Rhyme Made Of Love (Completed)

By Milo_YoYo

1.6M 129K 1.7K

Melodies of falling in love with the right person 🎶 More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
FINAL
Farewell letter
Extra : Kaki's First Trip (1)
Extra : Kaki's First Trip (Final)
Extra : I love you more , my Jey
My New Story ^^
About Rhyme's production ^^

Special Part !

31.7K 2.7K 12
By Milo_YoYo

(Unicode)

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်..
ဘေးခြံကို အန်တီခင်မေတို့ပြောင်းလာကာစပဲ။

Jeyပိစိလေး မူကြိုက အပြန် ဘေးခြံရှေ့ကဖြတ်တော့ ကလေးငိုသံတွေက ဆူဆူညံ။ အဲ့ကတည်းက သတ်မှတ်ထားတာ ဒီကလေးလေးက အာပြဲလေး။

အာပြဲလေး နှစ်နှစ်ပြည့်မွေးနေ့မှာ မားမားခေါ်လို့ လိုက်သွားတော့မှ အာပြဲလေးကို စမြင်ဖူးခဲ့တာ။ ကလေးပိစိလေးတွေကို မချစ်တတ်တဲ့ Jeyကတော့ ဒီကလေးကို အသည်းစွဲပဲ။

အာပြဲလေးကို အိမ်ကနာမည်ပေးတာက ခန့်တည်ကြည်နိုင်တဲ့။ နာမည်နဲ့လိုက်အောင် ရုပ်ကတည်တယ်။ ခန့်တည်လေးမူကြိုတက်တော့ Jey က ငါးတန်းကျောင်းသားလေးပေါ့။

တစ်ဦးတည်းသော ရွှေပေါ်မြတင်လေး Jey က
ခန့်တည်လေးအတွက်ဆို အရုပ်စင်ပေါ်က ကားလေးလည်းဖြစ်ပေးနိုင်တယ်၊ မိုးကောင်းကင်ပေါ်က လမင်းကြီးလည်း ဖြစ်ပေးချင်တယ်။

ငယ်ဘဝလေးက အရောင်ကင်းစင်တယ်။ Jey ရဲ့ ဘဝမှာ ခန့်တည်လေးက နံပါတ်တစ်၊ ခန့်တည်လေးက နံပါတ်နှစ်၊ ခန့်တည်လေးက Jey အချစ်။

"ကိုကို သားသားကို ရုပ်ရုပ်ဝယ်ပေး" ဆိုတာနဲ့
ကားမောင်းတဲ့ ဦးလေးကြီးကိုခေါ် မြို့တစ်ပတ်ပတ်ပြီး ခန့်တည်လေးလိုချင်တဲ့ မီးလင်းပါဝါရိန်းဂျားရုပ်လေးကို ရှာပေးရတဲ့အထိ Jey က ခန့်တည်လေးကို ချစ်ရပါသတဲ့။ ခန့်တည်လေးရဲ့ ပါးဖောင်းဖောင်းလေးတွေပါ ထပ်ပေါင်းထည့်ရင် ချစ်စရာ မျက်နှာလေးပဲ။

လေပြည်ပြီးရင် မုန်တိုင်းလာတယ်။ Jey သိရတဲ့ မေတ္တာတချို့ဟာ အရောင်စွန်းထင်းလာမှန်း သတိပြုမိတဲ့အခါ ကလေးငယ်ကို စွန့်ခွါခဲ့တယ်။ နောင်တတရားအချို့ ရင်ဝယ်ပိုက်ရင်း ဘေးခြံက ပြတင်းပေါက်လေးကို ငေးရင်း။

အရာရာဟာ မြန်ဆန်လွန်းလှပါရဲ့။ ချစ်ရတဲ့ကလေးငယ်ရဲ့ တရားဝင် သက်ဆိုင်သူအဖြစ်ကို ရောက်မှန်းမသိရောက်ခဲ့ရတဲ့ Jey ကတော့ ပျော်ရမလား ငိုရမလား မဝေခွဲတတ်။ သေချာတာတော့ ကလေးငယ်က ဥပက္ခာတော့ မပြုခဲ့ဘူး။

ရှိတဲ့ အချစ်တွေက အရောင်စွန်းနေရင်တောင် ပေးတဲ့ မေတ္တာတွေက အဖြူလွလွပါ ကလေးငယ်။ မင်း ချမ်း​မြေ့ပါစေ။

အကြောက်တရားတွေနဲ့ ပြည့်နှက်နေတဲ့ ချစ်ရသူကို လက်လွှတ်ပေးရမလား ဆွဲထားရမလား။ ဦးနှောက်နဲ့ နှလုံးသား ဝေခွဲရခက်လှတယ်။ ဒီတစ်ခါတော့ နှလုံးသားကို အနိုင်ပေးပါ့မယ်။

တစ်မိနစ်မှာ စက္ကန့်ခြောက်ဆယ်ရှိတယ် ..
တစ်နာရီမှာ မိနစ်ခြောက်ဆယ်ရှိတယ် ..
တစ်နေ့မှာ နှစ်ဆယ့်လေးနာရီရှိတယ် ..
တူတူရှိနေတဲ့ နေ့ပေါင်း နှစ်ရာ့လေးဆယ် ကျော်ပြီနော် ကလေးငယ်။

ပျော်စေဖို့ ကြယ်လေးဖြစ်ပေးမယ်။ အပျင်းပြေစေဖို့ သံစဉ်တွေပါ ထပ်ထည့်တယ်။ ကာရန် တော်တော်များများကို ချစ်ခြင်းနဲ့ ဖွဲ့သီခဲ့ပါတယ် ချစ်ရသော ခန့်တည်ရယ်။

                             ~~~~~~

(Zawgyi)

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္..
ေဘးၿခံကို အန္တီခင္ေမတို႔ေျပာင္းလာကာစပဲ။

Jeyပိစိေလး မူႀကိဳက အျပန္ ေဘးၿခံေရွ႕ကျဖတ္ေတာ့ ကေလးငိုသံေတြက ဆူဆူညံ။ အဲ့ကတည္းက သတ္မွတ္ထားတာ ဒီကေလးေလးက အာၿပဲေလး။

အာၿပဲေလး ႏွစ္ႏွစ္ျပည့္ေမြးေန႔မွာ မားမားေခၚလို႔ လိုက္သြားေတာ့မွ အာၿပဲေလးကို စျမင္ဖူးခဲ့တာ။ ကေလးပိစိေလးေတြကို မခ်စ္တတ္တဲ့ Jeyကေတာ့ ဒီကေလးကို အသည္းစြဲပဲ။

အာၿပဲေလးကို အိမ္ကနာမည္ေပးတာက ခန္႔တည္ၾကည္ႏိုင္တဲ့။ နာမည္နဲ႔လိုက္ေအာင္ ႐ုပ္ကတည္တယ္။ ခန္႔တည္ေလးမူႀကိဳတက္ေတာ့ Jey က ငါးတန္းေက်ာင္းသားေလးေပါ့။

တစ္ဦးတည္းေသာ ေ႐ႊေပၚျမတင္ေလး Jey က
ခန္႔တည္ေလးအတြက္ဆို အ႐ုပ္စင္ေပၚက ကားေလးလည္းျဖစ္ေပးႏိုင္တယ္၊ မိုးေကာင္းကင္ေပၚက လမင္းႀကီးလည္း ျဖစ္ေပးခ်င္တယ္။

ငယ္ဘဝေလးက အေရာင္ကင္းစင္တယ္။ Jey ရဲ႕ ဘဝမွာ ခန္႔တည္ေလးက နံပါတ္တစ္၊ ခန္႔တည္ေလးက နံပါတ္ႏွစ္၊ ခန္႔တည္ေလးက Jey အခ်စ္။

"ကိုကို သားသားကို ႐ုပ္႐ုပ္ဝယ္ေပး" ဆိုတာနဲ႔
ကားေမာင္းတဲ့ ဦးေလးႀကီးကိုေခၚ ၿမိဳ႕တစ္ပတ္ပတ္ၿပီး ခန္႔တည္ေလးလိုခ်င္တဲ့ မီးလင္းပါဝါရိန္းဂ်ား႐ုပ္ေလးကို ရွာေပးရတဲ့အထိ Jey က ခန္႔တည္ေလးကို ခ်စ္ရပါသတဲ့။ ခန္႔တည္ေလးရဲ႕ ပါးေဖာင္းေဖာင္းေလးေတြပါ ထပ္ေပါင္းထည့္ရင္ ခ်စ္စရာ မ်က္ႏွာေလးပဲ။

ေလျပည္ၿပီးရင္ မုန္တိုင္းလာတယ္။ Jey သိရတဲ့ ေမတၱာတခ်ိဳ႕ဟာ အေရာင္စြန္းထင္းလာမွန္း သတိျပဳမိတဲ့အခါ ကေလးငယ္ကို စြန္႔ခြါခဲ့တယ္။ ေနာင္တတရားအခ်ိဳ႕ ရင္ဝယ္ပိုက္ရင္း ေဘးၿခံက ျပတင္းေပါက္ေလးကို ေငးရင္း။

အရာရာဟာ ျမန္ဆန္လြန္းလွပါရဲ႕။ ခ်စ္ရတဲ့ကေလးငယ္ရဲ႕ တရားဝင္ သက္ဆိုင္သူအျဖစ္ကို ေရာက္မွန္းမသိေရာက္ခဲ့ရတဲ့ Jey ကေတာ့ ေပ်ာ္ရမလား ငိုရမလား မေဝခြဲတတ္။ ေသခ်ာတာေတာ့ ကေလးငယ္က ဥပကၡာေတာ့ မျပဳခဲ့ဘူး။

ရွိတဲ့ အခ်စ္ေတြက အေရာင္စြန္းေနရင္ေတာင္ ေပးတဲ့ ေမတၱာေတြက အျဖဴလြလြပါ ကေလးငယ္။ မင္း ခ်မ္း​ေျမ့ပါေစ။

အေၾကာက္တရားေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ခ်စ္ရသူကို လက္လႊတ္ေပးရမလား ဆြဲထားရမလား။ ဦးေႏွာက္နဲ႔ ႏွလုံးသား ေဝခြဲရခက္လွတယ္။ ဒီတစ္ခါေတာ့ ႏွလုံးသားကို အႏိုင္ေပးပါ့မယ္။

တစ္မိနစ္မွာ စကၠန္႔ေျခာက္ဆယ္ရွိတယ္ ..
တစ္နာရီမွာ မိနစ္ေျခာက္ဆယ္ရွိတယ္ ..
တစ္ေန႔မွာ ႏွစ္ဆယ့္ေလးနာရီရွိတယ္ ..
တူတူရွိေနတဲ့ ေန႔ေပါင္း ႏွစ္ရာ့ေလးဆယ္ ေက်ာ္ၿပီေနာ္ ကေလးငယ္။

ေပ်ာ္ေစဖို႔ ၾကယ္ေလးျဖစ္ေပးမယ္။ အပ်င္းေျပေစဖို႔ သံစဥ္ေတြပါ ထပ္ထည့္တယ္။ ကာရန္ ေတာ္ေတာ္မ်ားမ်ားကို ခ်စ္ျခင္းနဲ႔ ဖြဲ႕သီခဲ့ပါတယ္ ခ်စ္ရေသာ ခန္႔တည္ရယ္။

                             ~~~~~~

Continue Reading

You'll Also Like

1M 117K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
141K 10.6K 19
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့ အစ်ကိုနဲ့ ဘဝတစ်ခု အတူတည်ဆောင်ရင်း အချစ်ကို ကျွန်တော် တွေ့ခဲ့တယ်။ အခ်စ္က ဘဝတစ္ခုမဟုတ္ေပမဲ့ အစ္ကိုနဲ႔ ဘဝတစ္ခု အတူတည္ေဆာင္ရင္း...
33K 2.2K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...