Part 8

3.8K 179 1
                                    


Part 8

Love Catcher

အပိုင်း(၈)

#lovecatcher

11-23-03-27

"ကြက်သွန် လေး လှီးထားလိုက်နော်..."

"........."

"အစ်မ...ဒီလိုလား..."

"ဟယ်...မဟုတ်ဘူး...သားငယ်ရဲ့...နေ...နေ.....အစ်မပဲ လှီးမယ်..."

"အစ်မ...တူးနေပြီ..."

"ဟုတ်ပ..မလေး...ပူလပ်တာ..."

"အင့်..."

"ကျေးဇူး...ဟင်...အစ်ကို..."

မီးဖိုခန်းထဲ ပျာယာခတ်နေမိတာ ဟင်းအိုး ချပြီး တံခါးဆီကို အကြည့်ရောက်သွားတော့ အစ်ကို က လက်ပိုက်၍ တံခါးဘောင်မှာ မှီရင်း ရပ်ကြည့်နေသည်...။

လက်ထဲက အဝတ်ကို ချလိုက်ပြီး အနား ကို သွားရသည်..။

"ဘာလို လို့လဲ အစ်ကို..."

"ကြည်ကြည်ကော...."

"သူ့အမေ နေမကောင်းလို့တဲ့ ပြန်သွားတယ်..."

"ကျစ်...လုပ်ပြီ...."

"အစ်ကို ဘာခိုင်းစရာ ရှိလို့လဲဟင်..."

"မရှိပါဘူး....ဘယ်သူစားမှာမို့ ဒီလောက် အပြေးအလွှား ချက်နေရတာလဲ.."

"ဟို...."

"ထားလိုက်....အပြင်က ဝယ်စားကြ..."

"ဟို...."

အစ်ကို့ရဲ့ အကြည့်တွေကို  ကြောက်လို့ စောဒက မတက်တော့ပဲ ခပ်ဖြည်းဖြည်း ပဲ ခေါင်းညိတ်ပြလိုက်မိသည်.။

သားငယ် ကတော့ ပျော်သွားမလား မသိ..။

သီရိကတော့ ကြက်ကောင်လုံး ပေါင်းဖို့ လက်စ ကို သမျောနေမိသည်..။

"ဟို....အစ်ကို ကြက်သားပေါင်း စားချင်မလားလို့ပါ..."

"မစားချင်ဘူး...ကိုယ် ဒီနေ့ အလုပ်သွားရမယ်..."

'ဟုတ်.."

"လုံး၀ ထပ်မလုပ်နဲ့တော့နော်..."

"............"

အိမ်ရှေ့ခန်း ကို ထွက်သွားတော့ ကြက်သားကောင်လုံးလေး ကို ကြည့်ရင်း ခေါင်းရမ်းမိသည်..။

Love CatcherWhere stories live. Discover now