Love Catcher
အပိုင်း (၇)
#lovecatcher
11-21-03-13
"...အာပေတူး..."
"ဟင်.."
"ဘာဖြစ်လို့လဲ....ဘာဖြစ်လို့လဲ...ညီမလေး..."
"ဟင့်အင်း..."
သီရိ မျက်နှာကွယ်လိုက်ကာ မျက်ရည်တွေကို ကပျာကယာသုတ်ရင်း အသက်ကို မှန်မှန်ရှုနေရသည်..။
ရှေ့မှာ စိုးရိမ်တကြီး မတ်တတ်ရပ်နေတဲ့ ကိုငယ့်ကြောင့် ခေါင်းရမ်း ကာ ပြုံးပြလိုက်ပေမဲ့ မဲ့ပြုံးသာ ဖြစ်သွားသည်..။
"ဘာဖြစ်လို့လဲ..."
"ကိုငယ် ထမင်းစားပြန်တာလား.."
"စားပြီးပြီ..."
"အားလား ဟင်..."
"အားပါတယ်..."
"ကားစီးချင်လို့..."
"ခုလား..."
"အင်း..."
"............"
".............."
"လာလေ...."
ကိုငယ် က ကားမောင်းနေပေမဲ့ ဘယ်ကိုသွားနေတာလည်း သီရိ စိတ်မဝင်စားနိုင်..။
ကားထဲမှာ အေးနေပေမဲ့ ရင်ဘတ်ထဲက ပူလောင်နေသည်..။
အစ်ကို့ အမြင်မှာ သီရိ က ငွေမက် တဲ့ မိန်းကလေးတဲ့လား.။
ထင်ရက်လိုက်တာ အစ်ကိုရယ်..။
အထင်ကြီး ရပေမဲ့ လိုချင်တက်မက်မှု ကင်းခဲ့ပါတယ်..။
ကား အကောင်းစားလေး နဲ့ စာမေးပွဲ ရက်လေး အပို့အကြို လုပ်ပေးစေချင်ရုံ ပါပဲ..။
ဒီကားကို ငါ အမြဲ စီးနိုင်ရမယ် လို့တောင် မတောင့်တ ခဲ့ရပါဘူး..။
အစ်ကို့ အိမ်ကို လိုက်လည် ချင်တယ် ပြောမိတာ..။
အစ်ကို့ရဲ့ ပိုင်ဆိုင်မှုတွေကို မက်မောလို့ လေ့လာ ဖို့ မဟုတ်ပါဘူး..။
ချစ်ရသူရဲ့ လှုပ်ရှား သွားလာနေတဲ့ ပတ်ဝန်းကျင်ကို သိချင်ရုံ သပ်သပ်ပါပဲ...အစ်ကို..
အိမ် ကို လိုက်လည်ခွင့်မရရင်တောင် လာလည်လို့ ပြောရုံနဲ့ ပျော်ရွှင်ခဲ့မိမှာပါ...။
အဲတုန်း က ဘယ်ဧည့်သည်မှ မခေါ် ဘူးဆိုတဲ့ တုန့်ပြန် စကားကြောင့် ငိုကြွေးခဲ့ရသေးတယ်လေ...။
အစ်ကို ပိုင်ဆိုင်မှုတွေကို စိတ်ဝင်တစား လေ့လာခဲ့တာ မဟုတ်ပါဘူး..။
စကားပြောစရာ မရှိလို့စပ်စုနေတဲ့သဘောပါပဲ..။
သီရိ က အစ်ကို ကို အပိုင်ကြံသူ တဲ့...
ထင်ရက်လိုက်တာ...အစ်ကိုရယ်...။
"လာ....ရေတွေကို ကြည့်ရင် စိတ်သက်သာ သွားလိမ့်မယ်..."
"ဟင်..."
ရှေ့က ရေပြင်ကြီး ကို တွေ့တော့မှ သီရိ သတိဝင်လာသည်..။
ကိုယ်တိုင် သတိမထားမိပဲ စီးကျနေတဲ့ မျက်ရည်တွေကို ကပျာကယာ သုတ်လိုက်ပေမဲ့ ကိုငယ်ကတော့ တွေ့ပြီးပြီ ထင်ပါရဲ့လေ..။
ခုံတန်း လေး မှာ ထိုင်ပြီး ကန်ရေပြင် ကို ငေးကြည့်ရင်း သက်ပြင်း တိုးတိုးလေး ချလိုက်မိသည်..။
မွန်းကြပ်လိုက်တာ....။
"ဒေါ်လေး နေမကောင်းလို့လား.."
"ဟင်..."
"ဟိုတလောက မုန်တိုင်းဝင်လို့ဆို..."
သီရိ စိတ်ညစ်လွန်းလို့ မျက်လုံးစုံမှိတ်၍ ခေါင်းညိတ်လိုက်ရသည်..။
ကံကြမ္မာ ဂြိုလ်ဆိုး က ဘယ်တုန်းကမှ မျက်နှာသာ မပေးခဲ့ပါဘူး..။
မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ နီးနီး ဖြစ်သွားတဲ့ ဒေါ်လေး ဆီက အဆောင်ထပ်ငှားဖို့ ပိုက်ဆံမတောင်းချင်..။
"ကိုငယ်.."
"ဟင်..."
"သီရိ ကို ပိုက်ဆံချေးပါလားဟင်.."
"ဘာဖြစ်လို့လဲ...."
"............"
ကိုငယ် က ငေးကြည့်ရင်း အဖြေကို စောင့်နေတော့ သီရိ သက်ပြင်းသာ ချလိုက်နိုင်သည်..။
ဆွေမျိုးတွေ ဆိုပေမဲ့ ဒေါ်လေးဘက်က သုံးဝမ်းကွဲလောက်မျှ နီးစပ်မှုသာ ရှိသည်..။
မျက်နာပူစရာ ဒီ ဆွေမျိုးနီးစပ် အိမ်ပေါ်တက်နေတာထက် အဆောင်ငှားနေတာ ပိုကောင်းမည်..။
"သီရိ အဆောင်ပြောင်းချင်လို့.."
"ဘာဖြစ်လို့လဲ..."
"ဒိတိုင်းပါ....အားနာတယ်..."
"နာစရာကိုး.."
ကိုငယ်က မျက်စောင်းတစ်ချက် ထိုးပြီး ပြောတော့သီရိ ခြောက်သွေ့စွာဖြင့် တစ်ချက်၇ယ်မိသည်..။
နာစရာတွေ များနေပြီ အစ်ကိုရယ်...။
ဘယ်လို လုပ်ရပါ့မလဲ..။
အစ်ကို နဲ့အဝေးဆုံး ကို ထွက်ပြေးချင်ပေမဲ့ ရွေးချယ်ခွင့်မရှိတာ က အခါခါပါ...။
"ဟင်း..."
"ငိုချလိုက်....ပြီးရင် ပြီးသွားကော..."
"ဟင်..."
"ရင်ထဲမှာ နေမကောင်း ဖြစ်လိမ့်မယ်..."
ကိုငယ်နဲ့ မျက်လုံးချင်း ဆုံချိန် မျက်ရည်က ဝေ့တက်လာတော့ အကြည့်လွဲပစ်လိုက်မိသည်..။
ပခုံးကို ပုတ်ကာ အားပေးနေသူ ရှိနေတော့ မျက်နှာဝှက်ကာ ငိုမိတော့သည်..။
"တအားလည်း မငိုနဲ့လေ....အာပေတူးရဲ့....ဟာ...ငါ့ဆီ နှပ်တွေ ပေကုန်ပြီ..."
ကိုငယ့် ပခုံးပေါ် မျက်နှာမှောက်ပြီး ငိုနေတာကို စ လိုက်တော့ ငိုရင်းက ပြုံးမိပြန်သည်..။
သီရိ ဆံပင်ကို ဖွဖွ သပ်ပေးပြီး ညစ်ပတ်လိုက်တဲ့ အာပေတူး လို့ ပြောသေးသည်..။
ဒီလောက် စချင်နေတာ..။
သီရိ နှပ်တွေကို အကျီ ၤ နဲ့ ကပ်သုတ်လိုက်တော့ တအားအား ခေါ်ပြီး ထပြေးတော့သည်..။
ရင်ဘတ်ထဲက နေလို့ မကောင်းပေမဲ့ အရူးတစ်ယောက်လို ရယ်နေမိသည်..။
.
"သီရိ လည်း ပြန်မှာ...မငြိမ်း.."
"ဟယ်...ဘာဖြစ်လို့လဲ..သီရိရယ်..."
မငြိမ်းက စာအုပ်တွေ သိမ်းနေရင်း ရပ်တန့်ပြီး သီရိ အနားကို ချက်ချင်းရောက်လာတော့သည်..။
"..နောက်နှစ်မှ ဖြေတော့မယ်..ခုဆို ဒေါ်လေး တို့လည်း စားဝတ်နေရေး အတွက် အစ က ပြန် လုပ်နေရတာ သီရိ ကူပေးသင့်တယ် ထင်လို့ပါ"
"ဟယ်...မလုပ်ပါနဲ့...ညီမလေးရယ်...ဒီတစ်နှစ်တည်းကျန်တော့တာကို...ခုဘာလိုအပ်လို့လဲ....မငြိမ်းကို ပြောလေ..."
"လိုအပ်တာမရှိပါဘူး...မငြိမ်းရယ်...ဒါပေမဲ့..."
သီရိ ရှေ့ဆက်မပြောတော့ပေမဲ့ မငြိမ်းက သီရိ လက်ကို ဆုပ်ကိုင်သည်..။
"မငြိမ်းက ဒီရက်ပိုင်း စာမေးပွဲ ဖြေရမှာလေ...နင့်အစ်ကိုကလည်း နေကောင်းတာ မဟုတ်ဘူး...ကူညီပါကွာနော်.."
"သီရိ...ဟို..."
"မငြိမ်းလေ...ဒီနေရာ ကို ရောက်ဖို့ အများကြီး ပေးဆပ်ထားရတယ်....ခုစာမေးပွဲ မဖြေရင် ကြိုးစားထားသမျှ သွားပြီ...သီရိ မရှိရင် စာမေးပွဲ ဖြေဖို့ စိတ်ဖြောင့်မှာ မဟုတ်ဘူး..ကူညီပါ..."
"အစ်ကို နေမကောင်းတာ အစ်မ အနားမှာ နေသင့်တာပေါ့..."
"သိပါတယ်..ဒါပေမဲ့ အစ်မ အိပ်မက်တွေ ကို မစွန့်လွှတ်နိုင်လို့ပါ.....ကူညီပါနော်..."
".............."
"နော်...ညီမလေး..ဒီတစ်ခါပါပဲ...အစ်မ တစ်ယောက်လို သဘောထားပြီး ကူညီပါနော်....အလုပ်သမားတွေနဲ့ ထားဖို့လည်း စိတ်မချလို့ပါ.."
"မသိတော့ဘူး...မငြိမ်းရယ်..."
သီရိ လက်ကို ကိုင်ပြီး မျက်နှာပျက်ကာ တောင်းဆို နေသည့် မငြိမ်းကြောင့် ခေါင်းရမ်း ငြင်းဆန်ဖို့ မတက်နိုင် ဖြစ်နေရသည်..။
အစ်ကို နေမကောင်းတာ သိပေမဲ့ မငြိမ်း ခိုင်းသမျှကို တစ်ဆင့် လုပ်ပေးနေရတာ ကြောင့် စိတ်သက်သာသေးသည်။
မငြိမ်း ရှိနေတာတောင် မျက်နှာချင်း မဆိုင်ရဲလို့ ရှောင်နေရတာ မငြိမ်းသာ မရှိရင် သီရိ ဘယ်လို လုပ်ရပါ့မလဲ...။
မိလုံး က ပြန်သွားတော့ ကြည်ကြည်နဲ့ သီရိ နှစ်ယောက်တည်း ရယ်..။
"မငြိမ်းက ကြာမှာလားဟင်"
"မကြာပါဘူး..."
"အစ်ကိုနေမကောင်းတော့ စိတ်လည်းကြည်တာ မဟုတ်ဘူး "
"အင်းပါ မငြိမ်းသိပါတယ်..မပြန်ရဘူးနော်"
"ဟုတ်..သီရိ အစ်ကိုတစ်ယောက်လို ပြုစုပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်...ငါ့ညီမလေး"
"မငြိမ်း ကျေးဇူးတွေ သီရိပေါ်မှာ အများကြီးပါ...မေ့လို့ မကြည်...နွားနို့ ပြင်လိုက်ဦးလေ...အစ်ကို ဆေးသောက်ရမယ်..."
"တွေ့လား..ဇေနဲ့ ညီမပဲ ကောင်းပါတယ်ဆို..."
မငြိမ်းက သာမန် ပြောလိုက်ပေမဲ့ သီရိ မျက်နှာတွေ ထူပူအောင် ဖြစ်သွားသည်..။
အစ်ကို တစ်ယောက်လိုပဲသဘောထား တာပါ မငြိမ်းရယ်..။
မငြိမ်းရဲ့ ကျေးဇူးတွေကြောင့်သာ အစ်ကို့ကို သိတက်ပေးနေမိတာပါ့..။
.
"ကြည်ကြည်ရေ....အစ်ကို့ ကို ဆေးတိုက်လိုက်ဦးနော်..."
"ဟုတ်..."
".........."
သီရိ သေချာ မှာပြီး အိမ်ရှေ့ခန်း ကို သန့်ရှင်းရေး လုပ်နေမိသည်..။
တစ်နာရီလောက်ကြာပြီး မီးဖိုခန်းထဲ ပြန်ရောက်လာတော့ ကြည်ကြည် မရှိ...။
"သားငယ်.....ကြည်ကြည်ကော..."
"ဈေးသွားတယ်...အစ်မလေး..."
"အို...ဆေးမတိုက်ဘူးနဲ့ တူတယ်..."
သားငယ် ဆိုတဲ့ ချာတိတ်လေးကို ဆေးပို့ခိုင်းဖို့ကလည်း လက်မှာ မြေကြီးတွေ ပေနေသည်..။
တစ်ခါ သန့်ရှင်းရေး လုပ်တာကို စောင့်နေရင် ဆေးချိန် ကွာကုန်လိမ့်မည်..။
သီရိ သက်ပြင်းချလိုက်ကာ ဆေးနဲ့ နို့ခွက်ယူ၍ မရောက်တာ ကြာပြီ ဖြစ်တဲ့ အပေါ် ထပ်ကို တက်ခဲ့ရသည်..။
"ဒေါက်...ဒေါက်..."
"ဝင်ခဲ့..."
"..........."
ခုတင်မှာ ခပ်လျောလျော ကျောမှီ ထိုင်နေရင်း သီရိ ကို တွေ့တော့ အံသြနေတဲ့ မျက်ဝန်းတွေဖြင့် ကြည့်တာကြောင့် မျက်လွှာချလိုက်မိသည်...။
နို့ခွက်နဲ့ ဆေး ပန်းကန်လေး ကို ဘေးက စားပွဲပုလေး ပေါ် တင်ပေးလိုက်သည်..။
"ဆေးသောက် လိုက်ဦး...အစ်ကို..."
"ကိုယ် က မင်း မရှိဘူး မှတ်နေတာ..."
"........."
"ဒီရက်ပိုင်း အိမ်ပြန်သွားတာလား..."
"မပြန်ရသေးပါဘူး.."
"သြော်...မတွေ့မိလို့ပါ...."
"ဟုတ်...စာကျက်နေတာနဲ့..."
"သြော်....ဟုတ်သားပဲ....သင်တန်းကော တက်သေးလား..."
"ဟုတ်ကဲ့..."
".........."
စကားသံတွေ တိတ်ကျသွားပြီးနောက်တော့ နွားနို့ ခွက်ကို လှမ်းယူကာ အနား ကို သွားပေးလိုက်သည်..။
နို့သောက်ရင်း တစ်ချက် ကြည့်တော့ သီရိ စိတ်ညစ်လာသည်..။
အစ်ကို နဲ့ နီးနီးမှာ မနေချင်ဘူး အစ်ကိုရယ်..။
ကိုယ် ချစ်ခဲ့တာ သိရဲ့နဲ့ ငွေမက်ပြီး အညှာလွယ်တဲ့ မိန်းကလေး အဖြစ် သတ်မှတ် ခံလိုက်ရတာ သတိရရင် စိတ်တွေ ပင်ပန်းရလွန်းလို့ပါ..။
ဆေးလုံးလေးတွေကို လှမ်းပေးတော့ လက်ဝါးဖြန့်ပေးသည်မို့ မကြည့်ပဲ ထည့်ပေးလိုက်သည်..။
"သီရိ..."
"ရှင်..."
"ကိုယ်....ညနေ အုန်းနို့ဆန်ပြုတ်စားချင်တယ်..."
"ဟုတ်ကဲ့...."
"နေဦး..."
သီရိ ခြေလှမ်းတွေ ရပ်တန့်ပြီး ခေါင်းကို ခပ်ဖြည်းဖြည်း လှည့်ကြည့်တော့ ပါးချိုင့်လေးတွေ ခွက်ဝင်ပြီး ပခုံးလှုပ်ရင်း အသံမထွက်အောင် ရယ်နေသည်.။
"တံခါး ဒီမှာ..."
"အဲ....မှားလို့..ကျစ်...အဲလိုပဲ...."
ရေချိုးခန်း တံခါး အနားရောက်နေတာ သတိရတော့ မျက်နှာတွေ ပူပြီး ပန်းကန် ကိုင်ကာ အပြေးတပိုင်း အခန်း ပြင်ထွက်ခဲ့ရသည်..။
ဟူး...ရူးလိုက်တဲ့ သီရိ...။
.
"ကြည်ကြည်ရေ..."
".........."
"အိပ်ပြီလား....ကိုငယ်ကလည်း ပြန်မလာသေးဘူး.."
ညပိုင်း အဖျားပြန်တက်တာ သိထားတော့ အပူတိုင်းဖို့ သတိရပေမဲ့ အပေါ် မတက်ရဲ..။
မငြိမ်း မရှိ ချိန်မို့ ပိုပြီး အနေအထိုင် ဆင်ခြင်နေရတာ မသက်သာလှပါ..။
"တီ....တီ.....တီ....."
"ဟလို...."
"သီရိလား..."
"ဟုတ်...မငြိမ်း..."
"ဇေ့ ဘယ်လိုနေသေးလဲ....အဖျားရှိလား..."
"မတိုင်းရသေးဘူး.."
"သြော်...တိုင်းပြီးရင် ပြန်ပြောပါလား...ညီမ..."
"ဟုတ်..."
သီရိ ငြင်းလို့ မရတော့လို့ အပေါ် ကို တက်လာခဲ့ရသည်..။
အိပ်ပျော်နေတဲ့ အစ်ကို့ အနားကို ရောက်သွားချိန် သီရိ နဖူးက ချွေးစို့နေပြီ..။
သာမိုမီတာ ကို နားထဲ က ထုတ်ပြီး ဖုန်းကိုင်လိုက်ကာ မငြိမ်း ကို အကြောင်းကြားရသည်..။
"ရေပတ်ဝတ် နည်းနည်း ကပ်ပေးရမယ်...."
"ဟုတ်.."
"မသက်သာရင် ဖုန်းပြန်ဆက်သိလား.."
"ဟုတ်.."
သီရိ ဖုန်းချလိုက်ကာ ခုတင်ပေါ် ထိုင်လိုက်ရပေမဲ့ စိတ်ထဲ ကြောက်နေမိသည်..။
ရေဝတ် ကို နဖူးပေါ် တင်လိုက်တော့ မျက်လုံး ဖြည်းဖြည်း ပွင့်လာသည်..။
"သီရိ...."
"ရှင်..."
"မအိပ်သေးဘူးလား.."
"ဟုတ်...အစ်ကို အဖျား ရှိတယ်...ဘယ်လိုနေလဲ ဟင်..."
"ရတယ်...မင်းသွားအိပ်ပါ..."
"အဖျား နည်းနည်း ကျမှ အိပ်မယ်လေ.....ရေပတ်ဝတ် ကပ်ရမယ်....မငြိမ်းကလည်း စိတ်ပူနေတယ်..."
"သူလား....ဟွန့်..."
"အစ်ကို ကလည်းခက်လိုက်တာ..."
"ဖယ်လိုက်..."
"အို...မရဘူး....ကပ်ရမယ်..."
နဖူးပေါ် က အဝတ်ကို ဆွဲဖယ်တော့ ကပျာကယာ ပြန်တင်ရင်း ပြောလိုက်တာ နှုတ်ခမ်းတွေက တွန့်၍ ပြုံးပြန်သည်..။
"ကိုယ် ကလေး မဟုတ်ဘူး..သွား အိပ်တော့လေ..."
"သိပါတယ်...အဖျား ပြန်တက်မှာ စိတ်ပူလို့ စောင့်ပေးနေတာပါ...."
"ကျေးဇူး.."
မျက်လုံးတွေ မှိတ်လိုက်တော့ နဖူးပေါ်က ရေဝတ် ကိုပြန်ယူပြီး အသစ် တစ်ခုတင်ပေးလိုက်သည်..။
တကယ် အိပ်ပျော်သွားတာလား မျက်လုံး မှိတ်ထားတာ လား မသိ..။
အပူတိုင်းတော့လည်းငြိမ်သက်နေသည်..။
မငြိမ်း ဆီကို ဖုန်းဆက်ပြီးအကြောင်းကြားလိုက်တော့ ရပြီ တစ်ခွန်းသာ တုန့်ပြန်သည်..။
သူငယ်ချင်းတွေရဲ့ စကား သံ အများကြီးလည်း ကြားရသည်..။
အိပ်ပျော်နေတဲ့ အစ်ကို့ကို တစ်ချက်ကြည့်ပြီး သက်ပြင်းဖွဖွ ချလိုက်ကာ အခန်း ပြင်ထွက်လာခဲ့ရသည်..။
.
"ကိုငယ် ကလည်း နောက်ကျလိုက်တာ..."
သီရီ ခြံထဲမှာ ထိုင်စောင့်ရင်း တစ်ယောက်တည်း ညီးတွားနေမိသည်..။
မငြိမ်းမရှိတဲ့ အချိန် အစ်ကိုနဲ့ တစ်အိမ်ထဲ နေရတာတောင် စိတ်ပင်ပန်းပါသည်..။
ကိုငယ် နဲ့ ရင်းနှီးတော့ စကားပြောနေရရင် စိတ်ပေါ့ပါးသည်..။
သီရိ ကို ညီမလေးတစ်ယောက်လိုလည်း အလိုလိုက်တော့ ခုနောက်ပိုင်း ပို ခင်တွယ်မိသည်..။
"ခုနှစ် ...."
"ကိုး...ဆယ်..."
ခေါင်းမော့ပြီး ကြယ်လေးတွေ ရေတွက်နေချိန် နောက်က အသံထွက်လာတော့ သီရိ လှည့်ကြည့်မိသည်..။
"ဟင်....ကိုငယ်...."
"ကလေး မဟုတ်ဘာမဟုတ်..."
"ကိုငယ်..ဒီနေ့ကျ စောသား..."
"အင်း...ခြံထဲ ဆင်းရင် လက်ရှည် ဝတ်ပါဟ...အေးတယ်...ခြင်လည်း ကိုက်တယ်..."
"သိပ်မကြာသေးပါဘူး...."
ခြံတံခါး ကို ပြန်ပိတ်ရင်း အလုပ်များ နေတဲ့ ကိုငယ့်အနားကို ရောက်သွားကာ လက်ထဲက အိတ်ကို လက်ပြောင်းယူလိုက်သည်..။
"မယ်....တယ်လိမ်မာနေတာပဲ..."
"မုန့်ဝယ်လာာတာကိုး..ဟီ..."
"အကျင့်က..."
အိတ်ထဲမှာ အာလူးကြော်နဲ့ မက်မွန်သီး ဘူး ကို တွေ့တော့ သီရိ သွားကြဲ ရယ်ပြလိုက်တာ ကိုငယ်က ခေါင်းပေါ် ကို သူ့လက်ကြီးနဲ့ဖိသည်..။
နေပါစေ...ဒီမုန့်တွေကို အကုန်သိမ်းမှာပဲ...။
"ကိုငယ်...ထမင်းစားမယ်မလား...ပြင်ပေးမယ်နော်...."
"လိမ်မာနေတာနော်....မုန့်တန်ခိုး ကြီးလိုက်တာ..."
"မုန့်မပါရင် မကျွေးတာကျလို့...စေတနာ ကိုမ စော်ကားနဲ့..."
"ကျေးဇူး တင်ပါတယ် စေတနာ ရှင် မမလေး အာပေတူးရယ်..."
"အာ...လုပ်ပြန်ပြီ..."
အာပေတူး လို့ ခေါ်ပြီး အခန်းထဲ ဝင်သွားတော့ လက်သီး ထောင်ပြလိုက်၍ မီးဖိုခန်း ထဲကိုု ရောက်လာခဲ့သည်..။
ည ဆယ်တစ်နာရီ ဖြစ်နေပေမဲ့ မျက်လုံးတွေက အကျင့်ဖြစ်နေပြီမို့ ထမင်းပွဲ ပြင်လိုက်သည်..။
"ကိုငယ်း.."
"လာပြီ..."
"..........."
"ဟင်....အာပေတူး..မစားသေးဘူးလား..."
"အင်းလေ..."
"ဟာ...နောက်ကျတယ်....စားထားလိုက်ပါဆို..."
"ပျင်းလို့...."
"ဖြစ်ရလေ.."
တကယ်တော့ ထမင်း အပြေးအလွှားစားတက်တဲ့ ကိုငယ့်ကို အေးအေးဆေးဆေးစားစေချင်လို့ပါ..။
အမြဲတမ်း တစ်ယောက်တည်း ဖြစ်သလို စားနေတာ တစ်ခါတလေ ကျတော့ သူ့အစား အထီးကျန်မိသည်..။
"အင့်..."
"အာပေတူး ချက်တာလား..."
"အွင်းလေ..."
"အဲဒါကြောင့် ငန်တာ..."
"သြော်...အင်း..."
သီရိ ဟင်းပန်းကန် တွန်းပို့လိုက်ပြီး ထမင်း ကို ခပ်စားနေတော့ မျက်ခုံးပင့် သည်..။
"ဘယ်လို ဖြစ်တာလဲ....ရန်မတွေ့တော့ပါလား.."
"နေ့တိုင်း ဆိုတော့ ရိုးနေပြီ...စိတ်ဆိုး ဖို့ မကောင်းတော့ဘူး.."
"ဟား..ဟား....နာမည် သစ်ရှာရတော့မယ်...."
"ရှာပေါ့..."
"ဒါပေမဲ့ အာပေတူး ပဲ ကောင်းပါတယ်..."
"ဟွန့်...ကိုငယ်ကတော့ အသားမဲပဲ ကောင်းပါတယ်..."
"ဘယ်မှာ မဲလို့လဲ.."
"ဒီမှာ တူလား..."
သီရိ လက်ကို သူ့လက်နား ကပ်ပြလိုက်တော့ လက်ကို နောက်ဆုတ်ပြီး တစ်ရှူး နဲ့ ပြန်သုတ်နေသေးသည်..။
"ကူး ကုန်မယ်..."
"ဘာလဲ..."
"အနံ့တွေပေါ့..."
"ဟာ...ကိုငယ်း.."
"ဟား..ဟား....စိတ်ဆိုးသေးတယ်ဟ...ဒီလိုဆို နာမည် အသစ်မလိုတော့ဘူး..."
"အင့်...ကဲဟာ..."
"အ...လက်ပါတယ်...ငရဲကြီးလိမ့်မယ်..."
"ကြီးပလေ့စေ...."
ကျောပေးကာ ကိုယ်ကို စောင်းလိုက်ပေမဲ့ လက်မှီတဲ့ ပခုံးကို သုံးလေးချက် ဆင့်ပြီးထုပစ်လိုက်သည်..။
ဒါတောင် အာပေတူး အညစ်ပတ် မလေးလို့ ခေါ်နေသေးသည်..။
တော်တော် အမှတ်မရှိတဲ့ အသားမဲ ကိုငယ်...။
.
"အစ်ကို....ဒီမှာ...."
"..........."
"ဘယ်လဲ..."
ဆန်ပြုတ် ပန်းကန် တင်ပြီး လှည့်ထွက်ချိန် မေးလိုက်တဲ့ စကားကြောင့် ကြောင်တောင်တောင် ဖြင့် ပြန်ကြည့်မိသည်..။
"အလုပ်ရှိလို့လား..."
"မရှိပါဘူး..."
"ကိုယ့် ကွန်ပျူတာ တစ်ချက် ယူပေးပါလား..."
"ဟုတ်..."
သီရိ ကိုလက်ညိုးထိုးပြတဲ့ ကျွန်းဘီဒို တံခါး ကို ဖွင့်လိုက်ပြီး ကွန်ပျူတာ မတွေ့ခင် ရှပ်အကျီ ၤ အလုံးအထွေး လိုက် ပြုတ်ကျလာတော့ မျက်လုံး ြ့ပူးသွားသည်..။
ကပျာကယာ ကောက်လိုက်ပေမဲ့ ဆယ်ထည် မကတော့ လက်မနိုင် ဖြစ်နေသည်..။
ဒါတွေက ဘယ်လိုဖြစ်ရတာပါလိမ့်..။
"ဘီဒို ကို တစ်ချက် ရှင်းပေးလို့ရမလား...."
"ရှင်...ဟုတ်...ဒါတွေက ပြန်လျှော်လိုက်မယ်လေ....ခဏ နော် အစ်ကို....သြော်...ဒီမှာ..."
သီရိ အဝတ်တွေကို တစ်ဖက်က ကိုင်ရင်း လပ်တော့ပ်ကို လှမ်းပေးလိုက်တော့ ကို့ရို့ကားယား ဖြစ်နေတဲ့သီရိ ပုံစံ ကို ကြည့်ကာ အစ်ကို က ငုံ့၍ ရယ် နေသည်..။
အဝတ်တွေကို ပိုက်ပြီး အောက်ထပ် ဆင်းလာရပေမဲ့ မကျေမနပ်ဖြင့် နှုတ်ခမ်းက စူချင်နေပြီ..။
လူ ကို ရယ်စရာ မှတ်နေတယ်...။
"ကြည်ကြည်ရေ...."
"ရှင်..."
"ဒါတွေကို အခြောက်ပဲ လျှော်လိုက်..."
"ဟုတ်ကဲ့...."
"သားငယ်ကော..."
"ကား ရေဆေးနေတယ်...အစ်မလေး..."
" သီရိ အပေါ်မှာ ဘီဒို ရှင်းနေလို့.. ကိုငယ် ပြန်လာရင် လာခေါ်ဦးနော်...အသုပ် လုပ်ရမယ်... ..."
"ဟုတ်..."
အခန်းထဲကို ပြန်ရောက်သွားတော့ လပ်တော့ပ် နိပ်နေတဲ့ အစ်ကို့ကြောင့် နေရခက်သွားသည်..။
အရင်တုန်းက စာဖတ်ခန်းထဲမှာလုပ်တာပါ..။
သူ့ရှေ့မှာ အလုပ်လုပ်ရမှာကြောင့် စိတ်က ကျဉ်းကြပ်လာသည်..။
ကျောပေးပြီး ဘီဒိုထဲက ပွနေသည့် ပစ္စည်းတွေကို အပြင်ထုတ်ချလိုက်သည်..။
"အို..."
ရတနာ ပစ္စည်းကိုလည်းလွယ်လွယ်ထားတာပဲလား..။
မသိပဲနဲ့ ဆွဲချလိုက်ချိန် ဘူးထဲက စိန်လော့ဂတ်လေး ကြောင့် မျက်လုံးပြူးရသည့် အဖြစ်..။
အစ်ကို သာ အနားမှာ မရှိရင် ဒီလိုပစ္စည်းတွေရှိတဲ့ နေရာမှာ မလုပ်ရဲဘူးလေ..။
"ဒါ..."
"........."
သီရိ နောက်လှည့်ကြည့်ချိန် သီရိ ကိုကြည့်နေတဲ့ အစ်ကို နဲ့ မျက်လုံးချင်း ဆုံသွားတော့ ကြောင်တောင်တောင် ဖြစ်သွားသည်..။
"မီးခံသေတ္တာထဲ ထည့်ရမှာ...ငြိမ်း အလွယ်ပြန်ထားလိုက်တာလေ..."
"သြော်...ဟုတ်....ဒါဆို အပြင်မှာပဲ ထားလိုက်မယ်နော်..."
"........."
ခေါင်းညိတ်ပြီး ကွန်ပျူတာ ပြန်ကြည့်နေတော့ တန်ဖိုးကြီး ပစ္စည်းတွေကို အစ်ကို မြင်နိုင်တဲ့ နေရာဆီ တွန်းပို့လိုက်သည်..။
ဒီပစ္စည်း ဥစ္စာတွေကြောင့် အထင်လွဲမှာ ကြောက်လွန်းပါသည်..။
".........."
"............"
အဝတ်တွေ ခေါက်ပြီး သေချာ ပြန်စီ ထည့်နေတာ ရှပ်အကျီ ၤ ပဲ ပြီးသေးသည်..။
အစ်ကို့ မှာ တော်တော် အဝတ်အစား များတာပဲ..။
နိုင်ငံခြား ရုပ်ရှင်ထဲကလို ချိတ်နဲ့ ထားရင်တစ်ခန်းလုံး လောက်ပါ့မလား မသိ..။
ဒါတောင် မငြိမ်း အဝတ်တွေ မပါသေးဘူး..။
ခါးပတ်တွေကို ဖြစ်သလို ထည့်ထားတော့ သေချာ လိတ်ပြီး ချထားသည့် ဘူးခွံလေးတွေထဲ ပြန်ထည့်ပေးလိုက်သည်..။
"ဟာ...ဘာကြီးလဲ..."
"........."
သီရိ လက်ထဲ ပါလာသည့် အလုံးလေး နှစ်ခု ကို ဖွဖွ ဖျစ်ကြည့်ရင်း နားမလည်လို့ အစ်ကို့ဆီကို လှည့်ကြည့်မိသည်..။
ရယ်ချင်နေသည့် မျက်နှာကို တွေ့တော့ နားမလည်နိုင် ဖြစ်ရသည်..။
"ဘာလဲဟင်..."
"အဟွင်း...ခြေစွပ်ပါကွာ..."
"ဟင်...အိုး...ဟီး....မသိလို့..."
သီရိ အရှက်ပြေ ရယ်ပြလိုက်ကာ တုံးလွန်းတဲ့ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိသည်..။
ဘာဖြစ်ဖြစ် ဘာလို့ စပ်စုမိပါလိမ့်..။
တော်ကြာ မဟုတ်မဟက်တွေ ဖြစ်နေရင် ဘယ်နဲ့ လုပ်မလဲ..။
ဟူး....ရူးလိုက်တဲ့ ငါပါလားနော်...။
"ဒါ ကင်မရာမလား..."
"ဟာ....ဟုတ်တယ်...အဲဒါ ပျောက်နေတာ ကြာပြီ..."
"အပြင်မှာ ထားလိုက်မယ်နော်..."
"အင်း...."
"............"
အဝတ်အစားထဲ မှာ အကုန်ရောထွေး ထည့်ထားတာ နားမလည်ပေမဲ့ သီရိ တက်နိုင်သလောက်တော့ ရှင်းပေးရသည်..။
ပစ္စည်းတွေ ကို တစ်ကန့်ဆီ ခွဲလိုက်တော့ နေရာကျယ်လေး တွေ ဖြစ်သွားသည်..။
"နာရီတွေကို ဒီမှာပဲ ထည့်မလား အစ်ကို..."
"မဟုတ်ဘူး..မှန်တင်ခုံ ဘေးအံဆွဲထဲမှာ အကန့်ပါတယ်..."
"သြော်...ဟုတ်.."
နာရီ တွေကို သတိထား ကိုင်ပြီး မှန်တင်ခုံ ဆီ ရောက်သွားကာ ဖွင့်ကြည့်လိုက်တော့ နာရီ ပတ်တဲ့ ဖော့လေးတွေ ထည့်ထားသည် အံကွက်တွေ တွေ့ရသည်..။
"အစ်ကို့ ပစ္စည်း က များတယ်နော်...သားငယ်ကို တာဝန်ပေး ခိုင်းရမယ်...ထင်တယ်..."
"များလို့လား..."
"အင်း..."
"သာမာန်လောက်ပါပဲ.."
"များတာပေါ့...နာရီ အလုံး နစ်ဆယ် လောက် တောင် ဘယ်သာမာန် လူက ဝတ်လို့လဲ..."
"........."
"အိုး...ရူးနေတယ်လို့ ပြောချင်တာမဟုတ်ဘူးနော်..."
"............."
"အဲ...မှားလို့...."
"အဟွင်း...."
သီရိ စကားတွေ အမှားမှား အယွင်းယွင်း ဖြစ်နေတော့ အစ်ကို က ရယ်နေသည်..။
တော်ပါသေးရဲ့ စိတ်မဆိုးပေလို့....။
"ဒါ..ဘာလဲ...အစ်ကို...."
"ပန်းချီ ကား..."
"ဟာ...ဒါကို လိတ်မထားနဲ့လေ...နံရံကပ်ရမယ်..."
"ဘောင် မသွင်းရသေးလို့..."
"သီရိ သွင်းလိုက်မယ်နော်...."
"............"
"ဒါကော...ဘာလုပ်တာလဲ ဟင်..."
ငွေမောင်းလေး ကို တွေ့တော့ သီရိ စပ်စုမိပြန်သည်.။
အစ်ကို က လပ်တော့ ပ် ကိုင်ထားရင်း တစ်ခုပြီး တစ်ခုရှင်းပြနေရတာ စိတ်ဆိုးချင်နေပြီလား မသိ..။
သီရိ ကတော့ ခေတ်မမှီလို့လား မသိ...ဘီဒိုထဲ က ထွက်လာသမျှ ပစ္စည်းတွေကို နားမလည်နိုင်တာ က များနေသည်..။
"အရင် အဘိုးတို့ လက်ထပ်က လူခေါ်ဖို့ တီးတာလို့ ပြောတယ်..."
"တီးလို့ရတာပေါ့.."
"အင်း..."
သီရိ ထုတ်ပြီး တစ်ချက်တီးကြည့်တော့ အသံ ခပ်တိုးတိုး ထွက်လာသည်..။
သေချာ ပြင်ကိုင်ပြီး တီးကြည့်တော့ သေးသေးလေးပေမဲ့ အသံ ကျယ်သည်..။
"ဟာ...မိုက်တယ်နော်....အစ်ကို အဲဒါ ဧည့်ခန်းမှာ ထားလိုက်မယ် သိလား..."
"သဘောပဲ..."
"ဟုတ်တယ်လေ...ဒီဘီဒိုထဲ ထည့်ထားပြီး ဘာလုပ်မလဲ..ပျက်စီးသွားဦးမယ်...ဆိုဖာ ရှေ့စားပွဲထောင့်လေးမှာ သေချာ ကပ်ပြီး ထားလိုက်မယ်...လှလည်း လှတယ်...ေြသ်ာ....ရှေးတုန်းက သူဌေး တွေ မို့လို့ ဖြစ်မယ်နော်....အလုပ်သမားတွေ ဘာတွေခေါ်ရင် တီးတာမလား...မိုက်တယ်နော်....ရှေးဟောင်းပစ္စည်းတွေ...အများကြီးပဲ..."
"အစ်မလေး..."
"ဟင်..."
"ကိုငယ် ရောက်ပြီ...."
"သြော်....အင်း..."
သီရိ လက်ထဲ က မောင်းလေး ကို ပြန်ချလိုက်ကာ မတ်တတ် ထ ရပ်လိုက်ရသည်..။
"ဘာဖြစ်လို့လဲ..."
"ဟင်...မဖြစ်ပါဘူး....ခဏ နော်...အစ်ကို...."
သီရိ ခွင့်တောင်းပြီးလှေကား တွေကို ခပ်သွက်သွက် ဆင်းလာခဲ့လိုက်သည်..။
"တွေ့လား...ဘာလို့ ကျားလိုက်သလို စားတာလဲ..."
ထမင်းစားနေတဲ့ ကိုငယ့်ကျောကို ထုလိုက်သည်..။
"အ.....ဘာဖြစ်တာတုံး...အာပေတူးရဲ့..."
သီရိ နှုတ်ခမ်းစူထားတာကို နားမလည် သလို မေးနေတော့ ဒေါသထွက်သည်..။
"ဒီမှာ....ကိုငယ် လာမှ သုပ်မလို့ကို...အပေါ်မှာ ဘီဒို ရှင်းနေရင်း ဆင်းပြေးလာရတာ...သူက ပြီးပြီ..."
"သြော်...လုပ်လေ...စောင့်နေမယ်....စားမဲ့ သူ မှ မရှိတာ...အားနာ စရာကြီးနော်..."
"တွေ့လား..."
"တွေ့တယ်လေ..."
"ကိုငယ်...သွား...မကျွေးတော့ဘူး..."
"စတာပါ...တံတွေးမြိုရလွန်းလို့ ဗိုက်ပြည့်တော့မယ်..."
"......."
သီရိ ကို အမျိုးမျိုးရန်စ နေတဲ့ ကိုငယ့်ကို မျက်စောင်းထိုးပြီး အဆင်သင့်ပြင်ထားတဲ့ သရက်သီးထောင်းသုပ်ကို ကပျာကယာ နယ် ပေးလိုက်သည်..။
ပန်းကန်ထဲ ထည့်ပေးတော့ ခေါင်းငုံ့ ပြီး စားရင်း မျက်နှာ က ရှုံ့မဲ့သွားသည်..။
"ငန်ကုန်ပြီလား..."
"မဟုတ်ဘူး...အခုက ရေမချိုးတာ ကြာလို့ဖြစ်မယ်...ချဉ် ကုန်ပြီ..."
"ဟူတ်လား..."
သီရိ လည်း ကိုငယ်ပန်းကန်ထဲက တစ်ဇွန်းခပ်စားလိုက်ကာ အရသာ ခံကြည့်မိသည်..။
"မဟုတ်ပါဘူး...မချဉ်ပါဘူး..."
"ဟား..ဟား..."
"ကိုငယ်း...."
"ဟား..ဟား..."
"အရူးကြီး..."
ပခုံးထုခဲ့တာတောင် တဟားဟား အော်ရယ်နိုင်သည်လေ..။
ကျောကုန်းကို ထပ်ထုပြီး လက်ဆေး ကာ အပေါ် ထပ် ပြန်ရောက်လာခဲ့သည်..။
အခန်းထဲ ကို ရောက်သွားတော့ အစ်ကို့ ကို မတွေ့..။
စာဖတ်ခန်းထဲ ရောက်သွားပြီမို့ သီရိ သက်ပြင်းချလိုက်ကာ အဝတ်တွေကို မြန်မြန် စီထည့်နေရသည်.။
ဘယ်သူမှ မရှိတဲ့ တန်ဖိုးကြီးအခန်းထဲမှာ ကြာကြာ မနေချင်ပါဘူး..။
ဒီပစ္စည်းတွေ ကို လိုချင် တက်မက် စိတ် မရှိပေမဲ့ အထင်လွဲစရာ ဖြစ်မှာ စိုးလို့ပါ.။
အဝတ်အစားတွေကို ခေါက်ရင်း ပြီးဖို့သာ စိတ်လော နေမိတော့သည်..။
05-20
☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚
အဆင်မပြေသမျှ
ကြိုတောင်းပန်ပါရစေ။
ကျေးဇူးလည်း တင်ပါတယ် ❤
Facebook Account (Zawgyi)
https://www.facebook.com/spica.alice.1
Facebook Page (Zawgyi)
https://www.facebook.com/Spica-Lin-စပိုက်ကာလင်း-1578142228989032/
Facebook Page (Unicode)
https://www.facebook.com/SpicaLin-စပိုက်ကာလင်း-Unicode-110111527107943/
Wattpad (Zawgyi)
Spica_s
https://my.w.tt/FLHrJ3aqw2
Wattpad (Unicode)
Spica-a
https://my.w.tt/74aCrATpw2
Zawgyi 3 Unicode 2
Ok ?
အရေးအသားမကောင်းတာကော အပိုင်းတိုတာကော တောင်းပန်ပါတယ်နော်
အားနည်းချက် တွေများလွန်းတဲ့ စပိုက်ကာ့ စာတွေဖတ်ပေးတာ တကယ် ကျေးဇူးတင်ပါတယ် နော်
စာတွေ ရေးနိုင်ဖို့ ကြိုးစားနေဆဲ
Love U All ❤
#စပိုက်ကာ