[ Zawgyi ]
မနက္ ၅ နာရီ..
မလင္းမေမွာင္ အျပင္ဘက္က တိတ္တိတ္ဆိတ္ဆိတ္ပဲ..
တခ်က္တေလ သဲ့သဲ့ၾကားရတတ္တဲ့ ေဆးရံုကားအသံေတြသာ မရွိရင္ ပိုေကာင္းမယ္လို႔ သူေတြးမိေသး...
ရိေပၚ ဒီရက္ပိုင္းေတြ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္တာၾကာၿပီ..
တကယ္က သူ ေမ့ေမ်ာၿပီး တရက္လံုးနီးပါး အိပ္ေပ်ာ္ခဲ့တဲ့ ေန႔ကလြဲၿပီး ေနာက္ေန႔ေတြ ေကာင္းေကာင္းမွ အနားမယူျဖစ္ခဲ့ပဲေလ...
လက္ကဒဏ္ရာေတြက တခ်က္တခ်က္ကိုက္တယ္..
တခါတေလ ကိုယ္ပူထႀကီးတတ္လို႔ တကိုယ္လံုးခ်မ္စိမ့္ေနတတ္တာက လြဲရင္ သူ ေနေကာင္းေနၿပီထင္တာပဲ..
ေဆးေတြလဲ မေသာက္ခ်င္ဘူး..
ဘာမွမဆိုင္ေပမယ့္ က်န္႔ေကာကိုလြမ္းတယ္..
က်န္းလီက်ဲကေျပာေတာ့ ဝမ္ရိေပၚမွာ ေရြးခ်ယ္ခြင့္ရွိေသးတယ္တဲ့..
သူ သိပ္ေတာ့နားမလည္ခ်င္ဘူး..
ဘာနဲ႔ယွဥ္ၿပီး ဘာကိုေရြးရမွာလဲဆိုတာကိုေပါ့..
ေရွာင္က်န္႔ရဲ႕ေရာဂါအေၾကာင္းသိၿပီးတဲ့ေနာက္ သူနည္းနည္းေလးေတာ့ တုန္လႈပ္သြားတာမွန္ေပမယ့္..
နည္းနည္းေလးေတာ့ ေနာင္တရတာမွန္ေပမယ့္..
ေရွာင္က်န္႔ဆိုတာ ဘယ္လိုလူမွန္းမသိခင္ထဲက သူ ခ်စ္ခဲ့တာ..
သူ႔မွာ ေရွာင္က်န္႔ကိုပဲ ေရြးစရာရွိတာမဟုတ္လား..၊
အဲဒီလူကို မေတြ႕ရတဲ့ နာရီေတြက ရာခ်ီေနၿပီ..
ျဖစ္ႏိုင္ရင္ အခုခ်က္ခ်င္း ေရွာင္က်န္႔ကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး ေတာင္းပန္ခ်င္တယ္..
စိတ္တိုၿပီးဆြဲထိုးရင္ေတာင္ သူေပေတခံခ်င္တယ္..
ဒါေပမယ့္ ဝမ္ရိေပၚက သူ႔ေလာဘတစ္ခုထဲနဲ႔ ေရွာင္က်န္႔ရဲ႕အားနည္းခ်က္ကို ဖိနင္းခဲ့မိတယ္ဆိုတဲ့ အေတြးက သူ႔စိတ္အလိုကိုမလိုက္ဘူး..
သူအတင္းနမ္းလိုက္လို႔ ေမ့ေမ်ာသြားတဲ့ ျဖဴစြတ္စြတ္မ်က္ႏွာေလးက သူ႔ကို ေနာက္ထပ္ျမင္ခ်င္ပါ့မလားဆိုတဲ့ ေမးခြန္းေတြက ေျပးေတြ႕ခ်င္စိတ္ကို သတ္သတ္ခ်တယ္..
ဒါေပမယ့္ ဝမ္ရိေပၚက ဝမ္ရိေပၚပဲထင္ပါရဲ႕..
ေဆးရံုေပမယ့္လည္း ေန႔ဘက္ဆို လိုက္ၾကည့္တတ္တဲ့ မ်က္လံုးေတြမ်ားလို႔ ညသန္းေခါင္ဆို က်န္႔ေကာအခန္းေရွ႕ သူေရာက္ေရာက္သြားတတ္တယ္...
ဘယ္သူမွ မသိလဲ သူက တံခါးမႉးေလးလုပ္ၿပီး ေစာင့္ေရွာက္ခ်င္ေသးတာ..
က်ိရန္ေကာတို႔ကေတာ့ ေရွာင္က်န္႔ကို အခ်ိန္ေပးဖို႔ သူ႔ကိုေျဖာင္းဖ်တယ္..
ေပးလိုက္တဲ့စကၠန္႔အမၽွ ဝမ္ရိေပၚ အသက္တိုခ်င္လာတာ ဘယ္သူမွမသိဘူး...
သူ အဲဒီေလာက္ထိလြမ္းတယ္...၊
ေဆးလိပ္ရွိက္မရ
အရက္ေသာက္မရ
ဘယ္နည္းနဲ႔မွ စိတ္ေျဖစရာမရွိတဲ့ ဒီေဆးရံုက ဘယ္နည္းနဲ႔မွ အဆင္မေျပဘူး..
ျဖစ္ႏိုင္ရင္ အိပ္ေဆးေတြပဲထိုးေပးေစခ်င္ေတာ့တယ္..
မဟုတ္ရင္ အဲဒီလူဆီပဲ ေျပးသြားခ်င္မိေနလို႔ သူ႔အတြက္ စကၠန္႔တိုင္းက ခက္ခဲလာတယ္..
ေရွာင္က်န္႔ရဲ႕ ဥေပကၡာေတြကို ႀကိဳေတြးၿပီးေၾကာက္ေနရတာကလဲ အိပ္မက္ဆိုးလိုပဲ...
ဒါေပမယ့္ အဲဒီအိပ္မက္ဆိုးေတြကိုေတာင္ ဝမ္ရိေပၚက မက္မက္ေမာေမာနဲ႔ ေျပးေတြ႕ခ်င္ေနေသးတာ..
" ရိေပၚ .. ႏိုးလာတာလား မအိပ္ေသးတာလား "
အသံၾကားရာၾကည့္လိုက္ေတာ့ က်ိရန္ေကာ..၊
တခါမွ ဒီလိုခ်ိန္မလာဖူးေပမယ့္ သူ နားလည္လိုက္တယ္..
ညက တစ္နာရီေလာက္ႀကီး ေဟာက္ရႊမ္း သူ႔ဆီေရာက္လာတယ္..
ဘာစကားမွ မေျပာဘဲ အခန္းေထာင့္ကဆိုဖာေပၚ သြားေကြးေနေတာ့တာပဲ..
" ေကာလဲ ၾကည့္က်က္ႏွိပ္စက္ဦး "
" မင္းကဘယ္လဲ "
" လမ္းေလၽွာက္မလို႔.. အဲေကာင္ကို ခုတင္ေပၚတက္အိပ္ခိုင္းလိုက္ "
" mask ယူသြား "
ရိေပၚက ေခါင္းခါၿပီး အျပင္ဘက္ထြက္သြားေတာ့ က်ိရန္အာရံုက ဆိုဖာေပၚေကြးအိပ္ေနတဲ့ ေဟာက္ရႊမ္းဆီေရာက္သြားတယ္...
ေခါင္းအံုးလဲမရွိ ေစာင္လဲမျခံဳဘဲ အိပ္ေနတာမ်ား..
လူကို တျခားတေယာက္နဲ႔ စြပ္စြပ္စြဲစြဲေတြ ေျပာဆို ရန္ရွာသြားၿပီးမွ ဒီလို သနားစရာျဖစ္ေအာင္ ေနေနစရာလား..
" ေဟာက္ရႊမ္း.. ထေတာ့ "
အအိပ္ဆတ္တဲ့သူမို႔ ၾကာၾကာမႏွိဳးလိုက္ရေပမယ့္ က်ိရန္ကိုျမင္တာနဲ႔ ေခါင္းျပန္ေမွာက္သြားတဲ့အျပင္ လက္နဲ႔ပါကြယ္ထားလိုက္ေသး..
" ထ..ကုတင္ေပၚသြားအိပ္ "
အေျဖမရွိဘဲ တိတ္ဆိတ္ေနတဲ့ ပံုစံက ေဟာက္ရႊမ္းနဲ႔ မလိုက္မဖက္..
ဒါေပမယ့္ သူက ေခ်ာ့ဖို႔လာတဲ့သူဆိုေတာ့လဲ စိတ္ရွည္ရျပန္တယ္..
" ထပါဆို..အလကားေနရင္း ဖ်ားဦးမယ္ "
" သြားစမ္းပါ.. လာဂရုမစိုက္နဲ႔ခုမွ "
" သြားမွာ စိတ္မပူနဲ႔.. အခု အရင္ထ "
က်စ္ခနဲစုတ္သပ္ၿပီး ေဟာက္ရႊမ္းကထလာတယ္..
ၿပီးေတာ့ ကုတင္ေပၚသြားထိုင္ရင္း သူၾကားရံုေလာက္ေလး ေျပာလာတယ္..
" ရၿပီမလား.. သြားေတာ့ "
ဆံပင္ကိုသပ္ေပးဖို႔လွမ္းေနတဲ က်ိရန္လက္ေတြက ေလထဲမွာပဲ လမ္းေပ်ာက္သြားရဲ႕..
" ေဟာက္ရႊမ္း.. မင္းမ်ားၿပီေနာ္ "
" ဘာလဲ..သြားခ်င္ေနတဲ့သူကို သြားခိုင္းတာလဲ ကၽြန္ေတာ့အျပစ္ပဲလား "
" ၿပီးတာပဲ..ေနခ်င္သလိုေနေတာ့ "
သူစိတ္တိုတိုနဲ႔ ျပန္ဖို႔ေက်ာခိုင္းေတာ့ ကုတင္ေပၚကေခါင္အံုးက သူ႔ထက္အရင္ တံခါးဝေရာက္ႏွင့္တယ္..
အလကားေနရင္း ေဆးရံုမွာ ေသာင္းက်န္းခ်င္တဲ့ေကာင္ကို သူစိတ္ပ်က္လာတယ္..
" ခင္ဗ်ားပဲ အျမဲမွန္ေနတာ မပ်င္းဘူးလား.. ကၽြန္ေတာ္ကခင္ဗ်ား ဘာလုပ္လုပ္ ကပ္ရပ္ေနမယ့္သူဆိုၿပီး ေစာက္ထင္ေသးေနတာလဲ မေလ်ာ့ေတာ့ဘူးလား "
တခါမွ မေျပာဖူးတဲ့ေလသံနဲ႔ အေခၚအေဝၚေတြပါ ေျပာင္းၿပီး ရုတ္တရတ္ႀကီး ေပါက္ကြဲပစ္ေနတဲ့ ေဟာက္ရႊမ္းကိုၾကည့္ၿပီး သူ႔ေဒါသေတြတက္လာတာမ်ား တရိပ္ရိပ္..
" ဘာကိုကပ္ရပ္ေနတာလဲ..မင္းက အဲဒီလိုေနမယ့္ေကာင္မို႔လို႔လား.. အားေန ငါ့ပတ္ဝန္းက်င္က လူတိုင္းနဲ႔ လုိက္သမုတ္ လိုက္သဝန္တိုၿပီး ေနရာမေရွာင္ ေသာင္းက်န္းတတ္ေနတဲ့ မင္းကေတာ့ မွန္တယ္ေပါ့ ဟုတ္လား "
" အဲဒါပဲ..ေနာက္ဆံုးေတာ့အဲဒါပဲမလား.. ေတာက္! "
ညက က်ိရန္ သူငယ္ခ်င္းေဟာင္းေတြနဲ႔သြားေတြ႕တုန္း ဒီေကာင္ေလးဖုန္းကို မကိုင္ဘဲေနခဲ့တာ..
SNS မွာတက္လာတဲ့ပံုေတြထဲက ေက်ာင္းတုန္းက က်ိရန္ရည္းစားေဟာင္းဆိုတဲ့ တေယာက္နဲ႔ ပံုကိုေဟာက္ရႊမ္းေတြ႕သြားၿပီး သူ႔ကို ခ်က္ခ်င္း ျပန္လာဖို႔ စာေတြထိုင္ပို႔ေနတာကို စိတ္ရႈပ္လို႔ ခဏ block ထားမိရာက စတာပဲ..
ထံုးစံအတိုင္း သဝန္တိုစိတ္ေကာက္ ၿပီးရင္ ျပန္လာေခၚမွာပဲ ထင္လိုက္တာ..
ဒီ ဘာမဟုတ္တာေလးနဲ႔ ဒီေလာက္ထိ ျဖစ္ေနလိမ့္မယ္လို႔ ဘယ္သူကထင္မလဲ..
ၿပီးေတာ့ဘယ္ဘက္ကၾကည့္ၾကည့္ သူမမွားတာလဲ အမွန္ပဲ.
" ခင္ဗ်ားက တကယ့္ေစာက္ရူး သိလား "
" အ..လႊတ္!! "
က်ိရန္ ပုခံုးကို ဆြဲညႇစ္လာတဲ့လက္ေတြထဲ ေဒါသေတြက အျပည့္..
" ကၽြန္ေတာ္ဘာလုပ္လုပ္ သဝန္တိုတယ္ မနာလိုျဖစ္တယ္ဆိုတဲ့ အဲဒီ ေစာက္တလြဲေခါင္းစဥ္ေအာက္ပဲ အကုန္ပစ္ထည့္ေတြး..သိလား "
" ဖယ္စမ္း ! "
" ဘာမွဟုတ္ခြင့္မရတဲ့ေကာင္မို႔ ခင္ဗ်ားကိုလက္လႊတ္ရမွာ ေၾကာက္ေနတာ ေစာက္ရူးရဲ႕ "
" .... "
" ေနာက္တေကာင္ေပၚလာပါၿပီတဲ့.. ဘယ္ရပိုင္ခြင့္နဲ႔ ဆြဲထားရမွာလဲ.. ဟမ္ ကၽြန္ေတာ္က ဘာလဲ ခင္ဗ်ားအတြက္.. "
" ..... "
" ေနာက္ဆို ကၽြန္ေတာ္ သဝန္တိုလြန္းလို႔ ခင္ဗ်ားကပဲ နစ္နာရပါတယ္ဆိုၿပီး ေစာက္ေရးမပါတာေတြ လာမေျပာနဲ႔ေတာ့ "
" ..... "
" ကၽြတ္စ္...သြားပါေတာ့ဗ်ာ "
သြားပါေတာ့ဆိုေပမယ့္ သူ႔ကိုတြန္းၿပီး ထြက္သြားျပန္တဲ့ ေဟာက္ရႊမ္းရဲ႕ မ်က္ဝန္းသားေတြက ရဲတက္ေနခဲ့တယ္..
ပထအဆံုးအႀကိမ္ ျမင္ဖူးတာ မဟုတ္ေပမယ့္ ဒီတခါမွာ ရင္ဘတ္ကစူးခနဲပဲ..
မငိုဘဲလဲ မ်က္ရည္ကဝဲခ်င္လာတယ္..
ဒီဝမ္လူဆိုးေကာင္က သူဘာသူ ေပါက္ကရေလၽွာက္ခံစားၿပီး ငါ့ကို လူဆိုးျဖစ္ေအာင္လုပ္သြားတာ..
မင္းကမွ အယိုင္းေကာင္
မင္းကမွ ေစာက္ကန္း... ။
.
.
.
" ရိေပၚ? "
လမ္းေလၽွာက္မယ္ဆိုၿပီးထြက္လာေပမယ့္ ဝမ္ရိေပၚရဲ႕ လမ္းတိုင္းက က်န္႔ေကာဆီပဲေရာက္ျပန္တယ္..
က်န္႔ေကာ အခန္းေရွ႕မွာ ရပ္ေနမိတုန္း သူ႔နာမည္ေခၚတာၾကားလို႔ ၾကည့္လိုက္ေတာ့ က်န္းလီက်ဲ..
သူခိုးလူမိရင္ ဘယ္လိုဆိုတာ ဝမ္ရိေပၚတေယာက္ တကယ္လက္ေတြ႕မွာ ခံစားလိုက္ရရဲ႕..
မ်က္ႏွာကစပ္ဖ်င္းဖ်င္းျဖစ္လာသလိုလို လည္ပင္းကပဲယားလာသလိုလိုနဲ႔ လမ္းေပ်ာက္ေနတဲ့လက္ေတြကလဲ ဘယ္ထားလို႔ထားရမလဲမသိ..
" အားက်န္႔ဆီလာတာလား..ဝင္ေလ ရိေပၚ "
တံခါးဖြင့္ၿပီးေစာင့္ေနတဲ့ က်န္းလီကေတာ့ ပံုမွန္အတိုင္းပဲဆက္ဆံေပမယ့္ အခုအခ်ိန္က အလြန္ဆံုးမွ မနက္ ၆ နာရီပဲရွိဦးမယ္ဆိုတာ သူသိေနေတာ့ မ်က္ႏွာပူခ်င္လာတယ္...
ဒါေပမယ့္ က်န္႔ေကာရွိေနတယ္ဆိုတဲ့အသိ မ်က္ႏွာေလးျမင္ခြင့္ရမယ္ဆိုတဲ့အသိက ပိုအားေကာင္းေနေတာ့လဲ..
" ဟုတ္... "
သူဝင္သြားေတာ့ က်န္႔ေကာက အိပ္ေပ်ာ္ေနတုန္း..
သူ႔ကိုေက်ာေပးၿပီး အိပ္ေနတဲ့ပံုေၾကာင့္ မ်က္ႏွာေလး မျမင္ရတာေတာင္ တူတူရွိေနတယ္ဆိုတဲ့အသိနဲ႔ အလြမ္းက အလိုလိုေျပရတာပါပဲ..
" ရိေပၚ ဒါဝတ္ထား.. လူမမာက ဒီလိုမေနရဘူး "
သူ႔လက္ထဲကို အေႏြးထည္တစ္ထည္လာထည့္ေပးတဲ့ က်န္းလီက်ဲက လူကိုပါဆြဲၿပီး ဆိုဖာေပၚ ထိုင္ေစျပန္တယ္..
အေႏြးထည္က အညိဳေရာင္...
ၿပီးေတာ့ သူ႔က်န္႔ေကာ ကိုယ္သင္းနံ႔ေလးနဲ႔.. ရူးခ်င္လိုက္တာ..
လိုလိုခ်င္ခ်င္ဝတ္လိုက္ေတာ့ ရင္ဘတ္ထဲက လွိဳက္ခနဲေႏြးတက္လာတယ္..
က်န္႔ေကာက ဝမ္ရိေပၚရဲ႕ ကိုယ္ပိုင္ေႏြဦးေလး..၊
" အားက်န္႔က ဒီေန႔ေဆးရံုဆင္းမွာမို႔ က်ဲ အထုပ္လာျပင္ေပးတာ "
" ေအာ္.."
" ရိေပၚေရာ..သက္သာလား "
" ဟုတ္ "
ဆရာဝန္ပီပီ ဘယ္လိုဂရုစိုက္ရမယ္ဆိုတာေတြ ေျပာျပေနတဲ့ က်န္းလီက လက္ကလဲ ေရွာင္က်န္႔အက်ႌေတြေခါက္ေနရဲ႕..
သူမေနႏိုင္ေတာ့ဘူး...
" က်ဲ "
" ဟင္ "
" ကၽြန္ေတာ္ က်န္႔ေကာကို သြားၾကည့္လိုက္ဦးမယ္ "
" ဟင္ "
မ်က္လံုးေလးျပဴးၿပီးတုန္႔ျပန္တဲ့ က်န္းလီက ျပံဳးစိစိျဖစ္လာေတာ့မွ ရိေပၚရွက္ဖို႔ သတိရတယ္..
သူထိုင္ေနတဲ့ ဆိုဖာက ကုတင္နဲ႔သိပ္မေဝးေပမယ့္....
ေဝးတယ္..ေတာ္ေတာ္ကိုေဝးတယ္..
" က်ဲလဲ ဂ်ဴတီသြားရေတာ့မယ္.. ရိေပၚေနခ်င္ေနေလ "
" ဟုတ္ "
.
.
ေဝလီေဝလင္းအခ်ိန္မွာ အဲဒီလူနဲ႔ ႏွစ္ေယာက္ထဲ ရွိေနရတဲ့ခံစားခ်က္က ၿငိမ့္ၿငိမ့္ေလးနဲ႔ ေႏြးေႏြးေထြးေထြးေလး...
က်န္းလီက်ဲထြက္သြားတာနဲ႔ သူ ကုတင္ဟိုဖက္ျခမ္းဆီ သြားၿပီး မေတြ႕ရတာၾကာတဲ့ သူ႔က်န္႔ေကာ မ်က္ႏွာေလးကို ေငးမိတယ္..
လက္ညိဳးနဲ႔ထိုးရင္ နစ္ဝင္သြားမယ့္ ပါးေလးေတြက ရဲေနတုန္း ..
ခပ္ဟဟႏႈတ္ခမ္းသားေတြက လက္နဲ႔ပြတ္မိလိုက္ရင္ ၾကမ္းၾကမ္းေလးျဖစ္ေနမယ္လို႔ ထင္ရတဲ့အထိ ေရဓာတ္မ်ား နည္းေနခဲ့သလားပဲ..
ေသးေသးေလးေပၚေနတဲ့ယုန္သြားေလးေတြ...
မစိပ္မက်ဲ မ်က္ေတာင္ေလးေတြရဲ႕ အရိပ္က်ေနတာေလးေတြကေတာင္ တရားလြန္လွတုန္း...
သတိလက္လြတ္ပဲ..
က်န္႔ေကာဆီ နစ္ေျမာမိတိုင္း ဝမ္ရိေပၚမွာ အဆံုးသတ္ဆိုတာ မရွိေတာ့ဘူး..
ဒါေပမယ့္ က်န္႔ေကာလက္ေတြဆီ အၾကည့္မေရာက္ခင္အထိပါပဲ..
လက္ရွည္ဝတ္ေနက် အဲဒီလူက ေဆးရံုဝတ္စံုေၾကာင့္ လက္ေကာက္ဝတ္ေတြေပၚေနတဲ့အခါ..
ဖံုးကြယ္ေပးေနက် ေရႊအိုေရာင္ နာရီေလးမရွိတဲ့အခါ..
အမာရြတ္လို႔ထင္ရတဲ့ ကန္႔လန္႔စင္းေပါင္းမ်ားစြာက အခန္႔သားကို ေနရာယူထားျပန္တာပဲ..
သူ႔ေၾကာင့္မဟုတ္ခဲ့ေပမယ့္ သူက ဒီဒဏ္ရာေတြကို ျပန္လတ္ဆတ္ေအာင္ ျပဳမူထားခဲ့တဲ့သူဆိုတဲ့ အသိက ဒီရက္ပိုင္းအတြင္း ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိ ဝင္လာျပန္တယ္..
ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ပါပဲ
ကုတင္နဲ႔ ခပ္လွမ္းလွမ္းထိေနာက္ဆုတ္ရပ္မိတယ္..
လႈပ္ရွားမႈ ေသးေသးေလးနဲ႔ ေရွာင့္က်န္႔က ဟိုဖက္ျခမ္းကိုလွည့္အိပ္တယ္..
ရိေပၚကေတာ့ တုတ္တုတ္မွမလႈပ္ ၿငိမ္သက္ေနဆဲ..
ခပ္ျပန္႔ျပန္႔ေက်ာျပင္ကို ေငးတယ္...ေဆြးတယ္
ႏိုးလာခဲ့ရင္ မ်က္ႏွာခ်င္းမဆိုင္ခ်င္ေလာက္ေအာင္ေတာ့ သူ႔ကို မမုန္းေလာက္ဘူးမလား..
သက္ျပင္းေတြက မခ်လဲဘဲ အႀကိမ္ႀကိမ္ျဖစ္တည္ျပန္တယ္..
ဒီတခါ အဲဒီလူ ထပ္ေမာင္းထုတ္ရင္ သူ႔မွာ နာက်င္စရာ ေနရာလြတ္ မရွိေလာက္ေတာ့ဘူး ထင္ရဲ႕..
" ဘယ္အခ်ိန္ရွိၿပီလဲ "
ရုတ္တရတ္ႀကီးထြက္လာတဲ့ အဲဒီလူရဲ႕အသံေၾကာင့္ အိပ္မက္ဆိုးကေန လန္႔ႏိုးလာသလိုမ်ိဳး အသိစိတ္ကလန္႔ဖ်န္႔ၿပီး ဝင္လာတယ္..
သူ႔ကို ေက်ာေပးအိပ္ေနရာကေန ထၿပီး ကုတင္ေပၚေျခဆင္းထိုင္တဲ့အထိ အဲဒီလူက ကပ္ေစးနဲစြာ မ်က္ႏွာေလးေတာင္ ေပးမျမင္ေစဘူး..
" ေကာ.. "
ေလသံကတိုးလြန္းလို႔ၾကားပါ့မလားမေသခ်ာေပမယ့္ သူေခၚမိတယ္..
ေတာ္ၾကာ တစ္ခုခုျပန္မေျဖမိလို႔ စိတ္ကြက္သြားမွျဖင့္..
" ကၽြန္ေတာ့္ေၾကာင့္ ႏိုးသြားတာလား "
" မင္းက ဘာလုပ္ေနလို႔လဲ "
" !!! "
ေနရင္းထိုင္ရင္း ရုတ္တရတ္ႀကီးရူးသြပ္သြားတယ္ဆိုတဲ့ ဇာတ္လမ္းေတြ ဝမ္ရိေပၚ ယံုၾကည္ခ်င္လာတယ္..
အပိုလုပ္ၾကံဇာတ္ေတြပါလို႔ ဘုကလန္႔တိုက္ၿပီး ေျပာခဲ့ဖူးသမၽွ အေၾကာင္းအရာေတြတိုင္းက သူ႔က်န္႔ေကာနဲ႔မွ ဝဋ္ျပန္လည္ေနသလိုပဲ...
အရဲစြန္႔ၿပီး ကုတင္ကိုပတ္ေလၽွာက္ေတာ့ တေျဖးေျဖးနဲ႔ အဲဒီလူ မ်က္ႏွာေလးက သူ႔ျမင္ကြင္းထဲ ၿငိမ့္ၿငိမ့္ေလးဝင္လာရဲ႕..
" ေကာ.. "
" အင္း "
ခံုေပၚက နာရီကိုလွမ္းယူၿပီး ဝတ္ေနတဲ့ ေရွာင္က်န္႔က သူ႔ေရွ႕တည့္တည့္ေရာက္လာတဲ့ အရိပ္ကို သတိထားမိေတာ့မွ လွမ္းၾကည့္လာတယ္..
ထံုးစံအတိုင္း မ်က္ဝန္းညိဳညိဳေတြက ဝမ္ရိေပၚ ဘယ္တုန္းကမွ မဖမ္းႏိုင္ခဲ့တဲ့အရိပ္ေတြနဲ႔..
" ကၽြန္ေတာ့္ကို.. "
" အင္း "
မုန္းလား ဆိုတဲ့ ေမးခြန္းက ႏႈတ္ခမ္းကထြက္မလာခဲ့..
အင္းပဲ ေျဖေနတဲ့ အဲဒီလူက ဒီတခါလဲ ထပ္ေျဖရင္ဆိုတဲ့ အေတြးနဲ႔ သူပဲပူေလာင္ရျပန္တယ္..
အဲလိုေတာ့ သူ အျဖစ္မခံႏိုင္..
" ကၽြန္ေတာ္ ေတာင္းပန္ပါတယ္ "
" .... "
" နမ္းမိတာကလြဲၿပီး က်န္တာအကုန္ ကၽြန္ေတာ္ေတာင္းပန္ပါတယ္ "
မ်က္ေမွာင္ကုတ္သြားတဲ့ က်န္႔ေကာမ်က္ႏွာက သူ႔စိတ္ထင္ ပိုရဲလာသလိုပဲ..
သူ႔ကိုစိုက္ၾကည့္လာတဲ့မ်က္ဝန္းေတြၾကား မနည္းအားတင္းထားရတဲ့ သတၱိေတြလဲ ေလ်ာ့ပါးကုန္တာပဲ..
" ကၽြန္ေတာ့္ကို တခုခုလုပ္ပစ္ခ်င္ရင္လုပ္လိုက္ ေကာရယ္.. ေမာင္းေတာ့မထုတ္ပါနဲ႔."
" .... "
" ေနာ္..ေကာ "
ေရွာင္က်န္႔ သူ႔ေရွ႕က ရိေပၚကိုၾကည့္ၿပီး မႏိုင္ဘူးဆိုတဲ့ပံုစံနဲ႔ သက္ျပင္းခိုးခ်မိတယ္..
နမ္းတာကလြဲၿပီး ေတာင္းပန္ပါတယ္တဲ့
အဲဒီေကာင္ေလးက ဘယ္လိုေတာင္ ဂ်စ္တစ္တစ္ႏိုင္တာ..
သိစိတ္က စိတ္တိုေဒါသထြက္သင့္တာ မွန္ေပမယ့္ မသိစိတ္မွာေတာ့ ဆန္႔က်င္ဘက္ျဖစ္ျပန္တယ္..
က်န္းလီက်ဲေျပာထားလို႔ သူ႔အေၾကာင္းေတြ အကုန္သိေနၿပီဆိုတဲ့ ရိေပၚဆီက သူမွန္းထားခဲ့တဲ့တုန္႔ျပန္မႈက ဒီလိုမွမဟုတ္တာ..
ခ်ိဳ႕ယြင္းခ်က္ေတြမ်ားတဲ့ သူ႔ကို တနည္းနည္းနဲ႔ေတာ့ ေမ့ပစ္ဖို႔ အဲဒီေကာင္ေလး ႀကိဳးစားသင့္တာေလ..
" လာဦး "
" ဟုတ္ "
ကုတင္နဲ႔ သံုးေလးလွမ္းေလာက္ေဝးေနရာက ေရွ႕တလွမ္းတိုးလာတဲ့ အဲဒီေကာင္ေလးက လိမၼာခ်င္ေယာင္လဲေဆာင္တတ္ေသး..
" ဒီနားလာ "
" ဟုတ္ ေကာ "
ဝမ္ရိေပၚက ေၾကာင္ေပါက္ေလးလိုပဲ..
ေနာက္ထပ္တလွမ္းတိတိထပ္တိုးလာပံုက မဝံ့မရဲ..
ေရွာင္က်န္႔စူးခနဲၾကည့္ေတာ့ မသိခ်င္ေယာင္ေဆာင္ၿပီး ေခါင္းငံု႔ပစ္တယ္..
ထပ္မတိုးေတာ့ဘူးဆိုတဲ့ ေခါင္းမာမႈေတြနဲ႔..
" လက္က ဘာျဖစ္တာလဲ "
" ဗ်ာ... ဟို... ထိုးမိတာ "
" ဘာနဲ႔ထိုးမိတာလဲ "
" ဟို... နံရံ..ေလးနဲ႔ "
" !!! "
" မနာေတာ့ဘူး ေပ်ာက္ေတာ့မွာ တကယ္..တကယ္ "
အသည္းအသန္ေျဖရွင္းေနတဲ့ ရိေပၚက ေသြးစနည္းနည္းကပ္ေနေသးတဲ့ ပတ္တီးျဖဴျဖဴနဲ႔ လက္ကိုလဲ ေက်ာေနာက္ပို႔ထားေသးတယ္..
ဒီေလာက္နဲ႔လဲ အဲဒီေကာင္ေလး ဘာလုပ္ခဲ့လဲဆိုတာ သူခန္႔မွန္းလို႔ရေနတာပါပဲ..
" ဝမ္ရိေပၚ "
" ဗ်ာ "
စကားနားေထာင္ေနတဲ့ ပံုေလးက စရင္းႏွီးခါစက ဂရုစိုက္ခံခ်င္လြန္းလို႔ သူ႔ကိုလိုက္တြယ္ကပ္ေနတတ္တဲ့ ပံုစံေလးအတိုင္းပဲ..
" ေနာက္မလုပ္နဲ႔ "
" ဗ်ာ.. ဘာကိုလဲ "
ေရွာင္က်န္႔ မ်က္ေမွာင္ကုတ္ၾကည့္ေတာ့ ရိေပၚက ပတ္တီးနဲ႔သူ႔လက္ကို ထုတ္ျပၿပီးေမးလာရဲ႕..
" ေကာ..ဒါကိုလား "
" အင္း..ေနာက္မလုပ္နဲ႔..ငါမႀကိဳက္ဘူး "
ဒီတစ္ခါ သက္ျပင္းေသးေသးေလးက ဝမ္ရိေပၚဆီက လာတယ္..
' ေတာ္ေသးတယ္ နမ္းတာကို ေျပာတယ္ထင္လို႔' တဲ့
ခပ္တိုးတိုးေရရြတ္သံက သူ႔တကိုယ္စာ ၾကားရံုေလာက္ေလး..
" ေကာ.. "
ခ်မ္းလာလို႔ထင္ရဲ႕..
ကုတင္ေပၚက ဆင္းလာတဲ့ေရွာင္က်န္႔က ဆိုဖာလက္ရန္းေပၚလႊားထားတဲ့ အေႏြးထည္ကို သြားယူဝတ္တယ္...
ရိေပၚကေတာ့ ေျခႏွစ္လွမ္းအကြာအေဝးကို သူ႔ဘာသူ သတ္မွတ္ၿပီး တေကာက္ေကာက္လိုက္တုန္း..
" က်န္းလီက်ဲ ေျပာျပတယ္ "
အက်ႌထဲလက္ထိုးေနတဲ့ ေရွာင္က်န္႔လႈပ္ရွားမႈေတြက စကၠန္႔ပိုင္းေလာက္ေလး ရပ္တန္႔သြားတယ္..
ခဏၾကာေတာ့မွ မသိမသာနဲ႔ ရိေပၚကို ေက်ာခိုင္းၿပီးမွ ဆက္ဝတ္တယ္..
" ဒါေပမယ့္ ကၽြန္ေတာ္ထပ္သိခ်င္တာေတြက ေကာ ေျဖေပးမွရမွာ "
" .... "
" ေျဖေပးမွာလား "
" ဟင့္အင္း "
" ေကာရာ "
" မျပန္ေသးဘူးလား "
" မျပန္ဘူး "
" ခဏေန က်န္းခ်န္လာလိမ့္မယ္ "
" လာလာ "
" ကၽြတ္စ္ "
" ေကာမေျဖမခ်င္း ကၽြန္ေတာ္ မသြားဘူးေနာ္ "
သူ႔ဘက္ကို ေဝ့ၾကည့္လာတဲ့ ေရွာင္က်န္႔မ်က္ဝန္းေတြက မၾကည္မလင္..
ဘုၾကည့္ၾကည့္တယ္လို႔ ေခၚရမလားမသိ..
သူ႔က်န္႔ေကာက ခ်စ္စရာေလး.. ၊
" ေျဖမယ္မလား. "
" ေမးမယ္ဆို တခါထဲၿပီးေအာင္ေမး "
" ဒါဆို ေကာ... "
" ၿပီးရင္ ဘယ္ေတာ့မွ လာမေတြ႕နဲ႔ေတာ့ "
ဝမ္ရိေပၚႏႈတ္ခမ္းေလး တင္းတင္းေစ့သြားရဲ႕..
ေခါင္းမာတတ္တဲ့ က်န္႔ေကာကိုေတာ့ ခ်စ္စရာေကာင္းတယ္လို႔ျမင္မိတဲ့ ရာခိုင္ႏႈန္း နည္နည္းေလ်ာ့ပစ္ဦးမယ္..
သူေတးထားလိုက္တယ္..
တခ်ိန္ခ်ိန္မ်ား အခြင့္အေရးရလာရင္ အဲဒီလူမေျဖခ်င္တဲ့ ေမးခြန္းတစ္ခုခ်င္းစီကို ဖက္ဖက္နမ္းၿပီး ေမးပစ္ဦးမယ္..
" မေမးေတာ့ဘူး... "
" သေဘာ "
" ဒါဆို ေနာက္လဲ လာေတြ႕လို႔ရၿပီေနာ္ "
" .. "
" ခဏခဏ ေန႔တိုင္းလာမွာ "
သူ႔အခန္းဆီ ျပန္လာတဲ့ လမ္းတေလၽွာက္လံုးမွာေတာ့ ဝတ္လာမိတဲ့အေႏြးထည္က အဲဒီလူရဲ႕ကိုယ္သင္းနံ႔ေလးနဲ႔ ေႏြးေထြးခဲ့ေလရဲ႕..
ရိေပၚက ခပ္ျပံဳးျပံဳးနဲ႔ သူ႔ကို ဓာတ္ပံုခိုးရိုက္တဲ့ nurse မေလးေတြကိုေတာင္ ရယ္ျပလို႔တဲ့..၊
က်ိရန္ေကာတို႔ကို ျမန္ျမန္ေျပာရမယ္..
သူ အခုေနေကာင္းသြားပီ..
သူ ေဆးရံုဆင္းခ်င္ပီ..
မတိုင္ခင္အခ်ိန္ေတြကသူ႔စိတ္ကို နည္းမ်ိဳးစံုနဲ႔ရက္စက္ခဲ့တဲ့ အဲဒီလူရဲ႕ တုန္႔ျပန္မႈေတြက ေျပာင္းလဲလာတာကို ဘာေၾကာင့္လဲလို႔ သူ မေတြးခ်င္ေတာ့ဘူး..
အဲဒီလူရဲ႕ စိတ္ဒဏ္ရာေတြက သူလက္လွမ္းမွီသေလာက္ လြယ္လြယ္ခန္႔မွန္းၾကည့္ႏိုင္တဲ့ အရာမွမဟုတ္ဘဲ...
လႈပ္လိုက္ရင္ နာက်င္မွာစိုးတယ္..
ခ်စ္မိတာကို အျပစ္လို႔ျမင္မွာစိုးတယ္..
ဘယ္ႀကိဳးမွ အခ်ည္မခံေတာ့ဘူးဆိုတဲ့ အဲဒီလူက သူ႔ကိုနီးစပ္ခြင့္ေပးတာေလးနဲ႔တင္ ေက်နပ္ရျပန္တယ္..
ဒီရက္ပိုင္းအတြင္း သူတေယာက္ထဲ ပူေလာင္ခဲ့ရတာေတြက ျပန္ေတြးၾကည့္ရင္ေတာင္ လတ္ဆတ္ေနတုန္း...
ေသခ်ာတယ္...
ဘယ္ေတာ့မွ အဲဒီလူရဲ႕ ေဝးေဝးမွာေနၾကည့္ဖို႔ သူ မႀကိဳးစားေတာ့ဘူး..
တကယ္..
ခင္ဗ်ား မသိေသးလို႔..
ကၽြန္ေတာ္က တကယ္ႀကီး လိမၼာေတာ့မွာ .. ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
[Unicode]
မနက် ၅ နာရီ..
မလင်းမမှောင် အပြင်ဘက်က တိတ်တိတ်ဆိတ်ဆိတ်ပဲ..
တချက်တလေ သဲ့သဲ့ကြားရတတ်တဲ့ ဆေးရုံကားအသံတွေသာ မရှိရင် ပိုကောင်းမယ်လို့ သူတွေးမိသေး...
ရိပေါ် ဒီရက်ပိုင်းတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြာပြီ..
တကယ်က သူ မေ့မျောပြီး တရက်လုံးနီးပါး အိပ်ပျော်ခဲ့တဲ့ နေ့ကလွဲပြီး နောက်နေ့တွေ ကောင်းကောင်းမှ အနားမယူဖြစ်ခဲ့ပဲလေ...
လက်ကဒဏ်ရာတွေက တချက်တချက်ကိုက်တယ်..
တခါတလေ ကိုယ်ပူထကြီးတတ်လို့ တကိုယ်လုံးချမ်စိမ့်နေတတ်တာက လွဲရင် သူ နေကောင်းနေပြီထင်တာပဲ..
ဆေးတွေလဲ မသောက်ချင်ဘူး..
ဘာမှမဆိုင်ပေမယ့် ကျန့်ကောကိုလွမ်းတယ်..
ကျန်းလီကျဲကပြောတော့ ဝမ်ရိပေါ်မှာ ရွေးချယ်ခွင့်ရှိသေးတယ်တဲ့..
သူ သိပ်တော့နားမလည်ချင်ဘူး..
ဘာနဲ့ယှဉ်ပြီး ဘာကိုရွေးရမှာလဲဆိုတာကိုပေါ့..
ရှောင်ကျန့်ရဲ့ရောဂါအကြောင်းသိပြီးတဲ့နောက် သူနည်းနည်းလေးတော့ တုန်လှုပ်သွားတာမှန်ပေမယ့်..
နည်းနည်းလေးတော့ နောင်တရတာမှန်ပေမယ့်..
ရှောင်ကျန့်ဆိုတာ ဘယ်လိုလူမှန်းမသိခင်ထဲက သူ ချစ်ခဲ့တာ..
သူ့မှာ ရှောင်ကျန့်ကိုပဲ ရွေးစရာရှိတာမဟုတ်လား..၊
အဲဒီလူကို မတွေ့ရတဲ့ နာရီတွေက ရာချီနေပြီ..
ဖြစ်နိုင်ရင် အခုချက်ချင်း ရှောင်ကျန့်ကို မျက်နှာချင်းဆိုင်တွေ့ပြီး တောင်းပန်ချင်တယ်..
စိတ်တိုပြီးဆွဲထိုးရင်တောင် သူပေတေခံချင်တယ်..
ဒါပေမယ့် ဝမ်ရိပေါ်က သူ့လောဘတစ်ခုထဲနဲ့ ရှောင်ကျန့်ရဲ့အားနည်းချက်ကို ဖိနင်းခဲ့မိတယ်ဆိုတဲ့ အတွေးက သူ့စိတ်အလိုကိုမလိုက်ဘူး..
သူအတင်းနမ်းလိုက်လို့ မေ့မျောသွားတဲ့ ဖြူစွတ်စွတ်မျက်နှာလေးက သူ့ကို နောက်ထပ်မြင်ချင်ပါ့မလားဆိုတဲ့ မေးခွန်းတွေက ပြေးတွေ့ချင်စိတ်ကို သတ်သတ်ချတယ်..
ဒါပေမယ့် ဝမ်ရိပေါ်က ဝမ်ရိပေါ်ပဲထင်ပါရဲ့..
ဆေးရုံပေမယ့်လည်း နေ့ဘက်ဆို လိုက်ကြည့်တတ်တဲ့ မျက်လုံးတွေများလို့ ညသန်းခေါင်ဆို ကျန့်ကောအခန်းရှေ့ သူရောက်ရောက်သွားတတ်တယ်...
ဘယ်သူမှ မသိလဲ သူက တံခါးမှူးလေးလုပ်ပြီး စောင့်ရှောက်ချင်သေးတာ..
ကျိရန်ကောတို့ကတော့ ရှောင်ကျန့်ကို အချိန်ပေးဖို့ သူ့ကိုဖြောင်းဖျတယ်..
ပေးလိုက်တဲ့စက္ကန့်အမျှ ဝမ်ရိပေါ် အသက်တိုချင်လာတာ ဘယ်သူမှမသိဘူး...
သူ အဲဒီလောက်ထိလွမ်းတယ်...၊
ဆေးလိပ်ရှိက်မရ
အရက်သောက်မရ
ဘယ်နည်းနဲ့မှ စိတ်ဖြေစရာမရှိတဲ့ ဒီဆေးရုံက ဘယ်နည်းနဲ့မှ အဆင်မပြေဘူး..
ဖြစ်နိုင်ရင် အိပ်ဆေးတွေပဲထိုးပေးစေချင်တော့တယ်..
မဟုတ်ရင် အဲဒီလူဆီပဲ ပြေးသွားချင်မိနေလို့ သူ့အတွက် စက္ကန့်တိုင်းက ခက်ခဲလာတယ်..
ရှောင်ကျန့်ရဲ့ ဥပေက္ခာတွေကို ကြိုတွေးပြီးကြောက်နေရတာကလဲ အိပ်မက်ဆိုးလိုပဲ...
ဒါပေမယ့် အဲဒီအိပ်မက်ဆိုးတွေကိုတောင် ဝမ်ရိပေါ်က မက်မက်မောမောနဲ့ ပြေးတွေ့ချင်နေသေးတာ..
" ရိပေါ် .. နိုးလာတာလား မအိပ်သေးတာလား "
အသံကြားရာကြည့်လိုက်တော့ ကျိရန်ကော..၊
တခါမှ ဒီလိုချိန်မလာဖူးပေမယ့် သူ နားလည်လိုက်တယ်..
ညက တစ်နာရီလောက်ကြီး ဟောက်ရွှမ်း သူ့ဆီရောက်လာတယ်..
ဘာစကားမှ မပြောဘဲ အခန်းထောင့်ကဆိုဖာပေါ် သွားကွေးနေတော့တာပဲ..
" ကောလဲ ကြည့်ကျက်နှိပ်စက်ဦး "
" မင်းကဘယ်လဲ "
" လမ်းလျှောက်မလို့.. အဲကောင်ကို ခုတင်ပေါ်တက်အိပ်ခိုင်းလိုက် "
" mask ယူသွား "
ရိပေါ်က ခေါင်းခါပြီး အပြင်ဘက်ထွက်သွားတော့ ကျိရန်အာရုံက ဆိုဖာပေါ်ကွေးအိပ်နေတဲ့ ဟောက်ရွှမ်းဆီရောက်သွားတယ်...
ခေါင်းအုံးလဲမရှိ စောင်လဲမခြုံဘဲ အိပ်နေတာများ..
လူကို တခြားတယောက်နဲ့ စွပ်စွပ်စွဲစွဲတွေ ပြောဆို ရန်ရှာသွားပြီးမှ ဒီလို သနားစရာဖြစ်အောင် နေနေစရာလား..
" ဟောက်ရွှမ်း.. ထတော့ "
အအိပ်ဆတ်တဲ့သူမို့ ကြာကြာမနှိုးလိုက်ရပေမယ့် ကျိရန်ကိုမြင်တာနဲ့ ခေါင်းပြန်မှောက်သွားတဲ့အပြင် လက်နဲ့ပါကွယ်ထားလိုက်သေး..
" ထ..ကုတင်ပေါ်သွားအိပ် "
အဖြေမရှိဘဲ တိတ်ဆိတ်နေတဲ့ ပုံစံက ဟောက်ရွှမ်းနဲ့ မလိုက်မဖက်..
ဒါပေမယ့် သူက ချော့ဖို့လာတဲ့သူဆိုတော့လဲ စိတ်ရှည်ရပြန်တယ်..
" ထပါဆို..အလကားနေရင်း ဖျားဦးမယ် "
" သွားစမ်းပါ.. လာဂရုမစိုက်နဲ့ခုမှ "
" သွားမှာ စိတ်မပူနဲ့.. အခု အရင်ထ "
ကျစ်ခနဲစုတ်သပ်ပြီး ဟောက်ရွှမ်းကထလာတယ်..
ပြီးတော့ ကုတင်ပေါ်သွားထိုင်ရင်း သူကြားရုံလောက်လေး ပြောလာတယ်..
" ရပြီမလား.. သွားတော့ "
ဆံပင်ကိုသပ်ပေးဖို့လှမ်းနေတဲ ကျိရန်လက်တွေက လေထဲမှာပဲ လမ်းပျောက်သွားရဲ့..
" ဟောက်ရွှမ်း.. မင်းများပြီနော် "
" ဘာလဲ..သွားချင်နေတဲ့သူကို သွားခိုင်းတာလဲ ကျွန်တော့အပြစ်ပဲလား "
" ပြီးတာပဲ..နေချင်သလိုနေတော့ "
သူစိတ်တိုတိုနဲ့ ပြန်ဖို့ကျောခိုင်းတော့ ကုတင်ပေါ်ကခေါင်အုံးက သူ့ထက်အရင် တံခါးဝရောက်နှင့်တယ်..
အလကားနေရင်း ဆေးရုံမှာ သောင်းကျန်းချင်တဲ့ကောင်ကို သူစိတ်ပျက်လာတယ်..
" ခင်ဗျားပဲ အမြဲမှန်နေတာ မပျင်းဘူးလား.. ကျွန်တော်ကခင်ဗျား ဘာလုပ်လုပ် ကပ်ရပ်နေမယ့်သူဆိုပြီး စောက်ထင်သေးနေတာလဲ မလျော့တော့ဘူးလား "
တခါမှ မပြောဖူးတဲ့လေသံနဲ့ အခေါ်အဝေါ်တွေပါ ပြောင်းပြီး ရုတ်တရတ်ကြီး ပေါက်ကွဲပစ်နေတဲ့ ဟောက်ရွှမ်းကိုကြည့်ပြီး သူ့ဒေါသတွေတက်လာတာများ တရိပ်ရိပ်..
" ဘာကိုကပ်ရပ်နေတာလဲ..မင်းက အဲဒီလိုနေမယ့်ကောင်မို့လို့လား.. အားနေ ငါ့ပတ်ဝန်းကျင်က လူတိုင်းနဲ့ လိုက်သမုတ် လိုက်သဝန်တိုပြီး နေရာမရှောင် သောင်းကျန်းတတ်နေတဲ့ မင်းကတော့ မှန်တယ်ပေါ့ ဟုတ်လား "
" အဲဒါပဲ..နောက်ဆုံးတော့အဲဒါပဲမလား.. တောက်! "
ညက ကျိရန် သူငယ်ချင်းဟောင်းတွေနဲ့သွားတွေ့တုန်း ဒီကောင်လေးဖုန်းကို မကိုင်ဘဲနေခဲ့တာ..
SNS မှာတက်လာတဲ့ပုံတွေထဲက ကျောင်းတုန်းက ကျိရန်ရည်းစားဟောင်းဆိုတဲ့ တယောက်နဲ့ ပုံကိုဟောက်ရွှမ်းတွေ့သွားပြီး သူ့ကို ချက်ချင်း ပြန်လာဖို့ စာတွေထိုင်ပို့နေတာကို စိတ်ရှုပ်လို့ ခဏ block ထားမိရာက စတာပဲ..
ထုံးစံအတိုင်း သဝန်တိုစိတ်ကောက် ပြီးရင် ပြန်လာခေါ်မှာပဲ ထင်လိုက်တာ..
ဒီ ဘာမဟုတ်တာလေးနဲ့ ဒီလောက်ထိ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မလဲ..
ပြီးတော့ဘယ်ဘက်ကကြည့်ကြည့် သူမမှားတာလဲ အမှန်ပဲ..
" ခင်ဗျားက တကယ့်စောက်ရူး သိလား "
" အ..လွှတ်!! "
ကျိရန် ပုခုံးကို ဆွဲညှစ်လာတဲ့လက်တွေထဲ ဒေါသတွေက အပြည့်..
" ကျွန်တော်ဘာလုပ်လုပ် သဝန်တိုတယ် မနာလိုဖြစ်တယ်ဆိုတဲ့ အဲဒီ စောက်တလွဲခေါင်းစဉ်အောက်ပဲ အကုန်ပစ်ထည့်တွေး..သိလား "
" ဖယ်စမ်း ! "
" ဘာမှဟုတ်ခွင့်မရတဲ့ကောင်မို့ ခင်ဗျားကိုလက်လွှတ်ရမှာ ကြောက်နေတာ စောက်ရူးရဲ့ "
" .... "
" နောက်တကောင်ပေါ်လာပါပြီတဲ့.. ဘယ်ရပိုင်ခွင့်နဲ့ ဆွဲထားရမှာလဲ.. ဟမ် ကျွန်တော်က ဘာလဲ ခင်ဗျားအတွက်.. "
" ..... "
" နောက်ဆို ကျွန်တော် သဝန်တိုလွန်းလို့ ခင်ဗျားကပဲ နစ်နာရပါတယ်ဆိုပြီး စောက်ရေးမပါတာတွေ လာမပြောနဲ့တော့ "
" ..... "
" ကျွတ်စ်...သွားပါတော့ဗျာ "
သွားပါတော့ဆိုပေမယ့် သူ့ကိုတွန်းပြီး ထွက်သွားပြန်တဲ့ ဟောက်ရွှမ်းရဲ့ မျက်ဝန်းသားတွေက ရဲတက်နေခဲ့တယ်..
ပထအဆုံးအကြိမ် မြင်ဖူးတာ မဟုတ်ပေမယ့် ဒီတခါမှာ ရင်ဘတ်ကစူးခနဲပဲ..
မငိုဘဲလဲ မျက်ရည်ကဝဲချင်လာတယ်..
ဒီဝမ်လူဆိုးကောင်က သူဘာသူ ပေါက်ကရလျှောက်ခံစားပြီး ငါ့ကို လူဆိုးဖြစ်အောင်လုပ်သွားတာ..
မင်းကမှ အယိုင်းကောင်
မင်းကမှ စောက်ကန်း... ။
.
.
.
" ရိပေါ်? "
လမ်းလျှောက်မယ်ဆိုပြီးထွက်လာပေမယ့် ဝမ်ရိပေါ်ရဲ့ လမ်းတိုင်းက ကျန့်ကောဆီပဲရောက်ပြန်တယ်..
ကျန့်ကော အခန်းရှေ့မှာ ရပ်နေမိတုန်း သူ့နာမည်ခေါ်တာကြားလို့ ကြည့်လိုက်တော့ ကျန်းလီကျဲ..
သူခိုးလူမိရင် ဘယ်လိုဆိုတာ ဝမ်ရိပေါ်တယောက် တကယ်လက်တွေ့မှာ ခံစားလိုက်ရရဲ့..
မျက်နှာကစပ်ဖျင်းဖျင်းဖြစ်လာသလိုလို လည်ပင်းကပဲယားလာသလိုလိုနဲ့ လမ်းပျောက်နေတဲ့လက်တွေကလဲ ဘယ်ထားလို့ထားရမလဲမသိ..
" အားကျန့်ဆီလာတာလား..ဝင်လေ ရိပေါ် "
တံခါးဖွင့်ပြီးစောင့်နေတဲ့ ကျန်းလီကတော့ ပုံမှန်အတိုင်းပဲဆက်ဆံပေမယ့် အခုအချိန်က အလွန်ဆုံးမှ မနက် ၆ နာရီပဲရှိဦးမယ်ဆိုတာ သူသိနေတော့ မျက်နှာပူချင်လာတယ်...
ဒါပေမယ့် ကျန့်ကောရှိနေတယ်ဆိုတဲ့အသိ မျက်နှာလေးမြင်ခွင့်ရမယ်ဆိုတဲ့အသိက ပိုအားကောင်းနေတော့လဲ..
" ဟုတ်... "
သူဝင်သွားတော့ ကျန့်ကောက အိပ်ပျောိနေတုန်း..
သူ့ကိုကျောပေးပြီး အိပ်နေတဲ့ပုံကြောင့် မျက်နှာလေး မမြင်ရတာတောင် တူတူရှိနေတယ်ဆိုတဲ့အသိနဲ့ အလွမ်းက အလိုလိုပြေရတာပါပဲ..
" ရိပေါ် ဒါဝတ်ထား.. လူမမာက ဒီလိုမနေရဘူး "
သူ့လက်ထဲကို အနွေးထည်တစ်ထည်လာထည့်ပေးတဲ့ ကျန်းလီကျဲက လူကိုပါဆွဲပြီး ဆိုဖာပေါ် ထိုင်စေပြန်တယ်..
အနွေးထည်က အညိုရောင်...
ပြီးတော့ သူ့ကျန့်ကော ကိုယ်သင်းနံ့လေးနဲ့..
ရူးချင်လိုက်တာ..
လိုလိုချင်ချင်ဝတ်လိုက်တော့ ရင်ဘတ်ထဲက လှိုက်ခနဲနွေးတက်လာတယ်..
ကျန့်ကောက ဝမ်ရိပေါ်ရဲ့ ကိုယ်ပိုင်နွေဦးလေး..၊
" အားကျန့်က ဒီနေ့ဆေးရုံဆင်းမှာမို့ ကျဲ အထုပ်လာပြင်ပေးတာ "
" အော်.."
" ရိပေါ်ရော..သက်သာလား "
" ဟုတ် "
ဆရာဝန်ပီပီ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာတွေ ပြောပြနေတဲ့ ကျန်းလီက လက်ကလဲ ရှောင်ကျန့်အင်္ကျီတွေခေါက်နေရဲ့..
သူမနေနိုင်တော့ဘူး...
" ကျဲ "
" ဟင် "
" ကျွန်တော် ကျန့်ကောကို သွားကြည့်လိုက်ဦးမယ် "
" ဟင် "
မျက်လုံးလေးပြူးပြီးတုန့်ပြန်တဲ့ ကျန်းလီက ပြုံးစိစိဖြစ်လာတော့မှ ရိပေါ်ရှက်ဖို့ သတိရတယ်..
သူထိုင်နေတဲ့ ဆိုဖာက ကုတင်နဲ့သိပ်မဝေးပေမယ့်....
ဝေးတယ်..တော်တော်ကိုဝေးတယ်..
" ကျဲလဲ ဂျူတီသွားရတော့မယ်.. ရိပေါ်နေချင်နေလေ "
" ဟုတ် "
.
.
ဝေလီဝေလင်းအချိန်မှာ အဲဒီလူနဲ့ နှစ်ယောက်ထဲ ရှိနေရတဲ့ခံစားချက်က ငြိမ့်ငြိမ့်လေးနဲ့ နွေးနွေးထွေးထွေးလေး...
ကျန်းလီကျဲထွက်သွားတာနဲ့ သူ ကုတင်ဟိုဖက်ခြမ်းဆီ သွားပြီး မတွေ့ရတာကြာတဲ့ သူ့ကျန့်ကော မျက်နှာလေးကို ငေးမိတယ်..
လက်ညိုးနဲ့ထိုးရင် နစ်ဝင်သွားမယ့် ပါးလေးတွေက ရဲနေတုန်း ..
ခပ်ဟဟနှုတ်ခမ်းသားတွေက လက်နဲ့ပွတ်မိလိုက်ရင် ကြမ်းကြမ်းလေးဖြစ်နေမယ်လို့ ထင်ရတဲ့အထိ ရေဓာတ်များ နည်းနေခဲ့သလားပဲ..
သေးသေးလေးပေါ်နေတဲ့ယုန်သွားလေးတွေ...
မစိပ်မကျဲ မျက်တောင်လေးတွေရဲ့ အရိပ်ကျနေတာလေးတွေကတောင် တရားလွန်လှတုန်း...
သတိလက်လွတ်ပဲ..
ကျန့်ကောဆီ နစ်မြောမိတိုင်း ဝမ်ရိပေါ်မှာ အဆုံးသတ်ဆိုတာ မရှိတော့ဘူး..
ဒါပေမယ့် ကျန့်ကောလက်တွေဆီ အကြည့်မရောက်ခင်အထိပါပဲ..
လက်ရှည်ဝတ်နေကျ အဲဒီလူက ဆေးရုံဝတ်စုံကြောင့် လက်ကောက်ဝတ်တွေပေါ်နေတဲ့အခါ..
ဖုံးကွယ်ပေးနေကျ ရွှေအိုရောင် နာရီလေးမရှိတဲ့အခါ..
အမာရွတ်လို့ထင်ရတဲ့ ကန့်လန့်စင်းပေါင်းများစွာက အခန့်သားကို နေရာယူထားပြန်တာပဲ..
သူ့ကြောင့်မဟုတ်ခဲ့ပေမယ့် သူက ဒီဒဏ်ရာတွေကို ပြန်လတ်ဆတ်အောင် ပြုမူထားခဲ့တဲ့သူဆိုတဲ့ အသိက ဒီရက်ပိုင်းအတွင်း ဘယ်နှကြိမ်မြောက်မှန်းမသိ ဝင်လာပြန်တယ်..
ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ပါပဲ
ကုတင်နဲ့ ခပ်လှမ်းလှမ်းထိနောက်ဆုတ်ရပ်မိတယ်..
လှုပ်ရှားမှု သေးသေးလေးနဲ့ ရှောင့်ကျန့်က ဟိုဖက်ခြမ်းကိုလှည့်အိပ်တယ်..
ရိပေါ်ကတော့ တုတ်တုတ်မှမလှုပ် ငြိမ်သက်နေဆဲ..
ခပ်ပြန့်ပြန့်ကျောပြင်ကို ငေးတယ်...ဆွေးတယ်
နိုးလာခဲ့ရင် မျက်နှာချင်းမဆိုင်ချင်လောက်အောင်တော့ သူ့ကို မမုန်းလောက်ဘူးမလား..
သက်ပြင်းတွေက မချလဲဘဲ အကြိမ်ကြိမ်ဖြစ်တည်ပြန်တယ်..
ဒီတခါ အဲဒီလူ ထပ်မောင်းထုတ်ရင် သူ့မှာ နာကျင်စရာ နေရာလွတ် မရှိလောက်တော့ဘူး ထင်ရဲ့..
" ဘယ်အချိန်ရှိပြီလဲ "
ရုတ်တရတ်ကြီးထွက်လာတဲ့ အဲဒီလူရဲ့အသံကြောင့် အိပ်မက်ဆိုးကနေ လန့်နိုးလာသလိုမျိုး အသိစိတ်ကလန့်ဖျန့်ပြီး ဝင်လာတယ်..
သူ့ကို ကျောပေးအိပ်နေရာကနေ ထပြီး ကုတင်ပေါ်ခြေဆင်းထိုင်တဲ့အထိ အဲဒီလူက ကပ်စေးနဲစွာ မျက်နှာလေးတောင် ပေးမမြင်စေဘူး..
" ကော.. "
လေသံကတိုးလွန်းလို့ကြားပါ့မလားမသေချာပေမယ့် သူခေါ်မိတယ်..
တော်ကြာ တစ်ခုခုပြန်မဖြေမိလို့ စိတ်ကွက်သွားမှဖြင့်..
" ကျွန်တော့်ကြောင့် နိုးသွားတာလား "
" မင်းက ဘာလုပ်နေလို့လဲ "
" !!! "
နေရင်းထိုင်ရင်း ရုတ်တရတ်ကြီးရူးသွပ်သွားတယ်ဆိုတဲ့ ဇာတ်လမ်းတွေ ဝမ်ရိပေါ် ယုံကြည်ချင်လာတယ်..
အပိုလုပ်ကြံဇာတ်တွေပါလို့ ဘုကလန့်တိုက်ပြီး ပြောခဲ့ဖူးသမျှ အကြောင်းအရာတွေတိုင်းက သူ့ကျန့်ကောနဲ့မှ ဝဋ်ပြန်လည်နေသလိုပဲ...
အရဲစွန့်ပြီး ကုတင်ကိုပတ်လျှောက်တော့ တဖြေးဖြေးနဲ့ အဲဒီလူ မျက်နှာလေးက သူ့မြင်ကွင်းထဲ ငြိမ့်ငြိမ့်လေးဝင်လာရဲ့..
" ကော.. "
" အင်း "
ခုံပေါ်က နာရီကိုလှမ်းယူပြီး ဝတ်နေတဲ့ ရှောင်ကျန့်က သူ့ရှေ့တည့်တည့်ရောက်လာတဲ့ အရိပ်ကို သတိထားမိတော့မှ လှမ်းကြည့်လာတယ်..
ထုံးစံအတိုင်း မျက်ဝန်းညိုညိုတွေက ဝမ်ရိပေါ် ဘယ်တုန်းကမှ မဖမ်းနိုင်ခဲ့တဲ့အရိပ်တွေနဲ့..
" ကျွန်တော့်ကို.. "
" အင်း "
မုန်းလား ဆိုတဲ့ မေးခွန်းက နှုတ်ခမ်းကထွက်မလာခဲ့..
အင်းပဲ ဖြေနေတဲ့ အဲဒီလူက ဒီတခါလဲ ထပ်ဖြေရင်ဆိုတဲ့ အတွေးနဲ့ သူပဲပူလောင်ရပြန်တယ်..
အဲလိုတော့ သူ အဖြစ်မခံနိုင်..
" ကျွန်တော် တောင်းပန်ပါတယ် "
" .... "
" နမ်းမိတာကလွဲပြီး ကျန်တာအကုန် ကျွန်တော်တောင်းပန်ပါတယ် "
မျက်မှောင်ကုတ်သွားတဲ့ ကျန့်ကောမျက်နှာက သူ့စိတ်ထင် ပိုရဲလာသလိုပဲ..
သူ့ကိုစိုက်ကြည့်လာတဲ့မျက်ဝန်းတွေကြား မနည်းအားတင်းထားရတဲ့ သတ္တိတွေလဲ လျော့ပါးကုန်တာပဲ..
" ကျွန်တော့်ကို တခုခုလုပ်ပစ်ချင်ရင်လုပ်လိုက် ကောရယ်.. မောင်းတော့မထုတ်ပါနဲ့."
" .... "
" နော်..ကော "
ရှောင်ကျန့် သူ့ရှေ့က ရိပေါ်ကိုကြည့်ပြီး မနိုင်ဘူးဆိုတဲ့ပုံစံနဲံ သက်ပြင်းခိုးချမိတယ်..
နမ်းတာကလွဲပြီး တောင်းပန်ပါတယ်တဲ့
အဲဒီကောင်လေးက ဘယ်လိုတောင် ဂျစ်တစ်တစ်နိုင်တာ..
သိစိတ်က စိတ်တိုဒေါသထွက်သင့်တာ မှန်ပေမယ့် မသိစိတ်မှာတော့ ဆန့်ကျင်ဘက်ဖြစ်ပြန်တယ်..
ကျန်းလီကျဲပြောထားလို့ သူ့အကြောင်းတွေ အကုန်သိနေပြီဆိုတဲ့ ရိပေါ်ဆီက သူမှန်းထားခဲ့တဲ့တုန့်ပြန်မှုက ဒီလိုမှမဟုတ်တာ..
ချို့ယွင်းချက်တွေများတဲ့ သူ့ကို တနည်းနည်းနဲ့တော့ မေ့ပစ်ဖို့ အဲဒီကောင်လေး ကြိုးစားသင့်တာလေ..
" လာဦး "
" ဟုတ် "
ကုတင်နဲ့ သုံးလေးလှမ်းလောက်ဝေးနေရာက ရှေ့တလှမ်းတိုးလာတဲ့ အဲဒီကောင်လေးက လိမ္မာချင်ယောင်လဲဆောင်တတ်သေး..
" ဒီနားလာ "
" ဟုတ် ကော "
ဝမ်ရိပေါ်က ကြောင်ပေါက်လေးလိုပဲ..
နောက်ထပ်တလှမ်းတိတိထပ်တိုးလာပုံက မဝံ့မရဲ..
ရှောင်ကျန့်စူးခနဲကြည့်တော့ မသိချင်ယောင်ဆောင်ပြီး ခေါင်းငုံ့ပစ်တယ်..
ထပ်မတိုးတော့ဘူးဆိုတဲ့ ခေါင်းမာမှုတွေနဲ့..
" လက်က ဘာဖြစ်တာလဲ "
" ဗျာ... ဟို... ထိုးမိတာ "
" ဘာနဲ့ထိုးမိတာလဲ "
" ဟို... နံရံ..လေးနဲ့ "
" !!! "
" မနာတော့ဘူး ပျောက်တော့မှာ တကယ်..တကယ် "
အသည်းအသန်ဖြေရှင်းနေတဲ့ ရိပေါ်က သွေးစနည်းနည်းကပ်နေသေးတဲ့ ပတ်တီးဖြူဖြူနဲ့ လက်ကိုလဲ ကျောနောက်ပို့ထားသေးတယ်..
ဒီလောက်နဲ့လဲ အဲဒီကောင်လေး ဘာလုပ်ခဲ့လဲဆိုတာ သူခန့်မှန်းလို့ရနေတာပါပဲ..
" ဝမ်ရိပေါ် "
" ဗျာ "
စကားနားထောင်နေတဲ့ ပုံလေးက စရင်းနှီးခါစက ဂရုစိုက်ခံချင်လွန်းလို့ သူ့ကိုလိုက်တွယ်ကပ်နေတတ်တဲ့ ပုံစံလေးအတိုင်းပဲ..
" နောက်မလုပ်နဲ့ "
" ဗျာ.. ဘာကိုလဲ "
ရှောင်ကျန့် မျက်မှောင်ကုတ်ကြည့်တော့ ရိပေါ်က ပတ်တီးနဲ့သူ့လက်ကို ထုတ်ပြပြီးမေးလာရဲ့..
" ကော..ဒါကိုလား "
" အင်း..နောက်မလုပ်နဲ့..ငါမကြိုက်ဘူး "
ဒီတစ်ခါ သက်ပြင်းသေးသေးလေးက ဝမ်ရိပေါ်ဆီက လာတယ်..
' တော်သေးတယ် နမ်းတာကို ပြောတယ်ထင်လို့' တဲ့
ခပ်တိုးတိုးရေရွတ်သံက သူ့တကိုယ်စာ ကြားရုံလောက်လေး..
" ကော.. "
ချမ်းလာလို့ထင်ရဲ့..
ကုတင်ပေါ်က ဆင်းလာတဲ့ရှောင်ကျန့်က ဆိုဖာလက်ရန်းပေါ်လွှားထားတဲ့ အနွေးထည်ကို သွားယူဝတ်တယ်...
ရိပေါ်ကတော့ ခြေနှစ်လှမ်းအကွာအဝေးကို သူ့ဘာသူ သတ်မှတ်ပြီး တကောက်ကောက်လိုက်တုန်း..
" ကျန်းလီကျဲ ပြောပြတယ် "
အင်္ကျီထဲလက်ထိုးနေတဲ့ ရှောင်ကျန့်လှုပ်ရှားမှုတွေက စက္ကန့်ပိုင်းလောက်လေး ရပ်တန့်သွားတယ်..
ခဏကြာတော့မှ မသိမသာနဲ့ ရိပေါ်ကို ကျောခိုင်းပြီးမှ ဆက်ဝတ်တယ်..
" ဒါပေမယ့် ကျွန်တော်ထပ်သိချင်တာတွေက ကော ဖြေပေးမှရမှာ "
" .... "
" ဖြေပေးမှာလား "
" ဟင့်အင်း "
" ကောရာ "
" မပြန်သေးဘူးလား "
" မပြန်ဘူး "
" ခဏနေ ကျန်းချန်လာလိမ့်မယ် "
" လာလာ "
" ကျွတ်စ် "
" ကောမဖြေမချင်း ကျွန်တော် မသွားဘူးနော် "
သူ့ဘက်ကို ဝေ့ကြည့်လာတဲ့ ရှောင်ကျန့်မျက်ဝန်းတွေက မကြည်မလင်..
ဘုကြည့်ကြည့်တယ်လို့ ခေါ်ရမလားမသိ..
သူ့ကျန့်ကောက ချစ်စရာလေး.. ၊
" ဖြေမယ်မလား. "
" မေးမယ်ဆို တခါထဲပြီးအောင်မေး "
" ဒါဆို ကော... "
" ပြီးရင် ဘယ်တော့မှ လာမတွေ့နဲ့တော့ "
ဝမ်ရိပေါ်နှုတ်ခမ်းလေး တင်းတင်းစေ့သွားရဲ့..
ခေါင်းမာတတ်တဲ့ ကျန့်ကောကိုတော့ ချစ်စရာကောင်းတယ်လို့မြင်မိတဲ့ ရာခိုင်နှုန်း နည်နည်းလျော့ပစ်ဦးမယ်..
သူတေးထားလိုက်တယ်..
တချိန်ချိန်များ အခွင့်အရေးရလာရင် အဲဒီလူမဖြေချင်တဲ့ မေးခွန်းတစ်ခုချင်းစီကို ဖက်ဖက်နမ်းပြီး မေးပစ်ဦးမယ်..
" မမေးတော့ဘူး... "
" သဘော "
" ဒါဆို နောက်လဲ လာတွေ့လို့ရပြီနော် "
" .. "
" ခဏခဏ နေ့တိုင်းလာမှာ "
သူ့အခန်းဆီ ပြန်လာတဲ့ လမ်းတလျှောက်လုံးမှာတော့ ဝတ်လာမိတဲ့အနွေးထည်က အဲဒီလူရဲ့ကိုယ်သင်းနံ့လေးနဲ့ နွေးထွေးခဲ့လေရဲ့..
ရိပေါ်က ခပ်ပြုံးပြုံးနဲ့ သူ့ကို ဓာတ်ပုံခိုးရိုက်တဲ့ nurse မလေးတွေကိုတောင် ရယ်ပြလို့တဲ့..၊
ကျိရန်ကောတို့ကို မြန်မြန်ပြောရမယ်..
သူ အခုနေကောင်းသွားပီ..
သူ ဆေးရုံဆင်းချင်ပီ..
မတိုင်ခင်အချိန်တွေကသူ့စိတ်ကို နည်းမျိုးစုံနဲ့ရက်စက်ခဲ့တဲ့ အဲဒီလူရဲ့ တုန့်ပြန်မှုတွေက ပြောင်းလဲလာတာကို ဘာကြောင့်လဲလို့ သူ မတွေးချင်တော့ဘူး..
အဲဒီလူရဲ့ စိတ်ဒဏ်ရာတွေက သူလမ်းလှမ်းမှီသလောက် လွယ်လွယ်ခန့်မှန်းကြည့်နိုင်တဲ့ အရာမှမဟုတ်ဘဲ...
လှုပ်လိုက်ရင် နာကျင်မှာစိုးတယ်..
ချစ်မိတာကို အပြစ်လို့မြင်မှာစိုးတယ်..
ဘယ်ကြိုးမှ အချည်မခံတော့ဘူးဆိုတဲ့ အဲဒီလူက သူ့ကိုနီးစပ်ခွင့်ပေးတာလေးနဲ့တင် ကျေနပ်ရပြန်တယ်..
ဒီရက်ပိုင်းအတွင်း သူတယောက်ထဲ ပူလောင်ခဲ့ရတာတွေက ပြန်တွေးကြည့်ရင်တောင် လတ်ဆတ်နေတုန်း...
သေချာတယ်...
ဘယ်တော့မှ အဲဒီလူရဲ့ ဝေးဝေးမှာနေကြည့်ဖို့ သူ မကြိုးစားတော့ဘူး..
တကယ်..
ခင်ဗျား မသိသေးလို့..
ကျွန်တော်က တကယ်ကြီး လိမ္မာတော့မှာ .. ။
~ ~ ~ ~ ~ ~ ~