Part 10
Love Catcher
အပိုင်း(၁၀)
#lovecatcher
11-27-12-42
"ဘာလုပ်နေတာလဲ.."
"မေ့..."
သီရိ ဘီဒို ကို နေရာရွေ့ဖို့ ကြိုးစားနေချိန် အစ်ကို့ရဲ့ အသံကြောင့် လန့်ပြီး တုန်သွားရသည်..။
နောက်ကို လှည့်ကြည့်လိုက်တော့ မေးငေါ့ ပြသည်..။
"ဟို...နောက်ကို ပြုတ်ကျသွားလို့ပါ..."
"အဲတော့.."
"ဟို..ဒီဘီဒို ရွေ့နေတာ..."
"စူပါဂဲ မို့လို့လား..."
"ရှင်.."
"ကျွန်းဘီဒို ကို တစ်ယောက်တည်း ရွေ့နေတာလေ..."
"............"
သီရိ ပြောစရာ စကား မရှိတော့လို့ ခေါင်းကုတ်ရင်း တွေတွေ နဲ့ ရပ်နေမိချိန် အစ်ကို က အသံထွက်၍ ရယ်သည်..။
မမြင်ဖူးတဲ့ ပုံရိပ်ကို ငေးကြည့်နေမိပြီးမှ အကြည့်လွဲပစ်လိုက်ရသည်.။
"ထားလိုက်...အလုပ်သမားတွေ ရှိရဲ့ နဲ့ ဘာလို့ အဲလောက် လုပ်နေတာလဲ..."
"ဟင်..."
"ချက်ပြုတ်တာလဲ မင်းပဲ...အဝတ်အစားတွေ လည်း မင်းပဲ.. အခန်းသန့်ရှင်းရေးလည်း လုပ်တယ်...မင်း က တစ်ချက်မှ ကို အငြိမ်မနေနိုင်တာပဲလား....ဟင်.."
".........."
"အလုပ်သမား တွေက ဘာလုပ်ကြလဲ....မင်းချည်းပဲ အကုန်လုပ်ချင်နေတာပဲ..."
"ဟို..သူတို့လည်း လုပ်ကြပါတယ်....တစ်ယောက် တစ်လက် လုပ်တော့မြန်မြန် ပြီး လို့ပါ..."
"ကိုယ်တွေ့တာတော့မင်းချည်းပဲအလုပ်များနေတယ်..."
"............."
"မပင်ပန်းဘူးလား...."
".........."
"ဆူနေတာ မဟုတ်ဘူးနော်....နားနားနေနေ နေပါလား...စာမေးပွဲလည်း ရှိတယ် မလား...အလုပ်ကို လျော့လုပ်..ကြားလား.."
"ဟုတ်...."
"ဘီဒိုလည်း ထပ်ရွေ့မနေနဲ့ ဦး..."
"ဟုတ်..."
သီရိ မျက်လွှာချထားရင်း ခေါင်းညိတ်လိုက်ပြီး မော့ကြည့်ချိန် အစ်ကို က ပြုံးစေ့စေ့ ဖြစ်နေတာ တွေ့တော့အံသြ၍ မျက်လုံးပြူးသွားသည်..။
မျက်နှာကို ပြင်ပြီး ထွက်သွားတော့မှ နားမလည်နိုင်စွာဖြင့် ကျောပြင်ကို လိုက်ငေးကြည့်မိသည်..။
ဆူတယ် မှတ်နေတာ...ခုကျတော့လည်း ပြုံးစေ့စေ့ နဲ့ဘာဖြစ်နေတာပါလိမ့်..။
သီရိ မျက်နှာကို စမ်းကြည့်ရင်း တစ်ခုခု ပေနေတယ် အထင်ဖြင့် မှန်ပြေးကြည့်ရသေးသည်..။
ဘာမှ မရှိပါဘူး..။
သီရိ နှာခေါင်းရှုံ့လိုက်ကာ အခန်းထဲက ထွက်လာပေမဲ့ ဘီဒိုနောက်က တံမြတ်စည်း ကို စိတ်ရောက်နေမိသည်..။
.
"အမယ်....အလှပြင်ထားပါလား..."
"လှတယ်မလား..."
"ဘီလူး နီးနီးပဲ..."
"ကိုငယ်နော်..."
"ဘာလဲ...ကောင်လေးတွေကို ပြချင်တာလား..."
"ဟုတ်ပါဘူး...ဒီနေ့ စိတ်ပါလို့ပြင်ကြည့်တာ...ဘယ်လိုနေလဲ လို့.."
"မဆိုးပါဘူး..."
"ဟွန့်....အတုမ...မနာလိုဖြစ်နေတာမလား...ပြင်ချင်လို့လား.."
"အမလေး...မပြင်ချင်ပါဘူးဟယ်..."
"ဟီး....နှုတ်ခမ်းနီ လိမ်းကြည့်ပါလား...မသိမသာလေးလေ..."
"ဟယ်..အတင်းကြီး ဇာတ်မသွင်းပါနဲ့ဟယ်......မသိမသာလေးပဲ ခြောက်ပါရစေ..."
"ဟား...ဟား...ကိုငယ်တကယ်လား...မငြိမ်း ကို ပြောရမယ်..."
"ငါ့ အစ်မ ငိုလိမ့်မယ်..."
"ဟီး....တိုးတိုးတိတ်တိတ် ခြောက်ကြမယ်နော်..."
"ဟား..ဟား..."
"ကိုငယ် ညနေ လာခေါ်မှာလား..."
"ခေါ်မယ်လေ..."
"မုန့်လည်း ဝယ်ကျွေးရမယ်နော်..."
"ဟုတ်ပါပြီ...သူ့ ပိုက်ဆံက အတု ဆိုတော့ သုံးမရဘူးမလား..."
"ဟီး....ကိုငယ် ကလည်း ညီအစ်မချင်း မကပ်ပါနဲ့..."
"မကပ်ရပါဘူး..."
"သွားပြီ....ဘိုင်ဘိုင်..."
"အောက်ကြည့်ဦး...ထဘီစ တက်နင်းပြီး ကျွတ်ဦးမယ်...ရှပ်ပျာပျာနဲ့.."
"မနင်းပါဘူး..."
သီရိ လက်ပြ ပြီး နှုတ်ဆက်ခါ သင်တန်းကို ရောက်လာပေမဲ့ ညနေ ဘာစားရကောင်းမလဲ စဉ်းစားနေမိသည်..။
အသုပ်စုံက ရိုးနေပြီ...အကင် လေး ဆို ပိုကောင်းမလား..။
.
"ဒေါက်..ဒေါက်..."
"..........."
"မယ်...တံခါးတွေ ဘာတွေ ဖွင့်ထားပါလား..."
'..........."
ကိုငယ် ရဲ့ အဝတ်အစားတွေ ကို ဘီဒိုထဲ မှာ စီထည့်ပေးလိုက်ရင်း အလစ်မပေးသည့် ဘီဒိုကို မွှေဖို့ သတိရသည်..။
ဘာတွေ ရှိလို့ပါလိမ့်..။
အကျီ ်နည်းနည်းပဲ ရှိတဲ့ ဘီဒိုထဲ ဘာမှ အထွေ အထူးမရှိ..။
အောက်ဆုံးနေရာမှာ အိတ်အမဲနဲ့ ထည့်ထားလို့ ထုတ်ကြည့်လိုက်သည်.။
"ဟင်...တကယ်ကြီးလား.."
ခေါင်းချည်ကွင်းတွေနဲ့ နှုတ်ခမ်းနီတွေလည်း ပါတော့ သီရိ မျက်လုံးပြူးသွားသည်.။
ကိုငယ်က တကယ်ကြီး မိန်းမလျာ ဖြစ်နေတာလား...။
ဘရန်း တံဆိပ် နှုတ်ခမ်းနီ ဘူး လေးငါး ခု ရှိနေတော့ မျက်ခုံးပင့်မိသည်..။
တစ်ဘူးလောက် ခိုးသွားရ ကောင်းမလား..။
ဟိ...ဒီလိုသာ ဆို အမလေး ကုန်ပါပြီတော်လို့ အော်မလား မသိ..။
နှုတ်ခမ်းနီ ကတော့ ဟုတ်ပါပြီ..။
ဆံပင်တိုလေး ကို ခေါင်းချည်ကွင်းနဲ့ ဘယ်လို ချည်မှာလဲ..။
သြော်...ဆံပင်အတုလည်း ရှိမှာပေါ့လေ..။
ဘူးလေး တစ်ခု တွေ့လို့ ဖွင့်ကြည့်တာ မိန်းမဝတ် နာရီ အကောင်းစားလေး ဖြစ်နေသည်..။
အိတ်ထဲမှာ ဘောက်ချာတွေလည်း တွေ့တော့ တစ်ခုချင်းစီ ထုတ်ဖတ်မိသည်..။.
ရက်စွဲတွေက လကုန်ရက်တိုင်း ဖြစ်နေတော့ တစ်လ မှာ တစ်ခု ဝယ်စုနေရတာလား..။
ဘာလုပ်ဖို့ပါလိမ့်..။
ကိုငယ် တစ်ယောက် ရည်းစားတွေ ဘာတွေ ရနေပြီလား မသိ..။
"သားငယ်.....ရေပိုက် ပိတ်ဦး.."
"လာပြီ....သေပြီ.."
အိတ်ကို လုံးထွေးပြီး အောက်ဆုံးမှာ ပြန်ထိုးထည့်လိုက်ကာ သီရိ ကပျာကယာ မတ်တတ်ရပ်လိုက်သည်..။
အဝတ်ထည့်ပြီးသားတွေကို ပြန်ထုတ် ကိုင်ထားရသည်..။
"ဟ...သီရိ..."
"ကိုငယ် ..."
"ဘာလုပ်နေတာလဲ..."
သူ့ ဘီဒိုရှေ့မှာ တွေ့တာနဲ့ လူကို မသင်္ကာသလို ကြည့်တော့ မျက်နှာလေး တည်ပစ်ရသည်.။
"ဒီမှာ မတွေ့ဘူးလား.."
"ပေး...ပေး..."
"ဟွန့်...လူကို သူခိုးလိုလိုနဲ့..."
"ဟ...မဟုတ်ပါဘူး..."
"နောက်ဆို ဘယ်တော့မှ မဝင်ဘူး.."
".........."
သီရိ ဟန်ဆောင် ခြေဆောင့်ပြီး ထွက်လာရတာ အခန်းပြင် ရောက်မှ သက်ပြင်းချနိုင်သည်..။
ကိုငယ် တစ်ယောက်တော့ မရိုးတော့ဘူး..။
နှာဘူး နဲ့ ဂန်ဒူး တစ်ခုခု တော့ ဖြစ်နေတာ သေချာပါပြီ..။
.
"အစ်မ..."
"ဟင်...."
"အစ်ကို က သူ့ အခန်းထဲကို အစ်မက လွဲပြီး မလာရဘူးတဲ့..."
"ဟင်.."
သီရိ နားမလည်နိုင် ဖြစ်နေချိန် အသီးပန်းကန် က သီရိ ရှေ့မှာ လာချပြီးပြီ..။
စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်ရာက ထရပ်လိုက်ကာ အကျီ ၤ ကို ဆွဲဆန့်ရသည်..။
ပန်းကန် ကိုင်ပြီး အပေါ်ကို တက်လာရပေမဲ့ စိတ်ထဲမှာ တစ်မျိုး ခံစားနေမိသည်..။
အခန်းထဲ ဝင်ခါနီး မှ ဝရန်တာ မှာ ထိုင်နေတာ တွေ့တော့ ခြေလှမ်း ပြောင်းရပြန်သည်..။
"..........."
အစ်ကို့ရှေ့က ဖန်ခွက်နဲ့ ရေခဲတုံးလေးတွေကို တွေ့ပြီး သီရိ မျက်လုံးပြူးသွားသည်..။
အစ်ကို အရက်တွေ သောက်နေတာပဲ..။
ခြေ တစ်လှမ်း နောက်ဆုတ်ပြီး ခပ်ဖွဖွ ပြန်လျှောက်မိသည်..။
"သီရိ..."
"မေ့..."
ခေါ်သံ မဟုတ်ပဲ ငေါက်လိုက်တဲ့အသံဖြစ်နေတော့ ကြောက်၍ တုန်တက်သွားသည်..။
လက်ထဲ က ပန်းကန် ကို ကြည့်ရင်း လက်က တုန်ချင်သလိုလို ဖြစ်နေသည်..။
"အစ်ကို...ဒီမှာ အသီး..."
"ထိုင်ပါဦး.."
"ဟို..."
"ငါ မင်းကို ဘာလုပ်နေလို့လဲ..."
"ရှင်.."
အစ်ကို့ရဲ့ ဒေါသ မျက်နှာထားကြောင့် ရှေ့ခုံမှာ ဝင်ထိုင်လိုက်ရသည်..။
မျက်လွှာ ချထားရပေမဲ့ ရင်ခုန်သံတွေက တဒိတ်ဒိတ်ဖြစ်နေသည်.။
ကြောက်စိတ်ကြောင့် လက်ဖျားတွေကို ဆုပ်ကိုင်ထားရင်း ချွေးစေးတွေတောင် ထွက်လာပြီလေ..။
"မင်း..ခုတလော ဘာဖြစ်နေတာလဲ..."
"ရှင်..."
"မင်း ကို ဘယ်သူက ဘာပြောလို့လဲ...ငြိမ်းလား....ဟိုကောင် ဖြိုးသူလား..."
"ဘာ...ဘာကိုလဲ အစ်ကို..."
"မင်း ငါ့ကို ရှောင်နေတယ်.."
"ရှင်..."
သီရိ နားမလည်နိုင်လို့ မျက်လုံးပြူးရင်း ရှင် လိုက်ရပေမဲ့ အစ်ကို က တော့ သီရိ ကို အပြစ်ရှိသူ တစ်ယောက်လို ဆိုက်ကြည့်ကာ နှုတ်ခမ်းမဲ့ ပစ်လိုက်သည်..။
ခုတလော မျက်နှာချင်း မဆိုင်မိပေမဲ့ တမင်တကာ ရှောင်နေတာတော့ မဟုတ်ပါဘူး..။
"မဟုတ်ပါဘူး..အစ်ကို...အထင် လွဲနေတာပါ..."
"....မနက် က နေ စပြီး ညအိပ်ရာဝင် အထိ ငါ့အနားကို ရောက်လာတာ မင်း မပါဘူး..."
"ဟို....သီရိ စာလုပ်နေရလို့ပါ...."
"ငါ့ကို ရှောင်နေတာ ဘယ်သူ့ ပယောက လည်း ငါ သိချင်တယ်...ငါ ရှင်းမယ်.. ..."
"ရှင်..."
"............"
"............."
နှစ်ယောက်စလုံး တိတ်ဆိတ် သွားကာ မျက်လုံးချင်း အကြည့်ဆုံမိတော့ ရီဝေေ၀ အစ်ကို့ရဲ့ အကြည့်တွေကို ခြောက်ခြားမိသည်...။
အစ်ကို့မျက်ဝန်းထဲမှာ တစ်စုံတစ်ခု ကို တွေ့ရတော့ သီရိ ငိုချင်လာသည်..။
အစ်ကို့ ကို အရမ်းချစ်ခဲ့တယ် ဆိုတာ ဝန်ခံရဲ့ပါတယ်..။
ဒါပေမဲ့ အခု မဟုတ်ဘူး..။
အခုချိန်မှာ အစ်ကို တစ်ယောက်ထက် မပိုတော့ပါဘူး..။
"ကိုယ်....ကိုယ်....မင်း....ကို...."
"................"
"ကိုယ်....ပြောချင်တယ်.....မင်း ကို ထိခိုက်မလား...ဟင်....ကိုယ်...မင်းကို...."
"စာကျက်နေလို့ပါ အစ်ကို...."
".............."
"အများကြီး မသောက်ပါနဲ့...မငြိမ်း ကို လည်း ဖုန်းဆက်ဦးနော်...အစ်ကို..."
"..........."
အရက်ခွက်ကို ကိုင်ထားရင်း ခေါင်းငိုက်ဆိုက် ကျန်ခဲ့တဲ့ အစ်ကို့ ပုံရိပ်တွေက မျက်လုံးထဲကမထွက်ပဲ စွဲပါလာသည်.။
အနေနီးရင် ဖြစ်လာမဲ့ သံယောဇဉ်ကို တစ်ချိန်တုန်းက လိုချင် တောင့်တ ခဲ့ရပါသည်..။
ခုချိန် မဟုတ်ဘူးလေ...အစ်ကိုရယ်...။
သီရိ မှာ နှလုံးသား ရှိပေမဲ့ အစ်ကို ကိုတော့ ဒုတိယ အကြိမ် မချစ်တော့ဘူး ဦးနှောက်နဲ့ ဆုံးဖြတ်ထားပြီးသားပါ..။
အစ်ကို ကိုယ်တိုင် ဦးနှောက်နဲ့ ရွေးချယ် ခဲ့တဲ့ ဇနီးလောင်းအပေါ်မှာ သစ္စာ ရှိပေးပါလား အစ်ကိုရယ်..။
သီရိ နှလုံးသား ထဲက အစ်ကို့ကို လေးစားချင်တယ်..။
စားပွဲပေါ်မှာ ထိုင်ချလိုက်ပေမဲ့ စာအုပ် မကိုင်မိပဲ ငေးငိုင်နေမိသည်..။
စာမေးပွဲ ပြီးတာနဲ့ အိမ်ပြန်တော့မယ်..။
အနေနီးတိုင်း သံယောဇဉ် ဖြစ်ခွင့် မရှိဘူး..။
လောက စည်းမျဉ်းတွေက လူမှန်ရင် စောင့်ထိန်းရမှာချည်းပဲလေ.။
.
"သီရိ..."
"ဟင်...အစ်ကို..."
သင်တန်းရှေ့မှာ ရပ်စောင့်နေတုန်း ကားထိုးရပ်လိုက်ပြီး ခေါင်းစောင်း ခေါ်လိုက်တဲ့ အစ်ကို့ကို အံသြရင်း ငေးကြည့်နေမိသည်.။
"တက်လေ..."
မျက်မှန် အောက်က မျက်ဝန်းတွေကို မမြင်ရပေမဲ့ နှုတ်ခမ်းပေါ် က ရင်းနီး နွေးထွေးတဲ့ အပြုံးကြောင့် ခေါင်းရမ်း လိုက်သည်..။
"သီရိ...ကိုငယ့် ကို စောင့်လိုက်မယ် အစ်ကို..."
"ကျစ်....သူမအားဘူး..."
"ရှင်..."
"လာ...တက်..."
သီရိ ငြင်းလို့ မကောင်းတာနဲ့ ကားပေါ် ရောက်လာရပေမဲ့ အပြင်ဘက်ကို သာ ငေးကြည့်နေမိသည်..။
ကား က ဖြည်းဖြည်း မှန်မှန် သွားရင်း မီးပွိုင့် စောင့်ရချိန် သူငယ်ချင်း နှစ်ယောက် ကို တွေ့တော့ မျက်နှာ လွဲထားရသည်.။
ကိုယ့်ဘက်က ရိုးသားပေမဲ့ ပြောစရာ ဖြစ်မှာ ကြောက်ရသည်..။
အစ်ကို့ရဲ့ ကားကတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အတိုင်း မွှေးပျံ့ လတ်ဆတ် အေးမြနေသာည်..။
သီရိ ကတော့ အရင်တုန်းကလို မပျော်ပဲ မွန်းကြပ်သလို ခံစားနေရသည်..။
"ဟင်...အစ်ကို ဘယ်ကိုလဲ.."
"ဘယ်လို ဖြစ်တာလဲ....မယုံတာလား.."
သီရိ မျက်လုံးပြူးပြီး မေးလိုက်မိကာမှ နည်းနည်း အားနာသွားသည်..။
မျက်နှာပြင်လိုက်ကာ ခေါင်းရမ်း ငြင်းဆန်ပေမဲ့အစ်ကို စိတ်ဆိုးသွားပြီဆိုတာ သိပါသည်..။
"ဖြိုးသူနဲ့ဆိုရင် မြို့ပြင်အထိ လိုက်သွားတာပဲ...ဘာလဲ...မယုံဘူးလား..."
"အဲလို သဘောမဟုတ်ပါဘူး...ကိုငယ် စောင့်နေမှာ စိုးလို့ပါ..."
"သူ မအားဘူး လို့ ပြောပြီးပြီလေ...."
"............"
အစ်ကို ရဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားသလို ဖြစ်သွားလို့ စိတ်ဆိုး သွားတာ နားလည်ပေမဲ့ ကားရဲ့ အမြန်နှုန်းကြောင့် သီရိ ရင်တွေ ခုန်နေရသည်..။
ဘယ်ကိုသွားမလို့လဲ...ကားပေါ်မှာတင် နှစ်နာရီကျော်နေပြီ...လိုရာ ခရီး က မရောက်သေးဘူးလား..။
နေဝင်သွားတော့ သီရိ မမြင်ဖူးတဲ့ လမ်းကျယ် တစ်ခုမှာ ကားက အရှိန်မလျော့ပဲ ပြေးနေသည်..။
"အ...အစ်ကို..အရှိန်လျော့ပါလား..."
"............."
"အစ်ကို့ကို စော်ကားလိုတဲ့ စိတ်နဲ့ ပြောလိုက်တာ မဟုတ်ပါဘူး...သီရိ တောင်းပန်ပါတယ်အစ်ကို...."
ဘေးတိုက် အနေအထား ကို မျက်နှာ သေချာ လှည့်ပြီး တောင်းပန်လိုက်ပေမဲ့ နှုတ်ခမ်းက လှုပ် ပြုံးလိုက်သည်..။
ကားက အရှိန် များတော့ ဘာ မှ မရှောင်ပဲနဲ့တောင် လှုပ်ခါ နေသလို ရှိသည်..။
အမှောင်လမ်းထဲမှာ ကားတစ်စီး တည်း မြန်မြန်မောင်းနေတာကြောင့် သီရိ ကြောက်စိတ်ဝင်လာသည်..။
ဘယ်လို အခြေအနေ ဖြစ်သွားနိုင်လည်းဆိုတာ မတွေးရဲ့...။
အစ်ကို့ရဲ့ ကိုယ်ကျင့်တရားကို ယုံချင်ပေမဲ့ မခံချင်စိတ် ကြောင့် တစ်ခုခု ဖြစ်သွားမှာကြောက်ပါသည်..။
"အစ်..အစ်ကို...သီရိ ကြောက်လို့ပါ.....အိမ်ပြန်ကြရအောင်နော်...အစ်ကို...."
"............."
"သီရိ တောင်းပန်ပါတယ်..."
"..............."
"အဟင့်.....ဟင့်...."
သီရိ မျက်နှာကို လက်ဝါးနဲ့ အုပ်ကာ ရှိုက်ငိုတော့မှ ကားက အရှိန် နည်းနည်း လျော့သွားသည်..။
လမ်းမပေါ်မှာတင် အကြမ်းအရမ်း ပြန်ကွေ့လိုက်တော့ မျက်လုံးကို စုံမှိတ်ထားလိုက်မိသည်..။
ကား အရှိန် မမြန်တော့ပေမဲ့ ပုံမှန် အနေအထားတော့ မရောက်သေး..။
စိတ်လှုပ်ရှားရတဲ့ အခြေအနေ များလာတော့မောလာသလို ခံစားရသည်..။
စိတ်ကို သက်သာသလို လျှောက်တွေးရင်း ခေါင်းမှီ၍ လက်ပိုက်ကာ ကား အပြင်ဘက်ကို ငေးကြည့်နေမိသည်.။
"ကိုယ်.....ကိုယ်...အရမ်းခံစားရတယ်...မွန်းကြပ်တယ်....အဝေးဆုံးကို ထွက်သွားချင်တယ်..."
"............."
သီရိ မျက်လုံးတွေ စုံမှိတ်ထားရင်း အိပ်ပျော်ချင်ယောင်သာ ဆောင်နေလိုက်သည်..။
"ကိုယ် စိတ်ပူတယ်...စိုးရိမ်တယ်....ဒီခံစားချက်ကို ဘာမှန်း ကိုယ် မသိဘူး....ကိုယ့်...ကိုယ် ရူးသွားတာ ဖြစ်မယ်..."
"..........."
" ...ကိုယ့်ခံစားချက်တွေ ပြောင်းလာချိန် ကိုယ် လက်ထပ်လိုက်တယ်....ကြိုးစားပြီး ပြောင်းလဲခဲ့တဲ့ ကိုယ့်ခံစားချက်တွေက ခုချိန်မှာတော့ ကိုယ့် အမိန့်ကို မနာခံတော့ဘူး..."
သီရိ တံတွေးတစ်ချက် မြိုချရင်း နားထင်ဆီသို့ စီးကျသွားတဲ့ မျက်ရည်ကို မသုတ်ပဲ ငြိမ်သက်နေမိသည်..။
တကယ်တော့ အစ်ကို့ နှလုံးသားကလည်း မရိုးသားပါဘူး အစ်ကိုရယ်...။
အစ်ကိုက သတ္တိနည်းတဲ့ ယောက်ျားမျိုး..။
နှလုံးသားကို အတွက်အချက် ကြီးလွန်းပြီး အရာရာ ကို စီးပွားရေး တွက် တက်တဲ့ ယောက်ျားမျိုး ကို သီရိ မချစ်ချင်ဘူး.။
ခုချိန်မှာ ပိုပြီး မချစ်ချင်တော့ဘူး..။
ကိုယ်က တန်ဖိုးထားပေမဲ့ ကိုယ့်တန်ဖိုး ကို မသိတဲ့ ယောက်ျား မျိုးထက် ကိုယ့်ရဲ့အခြေအနေအတိုင်း တန်ဖိုးထားချစ်တက်တဲ့ ယောက်ျား ကိုပဲ ဘ၀ တစ်သက်စာ လက်တွဲချင်မိတယ်....။
ကား အရှိန်နှေးကျသွားပြီး နဖူးပေါ်က ဆံပင်တွေကို သပ်တင်ပေးတာ သိတော့ ရင်ခုန်နှုန်းတွေ မြန်ကာ လက်ဖျားတွေ အေးချင်လာသည်..။
ခုလို အခြေအနေ မှာ တစ်ခုခု လုပ်လိုက်ရင် သီရိ ဘဝတော့ သွားပါပြီ..။
ဘယ်လို လုပ်ရပါ့မလဲ..။
"ကလင်....ကလင်...ကလင်..."
"ကျစ်..."
သီရိ လည်း နိုးသွားသလိုလို ဖြင့် မျက်လုံးတွေ ကို ပွတ်သပ်လိုက်တော့ မှ ကားကို နောက်မှီ ထိုင်ကာ ဖုန်းဖွင့်သည်..။
"ဟလို...ကိုဇေလား..."
"ကျစ်..အေး..."
"ဟို...သီရိ ကို အစ်ကို သွားကြိုလိုက်လား..."
"ဘာဖြစ်လို့လဲ.."
"ကျွန်တော် စောင့်နေတာ ကြာပြီ...သင်တန်းက ပြောတော့ ကားနဲ့ ပြန်သွားတယ်တဲ့...အိမ်မှာလည်း မရောက်သေးလို့..."
"အဟွင်း...သီရိ က အစ်ကို နဲ့ ရှိပါတယ်...ကိုငယ်ရဲ့...စိတ်မပူနဲ့နော်...ခုပြန်လာပြီ...မုန့်ဝယ်ခဲ့တယ်..."
"သြော်...အင်း..."
သီရိ က ဘေးက ဝင်ပြောလိုက်တာကြောင့် အစ်ကို က မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်သည်.။
နှုတ်ခမ်း တစ်စုံက ရိုးသားစွာ ဖြင့် ပြုံးပြလိုက်ရပေမဲ့ ကြောက်စိတ်ကြောင့် ရင်တွေခုန်နေဆဲပါပဲ..။
အသွားတုန်းက မြန်သလောက် အပြန်လမ်းမှာ ဖြည်းဖြည်းပဲ မောင်းနေတာ သိပေမဲ့ ဘာမှ မပြောမိပါ..။
ပိုက်ဆံအိတ်နဲ့ ဖုန်းကို သတိရတော့ မျက်လုံးဝေ့၀ဲ လိုက်ရှာကြည့်မိသည်..။
အိမ်ကို ပြန်ရောက်ချိန်က ကိုးနာရီ ခွဲနေပြီမို့ ကိုငယ် က ခြံတံခါး ဖွင့်ပေးသည်.။
"အစ်ကို...သီရိ ပိုက်ဆံအိတ်ကောဟင်..."
ကားထဲက ထွက်ခါနီး မေးလိုက်တော့မှ အောက်ဘုံးထဲ က ထုတ်ပေးသည်..။
အစ်ကို့ ကို မယုံတာ မဟုတ်ပေမဲ့ စိတ်ထဲမှာတော့ အတော်လေး လန့်နေပါပြီ..။
ဘာမှ မဖြစ်ခဲ့ပေမဲ့ နောက်ဆို ဒီထက် ပိုပြီး သတိထား ဖို့ အလိုလို တွေးမိသည်..။
ကားပေါ် က ဆင်းလာတော့ ကိုငယ်က စိုးရိမ်နေတဲ့ မျက်ဝန်းများဖြင့် စောင့်ကြိုနေသည်..။
သီရိ ပေါ့ပါးစွာ ပြုံးပြလိုက်ရပေမဲ့ စိတ်ထဲမှာတော့ မောပန်းနွမ်းနယ်နေပြီ..။
"မုန့်ဆိုင် ပိတ်သွားလို့ပါ..."
"အင်း....ဘယ်တွေ သွားတာလဲ..."
"မသိဘူး...အစ်ကို က ကားချည်း လျှောက်မောင်းနေတယ်...."
"သြော်...အင်း...ငါ စောင့်နေတာ အကြာကြီးပဲ ဖုန်းဆက်တော့လည်း မကိုင်ဘူး.."
အစ်ကို က ကိုငယ် မအားဘူး ဆိုလို့ လိုက်သွားမိတယ် ဆိုတာ မပြောဖြစ်တော့ပါ..။
အခုလို ပြောလိုက်ရင်လည်း ဘာတွေ ထူးခြားလာမှာလည်း..။
နောက်ဆို ကိုယ်တိုင်ပဲ အနေအထိုင် ဆင်ခြင်ရတော့မည်..။
"စိတ်ပူသွားလား...ရှုခင်းတွေ အရမ်းလှလို့ ဖုန်းတောင် မေ့သွားတယ်...ဆန်းဒေး ကျရင် ကိုငယ် ထပ်လိုက်ပို့ပေးနော်..."
"အင်းပါ...လာ..."
ကိုငယ်က အိမ်ထဲ ဝင်ဖို့ ခေါ်တော့ သီရိ ပန်းခြံလေးထဲ နေချင်သေးပေမဲ့ လိုက်သွားရသည်.။
ဧည့်ခန်းထဲမှာ မတ်တတ်ရပ်နေတဲ့ အစ်ကို ကိုတွေ့ရတော့ သီရိ နဲ့ ကိုငယ် အံသြသွားသည်.။
အမြဲ အပေါ်တက်သွားပေမဲ့ ခု ဘာဖြစ်လို့ပါလိမ့်..။
"ဖြိုးသူ..."
"ဗျာ..."
"သီရိ ကို ငါ အပြန် ဝင်ခေါ်မယ်.."
"........."
"မင်း Show Room အသစ်ကိုပဲ အာရုံစိုက်ပါ...ငါ ဘယ်လောက် ရင်းနီၤး မြုပ်နှံထားလဲ မင်း အသိဆုံးနော်..."
"ဟုတ်ကဲ့...."
"ဟို...သီရိ သူငယ်ချင်းတွေနဲ့ လည်း ပြန်လို့ရပါတယ်..."
"..........."
ဘာမှ မပြောပဲ တစ်ချက် လှမ်းကြည့်တော့ ခေါင်းငုံ့ကာ မျက်လွှာ ချလိုက်ရသည်..။
သူ့အိမ်ဆိုတော့လည်း သူ့အမိန့် နာခံရမှာပေါ့လေ..။
လှေကားပေါ် ရောက်သွားတဲ့ အစ်ကို့ကို လှမ်းငေးကြည့်မိချိန် လည်ပြန် ပြန်ကြည့်လို့ ကပျာကယာ အကြည့်လွဲပစ်လိုက်မိသည်..။
"သီရိ..."
"ဟင်..."
"တစ်ခုခု ဖြစ်လို့လား..."
ခေါင်းရမ်း ငြင်းဆန်လိုက်တော့ ကိုငယ်က ကျောခိုင်း ၍ အခန်းဘက်ကို လျှောက်သွားသည်..။
"ကိုငယ်..."
"ပြောလေ..."
သီရိ အားကိုးတကြီး ခေါ်လိုက်မိတော့ ကိုငယ်က ခေါင်းကို ညိတ်ပြရင်း အားပေးသလိုလည်း ပြုံးသည်..။
"...ထမင်းစားပြီးပြီလား..."
"မစားရသေးဘူး..."
"လက်ဖက်ထမင်း စားမလား...သီရိ လုပ်ကျွေးမယ်..."
"အင်း...ကောင်းသားပဲ...ငါလည်း ကူပေးမယ်..."
"ဟုတ်....အဝတ်အစားတွေ လဲလိုက်ဦးမယ်နော်..."
"လက်ဖက် နပ်ထားလိုက်မယ်..."
"အိုကေ..."
သီရိ လက်ဝိုင်းပြလိုက်ကာ အခန်းထဲကို ရောက်လာတော့မှ သက်ပြင်း တစ်ချက် ချလိုက်သည်..။
ဘာပဲဖြစ်ဖြစ် ကိုငယ် က အထင်လွဲပြီး မငြိမ်းဆီ သတင်းရောက်သွားမှာ စိုးရိမ်ရပါသည်..။
တစ်လောကလုံးမှားနေတောင် သီရိ မှားစရာ မလိုပါဘူး..။
သီရိ ချစ်ခဲ့တယ် ဆိုတာ တချိန်တုန်းက လူပျို အစ်ကို ကို ပါ..။
အိမ်ထောင်ရှိပြီးသား လူတစ်ယောက်ကို ချစ်ရလောက်အောင် အပျို တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အပွန်းပဲ့ မခံနိုင်ဘူး..။
ပြီးတော့ သီရိရဲ့ မာန ကို အစ်ကို ထက်ပိုချစ်တယ်..။
တီရှပ်နဲ့ လုံချည် လဲဝတ်လိုက်ကာ မီးဖိုခန်းထဲ ရောက်လာတော့ ကိုငယ်က လက်ဖက် ထည့်ပြီး ထိုင်စောင့်နေပြီ..။
"ခရမ်းချည်သီး ထည့်ဦးမလား..."
"ဟင်....အင်း..."
"ဟာ....မထည့်ပါနဲ့...ရပြီ..."
"............"
သီရိ ဘေးက အကြော်ပန်းကန် လောင်းထည့်ပြီး ဇွန်းနဲ့ နယ်ပေးလိုက်တော့ ကိုငယ်က ခေါင်းညိတ်ပြီး ထမင်းပန်းကန် ကို အနားယူပေးသည်..။
ဖြစ်သလို နယ်ထားတဲ့ လက်ဖက် ပန်းကန် ကို ကိုင်ပြီး မီးဖိုခန်းထဲက ထွက်လာတော့ ကိုငယ်က နောက်က လိုက်လာသည်..။
ပန်းခြံလေးထဲက ထိုင်ခုံဝိုင်းလေးမှာ ထိုင်ချလိုက်တော့ လက်ဖက်ပန်းကန်ကို ရှေ့ပို့ပေးမိသည်..။
"ဆားငန်လား..."
"ဟင့်အင်း.."
အရင်တုန်းက အာပေတူး လုပ်ကျွေးသမျှ ငန်တယ်လို့ ရန်စ တက်ပေမဲ့ အခုတော့ ခေါင်းခါရမ်းရင်း လက်ဖက်ကို စိတ်မပါပဲ စားနေတာ သိသာသည်..။
သီရိ သက်ပြင်း ဖွဖွ ချလိုက်ကာ ဘယ်က စ ပြောရ ကောင်းမလဲ တွေးနေမိသည်..။
"ကိုငယ်...."
"အင်း..."
"မငြိမ်း ပြန်မလာသေးဘူးလား ဟင်..."
"ဘာဖြစ်လို့လဲ..."
ကိုငယ် က မေးပြီး သီရိ မျက်နှာကို အကဲခတ်နေရင်း လက်ထဲ ကပန်းကန်ကို ချကာ သက်ပြင်း တိုးတိုး ချလိုက်သည်..။
"ငါ့ကို ပြောလို့ရလား..."
"............."
ကိုငယ့်ရဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်လုံးတွေကို ရင်မဆိုင်ချင်တော့လို့ အကြည့်လွဲလိုက်ကာ ခေါင်းရမ်းမိသည်..။
"မငြိမ်း ကို ဖုန်းခေါ် ပေးရမလား..."
"ဟင့်အင်း...ရပါတယ်...."
"အစ်ကို က တစ်ခုခု ပြောလို့လား..."
"ကိုငယ်...."
"............"
"သီရိလေ.....အခု အရမ်း မွန်းကြပ်နေလို့ ရင်ဖွင့်ချင်တယ်....ကိုငယ် အထင်မသေးဘူးမလားဟင်..."
"အဟွင်း....ညီအစ်မချင်း ပြောလို့ရပါတယ်..."
"ဟွင်း...ဟုတ်တယ်နော်...."
"............."
သီရိ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို ဖိကပ်လိုက်ကာ တံတွေး တစ်ချက်မြိုချလိုက်ရသည်.။
"ကိုငယ်....ရိပ်မိမလား မသိဘူး...သီရိ အစ်ကို အပေါ် သံယောဇဉ် ရှိခဲ့ဖူးတယ်.....လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အထိပေါ့..."
".........."
ကိုငယ်က ခေါင်းမညိတ် ခေါင်းမခါ ပဲ လက်ဖက် ပန်းကန်ကို သာ ဆိုက်ကြည့်နေတော့ သက်ပြင်းချမိပြန်သည်..။
"အခုတော့ မဟုတ်ပါဘူး...ကျိန်ပြောရဲပါတယ်...အခု မငြိမ်း နဲ့ အစ်ကို ကို မောင်နှမ အရင်းတွေလိုပဲ ချစ်ပါတယ်...."
"ငါ သိပါတယ်..."
"ဒါပေမဲ့.ပတ်ဝန်းကျင် အထင်လွဲမှာ စိုးရိမ်တယ်....."
"ဘာကိုလဲ..."
ကိုငယ့်ရဲ့ ခပ်မာမာ လေသံ ကြောင့် သီရိ အံသြကာ ငေးကြည့်မိသည်..။
ဘာကို စိုးရိမ်နေတာလဲ...ကိုငယ်..။
မငြိမ်းရဲ့ ယောက်ျား ကို သီရိ က လုယူသွားမှာ စိုးလို့လား..။
ဒါမှ မဟုတ်...ညီမလေး တစ်ယောက်လို သဘောထားပြီး စိုးရိမ်ပေးနေတာလား..။
သီရိ ဝေခွဲရခက်နေပေမဲ့ ကိုယ့်ဘက်က အမှန် တရားကို တစ်ယောက်ယောက် ဆီ အသိပေးထားချင်ပါသည်..။
"အစ်ကို က ခုနောက်ပိုင်း ညီမလေး တစ်ယောက်လို သဘောထားလို့လားမသိဘူး.......သီရိ အပေါ် အရမ်း ကောင်းလာတယ်.....ဒါပေမဲ့ အစ်ကို က အိမ်ထောင်သည်လေ...မငြိမ်းလည်း မရှိတော့ ပတ်ဝန်းကျင်မှာ တစ်မျိုး ဖြစ်မှာ စိုးလို့ပါ....သီရိ ကတော့ အချိန်တန် အိမ်ပြန်ရမဲ့သူပါပဲ...ဒါပေမဲ့ အစ်ကို့အပေါ် မရိုးသားတဲ့ စိတ်လုံး၀ မရှိဘူးဆိုတာ ကိုငယ့်ကို အသိပေးထားချင်လို့ပါ..."
"ငါ ဘာပြောမိလို့လဲဟာ..."
"မပြောပါဘူး...မငြိမ်းလည်း မရှိတော့အရင်းအချာ ဆိုကိုငယ်ပဲ ရှိတာလေ...."
"ညနေ က ဘာတွေ ဖြစ်လို့လဲ..."
"........."
"သီရိ...."
"ဟင်..."
"ဒေါ်လေးတို့နဲ့က ဆွေမကင်းရုံ ဆိုပေမဲ့ နင့်ကို ငါ ဘယ်လိုသဘောထားလဲ သိတယ်မလား..."
"ဟုတ်.....ညနေက....ကိုငယ့်ကို စောင့်နေချိန် အစ်ကို က သင်တန်းမှာ လာခေါ်တယ်...မလိုက်သင့်မှန်း သိပေမဲ့ အစ်ကို စိတ်ဆိုးမှာစိုးလို့ လိုက်သွားမိတယ်....မြို့ပြင်လမ်းကို ရောက်သွားတော့ သီရိလည်း စိုးရိမ်ပြီး "ဘယ်ကိုသွားမှာလဲ"မေးလိုက်မိတယ်...အစ်ကို့ကို စော်ကားသလို ဖြစ်သွားတယ်နဲ့ တူတယ်...စိတ်ဆိုးပြီး ကားကို အမြန်မောင်းတယ်....ဘယ်သူမှ မရှိတဲ့ လမ်းမှာ အရမ်းမြန်တာပဲ..သီရိ ကြောက်ပြီး ငိုတော့မှ ပြန်ကွေ့လာတာပါ ...."
"ကို့ဇေ့ ကို ချစ်သေးလား.."
"ဟင်..."
ကိုငယ့်ဆီက ပြတ်သားတဲ့ မေးခွန်းကြောင့် သီရိ အံသြ ငေးကြောင်သွားပေမဲ့ ကိုငယ်ကတော့ မရယ်မပြုံးပဲ ကြည့်နေသည်..။
နှုတ်ခမ်းကို တင်းစေ့ထားရင်း ခေါင်းကို ခပ်သွက်သွက်ခါရမ်း လိုက်မိသည်..။
"မချစ်ဘူး...ချစ်လို့မရတော့ဘူး..ဒါကြောင့်လည်း ကိုငယ့်ကို သိအောင် ဝန်ခံထားပြီးပြီလေ....လွန်ခဲ့တဲ့ တစ်နှစ်တုန်းက စိတ်နဲ့ လုံး၀ မတူတော့ဘူး...အစ်ကို့ကို အစ်ကို တစ်ယောက်လိုပဲ သဘောထားလို့ရတော့တယ်...ဒါကလည်း မငြိမ်းကျေးဇူးတွေကြောင့်နဲ့ မငြိမ်းနဲ့ပတ်သက်မှုကြောင့်ပါ..."
".... ..."
"သီရိ ဘက်က ရိုးသားပါတယ်...အနေအထိုင် ဆင်ခြင်လိုက်ရင် ရပါတယ်....တကယ်ဆို အဆောင် တစ်ခုလောက် ငှားနေသင့်တာပါ....အစ်ကို့ဆီက လခယူထားတာကြောင့်ရယ်....နောက်ပြီး အဆောင် မှာ နေဖို့ အဆင်မပြေတာကြောင့်ပါ....ရိုးသားစွာ ဝန်ခံရရင်...သီရိ မက်မောနေတယ်....အလုပ်လေးနည်းနည်းလုပ်ပေးရပေမဲ့ နေဖို့စားဖို့ အပြင် လစာလေးသိန်းရတော့ ဒေါ်လေးတို့ကိုလည်း ပြန်ပို့ပေးလို့ရတယ်လေ...ဦးလေး အခက်အခဲ ဖြစ်နေချိန် ကိုယ့်လုပ်အားလေး ပြန်ပို့ပေးနိုင်တာ....သီရိပျော်တယ်....ဒါပေမဲ့ အဆောင်ပြောင်းနေရင် ကောင်းမယ်နော်....ကိုငယ်..."
"နင် စိုးရိမ် လွန်နေတာပါ....ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး...စာမေးပွဲနီးနေပြီ....အပြောင်းအရွေ့လုပ်ရင် စာကျက်ချိန်လျော့ဦးမယ်...ကိုဇေ က လူကြီး လူကောင်းတစ်ယောက်ပါ....စိတ်မပူပါနဲ့...စာကိုပဲအာရုံစိုက်လေ..."
"ဟုတ်..."
"နင် ဘာပဲဖြစ်ဖြစ် ငါ့ကို ပြောလို့ရပါတယ်...စိတ်ပူရတာ မသက်သာဘူးဟ...."
"အင်းပါ...သိပါတယ်..."
"ခုပဲ အစ်ကိုက ပြောသွားပြီ...မနက်ဖြန် ဘယ်လို လုပ်မလဲ..."
"သူငယ်ချင်းတွေနဲ့ ပြန်လာခဲ့မယ်...."
"ကိုဇေ သိရင် စိတ်ဆိုးလိမ့်မယ်..."
"ငြင်းလိုက်ရင်လည်း စိတ်ဆိုးမှာပဲ...ဟူး ..."
"အာပေတူး..."
"ဟင်..."
"ဘာဖြစ်ဖြစ် ငါ့ကို ပြောမယ်မလား.."
"ပြောမှာပေါ့..သီရိ မှာကိုငယ်ပဲ ရှိတာလေ..."
"ကျေးဇူးတင်ပါတယ်..."
"ပြောင်းပြန်တော့..."
"........."
ဘာမှ မပြောပဲ ပြူံးပြတော့ လက်ဖက် ပန်းကန် ကို အနားတွန်းပို့ပေးလိုက်ရသည်..။
တစ်ဇွန်းခပ်စားရင်း ခပ်ဖြည်းဖြည်း ဝါးကာ တွေေ၀ ငေးမောနေတော့ စိတ်မကောင်း သလို ခံစားရသည်..။
"အာ..."
'ဟင်."
"အတုမတော့ တစ်ယောက်တည်း စားနေတာပဲ...ခွံ့လေ..."
"အဟွင်း...အေးပါဟယ်..."
သီရိ ကို လက်ဖက် တစ်ဇွန်း ခွံပေးတော့ ရယ်ပြီး စားလိုက်ရပေမဲ့ ရင်ထဲမှာတော့ သိပ်မကောင်းပါ..။
ရှေ့ဆက်ရမဲ့ နေရက်များအတွက် သက်ပြင်းမောတွေ ပြည့်လို့နေသည်..။
.
04-27
☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚
အချိန်မမှန်တော့ မစောင့်စေချင်ဘူး။
ခဏခဏလည်း လိုင်းမဖွင့်ပါနဲ့
စာရေးညံ့ပြီး အချိန်မတိကျနိုင်တဲ့
စပိုက်ကာ့ကြောင့်
ဘေလ်တွေကုန်တယ်။
အခုလို စာဖတ်ပေးတာ
ကျေးဇူးတင်ပါတယ်နော် ❤
Facebook Account (Zawgyi)
https://www.facebook.com/spica.alice.1
Facebook Page (Zawgyi)
https://www.facebook.com/Spica-Lin-စပိုက်ကာလင်း-1578142228989032/
Facebook Page (Unicode)
https://www.facebook.com/SpicaLin-စပိုက်ကာလင်း-Unicode-110111527107943/
Wattpad (Zawgyi)
Spica_s
https://my.w.tt/FLHrJ3aqw2
Wattpad (Unicode)
Spica-a
https://my.w.tt/74aCrATpw2
Zawgyi 3 Unicode 2
Ok ?
အရေးအသားမကောင်းတာကော အပိုင်းတိုတာကော တောင်းပန်ပါတယ်နော်
အားနည်းချက် တွေများလွန်းတဲ့ စပိုက်ကာ့ စာတွေဖတ်ပေးတာ တကယ် ကျေးဇူးတင်ပါတယ် နော်
စာတွေ ရေးနိုင်ဖို့ ကြိုးစားနေဆဲ
Love U All ❤
#စပိုက်ကာ