HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI

5.8K 359 18
By Futawa

အခန်း (၃၁) - ဇာတ်လမ်းဟောင်းလေး PartI

Unicode

[စွဲထင်နေတဲ့အတိတ်ဒဏ်ရာတစ်ခု]


ဆောင်းရာသီရဲ့မနက်ပိုင်းအေးစိမ့်မှုဒဏ်က နံရံတစ်ဖက်တစ်ချက်ဆီမှာလဲလျောင်းနေကြတဲ့လူသားလေးနှစ်ယောက်ကို အကြင်နာမဲ့စွာလွှမ်းခြုံရစ်ပတ်ထားကာ နွေးထွေးမှုတို့က သူတို့၂ဦးသားအားစိတ်ဆိုးသွားဟန်တူသည်။အရိုးထိခိုက်အောင်အေးစိမ့်လွန်းနေ၏။

မင်းခန့်ထည်ဟာခုတင်တစ်ဖက်မှာလဲလျောင်းနေရင်း သူ့အားကျောခိုင်းထားတဲ့လူသားလေးကိုတိတ်ဆိတ်စွာငေးကြည့်နေလျက် နှလုံးသားအောက်ခြေကလှိုက်တက်လာတဲ့နာကျင်ကိုက်ခဲမှုတို့ကို အတတ်နိုင်ဆုံးတောင့်ခံထားသည်။

နွေးထွေးမှုလေးကိုသူပွေ့ဖက်ထားခွင့်မရှိပေမယ့် သူထံ၌ငေးကြည့်ခွင့်လေးတော့ရှိနေသေးသရွေ့ သူအဆင်ပြေပေသည်ဟုသူ၏ကိုယ်စောင့်နတ်အားလိမ်ညာထားခဲ့သော်လည်း သူထိုသို့လိမ်လည်ရင်းလိမ်ညာရင်းကနေ နှလုံးသားထဲကပြည်တည်နာကခံစားရခက်စွာကိုက်ခဲလာနေသည်မို့ သူဘယ်လောက်ထိထိုနာကျင်မှုတို့ကိုတောင့်ခံထားနိုင်မလဲဆိုတာ သူကိုယ်တိုင်တောင်သေချာမသိတော့ပေ။

တစ်ဖက်ခုတင်ထက်ကကောင်လေးတစ်ယောက်သည်လည်း တစ်ယောက်သောသူနဲ့ထပ်တူညီစွာထိုနာကျင်မှုဝေဒနာကိုခံစားနေရကာ သူ၏နှလုံးသားဆီတင်းတင်းဖိဆုပ်လို့ထား၏။

ဟေမန္တရဲ့ဤအအေးဓာတ်အတွင်းဝယ်  ရင်ထဲတစ်နေရာဆီ၌တစိမ့်စိမ့်ခံစားနေရပါတဲ့ ချစ်ခြင်းရဲ့ခါးသက်သက်တိုက်စားမှုတို့ကို နုနယ်လွန်းသော သူတို့ရဲ့နှလုံးသားလေးတွေက အကောင်းပကတိအတိုင်းခံနိုင်ရည်ရှိကြပါ့မလား။

တိုက်စားခံရပြီးအကောင်းပကတိအတိုင်းမကျန်တော့ရင်တောင်မှ ၂ဦးစလုံးကထိုအချစ်ကိုစွန့်လွှတ်ဖို့ရာစိတ်ကူးမရှိခဲ့ကြပေ။

သူ့မျက်စိရှေ့ကကောင်လေး အိပ်ရာထတဲ့အချိန် သူလည်းအိပ်ရာထဲကလိုက်ထွက်လာခဲ့သည်။အတူတူမျက်နှာသစ်ကြပြီးထမင်းစားဆောင်ကိုအတူတူသွားခဲ့ကြပေမယ့် အချိန်တွေကကွဲပြားခြားနားသွားခဲ့သည်။

သူသိပ်ချစ်ရတဲ့ထိိုကောင်လေးကသူ့ဘေးနား၌တစ်ချိန်လုံးရပ်နေတာတောင်နီးစပ်မှုတစ်စုံတစ်ရာကိုသူ့နှလုံးသားထဲကမခံစားခဲ့ရပေ။မိုင်ထောင်ချီပေါင်းများစွာကွာဝေးလွန်းနေတဲ့ပုံရိပ်လေးကိုလှည့်ကြည့်လိုက်ရင်းတိုးတိတ်တမ်းတစွာမေးကြည့််လိုက်၏။

ရှိုင်းလေးရေ မင်းလေးကကိုယ့်ကိုအရင်ချစ်ခဲ့ရတဲ့သူဆိုတော့လေ ကိုယ်အခုခံစားနေရသလိုမင်းလေးလဲခံစားခဲ့ရမှာပေါ့နော် ....

ခရမ်းရောင် Hoodieလေးအားထပ်ဝတ်လိုက်တဲ့ပုံရိပ်လေး၊အနက်ရောင်ဦးထုပ်လေးကိုခပ်ငိုက်ငိုက်စောင်းလိုက်တဲ့ပုံရိပ်လေး၊ပြီးတော့ လွယ်အိတ်လေးကိုလက်တစ်ဖက်ကနေကောက်လွယ်လိုက်တဲ့ကောင်လေးရဲ့ထိုပုံရိပ်တို့ကို မင်းခန့်ထည်ဟာ အသေးစိတ်ငေးကြည့်နေခဲ့ရင်းသူဘာစကားမှမဆိုခဲ့ပေ။

ရှိုင်းဇေယံက အပြင်သွားဦးမည်ဖြစ်ကြောင်းသူ့အားပြောလာတဲ့အချိန်၌လည်း သူကျေကျေနပ်နပ်ပဲခေါင်းငြိမ့်ပြခဲ့ကာအခန်းထဲကနေထွက်ခွာသွားတဲ့ကျောပြင်လေးကိုအခန်းထဲ၌ မလှုပ်မယှက်စွာရပ်နေရင်းလှမ်းကြည့်နေခဲ့သည်။

အခန်းတံခါးလေးကပိတ်သွားပြီး
ကောင်လေးကထွက်ခွာသွားတဲ့အခါ ရင်ဘက်ထဲကသူ၏နှလုံးစိုင်လေးသည်လည်းအေးစိမ့်တဲ့အမှောင်ထုထဲနစ်ဝင်ကျွံကျသွားခဲ့ရသည်။

တစ်ချိန်ချိန်တော့ သူ့ရဲ့ချစ်ရသူလေးကိုမြိုသိပ်ထားတဲ့ခံစားချက်တွေအကြောင်း သူဖွင့်ပြောပြမှာပါ။

ဒါပေမယ့် အဲ့အချိန်ကအရမ်းနောက်ကျသွားခဲ့ပြီးသူ့နေရာမှာအစားထိုးဖို့တစ်စုံတစ်ယောက်ကို ထိုကောင်လေးကရှာတွေ့သွားခဲ့ရင် သူဘယ်လိုလုပ်ရမလဲ ?

သူထိန်းမရအောင်ရူးသွပ်သွားလေမလား ဒါမှမဟုတ်ကွဲကြေနေတဲ့နှလုံသားတစ်စုံနဲ့အတူသူသေဆုံးသွားခဲ့လေမလား?

အနက်ရောင်ကျောပိုးအိတ်ရဲ့ဇစ်လေးကိုဆွဲပိတ်လိုက်ပြီးနောက် သူ၏ကျောထက်မှာတင်လိုက်သည်။

ရှိုင်းလေးသာအစားထိုးတစ်ယောက်တွေ့သွားခဲ့ရင်ဆိုတဲ့အတွေးတွေကို သူ့ရဲ့ခေါင်းထက်မှာနေရာလပ်မရှိအောင်တွေးနေမိတဲ့အချိန် ကကြီးပုံရေးရေးလေးကွေးနေတဲ့ နှုတ်ခမ်းသားတို့ကမျဥ်းဖြောင့်သဏ္ဍာန်စေ့ပိတ်နေပြီး မျက်ဝန်းတွေက ရေခဲချောက်နက်တစ်ခုအလားအေးစိမ့်နက်မှောင်နေကာစူးရှခက်ထန်နေသည်။

အနက်ရောင်Sneakerရဲ့ဖိနပ်ကြိုးလေးကိုခပ်တင်းတင်းချည်လိုက်ပြီးနောက် အခန်းထဲကနေလျှောက်လှမ်းထွက်သွားကာ အခန်းတံခါးကိုဂျိန်းခနဲပိတ်ချလိုက်တော့သည်။

ရှိုင်းမရှိတဲ့ဤအခန်းလွတ်ကြီးထဲမှာသူလည်းမနေချင်ခဲ့ပေ။

ထို့နောက် အဆုံးသတ်စရာကိစ္စတစ်ခုအတွက် မြို့ထဲသို့ထွက်လာခဲ့လိုက်သည်။

သူ့ရဲ့မျက်ဝန်းတွေထဲကိုတဖြည်းဖြည်းတိုးဝင်လာတဲ့တိုက်ဖြူလေးကိုကြည့်နေရင်း
ထိုတိုက်ဖြူလေးထဲမှာ သူ့အကူအညီကိုလိုအပ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့မိခင်တစ်ယောက် ရှိနေတဲ့အကြောင်းတွေးမိလိုက်တဲ့အခါ သူဇဝေဇဝါဖြစ်သွားရသည်။

သူဒီလိုလုပ်လိုက်တဲ့အတွက် သူမတို့အပေါ်တရားပါ့မလားဆိုပြီးခနတဖြုတ်တွေဝေမိသွားပေမယ့် ရှိုင်းရဲ့မျက်နှာလေးကိုပြန်မြင်ယောင်မိတဲ့အခါသူဆက်ပြီးဟန်ဆောင်မနေချင်တော့ဘူးဆိုတာအတပ်သေချာသွားခဲ့သည်။

သူ သူမနဲ့တကယ်အဆုံးသတ်လိုက်ချင်လေပြီ။ ဒါမှသာ သူ့နှလုံးသားထဲကလူသားလေးအတွက်တရားမည်မဟုတ်ပါလား။

ခြံဝန်းလေးထဲဝင်လိုက်တော့အိမ်ရှေ့၌ပန်းပင်တွေကိုရေလောင်းနေတဲ့အန်တီစန္ဒာကိုတွေ့လိုက်ရတဲ့အခါ ထုံးစံမပျက် သူပြုံးပြလိုက်သည်။သို့ရာတွင်ထိုအပြုံးတို့အတွက် သူ၏စိတ်တို့ကပေါ့ပါးခြင်းတို့ရှိမနေခဲ့ချေ။

လေးလံနေလိုက်တာကျောက်ခဲတစ်ပိဿာမျှဆွဲထားလေသလားအောက်မေ့ရပေသည်။

"အန်တီ"

"သားရာက်လာတယ် ဟုတ်လား။သမီးကို သားရောက်လာကြောင်းသွားပြောလိုက်ဦးမယ်"

"အန်တီ!"

မင်းခန့်ထည် ဒေါ်စန္ဒာသော်ရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီးတားမြစ်လိုက်သည်။

"အန်တီ ကျနော်အန်တီနဲ့သီးသန့်ပြောစရာလေးရှိလို့ပါ။ဖြူ့ကိုကျနော်ရောက်နေတဲ့အကြောင်းမပြောပါနဲ့လား"

"အော်... အေးပါကွယ်"

ဒေါ်စန္ဒာသော်ကထိုသို့ရေရွတ်လိုက်ပြီးနောက် မင်းခန့်ထည်အားအလှမွေးငါးကန်လေးဘေးရှိကျောက်ဖြူခုံဝိုင်းလေးဆီသို့ခေါ်လာလိုက်ကာထိုကလေးပြောပြမည့်စကားများအားနားထောင်ရန်အသင့်ပြင်လိုက်သည်။

"ပြောလေ သား။"

"ဟုတ်"

မင်းခန့်ထည်ကသက်ပြင်းတစ်ချက်ချကာအရှိန်ယူလိုက်ရင်းစကားစလိုက်သည်။
သူ၏စကားသံတို့ထဲမှာ နှလုံးသားထဲကချမှတ်ပေးထားတဲ့သံန္နိဌာန်တို့အတိုင်းလုံးဝပြတ်သားလို့နေခဲ့သည်။

"ကျနော် မောင်မဖြစ်ပေးနိုင်တော့ဘူး အန်တီ။"

ဒေါ်စန္ဒာသော်ရဲ့နှုတ်ခမ်းတွေကအနည်းငယ်ပွင့်ဟသွားရကာ အံ့အားသင့်မှင်သက်သွားခဲ့ရပေမယ့် ငြင်းဆန်သောစကားတစ်ခွန်းတစ်လေမျှသူမပြန်မပြောလာခဲ့ပေ။
သူမရဲ့မျက်ဝန်းတွေကိုသာတဖျက်ဖျက်ခတ်နေခဲ့ရင်း ငြိမ်ကျသွားခဲ့ရှာသည်။

ဒေါ်စန္ဒာသော်ရဲ့တုံ့ပြန်ပုံကိုကြည့်နေရင်း မင်းခန့်ထည်ဟာ ကြီးစွာသောစိတ်မကောင်းဖြစ်မှုတို့ကိုရင်နဲ့မဆန့်အောင်ခံစားနေရပေမယ့် သူ၏စကားတို့ကိုပြန်ရုတ်သိမ်းဖို့အတွက်တော့ဆန္ဒမရှိခဲ့ပေ။သူ့ချစ်ရသူလေးအတွက်ဘယ်လိုနည်းနဲ့မှရုတ်သိမ်းနိုင်လိမ့်မည်မဟုတ်။

"ကျနော် သူမချစ်သူအဖြစ်ဆက်ဟန်မဆောင်ပေးနိုင်တော့ဘူး အန်တီ
ကျနော့်မှာချစ်ရတဲ့သူရှိနေပြီ။
သူ ကျနော့်ကြောင့်နာကျင်နေရမှာကိုကျနော်မလိုလားဘူး"

"အဲ့ဒါကြောင့်ဒီကိစ္စကိုကျနော် ဒီမှာတင်ရပ်တန့်ပစ်ချင်ပါပြီ။
ကျနော်ကတာဝန်မဲ့တဲ့လူတစ်ယောက်မို့လို့ ခွင့်လွှတ်ပေးပါလို့လည်း ကျနော်မတောင်းဆိုတော့ပါဘူး"

ထိုစကားတို့ကိုဆိုပြီးတဲ့အခါ မင်းခန့်ထည်ကသူ၏ခေါင်းလေးကိုအပြစ်သားတစ်ယောက်ကဲ့သို့ငိုက်စိုက်ထားတာကိုမြင်တော့ဒေါ်စန္ဒာသော်ခမျာမကြည့်ရက်ခဲ့ပေ။သူမ ထိုကလေးရဲ့အေးစက်စက်လက်ကလေးတွေကိုဆုပ်ကိုင်လိုက်ပြီးနောက် နွေးထွေးငြင်သာစွာခပ်ဖွဖွပုတ်ပေးလာခဲ့သည်။

".....သား....သားကတာဝန်မဲ့တဲ့လူတစ်ယောက်မဟုတ်ပါဘူးကွယ်။
သားအပေါ်အားနာစရာတွေတောင်းဆိုခဲ့မိတာကအန်တီပါ။သားကိုယ်သား အပြစ်မတင်ပါနဲ့ကလေး.....အခု သားလျှောက်ရမယ့်ကိုယ်ပိုင်လမ်းကိုတွေ့သွားပြီမို့လို့ ထွက်သွားဖို့ရာအန်တီမဟန့်တားရက်ပါဘူး သားငယ်။"

ထိုအခါ မင်းခန့်ထည်ကမျက်လွှာချလျက်ဒေါ်စန္ဒာသော်ရဲ့လက်တွေကိုပြန်ထွေးပိုက်လိုက်တော့သည်။သူ့ထံ၌ ထိုအမျိုးသမီးအားမျက်လုံးချင်းဆုံကြည့်ရဲလောက်တဲ့အထိယုံကြည်ချက်တို့ရှိမနေပေ။

"သားကမှန်ကန်တဲ့လမ်းကိုအခုမှရွေးလိုက်တာပါ ခန့်ထည်။အဲ့အတွက် သား အန်တီကိုတောင်းပန်စရာမလိုသလိုအားတုံ့အားနာဖြစ်နေစရာလည်းမလိုဘူး။
အန်တီ့သမီးကို သားအပေါ်ထပ်မနှောက်ယှက်အောင် အန်တီထိန်းပေးထားပါ့မယ်။သားကသားချစ်ရတဲ့သူကိုအကောင်းမွန်ဆုံးချစ်ပေးဖို့သာအာရုံစိုက်တော့ဟုတ်ပြီလား"

သဘောထားကြီးလွန်းတဲ့ဒေါ်စန္ဒာသော်ရဲ့ထိုစကားတွေကိုနားထောင်နေရင်းသူ့ရဲ့နှာခေါင်းရိုးထဲမှာတင်းကြပ်ရှတလာရသည်။

သူမကထိုကောင်လေးကိုစိတ်ထားပျော့ပျောင်းလိုက်တဲ့ကလေးဆိုတဲ့အကြည့်တို့နဲ့ကြည့်နေရင်း အောက်ကိုငုံ့ထားတဲ့မင်းခန့်ထည်ရဲ့မျက်နှာလေးကိုပင့်တင်လိုက်လေသည်။

"အန်တီ ...နောက်ပိုင်းကျ ကျနော်ဒီကိုလာဖြစ်ချင်မှလာဖြစ်မှာမို့လို့ ကျန်းမာရေးကိုဂရုစိုက်ပါနော်။
တကယ်လို့ဖြူ့ကိုအန်တီကိုယ်တိုင်ထိန်းထားဖို့အဆင်မပြေရင် ကျနော့်ဆီကိုလွှတ်ပေးလိုက်ပါ။ကျနော် သူမနားလည်အောင်ရှင်းပြပေးပါ့မယ်"

"မဖြစ်ပါဘူး သားရယ်။အဲ့ကလေးမလေးကအစွဲအလမ်းအရမ်းကြီးတယ်။ သားကိုအနှောက်အယှက်ပဲထပ်ပေးမိလိမ့်မယ်။စိတ်မပူနဲ့နော် သား အန်တီဖြေရှင်းပေးပါ့မယ်။"

ဒေါ်စန္ဒာသော်တစ်ယောက် မင်းခန့်ထည်ကိုပြုံးပြီးကြည့်နေမိသည်။သူမရဲ့မျက်ဝန်းရိပ်တို့ကနီရဲနေကာအားတင်းပြုံးနေသော်လည်း ထိုမျက်ဝန်းတွေထဲ၌ အပြုံးရိပ်တို့ကရေးရေးလေးသာဖုံးလွှမ်းနေချေသည်။

မင်းခန့်ထည်ဆိုတဲ့ကောင်လေးတစ်ယောက်ကသမီးဖြစ်သူနဲ့လအနည်းငယ်အကြာတွဲပြီးပြတ်သွားတယ်ဆိုတဲ့သတင်းကိုကြားသိခဲ့တဲ့အချိန်က ဒီကောင်လေးကိုပထမဆုံးစသိခဲ့တဲ့အချိန်ဖြစ်ပြီး သူမ ထိုကလေးအပေါ်အရမ်းစိတ်ဆိုးခဲ့ရတယ်။

သူမသမီးဖြစ်သူက ဒီကလေးစိတ်ကြောင့် လက်ကောက်ဝတ်ကိုဖြတ်တောက်ပစ်ခဲ့တဲ့အဖြစ်က သူမရဲ့ရင်ကိုမီးမြှိုက်လောင်ကျွမ်းစေခဲ့ပေသည်။

လာပြန်ပြီ သျှားထက်မောင်နောက်တစ်ယောက်ဟူ၍လည်း သူမလွန်စွာနာကျည်းမိခဲ့လေ၏။

သို့သော် မင်းခန့်ထည်ဆိုတဲ့လူသားလေးဟာသူမ ထင်မှတ်ထားသကဲ့သို့မောက်မာရိုင်းစိုင်းတဲ့လူဇော်တစ်ယောက်မဟုတ်ခဲ့ပေ။

သူဟာတာဝန်သိတတ်တဲ့လူကောင်းလေးတစ်ယောက်ဖြစ်ခဲ့ပြီး သူကြားဖူးသောကုထုံးတစ်ခုနဲ့ကုသရန်ပါအကြံပေးလာခဲ့သည်။

မှတ်ဥာဏ်တုဖွဲ့စည်းခြင်းဆိုတဲ့စိတ်ရောဂါကုထုံးကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက် သူမတောင်းဆိုချက်အတိုင်း အပြစ်ကြွေးကိုပြန်ဆပ်တဲ့အနေဖြင့် သမီးဖြစ်သူရဲ့မှတ်ဥာဏ်ထဲကသျှားထက်မောင်အဖြစ်နေပေးဖို့သဘောတူခဲ့လေသည်။

ဆေးကုသနေစဥ်တစ်လျှောက်လုံး ထိုလူသားလေးကပဲဦးဆောင်ကူညီပေးခဲ့ကာထိုကုသမှုကြောင့် သူမသမီးလေးနေပြန်ကောင်းလာခဲ့တာကိုသူမမျက်မြင်ပြန်တွေ့ခဲ့ရသည်။

သူမအတွက်အလိုချင်အတောင့်တရဆုံးဖြစ်တဲ့ ချစ်စရာကောင်းပြီးအမြဲတမ်းတက်ကြွလန်းဆန်းနေတတ်သောသမီးလေးကမိခင်ဖြစ်သူရဲ့ရင်ခွင်ထက်ဆီ အရင်ကအချိန်တွေအတိုင်းပြန်ခိုဝင်လာခဲ့တဲ့အချိန်ကစ
မင်းခန့်ထည်ဆိုတဲ့လူသားလေးကသူမတို့သားအမိအတွက် ဘုရားသခင်ကဖန်ဆင်းပေးခဲ့တဲ့ကယ်တင်ရှင်တစ်ယောက်လိုပါပဲ။

ဒါပေမယ့် တစ်နေ့....... ဒီနေ့လိုအချိန်မျိုးရောက်လာဖို့ကိုသူမစောင့်နေခဲ့တာကြာခဲ့ပြီပင်။

သူမတို့သူလေးကိုလွှတ်ပေးသင့်ပါပြီလေ။ သူဆိုတာလည်းနှလုံးသားရှိတဲ့လူသားလေးတစ်ယောက်ပေမို့ သူချစ်တတ်တယ်ဆိုတာဟာမမှားပါပေ။

သူအရမ်းချစ်ရတယ်ဆိုတဲ့ကောင်မလေးကကောဘယ်သူများပါလိမ့်နော်။

'ဘယ်သူမှန်းမသိပေမယ့် ဒီလိုကလေးမျိုးရဲ့အချစ်ခံရတယ်ဆိုကတည်းကမင်းသိပ်ကံကောင်းတာပဲကွယ်။ မင်းတို့ချင်းလိုက်ဖက်ကြမှာပါ'

ဒေါ်စန္ဒာသော်ကတစ်ချက်ပင့်ရှိုက်လိုက်လျက်သူမရဲ့လက်တွေကိုဆန့်တန်းပေးလိုက်တဲ့အခါ မင်းခန့်ထည်ဆိုတဲ့ထိုကလေးကလည်းဝမ်းနည်းရိပ်တို့သမ်းနေတဲ့မျက်ဝန်းတွေနဲ့အတူ သူမရဲ့လက်တွေကြားထဲတိုးဝင်လာခဲ့သည်။ မင်းခန့်ထည်ရဲ့ပုခုံးလေးကိုကလေးသိပ်သကဲ့သို့ငြင်သာဖွရွသာပွတ်သပ်ပေးနေရင်းချော့မြူနေခဲ့ပေသည်။

"အယ် .. ဒီကလေး အသက်ကဘယ်လောက်ရှိနေပြီတုန်း ငိုဖို့စဥ်းစားနေတုန်းပဲလား ? "

"ကျနော်တောင်းပန်ပါတယ် အန်တီ"

ဒေါ်စန္ဒာသော်ဟာမင်းခန့်ထည်ကိုဖက်ပေးထားရင်းနဲ့ထိုကောင်လေးရဲ့မမြင်ကွယ်ရာမှာသူမရဲ့မျက်ရည်တွေကိုတိတ်တဆိတ်ပွတ်သုတ်နေရှာသည်။သူမရဲ့မျက်ရည်တွေကိုထိုကလေးအားမမြင်စေလိုပေ။

ဒီလိုစိတ်ပျော့တတ်တဲ့ကလေးသာသူမမျက်ရည်တွေကိုမြင်သွားခဲ့ပါလျှင် စိတ်အေးချမ်းသာစွာနဲ့စွန့်ခွာသွားဖို့တွန့်ဆုတ်နေပေလိမ့်မည်။ဒါဟာသူမမလိုချင်ဆုံးသောအရာပေ။

"ချစ်သူ!!!!!! သူက ဘယ်သူလဲ?????"

ထိုအချိန်၌ ပန်ခြံအနောက်နားရှိအပင်လေးကိုကွယ်ဝှက်ကာရပ်နေသောပိန်ပါးဖျော့တော့နေသည့်မိန်းမလှလေးတစ်ယောက်ရှိခဲ့သည်။သူမရဲ့မျက်ဝန်းတွေကနီရဲတောက်နေခဲ့ကာသွေးမျက်ရည်တွေပါတသွင်သွင်စီးကျလာတော့မည့်အလား။

မခံမရပ်နိုင်ဖြစ်နေသောဒေါသတို့ကတလိပ်လိပ်ထိုးတက်လာတာကြောင့်အောက်နှုတ်ခမ်းသားလေးကိုတင်းခံပြီးကိုက်ခဲထားတဲ့အခါ သွေးစက်ကလေးတောင်ဆို့နေခဲ့ရချေပြီ။

'ငါ့ဆီကနေမောင့်ကိုလုယူဖို့ကြိုးစားချင်တဲ့ဘယ်သူပဲဖြစ်ဖြစ် ငါနင့်ကိုလုံးဝခွင့်မလွှတ်ဘူး!!!'

••••••••••••••••••••••••••••••••••••••••••••••••••

ဆေးစစ်ဖို့အတွက်ဆေးရုံသို့သွားမည့်အကြောင်းကိုမင်းခန့်ထည််အား လျှို့ဝှက်ထိန်ချန်ထားခဲ့တဲ့ရှိုင်းဇေယံလေးဟာမြို့လည်ခေါင်ကအကြီးဆုံးဆေးရုံဖြစ်တဲ့ပုဂ္ဂိလိကပိုင်ဆေးရုံကြီးရဲ့အထပ်မြင့်တွေဆီသူမေးမော့ကြည့်နေရင်းထိုဆေးရုံကြီးထဲကိုဝင်ဖို့တော်တော်အချိန်ယူလိုက်ရသည်။

ဒီနေ့ကသူဆေးစစ်ရမယ့်ရက်မဟုတ်ပေမယ့်ရေချိုးခန်းငယ်လေးထဲကသွေးသံတရဲရဲဖြစ်ရပ်နဲ့ကြုံတွေ့ရပြီးနောက်သေခြင်းတရားကိုသူအချိန်တိုင်းလိုလိုကြောက်ရွံ့နေခဲ့ရကာပုံမှန်စမ်းသပ်စစ်ဆေးမှုတွေကိုပြုလုပ်ဖို့ အတွက်ဆေးရုံသို့ရောက်လာခဲ့ရခြင်းပေ။

ထို့နောက် ဟူးခနဲသက်ပြင်းတစ်ချက်ချကာလျှာထိုးဦးထုပ်လေးကိုသေချာဆောင်းလိုက်ပြီးလွယ်အိတ်ကြိုးတစ်ဖက်ကိုကျစ်ကျစ်ဆုပ်လိုက်လျက်တုံ့ဆိုင်းခြင်းမရှိစွာဝင်ချသွားတော့ပေသည်။

ပုဂ္ဂလိကဆေးရုံဖြစ်တဲ့အလျောက်ဆေးရုံကြီးရဲ့အတွင်းပိုင်းအပြင်အဆင်ကအထက်တန်းဆန်စွာခေတ်မှီအဆင့်မြင့်သည်။

ဆေးရုံအောက်ဆုံးထပ်ကကောင်တာဆီသူတစ်လှမ်းချင်းလျှောက်သွားလိုက်ပြီးနောက် ထိုနေရာမှာထိုင်နေတဲ့သူနာပြုလေးများအားမေးလိုက်လေသည်။

"ကျနော် ဒီကပါရဂူကြီးနဲ့တွေ့လို့ရမလား"

"ကြိုတင်ချိန်းထားပြီးသားလားရှင့်"

"မချိန်းထားပါဘူး။"

"အဲ့တာဆိုနောက်နေ့မှပြန်လာခဲ့ပါလားရှင့်။ဒီနေ့ ပါရဂူကြီးကအစည်းအဝေးထိုင်ရမှာမို့လို့ပါ"

"အာ....ဟုတ်ကဲ့ပါ"

စိတ်ထဲအသင့်ပြင်ပြီးလာခါမှအဆင်မပြေတာကြောင့် သူ၏ခြေလှမ်းများကိုလေးပင်စွာသယ်လိုက်ရင်း စင်္ကြံလမ်းလေးအတိုင်းပြန်လျှောက်လာမိသည်။

သူ၏လျှာထိုးဦးထုပ်လေးအားခပ်ငိုက်ငိုက်ဆောင်းလိုက်စဥ်ငြင်သာသြရှစွာခွင်းထွက်လာတဲ့ခေါ်သံတစ်သံကို သူ့ရဲ့အနောက်နားကနေကြားလိုက်ရသည်။

"ရှိုင်းဇေယံ!!!"

မှိုင်တွေမိန်းမောနေတဲ့အချိန်နားစည်ထဲသို့တိုးဝင်လာတဲ့ ယောကျာ်းတစ်ယောက်၏အသံကြောင့် ရှိုင်းခြေလှမ်းများအားရပ်တန့်လိုက်ပြီးအသံလာရာကိုဆတ်ခနဲလှည့်ကြည့်လိုက်တဲ့အခါ
ဂျူတီကုတ်အဖြူရောင်လေးဖြင့်သန့်ပြန့်ကာစူပါမော်ဒယ်တစ်ယောက်ကဲ့သို့ခန့်ညားကြည့်ကောင်းလွန်းတဲ့ယောကျာ်းတစ်ယောက်က လက်ထဲမှာ Stethoscope လေးကိုကိုင်လျက်သူ့ဘက်သို့လျှောက်လာနေသည်ကိုတွေ့လိုက်ရသည်။

ထိုဆရာဝန်လေးကရှိုင်းအနားသို့ရောက်သော်ရှိုင်းရဲ့ပုခုံးပေါ်သို့လက်တင်ဖက်လိုက်ရင်းနူးညံ့ကြည်လင်စွာပြုံးလျက်ဆိုသည်။

"ငယ်လေး။မင်း ဒီကိုဘာလာလုပ်တာလဲ။နေမကောင်းလို့လား"

ရှိုင်းကသူ၏ပုခုံးပေါ်ကိုရောက်လာတဲ့လက်တစ်ဖက်အားချက်ချင်းဖယ်ချလိုက်ကာထိုဆရာဝန်လေးအားသူစိမ်းဆန်စွာပြန်မေးလိုက်သည်။

"ခများက ဘယ်သူလဲ"

"အယ် ကလေးလေးကတော့နောက်ပြီ...."

ဟုထိုဆရာဝန်လေးကမကျေမနပ်ဖြစ်စွာရယ်သံလွင်လွင်နဲ့ရေရွတ်လိုက်လျက် ရှိုင်းဇေယံရဲ့ဦးထုပ်လေးကိုဆွဲချွတ်လိုက်ပြီးနောက် နူးအိအိဆံသားလေးတွေကိုထိုးဖွလိုက်ပါတော့သည်။

"ငယ်လေးလို့မင်းကိုခေါ်တာ ဘယ်သူရှိသေးလို့တုန်းကွ။မတွေ့ရတာဘယ်လောက်ကြာပြီလဲ...၃နှစ်လောက်လား  အဲ့လောက်လေးမတွေ့ရတာနဲ့ပဲ မင်းရဲ့သွေးသောက်အကိုတစ်ယောက်လုံးကိုမေ့သွားတယ်ပေါ့လေ"

"အာ.......ကိုစိုင်းလား!!!!!"

ထိုအခါမှသူ့ရဲ့ဦးနှောက်ထဲမှာအရောင်မှိန်ဖျော့နေပြီဖြစ်တဲ့မှတ်ဥာဏ်ဖန်လုံးလေးကအလင်းတစ်စနဲ့အတူပြန်လင်းလက်လာခဲ့ကာ သူ့ရဲ့မျက်စိရှေ့မှာအခုရပ်နေတဲ့လူသားအားအပြန်ပြန်အလှန်လှန်ကြည့်ရှုမိလေ၏။

ကိုစိုင်းတဲ့ဒီလူက....

ကိုစိုင်းကအရင်တုန်းက ဒီ့ထက်လည်းနည်းနည်းပိန်ပါးသလိုအရပ်ကမြင့်တော့မြင့်ပေမယ့်ဒီလောက်ထိမမြင့်သလိုပါပင်။ခန့်မှန်းခြေအရဆို အဲ့တုန်းကကိုစိုင်းရဲ့အရပ်က180 cmကျော်ကျော်လောက်သာရှိခဲ့ပေမယ့်အခုတွင်တော့190 cmတောင်ရှိနေခဲ့လေပြီ။

ရုပ်ရည်ကတော့ အရင်ကတည်းကချောမောခဲ့တယ်ဆိုပေမယ့် ရင့်ကျက်တည်ကြည်တဲ့ရောင်ဝါတို့က လူတစ်ယောက်ရဲ့အသွင်သဏ္ဍာန်ကိုများစွာပြောင်းလဲပေးခဲ့ကာပိုပြီးခန့်ညားစေခဲ့သည်။

အထူးသဖြင့်ပခုံးထက်သို့ဝဲကျနေတဲ့ငွေရောင်ကြိုးမျှင်လေးတွေပါရှိတဲ့ ငွေရောင်ကိုင်းမျက်မှန်လေးက အရင်ကပြောင်ချော်ချော်နိုင်တဲ့လူသားအား တည်ငြိမ်မှုအပြည့်ဖြင့်ကြော့ရှင်းအေးစက်တဲ့အသွင်ဆောင်စေသည်မှာ လုံးဝတခြားတစ်ယောက်အတိုင်းပင်။

ဒီနှစ်တွေထဲဘာတွေများလုပ်လိုက်လို့ဒီလောက်ထိ အများကြီးပြောင်းလဲသွားပါလိမ့်နော်။

ကိုစိုင်းဒီလိုပြောင်းလဲသွားတဲ့ပုံမျိုး
ကိုသာ ကိုကြီးတွေ့ပြီးသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာသိချင်လိုက်တာ.....

"အဟမ်း...မင်းဘာတွေတွေးနေတာလဲ။
ကိုယ့်ကိုကြွေသွားတယ်လို့တော့မပြောနဲ့နော်"

ထိုပြောင်ချော်ချော်အကျင့်ကတော့ဘယ်ဆေးနဲ့ပဲချွတ်ချွတ်မပြောင်ခဲ့ဟန်တူသည်။မျက်နှာပြောင်တိုက်လွန်းတဲ့အရှက်မရှိချက်ကတော့အရင်တိုင်းပဲဖြစ်ကာ ရှိုင်းဇေယံကလက်ခါသည့်နှယ်မျက်ဖြူလှန်ပြလိုက်တော့သည်။

'ခများထက်ချောတဲ့လူကိုကျနော်တွေ့ပြီးသားဗျ'ဆိုတဲ့စကားလုံးလေးတွေကိုတော့ အင်တင်တင်အပြုံးလေးနောက်မှာချန်ထားခဲ့ကာ မထုတ်ပြောလိုက်ပေ။

"ကိုစိုင်းကအရမ်းပြောင်းလဲသွားတာကိုး။ကျနော်ကဘယ်လိုလုပ်မှတ်မိမလဲဗျ"

"မင်းကသာ ငါပြောင်းလဲမှန်းသိတာ။ဟိုကောင်ဆက်ယံက ငါ့ကိုမြင်တော့ဘယ်လိုမှတောင်မနေဘူး။ဘာမှလည်းမပြောဘူး"

" ကိုကြီးကလေ! ကိုကြီးနဲ့တွေ့ပြီးပြီလား"

"အင်း။ဟိုလတုန်းကဆေးရုံမှာတွေ့တာ"

'အံ့သြဘ။ကိုကြီးကဘာမှမဖြစ်ဘူးတဲ့လား။မဖြစ်နိုင်လိုက်တာ......'

ထိုသို့စကားလက်ဆုံကျနေပြီးနောက် စိုင်းသီဟကအဓိကအချက်ကိုပြန်သတိရသွားကာ စိုးရိမ်တဲ့လေသံနဲ့အတူမေးလာခဲ့သည်။

"ငယ်လေး နေမကောင်းလို့လား ဆေးရုံကိုလာတာ......"

"နေကောင်းပါတယ် ကျနော်ဆေးစစ်ရမယ့်အပတ်ကျော်သွားလို့ ပါရဂူကြီးနဲ့ပြန်ညှိဖို့စဥ်းစားထားတာ။ ဒါပေမယ့် ပါရဂူကြီးကဒီနေ့မအားသေးဘူးတဲ့"

"အဲ့ဆေးစာအုပ်အကို့ကိုပေး အကိုအကူအညီတောင်းပြီးအခုစစ်ခိုင်းလိုက်မယ်လေ။
နောက်... ဆေးစစ်ချက်ရမှလာယူပေါ့။လာမယူချင်လည်းအကိုပို့ပေးလိုက်မယ်ကွာ။
သန်လျင်ကတောင်လာရတာ ဒီအတိုင်းပြန်သွားလို့ဘယ်ဖြစ်မလဲ။"

"ဒါဆို ကျနော်....သွေးထပ်ဖောက်ရဦးမှာပေါ့နော်"

"ဒါပေါ့။ဒါမှမဟုတ် ဒီနေ့မစစ်ချင်သေးဘူးလား။ငယ်လေး သဘောနော်။အကိုအတင်းမတိုက်တွန်းပါဘူး"

ရှိုင်းလည်းခေတ္တခနတိတ်ဆိတ်သွားပြီးနောက်ခေါင်းငြိမ့်ကာသဘောတူလာခဲ့သည်။

"ဒါဆို ကျနော်ဒီနေ့ရအောင်ဆေးစစ်သွားလိုက်ပါ့မယ်။
ဆေးစစ်ဖြစ်ဖို့ကကျနော်လာရင်းကိစ္စဆိုတော့လေ... ဆေးစစ်ချက်ရတဲ့အခါကျ ကျနော်တစ်ခေါက်ထပ်ပြီးလာယူလိုက်မယ်
ကျနော့်ကိုကူညီပေးလို့ကျေးဇူးပါ ကိုစိုင်း"

"ကိစ္စမရှိပါဘူးကွာ"ဟု စိုင်းသီဟကပြုံးရယ်ကာဆိုလာ၍ ကောင်လေးရဲ့ဆံပင်လေးတွေကိုချစ်စနိုးနဲ့ထိုးဖွလိုက်ပြန်လေသည်။

ရှုပ်ပွသွားတဲ့ဆံပင်လေးတွေကိုပြန်သပ်လိုက်ရင်းဆရာဝန်လေးစိုင်းသီဟခေါ်ရာနောက်သို့သူလိုက်သွားလိုက်ပြီး ဆေးစစ်ဖို့သွေးဖောက်ရတော့သည်။

သွေးတစ်ခါဖောက်တယ်ဆိုတာသူ့အတွက်အရှင်လတ်လတ်ကျတဲ့ငရဲလိုပါပဲ။
ဒီနာကျင်မှုကြီးကလူမှန်းသိတတ်စအရွယ်ကတည်းကသူခံစားခဲ့ရပေမယ့်အခုချိန်ထိကျင့်သားမရသေးပေ။

အဲ့ဒါကြောင့်လည်း ဒီနာကျင်စရာတွေဆီကနေသူခနခနရှောင်ပြေးနေခဲ့ရတာပေါ့။
ဒါပေမယ့် ဒီတစ်ခါတော့ သူ မရှောင်ပြေးချင်တော့ပေ။

သူသိပ်ချစ်ရတဲ့လူသားတစ်ဦးရဲ့ဘေးနားကနေ မထွက်သွားနိုင်သေးတဲ့အတွက်သွေးဖောက်ထုတ်ရတဲ့ဒီနာကျင်မှုဝေဒနာတွေကိုကျေကျေနပ်နပ်ကြီးလက်ခံလိုက်ဖို့ရာကြောက်ရွံ့သောသူ၏နှလုံးသားတစ်စုံနဲ့အတူ စိတ်ဝိဥာဥ်တို့ကပါ ထပ်တူကျစွာ ကတိသစ္စာပြုလျက်အသင့်ဖြစ်နေခဲ့ရချေသည်။

မင်းခန့်ထည်ဆိုတဲ့အနှီလူသားအားသူဤလောက်ထိစွဲစွဲလန်းလန်းချစ်မြတ်နိုးပါ၏။

သူဆေးစစ်ပြီးပြန်ထွက်လာတဲ့အချိန်မှာခန္ဓာကိုယ်ကနေအားတစ်ဝက်ယုတ်သွားတာကြောင့်လေးလံနေတဲ့ခြေထောက်၂ဖက်ကိုတရွတ်တိုက်ဆွဲကာမလှမ်းမကမ်းမှာရှိတဲ့ကော်ခုံလေးပေါ်၌ဝင်ထိုင်လိုက်တော့သည်။

"ရော့ "

သူ့ရှေ့သို့Royal-Dဘူးလေးကအရံသင့်ရောက်လာကာ  သူမော့ကြည့််လိုက်တော့အလင်းပြန်နေတဲ့မျက်မှန်ဝိုင်းဝိုင်းအောက်မှာကွေးညွတ်နေတဲ့မျက်ဝန်းတစ်စုံနဲ့လူသားအားမြင်လိုက်ရသည်။

"ကျေးဇူးပါ ကိုစိုင်း"

ရှိုင်းကကမ်းပေးလာသော ဘူးလေးအားအဖုံးဖွင့်လိုက်ပြီးနောက် တစ်ကျိုက်မော့သောက်လိုက်တဲ့အခါစိုင်းသီဟက ဘေး၌ဝင်ထိုင်လိုက်ရင်း ပြုံး၍မေးလာခဲ့သည်။

"ငယ်လေး မင်းအရင်လိုမဟုတ်တော့ပါလား"

ထိုစကားကြားတော့ရှိုင်းရဲ့မျက်ခုံးတန်းလေးတွေကမြင့်တက်သွားရသည်။

"ကျနော်ကအခုဘယ်လိုပုံစံဖြစ်နေလို့လဲ"

"အရင်တုန်းက ငယ်လေးဆိုတာက အချေတည်လူတန်းစားလေကွာ မဟုတ်လို့လား။
အခုကျအကိုတိုက်တဲ့ Royal-Dတောင်မငြင်းတော့ပဲသောက်ချပစ်နေတတ်ပြီ။
အခုအကိုတွေ့ရသလောက်ပြောရမယ်ဆိုငယ်လေးရဲ့အမူအကျင့်တွေကသိသိသာသာကိုပြောင်းလဲနေတယ်။"

ဟုဆိုနေရင်း စိုင်းသီဟကခနရပ်လိုက်ပြီးနောက်ကောင်လေးရဲ့လက်တစ်ဖက်ကိုတံတောင်နဲ့တစ်ချက်တွတ်လာခဲ့ကာစကားဆက်နှိုက်လာသည်။

"ဘာလဲ မင်းလေးကိုပြောင်းလဲပေးတဲ့တစ်စုံတစ်ယောက်များရှိနေပြီမဟုတ်လား"

ထိုအခါရှိုင်းကခပ်ဖွဖွရယ်လျက်မေးခွန်းပြန်ထုတ်လိုက်လေ၏။

"ကိုစိုင်းကဘယ်လိုထင်လို့လဲ"

"မငြင်းပဲမေးခွန်းပြန်ထုတ်နေတဲ့ပုံအရဆို အကိုပြောတာမှန်နေတာပေါ့"

"မှန်တယ်လို့လည်းမဆိုလိုသလို မှားတယ်လို့လည်းမပြောဘူး။တကယ်တော့ သူကကျနော့်ကိုပြောင်းလဲပေးတာမဟုတ်ပါဘူး။ကျနော်ကိုယ်တိုင်ကိုကသူ့အတွက်ပြောင်းလဲချင်နေတာပါ..."

ရှိုင်းကရေးရေးလေးပြုံးကာဆိုနေစဥ်တွင် ကောင်လေးရဲ့သေးငယ်တဲ့အပြုံးလေးကတောင် လွန်စွာလှပလို့နေ၏။ထိုအပြုံးတွေကိုမြင်နေရတဲ့စိုင်းသီဟကသူ့ရဲ့နှုတ်ခမ်းတွေကိုတွန့်ကွေးလိုက်လျက် အချစ်မှာနက်နက်ရှိုင်းရှိုင်းပျော်ဝင်နေရှာတဲ့မြှီးကောင်ပေါက်လေးအားစကားအစ်လိုက်တော့သည်။

"ဘယ်သူလဲ ငယ်လေးရဲ့အခန်းဖော်များလား??"

"......"

ရှိုင်းသူခိုးလူမိသွားသလိုခံစားလိုက်ရပြီး မျက်လုံးအပြူးသားဖြင့်စိုင်းသီဟအားလှည့်ကြည့်လိုက်မိသည်။
'သူ့ကို ကိုစိုင်းကဘယ်လိုလုပ်သိနေတာလဲ' ဆိုတဲ့အကြည့်တွေနဲ့ကြည့်လိုက်ရုံနဲ့တင်
စိုင်းသီဟလိုလူလည်ကြီးကရာနှုန်းပြည့်သဘောပေါက်လိုက်ပြီဖြစ်သည်။

"မင်း ... ခန့်...ထည်ဆိုလားပဲ သူ့နာမည်ကလေ။ငယ်လေးသန်လျင်မှာဆေးရုံတက်ရတုန်းက ခေါင်းဒဏ်ရာကို အကိုကူချုပ်ပေးထားတာပါနော်။အကိုသန်လျင်ကသူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရင်းနဲ့အဲ့နေ့မှာ ငယ်လေးကိုတွေ့ခဲ့တာ။"

" ငယ်လေးကတစ်ညလုံးသတိလစ်နေခဲ့လို့မသိဘူးထင်တယ်။အဲ့ကောင်လေးက ငယ်လေးရဲ့ဘေးနားမှာတစ်ချိန်လုံးရှိနေခဲ့တာ။ ငယ်လေးရဲ့ညာဘက်လက်ကလေးကိုတောင်အကို့ရှေ့မှာမလွှတ်စတမ်စဆုပ်ကိုင်ထားသေးတယ် တကယ့်ကောင်လေးပဲ......"

စိုင်းသီဟကနောက်ဆုံးစကားအရောက်မှာမနိုင်ဘူးဆိုတဲ့သဘောဖြင့်ခေါင်းခါလိုက်တော့သည်။စိုင်းသီဟပြောပြလာတဲ့ထိုနေ့တုန်းကသူလွတ်သွားခဲ့တဲ့ကိစ္စတွေအကြောင်းနားထောင်နေရင်း Royal-D ဘူးလေးကိုကိုင်ထားသည့်သူ့ရဲ့လက်တို့ကတဖြည်းဖြည်းတင်းကြပ်လာခဲ့သည်မှာ ဘူးထဲကဓာတ်ဆားရည်လေးတွေတောင်အပြင်ဘက်သို့ဖိတ်စင်ကျလုမတတ်ပင်။

"အကိုမင်းခန့်ထည် အဲ့နေ့တုန်းက ကျနော့်ဆီရောက်လာခဲ့တယ်ပေါ့!!"

"အင်း။သူရောက်လာခဲ့တယ်။အကိုနဲ့တောင်စကားပြောလိုက်သေးတယ်။သူက ငယ်လေးအပေါ်တော်တော်ခင်တွယ်ရှာတယ်နဲ့တူတယ်နော်။ငယ်လေးကိုအစစအရာရာဂရုစိုက်ပေးခဲ့တာ။အကိုတောင် အဲ့အချိန်ခနလေးအတွင်းမှာခံစားမိလိုက်ရတယ်ကွာ။
သူကမင်းအပေါ်သိပ်ကောင်းတာပဲလို့"

စိုင်းသီဟကနောက်ဆုံးစကားတစ်ခွန်းကိုဖိပြောလိုက်တဲ့အခါကောင်လေးကလှောင်ရယ်သံခပ်သဲ့သဲ့ဖြင့်ရေရွတ်လာခဲ့သည်။

"အဲ့နေ့ကသူကျနော့်အပေါ်ကောင်းပေးတယ်ဆိုတာ အပြစ်ရှိတယ်လို့ခံစားနေရလို့ပါ။
ကိုစိုင်းမသိသေးတာတစ်ခုရှိတယ်။
တကယ်တော့သူ့ရဲ့နှလုံးသားကလေ အသူရာချောက်နက်ထဲကရေခဲစိုင်တွေထက်တောင်အေးစက်မာကြောလွန်းတယ်ဗျ"

ထိုစကားတို့အဆုံးကောင်လေးရဲ့မျက်နှာထက်မှာဝမ်းနည်းရိပ်တို့သမ်းလာတာကြောင့်စိုင်းသီဟကရှိုင်းဇေယံရှေ့မှာမင်းခန့်ထည်အကြောင်းထပ်မဟလာတော့ပေ။

'မင်းသူ့အပေါ်တွယ်တာတွေများလာလေလေအချိန်တန်တဲ့တစ်နေ့ကျရင်စွန့်လွှတ်ဖို့ပိုခက်လေလေပဲဆိုတာ မင်းသတိရသေးတယ်မှတ်လား ငယ်လေး ....... '

••••••••••••••••••••••••••••••••••••••••••••••••••

မင်းခန့်ထည်လိုင်းကားပေါ်ကနေဆင်းလာပြီးအဆောင်ရှေ့အပေါက်ဝကိုရောက်တော့ သူ့ရဲ့ခြေလှမ်းတွေကတန့်သွားခဲ့ရသည်။အဘယ်ကြောင့်ဆိုသော်အဖြူရောင်မာစီးဒီးတစ်စီးက သူနဲ့မလှမ်းမကမ်း၌ထိုးရပ်လာပြီးနောက် ထိုကားပေါ်ကနေ ရှိုင်းဇေယံလေးဆင်းလာတဲ့မြင်ကွင်းကိုမြင်လိုက်ရတာကြောင့်ပင်။

ရှိုင်းကားပေါ်ကနေဦးစွာဆင်းလာပြီးနောက်တခြားတစ်ယောက်ကလည်းလိုက်ဆင်းလာကာထိုလူကသူ့ထက်အရပ်ရှည်ပြီးခပ်ချောချောပင်။ပြီးတော့ထိုလူသားကရှိုင်းလေးရဲ့ခေါင်းလေးကိုပုတ်လိုက်တော့ သူနဲ့ဆိုအချေလေးဖြစ်နေတဲ့ထိုပုစိက နားရွက်တက်ချိတ်တော့မတတ်ပြုံးဖြီးနေကာ ထိုလူခေါင်းပုတ်ပေးတာကိုကျေကျေနပ်နပ်ကိုခံယူနေလေသည်။ သူတို့၂ဦးရယ်ရယ်မောမောနဲ့စကားတွေပြောနေကြပြီးမိုးမမြင်လေမမြင်ဖြစ်နေကြတဲ့မြင်ကွင်းကိုစိုက်ကြည့်နေရင်းဝန်တိုဒေါသတွေကသူ၏ရင်ထဲ၌ထောင်းခနဲပင်။

သူ့ရဲ့မျက်လုံးတွေက မီးပုံထဲကမီးစလေးတွေတဖောက်ဖောက်နဲ့ပေါက်နေသကဲ့သို့မီးတောက်နေခဲ့ကာအေးစက်စူးရှစွာထို၂ယောက်အား မျက်တောင်မခတ်စတမ်းလှမ်းကြည့်နေလိုက်လေ၏။

ရှိုင်းလေးနဲ့စကားပြောနေတဲ့ထိုလူကို
သူတစ်နေရာရာမှာတွေ့ဖူးသကဲ့သို့ရင်းနှီးနေရပေမယ့်ဘယ်နေရာမှာတွေ့ဖူးလဲဆိုတာတော့
သူ စဥ်းစားမရခဲ့ပေ။

ရှိုင်းလေးပြုံးနေပုံကိုကြည့်ရသလောက်
ထိုကောင်လေးကအဲ့လူနဲ့အရမ်းရင်းနှီးနေပုံပေါ်နေပြီးသူလေးကအဲ့လူနဲ့အတူရှိနေရတာကိုကျေနပ်ပျော်ရွှင်နေတဲ့ပုံပင်။
မျက်နှာချင်းဆိုင်မှာရပ်နေတဲ့သူ့ကိုတစ်ချက်ကလေးမှလှည့်ကြည့်မလာသေးတဲ့ပုံကိုထောက်ရင်ပေါ့။

ဒါဆိုမနက်က သူ့ကိုအပြင်သွားဦးမယ်ဆိုပြီးအဆောင်ကနေထွက်သွားခဲ့တာ လက်စသတ်တော့ ဒီလူနဲ့အတူတူရှိနေဖို့လား။ဒီလူက ရှိုင်းလေးနဲ့ဘယ်လိုများပက်သတ်နေတာလဲ။

သူ့ရင်တွေကငရဲမီးတောက်ကြီးတစ်တောက်ကိုမြိုချထားသလိုမျိုးပူလောင်တင်းကြပ်လာခဲ့ကာ လက်သီးကိုဆုပ်ထားတဲ့လက်ဆစ်တွေဟာဆိုနီရဲတွတ်လာခဲ့ရသည်။

မနက်ကပဲသူတွေးနေခဲ့တာ ရှိုင်းလေးသာသူ့နေရာမှာအစားထိုးနိုင်မယ့်တစ်စုံတစ်ယောက်ကိုရှာတွေ့သွားခဲ့ရင်ဆိုပြီး .... ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာလုံးဝတွေးကြည့်လို့တောင်မရတဲ့ကိစ္စရပ်တစ်ခုပေ။

သူဒီကောင်လေးကိုဘယ်သူ့လက်ထဲကိုမှထည့်ပေးနိုင်လိမ့်မည်မဟုတ်။

ထိုလူသားလေးကသူပိုင်ဆိုင်တဲ့လူသားလေး....

စိုင်းသီဟက ရှိုင်းဇေယံလေးကိုနောက်ဆုံးနှုတ်ဆက်လိုက်ပြီးနောက် ကားပေါ်သို့ပြန်တက်သွားကာအဖြူရောင်ကားလေးက ဖြောင့်ဖြူးလှတဲ့ပေတရာလမ်းလေးအတိုင်းတရွေ့ရွေ့ထွက်ခွာသွားတော့လေသည်။

ရှိုင်းဇေယံလည်းထိုအခါမှအဆောင်ထဲဝင်ဖို့လှည့်လိုက်တဲ့အခါအဆောင်ပေါက်ဝ၌တောင့်တောင့်ကြီးရပ်ကာသူ့အားစိုက်ကြည့်နေပါသောမင်းခန့်ထည်ကိုမြင်သော်အမွှေးပွပါပီလေးကဲ့သို့ချစ်စရာကောင်းစွာဖြင့် မင်းခန့်ထည်ဆီသို့အပြေးသွားလိုက်ပြီး အူမြူးနေတဲ့အသံစူးစူးလေးနဲ့ခေါ်လိုက်လေသည်။

"ကိုခန့်"

ထိုချစ်စဖွယ်အသံသေးသေးလေးကမင်းခန့်ထည်ရဲ့တင်းထားသောဒေါသမာန်တို့ကိုစက္ကူစုတ်ပမာသောက်ကျိုးနဲလုံးချေပစ်လိုက်နိုင်၏။

မင်းခန့်ထည်ကချောင်းတစ်ချက်ဟန့်လိုက်ပြီးတင်းမာနေတဲ့အကြောတို့ကိုလျှော့လိုက်ကာဘာမှမဖြစ်သလိုဟန်နဲ့အေးတိအေးစက်မေးလာခဲ့သည်။

"ညီ ဘယ်ကပြန်လာတာလဲ"

"ကျနော်... မိတ်ဆွေတစ်ယောက်နဲ့သွားတွေ့တာ"

ရှိုင်းကထိုသို့ပြန်ဖြေလာရင်းသွားတက်လေးပေါ်တဲ့အထိပြုံးပြလာတော့ ခပ်စောင်းစောင်းအပြုံးတစ်ပွင့်ကမင်းခန့်ထည်ရဲ့မျက်နှာထက်မှာဟန်မဆောင်နိုင်ဘဲအတိုင်းသားပေါ်လာခဲ့ရသည်။

"မိတ်ဆွေ....ဟမ့်..အဲ့တော့ပျော်ခဲ့လား"

"ကျနော့်ကိုပျော်ခဲ့လားလို့မေးရအောင် ကျနော်ဘယ်သွားခဲ့လဲဆိုတာအကိုသိလို့လား"

အခန်းဖော်ပုစိကနှုတ်ခမ်းလေးစူကာရန်တွေ့လာတော့
"မသိချင်ဘူး မပြောပြနဲ့" ဟု ထိုအသေးလေးအားဘောက်ဆတ်ဆတ်ပြောလိုက်ပြီးနောက်အရှေ့ကနေချာခနဲလှည့်ထွက်သွားတော့သည်။

"အကိုအခု ကျနော့်ကိုစိတ်ဆိုးနေတာလားဟင်"

"အဟမ်း.....!"

မင်းခန့်ထည်မှာမလုံမလဲဖြစ်စွာအသားလွတ်ကြီးချောင်းထဆိုးလာခဲ့သည်။

ထို့နောက် ပြန်လှည့််လာကာ ရှိုင်းဇေယံလွယ်ထားတဲ့ကျောပိုးအိတ်လေးအားသူ၏ညာဘက်ပုခုံးပေါ်၌ကောက်လွယ်လိုက်ပြီးခြေလှမ်းကျယ်ကြီးတွေနဲ့ပြန်လျှောက်ထွက်သွားတာကြောင့် ရှိုင်းဇေယံလေးလည်းမင်းခန့်ထည်နောက်သို့ခုန်ဆွခုန်ဆွကလေးနဲ့ပြေးလိုက်,လိုက်သည်။

"အကို နောက်ဆုံးတော့ကျနော့်ကိုစကားပြန်ပြောချင်ပြီလား"

"ဘာလဲ မပြောစေချင်ဘူးလား"

"မဟုတ်ပါဘူး။ဟိုနေ့တုန်းကအကိုပြောပြမယ်ဆိုတဲ့စကားတွေကိုနားမထောင်မိလိုက်လို့ အကိုကကျနော့်ကိုစကားထပ်မပြောတော့ဘူးလို့ထင်ထားခဲ့တာ"

သူ၏ကလေးလေးကစိတ်မကောင်းဖြစ်တဲ့လေသံလေးနဲ့ဆိုလာတော့ မင်းခန့်ထည်က မထိကိုင်ရတာကြာပြီဖြစ်တဲ့ရှိုင်းရဲ့ခေါင်းအိအိလေးကိုနူးညံ့စွာပွတ်သပ်ပေးလိုက်တဲ့အခါ ကောင်လေးကမှင်သက်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်သူ့အားပြန်ကြည့်လာခဲ့လေသည်။

"ညီနားထောင်ချင်တဲ့အချိန်ပြောလေ။
ကိုယ်အဲ့အချိန်ကျရင် မင်းလေးကိုပြောပြပါ့မယ်"

မင်းခန့်ထည်နဲ့ရှိုင်းဇေယံတို့နှစ်ယောက်စကားအပြန်အလှန်ပြောကြရင်းအဆောင်ပေါ်သို့တက်လာကြသည်။

မင်းခန့်ထည်ကသူ၏အိတ်ကပ်ထဲမှသော့လေးအားထုတ်လိုက်လျက် အခန်းတံခါးကိုတွန်းဖွင့်လိုက်ပြီးနောက် အခန်းထဲကိုခြေချလိိုက်စဥ်မှာပင် ရှိုင်းဇေယံလေးကသူ၏ရင်ခွင်ထဲသို့တဟုန်တိုးပြေးဝင်လာခဲ့လေသည်။

ကောင်လေးရဲ့တဇွတ်ထိုးဆန်တဲ့ထိုအပြုအမူကြောင့် မင်းခန့်ထည်မှာကြောင်သွားရပြီးအခန်းတံခါးကိုအလျင်အမြန်ဆွဲပိတ်လိုက်ရတော့သည်။

သူ၏ရင်ခွင်ထဲသို့ခုန်ဝင်လာပြီးမျက်နှာလေးနဲ့လိုက်လံပွတ်သပ်နေတဲ့အကောင်ပေါက်လေးအား မင်းခန့်ထည်ကခနဖက်ထားပေးလိုက်ပြီးနောက်ဖြေးညှင်းစွာလွှတ်ပေးလိုက်ပါတော့သည်။

ရှိုင်းဇေယံသည် သတိလက်လွတ်ပြုမူမိလိုက်တဲ့ သူ့ရဲ့လုပ်ရပ်အကြောင်းပြန်တွေးမိလိုက်တဲ့အခါမျက်နှာပါးပါးလေးက နှင်းဆီနီလေးတစ်ပွင့်ပမာ မြတ်နိုးစရာကောင်းစွာနီတွတ်လာရသည်။

"ပြောပြတော့လေ။ကျနော်အခုနားထောင်ချင်ပြီ.."

"အခုလား..."

သူမေးလိုက်တော့ ရှိုင်းဇေယံလေးကလိုလိုလားလားနဲ့ခေါင်းငြိမ့်ပြလာတာကြောင့်မင်းခန့်ထည်က 'ကောင်းပြီလေ' ဟုဆိုကာ ကောင်လေးရဲ့ပခုံးနှစ်ဖက်အားငြင်သာစွာဆုပ်ကိုင်လိုက်၍ခုတင်ထက်၌အရင်ထိုင်ချစေလိုက်သည်။

သူကတော့စားပွဲခုံဆီလျှောက်သွားကာအံဆွဲအတွင်းထဲမှာထည့်ထားတဲ့ဒိုင်ယာရီစာအုပ်လေးကိုဆွဲထုတ်လိုက်ပြီး ထိုစာအုပ်လေးထဲမှာသိမ်းဆည်းထားတာကြာပြီဖြစ်တဲ့ဓာတ်ပုံလေးတစ်ပုံအားယူထုတ်လိုက်ကာ ကောင်လေးဆီသို့ကမ်းပေးလာခဲ့သည်။

ထို့နောက် သူ့လက်ထဲကဓာတ်ပုံလေးက
ရှိုင်းဇေယံလေးရဲ့လက်ထဲသို့တမဟုတ်ချင်းရောက်ရှိသွားခဲ့ချေသည်။

ထိုဓာတ်ပုံလေးကအချိန်သိပ်မကြာသေးတာကြောင့်ဆေးရောင်မပြယ်သေးပေ။

ထိုဓာတ်ပုံလေးထဲ၌ ကြက်ခြေနီယူနီဖောင်းကိုဆင်တူဝတ်ဆင်ထားတဲ့ကောင်လေးသုံးယောက်က လူငယ်ပီပီပျော်ရွှင်တက်ကြွစွာပြုံးရယ်နေကြတာကိုမြင်တဲ့အခါ ရှိုင်းရဲ့နှုတ်ခမ်းလေးတွေတောင်အလိုလိုတွန့်ကွေးသွားရသည်။

ထိုသုံးယောက်အနက် ညာဘက်ခြမ်း၌ရပ်နေတဲ့တစ်ယောက်ကအကိုမင်းစက်ဖြစ်ပြီး ဘယ်ဘက်ခြမ်းမှာရပ်နေတဲ့တစ်ယောက်က အကိုမင်းခန့်ထည်ဖြစ်ကြောင်းသူသိပေမယ့် အလယ်မှာရပ်နေတဲ့တစ်ယောက်ကတော့ဘယ်သူဘယ်ဝါဖြစ်မှန်း သူမသိခဲ့ပေ။

ထိုဓာတ်ပုံရဲ့မျက်နှာပြင်လေးပေါ်သူ့ရဲ့လက်ဖျားထိပ်လေးတွေနဲ့ထိကိုင်ကြည့်လိုက်ချိန် အခန်းထဲ၌ ပျံ့နှံ့ထွက်ပေါ်လာတဲ့အက်ကွဲရှတသောအသံတစ်သံကိုကြားလိုက်ရသည်။

"ကိုယ်ပြောပြချင်တာက....ကိုယ်ရယ် ဖြူရယ် ကို့သူငယ်ချင်းမာန်ရယ် ကိုယ်တို့သုံးယောက်ပါဝင်ပတ်သတ်ခဲ့တဲ့ အတိတ်ကအကြောင်းအရာလေးတစ်ခုကိုပေါ့"

ထို့နောက်မင်းခန့်ထည်ကရှိုင်းဇေယံရဲ့ဘေးနား၌ဖြည်းညှင်းစွာဝင်ထိုင်လိုက်ကာ အချိန်တွေကြာလာတာနဲ့အမျှ ဆွေးမြေ့စွာတည်ငြိမ်နေခဲ့ပြီဖြစ်တဲ့မျက်ဝန်းတစ်စုံဖြင့်
ဇာတ်လမ်းဟောင်းလေးတစ်ပုဒ်အားအစပျိုးလိုက်ပေတော့သည်။

••••••••••••••••••••••••••••••••••••••••••••••••••

လွန်ခဲ့တဲ့၂နှစ်ခန့်က .......

ပြက္ခဒိန်ထက်မှာရိုက်နှိပ်ထားတဲ့နေ့ရက်တွေကအနာဂတ်ကနေ့ရက်တွေအတိုင်းပင်ထပ်တူညီနေခဲ့ပြီး အချိန်တွေကပြောင်းလဲခြင်းမရှိစွာတစ်မိနစ်ပြီးတစ်မိနစ်၊တစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးနေခဲ့ကာ မတူညီစွာပြောင်းလဲသွားတဲ့အရာတွေဆိုလို့ ဒေါ်လာစျေးအတက်အကျတွေသာရှိခဲ့သည်။

အဲ့နှစ်က Canteenဆီပေါက်တဲ့လမ်းမကြီးဟာ ကွန်ကရစ်မခင်းရသေးတာကြောင့်ဆောင်းလေအေးတစ်ချက်ဝှေ့တိုက်လာရုံနဲ့တင် မြေသားလမ်းလေးကနေတထောင်းထောင်းထနေတဲ့ဖုန်အလုံးလိုက်တို့က ထိုလမ်းပေါ်မှာလျှောက်နေတဲ့ကျောင်းသားတိုင်းရဲ့နှာခေါင်းထက်သို့တိုးဝင်လာခဲ့ပေသည်။ 

Canteenသွားရာလမ်းတစ်လျှောက်စိန်ပန်းပင်ကြီးကတော့အေးမြတဲ့အရိပ်တို့ကိုထုံးစံအတိုင်းပေးစွမ်းထားကာ ထိုလမ်းထက်၌ Canteenဆီသို့ခပ်သုတ်သုတ်လျှောက်လှမ်းနေတဲ့ကောင်လေးတစ်ယောက်ရှိပေသည်။

'မြရိပ်မွန် 'ဆိုင်ထဲသို့ သူဝင်ဝင်လိုက်ချင်းပင်တစ်စုံတစ်ယောက်ရဲ့ဟောင်ဖွာဟောင်ဖွာအသံကမကြားချင်မှအဆုံးခွင်းထွက်လာလေ၏။

"မင်းရောက်လာသေးတယ်နော်။ငါတို့မှာ မင်းကိုစောင့်နေရတာဘာမှမမှာရသေးဘူး။ဒီကောင်ပေါ့ မင်းလာမှမှာမယ်ဆိုပြီးအတင်းဆွဲထားတယ်။အခုတော့မနက်စာနဲ့နေ့လယ်စာပေါင်းစားရတော့မယ်"

အရင်နေ့တွေလိုပဲသူကျောင်းလာတာနောက်ကျတာကြောင့် မင်းစက်တစ်ယောက်ပွစိပွစိလုပ်နေပြန်လေသည်။

သူတို့ပထမနှစ်တုန်းကအဆောင်ကအဆောင်ဟောင်းသာရှိပြီး အဆောင်သစ်ကပန္နက်စရိုက်တုန်းပဲဖြစ်ကာ ထမင်းစားဆောင်တောင်မရှိသေးပေ။ထို့ကြောင့် အဆောင်နေကျောင်းသားအများစုဟာကျောင်း Canteenကဆိုင်တွေဆီမှာပဲလပေးစားခဲ့ရသည်။

အကယ်၍ တစ်နပ်လွတ်သွားခဲ့မယ်ဆိုလျှင်ပေးထားရတဲ့စရိတ်နဲ့မကိုက်တာကြောင့် ကပ်စီးကုပ်မင်းစက်ကမကျေမချမ်းဖြစ်နေခြင်းပေ။

"မာန် တကယ်ကြီးမင်းဘာမှမမှာထားဘူးလား"

မင်းခန့်ထည်ကခုံတစ်ခုံ၌ဝင်ထိုင်လိုက်ပြီးနောက် အင်္ကျီလက်ရှည်ကိုခေါက်တင်လိုက်ရင်းမေးလိုက်တော့ မာန်ကခပ်ဖွဖွလေးပြုံးပြလာခဲ့သည်။

"အင်း။မင်းရောက်လာပြီဆိုတာ့ ငါအခုပဲမှာလိုက်တော့မယ်လေ"

ထို့နောက် မာန်ကစားပွဲထိုးလေးအားခေါ်လိုက်ပြီးသူတို့နှစ်ယောက်အတွက်စားစရာတွေကိုမှာပေးလေသည်။

မာန်က သူတို့majorကိုတစ်ပတ်လောက်နောက်ကျပြီးမှပြောင်းလာတဲ့ကျောင်းပြောင်းကျောင်းသားမို့အတန်းထဲကလူတွေတော်တော်များများနဲ့အနေစိမ်းသည်။
အထူးသဖြင့်သူ့ကိုအချောလေးတို့ အချစ်ကလေးတို့လိုက်စတတ်တဲ့အတန်းထဲကအကျင့်ပျက်နေတဲ့ကောင်မျိုးတွေဆို သူဝေးဝေးကရှောင်သည်။

အနေအေးပြီးနူးညံ့ယဥ်ကျေးတဲ့သူဌေးသားသခင်လေးကသူတို့နှစ်ယောက်နဲ့ဘယ်လိုခင်သွားရလဲဆိုတော့ စကားတတ်တဲ့ မောင်မင်းကြီးသားမင်းစက်ကြောင့်ပင်။ရေပက်မဝင်အောင်စကားပြိုင်ပြောနိုင်တဲ့မင်းစက်ရဲ့ထိုစွမ်းရည်က မာန်နဲ့ခင်မင်ရင်းနှီးစေခဲ့ခြင်းပေ။

ထိုသူဌေးသားလေးက သူတို့နှစ်ယောက်အပေါ်ဆိုအလွန်အမင်းခင်တွယ်ပြီးမှီခိုရှာလေသည်။သူတို့နှစ်ယောက်မရှိပဲသူဘာမှမလုပ်တတ်၊မကိုင်တတ်တဲ့အထိပင်။

ရန်ကုန်မြို့ပေါ်ကရွှေပေါ်မြတင် ပိုးမွေးသလိုမွေးထားတဲ့လူ့ချမ်းသာအသိုင်းအဝိုင်းကဆင်းသက်လာတာကြောင့်လည်းပါမည် မိန်းကလေးတွေရှုံးအောင်အသားအရည်လည်းလှသလို မိန်းကလေးတွေထက်တောင်နူးညံ့သိမ်မွေ့လွန်းပေသည်။

ထို့ကြောင့်သူနဲ့မင်းစက်ဆို မာန် ဟိုဘက်လိုင်းကူးသွားမည်ကိုအမြဲတမ်းစိုးရိမ်နေခဲ့ရသဖြင့် ထိုသိမ်မွေ့သောသခင်လေးအား ဘောလုံး Clubထဲသို့ဆွဲခေါ်ခဲ့သလို Boxing Clubထဲသို့ပါဆွဲသွင်းခဲ့သော်လည်းသူတို့ခန့်မှန်းထားတဲ့အတိုင်းမဖြစ်လာတဲ့အပြင် ဒုံရင်းကဒုံရင်းအတိုင်းပေမို့ သူတို့၂ယောက်စလုံးလက်လျှော့လိုက်ရတော့သည်။

မင်းခန့်ထည်ကမာန်ကိုကြည့်နေရင်းထိုအကြောင်းတွေကိုတွေးနေတဲ့အခိုက် မင်းစက်ကသူ့အားတံတောင်နဲ့တစ်ချက်တွတ်လာခဲ့သည်။

"မင်းခန့် ဟေ့ရောင် မင်းမှာကားကောင်းကောင်းလေးတွေများရှိလို့လား။အမြဲတမ်းမင်းအိပ်ရာထနောက်ကျနေတယ်ဆိုတော့လေ..."

ဒေါက်!!!!

စားပွဲပေါ်ကတူတစ်စုံကိုယူလိုက်ကာထိုမောင်းမင်းကြီးသားအား သူနာနာတီးပစ်လိုက်တော့သည်။

"ခွေးသူတောင်းစား!
ငါ့ကိုမင်းလိုများ တဏှာရာဂမီးတွေတစ်ချိန်လုံးတောက်လောင်နေတယ်ထင်နေလား"

"ခွေးသားရဲ့ နာတယ်ကွ!!!"

မာန်ကထုံးစံအတိုင်းပဲသူတို့နှစ်ယောက်နပန်းသတ်နေကြသည်ကိုထိုင်ကြည့်ရင်း
တခွီခွီရီနေလေသည်။

ပန်းကန်အပြောင်ရှင်းစားသောက်ပြီးသွားတဲ့နောက်ညနေခင်းအတန်းတက်ရန် Canteenလမ်းမှသုံးယောက်သားအတူတူပြန်လျှောက်လာကြသည်။
မင်းစက်ဆိုတဲ့ကောင်ကတော့ မာန်ဝယ်တိုက်တဲ့milkshakeတစ်ဗူးနဲ့အရှက်မရှိဇိမ်ကျနေကာ မာန်ကတော့ အလယ်ကနေသူတို့နှစ်ယောက်ကိုထီးမိုးပေးရင်းဖြည်းဖြည်းချင်းလျှောက်နေခဲ့သည်။

တီ တီ တီ တီ!!!!!!

ရုတ်တရက်ထွက်ပေါ်လာတဲ့ကားဟွန်းတီးသံက အေးချမ်းလွန်းတဲ့ Canteenလမ်းတစ်လျှောက်ဟိန်းထွက်လာကာ ခဲနုရောင် ကားတစ်စီးကသူတို့သုံးယောက်တည့်တည့်သို့အရှိန်ပြင်းပြင်းနဲ့မောင်းချလာခဲ့လေသည်။

ထိုအန္တရာယ်ကို  milkshakeပိုက်ကိုစုပ်သောက်နေတဲ့သကောင့်သားကမရှောင်ပဲကြည့်ကောင်းကောင်းနဲ့ရပ်ကြည့်နေတာကြောင့်

"မင်းစက်! ဟိတ်ကောင်!" ဟုသူအော်လိုက်ကာလှမ်းဆွဲမည်အလုပ် မာန်ကသူတို့နှစ်ယောက်စလုံးကိုလွတ်ရာဆီသို့တွန်းထုတ်လိုက်ပြီး ဘရိတ်အုပ်ပြီးသားဖြစ်တဲ့အရှိန်နဲ့ဝင်ဆောင့်မိသွားခဲ့သည်။

"မာန် !!!!"

"မာန် !!!!"

တစ်ဖက်ကမြက်ပင်တွေကြားပစ်လဲကျသွားတဲ့မင်းခန့်ထည်နဲ့မင်းစက်တို့၂ယောက်သားမှာသူတို့ကိုယ်ပေါ်၌ပေကျံသွားရတဲ့ဖုန်တွေတောင်မခါချနိုင်ဘဲ ပုံလျက်သားလဲကျသွားသောမာန်ဆီ ထိတ်ထိတ်ပျာပျာနဲ့အပြေးပြေးသွားကြလေသည်။

"မာန် မင်း ဘာဖြစ်သွားသေးလဲ "

"မာန် မင်းအဆင်ပြေရဲ့လား!"

သူတို့၂ယောက်စလုံးတပြိုင်နက်မေးလိုက်တော့မာန်ကသူတို့၂ယောက်စလုံးကိုမော့ကြည့်လာရင်းငိုမဲ့မဲ့မျက်နှာလေးနဲ့ပြန်ဖြေလာခဲ့သည်။

"လက်နာသွားတယ်" ဟူ၍။

သူ့ပုံစံကသုံးနှစ်သားကလေးလေးတစ်ယောက်ကဲ့သို့တရှုံ့ရှုံ့နဲ့ငိုချလာတော့မယ့်ပုံပေါက်နေတာကြောင့် သူတို့နှစ်ယောက်စလုံးရယ်ရခက်ငိုရခက်ဖြစ်သွားရလေသည်။

"Sorryပါနော် ဘာဖြစ်သွားကြသေးလဲ"

ထွက်ပေါ်လာတဲ့အသံလာရာဆီသို့မင်းခန့်ထည်စူးစူးရဲရဲစိုက်ကြည့်လိုက်တော့ ရိုးစင်းတဲ့အလှတစ်မျိုးကိုပိုင်ဆိုင်ထားသည့်မိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့မျက်ဝန်းတွေက မြင့်တက်သွားရသည်။

ထိုမိန်းကလေးက သူတို့မေဂျာရဲ့ Queen Selectionတွေထဲကတစ်ယောက်ဖြစ်တဲ့မေသဒ္ဒါဖြစ်တာကြောင့် သူတို့သုံးယောက်စလုံးသူမအားကောင်းကောင်းသိလေ၏။

မင်းခန့်ထည်နဲ့မေသဒ္ဒါတို့ရဲ့ဆက်ဆံရေးကအစကတည်းကအဆင်မချောတာကြောင့် မင်းခန့်ထည်ဟာစိတ်ဆိုးမာန်ဆိုးနဲ့ထချဲလာတော့သည်။

"မင်းတို့ကားကိုဘယ်လိုမောင်းနေတာလဲ။
အခန့်မသင့်ရင်လူတစ်ယောက်လုံးသေသွားနိုင်တယ်ဆိုတာမင်းတို့သိလား"

"မင်းခန့် ! ငါဘာမှမဖြစ်ပါဘူးကွာ"

တစ်မေဂျာတည်းသားတွေဖြစ်တဲ့အတန်းဖော်ချင်းချင်းပြဿနာတက်တာဟာ မျက်နှာပူစရာကောင်းပြီး မဖြစ်သင့်တာကြောင့်မာန်ကဒေါသအိုးမင်းခန့်ထည်အားဝင်တားလာခဲ့သည်။

"နေစမ်းပါကွာ။ မေသဒ္ဒါ ကားမောင်းလာတာဘယ်သူလဲ။
အခုချက်ချင်းဆင်းလာခိုင်းပြီး ငါ့သူငယ်ချင်းကိုလာတောင်းပန်ခိုင်းလိုက်"

မင်းခန့်ထည်ရဲ့အသံကနဲနဲကျယ်သွားတာကြောင့် Canteenလမ်းတစ်လျှောက်ရှိတခြားကျောင်းသားများကပါသူတို့ဘက်သို့စိတ်ဝင်တစားလှည့်ကြည့်လာကြသည်။

ကားစတီယာရင်ဘက်ခြမ်း၌ထိုင်နေတဲ့အမျိုးသမီးကမင်းခန့်ထည်အသံကိုကြားဟန်တူသည် မင်းခန့်ထည်ပြောပြီးပြီးချင်းပင် ကားပေါ်ကနေချက်ချင်းဆင်းလာခဲ့သည်။

ကားပေါ်ကနေတစ်ဖက်ပိတ်လေဒီရှူးဖိနပ်လေးနဲ့ဆင်းလာတဲ့သူမဟာတကယ်ကိုသိပ်လှတဲ့အမျိုးသမီးလေးတစ်ယောက်ပင်။အဖြူအပြာဝတ်စုံလေးနဲ့လိုက်ဖက်ကာကြော့ရှင်းထင်ဟပ်နေပေမယ့် အဲ့အရာတွေကအဲ့တုန်းကတည်းက သူ့အတွက်အရေးမပါခဲ့လေဘူး။

"ဖြူ တောင်းပန်ပါတယ်နော်။ဒီက တစ်ယောက်ကိုဆေးရုံပို့ပေးရမလား"

"မလိုဘူး"

မင်းခန့်ထည်ကချက်ချင်းဖြတ်ပြောလိုက်သည်။

ဖြတ်ပြောလိုက်တဲ့ခပ်မာမာအသံကိုကြားတော့ထိုမိန်းကလေးကမင်းခန့်ထည်အားဝေ့ကြည့်လာပြီးနောက် သူမရဲ့အကြည့်တို့ကမင်းခန့်ထည်ဆီ၌ သံမှိုရိုက်ထားသကဲ့သို့စွဲမြဲစွာကပ်တွယ်နေခဲ့ချေသည်။

"မင်းကားလုံးဝမမောင်းနဲ့။အခုတစ်ခါကတော့ရှိပါစေတော့။နောက်အခါတွေရှိခဲ့မယ်ဆိုရင်ငါပါချုပ်နဲ့စကားပြောရလိမ့်မယ် အမိ"

မင်းခန့်ထည်ကအားမနာစွာပြောဆိုပြီးနောက်မာန်ကိုတွဲလိုက်လျက် ထိုနေရာကနေထွက်လာခဲ့လိုက်သည်။

ဖြူစင်သော်ဘေးနားကနေ သူဖြတ်လျှောက်သွားတဲ့အခိုက် သူ့နားထဲသို့တိုးဝင်လာတဲ့တိုးညှင်းတဲ့ခေါ်သံလေးတစ်သံကိုကြားလိုက်ရတဲ့အခါ သူထူးဆန်းမှုတစ်စုံတစ်ရာကိုခံစားလိုက်ရသည်။

"မောင်~~~~~~"

ထိုအခေါ်အဝေါ်ကိုပထမဆုံးကြားခဲ့ရတဲ့အချိန်ကနေစပြီး ထိုစကားလုံးတို့ဟာ သူ၏ရင်ထဲ၌ တစ်ရက်ကလေးတောင်အံဝင်ခွင်ကျမဖြစ်ခဲ့ပေ။

••••••••••••••••••••••••••••••••••••••••••••••••••

"မင်းခန့် မင်းဘာလို့ရုတ်တရက်ကြီးဖြူစင်သော်နဲ့ချစ်သူတွေဖြစ်သွားကြတာလဲ။မင်းပြောတော့ သူမနဲ့ပက်သတ်ပြီးဘာခံစားချက်မှမရှိပါဘူးဆို!!"

ကျောင်းသားရေးရာရဲ့လူရှင်းတဲ့အနောက်ဘက်အဆောင်၌မင်းစက်ရဲ့ဒေါသတကြီးပြောဆိုနေတဲ့အသံတို့ဟာ ထိုနေရာတစ်ဝိုက်၌ကျယ်လောင်စွာဟိန်းထွက်လျက်ရှိသည်။

မင်းခန့််ထည်ကစီးကရက်တစ်လိပ်ကိုခပ်ဖြည်းဖြည်းရှိုက်နေရင်းဘာမှပြန်မဖြေလာတာကြောင့်  မင်းစက်တစ်ယောက်တဖြည်းဖြည်းအသဲပေါက်လာရကာသူ၏ဆံပင်တွေကိုစိတ်ရှုပ်စွာထိုးဖွလိုက်ပြီးနောက် မင်းခန့်ထည်ရဲ့ဘေး၌ဆောင့်ကြီးအောင့်ကြီးနဲ့ဝင်ထိုင်လာခဲ့လေသည်။

တုံဏှိဘာဝေရေခဲတုံးကြီးကဆေးလိပ်ပြာတို့ကိုဆင်ပြေနေပြေနဲ့တောက်ချလိုက်ရင်း မျက်ဝန်းအကြည့်တို့ကိုတစ်ချက်တောင်ပင့်ကြည့်မလာခဲ့ဘဲ ကွဲအက်နေတဲ့အသံဖြင့်မေးလာခဲ့သည်။

"မာန်ကော ... "

လေထုထဲမှာလိမ်ယှက်လွင့်မြောနေတဲ့ဆေးလိပ်အခိုးအငွေ့တွေကို လက်တစ်ဖက်ဖြင့် ယပ်ခတ်ခါထုတ်လိုက်ရင်းမင်းစက်ကပြန်ဖြေလာသည်။

"မသိဘူးလေ။ဒီနေ့သူ့ကိုငါမမြင်မိဘူး"

"ငါဘာလို့ဖြူနဲ့တွဲတာလဲဆိုတော့ မာန်ကြောင့်ပဲ"

မင်းခန့်ထည်ရဲ့မျက်ဝန်းတွေကနှင်းရေအိုင်တစ်အိုင်ကဲ့သို့အေးစိမ့်ခဲသေနေကာခံစားချက်တို့ကင်းမဲ့နေသည်။

"ဟမ် !!! မာန်နဲ့ဘာဆိုင်လို့လဲ"

မင်းစက်ကနားမလည်နိုင်စွာထပ်မေးလာတော့မင်းခန့်ထည်က ဆေးလိပ်ငွေ့တို့ကိုငြီးငွေ့ပျင်းရိခြင်းအတိမှုတ်ထုတ်လာခဲ့ပြန်သည်။

"မာန်က ငါ့အပေါ်ခံစားချက်တွေရှိနေတယ် မင်းစက်။သူ ငါ့ကိုဖွင့်ပြောတယ်"

"....ဘယ်လို!"

"ဖြူကမိန်ကလေးတစ်ယောက်မို့ အသုံးမချသင့်ဘူးဆိုတာငါသိပါတယ်။ သူမကဘာတွေသိထားလဲတော့ငါမသိပေမယ့် ငါ့ကိုကူညီပေးမယ်လို့ပြောတယ်ဆိုကတည်းက
သေချာတာတစ်ခုကတော့ မာန်ဘာလဲဆိုတာသူမသိနေတာပဲ။"

သူက ထိုသို့ရေရွတ်နေရင်းစီးကရက်ဖင်စည်ခံလေးအားလှေကားတစ်ထစ်ပေါ်၌နင်းချဖိကပ်လိုက်ကာလေးပင်ရှတစွာဆက်ပြောလာသည်။

"ပြီးတော့ သူမငါတို့နှစ်ယောက်ရဲ့အကြောင်းတွေကိုလည်း သေချာပေါက် သိထားတယ်လို့ငါယူဆတယ်"

"အဲ့မိန်းမကမင်းကိုမာန်ရဲ့အားနည်းချက်နဲ့ပက်သတ်ပြီးတော့ခြိမ်းခြောက်ထားတာလား!"

မင်းစက်ကလက်သီးတင်းတင်းဆုပ်လျက်အံကြိတ်ဆိုလာတော့ မင်းခန့်ထည်ကသူ့သူငယ်ချင်းရဲ့ပခုံးကို၂ချက်ပုတ်ပေးလာခဲ့သည်။

"ခြိမ်းခြောက်တာတော့ မဟုတ်ဘူး။အပေးအယူသဘောမျိုးကမ်းလှမ်းလာတာ.."

"သူမအပေးအယူက ....... "

"ငါကသူမချစ်သူဖြစ်ပေးဖို့ပဲ"

"တကယ်လို့ မင်းငြင်းလိုက်ရင်...."

"သူမ အကြံအစည်တွေကိုငါလုံးဝမသိနိုင်တဲ့အတွက်မီးစင်ကြည့်ကရမှာပဲ မင်းစက်။
မာန်ငါ့အပေါ်ထားတဲ့ခံစားချက်တွေကိုအမြန်ပြောင်းလဲနိုင်ပါစေလို့ ငါဆုတောင်းရုံပဲရှိတော့တယ်"

ဖြူနဲ့တွဲပြီးတဲ့နောက်ပိုင်း မာန်နဲ့ကျနော်ကအခေါ်အပြောတော့ရှိခဲ့ပေမယ့် အကွာအဝေးတစ်ခုခြားပြီးနေခဲ့ကြသည်။

မာန်နဲ့နောက်ဆုံးစကားပြောခဲ့ကြတုန်းက ကျနော့်သူငယ်ချင်းလေးကိုနာကျင်သွားစေနိုင်တဲ့စကားတွေသာပြောဆိုမိခဲ့တာမို့ မာန့်ကိုမြင်နေရတဲ့တစ်လျှောက်လုံး အပြစ်ရှိတဲ့စိတ်တွေကိုသာကျနော့်နှလုံးအိမ်ထဲမှာပြည့်နှက်စွာထွေးပိုက်ထားခဲ့ရသည်။

နောက်တော့မင်းစက်ဆီကနေမာန်အကြောင်းကျနော်ကြားလိုက်ရတယ်။ သူကကျနော့်အပေါ်ခံစားချက်မရှိတော့ဘူးတဲ့။ မာန်ကလေ သူ့ရဲ့လွဲမှားနေတဲ့ခံယူချက်တွေကိုအတိအလင်းနားလည်နိုင်အောင်စိတ်ရောဂါဆရာဝန်တချို့နဲ့ဆွေးနွေးတိုင်ပင်ပြီးကြိုးစားနေထိုင်နေပြီဆိုတဲ့အကြောင်းကိုကြားတော့ သူကျေနပ်မိသည်။မာန်က သူငြင်းဆန်ပြီးကတည်းကအဆောင်ကနေထွက်သွားခဲ့တာကြောင့် သူမာန်နဲ့မဆုံဖြစ်တော့တာကြာပြီဖြစ်ကာ အားပေးစကားတွေတောင်သူ့သူငယ်ချင်းလေးအားမပြောခဲ့ရပေ။

မာန်ကသူ့စိတ်ကိုသူရှင်းရှင်းလင်းလင်းနဲ့နားလည်သဘာပေါက်သွားတဲ့တစ်နေ့ကျရင် ဘယ်လမ်းကိုပဲဖြစ်ဖြစ်လျှောက်ဖို့ရွေးချယ်ခဲ့ပါစေ ကျနော်သူ့ကိုအားပေးနေခဲ့မှာပင်။ ကျနော်ကြောင့်ကျနော့်သူငယ်ချင်းကစတင်မှားယွင်းသွားမှာကိုသာမဖြစ်စေချင်ရုံတင်လေးပါပဲ။

မင်းဘယ်သူပဲဖြစ်နေပါစေ ထာဝရငါ့သူငယ်ချင်းဖြစ်နေမှာပါ မာန် ....

မာန်အဆင်ပြေနေပြီဆိုမှတော့ သူလည်းပဲ ဒီအပေးယူတစ်ခုကိုအဆုံးသတ်ရပ်တန့်ပစ်ဖို့အချိန်ရောက်လာခဲ့ပြီပင်။

ဆောင်းရာသီရဲ့ညနေခင်းတစ်ခုမှာ ကျနော်သူမကိုလမ်းခွဲစကားဆိုခဲ့သည်။
သူမကျနော့်အပေါ်အလွန်အကြူးစိတ်ဆိုးဒေါသထွက်လိမ့်မယ်ဆိုတာကျနော်အစကတည်းကမျှော်မှန်းပြီးသားပေမို့အထူးတလည်ခံစားရတာမျိုးမရှိခဲ့ပေ။

ကျနော့်ကို ဘယ်လောက်ထိအသဲမာပြီးနှလုံးသားမရှိတဲ့လူသားတစ်ယောက်လို့ပဲဆိုဆို ကျနော်ရဲ့နှလုံးသားဟာမြူမှုန်လေးတစ်စမျှတောင်လှုပ်ခတ်သွားခြင်းရှိမှာမဟုတ်သလို နောက်ပြန်လှည့်ဖို့လည်းစိတ်ကူးမရှိခဲ့ပေ။

ကျနော်သူမကိုမချစ်ဘူးဆိုတာ ကျနော်အတပ်သိခဲ့တယ်။ ဒါကြောင့် ကျနော်မချစ်တဲ့သူမဆီမှာ ခွေးတစ်ကောင်လိုအချည်မခံနိုင်ဘူး။ကျနော်က သူမလက်ပါးစေမဟုတ်ဘူး....

ဖြူနဲ့လမ်းခွဲပြီး နောက်တစ်နေ့မနက်အရောက်မှာတော့ တစ်စုံတစ်ယောက်ရဲ့အနာဂတ်ဟာကျနော့်ကြောင့်လုံးဝအဆုံးသတ်သွားခဲ့ရတယ်.....

သူကျောင်းကိုရောက်တော့ ကျောင်းမှာရုတ်ရုတ်သဲသဲတွေဖြစ်နေတာကိုသူသိလိုက်ရသည်။ အခန်းထဲရှိလူတွေအကုန်လုံးကသူဝင်လာတာနဲ့ဝိုင်းကြည့််နေကြသလို သူ Lobbyကနေဖြတ်လျှောက်လာတဲ့အချိန်တုန်းကလည်း သူ့အားကွက်ကြည့််ကွက်ကြည့်လုပ်သွားကြတဲ့လူတွေရဲ့စက်ဆုပ်ခါးသီးလှတဲ့အကြည့်တွေကိုရင်ဆိုင်လိုက်ရတဲ့အခါ
သူအနည်းငယ်တော့တုန်လှုပ်သွားခဲ့ရလေသည်။

သူ့ဘဝတစ်လျှောက်လုံးမှာထိုသို့သောအကြည့်မျိုးနဲ့ အကြည့်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်တာမို့လုံးဝအသားမကျခဲ့ကာ သူ၏လက်တို့ကပါဆောက်တည်ရာမရစွာတဆတ်ဆတ်တုန်ယင်လာခဲ့ရသည်။

ထိုစဥ်မင်းစက်ကအသက်မရှူစတမ်းအခန်းထဲသို့ပြေးဝင်လာကာ မင်းခန့်ထည်ရှေ့သို့သူ၏ဖုန်းကိုဒုန်းခနဲချပေးလာခဲ့လေ၏။

ထိုအသံကြောင့်အခန်းထဲရှိလူတွေရဲ့တီးတိုးရေရွတ်သံတို့ကတိတ်ကျသွားကာမင်းစက်ကတစ်ခန်းလုံးကိုရန်လိုစွာဝှေ့ကြည့်လိုက်ပြီးဟောဟဲလိုက်နေတဲ့အသံတို့နဲ့အတူဆိုလာသည်။

"ကျောင်းရဲ့ secret boxမှာမနက်သုံးနာရီလောက်ကတက်လာတဲ့ videoတစ်ခုကိုမင်းကြည့်ကြည့်လိုက် မင်းခန့်"

မင်းစက်ပြလာတဲ့ Videoကိုသူဖွင့်ကြည့်လိုက်ပြီးနောက် လည်ပင်းကြောတို့ကနီရဲစွာထောင်ထလာကာ စာရေးခုံကိုဝုန်းခနဲမြည်အောင်ထိုးချလိုက်ပါတော့သည်။

ထိုအသံကျယ်ကြီးကြောင့် အခန်းထဲရှိလူတွေကအနောက်တံခါးကနေအလျှိုလျှိုထွက်သွားကြ၍ မင်းခန့်ထည်ရဲ့ဒေါသစက်ကွင်းကနေလွတ်အောင်ရှောင်ကွင်းသွားကြလေသည်။

"ဒီ videoက မာန်ငါ့ကိုဝန်ခံခဲ့တဲ့ videoပဲ။ဒါကဘယ်လိုလုပ်ပြီး ဘယ်သူကတင်လိုက်တာလဲ။မာန်ကော မင်းစက် သူဘယ်မှာလဲ?"

'သူကကိစ္စမရှိပေမယ့် မာန်လိုပျော့ညံ့တဲ့သခင်ငယ်လေးကဒီရိုက်ခတ်မှုတွေကိုတောင့်ခံနိုင်မှာမဟုတ်ဘူး'

မင်းခန့်ထည်ဟာသူ့ဆံပင်တွေကိုဆွဲစုပ်နေရင်းစိတ်မတည်မငြိမ်ဖြစ်နေကာ သူ့ရဲ့လက်တွေမှာလည်းတုန်ယင်နေခဲ့ရသည်။သူ့လက်တစ်ဖက်မှာခုံကိုထိုးလိုက်တာကြောင့်ကွဲသွားခဲ့ပြီးသမမ်သလင်းထက်သို့သွေးစက်တွေကတစက်စက်စီးကျလို့နေသည်။

မင်းစက်ကသွေးရူးသွေးတန်နဲ့ကြောင်တောင်တောင်ဖြစ်နေရှာတဲ့သူ၏သူငယ်ချင်းရဲ့လက်မောင်း၂ဖက်အား ဆွဲကိုင်လိုက်ရင်းဖြည်းညင်းစွာပြောပြလာခဲ့သည်။

"မင်းစိတ်အေးအေးထား။
မာန်ကိုငါဆက်သွယ်သေးတယ် ဆက်သွယ်လို့မရဘူး။
မနက်တုန်းကမာန်ရဲ့အဖေ ပါချူပ်ကိုလာတွေ့တယ်တဲ့။ပြီးတာ့ ဒီ videoကထပ်ပြီး ကျောင်း websiteပေါ်မှာပျံ့ခဲ့မယ်ဆိုရင် ကျောင်းကိုတရားစွဲမယ်ဆိုပြီးခြိမ်းခြောက်သွားသေးတယ်။ငါ့အထင်မာန်ကိုလည်းသူ့အဖေကတိုက်ပိတ်ထားလိုက်ပြီထင်တယ်"

"ဒီ videoကိုဘယ်သူကဖြန့်လိုက်တာတဲ့လဲ"

မင်းခန့်ထည်ကဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားရင်းကျယ်လောင်ဆုတ်နစ်စွာအော်မေးလိုက်တဲ့အခါ မင်းစက်ကလေသံနိမ့်နိမ့်နဲ့ဆိုလာသည်။

"ငါ secret boxရဲ့ adminတွေကိုမေးကြည့်ပြီးသွားပြီ။
အကောင့်တုတစ်ခုက Page adminရဲ့ Accကို Hackပြီးတင်လိုက်တာတဲ့။အဲ့ဒါကြောင့်သူတို့လည်းဘာမှမသိခဲ့ရဘူး။
သူတို့သာသိခဲ့မယ်ဆိုရင် ဒီလောက်ထိပြန့်မှာမဟုတ်ဘူးတဲ့လေ။
ဒါနဲ့ ...မင်းခန့် မင်းကောဘယ်လိုလုပ်မလဲ!"

မင်းခန့်ထည်ဆိုတဲ့သူဟာ သူထိခိုက်သွားမှာကိုကြောက်ရွံ့နေမယ့်လူတစ်ယောက်မဟုတ်တာကြောင့် သူ့စိတ်ထဲမှာ မာန်အတွက်စိုးရိမ်နေတဲ့စိတ်တို့သာကြီးစိုးနေခဲ့ရကာ သူ့လက်ကဒဏ်ရာကိုတောင် ဂရုမစိုက်အားပေ။

မင်းခန့်ထည်သည် သွေးတွေစီးကျနေတဲ့လက်တစ်ဖက်နဲ့ဖုန်း Screenကိုပွတ်ဆွဲလိုက်ပြီးနောက် contact nameတစ်ခုအားနှိပ်လိုက်လေသည်။

ထို့နောက်နာကျည်းခက်ထန်လှစွာသော အသံတို့ဖြင့် အံကြိတ်မေးလိုက်တော့သည်။သူ၏မျက်ဝန်းတွေထဲမှာအမုန်းတရားတို့တောက်လောင်နေကာ သွေးနီရောင်ပင်သမ်းလာခဲ့ရချေ၏။

"ဖြူစင်သော် မင်းဘယ်မှာလဲ!!!!"

••••••••••••••••••••••••••••••••••••••••••••••••••

ဆုအခေါ်ဝေါ်လေးတစ်ခုမှားရေးခဲ့မိတာကိုတောင်းပန်ချင်ပါတယ်။စိုင်းသီဟကရှိုင်းဇေယံကို 'ငယ်လေး'လို့ပဲခေါ်ဝေါ်ပြီး ရှိုင်းဆက်ယံကမှ' ကိုဇေ'လို့ခေါ်တာပါ။
အဲ့တာကိုဆုကနောက်ပိုင်းတွေမှာ 'ကိုဇေ'လို့ပဲမှားရေးခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ရှင်
🙏🙏(。>ㅅ<。)💦sorry…

Thanks for reading. 💜

Love you all my readers(♡´▽'♡)

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း (၃၁) - ဇာတ္လမ္းေဟာင္းေလး PartI

Zawgyi

[စြဲထင္ေနတဲ့အတိတ္ဒဏ္ရာတစ္ခု]

ေဆာင္းရာသီရဲ႕မနက္ပိုင္းေအးစိမ့္မႈဒဏ္က နံရံတစ္ဖက္တစ္ခ်က္ဆီမွာလဲေလ်ာင္းေနၾကတဲ့လူသားေလးႏွစ္ေယာက္ကို အၾကင္နာမဲ့စြာလႊမ္းျခဳံရစ္ပတ္ထားကာ ေႏြးေထြးမႈတို႔က သူတို႔၂ဦးသားအားစိတ္ဆိုးသြားဟန္တူသည္။အ႐ိုးထိခိုက္ေအာင္ေအးစိမ့္လြန္းေန၏။

မင္းခန္႔ထည္ဟာခုတင္တစ္ဖက္မွာလဲေလ်ာင္းေနရင္း သူ႕အားေက်ာခိုင္းထားတဲ့လူသားေလးကိုတိတ္ဆိတ္စြာေငးၾကည့္ေနလ်က္ ႏွလုံးသားေအာက္ေျခကလိႈက္တက္လာတဲ့နာက်င္ကိုက္ခဲမႈတို႔ကို အတတ္ႏိုင္ဆုံးေတာင့္ခံထားသည္။

ေႏြးေထြးမႈေလးကိုသူေပြ႕ဖက္ထားခြင့္မ႐ွိေပမယ့္ သူထံ၌ေငးၾကည့္ခြင့္ေလးေတာ့႐ွိေနေသးသေ႐ြ႕ သူအဆင္ေျပေပသည္ဟုသူ၏ကိုယ္ေစာင့္နတ္အားလိမ္ညာထားခဲ့ေသာ္လည္း သူထိုသို႔လိမ္လည္ရင္းလိမ္ညာရင္းကေန ႏွလုံးသားထဲကျပည္တည္နာကခံစားရခက္စြာကိုက္ခဲလာေနသည္မို႔ သူဘယ္ေလာက္ထိထိုနာက်င္မႈတို႔ကိုေတာင့္ခံထားႏိုင္မလဲဆိုတာ သူကိုယ္တိုင္ေတာင္ေသခ်ာမသိေတာ့ေပ။

တစ္ဖက္ခုတင္ထက္ကေကာင္ေလးတစ္ေယာက္သည္လည္း တစ္ေယာက္ေသာသူနဲ႔ထပ္တူညီစြာထိုနာက်င္မႈေဝဒနာကိုခံစားေနရကာ သူ၏ႏွလုံးသားဆီတင္းတင္းဖိဆုပ္လို႔ထား၏။

ေဟမႏၲရဲ႕ဤအေအးဓာတ္အတြင္းဝယ္  ရင္ထဲတစ္ေနရာဆီ၌တစိမ့္စိမ့္ခံစားေနရပါတဲ့ ခ်စ္ျခင္းရဲ႕ခါးသက္သက္တိုက္စားမႈတို႔ကို ႏုနယ္လြန္းေသာ သူတို႔ရဲ႕ႏွလုံးသားေလးေတြက အေကာင္းပကတိအတိုင္းခံႏိုင္ရည္႐ွိၾကပါ့မလား။

တိုက္စားခံရၿပီးအေကာင္းပကတိအတိုင္းမက်န္ေတာ့ရင္ေတာင္မွ ၂ဦးစလုံးကထိုအခ်စ္ကိုစြန္႔လႊတ္ဖို႔ရာစိတ္ကူးမ႐ွိခဲ့ၾကေပ။

သူ႕မ်က္စိေ႐ွ႕ကေကာင္ေလး အိပ္ရာထတဲ့အခ်ိန္ သူလည္းအိပ္ရာထဲကလိုက္ထြက္လာခဲ့သည္။အတူတူမ်က္ႏွာသစ္ၾကၿပီးထမင္းစားေဆာင္ကိုအတူတူသြားခဲ့ၾကေပမယ့္ အခ်ိန္ေတြကကြဲျပားျခားနားသြားခဲ့သည္။

သူသိပ္ခ်စ္ရတဲ့ထိိဳေကာင္ေလးကသူ႕ေဘးနား၌တစ္ခ်ိန္လုံးရပ္ေနတာေတာင္နီးစပ္မႈတစ္စုံတစ္ရာကိုသူ႕ႏွလုံးသားထဲကမခံစားခဲ့ရေပ။မိုင္ေထာင္ခ်ီေပါင္းမ်ားစြာကြာေဝးလြန္းေနတဲ့ပုံရိပ္ေလးကိုလွည့္ၾကည့္လိုက္ရင္းတိုးတိတ္တမ္းတစြာေမးၾကည္္႕လိုက္၏။

႐ိႈင္းေလးေရ မင္းေလးကကိုယ့္ကိုအရင္ခ်စ္ခဲ့ရတဲ့သူဆိုေတာ့ေလ ကိုယ္အခုခံစားေနရသလိုမင္းေလးလဲခံစားခဲ့ရမွာေပါ့ေနာ္ ....

ခရမ္းေရာင္ Hoodieေလးအားထပ္ဝတ္လိုက္တဲ့ပုံရိပ္ေလး၊အနက္ေရာင္ဦးထုပ္ေလးကိုခပ္ငိုက္ငိုက္ေစာင္းလိုက္တဲ့ပုံရိပ္ေလး၊ၿပီးေတာ့ လြယ္အိတ္ေလးကိုလက္တစ္ဖက္ကေနေကာက္လြယ္လိုက္တဲ့ေကာင္ေလးရဲ႕ထိုပုံရိပ္တို႔ကို မင္းခန္႔ထည္ဟာ အေသးစိတ္ေငးၾကည့္ေနခဲ့ရင္းသူဘာစကားမွမဆိုခဲ့ေပ။

႐ိႈင္းေဇယံက အျပင္သြားဦးမည္ျဖစ္ေၾကာင္းသူ႕အားေျပာလာတဲ့အခ်ိန္၌လည္း သူေက်ေက်နပ္နပ္ပဲေခါင္းၿငိမ့္ျပခဲ့ကာအခန္းထဲကေနထြက္ခြာသြားတဲ့ေက်ာျပင္ေလးကိုအခန္းထဲ၌ မလႈပ္မယွက္စြာရပ္ေနရင္းလွမ္းၾကည့္ေနခဲ့သည္။

အခန္းတံခါးေလးကပိတ္သြားၿပီး
ေကာင္ေလးကထြက္ခြာသြားတဲ့အခါ ရင္ဘက္ထဲကသူ၏ႏွလုံးစိုင္ေလးသည္လည္းေအးစိမ့္တဲ့အေမွာင္ထုထဲနစ္ဝင္ကြၽံက်သြားခဲ့ရသည္။

တစ္ခ်ိန္ခ်ိန္ေတာ့ သူ႕ရဲ႕ခ်စ္ရသူေလးကိုၿမိဳသိပ္ထားတဲ့ခံစားခ်က္ေတြအေၾကာင္း သူဖြင့္ေျပာျပမွာပါ။

ဒါေပမယ့္ အဲ့အခ်ိန္ကအရမ္းေနာက္က်သြားခဲ့ၿပီးသူ႕ေနရာမွာအစားထိုးဖို႔တစ္စုံတစ္ေယာက္ကို ထိုေကာင္ေလးက႐ွာေတြ႕သြားခဲ့ရင္ သူဘယ္လိုလုပ္ရမလဲ ?

သူထိန္းမရေအာင္႐ူးသြပ္သြားေလမလား ဒါမွမဟုတ္ကြဲေၾကေနတဲ့ႏွလုံသားတစ္စုံနဲ႔အတူသူေသဆုံးသြားခဲ့ေလမလား?

အနက္ေရာင္ေက်ာပိုးအိတ္ရဲ႕ဇစ္ေလးကိုဆြဲပိတ္လိုက္ၿပီးေနာက္ သူ၏ေက်ာထက္မွာတင္လိုက္သည္။

႐ိႈင္းေလးသာအစားထိုးတစ္ေယာက္ေတြ႕သြားခဲ့ရင္ဆိုတဲ့အေတြးေတြကို သူ႕ရဲ႕ေခါင္းထက္မွာေနရာလပ္မ႐ွိေအာင္ေတြးေနမိတဲ့အခ်ိန္ ကႀကီးပုံေရးေရးေလးေကြးေနတဲ့ ႏႈတ္ခမ္းသားတို႔ကမ်ဥ္းေျဖာင့္သ႑ာန္ေစ့ပိတ္ေနၿပီး မ်က္ဝန္းေတြက ေရခဲေခ်ာက္နက္တစ္ခုအလားေအးစိမ့္နက္ေမွာင္ေနကာစူး႐ွခက္ထန္ေနသည္။

အနက္ေရာင္Sneakerရဲ႕ဖိနပ္ႀကိဳးေလးကိုခပ္တင္းတင္းခ်ည္လိုက္ၿပီးေနာက္ အခန္းထဲကေနေလွ်ာက္လွမ္းထြက္သြားကာ အခန္းတံခါးကိုဂ်ိန္းခနဲပိတ္ခ်လိုက္ေတာ့သည္။

႐ိႈင္းမ႐ွိတဲ့ဤအခန္းလြတ္ႀကီးထဲမွာသူလည္းမေနခ်င္ခဲ့ေပ။

ထို႔ေနာက္ အဆုံးသတ္စရာကိစၥတစ္ခုအတြက္ ၿမိဳ႕ထဲသို႔ထြက္လာခဲ့လိုက္သည္။

သူ႕ရဲ႕မ်က္ဝန္းေတြထဲကိုတျဖည္းျဖည္းတိုးဝင္လာတဲ့တိုက္ျဖဴေလးကိုၾကည့္ေနရင္း
ထိုတိုက္ျဖဴေလးထဲမွာ သူ႕အကူအညီကိုလိုအပ္ေနတဲ့ မိန္းကေလးတစ္ေယာက္နဲ႔မိခင္တစ္ေယာက္ ႐ွိေနတဲ့အေၾကာင္းေတြးမိလိုက္တဲ့အခါ သူဇေဝဇဝါျဖစ္သြားရသည္။

သူဒီလိုလုပ္လိုက္တဲ့အတြက္ သူမတို႔အေပၚတရားပါ့မလားဆိုၿပီးခနတျဖဳတ္ေတြေဝမိသြားေပမယ့္ ႐ိႈင္းရဲ႕မ်က္ႏွာေလးကိုျပန္ျမင္ေယာင္မိတဲ့အခါသူဆက္ၿပီးဟန္ေဆာင္မေနခ်င္ေတာ့ဘူးဆိုတာအတပ္ေသခ်ာသြားခဲ့သည္။

သူ သူမနဲ႔တကယ္အဆုံးသတ္လိုက္ခ်င္ေလၿပီ။ ဒါမွသာ သူ႕ႏွလုံးသားထဲကလူသားေလးအတြက္တရားမည္မဟုတ္ပါလား။

ျခံဝန္းေလးထဲဝင္လိုက္ေတာ့အိမ္ေ႐ွ႕၌ပန္းပင္ေတြကိုေရေလာင္းေနတဲ့အန္တီစႏၵာကိုေတြ႕လိုက္ရတဲ့အခါ ထုံးစံမပ်က္ သူျပဳံးျပလိုက္သည္။သို႔ရာတြင္ထိုအျပဳံးတို႔အတြက္ သူ၏စိတ္တို႔ကေပါ့ပါးျခင္းတို႔႐ွိမေနခဲ့ေခ်။

ေလးလံေနလိုက္တာေက်ာက္ခဲတစ္ပိႆာမွ်ဆြဲထားေလသလားေအာက္ေမ့ရေပသည္။

"အန္တီ"

"သားရာက္လာတယ္ ဟုတ္လား။သမီးကို သားေရာက္လာေၾကာင္းသြားေျပာလိုက္ဦးမယ္"

"အန္တီ!"

မင္းခန္႔ထည္ ေဒၚစႏၵာေသာ္ရဲ႕လက္ကိုဖမ္းဆြဲလိုက္ၿပီးတားျမစ္လိုက္သည္။

"အန္တီ က်ေနာ္အန္တီနဲ႔သီးသန္႔ေျပာစရာေလး႐ွိလို႔ပါ။ျဖဴ႕ကိုက်ေနာ္ေရာက္ေနတဲ့အေၾကာင္းမေျပာပါနဲ႔လား"

"ေအာ္... ေအးပါကြယ္"

ေဒၚစႏၵာေသာ္ကထိုသို႔ေရ႐ြတ္လိုက္ၿပီးေနာက္ မင္းခန္႔ထည္အားအလွေမြးငါးကန္ေလးေဘး႐ွိေက်ာက္ျဖဴခုံဝိုင္းေလးဆီသို႔ေခၚလာလိုက္ကာထိုကေလးေျပာျပမည့္စကားမ်ားအားနားေထာင္ရန္အသင့္ျပင္လိုက္သည္။

"ေျပာေလ သား။"

"ဟုတ္"

မင္းခန္႔ထည္ကသက္ျပင္းတစ္ခ်က္ခ်ကာအ႐ွိန္ယူလိုက္ရင္းစကားစလိုက္သည္။
သူ၏စကားသံတို႔ထဲမွာ ႏွလုံးသားထဲကခ်မွတ္ေပးထားတဲ့သံႏၷိဌာန္တို႔အတိုင္းလုံးဝျပတ္သားလို႔ေနခဲ့သည္။

"က်ေနာ္ ေမာင္မျဖစ္ေပးႏိုင္ေတာ့ဘူး အန္တီ။"

ေဒၚစႏၵာေသာ္ရဲ႕ႏႈတ္ခမ္းေတြကအနည္းငယ္ပြင့္ဟသြားရကာ အံ့အားသင့္မွင္သက္သြားခဲ့ရေပမယ့္ ျငင္းဆန္ေသာစကားတစ္ခြန္းတစ္ေလမွ်သူမျပန္မေျပာလာခဲ့ေပ။
သူမရဲ႕မ်က္ဝန္းေတြကိုသာတဖ်က္ဖ်က္ခတ္ေနခဲ့ရင္း ၿငိမ္က်သြားခဲ့႐ွာသည္။

ေဒၚစႏၵာေသာ္ရဲ႕တုံ႔ျပန္ပုံကိုၾကည့္ေနရင္း မင္းခန္႔ထည္ဟာ ႀကီးစြာေသာစိတ္မေကာင္းျဖစ္မႈတို႔ကိုရင္နဲ႔မဆန္႔ေအာင္ခံစားေနရေပမယ့္ သူ၏စကားတို႔ကိုျပန္႐ုတ္သိမ္းဖို႔အတြက္ေတာ့ဆႏၵမ႐ွိခဲ့ေပ။သူ႕ခ်စ္ရသူေလးအတြက္ဘယ္လိုနည္းနဲ႔မွ႐ုတ္သိမ္းႏိုင္လိမ့္မည္မဟုတ္။

"က်ေနာ္ သူမခ်စ္သူအျဖစ္ဆက္ဟန္မေဆာင္ေပးႏိုင္ေတာ့ဘူး အန္တီ
က်ေနာ္႕မွာခ်စ္ရတဲ့သူ႐ွိေနၿပီ။
သူ က်ေနာ္႕ေၾကာင့္နာက်င္ေနရမွာကိုက်ေနာ္မလိုလားဘူး"

"အဲ့ဒါေၾကာင့္ဒီကိစၥကိုက်ေနာ္ ဒီမွာတင္ရပ္တန္႔ပစ္ခ်င္ပါၿပီ။
က်ေနာ္ကတာဝန္မဲ့တဲ့လူတစ္ေယာက္မို႔လို႔ ခြင့္လႊတ္ေပးပါလို႔လည္း က်ေနာ္မေတာင္းဆိုေတာ့ပါဘူး"

ထိုစကားတို႔ကိုဆိုၿပီးတဲ့အခါ မင္းခန္႔ထည္ကသူ၏ေခါင္းေလးကိုအျပစ္သားတစ္ေယာက္ကဲ့သို႔ငိုက္စိုက္ထားတာကိုျမင္ေတာ့ေဒၚစႏၵာေသာ္ခမ်ာမၾကည့္ရက္ခဲ့ေပ။သူမ ထိုကေလးရဲ႕ေအးစက္စက္လက္ကေလးေတြကိုဆုပ္ကိုင္လိုက္ၿပီးေနာက္ ေႏြးေထြးျငင္သာစြာခပ္ဖြဖြပုတ္ေပးလာခဲ့သည္။

".....သား....သားကတာဝန္မဲ့တဲ့လူတစ္ေယာက္မဟုတ္ပါဘူးကြယ္။
သားအေပၚအားနာစရာေတြေတာင္းဆိုခဲ့မိတာကအန္တီပါ။သားကိုယ္သား အျပစ္မတင္ပါနဲ႔ကေလး.....အခု သားေလွ်ာက္ရမယ့္ကိုယ္ပိုင္လမ္းကိုေတြ႕သြားၿပီမို႔လို႔ ထြက္သြားဖို႔ရာအန္တီမဟန္႔တားရက္ပါဘူး သားငယ္။"

ထိုအခါ မင္းခန္႔ထည္ကမ်က္လႊာခ်လ်က္ေဒၚစႏၵာေသာ္ရဲ႕လက္ေတြကိုျပန္ေထြးပိုက္လိုက္ေတာ့သည္။သူ႕ထံ၌ ထိုအမ်ိဳးသမီးအားမ်က္လုံးခ်င္းဆုံၾကည့္ရဲေလာက္တဲ့အထိယုံၾကည္ခ်က္တို႔႐ွိမေနေပ။

"သားကမွန္ကန္တဲ့လမ္းကိုအခုမွေ႐ြးလိုက္တာပါ ခန္႔ထည္။အဲ့အတြက္ သား အန္တီကိုေတာင္းပန္စရာမလိုသလိုအားတုံ႔အားနာျဖစ္ေနစရာလည္းမလိုဘူး။
အန္တီ့သမီးကို သားအေပၚထပ္မေႏွာက္ယွက္ေအာင္ အန္တီထိန္းေပးထားပါ့မယ္။သားကသားခ်စ္ရတဲ့သူကိုအေကာင္းမြန္ဆုံးခ်စ္ေပးဖို႔သာအာ႐ုံစိုက္ေတာ့ဟုတ္ၿပီလား"

သေဘာထားႀကီးလြန္းတဲ့ေဒၚစႏၵာေသာ္ရဲ႕ထိုစကားေတြကိုနားေထာင္ေနရင္းသူ႕ရဲ႕ႏွာေခါင္း႐ိုးထဲမွာတင္းၾကပ္႐ွတလာရသည္။

သူမကထိုေကာင္ေလးကိုစိတ္ထားေပ်ာ့ေပ်ာင္းလိုက္တဲ့ကေလးဆိုတဲ့အၾကည့္တို႔နဲ႔ၾကည့္ေနရင္း ေအာက္ကိုငုံ႔ထားတဲ့မင္းခန္႔ထည္ရဲ႕မ်က္ႏွာေလးကိုပင့္တင္လိုက္ေလသည္။

"အန္တီ ...ေနာက္ပိုင္းက် က်ေနာ္ဒီကိုလာျဖစ္ခ်င္မွလာျဖစ္မွာမို႔လို႔ က်န္းမာေရးကိုဂ႐ုစိုက္ပါေနာ္။
တကယ္လို႔ျဖဴ႕ကိုအန္တီကိုယ္တိုင္ထိန္းထားဖို႔အဆင္မေျပရင္ က်ေနာ္႕ဆီကိုလႊတ္ေပးလိုက္ပါ။က်ေနာ္ သူမနားလည္ေအာင္႐ွင္းျပေပးပါ့မယ္"

"မျဖစ္ပါဘူး သားရယ္။အဲ့ကေလးမေလးကအစြဲအလမ္းအရမ္းႀကီးတယ္။ သားကိုအေႏွာက္အယွက္ပဲထပ္ေပးမိလိမ့္မယ္။စိတ္မပူနဲ႔ေနာ္ သား အန္တီေျဖ႐ွင္းေပးပါ့မယ္။"

ေဒၚစႏၵာေသာ္တစ္ေယာက္ မင္းခန္႔ထည္ကိုျပဳံးၿပီးၾကည့္ေနမိသည္။သူမရဲ႕မ်က္ဝန္းရိပ္တို႔ကနီရဲေနကာအားတင္းျပဳံးေနေသာ္လည္း ထိုမ်က္ဝန္းေတြထဲ၌ အျပဳံးရိပ္တို႔ကေရးေရးေလးသာဖုံးလႊမ္းေနေခ်သည္။

မင္းခန္႔ထည္ဆိုတဲ့ေကာင္ေလးတစ္ေယာက္ကသမီးျဖစ္သူနဲ႔လအနည္းငယ္အၾကာတြဲၿပီးျပတ္သြားတယ္ဆိုတဲ့သတင္းကိုၾကားသိခဲ့တဲ့အခ်ိန္က ဒီေကာင္ေလးကိုပထမဆုံးစသိခဲ့တဲ့အခ်ိန္ျဖစ္ၿပီး သူမ ထိုကေလးအေပၚအရမ္းစိတ္ဆိုးခဲ့ရတယ္။

သူမသမီးျဖစ္သူက ဒီကေလးစိတ္ေၾကာင့္ လက္ေကာက္ဝတ္ကိုျဖတ္ေတာက္ပစ္ခဲ့တဲ့အျဖစ္က သူမရဲ႕ရင္ကိုမီးၿမႇိဳက္ေလာင္ကြၽမ္းေစခဲ့ေပသည္။

လာျပန္ၿပီ သွ်ားထက္ေမာင္ေနာက္တစ္ေယာက္ဟူ၍လည္း သူမလြန္စြာနာက်ည္းမိခဲ့ေလ၏။

သို႔ေသာ္ မင္းခန္႔ထည္ဆိုတဲ့လူသားေလးဟာသူမ ထင္မွတ္ထားသကဲ့သို႔ေမာက္မာ႐ိုင္းစိုင္းတဲ့လူေဇာ္တစ္ေယာက္မဟုတ္ခဲ့ေပ။

သူဟာတာဝန္သိတတ္တဲ့လူေကာင္းေလးတစ္ေယာက္ျဖစ္ခဲ့ၿပီး သူၾကားဖူးေသာကုထုံးတစ္ခုနဲ႔ကုသရန္ပါအၾကံေပးလာခဲ့သည္။

မွတ္ဥာဏ္တုဖြဲ႕စည္းျခင္းဆိုတဲ့စိတ္ေရာဂါကုထုံးကို႐ွာေဖြေတြ႕႐ွိခဲ့ၿပီးေနာက္ သူမေတာင္းဆိုခ်က္အတိုင္း အျပစ္ေႂကြးကိုျပန္ဆပ္တဲ့အေနျဖင့္ သမီးျဖစ္သူရဲ႕မွတ္ဥာဏ္ထဲကသွ်ားထက္ေမာင္အျဖစ္ေနေပးဖို႔သေဘာတူခဲ့ေလသည္။

ေဆးကုသေနစဥ္တစ္ေလွ်ာက္လုံး ထိုလူသားေလးကပဲဦးေဆာင္ကူညီေပးခဲ့ကာထိုကုသမႈေၾကာင့္ သူမသမီးေလးေနျပန္ေကာင္းလာခဲ့တာကိုသူမမ်က္ျမင္ျပန္ေတြ႕ခဲ့ရသည္။

သူမအတြက္အလိုခ်င္အေတာင့္တရဆုံးျဖစ္တဲ့ ခ်စ္စရာေကာင္းၿပီးအၿမဲတမ္းတက္ႂကြလန္းဆန္းေနတတ္ေသာသမီးေလးကမိခင္ျဖစ္သူရဲ႕ရင္ခြင္ထက္ဆီ အရင္ကအခ်ိန္ေတြအတိုင္းျပန္ခိုဝင္လာခဲ့တဲ့အခ်ိန္ကစ
မင္းခန္႔ထည္ဆိုတဲ့လူသားေလးကသူမတို႔သားအမိအတြက္ ဘုရားသခင္ကဖန္ဆင္းေပးခဲ့တဲ့ကယ္တင္႐ွင္တစ္ေယာက္လိုပါပဲ။

ဒါေပမယ့္ တစ္ေန႔....... ဒီေန႔လိုအခ်ိန္မ်ိဳးေရာက္လာဖို႔ကိုသူမေစာင့္ေနခဲ့တာၾကာခဲ့ၿပီပင္။

သူမတို႔သူေလးကိုလႊတ္ေပးသင့္ပါၿပီေလ။ သူဆိုတာလည္းႏွလုံးသား႐ွိတဲ့လူသားေလးတစ္ေယာက္ေပမို႔ သူခ်စ္တတ္တယ္ဆိုတာဟာမမွားပါေပ။

သူအရမ္းခ်စ္ရတယ္ဆိုတဲ့ေကာင္မေလးကေကာဘယ္သူမ်ားပါလိမ့္ေနာ္။

'ဘယ္သူမွန္းမသိေပမယ့္ ဒီလိုကေလးမ်ိဳးရဲ႕အခ်စ္ခံရတယ္ဆိုကတည္းကမင္းသိပ္ကံေကာင္းတာပဲကြယ္။ မင္းတို႔ခ်င္းလိုက္ဖက္ၾကမွာပါ'

ေဒၚစႏၵာေသာ္ကတစ္ခ်က္ပင့္႐ိႈက္လိုက္လ်က္သူမရဲ႕လက္ေတြကိုဆန္႔တန္းေပးလိုက္တဲ့အခါ မင္းခန္႔ထည္ဆိုတဲ့ထိုကေလးကလည္းဝမ္းနည္းရိပ္တို႔သမ္းေနတဲ့မ်က္ဝန္းေတြနဲ႔အတူ သူမရဲ႕လက္ေတြၾကားထဲတိုးဝင္လာခဲ့သည္။ မင္းခန္႔ထည္ရဲ႕ပုခုံးေလးကိုကေလးသိပ္သကဲ့သို႔ျငင္သာဖြ႐ြသာပြတ္သပ္ေပးေနရင္းေခ်ာ့ျမဴေနခဲ့ေပသည္။

"အယ္ .. ဒီကေလး အသက္ကဘယ္ေလာက္႐ွိေနၿပီတုန္း ငိုဖို႔စဥ္းစားေနတုန္းပဲလား ? "

"က်ေနာ္ေတာင္းပန္ပါတယ္ အန္တီ"

ေဒၚစႏၵာေသာ္ဟာမင္းခန္႔ထည္ကိုဖက္ေပးထားရင္းနဲ႔ထိုေကာင္ေလးရဲ႕မျမင္ကြယ္ရာမွာသူမရဲ႕မ်က္ရည္ေတြကိုတိတ္တဆိတ္ပြတ္သုတ္ေန႐ွာသည္။သူမရဲ႕မ်က္ရည္ေတြကိုထိုကေလးအားမျမင္ေစလိုေပ။

ဒီလိုစိတ္ေပ်ာ့တတ္တဲ့ကေလးသာသူမမ်က္ရည္ေတြကိုျမင္သြားခဲ့ပါလွ်င္ စိတ္ေအးခ်မ္းသာစြာနဲ႔စြန္႔ခြာသြားဖို႔တြန္႔ဆုတ္ေနေပလိမ့္မည္။ဒါဟာသူမမလိုခ်င္ဆုံးေသာအရာေပ။

"ခ်စ္သူ!!!!!! သူက ဘယ္သူလဲ?????"

ထိုအခ်ိန္၌ ပန္ျခံအေနာက္နား႐ွိအပင္ေလးကိုကြယ္ဝွက္ကာရပ္ေနေသာပိန္ပါးေဖ်ာ့ေတာ့ေနသည့္မိန္းမလွေလးတစ္ေယာက္႐ွိခဲ့သည္။သူမရဲ႕မ်က္ဝန္းေတြကနီရဲေတာက္ေနခဲ့ကာေသြးမ်က္ရည္ေတြပါတသြင္သြင္စီးက်လာေတာ့မည့္အလား။

မခံမရပ္ႏိုင္ျဖစ္ေနေသာေဒါသတို႔ကတလိပ္လိပ္ထိုးတက္လာတာေၾကာင့္ေအာက္ႏႈတ္ခမ္းသားေလးကိုတင္းခံၿပီးကိုက္ခဲထားတဲ့အခါ ေသြးစက္ကေလးေတာင္ဆို႔ေနခဲ့ရေခ်ၿပီ။

'ငါ့ဆီကေနေမာင့္ကိုလုယူဖို႔ႀကိဳးစားခ်င္တဲ့ဘယ္သူပဲျဖစ္ျဖစ္ ငါနင့္ကိုလုံးဝခြင့္မလႊတ္ဘူး!!!'

••••••••••••••••••••••••••••••••••••••••••••••••••

ေဆးစစ္ဖို႔အတြက္ေဆး႐ုံသို႔သြားမည့္အေၾကာင္းကိုမင္းခန္႔ထည္္အား လွ်ိဳ႕ဝွက္ထိန္ခ်န္ထားခဲ့တဲ့႐ိႈင္းေဇယံေလးဟာၿမိဳ႕လည္ေခါင္ကအႀကီးဆုံးေဆး႐ုံျဖစ္တဲ့ပုဂၢိလိကပိုင္ေဆး႐ုံႀကီးရဲ႕အထပ္ျမင့္ေတြဆီသူေမးေမာ့ၾကည့္ေနရင္းထိုေဆး႐ုံႀကီးထဲကိုဝင္ဖို႔ေတာ္ေတာ္အခ်ိန္ယူလိုက္ရသည္။

ဒီေန႔ကသူေဆးစစ္ရမယ့္ရက္မဟုတ္ေပမယ့္ေရခ်ိဳးခန္းငယ္ေလးထဲကေသြးသံတရဲရဲျဖစ္ရပ္နဲ႔ၾကဳံေတြ႕ရၿပီးေနာက္ေသျခင္းတရားကိုသူအခ်ိန္တိုင္းလိုလိုေၾကာက္႐ြံ႕ေနခဲ့ရကာပုံမွန္စမ္းသပ္စစ္ေဆးမႈေတြကိုျပဳလုပ္ဖို႔ အတြက္ေဆး႐ုံသို႔ေရာက္လာခဲ့ရျခင္းေပ။

ထို႔ေနာက္ ဟူးခနဲသက္ျပင္းတစ္ခ်က္ခ်ကာလွ်ာထိုးဦးထုပ္ေလးကိုေသခ်ာေဆာင္းလိုက္ၿပီးလြယ္အိတ္ႀကိဳးတစ္ဖက္ကိုက်စ္က်စ္ဆုပ္လိုက္လ်က္တုံ႔ဆိုင္းျခင္းမ႐ွိစြာဝင္ခ်သြားေတာ့ေပသည္။

ပုဂၢလိကေဆး႐ုံျဖစ္တဲ့အေလ်ာက္ေဆး႐ုံႀကီးရဲ႕အတြင္းပိုင္းအျပင္အဆင္ကအထက္တန္းဆန္စြာေခတ္မွီအဆင့္ျမင့္သည္။

ေဆး႐ုံေအာက္ဆုံးထပ္ကေကာင္တာဆီသူတစ္လွမ္းခ်င္းေလွ်ာက္သြားလိုက္ၿပီးေနာက္ ထိုေနရာမွာထိုင္ေနတဲ့သူနာျပဳေလးမ်ားအားေမးလိုက္ေလသည္။

"က်ေနာ္ ဒီကပါရဂူႀကီးနဲ႔ေတြ႕လို႔ရမလား"

"ႀကိဳတင္ခ်ိန္းထားၿပီးသားလား႐ွင့္"

"မခ်ိန္းထားပါဘူး။"

"အဲ့တာဆိုေနာက္ေန႔မွျပန္လာခဲ့ပါလား႐ွင့္။ဒီေန႔ ပါရဂူႀကီးကအစည္းအေဝးထိုင္ရမွာမို႔လို႔ပါ"

"အာ....ဟုတ္ကဲ့ပါ"

စိတ္ထဲအသင့္ျပင္ၿပီးလာခါမွအဆင္မေျပတာေၾကာင့္ သူ၏ေျခလွမ္းမ်ားကိုေလးပင္စြာသယ္လိုက္ရင္း စႀကႍလမ္းေလးအတိုင္းျပန္ေလွ်ာက္လာမိသည္။

သူ၏လွ်ာထိုးဦးထုပ္ေလးအားခပ္ငိုက္ငိုက္ေဆာင္းလိုက္စဥ္ျငင္သာၾသ႐ွစြာခြင္းထြက္လာတဲ့ေခၚသံတစ္သံကို သူ႕ရဲ႕အေနာက္နားကေနၾကားလိုက္ရသည္။

"႐ိႈင္းေဇယံ!!!"

မိႈင္ေတြမိန္းေမာေနတဲ့အခ်ိန္နားစည္ထဲသို႔တိုးဝင္လာတဲ့ ေယာက်ာ္းတစ္ေယာက္၏အသံေၾကာင့္ ႐ိႈင္းေျခလွမ္းမ်ားအားရပ္တန္႔လိုက္ၿပီးအသံလာရာကိုဆတ္ခနဲလွည့္ၾကည့္လိုက္တဲ့အခါ
ဂ်ဴတီကုတ္အျဖဴေရာင္ေလးျဖင့္သန္႔ျပန္႔ကာစူပါေမာ္ဒယ္တစ္ေယာက္ကဲ့သို႔ခန္႔ညားၾကည့္ေကာင္းလြန္းတဲ့ေယာက်ာ္းတစ္ေယာက္က လက္ထဲမွာ Stethoscope ေလးကိုကိုင္လ်က္သူ႕ဘက္သို႔ေလွ်ာက္လာေနသည္ကိုေတြ႕လိုက္ရသည္။

ထိုဆရာဝန္ေလးက႐ိႈင္းအနားသို႔ေရာက္ေသာ္႐ိႈင္းရဲ႕ပုခုံးေပၚသို႔လက္တင္ဖက္လိုက္ရင္းႏူးညံ့ၾကည္လင္စြာျပဳံးလ်က္ဆိုသည္။

"ငယ္ေလး။မင္း ဒီကိုဘာလာလုပ္တာလဲ။ေနမေကာင္းလို႔လား"

႐ိႈင္းကသူ၏ပုခုံးေပၚကိုေရာက္လာတဲ့လက္တစ္ဖက္အားခ်က္ခ်င္းဖယ္ခ်လိုက္ကာထိုဆရာဝန္ေလးအားသူစိမ္းဆန္စြာျပန္ေမးလိုက္သည္။

"ခမ်ားက ဘယ္သူလဲ"

"အယ္ ကေလးေလးကေတာ့ေနာက္ၿပီ...."

ဟုထိုဆရာဝန္ေလးကမေက်မနပ္ျဖစ္စြာရယ္သံလြင္လြင္နဲ႔ေရ႐ြတ္လိုက္လ်က္ ႐ိႈင္းေဇယံရဲ႕ဦးထုပ္ေလးကိုဆြဲခြၽတ္လိုက္ၿပီးေနာက္ ႏူးအိအိဆံသားေလးေတြကိုထိုးဖြလိုက္ပါေတာ့သည္။

"ငယ္ေလးလို႔မင္းကိုေခၚတာ ဘယ္သူ႐ွိေသးလို႔တုန္းကြ။မေတြ႕ရတာဘယ္ေလာက္ၾကာၿပီလဲ...၃ႏွစ္ေလာက္လား  အဲ့ေလာက္ေလးမေတြ႕ရတာနဲ႔ပဲ မင္းရဲ႕ေသြးေသာက္အကိုတစ္ေယာက္လုံးကိုေမ့သြားတယ္ေပါ့ေလ"

"အာ.......ကိုစိုင္းလား!!!!!"

ထိုအခါမွသူ႕ရဲ႕ဦးေႏွာက္ထဲမွာအေရာင္မွိန္ေဖ်ာ့ေနၿပီျဖစ္တဲ့မွတ္ဥာဏ္ဖန္လုံးေလးကအလင္းတစ္စနဲ႔အတူျပန္လင္းလက္လာခဲ့ကာ သူ႕ရဲ႕မ်က္စိေ႐ွ႕မွာအခုရပ္ေနတဲ့လူသားအားအျပန္ျပန္အလွန္လွန္ၾကည့္႐ႈမိေလ၏။

ကိုစိုင္းတဲ့ဒီလူက....

ကိုစိုင္းကအရင္တုန္းက ဒီ့ထက္လည္းနည္းနည္းပိန္ပါးသလိုအရပ္ကျမင့္ေတာ့ျမင့္ေပမယ့္ဒီေလာက္ထိမျမင့္သလိုပါပင္။ခန္႔မွန္းေျခအရဆို အဲ့တုန္းကကိုစိုင္းရဲ႕အရပ္က180 cmေက်ာ္ေက်ာ္ေလာက္သာ႐ွိခဲ့ေပမယ့္အခုတြင္ေတာ့190 cmေတာင္႐ွိေနခဲ့ေလၿပီ။

႐ုပ္ရည္ကေတာ့ အရင္ကတည္းကေခ်ာေမာခဲ့တယ္ဆိုေပမယ့္ ရင့္က်က္တည္ၾကည္တဲ့ေရာင္ဝါတို႔က လူတစ္ေယာက္ရဲ႕အသြင္သ႑ာန္ကိုမ်ားစြာေျပာင္းလဲေပးခဲ့ကာပိုၿပီးခန္႔ညားေစခဲ့သည္။

အထူးသျဖင့္ပခုံးထက္သို႔ဝဲက်ေနတဲ့ေငြေရာင္ႀကိဳးမွ်င္ေလးေတြပါ႐ွိတဲ့ ေငြေရာင္ကိုင္းမ်က္မွန္ေလးက အရင္ကေျပာင္ေခ်ာ္ေခ်ာ္ႏိုင္တဲ့လူသားအား တည္ၿငိမ္မႈအျပည့္ျဖင့္ေၾကာ့႐ွင္းေအးစက္တဲ့အသြင္ေဆာင္ေစသည္မွာ လုံးဝတျခားတစ္ေယာက္အတိုင္းပင္။

ဒီႏွစ္ေတြထဲဘာေတြမ်ားလုပ္လိုက္လို႔ဒီေလာက္ထိ အမ်ားႀကီးေျပာင္းလဲသြားပါလိမ့္ေနာ္။

ကိုစိုင္းဒီလိုေျပာင္းလဲသြားတဲ့ပုံမ်ိဳး
ကိုသာ ကိုႀကီးေတြ႕ၿပီးသြားရင္ ဘယ္လိုတုံ႔ျပန္မလဲဆိုတာသိခ်င္လိုက္တာ.....

"အဟမ္း...မင္းဘာေတြေတြးေနတာလဲ။
ကိုယ့္ကိုေႂကြသြားတယ္လို႔ေတာ့မေျပာနဲ႔ေနာ္"

ထိုေျပာင္ေခ်ာ္ေခ်ာ္အက်င့္ကေတာ့ဘယ္ေဆးနဲ႔ပဲခြၽတ္ခြၽတ္မေျပာင္ခဲ့ဟန္တူသည္။မ်က္ႏွာေျပာင္တိုက္လြန္းတဲ့အ႐ွက္မ႐ွိခ်က္ကေတာ့အရင္တိုင္းပဲျဖစ္ကာ ႐ိႈင္းေဇယံကလက္ခါသည့္ႏွယ္မ်က္ျဖဴလွန္ျပလိုက္ေတာ့သည္။

'ခမ်ားထက္ေခ်ာတဲ့လူကိုက်ေနာ္ေတြ႕ၿပီးသားဗ်'ဆိုတဲ့စကားလုံးေလးေတြကိုေတာ့ အင္တင္တင္အျပဳံးေလးေနာက္မွာခ်န္ထားခဲ့ကာ မထုတ္ေျပာလိုက္ေပ။

"ကိုစိုင္းကအရမ္းေျပာင္းလဲသြားတာကိုး။က်ေနာ္ကဘယ္လိုလုပ္မွတ္မိမလဲဗ်"

"မင္းကသာ ငါေျပာင္းလဲမွန္းသိတာ။ဟိုေကာင္ဆက္ယံက ငါ့ကိုျမင္ေတာ့ဘယ္လိုမွေတာင္မေနဘူး။ဘာမွလည္းမေျပာဘူး"

" ကိုႀကီးကေလ! ကိုႀကီးနဲ႔ေတြ႕ၿပီးၿပီလား"

"အင္း။ဟိုလတုန္းကေဆး႐ုံမွာေတြ႕တာ"

'အံ့ၾသဘ။ကိုႀကီးကဘာမွမျဖစ္ဘူးတဲ့လား။မျဖစ္ႏိုင္လိုက္တာ......'

ထိုသို႔စကားလက္ဆုံက်ေနၿပီးေနာက္ စိုင္းသီဟကအဓိကအခ်က္ကိုျပန္သတိရသြားကာ စိုးရိမ္တဲ့ေလသံနဲ႔အတူေမးလာခဲ့သည္။

"ငယ္ေလး ေနမေကာင္းလို႔လား ေဆး႐ုံကိုလာတာ......"

"ေနေကာင္းပါတယ္ က်ေနာ္ေဆးစစ္ရမယ့္အပတ္ေက်ာ္သြားလို႔ ပါရဂူႀကီးနဲ႔ျပန္ညႇိဖို႔စဥ္းစားထားတာ။ ဒါေပမယ့္ ပါရဂူႀကီးကဒီေန႔မအားေသးဘူးတဲ့"

"အဲ့ေဆးစာအုပ္အကို႔ကိုေပး အကိုအကူအညီေတာင္းၿပီးအခုစစ္ခိုင္းလိုက္မယ္ေလ။
ေနာက္... ေဆးစစ္ခ်က္ရမွလာယူေပါ့။လာမယူခ်င္လည္းအကိုပို႔ေပးလိုက္မယ္ကြာ။
သန္လ်င္ကေတာင္လာရတာ ဒီအတိုင္းျပန္သြားလို႔ဘယ္ျဖစ္မလဲ။"

"ဒါဆို က်ေနာ္....ေသြးထပ္ေဖာက္ရဦးမွာေပါ့ေနာ္"

"ဒါေပါ့။ဒါမွမဟုတ္ ဒီေန႔မစစ္ခ်င္ေသးဘူးလား။ငယ္ေလး သေဘာေနာ္။အကိုအတင္းမတိုက္တြန္းပါဘူး"

႐ိႈင္းလည္းေခတၱခနတိတ္ဆိတ္သြားၿပီးေနာက္ေခါင္းၿငိမ့္ကာသေဘာတူလာခဲ့သည္။

"ဒါဆို က်ေနာ္ဒီေန႔ရေအာင္ေဆးစစ္သြားလိုက္ပါ့မယ္။
ေဆးစစ္ျဖစ္ဖို႔ကက်ေနာ္လာရင္းကိစၥဆိုေတာ့ေလ... ေဆးစစ္ခ်က္ရတဲ့အခါက် က်ေနာ္တစ္ေခါက္ထပ္ၿပီးလာယူလိုက္မယ္
က်ေနာ္႕ကိုကူညီေပးလို႔ေက်းဇူးပါ ကိုစိုင္း"

"ကိစၥမ႐ွိပါဘူးကြာ"ဟု စိုင္းသီဟကျပဳံးရယ္ကာဆိုလာ၍ ေကာင္ေလးရဲ႕ဆံပင္ေလးေတြကိုခ်စ္စႏိုးနဲ႔ထိုးဖြလိုက္ျပန္ေလသည္။

႐ႈပ္ပြသြားတဲ့ဆံပင္ေလးေတြကိုျပန္သပ္လိုက္ရင္းဆရာဝန္ေလးစိုင္းသီဟေခၚရာေနာက္သို႔သူလိုက္သြားလိုက္ၿပီး ေဆးစစ္ဖို႔ေသြးေဖာက္ရေတာ့သည္။

ေသြးတစ္ခါေဖာက္တယ္ဆိုတာသူ႕အတြက္အ႐ွင္လတ္လတ္က်တဲ့ငရဲလိုပါပဲ။
ဒီနာက်င္မႈႀကီးကလူမွန္းသိတတ္စအ႐ြယ္ကတည္းကသူခံစားခဲ့ရေပမယ့္အခုခ်ိန္ထိက်င့္သားမရေသးေပ။

အဲ့ဒါေၾကာင့္လည္း ဒီနာက်င္စရာေတြဆီကေနသူခနခနေ႐ွာင္ေျပးေနခဲ့ရတာေပါ့။
ဒါေပမယ့္ ဒီတစ္ခါေတာ့ သူ မေ႐ွာင္ေျပးခ်င္ေတာ့ေပ။

သူသိပ္ခ်စ္ရတဲ့လူသားတစ္ဦးရဲ႕ေဘးနားကေန မထြက္သြားႏိုင္ေသးတဲ့အတြက္ေသြးေဖာက္ထုတ္ရတဲ့ဒီနာက်င္မႈေဝဒနာေတြကိုေက်ေက်နပ္နပ္ႀကီးလက္ခံလိုက္ဖို႔ရာေၾကာက္႐ြံ႕ေသာသူ၏ႏွလုံးသားတစ္စုံနဲ႔အတူ စိတ္ဝိဥာဥ္တို႔ကပါ ထပ္တူက်စြာ ကတိသစၥာျပဳလ်က္အသင့္ျဖစ္ေနခဲ့ရေခ်သည္။

မင္းခန္႔ထည္ဆိုတဲ့အႏွီလူသားအားသူဤေလာက္ထိစြဲစြဲလန္းလန္းခ်စ္ျမတ္ႏိုးပါ၏။

သူေဆးစစ္ၿပီးျပန္ထြက္လာတဲ့အခ်ိန္မွာခႏၶာကိုယ္ကေနအားတစ္ဝက္ယုတ္သြားတာေၾကာင့္ေလးလံေနတဲ့ေျခေထာက္၂ဖက္ကိုတ႐ြတ္တိုက္ဆြဲကာမလွမ္းမကမ္းမွာ႐ွိတဲ့ေကာ္ခုံေလးေပၚ၌ဝင္ထိုင္လိုက္ေတာ့သည္။

"ေရာ့ "

သူ႕ေ႐ွ႕သို႔Royal-Dဘူးေလးကအရံသင့္ေရာက္လာကာ  သူေမာ့ၾကည္္႕လိုက္ေတာ့အလင္းျပန္ေနတဲ့မ်က္မွန္ဝိုင္းဝိုင္းေအာက္မွာေကြးၫြတ္ေနတဲ့မ်က္ဝန္းတစ္စုံနဲ႔လူသားအားျမင္လိုက္ရသည္။

"ေက်းဇူးပါ ကိုစိုင္း"

႐ိႈင္းကကမ္းေပးလာေသာ ဘူးေလးအားအဖုံးဖြင့္လိုက္ၿပီးေနာက္ တစ္က်ိဳက္ေမာ့ေသာက္လိုက္တဲ့အခါစိုင္းသီဟက ေဘး၌ဝင္ထိုင္လိုက္ရင္း ျပဳံး၍ေမးလာခဲ့သည္။

"ငယ္ေလး မင္းအရင္လိုမဟုတ္ေတာ့ပါလား"

ထိုစကားၾကားေတာ့႐ိႈင္းရဲ႕မ်က္ခုံးတန္းေလးေတြကျမင့္တက္သြားရသည္။

"က်ေနာ္ကအခုဘယ္လိုပုံစံျဖစ္ေနလို႔လဲ"

"အရင္တုန္းက ငယ္ေလးဆိုတာက အေခ်တည္လူတန္းစားေလကြာ မဟုတ္လို႔လား။
အခုက်အကိုတိုက္တဲ့ Royal-Dေတာင္မျငင္းေတာ့ပဲေသာက္ခ်ပစ္ေနတတ္ၿပီ။
အခုအကိုေတြ႕ရသေလာက္ေျပာရမယ္ဆိုငယ္ေလးရဲ႕အမူအက်င့္ေတြကသိသိသာသာကိုေျပာင္းလဲေနတယ္။"

ဟုဆိုေနရင္း စိုင္းသီဟကခနရပ္လိုက္ၿပီးေနာက္ေကာင္ေလးရဲ႕လက္တစ္ဖက္ကိုတံေတာင္နဲ႔တစ္ခ်က္တြတ္လာခဲ့ကာစကားဆက္ႏိႈက္လာသည္။

"ဘာလဲ မင္းေလးကိုေျပာင္းလဲေပးတဲ့တစ္စုံတစ္ေယာက္မ်ား႐ွိေနၿပီမဟုတ္လား"

ထိုအခါ႐ိႈင္းကခပ္ဖြဖြရယ္လ်က္ေမးခြန္းျပန္ထုတ္လိုက္ေလ၏။

"ကိုစိုင္းကဘယ္လိုထင္လို႔လဲ"

"မျငင္းပဲေမးခြန္းျပန္ထုတ္ေနတဲ့ပုံအရဆို အကိုေျပာတာမွန္ေနတာေပါ့"

"မွန္တယ္လို႔လည္းမဆိုလိုသလို မွားတယ္လို႔လည္းမေျပာဘူး။တကယ္ေတာ့ သူကက်ေနာ္႕ကိုေျပာင္းလဲေပးတာမဟုတ္ပါဘူး။က်ေနာ္ကိုယ္တိုင္ကိုကသူ႕အတြက္ေျပာင္းလဲခ်င္ေနတာပါ..."

႐ိႈင္းကေရးေရးေလးျပဳံးကာဆိုေနစဥ္တြင္ ေကာင္ေလးရဲ႕ေသးငယ္တဲ့အျပဳံးေလးကေတာင္ လြန္စြာလွပလို႔ေန၏။ထိုအျပဳံးေတြကိုျမင္ေနရတဲ့စိုင္းသီဟကသူ႕ရဲ႕ႏႈတ္ခမ္းေတြကိုတြန္႔ေကြးလိုက္လ်က္ အခ်စ္မွာနက္နက္႐ိႈင္း႐ိႈင္းေပ်ာ္ဝင္ေန႐ွာတဲ့ၿမႇီးေကာင္ေပါက္ေလးအားစကားအစ္လိုက္ေတာ့သည္။

"ဘယ္သူလဲ ငယ္ေလးရဲ႕အခန္းေဖာ္မ်ားလား??"

"......"

႐ိႈင္းသူခိုးလူမိသြားသလိုခံစားလိုက္ရၿပီး မ်က္လုံးအျပဴးသားျဖင့္စိုင္းသီဟအားလွည့္ၾကည့္လိုက္မိသည္။
'သူ႕ကို ကိုစိုင္းကဘယ္လိုလုပ္သိေနတာလဲ' ဆိုတဲ့အၾကည့္ေတြနဲ႔ၾကည့္လိုက္႐ုံနဲ႔တင္
စိုင္းသီဟလိုလူလည္ႀကီးကရာႏႈန္းျပည့္သေဘာေပါက္လိုက္ၿပီျဖစ္သည္။

"မင္း ... ခန္႔...ထည္ဆိုလားပဲ သူ႕နာမည္ကေလ။ငယ္ေလးသန္လ်င္မွာေဆး႐ုံတက္ရတုန္းက ေခါင္းဒဏ္ရာကို အကိုကူခ်ဳပ္ေပးထားတာပါေနာ္။အကိုသန္လ်င္ကသူငယ္ခ်င္းတစ္ေယာက္ကိုသြားေတြ႕ရင္းနဲ႔အဲ့ေန႔မွာ ငယ္ေလးကိုေတြ႕ခဲ့တာ။"

" ငယ္ေလးကတစ္ညလုံးသတိလစ္ေနခဲ့လို႔မသိဘူးထင္တယ္။အဲ့ေကာင္ေလးက ငယ္ေလးရဲ႕ေဘးနားမွာတစ္ခ်ိန္လုံး႐ွိေနခဲ့တာ။ ငယ္ေလးရဲ႕ညာဘက္လက္ကေလးကိုေတာင္အကို႔ေ႐ွ႕မွာမလႊတ္စတမ္စဆုပ္ကိုင္ထားေသးတယ္ တကယ့္ေကာင္ေလးပဲ......"

စိုင္းသီဟကေနာက္ဆုံးစကားအေရာက္မွာမႏိုင္ဘူးဆိုတဲ့သေဘာျဖင့္ေခါင္းခါလိုက္ေတာ့သည္။စိုင္းသီဟေျပာျပလာတဲ့ထိုေန႔တုန္းကသူလြတ္သြားခဲ့တဲ့ကိစၥေတြအေၾကာင္းနားေထာင္ေနရင္း Royal-D ဘူးေလးကိုကိုင္ထားသည့္သူ႕ရဲ႕လက္တို႔ကတျဖည္းျဖည္းတင္းၾကပ္လာခဲ့သည္မွာ ဘူးထဲကဓာတ္ဆားရည္ေလးေတြေတာင္အျပင္ဘက္သို႔ဖိတ္စင္က်လုမတတ္ပင္။

"အကိုမင္းခန္႔ထည္ အဲ့ေန႔တုန္းက က်ေနာ္႕ဆီေရာက္လာခဲ့တယ္ေပါ့!!"

"အင္း။သူေရာက္လာခဲ့တယ္။အကိုနဲ႔ေတာင္စကားေျပာလိုက္ေသးတယ္။သူက ငယ္ေလးအေပၚေတာ္ေတာ္ခင္တြယ္႐ွာတယ္နဲ႔တူတယ္ေနာ္။ငယ္ေလးကိုအစစအရာရာဂ႐ုစိုက္ေပးခဲ့တာ။အကိုေတာင္ အဲ့အခ်ိန္ခနေလးအတြင္းမွာခံစားမိလိုက္ရတယ္ကြာ။
သူကမင္းအေပၚသိပ္ေကာင္းတာပဲလို႔"

စိုင္းသီဟကေနာက္ဆုံးစကားတစ္ခြန္းကိုဖိေျပာလိုက္တဲ့အခါေကာင္ေလးကေလွာင္ရယ္သံခပ္သဲ့သဲ့ျဖင့္ေရ႐ြတ္လာခဲ့သည္။

"အဲ့ေန႔ကသူက်ေနာ္႕အေပၚေကာင္းေပးတယ္ဆိုတာ အျပစ္႐ွိတယ္လို႔ခံစားေနရလို႔ပါ။
ကိုစိုင္းမသိေသးတာတစ္ခု႐ွိတယ္။
တကယ္ေတာ့သူ႕ရဲ႕ႏွလုံးသားကေလ အသူရာေခ်ာက္နက္ထဲကေရခဲစိုင္ေတြထက္ေတာင္ေအးစက္မာေၾကာလြန္းတယ္ဗ်"

ထိုစကားတို႔အဆုံးေကာင္ေလးရဲ႕မ်က္ႏွာထက္မွာဝမ္းနည္းရိပ္တို႔သမ္းလာတာေၾကာင့္စိုင္းသီဟက႐ိႈင္းေဇယံေ႐ွ႕မွာမင္းခန္႔ထည္အေၾကာင္းထပ္မဟလာေတာ့ေပ။

'မင္းသူ႕အေပၚတြယ္တာေတြမ်ားလာေလေလအခ်ိန္တန္တဲ့တစ္ေန႔က်ရင္စြန္႔လႊတ္ဖို႔ပိုခက္ေလေလပဲဆိုတာ မင္းသတိရေသးတယ္မွတ္လား ငယ္ေလး ....... '

••••••••••••••••••••••••••••••••••••••••••••••••••

မင္းခန္႔ထည္လိုင္းကားေပၚကေနဆင္းလာၿပီးအေဆာင္ေ႐ွ႕အေပါက္ဝကိုေရာက္ေတာ့ သူ႕ရဲ႕ေျခလွမ္းေတြကတန္႔သြားခဲ့ရသည္။အဘယ္ေၾကာင့္ဆိုေသာ္အျဖဴေရာင္မာစီးဒီးတစ္စီးက သူနဲ႔မလွမ္းမကမ္း၌ထိုးရပ္လာၿပီးေနာက္ ထိုကားေပၚကေန ႐ိႈင္းေဇယံေလးဆင္းလာတဲ့ျမင္ကြင္းကိုျမင္လိုက္ရတာေၾကာင့္ပင္။

႐ိႈင္းကားေပၚကေနဦးစြာဆင္းလာၿပီးေနာက္တျခားတစ္ေယာက္ကလည္းလိုက္ဆင္းလာကာထိုလူကသူ႕ထက္အရပ္႐ွည္ၿပီးခပ္ေခ်ာေခ်ာပင္။ၿပီးေတာ့ထိုလူသားက႐ိႈင္းေလးရဲ႕ေခါင္းေလးကိုပုတ္လိုက္ေတာ့ သူနဲ႔ဆိုအေခ်ေလးျဖစ္ေနတဲ့ထိုပုစိက နား႐ြက္တက္ခ်ိတ္ေတာ့မတတ္ျပဳံးၿဖီးေနကာ ထိုလူေခါင္းပုတ္ေပးတာကိုေက်ေက်နပ္နပ္ကိုခံယူေနေလသည္။ သူတို႔၂ဦးရယ္ရယ္ေမာေမာနဲ႔စကားေတြေျပာေနၾကၿပီးမိုးမျမင္ေလမျမင္ျဖစ္ေနၾကတဲ့ျမင္ကြင္းကိုစိုက္ၾကည့္ေနရင္းဝန္တိုေဒါသေတြကသူ၏ရင္ထဲ၌ေထာင္းခနဲပင္။

သူ႕ရဲ႕မ်က္လုံးေတြက မီးပုံထဲကမီးစေလးေတြတေဖာက္ေဖာက္နဲ႔ေပါက္ေနသကဲ့သို႔မီးေတာက္ေနခဲ့ကာေအးစက္စူး႐ွစြာထို၂ေယာက္အား မ်က္ေတာင္မခတ္စတမ္းလွမ္းၾကည့္ေနလိုက္ေလ၏။

႐ိႈင္းေလးနဲ႔စကားေျပာေနတဲ့ထိုလူကို
သူတစ္ေနရာရာမွာေတြ႕ဖူးသကဲ့သို႔ရင္းႏွီးေနရေပမယ့္ဘယ္ေနရာမွာေတြ႕ဖူးလဲဆိုတာေတာ့
သူ စဥ္းစားမရခဲ့ေပ။

႐ိႈင္းေလးျပဳံးေနပုံကိုၾကည့္ရသေလာက္
ထိုေကာင္ေလးကအဲ့လူနဲ႔အရမ္းရင္းႏွီးေနပုံေပၚေနၿပီးသူေလးကအဲ့လူနဲ႔အတူ႐ွိေနရတာကိုေက်နပ္ေပ်ာ္႐ႊင္ေနတဲ့ပုံပင္။
မ်က္ႏွာခ်င္းဆိုင္မွာရပ္ေနတဲ့သူ႕ကိုတစ္ခ်က္ကေလးမွလွည့္ၾကည့္မလာေသးတဲ့ပုံကိုေထာက္ရင္ေပါ့။

ဒါဆိုမနက္က သူ႕ကိုအျပင္သြားဦးမယ္ဆိုၿပီးအေဆာင္ကေနထြက္သြားခဲ့တာ လက္စသတ္ေတာ့ ဒီလူနဲ႔အတူတူ႐ွိေနဖို႔လား။ဒီလူက ႐ိႈင္းေလးနဲ႔ဘယ္လိုမ်ားပက္သတ္ေနတာလဲ။

သူ႕ရင္ေတြကငရဲမီးေတာက္ႀကီးတစ္ေတာက္ကိုၿမိဳခ်ထားသလိုမ်ိဳးပူေလာင္တင္းၾကပ္လာခဲ့ကာ လက္သီးကိုဆုပ္ထားတဲ့လက္ဆစ္ေတြဟာဆိုနီရဲတြတ္လာခဲ့ရသည္။

မနက္ကပဲသူေတြးေနခဲ့တာ ႐ိႈင္းေလးသာသူ႕ေနရာမွာအစားထိုးႏိုင္မယ့္တစ္စုံတစ္ေယာက္ကို႐ွာေတြ႕သြားခဲ့ရင္ဆိုၿပီး .... ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာလုံးဝေတြးၾကည့္လို႔ေတာင္မရတဲ့ကိစၥရပ္တစ္ခုေပ။

သူဒီေကာင္ေလးကိုဘယ္သူ႕လက္ထဲကိုမွထည့္ေပးႏိုင္လိမ့္မည္မဟုတ္။

ထိုလူသားေလးကသူပိုင္ဆိုင္တဲ့လူသားေလး....

စိုင္းသီဟက ႐ိႈင္းေဇယံေလးကိုေနာက္ဆုံးႏႈတ္ဆက္လိုက္ၿပီးေနာက္ ကားေပၚသို႔ျပန္တက္သြားကာအျဖဴေရာင္ကားေလးက ေျဖာင့္ျဖဴးလွတဲ့ေပတရာလမ္းေလးအတိုင္းတေ႐ြ႕ေ႐ြ႕ထြက္ခြာသြားေတာ့ေလသည္။

႐ိႈင္းေဇယံလည္းထိုအခါမွအေဆာင္ထဲဝင္ဖို႔လွည့္လိုက္တဲ့အခါအေဆာင္ေပါက္ဝ၌ေတာင့္ေတာင့္ႀကီးရပ္ကာသူ႕အားစိုက္ၾကည့္ေနပါေသာမင္းခန္႔ထည္ကိုျမင္ေသာ္အေမႊးပြပါပီေလးကဲ့သို႔ခ်စ္စရာေကာင္းစြာျဖင့္ မင္းခန္႔ထည္ဆီသို႔အေျပးသြားလိုက္ၿပီး အူျမဴးေနတဲ့အသံစူးစူးေလးနဲ႔ေခၚလိုက္ေလသည္။

"ကိုခန္႔"

ထိုခ်စ္စဖြယ္အသံေသးေသးေလးကမင္းခန္႔ထည္ရဲ႕တင္းထားေသာေဒါသမာန္တို႔ကိုစကၠဴစုတ္ပမာေသာက္က်ိဳးနဲလုံးေခ်ပစ္လိုက္ႏိုင္၏။

မင္းခန္႔ထည္ကေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီးတင္းမာေနတဲ့အေၾကာတို႔ကိုေလွ်ာ့လိုက္ကာဘာမွမျဖစ္သလိုဟန္နဲ႔ေအးတိေအးစက္ေမးလာခဲ့သည္။

"ညီ ဘယ္ကျပန္လာတာလဲ"

"က်ေနာ္... မိတ္ေဆြတစ္ေယာက္နဲ႔သြားေတြ႕တာ"

႐ိႈင္းကထိုသို႔ျပန္ေျဖလာရင္းသြားတက္ေလးေပၚတဲ့အထိျပဳံးျပလာေတာ့ ခပ္ေစာင္းေစာင္းအျပဳံးတစ္ပြင့္ကမင္းခန္႔ထည္ရဲ႕မ်က္ႏွာထက္မွာဟန္မေဆာင္ႏိုင္ဘဲအတိုင္းသားေပၚလာခဲ့ရသည္။

"မိတ္ေဆြ....ဟမ့္..အဲ့ေတာ့ေပ်ာ္ခဲ့လား"

"က်ေနာ္႕ကိုေပ်ာ္ခဲ့လားလို႔ေမးရေအာင္ က်ေနာ္ဘယ္သြားခဲ့လဲဆိုတာအကိုသိလို႔လား"

အခန္းေဖာ္ပုစိကႏႈတ္ခမ္းေလးစူကာရန္ေတြ႕လာေတာ့
"မသိခ်င္ဘူး မေျပာျပနဲ႔" ဟု ထိုအေသးေလးအားေဘာက္ဆတ္ဆတ္ေျပာလိုက္ၿပီးေနာက္အေ႐ွ႕ကေနခ်ာခနဲလွည့္ထြက္သြားေတာ့သည္။

"အကိုအခု က်ေနာ္႕ကိုစိတ္ဆိုးေနတာလားဟင္"

"အဟမ္း.....!"

မင္းခန္႔ထည္မွာမလုံမလဲျဖစ္စြာအသားလြတ္ႀကီးေခ်ာင္းထဆိုးလာခဲ့သည္။

ထို႔ေနာက္ ျပန္လွည္္႕လာကာ ႐ိႈင္းေဇယံလြယ္ထားတဲ့ေက်ာပိုးအိတ္ေလးအားသူ၏ညာဘက္ပုခုံးေပၚ၌ေကာက္လြယ္လိုက္ၿပီးေျခလွမ္းက်ယ္ႀကီးေတြနဲ႔ျပန္ေလွ်ာက္ထြက္သြားတာေၾကာင့္ ႐ိႈင္းေဇယံေလးလည္းမင္းခန္႔ထည္ေနာက္သို႔ခုန္ဆြခုန္ဆြကေလးနဲ႔ေျပးလိုက္,လိုက္သည္။

"အကို ေနာက္ဆုံးေတာ့က်ေနာ္႕ကိုစကားျပန္ေျပာခ်င္ၿပီလား"

"ဘာလဲ မေျပာေစခ်င္ဘူးလား"

"မဟုတ္ပါဘူး။ဟိုေန႔တုန္းကအကိုေျပာျပမယ္ဆိုတဲ့စကားေတြကိုနားမေထာင္မိလိုက္လို႔ အကိုကက်ေနာ္႕ကိုစကားထပ္မေျပာေတာ့ဘူးလို႔ထင္ထားခဲ့တာ"

သူ၏ကေလးေလးကစိတ္မေကာင္းျဖစ္တဲ့ေလသံေလးနဲ႔ဆိုလာေတာ့ မင္းခန္႔ထည္က မထိကိုင္ရတာၾကာၿပီျဖစ္တဲ့႐ိႈင္းရဲ႕ေခါင္းအိအိေလးကိုႏူးညံ့စြာပြတ္သပ္ေပးလိုက္တဲ့အခါ ေကာင္ေလးကမွင္သက္ေနတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြျဖင့္သူ႕အားျပန္ၾကည့္လာခဲ့ေလသည္။

"ညီနားေထာင္ခ်င္တဲ့အခ်ိန္ေျပာေလ။
ကိုယ္အဲ့အခ်ိန္က်ရင္ မင္းေလးကိုေျပာျပပါ့မယ္"

မင္းခန္႔ထည္နဲ႔႐ိႈင္းေဇယံတို႔ႏွစ္ေယာက္စကားအျပန္အလွန္ေျပာၾကရင္းအေဆာင္ေပၚသို႔တက္လာၾကသည္။

မင္းခန္႔ထည္ကသူ၏အိတ္ကပ္ထဲမွေသာ့ေလးအားထုတ္လိုက္လ်က္ အခန္းတံခါးကိုတြန္းဖြင့္လိုက္ၿပီးေနာက္ အခန္းထဲကိုေျခခ်လိိဳက္စဥ္မွာပင္ ႐ိႈင္းေဇယံေလးကသူ၏ရင္ခြင္ထဲသို႔တဟုန္တိုးေျပးဝင္လာခဲ့ေလသည္။

ေကာင္ေလးရဲ႕တဇြတ္ထိုးဆန္တဲ့ထိုအျပဳအမူေၾကာင့္ မင္းခန္႔ထည္မွာေၾကာင္သြားရၿပီးအခန္းတံခါးကိုအလ်င္အျမန္ဆြဲပိတ္လိုက္ရေတာ့သည္။

သူ၏ရင္ခြင္ထဲသို႔ခုန္ဝင္လာၿပီးမ်က္ႏွာေလးနဲ႔လိုက္လံပြတ္သပ္ေနတဲ့အေကာင္ေပါက္ေလးအား မင္းခန္႔ထည္ကခနဖက္ထားေပးလိုက္ၿပီးေနာက္ေျဖးညႇင္းစြာလႊတ္ေပးလိုက္ပါေတာ့သည္။

႐ိႈင္းေဇယံသည္ သတိလက္လြတ္ျပဳမူမိလိုက္တဲ့ သူ႕ရဲ႕လုပ္ရပ္အေၾကာင္းျပန္ေတြးမိလိုက္တဲ့အခါမ်က္ႏွာပါးပါးေလးက ႏွင္းဆီနီေလးတစ္ပြင့္ပမာ ျမတ္ႏိုးစရာေကာင္းစြာနီတြတ္လာရသည္။

"ေျပာျပေတာ့ေလ။က်ေနာ္အခုနားေထာင္ခ်င္ၿပီ.."

"အခုလား..."

သူေမးလိုက္ေတာ့ ႐ိႈင္းေဇယံေလးကလိုလိုလားလားနဲ႔ေခါင္းၿငိမ့္ျပလာတာေၾကာင့္မင္းခန္႔ထည္က 'ေကာင္းၿပီေလ' ဟုဆိုကာ ေကာင္ေလးရဲ႕ပခုံးႏွစ္ဖက္အားျငင္သာစြာဆုပ္ကိုင္လိုက္၍ခုတင္ထက္၌အရင္ထိုင္ခ်ေစလိုက္သည္။

သူကေတာ့စားပြဲခုံဆီေလွ်ာက္သြားကာအံဆြဲအတြင္းထဲမွာထည့္ထားတဲ့ဒိုင္ယာရီစာအုပ္ေလးကိုဆြဲထုတ္လိုက္ၿပီး ထိုစာအုပ္ေလးထဲမွာသိမ္းဆည္းထားတာၾကာၿပီျဖစ္တဲ့ဓာတ္ပုံေလးတစ္ပုံအားယူထုတ္လိုက္ကာ ေကာင္ေလးဆီသို႔ကမ္းေပးလာခဲ့သည္။

ထို႔ေနာက္ သူ႕လက္ထဲကဓာတ္ပုံေလးက
႐ိႈင္းေဇယံေလးရဲ႕လက္ထဲသို႔တမဟုတ္ခ်င္းေရာက္႐ွိသြားခဲ့ေခ်သည္။

ထိုဓာတ္ပုံေလးကအခ်ိန္သိပ္မၾကာေသးတာေၾကာင့္ေဆးေရာင္မျပယ္ေသးေပ။

ထိုဓာတ္ပုံေလးထဲ၌ ၾကက္ေျခနီယူနီေဖာင္းကိုဆင္တူဝတ္ဆင္ထားတဲ့ေကာင္ေလးသုံးေယာက္က လူငယ္ပီပီေပ်ာ္႐ႊင္တက္ႂကြစြာျပဳံးရယ္ေနၾကတာကိုျမင္တဲ့အခါ ႐ိႈင္းရဲ႕ႏႈတ္ခမ္းေလးေတြေတာင္အလိုလိုတြန္႔ေကြးသြားရသည္။

ထိုသုံးေယာက္အနက္ ညာဘက္ျခမ္း၌ရပ္ေနတဲ့တစ္ေယာက္ကအကိုမင္းစက္ျဖစ္ၿပီး ဘယ္ဘက္ျခမ္းမွာရပ္ေနတဲ့တစ္ေယာက္က အကိုမင္းခန္႔ထည္ျဖစ္ေၾကာင္းသူသိေပမယ့္ အလယ္မွာရပ္ေနတဲ့တစ္ေယာက္ကေတာ့ဘယ္သူဘယ္ဝါျဖစ္မွန္း သူမသိခဲ့ေပ။

ထိုဓာတ္ပုံရဲ႕မ်က္ႏွာျပင္ေလးေပၚသူ႕ရဲ႕လက္ဖ်ားထိပ္ေလးေတြနဲ႔ထိကိုင္ၾကည့္လိုက္ခ်ိန္ အခန္းထဲ၌ ပ်ံ႕ႏွံ႔ထြက္ေပၚလာတဲ့အက္ကြဲ႐ွတေသာအသံတစ္သံကိုၾကားလိုက္ရသည္။

"ကိုယ္ေျပာျပခ်င္တာက....ကိုယ္ရယ္ ျဖဴရယ္ ကို႔သူငယ္ခ်င္းမာန္ရယ္ ကိုယ္တို႔သုံးေယာက္ပါဝင္ပတ္သတ္ခဲ့တဲ့ အတိတ္ကအေၾကာင္းအရာေလးတစ္ခုကိုေပါ့"

ထို႔ေနာက္မင္းခန္႔ထည္က႐ိႈင္းေဇယံရဲ႕ေဘးနား၌ျဖည္းညႇင္းစြာဝင္ထိုင္လိုက္ကာ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ေဆြးေျမ့စြာတည္ၿငိမ္ေနခဲ့ၿပီျဖစ္တဲ့မ်က္ဝန္းတစ္စုံျဖင့္
ဇာတ္လမ္းေဟာင္းေလးတစ္ပုဒ္အားအစပ်ိဳးလိုက္ေပေတာ့သည္။

••••••••••••••••••••••••••••••••••••••••••••••••••

လြန္ခဲ့တဲ့၂ႏွစ္ခန္႔က .......

ျပကၡဒိန္ထက္မွာ႐ိုက္ႏွိပ္ထားတဲ့ေန႔ရက္ေတြကအနာဂတ္ကေန႔ရက္ေတြအတိုင္းပင္ထပ္တူညီေနခဲ့ၿပီး အခ်ိန္ေတြကေျပာင္းလဲျခင္းမ႐ွိစြာတစ္မိနစ္ၿပီးတစ္မိနစ္၊တစ္စကၠန္႔ၿပီးတစ္စကၠန္႔ကုန္ဆုံးေနခဲ့ကာ မတူညီစြာေျပာင္းလဲသြားတဲ့အရာေတြဆိုလို႔ ေဒၚလာေစ်းအတက္အက်ေတြသာ႐ွိခဲ့သည္။

အဲ့ႏွစ္က Canteenဆီေပါက္တဲ့လမ္းမႀကီးဟာ ကြန္ကရစ္မခင္းရေသးတာေၾကာင့္ေဆာင္းေလေအးတစ္ခ်က္ေဝွ႔တိုက္လာ႐ုံနဲ႔တင္ ေျမသားလမ္းေလးကေနတေထာင္းေထာင္းထေနတဲ့ဖုန္အလုံးလိုက္တို႔က ထိုလမ္းေပၚမွာေလွ်ာက္ေနတဲ့ေက်ာင္းသားတိုင္းရဲ႕ႏွာေခါင္းထက္သို႔တိုးဝင္လာခဲ့ေပသည္။ 

Canteenသြားရာလမ္းတစ္ေလွ်ာက္စိန္ပန္းပင္ႀကီးကေတာ့ေအးျမတဲ့အရိပ္တို႔ကိုထုံးစံအတိုင္းေပးစြမ္းထားကာ ထိုလမ္းထက္၌ Canteenဆီသို႔ခပ္သုတ္သုတ္ေလွ်ာက္လွမ္းေနတဲ့ေကာင္ေလးတစ္ေယာက္႐ွိေပသည္။

'ျမရိပ္မြန္ 'ဆိုင္ထဲသို႔ သူဝင္ဝင္လိုက္ခ်င္းပင္တစ္စုံတစ္ေယာက္ရဲ႕ေဟာင္ဖြာေဟာင္ဖြာအသံကမၾကားခ်င္မွအဆုံးခြင္းထြက္လာေလ၏။

"မင္းေရာက္လာေသးတယ္ေနာ္။ငါတို႔မွာ မင္းကိုေစာင့္ေနရတာဘာမွမမွာရေသးဘူး။ဒီေကာင္ေပါ့ မင္းလာမွမွာမယ္ဆိုၿပီးအတင္းဆြဲထားတယ္။အခုေတာ့မနက္စာနဲ႔ေန႔လယ္စာေပါင္းစားရေတာ့မယ္"

အရင္ေန႔ေတြလိုပဲသူေက်ာင္းလာတာေနာက္က်တာေၾကာင့္ မင္းစက္တစ္ေယာက္ပြစိပြစိလုပ္ေနျပန္ေလသည္။

သူတို႔ပထမႏွစ္တုန္းကအေဆာင္ကအေဆာင္ေဟာင္းသာ႐ွိၿပီး အေဆာင္သစ္ကပႏၷက္စ႐ိုက္တုန္းပဲျဖစ္ကာ ထမင္းစားေဆာင္ေတာင္မ႐ွိေသးေပ။ထို႔ေၾကာင့္ အေဆာင္ေနေက်ာင္းသားအမ်ားစုဟာေက်ာင္း Canteenကဆိုင္ေတြဆီမွာပဲလေပးစားခဲ့ရသည္။

အကယ္၍ တစ္နပ္လြတ္သြားခဲ့မယ္ဆိုလွ်င္ေပးထားရတဲ့စရိတ္နဲ႔မကိုက္တာေၾကာင့္ ကပ္စီးကုပ္မင္းစက္ကမေက်မခ်မ္းျဖစ္ေနျခင္းေပ။

"မာန္ တကယ္ႀကီးမင္းဘာမွမမွာထားဘူးလား"

မင္းခန္႔ထည္ကခုံတစ္ခုံ၌ဝင္ထိုင္လိုက္ၿပီးေနာက္ အက်ႌလက္႐ွည္ကိုေခါက္တင္လိုက္ရင္းေမးလိုက္ေတာ့ မာန္ကခပ္ဖြဖြေလးျပဳံးျပလာခဲ့သည္။

"အင္း။မင္းေရာက္လာၿပီဆိုတာ့ ငါအခုပဲမွာလိုက္ေတာ့မယ္ေလ"

ထို႔ေနာက္ မာန္ကစားပြဲထိုးေလးအားေခၚလိုက္ၿပီးသူတို႔ႏွစ္ေယာက္အတြက္စားစရာေတြကိုမွာေပးေလသည္။

မာန္က သူတို႔majorကိုတစ္ပတ္ေလာက္ေနာက္က်ၿပီးမွေျပာင္းလာတဲ့ေက်ာင္းေျပာင္းေက်ာင္းသားမို႔အတန္းထဲကလူေတြေတာ္ေတာ္မ်ားမ်ားနဲ႔အေနစိမ္းသည္။
အထူးသျဖင့္သူ႕ကိုအေခ်ာေလးတို႔ အခ်စ္ကေလးတို႔လိုက္စတတ္တဲ့အတန္းထဲကအက်င့္ပ်က္ေနတဲ့ေကာင္မ်ိဳးေတြဆို သူေဝးေဝးကေ႐ွာင္သည္။

အေနေအးၿပီးႏူးညံ့ယဥ္ေက်းတဲ့သူေဌးသားသခင္ေလးကသူတို႔ႏွစ္ေယာက္နဲ႔ဘယ္လိုခင္သြားရလဲဆိုေတာ့ စကားတတ္တဲ့ ေမာင္မင္းႀကီးသားမင္းစက္ေၾကာင့္ပင္။ေရပက္မဝင္ေအာင္စကားၿပိဳင္ေျပာႏိုင္တဲ့မင္းစက္ရဲ႕ထိုစြမ္းရည္က မာန္နဲ႔ခင္မင္ရင္းႏွီးေစခဲ့ျခင္းေပ။

ထိုသူေဌးသားေလးက သူတို႔ႏွစ္ေယာက္အေပၚဆိုအလြန္အမင္းခင္တြယ္ၿပီးမွီခို႐ွာေလသည္။သူတို႔ႏွစ္ေယာက္မ႐ွိပဲသူဘာမွမလုပ္တတ္၊မကိုင္တတ္တဲ့အထိပင္။

ရန္ကုန္ၿမိဳ႕ေပၚကေ႐ႊေပၚျမတင္ ပိုးေမြးသလိုေမြးထားတဲ့လူ႕ခ်မ္းသာအသိုင္းအဝိုင္းကဆင္းသက္လာတာေၾကာင့္လည္းပါမည္ မိန္းကေလးေတြ႐ႈံးေအာင္အသားအရည္လည္းလွသလို မိန္းကေလးေတြထက္ေတာင္ႏူးညံ့သိမ္ေမြ႕လြန္းေပသည္။

ထို႔ေၾကာင့္သူနဲ႔မင္းစက္ဆို မာန္ ဟိုဘက္လိုင္းကူးသြားမည္ကိုအၿမဲတမ္းစိုးရိမ္ေနခဲ့ရသျဖင့္ ထိုသိမ္ေမြ႕ေသာသခင္ေလးအား ေဘာလုံး Clubထဲသို႔ဆြဲေခၚခဲ့သလို Boxing Clubထဲသို႔ပါဆြဲသြင္းခဲ့ေသာ္လည္းသူတို႔ခန္႔မွန္းထားတဲ့အတိုင္းမျဖစ္လာတဲ့အျပင္ ဒုံရင္းကဒုံရင္းအတိုင္းေပမို႔ သူတို႔၂ေယာက္စလုံးလက္ေလွ်ာ့လိုက္ရေတာ့သည္။

မင္းခန္႔ထည္ကမာန္ကိုၾကည့္ေနရင္းထိုအေၾကာင္းေတြကိုေတြးေနတဲ့အခိုက္ မင္းစက္ကသူ႕အားတံေတာင္နဲ႔တစ္ခ်က္တြတ္လာခဲ့သည္။

"မင္းခန္႔ ေဟ့ေရာင္ မင္းမွာကားေကာင္းေကာင္းေလးေတြမ်ား႐ွိလို႔လား။အၿမဲတမ္းမင္းအိပ္ရာထေနာက္က်ေနတယ္ဆိုေတာ့ေလ..."

ေဒါက္!!!!

စားပြဲေပၚကတူတစ္စုံကိုယူလိုက္ကာထိုေမာင္းမင္းႀကီးသားအား သူနာနာတီးပစ္လိုက္ေတာ့သည္။

"ေခြးသူေတာင္းစား!
ငါ့ကိုမင္းလိုမ်ား တဏွာရာဂမီးေတြတစ္ခ်ိန္လုံးေတာက္ေလာင္ေနတယ္ထင္ေနလား"

"ေခြးသားရဲ႕ နာတယ္ကြ!!!"

မာန္ကထုံးစံအတိုင္းပဲသူတို႔ႏွစ္ေယာက္နပန္းသတ္ေနၾကသည္ကိုထိုင္ၾကည့္ရင္း
တခြီခြီရီေနေလသည္။

ပန္းကန္အေျပာင္႐ွင္းစားေသာက္ၿပီးသြားတဲ့ေနာက္ညေနခင္းအတန္းတက္ရန္ Canteenလမ္းမွသုံးေယာက္သားအတူတူျပန္ေလွ်ာက္လာၾကသည္။
မင္းစက္ဆိုတဲ့ေကာင္ကေတာ့ မာန္ဝယ္တိုက္တဲ့milkshakeတစ္ဗူးနဲ႔အ႐ွက္မ႐ွိဇိမ္က်ေနကာ မာန္ကေတာ့ အလယ္ကေနသူတို႔ႏွစ္ေယာက္ကိုထီးမိုးေပးရင္းျဖည္းျဖည္းခ်င္းေလွ်ာက္ေနခဲ့သည္။

တီ တီ တီ တီ!!!!!!

႐ုတ္တရက္ထြက္ေပၚလာတဲ့ကားဟြန္းတီးသံက ေအးခ်မ္းလြန္းတဲ့ Canteenလမ္းတစ္ေလွ်ာက္ဟိန္းထြက္လာကာ ခဲႏုေရာင္ ကားတစ္စီးကသူတို႔သုံးေယာက္တည့္တည့္သို႔အ႐ွိန္ျပင္းျပင္းနဲ႔ေမာင္းခ်လာခဲ့ေလသည္။

ထိုအႏၲရာယ္ကို  milkshakeပိုက္ကိုစုပ္ေသာက္ေနတဲ့သေကာင့္သားကမေ႐ွာင္ပဲၾကည့္ေကာင္းေကာင္းနဲ႔ရပ္ၾကည့္ေနတာေၾကာင့္

"မင္းစက္! ဟိတ္ေကာင္!" ဟုသူေအာ္လိုက္ကာလွမ္းဆြဲမည္အလုပ္ မာန္ကသူတို႔ႏွစ္ေယာက္စလုံးကိုလြတ္ရာဆီသို႔တြန္းထုတ္လိုက္ၿပီး ဘရိတ္အုပ္ၿပီးသားျဖစ္တဲ့အ႐ွိန္နဲ႔ဝင္ေဆာင့္မိသြားခဲ့သည္။

"မာန္ !!!!"

"မာန္ !!!!"

တစ္ဖက္ကျမက္ပင္ေတြၾကားပစ္လဲက်သြားတဲ့မင္းခန္႔ထည္နဲ႔မင္းစက္တို႔၂ေယာက္သားမွာသူတို႔ကိုယ္ေပၚ၌ေပက်ံသြားရတဲ့ဖုန္ေတြေတာင္မခါခ်ႏိုင္ဘဲ ပုံလ်က္သားလဲက်သြားေသာမာန္ဆီ ထိတ္ထိတ္ပ်ာပ်ာနဲ႔အေျပးေျပးသြားၾကေလသည္။

"မာန္ မင္း ဘာျဖစ္သြားေသးလဲ "

"မာန္ မင္းအဆင္ေျပရဲ႕လား!"

သူတို႔၂ေယာက္စလုံးတၿပိဳင္နက္ေမးလိုက္ေတာ့မာန္ကသူတို႔၂ေယာက္စလုံးကိုေမာ့ၾကည့္လာရင္းငိုမဲ့မဲ့မ်က္ႏွာေလးနဲ႔ျပန္ေျဖလာခဲ့သည္။

"လက္နာသြားတယ္" ဟူ၍။

သူ႕ပုံစံကသုံးႏွစ္သားကေလးေလးတစ္ေယာက္ကဲ့သို႔တ႐ႈံ႕႐ႈံ႕နဲ႔ငိုခ်လာေတာ့မယ့္ပုံေပါက္ေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္စလုံးရယ္ရခက္ငိုရခက္ျဖစ္သြားရေလသည္။

"Sorryပါေနာ္ ဘာျဖစ္သြားၾကေသးလဲ"

ထြက္ေပၚလာတဲ့အသံလာရာဆီသို႔မင္းခန္႔ထည္စူးစူးရဲရဲစိုက္ၾကည့္လိုက္ေတာ့ ႐ိုးစင္းတဲ့အလွတစ္မ်ိဳးကိုပိုင္ဆိုင္ထားသည့္မိန္းကေလးတစ္ေယာက္ကိုျမင္လိုက္ရတဲ့အခါသူ႕ရဲ႕မ်က္ဝန္းေတြက ျမင့္တက္သြားရသည္။

ထိုမိန္းကေလးက သူတို႔ေမဂ်ာရဲ႕ Queen Selectionေတြထဲကတစ္ေယာက္ျဖစ္တဲ့ေမသဒၵါျဖစ္တာေၾကာင့္ သူတို႔သုံးေယာက္စလုံးသူမအားေကာင္းေကာင္းသိေလ၏။

မင္းခန္႔ထည္နဲ႔ေမသဒၵါတို႔ရဲ႕ဆက္ဆံေရးကအစကတည္းကအဆင္မေခ်ာတာေၾကာင့္ မင္းခန္႔ထည္ဟာစိတ္ဆိုးမာန္ဆိုးနဲ႔ထခ်ဲလာေတာ့သည္။

"မင္းတို႔ကားကိုဘယ္လိုေမာင္းေနတာလဲ။
အခန္႔မသင့္ရင္လူတစ္ေယာက္လုံးေသသြားႏိုင္တယ္ဆိုတာမင္းတို႔သိလား"

"မင္းခန္႔ ! ငါဘာမွမျဖစ္ပါဘူးကြာ"

တစ္ေမဂ်ာတည္းသားေတြျဖစ္တဲ့အတန္းေဖာ္ခ်င္းခ်င္းျပႆနာတက္တာဟာ မ်က္ႏွာပူစရာေကာင္းၿပီး မျဖစ္သင့္တာေၾကာင့္မာန္ကေဒါသအိုးမင္းခန္႔ထည္အားဝင္တားလာခဲ့သည္။

"ေနစမ္းပါကြာ။ ေမသဒၵါ ကားေမာင္းလာတာဘယ္သူလဲ။
အခုခ်က္ခ်င္းဆင္းလာခိုင္းၿပီး ငါ့သူငယ္ခ်င္းကိုလာေတာင္းပန္ခိုင္းလိုက္"

မင္းခန္႔ထည္ရဲ႕အသံကနဲနဲက်ယ္သြားတာေၾကာင့္ Canteenလမ္းတစ္ေလွ်ာက္႐ွိတျခားေက်ာင္းသားမ်ားကပါသူတို႔ဘက္သို႔စိတ္ဝင္တစားလွည့္ၾကည့္လာၾကသည္။

ကားစတီယာရင္ဘက္ျခမ္း၌ထိုင္ေနတဲ့အမ်ိဳးသမီးကမင္းခန္႔ထည္အသံကိုၾကားဟန္တူသည္ မင္းခန္႔ထည္ေျပာၿပီးၿပီးခ်င္းပင္ ကားေပၚကေနခ်က္ခ်င္းဆင္းလာခဲ့သည္။

ကားေပၚကေနတစ္ဖက္ပိတ္ေလဒီ႐ွဴးဖိနပ္ေလးနဲ႔ဆင္းလာတဲ့သူမဟာတကယ္ကိုသိပ္လွတဲ့အမ်ိဳးသမီးေလးတစ္ေယာက္ပင္။အျဖဴအျပာဝတ္စုံေလးနဲ႔လိုက္ဖက္ကာေၾကာ့႐ွင္းထင္ဟပ္ေနေပမယ့္ အဲ့အရာေတြကအဲ့တုန္းကတည္းက သူ႕အတြက္အေရးမပါခဲ့ေလဘူး။

"ျဖဴ ေတာင္းပန္ပါတယ္ေနာ္။ဒီက တစ္ေယာက္ကိုေဆး႐ုံပို႔ေပးရမလား"

"မလိုဘူး"

မင္းခန္႔ထည္ကခ်က္ခ်င္းျဖတ္ေျပာလိုက္သည္။

ျဖတ္ေျပာလိုက္တဲ့ခပ္မာမာအသံကိုၾကားေတာ့ထိုမိန္းကေလးကမင္းခန္႔ထည္အားေဝ့ၾကည့္လာၿပီးေနာက္ သူမရဲ႕အၾကည့္တို႔ကမင္းခန္႔ထည္ဆီ၌ သံမိႈ႐ိုက္ထားသကဲ့သို႔စြဲၿမဲစြာကပ္တြယ္ေနခဲ့ေခ်သည္။

"မင္းကားလုံးဝမေမာင္းနဲ႔။အခုတစ္ခါကေတာ့႐ွိပါေစေတာ့။ေနာက္အခါေတြ႐ွိခဲ့မယ္ဆိုရင္ငါပါခ်ဳပ္နဲ႔စကားေျပာရလိမ့္မယ္ အမိ"

မင္းခန္႔ထည္ကအားမနာစြာေျပာဆိုၿပီးေနာက္မာန္ကိုတြဲလိုက္လ်က္ ထိုေနရာကေနထြက္လာခဲ့လိုက္သည္။

ျဖဴစင္ေသာ္ေဘးနားကေန သူျဖတ္ေလွ်ာက္သြားတဲ့အခိုက္ သူ႕နားထဲသို႔တိုးဝင္လာတဲ့တိုးညႇင္းတဲ့ေခၚသံေလးတစ္သံကိုၾကားလိုက္ရတဲ့အခါ သူထူးဆန္းမႈတစ္စုံတစ္ရာကိုခံစားလိုက္ရသည္။

"ေမာင္~~~~~~"

ထိုအေခၚအေဝၚကိုပထမဆုံးၾကားခဲ့ရတဲ့အခ်ိန္ကေနစၿပီး ထိုစကားလုံးတို႔ဟာ သူ၏ရင္ထဲ၌ တစ္ရက္ကေလးေတာင္အံဝင္ခြင္က်မျဖစ္ခဲ့ေပ။

••••••••••••••••••••••••••••••••••••••••••••••••••

"မင္းခန္႔ မင္းဘာလို႔႐ုတ္တရက္ႀကီးျဖဴစင္ေသာ္နဲ႔ခ်စ္သူေတြျဖစ္သြားၾကတာလဲ။မင္းေျပာေတာ့ သူမနဲ႔ပက္သတ္ၿပီးဘာခံစားခ်က္မွမ႐ွိပါဘူးဆို!!"

ေက်ာင္းသားေရးရာရဲ႕လူ႐ွင္းတဲ့အေနာက္ဘက္အေဆာင္၌မင္းစက္ရဲ႕ေဒါသတႀကီးေျပာဆိုေနတဲ့အသံတို႔ဟာ ထိုေနရာတစ္ဝိုက္၌က်ယ္ေလာင္စြာဟိန္းထြက္လ်က္႐ွိသည္။

မင္းခန္္႕ထည္ကစီးကရက္တစ္လိပ္ကိုခပ္ျဖည္းျဖည္း႐ိႈက္ေနရင္းဘာမွျပန္မေျဖလာတာေၾကာင့္  မင္းစက္တစ္ေယာက္တျဖည္းျဖည္းအသဲေပါက္လာရကာသူ၏ဆံပင္ေတြကိုစိတ္႐ႈပ္စြာထိုးဖြလိုက္ၿပီးေနာက္ မင္းခန္႔ထည္ရဲ႕ေဘး၌ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ဝင္ထိုင္လာခဲ့ေလသည္။

တုံဏွိဘာေဝေရခဲတုံးႀကီးကေဆးလိပ္ျပာတို႔ကိုဆင္ေျပေနေျပနဲ႔ေတာက္ခ်လိုက္ရင္း မ်က္ဝန္းအၾကည့္တို႔ကိုတစ္ခ်က္ေတာင္ပင့္ၾကည့္မလာခဲ့ဘဲ ကြဲအက္ေနတဲ့အသံျဖင့္ေမးလာခဲ့သည္။

"မာန္ေကာ ... "

ေလထုထဲမွာလိမ္ယွက္လြင့္ေျမာေနတဲ့ေဆးလိပ္အခိုးအေငြ႕ေတြကို လက္တစ္ဖက္ျဖင့္ ယပ္ခတ္ခါထုတ္လိုက္ရင္းမင္းစက္ကျပန္ေျဖလာသည္။

"မသိဘူးေလ။ဒီေန႔သူ႕ကိုငါမျမင္မိဘူး"

"ငါဘာလို႔ျဖဴနဲ႔တြဲတာလဲဆိုေတာ့ မာန္ေၾကာင့္ပဲ"

မင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြကႏွင္းေရအိုင္တစ္အိုင္ကဲ့သို႔ေအးစိမ့္ခဲေသေနကာခံစားခ်က္တို႔ကင္းမဲ့ေနသည္။

"ဟမ္ !!! မာန္နဲ႔ဘာဆိုင္လို႔လဲ"

မင္းစက္ကနားမလည္ႏိုင္စြာထပ္ေမးလာေတာ့မင္းခန္႔ထည္က ေဆးလိပ္ေငြ႕တို႔ကိုၿငီးေငြ႕ပ်င္းရိျခင္းအတိမႈတ္ထုတ္လာခဲ့ျပန္သည္။

"မာန္က ငါ့အေပၚခံစားခ်က္ေတြ႐ွိေနတယ္ မင္းစက္။သူ ငါ့ကိုဖြင့္ေျပာတယ္"

"....ဘယ္လို!"

"ျဖဴကမိန္ကေလးတစ္ေယာက္မို႔ အသုံးမခ်သင့္ဘူးဆိုတာငါသိပါတယ္။ သူမကဘာေတြသိထားလဲေတာ့ငါမသိေပမယ့္ ငါ့ကိုကူညီေပးမယ္လို႔ေျပာတယ္ဆိုကတည္းက
ေသခ်ာတာတစ္ခုကေတာ့ မာန္ဘာလဲဆိုတာသူမသိေနတာပဲ။"

သူက ထိုသို႔ေရ႐ြတ္ေနရင္းစီးကရက္ဖင္စည္ခံေလးအားေလွကားတစ္ထစ္ေပၚ၌နင္းခ်ဖိကပ္လိုက္ကာေလးပင္႐ွတစြာဆက္ေျပာလာသည္။

"ၿပီးေတာ့ သူမငါတို႔ႏွစ္ေယာက္ရဲ႕အေၾကာင္းေတြကိုလည္း ေသခ်ာေပါက္ သိထားတယ္လို႔ငါယူဆတယ္"

"အဲ့မိန္းမကမင္းကိုမာန္ရဲ႕အားနည္းခ်က္နဲ႔ပက္သတ္ၿပီးေတာ့ၿခိမ္းေျခာက္ထားတာလား!"

မင္းစက္ကလက္သီးတင္းတင္းဆုပ္လ်က္အံႀကိတ္ဆိုလာေတာ့ မင္းခန္႔ထည္ကသူ႕သူငယ္ခ်င္းရဲ႕ပခုံးကို၂ခ်က္ပုတ္ေပးလာခဲ့သည္။

"ၿခိမ္းေျခာက္တာေတာ့ မဟုတ္ဘူး။အေပးအယူသေဘာမ်ိဳးကမ္းလွမ္းလာတာ.."

"သူမအေပးအယူက ....... "

"ငါကသူမခ်စ္သူျဖစ္ေပးဖို႔ပဲ"

"တကယ္လို႔ မင္းျငင္းလိုက္ရင္...."

"သူမ အၾကံအစည္ေတြကိုငါလုံးဝမသိႏိုင္တဲ့အတြက္မီးစင္ၾကည့္ကရမွာပဲ မင္းစက္။
မာန္ငါ့အေပၚထားတဲ့ခံစားခ်က္ေတြကိုအျမန္ေျပာင္းလဲႏိုင္ပါေစလို႔ ငါဆုေတာင္း႐ုံပဲ႐ွိေတာ့တယ္"

ျဖဴနဲ႔တြဲၿပီးတဲ့ေနာက္ပိုင္း မာန္နဲ႔က်ေနာ္ကအေခၚအေျပာေတာ့႐ွိခဲ့ေပမယ့္ အကြာအေဝးတစ္ခုျခားၿပီးေနခဲ့ၾကသည္။

မာန္နဲ႔ေနာက္ဆုံးစကားေျပာခဲ့ၾကတုန္းက က်ေနာ္႕သူငယ္ခ်င္းေလးကိုနာက်င္သြားေစႏိုင္တဲ့စကားေတြသာေျပာဆိုမိခဲ့တာမို႔ မာန္႔ကိုျမင္ေနရတဲ့တစ္ေလွ်ာက္လုံး အျပစ္႐ွိတဲ့စိတ္ေတြကိုသာက်ေနာ္႕ႏွလုံးအိမ္ထဲမွာျပည့္ႏွက္စြာေထြးပိုက္ထားခဲ့ရသည္။

ေနာက္ေတာ့မင္းစက္ဆီကေနမာန္အေၾကာင္းက်ေနာ္ၾကားလိုက္ရတယ္။ သူကက်ေနာ္႕အေပၚခံစားခ်က္မ႐ွိေတာ့ဘူးတဲ့။ မာန္ကေလ သူ႕ရဲ႕လြဲမွားေနတဲ့ခံယူခ်က္ေတြကိုအတိအလင္းနားလည္ႏိုင္ေအာင္စိတ္ေရာဂါဆရာဝန္တခ်ိဳ႕နဲ႔ေဆြးေႏြးတိုင္ပင္ၿပီးႀကိဳးစားေနထိုင္ေနၿပီဆိုတဲ့အေၾကာင္းကိုၾကားေတာ့ သူေက်နပ္မိသည္။မာန္က သူျငင္းဆန္ၿပီးကတည္းကအေဆာင္ကေနထြက္သြားခဲ့တာေၾကာင့္ သူမာန္နဲ႔မဆုံျဖစ္ေတာ့တာၾကာၿပီျဖစ္ကာ အားေပးစကားေတြေတာင္သူ႕သူငယ္ခ်င္းေလးအားမေျပာခဲ့ရေပ။

မာန္ကသူ႕စိတ္ကိုသူ႐ွင္း႐ွင္းလင္းလင္းနဲ႔နားလည္သဘာေပါက္သြားတဲ့တစ္ေန႔က်ရင္ ဘယ္လမ္းကိုပဲျဖစ္ျဖစ္ေလွ်ာက္ဖို႔ေ႐ြးခ်ယ္ခဲ့ပါေစ က်ေနာ္သူ႕ကိုအားေပးေနခဲ့မွာပင္။ က်ေနာ္ေၾကာင့္က်ေနာ္႕သူငယ္ခ်င္းကစတင္မွားယြင္းသြားမွာကိုသာမျဖစ္ေစခ်င္႐ုံတင္ေလးပါပဲ။

မင္းဘယ္သူပဲျဖစ္ေနပါေစ ထာဝရငါ့သူငယ္ခ်င္းျဖစ္ေနမွာပါ မာန္ ....

မာန္အဆင္ေျပေနၿပီဆိုမွေတာ့ သူလည္းပဲ ဒီအေပးယူတစ္ခုကိုအဆုံးသတ္ရပ္တန္႔ပစ္ဖို႔အခ်ိန္ေရာက္လာခဲ့ၿပီပင္။

ေဆာင္းရာသီရဲ႕ညေနခင္းတစ္ခုမွာ က်ေနာ္သူမကိုလမ္းခြဲစကားဆိုခဲ့သည္။
သူမက်ေနာ္႕အေပၚအလြန္အၾကဴးစိတ္ဆိုးေဒါသထြက္လိမ့္မယ္ဆိုတာက်ေနာ္အစကတည္းကေမွ်ာ္မွန္းၿပီးသားေပမို႔အထူးတလည္ခံစားရတာမ်ိဳးမ႐ွိခဲ့ေပ။

က်ေနာ္႕ကို ဘယ္ေလာက္ထိအသဲမာၿပီးႏွလုံးသားမ႐ွိတဲ့လူသားတစ္ေယာက္လို႔ပဲဆိုဆို က်ေနာ္ရဲ႕ႏွလုံးသားဟာျမဴမႈန္ေလးတစ္စမွ်ေတာင္လႈပ္ခတ္သြားျခင္း႐ွိမွာမဟုတ္သလို ေနာက္ျပန္လွည့္ဖို႔လည္းစိတ္ကူးမ႐ွိခဲ့ေပ။

က်ေနာ္သူမကိုမခ်စ္ဘူးဆိုတာ က်ေနာ္အတပ္သိခဲ့တယ္။ ဒါေၾကာင့္ က်ေနာ္မခ်စ္တဲ့သူမဆီမွာ ေခြးတစ္ေကာင္လိုအခ်ည္မခံႏိုင္ဘူး။က်ေနာ္က သူမလက္ပါးေစမဟုတ္ဘူး....

ျဖဴနဲ႔လမ္းခြဲၿပီး ေနာက္တစ္ေန႔မနက္အေရာက္မွာေတာ့ တစ္စုံတစ္ေယာက္ရဲ႕အနာဂတ္ဟာက်ေနာ္႕ေၾကာင့္လုံးဝအဆုံးသတ္သြားခဲ့ရတယ္.....

သူေက်ာင္းကိုေရာက္ေတာ့ ေက်ာင္းမွာ႐ုတ္႐ုတ္သဲသဲေတြျဖစ္ေနတာကိုသူသိလိုက္ရသည္။ အခန္းထဲ႐ွိလူေတြအကုန္လုံးကသူဝင္လာတာနဲ႔ဝိုင္းၾကည္္႕ေနၾကသလို သူ Lobbyကေနျဖတ္ေလွ်ာက္လာတဲ့အခ်ိန္တုန္းကလည္း သူ႕အားကြက္ၾကည္္႕ကြက္ၾကည့္လုပ္သြားၾကတဲ့လူေတြရဲ႕စက္ဆုပ္ခါးသီးလွတဲ့အၾကည့္ေတြကိုရင္ဆိုင္လိုက္ရတဲ့အခါ
သူအနည္းငယ္ေတာ့တုန္လႈပ္သြားခဲ့ရေလသည္။

သူ႕ဘဝတစ္ေလွ်ာက္လုံးမွာထိုသို႔ေသာအၾကည့္မ်ိဳးနဲ႔ အၾကည့္ခံရသည္မွာ ပထမဆုံးအႀကိမ္ျဖစ္တာမို႔လုံးဝအသားမက်ခဲ့ကာ သူ၏လက္တို႔ကပါေဆာက္တည္ရာမရစြာတဆတ္ဆတ္တုန္ယင္လာခဲ့ရသည္။

ထိုစဥ္မင္းစက္ကအသက္မ႐ွဴစတမ္းအခန္းထဲသို႔ေျပးဝင္လာကာ မင္းခန္႔ထည္ေ႐ွ႕သို႔သူ၏ဖုန္းကိုဒုန္းခနဲခ်ေပးလာခဲ့ေလ၏။

ထိုအသံေၾကာင့္အခန္းထဲ႐ွိလူေတြရဲ႕တီးတိုးေရ႐ြတ္သံတို႔ကတိတ္က်သြားကာမင္းစက္ကတစ္ခန္းလုံးကိုရန္လိုစြာေဝွ႔ၾကည့္လိုက္ၿပီးေဟာဟဲလိုက္ေနတဲ့အသံတို႔နဲ႔အတူဆိုလာသည္။

"ေက်ာင္းရဲ႕ secret boxမွာမနက္သုံးနာရီေလာက္ကတက္လာတဲ့ videoတစ္ခုကိုမင္းၾကည့္ၾကည့္လိုက္ မင္းခန္႔"

မင္းစက္ျပလာတဲ့ Videoကိုသူဖြင့္ၾကည့္လိုက္ၿပီးေနာက္ လည္ပင္းေၾကာတို႔ကနီရဲစြာေထာင္ထလာကာ စာေရးခုံကိုဝုန္းခနဲျမည္ေအာင္ထိုးခ်လိုက္ပါေတာ့သည္။

ထိုအသံက်ယ္ႀကီးေၾကာင့္ အခန္းထဲ႐ွိလူေတြကအေနာက္တံခါးကေနအလွ်ိဳလွ်ိဳထြက္သြားၾက၍ မင္းခန္႔ထည္ရဲ႕ေဒါသစက္ကြင္းကေနလြတ္ေအာင္ေ႐ွာင္ကြင္းသြားၾကေလသည္။

"ဒီ videoက မာန္ငါ့ကိုဝန္ခံခဲ့တဲ့ videoပဲ။ဒါကဘယ္လိုလုပ္ၿပီး ဘယ္သူကတင္လိုက္တာလဲ။မာန္ေကာ မင္းစက္ သူဘယ္မွာလဲ?"

'သူကကိစၥမ႐ွိေပမယ့္ မာန္လိုေပ်ာ့ညံ့တဲ့သခင္ငယ္ေလးကဒီ႐ိုက္ခတ္မႈေတြကိုေတာင့္ခံႏိုင္မွာမဟုတ္ဘူး'

မင္းခန္႔ထည္ဟာသူ႕ဆံပင္ေတြကိုဆြဲစုပ္ေနရင္းစိတ္မတည္မၿငိမ္ျဖစ္ေနကာ သူ႕ရဲ႕လက္ေတြမွာလည္းတုန္ယင္ေနခဲ့ရသည္။သူ႕လက္တစ္ဖက္မွာခုံကိုထိုးလိုက္တာေၾကာင့္ကြဲသြားခဲ့ၿပီးသမမ္သလင္းထက္သို႔ေသြးစက္ေတြကတစက္စက္စီးက်လို႔ေနသည္။

မင္းစက္ကေသြး႐ူးေသြးတန္နဲ႔ေၾကာင္ေတာင္ေတာင္ျဖစ္ေန႐ွာတဲ့သူ၏သူငယ္ခ်င္းရဲ႕လက္ေမာင္း၂ဖက္အား ဆြဲကိုင္လိုက္ရင္းျဖည္းညင္းစြာေျပာျပလာခဲ့သည္။

"မင္းစိတ္ေအးေအးထား။
မာန္ကိုငါဆက္သြယ္ေသးတယ္ ဆက္သြယ္လို႔မရဘူး။
မနက္တုန္းကမာန္ရဲ႕အေဖ ပါခ်ဴပ္ကိုလာေတြ႕တယ္တဲ့။ၿပီးတာ့ ဒီ videoကထပ္ၿပီး ေက်ာင္း websiteေပၚမွာပ်ံ႕ခဲ့မယ္ဆိုရင္ ေက်ာင္းကိုတရားစြဲမယ္ဆိုၿပီးၿခိမ္းေျခာက္သြားေသးတယ္။ငါ့အထင္မာန္ကိုလည္းသူ႕အေဖကတိုက္ပိတ္ထားလိုက္ၿပီထင္တယ္"

"ဒီ videoကိုဘယ္သူကျဖန္႔လိုက္တာတဲ့လဲ"

မင္းခန္႔ထည္ကဖုန္းကိုတင္းတင္းဆုပ္ကိုင္ထားရင္းက်ယ္ေလာင္ဆုတ္နစ္စြာေအာ္ေမးလိုက္တဲ့အခါ မင္းစက္ကေလသံနိမ့္နိမ့္နဲ႔ဆိုလာသည္။

"ငါ secret boxရဲ႕ adminေတြကိုေမးၾကည့္ၿပီးသြားၿပီ။
အေကာင့္တုတစ္ခုက Page adminရဲ႕ Accကို Hackၿပီးတင္လိုက္တာတဲ့။အဲ့ဒါေၾကာင့္သူတို႔လည္းဘာမွမသိခဲ့ရဘူး။
သူတို႔သာသိခဲ့မယ္ဆိုရင္ ဒီေလာက္ထိျပန္႔မွာမဟုတ္ဘူးတဲ့ေလ။
ဒါနဲ႔ ...မင္းခန္႔ မင္းေကာဘယ္လိုလုပ္မလဲ!"

မင္းခန္႔ထည္ဆိုတဲ့သူဟာ သူထိခိုက္သြားမွာကိုေၾကာက္႐ြံ႕ေနမယ့္လူတစ္ေယာက္မဟုတ္တာေၾကာင့္ သူ႕စိတ္ထဲမွာ မာန္အတြက္စိုးရိမ္ေနတဲ့စိတ္တို႔သာႀကီးစိုးေနခဲ့ရကာ သူ႕လက္ကဒဏ္ရာကိုေတာင္ ဂ႐ုမစိုက္အားေပ။

မင္းခန္႔ထည္သည္ ေသြးေတြစီးက်ေနတဲ့လက္တစ္ဖက္နဲ႔ဖုန္း Screenကိုပြတ္ဆြဲလိုက္ၿပီးေနာက္ contact nameတစ္ခုအားႏွိပ္လိုက္ေလသည္။

ထို႔ေနာက္နာက်ည္းခက္ထန္လွစြာေသာ အသံတို႔ျဖင့္ အံႀကိတ္ေမးလိုက္ေတာ့သည္။သူ၏မ်က္ဝန္းေတြထဲမွာအမုန္းတရားတို႔ေတာက္ေလာင္ေနကာ ေသြးနီေရာင္ပင္သမ္းလာခဲ့ရေခ်၏။

"ျဖဴစင္ေသာ္ မင္းဘယ္မွာလဲ!!!!"

••••••••••••••••••••••••••••••••••••••••••••••••••

ဆုအေခၚေဝၚေလးတစ္ခုမွားေရးခဲ့မိတာကိုေတာင္းပန္ခ်င္ပါတယ္။စိုင္းသီဟက႐ိႈင္းေဇယံကို 'ငယ္ေလး'လို႔ပဲေခၚေဝၚၿပီး ႐ိႈင္းဆက္ယံကမွ' ကိုေဇ'လို႔ေခၚတာပါ။
အဲ့တာကိုဆုကေနာက္ပိုင္းေတြမွာ 'ကိုေဇ'လို႔ပဲမွားေရးခဲ့မိတဲ့အတြက္ေတာင္းပန္ပါတယ္႐ွင္
🙏🙏(。>ㅅ<。)💦sorry…

Thanks for reading. 💜

Love you all my readers (♡´▽'♡)

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

74.5K 4.9K 123
နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်‌ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယ...
68.7K 5.8K 34
ယုဇနပန်းရနံ့ကိုရှူရှိုက်ပါ။ သံစဉ်​​ထဲမှာစီး​မြောပြီး လခြမ်း​ကွေးလို အလှတရားနဲ့ မင်းသမီးက​လေးကို ရှုစားပါတဲ့...။ ဪ မင်းသမီး​လေးရယ်... မဖြစ်နိုင်ဘူးဆို...
16.5K 1.3K 59
လမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှော...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္