ARC 1.15
11.6K 1.1K 27
ထန်ရှိုးသည် သူ့အားတက္ကသိုလ်သို့ပို့ပေးခဲ့ပီးမှ သူ့ကုမ္ပဏီသို့သွားလိုက်သည်။ ဒီနေ့ သူ့အတွက် အရေးကြီးသည့်အစည်းဝေးတစ်ခုရှိလေသည်။
တကယ်တော့ လီဖန်သည် ကျောင်းတွင်အတန်းတက်စရာမလိုပေ။ သူ၏အမြဲတမ်းအပြည့်ရနေသည့်အမှတ်များကြောင့် သူသည် အထူးခံစားခွင့်ရရှိလေသည်။ ထို့ကြောင့် သူလုပ်စရာကတော့ သူ့assignmentများလာထပ်ပီး စာမေးပွဲရှိလျှင် လာဖြေရုံသာ။
ထိုကျေးဇူးကြောင့် သူသည့် သူ့ကုမ္ပဏီကိုအုပ်ချုပ်ဖို့ အချိန်ပိုရခြင်းပင်ဖြစ်သည်။
အခမ်းအနားပီးသွားတော့ လီဖန်လည် မြေကြီးပေါ်ကိုတောင်ပစ်လဲတော့မတတ်ပင်။
သူသည် မနေ့ရှေ့တနေ့က ထိုပြင်းထန်သည့်လေ့ကျင့်ခန်း၏အကျိုးကို အခုထိခံစားနေရတုန်းပင်ဖြစ်သည်။
လီဖန်သည်ခုံနောက်ကိုမှီပီးထိုင်နေလိုက်ကာ သူ့အိတ်ကပ်အတွင်းမှ တစ်ခုခုအားထုတ်လိုက်သည်။ ထိုအရာကတော့ ဘောလုံးလိုမျိုး သေးငယ်သည့်စက်ရုပ်လေးပင်။
လီဖန် ‘ဒါကြီးက ဘာလဲ?’
Systemသည် စိတ်လှုပ်ရှားစွာပြန်ဖြေလာသည်။
[ဒါက ခင်ဗျား missionတွေ တော်တော်များများပီးသွားလို့ အလကားပေးတာ ^_^! Daichi-kunကိုနှုတ်ဆက်လိုက်ပါဦး! သူက ဂျပန်ကလာတာလေ!]
လီဖန်မျက်နှာတစ်ခုလုံးအမဲရောင်အကြောင်းတွေနဲ့ပြည့်နေပီး မျက်နှာမှာ ဘာအမူအရာမှမရှိဖြစ်သွားသည်။
~မင်းငါ့ကို အသုံးဝင်တာတစ်ခုခုပေးလို့မရဘူးလား?!~
လီဖန်သည် နဖူးကိုပွတ်လိုက်ပီး ကားပြတင်း၏အပြင်ကိုကြည့်လိုက်တော့ တစ်ခုခုမှားနေသည်ကို သိလိုက်သည်။
System [Host! သူတို့သွားတာလမ်းမှားနေပီ!]
လီဖန် ‘ငါသိတယ်’
သူသည် ကားရှေ့ခန်းက နှစ်ယောက်ကိုကြည့်လိုက်သည်။
လီဖန်တစ်ခုခုလုပ်မလို့လုပ်နေချိန်မှာပဲ ကားမောင်းသူဘေးတွင်ထိုင်နေသည့်သူမှ သေနက်အားဆွဲထုတ်ကာ သူ့အားချိန်ထားလိုက်သည်။
“ငြိမ်ငြိမ်လေး ထိုင်နေ။ မဟုတ်ရင် မင်းမျက်နှာလှလှလေးမှာ အပေါက်ဖြစ်သွားမယ်!”