်အတိုင်း ဖြစ်နေတာမြင်တော့ မစောင့်ကြပ်မိဘူး။ စကား၂ခွန်းလည်း ပြောပြီးတော့ ကျွန်တော့်ကို ရုတ်တရက်ခုန်အုပ်ပြီး အဝတ်တွေ ဆွဲချွတ်တော့တာပဲ။ ကျွန်တော်က ကြောက်လန့်တကြားနဲ့ ရုန်းကန်ပြီး အလင်းစွမ်းအင် မသုံးခင်မှာ သူက ရုတ်တရက် စိတ်ဖော်ပြန်သွားပြီး ကျွန်တော့်ကို စရိုက်တော့တာပဲ။ ကျွန်တော်....''

" ငါသိတယ်။ ဘာမှမဖြစ်တော့ဘူး။ ဘာမှမဖြစ်တော့ဘူး။'' Louis က Carnia နဖူးကို နမ်းကာ နှစ်သိမ့်ပေးသည်။

" ကျွန်တော့် ခန္ဓာကိုယ်ကို သူမြင်သွားပြီ။ သူထိသွားပြီ။ ကျွန်တော် တောင်းပန်ပါတယ်။'' Carnia မျက်လုံးထဲကနေ မျက်ရည်တွေ ကျလာပြန်သည်။

" မင်းအမှား မဟုတ်ဘူး။ ငါ့အကိုကသာ တိရစၧာန်ထက် ဆိုးတဲ့လူ။ နတ်ဆိုးမှော်ကြောင့် အသိစိတ်ပျောက်သွားတယ် ဆိုရင်တောင် ခွင့်လွှတ်စရာကြောင်း မရှိဘူး။'' Louis က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဒေါသတကြီးနဲ့ ပြောသည်။ '' မင်းကို တရားမျှတအောင် လုပ်ပေးမယ်။ ငါသူ့ကို လုံးဝမလွှတ်ပေးဘူး။''

Carnia က Louis ရဲ့ ရင်ဘတ်က အဝတ်စကို ဆုပ်ကိုင်ပြီး '' ကျွန်တော့်ကို ဒီကနေ မြန်မြန် ခေါ်သွားပါတော့။ ဒီဘုရားကျောင်းထဲမှာ မနေချင်တော့ဘူး။ ကျွန်တော့်ကို သူဒီလိုလုပ်တာကို ပြန်တွေးမိပြီး ကျွန်တော်....''

"ငါမြန်မြန် မြင်းလှည်းခေါ်ပြီး မင်းကို နန်းတော်ကို ပြန်ခေါ်သွားပေးမယ်။''

စစ်သရဲကြီးဆီ ယဇ်ပူဇော်ခံရမယ့် နေ့မတိုင်ခင် jing yang က ဘုရင်ဆီသွားတွေ့သည်။ ဘုရင်က သူ့ရဲ့ နောက်ဆုံးဆန္ဒကိုမေးတော့ jing yang က မင်းသားကြီးကို တွေ့ချင်တယ်လို့ပြောသည်။

ဘုရင်က jing yang အပေါ် ဘာမျှော်လင့်ချက်မှ မထားတော့ပေမယ့် မင်းသားကြီးကို ဘာလို့တွေ့ချင်သလဲဆိုတာ သံသယဖြစ်သည်။ ဒါပေမဲ့ jing yang ဆန္ဒကိုတော့ ဖြည့်ဆည်းပေးသည်။

Jing yang ရဲ့ ရည်ရွယ်ချက်က ဘုရားကျောင်းထဲဝင်ပြီး Orede ကို ကိုယ်ပျောက်ဝတ်ရုံပေးဖို့ ဖြစ်သည်။

Orede ကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးသွေးနဲ့ နတ်ဆိုးမှော်က လုံးဝသန့်စင်သွားပြီ ဖြစ်သည်။ jing yang က သူ့ရဲ့ အလင်းစွမ်းအင်သုံးပြီး Orede ကိုယ်တွင်းမှာရှိတဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ပြန်ကုသပေးပြီး ဖြစ်သည်။ အခုဆိုရင် Orede က ဟိုအရင်၅နှစ်ကအတိုင်း ပြန်ဖြစ်သွားသည်။

" မနက်ဖြန် ခင်ဗျား ဘုရားကျောင်းအပြင်ကို ထွက်လာနိုင်တာကို ကျွန်တော်လာကြည့်နိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် စစ်သရဲကြီးချုပ်နှောင်ထားတဲ့ နေရာမှာပဲ တွေ့ရအောင်။''

Orede က jing yang ရဲ့ နူးည့ံတဲ့ ပါးလေးကို ပွတ်ပြီး '' မပူနဲ့ ကိုယ်သေချာပေါက် လာခဲ့မယ်။''

" ကျွန်တော် ကြောက်လည်းမကြောက်သလို စိတ်လည်း မပူပါဘူး။ ခင်ဗျားနဲ့အတူ ဒီကနေ အတူလျှောက်ပြီး မထွက်ရတာကိုပဲ စိတ်မကောင်းတာ။''

Orede က ပြုံးပြီး '' ဘာမှ နောင်တရစရာမရှိဘူး။ အနာဂတ်မှာ ကိုယ်တို့၂ယောက်က ဘယ်သွားသွား အတူရှိနေမှာ။''

Orede က jing yang ကိုဖက်ပြီး ခေါင်းငု့ံကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ သူတို့၂ယောက် လျှာက ရစ်ပတ်ဆက်နွယ်နေသည်။ ဒီအနမ်းက ဘာရမက်မှမပါဘဲ အချင်းချင်းနှစ်သိမ့်ပေးတဲ့ အနမ်းဖြစ်သည်။

Jing yang ကို စစ်သရဲကြီးဆီ ပူဇော်မယ့်နေ့မှာ ဘုရင်က အမတ်တွေ အားလုံးကို သားရဲကြီး ချုပ်နှောင်ထားရာဆီ လာခိုင်းသည်။

Carnia က ဒဏ်ရာတွေ အရှင်းမပျောက်သေးပေမယ့်လည်း ဒီမြင်ကွင်းကို ဘယ်လက်လွတ်ခံပါ့မလဲ။ နာကျင်မှုကို ခံစားရမယ်ဆိုရင်တောင် Sylvie စစ်သရဲကြီး စားတာခံရတာကို ကိုယ်တိုင် ကြည့်ချင်တယ်လေ။ တစ်ခါတုန်းက ဂုဏ်ကျက်သရေ ရှိပါတယ်ဆိုတဲ့ Graham မိသားစု ဒီကမ္ဘာပေါ်က ပျောက်ကွယ်သွားတာကို ကြည့်ချင်သည်။ ဒါတွေအားလုံးကို သူကိုယ်တိုင် လုပ်ခဲ့ခြင်းဖြစ်သည်။

Carnia နဲ့ အမတ်တွေအားလုံးက စင်မြင့်ပေါ်မှာရပ်နေပြီး jing yang က အလယ်မှာရှိနေတဲ့ စစ်သရဲကြီးဆီ ဖြည်းဖြည်းချင်းသွားတာကို ကြည့်နေကြသည်။ Carnia က အဆုံးမဲ့ပျော်ရွှင်မှုကို ခံစားနေရပြီး သူ့ရင်ဘတ်က နာကျင်မှုတောင် လျော့သွားသလို ခံစားရသည်။

စကားလုံးတစ်စုနဲ့ ပြောရမယ်ဆိုရင် ရုပ်ဆိုးတယ်လို့ ပြောလို့ရတဲ့ စစ်သရဲကြီးဆီ jing yang က လျှောက်လာသည်။ ပြီးတော့ နတ်ဆိုးသတ္တဝါဆီက ပုတ်ဟောင်တဲ့ အန့ံတွေ ထွက်နေသည်။ နတ်ဆိုးဘုရင်က ဒီလိုသတ္တဝါကို သုံးပြီး သူ့နတ်ဆိုးခန်းမကို စောင့်ကြည့်ခိုင်းတယ်လား နံမှာမကြောက်ဘူးလား။

စစ်သရဲကြီး မျက်လုံးက အရသာရှိတဲ့အစာကို တွေ့လိုက်ရလို့ အစိမ်းရောင်အလင်းတန်း ဖြတ်သွားသည်။ သားရဲကြီးက ဒါသူ အစာစားရတော့မယ်လို့ သိလိုက်သည်။

စစ်သရဲကြီးက ရှေ့တိုးလာပြီး သူရဲ့ နံဟောင်နေတဲ့ ပါးစပ်ကြီးကို ဟလိုက်သည်။ jing yang ကို ကိုက်ခါနီးတော့ မြားတစ်စင်းက အလင်းတန်းလို သရဲကြီးရဲ့ ပါးစပ်ထဲကို ဝင်သွားသည်။

စင်မြင့်ပေါ်မှာရှိနေတဲ့လူတွေက ဘာမှသေသေချာချာ မမြင်ရသေးခင်မှယ သားရဲကြီးက မြေပြင်ပေါ် လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေသည်။

Jing yang က နားပိတ်ပြီး နောက်ဆုတ်သည်။

ထိုအချိန်မှာ စစ်မြင်းအနက်ရောင် တစ်စီးရောက်လာသည်။ မြင်းပေါ်က လူကို ဘယ်သူမှမမြင်ကြပေ။

Orede က jing yang ကို မြင်းပေါ်ဆွဲတင်ပြီး သူကတော့ မြင်းပေါ်ကနေ ခုန်ချကာ ဓားထုတ်ပြီး သတ္တဝါကြီးကို ခုတ်ပိုင်းတော့သည်။ သွေးနက်တွေက သားရဲကြီးကိုယ်ကနေ ထွက်လာပြီး ဒေါသထွက်သွားသည်။ ပြန်ထလာပြီး သူ့ရဲ့ နတ်ဆိုးမှော်အစွမ်းနဲ့ Orede ကို တိုက်ခိုက်သည်။

Jing yang က သူ့လက်ကို မြောက်ပြီး အလင်းစွမ်းအင်ကို ထုတ်လွှင့်လိုက်သည်။ တိုက်ခိုက်စွမ်းရည်နဲ့ ပေါင်းလိုက်ရင် သားရဲကြီးက Orede ရဲ့ ပြိုင်ဖက်မဟုတ်ပေ။ Orede က စစ်သရဲကြီးခေါင်းကို ဖြတ်လိုက်တော့ ခေါင်းကြီး မြေပြင်ပေါ် လိမ့်သွားပြီး နေရာတကာမှာ သွေးနက်တွေ ပြန့်ကျဲသွားသည်။

တစ်စုံတစ်ယောက်က စစ်သရဲကြီးကို သတ်လိုက်တယ်။ jing yang က အလင်းစွမ်းအင်ကို ထုတ်ပြလိုက်တော့ စင်ပေါ်မှာရှိနေတဲ့လူတွေ အလွန်ရှော့ခ်ရကုန်သည်။

စစ်သားတွေက ဓားတွေဝှေ့ယမ်းပြီး jing yang တို့ကို ဖမ်းဖို့ အနားကပ်လာသည်။ Orede က သူတို့ကို လှည့်ကြည့်သည်။ ရှေ့ဆုံးက လာတဲ့ စစ်သားက Orede ကိုမြင်တော့ တခြားစစ်သားတွေကို တားလိုက်သည်။ စစ်သားတွေအားလုံး ကျောက်ရုပ်ကြီးလို ရပ်နေကြသည်။

Orede က မြင်းပေါ်ခုန်တက်ပြီး jing yang နောက်မှာ ထိုင်လိုက်သည်။ ပြီးတော့ စင်မြင့်ဆီကို သွားသည်။ jing yang လက်ကို ဆွဲပြီး စင်မြင့်ပေါ်ကို တက်သွားသည်။

အခုထိရှော့ခ်နေတဲ့ အမတ်တွေကို သူတို့ကို ငေးကြည့်နေပြီး သတိဝင်မလာသေးပေ။

ဘုရင်ရဲ့ အိုမင်းနေတဲ့ မျက်နှာက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေပြီး သူ့ရဲ့ တုန်ယင်နေတဲ့ လက်က Orede ဆီရောက်လာသည်။

" ခမည်းတော်'' Orede က ရှေ့တိုးပြီး ဘုရင်ကြီးရဲ့ လက်ကို ကိုင်သည်။

" O..Orede'' ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီး စိတ်လှုပ်ရှားနေတာကြောင့် စကားတောင် ဖြောင့်ဖြောင့် မပြောနိုင်ဘဲ Orede လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

Carnia က သူ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားလိုက်ရသည်။ Orede က ဘုရားကျောင်းကနေ ဒီတိုင်းထွက်လာနိုင်တာကို မယုံနိုင်ဖြစ်နေသည်။ နတ်ဆိုးသွေးသာ သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေသေးမယ်ဆိုရင် ဘုရားကျောင်းကနေ ဒီအတိုင်းထွက်လာဖို့ မဖြစ်နိုင်ဘူး။

Orede ဘုရားကျောင်းကနေ ထွက်လာနိုင်တာရယ်၊ စစ်သရဲကြီးကို သတ်လိုက်နိုင်တာရယ်၊ jing yang က အလင်းစွမ်းအင်ထုတ်လွှင့်နိုင်ရယ်ကို ကြည့်ပြီး Carnia တစ်ယောက် ကြောင်နေတော့သည်။

ဘုရင်ကြီးရဲ့ မျက်လုံးကနေ မေးခွန်းတွေကို Orede က မြင်နေရတာကြောင့် '' ခမည်းတော် ကျွန်တော်ပုံမှန်ပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်ထဲက နတ်ဆိုးမှောတွေ အားလုံးကို သန့်စင်ပြီးပါပြီ။ စိတ်ချထားလိုက်ပါတော့ ကျွန်တော် စိတ်မဖောက်ပြန်တော့ဘူး။''

" ကောင်းတယ်။'' ဘုရင်ကြီးက သူစိတ်လျော့လိုက်တော့ တစ်ခါတည်း သတိလစ်သွားသည်။

Orede က အစေခံတွေကို မြင်းလှည်းအမြန် ပြင်ခိုင်းပြီး နန်းတော်ကို အမြန်ဆုံးရောက်အောင် သွားတော့သည်။ အမတ်တွေကတော့ အနောက်ကနေ မြန်မြန် နန်းတော်ကို လိုက်လာကြသည်။

Louis က သူ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အနောက်လိုက်ဖို့ပြင်သည်။ Carnia နေရာမှာ ကြောင်နေတာမြင်တော့ Louis က Carnia လက်ကို ဆွဲပြီး ခေါ်သွားသည်။

ဘုရင်ကြီးကို အိပ်ယာပေါ် လှဲလိုက်ပြီး အဆင့်နိမ့်အမတ်တွေကတော့ အပြင်ကနေ စောင့်နေရပြီး အဆင့်မြင့်အမတ်တွေကတော့ ကုတင်အဝေးကနေ စောင့်ကြည့်နေကြသည်။

Jing yang အလင်းစွမ်းအင်ထုတ်လွှင့်ပြီး ဘုရင်ကြီး ခန္ဓာကိုယ်ပေါ် ဖုံးလွှမ်းလိုက်သည်။ Carnia က ဘုရင်ကြီးခန္ဓာကိုယ်မှာ ထားထားတဲ့ နတ်ဆိုးမှော်တွေကို သန့်စင်လိုက်ပြီး ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ကုသပေးသည်။

ဘုရင်က အရင်တုန်းက Carnia ရဲ့ အလင်းစွမ်းအင်ကုသမှုကို ခံဖူးသည်။ ဘုရင်ကြီးက Carnia ရဲ့ အကြံသမားစိတ်ကို သိပေမယ့် Carnia က နတ်ဆိုးဘုရင်နဲ့ အဆက်အသွယ်ရှိပြီး အလင်းစွမ်းအင်ဆိုတာကလည်း နတ်ဆိုးစွမးအင်မှန်း မသိပေ။

ဘုရင်ကြီးက သတိတဖြည်းဖြည်းရလာပြီး သူ့အမြင်အာရုံမှာ အလင်းစွမ်းအင်တွေကို မြင်နေရသည်။ အလင်းစွမ်းအင်ထုတ်နေတဲ့သူက jing yang မှန်းလည်းသိရော Sylvie အဖိုးပြောခဲ့တာကို သတိရသွားသည်။ အံ့သြဖွယ်ရာ တစ်ခုခုပေါ်ပေါက်လာရင် အရာအားလုံး အကောင်းဘက်ကို ဦးတည်နေလိမ့်မယ်။ Orede ရဲ့ ပုံမှန်ဖြစ်နေတဲ့ အမူအရာကိုလည်း မြင်တော့ ဘုရင်ကြီးစိတ်ထဲမှာ သက်ပြင်းရှည်ကြီး ချမိသည်။ အ့ံသြဖွယ်ရာကတော့ ပေါ်လာပြီ ဘုရားသခင်က သူချစ်တဲ့ လူသားတွေကို ပစ်မထားပါဘူး။

Jing yang က အလင်းစွမ်းအင်လွှင့်ပြီး ကိုမာအနေအထားရောက်နေတဲ့ သေအံ့ဆဲဆဲ ဘုရင်ကြီးကို အချိန်တိုအတွင်း နိုးထနိုင်အောင် လုပ်ခဲ့တာကို Carnia က ထပ်ပြီး မြင်တွေ့လိုက်ရသည်။ သူ့စိတ်ထဲမှာ ခံစားချက်မိျုးစုံပြေးနေပြီး အခုသူဘယ်လို ခံစားနေရမှန်းတောင် မသိတော့ပေ။

Jing yang က အလင်းစွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး Orede က ကုတင်ဘေးမှာ ဒူးထောက်ကာ '' ခမည်းတော် သက်သာရဲ့လား။''

ဘုရင်ကြီးက သူသက်သာကြောင်း ခေါင်းညိမ့်ပြီး ဘေးမှာ ရှိနေတဲ့ အမတ်တွေကို လက်ညှိုးထိုးပြသည်။

Orede က မတ်တပ်ရပ်ပြီး '' ခင်ဗျားတို့တွေ အားလုံးထွက်သွားနိုင်ပြီ။''

အချိန်၅နှစ်ကြာပြီးနောက်မှာ ဘုရင်ကြီးရဲ့ ပုံရိပ်က အမတ်တွေ ရင်ထဲမရှိတော့ပေ။ ဘယ်သူမှ မနေရဲတော့ဘဲ ချက်ချင်းထွက်သွားကြသည်။ ဘုရင်ကြီးနိုးလာပြီဆိုတော့ သူတို့တွေ စောဒကတက်ပြီး မနေရဲပေ။ အားလုံးက ဘုရင်ကြီးအခန်းကနေ မြန်မြန်ထွက်သွားကြသည်။

" မင်းတို့ရော ထွက်သွားပါ။'' Orede က အခုထိရပ်နေသေးတဲ့ Louis နဲ့ Carnia ကို ပြောသည်။
Louis က လုံးဝလက်မခံချင်သေးပေ။ Orede မရှိတဲ့ ၅နှစ်အတွင်းမှာ သူက ခေါင်းဆောင်နေရာမှာ ရောက်နေတာဖြစ်သည်။ Orede က ဘာအားထုတ်မှုမှ မလိုဘဲ သူ့နေရာကို လာယူရတာလဲ။

Louis က ဘုရင်ကြီးကို ကြည့်လိုက်တော့ ဘုရင်ကြီးက သူ့ကို အခန်းထဲရှိမနေစေချင်တဲ့ပုံကြောင့် Louis က အံကြိတ်ကာ အခန်းထဲကနေ ထွက်သွားသည်။

Carnia က Orede ကို လှည့်ကြည့်ပြီး အမြန်ထွက်သွားသည်။

အမတ်တွေရဲ့ အကြည့်အောက်မှာ Louis က အခန်းထဲကနေထွက်လာပြီး နေရာလွတ်တစ်ခုလည်းရောက်ရော နံရံကို လက်သီးနဲ့ထိုးကာ ဒေါသတွေ ဖောက်ခွဲလိုက်သည်။

Louis နဲ့ Orede က တစ်မအေတည်းကနေ မွေးဖွားလာခြင်းဖြစ်သည်။ Louis က ဒုတိယမိဖုရားကနေ မွေးဖွားလာတာဖြစ်သည်၊၊ ဘုရင်ကြီးက ပထမမိဖုရားကို ချစ်နေတုန်းဖြစ်ပြီး Louis ရဲ့အမေကိုတော့ မချစ်ပေ။ ဒါကြောင့် Louis ကိုလည်း သိပ်ဂရုမစိုက်ပေ။ အထူးသဖြင့် ၂ယောက် ကြီးလာတော့ သူတို့၂ယောက် ကွာခြားမှုက မသေးပေ။ ဒါကြောင့် ဘုရင်ကြီးက Louis အပေါ် ဂရုစိုက်မှု တဖြည်းဖြည်းနည်းလာပြီး သူ့သားအကြီး Orede ကိုသာ အာရုံစိုက်တော့သည်။

Louis က Orede ရဲ့ အရိပ်အောက်မှာသာ နေရသည်။ Carnia ကို တွေ့ပြီးနောက် သူ့ဘဝအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီလို့ ထင်ခဲ့ပြီး အခုကြတော့ နေ့ချင်းညချင်း မူလအခြေအနေအတိုင်း ပြန်ရောက်သွားပြီ။ သူ့လက်ထဲမှာ အာဏာဆ်ိုတာကို ကိုင်ထားတာ မဝသေးတုန်း လက်ထဲကနေ လုယူခံရတာ ကြာပွတ်နဲ့အရိုက်ခံရသလို နာကျင်ရတယ်။

Carnia က Louis ဆီလာပြီး လက်ကို ကိုင်ထားသည်။ '' မပူပါနဲ့ ငါမင်းကို သေချာပေါက် ကူညီမှာပါ။ မင်းပိုင်ဆိုင်တာတွေကို လုယူသွားခွင့်ပေးမှာ မဟုတ်ဘူး။''

Louis က Carnia ကို ဝမ်းသာအားရဖက်လိုက်သည်။ '' ငါမင်းကို တွေ့တာ ကံကောင်းတယ်။''

Carnia ရဲ့ စိတ်ထဲမှာတော့ jing yang နဲ့ Orede ကို ဘာလုပ်ရမလဲဆိုတာ တွေးနေပြီး နတ်ဆိုးဘုရင်ရဲ့ အကူအညီနဲ့ဆိုရင် စစ်နတ်ဘုရား Orede ဆိုတဲ့ သူက သူ့ပြိုင်ဖက်မဟုတ်ပါဘူး။ အရင်တစ်ခါက ကျရှုံးအောင် လုပ်နိုင်ခဲ့တာပဲ။ ဒီတစ်ခါကြတော့ ခေါင်းမထူနိုင်အောင် လုပ်ပစ်မယ်။

Orede က ဘုရင်ကြီးကို ခုတင်ပေါ်မှာ ထိုင်နိုင်အောင် လုပ်ပေးသည်။

" Orede '' ဘုရင်ကြီးက ခေါ်သည်။

" ဟုတ် ခမည်းတော်။''

" မင်းထဲမှာရှိတဲ့ နတ်ဆိုးမှော် တကယ်ပျောက်သွားပြီလား။'' ဘုရင်ကြီးက သေချာအောင် ပြန်မေးသည်။

Orede က သူ့ဘေးနားမှာရပ်နေတဲ့ jing yang ကို ကြည့်ပြီး '' Sylvie ရဲ့ အလင်းစွမ်းအင်က သူ့အဖိုးထက် ပိုစွမ်းအားကြီးပါတယ်။ မြို့တော်ကို ပြန်လာပြီးနောက်မှာ ကျွန်တော့်ခန္ဓာကို်ယ်ထဲမှာရှိတဲ့ နတ်ဆိုးမှော်တွေ သန့်စင်ပေးနေခဲ့တာပါ။ အခု နတ်ဆိုးမှော်ကော နတ်ဆိုသွေးကော မရှိတော့ဘူး။ ''

" ကောင်းတယ် ကောင်းတယ်။'' ဘုရင်ကြီးက စိတ်ထဲသက်သာသွားပြီး ဆုံးဖြတ်တစ်ခု ပြုလုပ်လိုက်သည်။

Orede က နတ်ဆိုးဘုရင်ကြောင့် ဒဏ်ရာရပြီးနောက်ပိုင်း ဘုရင်ကြီးက တဖြည်းဖြည်းအိုမင်းလာပြီး နာမကျန်းဖြစ်လာသည်။ သူ သားတစ်ယောက်ကို မဆုံးရှုံးချင်သလို သူဂရုတစိုက်ပျိုးထောင်လာတဲ့ ဆက်ခံသူကိုလည်း မဆုံးရှုံးချင်ပေ။ Orede တစ်ယောက်တည်းကသာ ထီးနန်းမွေကို ဆက်ခံနိုင်ပြီး အင်ပါယာနဲ့ ပြည်သူတွေကို အင်အားကြီးအောင် လုပ်နိုင်မှာ ဖြစ်သည်။

Orede ကျရှုံးသွားပြီး Sylvie ရဲ့ အဖိုးရုတ်တရက်သေဆုံးသွားမှုကြောင့် သူ့မှာ ချောက်ကမ်းပါးစွန်းနားရပ်နေရသလို ခံစားရသည်။ ရွေးချယ်စရာမရှိတာကြောင့် Louis ကို သူ့တာဝန်တွေကို လွဲှလိုက်ရသည်။ Louis နဲ့ Carnia က နတ်ဆိုးဘုရင်နဲ့ တစ်ခုခုဆက်နွယ်နေရမယ်လို့ သံသယရှိပေမယ့်လည်း သက်သေမရှိပေ။ ဒါကြောင့်မတတ်နိုင်ဘဲ အင်ပါယာတည်ငြိမ်ဖို့အတွက် Louis ကို Orede နေရာအစားထိုးပြီး Carnia ကို Sylvie အဖိုးနေရာမှာ အစားထိုးခဲ့သည်။

အခုတော့ သူစောင့်ရကျိုးနပ်ပြီ။ သူသေရင်တောင် စိတ်ချလက်ချသေလို့ရပြီ။ အခုတော့မဟုတ်သေးဘူး အင်ပါယာအတွက် ပြည်သူတွေအတွက် Orede ပြန်တိုက်ခိုက်နိုင်ဖို့ အချိန်အနည်းငယ်အတွက် သူနည်းနည်းတော့ တောင့်ခံထားရမယ်။

Continue Reading

You'll Also Like

370K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
408K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
746K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
2M 161K 36
No descriptions here