[ Zawgyi ]
ၿမိဳ႕ငယ္ေလးရဲ႕ မနက္ခင္းက ထံုးစံအတိုင္း ေႏြးေထြးေနတုန္းပဲ..
ေဘးႏွစ္ဖက္မွာ သစ္ပင္အုပ္ဆိုင္းဆိုင္းနဲ႔ လမ္းေလးရွိတယ္
အဲဒီလမ္းေလးထက္မွာေတာ့ စက္ဘီးအဝါေလး ႏွစ္စီးက တူညီတဲ့ အရွိန္နဲ႔ တလိမ့္လိမ့္..
ေက်ာင္းကိုေရွာင္ေနတဲ့ ေရွာင္က်န္႔က ဒီေန႔ေက်ာင္းျပန္စတက္ဖို႔ေျပာေတာ့ ငိုင္တိုင္တိုင္...
က်ဲက်ဲလိုက္ပို႔မယ္ဆိုမွ ထလာတဲ့ေကာင္ေလးက မ်က္သားေလးေတြရဲေနတာကို သူမ ဥေပကၡာျပဳထားရေသး..
လိုက္ပို႔မယ္ဆိုတဲ့က်န္းလီ လက္ေတြက စက္ဘီးနင္းေနတဲ့ အားက်န္႔ခါးမွာဖက္လို႔...
တေယာက္ထဲ တစီးဆိုၿပီး ခဏခဏလက္လႊတ္ၿပီး စီးတဲ့ အားခ်န္ကိုလဲ သူမ တခ်က္တခ်က္လွမ္းဟန္႔ရေသး..
အရင္က သံုးေယာက္တူတူေက်ာင္းတက္ၾကတုန္းက ဒီကေလးႏွစ္ေယာက္က ေပါက္စနအရြယ္ေလးေတြနဲ႔ က်ဲက်ဲကိုကာကြယ္ၾကမယ္ ေအာ္ရင္း တလမ္းလံုးေဆာ့ၿပီး ေသာင္းက်န္းခဲ့ၾကတာေတြ သတိရမိေတာ့ ဒီလမ္းေလးကပိုလွလာသလိုပဲ..
ေက်ာင္းေပါက္ဝေရာက္ေတာ့ က်န္းခ်န္က ႏႈတ္ဆက္ၿပီးဝင္သြားေပမယ့္ ေက်ာင္းမတက္ခ်င္တဲ့ ေရွာင္က်န္႔က အင္တင္တင္နဲ႔ က်န္ခဲ့ျပန္သည္..
" က်ဲ... ကၽြန္ေတာ့္စက္ဘီးယူသြား "
" မယူေတာ့ဘူး..က်ဲ လမ္းေလၽွာက္ျပန္လိုက္မယ္.. သူငယ္ခ်င္းတေယာက္အိမ္ဝင္ဦးမလို႔.. "
" ၿပီးေရာ.. "
" ဝင္ေတာ့ေလ "
" က်ဲ.. ဟိုေလ ..က်န္းခ်န္..သူ.. "
ေခါင္းေလးငံု႔ၿပီး အေၾကာင္းမရွိဘဲ ေျမႀကီးကိုဖိနပ္ထိပ္နဲ႔ကန္ေနတဲ့ ေကာင္ေလးရဲ႕ ဆံပင္ေတြကို က်န္းလီ ညင္ညင္သာသာေလးဖြေပးရင္း
" အင္း..သူသိတယ္ "
ေမာ့လာတဲ့ မ်က္ဝန္းေလးေတြကအထိတ္တလန္႔..
သူမ အားက်န္႔ကိုနားလည္ႏိုင္သည္..
သူ႔ျဖစ္တည္မႈကိုနားလည္ၿပီးတဲ့ေနာက္ ညီအကိုလိုေပါင္းလာတဲ့ က်န္းခ်န္ကို မ်က္ႏွာခ်င္းဆိုင္ရမွာ ရွက္ေနလို႔ဆိုတာ...
" အားက်န္႔ကို လိုက္ေနတဲ့ေကာင္ေလးအေၾကာင္းေတာင္ သူသိတယ္ "
" အာ...က်ဲ !! "
" ရွက္မေနနဲ႔.. က်ဲေျပာခ်င္တာက သက္သက္.. အားခ်န္က သူသိေနတာေတာင္ အားက်န္႔အေပၚ ေျပာင္းလဲသြားတာမ်ိဳးရွိလို႔လား..ေတြးၾကည့္ "
" ကၽြန္ေတာ့္ေၾကာင့္ သူရွက္.. "
" ေတာ္ေတာ့!.. ေလၽွာက္ေတြးမေနနဲ႔ေတာ့ "
" က်ဲကလဲ မေအာ္နဲ႔ေလ "
ဘုရားေရ !
စကားေလးနဲနဲေလးပဲမာရေသးတယ္
ဆူပုတ္သြားတဲ့ ေရွာင္က်န္႔ကို ၾကည့္ၿပီး က်န္းလီက်ိတ္ရယ္ရေသး..
" က်န္းခ်န္ကို သည္းခံႏိုင္တာဆိုလို႔ အားက်န္႔ပဲရွိတာ..က်ဲမရွိရင္ တိုင္တိုင္ပင္ပင္ေနၾက.. ၾကားလား "
" အင္းပါ "
" သူ အေပါက္ဆိုးတာေတာ့ ေတာ္ေတာ္သည္းခံရမယ္ "
" က်ဲမသိလို႔. အဲ့ေကာင္အားႀကီးဆိုးတယ္ "
က်န္းခ်န္အတင္းတုပ္ရင္း ျပန္ရယ္လာတဲ့ အားက်န္႔ကိုျမင္မွ သူမ သက္ျပင္းခိုးခ်မိသည္..
ဒီကေလးရဲ႕ အေတြးမ်ားတတ္လြန္းတဲ့စိတ္က တေယာက္ထဲျဖစ္ေနရင္ ပိုဆိုးလာမွာ..
" ေရွာင္က်န္႔ "
ဆတ္ခနဲျဖစ္သြားတဲ့ အားက်န္႔ပံုစံေၾကာင့္ အသံလာရာကို လွမ္းၾကည့္လိုက္ေတာ့ သူမတို႔ဘက္ကို လွမ္းၾကည့္ေနတဲ့ ေက်ာင္းဝတ္စံုနဲ႔ေကာင္ေလးတေယာက္..
ပါးရိုးထက္မွာ ပလတ္စတာ ခပ္ေသးေသးတစ္ခုနဲ႔ ..
' ခုတေလာ က်န္႔ေကာေနာက္ကို ေက်ာင္းကတေကာင္ တေကာက္ေကာက္လိုက္ေနတာ.. အဲေကာင္က ဆရာေတြေတာင္မႏိုင္လို႔ လႊတ္ထားရတာ..က်ဲ ေျပာလိုက္ဦး '
က်န္းခ်န္ေျပာဖူးတာကို သတိရလိုက္ေပမယ့္ အဲဒီေကာင္ေလးကိုျမင္တာနဲ႔ ျပံဳးသြားတဲ့ အားက်န္႔ကို ေတြ႕လိုက္ေတာ့ သူမ ဘယ္လိုနည္းနဲ႔ ေျပာရပါ့မလဲ ေတြးမိေသး..
" အားက်န္႔ေျပာတာ သူလား.. "
" ဟုတ္ "
ဟုတ္ဆိုၿပီး သူမမ်က္ဝန္းေတြထဲ အေျဖရွာေနတဲ့ေကာင္ေလးက ေမၽွာ္လင့္ခ်က္ေတြ ပိုက္ထားတဲ့ယုန္ေလးနဲ႔တူသည္..
" ကဲ..ဝင္ေတာ့ ေနာက္က်ေနၿပီ "
စက္ဘီးေလးတြန္းၿပီးဝင္သြားတဲ့ အားက်န္႔ေနာက္ကို ဟိုေကာင္ေလးက တလွမ္းမကြာ ေဘးကကပ္လိုက္ေနေတာ့ သူမရွိရာ လွည့္လွည့္ၾကည့္တဲ့ အားက်န္႔ရယ္..
တာ့တာျပရင္း က်န္းလီျပံဳးျပလိုက္ေတာ့မွ ေကာင္စုတ္ေလးရဲ႕ ပင့္တက္သြားတဲ့ ႏႈတ္ခမ္းေလးေတြက ယုန္သြားေလးေတြပါ ေပၚလာသည္အထိ..။
အဲဒီညက သူမတို႔ စကားေျပာျဖစ္ၾကသည္...
မေန႔ညကထိ တေယာက္ထဲငိုေနခဲ့တဲ့ေကာင္ေလးက ဒီေန႔ညက်ေတာ့ ျပံဳးလို႔ရယ္လို႔ ..
သူမတို႔ျခံေလးထဲက ခံုေလးမွာ သံုးေယာက္သားယွဥ္လ်က္ထိုင္ရင္း က်န္းလီက လက္ထဲက ေျမပဲေတာင့္ေတြကို အခြံခြာလိုက္ ေဘးက ကေလးႏွစ္ေယာက္ကို တလွည့္စီေကၽြးလိုက္ လုပ္ရင္း သူမ တကၠသိုလ္ကအေၾကာင္းေတြကိုလဲ ျပန္ေျပာျပေနရေသးတာ...
" ကုန္ၿပီ စားၾကဦးမွာလား "
" အင္း "
" အင္း "
" စားမယ္ဆို သြားယူ "
သူမလက္ထဲက ျခင္းေလးကို ယူၿပီး က်န္းခ်န္ ထထြက္သြားေတာ့ အားက်န္႔က က်ဲဆိုၿပီး သူမပုခံုးေပၚေခါင္းေလးမွီၿပီး ခၽြဲလာပံုက အရင္အတိုင္း မေျပာင္းမလဲ...
" ဒီေန႔ ကၽြန္ေတာ့္ကို သူဖြင့္ေျပာတယ္ က်ဲ "
ရုတ္တရတ္ဆိုေတာ့ ဘာျပန္ေျပာရမွန္း မသိတာေရာ
တိတ္ဆိတ္မႈက ပိုေလးနက္ေစတယ္ထင္လို႔ေရာ သူမ နားေထာင္ေပးဖို႔ပဲ ေတြးလိုက္မိတယ္..
" ကၽြန္ေတာ္ နည္းနည္းေၾကာက္တယ္ ..က်ဲ သိလား "
" အင္း.. "
" က်ဲ.. တစ္ခုခုေျပာေလ "
တကယ္တမ္းေတာ့ ဒီအေျခအေနကို သူမ ဘယ္လိုလမ္ျပေပးရမလဲဆိုတာကိုလဲ မသဲကြဲေသး...
သူမလက္ကိုလာလႈပ္တဲ့ ေကာင္ေလးလက္ေတြက ေအးစက္စက္..
အျမဲတမ္းတံေတာင္ဆစ္နားထိ ဆြဲတင္ထားတဲ့ ေကာင္ေလးရဲ႕ အေႏြးထည္လက္ကို ဆြဲခ်ေပးေတာ့ ၿပံဳးျပံဳးႀကီး ၿငိမ္ခံေနျပန္ေရာ..
" က်ဲေျပာဖူးတာမွတ္မိလား... အားက်န္႔ကိုပဲ က်ဲကအျမဲတမ္းေရြးမယ္ဆိုတာ "
" မဟုတ္ဘူးေလ က်ဲရဲ႕"
" ဘာကိုမဟုတ္တာ ? "
" က်ဲက ရပ္လိုက္ေတာ့ဆို ကၽြန္ေတာ္ ေရွ႕ဆက္မတိုးေတာ့ဘူး "
ေလးနင့္လာတဲ့စိတ္နဲ႔ သူမ သက္ျပင္းခိုးခ်မိတယ္..
" အားက်န္႔ တကယ္ေပ်ာ္ရမယ္ထင္ရင္ က်ဲကမတားပါဘူး "
အဓိပၸါယ္အမ်ိဳးမ်ိဳးထြက္ေလာက္မယ့္ စကားကို သူမ ေရြးေျပာလိုက္မိတယ္..
အနည္းဆံုး အားက်န္႔ဘယ္ဘက္ကို စိတ္ပါေနလဲဆိုတာ သူမ သိသာေစခ်င္ရံုပဲ..
တစ္ခုခုကိုစဥ္းစားေနပံုရတဲ့ အားက်န္ကို သူမအခ်ိန္ေပးထားလိုက္ေပမယ့္ သိပ္မၾကာခင္မွာပဲ
ေခါင္းငိုက္စိုက္က်သြားတာကို ျမင္လိုက္ရတယ္..
မျဖစ္ေသးပါဘူး...
" ခ်စ္လားဆိုတာေနာက္မွာ ခ်စ္သင့္လားဆိုတာ ကပ္ပါလာခဲ့ရင္ အကုန္ ရႈပ္ေထြးသြားမွာ.. က်ဲေျပာတာ အားက်န္႔ေတြးၾကည့္ေနာ္.. "
" .... "
" က်ဲကိုေမးရင္ က်ဲဆံုးျဖတ္ေပးႏိုင္တာ အဲဒီေကာင္ေလးက ခ်စ္သင့္တဲ့လူဟုတ္မဟုတ္ပဲ.. ခ်စ္လားမခ်စ္လားဆိုတာ အငွားခံစားေပးလို႔ မရဘူး "
" ..... "
" က်ဲေျပာခ်င္တာ နားလည္တယ္မဟုတ္လား "
" ...... အင္း "
" တစ္ခုပဲ.. က်ဲရဲ႕ အားက်န္႔ေလးက အရာရာျပည့္စံုၿပီးသားေကာင္ေလး ဆိုတာ မေမ့ရဘူး "
သူမစကားကို နားမလည္ဟန္နဲ႔ လွည့္ၾကည့္လာတဲ့ အားက်န္႔ကို ျပံဳးျပရင္း...
" မေန႔ကလိုမ်ိဳးေတြ မေတြးရေတာ့ဘူး "
" ... "
" ခ်စ္သင့္လားေတြးရင္း မခ်စ္သင့္ပါဘူးဆိုတဲ့ အေၾကာင္းရင္းက ကိုယ္ကိုယ္တိုင္လို႔ မသတ္မွတ္ရဘူး "
" က်ဲ.. "
အားက်န္႔ရဲ႕ မ်က္ဝန္းေလးေတြ ရဲတက္လာတာကို သူမျမင္မိလိုက္ေသး..
" ေဟာ..အားခ်န္ျပန္လာပီ.. "
သူမေျပာလိုက္ေတာ့ ကမန္းကတန္းမ်က္ရည္ေတြသုတ္တဲ့ ေကာင္ေလးကို ေျမပဲျပဳတ္ျခင္းေလးပိုက္လာတဲ့ ေကာင္ေလးက မသိမသာၾကည့္တယ္...
ခုနက တိုင္အကြယ္ေလးက ခိုးနားေထာင္ေနတာ သူမဟုတ္ခဲ့သလိုမ်ိဳး... ။
ၿမိဳ႕ငယ္ေလးရဲ႕ ညေလေအးက တျဖဴးျဖဴး...
ေအးလာတာနဲ႔အမၽွ ပူးကပ္ထိုင္လာတဲ့ ခႏၶာကိုယ္ေလး သံုးခုကေတာ့ ရယ္သံေတြနဲ႔ ေႏြးေထြးေနခဲ့တယ္..
ၾကယ္မစံုလဲ ျဖစ္တာပါပဲ..
သူမတို႔ လိုအပ္တာ ၾကယ္ေတြမွ မဟုတ္ခဲ့တာ...
ခပ္ေႏြးေႏြး ေျမပဲျပဳတ္ျခင္းေလးနဲ႔ ေကာ္ဖီပူပူေလး သံုးခြက္ပဲရယ္...။
.
.
.
ဒီတခါ ေက်ာင္းတက္ရက္ေတြက က်န္းလီအတြက္ ေနာက္ဆံတင္းစရာ အခ်ည္အေႏွာင္ေတြ အျပည့္နဲ႔..
ေက်ာင္းမွာ လက္ေတြ႕ဆင္းရတာေတြေၾကာင့္ အိမ္ျပန္ဖို႔ခဲယဥ္းလာသလို ဖုန္းအဆက္အသြယ္ကလဲ တျဖည္းျဖည္းက်ဲပါးလာခဲ့တယ္..
သူမျပန္ၿပီး တစ္လေလာက္အၾကာမွာ တဖက္လူရဲ႕ ခ်စ္ျခင္းကို လက္ခံလိုက္တယ္ဆိုတဲ့အားက်န္႔က အခုဆို သူမနဲ႔အားခ်န္အျပင္ေနာက္ထပ္ ကမ႓ာသစ္ေလးနဲ႔...
အားက်န္႔ရဲ႕ သူ႔စိတ္သူ ပိတ္ေလွာင္ထားမႈေတြ တျဖည္းျဖည့္ေလ်ာ့လာတာ ျမင္ရေတာ့လဲ သူမေပ်ာ္ခဲ့တာပဲ...။
ဒီလိုနဲ႔ ၿမိဳ႕ငယ္ေလးဆီ သူမ မျပန္ျဖစ္ခဲ့တာ တစ္လ ႏွစ္လကေန တရာသီ ႏွစ္ရာသီေျပာင္းလာခဲ့တယ္...
" က်ဲ.. ဘယ္ေတာ့မွျပန္လာမွာလဲ "
ဒီေနာက္ပိုင္း အဆက္အသြယ္ရတိုင္း အားက်န္႔ေမးတတ္တဲ့ေမးခြန္း..
ခပ္ေဖ်ာ့ေဖ်ာ့အသံကို သူမ စိတ္ထင့္ေနေပမယ့္ ေျပးသြားလို႔ မရတဲ့အေျခအေနေတြမွာ အားခ်န္တေယာက္ကိုပဲ သူမ အားကိုးရျပန္တယ္..
" က်န္႔ေကာ ခုတေလာ စိတ္နဲ႔လူနဲ႔မကပ္သလိုပဲ "
" က်န္႔ေကာ ဟိုေန႔က မိုးရြာထဲ တေယာက္ထဲျပန္လာတာ အခုဖ်ားေနျပန္ၿပီ "
" က်ဲ ဟိုေကာင္က က်န္႔ေကာနဲ႔ ျပတ္သြားၿပီလားမသိဘူး.. အခုေကာင္မေလးတေယာက္နဲ႔ တတြဲတြဲပဲ "
သတင္းေတြၾကားတိုင္း သူမစိတ္ပူတာ တစစတိုးလာေပမယ့္ အားက်န္႔နဲ႔ ဖုန္းေျပာျဖစ္တဲ့အခ်ိန္တိုင္း အဲဒီေကာင္ေလးက ဘာမွမျဖစ္သလိုမ်ိဳး သူမျပန္လာဖို႔ကိုပဲ တဖြဖြ ေျပာေနတတ္ျပန္တယ္..။
စာေမးပြဲေနာက္ဆံုးေန႔..
အဲဒီေန႔က မွတ္မွတ္ရရပဲ..
ေက်ာင္းကိစၥေတြၾကား အိမ္ျပန္ဖို႔ မနည္းအားယူေနခဲ့တဲ့ က်န္းလီက ဖုန္းတခုကို လက္ခံၿပီးေနာက္မွာ အိတ္တစ္လံုးဆြဲၿပီး ကားဂိတ္ဆီ အေျပးသြားေတာ့တာပဲ..
အားက်န္႔ေဆးရံုတင္ထားရတယ္ တဲ့...
အားခ်န္ရဲ႕ တုန္ယင္ေနတဲ့ အသံၾကားၾကားခ်င္း ပထမဆံုးေရာက္လာတဲ့ခံစားခ်က္က သူမကိုယ္သူ အျပစ္တင္မိတာပဲ..
ျပန္လာပါလို႔ တဖြဖြေျပာခဲ့တဲ့ကေလးကို သူမပစ္ထားခဲ့မိတာ..
အခ်ိန္လြန္သြားမွာ ေၾကာက္ရတဲ့ ခံစားခ်က္က ေတာ္ေတာ္ဆိုးရြားတယ္ဆိုတာ သူမလက္ခံလိုက္မိရဲ႕ ..။
.
.
ကုတင္ထက္က ေကာင္ေလးက ျဖဴေဖ်ာ့ေနလိုက္တာ...
အခန္းထဲက သံုးရက္နီးပါး အျပင္ထြက္မလာတဲ့ ေကာင္ေလးဆီက တုန္႔ျပန္သံမၾကားရေတာ့လို႔ အတင္းအၾကပ္တံခါးဖ်က္ဝင္ေတာ့မွ ဒီေကာင္ေလးက ေမ့ေမ်ာေနခဲ့တာတဲ့..
အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးရဲ႕ ေခါင္းေလးကိုခပ္ဖြဖြပြတ္ေပးရင္းနဲ႔ပဲ မ်က္ႏွာက အညိဳအမဲစြဲေနတဲ့ ဒဏ္ရာေတြကို ခပ္ေရးေရးျမင္ေနရျပန္တယ္..
ဘာေတြလဲ အားက်န္႔ရယ္...
လက္ဖဝါးကိုခပ္ဖြဖြညႇစ္မိေတာ့ လက္ေကာက္ဝတ္အေရျပားမွာ ကန္႔လန္႔စင္းေပါင္းမ်ားစြာနဲ႔...
မငိုခင္က မ်က္ရည္က်တယ္ဆိုတာ ဒါမ်ိဳးထင္ပါရဲ႕..
တခ်က္တခ်က္ဆို႔တက္လာရင္း ရင္ဘတ္ထဲကလဲ နာက်င္ရျပန္တယ္..
တကယ္ပဲ..
သူမသာ ျဖစ္လိုက္ခ်င္ပါတယ္...။
.
.
အားက်န္႔ျပန္သတိရလာေတာ့ ဘယ္သူ႔ကိုမွစကားမေျပာေတာ့သလို ဘယ္သူ႔ကိုမွလဲ အထိမခံေတာ့ဘဲ ၿငိမ္ၿငိမ္ေလးပဲ လွဲေနေတာ့တာပဲ..
ေဆးထိုးေဆးေသာက္ကိစၥေတြကို သူ႔ပါးပါးမွမဟုတ္ရင္ အတင္းျငင္းဆန္တတ္သလို လူနာတေယာက္အေနနဲ႔ အကူလိုတဲ့ကိစၥေတြကိုလဲ တေယာက္ထဲပဲ ေခါင္းမာမာနဲ႔ လုပ္ျပန္တယ္..
ဒါေပမယ့္လဲ သူမကို ေတြ႕ေတြ႕ခ်င္းမွာ လႈပ္ခတ္သြားတဲ့ မ်က္ဝန္းေလးေတြေၾကာင့္ အားတက္ရျပန္တယ္..
စိတ္ေကာက္ေနပံုရတဲ့ေကာင္ေလးက ေခါင္းေလးပုတ္တာေတာင္ေရွာင္ၿပီး တခါတေလ လူေတြကိုေက်ာေပးၿပီး မ်က္ရည္ဝဲတတ္ေနျပန္ေရာ..
" အားက်န္႔..က်ဲကိုေျပာခ်င္တာရွိေသးလား "
အိမ္ျပန္ေရာက္တာနဲ႔ ျပဳစုဖို႔ကိစၥေတြကို က်န္းလီက တာဝန္ယူတယ္..
ညဘက္ ေဆးတိုက္ၿပီး သူမအိမ္မျပန္ခင္တိုင္း ေမးတတ္တဲ့ဒီေမးခြန္းက အေျဖမဲ့ေနခဲ့တာၾကာၿပီေလ..
" အားက်န္႔ မနက္စာဘာစားခ်င္လဲ.. ဆန္ျပဳတ္ႀကီးက မႀကိဳက္ေတာ့ဘူးမလား..က်ဲ တျခားတစ္ခုခု လုပ္ထားေပးရမလား "
ေကာင္ေလးက ေခါင္းညိတ္ျပေတာ့ ပထမဆံုး တုန္႔ျပန္မႈေလးကို သူမမွာ က်ိတ္ေက်နပ္ရေသး..
" ဒါဆို အိပ္ေတာ့ေနာ္.. "
ေစာင္ျခံဳေပးေတာ့ ေယာင္ေယာင္ေလးျပံဳးတယ္..
မီးပိတ္ေပးဖို႔ ျပင္ေတာ့ သူမလက္ကို လွမ္းဆြဲလာတဲ့ အားက်န္႔လက္ေတြက မသိမသာ တုန္ယင္ေနခဲ့သလားပဲ..
" က်ဲ... "
" အင္း..အားက်န္႔ "
" ေနာက္တခါ ကၽြန္ေတာ့္ကိုအၾကာႀကီးပစ္မထားနဲ႔ေနာ္ "
ရင္ဘတ္တေနရာက ဆို႔နင့္လာတယ္..
အရာရာက သူမအျပစ္ေတြပါပဲ..
ဘာပဲလုပ္လုပ္ ေနာက္မွာရွိေနမယ္ဆိုၿပီး ယံုၾကည္ခ်က္ေတြေပးခဲ့တဲ့ သူမက အားက်န္႔ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ျပန္လွည့္ေျပးလာခ်ိန္မွာမွ ေပ်ာက္ထြက္သြားခဲ့တဲ့သူ တေယာက္ျဖစ္ခဲ့တာပဲ..။
.
.
အားက်န္႔က သူမကို ရင္ဖြင့္ခဲ့တယ္..
သူရဲ႕ အခ်စ္ဦးပံုျပင္က နမိတ္ဆိုးျဖစ္ခဲ့သတဲ့..
လူငယ္ေလးေတြရဲ႕ စမ္းသပ္စိတ္ကစားမႈမွာ ဓားစာခံျဖစ္ခဲ့တဲ့ အားက်န္႔က ငယ္ငယ္ထဲက စိတ္ဒဏ္ရာရွိခဲ့တဲ့ေကာင္ေလးသာ မဟုတ္ခဲ့ရင္ ခံႏိုင္ရည္ရွိေလာက္ေပမယ့္ အခုေတာ့ ဒီလိုမဟုတ္ခဲ့..
တျခား ဆယ္ေက်ာ္သက္အရြယ္ေလးေတြဆီမွာ ေပါမ်ားလြန္းေနတဲ့ ခ်စ္ျခင္းကို တစံုတေယာက္ဆီေပးအပ္ႏိုင္ဖို႔ အားက်န္႔ ျဖတ္ေက်ာ္ခဲ့ရတာေတြက အမ်ားႀကီး ..
အဖန္တလဲလဲေသာ ဒဏ္ရာအေဟာင္းေတြ.. ငယ္ငယ္ေလးထဲက အေၾကာက္တရားေတြ..
" သူ ေကာင္မေလးတေယာက္နဲ႔ ေဖာက္ျပန္တာသိေတာ့ ကၽြန္ေတာ္နဲ႔ ရန္ျဖစ္ၾကတယ္... ဘာေျပာလဲ က်ဲသိလား.. သူက ကၽြန္ေတာ့္လို gay တေယာက္နဲ႔ ထိေတြ႕ဖူးခ်င္ရံုသက္သက္ပဲတဲ့.. "
ဟိုးအရင္က မခ်စ္မိဖို႔ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ခဲ့တဲ့ေကာင္ေလးကို သူမမေဖ်ာင္းဖ်ခဲ့သင့္ဘူး..
အခု အားက်န္႔ရဲ႕ မ်က္ရည္စေတြက သူမပဲတရားခံ...၊
" ခ်စ္ခဲ့တာခ်င္းအတူတူ ကၽြန္ေတာ္ကမွားတာတဲ့.. ကၽြန္ေတာ့္ပါးပါးေတြက အဲဒီလိုျဖစ္ေနလို႔ မ်ိဳးရိုးလိုက္တဲ့ ကၽြန္ေတာ္က သူ႔ကို ရြံစရာေကာင္းေအာင္ ဆြဲေဆာင္ခဲ့တာတဲ့ "
" .... "
" ကၽြန္ေတာ္တို႔ ရန္ျဖစ္တယ္... မဟုတ္ဘူး.. ကၽြန္ေတာ္တေယာက္ပဲ ေပါက္ကြဲခဲ့တာ.. သူ႔မ်က္ႏွာကိုတခ်က္ထိုးတိုင္း ကၽြန္ေတာ့္ရင္ဘတ္က တခါေအာင့္တယ္..က်ဲေျပာၾကည့္.. ထူးဆန္းတယ္မလား "
အေၾကာက္တရားေတြအကုန္ ရင္ဝယ္ပိုက္ၿပီး ေရြးခ်ယ္ပစ္ခဲ့တာေတာင္ မထိုက္တန္ခဲ့တဲ့သူကိုမွ အားက်န္႔က ခ်စ္ခဲ့တာတဲ့လား ..
ေလ်ာ့ေလ်ာ့လ်ဲလ်ဲမွီထိုင္ေနတဲံ အားက်န္႔ရဲ႕ မ်က္ဝန္းေတြက ၿပိဳလဲေနတာ အသိသာႀကီးေပမယ့္ ဘာလိူ႔ ျပံဳးေနခဲ့လဲဆိုတာ သူမအေျဖမရွာမိ...
သိသိသာသာႀကီး ပင္ပန္းလာပံုရတဲ့ေကာင္ေလးရဲ႕ပံုစံေၾကာင့္ ဆက္မေျပာေတာ့ဖို႔ သူမတားယူရျပန္တယ္..
အေဟာင္းေတြ အသစ္မျဖစ္ေစခ်င္ေတာ့တဲ့စိတ္နဲ႔ပါပဲ..
ဘာလို႔မ်ား ဒီေကာင္ေလးကိုပဲ ခဏခဏ ႏွိပ္စက္ခ်င္ၾကတာပါလိမ့္..
ဒီတခါ ႏွစ္သိမ့္ေပးဖို႔ခြန္အားေရာစကားေတြေရာ သူမမွာမရွိေတာ့ဘူး...
ဒါေပမယ့္ သူမ မသိခဲ့တာ အားက်န္႔ကသူ႔ဘာသာသူ အေျဖရွာခဲ့ၿပီးၿပီဆိုတာကိုပဲ...
" ကၽြန္ေတာ္က တကယ္ရြံဖို႔ေကာင္းတယ္ေနာ္ "
အရာရာက ဒီေနရာက စလြဲခဲ့ျပန္တယ္...။
.
.
ေနျပန္ေကာင္းသြားတဲ့ေနာက္ပိုင္း အားက်န္႔က အမ်ားႀကီးေျပာင္းလဲသြားခဲ့တယ္...
ထပ္တလဲလဲ အထိအခိုက္မခံႏိုင္ေတာ့တဲ့ စိတ္နဲ႔ သူ႔ကိုယ္သူပိတ္ေလွာင္လိုက္ပံုရတဲ့ အားက်န္႔က စိတ္ေရာ လူေရာ ဘာကိုမွ မထိမခံေတာ့ဘူး..
ပန္းခ်ီေတြဆြဲတယ္
ေဆးလိပ္စစြဲတယ္
တခါတေလ တေယာက္ထဲဘာမွမလုပ္ဘဲ ထိုင္ေနတတ္တယ္...
အားက်န္႔ပါးပါးတို႔နဲ႔ က်န္းလီကလြဲၿပီး ဘယ္သူ႔ကိုမွ စကားမေျပာေတာ့ဘူး..
ယုတ္စြအဆံုး က်န္းခ်န္ကိုပါ မေျပာေတာ့..
ၾကာလာေတာ့ ေဒါသထြက္ပံုရလာတဲ့ အားခ်န္ေၾကာင့္ သူမ ၾကားဝင္ၿပီးဖ်န္ေျဖေပးေတာ့ အားက်န္႔ကေျပာလာတယ္..
' ကၽြန္ေတာ္နဲ႔ေပါင္းရင္ ကၽြန္ေတာ့္လို လူေတြရဲ႕ အေလွာင္ခံျဖစ္သြားလိမ့္မယ္ ' တဲ့..။
ေန႔ခ်င္းညခ်င္း ေျပာင္းလဲလြန္းလာတဲ့ အားက်န္႔ကို သူမစိတ္ပူလာတယ္..
တေယာက္ထဲေတြး တေယာက္ထဲဆံုးျဖတ္ရင္း အားက်န္႔တေယာက္ ဘယ္ေျခလွမ္းကို အမွန္ဆိုၿပီး နင္းေနခဲ့လဲဆိုတာ သူမ မမွန္းႏိုင္ခဲ့တာအမွန္ပဲ...
.
.
အရာရာကိုအရွံုးေပးလိုက္ၿပီထင္ရေပမယ့္ သူ႔ပါးပါးတို႔ရဲ႕စကားေတြေၾကာင့္ အားက်န္႔ ေက်ာင္းျပန္တက္ရွာတယ္...
တခါတေလ ေန႔တပိုင္းမကုန္ခင္ တေယာက္ထဲျပန္ေရာက္လာၿပီး အရင္လို အိပ္ခန္းတံခါးပိတ္ေနတတ္တယ္..
တခါတေလက်ေတာ့ တကိုယ္လံုး ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ျပန္ေရာက္လာျပန္ေရာ..
ငယ္ငယ္ေလးထဲက လက္ညိဳးထိုးခံျဖစ္ခဲ့တဲ့ေကာင္ေလးက အရမ္းကို ထိရွလြယ္ခဲ့တယ္ထင္ပါရဲ႕..
အခုဆိုတေယာက္ေယာက္ သူ႔ကိုထိတာနဲ႔ ေပါက္ကြဲေတာ့တာပဲတဲ့..
အားခ်န္ေျပာျပတဲ့ေက်ာင္းက အျဖစ္ေတြက နားေထာင္ခ်င္စရာမေကာင္းခဲ့ဘူး..
ဒါေပမယ့္ အားခ်န္ကေတာ့ မေျပာင္းမလဲ သူ႔က်န္႔ေကာဘက္ကရွိေပးရင္း တခါတေလ သူပါ ဒဏ္ရာေတြနဲ႔ ျပန္လာတတ္ေသးရဲ႕..
အခ်ိန္က ကုစားသြားမယ္ဆိုတဲ့စကားက အားက်န္႔အတြက္ေတာ့မဟုတ္ခဲ့ပံုပါပဲ..
သူမ မျပန္ခင္ညက အားက်န္႔ထြက္မႏႈတ္ဆက္ခဲ့ဘူး..
အရင္ကလို အတင္းဖက္ထားၿပီး ဂရုစိုက္ဖို႔တဖြဖြမွာတတ္တဲ့ ေကာင္ေလး မရွိေတာ့မွ လစ္ဟာမႈေတြ တေထြးႀကီးခံစားလိုက္ရတယ္...
ျခံထဲက ထြက္လာေတာ့မွ သတိထားမိခဲ့တဲ့ ျပတင္းေပါက္ကအရိပ္ေလးတစ္ခုက သူမရွိရာဘက္ကိျ ၿငိမ္ၿငိမ္ေလးရပ္ၾကည့္ေနခဲ့တာတဲ့. ..၊
သိေစခ်င္လိုက္တာ..
ဒီတခါလဲ ပစ္ထားခဲ့တာ မဟုတ္ေၾကာင္း...
အဲဒီကေလးကို သူမ ေျပာျပခ်င္လိုက္တာ..။
.
.
.
ဒီေန႔မိုးက ရြာတယ္ဆိုရံုေလး ခပ္ဖြဲဖြဲက်တယ္..
ေအးေအးခ်မ္းခ်မ္းမနက္ခင္းက ေကာ္ဖီပူပူေလးနဲ႔ လိုက္ဖက္လြန္းေပမယ့္ ေဘးနားက တီတီတာတာေျပာမယ့္ ကေလးႏွစ္ေယာက္ကို က်န္းလီလြမ္းမိသား..
ဒါေပမယ့္ သူမ မေမၽွာ္လင့္ရဲေတာ့ဘူး...
ၿမိဳ႕ငယ္ေလးဆီက ေနာက္ဆံုးတေခါက္ျပန္လာတဲ့ေနာက္ပိုင္း အားက်န္႔ သူမကို မဆက္သြယ္ေတာ့..
အရင္လို တံခါးပိတ္ေနတတ္တုန္းပဲ..
အရင္ေလာက္ ထိရွမလြယ္ေတာ့ေပမယ့္ လူေတြနဲ႔ေဝးေဝးမွာပဲ ေနတတ္တုန္းပဲ တဲ့..
အသက္ရႉေနသေရြ႕ေတာ့ ေက်နပ္ရပါတယ္..
အခြင့္အေရးရမယ္ဆို ဒီကေလးႏွစ္ေယာက္ အနာဂတ္အတြက္ သူမ ေဘးကေန တသက္လံုး ရွိေနေပးခ်င္ေသးရဲ႕..
ဒါေပမယ့္ ဒီမိုးက သူမကိုေပ်ာ္ေစခ်င္တယ္ထင္ပါရဲ႕..
ခပ္သဲ့သဲ့ ဖုန္းသံေၾကာင့္ နားေထာင္မိလိုက္ေတာ့ တဖက္ျခမ္းက အသံတိုးတိုးေလး ထြက္လာတယ္..
အဆံုးသတ္မွာေတာ့..
' ကၽြန္ေတာ္တို႔ က်ဲဆီလာခဲ့မယ္ေနာ္ ' တဲ့
သူမ ျပံဳးေနရက္နဲ႔ပဲ ငိုခ်င္သြားတယ္..
ပစ္ထားခဲ့တာ မဟုတ္ေပမယ့္ ျပန္မသြားႏိုင္ေသးတဲ့သူမဆီ အားက်န္႔ကလိုက္လာခဲ့တယ္ဆိုတဲ့ အေတြးေလးက သံေယာဇဥ္ရဲ႕အင္အားကို ျပန္ယံုၾကည္ေစခဲ့ရဲ႕..
အားက်န္႔တို႔မိသားစုရယ္
အားခ်န္ရယ္ သူမရယ္ ခရီးထြက္ျဖစ္ၾကတယ္..
တျခားမိသားစုေတြလိုမ်ိဳး ကမ္းေျခတစ္ခုကိုပါပဲ..
ဒါေပမယ့္ တျခားမိသားစုေတြလိုမ်ိဳး အေပ်ာ္ခရီးမဟုတ္ဘဲ အားက်န္႔ကိုရည္ရြယ္တဲ့ ခရီးျဖစ္ေနတာတစ္ခုပဲ..
ခပ္တည္တည္ေလးျဖစ္ေနတဲ့ အားက်န္႔က သူမကိုေတာ့ အျပံဳးေလးေတြနဲ႔ ဆက္ဆံတုန္း..
အရင္လို ဆံပင္ေလးသပ္ ပုခံုးေလးပုတ္ေပးရင္ မသိမသာေရွာင္သြားတတ္တာကလြဲၿပီးေတာ့ေပါ့...
အားက်န္႔ပါးပါးတို႔နဲ႔ စကားေျပာမိေတာ့ မ်က္ဝန္းမႈိင္းမွိုင္းေတြထဲက စိုးရိမ္စိတ္ေတြက သိသိသာသာပဲ..
ဆရာဝန္တေယာက္လဲ ျဖစ္ျပန္တဲ့ အားက်န္႔ပါးပါးက အားက်န္႔ကို psychiatrist တေယာက္နဲ႔ျပဖို႔ စီစဥ္ေနတဲ့အေၾကာင္းေျပာေတာ့ သူမ တုန္လႈပ္သြားတာအမွန္ပဲ...
သူမ မရွိတုန္း.အဲလိုအေျခအေနေတြထိေရာက္ခဲ့သလား..
အားက်န္႔က..?
သူမ ေမာင္ေလးကေလ...?
.
.
ကမ္းေျခကို ေရာက္တဲ့ ဒုတိယေျမာက္ညေနထိ ပင္လယ္ေရမစိုေသးတဲ့ေကာင္ေလးက ကင္မရာေလး တလံုးကိုင္ၿပီး အလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနတတ္တယ္..
ဘာလို႔မေဆာ့တာလဲဆို လူေတြမ်ားလို႔တဲ့..
ခရီးသြားရာသီမဟုတ္လို႔ က်ဲပါးေနတဲ့လူေတြက သူ႔အတြက္ေတာ့ မ်ားေနတတ္ျပန္တယ္..
လူစိမ္းေတြအနားကိုျဖတ္သြားမိတာနဲ႔ စကားေျပာေနရာကေန ရုတ္တရတ္ ရပ္တန္႔သြားတာမ်ိဳးေတြျမင္ေနရေတာ့ သူမတို႔လဲ မတိုက္တြန္းရက္ေတာ့တာ အမွန္ပဲ..
ဒါေပမယ့္ ဒီခရီးရဲ႕ရည္ရြယ္ခ်က္ကိုက အားက်န္႔ ျဖစ္ေနခဲ့ေတာ့ သူမတို႔ တမ်ိဳးၾကံရျပန္တယ္..
" က်န္႔ေကာက ကၽြန္ေတာ္နဲ႔ ေရတူတူကူးေပးမယ္တဲ့ ဟီး "
မည္သို႔လုပ္လိုက္သည္မသိေပါ့..
အားခ်န္ရဲ႕ပြစိပြစိေတာင္းဆိုမႈေတြေနာက္ အားက်န္႔က ေခါင္းညိတ္လိုက္ပံုပဲ..
အခုေတာ့ လူေတြ မရွိတဲ့ကမ္းေျခအဆံုးတစ္ေနရာမွာ အားက်န္႔နဲ႔ အားခ်န္ႏွစ္ေယာက္ ေရကူးေနၾကေလရဲ႕..
သူမကေတာ့ သဲျပင္ေပၚဖ်ာခင္းထိုင္ရင္း တခ်က္တခ်က္ေပၚလာတတ္တဲ့ အားက်န္႔ရဲ႕ အရယ္အျပံဳးေတြနဲ႔ပဲ ေပ်ာ္ေနရတာပဲ..
ဒါေပမယ့္ ဘယ္သူကထင္ခဲ့မွာလဲ ?
ဒီေပ်ာ္ရႊင္မႈက သိပ္မၾကာခင္မွာ ခါးသက္ေတာ့မယ္ဆိုတာကို... ။
~~~~~~~~~~
~~~~~~~~~~
[ Unicode ]
မြို့ငယ်လေးရဲ့ မနက်ခင်းက ထုံးစံအတိုင်း နွေးထွေးနေတုန်းပဲ..
ဘေးနှစ်ဖက်မှာ သစ်ပင်အုပ်ဆိုင်းဆိုင်းနဲ့ လမ်းလေးရှိတယ်
အဲဒီလမ်းလေးထက်မှာတော့ စက်ဘီးအဝါလေး နှစ်စီးက တူညီတဲ့ အရှိန်နဲ့ တလိမ့်လိမ့်..
ကျောင်းကိုရှောင်နေတဲ့ ရှောင်ကျန့်က ဒီနေ့ကျောင်းပြန်စတက်ဖို့ပြောတော့ ငိုင်တိုင်တိုင်...
ကျဲကျဲလိုက်ပို့မယ်ဆိုမှ ထလာတဲ့ကောင်လေးက မျက်သားလေးတွေရဲနေတာကို သူမ ဥပေက္ခာပြုထားရသေး..
လိုက်ပို့မယ်ဆိုတဲ့ကျန်းလီ လက်တွေက စက်ဘီးနင်းနေတဲ့ အားကျန့်ခါးမှာဖက်လို့...
တယောက်ထဲ တစီးဆိုပြီး ခဏခဏလက်လွှတ်ပြီး စီးတဲ့ အားချန်ကိုလဲ သူမ တချက်တချက်လှမ်းဟန့်ရသေး..
အရင်က သုံးယောက်တူတူကျောင်းတက်ကြတုန်းက ဒီကလေးနှစ်ယောက်က ပေါက်စနအရွယ်လေးတွေနဲ့ ကျဲကျဲကိုကာကွယ်ကြမယ် အော်ရင်း တလမ်းလုံးဆော့ပြီး သောင်းကျန်းခဲ့ကြတာတွေ သတိရမိတော့ ဒီလမ်းလေးကပိုလှလာသလိုပဲ..
ကျောင်းပေါက်ဝရောက်တော့ ကျန်းချန်က နှုတ်ဆက်ပြီးဝင်သွားပေမယ့် ကျောင်းမတက်ချင်တဲ့ ရှောင်ကျန့်က အင်တင်တင်နဲ့ ကျန်ခဲ့ပြန်သည်..
" ကျဲ... ကျွန်တော့်စက်ဘီးယူသွား "
" မယူတော့ဘူး..ကျဲ လမ်းလျှောက်ပြန်လိုက်မယ်.. သူငယ်ချင်းတယောက်အိမ်ဝင်ဦးမလို့.. "
" ပြီးရော.. "
" ဝင်တော့လေ "
" ကျဲ.. ဟိုလေ ..ကျန်းချန်..သူ.. "
ခေါင်းလေးငုံ့ပြီး အကြောင်းမရှိဘဲ မြေကြီးကိုဖိနပ်ထိပ်နဲ့ကန်နေတဲ့ ကောင်လေးရဲ့ ဆံပင်တွေကို ကျန်းလီ ညင်ညင်သာသာလေးဖွပေးရင်း
" အင်း..သူသိတယ် "
မော့လာတဲ့ မျက်ဝန်းလေးတွေကအထိတ်တလန့်..
သူမ အားကျန့်ကိုနားလည်နိုင်သည်..
သူ့ဖြစ်တည်မှုကိုနားလည်ပြီးတဲ့နောက် ညီအကိုလိုပေါင်းလာတဲ့ ကျန်းချန်ကို မျက်နှာချင်းဆိုင်ရမှာ ရှက်နေလို့ဆိုတာ...
" အားကျန့်ကို လိုက်နေတဲ့ကောင်လေးအကြောင်းတောင် သူသိတယ် "
" အာ...ကျဲ !! "
" ရှက်မနေနဲ့.. ကျဲပြောချင်တာက သက်သက်.. အားချန်က သူသိနေတာတောင် အားကျန့်အပေါ် ပြောင်းလဲသွားတာမျိုးရှိလို့လား..တွေးကြည့် "
" ကျွန်တော့်ကြောင့် သူရှက်.. "
" တော်တော့!.. လျှောက်တွေးမနေနဲ့တော့ "
" ကျဲကလဲ မအော်နဲ့လေ "
ဘုရားရေ !
စကားလေးနဲနဲလေးပဲမာရသေးတယ်
ဆူပုတ်သွားတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး ကျန်းလီကျိတ်ရယ်ရသေး..
" ကျန်းချန်ကို သည်းခံနိုင်တာဆိုလို့ အားကျန့်ပဲရှိတာ..ကျဲမရှိရင် တိုင်တိုင်ပင်ပင်နေကြ.. ကြားလား "
" အင်းပါ "
" သူ အပေါက်ဆိုးတာတော့ တော်တော်သည်းခံရမယ် "
" ကျဲမသိလို့. အဲ့ကောင်အားကြီးဆိုးတယ် "
ကျန်းချန်အတင်းတုပ်ရင်း ပြန်ရယ်လာတဲ့ အားကျန့်ကိုမြင်မှ သူမ သက်ပြင်းခိုးချမိသည်..
ဒီကလေးရဲ့ အတွေးများတတ်လွန်းတဲ့စိတ်က တယောက်ထဲဖြစ်နေရင် ပိုဆိုးလာမှာ..
" ရှောင်ကျန့် "
ဆတ်ခနဲဖြစ်သွားတဲ့ အားကျန့်ပုံစံကြောင့် အသံလာရာကို လှမ်းကြည့်လိုက်တော့ သူမတို့ဘက်ကို လှမ်းကြည့်နေတဲ့ ကျောင်းဝတ်စုံနဲ့ကောင်လေးတယောက်..
ပါးရိုးထက်မှာ ပလတ်စတာ ခပ်သေးသေးတစ်ခုနဲ့ ..
' ခုတလော ကျန့်ကောနောက်ကို ကျောင်းကတကောင် တကောက်ကောက်လိုက်နေတာ.. အဲကောင်က ဆရာတွေတောင်မနိုင်လို့ လွှတ်ထားရတာ..ကျဲ ပြောလိုက်ဦး '
ကျန်းချန်ပြောဖူးတာကို သတိရလိုက်ပေမယ့် အဲဒီကောင်လေးကိုမြင်တာနဲ့ ပြုံးသွားတဲ့ အားကျန့်ကို တွေ့လိုက်တော့ သူမ ဘယ်လိုနည်းနဲ့ ပြောရပါ့မလဲ တွေးမိသေး..
" အားကျန့်ပြောတာ သူလား.. "
" ဟုတ် "
ဟုတ်ဆိုပြီး သူမမျက်ဝန်းတွေထဲ အဖြေရှာနေတဲ့ကောင်လေးက မျှော်လင့်ချက်တွေ ပိုက်ထားတဲ့ယုန်လေးနဲ့တူသည်..
" ကဲ..ဝင်တော့ နောက်ကျနေပြီ "
စက်ဘီးလေးတွန်းပြီးဝင်သွားတဲ့ အားကျန့်နောက်ကို ဟိုကောင်လေးက တလှမ်းမကွာ ဘေးကကပ်လိုက်နေတော့ သူမရှိရာ လှည့်လှည့်ကြည့်တဲ့ အားကျန့်ရယ်..
တာ့တာပြရင်း ကျန်းလီပြုံးပြလိုက်တော့မှ ကောင်စုတ်လေးရဲ့ ပင့်တက်သွားတဲ့ နှုတ်ခမ်းလေးတွေက ယုန်သွားလေးတွေပါ ပေါ်လာသည်အထိ..။
အဲဒီညက သူမတို့ စကားပြောဖြစ်ကြသည်...
မနေ့ညကထိ တယောက်ထဲငိုနေခဲ့တဲ့ကောင်လေးက ဒီနေ့ညကျတော့ ပြုံးလို့ရယ်လို့ ..
သူမတို့ခြံလေးထဲက ခုံလေးမှာ သုံးယောက်သားယှဉ်လျက်ထိုင်ရင်း ကျန်းလီက လက်ထဲက မြေပဲတောင့်တွေကို အခွံခွာလိုက် ဘေးက ကလေးနှစ်ယောက်ကို တလှည့်စီကျွေးလိုက် လုပ်ရင်း သူမ တက္ကသိုလ်ကအကြောင်းတွေကိုလဲ ပြန်ပြောပြနေရသေးတာ...
" ကုန်ပြီ စားကြဦးမှာလား "
" အင်း "
" အင်း "
" စားမယ်ဆို သွားယူ "
သူမလက်ထဲက ခြင်းလေးကို ယူပြီး ကျန်းချန် ထထွက်သွားတော့ အားကျန့်က ကျဲဆိုပြီး သူမပုခုံးပေါ်ခေါင်းလေးမှီပြီး ချွဲလာပုံက အရင်အတိုင်း မပြောင်းမလဲ...
" ဒီနေ့ ကျွန်တော့်ကို သူဖွင့်ပြောတယ် ကျဲ "
ရုတ်တရတ်ဆိုတော့ ဘာပြန်ပြောရမှန်း မသိတာရော
တိတ်ဆိတ်မှုက ပိုလေးနက်စေတယ်ထင်လို့ရော သူမ နားထောင်ပေးဖို့ပဲ တွေးလိုက်တယ်..
" ကျွန်တော် နည်းနည်းကြောက်တယ် ..ကျဲ သိလား "
" အင်း.. "
" ကျဲ.. တစ်ခုခုပြောလေ "
တကယ်တမ်းတော့ ဒီအခြေအနေကို သူမ ဘယ်လိုလမ်ပြပေးရမလဲဆိုတာကိုလဲ မသဲကွဲသေး...
သူမလက်ကိုလာလှုပ်တဲ့ ကောင်လေးလက်တွေက အေးစက်စက်..
အမြဲတမ်းတံတောင်ဆစ်နားထိ ဆွဲတင်ထားတဲ့ ကောင်လေးရဲ့ အနွေးထည်လက်ကို ဆွဲချပေးတော့ ပြုံးပြုံးကြီး ငြိမ်ခံနေပြန်ရော..
" ကျဲပြောဖူးတာမှတ်မိလား... အားကျန့်ကိုပဲ ကျဲကအမြဲတမ်းရွေးမယ်ဆိုတာ "
" မဟုတ်ဘူးလေ ကျဲရဲ့"
" ဘာကိုမဟုတ်တာ ? "
" ကျဲက ရပ်လိုက်တော့ဆို ကျွန်တော် ရှေ့ဆက်မတိုးတော့ဘူး "
လေးနင့်လာတဲ့စိတ်နဲ့ သူမ သက်ပြင်းခိုးချမိတယ်..
" အားကျန့် တကယ်ပျော်ရမယ်ထင်ရင် ကျဲကမတားပါဘူး "
အဓိပ္ပါယ်အမျိုးမျိုးထွက်လောက်မယ့် စကားကို သူမ ရွေးပြောလိုက်မိတယ်..
အနည်းဆုံး အားကျန့်ဘယ်ဘက်ကို စိတ်ပါနေလဲဆိုတာ သူမ သိသာစေချင်ရုံပဲ..
တစ်ခုခုကိုစဉ်းစားနေပုံရတဲ့ အားကျန်ကို သူမအချိန်ပေးထားလိုက်ပေမယ့် သိပ်မကြာခင်မှာပဲ
ခေါင်းငိုက်စိုက်ကျသွားတာကို မြင်လိုက်ရတယ်..
မဖြစ်သေးပါဘူး...
" ချစ်လားဆိုတာနောက်မှာ ချစ်သင့်လားဆိုတာ ကပ်ပါလာခဲ့ရင် အကုန် ရှုပ်ထွေးသွားမှာ.. ကျဲပြောတာ အားကျန့်တွေးကြည့်နော်.. "
" .... "
" ကျဲကိုမေးရင် ကျဲဆုံးဖြတ်ပေးနိုင်တာ အဲဒီကောင်လေးက ချစ်သင့်တဲ့လူဟုတ်မဟုတ်ပဲ.. ချစ်လားမချစ်လားဆိုတာ အငှားခံစားပေးလို့ မရဘူး "
" ..... "
" ကျဲပြောချင်တာ နားလည်တယ်မဟုတ်လား "
" ...... အင်း "
" တစ်ခုပဲ.. ကျဲရဲ့ အားကျန့်လေးက အရာရာပြည့်စုံပြီးသားကောင်လေး ဆိုတာ မမေ့ရဘူး "
သူမစကားကို နားမလည်ဟန်နဲ့ လှည့်ကြည့်လာတဲ့ အားကျန့်ကို ပြုံးပြရင်း...
" မနေ့ကလိုမျိုးတွေ မတွေးရတော့ဘူး "
" ... "
" ချစ်သင့်လားတွေးရင်း မချစ်သင့်ပါဘူးဆိုတဲ့ အကြောင်းရင်းက ကိုယ်ကိုယ်တိုင်လို့ မသတ်မှတ်ရဘူး "
" ကျဲ.. "
အားကျန့်ရဲ့ မျက်ဝန်းလေးတွေ ရဲတက်လာတာကို သူမမြင်မိလိုက်သေး..
" ဟော..အားချန်ပြန်လာပီ.. "
သူမပြောလိုက်တော့ ကမန်းကတန်းမျက်ရည်တွေသုတ်တဲ့ ကောင်လေးကို မြေပဲပြုတ်ခြင်းလေးပိုက်လာတဲ့ ကောင်လေးက မသိမသာကြည့်တယ်...
ခုနက တိုင်အကွယ်လေးက ခိုးနားထောင်နေတာ သူမဟုတ်ခဲ့သလိုမျိုး... ။
မြို့ငယ်လေးရဲ့ ညလေအေးက တဖြူးဖြူး...
အေးလာတာနဲ့အမျှ ပူးကပ်ထိုင်လာတဲ့ ခန္ဓာကိုယ်လေး သုံးခုကတော့ ရယ်သံတွေနဲ့ နွေးထွေးနေခဲ့တယ်..
ကြယ်မစုံလဲ ဖြစ်တာပါပဲ..
သူမတို့ လိုအပ်တာ ကြယ်တွေမှ မဟုတ်ခဲ့တာ...
ခပ်နွေးနွေး မြေပဲပြုတ်ခြင်းလေးနဲ့ ကော်ဖီပူပူလေး သုံးခွက်ပဲရယ်...။
.
.
.
ဒီတခါ ကျောင်းတက်ရက်တွေက ကျန်းလီအတွက် နောက်ဆံတင်းစရာ အချည်အနှောင်တွေ အပြည့်နဲ့..
ကျောင်းမှာ လက်တွေ့ဆင်းရတာတွေကြောင့် အိမ်ပြန်ဖို့ခဲယဉ်းလာသလို ဖုန်းအဆက်အသွယ်ကလဲ တဖြည်းဖြည်းကျဲပါးလာခဲ့တယ်..
သူမပြန်ပြီး တစ်လလောက်အကြာမှာ တဖက်လူရဲ့ ချစ်ခြင်းကို လက်ခံလိုက်တယ်ဆိုတဲ့အားကျန့်က အခုဆို သူမနဲ့အားချန်အပြင်နောက်ထပ် ကမ္ဘာသစ်လေးနဲ့...
အားကျန့်ရဲ့ သူ့စိတ်သူ ပိတ်လှောင်ထားမှုတွေ တဖြည်းဖြည့်လျော့လာတာ မြင်ရတော့လဲ သူမပျော်ခဲ့တာပဲ...။
ဒီလိုနဲ့ မြို့ငယ်လေးဆီ သူမ မပြန်ဖြစ်ခဲ့တာ တစ်လ နှစ်လကနေ တရာသီ နှစ်ရာသီပြောင်းလာခဲ့တယ်...
" ကျဲ.. ဘယ်တော့မှပြန်လာမှာလဲ "
ဒီနောက်ပိုင်း အဆက်အသွယ်ရတိုင်း အားကျန့်မေးတတ်တဲ့မေးခွန်း..
ခပ်ဖျော့ဖျော့အသံကို သူမ စိတ်ထင့်နေပေမယ့် ပြေးသွားလို့ မရတဲ့အခြေအနေတွေမှာ အားချန်တယောက်ကိုပဲ သူမ အားကိုးရပြန်တယ်..
" ကျန့်ကော ခုတလော စိတ်နဲ့လူနဲ့မကပ်သလိုပဲ "
" ကျန့်ကော ဟိုနေ့က မိုးရွာထဲ တယောက်ထဲပြန်လာတာ အခုဖျားနေပြန်ပြီ "
" ကျဲ ဟိုကောင်က ကျန့်ကောနဲ့ ပြတ်သွားပြီလားမသိဘူး.. အခုကောင်မလေးတယောက်နဲ့ တတွဲတွဲပဲ "
သတင်းတွေကြားတိုင်း သူမစိတ်ပူတာ တစစတိုးလာပေမယ့် အားကျန့်နဲ့ ဖုန်းပြောဖြစ်တဲ့အချိန်တိုင်း အဲဒီကောင်လေးက ဘာမှမဖြစ်သလိုမျိုး သူမပြန်လာဖို့ကိုပဲ တဖွဖွ ပြောနေတတ်ပြန်တယ်..။
စာမေးပွဲနောက်ဆုံးနေ့..
အဲဒီနေ့က မှတ်မှတ်ရရပဲ..
ကျောင်းကိစ္စတွေကြား အိမ်ပြန်ဖို့ မနည်းအားယူနေခဲ့တဲ့ ကျန်းလီက ဖုန်းတခုကို လက်ခံပြီးနောက်မှာ အိတ်တစ်လုံးဆွဲပြီး ကားဂိတ်ဆီ အပြေးသွားတော့တာပဲ..
အားကျန့်ဆေးရုံတင်ထားရတယ် တဲ့...
အားချန်ရဲ့ တုန်ယင်နေတဲ့ အသံကြားကြားချင်း ပထမဆုံးရောက်လာတဲ့ခံစားချက်က သူမကိုယ်သူ အပြစ်တင်မိတာပဲ..
ပြန်လာပါလို့ တဖွဖွပြောခဲ့တဲ့ကလေးကို သူမပစ်ထားခဲ့မိတာ..
အချိန်လွန်သွားမှာ ကြောက်ရတဲ့ ခံစားချက်က တော်တော်ဆိုးရွားတယ်ဆိုတာ သူမလက်ခံလိုက်မိရဲ့ ..။
.
.
ကုတင်ထက်က ကောင်လေးက ဖြူဖျော့နေလိုက်တာ...
အခန်းထဲက သုံးရက်နီးပါး အပြင်ထွက်မလာတဲ့ ကောင်လေးဆီက တုန့်ပြန်သံမကြားရတော့လို့ အတင်းအကြပ်တံခါးဖျက်ဝင်တော့မှ ဒီကောင်လေးက မေ့မျောနေခဲ့တာတဲ့..
အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးရင်းနဲ့ပဲ မျက်နှာက အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေကို ခပ်ရေးရေးမြင်နေရပြန်တယ်..
ဘာတွေလဲ အားကျန့်ရယ်...
လက်ဖဝါးကိုခပ်ဖွဖွညှစ်မိတော့ လက်ကောက်ဝတ်အရေပြားမှာ ကန့်လန့်စင်းပေါင်းများစွာနဲ့...
မငိုခင်က မျက်ရည်ကျတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့..
တချက်တချက်ဆို့တက်လာရင်း ရင်ဘတ်ထဲကလဲ နာကျင်ရပြန်တယ်..
တကယ်ပဲ..
သူမသာ ဖြစ်လိုက်ချင်ပါတယ်...။
.
.
အားကျန့်ပြန်သတိရလာတော့ ဘယ်သူ့ကိုမှစကားမပြောတော့သလို ဘယ်သူ့ကိုမှလဲ အထိမခံတော့ဘဲ ငြိမ်ငြိမ်လေးပဲ လှဲနေတော့တာပဲ..
ဆေးထိုးဆေးသောက်ကိစ္စတွေကို သူ့ပါးပါးမှမဟုတ်ရင် အတင်းငြင်းဆန်တတ်သလို လူနာတယောက်အနေနဲ့ အကူလိုတဲ့ကိစ္စတွေကိုလဲ တယောက်ထဲပဲ ခေါင်းမာမာနဲ့ လုပ်ပြန်တယ်..
ဒါပေမယ့်လဲ သူမကို တွေ့တွေ့ချင်းမှာ လှုပ်ခတ်သွားတဲ့ မျက်ဝန်းလေးတွေကြောင့် အားတက်ရပြန်တယ်..
စိတ်ကောက်နေပုံရတဲ့ကောင်လေးက ခေါင်းလေးပုတ်တာတောင်ရှောင်ပြီး တခါတလေ လူတွေကိုကျောပေးပြီး မျက်ရည်ဝဲတတ်နေပြန်ရော..
" အားကျန့်..ကျဲကိုပြောချင်တာရှိသေးလား "
အိမ်ပြန်ရောက်တာနဲ့ ပြုစုဖို့ကိစ္စတွေကို ကျန်းလီက တာဝန်ယူတယ်..
ညဘက် ဆေးတိုက်ပြီး သူမအိမ်မပြန်ခင်တိုင်း မေးတတ်တဲ့ဒီမေးခွန်းက အဖြေမဲ့နေခဲ့တာကြာပြီလေ..
" အားကျန့် မနက်စာဘာစားချင်လဲ.. ဆန်ပြုတ်ကြီးက မကြိုက်တော့ဘူးမလား..ကျဲ တခြားတစ်ခုခု လုပ်ထားပေးရမလား "
ကောင်လေးက ခေါင်းညိတ်ပြတော့ ပထမဆုံး တုန့်ပြန်မှုလေးကို သူမမှာ ကျိတ်ကျေနပ်ရသေး..
" ဒါဆို အိပ်တော့နော်.. "
စောင်ခြုံပေးတော့ ယောင်ယောင်လေးပြုံးတယ်..
မီးပိတ်ပေးဖို့ ပြင်တော့ သူမလက်ကို လှမ်းဆွဲလာတဲ့ အားကျန့်လက်တွေက မသိမသာ တုန်ယင်နေခဲ့သလားပဲ..
" ကျဲ... "
" အင်း..အားကျန့် "
" နောက်တခါ ကျွန်တော့်ကိုအကြာကြီးပစ်မထားနဲ့နော် "
ရင်ဘတ်တနေရာက ဆို့နင့်လာတယ်..
အရာရာက သူမအပြစ်တွေပါပဲ..
ဘာပဲလုပ်လုပ် နောက်မှာရှိနေမယ်ဆိုပြီး ယုံကြည်ချက်တွေပေးခဲ့တဲ့ သူမက အားကျန့်ကြောက်ကြောက်လန့်လန့်နဲ့ ပြန်လှည့်ပြေးလာချိန်မှာမှ ပျောက်ထွက်သွားခဲ့တဲ့သူ တယောက်ဖြစ်ခဲ့တာပဲ..။
.
.
အားကျန့်က သူမကို ရင်ဖွင့်ခဲ့တယ်..
သူရဲ့ အချစ်ဦးပုံပြင်က နမိတ်ဆိုးဖြစ်ခဲ့သတဲ့..
လူငယ်လေးတွေရဲ့ စမ်းသပ်စိတ်ကစားမှုမှာ ဓားစာခံဖြစ်ခဲ့တဲ့ အားကျန့်က ငယ်ငယ်ထဲက စိတ်ဒဏ်ရာရှိခဲ့တဲ့ကောင်လေးသာ မဟုတ်ခဲ့ရင် ခံနိုင်ရည်ရှိလောက်ပေမယ့် အခုတော့ ဒီလိုမဟုတ်ခဲ့..
တခြား ဆယ်ကျော်သက်အရွယ်လေးတွေဆီမှာ ပေါများလွန်းနေတဲ့ ချစ်ခြင်းကို တစုံတယောက်ဆီပေးအပ်နိုင်ဖို့ အားကျန့် ဖြတ်ကျော်ခဲ့ရတာတွေက အများကြီး ..
အဖန်တလဲလဲသော ဒဏ်ရာအဟောင်းတွေ.. ငယ်ငယ်လေးထဲက အကြောက်တရားတွေ..
" သူ ကောင်မလေးတယောက်နဲ့ ဖောက်ပြန်တာသိတော့ ကျွန်တော်နဲ့ ရန်ဖြစ်ကြတယ်... ဘာပြောလဲ ကျဲသိလား.. သူက ကျွန်တော့်လို gay တယောက်နဲ့ ထိတွေ့ဖူးချင်ရုံသက်သက်ပဲတဲ့.. "
ဟိုးအရင်က မချစ်မိဖို့ သူ့ကိုယ်သူ ထိန်းချုပ်ခဲ့တဲ့ကောင်လေးကို သူမမဖျောင်းဖျခဲ့သင့်ဘူး..
အခု အားကျန့်ရဲ့ မျက်ရည်စတွေက သူမပဲတရားခံ...၊
" ချစ်ခဲ့တာချင်းအတူတူ ကျွန်တော်ကမှားတာတဲ့.. ကျွန်တော့်ပါးပါးတွေက အဲဒီလိုဖြစ်နေလို့ မျိုးရိုးလိုက်တဲ့ ကျွန်တော်က သူ့ကို ရွံစရာကောင်းအောင် ဆွဲဆောင်ခဲ့တာတဲ့ "
" .... "
" ကျွန်တော်တို့ ရန်ဖြစ်တယ်... မဟုတ်ဘူး.. ကျွန်တော်တယောက်ပဲ ပေါက်ကွဲခဲ့တာ.. သူ့မျက်နှာကိုတချက်ထိုးတိုင်း ကျွန်တော့်ရင်ဘတ်က တခါအောင့်တယ်..ကျဲပြောကြည့်.. ထူးဆန်းတယ်မလား "
အကြောက်တရားတွေအကုန် ရင်ဝယ်ပိုက်ပြီး ရွေးချယ်ပစ်ခဲ့တာတောင် မထိုက်တန်ခဲ့တဲ့သူကိုမှ အားကျန့်က ချစ်ခဲ့တာတဲ့လား ..
လျော့လျော့လျဲလျဲမှီထိုင်နေတဲံ အားကျန့်ရဲ့ မျက်ဝန်းတွေက ပြိုလဲနေတာ အသိသာကြီးပေမယ့် ဘာလိူ့ ပြုံးနေခဲ့လဲဆိုတာ သူမအဖြေမရှာမိ...
သိသိသာသာကြီး ပင်ပန်းလာပုံရတဲ့ကောင်လေးရဲ့ပုံစံကြောင့် ဆက်မပြောတော့ဖို့ သူမတားယူရပြန်တယ်..
အဟောင်းတွေ အသစ်မဖြစ်စေချင်တော့တဲ့စိတ်နဲ့ပါပဲ..
ဘာလို့များ ဒီကောင်လေးကိုပဲ ခဏခဏ နှိပ်စက်ချင်ကြတာပါလိမ့်..
ဒီတခါ နှစ်သိမ့်ပေးဖို့ခွန်အားရောစကားတွေရော သူမမှာမရှိတော့ဘူး...
ဒါပေမယ့် သူမ မသိခဲ့တာ အားကျန့်ကသူ့ဘာသာသူ အဖြေရှာခဲ့ပြီးပြီဆိုတာကိုပဲ...
" ကျွန်တော်က တကယ်ရွံဖို့ကောင်းတယ်နော် "
အရာရာက ဒီနေရာက စလွဲခဲ့ပြန်တယ်...။
.
.
နေပြန်ကောင်းသွားတဲ့နောက်ပိုင်း အားကျန့်က အများကြီးပြောင်းလဲသွားခဲ့တယ်...
ထပ်တလဲလဲ အထိအခိုက်မခံနိုင်တော့တဲ့ စိတ်နဲ့ သူ့ကိုယ်သူပိတ်လှောင်လိုက်ပုံရတဲ့ အားကျန့်က စိတ်ရော လူရော ဘာကိုမှ မထိမခံတော့ဘူး..
ပန်းချီတွေဆွဲတယ်
ဆေးလိပ်စစွဲတယ်
တခါတလေ တယောက်ထဲဘာမှမလုပ်ဘဲ ထိုင်နေတတ်တယ်...
အားကျန့်ပါးပါးတို့နဲ့ ကျန်းလီကလွဲပြီး ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး..
ယုတ်စွအဆုံး ကျန်းချန်ကိုပါ မပြောတော့..
ကြာလာတော့ ဒေါသထွက်ပုံရလာတဲ့ အားချန်ကြောင့် သူမ ကြားဝင်ပြီးဖျန်ဖြေပေးတော့ အားကျန့်ကပြောလာတယ်..
' ကျွန်တော်နဲ့ပေါင်းရင် ကျွန်တော့်လို လူတွေရဲ့ အလှောင်ခံဖြစ်သွားလိမ့်မယ် ' တဲ့..။
နေ့ချင်းညချင်း ပြောင်းလဲလွန်းလာတဲ့ အားကျန့်ကို သူမစိတ်ပူလာတယ်..
တယောက်ထဲတွေး တယောက်ထဲဆုံးဖြတ်ရင်း အားကျန့်တယောက် ဘယ်ခြေလှမ်းကို အမှန်ဆိုပြီး နင်းနေခဲ့လဲဆိုတာ သူမ မမှန်းနိုင်ခဲ့တာအမှန်ပဲ...
.
.
အရာရာကိုအရှုံးပေးလိုက်ပြီထင်ရပေမယ့် သူ့ပါးပါးတို့ရဲ့စကားတွေကြောင့် အားကျန့် ကျောင်းပြန်တက်ရှာတယ်...
တခါတလေ နေ့တပိုင်းမကုန်ခင် တယောက်ထဲပြန်ရောက်လာပြီး အရင်လို အိပ်ခန်းတံခါးပိတ်နေတတ်တယ်..
တခါတလေကျတော့ တကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြန်ရောက်လာပြန်ရော..
ငယ်ငယ်လေးထဲက လက်ညိုးထိုးခံဖြစ်ခဲ့တဲ့ကောင်လေးက အရမ်းကို ထိရှလွယ်ခဲ့တယ်ထင်ပါရဲ့..
အခုဆိုတယောက်ယောက် သူ့ကိုထိတာနဲ့ ပေါက်ကွဲတော့တာပဲတဲ့..
အားချန်ပြောပြတဲ့ကျောင်းက အဖြစ်တွေက နားထောင်ချင်စရာမကောင်းခဲ့ဘူး..
ဒါပေမယ့် အားချန်ကတော့ မပြောင်းမလဲ သူ့ကျန့်ကောဘက်ကရှိပေးရင်း တခါတလေ သူပါ ဒဏ်ရာတွေနဲ့ ပြန်လာတတ်သေးရဲ့..
အချိန်က ကုစားသွားမယ်ဆိုတဲ့စကားက အားကျန့်အတွက်တော့မဟုတ်ခဲ့ပုံပါပဲ..
သူမ မပြန်ခင်ညက အားကျန့်ထွက်မနှုတ်ဆက်ခဲ့ဘူး..
အရင်ကလို အတင်းဖက်ထားပြီး ဂရုစိုက်ဖို့တဖွဖွမှာတတ်တဲ့ ကောင်လေး မရှိတော့မှ လစ်ဟာမှုတွေ တထွေးကြီးခံစားလိုက်ရတယ်...
ခြံထဲက ထွက်လာတော့မှ သတိထားမိခဲ့တဲ့ ပြတင်းပေါက်ကအရိပ်လေးတစ်ခုက သူမရှိရာဘက်ကိြ ငြိမ်ငြိမ်လေးရပ်ကြည့်နေခဲ့တာတဲ့. ..၊
သိစေချင်လိုက်တာ..
ဒီတခါလဲ ပစ်ထားခဲ့တာ မဟုတ်ကြောင်း...
အဲဒီကလေးကို သူမ ပြောပြချင်လိုက်တာ..။
.
.
.
ဒီနေ့မိုးက ရွာတယ်ဆိုရုံလေး ခပ်ဖွဲဖွဲကျတယ်..
အေးအေးချမ်းချမ်းမနက်ခင်းက ကော်ဖီပူပူလေးနဲ့ လိုက်ဖက်လွန်းပေမယ့် ဘေးနားက တီတီတာတာပြောမယ့် ကလေးနှစ်ယောက်ကို ကျန်းလီလွမ်းမိသား..
ဒါပေမယ့် သူမ မမျှော်လင့်ရဲတော့ဘူး...
မြို့ငယ်လေးဆီက နောက်ဆုံးတခေါက်ပြန်လာတဲ့နောက်ပိုင်း အားကျန့် သူမကို မဆက်သွယ်တော့..
အရင်လို တံခါးပိတ်နေတတ်တုန်းပဲ..
အရင်လောက် ထိရှမလွယ်တော့ပေမယ့် လူတွေနဲ့ဝေးဝေးမှာပဲ နေတတ်တုန်းပဲ တဲ့..
အသက်ရှူနေသရွေ့တော့ ကျေနပ်ရပါတယ်..
အခွင့်အရေးရမယ်ဆို ဒီကလေးနှစ်ယောက် အနာဂတ်အတွက် သူမ ဘေးကနေ တသက်လုံး ရှိနေပေးချင်သေးရဲ့..
ဒါပေမယ့် ဒီမိုးက သူမကိုပျော်စေချင်တယ်ထင်ပါရဲ့..
ခပ်သဲ့သဲ့ ဖုန်းသံကြောင့် နားထောင်မိလိုက်တော့ တဖက်ခြမ်းက အသံတိုးတိုးလေး ထွက်လာတယ်..
အဆုံးသတ်မှာတော့..
' ကျွန်တော်တို့ ကျဲဆီလာခဲ့မယ်နော် ' တဲ့
သူမ ပြုံးနေရက်နဲ့ပဲ ငိုချင်သွားတယ်..
ပစ်ထားခဲ့တာ မဟုတ်ပေမယ့် ပြန်မသွားနိုင်သေးတဲ့သူမဆီ အားကျန့်ကလိုက်လာခဲ့တယ်ဆိုတဲ့ အတွေးလေးက သံယောဇဉ်ရဲ့အင်အားကို ပြန်ယုံကြည်စေခဲ့ရဲ့..
အားကျန့်တို့မိသားစုရယ်
အားချန်ရယ် သူမရယ် ခရီးထွက်ဖြစ်ကြတယ်..
တခြားမိသားစုတွေလိုမျိုး ကမ်းခြေတစ်ခုကိုပါပဲ..
ဒါပေမယ့် တခြားမိသားစုတွေလိုမျိုး အပျော်ခရီးမဟုတ်ဘဲ အားကျန့်ကိုရည်ရွယ်တဲ့ ခရီးဖြစ်နေတာတစ်ခုပဲ..
ခပ်တည်တည်လေးဖြစ်နေတဲ့ အားကျန့်က သူမကိုတော့ အပြုံးလေးတွေနဲ့ ဆက်ဆံတုန်း..
အရင်လို ဆံပင်လေးသပ် ပုခုံးလေးပုတ်ပေးရင် မသိမသာရှောင်သွားတတ်တာကလွဲပြီးတော့ပေါ့...
အားကျန့်ပါးပါးတို့နဲ့ စကားပြောမိတော့ မျက်ဝန်းမှိုင်းမှိုင်းတွေထဲက စိုးရိမ်စိတ်တွေက သိသိသာသာပဲ..
ဆရာဝန်တယောက်လဲ ဖြစ်ပြန်တဲ့ အားကျန့်ပါးပါးက အားကျန့်ကို psychiatrist တယောက်နဲ့ပြဖို့ စီစဉ်နေတဲ့အကြောင်းပြောတော့ သူမ တုန်လှုပ်သွားတာအမှန်ပဲ...
သူမ မရှိတုန်း.အဲလိုအခြေအနေတွေထိရောက်ခဲ့သလား..
အားကျန့်က..?
သူမ မောင်လေးကလေ...?
.
.
ကမ်းခြေကို ရောက်တဲ့ ဒုတိယမြောက်ညနေထိ ပင်လယ်ရေမစိုသေးတဲ့ကောင်လေးက ကင်မရာလေး တလုံးကိုင်ပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေတတ်တယ်..
ဘာလို့မဆော့တာလဲဆို လူတွေများလို့တဲ့..
ခရီးသွားရာသီမဟုတ်လို့ ကျဲပါးနေတဲ့လူတွေက သူ့အတွက်တော့ များနေတတ်ပြန်တယ်..
လူစိမ်းတွေအနားကိုဖြတ်သွားမိတာနဲ့ စကားပြောနေရာကနေ ရုတ်တရတ် ရပ်တန့်သွားတာမျိုးတွေမြင်နေရတော့ သူမတို့လဲ မတိုက်တွန်းရက်တော့တာ အမှန်ပဲ..
ဒါပေမယ့် ဒီခရီးရဲ့ရည်ရွယ်ချက်ကိုက အားကျန့် ဖြစ်နေခဲ့တော့ သူမတို့ တမျိုးကြံရပြန်တယ်..
" ကျန့်ကောက ကျွန်တော်နဲ့ ရေတူတူကူးပေးမယ်တဲ့ ဟီး "
မည်သို့လုပ်လိုက်သည်မသိပေါ့..
အားချန်ရဲ့ပွစိပွစိတောင်းဆိုမှုတွေနောက် အားကျန့်က ခေါင်းညိတ်လိုက်ပုံပဲ..
အခုတော့ လူတွေ မရှိတဲ့ကမ်းခြေအဆုံးတစ်နေရာမှာ အားကျန့်နဲ့ အားချန်နှစ်ယောက် ရေကူးနေကြလေရဲ့..
သူမကတော့ သဲပြင်ပေါ်ဖျာခင်းထိုင်ရင်း တချက်တချက်ပေါ်လာတတ်တဲ့ အားကျန့်ရဲ့ အရယ်အပြုံးတွေနဲ့ပဲ ပျော်နေရတာပဲ..
ဒါပေမယ့် ဘယ်သူကထင်ခဲ့မှာလဲ ?
ဒီပျော်ရွှင်မှုက သိပ်မကြာခင်မှာ ခါးသက်တော့မယ်ဆိုတာကို... ။
~~~~~~~~~~