Before I Let You Go

Galing kay VowelMino

730K 72.7K 8.7K

ခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about h... Higit pa

. 1 .
. 2 .
. 3 .
. 4 .
. 5 .
. 6 .
. 7 .
. 8 .
. 9 .
. 10 .
. 11 .
. 12 .
. 13 .
. 15 .
. 16 .
. 17 .
. 18 .
. 19 .
. 20 .
. 21 .
. 22 .
. 23 .
. 24 .
. 25 .
. 26 .
. 27.
. 28 .
. 29 .
. Final . (Z)
. Final . (U)
About BILYG/BILUG
Hello Again
Extra Z
Extra U

. 14 .

17.7K 2.1K 146
Galing kay VowelMino

[ Zawgyi ]

" မ်က္ႏွာက စူပုတ္မေနနဲ႔ေလ ငါ အဲဒါေတြပါလိုက္ေျပာေနရမွာလား "

" ေကာေၾကာင့္ေရာက္လာတာေနာ္ ကၽြန္ေတာ့္ကို လာမမဲနဲ႔ "

အခု ရိေပၚတေယာက္ ကုမၸဏီႏွစ္ခုပူးေပါင္းတဲ့ ညစာစားပြဲမွာ အျပံဳးတုႀကီးနဲ႔ ငုတ္တုတ္ထိုင္ေနရတယ္..
ေဘးက က်ိရန္ကိုၾကည့္ေတာ့လဲ ထူးမျခားနား..
သူ႔ထက္ ပိုဆိုးတာကေတာ့ လာႏႈတ္ဆက္သမၽွလူကို က်ိရန္ေကာက စကားျပန္ေျပာေနရတာပဲ..

အဆင္မေျပဘူး..
ဘယ္လိုမွ အဆင္မေျပဘူး..
သူ ေဆးရံုဆင္းတာ တပတ္ေက်ာ္ၿပီ..
က်န္႔ေကာဆီ မေရာက္ေသးတာ ျဖစ္သင့္ရဲ႕လား..

လက္ရွိလႊင့္ေနတဲ့ဇာတ္လမ္းက ထင္ထားသလို ေအာင္ျမင္တာမို႔ အင္တာဗ်ဴးေတြက ဆက္တိုက္..
ေဆးရံုေရာက္ေနတဲ့အခ်ိန္အတြက္ လစ္လပ္သြားတဲ့ အလုပ္ေတြ အစားျပန္ျဖည့္ရတာေတြကလဲ ေန႔တိုင္းနီးပါးပဲ..

ဒီေန႔ညေနပိုင္းေတာ့ အားၿပီဆိုၿပီး က်န္႔ေကာဆီေျပးမလို႔ အားခဲထားတာ..
ရုတ္တရတ္ေပၚလာတဲ့ဒီပြဲက  က်ိရန္ေကာေၾကာင့္ျဖစ္ျပန္တယ္..
သူနဲ႔ေဟာက္ရႊမ္းသြားရမွာကို မသြားခ်င္လို႔ဆိုၿပီး ဝမ္ရိေပၚကို လာေခ်ာဆြဲသြားတာပဲ...

ပိုင္ရွင္မရွိေသးတဲ့ တတိယ ဘီးလံုးေလးရဲ႕အျဖစ္က သနားဖို႔ေကာင္းလြန္းတယ္..
သူ.. သူ႔က်န္႔ေကာကို လြမ္းလိုက္တာ...

" ခဏအျပင္ထြက္လိုက္ဦးမယ္ "

" သြား "

" ေကာ စြတ္ဆက္ေသာက္မေနနဲ႔ေနာ္ ကၽြန္ေတာ္ ခ်ီၿပီးမျပန္ႏိုင္ဘူး "

" လၽွာရွည္တယ္..သြားမွာျဖင့္သြားစမ္းပါ "

CEO ရဲ႕ crush ခံရတဲ့ဘဝဆိုေတာ့ ဝမ္ရိေပၚကို ေဟာက္လားဟမ္းလား လုပ္ႏိုင္တဲ့ ဘုရားစူးမန္ေနဂ်ာႀကီးပါေပါ့..။

.

.

ဒီဟိုတယ္က ဟိတ္ႀကီးဟန္ႀကီးမ်ားလြန္းတယ္လို႔ သူထင္တယ္..
အဓိကကေတာ့ ေဆးလိပ္ေသာက္စရာေနရာရွားတာပဲ..

ေနရာကြက္ၾကားရွိေနတဲ့ လူေတြကိုေတြ႕ေတာ့ ကုတ္အက်ႌထဲက ေဆးလိပ္ဘူးကို သူမထုတ္ျဖစ္တာ့..
အထဲလဲျပန္မဝင္ခ်င္ေသးတာမို႔ မွန္ေတြကာထားတဲ့ နံံရံဆီပဲေလၽွာက္သြားလိုက္တယ္..
ဘယ္သူနဲ႔မွ မေတြ႕ခ်င္တာမို႔  တိုင္လံုးခပ္ႀကီးႀကီးကို မွီၿပီး ကြယ္ရပ္လိုက္ရင္း မ်က္စိေရွ႕ကျမင္ကြင္းဆီ အၾကည့္ေရာက္သြားတယ္..

မွန္အျပည့္ကာထားတာမို႔ တၿမိဳ႕လံုးနီးပါးကို အေပၚစီးကျမင္ေနရတယ္..
လင္းေနတဲ့ မီးေရာင္ေပါင္းစံုနဲ႔ညခင္းက အေမွာင္တဝက္ အလင္းတဝက္မို႔ သူ႔ဟာနဲ႔သူေတာ့လွေနတယ္ထင္ရသား..
ဒါေပမယ့္ လူေတြ ေျပာေနက်လို ရင္သပ္ရႉေမာေလာက္တဲ့ အဆင့္ထိေတာ့ သူခံစားလို႔ မတတ္..

သူ႔အတြက္ေတာ့ တကယ့္လွပျခင္းက ၅စကၠန္႔ထက္ ပိုမလိုဘူး..

ရုတ္တရတ္ ေတြးမိလိုက္ေတာ့ ဝမ္ရိေပၚရဲ႕ အူျမဴးေနတဲ့ အျပံဳးေသးေသးေလးက ေပၚလာေရာ...
က်န္႔ေကာေရ.. လြမ္းတယ္ဗ်ာ..

" အဟြတ္ အဟြတ္ "

သူလြမ္းေကာင္းေနတုန္း လာဖ်က္တဲ့အသံေၾကာင့္ ရိေပၚ အေနာက္ဘက္ကို အလိုလိုၾကည့္မိသြားတယ္..

ေၾကာင္ေငးရင္း ခဏၾကာေတာ့ သူ႔ကိုယ္သူ တိုးတိုးေလး ဆဲတယ္..
မင္း အရမ္းလြမ္းလို႔ က်န္႔ေကာ ေရသီးသြားၿပီ  ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔တဲ့...

" ေကာ "

လွည့္ၾကည့္လာတဲ့ မ်က္ဝန္းေတြကေန ေရသီးသြားလို႔ နီရဲစိုစြတ္ေနတဲ့ အဲဒီလူရဲ႕ ႏႈတ္ခမ္းသားေတြထိ က်ဴးေက်ာ္မိသြားတဲ့ အၾကည့္ေတြက ထိန္းလို႔မရခဲ့..

ေကာဝတ္ထားတဲ့ အညိဳေရာင္ကုတ္အက်ႌရဲ႕ လက္ဖ်ားေလး ျဖစ္ခ်င္မိတယ္..
သူလဲ ေကာႏႈတ္ခမ္းေတြကို ထိၾကည့္ခ်င္တယ္..

" ရိေပၚ ? "

စိုက္ၾကည့္မိတာၾကာသြားလို႔ ထင္ရဲ႕...
ေရွာင္က်န္ရဲ႕ တြန္႔ခ်ိဳးလာတဲ့မ်က္ခံုးေတြျမင္ေတာ့မွ ရိေပၚတေယာက္ ျပန္သတိဝင္လာတယ္...

" အာ.. က်ဲ "

ကပ္ေလၽွာက္လာတဲ့ က်န္းလီက်ဲကို အခုမွ သူသတိထားမိတယ္...
သူကလဲ သူပဲ..
ေရွာင္က်န္႔ေရွ႕ေရာက္ရင္ တေလာကလံုးကို ကန္းေတာ့တာပဲ..

က်န္းလီက်ဲ ဦးေဆာင္တဲ့ စကားဝိုင္းေလးပါပဲ..
ေရွာင္က်န္႔က ပန္းခ်ီျပပြဲ တစ္ခုထဲ ထပ္ join မလို႔ အလုပ္ရႈပ္ေနတာတဲ့..
စကားမ်ားမ်ားမေျပာခ်င္တဲ့ အဲဒီလူေၾကာင့္ ဒီလိုအခ်ိန္ေတြဆို က်န္းလီက်ဲက ညႇိႏွိုင္းတာေတြ လုပ္ေပးရတတ္တယ္တဲ့..

ရိေပၚကေတာ့ သေဘာက်တယ္..
က်န္႔ေကာ ဘယ္သူ႔ကိုမွစကားမေျပာေလေကာင္းေလပဲ..
သူကလြဲၿပီးေတာ့ေပါ့..၊

စကားတေျပာေျပာနဲ႔ lobby ေအာက္ထိ ေရာက္လာၾကေတာ့မွ ေရွာင္က်န္႔ဆီက ပထမဆံုးစကားထြက္လာတယ္..

" က်ဲ..ျပန္မယ္ "

" အင္း.. အားခ်န္က လမ္းပိတ္ေနလို႔တဲ့..ခဏေလး "

အေျခအေနကိုရိပ္ဖမ္းမိတဲ့ ဝမ္ရိေပၚက အၾကံသမားေလး ျဖစ္ျပန္တယ္ ...

" ကၽြန္ေတာ္ျပန္ပို႔ေပးရမလား "

" က်ဲက ကားပါတယ္ ရိေပၚရဲ႕.. အခုက အားက်န္႔ကို.."

" ကၽြန္ေတာ္ လိုက္ပို႔လိုက္မယ္ "

စကားမဆံုးခင္ျဖတ္ေျပာတဲ့ ရိေပၚကိုေရွာင္က်န္႔က သူ႔ကိုမ်က္ေမွာင္ကုတ္ၾကည့္တယ္..

" ရတယ္..က်န္းခ်န္လာလိမ့္မယ္ "

" ေကာကလဲ..လုပ္ပါ "

ေရွာင္က်န္႔က မ်က္ခံုးအစြန္းနားကို ခပ္ဖြဖြကုတ္တယ္..
ေဝခြဲမရျဖစ္ရင္ လုပ္တတ္တဲ့အက်င့္ေလးလို႔ ရိေပၚ အရင္က မွတ္ထားခဲ့ဖူးေသး...

တြင္တြင္ျငင္းေနတဲ့ ေရွာင္က်န္႔က ေနာက္ဆံုး သူ က်န္းလီက်ဲကို ကပ္တိုးၿပီး အတင္းတိုက္တြန္းခိုင္းေတာ့မွ ေခါင္းညိတ္လာေတာ့တယ္..

အမွန္အတိုင္းေျပာရရင္ နဲနဲေတာ့ ခံစားရခက္တယ္..
ခါးခါးသီးသီးမဟုတ္ေတာ့ရင္ေတာင္ ေရွာင္က်န္႔ရဲ႕ ျငင္းဆန္မႈေတြက သူ႔ကို ပူေလာင္ေစတုန္းပဲ..
အရင္စိတ္နဲ႔သာဆို လက္ကဆြဲၿပီး ကားထဲပစ္ထည့္မိမွာ..
ခုေတာ့ ထိန္းသိမ္းရတာေတြမ်ားလာတယ္..
ပိုပိုျမတ္ႏိုးလာရတဲ့ လကၡဏာေတြပဲ ထင္ပါရဲ႕..။

.

.

ကားထဲကေလက ဒီေန႔မွ ပိုပူေနသလိုပဲ..
ၿငိမ္ၿငိမ္ေလးထိုင္ၿပီး အျပင္ကိုေငးေနတဲ့ ေရွာင္က်န္႔ကေတာ့ သူနဲ႔ႏွစ္ေယာက္ထဲရွိေနရျခင္းအေပၚ ဘာမွမခံစားရသလိုပဲ..

" ေကာ.. ခါးပတ္ပတ္ "

"... "

" ေကာ.. ေအးရင္ aircon ေလ်ာ့ေနာ္ "

" ... "

" ေကာ.. သီခ်င္းနားေထာင္ခ်င္လား "

တတြတ္တြတ္ရြတ္ေနတဲ့ ရိေပၚက ေရွာင္က်န္႔အဖတ္မလုပ္လဲ ဂရုစိုက္ေနေတာ့တာပဲ..
ၾကာလာေတာ့ ေရွာင္က်န္႔ နားညီးမခံႏိုင္ေတာ့ဘူးထင္ရဲ႕..

" ရိေပၚ..ကားေသခ်ာေမာင္း "

" ေမာင္းပါတယ္ ေကာရဲ႕ "

" အေရွ႕ၾကည့္ေမာင္း "

" ေမာင္းေနတာကို "

ေရွာင္က်န္႔ သက္ျပင္းခ် ေခါင္းေတြခါတယ္..
ဒီေကာင္ေလးကို သူ မႏိုင္ဘူး..
ေမာင္းလာတာ ဆယ္မိနစ္မျပည့္ေသးဘူး..
သူ႔ဘက္ပဲလွည့္ၾကည့္ေနတာ ဘယ္ႏွေခါက္ရွိေနၿပီလဲ..။

ႏွစ္နာရီနီးပါးေမာင္းရမယ့္ လမ္းကို ရိေပၚကိုဘာလို႔ လိုက္ပို႔ခြင့္ျပဳလိုက္မိလဲ သူ႔ကိုယ္သူလဲနားမလည္ဘူး..

" ဟာ..သြားၿပီ "

ေဘာင္းဘီအိတ္ထဲက အတင္း ဖုန္းထုတ္ေနတဲ့ ရိေပၚကို ေရွာင္က်န္႔က လွမ္းၾကည့္တယ္..

" ဘာျဖစ္လို႔လဲ "

" ကၽြန္ေတာ္ က်ိရန္ေကာကို ေမ့သြားလို႔ "

" ကားျပန္လွည့္မလား"

" ရတယ္ေကာ.. ဟိုေကာင့္ကို သြားေခၚခိုင္းလိုက္မယ္ "

ဖုန္းႏွိပ္ေနတဲ့ ရိေပၚလက္ေခ်ာင္းေတြေပၚက ပလတ္စတာေလးေတြကို သူေတြ႕ေနရတယ္..
အေတြးေတြက လြင့္တယ္..
က်န္းခ်န္ကားေမာင္းစတတ္ခါစအခ်ိန္ကိုေတြးမိေတာ့ စိတ္ကထင့္ခနဲ..

" ငါေခၚေပးမယ္  "

ရိေပၚလက္ထဲကဖုန္းကိုဆြဲယူလိုက္တဲ့ တခဏမွာ သင့္၏ မသင့္၏ သူ မေတြးမိ..
ကားေမာင္းရင္း ဖုန္းမေျပာဖို႔ကို က်န္းခ်န္ ကား accident ျဖစ္ဖူးတဲ့အခ်ိန္ကစၿပီး သူ႔စိတ္ထဲ စြဲေနေအာင္ မွတ္ထားမိတာ..၊

ေဟာက္ရႊမ္းဆိုတဲ့ နာမည္ကိုႏွိပ္ၿပီး ဖုန္းဝင္သြားေတာ့မွ ေရွာင္က်န္႔က ရိေပၚနားရြက္နား ဖုန္းကပ္ေပးလာတယ္..

" ေဟာက္ရႊမ္း..မင္းဘယ္မွာလဲ "

ဝမ္ရိေပၚ သူ႔ကိုယ္သူ သိတယ္..
ေသခ်ာနားေထာင္ၾကည့္ရင္ သူ႔အသံေတြ တုန္ေနလိမ့္မယ္ထင္တယ္..
သူ႔ပါးေပၚေရာ နားရြက္နားတဝိုက္ေရာ က်န္႔ေကာ လက္ေခ်ာင္းထိပ္ေလးေတြက လာလာထိေနတာ...
အခု သူ႔ရင္ဘတ္ထဲ လၽွပ္စီးေနသလိုမ်ိဳး တဆစ္ဆစ္နဲ႔...

အဲဒီလူကိုလွည့္ၾကည့္ေတာ့ ဖုန္းကိုင္ေပးထားတာ သူမဟုတ္သလို အေရွ႕ကိုပဲ ၾကည့္ေနတုန္း..

ေဟာက္ရႊမ္း ဟိုတယ္ေနရာေမးေတာ့ သူ တမင္တကာ အခ်ိန္ဆြဲၿပီးေျဖတယ္..
က်န္႔ေကာလက္ဖ်ားေလးေတြဆီ သူ႔ပါးတဖက္ကို ခိုးခိုးၿပီးထိုးေပးေသးတာ..

ဖုန္းေျပာၿပီးေတာ့ ကားထဲကေလထုက တိတ္ဆိတ္သြားျပန္တယ္..
ရိေပၚကလဲ ခုနကလို ေပါက္ေပါက္ေဖာက္မေနေတာ့ပဲ  ကားကိုအာရံုစိုက္ေမာင္းတယ္..
တကယ္တမ္းေတာ့ သူ ထိန္းခ်ဳပ္ထားရတာ..
ေရွာင္က်န္႔ရဲ႕လက္ေတြဆီ အၾကည့္မေရာက္ေအာင္ သူ႔စိတ္သူ ထိန္းေနရတာ..

ေရွာင္က်န္႔က ဘိန္းလိုပဲ..
တခါထိတာနဲ႔စြဲေစတယ္...

အဲဒီလက္ေတြကို သူ႔လက္ထဲမွာ အံဝင္ခြင္က်ရွိလာဖို႔ အရင္တုန္းက ဘယ္ေလာက္ေတာင္ သူ ယုယခဲ့ရတာလဲ..
မခ်င့္မရဲနဲ႔ ဖ်စ္ညႇစ္မိရင္ေတာင္  ရုန္းထြက္သြားတတ္လြန္းလို႔ သူအျမဲတမ္း ဖြဖြေလးပဲ ဆုပ္ကိုင္ထားခဲ့တဲ့ လက္ေတြေလ..

" ငါ ဒီတေခါက္ျပပြဲ မွာ မင္းပန္းခ်ီေတြ ထည့္သံုးျဖစ္မယ္ထင္တယ္ "

" အင္း ေကာ.."

ေရွာင္က်န္႔ ကားေမာင္းေနတဲ့ ရိေပၚကိုလွမ္းၾကည့္မိတယ္..
အဲဒီေကာင္ေလးက ျပန္ေျဖေနေပမယ့္ စိတ္နဲ႔ လူမကပ္သလိုမ်ိဳး..

" ေကာ "

" အင္း "

" ကၽြန္ေတာ္နဲ႔ စကားေျပာရေအာင္ "

ကားေလးက လူရွင္းတဲ့လမ္းေဘးမွာ ထိုးရပ္သြားတယ္..

ရိေပၚက သက္ျပင္းေတြခ်တယ္..
လက္ႏွစ္ဖက္ကို ပြတ္လိုက္ ဆံပင္ကိုခပ္ျကမ္းၾကမ္းလွန္တင္လိုက္နဲ႔ တေယာက္ထဲဗ်ာမ်ားေနတာ ေရွာင္က်န္႔ျမင္ေနရတာပါပဲ..
ခဏၾကာေတာ့မွ သူ႔ဘက္လွည့္လာရင္း..

" ေကာ.. ကၽြန္ေတာ္ရူးေတာ့မယ္ထင္တယ္ "

စိတ္လႈပ္ရွားေနပံုရတဲ့ ရိေပၚကို သူဘာမွျပန္မေျဖျဖစ္ဘူး..
ဘယ္လိုတုန္႔ျပန္ရမလဲ မသိတာလဲ ပါပါလိမ့္မယ္..

" ကၽြန္ေတာ္တို႔  အရင္အတိုင္း ျပန္ေနလို႔မရဘူးလား..ဟင္ "

" အရင္အတိုင္း..? "

" အင္း "

" ဘာကိုလဲ "

ရိေပၚက သူ႔မ်က္ဝန္းေတြကို စိုက္ၾကည့္လာတယ္..
အၾကည့္လႊဲခ်င္ေပမယ့္ သူမလုပ္မိဘူးထင္တယ္..

" အရင္က ေကာက မင္းနဲ႔ငါလို႔မေျပာဘူး "

" ..... "

" ၿပီးေတာ့ ကၽြန္ေတာ့္ကိုလဲ အလိုလိုက္တယ္..ကၽြန္ေတာ္ ဝမ္းနည္းရင္လဲ အလိုလိုသိတယ္..ဂရုစိုက္တယ္.. ေႏြးေထြးေပးတယ္ "

" .... "

" ၿပီးေတာ့... မသိေတာ့ဘူးေကာရယ္.. ဘယ္ကဘယ္လို ဒီအေျခအေနထိေရာက္သြားလဲ မသိေပမယ့္  ကၽြန္ေတာ္မွားခဲ့သမၽွက ေကာကို ခ်စ္လို႔ ဆိုတာေတာ့ ေကာသိတယ္မလား..ဟင္ "

" ရိေပၚ.. "

" ဟင့္အင္း..ေနဦး ေကာ..အခုက ကၽြန္ေတာ္ အတၱႀကီးသလိုျဖစ္ေနတယ္ဆိုတာလဲ ကိုယ့္ကိုယ္ကို သိတယ္..သိလို႔ ကၽြန္ေတာ့္ကိုယ္ကို မေရာင့္တက္မိဖို႔လဲ အႀကိမ္ႀကိမ္ သတိေပးခဲ့တာပဲ "

" .... "

" မရဘူး ေကာရဲ႕.. ကၽြန္ေတာ့္ကို ေကာ သူစိမ္းတေယာက္လို ဆက္ဆံေနတာ ကၽြန္ေတာ္ နည္းနည္းေလးေတာင္ မခံႏိုင္ေတာ့ဘူး "

စကားေတြ ဆက္တိုက္ေျပာထားတဲ့ ရိေပၚက အေဝးကမနားတမ္းေျပးလာသူလိုပဲ အသက္ရႈေတြျမန္ေနတယ္..
ေျပာေနရင္းနဲ႔လဲ လက္ေတြက ေရွာင္က်န္႔ပုခံုးကိုပဲ ကိုင္ေတာ့မလို လက္ကိုပဲဆြဲေတာ့မလိုနဲ႔ တကယ္တမ္းက် ဘယ္ကိုမွမထိရက္ဘဲ ဗ်ာမ်ားေနခဲ့ျပန္တယ္...

" မင္း အခုဒီစကားေတြကို လမ္းၾကံဳလို႔ေျပာေနတာလား "

မ်က္ႏွာကို ျဖတ္ရိုက္ရင္ေတာင္ အနာအက်င္နည္းဦးမလားပဲ..
ေရွာင္က်န္႔က အဲလိုစကားအထိ ေျပာထြက္ရက္တယ္တဲ့..

" က်န္႔ေကာ..ခင္ဗ်ားဗ်ာ.. "

တိတ္ဆိတ္မႈက ေနာက္တဖန္ေရာက္လာတယ္..
သူ႔ တသက္မွာတစ္ခါပဲ ခမ္းခမ္းနားနားေပးခ်င္ခဲ့မိတဲ့ ေမတၱာတရားကို အဲဒီလူ တေျမ့ေျမ့နင္းေခ်ေနတုန္း..

ရိေပၚကားေပၚကဆင္းလာတယ္..
ကားဘီးကို ကန္ေက်ာက္ၿပီး စိတ္ေတြလႊတ္ခ်ၾကည့္တယ္..
မရပါဘူး..
မြန္းက်ပ္လိုက္တာ ေသမတတ္ပဲ...။

.

.

ေရွာင္က်န္႔ စိတ္ရႈပ္လာတယ္..
ဝမ္ရိေပၚကို တခုခုတုန္႔ျပန္မိလိုက္တုိုင္း ဘာလို႔ သူပဲမွားေနသလိုမ်ိဳး ခံစားေနရတာလဲ နားမလည္ႏိုင္ေတာ့..

သူ ဒီေကာင္ေလးေၾကာင့္ ေပ်ာ္ရႊင္ခဲ့ရတာမွန္ေပမယ့္.. သူ႔ႏွလံုးသားျပန္လႈပ္ရွားလာရတာမွန္ေပမယ့္..
ဝမ္ရိေပၚက ေရွာင္က်န္႔ မခ်စ္သင့္တဲ့သူေလ..

သူ ရိေပၚကို အဆံုးစြန္ထိ အလိုလိုက္ေပးခဲ့ဖူးတယ္..
အေသအခ်ာေျပာရရင္ သူ႔ႏွလံုးသားကိုပါ အဲဒီခပ္ဆိုးဆိုးေကာင္ေလးဆီ ေပးပစ္ဖို႔ထိပါ မိုက္မိုက္မဲမဲ ဆံုးျဖတ္ခဲ့တဲ့ ထိပဲ..

အရင္တုန္းက အယံုလြယ္ခဲ့လို႔ ရူးမတတ္ျဖစ္ခဲ့တဲ့သူက ေနာက္တခါ ထပ္ယံုမိလို႔ အလူးလူးအလဲလဲျဖစ္ရမယ္လို႔ သူ မထင္ခဲ့တဲ့အထိ ဒီေကာင္ေလးကို သူယံုခဲ့တာ..
ဒါေပမယ့္ သူဘာျပန္ရခဲ့လဲ..

ေမြးေန႔မို႔ ေတြ႕ခ်င္တယ္လို႔ တဖြဖြေျပာခဲ့တဲ့ အဲဒီေကာင္ေလးက သူ႔ဆီေရာက္မလာခဲ့ဘဲ တျခားသူတေယာက္နဲ႔ ပူးကပ္ေနခဲ့တဲ့ဓာတ္ပံုေတြ သတင္းေတြပဲ ေရာက္လာခဲ့တယ္..

ျဖစ္လာႏိုင္ေခ်ရွိတဲ့ အေၾကာက္တရားအမ်ိဳးမ်ိဳးကို ခ်ိဳးႏွိမ္ဖို႔ သူႀကိဳးစားေနတဲ့အခ်ိန္မွာ ဝမ္ရိေပၚက တျခားတေယာက္ရင္ခြင္ထဲကေန သူ႔ကို လိမ္ညာေနခဲ့တာေလ..

ကံတရားက ေရွာင္က်န္႔ဘက္မွာ ဘယ္ေတာ့မွမရွိဘူး..
လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြကအတိုင္း တပံုစံထဲ သူကစြန္႔ပစ္ခံရျပန္တာပဲ..

မတူညီတာက တစ္ခုထဲ..
ဝမ္ရိေပၚက အဲဒီသတင္းေတြကို ျငင္းခဲ့တယ္တဲ့..
ဒါေပမယ့္ အဲဒီေကာင္ေလးနဲ႔ ပတ္သတ္မိမွ social media ဆိုတာ စိတ္ဝင္စားတတ္ခဲ့တဲ့ ေရွာင္က်န္႔အတြက္ေတာ့ အဲဒီသတင္းေတြေအာက္က လူေတြဝင္ေရးထားတဲ့ စာေၾကာင္းတေၾကာင္းစီက ဒဏ္ရာေတြျဖစ္ျပန္တယ္..

ရိေပၚက သူထင္ထားတာထက္ ေအာင္ျမင္ေနတဲ့သူ..
ဘယ္လိုပံုစံနဲ႔မွ လူေတြမ်က္စိေအာက္က ထြက္ေျပးလို႔မရတဲ့ ေကာင္ေလးနဲ႔ လူေတာ မတိုးရဲတဲ့ ေရွာင္က်န္႔နဲ႔က မိုးနဲ႔ေျမလိုကြာေနတာမ်ား..
ဘယ္ေလာက္ပဲ စိတ္ထိန္းထားပါေစ သူ လူေတြကိုေၾကာက္ေနတုန္းပဲ..
ရိေပၚနဲ႔ပတ္သတ္မိရင္ ေဖာင္းပြလာမယ့္ ပတ္ဝန္းက်င္ကစကားေတြကို သူ ဘယ္လိုမွ ေတာင့္ခံႏိုင္မယ္မထင္ဘူး..

အဲဒီေနာက္ပိုင္း ရိေပၚသူ႔နားေရာက္လာရင္ ေရွာင္က်န္႔ မြန္းက်ပ္လာတယ္..
ရိေပၚကိုၾကည့္ေနေပမယ့္ သူျမင္ေနရတာ တျခားတေယာက္ျဖစ္လာတယ္..
တခ်ိန္ခ်ိန္ ရိေပၚဆီက ခင္ဗ်ားက အညႇာလြယ္တာကိုး ဆိုၿပီးေျပာလာခဲ့ရင္ ဆိုတဲ့အေတြးေတြေၾကာင့္ သူအျမဲ ထိတ္လန္႔ေနခဲ့တယ္..

ေနာက္ဆံုး ဆံုးျဖတ္ခ်က္ခ်လိုက္တာက ဝမ္ရိေပၚနဲ႔ သူ ေဝးေဝးေနဖို႔ ...
ဘယ္သူမွမသိေပမယ့္ အဲဒီရက္ေတြတုန္းက သူ တကယ္ရူးသြားေတာ့မလို ခံစားခဲ့ရတာ...၊

အဲဒီေနာက္ပိုင္း ရိေပၚဘာလုပ္လုပ္ သူ ဥေပကၡာျပဳၿပီးေနတယ္..
ဒါေပမယ့္ သူသာ ထိန္းခ်ဳပ္ထားလိုက္ရင္ အဆင္ေျပသြားမွာဆိုတဲ့ အေတြးေတြက အဲဒီေကာင္ေလး တဇြတ္ထိုးတေဇာက္ကန္း လုပ္ရပ္ေတြမလုပ္ခင္ထိေလးပဲ မွန္ျပန္တယ္...

မ်က္ရည္ေတြ ဒဏ္ရာေတြတလွည့္စီနဲ႔ေရာက္လာတတ္တဲ့ ရိေပၚေၾကာင့္ သူ အႀကိမ္ႀကိမ္ေပ်ာ့ညံ့သြားမိတယ္..
အတင္းအက်ပ္ေထြးေပြ႕မႈေတြကိုလဲ ေၾကာက္လန္႔ရင္းနဲ႔ပဲ မသိစိတ္က ၿငိမ္သက္ေပးခဲ့မိျပန္ေရာ..
ဒါေပမယ့္ ေျပာထြက္ခဲ့သမၽွစကားအခြန္းတိုင္းကေတာ့ သူ႔ႏွလံုးသားနဲ႔ဆန္႔က်င္ဘက္ျဖစ္ျပန္တယ္..

တေယာက္ထဲ လြန္ဆြဲရတာၾကာေတာ့ ပင္ပန္းလာတယ္
ေရွာင္က်န္႔ သူ႔ကိုယ္သူလဲ မခ်င့္မရဲနဲ႔ မုန္းလာရဲ႕ ...

အခုလဲ ဒီလိုပဲျဖစ္လာျပန္ၿပီ..

ကားေပၚျပန္တက္လာၿပီး ေမာင္းထြက္လာထဲက စကားတခြန္းမွ မေျပာေတာ့တဲ့ ရိေပၚက သူ႔ဘက္ကိုလဲ လွည့္မၾကည့္လာေတာ့..

တခ်က္တခ်က္ အံတင္းတင္းႀကိတ္လိုက္တာေတြ.. ေဝ့ဝဲလာတယ္ထင္ရတဲ့ မ်က္ရည္ေတြ.. ပလတ္စတာေတြမရွိေတာ့တဲ့ လက္ခံုေပၚက ေသြးျပန္စို႔ေနတဲ့ ဒဏ္ရာေတြ..
သူအကုန္ျမင္ေနခဲ့ရတယ္..။

ေရွာင္က်န္႔ အိမ္ေရွ႕ေရာက္ေတာ့ အခ်ိန္ကမနည္းေတာ့..
ကားရပ္ၿပီးတာၾကာတာေတာင္ မဆင္းေသးတဲ့ ေရွာင္က်န္႔ေၾကာင့္ ရိေပၚ ငဲ့ၾကည့္မိေတာ့ သူ႔ကိုျပန္ၾကည့္ေနတဲ့ မ်က္ဝန္းေတြနဲ႔ဆံုျပန္တယ္..

သူ ေရွာင္က်န္႔ မ်က္ဝန္းေတြကိုဘယ္ေတာ့မွ နားလည္ႏိုင္မလဲ မသိဘူး..
သူ႔အၾကည့္ေတြကို လႈပ္ရွားဖို႔ျပင္ေနတဲ့ႏႈတ္ခမ္းေတြဆီ လႊဲလိုက္မိတယ္..

" ေနာက္က်ေနၿပီ.. ။ မင္း... "

" .... "

" မနက္ အလုပ္မရွိရင္ ဒီမွာအိပ္သြား "

ေရွာင္က်န္႔ ကားေပၚက ဆင္းသြားတဲ့အထိ ရိေပၚ ေၾကာင္ေငးက်န္ခဲ့တယ္..
ဘာလဲ ေကာရယ္...
ၾကာရင္ ကၽြန္ေတာ္ တကယ္ ရူးေတာ့မယ္..။

.

.

.

အခု ရိေပၚ ဧည့္ခန္းမွာထိုင္ၿပီး ေရွာင္က်န္႔အခန္းတံခါးကို ေငးေနရတယ္..
အဲဒီလူက အခန္းထဲမဝင္ခင္ ခဏထိုင္ေစာင့္ ဆိုၿပီး ေျပာသြားတာမို႔လို႔တဲ့..

သူ အခု ဒဏ္ရာရတာကို သေဘာက်တတ္ေနၿပီ..
ေကာက ဒါေတြေတြ႕တိုင္း သူ႔ကို ျပန္ဂရုစိုက္တတ္တယ္ေလ..

မ်က္စိေရွ႕က ေဆးေသတၱာေလးကို ၾကည့္ၿပီး ရိေပၚ အေတြးမ်ားေနတာကို ေရွာင္က်န္႔က နားမလည္သလို ၾကည့္လာတယ္..

" လက္ေပး "

" ဟင္.. "

" မင္းလက္ေပး.. ေဆးထည့္ရမယ္ "

" ရတယ္ ေကာ.. ကၽြန္ေတာ္ဘာသာထည့္လိုက္မယ္ "

ရိေပၚက ေျပာေျပာဆိုဆိုနဲ႔ ေဆးထည့္ျခင္းအမႈကို သူ႔ဘာသာလုပ္တယ္..
ပတ္တီးစည္းဖို႔လုပ္ေတာ့မွ တိုင္ပတ္ေနတာကို ေရွာင္က်န္႔က မ်က္ေမွာင္ကုတ္ၿပီး စိုက္ၾကည့္တယ္..

" ေပး..ငါ စည္းေပးမယ္."

" ရတယ္ ေကာ..ကၽြန္ေတာ္ "

" ဘာျဖစ္ေနတာလဲ..မင္းအသား ငါထိမွာစိုးလို႔လား "

ရိေပၚလက္ေတြရပ္တန္႔သြားတယ္..
ႏႈတ္ခမ္းကလဲ ဘာေတြမွန္းမသိ ပြစိပြစိေျပာရင္း ေရွာင္က်န္႔ဆီကို ပတ္တီးစေလး ထိုးေပးလာတယ္..
ဝမ္ရိေပၚက ဒီလိုအခ်ိန္ဆို ကေလးေပါက္စေလးလိုပဲ..

" ငါ မင္းကို ဘာေျပာထားလဲ "

" .... "

" ေနာက္မလုပ္နဲ႔လို႔ ေျပာထားတာလဲ မင္းနားမေထာင္ဘူး "

" .... "

" ကေလးလဲမဟုတ္ေတာ့ဘူး မင္းက "

သူ႔လက္ကို ဖြဖြေလးကိုင္ၿပီး ပတ္တီးစည္းေပးေနတဲ့ ေရွာင္က်န္႔ကို မျပတ္ေငးေနရတာနဲ႔ ရိေပၚဘာမွျပန္မေျပာျဖစ္..
ဒါ အိပ္မက္မ်ားလား..

" ေကာ.. "

" ဘာလဲ "

" အခု ေကာဘာမွမျဖစ္ဘူးလားဟင္ "

ေရွာင္က်န္႔က နားမလည္သလို မ်က္ခံုးပင့္ၿပီးေမာ့ၾကည့္လာတယ္..

" ကၽြန္ေတာ့္လက္ကို ေကာ ကိုင္ေနတာေလ "

" အရင္က မကိုင္ဖူးလို႔လား "

ရိေပၚ ဗိုက္ထဲ လိပ္ျပာတသိန္းေလာက္ေရာက္လာသလိုပဲ..
သူ ဖင္တႂကြႂကြျဖစ္လာတယ္..

" ဟိုေလ..ေကာရာ..ကၽြန္ေတာ္ေျပာခ်င္တာ ေကာဘာမွမျဖစ္ဘူးလားလို႔.. အခု ကၽြန္ေတာ့္ အသားနဲ႔ထိေနတာကိုေလ "

ရိေပၚ မ်က္ဝန္းေတြက ေမၽွာ္လင့္ခ်က္နဲ႔ တဖ်တ္ဖ်တ္လက္ေနသလားပဲ..
ေရွာင္က်န္႔သူ႔ကို မ်က္ေမွာင္ကုတ္ၾကည့္ျပန္တယ္..
ခဏၾကာေတာ့မွ သေဘာေပါက္သြားဟန္နဲ႔ ငံု႔ၿပီး ပတ္တီးဆက္စည္းေတာ့ ရိေပၚမွာ ေနမထိထိုင္မသာ ျဖစ္က်န္ခဲ့ျပန္ေရာ..

" ဟင္လို႔.. ေကာ  "

" မျဖစ္ဘူး "

" ေကာ..တကယ္လား..ေကာလို႔ "

" ဘာျဖစ္ေနတာလဲ.. တေကာေကာနဲ႔ "

" ဟီး.. ကၽြန္ေတာ္ေသေတာ့မယ္ ေကာရဲ႕ "

" ေသေတာ့မယ့္သူက အရူးလိုရယ္မေနဘူး "

အူျမဴးေနတဲ့ ရိေပၚလက္ကို ေရွာင္က်န္႔ တမင္တကာ ဖိပစ္လိုက္တာေတာင္ ဒီေကာင္ေလးက  ျပံဳးေနတုန္း..
ၾကာေတာ့ ေရွာင္က်န္႔ပါ စိတ္ေပါ့ပါးလာသလိုပဲ..

" ၿပီးၿပီ.. မင္းအိပ္ခ်င္ၿပီဆို အရင္တခါအခန္းမွာအိပ္လို႔ရတယ္ "

" ေကာ.. "

" TV ၾကည့္ခ်င္ရင္လဲ ၾကည့္ သိပ္ညမနက္ေစနဲ႔ "

" ေကာလို႔.. "

" ငါ အိပ္ေတာ့မယ္ "

ေရွာင္က်န္႔ထရပ္ဖို႔ျပင္ေတာ့ ရိေပၚက သူ႔လက္ကို လွမ္းဆြဲတယ္..
သူျပန္ရုန္းေတာ့ အဲဒီေကာင္ေလးက အတင္းဖ်စ္ညႇစ္ၿပီး ဆြဲထားျပန္ေရာ..

" ခဏေလး ေကာရယ္.. ခဏေလး "

ေနာက္ဆံုးေတာ့ သူ႔ လက္တဖက္က ဟိုအရင္ကလို ရိေပၚလက္ေတြထဲ ေႏြးေႏြးေထြးေထြးေလး နစ္ျမဳပ္လို႔..
သူ႔လက္ဖဝါးကို လက္မေလးႏွစ္ေခ်ာင္းနဲ႔ ႏွိပ္လိုက္ တခ်က္တခ်က္ဖ်စ္ညႇစ္လိုက္နဲ႔ တေယာက္ထဲအ လုပ္ရႈပ္ေနတဲ့ ရိေပၚက သူ႔စိတ္ေတြကို အစိုးမရေစတာ အမွန္ပဲ..
တခါတေလ သူ ဒီေကာင္ေလးကို ယံုၾကည္ပစ္လိုက္ခ်င္တဲ့ စိတ္ေတြလဲ ျဖစ္ရျပန္တယ္..

" ေကာ.. ကၽြန္ေတာ္လိမၼာမယ္ေလ ေနာ္ "

" .... "

" ေကာမႀကိဳက္တာ အကုန္ေျပာ.. ကၽြန္ေတာ္ျပင္မယ္ေလ..ေနာ္ "

" ဘာဆိုင္လို႔လဲ.. မင္းဘာသာေနခ်င္သလိုေနေပါ့ "

" ဆိုင္တာေပါ့.. ကၽြန္ေတာ္မွ ေကာရဲ႕ေဝးေဝးမွာ မေနႏိုင္တာ "

" ေတာ္ေတာ့.. "

" ဟင့္အင္း.. ထပ္ေမာင္းမထုတ္နဲ႔ေတာ့ေကာရာ "

" ရိေပၚ မင္းဆိုးဆိုးလာတယ္ေနာ္ "

" ဘာဆိုးလို႔လဲ.. အခု ကၽြန္ေတာ္ ဘယ္ေလာက္ထိန္းခ်ဳပ္ထားရလဲ ဆိုတာ ေကာမသိဘဲနဲ႔ "

ေရွာင့္က်န္႔ ၿငိမ္က်သြားတယ္..
ရဲတက္လာတဲ့ နားရြက္ေလးကိုလဲ ဝမ္ရိေပၚက ျမတ္ႏိုးခ်င္လြန္းလို႔ ခက္ရျပန္တယ္..

ရွက္ေနတာကို အတင္းဟန္ေဆာင္ေနတဲ့ ေရွာင္က်န္႔က သိပ္ခ်စ္ဖို႔ေကာင္းတယ္..

" အရင္လို ျပန္ေနၾကမယ္ေလ..ေနာ္ ေကာ "

" အင္းအင္း..ဒါပဲမလား..လႊတ္ေတာ့ "

သူ လႊတ္ေပးလိုက္တာနဲ႔ က်န္႔ေကာက ႏႈတ္ေတာင္မဆက္ဘဲ အခန္းထဲ တန္းဝင္သြားေတာ့တာပဲ..

ဧည့္ဝတ္မေက်တဲ့ အိမ္ရွင္ေလးကိုလဲ ဒီကေကာင္က ျမတ္ႏိုးရပါတယ္ေလ..

~~~~~~~~~

~~~~~~~~~

[ Unicode ]

" မျက်နှာက စူပုတ်မနေနဲ့လေ ငါ အဲဒါတွေပါလိုက်ပြောနေရမှာလား "

" ကောကြောင့်ရောက်လာတာနော် ကျွန်တော့်ကို လာမမဲနဲ့ "

အခု ရိပေါ်တယောက် ကုမ္ပဏီနှစ်ခုပူးပေါင်းတဲ့ ညစာစားပွဲမှာ အပြုံးတုကြီးနဲ့ ငုတ်တုတ်ထိုင်နေရတယ်..
ဘေးက ကျိရန်ကိုကြည့်တော့လဲ ထူးမခြားနား..
သူ့ထက် ပိုဆိုးတာကတော့ လာနှုတ်ဆက်သမျှလူကို ကျိရန်ကောက စကားပြန်ပြောနေရတာပဲ..

အဆင်မပြေဘူး..
ဘယ်လိုမှ အဆင်မပြေဘူး..
သူ ဆေးရုံဆင်းတာ တပတ်ကျော်ပြီ..
ကျန့်ကောဆီ မရောက်သေးတာ ဖြစ်သင့်ရဲ့လား..

လက်ရှိလွှင့်နေတဲ့ဇာတ်လမ်းက ထင်ထားသလို အောင်မြင်တာမို့ အင်တာဗျူးတွေက ဆက်တိုက်..
ဆေးရုံရောက်နေတဲ့အချိန်အတွက် လစ်လပ်သွားတဲ့ အလုပ်တွေ အစားပြန်ဖြည့်ရတာတွေကလဲ နေ့တိုင်းနီးပါးပဲ..

ဒီနေ့ညနေပိုင်းတော့ အားပြီဆိုပြီး ကျန့်ကောဆီပြေးမလို့ အားခဲထားတာ..
ရုတ်တရတ်ပေါ်လာတဲ့ဒီပွဲက ကျိရန်ကောကြောင့်ဖြစ်ပြန်တယ်..
သူနဲ့ဟောက်ရွှမ်းသွားရမှာကို မသွားချင်လို့ဆိုပြီး ဝမ်ရိပေါ်ကို လာချောဆွဲသွားတာပဲ...

ပိုင်ရှင်မရှိသေးတဲ့ တတိယ ဘီးလုံးလေးရဲ့အဖြစ်က သနားဖို့ကောင်းလွန်းတယ်..
သူ.. သူ့ကျန့်ကောကို လွမ်းလိုက်တာ...

" ခဏအပြင်ထွက်လိုက်ဦးမယ် "

" သွား "

" ကော စွတ်ဆက်သောက်မနေနဲ့နော် ကျွန်တော် ချီပြီးမပြန်နိုင်ဘူး "

" လျှာရှည်တယ်..သွားမှာဖြင့်သွားစမ်းပါ "

CEO ရဲ့ crush ခံရတဲ့ဘဝဆိုတော့ ဝမ်ရိပေါ်ကို ဟောက်လားဟမ်းလား လုပ်နိုင်တဲ့ ဘုရားစူးမန်နေဂျာကြီးပါပေါ့..။

.

.

ဒီဟိုတယ်က ဟိတ်ကြီးဟန်ကြီးများလွန်းတယ်လို့ သူထင်တယ်..
အဓိကကတော့ ဆေးလိပ်သောက်စရာနေရာရှားတာပဲ..

နေရာကွက်ကြားရှိနေတဲ့ လူတွေကိုတွေ့တော့ ကုတ်အင်္ကျီထဲက ဆေးလိပ်ဘူးကို သူမထုတ်ဖြစ်တာ့..
အထဲလဲပြန်မဝင်ချင်သေးတာမို့ မှန်တွေကာထားတဲ့ နံံရံဆီပဲလျှောက်သွားလိုက်တယ်..
ဘယ်သူနဲ့မှ မတွေ့ချင်တာမို့ တိုင်လုံးခပ်ကြီးကြီးကို မှီပြီး ကွယ်ရပ်လိုက်ရင်း မျက်စိရှေ့ကမြင်ကွင်းဆီ အကြည့်ရောက်သွားတယ်..

မှန်အပြည့်ကာထားတာမို့ တမြို့လုံးနီးပါးကို အပေါ်စီးကမြင်နေရတယ်..
လင်းနေတဲ့ မီးရောင်ပေါင်းစုံနဲ့ညခင်းက အမှောင်တဝက် အလင်းတဝက်မို့ သူ့ဟာနဲ့သူတော့လှနေတယ်ထင်ရသား..
ဒါပေမယ့် လူတွေ ပြောနေကျလို ရင်သပ်ရှူမောလောက်တဲ့ အဆင့်ထိတော့ သူခံစားလို့ မတတ်..

သူ့အတွက်တော့ တကယ့်လှပခြင်းက ၅စက္ကန့်ထက် ပိုမလိုဘူး..

ရုတ်တရတ် တွေးမိလိုက်တော့ ဝမ်ရိပေါ်ရဲ့ အူမြူးနေတဲ့ အပြုံးသေးသေးလေးက ပေါ်လာရော...
ကျန့်ကောရေ.. လွမ်းတယ်ဗျာ..

" အဟွတ် အဟွတ် "

သူလွမ်းကောင်းနေတုန်း လာဖျက်တဲ့အသံကြောင့် ရိပေါ် အနောက်ဘက်ကို အလိုလိုကြည့်မိသွားတယ်..

ကြောင်ငေးရင်း ခဏကြာတော့ သူ့ကိုယ်သူ တိုးတိုးလေး ဆဲတယ်..
မင်း အရမ်းလွမ်းလို့ ကျန့်ကော ရေသီးသွားပြီ ဆိုတဲ့အကြောင်းပြချက်နဲ့တဲ့...

" ကော "

လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေကနေ ရေသီးသွားလို့ နီရဲစိုစွတ်နေတဲ့ အဲဒီလူရဲ့ နှုတ်ခမ်းသားတွေထိ ကျူးကျော်မိသွားတဲ့ အကြည့်တွေက ထိန်းလို့မရခဲ့..
ကောဝတ်ထားတဲ့ အညိုရောင်ကုတ်အင်္ကျီရဲ့ လက်ဖျားလေး ဖြစ်ချင်မိတယ်..
သူလဲ ကောနှုတ်ခမ်းတွေကို ထိကြည့်ချင်တယ်..

" ရိပေါ် ? "

စိုက်ကြည့်မိတာကြာသွားလို့ ထင်ရဲ့...
ရှောင်ကျန်ရဲ့ တွန့်ချိုးလာတဲ့မျက်ခုံးတွေမြင်တော့မှ ရိပေါ်တယောက် ပြန်သတိဝင်လာတယ်...

" အာ.. ကျဲ "

ကပ်လျှောက်လာတဲ့ ကျန်းလီကျဲကို အခုမှ သူသတိထားမိတယ်...
သူကလဲ သူပဲ..
ရှောင်ကျန့်ရှေ့ရောက်ရင် တလောကလုံးကို ကန်းတော့တာပဲ..

ကျန်းလီကျဲ ဦးဆောင်တဲ့ စကားဝိုင်းလေးပါပဲ..
ရှောင်ကျန့်က ပန်းချီပြပွဲ တစ်ခုထဲ ထပ် join မလို့ အလုပ်ရှုပ်နေတာတဲ့..
စကားများများမပြောချင်တဲ့ အဲဒီလူကြောင့် ဒီလိုအချိန်တွေဆို ကျန်းလီကျဲက ညှိနှိုင်းတာတွေ လုပ်ပေးရတတ်တယ်တဲ့..

ရိပေါ်ကတော့ သဘောကျတယ်..
ကျန့်ကော ဘယ်သူ့ကိုမှစကားမပြောလေကောင်းလေပဲ..
သူကလွဲပြီးတော့ပေါ့..၊

စကားတပြောပြောနဲ့ lobby အောက်ထိ ရောက်လာကြတော့မှ ရှောင်ကျန့်ဆီက ပထမဆုံးစကားထွက်လာတယ်..

" ကျဲ..ပြန်မယ် "

" အင်း.. အားချန်က လမ်းပိတ်နေလို့တဲ့..ခဏလေး "

အခြေအနေကိုရိပ်ဖမ်းမိတဲ့ ဝမ်ရိပေါ်က အကြံသမားလေး ဖြစ်ပြန်တယ် ...

" ကျွန်တော်ပြန်ပို့ပေးရမလား "

" ကျဲက ကားပါတယ် ရိပေါ်ရဲ့.. အခုက အားကျန့်ကို.."

" ကျွန်တော် လိုက်ပို့လိုက်မယ် "

စကားမဆုံးခင်ဖြတ်ပြောတဲ့ ရိပေါ်ကိုရှောင်ကျန့်က သူ့ကိုမျက်မှောင်ကုတ်ကြည့်တယ်..

" ရတယ်..ကျန်းချန်လာလိမ့်မယ် "

" ကောကလဲ..လုပ်ပါ "

ရှောင်ကျန့်က မျက်ခုံးအစွန်းနားကို ခပ်ဖွဖွကုတ်တယ်..
ဝေခွဲမရဖြစ်ရင် လုပ်တတ်တဲ့အကျင့်လေးလို့ ရိပေါ် အရင်က မှတ်ထားခဲ့ဖူးသေး...

တွင်တွင်ငြင်းနေတဲ့ ရှောင်ကျန့်က နောက်ဆုံး သူ ကျန်းလီကျဲကို ကပ်တိုးပြီး အတင်းတိုက်တွန်းခိုင်းတော့မှ ခေါင်းညိတ်လာတော့တယ်..

အမှန်အတိုင်းပြောရရင် နဲနဲတော့ ခံစားရခက်တယ်..
ခါးခါးသီးသီးမဟုတ်တော့ရင်တောင် ရှောင်ကျန့်ရဲ့ ငြင်းဆန်မှုတွေက သူ့ကို ပူလောင်စေတုန်းပဲ..
အရင်စိတ်နဲ့သာဆို လက်ကဆွဲပြီး ကားထဲပစ်ထည့်မိမှာ..
ခုတော့ ထိန်းသိမ်းရတာတွေများလာတယ်..
ပိုပိုမြတ်နိုးလာရတဲ့ လက္ခဏာတွေပဲ ထင်ပါရဲ့..။

.

.

ကားထဲကလေက ဒီနေ့မှ ပိုပူနေသလိုပဲ..
ငြိမ်ငြိမ်လေးထိုင်ပြီး အပြင်ကိုငေးနေတဲ့ ရှောင်ကျန့်ကတော့ သူနဲ့နှစ်ယောက်ထဲရှိနေရခြင်းအပေါ် ဘာမှမခံစားရသလိုပဲ..

" ကော.. ခါးပတ်ပတ် "

"... "

" ကော.. အေးရင် aircon လျော့နော် "

" ... "

" ကော.. သီချင်းနားထောင်ချင်လား "

တတွတ်တွတ်ရွတ်နေတဲ့ ရိပေါ်က ရှောင်ကျန့်အဖတ်မလုပ်လဲ ဂရုစိုက်နေတော့တာပဲ..
ကြာလာတော့ ရှောင်ကျန့် နားညီးမခံနိုင်တော့ဘူးထင်ရဲ့..

" ရိပေါ်..ကားသေချာမောင်း "

" မောင်းပါတယ် ကောရဲ့ "

" အရှေ့ကြည့်မောင်း "

" မောင်းနေတာကို "

ရှောင်ကျန့် သက်ပြင်းချ ခေါင်းတွေခါတယ်..
ဒီကောင်လေးကို သူ မနိုင်ဘူး..
မောင်းလာတာ ဆယ်မိနစ်မပြည့်သေးဘူး..
သူ့ဘက်ပဲလှည့်ကြည့်နေတာ ဘယ်နှခေါက်ရှိနေပြီလဲ..။
နှစ်နာရီနီးပါးမောင်းရမယ့် လမ်းကို ရိပေါ်ကိုဘာလို့ လိုက်ပို့ခွင့်ပြုလိုက်မိလဲ သူ့ကိုယ်သူလဲနားမလည်ဘူး..

" ဟာ..သွားပြီ "

ဘောင်းဘီအိတ်ထဲက အတင်း ဖုန်းထုတ်နေတဲ့ ရိပေါ်ကို ရှောင်ကျန့်က လှမ်းကြည့်တယ်..

" ဘာဖြစ်လို့လဲ "

" ကျွန်တော် ကျိရန်ကောကို မေ့သွားလို့ "

" ကားပြန်လှည့်မလား"

" ရတယ်ကော.. ဟိုကောင့်ကို သွားခေါ်ခိုင်းလိုက်မယ် "

ဖုန်းနှိပ်နေတဲ့ ရိပေါ်လက်ချောင်းတွေပေါ်က ပလတ်စတာလေးတွေကို သူတွေ့နေရတယ်..
အတွေးတွေက လွင့်တယ်..
ကျန်းချန်ကားမောင်းစတတ်ခါစအချိန်ကိုတွေးမိတော့ စိတ်ကထင့်ခနဲ..

" ငါခေါ်ပေးမယ် "

ရိပေါ်လက်ထဲကဖုန်းကိုဆွဲယူလိုက်တဲ့ တခဏမှာ သင့်၏ မသင့်၏ သူ မတွေးမိ..
ကားမောင်းရင်း ဖုန်းမပြောဖို့ကို ကျန်းချန် ကား accident ဖြစ်ဖူးတဲ့အချိန်ကစပြီး သူ့စိတ်ထဲ စွဲနေအောင် မှတ်ထားမိတာ..၊

ဟောက်ရွှမ်းဆိုတဲ့ နာမည်ကိုနှိပ်ပြီး ဖုန်းဝင်သွားတော့မှ ရှောင်ကျန့်က ရိပေါ်နားရွက်နား ဖုန်းကပ်ပေးလာတယ်..

" ဟောက်ရွှမ်း..မင်းဘယ်မှာလဲ "

ဝမ်ရိပေါ် သူ့ကိုယ်သူ သိတယ်..
သေချာနားထောင်ကြည့်ရင် သူ့အသံတွေ တုန်နေလိမ့်မယ်ထင်တယ်..
သူ့ပါးပေါ်ရော နားရွက်နားတဝိုက်ရော ကျန့်ကော လက်ချောင်းထိပ်လေးတွေက လာလာထိနေတာ...
အခု သူ့ရင်ဘတ်ထဲ လျှပ်စီးနေသလိုမျိုး တဆစ်ဆစ်နဲ့...

အဲဒီလူကိုလှည့်ကြည့်တော့ ဖုန်းကိုင်ပေးထားတာ သူမဟုတ်သလို အရှေ့ကိုပဲ ကြည့်နေတုန်း..
ဟောက်ရွှမ်း ဟိုတယ်နေရာမေးတော့ သူ တမင်တကာ အချိန်ဆွဲပြီးဖြေတယ်..
ကျန့်ကောလက်ဖျားလေးတွေဆီ သူ့ပါးတဖက်ကို ခိုးခိုးပြီးထိုးပေးသေးတာ..

ဖုန်းပြောပြီးတော့ ကားထဲကလေထုက တိတ်ဆိတ်သွားပြန်တယ်..
ရိပေါ်ကလဲ ခုနကလို ပေါက်ပေါက်ဖောက်မနေတော့ပဲ ကားကိုအာရုံစိုက်မောင်းတယ်..
တကယ်တမ်းတော့ သူ ထိန်းချုပ်ထားရတာ..
ရှောင်ကျန့်ရဲ့လက်တွေဆီ အကြည့်မရောက်အောင် သူ့စိတ်သူ ထိန်းနေရတာ..

ရှောင်ကျန့်က ဘိန်းလိုပဲ..
တခါထိတာနဲ့စွဲစေတယ်...

အဲဒီလက်တွေကို သူ့လက်ထဲမှာ အံဝင်ခွင်ကျရှိလာဖို့ အရင်တုန်းက ဘယ်လောက်တောင် သူ ယုယခဲ့ရတာလဲ..
မချင့်မရဲနဲ့ ဖျစ်ညှစ်မိရင်တောင် ရုန်းထွက်သွားတတ်လွန်းလို့ သူအမြဲတမ်း ဖွဖွလေးပဲ ဆုပ်ကိုင်ထားခဲ့တဲ့ လက်တွေလေ..

" ငါ ဒီတခေါက်ပြပွဲ မှာ မင်းပန်းချီတွေ ထည့်သုံးဖြစ်မယ်ထင်တယ် "

" အင်း ကော.."

ရှောင်ကျန့် ကားမောင်းနေတဲ့ ရိပေါ်ကိုလှမ်းကြည့်မိတယ်..
အဲဒီကောင်လေးက ပြန်ဖြေနေပေမယ့် စိတ်နဲ့ လူမကပ်သလိုမျိုး..

" ကော "

" အင်း "

" ကျွန်တော်နဲ့ စကားပြောရအောင် "

ကားလေးက လူရှင်းတဲ့လမ်းဘေးမှာ ထိုးရပ်သွားတယ်..
ရိပေါ်က သက်ပြင်းတွေချတယ်..
လက်နှစ်ဖက်ကို ပွတ်လိုက် ဆံပင်ကိုခပ်ကြမ်းကြမ်းလှန်တင်လိုက်နဲ့ တယောက်ထဲဗျာများနေတာ ရှောင်ကျန့်မြင်နေရတာပါပဲ..
ခဏကြာတော့မှ သူ့ဘက်လှည့်လာရင်း..

" ကော.. ကျွန်တော်ရူးတော့မယ်ထင်တယ် "

စိတ်လှုပ်ရှားနေပုံရတဲ့ ရိပေါ်ကို သူဘာမှပြန်မဖြေဖြစ်ဘူး..
ဘယ်လိုတုန့်ပြန်ရမလဲ မသိတာလဲ ပါပါလိမ့်မယ်..

" ကျွန်တော်တို့ အရင်အတိုင်း ပြန်နေလို့မရဘူးလား..ဟင် "

" အရင်အတိုင်း..? "

" အင်း "

" ဘာကိုလဲ "

ရိပေါ်က သူ့မျက်ဝန်းတွေကို စိုက်ကြည့်လာတယ်..
အကြည့်လွှဲချင်ပေမယ့် သူမလုပ်မိဘူးထင်တယ်..

" အရင်က ကောက မင်းနဲ့ငါလို့မပြောဘူး "

" ..... "

" ပြီးတော့ ကျွန်တော့်ကိုလဲ အလိုလိုက်တယ်..ကျွန်တော် ဝမ်းနည်းရင်လဲ အလိုလိုသိတယ်..ဂရုစိုက်တယ်.. နွေးထွေးပေးတယ် "

" .... "

" ပြီးတော့... မသိတော့ဘူးကောရယ်.. ဘယ်ကဘယ်လို ဒီအခြေအနေထိရောက်သွားလဲ မသိပေမယ့် ကျွန်တော်မှားခဲ့သမျှက ကောကို ချစ်လို့ ဆိုတာတော့ ကောသိတယ်မလား..ဟင် "

" ရိပေါ်.. "

" ဟင့်အင်း..နေဦး ကော..အခုက ကျွန်တော် အတ္တကြီးသလိုဖြစ်နေတယ်ဆိုတာလဲ ကိုယ့်ကိုယ်ကို သိတယ်..သိလို့ ကျွန်တော့်ကိုယ်ကို မရောင့်တက်မိဖို့လဲ အကြိမ်ကြိမ် သတိပေးခဲ့တာပဲ "

" .... "

" မရဘူး ကောရဲ့.. ကျွန်တော့်ကို ကော သူစိမ်းတယောက်လို ဆက်ဆံနေတာ ကျွန်တော် နည်းနည်းလေးတောင် မခံနိုင်တော့ဘူး "

စကားတွေ ဆက်တိုက်ပြောထားတဲ့ ရိပေါ်က အဝေးကမနားတမ်းပြေးလာသူလိုပဲ အသက်ရှုတွေမြန်နေတယ်..
ပြောနေရင်းနဲ့လဲ လက်တွေက ရှောင်ကျန့်ပုခုံးကိုပဲ ကိုင်တော့မလို လက်ကိုပဲဆွဲတော့မလိုနဲ့ တကယ်တမ်းကျ ဘယ်ကိုမှမထိရက်ဘဲ ဗျာများနေခဲ့ပြန်တယ်...

" မင်း အခုဒီစကားတွေကို လမ်းကြုံလို့ပြောနေတာလား "

မျက်နှာကို ဖြတ်ရိုက်ရင်တောင် အနာအကျင်နည်းဦးမလားပဲ..
ရှောင်ကျန့်က အဲလိုစကားအထိ ပြောထွက်ရက်တယ်တဲ့..

" ကျန့်ကော..ခင်ဗျားဗျာ.. "

တိတ်ဆိတ်မှုက နောက်တဖန်ရောက်လာတယ်..
သူ့ တသက်မှာတစ်ခါပဲ ခမ်းခမ်းနားနားပေးချင်ခဲ့မိတဲ့ မေတ္တာတရားကို အဲဒီလူ တမြေ့မြေ့နင်းချေနေတုန်း..

ရိပေါ်ကားပေါ်ကဆင်းလာတယ်..
ကားဘီးကို ကန်ကျောက်ပြီး စိတ်တွေလွှတ်ချကြည့်တယ်..
မရပါဘူး..
မွန်းကျပ်လိုက်တာ သေမတတ်ပဲ...။

.

.

ရှောင်ကျန့် စိတ်ရှုပ်လာတယ်..
ဝမ်ရိပေါ်ကို တခုခုတုန့်ပြန်မိလိုက်တိုင်း ဘာလို့ သူပဲမှားနေသလိုမျိုး ခံစားနေရတာလဲ နားမလည်နိုင်တော့..

သူ ဒီကောင်လေးကြောင့် ပျော်ရွှင်ခဲ့ရတာမှန်ပေမယ့်.. သူ့နှလုံးသားပြန်လှုပ်ရှားလာရတာမှန်ပေမယ့်..
ဝမ်ရိပေါ်က ရှောင်ကျန့် မချစ်သင့်တဲ့သူလေ..

သူ ရိပေါ်ကို အဆုံးစွန်ထိ အလိုလိုက်ပေးခဲ့ဖူးတယ်..
အသေအချာပြောရရင် သူ့နှလုံးသားကိုပါ အဲဒီခပ်ဆိုးဆိုးကောင်လေးဆီ ပေးပစ်ဖို့ထိပါ မိုက်မိုက်မဲမဲ ဆုံးဖြတ်ခဲ့တဲ့ ထိပဲ..

အရင်တုန်းက အယုံလွယ်ခဲ့လို့ ရူးမတတ်ဖြစ်ခဲ့တဲ့သူက နောက်တခါ ထပ်ယုံမိလို့ အလူးလူးအလဲလဲဖြစ်ရမယ်လို့ သူ မထင်ခဲ့တဲ့အထိ ဒီကောင်လေးကို သူယုံခဲ့တာ..
ဒါပေမယ့် သူဘာပြန်ရခဲ့လဲ..

မွေးနေ့မို့ တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့တဲ့ အဲဒီကောင်လေးက သူ့ဆီရောက်မလာခဲ့ဘဲ တခြားသူတယောက်နဲ့ ပူးကပ်နေခဲ့တဲ့ဓာတ်ပုံတွေ သတင်းတွေပဲ ရောက်လာခဲ့တယ်..

ဖြစ်လာနိုင်ချေရှိတဲ့ အကြောက်တရားအမျိုးမျိုးကို ချိုးနှိမ်ဖို့ သူကြိုးစားနေတဲ့အချိန်မှာ ဝမ်ရိပေါ်က တခြားတယောက်ရင်ခွင်ထဲကနေ သူ့ကို လိမ်ညာနေခဲ့တာလေ..

ကံတရားက ရှောင်ကျန့်ဘက်မှာ ဘယ်တော့မှမရှိဘူး..

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကအတိုင်း တပုံစံထဲ သူကစွန့်ပစ်ခံရပြန်တာပဲ..
မတူညီတာက တစ်ခုထဲ..
ဝမ်ရိပေါ်က အဲဒီသတင်းတွေကို ငြင်းခဲ့တယ်တဲ့..
ဒါပေမယ့် အဲဒီကောင်လေးနဲ့ ပတ်သတ်မိမှ social media ဆိုတာ စိတ်ဝင်စားတတ်ခဲ့တဲ့ ရှောင်ကျန့်အတွက်တော့ အဲဒီသတင်းတွေအောက်က လူတွေဝင်ရေးထားတဲ့ စာကြောင်းတကြောင်းစီက ဒဏ်ရာတွေဖြစ်ပြန်တယ်..

ရိပေါ်က သူထင်ထားတာထက် အောင်မြင်နေတဲ့သူ..
ဘယ်လိုပုံစံနဲ့မှ လူတွေမျက်စိအောက်က ထွက်ပြေးလို့မရတဲ့ ကောင်လေးနဲ့ လူတော မတိုးရဲတဲ့ ရှောင်ကျန့်နဲ့က မိုးနဲ့မြေလိုကွာနေတာများ..
ဘယ်လောက်ပဲ စိတ်ထိန်းထားပါစေ သူ လူတွေကိုကြောက်နေတုန်းပဲ..
ရိပေါ်နဲ့ပတ်သတ်မိရင် ဖောင်းပွလာမယ့် ပတ်ဝန်းကျင်ကစကားတွေကို သူ ဘယ်လိုမှ တောင့်ခံနိုင်မယ်မထင်ဘူး..

အဲဒီနောက်ပိုင်း ရိပေါ်သူ့နားရောက်လာရင် ရှောင်ကျန့် မွန်းကျပ်လာတယ်..
ရိပေါ်ကိုကြည့်နေပေမယ့် သူမြင်နေရတာ တခြားတယောက်ဖြစ်လာတယ်..
တချိန်ချိန် ရိပေါ်ဆီက ခင်ဗျားက အညှာလွယ်တာကိုး ဆိုပြီးပြောလာခဲ့ရင် ဆိုတဲ့အတွေးတွေကြောင့် သူအမြဲ ထိတ်လန့်နေခဲ့တယ်..

နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တာက ဝမ်ရိပေါ်နဲ့ သူ ဝေးဝေးနေဖို့ ...
ဘယ်သူမှမသိပေမယ့် အဲဒီရက်တွေတုန်းက သူ တကယ်ရူးသွားတော့မလို ခံစားခဲ့ရတာ...၊

အဲဒီနောက်ပိုင်း ရိပေါ်ဘာလုပ်လုပ် သူ ဥပေက္ခာပြုပြီးနေတယ်..
ဒါပေမယ့် သူသာ ထိန်းချုပ်ထားလိုက်ရင် အဆင်ပြေသွားမှာဆိုတဲ့ အတွေးတွေက အဲဒီကောင်လေး တဇွတ်ထိုးတဇောက်ကန်း လုပ်ရပ်တွေမလုပ်ခင်ထိလေးပဲ မှန်ပြန်တယ်...

မျက်ရည်တွေ ဒဏ်ရာတွေတလှည့်စီနဲ့ရောက်လာတတ်တဲ့ ရိပေါ်ကြောင့် သူ အကြိမ်ကြိမ်ပျော့ညံ့သွားမိတယ်..
အတင်းအကျပ်ထွေးပွေ့မှုတွေကိုလဲ ကြောက်လန့်ရင်းနဲ့ပဲ မသိစိတ်က ငြိမ်သက်ပေးခဲ့မိပြန်ရော..
ဒါပေမယ့် ပြောထွက်ခဲ့သမျှစကားအခွန်းတိုင်းကတော့ သူ့နှလုံးသားနဲ့ဆန့်ကျင်ဘက်ဖြစ်ပြန်တယ်..

တယောက်ထဲ လွန်ဆွဲရတာကြာတော့ ပင်ပန်းလာတယ်
ရှောင်ကျန့် သူ့ကိုယ်သူလဲ မချင့်မရဲနဲ့ မုန်းလာရဲ့ ...
အခုလဲ ဒီလိုပဲဖြစ်လာပြန်ပြီ..

ကားပေါ်ပြန်တက်လာပြီး မောင်းထွက်လာထဲက စကားတခွန်းမှ မပြောတော့တဲ့ ရိပေါ်က သူ့ဘက်ကိုလဲ လှည့်မကြည့်လာတော့..
တချက်တချက် အံတင်းတင်းကြိတ်လိုက်တာတွေ.. ဝေ့ဝဲလာတယ်ထင်ရတဲ့ မျက်ရည်တွေ.. ပလတ်စတာတွေမရှိတော့တဲ့ လက်ခုံပေါ်က သွေးပြန်စို့နေတဲ့ ဒဏ်ရာတွေ..
သူအကုန်မြင်နေခဲ့ရတယ်..။

ရှောင်ကျန့် အိမ်ရှေ့ရောက်တော့ အချိန်ကမနည်းတော့..
ကားရပ်ပြီးတာကြာတာတောင် မဆင်းသေးတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ် ငဲ့ကြည့်မိတော့ သူ့ကိုပြန်ကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ဆုံပြန်တယ်..

သူ ရှောင်ကျန့် မျက်ဝန်းတွေကိုဘယ်တော့မှ နားလည်နိုင်မလဲ မသိဘူး..
သူ့အကြည့်တွေကို လှုပ်ရှားဖို့ပြင်နေတဲ့နှုတ်ခမ်းတွေဆီ လွှဲလိုက်မိတယ်..

" နောက်ကျနေပြီ.. ။ မင်း... "

" .... "

" မနက် အလုပ်မရှိရင် ဒီမှာအိပ်သွား "

ရှောင်ကျန့် ကားပေါ်က ဆင်းသွားတဲ့အထိ ရိပေါ် ကြောင်ငေးကျန်ခဲ့တယ်..
ဘာလဲ ကောရယ်...
ကြာရင် ကျွန်တော် တကယ် ရူးတော့မယ်..။

.

.

.

အခု ရိပေါ် ဧည့်ခန်းမှာထိုင်ပြီး ရှောင်ကျန့်အခန်းတံခါးကို ငေးနေရတယ်..
အဲဒီလူက အခန်းထဲမဝင်ခင် ခဏထိုင်စောင့် ဆိုပြီး ပြောသွားတာမို့လို့တဲ့..

သူ အခု ဒဏ်ရာရတာကို သဘောကျတတ်နေပြီ..
ကောက ဒါတွေတွေ့တိုင်း သူ့ကို ပြန်ဂရုစိုက်တတ်တယ်လေ..
မျက်စိရှေ့က ဆေးသေတ္တာလေးကို ကြည့်ပြီး ရိပေါ် အတွေးများနေတာကို ရှောင်ကျန့်က နားမလည်သလို ကြည့်လာတယ်..

" လက်ပေး "

" ဟင်.. "

" မင်းလက်ပေး.. ဆေးထည့်ရမယ် "

" ရတယ် ကော.. ကျွန်တော်ဘာသာထည့်လိုက်မယ် "

ရိပေါ်က ပြောပြောဆိုဆိုနဲ့ ဆေးထည့်ခြင်းအမှုကို သူ့ဘာသာလုပ်တယ်..
ပတ်တီးစည်းဖို့လုပ်တော့မှ တိုင်ပတ်နေတာကို ရှောင်ကျန့်က မျက်မှောင်ကုတ်ပြီး စိုက်ကြည့်တယ်..

" ပေး..ငါ စည်းပေးမယ်."

" ရတယ် ကော..ကျွန်တော် "

" ဘာဖြစ်နေတာလဲ..မင်းအသား ငါထိမှာစိုးလို့လား "

ရိပေါ်လက်တွေရပ်တန့်သွားတယ်..
နှုတ်ခမ်းကလဲ ဘာတွေမှန်းမသိ ပွစိပွစိပြောရင်း ရှောင်ကျန့်ဆီကို ပတ်တီးစလေး ထိုးပေးလာတယ်..
ဝမ်ရိပေါ်က ဒီလိုအချိန်ဆို ကလေးပေါက်စလေးလိုပဲ..

" ငါ မင်းကို ဘာပြောထားလဲ "

" .... "

" နောက်မလုပ်နဲ့လို့ ပြောထားတာလဲ မင်းနားမထောင်ဘူး "

" .... "

" ကလေးလဲမဟုတ်တော့ဘူး မင်းက "

သူ့လက်ကို ဖွဖွလေးကိုင်ပြီး ပတ်တီးစည်းပေးနေတဲ့ ရှောင်ကျန့်ကို မပြတ်ငေးနေရတာနဲ့ ရိပေါ်ဘာမှပြန်မပြောဖြစ်..
ဒါ အိပ်မက်များလား..

" ကော.. "

" ဘာလဲ "

" အခု ကောဘာမှမဖြစ်ဘူးလားဟင် "

ရှောင်ကျန့်က နားမလည်သလို မျက်ခုံးပင့်ပြီးမော့ကြည့်လာတယ်..

" ကျွန်တော့်လက်ကို ကော ကိုင်နေတာလေ "

" အရင်က မကိုင်ဖူးလို့လား "

ရိပေါ် ဗိုက်ထဲ လိပ်ပြာတသိန်းလောက်ရောက်လာသလိုပဲ..
သူ ဖင်တကြွကြွဖြစ်လာတယ်..

" ဟိုလေ..ကောရာ..ကျွန်တော်ပြောချင်တာ ကောဘာမှမဖြစ်ဘူးလားလို့.. အခု ကျွန်တော့် အသားနဲ့ထိနေတာကိုလေ "

ရိပေါ် မျက်ဝန်းတွေက မျှော်လင့်ချက်နဲ့ တဖျတ်ဖျတ်လက်နေသလားပဲ..
ရှောင်ကျန့်သူ့ကို မျက်မှောင်ကုတ်ကြည့်ပြန်တယ်..
ခဏကြာတော့မှ သဘောပေါက်သွားဟန်နဲ့ ငုံ့ပြီး ပတ်တီးဆက်စည်းတော့ ရိပေါ်မှာ နေမထိထိုင်မသာ ဖြစ်ကျန်ခဲ့ပြန်ရော..

" ဟင်လို့.. ကော "

" မဖြစ်ဘူး "

" ကော..တကယ်လား..ကောလို့ "

" ဘာဖြစ်နေတာလဲ.. တကောကောနဲ့ "

" ဟီး.. ကျွန်တော်သေတော့မယ် ကောရဲ့ "

" သေတော့မယ့်သူက အရူးလိုရယ်မနေဘူး "

အူမြူးနေတဲ့ ရိပေါ်လက်ကို ရှောင်ကျန့် တမင်တကာ ဖိပစ်လိုက်တာတောင် ဒီကောင်လေးက ပြုံးနေတုန်း..
ကြာတော့ ရှောင်ကျန့်ပါ စိတ်ပေါ့ပါးလာသလိုပဲ..

" ပြီးပြီ.. မင်းအိပ်ချင်ပြီဆို အရင်တခါအခန်းမှာအိပ်လို့ရတယ် "

" ကော.. "

" TV ကြည့်ချင်ရင်လဲ ကြည့် သိပ်ညမနက်စေနဲ့ "

" ကောလို့.. "

" ငါ အိပ်တော့မယ် "

ရှောင်ကျန့်ထရပ်ဖို့ပြင်တော့ ရိပေါ်က သူ့လက်ကို လှမ်းဆွဲတယ်..
သူပြန်ရုန်းတော့ အဲဒီကောင်လေးက အတင်းဖျစ်ညှစ်ပြီး ဆွဲထားပြန်ရော..

" ခဏလေး ကောရယ်.. ခဏလေး "

နောက်ဆုံးတော့ သူ့ လက်တဖက်က ဟိုအရင်ကလို ရိပေါ်လက်တွေထဲ နွေးနွေးထွေးထွေးလေး နစ်မြုပ်လို့..
သူ့လက်ဖဝါးကို လက်မလေးနှစ်ချောင်းနဲ့ နှိပ်လိုက် တချက်တချက်ဖျစ်ညှစ်လိုက်နဲ့ တယောက်ထဲအ လုပ်ရှုပ်နေတဲ့ ရိပေါ်က သူ့စိတ်တွေကို အစိုးမရစေတာ အမှန်ပဲ..
တခါတလေ သူ ဒီကောင်လေးကို ယုံကြည်ပစ်လိုက်ချင်တဲ့ စိတ်တွေလဲ ဖြစ်ရပြန်တယ်..

" ကော.. ကျွန်တော်လိမ္မာမယ်လေ နော် "

" .... "

" ကောမကြိုက်တာ အကုန်ပြော.. ကျွန်တော်ပြင်မယ်လေ..နော် "

" ဘာဆိုင်လို့လဲ.. မင်းဘာသာနေချင်သလိုနေပေါ့ "

" ဆိုင်တာပေါ့.. ကျွန်တော်မှ ကောရဲ့ဝေးဝေးမှာ မနေနိုင်တာ "

" တော်တော့.. "

" ဟင့်အင်း.. ထပ်မောင်းမထုတ်နဲ့တော့ကောရာ "

" ရိပေါ် မင်းဆိုးဆိုးလာတယ်နော် "

" ဘာဆိုးလို့လဲ.. အခု ကျွန်တော် ဘယ်လောက်ထိန်းချုပ်ထားရလဲ ဆိုတာ ကောမသိဘဲနဲ့ "

ရှောင့်ကျန့် ငြိမ်ကျသွားတယ်..
ရဲတက်လာတဲ့ နားရွက်လေးကိုလဲ ဝမ်ရိပေါ်က မြတ်နိုးချင်လွန်းလို့ ခက်ရပြန်တယ်..
ရှက်နေတာကို အတင်းဟန်ဆောင်နေတဲ့ ရှောင်ကျန့်က သိပ်ချစ်ဖို့ကောင်းတယ်..

" အရင်လို ပြန်နေကြမယ်လေ..နော် ကော "

" အင်းအင်း..ဒါပဲမလား..လွှတ်တော့ "

သူ လွှတ်ပေးလိုက်တာနဲ့ ကျန့်ကောက နှုတ်တောင်မဆက်ဘဲ အခန်းထဲ တန်းဝင်သွားတော့တာပဲ..
ဧည့်ဝတ်မကျေတဲ့ အိမ်ရှင်လေးကိုလဲ ဒီကကောင်က မြတ်နိုးရပါတယ်လေ..

~~~~~~~~~




Ipagpatuloy ang Pagbabasa

Magugustuhan mo rin

131K 7.7K 54
ရင္​း....ကိုယ္​မင္​းကိုအရမ္​းခ်စ္​တယ္​... လန္​ဝမ္​့က်ီး လန္​က်န္​႔က ငါ့ကို ခ်စ္​တယ္​တဲ့... ငါက သူ႔ညီျဖစ္​ရက္​နဲ႔​ေလ... ​ေဝ့ဝူ႐ွန္​႔ ရင်း....ကိုယ်မင်း...
129K 14.4K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
156K 20.5K 15
Xiao Zhan + Wang Yibo (short story)