Part 5

4.2K 183 2
                                    

Love Catcher

အပိုင်း(၅)

#lovecatcher

21-11-02-22

"ဘာဖြစ်တာလဲ သီရိ..."

"ဟင့်အင်း..."

"ဘာလို့ ငိုနေတုန်း..."

"ရုပ်ရှင် ကြည့်ပြီး စိတ်မကောင်းလို့ပါ..."

"ဖြစ်ရလေ..."

သီရိ ရယ်ပြီး ပြောလိုက်ပေမဲ့ ရင်ဘတ်ထဲမှာ နာကျင်နေသည်...။

အစ်ကို နဲ့ လိုက်ဖက်မဲ့ မိန်းကလေး ..။

အစ်ကို့နဲ့ထပ်တူ အရည်အချင်း ရှိနိုင်အောင် ကြိုးစားနေချိန် အစ်ကို ကတော့ ရွေးချယ်သွားပြီ..။

ဘယ်တော့မှ မဆုံနိုင်တော့မဲ့ သူ တစ်ယောက် ဖြစ်သွားခဲ့ပြီ..။

ဖုန်းထဲ က အစ်ကို နဲ့ မငြိမ်းရဲ့ စုံတွဲ ဓာတ်ပုံလေး ကို ကြည့်ရင်း မျက်ရည်များကြားကနေ ပြုံးမိသည်..။

ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ အစ်မ တစ်ယောက်ကို ရွေးချယ်သွားလို့ နာကျင်ရပေမဲ့ ဝမ်းသာပေးလို့ရပါသည်..။

အစ်ကိုနဲ့ အစ်မ လိုက်ဖက်ပါတယ်လေ...။

မင်္ဂလာဆောင် ဖိတ်စာ မရောက်လာပေမဲ့ အစ်ကို့ အကောင့်ထဲ အမြဲဝင်ကြည့်ဖြစ်နေတဲ့ သီရိ အတွက်တော့ စိတ်ညစ်စရာကို ရှာကြံ ရှာဖွေ မိသလိုပါပဲ...။

ဒီနေ့ ဆိုရင် မင်္ဂလာဦးခရီးစဉ် အဖြစ် နိုင်ငံခြား မှာ လည်ပတ် ပျော်ရွှင်နေတဲ့ မငြိမ်းနဲ့ အစ်ကိုရဲ့ ဓာတ်ပုံတွေ တင်ထားသည်..။

ချောသန့်နေတဲ့အစ်ကို က မငြိမ်းရဲ့ ပခုံးကို ဖက်ပြီး ပါးချိုင့်တွေ ပေါ်အောင် ရယ်နေသည်..။

မငြိမ်းကလည်း ဘာကို သဘောကျပြီး ရယ်နေလည်း မသိ..။

သီရိ တောင် နာကျင်နေရင်းက သူတို့ အပျော်လေး တွေ ကူးစက်သလို ခံစားရသည်..။

မျက်ရည်စက်များကို ဖယ်သုတ်လိုက်ကာ ဖုန်းကိုပိတ်ပြီး အိမ်အောက် ဆင်းခဲ့လိုက်သည်.။

ချစ်ရသူ ဘ၀ အေးချမ်း ပျော်ရွှင်ပါစေ...။

.

"သီရိ ..."

"ရှင်...."

"............."

Love CatcherWhere stories live. Discover now