ARC 1.9
9.6K 1.1K 25
ထန်ရှိုးသည် သူ၏တိုက်ခန်းကိုရောက်သည်နှင့် သူ့အိပ်ခန်းသို့တန်းသွားလိုက်ပီးနောက် လီဖန်အား သူ့အိပ်ယာပေါ်သို့ချပေးလိုက်လေသည်။
ထန်ရှိုးသည် လီဖန်၏ဖိနပ်၊ ခြေအိတ်ကို စချွတ်ပေးလိုက်ပီး နောက် သူ့ကုတ်ကိုပါချွတ်ပေးလိုက်သည်။
သူသည်လီဖန်၏အဝတ်တွေအားလဲပေးသင့် မသင့်ကို တယောက်ထဲ အငြင်းပွားနေသည်။ အတွေးပေါင်းစုံတွေ တွေးပီးချိန်မှာတော့ သူဒီအကြံကိုလက်လျော့လိုက်သည်။ ဘာကြောင့်ဆို သူအဝတ်လဲပေးနေသည့်အချိန်အတွင်း ဘာလုပ်မိမယ်ဆိုတာကို ဘယ်သူ ဘာပြောနိုင်မှာလဲ?
ထန်ရှိုးသည် လီဖန်မျက်နှာနားသို့ငုံ့ကိုင်းလိုက်ပီး နဖူးလေးအား အသာအယာတောက်လိုက်ကာ “ဒါတွေအကုန်လုံးမင်းကြောင့်ပဲ နတ်ဆိုးလေးရဲ့”
သိုပေမယ့် လီဖန်သည် မျက်ခုံးအနည်းငယ်ကျုံ့လိုက်ပီး သူ့နှုတ်ခမ်းကိုသပ်လိုက်ကာ အိပ်မက်ကမ္ဘာကိုပြန်သွားလိုက်သည်။
ဒါကိုမြင်လိုက်ရသည့် ထန်ရှိုး၏မျက်လုံးများက မည်းမှောင်လာပီး အချိန်တွေအကြာကြီးကတည်းက ဘယ်လိုအရသာဖြစ်မည်ဆိုတာကိုမြည်းကြည့်ချင်နေသည့် နီရဲရဲနှုတ်ခမ်းပါးလေးကိုသာ စိုက်ကြည့်နေလိုက်သည်။
အစကတော့ သူသည် သူ့ပိုင်နက်အတွင်းမှာရှိနေပီး ဘာမှစုံစမ်းလို့မရသည့်ဒီလူအကြောင်းကို သိချင်ယုံသာဖြစ်သည်။
သို့ပေမယ့် ဒီလူငယ်လေးနှင့် ပတ်သက်မိပီးနောက်မှာတော့ ဒီလူငယ်လေးသည် အလွန်စိတ်ဝင်စားစရာကောင်းလာပီး ဒီလူငယ်လေးကြောင့် သူသက်တောင့်သက်သာမဖြစ်တာ ပျင်းရိသွားရတာမျိုးကို မခံစားရပေ။
နောက်ပီး ဒီလူငယ်လေးသည် သူ့အပေါ်တွင် အကြံဆိုးတခုမှမရှိသည်ကိုသိလိုက်ရပီးနောက်မှာတော့ သူ ဒီလူငယ်လေးကို မိတ်ဆွေတယောက်အဖြစ်လက်ခံလာမိသည်။
အချိန်တွေကုန်သွားသည်နှင့်အမျှသူတို့တွေက ပိုပိုပီးနီးစပ်လာကာ သူသည် ဒီလူငယ်လေးအပေါ် လီယွမ်လိုမျိုးမိတ်ဆွေအဖြစ်မြင်မိခြင်း မဟုတ်တော့သည်အထိပင်။ နောက်တော့ သူတွင်ညီလေးတယောက်မှ မရှိသည့်အတွက် ဒီလူငယ်လေးအား သူ့ညီငယ်လေးတယောက်လိုမြင်မိတာပဲဖြစ်မည်ဟု တွေးကာအဆုံးသတ်လိုက်သည်။