"Jenne Kim ခုခ်က္ခ်င္းဒီနားလာခဲ့စမ္း"
"ရွင္ ဟုတ္ ေမေမ"
ကြၽန္မရင္ထဲ ထိတ္ခနဲ ျဖစ္သြားသည္။
ဘုရား သိၾကားမလို႔ ေက်ာင္းလစ္တာေမေမ မသိ...
"နင္ ဟိုတေန႔က ေက်ာင္းမတက္ဘဲ ဘယ္ေတြသြားေနတာတုန္း"
ကြၽန္မဆုေတာင္းက မျပည့္လိုက္။
"ေမေမ ဟို"
"နင္ ငါ့ကိုဘာေတြလိမ္ဖို႔ႀကိဳးစားမလို႔လဲ ဟမ္ ေျပာစမ္း"
"ေမေမ သမီး"
ကြၽန္မ ပါးစပ္က စြံ႕အ ေနသည္။ ကြၽန္မ တကယ္ကို
ဘယ္လိုအေၾကာင္းျပရမလဲ မသိ။
"ေျပာေလ လုပ္ခ်င္တာလုပ္ၿပီး ခုမွ ဘာလို႔ပါးစပ္က ပိတ္ေနရတာတုန္း"
ကြၽန္မ ေမေမကိုေၾကာက္လာသည္။ ကြၽန္မကို ဒီေလာက္ထိေလသံမာမာနွင့္ တစ္ခါမွ မဆူဖူးေသာေမေမ။
ကြၽန္မကလည္း တစ္ခါမွေက်ာင္းလစ္ဖူးတာမွမဟုတ္ေတာ့ ေမေမ ေတာ္ေတာ္ ေဒါသထြက္ေနသည္ထင္သည္။
"ေျပာလို႔ ငါေျပာေန"
ဟင့္အင္း..ဘယ္လိုနည္းနဲ႔မွ မေျပာဘူးေမေမ။
ေမေမသာသိရင္ လီဆာနဲ႔ ေသခ်ာေပါက္မေပါင္းခိုင္းမွာမို႔ သမီးမေျပာဘူးေမေမ။
"Jennie kim"
ေမေမရဲ႕ ေခၚသံအဆံုးမွာ ကြၽန္မေျခသလံုးေပၚသို႔ တုတ္ေခ်ာင္းရာ ထင္သြားခဲ့သည္။
တစ္ခ်က္
နွစ္ခ်က္
သံုးခ်က္
ထိုစဥ္သူ႔အၿပံဳးက အေတြးထဲ တိုးဝင္လာေတာ့ အသားနာေနသည့္ၾကားက ၿပံဳးခ်င္ခ်င္ ျဖစ္လာသည္။
ေလးခ်က္
ငါးခ်က္
▪️▪️▪️▪️▪️▪️
ေျခသလံုးေပၚက အလ်ွိုးရာေတြက အထင္းသား။
ဒီေန႔ေက်ာင္းစကတ္ဝတ္ရင္ သူမ်ားေတြျမင္ေနမွာစိုးလို႔ ေပါင္လယ္ထိရွည္ေသာ ေျခအိတ္ကို ဝတ္ၿပီး ေက်ာင္းလာရသည္။
ဒီေန႔ေတာ့ အခ်စ္ဆံုးကေက်ာင္းကို ေစာေစာေရာက္ေနသည္။ ထူးထူးျခားျခားပါလား။
"Jennie"
"အင္း"
"ငါ့ကို ဒီစာရွင္းျပပါလား"
"အင္း ရွင္းျပမယ္ေလ ဘယ္ဟာတုန္း"
ကြၽန္မ သူ႔ေဘးနားဝင္ထိုင္ၿပီး သူနားမလည္သည့္စာမ်ားကိုရွင္းျပေနသည္။ သူက စာက်နားလည္လြယ္တယ္ ကြၽန္မနွလံုးသားက်.......
"ဒီေန႔ နင္တို႔နွစ္ေယာက္ အတူတူထိုင္မွာေပါ့"
"ဟုတ္တယ္ခ်ယ္ေယာင္း ဒီေန႔ဂ်င္းနီနဲ႔ငါနဲ႔ တေနကုန္အတူတူထိုင္မွာ"
ဟင္...အတူတူ ထိုင္မွာတဲ့လား....ကြၽန္မလည္းအတူတူထိုင္မယ္မေျပာပဲနဲ႔။
ခ်ယ္ေယာင္းဝင္လာတာကို ကြၽန္မ တကယ္သတိမထားမိတာရယ္ပါ။ သူမမွီတဲ့စာေတြ ကူၿပီးကူးေပးေနလို႔ သတိထားခ်ိန္လဲမရ။
"ေၾသာ အင္းပါ အဲ့တာဆို ငါနာယြန္းနားပဲထိုင္လိုက္ေတာ့မယ္ နွစ္ေယာက္သားေကာင္းေကာင္းထိုင္က်"
အမ္....ခ်ယ္ေယာင္းက ဘာအဓိပၸါယ္ကို ဆိုလိုခ်င္တာလဲ။
သူေျပာပံုအရ ကြၽန္မတို႔နွစ္ေယာက္ကပဲ ခ်စ္သူေတြလိုလို ဘာလိုလိုနဲ႔။
သူကိုၾကည့္ေတာ့ ရယ္က်ဲက်ဲနဲ႔ သေဘာက်ေနသလို။
ဒါဆို ကြၽန္မတို႔က...........ကြၽန္မထင္သလို.....
အတန္းခ်ိန္တစ္ခ်ိန္ၿပီးတစ္ခ်ိန္ၿပီးသြားသည္။
သူဒီေန႔စာကို အေတာ္စိတ္ဝင္စားေနတာ။
ေဘးနားကပ္ေနတာေတာင္ ကြၽန္မမွာ ခိုးၾကည့္လို႔မဝ။
တစ္ခါတစ္ခါ ခ်ယ္ရီပင္ေအာက္က အမွတ္တရကို ျပန္ေတြးမိေတာ့ ရင္ကတလွပ္လွပ္နဲ႔။
ဆရာက စာရွင္းေနခိုက္ စားပြဲေပၚတင္ထားတဲ့ ကြၽန္မရဲ႕
ဘယ္ဘက္လက္ကို သူရဲ႕ညာလက္နဲ႔ ရုတ္တရက္ဆုပ္ကိုင္လာသည္။
ဘုရား...ဘုရား....စိတ္ကိုတည္တည္ၿငိမ္ၿငိမ္ထားစမ္း...
ကြၽန္မမွာ ရုန္းထြက္ဖို႔ ခြန္အားမရွိပါ။ ဆႏၵလည္းမရွိ။
ဒူးေတြေတာင္ ေခြယိုင္ခ်င္လာသည္။
ထိုင္ေနလို႔သာ မဟုတ္ရင္ေတာ့.......
သူက ကြၽန္မဘက္ကိုေစာင္းငဲ့ၾကည့္ၿပီး ၿပံဳးျပသည္။
သူကၿပံဳးေတာ့ ကြၽန္မနွလံုးသားက အျပင္ခုန္ထြက္ေတာ့မေယာင္။
ရင္ခုန္ေအာင္ သိပ္လုပ္တာပဲ အခ်စ္ရာ.....
ေန႔လည္စာစားေတာ့လည္း အတူတူ။
သူနဲ႔ကြၽန္မက ေဘးခ်င္းယွဥ္ထိုင္ၿပီး ခ်ယ္ေယာင္းက
မ်က္နွာခ်င္းဆိုင္။
ဒီေန႔ ကြၽန္မ မႀကိဳက္တဲ့ အစားအေသာက္ေတြကို ေက်ာင္းကခ်က္သည္။ ကြၽန္မတန္းစီတဲ့အခ်ိန္မွာ ၾကက္သားကုန္လို႔ငါးဟင္းေတြပဲရေတာ့မည္တဲ့...
စိတ္ညစ္ညစ္နဲ႔ပဲ စားရေတာ့မည္။ ဘာတတ္နိုင္မွာတဲ့လဲ။
ကြၽန္မပန္းကန္ထဲက ဖယ္ထားတဲ့ ငါးေတြကို သူက မေျပာမဆိုနဲ႔ သူ႔ပန္းကန္ထဲထည့္သြားသည္။
"ေရာ႕ ငါ့ၾကက္သားယူ နင္ငါးမႀကိဳက္ဘူးမလား"
"လီဆာ ငါ"
"အားမနာပါနဲ႔ နင္မႀကိဳက္တာဆိုမစားနဲ႔ ပင္ပန္းတယ္"
"နင္အဆင္ေျပပါ့မလား"
"မႀကိဳက္တာကို အတင္းႀကိဳက္ခ်င္ေယာင္ေဆာင္ရတာ ပင္ပန္းတယ္ေလ ၿပီးေတာ့ႀကိဳက္တာကို မႀကိက္ခ်င္ေယာင္ေဆာင္ရတာလဲ ပင္ပန္းတယ္"
"အဲဒါေတာ့ ဟုတ္တယ္ေနာ္"
"ဟုတ္တယ္"
"လီဆာ နင္အကအတြက္အဆင္သင့္ျဖစ္ေနၿပီလား
ရက္နီးေနၿပီေနာ္"
ခ်ယ္ေယာင္းက ဝင္ေမးသည္။
"အင္း ငါအဆင္သင့္ျဖစ္ေနၿပီ ဒါေပမဲ့ ငါရင္ေတြခုန္ေနတာ "
"ပထဆံုးပြဲလဲမဟုတ္ပဲနဲ႔ ရင္ခုန္ေနေသး"
"အာ....မတူဘူးေလ"
"ဘာကိုမတူတာလဲ"
"ဒီလိုပါပဲ"
ဘာလဲ .....သူ ဘာေတြကိုရင္ခုန္ေနတာလဲ။
ကြၽန္မသိခြင့္မရွိတဲ့ တစ္ခုခုမ်ားလား။
ကြၽန္မ သူ႔အေၾကာင္းေတြသိဖို႔ ေတာ္ေတာ္ လိုေသးတာကိုး.....
ညေနထိ သူနဲ႔ကြၽန္မ အတူတူထိုင္ၾကသည္။
"ေက်းဇူးဂ်င္းနီ ေနာက္ရက္မွငါနင့္ကိုမုန္႔ဝယ္ေကြၽးမယ္"
"ရပါတယ္ဟာ အိမ္ကိုေကာင္းေကာင္းျပန္ေနာ္"
"အင္း ေၾသာ္ဒါနဲ႔ နင္အိမ္ကိုတိုင္ခံရေသးလား"
"အဲ....အတိုင္မခံရပါဘူး ဘာလို႔လဲ နင္တိုင္ခံရလို႔လား"
"ငါကေတာ့ ခဏခဏ အတိုင္ခံေနရတာပဲ သိပ္ေတာ့မထူးဆန္းပါဘူး အဟား ကဲငါျပန္ၿပီ"
"အင္း"
နႈတ္ဆက္ၿပီး သူက ကြၽန္မဆံပင္ကို ဖြသြားျပန္သည္။
ျဖစ္နိုင္ရင္ဒီလိုေန႔ေလးေတြ မ်ားမ်ားဖန္တီးေပးဖို႔ ဘုရားသခင္ဆီ ဆုေတာင္းရမည္။
အၾကည္ႏူးရဆံုးေန႔ေလးေတြ.....
ရင္ခုန္ရဆံုးေန႔ေလးေတြ......
အင္း....ငါနင့္ကိုတျဖည္းျဖည္းေလာဘတက္လာၿပီအခ်စ္ေရ......ဘယ္လိုလဲဆိုေတာ့ နင့္ကို ငါတစ္ေယာက္တည္းပိုင္ဆိုင္ခ်င္တာမ်ိဳးေပါ့.....
▪️▪️▪️▪️▪️
ဒီေန႔က ပိတ္ရက္မို႔ အိပ္ရာကို ေသခ်ာေနာက္က်မွထသည္။ အိပ္မက္ထဲမွာလည္း သူနဲ႔ ေပ်ာ္႐ႊင္ေနရသည္ကိုး။
လြမ္းတဲ့သူက အိပ္မက္ထဲကို လာတတ္တယ္တဲ့။
အခ်စ္က ကိုယ့္ကို လြမ္းေနတာေနမွာ။
ကိုယ့္စိတ္ကူးနဲ႔ကိုယ္မို႔ ဒီဇင္ဘာမနက္ခင္းကအေတာ္က်က္သေရရွိေနသည္။
အာ...ဒီေန႔Sunday သူ႔ရဲ႕ အကၿပိဳင္ပြဲေန႔။
ေသခ်ာျပင္ဆင္ၿပီး ေအာက္ထပ္ဆင္းလာမွ ကံဆိုးမိုးေမွာင္က်သည္။ ဒီေန႔ ေဖေဖ့ကုမၸဏီကို ေလ့လာရန္ လိုက္သြားရမည္တဲ့။
"သမီးမလိုက္ခ်င္ဘူး ေဖေဖ"
နႈတ္ခမ္းစူၿပီးေအာင့္ေဆာင့္တာေတာင္ မိဘနွစ္ပါးက အေလ်ွာ႔မေပးၾကပါ။
"သမီးကေနာင္တစ္ခ်ိန္မွာ ဆက္ခံမယ့္သူေလ ႀကိဳတင္ေလ့လာထားမွ ေတာ္ကာက်မွာသမီးရဲ႕ ေနာ္"
"ေဖေဖကလည္း...."
"မရဘူး လိုက္ကိုလိုက္ရမယ္ Jennie Kim ဘာမွထပ္ၿပီးအထြန္႔မတက္နဲ႔"
ေမေမ၏ တစ္ခ်က္လႊတ္အာဏာေအာက္မွာ ကြၽန္မ
အမိန္႔ေတြ မဖီဆန္ရဲေတာ့။
ေန႔လည္၂နာရီေက်ာ္ေနၿပီ။ ခုထိမၿပီးျပတ္ေသး။
ေဖေဖဘာလ္ို႔ စီးပြားေရးေတြနဲ႔ အလုပ္ရႈပ္ေနရတာလဲ။
ေတြးရင္းနဲ႔ ခ်စ္ရသူ ဘဝကိုအားက်လာျပန္သည္။
သူဆို စိတ္ႀကိဳက္.....
၃နာရီဆို အကပြဲကစေတာ့မွာကို....
ကြၽန္မရဲ႕ ေျခေတြလက္ေတြက စိတ္လႈပ္ရွားမႈေၾကာင့္
ဂဏာမၿငိမ္ၾကေတာ့ပါ။
၃နာရီ .....
ကြၽန္မစိတ္ပ်က္လာသည္။
ထထြက္ေျပးခ်င္မိသည္။
၃နာရီခြဲ......
၄နာရီ....
အား.......မၿပီးၾကေသးဘူးလား.....
အကုန္လံုးကို လက္ညႇိုးေငါက္ေငါက္ထိုးၿပီး ဆူခ်င္လာသည္။
အခုကတည္းက ခန္႔ေပးထားေသာ အတြင္းေရးမွဴးမင္အားပန္းစည္းဝယ္ခိုင္းထားသည္။ သူ႔ကို ဂုဏ္ျပဳဖို႔...
ေနာက္ဆံုးအစည္းအေဝးၿပီးခ်ိန္တြင္ေတာ့ ေဟး....ေအာ္ၿပီး ထမခုန္ရံု တမည္ ......
ေနာက္က်လို႔ သူစိတ္ေတာ့ မဆိုးေလာက္ဘူးလို႔ ထင္ရတာပဲ။
"အတြင္းေရးမွဴးမင္ ကားကို ×××ခန္းမဆီ ျမန္ျမန္ေလး"
ေသာက္....#$%& မို႔လို႔ လမ္းကပိတ္ေနရလား။
ကြၽန္မတကယ္ကို ထိုင္ငိုခ်င္သြားသည္။
စိတ္မေကာင္းလည္းျဖစ္မိသည္။
လာအားေပးမယ္လို႔ ကတိေပးထားၿပီးမွ.....ကတိဖ်က္သူက.....ကြၽန္မတဲ့လား.....
အကခန္းမဆီေရာက္ေတာ့ ၄နာရီ ၄၅မိနစ္။
သြားၿပီ....အကုန္သြားၿပီ။
ကြၽန္မက ေနာက္က်တာထက္ ပိုသြားသည္။
ကြၽန္မသြားေတာ့ လူတခ်ိဳ႕က ထျပန္ကုန္ၾကသည္။
"အန္တီ အကၿပိဳင္ပြဲက ၿပီးသြားၿပီလားဟင္"
"ေစာေစာေလးကပဲ ၿပီးသြားတာ သမီး"
ဟာ.....
"ဟိုေလ လီဆာဆိုတဲ့ ၿပိဳင္ပြဲဝင္ကေရာ ဘယ္ခ်ိန္ေလာက္က ကတာလဲ"
"အန္တီလည္းအဲ့ေလာက္ထိသတိမထားမိဘူး"
"ဟုတ္ ေက်းဇူးေနာ္"
ကြၽန္မ မတ္တပ္ရပ္ဖို႔ေတာင္ အားမရွိေတာ့။
သူ .....သူ......သူ႔စိတ္ထဲ ကြၽန္မကို ဘယ္လိုျမင္သြားမွာလဲဟင္။
သူ ရွိေနဦးမလားအေတြးနဲ႔ ေဘးဘီရွာၾကည့္ေတာ့
ဟင္.....ျမင္ကြင္းက ကြၽန္မရင္ဝကို ေဆာင့္ကန္သည္။
သူ႔ကို အသက္နည္းနည္းႀကီးတဲ့ ေကာင္မေလးတစ္ေယာက္က ဖက္ထားသည္။ နွစ္ေယာက္သား ၿပံဳးေပ်ာ္လို႔။
သူကလည္း ကြၽန္မျမင္ေနက် ေတာက္ပၿပီး အသက္ဝင္တဲ့ အၿပံဳးေတြနဲ႔။ သူက...သူက...ကြၽန္မ မရွိလည္းေပ်ာ္ေနတာ
ကြၽန္မ ေတာ္ေတာ္ ေနာက္က်သြားတာ။
တကယ္ကို.....ကြၽန္မ.....
ငါေနာက္က်လို႔ ေတာင္းပန္ပါတယ္ လီဆာ....
ကြၽန္မ ေျခလွမ္းေတြကို ေရွ႕ဆက္မတိုးဝင့္ေတာ့ပါ။
တိုးဖို႔ သတၲိလည္းမရွိပါ။
ကြၽန္မ သူ႔အနားေရာက္သြားရင္ ေနာက္က်တာကို
အေၾကာင္းျပဳလို႔ သူစိတ္ေတာ္ၿငိဳျငင္မွာကို ကြၽန္မ တကယ္မလိုလားပါ။
ပန္းစည္းေလးကေတာ့ ထိုေနရာမွာပဲ က်က်န္ေနခဲ့မည္ထင္သည္။ ကြၽန္မ အသိစိတ္နဲ႔လူနဲ႔ ကပ္ခ်ိန္မွ ပန္းစည္းကလက္ထဲပါမလာတာကို သတိရသည္။
ကြၽန္မ တကယ္ သူနဲ႔ပတ္သတ္ရင္ မ်က္ရည္မခိုင္ပါ။
အခုလည္း ငိုခ်င္စိတ္ကို မတရား ထိန္းခ်ဳပ္ေနရတာ တကယ္ ပင္ပန္းတာ။
"အတြင္းေရးမွဴးမင္ အိမ္ကိုပဲတန္းေမာင္းေတာ့"
မဟုတ္မွလြဲေရာ.....အဲ့တာ ခ်ယ္ေယာင္းေျပာတဲ့ သူ႔မမ ဆိုတာလား.......
ကိုယ့္အေတြးနဲ႔ကိုယ္ နွိပ္စက္ေတာ့ ထိန္းထားတဲ့ မ်က္ရည္က အတားအဆီးမရွိက်လာသည္။
ဒီေန႔အဖို႔ ကြၽန္မဟာ ကြၽန္မမုန္းတဲ့ တတိယေျမာက္လူ...
💛💛💛🖤🖤🖤🎄🌟
25Dec19 | 09: 42 PM
===============================
"Jenne Kim ခုချက်ချင်းဒီနားလာခဲ့စမ်း"
"ရှင် ဟုတ် မေမေ"
ကျွန်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
ဘုရား သိကြားမလို့ ကျောင်းလစ်တာမေမေ မသိ...
"နင် ဟိုတနေ့က ကျောင်းမတက်ဘဲ ဘယ်တွေသွားနေတာတုန်း"
ကျွန်မဆုတောင်းက မပြည့်လိုက်။
"မေမေ ဟို"
"နင် ငါ့ကိုဘာတွေလိမ်ဖို့ကြိုးစားမလို့လဲ ဟမ် ပြောစမ်း"
"မေမေ သမီး"
ကျွန်မ ပါးစပ်က စွံ့အ နေသည်။ ကျွန်မ တကယ်ကို
ဘယ်လိုအကြောင်းပြရမလဲ မသိ။
"ပြောလေ လုပ်ချင်တာလုပ်ပြီး ခုမှ ဘာလို့ပါးစပ်က ပိတ်နေရတာတုန်း"
ကျွန်မ မေမေကိုကြောက်လာသည်။ ကျွန်မကို ဒီလောက်ထိလေသံမာမာနှင့် တစ်ခါမှ မဆူဖူးသောမေမေ။
ကျွန်မကလည်း တစ်ခါမှကျောင်းလစ်ဖူးတာမှမဟုတ်တော့ မေမေ တော်တော် ဒေါသထွက်နေသည်ထင်သည်။
"ပြောလို့ ငါပြောနေ"
ဟင့်အင်း..ဘယ်လိုနည်းနဲ့မှ မပြောဘူးမေမေ။
မေမေသာသိရင် လီဆာနဲ့ သေချာပေါက်မပေါင်းခိုင်းမှာမို့ သမီးမပြောဘူးမေမေ။
"Jennie kim"
မေမေရဲ့ ခေါ်သံအဆုံးမှာ ကျွန်မခြေသလုံးပေါ်သို့ တုတ်ချောင်းရာ ထင်သွားခဲ့သည်။
တစ်ချက်
နှစ်ချက်
သုံးချက်
ထိုစဉ်သူ့အပြုံးက အတွေးထဲ တိုးဝင်လာတော့ အသားနာနေသည့်ကြားက ပြုံးချင်ချင် ဖြစ်လာသည်။
လေးချက်
ငါးချက်
▪️▪️▪️▪️▪️▪️
ခြေသလုံးပေါ်က အလျှိုးရာတွေက အထင်းသား။
ဒီနေ့ကျောင်းစကတ်ဝတ်ရင် သူများတွေမြင်နေမှာစိုးလို့ ပေါင်လယ်ထိရှည်သော ခြေအိတ်ကို ဝတ်ပြီး ကျောင်းလာရသည်။
ဒီနေ့တော့ အချစ်ဆုံးကကျောင်းကို စောစောရောက်နေသည်။ ထူးထူးခြားခြားပါလား။
"Jennie"
"အင်း"
"ငါ့ကို ဒီစာရှင်းပြပါလား"
"အင်း ရှင်းပြမယ်လေ ဘယ်ဟာတုန်း"
ကျွန်မ သူ့ဘေးနားဝင်ထိုင်ပြီး သူနားမလည်သည့်စာများကိုရှင်းပြနေသည်။ သူက စာကျနားလည်လွယ်တယ် ကျွန်မနှလုံးသားကျ.......
"ဒီနေ့ နင်တို့နှစ်ယောက် အတူတူထိုင်မှာပေါ့"
"ဟုတ်တယ်ချယ်ယောင်း ဒီနေ့ဂျင်းနီနဲ့ငါနဲ့ တနေကုန်အတူတူထိုင်မှာ"
ဟင်...အတူတူ ထိုင်မှာတဲ့လား....ကျွန်မလည်းအတူတူထိုင်မယ်မပြောပဲနဲ့။
ချယ်ယောင်းဝင်လာတာကို ကျွန်မ တကယ်သတိမထားမိတာရယ်ပါ။ သူမမှီတဲ့စာတွေ ကူပြီးကူးပေးနေလို့ သတိထားချိန်လဲမရ။
"သြော အင်းပါ အဲ့တာဆို ငါနာယွန်းနားပဲထိုင်လိုက်တော့မယ် နှစ်ယောက်သားကောင်းကောင်းထိုင်ကျ"
အမ်....ချယ်ယောင်းက ဘာအဓိပ္ပါယ်ကို ဆိုလိုချင်တာလဲ။
သူပြောပုံအရ ကျွန်မတို့နှစ်ယောက်ကပဲ ချစ်သူတွေလိုလို ဘာလိုလိုနဲ့။
သူကိုကြည့်တော့ ရယ်ကျဲကျဲနဲ့ သဘောကျနေသလို။
ဒါဆို ကျွန်မတို့က...........ကျွန်မထင်သလို.....
အတန်းချိန်တစ်ချိန်ပြီးတစ်ချိန်ပြီးသွားသည်။
သူဒီနေ့စာကို အတော်စိတ်ဝင်စားနေတာ။
ဘေးနားကပ်နေတာတောင် ကျွန်မမှာ ခိုးကြည့်လို့မဝ။
တစ်ခါတစ်ခါ ချယ်ရီပင်အောက်က အမှတ်တရကို ပြန်တွေးမိတော့ ရင်ကတလှပ်လှပ်နဲ့။
ဆရာက စာရှင်းနေခိုက် စားပွဲပေါ်တင်ထားတဲ့ ကျွန်မရဲ့
ဘယ်ဘက်လက်ကို သူရဲ့ညာလက်နဲ့ ရုတ်တရက်ဆုပ်ကိုင်လာသည်။
ဘုရား...ဘုရား....စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားစမ်း...
ကျွန်မမှာ ရုန်းထွက်ဖို့ ခွန်အားမရှိပါ။ ဆန္ဒလည်းမရှိ။
ဒူးတွေတောင် ခွေယိုင်ချင်လာသည်။
ထိုင်နေလို့သာ မဟုတ်ရင်တော့.......
သူက ကျွန်မဘက်ကိုစောင်းငဲ့ကြည့်ပြီး ပြုံးပြသည်။
သူကပြုံးတော့ ကျွန်မနှလုံးသားက အပြင်ခုန်ထွက်တော့မယောင်။
ရင်ခုန်အောင် သိပ်လုပ်တာပဲ အချစ်ရာ.....
နေ့လည်စာစားတော့လည်း အတူတူ။
သူနဲ့ကျွန်မက ဘေးချင်းယှဉ်ထိုင်ပြီး ချယ်ယောင်းက
မျက်နှာချင်းဆိုင်။
ဒီနေ့ ကျွန်မ မကြိုက်တဲ့ အစားအသောက်တွေကို ကျောင်းကချက်သည်။ ကျွန်မတန်းစီတဲ့အချိန်မှာ ကြက်သားကုန်လို့ငါးဟင်းတွေပဲရတော့မည်တဲ့...
စိတ်ညစ်ညစ်နဲ့ပဲ စားရတော့မည်။ ဘာတတ်နိုင်မှာတဲ့လဲ။
ကျွန်မပန်းကန်ထဲက ဖယ်ထားတဲ့ ငါးတွေကို သူက မပြောမဆိုနဲ့ သူ့ပန်းကန်ထဲထည့်သွားသည်။
"ရော့ ငါ့ကြက်သားယူ နင်ငါးမကြိုက်ဘူးမလား"
"လီဆာ ငါ"
"အားမနာပါနဲ့ နင်မကြိုက်တာဆိုမစားနဲ့ ပင်ပန်းတယ်"
"နင်အဆင်ပြေပါ့မလား"
"မကြိုက်တာကို အတင်းကြိုက်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ်လေ ပြီးတော့ကြိုက်တာကို မကြိက်ချင်ယောင်ဆောင်ရတာလဲ ပင်ပန်းတယ်"
"အဲဒါတော့ ဟုတ်တယ်နော်"
"ဟုတ်တယ်"
"လီဆာ နင်အကအတွက်အဆင်သင့်ဖြစ်နေပြီလား
ရက်နီးနေပြီနော်"
ချယ်ယောင်းက ဝင်မေးသည်။
"အင်း ငါအဆင်သင့်ဖြစ်နေပြီ ဒါပေမဲ့ ငါရင်တွေခုန်နေတာ "
"ပထဆုံးပွဲလဲမဟုတ်ပဲနဲ့ ရင်ခုန်နေသေး"
"အာ....မတူဘူးလေ"
"ဘာကိုမတူတာလဲ"
"ဒီလိုပါပဲ"
ဘာလဲ .....သူ ဘာတွေကိုရင်ခုန်နေတာလဲ။
ကျွန်မသိခွင့်မရှိတဲ့ တစ်ခုခုများလား။
ကျွန်မ သူ့အကြောင်းတွေသိဖို့ တော်တော် လိုသေးတာကိုး.....
ညနေထိ သူနဲ့ကျွန်မ အတူတူထိုင်ကြသည်။
"ကျေးဇူးဂျင်းနီ နောက်ရက်မှငါနင့်ကိုမုန့်ဝယ်ကျွေးမယ်"
"ရပါတယ်ဟာ အိမ်ကိုကောင်းကောင်းပြန်နော်"
"အင်း သြော်ဒါနဲ့ နင်အိမ်ကိုတိုင်ခံရသေးလား"
"အဲ....အတိုင်မခံရပါဘူး ဘာလို့လဲ နင်တိုင်ခံရလို့လား"
"ငါကတော့ ခဏခဏ အတိုင်ခံနေရတာပဲ သိပ်တော့မထူးဆန်းပါဘူး အဟား ကဲငါပြန်ပြီ"
"အင်း"
နှုတ်ဆက်ပြီး သူက ကျွန်မဆံပင်ကို ဖွသွားပြန်သည်။
ဖြစ်နိုင်ရင်ဒီလိုနေ့လေးတွေ များများဖန်တီးပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းရမည်။
အကြည်နူးရဆုံးနေ့လေးတွေ.....
ရင်ခုန်ရဆုံးနေ့လေးတွေ......
အင်း....ငါနင့်ကိုတဖြည်းဖြည်းလောဘတက်လာပြီအချစ်ရေ......ဘယ်လိုလဲဆိုတော့ နင့်ကို ငါတစ်ယောက်တည်းပိုင်ဆိုင်ချင်တာမျိုးပေါ့.....
▪️▪️▪️▪️▪️
ဒီနေ့က ပိတ်ရက်မို့ အိပ်ရာကို သေချာနောက်ကျမှထသည်။ အိပ်မက်ထဲမှာလည်း သူနဲ့ ပျော်ရွှင်နေရသည်ကိုး။
လွမ်းတဲ့သူက အိပ်မက်ထဲကို လာတတ်တယ်တဲ့။
အချစ်က ကိုယ့်ကို လွမ်းနေတာနေမှာ။
ကိုယ့်စိတ်ကူးနဲ့ကိုယ်မို့ ဒီဇင်ဘာမနက်ခင်းကအတော်ကျက်သရေရှိနေသည်။
အာ...ဒီနေ့Sunday သူ့ရဲ့ အကပြိုင်ပွဲနေ့။
သေချာပြင်ဆင်ပြီး အောက်ထပ်ဆင်းလာမှ ကံဆိုးမိုးမှောင်ကျသည်။ ဒီနေ့ ဖေဖေ့ကုမ္ပဏီကို လေ့လာရန် လိုက်သွားရမည်တဲ့။
"သမီးမလိုက်ချင်ဘူး ဖေဖေ"
နှုတ်ခမ်းစူပြီးအောင့်ဆောင့်တာတောင် မိဘနှစ်ပါးက အလျှော့မပေးကြပါ။
"သမီးကနောင်တစ်ချိန်မှာ ဆက်ခံမယ့်သူလေ ကြိုတင်လေ့လာထားမှ တော်ကာကျမှာသမီးရဲ့ နော်"
"ဖေဖေကလည်း...."
"မရဘူး လိုက်ကိုလိုက်ရမယ် Jennie Kim ဘာမှထပ်ပြီးအထွန့်မတက်နဲ့"
မေမေ၏ တစ်ချက်လွှတ်အာဏာအောက်မှာ ကျွန်မ
အမိန့်တွေ မဖီဆန်ရဲတော့။
နေ့လည်၂နာရီကျော်နေပြီ။ ခုထိမပြီးပြတ်သေး။
ဖေဖေဘာလ်ို့ စီးပွားရေးတွေနဲ့ အလုပ်ရှုပ်နေရတာလဲ။
တွေးရင်းနဲ့ ချစ်ရသူ ဘဝကိုအားကျလာပြန်သည်။
သူဆို စိတ်ကြိုက်.....
၃နာရီဆို အကပွဲကစတော့မှာကို....
ကျွန်မရဲ့ ခြေတွေလက်တွေက စိတ်လှုပ်ရှားမှုကြောင့်
ဂဏာမငြိမ်ကြတော့ပါ။
၃နာရီ .....
ကျွန်မစိတ်ပျက်လာသည်။
ထထွက်ပြေးချင်မိသည်။
၃နာရီခွဲ......
၄နာရီ....
အား.......မပြီးကြသေးဘူးလား.....
အကုန်လုံးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆူချင်လာသည်။
အခုကတည်းက ခန့်ပေးထားသော အတွင်းရေးမှူးမင်အားပန်းစည်းဝယ်ခိုင်းထားသည်။ သူ့ကို ဂုဏ်ပြုဖို့...
နောက်ဆုံးအစည်းအဝေးပြီးချိန်တွင်တော့ ဟေး....အော်ပြီး ထမခုန်ရုံ တမည် ......
နောက်ကျလို့ သူစိတ်တော့ မဆိုးလောက်ဘူးလို့ ထင်ရတာပဲ။
"အတွင်းရေးမှူးမင် ကားကို ×××ခန်းမဆီ မြန်မြန်လေး"
သောက်....#$%& မို့လို့ လမ်းကပိတ်နေရလား။
ကျွန်မတကယ်ကို ထိုင်ငိုချင်သွားသည်။
စိတ်မကောင်းလည်းဖြစ်မိသည်။
လာအားပေးမယ်လို့ ကတိပေးထားပြီးမှ.....ကတိဖျက်သူက.....ကျွန်မတဲ့လား.....
အကခန်းမဆီရောက်တော့ ၄နာရီ ၄၅မိနစ်။
သွားပြီ....အကုန်သွားပြီ။
ကျွန်မက နောက်ကျတာထက် ပိုသွားသည်။
ကျွန်မသွားတော့ လူတချို့က ထပြန်ကုန်ကြသည်။
"အန်တီ အကပြိုင်ပွဲက ပြီးသွားပြီလားဟင်"
"စောစောလေးကပဲ ပြီးသွားတာ သမီး"
ဟာ.....
"ဟိုလေ လီဆာဆိုတဲ့ ပြိုင်ပွဲဝင်ကရော ဘယ်ချိန်လောက်က ကတာလဲ"
"အန်တီလည်းအဲ့လောက်ထိသတိမထားမိဘူး"
"ဟုတ် ကျေးဇူးနော်"
ကျွန်မ မတ်တပ်ရပ်ဖို့တောင် အားမရှိတော့။
သူ .....သူ......သူ့စိတ်ထဲ ကျွန်မကို ဘယ်လိုမြင်သွားမှာလဲဟင်။
သူ ရှိနေဦးမလားအတွေးနဲ့ ဘေးဘီရှာကြည့်တော့
ဟင်.....မြင်ကွင်းက ကျွန်မရင်ဝကို ဆောင့်ကန်သည်။
သူ့ကို အသက်နည်းနည်းကြီးတဲ့ ကောင်မလေးတစ်ယောက်က ဖက်ထားသည်။ နှစ်ယောက်သား ပြုံးပျော်လို့။
သူကလည်း ကျွန်မမြင်နေကျ တောက်ပပြီး အသက်ဝင်တဲ့ အပြုံးတွေနဲ့။ သူက...သူက...ကျွန်မ မရှိလည်းပျော်နေတာ
ကျွန်မ တော်တော် နောက်ကျသွားတာ။
တကယ်ကို.....ကျွန်မ.....
ငါနောက်ကျလို့ တောင်းပန်ပါတယ် လီဆာ....
ကျွန်မ ခြေလှမ်းတွေကို ရှေ့ဆက်မတိုးဝင့်တော့ပါ။
တိုးဖို့ သတ္တိလည်းမရှိပါ။
ကျွန်မ သူ့အနားရောက်သွားရင် နောက်ကျတာကို
အကြောင်းပြုလို့ သူစိတ်တော်ငြိုငြင်မှာကို ကျွန်မ တကယ်မလိုလားပါ။
ပန်းစည်းလေးကတော့ ထိုနေရာမှာပဲ ကျကျန်နေခဲ့မည်ထင်သည်။ ကျွန်မ အသိစိတ်နဲ့လူနဲ့ ကပ်ချိန်မှ ပန်းစည်းကလက်ထဲပါမလာတာကို သတိရသည်။
ကျွန်မ တကယ် သူနဲ့ပတ်သတ်ရင် မျက်ရည်မခိုင်ပါ။
အခုလည်း ငိုချင်စိတ်ကို မတရား ထိန်းချုပ်နေရတာ တကယ် ပင်ပန်းတာ။
"အတွင်းရေးမှူးမင် အိမ်ကိုပဲတန်းမောင်းတော့"
မဟုတ်မှလွဲရော.....အဲ့တာ ချယ်ယောင်းပြောတဲ့ သူ့မမ ဆိုတာလား.......
ကိုယ့်အတွေးနဲ့ကိုယ် နှိပ်စက်တော့ ထိန်းထားတဲ့ မျက်ရည်က အတားအဆီးမရှိကျလာသည်။
ဒီနေ့အဖို့ ကျွန်မဟာ ကျွန်မမုန်းတဲ့ တတိယမြောက်လူ...
💛💛💛🖤🖤🖤🎄🌟
25Dec19 | 09:42 PM