"အရံဇာတ္ေကာင္တဖန္ျပန္လည္႐ွင္သ...

De crystalmoonlit

499K 47.3K 1.3K

Credit goes to amazing author Blackdia and picture is not mine(credit pintrest). Systemနဲ႔ဖတ္ရတာႀကိဳက္သူေတြအတ... Mai multe

Description
Prologue
ARC 1.1
ARC 1.2
ARC 1.3
ARC 1.4
ARC 1.5
ARC 1.6
ARC 1.7
ARC 1.8
ARC 1.9
ARC 1.10
ARC 1.11
ARC 1.12
ARC 1.13
ARC 1.14
ARC 1.15
ARC 2.1
ARC 2.2
ARC 2.3
ARC 2.4
ARC 2.5
ARC 2.6
ARC 2.7
ARC 2.8
ARC 2.9
ARC 2.10
ARC 2.11
ARC 2.12
ARC 2.13
ARC 2.14
ARC 2.15
ARC 2.16
ARC 2.17
ARC 2.18
ARC 2.20
ARC 2.21
ARC 2.22
ARC 2.23
ARC 2.24
ARC 2.25
ARC 3.1
ARC 3.2
ARC 3.3
ARC 3.3 Part 2
ARC 3.4

ARC 2.19

7.1K 1K 25
De crystalmoonlit

လုက်ီရွီသည္ စိတ္ေကာင္းဝင္ေနေသာေၾကာင့္ သီခ်င္းေလးတစ္ျငီးျငီးျဖင့္ သူမစားပြဲအသစ္တြင္ အလုပ္ေတြကို လုပ္ေနေလသည္။

ေဟးရွီျပန္လာလွ်င္ျဖစ္လာမည့္မ်က္ႏွာကို စိတ္ကူးၾကည့္ရံုျဖင့္ အရမ္းကိုအူျမဴးရလြန္းသည္ေလ။ သူမသည္ မုက်န္း၏စိတ္ဓါတ္ကို ေကာင္းေကာင္းသိသည္ေလ။ မုက်န္းသည္ အဲ့ေကာင္ကို လြယ္လြယ္ေလးေတာ့ အလြတ္ေပးလိုက္မွာ မဟုတ္ဘူးေလ။ သူမကံေကာင္းလွ်င္ အဲ့ေဟးရွီ၏မ်က္ႏွာကို ထပ္ျမင္စရာပင္မလုိေတာ့ေပ။ ဒါဆိုရင္ သူမက ဂ်ီဝမ္အတြင္းေရးမွဴးအျဖစ္ အစားထိုးဝင္လုပ္လိုက္ရံုပဲျဖစ္သည္။

စိတ္ထဲရွိသည့္အတိုင္းေျပာရမည္ဆိုလွ်င္ သူမအလုပ္သင္ကာလအတြင္း ဂ်ီဝမ္သည္ ကုမၸဏီ၏ဥကၠဌျဖစ္သည္ကိုသိလိုက္ရသည့္အခ်ိန္တြင္ သူမေတာ္ေတာ္ေလးကိုအံ့ၾသမိသြားရသည္။ တခ်ိန္ထဲမွာပဲ သူမစိတ္ကူးယဥ္ေနရသည့္ေယာက်္ားက အရမ္းကိုထက္ျမတ္သည့္သူျဖစ္သြားမွန္းသိရေတာ့ ေတာ္ေတာ္ေလးကိုေပ်ာ္သြားမိသည္။

ဒီအေၾကာင္းအရင္းေၾကာင့္ ဘာပဲျဖစ္ေနပါေစ သူမသည္ ထိုလူကိုလံံုးဝအဆံုးရံႈးမခံႏိုင္ေပ။ မိန္းမေတြကိုမေျပာႏွင့္ ေယာက်္ားတစ္ေယာက္ဆီမွာလဲ အဆံုးမခံႏိုင္ေပ။

သူမဒါကိုေတြးေနခ်ိန္မွာပဲ သူမသည္ ေျခသံကိုၾကားလိုက္ေသာေၾကာင့္ ေျခသံပိုင္ရွင္ကို ​ေမာ့ၾကည့္လိုက္ေလသည္။ ဒါေပမယ့္ သူမအတြက္ စိတ္ပ်က္သြားေစတာက ထိုျမင္ကြင္းသည္ သူမေတြးထင္ထားသလိုမဟုတ္ခဲ့ေပ။ သနားစရာေကာင္းပီး စိတ္မတည္မျငိမ္ျဖစ္ေနမည့္ မ်က္ႏွာထားႏွင့္ေရာက္လာမည္ဟုထင္ထားသည့္လူသည္ ျပန္လာခ်ိန္မွာေတာ့ တည္ျငိမ္ပီး ပံုမွန္အတိုင္းသာျဖစ္ေနပီး ဘာမွမလြဲေခ်ာ္သြားသလို ပံုစံျဖစ္ေနသည္ေလ။

~ဒါဘယ္လိုလုပ္ပီျဖစ္ႏိုင္မွာလဲ?! သူမကို ကူညီမယ္လို႔ မုက်န္းက ကတိေပးထားတယ္မလား?!~

သူမ၏ေပ်ာ္ရြင္ေနသည့္မ်က္ႏွာေလးသည္ အစိတ္စိတ္အမႊာအမႊာျဖစ္သြားသည္ေလ။ သူမ မတည္မျငိမ္ျဖစ္ေနတာကိုဖံုးကြယ္ဖို႔ၾကိဳးစားလိုက္ေပမယ့္ လီဖန္သည္ သူ႔မ်က္လံုးေထာင့္ကေနပီး သူမစိတ္အေျခအေနေတာ္ေတာ္ဆိုးဝါးသြားပံုကို ျမင္လိုက္ရေသးသည္ေလ။ ဒါေပမယ့္အျပင္ဘက္တြင္ေတာ့ သူသည္ သူ႔ပံုမွန္မ်က္ႏွာထားအတိုင္းသာမေျပာင္းမလဲရွိပီး သူမကိုေက်ာ္သြားကာ ရံုးခန္းထဲသို႔ ဘာမွမျဖစ္သလိုဝင္သြားလိုက္သည္။

ထိုလူသူမကိုဘာမွမေျပာသြားသည့္အတြက္ လုက်ီရွီသည္ ပိုပီးေတာ့ေတာင္မွ စိတ္ရႈ႔ပ္ေထြးသြားရသည္ေလ။ ~ငါမုက်န္းကိုေျပာထားတာေတြကို မုက်န္းကမ်ား ေဟာင္ေဟးရွီကိုေျပာျပလိုက္ေသးလား? ဘာလို႔သူက ငါ့ကိုဘာမွမေျပာသြားတာလဲ?~

ေန႔လည္စာနားခ်ိန္ေရာက္ေတာ့ လုက်ီရွီသည္ မုက်န္းကိုဖုန္းဆက္လိုက္ဖို႔ဆံုးျဖတ္လိုက္သည္။ တစ္ဖက္လူဖုန္းကိုင္လာတာကို ေစာင့္ေနရင္း သူမလက္သည္းကိုကိုက္ေနမိသည္။

ခနေလာက္ၾကာသြားပီးေနာက္ေတာ့ တဖက္လူသည္ဖုန္းကိုင္လာသည္။ “မု-မုက်န္း ဘာျဖစ္သြားတာလဲ? စာခ်ဳပ္က ဘာလို႔အဆင္ေျပေျပျဖစ္သြားတာလဲ?”

တစ္ဖက္မွလူသည္ခနေလာက္အသံတိတ္ေနပီးမွ ျပန္ေျဖလာသည္။ “ငါစိတ္ေျပာင္းလိုက္တာ ဘာလို႔ဆို ဒါကအေရးႀကီးတဲ့စာခ်ဳပ္ျဖစ္ေနလို႔ တစ္ခုခုအဆင္မေျပျဖစ္သြားရင္ ငါ့ကုမၸဏီက ေတာ္ေတာ္ေလး အထိအခို-”

“ဒါေပမယ့္နင္ပဲေျပာတာမလား အဆင္ေျပသြားမယ္ဆိုပီးေတာ့?!” လုက်ီရွီသည္ စိတ္အေႏွာင့္အယွက္ျဖစ္သြားေသာေၾကာင့္ သူမေျပာလိုက္သည့္ေလသံကနည္းနည္းက်ယ္သြားသည္။ သူမေျပာလိုက္သည္က ၾကမ္းတမ္းသည့္ပံုေပါက္သလို ျဖစ္သြားသည္ကို သိလိုက္သည့္အတြက္ ျပန္ျပင္ေျပာဖို႔လုပ္လိုက္သည္။ “အား … ငါေျပာခ်င္တာကေလ … ”

မုက်န္းသည္ ေတာင္းပန္သလိုေလသံျဖင့္ေျပာလာသည္။ “ငါသိတယ္ … ငါေတာင္းပန္ပါတယ္ ဒါေပမယ့္ … အဲ့လူကတကယ္ပဲ အဲ့လိုဟုတ္လား? သူ႔ပံုစံက အဲ့လိုပံုလည္းမထြက္ပါဘူး … ”

ဒါကိုၾကားလိုက္သည့္ႏွင့္ သူမသည္ ေဒါသငယ္ထိပ္သုိ႔ေရာက္သြားပီး ေပါက္ကြဲေတာ့သည္။ “သူမဟုတ္စရာမွမရွိတာ! ငါတို႔HR deptမွာတုန္းက သူက ငါ့အလုပ္ကိုခိုးခ်ပီး ငါနဲ႔အတူ ရာထူးတိုးသြားတာေလ! သူငါ့အလုပ္ကိုခိုးခ်ပီး သူ႔တင္ျပခ်က္ကို အထက္ကလူႀကီးေတြက သေဘာက်သြားလို႔ သူက ငါ့ထက္အရင္ အတြင္းေရးမွဴးတန္းျဖစ္သြားတာေလ! ဒါတင္မကေသးဘူး အဲ့လူက နင့္ကုမၸဏီနဲ႔ခ်ဳပ္မယ့္စာခ်ဳပ္ကို ငါလုပ္ထားတာကို သူကျဖတ္ယူသြားတာေလ။ ပီးေတာ့ သူကတစ္ျခားလူေတြကိုလည္းေျပာလိုက္ေသးတယ္ ငါက သူ႔ခိုင္းလို႔လုပ္ထားတာဆိုပီးေတာ့ ဒါေၾကာင့္ေနာက္ဆံုးသေဘာတူညီခ်က္ၾကေတာ့ သူကရသြားတာေလ သူပဲအကုန္လံုးျဖတ္ယူသြားတာ!”

မုက်န္းသည္ ေသခ်ာေအာင္ျပန္ေမးလိုက္သည္။ “အို? ဒါဆိုနင္က ေနာက္ကြယ္ကေနလုပ္ေပးေနရပီးေတာ့ သူကအကုန္လံုးျဖတ္ယူသြားတာလား?”

လုက်ီရွီသည္ ပြင့္လင္းစြာျပန္ေျဖလိုက္သည္။ “ဟုတ္ပါတယ္ဆို! သူက ငါနဲ႔ဘယ္လိုလုပ္ပီးယွဥ္လို႔ရမွာလဲ? သူမွာရွိတာဆိုလို႔ရုပ္ေလးပဲရွိတာ! အခုေတာ့ အဲ့လူဘယ္ေလာက္ေတာင္ညစ္ပတ္လဲဆိုတာကိုနင္သိသြားပီဆိုေတာ့ သူ႔ရုပ္ေလးေၾကာင့္ အလွည့္စားမခံေနနဲ႔ေတာ့! သူက အကုန္လံုးကို ညာစားေနတာ ဒါေၾကာင့္နင္ကပါ သူ႔ေထာင္ေခ်ာက္ထဲ ​ေရာက္သြာလို႔မျဖစ္ဘူး!”

မုက်န္းသည္ရယ္လိုက္ပီးေနာက္ ​ေအးေဆးစြာပဲ ​ေျပာလိုက္သည္။ “ဒါေပါ့ သူ႔ကိုမင္းအစားရွင္းေပမယ္! မင္းေျပာတဲ့စကားထက္ သူ႔စကားကို ငါကဘာလို႔ယံုမွာလဲ? စိတ္ခ်ထား သူ႔ကိုရွင္းဖို႔နည္းေတြမွ အမ်ားႀကီးရွိတယ္ ဒါဆို ဖုန္းခ်လိုက္ေတာ့မယ္ ငါေန႔လည္အစည္းအေဝးရွိေသးလို႔”

အစကေတာ့ မုက်န္းသည္ အနည္းငယ္ထူးဆန္းေနသည္ဟု သူမခံစားရတာေၾကာင့္ မ်က္ေမွာင္က်ံဳ႕မိေပမယ့္ မုက်န္းက သူမကို ပံုမွန္လိုပဲ စကားေျပာေနေသာေၾကာင့္ ထိုအေတြးကို ​ေမာင္းထုတ္လိုက္ပီးေနာက္ မုက်န္းဖုန္းမခ်သြားခင္ သူမသည္သေဘာတူေၾကာင္းျပန္ေျပာလိုက္သည္။

တစ္ဖက္မွာေတာ့ လီဖန္သည္ ဂ်ီဝမ္အား စာခ်ဳပ္ကိုေပးလိုက္ပီး ျပန္လည္ၾကည့္ရႈစစ္ေဆးေစသည္။ ေနာက္ေတာ့ ေျဖးေျဖးပဲေျပာလိုက္သည္။ “Boss ဒီေန႕ ကုမၸဏီလုပ္ငန္းသစ္အတြက္ ထုတ္လုပ္ေနေရးဌာနကိုသြားပီး အတည္ျပဳဖို႔လိုတယ္။ ဒါေၾကာင့္ ဒီညခင္ဗ်ားတိုက္ခန္းကိုမလာႏိုင္ေတာ့ဘူး ဒါေပမယ့္ မနက္ျဖန္ၾကရင္ေတာ့ လာပါ့မယ္”

ဂ်ီဝမ္သည္ ခနေလာက္တံု႔သြားပီး တစ္ခုခုကိုသတိရလိုက္သည္။

~ေဟးရွီက ဒီလုပ္ငန္းအသစ္ကို ဦးစီးရတဲ့သူဆိုတာကို သူဘယ္လိုလုပ္ပီးေမ့သြားရတာလဲ?! ဒါဆို ဆိုလိုတာက သူတို႔ႏွစ္ေယာက္ အခုကစပီး ေတြ႔ဖို႔အခ်ိန္ေတြ နည္းကုန္ပီလုိ႔ ဆိုလိုတာမလား?!~

ဒီအေတြးကိုေတြးလိုက္မခ်ိန္မွာေတာ့ မေက်နပ္မႈေတြက သူ႔တစ္မ်က္ႏွာလံုးအျပည့္ျဖစ္သြားရသည္။ သူသည္ေဟးရွီႏွင့္အတူတူသြားလိုက္ခ်င္ေပမယ့္ သူသည္လည္းလုပ္စရာအလုပ္ေတြအမ်ားႀကီးရွိေသးသည္။ ဒီလုပ္ငန္းကေနပီးေတာ့လည္း ေဟးရွီကို ထုတ္လုိက္ဖို႔ဆိုတာကလည္းမျဖစ္ႏိုင္ေပ။ ဘာေၾကာင့္ဆို သူ႔ေဘဘီေလးသည္ နည္းပညာပိုင္းႏွင့္ပတ္သတ္ပီး ဒီေလာက္ေတာင္ထူးခၽြန္ေနမည္ကို သူအစက မသိခဲ့ေသာေၾကာင့္ပင္။

ပထမအႀကိမ္ အစည္းအေဝးလုပ္တုန္းက ေဟးရွီသည္ သူ၏ယူဆခ်က္မ်ားကိုေျပာလာသည့္အခ်ိန္မွာေတာ့ ကၽြမ္းက်င္ပညာရွင္ေတြကိုေတာင္အလဲထိုးပီး ေခါင္းေတြငံု႔သြားရသည္ေလ။

ဒါအျပင္ သူ၏hackingစြမ္းရည္သည္ ထိပ္တန္းဆိုတာကိုလည္း သူသိသည္။ သူနားမလည္တာကေတာ့ သူစံုစမ္းထားသမွ်ထဲတြင္ ထိုအေၾကာင္းေတြကို လံုးဝမသိရပါေပ။ မသိလွ်င္ လံုးဝကိုမတူညီသည္လူတစ္ေယာက္လိုပင္…

ဒါေပမယ့္ ဒါကိုသူစိတ္ထဲမထားပါ။ သူတကယ္ဘယ္သူလဲဆိုတာက သူဂရုမစိုက္။ ဘာေၾကာင့္ဆို သူသိသည့္တစ္ခုတည္းေသာအရာက သူသည္ ဒီလူကို ခ်စ္သည္။ ဒီေလာက္က သူ႔အတြက္လံုေလာက္ပီေလ။

ဂ်ီဝမ္သည္ ေခါင္းညိမ့္ျပလိုက္ပီးေနာက္ စိတ္ပူသြားသည့္အသံျဖင့္ “အိုေက အရမ္းႀကီးလဲဖိမလုပ္နဲ႔ဦး”

လီဖန္သည္ ခနေလာက္တံု႔သြားပီးေနာက္ ႏူးညံ့စြာျပံဳးလိုက္ပီးျပန္ေျဖလိုက္သည္။ “အဲ့ဒါက ကၽြန္ေတာ္ေျပာရမွာ။ ဒါဆိုရင္မနက္ျဖန္မွေတြ႔မယ္” သူသည္ ေလးစားစြာအရိုအေသေပးလိုက္ပီးေနာက္ သူ႔ပစၥည္းမ်ားကိုသိမ္းကာ ရံုခန္းထဲမွထြက္သြားလိုက္သည္။

ဂ်ီဝမ္သည္ လီဖန္၏ မ်က္လံုးက်ိန္းေလာက္ေအာင္လွသည့္ အျပံဳးေၾကာင့္ ​ေတာင့္ခဲေနပီး ေဟးရွီရံုးခန္းထဲမွထြက္သြားမွသာ အသိစိတ္ျပန္ဝင္လာေတာ့သည္။ သူ႔နားရြက္မ်ား အနည္းငယ္နီေနပီး မ်က္ႏွာကိုလက္ျဖင့္အုပ္ကာ ကိုယ့္ကိုကိုယ္တိုးတုိးေလးျပန္ေျပာလိုက္သည္။ “အား! တကယ္ကိုမတရားဘူး! ဒါက မီးစိမ္းျပတာလား?”

အခ်ိန္သည္ကုန္ျမန္လွသည္။ လီဖန္အလုပ္မ်ားပီး၍အိမ္ျပန္ေရာက္သြားေတာ့ သန္းေခါင္ခ်ိန္ပင္ေရာက္သြားပီေလ။ သူသည္ညစာကိုျမန္ျမန္စားလိုက္ပီးေနာက္ ေရခ်ိဳးလိုက္ကာ အလုပ္ေတြကိုျပန္လုပ္လိုက္သည္။ ေနာက္ေတာ့ သူမၾကားရတာ ​ေတာ္ေတာ္ေလးၾကာေနပီျဖစ္သည့္ ကေလးကလားအသံကိုရုတ္တရပ္ သူ႔ေခါင္းထဲတြင္ၾကားလိုက္ရသည္။ [Host! ကၽြန္ေတာ္ျပန္လာပီ!]

လီဖန္သည္ခ်က္ခ်င္းတံု႔သြားပီး သူ႔ႏႈတ္ခမ္းသည္နတ္ဆိုးလိုျပံဳးလာပီးေနာက္ ေရခဲရိုက္အသံျဖင့္ ေျပာလိုက္သည္။ “ေကာင္းလိုက္တာ ေကာင္းလိုက္တာ! မင္းက တကယ့္ကိုအခ်ိန္မွန္ေရာက္လာတာပဲ!”

သူ႔ေအးစက္စက္အသံေၾကာင့္ systemသည္ၾကက္သီးထသြားပီး သူ႔ကိုယ္သူဘယ္လိုကာကြယ္ရမလဲဆိုတာကို မသိေတာ့ဘူးျဖစ္သြားရသည္။ ဘာေၾကာင့္ဆို သူအခုေလးတင္စစ္ၾကည့္လုိက္ေတာ့ ဇာတ္လမ္းေၾကာင္းေျပာင္းသြားပီး ဒီအေျခအေနေတြထိေတာင္ေရာက္လာသည္ေလ!

~သူဘာလုပ္သင့္လဲ?! အဲ့ေနရာက အခ်ိန္စီးဆင္းပံုသည္ ဒီမွာႏွင့္မတူညီေပ ဒါေၾကာင့္ သူခနေလးသြားလိုက္ေပမယ့္ ဒီမွာက ႏွစ္ဝက္ေတာင္ကုန္သြားပီေလ အား! QAQ~

လီဖန္သည္ လက္ကိုပိုက္လိုက္ပီး သူ႔ခံုကိုမွီလိုက္ကာ သူ႔ေရခဲမ်က္ႏွာႏွင့္အလုိက္ တည္ျငိမ္စြာေျပာလိုက္သည္။ “မင္းက်ဴးလြန္တဲ့အျပစ္ကို မင္းသိတယ္မလား?”

Systemသည္သူ၏မရွိသည့္လက္ေခ်ာင္းေတြကို လိမ္က်စ္ေနပီးေနာက္ ထစ္အစြာ တိုးတိုးေလးျပန္ေျဖလိုက္သည္။ [ … ကၽြန္ … ခင္ဗ်ားကို ေျပာဖို႔ေမ့သြားတာ ကၽြန္ေတာ္မသြားခင္က အဲ့လူက ဇာတ္လိုက္ဆိုတာကို … ]

ထိုဟာေလး၏အေျဖကိုၾကားလိုက္ရခ်ိန္မွာေတာ့ လီဖန္၏ႏႈတ္ခမ္းေထာင့္သည့္ မထိန္းႏိုင္ပဲတြန္႔သြားသည္။ သူသည္ ဒီဟာေလးကို ေျဖေတြးေပးဖို႔ေတာင္ ႀကိဳးစားလိုက္ေသးသည္ေလ။ ဇာတ္လမ္းေၾကာင္းကတရားဝင္မစေသးလို႔ သူ႔ကို ​ေျပာျပခြင့္ပိတ္ထားတာေနမွာပါေလဆိုပီးေတာ့ဟုပင္။ ဒါေပမယ့္ သူအခုၾကားလုိက္ရတာက ဘာလဲ? သူက ဒီအတိုင္းေမ့သြားတာ…?

ဒါေၾကာင့္ အခန္းတြင္းရွိအပူခ်ိန္သည္ ခ်က္ခ်င္းေျပာင္းျပန္ျဖစ္သြားပီး အခန္းျပင္က အပူခ်ိန္ထက္ေတာင္ နည္းေနေလာက္မည္။ ထုိ႔ေၾကာင့္Systemသည္ သူ႔ကိုယ္သူအတြက္သာ ဆုေတာင္းေပးေနလိုက္မိသည္။

အခ်ိန္အေတာ္ၾကာတိတ္ဆိတ္သြားပီးေနာက္ လီဖန္သည္ အက်ယ္ႀကီးေအာ္ရီလိုက္တာေၾကာင့္ Systemသည္ လန္႔သြားပီးတုန္သြားရသည္။ သူသည္ စိတ္ထဲတြင္ မပူေဆြးပဲမေနႏိုင္ျဖစ္သြားရသည္။ : ေနာက္ဆံုး တကယ္ကိုပဲ စိတၱဇအရူးျဖစ္သြားတာလား? ဘာလို႔ထိတ္လန္႔သည္းဖိုဇာတ္ကားတစ္ခုကိုၾကည့္ေနရသလိုျဖစ္ေနရတာလဲ?! QAQ

စိတ္ဝိဉာဥ္ေတြတိုင္းကိုျပဳစားႏိုင္သည့္အရမ္းကိုလွသည့္ မ်က္ႏွာေလးကိုပိုင္ဆိုင္ထားေသာလူသည္ အခုလိုမ်ိဳးစိတ္လိုလက္ရ ရယ္ေမာေနေသာေၾကာင့္ သူ႔ပံုစံမွာ ပို၍ေတာင္ဖမ္းစားႏိုင္ေလသည္။ ဒါေပမယ့္ သူ႔ရယ္သံေတြက သူ႔မ်က္လံုးေတြထိမေရာက္ပဲ မ်က္လံုးမ်ားက ေရခဲေငြ႔ေတြပင္ထြက္ေနသလိုျဖစ္ေနပီး ဘာခံစားခ်က္မွမပါပဲ သူ႔ေရွ႕က ေကာင္ေလးကို စိုက္ၾကည့္ေနသည္။

တစ္ခ်ိန္က နားဝင္ခ်ိဳခဲ့သည့္အသံေလးသည္ အခုတြင္ေတာ့ အေမႊးေတြပင္ေထာင္သြားေလာက္ေအာင္ ေအးစက္ပီး ေၾကာက္စရာေကာင္းေနေသာေၾကာင့္ သနားစရာေကာင္ေလးသည္ အေနာက္သို႔ တျဖည္းျဖည္းဆုတ္သြားေပမယ့္ ထိုလူကေတာ့ ေကာင္ေလးေရွ႕ကိုပိုပီးတိုးလာသည္။ ေကာင္ေလး၏ေက်ာသည္တံခါးကိုထိသြားပီးထပ္ဆုတ္စရာေနရာမရွိေတာ့ပဲ ထိုလူသည္ သူ႔ေရွ႕ကိုေရာက္လာေလသည္။ ေနာက္ေတာ့ ငုတ္တုတ္ထိုင္ခ်လိုက္ပီးေနာက္ ေအးစက္စြာ ​ေမးလိုက္သည္။

“မင္းဘာအျပစ္ကိုက်ဴးလြန္လိုက္လဲဆိုတာကို သိလား?”

ေကာင္ေလးသည္ သူ႔အား ထိတ္လန္႔တုန္လႈပ္စြာ ၾကည့္လာပီး ထစ္အစြာေျပာလာသည္။ “ကၽြ-ကၽြန္ေတာ္ ေတာင္းပန္ပါတယ္ … ” သို႔ေပမယ့္ ထုိေကာင္ေလး စကားမဆံုးခင္မွာပဲ ထိုလူက ေကာင္ေလး၏ေကာ္လာကို လက္တစ္ဖက္ျဖင့္ေဆာင့္ဆြဲလိုက္ပီး ေနာက္တစ္ဖက္ကေတာ့ ကုတ္ထဲသို႔ႏိႈက္လိုက္ပီး မီးဖိုခန္းသံုးဓါးတစ္လက္ကို ထုတ္လာသည္။ ေနာက္ေတာ့ …

ဆက္ရန္

ေခါင္းစဥ္ း သခင္ႏွင့္ကၽြန္
သရုပ္ေဆာင္ း ယြမ္လီဖန္ SYSTEM 09
ဒါရိုက္တာ း SYSTEM 09

System သည္ အလြန္ေၾကာက္ရြံ႕ေနေသာေၾကာင့္ စိတ္ကူးယဥ္အေတြးမ်ားျဖင့္ျပည့္ႏွက္ေနေသာကာ သူသည္ လ်င္ျမန္စြာထပ္ေျပာလိုက္သည္။ [ဘ-ဘယ္လုိပဲျဖစ္ျဖစ္ေလ အေရးႀကီးတာက ထြက္လာမယ့္ရလဒ္ပဲမဟုတ္လား? ခင္ဗ်ားတို႔ႏွစ္ေယာက္စလံုး အဆင္ေျပေနတယ္မလား?]

ဒါကိုၾကားလိုက္ရေတာ့ လီဖန္သည္ တြန္႔သြားရပီး သူအေျဖအလိုခ်င္ဆံုးေမးခြန္းကို တြန္႔ဆုတ္စြာ ေမးလိုက္သည္။ ‘…အဲ့ဒါက သူလား?’

သူ႔ေမးခြန္းကိုေမးလိုက္ေတာ့ systemဆီမွ ဘာမွျပန္ေျဖလာသံမၾကားလိုက္ရတာေၾကာင့္ သူ႔စိတ္သည္ခ်ံဳးခ်ံဳးက်သြားပီး သူ႔ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးသည္လည္း တေျဖးေျဖးမွိန္သြားသည္။ သူသည္ သူ႔ကိုသူ စိတ္ထဲတြင္ျပန္ေလွာင္လိုက္သည္။ ဒါဆို … ျဖစ္ႏိုင္ေခ်လံုးဝမရွိေတာ့ဘူးေပါ့?

ဒါေပမယ့္ အဲ့ခ်ိန္မွာေတာ့ systemသည္  သူ႔hostအား ေျပာသင့္မသင့္ကို ေတြေဝေနတုန္းျဖစ္ေနသည္ေလ။

တကယ္ေတာ့ သူဆင့္ေခၚခံရသည့္အေၾကာင္းအရင္းက အေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ အလြန္အဆင့္ျမင့္သည့္ အစုတစ္ခုသည္ သူတုိ႔၏လ်ိဳ႕ဝွက္သတင္းဌာနကို ခိုးဝင္သြားပီး ဒါကို သူ႔အထက္က သိပ္မၾကာေသးခင္ေလးကမွ သိၾကသည္။ ဒါေၾကာင့္ systemေတြအကုန္လံုးကိုဆင့္ေခၚလိုက္ပီး ဒီအေၾကာင္းကို အကုန္လံုးအားအသိေပးလာပီး တစ္စံုတစ္ရာမူမမွန္သည့္အေနအထားကိုသတိထားမိသည္ႏွင့္ သတင္းျပန္ပို႔ရန္ ေျပာလာျခင္းျဖစ္သည္။

ဒါအျပင္သူသည္ ရံုးခ်ဳပ္တြင္ အခ်ိန္အနည္းငယ္ၾကာေအာင္ ​ေနလိုက္ရေသးသည္ေလ။ ဘာေၾကာင့္ဆို သူတို႔သည္ လံုျခံဳေရးကို ပိုတင္းၾကပ္ခ်င္ေသာေၾကာင့္ျဖစ္သည္။ အဲ့ဒီအတြက္ေၾကာင့္သာမဟုတ္လွ်င္ လီဖန္ အတြင္းေရးမွဴးစျဖစ္သည့္အခ်ိန္ေလာက္ကပင္ သူျပန္ေရာက္ေနေလာက္ပီျဖစ္သည္။

အခုေတာ့ သူျမင္မိသမွ်ကေတာ့ ဒီကမၻာ၏ဇာတ္လိုက္သည္ က်ဴးေက်ာ္ဝင္လာသူမွန္း သူတန္းသိလိုက္သည္။

ဒါေပမယ့္ လီဖန္၏စိတ္ဓါတ္က်ေနသည့္ မ်က္ႏွာကိုျမင္လိုက္ခ်ိန္မွာေတာ့ သူသည္ အခ်ိန္မဆိုင္းေတာ့ပဲ ခ်က္ခ်င္း ဆံုးျဖတ္ခ်က္ကိုခ်လိုက္သည္။

Systemသည္ အတည္ျပဳေပးလုိက္သည္။ [ဟုတ္တယ္ အဲ့လူက ခင္ဗ်ားခ်စ္သူပဲ]

လက္ေတြ႔ကိုလက္ခံေပးဖို႔လုပ္ေနသည့္လီဖန္သည္ ေနရာတြင္ေက်ာက္ရုပ္ျဖစ္သြားရပီး သူ႔မ်က္လံုးမ်ားက မယံုၾကည္ႏိုင္မႈျဖစ္ ျပဴးက်ယ္သြားရသည္။

ဒါကိုျမင္လိုက္သည့္ systemေလးသည္ ထပ္ပီးအတည္ျပဳေပးလိုက္သည္။ [တနည္းနည္းနဲ႔ … သူကခင္ဗ်ားေနာက္ကို အရင္ဘဝကေန ဒီကို လိုက္လာတာ။ သူ႔ဆီမွာ အတိတ္ကမွတ္ဉာဏ္ေတြက ခင္ဗ်ားလိုမရွိေတာ့ေပမယ့္ သံသယလံုးဝျဖစ္စရာမရွိဘူး သူက ခင္ဗ်ားခ်စ္သူပဲ]

System၏စကားဆံုးသြားသည္ႏွင့္ လီဖန္သည္သူ႔ႏွာေခါင္းထိပ္အနည္းငယ္က်င္လာသလိုခံစားလိုက္ရေသာေၾကာင့္ စားပြဲေပၚသို႔ မ်က္ႏွာကိုေမွာက္လိုက္သည္။ သူ႔ပုခံုးမ်ားသည္လည္း အနည္းငယ္တုန္ယင္ေနသည္ေလ။ သူသည္ ေပ်ာ္ရြင္မႈျဖင့္ဖံုးအုပ္ေနသည္ေလ။ ဘာေၾကာင့္ဆို သူခ်စ္ရသူကို အရင္ဘဝက ခြဲခြာခဲ့ရတုန္း နာၾကင္ခဲ့ရသည့္ခံစားခ်က္ကို သူအခုထိမွတ္မိေနေသးေသာေၾကာင့္ပင္။

ကိုယ္ကစိတ္ေရာကိုယ္ပါခ်စ္ရသည့္သူမရွိေတာ့ပဲ ကိုယ့္ကိုသာထားခဲ့ပီး သြားလိုက္သည္ကိုသိရသည္က အရမ္းကိုဆိုးရြားသည့္ခံစားခ်က္ပင္ … ဒါေၾကာင့္ သူ႔အခုလက္ရွိအေျခအေနကိုဘယ္လိုရင္ဆိုင္ရမလဲမသိေတာ့ေပ။ သူအေပ်ာ္ေတြျပည့္ေနသလို ခံစားေနရေသာေၾကာင့္ျဖစ္သည္ေလ။

လီဖန္သည္ေပ်ာ္လြန္းလို႔ငိုေတာင္ငိုရသည္ဟုထင္လိုက္ပီး ႏွစ္သိမ့္ေပးဖို႔လုပ္လိုက္ေပမယ့္ လီဖန္သည္ ရုတ္တရပ္ထလိုက္ေသာေၾကာင့္ လန္႔ဖ်န္႔သြားရသည္။ လီဖန္၏မ်က္ႏွာတြင္ ဒီကမၻာကိုေရာက္ကတည္းက ပထမဆံုးစိတ္ရင္းျဖင့္ျပံဳးလာသည့္အျပံဳးေလးျဖစ္ေပၚလာပီး သြားမ်ားပင္ေပၚလာသည္အထိျပံဳးလိုက္သည္။ သူသည္ စိတ္လႈပ္ရွားစြာျဖင့္ေအာ္ေျပာလိုက္သည္။ “ငါသိတယ္ေလ! ငါလံုးဝမမွားႏိုင္ဘူးဆိုတာ! သူကငါ့ခ်စ္သူပဲ!”

သူ႔တုံ႔ျပန္မႈေၾကာင့္ systemသည္ေတာင့္သြားသည္ေလ။ ထားလိုက္တာ့! ဒါေလးေၾကာင့္နဲ႔ ငိုသြားမယ္လို႔ ထင္မိတဲ့ ငါသာ အရူး! အဲ့အစား သူသည္ ေလွာင္လိုက္ေလသည္။ [ဘာလဲ? ခ်က္ခ်င္းကို ခင္ဗ်ားေယာက်္ားရင္ခြင္ထဲကို ေျပးသြားေတာ့မလို႔လား?]

လီဖန္သည္ စိတ္ေကာင္းဝင္ေနေသာေၾကာင့္ systemစေနာက္ေနသည္ကို စိတ္ထဲမထားေတာ့ပဲ သူေျပာလိုက္သည့္ေနာက္စကားတစ္ခြန္းေၾကာင့္ systemသည္ ေတာင့္သြားရျပန္သည္။ သူသည္မလ်င္မျမန္ပဲ ေျပာလိုက္သည္။ “ဒါဆိုရင္ အခုမင္းကို အျပစ္ေပးရမယ့္အေၾကာင္းကို ျပန္သြားရေအာင္ ဒီကိစၥကိုငါက ဒီအတိုင္း ​ေက်ာ္သြားမယ္လို႔ မင္းထင္ေနတာလား?”

ေသပီေလ! သူထင္ထားသည္က လီဖန္၏အေတြးအာရံုသာေျပာင္းသြားရင္ သူလြတ္ေလာက္ပီေပါ့! မင္း ဒုကၡေပးတဲ့ဟာေလး! ငါက မင္းရဲ႕ေက်းဇူးရွင္လို႔ေတာင္သတ္မွတ္လို႔တယ္ဆိုတာ မင္းသိလား?!

အခုေတာ့မနက္ေစာေစာျဖစ္ပီး ဂ်ီဝမ္သည္ အခုထိအိပ္ယာထဲမွာပင္ျဖစ္သည္။

ေနာက္ေတာ့ ေျခသံတိုးတိုးေလးကို ၾကားလိုက္ရေသာေၾကာင့္ အိပ္ခ်င္မူးတူးျဖင့္ မ်က္လံုးကိုဖြင့္ၾကည့္လိုက္သည္။ မနက္ေစာေစာထသည္က သူ႔အတြက္ ဘာအခက္အခဲမွမရွိေပမယ့္ သူ႔ေဘဘီေလး သူ႔အား လာႏိုးသည့္အခိုက္အတန္႔ေလးကို သူ သေဘာက်ေသာေၾကာင့္ပင္။ ဘာေၾကာင့္ဆို သူႏိုးလို႔မ်က္လံုးဖြင့္လိုက္သည္ႏွင့္ ေဘဘီကိုပထမဆံုးျမင္ရေသာေၾကာင့္ျဖစ္သည္။ ဒါေၾကာင့္ သူမေနႏိုင္ပဲ မနက္ေစာေစာမထႏိုင္သလို ဟန္ေဆာင္လိုက္ရျခင္းျဖစ္သည္ေလ။

သူသည္ ဒီအလွေလးကို သူႏွင့္အတူလာေနဖို႔ စည္းရံုးၾကည့္သည္။ ေနာက္ေတာ့ အိပ္ယာတစ္ခုထဲ အတူအိပ္ရေအာင္ဆြဲေဆာင္မည္ဟုေပါ့။ ဒါေပမယ့္ ဒါေတြက အေတြးသက္သက္သာပင္။

ေဟးရွီ၏ခ်စ္သူေကာင္ေလးဆိုတဲ့တစ္ေယာက္ကေတာ့ သူ႔ကိုညာေနသည္ဟုသာ ေတြးလိုက္သည္ေလ။ ဘာလို႔ိဆို သူသည္ သူ႔ေဘဘီေလးကို အျမဲတမ္းေစာင့္ၾကည့္ေနေပမယ့္ အဲ့လူအေၾကာင္း သူ႔ေဘဘီပါးစပ္ကေျပာလာျခင္းလည္းမရွိသလို ေတြ႔ဆံုျခင္းလည္းမေတြ႔ခဲ့ေပ။

သူသည္ ေဟးရွီ၏အရင္ကဖုန္းေျပာသည့္ အဝင္အထြက္ကိုပင္ျပန္ရွာၾကည့္ဖို႔အတြက္ hackerကိုေတာင္ငွားလိုက္ေသးသည္။ ဒါမွသူသည္ အဲ့ဒီမေလာက္ေလးမေလာက္စားေကာင္ကို ရွာေတြ႔မည္ေလ။ ဒါေပမယ့္လည္း သူရွာမေတြ႕ေပ။ ကားေပၚတြင္ GPSကိုတပ္ထားပီး ဖုန္းထဲတြင္ ေနာက္ေယာင္ခံသည့္ကရိယာကိုတပ္ထားလညး္ အသံုးမဝင္။

ဒါေၾကာင့္ သူအဆံုးသတ္လိုက္ခ်ိန္မွာေတာ့ သူ႔ေဘဘီက သူ႔ကိုျငင္းဖို႔အတြက္အေၾကာင္းျပခ်က္သက္သက္ေပးရံုသာျဖစ္မည္ဟု။ ထိုခ်စ္သူတကယ္မရွိဘူးဆိုတာကို သိလိုက္ခ်ိန္မွာေတာ့ သူသည္တစ္ခ်ိန္တည္းမွာပဲ ေပ်ာ္လည္းေပ်ာ္ရပီး အနည္းငယ္လည္း နာက်င္မိသည္ေလ။

နာက်င္ရသည္က သူ႔ေဘဘီသည္ သူ႔ကိုတကယ္ပင္မုန္းေနသည္ဟု။ ေပ်ာ္ရသည္က သူ႔ေဘဘီသည္ ဘယ္သူႏွင့္မွ မပတ္သတ္ေနေသာေၾကာင့္ပင္။ ဒါေၾကာင့္ သူသည္ရသည့္အခြင့္အေရးကိုသာအရဆုပ္ယူထားပီး သူ႔ေဘဘီ သူ႔ေနာက္ကြယ္တြင္ သူမသိေအာင္ ဘာမွမလုပ္ႏိုင္ေအာင္ အကုန္တားဆီးမည္ေလ။

အခုလက္ရွိခ်ိန္မွာေတာ့ ထံုးစံအတိုင္း သူ႔အခန္းထဲသို႔ဝင္လာသူသည္ ခန္းဆီးမ်ားကိုဖြင့္လိုက္ပီး တစ္ခန္းလံုးကို မနက္ခင္းေနေရာင္ျခည္ေတြျဖင့္ လင္းသြားေစသည္။

ထိုသူအားၾကည့္လိုက္ဖို႔ ဂ်ီဝမ္သည္ သူ႔မ်က္လံုးကိုအနည္းငယ္က်ံဳ႕လိုက္သည္။ ေနေရာင္ျခည္က သူ႔တစ္ကိုယ္လံုးကို လႊမ္းျခံဳထားေသာေၾကာင့္ သူ႔ဆံပင္အေရာင္ကိုေတာင္ မသဲမကြဲႏွင့္ရႈပ္ေထြးသလိုျဖစ္ေစပီး သူ႔၏ အလြန္လွပသည့္မ်က္ႏွာေလးႏွင့္ေပါင္းလိုက္ခ်ိန္မွာေတာ့ သူ႔ကိုၾကည့္ေနရသည္က အိပ္မက္လိုပင္။ အခုေတာ့ သူသည္ ျပံဳးေနပီး သူ႔မ်က္လံုးေလးႏွစ္ခုလံုး လျခမ္းေကြးေလးလိုျဖစ္ေနကာ ထိုအျပံဳးတြင္ ႏူးညံ့မႈမ်ား လြမ္းဆြတ္မႈမ်ားျဖင့္ျပည့္ေနေသာေၾကာင့္ လူတစ္ေယာက္၏ႏွလံုးကိုနာက်င္ေအာင့္မ်က္သြားေစသည္။

ဒါကိုျမင္လိုက္သည့္ဂ်ီဝမ္သည္ ခ်က္ခ်င္းကိုႏိုးသြားရပီး သူ႔ႏွလံုးသည္လည္းစည္းခ်က္မမွန္ေတာ့ကာ သူဘယ္လိုတုံ႔ျပန္ရမည္မွန္းမသိေတာ့ေပ။ ဘာေၾကာင့္ဆို သူ႔အားေဟးရွီဒီလုိျပံဳးျပလာျခင္းသည္ ပထမဆံုးအႀကိမ္ျဖစ္ေသာေၾကာင့္ပင္။ သူ႔ႏွာေခါင္းသည္အနည္းငယ္က်င္လာသည္။ ဘာေၾကာင့္ဆို စိတ္သက္သာရာရသြားျခင္း ဝမ္းနည္းမႈ တမ္းတလြမ္းဆြတ္မႈ သတိရမႈ စသည့္ခံစားခ်က္မ်ားသည္ ဘယ္ကမွန္းမသိေပၚလာေသာေၾကာင့္ပင္။ ဒါေၾကာင့္သူသည္စိတ္ရႈပ္သြားရေပမယ့္ အေတြးတစ္ခုသည္သူ႔စိတ္ထဲတြင္ဖ်က္ခနဲေပၚလာသည္။ ေနာက္ဆံုးေတာ့ သူငါ့ကိုလက္ခံလိုက္ပီပဲ …

တကယ္ေတာ့ ေဟးရွီသည္ သူ႔အေပၚတြင္ မုန္းတီးမႈကိုတစ္ခါမွမျပဖူးေပမယ့္လို႔ သူသည္ သူ႔ေဘးနားတြင္ေဟးရွီကိုထားထားေသာ္လည္း ေဟးရွီဆီကို ဘယ္လိုမွလက္လွမ္းမမွီဘူးဟု ခံစားေနရသည္ေလ။ သူ႔တို႔ႏွစ္ေယာက္ၾကားထဲတြင္ နံရံတစ္ခ်ပ္ျခားထားသလိုပင္။ ေဟးရွီသည္ တစ္ျခားသူမ်ားကိုျပံဳးျပေနေပမယ့္ ထိုအျပံဳးသည္စိတ္ထဲတြင္မပါပဲျပံဳးေနရသည္ကို သူသိသည္ေလ။ ဒါေၾကာင့္ သူ႔အေပၚတြင္ ထိုသို႔ဆက္ဆံလာမည့္အစားေအးစက္စက္သာဆက္ဆံလာမည္ကို ပိုပီးအလိုရွိသည္ေလ။ အဲ့ဒါက ပိုပီး စိတ္ထဲတြင္ရွိသလိုဆက္ဆံေပးလာသည္ဟု ခံစားရေသာေၾကာင့္ပင္။

ဒါေပမယ့္ လီဖန္၏အသံတိုးတိုးေလးျဖင့္ရယ္လိုက္ပီး ညင္သာစြာေျပာလာသည့္အသံေၾကာင့္ သူ႔အေတြးမ်ားမွထြက္သြားရသည္။ “အိုေက ထေတာ့ေလ ေရသြားခ်ိဳးေတာ့ မနက္စာျပင္လို႔ပီးေတာ့မယ္”

ဂ်ီဝမ္သည္အိပ္ေငြ႔ခ်ခံထားရသလိုမ်ိဳးေခါင္းကိုေျဖးေျဖးညိမ့္ျပလိုက္ပီးေနာက္ေရခ်ိဳးခန္းသို႔သြားလိုက္သည္။ အထဲေရာက္သြားေတာ့ သူ႔ဦးေႏွာက္အလုပ္ျပန္လုပ္လာသည္အထိကို သူသည္ေတြေဝေငးေမာစြာရပ္ေနမိသည္။

~ေနဦး! ဒါက ငါ့ကိုေနာက္္ဆံုးေတာ့ လက္ခံလိုက္ပီဆိုတဲ့သေဘာလား?!~

ထိုသို႔ေတြးလိုက္မိသည္ႏွင့္အလြန္အမင္းေပ်ာ္ရြင္သြားပီး ေလထဲကိုလက္သီးမ်ားပစ္သြင္းေနလိုက္ပီး ေရကိုလ်င္ျမန္စြာခ်ိဳးလိုက္သည္။

လီဖန္ကေတာ့ သူသည္မနက္စာကိုျပင္ဆင္ေနပီး က်န္တာကေတာ့ အရြက္မ်ားကို လွီးျဖတ္ပီး အိုးထဲထည့္ဖို႔သာက်န္သည္။ သူ၏အခုလက္ရွိအေျခအေနသည္ အရင္ကသူလုပ္ခဲ့သလိုမ်ိဳးျဖစ္ေနေသာေၾကာင့္ ျပံဳးမိသြားရသည္။

ဂ်ီဝမ္တြင္အရင္ကမွတ္ဉာဏ္ေတြမရွိေတာ့ေပမယ့္ ဒီေရာက္ေတာ့လည္း သူ႔ေနာက္ကို မညည္းမညဴလိုက္ေနတုန္းပင္။ သူသည္ အရမ္းကို မိန္းမရႈပ္သည့္သူအျဖစ္ေျပာင္းသြားေပမယ့္ အရင္ဘဝကလိုမ်ိဳး တစ္ခါတစ္ေလ ျပဳမူတတ္ေသးသည္ေလ …

‘မိန္းမရႈပ္တယ္’ဆိုတဲ့စကားကိုထပ္ခါတလဲလဲေတြးမိေသာအခါမွေတာ့ သူ႔လက္ေတြရပ္တန္႔သြားသည္။ သူစကားအခ်ိဳ႕ကိုျပန္မွတ္မိလိုက္ခ်ိန္မွာေတာ့ အေတြးတခ်ိဳ႕ျဖတ္သြားရသည္။

ယုဖန္ “ေဟးရွီ မင္းမွတ္ထားရမွာက ငါတို႔bossက သူ႔အလုပ္နဲ႔ပတ္သပ္ပီးေတာ့ပဲ ေရြးတာမဟုတ္ဘူး သူ႔ကိုယ္ပိုင္အခ်ိန္ေတြမွာလဲအဲ့လိုပဲ ေျပာရရင္ သူအရင္ကတြဲခဲ့သမွ်မိန္းကေလးေတြက အထက္တန္းက်ေနမွရမယ္ အခုတစ္ေလာ နာမည္ႀကီးေနတဲ့သရုပ္ေဆာင္ကိုမင္းသိလား ဆာရာက bossကို သံုးရက္ပဲဆြဲထားႏိုင္တယ္! သံုးပတ္ေတာင္မဟုတ္ဘူး! အ့ေၾကာင့္တစ္ခါတစ္ေလ ငါသူတို႔ေတြကိုသနားေတာ့သနားမိတယ္။ ဘာလို႔ဆို သူတို႔က bossအတြက္ one night standပဲျဖစ္လာၾကတာေလ ဟူး … ”

ဂ်ီဝမ္၏လက္ရွိအသက္သည္ ၂၈ႏွစ္ျဖစ္သည္။ ဒါေၾကာင့္ သူသည္တစ္ရက္တစ္ေယာက္ႏႈန္းတြဲေနပါက ဘယ္ႏွစ္ေယာက္ေတာင္မွ …

လီဖန္သည္ဆက္ပီးေတြးေလေလ သူ႔မ်က္ႏွာသည္ ပိုပီးၾကည့္ရဆိုးေလေလျဖစ္လာပီး အိုးဖင္ကဲ့သို႔ မည္းတူးလာကာ ေနာက္ေတာ့ bam! သူ႔ညာဖက္လက္ထဲတြင္ရွိသည့္ဓါးသည္ခ်က္ခ်င္းကိုပ်ံထြက္သြားပီး မုန္လာဥကို ရက္စက္စြာခုတ္လိုက္သည္။

ဂ်ီဝမ္သည္ ျဖစ္သမွ်ကိုေတြ႔လိုက္ေသာေၾကာင့္ ရပ္ေနသည့္ေနရာတြင္သာ ေက်ာက္ရုပ္လုိ ုျဖစ္ေနသည္ေလ။ ဒီျမင္ကြင္းကို ျမင္လိုက္သည့္systemသည္ ဂ်ီဝမ္အတြက္ ဖေယာင္းတိုင္ေလးသာထြန္းေပးထားလိုက္သည္။

ဂ်ီဝမ္သည္ မီးဖိုခန္းထဲသို႔ေပ်ာ္ရြင္စြာဝင္လာေပမယ့္ မုန္လာဥကိုဓါးနဲ႔ထက္ျခမ္းခြဲလိုက္ပီး ၾကမ္းေပၚသို႔ ျပဳတ္က်သြားသည့္အခ်ိန္ကိုက္ကို ​ေရာက္သြားသည့္အတြက္ သူ႔ေျခေထာက္မ်ားကို မသိစိတ္ျဖင့္ညပ္လိုက္မိသည္။ ဘာေၾကာင့္ဆို သူ႔ေဘဘီေလးထံမွ အႏၱရာယ္ရွိသည့္အေငြ႔အသက္မ်ား ထုတ္လြတ္ေနသည္ကို သူခံစားသိလိုက္ပီး သူ႔ေဘဘီ ရက္ရက္စက္စက္ခုတ္ျဖတ္ပစ္ခ်င္ေနသည္က မုန္လာဥမဟုတ္ပဲ …

ဂ်ီဝမ္သည္ တံေတြးကိုေတာင္ အႏိုင္ႏိုင္ျမိဳခ်လိုက္ရသည္။ သူ႔အေတြးေတြကို ဆက္မေတြးရဲေတာ့ပဲ ေနာက္ကို ​ေျဖးေျဖးခ်င္းျပန္လွမ္းသြားပီး အခန္းထဲမွ တိတ္တဆိတ္ျပန္ထြက္သြားလိုက္သည္။

~သူမနက္ကျမင္လိုက္ရသည္က သူထင္ေယာင္ထင္မွားျဖစ္ေနျခင္းသာ ျဖစ္ေလာက္သည္ … ဒါမွမဟုတ္ သူ႔ေဟးရွီေလးမွာ ေတာ္ေတာ္ဆိုးရြားေနတဲ့ စိတ္အတက္အက်ေရာဂါရွိေနတာမ်ားလား~

Systemသည္ ဂ်ီဝမ္ကို တိတ္တဆိတ္likeၾကီးၾကီးေပးလိုက္သည္။ : Bro ခင္ဗ်ားရဲ႕အသက္ဆက္ရွင္ခ်င္တဲ့မသိစိတ္က တကယ့္ကိုျမင့္မားတာပဲ! ငါေလး တည္းျဖတ္ရိုက္ကူးမယ့္ ဇာတ္ကားက တကယ္ေတာင္ျဖစ္လာခါနီးေလးပဲ!

.
.
.
.
.

လုကျီရှီသည် စိတ်ကောင်းဝင်နေသောကြောင့် သီချင်းလေးတစ်ငြီးငြီးဖြင့် သူမစားပွဲအသစ်တွင် အလုပ်တွေကို လုပ်နေလေသည်။

ဟေးရှီပြန်လာလျှင်ဖြစ်လာမည့်မျက်နှာကို စိတ်ကူးကြည့်ရုံဖြင့် အရမ်းကိုအူမြူးရလွန်းသည်လေ။ သူမသည် မုကျန်း၏စိတ်ဓါတ်ကို ကောင်းကောင်းသိသည်လေ။ မုကျန်းသည် အဲ့ကောင်ကို လွယ်လွယ်လေးတော့ အလွတ်ပေးလိုက်မှာ မဟုတ်ဘူးလေ။ သူမကံကောင်းလျှင် အဲ့ဟေးရှီ၏မျက်နှာကို ထပ်မြင်စရာပင်မလိုတော့ပေ။ ဒါဆိုရင် သူမက ဂျီဝမ်အတွင်းရေးမှူးအဖြစ် အစားထိုးဝင်လုပ်လိုက်ရုံပဲဖြစ်သည်။

စိတ်ထဲရှိသည့်အတိုင်းပြောရမည်ဆိုလျှင် သူမအလုပ်သင်ကာလအတွင်း ဂျီဝမ်သည် ကုမ္ပဏီ၏ဥက္ကဌဖြစ်သည်ကိုသိလိုက်ရသည့်အချိန်တွင် သူမတော်တော်လေးကိုအံ့သြမိသွားရသည်။ တချိန်ထဲမှာပဲ သူမစိတ်ကူးယဉ်နေရသည့်ယောကျ်ားက အရမ်းကိုထက်မြတ်သည့်သူဖြစ်သွားမှန်းသိရတော့ တော်တော်လေးကိုပျော်သွားမိသည်။

ဒီအကြောင်းအရင်းကြောင့် ဘာပဲဖြစ်နေပါစေ သူမသည် ထိုလူကိုလံုံးဝအဆုံးရံှုးမခံနိုင်ပေ။ မိန်းမတွေကိုမပြောနှင့် ယောကျ်ားတစ်ယောက်ဆီမှာလဲ အဆုံးမခံနိုင်ပေ။

သူမဒါကိုတွေးနေချိန်မှာပဲ သူမသည် ခြေသံကိုကြားလိုက်သောကြောင့် ခြေသံပိုင်ရှင်ကို ​မော့ကြည့်လိုက်လေသည်။ ဒါပေမယ့် သူမအတွက် စိတ်ပျက်သွားစေတာက ထိုမြင်ကွင်းသည် သူမတွေးထင်ထားသလိုမဟုတ်ခဲ့ပေ။ သနားစရာကောင်းပီး စိတ်မတည်မငြိမ်ဖြစ်နေမည့် မျက်နှာထားနှင့်ရောက်လာမည်ဟုထင်ထားသည့်လူသည် ပြန်လာချိန်မှာတော့ တည်ငြိမ်ပီး ပုံမှန်အတိုင်းသာဖြစ်နေပီး ဘာမှမလွဲချော်သွားသလို ပုံစံဖြစ်နေသည်လေ။

~ဒါဘယ်လိုလုပ်ပီဖြစ်နိုင်မှာလဲ?! သူမကို ကူညီမယ်လို့ မုကျန်းက ကတိပေးထားတယ်မလား?!~

သူမ၏ပျော်ရွင်နေသည့်မျက်နှာလေးသည် အစိတ်စိတ်အမွှာအမွှာဖြစ်သွားသည်လေ။ သူမ မတည်မငြိမ်ဖြစ်နေတာကိုဖုံးကွယ်ဖို့ကြိုးစားလိုက်ပေမယ့် လီဖန်သည် သူ့မျက်လုံးထောင့်ကနေပီး သူမစိတ်အခြေအနေတော်တော်ဆိုးဝါးသွားပုံကို မြင်လိုက်ရသေးသည်လေ။ ဒါပေမယ့်အပြင်ဘက်တွင်တော့ သူသည် သူ့ပုံမှန်မျက်နှာထားအတိုင်းသာမပြောင်းမလဲရှိပီး သူမကိုကျော်သွားကာ ရုံးခန်းထဲသို့ ဘာမှမဖြစ်သလိုဝင်သွားလိုက်သည်။

ထိုလူသူမကိုဘာမှမပြောသွားသည့်အတွက် လုကျီရှီသည် ပိုပီးတော့တောင်မှ စိတ်ရှု့ပ်ထွေးသွားရသည်လေ။ ~ငါမုကျန်းကိုပြောထားတာတွေကို မုကျန်းကများ ဟောင်ဟေးရှီကိုပြောပြလိုက်သေးလား? ဘာလို့သူက ငါ့ကိုဘာမှမပြောသွားတာလဲ?~

နေ့လည်စာနားချိန်ရောက်တော့ လုကျီရှီသည် မုကျန်းကိုဖုန်းဆက်လိုက်ဖို့ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လူဖုန်းကိုင်လာတာကို စောင့်နေရင်း သူမလက်သည်းကိုကိုက်နေမိသည်။

ခနလောက်ကြာသွားပီးနောက်တော့ တဖက်လူသည်ဖုန်းကိုင်လာသည်။ “မု-မုကျန်း ဘာဖြစ်သွားတာလဲ? စာချုပ်က ဘာလို့အဆင်ပြေပြေဖြစ်သွားတာလဲ?”

တစ်ဖက်မှလူသည်ခနလောက်အသံတိတ်နေပီးမှ ပြန်ဖြေလာသည်။ “ငါစိတ်ပြောင်းလိုက်တာ ဘာလို့ဆို ဒါကအရေးကြီးတဲ့စာချုပ်ဖြစ်နေလို့ တစ်ခုခုအဆင်မပြေဖြစ်သွားရင် ငါ့ကုမ္ပဏီက တော်တော်လေး အထိအခို-”

“ဒါပေမယ့်နင်ပဲပြောတာမလား အဆင်ပြေသွားမယ်ဆိုပီးတော့?!” လုကျီရှီသည် စိတ်အနှောင့်အယှက်ဖြစ်သွားသောကြောင့် သူမပြောလိုက်သည့်လေသံကနည်းနည်းကျယ်သွားသည်။ သူမပြောလိုက်သည်က ကြမ်းတမ်းသည့်ပုံပေါက်သလို ဖြစ်သွားသည်ကို သိလိုက်သည့်အတွက် ပြန်ပြင်ပြောဖို့လုပ်လိုက်သည်။ “အား … ငါပြောချင်တာကလေ … ”

မုကျန်းသည် တောင်းပန်သလိုလေသံဖြင့်ပြောလာသည်။ “ငါသိတယ် … ငါတောင်းပန်ပါတယ် ဒါပေမယ့် … အဲ့လူကတကယ်ပဲ အဲ့လိုဟုတ်လား? သူ့ပုံစံက အဲ့လိုပုံလည်းမထွက်ပါဘူး … ”

ဒါကိုကြားလိုက်သည့်နှင့် သူမသည် ဒေါသငယ်ထိပ်သို့ရောက်သွားပီး ပေါက်ကွဲတော့သည်။ “သူမဟုတ်စရာမှမရှိတာ! ငါတို့HR deptမှာတုန်းက သူက ငါ့အလုပ်ကိုခိုးချပီး ငါနဲ့အတူ ရာထူးတိုးသွားတာလေ! သူငါ့အလုပ်ကိုခိုးချပီး သူ့တင်ပြချက်ကို အထက်ကလူကြီးတွေက သဘောကျသွားလို့ သူက ငါ့ထက်အရင် အတွင်းရေးမှူးတန်းဖြစ်သွားတာလေ! ဒါတင်မကသေးဘူး အဲ့လူက နင့်ကုမ္ပဏီနဲ့ချုပ်မယ့်စာချုပ်ကို ငါလုပ်ထားတာကို သူကဖြတ်ယူသွားတာလေ။ ပီးတော့ သူကတစ်ခြားလူတွေကိုလည်းပြောလိုက်သေးတယ် ငါက သူ့ခိုင်းလို့လုပ်ထားတာဆိုပီးတော့ ဒါကြောင့်နောက်ဆုံးသဘောတူညီချက်ကြတော့ သူကရသွားတာလေ သူပဲအကုန်လုံးဖြတ်ယူသွားတာ!”

မုကျန်းသည် သေချာအောင်ပြန်မေးလိုက်သည်။ “အို? ဒါဆိုနင်က နောက်ကွယ်ကနေလုပ်ပေးနေရပီးတော့ သူကအကုန်လုံးဖြတ်ယူသွားတာလား?”

လုကျီရှီသည် ပွင့်လင်းစွာပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်ဆို! သူက ငါနဲ့ဘယ်လိုလုပ်ပီးယှဉ်လို့ရမှာလဲ? သူမှာရှိတာဆိုလို့ရုပ်လေးပဲရှိတာ! အခုတော့ အဲ့လူဘယ်လောက်တောင်ညစ်ပတ်လဲဆိုတာကိုနင်သိသွားပီဆိုတော့ သူ့ရုပ်လေးကြောင့် အလှည့်စားမခံနေနဲ့တော့! သူက အကုန်လုံးကို ညာစားနေတာ ဒါကြောင့်နင်ကပါ သူ့ထောင်ချောက်ထဲ ​ရောက်သွာလို့မဖြစ်ဘူး!”

မုကျန်းသည်ရယ်လိုက်ပီးနောက် ​အေးဆေးစွာပဲ ​ပြောလိုက်သည်။ “ဒါပေါ့ သူ့ကိုမင်းအစားရှင်းပေမယ်! မင်းပြောတဲ့စကားထက် သူ့စကားကို ငါကဘာလို့ယုံမှာလဲ? စိတ်ချထား သူ့ကိုရှင်းဖို့နည်းတွေမှ အများကြီးရှိတယ် ဒါဆို ဖုန်းချလိုက်တော့မယ် ငါနေ့လည်အစည်းအဝေးရှိသေးလို့”

အစကတော့ မုကျန်းသည် အနည်းငယ်ထူးဆန်းနေသည်ဟု သူမခံစားရတာကြောင့် မျက်မှောင်ကျုံ့မိပေမယ့် မုကျန်းက သူမကို ပုံမှန်လိုပဲ စကားပြောနေသောကြောင့် ထိုအတွေးကို ​မောင်းထုတ်လိုက်ပီးနောက် မုကျန်းဖုန်းမချသွားခင် သူမသည်သဘောတူကြောင်းပြန်ပြောလိုက်သည်။

တစ်ဖက်မှာတော့ လီဖန်သည် ဂျီဝမ်အား စာချုပ်ကိုပေးလိုက်ပီး ပြန်လည်ကြည့်ရှုစစ်ဆေးစေသည်။ နောက်တော့ ဖြေးဖြေးပဲပြောလိုက်သည်။ “Boss ဒီနေ့ ကုမ္ပဏီလုပ်ငန်းသစ်အတွက် ထုတ်လုပ်နေရေးဌာနကိုသွားပီး အတည်ပြုဖို့လိုတယ်။ ဒါကြောင့် ဒီညခင်ဗျားတိုက်ခန်းကိုမလာနိုင်တော့ဘူး ဒါပေမယ့် မနက်ဖြန်ကြရင်တော့ လာပါ့မယ်”

ဂျီဝမ်သည် ခနလောက်တုံ့သွားပီး တစ်ခုခုကိုသတိရလိုက်သည်။

~ဟေးရှီက ဒီလုပ်ငန်းအသစ်ကို ဦးစီးရတဲ့သူဆိုတာကို သူဘယ်လိုလုပ်ပီးမေ့သွားရတာလဲ?! ဒါဆို ဆိုလိုတာက သူတို့နှစ်ယောက် အခုကစပီး တွေ့ဖို့အချိန်တွေ နည်းကုန်ပီလို့ ဆိုလိုတာမလား?!~

ဒီအတွေးကိုတွေးလိုက်မချိန်မှာတော့ မကျေနပ်မှုတွေက သူ့တစ်မျက်နှာလုံးအပြည့်ဖြစ်သွားရသည်။ သူသည်ဟေးရှီနှင့်အတူတူသွားလိုက်ချင်ပေမယ့် သူသည်လည်းလုပ်စရာအလုပ်တွေအများကြီးရှိသေးသည်။ ဒီလုပ်ငန်းကနေပီးတော့လည်း ဟေးရှီကို ထုတ်လိုက်ဖို့ဆိုတာကလည်းမဖြစ်နိုင်ပေ။ ဘာကြောင့်ဆို သူ့ဘေဘီလေးသည် နည်းပညာပိုင်းနှင့်ပတ်သတ်ပီး ဒီလောက်တောင်ထူးချွန်နေမည်ကို သူအစက မသိခဲ့သောကြောင့်ပင်။

ပထမအကြိမ် အစည်းအဝေးလုပ်တုန်းက ဟေးရှီသည် သူ၏ယူဆချက်များကိုပြောလာသည့်အချိန်မှာတော့ ကျွမ်းကျင်ပညာရှင်တွေကိုတောင်အလဲထိုးပီး ခေါင်းတွေငုံ့သွားရသည်လေ။

ဒါအပြင် သူ၏hackingစွမ်းရည်သည် ထိပ်တန်းဆိုတာကိုလည်း သူသိသည်။ သူနားမလည်တာကတော့ သူစုံစမ်းထားသမျှထဲတွင် ထိုအကြောင်းတွေကို လုံးဝမသိရပါပေ။ မသိလျှင် လုံးဝကိုမတူညီသည်လူတစ်ယောက်လိုပင်…

ဒါပေမယ့် ဒါကိုသူစိတ်ထဲမထားပါ။ သူတကယ်ဘယ်သူလဲဆိုတာက သူဂရုမစိုက်။ ဘာကြောင့်ဆို သူသိသည့်တစ်ခုတည်းသောအရာက သူသည် ဒီလူကို ချစ်သည်။ ဒီလောက်က သူ့အတွက်လုံလောက်ပီလေ။

ဂျီဝမ်သည် ခေါင်းညိမ့်ပြလိုက်ပီးနောက် စိတ်ပူသွားသည့်အသံဖြင့် “အိုကေ အရမ်းကြီးလဲဖိမလုပ်နဲ့ဦး”

လီဖန်သည် ခနလောက်တုံ့သွားပီးနောက် နူးညံ့စွာပြုံးလိုက်ပီးပြန်ဖြေလိုက်သည်။ “အဲ့ဒါက ကျွန်တော်ပြောရမှာ။ ဒါဆိုရင်မနက်ဖြန်မှတွေ့မယ်” သူသည် လေးစားစွာအရိုအသေပေးလိုက်ပီးနောက် သူ့ပစ္စည်းများကိုသိမ်းကာ ရုံခန်းထဲမှထွက်သွားလိုက်သည်။

ဂျီဝမ်သည် လီဖန်၏ မျက်လုံးကျိန်းလောက်အောင်လှသည့် အပြုံးကြောင့် ​တောင့်ခဲနေပီး ဟေးရှီရုံးခန်းထဲမှထွက်သွားမှသာ အသိစိတ်ပြန်ဝင်လာတော့သည်။ သူ့နားရွက်များ အနည်းငယ်နီနေပီး မျက်နှာကိုလက်ဖြင့်အုပ်ကာ ကိုယ့်ကိုကိုယ်တိုးတိုးလေးပြန်ပြောလိုက်သည်။ “အား! တကယ်ကိုမတရားဘူး! ဒါက မီးစိမ်းပြတာလား?”

အချိန်သည်ကုန်မြန်လှသည်။ လီဖန်အလုပ်များပီး၍အိမ်ပြန်ရောက်သွားတော့ သန်းခေါင်ချိန်ပင်ရောက်သွားပီလေ။ သူသည်ညစာကိုမြန်မြန်စားလိုက်ပီးနောက် ရေချိုးလိုက်ကာ အလုပ်တွေကိုပြန်လုပ်လိုက်သည်။ နောက်တော့ သူမကြားရတာ ​တော်တော်လေးကြာနေပီဖြစ်သည့် ကလေးကလားအသံကိုရုတ်တရပ် သူ့ခေါင်းထဲတွင်ကြားလိုက်ရသည်။ [Host! ကျွန်တော်ပြန်လာပီ!]

လီဖန်သည်ချက်ချင်းတုံ့သွားပီး သူ့နှုတ်ခမ်းသည်နတ်ဆိုးလိုပြုံးလာပီးနောက် ရေခဲရိုက်အသံဖြင့် ပြောလိုက်သည်။ “ကောင်းလိုက်တာ ကောင်းလိုက်တာ! မင်းက တကယ့်ကိုအချိန်မှန်ရောက်လာတာပဲ!”

သူ့အေးစက်စက်အသံကြောင့် systemသည်ကြက်သီးထသွားပီး သူ့ကိုယ်သူဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိတော့ဘူးဖြစ်သွားရသည်။ ဘာကြောင့်ဆို သူအခုလေးတင်စစ်ကြည့်လိုက်တော့ ဇာတ်လမ်းကြောင်းပြောင်းသွားပီး ဒီအခြေအနေတွေထိတောင်ရောက်လာသည်လေ!

~သူဘာလုပ်သင့်လဲ?! အဲ့နေရာက အချိန်စီးဆင်းပုံသည် ဒီမှာနှင့်မတူညီပေ ဒါကြောင့် သူခနလေးသွားလိုက်ပေမယ့် ဒီမှာက နှစ်ဝက်တောင်ကုန်သွားပီလေ အား! QAQ~

လီဖန်သည် လက်ကိုပိုက်လိုက်ပီး သူ့ခုံကိုမှီလိုက်ကာ သူ့ရေခဲမျက်နှာနှင့်အလိုက် တည်ငြိမ်စွာပြောလိုက်သည်။ “မင်းကျူးလွန်တဲ့အပြစ်ကို မင်းသိတယ်မလား?”

Systemသည်သူ၏မရှိသည့်လက်ချောင်းတွေကို လိမ်ကျစ်နေပီးနောက် ထစ်အစွာ တိုးတိုးလေးပြန်ဖြေလိုက်သည်။ [ … ကျွန် … ခင်ဗျားကို ပြောဖို့မေ့သွားတာ ကျွန်တော်မသွားခင်က အဲ့လူက ဇာတ်လိုက်ဆိုတာကို … ]

ထိုဟာလေး၏အဖြေကိုကြားလိုက်ရချိန်မှာတော့ လီဖန်၏နှုတ်ခမ်းထောင့်သည့် မထိန်းနိုင်ပဲတွန့်သွားသည်။ သူသည် ဒီဟာလေးကို ဖြေတွေးပေးဖို့တောင် ကြိုးစားလိုက်သေးသည်လေ။ ဇာတ်လမ်းကြောင်းကတရားဝင်မစသေးလို့ သူ့ကို ​ပြောပြခွင့်ပိတ်ထားတာနေမှာပါလေဆိုပီးတော့ဟုပင်။ ဒါပေမယ့် သူအခုကြားလိုက်ရတာက ဘာလဲ? သူက ဒီအတိုင်းမေ့သွားတာ…?

ဒါကြောင့် အခန်းတွင်းရှိအပူချိန်သည် ချက်ချင်းပြောင်းပြန်ဖြစ်သွားပီး အခန်းပြင်က အပူချိန်ထက်တောင် နည်းနေလောက်မည်။ ထို့ကြောင့်Systemသည် သူ့ကိုယ်သူအတွက်သာ ဆုတောင်းပေးနေလိုက်မိသည်။

အချိန်အတော်ကြာတိတ်ဆိတ်သွားပီးနောက် လီဖန်သည် အကျယ်ကြီးအော်ရီလိုက်တာကြောင့် Systemသည် လန့်သွားပီးတုန်သွားရသည်။ သူသည် စိတ်ထဲတွင် မပူဆွေးပဲမနေနိုင်ဖြစ်သွားရသည်။ : နောက်ဆုံး တကယ်ကိုပဲ စိတ္တဇအရူးဖြစ်သွားတာလား? ဘာလို့ထိတ်လန့်သည်းဖိုဇာတ်ကားတစ်ခုကိုကြည့်နေရသလိုဖြစ်နေရတာလဲ?! QAQ

စိတ်ဝိဉာဉ်တွေတိုင်းကိုပြုစားနိုင်သည့်အရမ်းကိုလှသည့် မျက်နှာလေးကိုပိုင်ဆိုင်ထားသောလူသည် အခုလိုမျိုးစိတ်လိုလက်ရ ရယ်မောနေသောကြောင့် သူ့ပုံစံမှာ ပို၍တောင်ဖမ်းစားနိုင်လေသည်။ ဒါပေမယ့် သူ့ရယ်သံတွေက သူ့မျက်လုံးတွေထိမရောက်ပဲ မျက်လုံးများက ရေခဲငွေ့တွေပင်ထွက်နေသလိုဖြစ်နေပီး ဘာခံစားချက်မှမပါပဲ သူ့ရှေ့က ကောင်လေးကို စိုက်ကြည့်နေသည်။

တစ်ချိန်က နားဝင်ချိုခဲ့သည့်အသံလေးသည် အခုတွင်တော့ အမွှေးတွေပင်ထောင်သွားလောက်အောင် အေးစက်ပီး ကြောက်စရာကောင်းနေသောကြောင့် သနားစရာကောင်လေးသည် အနောက်သို့ တဖြည်းဖြည်းဆုတ်သွားပေမယ့် ထိုလူကတော့ ကောင်လေးရှေ့ကိုပိုပီးတိုးလာသည်။ ကောင်လေး၏ကျောသည်တံခါးကိုထိသွားပီးထပ်ဆုတ်စရာနေရာမရှိတော့ပဲ ထိုလူသည် သူ့ရှေ့ကိုရောက်လာလေသည်။ နောက်တော့ ငုတ်တုတ်ထိုင်ချလိုက်ပီးနောက် အေးစက်စွာ ​မေးလိုက်သည်။

“မင်းဘာအပြစ်ကိုကျူးလွန်လိုက်လဲဆိုတာကို သိလား?”

ကောင်လေးသည် သူ့အား ထိတ်လန့်တုန်လှုပ်စွာ ကြည့်လာပီး ထစ်အစွာပြောလာသည်။ “ကျွ-ကျွန်တော် တောင်းပန်ပါတယ် … ” သို့ပေမယ့် ထိုကောင်လေး စကားမဆုံးခင်မှာပဲ ထိုလူက ကောင်လေး၏ကော်လာကို လက်တစ်ဖက်ဖြင့်ဆောင့်ဆွဲလိုက်ပီး နောက်တစ်ဖက်ကတော့ ကုတ်ထဲသို့နှိုက်လိုက်ပီး မီးဖိုခန်းသုံးဓါးတစ်လက်ကို ထုတ်လာသည်။ နောက်တော့ …

ဆက်ရန်

ခေါင်းစဉ် း သခင်နှင့်ကျွန်
သရုပ်ဆောင် း ယွမ်လီဖန် SYSTEM 09
ဒါရိုက်တာ း SYSTEM 09

System သည် အလွန်ကြောက်ရွံ့နေသောကြောင့် စိတ်ကူးယဉ်အတွေးများဖြင့်ပြည့်နှက်နေသောကာ သူသည် လျင်မြန်စွာထပ်ပြောလိုက်သည်။ [ဘ-ဘယ်လိုပဲဖြစ်ဖြစ်လေ အရေးကြီးတာက ထွက်လာမယ့်ရလဒ်ပဲမဟုတ်လား? ခင်ဗျားတို့နှစ်ယောက်စလုံး အဆင်ပြေနေတယ်မလား?]

ဒါကိုကြားလိုက်ရတော့ လီဖန်သည် တွန့်သွားရပီး သူအဖြေအလိုချင်ဆုံးမေးခွန်းကို တွန့်ဆုတ်စွာ မေးလိုက်သည်။ ‘…အဲ့ဒါက သူလား?’

သူ့မေးခွန်းကိုမေးလိုက်တော့ systemဆီမှ ဘာမှပြန်ဖြေလာသံမကြားလိုက်ရတာကြောင့် သူ့စိတ်သည်ချုံးချုံးကျသွားပီး သူ့မျှော်လင့်ချက်ရောင်ခြည်လေးသည်လည်း တဖြေးဖြေးမှိန်သွားသည်။ သူသည် သူ့ကိုသူ စိတ်ထဲတွင်ပြန်လှောင်လိုက်သည်။ ဒါဆို … ဖြစ်နိုင်ချေလုံးဝမရှိတော့ဘူးပေါ့?

ဒါပေမယ့် အဲ့ချိန်မှာတော့ systemသည်  သူ့hostအား ပြောသင့်မသင့်ကို တွေဝေနေတုန်းဖြစ်နေသည်လေ။

တကယ်တော့ သူဆင့်ခေါ်ခံရသည့်အကြောင်းအရင်းက အကြောင်းတစ်ချို့ကြောင့် အလွန်အဆင့်မြင့်သည့် အစုတစ်ခုသည် သူတို့၏လျို့ဝှက်သတင်းဌာနကို ခိုးဝင်သွားပီး ဒါကို သူ့အထက်က သိပ်မကြာသေးခင်လေးကမှ သိကြသည်။ ဒါကြောင့် systemတွေအကုန်လုံးကိုဆင့်ခေါ်လိုက်ပီး ဒီအကြောင်းကို အကုန်လုံးအားအသိပေးလာပီး တစ်စုံတစ်ရာမူမမှန်သည့်အနေအထားကိုသတိထားမိသည်နှင့် သတင်းပြန်ပို့ရန် ပြောလာခြင်းဖြစ်သည်။

ဒါအပြင်သူသည် ရုံးချုပ်တွင် အချိန်အနည်းငယ်ကြာအောင် ​နေလိုက်ရသေးသည်လေ။ ဘာကြောင့်ဆို သူတို့သည် လုံခြုံရေးကို ပိုတင်းကြပ်ချင်သောကြောင့်ဖြစ်သည်။ အဲ့ဒီအတွက်ကြောင့်သာမဟုတ်လျှင် လီဖန် အတွင်းရေးမှူးစဖြစ်သည့်အချိန်လောက်ကပင် သူပြန်ရောက်နေလောက်ပီဖြစ်သည်။

အခုတော့ သူမြင်မိသမျှကတော့ ဒီကမ်ဘာ၏ဇာတ်လိုက်သည် ကျူးကျော်ဝင်လာသူမှန်း သူတန်းသိလိုက်သည်။

ဒါပေမယ့် လီဖန်၏စိတ်ဓါတ်ကျနေသည့် မျက်နှာကိုမြင်လိုက်ချိန်မှာတော့ သူသည် အချိန်မဆိုင်းတော့ပဲ ချက်ချင်း ဆုံးဖြတ်ချက်ကိုချလိုက်သည်။

Systemသည် အတည်ပြုပေးလိုက်သည်။ [ဟုတ်တယ် အဲ့လူက ခင်ဗျားချစ်သူပဲ]

လက်တွေ့ကိုလက်ခံပေးဖို့လုပ်နေသည့်လီဖန်သည် နေရာတွင်ကျောက်ရုပ်ဖြစ်သွားရပီး သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြစ် ပြူးကျယ်သွားရသည်။

ဒါကိုမြင်လိုက်သည့် systemလေးသည် ထပ်ပီးအတည်ပြုပေးလိုက်သည်။ [တနည်းနည်းနဲ့ … သူကခင်ဗျားနောက်ကို အရင်ဘဝကနေ ဒီကို လိုက်လာတာ။ သူ့ဆီမှာ အတိတ်ကမှတ်ဉာဏ်တွေက ခင်ဗျားလိုမရှိတော့ပေမယ့် သံသယလုံးဝဖြစ်စရာမရှိဘူး သူက ခင်ဗျားချစ်သူပဲ]

System၏စကားဆုံးသွားသည်နှင့် လီဖန်သည်သူ့နှာခေါင်းထိပ်အနည်းငယ်ကျင်လာသလိုခံစားလိုက်ရသောကြောင့် စားပွဲပေါ်သို့ မျက်နှာကိုမှောက်လိုက်သည်။ သူ့ပုခုံးများသည်လည်း အနည်းငယ်တုန်ယင်နေသည်လေ။ သူသည် ပျော်ရွင်မှုဖြင့်ဖုံးအုပ်နေသည်လေ။ ဘာကြောင့်ဆို သူချစ်ရသူကို အရင်ဘဝက ခွဲခွာခဲ့ရတုန်း နာကြင်ခဲ့ရသည့်ခံစားချက်ကို သူအခုထိမှတ်မိနေသေးသောကြောင့်ပင်။

ကိုယ်ကစိတ်ရောကိုယ်ပါချစ်ရသည့်သူမရှိတော့ပဲ ကိုယ့်ကိုသာထားခဲ့ပီး သွားလိုက်သည်ကိုသိရသည်က အရမ်းကိုဆိုးရွားသည့်ခံစားချက်ပင် … ဒါကြောင့် သူ့အခုလက်ရှိအခြေအနေကိုဘယ်လိုရင်ဆိုင်ရမလဲမသိတော့ပေ။ သူအပျော်တွေပြည့်နေသလို ခံစားနေရသောကြောင့်ဖြစ်သည်လေ။

လီဖန်သည်ပျော်လွန်းလို့ငိုတောင်ငိုရသည်ဟုထင်လိုက်ပီး နှစ်သိမ့်ပေးဖို့လုပ်လိုက်ပေမယ့် လီဖန်သည် ရုတ်တရပ်ထလိုက်သောကြောင့် လန့်ဖျန့်သွားရသည်။ လီဖန်၏မျက်နှာတွင် ဒီကမ်ဘာကိုရောက်ကတည်းက ပထမဆုံးစိတ်ရင်းဖြင့်ပြုံးလာသည့်အပြုံးလေးဖြစ်ပေါ်လာပီး သွားများပင်ပေါ်လာသည်အထိပြုံးလိုက်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်သည်။ “ငါသိတယ်လေ! ငါလုံးဝမမှားနိုင်ဘူးဆိုတာ! သူကငါ့ချစ်သူပဲ!”

သူ့တုံ့ပြန်မှုကြောင့် systemသည်တောင့်သွားသည်လေ။ ထားလိုက်တာ့! ဒါလေးကြောင့်နဲ့ ငိုသွားမယ်လို့ ထင်မိတဲ့ ငါသာ အရူး! အဲ့အစား သူသည် လှောင်လိုက်လေသည်။ [ဘာလဲ? ချက်ချင်းကို ခင်ဗျားယောကျ်ားရင်ခွင်ထဲကို ပြေးသွားတော့မလို့လား?]

လီဖန်သည် စိတ်ကောင်းဝင်နေသောကြောင့် systemစနောက်နေသည်ကို စိတ်ထဲမထားတော့ပဲ သူပြောလိုက်သည့်နောက်စကားတစ်ခွန်းကြောင့် systemသည် တောင့်သွားရပြန်သည်။ သူသည်မလျင်မမြန်ပဲ ပြောလိုက်သည်။ “ဒါဆိုရင် အခုမင်းကို အပြစ်ပေးရမယ့်အကြောင်းကို ပြန်သွားရအောင် ဒီကိစ္စကိုငါက ဒီအတိုင်း ​ကျော်သွားမယ်လို့ မင်းထင်နေတာလား?”

သေပီလေ! သူထင်ထားသည်က လီဖန်၏အတွေးအာရုံသာပြောင်းသွားရင် သူလွတ်လောက်ပီပေါ့! မင်း ဒုက္ခပေးတဲ့ဟာလေး! ငါက မင်းရဲ့ကျေးဇူးရှင်လို့တောင်သတ်မှတ်လို့တယ်ဆိုတာ မင်းသိလား?!

အခုတော့မနက်စောစောဖြစ်ပီး ဂျီဝမ်သည် အခုထိအိပ်ယာထဲမှာပင်ဖြစ်သည်။

နောက်တော့ ခြေသံတိုးတိုးလေးကို ကြားလိုက်ရသောကြောင့် အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ မနက်စောစောထသည်က သူ့အတွက် ဘာအခက်အခဲမှမရှိပေမယ့် သူ့ဘေဘီလေး သူ့အား လာနိုးသည့်အခိုက်အတန့်လေးကို သူ သဘောကျသောကြောင့်ပင်။ ဘာကြောင့်ဆို သူနိုးလို့မျက်လုံးဖွင့်လိုက်သည်နှင့် ဘေဘီကိုပထမဆုံးမြင်ရသောကြောင့်ဖြစ်သည်။ ဒါကြောင့် သူမနေနိုင်ပဲ မနက်စောစောမထနိုင်သလို ဟန်ဆောင်လိုက်ရခြင်းဖြစ်သည်လေ။

သူသည် ဒီအလှလေးကို သူနှင့်အတူလာနေဖို့ စည်းရုံးကြည့်သည်။ နောက်တော့ အိပ်ယာတစ်ခုထဲ အတူအိပ်ရအောင်ဆွဲဆောင်မည်ဟုပေါ့။ ဒါပေမယ့် ဒါတွေက အတွေးသက်သက်သာပင်။

ဟေးရှီ၏ချစ်သူကောင်လေးဆိုတဲ့တစ်ယောက်ကတော့ သူ့ကိုညာနေသည်ဟုသာ တွေးလိုက်သည်လေ။ ဘာလို့ိဆို သူသည် သူ့ဘေဘီလေးကို အမြဲတမ်းစောင့်ကြည့်နေပေမယ့် အဲ့လူအကြောင်း သူ့ဘေဘီပါးစပ်ကပြောလာခြင်းလည်းမရှိသလို တွေ့ဆုံခြင်းလည်းမတွေ့ခဲ့ပေ။

သူသည် ဟေးရှီ၏အရင်ကဖုန်းပြောသည့် အဝင်အထွက်ကိုပင်ပြန်ရှာကြည့်ဖို့အတွက် hackerကိုတောင်ငှားလိုက်သေးသည်။ ဒါမှသူသည် အဲ့ဒီမလောက်လေးမလောက်စားကောင်ကို ရှာတွေ့မည်လေ။ ဒါပေမယ့်လည်း သူရှာမတွေ့ပေ။ ကားပေါ်တွင် GPSကိုတပ်ထားပီး ဖုန်းထဲတွင် နောက်ယောင်ခံသည့်ကရိယာကိုတပ်ထားလညး် အသုံးမဝင်။

ဒါကြောင့် သူအဆုံးသတ်လိုက်ချိန်မှာတော့ သူ့ဘေဘီက သူ့ကိုငြင်းဖို့အတွက်အကြောင်းပြချက်သက်သက်ပေးရုံသာဖြစ်မည်ဟု။ ထိုချစ်သူတကယ်မရှိဘူးဆိုတာကို သိလိုက်ချိန်မှာတော့ သူသည်တစ်ချိန်တည်းမှာပဲ ပျော်လည်းပျော်ရပီး အနည်းငယ်လည်း နာကျင်မိသည်လေ။

နာကျင်ရသည်က သူ့ဘေဘီသည် သူ့ကိုတကယ်ပင်မုန်းနေသည်ဟု။ ပျော်ရသည်က သူ့ဘေဘီသည် ဘယ်သူနှင့်မှ မပတ်သတ်နေသောကြောင့်ပင်။ ဒါကြောင့် သူသည်ရသည့်အခွင့်အရေးကိုသာအရဆုပ်ယူထားပီး သူ့ဘေဘီ သူ့နောက်ကွယ်တွင် သူမသိအောင် ဘာမှမလုပ်နိုင်အောင် အကုန်တားဆီးမည်လေ။

အခုလက်ရှိချိန်မှာတော့ ထုံးစံအတိုင်း သူ့အခန်းထဲသို့ဝင်လာသူသည် ခန်းဆီးများကိုဖွင့်လိုက်ပီး တစ်ခန်းလုံးကို မနက်ခင်းနေရောင်ခြည်တွေဖြင့် လင်းသွားစေသည်။

ထိုသူအားကြည့်လိုက်ဖို့ ဂျီဝမ်သည် သူ့မျက်လုံးကိုအနည်းငယ်ကျုံ့လိုက်သည်။ နေရောင်ခြည်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသောကြောင့် သူ့ဆံပင်အရောင်ကိုတောင် မသဲမကွဲနှင့်ရှုပ်ထွေးသလိုဖြစ်စေပီး သူ့၏ အလွန်လှပသည့်မျက်နှာလေးနှင့်ပေါင်းလိုက်ချိန်မှာတော့ သူ့ကိုကြည့်နေရသည်က အိပ်မက်လိုပင်။ အခုတော့ သူသည် ပြုံးနေပီး သူ့မျက်လုံးလေးနှစ်ခုလုံး လခြမ်းကွေးလေးလိုဖြစ်နေကာ ထိုအပြုံးတွင် နူးညံ့မှုများ လွမ်းဆွတ်မှုများဖြင့်ပြည့်နေသောကြောင့် လူတစ်ယောက်၏နှလုံးကိုနာကျင်အောင့်မျက်သွားစေသည်။

ဒါကိုမြင်လိုက်သည့်ဂျီဝမ်သည် ချက်ချင်းကိုနိုးသွားရပီး သူ့နှလုံးသည်လည်းစည်းချက်မမှန်တော့ကာ သူဘယ်လိုတုံ့ပြန်ရမည်မှန်းမသိတော့ပေ။ ဘာကြောင့်ဆို သူ့အားဟေးရှီဒီလိုပြုံးပြလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့်ပင်။ သူ့နှာခေါင်းသည်အနည်းငယ်ကျင်လာသည်။ ဘာကြောင့်ဆို စိတ်သက်သာရာရသွားခြင်း ဝမ်းနည်းမှု တမ်းတလွမ်းဆွတ်မှု သတိရမှု စသည့်ခံစားချက်များသည် ဘယ်ကမှန်းမသိပေါ်လာသောကြောင့်ပင်။ ဒါကြောင့်သူသည်စိတ်ရှုပ်သွားရပေမယ့် အတွေးတစ်ခုသည်သူ့စိတ်ထဲတွင်ဖျက်ခနဲပေါ်လာသည်။ နောက်ဆုံးတော့ သူငါ့ကိုလက်ခံလိုက်ပီပဲ …

တကယ်တော့ ဟေးရှီသည် သူ့အပေါ်တွင် မုန်းတီးမှုကိုတစ်ခါမှမပြဖူးပေမယ့်လို့ သူသည် သူ့ဘေးနားတွင်ဟေးရှီကိုထားထားသော်လည်း ဟေးရှီဆီကို ဘယ်လိုမှလက်လှမ်းမမှီဘူးဟု ခံစားနေရသည်လေ။ သူ့တို့နှစ်ယောက်ကြားထဲတွင် နံရံတစ်ချပ်ခြားထားသလိုပင်။ ဟေးရှီသည် တစ်ခြားသူများကိုပြုံးပြနေပေမယ့် ထိုအပြုံးသည်စိတ်ထဲတွင်မပါပဲပြုံးနေရသည်ကို သူသိသည်လေ။ ဒါကြောင့် သူ့အပေါ်တွင် ထိုသို့ဆက်ဆံလာမည့်အစားအေးစက်စက်သာဆက်ဆံလာမည်ကို ပိုပီးအလိုရှိသည်လေ။ အဲ့ဒါက ပိုပီး စိတ်ထဲတွင်ရှိသလိုဆက်ဆံပေးလာသည်ဟု ခံစားရသောကြောင့်ပင်။

ဒါပေမယ့် လီဖန်၏အသံတိုးတိုးလေးဖြင့်ရယ်လိုက်ပီး ညင်သာစွာပြောလာသည့်အသံကြောင့် သူ့အတွေးများမှထွက်သွားရသည်။ “အိုကေ ထတော့လေ ရေသွားချိုးတော့ မနက်စာပြင်လို့ပီးတော့မယ်”

ဂျီဝမ်သည်အိပ်ငွေ့ချခံထားရသလိုမျိုးခေါင်းကိုဖြေးဖြေးညိမ့်ပြလိုက်ပီးနောက်ရေချိုးခန်းသို့သွားလိုက်သည်။ အထဲရောက်သွားတော့ သူ့ဦးနှောက်အလုပ်ပြန်လုပ်လာသည်အထိကို သူသည်တွေဝေငေးမောစွာရပ်နေမိသည်။

~နေဦး! ဒါက ငါ့ကိုနောက််ဆုံးတော့ လက်ခံလိုက်ပီဆိုတဲ့သဘောလား?!~

ထိုသို့တွေးလိုက်မိသည်နှင့်အလွန်အမင်းပျော်ရွင်သွားပီး လေထဲကိုလက်သီးများပစ်သွင်းနေလိုက်ပီး ရေကိုလျင်မြန်စွာချိုးလိုက်သည်။

လီဖန်ကတော့ သူသည်မနက်စာကိုပြင်ဆင်နေပီး ကျန်တာကတော့ အရွက်များကို လှီးဖြတ်ပီး အိုးထဲထည့်ဖို့သာကျန်သည်။ သူ၏အခုလက်ရှိအခြေအနေသည် အရင်ကသူလုပ်ခဲ့သလိုမျိုးဖြစ်နေသောကြောင့် ပြုံးမိသွားရသည်။

ဂျီဝမ်တွင်အရင်ကမှတ်ဉာဏ်တွေမရှိတော့ပေမယ့် ဒီရောက်တော့လည်း သူ့နောက်ကို မညည်းမညူလိုက်နေတုန်းပင်။ သူသည် အရမ်းကို မိန်းမရှုပ်သည့်သူအဖြစ်ပြောင်းသွားပေမယ့် အရင်ဘဝကလိုမျိုး တစ်ခါတစ်လေ ပြုမူတတ်သေးသည်လေ …

‘မိန်းမရှုပ်တယ်’ဆိုတဲ့စကားကိုထပ်ခါတလဲလဲတွေးမိသောအခါမှတော့ သူ့လက်တွေရပ်တန့်သွားသည်။ သူစကားအချို့ကိုပြန်မှတ်မိလိုက်ချိန်မှာတော့ အတွေးတချို့ဖြတ်သွားရသည်။

ယုဖန် “ဟေးရှီ မင်းမှတ်ထားရမှာက ငါတို့bossက သူ့အလုပ်နဲ့ပတ်သပ်ပီးတော့ပဲ ရွေးတာမဟုတ်ဘူး သူ့ကိုယ်ပိုင်အချိန်တွေမှာလဲအဲ့လိုပဲ ပြောရရင် သူအရင်ကတွဲခဲ့သမျှမိန်းကလေးတွေက အထက်တန်းကျနေမှရမယ် အခုတစ်လော နာမည်ကြီးနေတဲ့သရုပ်ဆောင်ကိုမင်းသိလား ဆာရာက bossကို သုံးရက်ပဲဆွဲထားနိုင်တယ်! သုံးပတ်တောင်မဟုတ်ဘူး! အ့ကြောင့်တစ်ခါတစ်လေ ငါသူတို့တွေကိုသနားတော့သနားမိတယ်။ ဘာလို့ဆို သူတို့က bossအတွက် one night standပဲဖြစ်လာကြတာလေ ဟူး … ”

ဂျီဝမ်၏လက်ရှိအသက်သည် ၂၈နှစ်ဖြစ်သည်။ ဒါကြောင့် သူသည်တစ်ရက်တစ်ယောက်နှုန်းတွဲနေပါက ဘယ်နှစ်ယောက်တောင်မှ …

လီဖန်သည်ဆက်ပီးတွေးလေလေ သူ့မျက်နှာသည် ပိုပီးကြည့်ရဆိုးလေလေဖြစ်လာပီး အိုးဖင်ကဲ့သို့ မည်းတူးလာကာ နောက်တော့ bam! သူ့ညာဖက်လက်ထဲတွင်ရှိသည့်ဓါးသည်ချက်ချင်းကိုပျံထွက်သွားပီး မုန်လာဥကို ရက်စက်စွာခုတ်လိုက်သည်။

ဂျီဝမ်သည် ဖြစ်သမျှကိုတွေ့လိုက်သောကြောင့် ရပ်နေသည့်နေရာတွင်သာ ကျောက်ရုပ်လို ုဖြစ်နေသည်လေ။ ဒီမြင်ကွင်းကို မြင်လိုက်သည့်systemသည် ဂျီဝမ်အတွက် ဖယောင်းတိုင်လေးသာထွန်းပေးထားလိုက်သည်။

ဂျီဝမ်သည် မီးဖိုခန်းထဲသို့ပျော်ရွင်စွာဝင်လာပေမယ့် မုန်လာဥကိုဓါးနဲ့ထက်ခြမ်းခွဲလိုက်ပီး ကြမ်းပေါ်သို့ ပြုတ်ကျသွားသည့်အချိန်ကိုက်ကို ​ရောက်သွားသည့်အတွက် သူ့ခြေထောက်များကို မသိစိတ်ဖြင့်ညပ်လိုက်မိသည်။ ဘာကြောင့်ဆို သူ့ဘေဘီလေးထံမှ အန္တရာယ်ရှိသည့်အငွေ့အသက်များ ထုတ်လွတ်နေသည်ကို သူခံစားသိလိုက်ပီး သူ့ဘေဘီ ရက်ရက်စက်စက်ခုတ်ဖြတ်ပစ်ချင်နေသည်က မုန်လာဥမဟုတ်ပဲ …

ဂျီဝမ်သည် တံတွေးကိုတောင် အနိုင်နိုင်မြိုချလိုက်ရသည်။ သူ့အတွေးတွေကို ဆက်မတွေးရဲတော့ပဲ နောက်ကို ​ဖြေးဖြေးချင်းပြန်လှမ်းသွားပီး အခန်းထဲမှ တိတ်တဆိတ်ပြန်ထွက်သွားလိုက်သည်။

~သူမနက်ကမြင်လိုက်ရသည်က သူထင်ယောင်ထင်မှားဖြစ်နေခြင်းသာ ဖြစ်လောက်သည် … ဒါမှမဟုတ် သူ့ဟေးရှီလေးမှာ တော်တော်ဆိုးရွားနေတဲ့ စိတ်အတက်အကျရောဂါရှိနေတာများလား~

Systemသည် ဂျီဝမ်ကို တိတ်တဆိတ်likeကြီးကြီးပေးလိုက်သည်။ : Bro ခင်ဗျားရဲ့အသက်ဆက်ရှင်ချင်တဲ့မသိစိတ်က တကယ့်ကိုမြင့်မားတာပဲ! ငါလေး တည်းဖြတ်ရိုက်ကူးမယ့် ဇာတ်ကားက တကယ်တောင်ဖြစ်လာခါနီးလေးပဲ!

Continuă lectura

O să-ți placă și

282K 16.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...