Love Stops Rumours {Completed}

By Memo227

427K 63.7K 4.5K

Title : 谣言止于恋爱 Love Stops Rumours Author : 萧辰 Xiao Chen Chap... More

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
A/N
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
ಥ_ಥ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30

Chapter 21

10.3K 1.9K 221
By Memo227

{Unicode}

What to Do, My Junior Invited Me to Kiss Him on the Bridge of Sighs

ဒါက နှစ်ကုန်ရောက်နေပြီဆိုတော့ သူခိုးလည်းပဲ သူ့ရဲ့ဆောင်ရွက်မှုအစီရင်ခံစာကို တင်ပြရမည်။ အားလုံးထဲမှာမှ သူက ဒီစုံတွဲကို တွေ့လိုက်တာ ဖြစ်သည်။ တကယ်တော့ ဂေးစုံတွဲနမ်းနေသည်ကို မြင်လိုက်ရချိန်မှာ သူ့အတွက် အခွင့်ရေးတော့ ရပီဟု တွေးလိုက်တာပင်။ သို့သော် ဘယ်သူများ သိလိမ့်မလဲ, ဒီသောက်ဂေးစုံတွဲရဲ့ တိုက်ရည်ခိုက်ရည်တွေက သေလောက်အောင် အားကောင်းနေမယ်လို့ပေါ့, အထူးသဖြင့် အရပ်ပုတဲ့တစ်ယောက်က လိုက်ဖမ်းရင်းနဲ့ကို အသားကုန် ကြုံးအော်နေတော့တာပဲ။

"ငါ မင်းကို ဝမ့်ဖာလက်သီးနဲ့ သတိပေးလိုက်မယ်ကွ! မင်းငါ့ကို ပိုက်ဆံအိတ် ပြန်ပေးတာ အကောင်းဆုံးပဲ, မဟုတ်ရင်တော့ ငါဖမ်းတာ မခံရစေနဲ့!"

"ပြေးထား! ဆက်ပြီးပြေးစမ်း! ဘယ်သူ ကြာကြာပြေးနိုင်မလဲဆိုတာ ငါတို့ ကြည့်ကြမယ်!"

"သူခိုးကို ဖမ်းကြပါဗျို့! သူခိုးကို ဖမ်းကြပါ! အားလုံးပဲ! ဒီမှာ ဆိုးသွမ်းတဲ့သူခိုးကောင်ပါ!"

_ ဖာ့ခ် သူက သောက်ကျိုးနဲ ဂေးတစ်ကောင် ဖြစ်ရုံတင်မဟုတ်ပဲ သောက်ရူးကြီးပါလားဟ! သူခိုးခမျာ ဇွဲကောင်းလှသည့် ထိုလူသားနှင့် အပြိုင် ဆက်ပြီးပြေးရင်းဖြင့် မျက်ရည်မထွက်ပဲ ငိုနေရတော့သည်။ ကံကောင်းသည်မှာ ရှောင်းနျန်နှင့် ဝေ့ရူစုန့်၏ သက်လုံသည် သာမန်ကျောင်းသားများထက်တော့ သာလေသည်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ ထို တာဝေးအပြေးပွဲတွင် သူတို့ အနိုင်ရသွားလေတော့၏။

"ငါမင်းကို ချီးထွက်အောင် ရိုက်မယ်ကွ!"

ဟောဟဲလိုက်နေသော ဝေ့ရူစုန့်က သူ၏ဝမ့်ဖာလက်သီးကို သုံးလေတော့သည်။ သူခိုးခမျာ ဝေ့ရူစုန့်၏ အေးစက်စက် ရယ်သံကိုနားထောင်ရင်း မြေပြင်ပေါ်တွင် ကွေး၍သာ သက်ညှာပေးရန် အသနားခံရလေတော့သည်။

"ဘာလို့, ဘာလို့ ခိုးတာလဲ မင်း အကျိုး-, အကျိုးဆက်ကို မခံနိုင်ဘူးဆိုရင် ဘာလို့ ခိုးတာလဲ, ဂျူနီယာ, ရဲခေါ်လိုက်"

ရှောင်းနျန်က သူ၏ဖုန်းဖြင့် ရဲစခန်းကို ဖုန်းဆက်လိုက်သည်။ သူလည်းပဲ ပင်ပန်းနေလေသည်။ သူ၏အသက်ရှုနှုန်းမှာ ပြင်းထန်နေပြီး နှလုံးခုန်နှုန်းမှာလည်း မငြိမ်မသက်တွေ ဖြစ်နေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ, အရင်ပြန်လိုက်တော့လေ, ကျွန်တော် တစ်ယောက်တည်း အဆင်ပြေပါတယ်။"

"ရတယ်, မင်း လမ်းပျောက်နေမှာ ငါစိုးတယ်"

ဝေ့ရူစုန့်စိတ်ထဲ တစ်ခုခုက ထူးဆန်းနေသလို ခံစားလိုက်ရသည်..... ဘေးကို လှည့်ကြည်လိုက်တော့မှ သူ သဘောပေါက်သွားတော့သည်, ဒါ ဒီ လူယုတ်မာကောင်ပဲ, သူက သူခိုး၏ကော်လာကို ခပ်ကြမ်းကြမ်းဆွဲကိုင်ပြီး လှုပ်ရမ်းလိုက်ရင်း

"ဒီ အမူအရာက ဘာလဲ?"

"သောက်ဂေးကောင်တွေ, စိတ်ပျက်ဖို့ကောင်းလိုက်တာ!"

_ ဒီလို မျက်နှာထားမျိုးကတော့, မင်းဘယ်လိုပဲကြည့်ကြည့် ဒါက အရိုက်ခံထားရတာကြောင့် ဒီပုံဖြစ်နေတာပဲ။ ဒီလူကို ကြည့်ရတာ အသက်ကြီးသေးပုံလည်း မပေါ်ဘူး, မဟုတ်ရင် သူက ဒီလောက် အကြာကြီး မပြေးနိုင်လောက်ဘူးလေ, ဒါပေမယ့် သူက ဒီလောက်ထိ ခေတ်နောက်ကျတာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ? ဝေ့ရူစုန့်က စိတ်တိုလာတော့သည်။ သူက လက်သီးကို တင်းတင်းဆုပ်ပြီး ထိုလူ၏မျက်နှာအား ထိုးရန်ပြင်လိုက်ချိန်မှာပဲ ရှောင်းနျန်က တားလိုက်သည်။

"စီနီယာ, သူ့အဆင့်တိုင်း လိုက်မလုပ်နဲ့။"

"ငိုးပဲ, ငါ! ငါ" ဝေ့ရူစုန့်က သူ့လက်သီးကို သူခိုးရှေ့တွင် တရမ်းရမ်း လုပ်ရင်း မရပ်မနား အော်ဟစ်နေတော့သည်။ "ဝမ့်ဖာ လက်သီးကွ သတိထားကြည့် သတိထားကွ သတိထား သတိထား-"

ရှောင်းနျန်က မအောင့်နိုင်တော့ဘူး။ သူက ခပ်ဖွဖွရယ်လိုက်လေတော့၏။ ဝေ့ရူစုန့်က ကြောင်သွားတော့သည်။

"မင်းက ဘာကို ရယ်နေတာလဲ?"

"စီနီယာက တကယ်ပဲ ချစ်ဖို့ကောင်းတယ်။"

"...." ဒီစကားကြီးက ဝေ့ရူစုန့်၏မျက်နှာကို ရေနွေးပူဖြင့် ပက်လိုက်သကဲ့သို့ ဖြစ်သွားလေပြီး သူ့မျက်နှာမှာ ချက်ချင်းကြီး နီရဲလာတော့သည်။ သူက ရှောင်းနျန်ကို သတိဖြင့် ခပ်ဖွဖွ တစ်ချက်ထိုးလိုက်ရင်း "မင်း ဘာလို့ တခြားသူတွေရှေ့မှာ ဒီလိုဖြစ်နေတာလဲ, ရှက်စရာကြီး!"

"..." ရှောင်းနျန်က ရပ်တန့်သွားတော့သည်။ "စီနီယာ, ပွင့်ပွင့်လင်းလင်းပြောရရင်, ဒါကတော့ နည်းနည်း အန်ချင်စရာကောင်းတယ်။"

"..." ရှောင်းနျန်ကို ကြည့်လိုက်ပြီးနောက်, ဝေ့ရူစုန့်တစ်ယောက် သူ့ဂျူနီယာ၏ ရင်ဘတ်ကို အားနဲ့ထိုးလိုက်လေတော့၏။ ဒီအချိန်မှာ ရှောင်းနျန်ခံစားလိုက်ရတာက ဝေ့ရူစုန့်၏ အနှိုင်းမဲ့ ခွန်အားကြီးပင်။ သူ၏ အတွင်းကလီစာများတောင် ကွဲထွက်သွားလောက်သည်။ ဝေ့ရူစုန့်က ရယ်နေသည်။ "ကောင်းတယ် မင်းက မမျှမတ လုပ်တတ်တဲ့သူ မဟုတ်ဘူးဆိုတာ ငါသိတယ်။"

_ စီနီယာ ကလဲ့စားချေလိုက်တာလား... သူ ကလဲ့စားချေသွားတာ ဟုတ်တယ်မလားဟင်?

ရှောင်းနျန်ကတော့ ဟိုတယ်ကအိပ်ရာပေါ်မှာ လဲလျောင်းရင်း သူ ဒီနေ့ လေ့ကျင့်ခန်းတွေအများကြီး အားကြိုးမာန်တက် လုပ်ခဲ့တာကြောင့် သူ့မှာ စိတ်စွမ်းအားတွေ အများကြီး ရလာတာလားဟု တွေးနေမိသည်။ အခုဆို မနက် ၃ နာရီ ရှိနေပေမယ့် သူ့မျက်လုံးတွေက ကျယ်နေပြီး မျက်နှာကျက်ပေါ်က အရိပ်တွေကို ကြည့်နေမိသည်။ သူစဉ်းစားနေမိတာ အားလုံးကတော့ ဝေ့ရူစုန့်ပဲ။ ရှောင်းနျန်က ဘယ်အရာကိုပဲဖြစ်ဖြစ် နောင်တ ရခဲသည်။ သို့သော်လည်း အခုလို သွေးအေးသွားချိန်မှာတော့ သူ့ဗိုက်ထဲတွင် မအီမသာခံစားရလောက်အောင်ထိ စိတ်မကောင်းဖြစ်နေမိသည်။ သူ ပိုက်ဆံအိတ်နောက်ကို လိုက်မသွားခင်မှာ အရင်ဆုံး နမ်းလိုက်သင့်တာ။ ဒါကိုကြည့်ရင် ယောက်ျားတွေရဲ့ ပင်ကိုယ်ဗီဇက အချစ်စိတ်တွေကို အနိုင်ရသွားတာလို့ပဲ ဆိုရတော့မည်။

ရှောင်းနျန်ရင်ထဲမှာ ဝေ့ရူစုန့်က ပြောမပြတတ်လောက်အောင် ချစ်စရာကောင်းနေသည်ဟု ခံစားရသည်။ ကြောင်ငယ်လေးတွေရဲ့ ပန်းရောင်ခြေဖဝါးတွေလိုမျိုး၊ အေးမြတဲ့အချိန်မှာ သောက်လိုက်ရတဲ့ စွပ်ပြုပ်နွေးနွေး တစ်ဇွန်းလိုမျိုး၊ နွေဦးလေညှင်းထဲမှာ လွင့်ပျံနေတဲ့ ခေါင်းလောင်းသံ တချွင်ချွင်လိုမျိုး၊ အဆင်ဒီဇိုင်းစုံလှတဲ့ ငှက်မွှေးဂွမ်းစောင်လေးတွေလိုမျိုး လူတွေကို ကံကောင်းစေပြီး ပျော်ရွှင်တက်ကြွစေတယ်လေ။ ရှောင်းနျန်ကတော့ သူတို့နှစ်ယောက်က ရင်းနီးကျွမ်းဝင်လွန်းနေသလိုပဲ ဝေးကွာလွန်းနေသေးသည်လို့လည်း အမြဲလိုလို ခံစားရသည်။ ဒီလို ထူးဆန်းသည့်ခံစားချက်ကြီးကို သူမဖြေရှင်းနိုင်ဘူး, သူ ဝေ့ရူစုန့်ကိုပဲ တည့်တည့်ပြောလိုက်ရင် ကောင်းမလား?

ရှောင်းနျန်က ထရပ်လိုက်ပြီး, အမှောင်ထဲတွင် အစမ်းလေ့ကျင့်တော့သည်။

"စီနီယာ, ကျွန်တော် စီနီယာ့ကို သဘောကျတယ်, ကျွန်တော်တို့ တွဲကြရအောင်" မဟုတ်သေးဘူး, ဒါက ပေါ့ပျက်ပျက်နိုင်လွန်းတယ်။

"စီနီယာ, ကျွန်တော့်ရဲ့ အိမ်ထောင်စုစာရင်းမှာ ပါဝင်ဖို့ ဆန္ဒရှိသလား?" ဒါကြီးက အရမ်းပဲ ဒိတ်အောက်လွန်းတယ်လို့ ထင်ရတယ်။

"စီနီယာ, ကျွန်တော့်ရဲ့ ဘိုဘေးဘီဘင်တွေဆီက အမွေရခဲ့တဲ့ ဗီဇဆဲလ်တွေက စီနီယာ့အတွက်ပဲ" ရိုင်းလွန်းတယ်, ဝေ့ရူစု့န်က သေချာပေါက် ငါ့ကို သူ့ရဲ့ ဝမ့်ဖာလက်သီးနဲ့ သတိပေးလိမ့်မယ်။

(T/N: ကိုယ့်အသွေးအသားများလဲ မင်းအတွက်ပါပဲ ဆိုတဲ့ သီချင်းလိုမျိုးပေါ့နော်။😰)

"စီနီယာ, ဒီနေ့ည အရမ်းချောတာပဲ။" ဝေ့ရူစုန့်က ဒါကို မခံစားတတ်ဖူးဆိုရင် အလကားပဲ, အသုံးမဝင်ဘူး!

အဲ့ဒီညက, ရှောင်းနျန်တစ်ယောက် မတူညီတဲ့ ဝန်ခံစကားပေါင်း သောင်းကျော်ကို လေ့ကျင့်ခဲ့သည်, နောက်ဆုံးမှာတော့ သူနားလည်လိုက်တာက သူတို့ရဲ့ဆက်ဆံရေးမှာ ဝေ့ရူစုန့်ဘက်က ခြေလှမ်းသေးသေးလေး တစ်လှမ်းပဲ လှမ်းဖို့လိုတော့တယ် ဆိုတာကိုပေါ့။ ပြီးတော့ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်က တံတားကိုဖြတ်ဖို့ ဖြစ်လာတော့မယ်။ အကယ်၍ တခြားတစ်ယောက်ကသာ ဒီတံတားကို ကျော်လာခဲ့မယ်ဆိုရင် ရှောင်းနျန်ကတော့ အဲ့ဒီသူကို မြစ်ထဲကန်ချပစ်လိုက်မှာပဲ။

သူ့မေမေ ကွယ်လွန်သွားပြီးနောက်ပိုင်းမှစ၍ ဝေ့မိသားစု၏ တရုတ်နှစ်သစ်ကူးမှာ တစ်စုံတစ်ခု လစ်ဟာနေသလိုမျိုး အမြဲခံစားခဲ့ရသည်။ ဆယ်စုနှစ်တစ်ခုကတော့ ကုန်ဆုံးသွားပြန်သည်။ သူတို့၏ ထမင်းစားပွဲလေးကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် အမျိုးသမီးတစ်ယောက်ကို စောင့်ဆိုင်းရင်း ဗလာသတ်သတ် ဖြစ်နေတုန်းပင်။

ဝေ့ရူစုန့်ကတော့ အငြိမ်မနေဘူး။ သူက ဝေ့ယန်ဟိုင်နှင့် လေ့ကျင့်ခန်းလုပ်ပြီး သောက်စားတာလုပ်ရင်လုပ် မဟုတ်ရင်လည်း တစ်ယောက်တည်း အိပ်ခန်းထဲတွင် ဂိမ်းဆော့နေပြန်သည်။ ဝေ့ယန်ဟိုင်သည်လည်း အရင်ချိန်များကတော့ သူ့ကို ရိုက်နှက်တတ်သော်ငြား အခုချိန်မှာတော့ သူ၏သားမှာ ကြီးပြင်းလာပြီမို့ ဒီ့ထက်ပိုပြီး မထိန်းချုပ်နိုင်တော့ဘူး။ ဒါ့ကြောင့် ဝေ့ရူစုန့်ကို သူ့ဘာသာ လွှတ်ထားလိုက်တော့သည်။

ဒီနေ့ကတော့ တရုတ်နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည်။ ဝေ့ရူစုန့်နှင့် ဝေ့ယန်ဟိုင်အတွက်တော့ နှစ်သစ်ကူးပွဲတော်ကို အတူတူထိုင်ကြည့်သည်မှာ ကြုံခဲလှသည်။ ကို့ရို့ကားယား ရယ်ရတဲ့ ဇာတ်လမ်းတိုလေးတွေ မဟုတ်ရင် အဆိုတော်တွေရဲ့ Lip-sync ဖျော်ဖြေပွဲတွေမျိုးကို ကြည့်ကြလေသည်။ သူတို့၏ စိတ်ဝင်စားမှုများကတော့ တက်တက်ကြွကြွ မရှိလေဘူး။ ဒီတိုင်းထိုင်နေကြသည်မှာ ပျင်းစရာကောင်းလာသည်မို့ ဝေ့ရူစုန့်က တစ်ခုခုရှာကြံပြီးပြောရန် ကြိုးစားလိုက်လေသည်။

"အဖေ, ဘာလို့ ကျွန်တော်နဲ့ ရှောင်းနျန်က တွဲနေတယ်လို့ ထင်တာလဲ?"

"ဒါက ငါ့အတွက် သိသာနေတာပဲကို," ဝေ့ယန်ဟိုင်က သူ့ဆေးလိပ်ကို ပြာခွက်ထဲ ခေါက်လိုက်ပြီး "ငါက မင်းအဖေပဲလေ။"

"ဒါဆိုရင်တော့ အဖေ့ရဲ့ အကဲဖြတ်တဲ့စကေးက တော်တော်လေးဆိုးတာပဲ," ဝေ့ရူစုန့်က ခပ်ဖွဖွ ပြုံးလိုက်လေသည်။ "ကျွန်တော်တို့က တကယ်ပဲ တွဲနေတာ မဟုတ်ဘူး။"

"ဒါဆို မင်းတို့က အီစီကလီလုပ်နေကြတာလား။" ဝေ့ယန်ဟိုင်က မျက်တောင်မခတ်ဘူး။ "သူ့ကို ကစားနေတာ ရပ်လိုက်, ပြောသင့်တာကို ပြောရမယ်, ယောက်ျားတစ်ယောက်အနေနဲ့ အီးလေးဆွဲမနေနဲ့။"

"မဟုတ်ဘူး, အဖေ အခုပြောလိုက်တာကို ကျွန်တော် လက်မခံနိုင်ဘူး," ဝေ့ရူစုန့်က မပျော်မရွှင်နဲ့ ထရပ်လိုက်သည်, Pistachio စေ့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး "ကျွန်တော်က ဘယ်လိုလုပ် သူ့ကိုကစားရမှာလဲ? သူကအရင် ကျွန်တော့်ကို လာစတာလေ။"

{Pistachio}

"ဒါဆို သူက ဘာလို့ ငါတို့အိမ်ကို ရောက်လာတာလဲ, ဒီကောင်က ဒီလောက်ကြည့်ကောင်းတာ, မင်းပုံကိုလည်း ကြည့်ဦး မင်းနဲ့သူနဲ့ တကယ် မတန်ဘူး။"

"အဖေ ကျွန်တော့်အဖေရော ဟုတ်ရဲ့လား!"

"ရူစုန့်, ငါ မင်းကို မနာကျင်စေချင်ဘူး, မင်းကြောင့်လည်း တခြားသူကို မနာကျင်စေချင်ဘူး, ဒီလိုပုံနဲ့တော့ သူအထင်လွဲနေတာလည်း အံ့ဩစရာမရှိဘူး, မင်းတကယ်ပဲ သူနဲ့မတွဲချင်ဘူးဆိုရင်တော့, သူ့အပေါ်မှာ ရိုးရိုးသားသား ဆက်ဆံပြီး ကြိုးရှည်ရှည်နဲ့ လှမ်းထားတာကို ရပ်လိုက်တော့။"

"ကျွန်တော် ဘယ်တုန်းက လုပ်ခဲ့လို့လဲ...." ဝေ့ရူစုန့်က ခုနက သတ္တိများကတော့ ဘယ်ရောက်သွားမှန်းမသိ ခပ်တိုးတိုး ရေရွတ်နေလေသည်။ "ကျွန်တော်သိပြီ, ကျွန်တော့်အစား အဖေပဲ ရည်စားထားကြည့်ပါလား။"

"မင်းက ကြီးလာပြီဆိုပြီး ငါနဲ့ငြင်းခုံနိုင်ပြီလို့ ထင်နေတာပေါ့လေ?!"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး! အိမ်တွင်းအကြမ်းဖက်မှုကို နှစ်သစ်ကူးအကြိုနေ့မှာ မလုပ်ရဘူးလေ! အဲဒါက ကံမကောင်းစေဘူး, ကံမကောင်းဘူး!"

ဗြောက်အိုးဖောက်သည်ကို တားမြစ်ထားသည်မှာ နှစ်ပေါင်းများစွာကပင် ဖြစ်သော်လည်း တီဗွီတွင် countdown ရေတွက်မှု ပြီးဆုံးချိန်မှာတော့ အပြင်ကနေ ဗြောက်ဖောက်သံများကို ကြားနေရပြီး လူသားများအား နှစ်သစ်ရောက်ပြီးဖြစ်ကြောင်း သတိပေးနေလေသည်။ မလှမ်းမကမ်းတွင်တော့ မီးပန်းများ ပစ်လွှတ်နေကြသည်။ ယန်အန်းက မီးပန်းလောက်တော့ ဘယ်ကြီးကျယ်ခမ်းနားပါ့မလဲ။ မီးပန်းတွေက အနီရောင်နှင့် အစိမ်းရောင်များပင်။ ဒါက ခပ်ညံ့ညံ့တွေပဲ။ အကြောင်းအရင်းမရှိပဲ ဝေ့ရူစုန့်မှာ ရုတ်တရတ်ကြီး ရှောင်းနျန်ကို တွေးမိသွားလေ၏။

ကံကောင်းသည်ကတော့ အဲ့ဒီညက တီဗွီရှိ အစီအစဉ်အားလုံးမှာ စောစောစီးစီး ပြီးသွားလေသည်။ အဖေနှင့်သားကတော့ တစ်ယောက်နှင့်တစ်ယောက် ပြောစရာမရှိ ဖြစ်နေပြီး ဝေ့ယန်ဟိုင်မှာ သူ့အခန်းသူ ဝင်သွားလေပြီး ဝေ့ရူစုန့်မှာလည်း ထိုနည်းလည်းကောင်းပင်။ သူက ဖုန်းကို ကြည့်လိုက်သည့်အခါ မရပ်မနား တုန်ခါနေပြီး သူ၏ သူငယ်ချင်းများက အုပ်စုလိုက် နှစ်သစ်ကူးဆုတောင်းများ ပို့ထားကြလေသည်။ ဒါနှင့် သူလည်း private message မှနေ၍ လင်းဝေ့နှင့် လမ်းသူရဲကောင်များအား သူ၏အကောင်းဆုံး ဆုတောင်းစကားများကို ပို့လိုက်လေသည်။ အဲ့ဒီနောက်မှာတော့ ရှောင်းနျန်နှင့်သူ့၏ private chat ကို ဖွင့်ပြီး ငူငူငိုင်ငိုင်နှင့် ကြည့်နေမိသည်။ ရှောင်းနျန်မှာလည်း စိတ်ချင်းဆက်နေသလိုမျိုုး ရိုးရှင်းသည့် နှုတ်ဆက်စကားလေးက သူ့ဆီကို ပို့လာလေတော့သည်။

_ စီနီယာ, ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးနေ့လေး ဖြစ်ပါစေ

ရိုးရှင်းပေမယ့်လည်း, ဒါက group text မဟုတ်တဲ့ private message လေ။ ဝေ့ရူစုန့်ကလည်း အဘိုးကြီး emoji လေးနဲ့ "ပျော်ရွှင်စရာ နှစ်သစ်ကူးပါ" ဆိုပြီး ပို့လိုက်လေသည်။ အောက်ကနေ "ငါ့ကို အန်ပေါင်းပေး" ဆိုပြီးလည်း ပါသေးသည်။ ရှောင်းနျန်က တကယ်ပဲ ပို့လာမယ်လို့တော့ ဘယ်သူမှမထင်မိဘူးပေါ့။

_ ဂျူနီယာ, မင်းက နည်းနည်းတော့ မပွင့်လင်းလွန်းဘူးလား?

ဝေ့ရူစုန့် ဖွင့်ကြည့်လိုက်တော့ ၂၀၀ ဒေါ်လာပင်, WeChat မှနေ၍ အန်ပေါင်းပို့ခြင်းမှာ ၂၀၀ ဒေါ်လာအတိ ကန့်သတ်ထားလေသည်။ သူက ရှောင်းနျန်ဆီကို ဘယ်လောက်ပို့ရင် သင့်တော်လောက်မလဲဟု စဉ်းစားနေချိန်တွင် ရှောင်းနျန်က ၅၂၀ ဒေါ်လာကို စတင်ပြီး လွှဲပို့တော့သည်။
(T/N: 520 = I Love U တဲ့ တရုတ်အသံထွက်က)

_ ငိုးပဲ! ငိုးမသားလေး! ငါမင်းကို လုပ်မိတော့မယ်! ငွေရဲ့ဖျားယောင်းမှုကို ဘယ်သူမှ လျစ်လျူမရှုနိုင်ဘူးကွ။ ဝေ့ရူစုန့်၏ ဖုန်းမျက်နှာပြင်ပေါ်တွင်တော့ ၅၂၀ ဒေါ်လာစာရင်းက ပြနေသည်။ သို့ပေသည့် သူ၏ဆင်ခြင်နိုင်စွမ်းကတော့ ဒါကို လက်မခံနိုင်ဘူးဟု သူ့ကို ပြောနေသည်မို့ ဝေ့ရူစုန့်က ခနတော့ ဟန်လုပ်လိုက်သေးသည်။

_ အိုခေ အိုခေ ပို့နေတာကို ရပ်လိုက်တော့, မင်းချမ်းသာတာ ငါသိတယ်

_ ကျွန်တော့မှာ ပိုက်ဆံမရှိပါဘူး, ကျွန်တော့် အကောင့်ထဲမှာ အဲဒါပဲ ကျန်တော့တာ

_ မင်းက အခု ဘယ်မှာလဲ?

_ ဗင်းနစ်

_ ????? ဗင်းနစ်???

_ အင်း

ရှောင်းနျန်က ဓာတ်ပုံ ပို့လာသည်။ အချိန်ကွာခြားမှုကြောင့် ဗင်းနစ်တွင် ညနေပိုင်းသာ ရှိသေးသည်။ နေဝင်ချိန်၏ သွေးနီရောင် နေလုံးကြီးမှာတော့ ကြည်လင်သောရေပြင်ကို ရောင်ပြန်ဟပ်နေပြီး မြစ်ပြင်တစ်ခုလုံးမှာတော့ ရဲရဲတောက်နေလေသည်။

အဲဒီနောက်တော့ ရှောင်းနျန်က video call ခေါ်လိုက်ရာ ဝေ့ရူစုန့်က လက်ခံပြောလိုက်လေသည်။ ညာဘက် လေးထောင့်ကွက်ပေါ်ရှိ သူ၏ပုံမှာ ဖိုသီဖတ်သီ ဖြစ်နေချိန်တွင် ရှောင်းနျန်မှာ လန်းဆန်းတောက်ပစွာ ပေါ်လာလေတော့သည်။ ရှောင်းနျန်၏နောက်တွင် ဂွန်ဒိုလာလှေများကို မြင်နေရပြီး ထိုနေရာရှိ ရာသီဥတုမှာတော့ တော်တော်လေး အေးနေလေသည်။ လူတိုင်း၏ အပြစ်အနာအဆာကိုပြသည့် ရှေ့ကင်မရာကို သုံးထားတာတောင်မှ ရှောင်းနျန်၏ လက်ချောင်းလေးများမှာတော့ လေထဲတွင် နီရဲနေလေ၏။ ရှောင်းနျန်ကတော့ စကားလုံးဖြင့် ဖော်မပြနိုင်လောက်အောင် ခန့်ငြားနေတုန်းပင်။

{Gondolas}

"စီနီယာ, ပျော်ရွှင်စရာ နှစ်သစ်ကူးပါ, ကျွန်တော် အပြန်လက်ဆောင်တွေ စီနီယာ့အတွက် ဝယ်ခဲ့မယ်။"

"မင်းက ဘာလို့ ဒီလောက်ဝေးတဲ့နိုင်ငံကို သွားရတာလဲ?"

"ကျွန်တော် ဒီမှာ ရိုက်ကွင်း တစ်ခုရှိလို့, ဒါကြောင့် အားလပ်ရက်ခရီးအတွက်ပါ ရက်တိုးနေဖို့ ဆုံးဖြတ်လိုက်တာ?"

"သောက်ကျိုးနဲ, ဘာရိုက်ကွင်းတုန်း?"

"ဖက်ရှင် မဂ္ဂဇင်း"

"အရမ်းမိုက်တာပဲ?!" ဝေ့ရူစုန့်ကတော့ ရှော့ရသွားလေသည်။ ရှောင်းနျန်က တကယ်ပဲ မဂ္ဂဇင်းအတွက် မော်ဒယ်ပေါ့လေ! "မင်းက ဖျော်ဖြေရေးလောကကို ဝင်ဖို့ စဉ်းစားထားတာလား?"

"ဟင့်အင်း, ဒါက အပျော်တမ်းပါ။" ရှောင်းနျန်က အရေးမထားသည့်ပုံဖြင့်ပင် ပြောလိုက်သည်။ "စီနီယာ, ဒါက Bridge of Sighs ရှေ့မှာလေ။"

{Bridge of Sighs}

{Gondola rides under the Bridge of Sighs}

(T/N: Bridge of Sighs သည် Rio di Palazzo တူးမြောင်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ တံတားတစ်ခုလုံးကို ထုံးကျောက်ဖြူများဖြင့် ကာရံထားပြီး ကျောက်တိုင်များပါသော ပြတင်းပေါက်များလည်း ပါရှိလေသည်။ Bridge of Sighs ကို မြန်မာလို ပြန်တာထက် သူ့နဂိုနာမည်တိုင်း ထားတာပိုကောင်းတာမို့ မြန်မာနာမည် မတပ်လိုက်ပါနော်။)

"အိုး, Bridge of Sighs က ဘာဖြစ်လို့လဲ?"

"ဒီတံတားမှာ ဒဏ္ဍာရီရှိတယ်။ တကယ်လို့ Bridge of Sighs ပေါ်မှာ စုံတွဲတွေ နမ်းကြမယ်ဆိုရင် ထာဝရ အတူတူရှိနိုင်ကြလိမ့်မယ်တဲ့"

"ဘာ?" ဝေ့ရူစုန့်က စိတ်လွတ်ပြီး မေးလိုက်လေသည်။ "ဒါပေမယ့် ငါမှ မင်းဘေးမှာ မရှိတာ?"😂

"....." ရှောင်းနျန်က ရုတ်တရတ်တုန်လှုပ်သွားသော်လည်း သူက နူးနူးညံ့ညံ့လေး ပြုံးပြလိုက်ပြီး "အိုခေ, နောက်တစ်ခေါက် ကျွန်တော်တို့ ဒီကို အတူတူလာကြမယ်_"

(T/N: ဒီအခန်း ဘာသာပြန်တုန်းက ကိုယ့်မှာ ရူစုန့်ကို ချစ်လည်းချစ် ရယ်လည်းရယ်ချင်ပြီး တစ်ခွိခွိနဲ့ကို အတောမသတ်နိုင်ဘူး)

"ဟယ်လို!" နတ်သမီးလို မျက်နှာလေးက ဖုန်းမျက်နှာပြင်မှာ ပေါ်လာလေသည်။ သားမွှေးကုတ်အင်္ကျီနှင့် နေကာမျက်မှန် တပ်ထားသော အမျိုးသမီးက ဝေ့ရူစုန့်ကို နှုတ်ဆက်လိုက်သည်။ "ရူစုန့်, ငါ့ကိုရော သတိရသေးရဲ့လား!"

"အန်တီ?!"

_ အိုး မိုင် ဂေါ့! ရှုလီရှက ရှောင်းနျန်နဲ့ ပြောနေတာတွေအားလုံးကို ကြားသွားတာလား?! ရှောင်းနျန် မင်းမရှက်ဘူးလား! အားးးးးးး-- ဝေ့ရူစုန့်တစ်ယောက် သူ့ခေါင်းကို စောင်ထဲကုန်းပြီး ဖွက်ထားလို့ သူ့နောက်ပိုင်းလေးကတော့ လေထဲတွင် ထောင်နေလေသည်။(ဖင်ထောင်နေတဲ့ပုံလေး 😂) ရှုလီရှမှာ ပါးစပ်ကိုအုပ်ပြီး ရယ်နေတော့သည်။

"ရူစုန့်က ရှက်နေတာလား? အန်ကယ်ကလည်း မင်းနဲ့တွေ့ချင်လို့တဲ့, ငါ မိတ်ဆက်ပေးမယ်, ဒါက ရှောင်းနျန်အဖေ ငါ့ယောက်ျား ရှောင်းဝမ်းဖူ"

"ဟယ်လို! နေကောင်းလား!" ရှောင်းဝမ်းဖူ၏ ပုံစံမှာ ယဉ်ကျေးရည်မွန်လှသည်။ ရွှေကိုင်းတပ်မျက်မှန်နှင့် သူ၏သွင်ပြင်မှာ ခန့်ထည်သည်။ ဘာသာစကားသင် ဆရာတစ်ယောက်လို ပုံစံမှာ သူ၏ပထမဆုံး အထင်နှင့်အမြင်ကတော့ တခြားစီပင်။ ကမ္ဘာဝင်ငွေအကောင်းဆုံး ကုမ္ပဏီ ၅၀၀ ထဲက ဥက္ကဌတစ်ယောက်လို့ မင်းတို့ ဘယ်တော့မှ စိတ်ကူးကြည့်မိမှာမဟုတ်ဘူး။ "အာ ငါနည်းနည်း စိတ်လှုပ်ရှားနေတယ်, ဟဲဟဲ... ငါ့ရဲ့, ချွေးမနဲ့ တွေ့ရတာ ဒါက ပထမဆုံးအကြိမ်ဆိုတော့လေ...." ရှောင်းဝမ်းဖူက မျက်နှာနီနီနှင့် ရယ်နေလေသည်။ "လီရှဆီကနေ ပထမဆုံးအကြိမ်ကြားတုန်းက ငါက ထူးဆန်းနေတာ, ဘာလို့များ မိန်းကလေးနာမည်က ရူစုန့် ဖြစ်နေရတာလဲလို့, ပြီးမှ ယောက်ျားလေး ဖြစ်နေတာကိုး ဟားဟားဟား--"

"...." အန်ကယ်က တကယ်ကြီး သဘောထားကြီးတာပဲ။

"ဒါပေမယ့် ယောက်ျားလေးဖြစ်နေတာလည်း ပိုပြီးကောင်းတယ်, ငါထင်တယ် မိန်းကလေးသာဆို နျန်လေးရဲ့ ဒေါသကြီးတာကို ခံနိုင်မှာမဟုတ်ဘူး! တကယ်လို့ ဒါကိုသာ မင်းလက်ခံနိုင်မယ်ဆိုရင်တော့ အရမ်းကောင်းတယ်!"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ရပါဘူး, အန်ကယ် ဘာတွေပြောနေတာလဲခင်ဗျ," ဝေ့ရူစုန့်က အရမ်းပဲစိတ်လှုပ်ရှားနေလေသည်။ သူက ဒီလိုမျိုး မဂ္ဂဇင်းထဲက ကုမ္ပဏီဥက္ကဌကြီးနဲ့ စကားပြောခွင့်ကြုံမယ်လို့ တစ်ခါမှ မတွေးမိဘူးလေ။ "ရှောင်းနျန်က တကယ်ပဲ ကောင်းတယ်, တကယ့် တကယ့်ကိုပဲ!"

"ဟုတ်ပြီ မင်းမပျင်းဘူးလား, ငါတို့ တခြား စိတ်ဝင်စားဖို့ကောင်းတာလေးတွေ ပြောကြရအောင်လေ!" သူ၏ဘေးတွင်ရှိနေသော ရှုလီရှက ညည်းညည်းညူညူဖြင့် ဝင်ပြောလေတော့သည်။ အခုတော့ ဖုန်းမျက်နှာပြင်တွင် စုံတွဲမျက်နှာဖြင့် ပြည့်သွားတော့သည်။ "ရူစုန့် ငါတို့နဲ့အတူ ပြောင်းလာပြီးနေချင်လား? မင်းရဲ့မိဘတွေကိုလည်း အတူတူ ခေါ်လာခဲ့လေ, ငါတို့အိမ်ရဲ့ဘေးမှာ နောက်ထပ်တစ်လုံး ထပ်ဆောက်လိုက်မယ်, ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်လို့ရတာပေါ့!"

_ ခနလေး ဘယ်လို, လူချမ်းသာတွေက ဒီလိုပဲ ပေါ့ပေါ့လေး ဆုံးဖြတ်တာပဲလား? ခင်ဗျားတို့က အိမ်တစ်လုံးဆောက်တာကို ဈေးထဲမှာ ဟင်းရွက်ကန်စွမ်းဝယ်တယ်လို့များ ထင်နေလား?! ကံကောင်းသွားသည်မှာ ရှောင်းနျန်က မြန်မြန်လျှောက်လာပြီး သူ့ဖုန်းကို ပြန်ယူလိုက်တာပဲ။

"စီနီယာ, ကျွန်တော့်မိဘတွေကြောင့် စိတ်မရှုပ်နဲ့, ကျွန်တော်တို့ နှစ်စမှာ တွေ့ကြမယ်, ပြီးတော့, Bridge of Sighs ကိုလည်း ဖြတ်ကြမယ်။"

"နှမြောစရာပဲ"

"စီနီယာ ကျွန်တော့ကို ဘာလို့ အနမ်း မပေးသေးတာလဲ, နှစ်သစ်ကူးလက်ဆောင်အနေနဲ့ အဲဒါကို ပေးလေ။"

"...." ဝေ့ရူစုန့်က အနည်းငယ် ရှက်နေလေသည်။ "ဒါဆို, ဒါဆို ငါ, ငါ မင်းကို selfie ပုံ ပို့လိုက်မယ်, ဘိုင့်!"

(T/N: သူပဲ တံတားပေါ်မှာ ဘာညာ သွားပြောပြီးတော့ 😂😂😂)

၁၀ မိနစ်လောက် အကြာမှာတော့ ဝေ့ရူစုန့်တစ်ယောက် နောက်ဆုံးတွင် အဖြောင့်ကောင်များ၏ အာဘွားဗာရှင်းနှင့် selfie ပုံကို ပို့လာတော့သည်။ ရှောင်းနျန်ကတော့ ခပ်ဟဟပြုံးလိုက်သည်။ ဝေ့ရူစုန့်တစ်ယောက် အဆင်ပြေသည့်ဓာတ်ပုံတစ်ပုံရရန် ဘယ်လို စိတ်ပျက်စရာကောင်းစွာ ကြိုးစားရိုက်နေမည်ကို သူက မြင်ယောင်ကြည့်၍ရနေသည်။ ပုံကို သူ၏ဖုန်း wallpaper အနေဖြင့် သိမ်းလိုက်တော့သည်-- စီနီယာရဲ့ ဓာတ်ပုံက တော်တော်လေး ရုပ်ဆိုးတယ်,

__ ဒါပေမယ့်လည်း အရမ်းရမ်းကို ချစ်ဖို့ကောင်းနေတုန်းပဲ။

_____________^မမ်မို^____________

Next: What to Do, My Roommate and I Kissed, We Kissed, We Kissed, We Kissed

(T/N: အားးးးး ဒီအခန်းကို ပြန်ပြီးဖတ်ရတာ အသည်းတွေယားလွန်းလို့ပြန်နေရင်းနဲ့ တခွိခွိပဲ။ T/N ထည့်ချင်တာကို ဖတ်တဲ့သူတွေ အနှောက်အယှက် ဖြစ်မှာစိုးလို့ မနည်းအောင့်ထားရတယ်။Btw အရင်အပတ်က နောက်ကျသွားလို့ အစောကြီးတင်ပြီး အကြွေးပြန်ပေးတယ်နော်။ စာတွေဆက်တိုက်ရိုက်ပြီး ခေါင်းတွေကိုက်သွားပြီ။ ဆေးတိုက်ကြအုံး 😞)

{ZawGyi}

What to Do, My Junior Invited Me to Kiss Him on the Bridge of Sighs

ဒါက ႏွစ္ကုန္ေရာက္ေနၿပီဆိုေတာ့ သူခိုးလည္းပဲ သူ႕ရဲ႕ေဆာင္႐ြက္မႈအစီရင္ခံစာကို တင္ျပရမည္။ အားလုံးထဲမွာမွ သူက ဒီစုံတြဲကို ေတြ႕လိုက္တာ ျဖစ္သည္။ တကယ္ေတာ့ ေဂးစုံတြဲနမ္းေနသည္ကို ျမင္လိုက္ရခ်ိန္မွာ သူ႕အတြက္ အခြင့္ေရးေတာ့ ရပီဟု ေတြးလိုက္တာပင္။ သို႔ေသာ္ ဘယ္သူမ်ား သိလိမ့္မလဲ, ဒီေသာက္ေဂးစုံတြဲရဲ႕ တိုက္ရည္ခိုက္ရည္ေတြက ေသေလာက္ေအာင္ အားေကာင္းေနမယ္လို႔ေပါ့, အထူးသျဖင့္ အရပ္ပုတဲ့တစ္ေယာက္က လိုက္ဖမ္းရင္းနဲ႕ကို အသားကုန္ ႀကဳံးေအာ္ေနေတာ့တာပဲ။

"ငါ မင္းကို ဝမ့္ဖာလက္သီးနဲ႕ သတိေပးလိုက္မယ္ကြ! မင္းငါ့ကို ပိုက္ဆံအိတ္ ျပန္ေပးတာ အေကာင္းဆုံးပဲ, မဟုတ္ရင္ေတာ့ ငါဖမ္းတာ မခံရေစနဲ႕!"

"ေျပးထား! ဆက္ၿပီးေျပးစမ္း! ဘယ္သူ ၾကာၾကာေျပးနိုင္မလဲဆိုတာ ငါတို႔ ၾကည့္ၾကမယ္!"

"သူခိုးကို ဖမ္းၾကပါဗ်ိဳ႕! သူခိုးကို ဖမ္းၾကပါ! အားလုံးပဲ! ဒီမွာ ဆိုးသြမ္းတဲ့သူခိုးေကာင္ပါ!"

_ ဖာ့ခ္ သူက ေသာက္က်ိဳးနဲ ေဂးတစ္ေကာင္ ျဖစ္႐ုံတင္မဟုတ္ပဲ ေသာက္႐ူးႀကီးပါလားဟ! သူခိုးခမ်ာ ဇြဲေကာင္းလွသည့္ ထိုလူသားႏွင့္ အၿပိဳင္ ဆက္ၿပီးေျပးရင္းျဖင့္ မ်က္ရည္မထြက္ပဲ ငိုေနရေတာ့သည္။ ကံေကာင္းသည္မွာ ေရွာင္းန်န္ႏွင့္ ေဝ့႐ူစုန႔္၏ သက္လုံသည္ သာမန္ေက်ာင္းသားမ်ားထက္ေတာ့ သာေလသည္။ ဒါေၾကာင့္ပဲ ေနာက္ဆုံးမွာေတာ့ ထို တာေဝးအေျပးပြဲတြင္ သူတို႔ အနိုင္ရသြားေလေတာ့၏။

"ငါမင္းကို ခ်ီးထြက္ေအာင္ ရိုက္မယ္ကြ!"

ေဟာဟဲလိုက္ေနေသာ ေဝ့႐ူစုန႔္က သူ၏ဝမ့္ဖာလက္သီးကို သုံးေလေတာ့သည္။ သူခိုးခမ်ာ ေဝ့႐ူစုန႔္၏ ေအးစက္စက္ ရယ္သံကိုနားေထာင္ရင္း ေျမျပင္ေပၚတြင္ ေကြး၍သာ သက္ညွာေပးရန္ အသနားခံရေလေတာ့သည္။

"ဘာလို႔, ဘာလို႔ ခိုးတာလဲ မင္း အက်ိဳး-, အက်ိဳးဆက္ကို မခံနိုင္ဘူးဆိုရင္ ဘာလို႔ ခိုးတာလဲ, ဂ်ဴနီယာ, ရဲေခၚလိုက္"

ေရွာင္းန်န္က သူ၏ဖုန္းျဖင့္ ရဲစခန္းကို ဖုန္းဆက္လိုက္သည္။ သူလည္းပဲ ပင္ပန္းေနေလသည္။ သူ၏အသက္ရႈႏႈန္းမွာ ျပင္းထန္ေနၿပီး ႏွလုံးခုန္ႏႈန္းမွာလည္း မၿငိမ္မသက္ေတြ ျဖစ္ေနသည္။

"ေက်းဇူးတင္ပါတယ္ စီနီယာ, အရင္ျပန္လိုက္ေတာ့ေလ, ကြၽန္ေတာ္ တစ္ေယာက္တည္း အဆင္ေျပပါတယ္။"

"ရတယ္, မင္း လမ္းေပ်ာက္ေနမွာ ငါစိုးတယ္"

ေဝ့႐ူစုန႔္စိတ္ထဲ တစ္ခုခုက ထူးဆန္းေနသလို ခံစားလိုက္ရသည္..... ေဘးကို လွည့္ၾကည္လိုက္ေတာ့မွ သူ သေဘာေပါက္သြားေတာ့သည္, ဒါ ဒီ လူယုတ္မာေကာင္ပဲ, သူက သူခိုး၏ေကာ္လာကို ခပ္ၾကမ္းၾကမ္းဆြဲကိုင္ၿပီး လႈပ္ရမ္းလိုက္ရင္း

"ဒီ အမူအရာက ဘာလဲ?"

"ေသာက္ေဂးေကာင္ေတြ, စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ!"

_ ဒီလို မ်က္ႏွာထားမ်ိဳးကေတာ့, မင္းဘယ္လိုပဲၾကည့္ၾကည့္ ဒါက အရိုက္ခံထားရတာေၾကာင့္ ဒီပုံျဖစ္ေနတာပဲ။ ဒီလူကို ၾကည့္ရတာ အသက္ႀကီးေသးပုံလည္း မေပၚဘူး, မဟုတ္ရင္ သူက ဒီေလာက္ အၾကာႀကီး မေျပးနိုင္ေလာက္ဘူးေလ, ဒါေပမယ့္ သူက ဒီေလာက္ထိ ေခတ္ေနာက္က်တာေတာ့ ဘယ္ျဖစ္နိုင္ပါ့မလဲ? ေဝ့႐ူစုန႔္က စိတ္တိုလာေတာ့သည္။ သူက လက္သီးကို တင္းတင္းဆုပ္ၿပီး ထိုလူ၏မ်က္ႏွာအား ထိုးရန္ျပင္လိုက္ခ်ိန္မွာပဲ ေရွာင္းန်န္က တားလိုက္သည္။

"စီနီယာ, သူ႕အဆင့္တိုင္း လိုက္မလုပ္နဲ႕။"

"ငိုးပဲ, ငါ! ငါ" ေဝ့႐ူစုန႔္က သူ႕လက္သီးကို သူခိုးေရွ႕တြင္ တရမ္းရမ္း လုပ္ရင္း မရပ္မနား ေအာ္ဟစ္ေနေတာ့သည္။ "ဝမ့္ဖာ လက္သီးကြ သတိထားၾကည့္ သတိထားကြ သတိထား သတိထား-"

ေရွာင္းန်န္က မေအာင့္နိုင္ေတာ့ဘူး။ သူက ခပ္ဖြဖြရယ္လိုက္ေလေတာ့၏။ ေဝ့႐ူစုန႔္က ေၾကာင္သြားေတာ့သည္။

"မင္းက ဘာကို ရယ္ေနတာလဲ?"

"စီနီယာက တကယ္ပဲ ခ်စ္ဖို႔ေကာင္းတယ္။"

"...." ဒီစကားႀကီးက ေဝ့႐ူစုန႔္၏မ်က္ႏွာကို ေရေႏြးပူျဖင့္ ပက္လိုက္သကဲ့သို႔ ျဖစ္သြားေလၿပီး သူ႕မ်က္ႏွာမွာ ခ်က္ခ်င္းႀကီး နီရဲလာေတာ့သည္။ သူက ေရွာင္းန်န္ကို သတိျဖင့္ ခပ္ဖြဖြ တစ္ခ်က္ထိုးလိုက္ရင္း "မင္း ဘာလို႔ တျခားသူေတြေရွ႕မွာ ဒီလိုျဖစ္ေနတာလဲ, ရွက္စရာႀကီး!"

"..." ေရွာင္းန်န္က ရပ္တန႔္သြားေတာ့သည္။ "စီနီယာ, ပြင့္ပြင့္လင္းလင္းေျပာရရင္, ဒါကေတာ့ နည္းနည္း အန္ခ်င္စရာေကာင္းတယ္။"

"..." ေရွာင္းန်န္ကို ၾကည့္လိုက္ၿပီးေနာက္, ေဝ့႐ူစုန႔္တစ္ေယာက္ သူ႕ဂ်ဴနီယာ၏ ရင္ဘတ္ကို အားနဲ႕ထိုးလိုက္ေလေတာ့၏။ ဒီအခ်ိန္မွာ ေရွာင္းန်န္ခံစားလိုက္ရတာက ေဝ့႐ူစုန႔္၏ အႏွိုင္းမဲ့ ခြန္အားႀကီးပင္။ သူ၏ အတြင္းကလီစာမ်ားေတာင္ ကြဲထြက္သြားေလာက္သည္။ ေဝ့႐ူစုန႔္က ရယ္ေနသည္။ "ေကာင္းတယ္ မင္းက မမွ်မတ လုပ္တတ္တဲ့သူ မဟုတ္ဘူးဆိုတာ ငါသိတယ္။"

_ စီနီယာ ကလဲ့စားေခ်လိဳက္တာလား... သူ ကလဲ့စားေခ်သြားတာ ဟုတ္တယ္မလားဟင္?

ေရွာင္းန်န္ကေတာ့ ဟိုတယ္ကအိပ္ရာေပၚမွာ လဲေလ်ာင္းရင္း သူ ဒီေန႕ ေလ့က်င့္ခန္းေတြအမ်ားႀကီး အားႀကိဳးမာန္တက္ လုပ္ခဲ့တာေၾကာင့္ သူ႕မွာ စိတ္စြမ္းအားေတြ အမ်ားႀကီး ရလာတာလားဟု ေတြးေနမိသည္။ အခုဆို မနက္ ၃ နာရီ ရွိေနေပမယ့္ သူ႕မ်က္လုံးေတြက က်ယ္ေနၿပီး မ်က္ႏွာက်က္ေပၚက အရိပ္ေတြကို ၾကည့္ေနမိသည္။ သူစဥ္းစားေနမိတာ အားလုံးကေတာ့ ေဝ့႐ူစုန႔္ပဲ။ ေရွာင္းန်န္က ဘယ္အရာကိုပဲျဖစ္ျဖစ္ ေနာင္တ ရခဲသည္။ သို႔ေသာ္လည္း အခုလို ေသြးေအးသြားခ်ိန္မွာေတာ့ သူ႕ဗိုက္ထဲတြင္ မအီမသာခံစားရေလာက္ေအာင္ထိ စိတ္မေကာင္းျဖစ္ေနမိသည္။ သူ ပိုက္ဆံအိတ္ေနာက္ကို လိုက္မသြားခင္မွာ အရင္ဆုံး နမ္းလိုက္သင့္တာ။ ဒါကိုၾကည့္ရင္ ေယာက္်ားေတြရဲ႕ ပင္ကိုယ္ဗီဇက အခ်စ္စိတ္ေတြကို အနိုင္ရသြားတာလို႔ပဲ ဆိုရေတာ့မည္။

ေရွာင္းန်န္ရင္ထဲမွာ ေဝ့႐ူစုန႔္က ေျပာမျပတတ္ေလာက္ေအာင္ ခ်စ္စရာေကာင္းေနသည္ဟု ခံစားရသည္။ ေၾကာင္ငယ္ေလးေတြရဲ႕ ပန္းေရာင္ေျခဖဝါးေတြလိုမ်ိဳး၊ ေအးျမတဲ့အခ်ိန္မွာ ေသာက္လိုက္ရတဲ့ စြပ္ျပဳပ္ေႏြးေႏြး တစ္ဇြန္းလိုမ်ိဳး၊ ေႏြဦးေလညွင္းထဲမွာ လြင့္ပ်ံေနတဲ့ ေခါင္းေလာင္းသံ တခြၽင္ခြၽင္လိုမ်ိဳး၊ အဆင္ဒီဇိုင္းစုံလွတဲ့ ငွက္ေမႊးဂြမ္းေစာင္ေလးေတြလိုမ်ိဳး လူေတြကို ကံေကာင္းေစၿပီး ေပ်ာ္႐ႊင္တက္ႂကြေစတယ္ေလ။ ေရွာင္းန်န္ကေတာ့ သူတို႔ႏွစ္ေယာက္က ရင္းနီးကြၽမ္းဝင္လြန္းေနသလိုပဲ ေဝးကြာလြန္းေနေသးသည္လို႔လည္း အၿမဲလိုလို ခံစားရသည္။ ဒီလို ထူးဆန္းသည့္ခံစားခ်က္ႀကီးကို သူမေျဖရွင္းနိုင္ဘူး, သူ ေဝ့႐ူစုန႔္ကိုပဲ တည့္တည့္ေျပာလိုက္ရင္ ေကာင္းမလား?

ေရွာင္းန်န္က ထရပ္လိုက္ၿပီး, အေမွာင္ထဲတြင္ အစမ္းေလ့က်င့္ေတာ့သည္။

"စီနီယာ, ကြၽန္ေတာ္ စီနီယာ့ကို သေဘာက်တယ္, ကြၽန္ေတာ္တို႔ တြဲၾကရေအာင္" မဟုတ္ေသးဘူး, ဒါက ေပါ့ပ်က္ပ်က္နိုင္လြန္းတယ္။

"စီနီယာ, ကြၽန္ေတာ့္ရဲ႕ အိမ္ေထာင္စုစာရင္းမွာ ပါဝင္ဖို႔ ဆႏၵရွိသလား?" ဒါႀကီးက အရမ္းပဲ ဒိတ္ေအာက္လြန္းတယ္လို႔ ထင္ရတယ္။

"စီနီယာ, ကြၽန္ေတာ့္ရဲ႕ ဘိုေဘးဘီဘင္ေတြဆီက အေမြရခဲ့တဲ့ ဗီဇဆဲလ္ေတြက စီနီယာ့အတြက္ပဲ" ရိုင္းလြန္းတယ္, ေဝ့႐ူစု႔န္က ေသခ်ာေပါက္ ငါ့ကို သူ႕ရဲ႕ ဝမ့္ဖာလက္သီးနဲ႕ သတိေပးလိမ့္မယ္။

(T/N: ကိုယ့္အေသြးအသားမ်ားလဲ မင္းအတြက္ပါပဲ ဆိုတဲ့ သီခ်င္းလိုမ်ိဳးေပါ့ေနာ္။😰)

"စီနီယာ, ဒီေန႕ည အရမ္းေခ်ာတာပဲ။" ေဝ့႐ူစုန႔္က ဒါကို မခံစားတတ္ဖူးဆိုရင္ အလကားပဲ, အသုံးမဝင္ဘူး!

အဲ့ဒီညက, ေရွာင္းန်န္တစ္ေယာက္ မတူညီတဲ့ ဝန္ခံစကားေပါင္း ေသာင္းေက်ာ္ကို ေလ့က်င့္ခဲ့သည္, ေနာက္ဆုံးမွာေတာ့ သူနားလည္လိုက္တာက သူတို႔ရဲ႕ဆက္ဆံေရးမွာ ေဝ့႐ူစုန႔္ဘက္က ေျခလွမ္းေသးေသးေလး တစ္လွမ္းပဲ လွမ္းဖို႔လိုေတာ့တယ္ ဆိုတာကိုေပါ့။ ၿပီးေတာ့ ဒီလိုျဖစ္လာခဲ့မယ္ဆိုရင္ သူတို႔ႏွစ္ေယာက္က တံတားကိုျဖတ္ဖို႔ ျဖစ္လာေတာ့မယ္။ အကယ္၍ တျခားတစ္ေယာက္ကသာ ဒီတံတားကို ေက်ာ္လာခဲ့မယ္ဆိုရင္ ေရွာင္းန်န္ကေတာ့ အဲ့ဒီသူကို ျမစ္ထဲကန္ခ်ပစ္လိုက္မွာပဲ။

သူ႕ေမေမ ကြယ္လြန္သြားၿပီးေနာက္ပိုင္းမွစ၍ ေဝ့မိသားစု၏ တ႐ုတ္ႏွစ္သစ္ကူးမွာ တစ္စုံတစ္ခု လစ္ဟာေနသလိုမ်ိဳး အၿမဲခံစားခဲ့ရသည္။ ဆယ္စုႏွစ္တစ္ခုကေတာ့ ကုန္ဆုံးသြားျပန္သည္။ သူတို႔၏ ထမင္းစားပြဲေလးကေတာ့ ဘယ္ေတာ့မွ ျပန္မလာနိုင္ေတာ့မည့္ အမ်ိဳးသမီးတစ္ေယာက္ကို ေစာင့္ဆိုင္းရင္း ဗလာသတ္သတ္ ျဖစ္ေနတုန္းပင္။

ေဝ့႐ူစုန႔္ကေတာ့ အၿငိမ္မေနဘူး။ သူက ေဝ့ယန္ဟိုင္ႏွင့္ ေလ့က်င့္ခန္းလုပ္ၿပီး ေသာက္စားတာလုပ္ရင္လုပ္ မဟုတ္ရင္လည္း တစ္ေယာက္တည္း အိပ္ခန္းထဲတြင္ ဂိမ္းေဆာ့ေနျပန္သည္။ ေဝ့ယန္ဟိုင္သည္လည္း အရင္ခ်ိန္မ်ားကေတာ့ သူ႕ကို ရိုက္ႏွက္တတ္ေသာ္ျငား အခုခ်ိန္မွာေတာ့ သူ၏သားမွာ ႀကီးျပင္းလာၿပီမို႔ ဒီ့ထက္ပိုၿပီး မထိန္းခ်ဳပ္နိုင္ေတာ့ဘူး။ ဒါ့ေၾကာင့္ ေဝ့႐ူစုန႔္ကို သူ႕ဘာသာ လႊတ္ထားလိုက္ေတာ့သည္။

ဒီေန႕ကေတာ့ တ႐ုတ္ႏွစ္သစ္ကူးအႀကိဳေန႕ ျဖစ္သည္။ ေဝ့႐ူစုန႔္ႏွင့္ ေဝ့ယန္ဟိုင္အတြက္ေတာ့ ႏွစ္သစ္ကူးပြဲေတာ္ကို အတူတူထိုင္ၾကည့္သည္မွာ ႀကဳံခဲလွသည္။ ကို႔ရို႔ကားယား ရယ္ရတဲ့ ဇာတ္လမ္းတိုေလးေတြ မဟုတ္ရင္ အဆိုေတာ္ေတြရဲ႕ Lip-sync ေဖ်ာ္ေျဖပြဲေတြမ်ိဳးကို ၾကည့္ၾကေလသည္။ သူတို႔၏ စိတ္ဝင္စားမႈမ်ားကေတာ့ တက္တက္ႂကြႂကြ မရွိေလဘူး။ ဒီတိုင္းထိုင္ေနၾကသည္မွာ ပ်င္းစရာေကာင္းလာသည္မို႔ ေဝ့႐ူစုန႔္က တစ္ခုခုရွာႀကံၿပီးေျပာရန္ ႀကိဳးစားလိုက္ေလသည္။

"အေဖ, ဘာလို႔ ကြၽန္ေတာ္နဲ႕ ေရွာင္းန်န္က တြဲေနတယ္လို႔ ထင္တာလဲ?"

"ဒါက ငါ့အတြက္ သိသာေနတာပဲကို," ေဝ့ယန္ဟိုင္က သူ႕ေဆးလိပ္ကို ျပာခြက္ထဲ ေခါက္လိုက္ၿပီး "ငါက မင္းအေဖပဲေလ။"

"ဒါဆိုရင္ေတာ့ အေဖ့ရဲ႕ အကဲျဖတ္တဲ့စေကးက ေတာ္ေတာ္ေလးဆိုးတာပဲ," ေဝ့႐ူစုန႔္က ခပ္ဖြဖြ ၿပဳံးလိုက္ေလသည္။ "ကြၽန္ေတာ္တို႔က တကယ္ပဲ တြဲေနတာ မဟုတ္ဘူး။"

"ဒါဆို မင္းတို႔က အီစီကလီလုပ္ေနၾကတာလား။" ေဝ့ယန္ဟိုင္က မ်က္ေတာင္မခတ္ဘူး။ "သူ႕ကို ကစားေနတာ ရပ္လိုက္, ေျပာသင့္တာကို ေျပာရမယ္, ေယာက္်ားတစ္ေယာက္အေနနဲ႕ အီးေလးဆြဲမေနနဲ႕။"

"မဟုတ္ဘူး, အေဖ အခုေျပာလိုက္တာကို ကြၽန္ေတာ္ လက္မခံနိုင္ဘူး," ေဝ့႐ူစုန႔္က မေပ်ာ္မ႐ႊင္နဲ႕ ထရပ္လိုက္သည္, Pistachio ေစ့ကို ပါးစပ္ထဲ ပစ္ထည့္လိုက္ၿပီး "ကြၽန္ေတာ္က ဘယ္လိုလုပ္ သူ႕ကိုကစားရမွာလဲ? သူကအရင္ ကြၽန္ေတာ့္ကို လာစတာေလ။"

{Pistachio}

"ဒါဆို သူက ဘာလို႔ ငါတို႔အိမ္ကို ေရာက္လာတာလဲ, ဒီေကာင္က ဒီေလာက္ၾကည့္ေကာင္းတာ, မင္းပုံကိုလည္း ၾကည့္ဦး မင္းနဲ႕သူနဲ႕ တကယ္ မတန္ဘူး။"

"အေဖ ကြၽန္ေတာ့္အေဖေရာ ဟုတ္ရဲ႕လား!"

"႐ူစုန႔္, ငါ မင္းကို မနာက်င္ေစခ်င္ဘူး, မင္းေၾကာင့္လည္း တျခားသူကို မနာက်င္ေစခ်င္ဘူး, ဒီလိုပုံနဲ႕ေတာ့ သူအထင္လြဲေနတာလည္း အံ့ဩစရာမရွိဘူး, မင္းတကယ္ပဲ သူနဲ႕မတြဲခ်င္ဘူးဆိုရင္ေတာ့, သူ႕အေပၚမွာ ရိုးရိုးသားသား ဆက္ဆံၿပီး ႀကိဳးရွည္ရွည္နဲ႕ လွမ္းထားတာကို ရပ္လိုက္ေတာ့။"

"ကြၽန္ေတာ္ ဘယ္တုန္းက လုပ္ခဲ့လို႔လဲ...." ေဝ့႐ူစုန႔္က ခုနက သတၱိမ်ားကေတာ့ ဘယ္ေရာက္သြားမွန္းမသိ ခပ္တိုးတိုး ေရ႐ြတ္ေနေလသည္။ "ကြၽန္ေတာ္သိၿပီ, ကြၽန္ေတာ့္အစား အေဖပဲ ရည္စားထားၾကည့္ပါလား။"

"မင္းက ႀကီးလာၿပီဆိုၿပီး ငါနဲ႕ျငင္းခုံနိုင္ၿပီလို႔ ထင္ေနတာေပါ့ေလ?!"

"မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး! အိမ္တြင္းအၾကမ္းဖက္မႈကို ႏွစ္သစ္ကူးအႀကိဳေန႕မွာ မလုပ္ရဘူးေလ! အဲဒါက ကံမေကာင္းေစဘူး, ကံမေကာင္းဘူး!"

ေျဗာက္အိုးေဖာက္သည္ကို တားျမစ္ထားသည္မွာ ႏွစ္ေပါင္းမ်ားစြာကပင္ ျဖစ္ေသာ္လည္း တီဗြီတြင္ countdown ေရတြက္မႈ ၿပီးဆုံးခ်ိန္မွာေတာ့ အျပင္ကေန ေျဗာက္ေဖာက္သံမ်ားကို ၾကားေနရၿပီး လူသားမ်ားအား ႏွစ္သစ္ေရာက္ၿပီးျဖစ္ေၾကာင္း သတိေပးေနေလသည္။ မလွမ္းမကမ္းတြင္ေတာ့ မီးပန္းမ်ား ပစ္လႊတ္ေနၾကသည္။ ယန္အန္းက မီးပန္းေလာက္ေတာ့ ဘယ္ႀကီးက်ယ္ခမ္းနားပါ့မလဲ။ မီးပန္းေတြက အနီေရာင္ႏွင့္ အစိမ္းေရာင္မ်ားပင္။ ဒါက ခပ္ညံ့ညံ့ေတြပဲ။ အေၾကာင္းအရင္းမရွိပဲ ေဝ့႐ူစုန႔္မွာ ႐ုတ္တရတ္ႀကီး ေရွာင္းန်န္ကို ေတြးမိသြားေလ၏။

ကံေကာင္းသည္ကေတာ့ အဲ့ဒီညက တီဗြီရွိ အစီအစဥ္အားလုံးမွာ ေစာေစာစီးစီး ၿပီးသြားေလသည္။ အေဖႏွင့္သားကေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္ ေျပာစရာမရွိ ျဖစ္ေနၿပီး ေဝ့ယန္ဟိုင္မွာ သူ႕အခန္းသူ ဝင္သြားေလၿပီး ေဝ့႐ူစုန႔္မွာလည္း ထိုနည္းလည္းေကာင္းပင္။ သူက ဖုန္းကို ၾကည့္လိုက္သည့္အခါ မရပ္မနား တုန္ခါေနၿပီး သူ၏ သူငယ္ခ်င္းမ်ားက အုပ္စုလိုက္ ႏွစ္သစ္ကူးဆုေတာင္းမ်ား ပို႔ထားၾကေလသည္။ ဒါႏွင့္ သူလည္း private message မွေန၍ လင္းေဝ့ႏွင့္ လမ္းသူရဲေကာင္မ်ားအား သူ၏အေကာင္းဆုံး ဆုေတာင္းစကားမ်ားကို ပို႔လိုက္ေလသည္။ အဲ့ဒီေနာက္မွာေတာ့ ေရွာင္းန်န္ႏွင့္သူ႕၏ private chat ကို ဖြင့္ၿပီး ငူငူငိုင္ငိုင္ႏွင့္ ၾကည့္ေနမိသည္။ ေရွာင္းန်န္မွာလည္း စိတ္ခ်င္းဆက္ေနသလိုမ်ိဳုး ရိုးရွင္းသည့္ ႏႈတ္ဆက္စကားေလးက သူ႕ဆီကို ပို႔လာေလေတာ့သည္။

_ စီနီယာ, ေပ်ာ္႐ႊင္စရာ တ႐ုတ္ႏွစ္သစ္ကူးေန႕ေလး ျဖစ္ပါေစ

ရိုးရွင္းေပမယ့္လည္း, ဒါက group text မဟုတ္တဲ့ private message ေလ။ ေဝ့႐ူစုန႔္ကလည္း အဘိုးႀကီး emoji ေလးနဲ႕ "ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ကူးပါ" ဆိုၿပီး ပို႔လိုက္ေလသည္။ ေအာက္ကေန "ငါ့ကို အန္ေပါင္းေပး" ဆိုၿပီးလည္း ပါေသးသည္။ ေရွာင္းန်န္က တကယ္ပဲ ပို႔လာမယ္လို႔ေတာ့ ဘယ္သူမွမထင္မိဘူးေပါ့။

_ ဂ်ဴနီယာ, မင္းက နည္းနည္းေတာ့ မပြင့္လင္းလြန္းဘူးလား?

ေဝ့႐ူစုန႔္ ဖြင့္ၾကည့္လိုက္ေတာ့ ၂၀၀ ေဒၚလာပင္, WeChat မွေန၍ အန္ေပါင္းပို႔ျခင္းမွာ ၂၀၀ ေဒၚလာအတိ ကန႔္သတ္ထားေလသည္။ သူက ေရွာင္းန်န္ဆီကို ဘယ္ေလာက္ပို႔ရင္ သင့္ေတာ္ေလာက္မလဲဟု စဥ္းစားေနခ်ိန္တြင္ ေရွာင္းန်န္က ၅၂၀ ေဒၚလာကို စတင္ၿပီး လႊဲပို႔ေတာ့သည္။
(T/N: 520 = I Love U တဲ့ တ႐ုတ္အသံထြက္က)

_ ငိုးပဲ! ငိုးမသားေလး! ငါမင္းကို လုပ္မိေတာ့မယ္! ေငြရဲ႕ဖ်ားေယာင္းမႈကို ဘယ္သူမွ လ်စ္လ်ဴမရႈနိုင္ဘူးကြ။ ေဝ့႐ူစုန႔္၏ ဖုန္းမ်က္ႏွာျပင္ေပၚတြင္ေတာ့ ၅၂၀ ေဒၚလာစာရင္းက ျပေနသည္။ သို႔ေပသည့္ သူ၏ဆင္ျခင္နိုင္စြမ္းကေတာ့ ဒါကို လက္မခံနိုင္ဘူးဟု သူ႕ကို ေျပာေနသည္မို႔ ေဝ့႐ူစုန႔္က ခနေတာ့ ဟန္လုပ္လိုက္ေသးသည္။

_ အိုေခ အိုေခ ပို႔ေနတာကို ရပ္လိုက္ေတာ့, မင္းခ်မ္းသာတာ ငါသိတယ္

_ ကြၽန္ေတာ့မွာ ပိုက္ဆံမရွိပါဘူး, ကြၽန္ေတာ့္ အေကာင့္ထဲမွာ အဲဒါပဲ က်န္ေတာ့တာ

_ မင္းက အခု ဘယ္မွာလဲ?

_ ဗင္းနစ္

_ ????? ဗင္းနစ္???

_ အင္း

ေရွာင္းန်န္က ဓာတ္ပုံ ပို႔လာသည္။ အခ်ိန္ကြာျခားမႈေၾကာင့္ ဗင္းနစ္တြင္ ညေနပိုင္းသာ ရွိေသးသည္။ ေနဝင္ခ်ိန္၏ ေသြးနီေရာင္ ေနလုံးႀကီးမွာေတာ့ ၾကည္လင္ေသာေရျပင္ကို ေရာင္ျပန္ဟပ္ေနၿပီး ျမစ္ျပင္တစ္ခုလုံးမွာေတာ့ ရဲရဲေတာက္ေနေလသည္။

အဲဒီေနာက္ေတာ့ ေရွာင္းန်န္က video call ေခၚလိုက္ရာ ေဝ့႐ူစုန႔္က လက္ခံေျပာလိုက္ေလသည္။ ညာဘက္ ေလးေထာင့္ကြက္ေပၚရွိ သူ၏ပုံမွာ ဖိုသီဖတ္သီ ျဖစ္ေနခ်ိန္တြင္ ေရွာင္းန်န္မွာ လန္းဆန္းေတာက္ပစြာ ေပၚလာေလေတာ့သည္။ ေရွာင္းန်န္၏ေနာက္တြင္ ဂြန္ဒိုလာေလွမ်ားကို ျမင္ေနရၿပီး ထိုေနရာရွိ ရာသီဥတုမွာေတာ့ ေတာ္ေတာ္ေလး ေအးေနေလသည္။ လူတိုင္း၏ အျပစ္အနာအဆာကိုျပသည့္ ေရွ႕ကင္မရာကို သုံးထားတာေတာင္မွ ေရွာင္းန်န္၏ လက္ေခ်ာင္းေလးမ်ားမွာေတာ့ ေလထဲတြင္ နီရဲေနေလ၏။ ေရွာင္းန်န္ကေတာ့ စကားလုံးျဖင့္ ေဖာ္မျပနိုင္ေလာက္ေအာင္ ခန႔္ျငားေနတုန္းပင္။

{Gondolas}

"စီနီယာ, ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ကူးပါ, ကြၽန္ေတာ္ အျပန္လက္ေဆာင္ေတြ စီနီယာ့အတြက္ ဝယ္ခဲ့မယ္။"

"မင္းက ဘာလို႔ ဒီေလာက္ေဝးတဲ့နိုင္ငံကို သြားရတာလဲ?"

"ကြၽန္ေတာ္ ဒီမွာ ရိုက္ကြင္း တစ္ခုရွိလို႔, ဒါေၾကာင့္ အားလပ္ရက္ခရီးအတြက္ပါ ရက္တိုးေနဖို႔ ဆုံးျဖတ္လိုက္တာ?"

"ေသာက္က်ိဳးနဲ, ဘာရိုက္ကြင္းတုန္း?"

"ဖက္ရွင္ မဂၢဇင္း"

"အရမ္းမိုက္တာပဲ?!" ေဝ့႐ူစုန႔္ကေတာ့ ေရွာ့ရသြားေလသည္။ ေရွာင္းန်န္က တကယ္ပဲ မဂၢဇင္းအတြက္ ေမာ္ဒယ္ေပါ့ေလ! "မင္းက ေဖ်ာ္ေျဖေရးေလာကကို ဝင္ဖို႔ စဥ္းစားထားတာလား?"

"ဟင့္အင္း, ဒါက အေပ်ာ္တမ္းပါ။" ေရွာင္းန်န္က အေရးမထားသည့္ပုံျဖင့္ပင္ ေျပာလိုက္သည္။ "စီနီယာ, ဒါက Bridge of Sighs ေရွ႕မွာေလ။"

{Bridge of Sighs}

{Gondola rides under the Bridge of Sighs}

(T/N: Bridge of Sighs သည္ Rio di Palazzo တူးေျမာင္းေပၚတြင္ တည္ေဆာက္ထားျခင္းျဖစ္သည္။ တံတားတစ္ခုလုံးကို ထုံးေက်ာက္ျဖဴမ်ားျဖင့္ ကာရံထားၿပီး ေက်ာက္တိုင္မ်ားပါေသာ ျပတင္းေပါက္မ်ားလည္း ပါရွိေလသည္။ Bridge of Sighs ကို ျမန္မာလို ျပန္တာထက္ သူ႕နဂိုနာမည္တိုင္း ထားတာပိုေကာင္းတာမို႔ ျမန္မာနာမည္ မတပ္လိုက္ပါေနာ္။)

"အိုး, Bridge of Sighs က ဘာျဖစ္လို႔လဲ?"

"ဒီတံတားမွာ ဒ႑ာရီရွိတယ္။ တကယ္လို႔ Bridge of Sighs ေပၚမွာ စုံတြဲေတြ နမ္းၾကမယ္ဆိုရင္ ထာဝရ အတူတူရွိနိုင္ၾကလိမ့္မယ္တဲ့"

"ဘာ?" ေဝ့႐ူစုန႔္က စိတ္လြတ္ၿပီး ေမးလိုက္ေလသည္။ "ဒါေပမယ့္ ငါမွ မင္းေဘးမွာ မရွိတာ?"😂

"....." ေရွာင္းန်န္က ႐ုတ္တရတ္တုန္လႈပ္သြားေသာ္လည္း သူက ႏူးႏူးညံ့ညံ့ေလး ၿပဳံးျပလိုက္ၿပီး "အိုေခ, ေနာက္တစ္ေခါက္ ကြၽန္ေတာ္တို႔ ဒီကို အတူတူလာၾကမယ္_"

(T/N: ဒီအခန္း ဘာသာျပန္တုန္းက ကိုယ့္မွာ ႐ူစုန႔္ကို ခ်စ္လည္းခ်စ္ ရယ္လည္းရယ္ခ်င္ၿပီး တစ္ခြိခြိနဲ႕ကို အေတာမသတ္နိုင္ဘူး)

"ဟယ္လို!" နတ္သမီးလို မ်က္ႏွာေလးက ဖုန္းမ်က္ႏွာျပင္မွာ ေပၚလာေလသည္။ သားေမႊးကုတ္အကၤ်ီႏွင့္ ေနကာမ်က္မွန္ တပ္ထားေသာ အမ်ိဳးသမီးက ေဝ့႐ူစုန႔္ကို ႏႈတ္ဆက္လိုက္သည္။ "႐ူစုန႔္, ငါ့ကိုေရာ သတိရေသးရဲ႕လား!"

"အန္တီ?!"

_ အိုး မိုင္ ေဂါ့! ရႈလီရွက ေရွာင္းန်န္နဲ႕ ေျပာေနတာေတြအားလုံးကို ၾကားသြားတာလား?! ေရွာင္းန်န္ မင္းမရွက္ဘူးလား! အားးးးးးး-- ေဝ့႐ူစုန႔္တစ္ေယာက္ သူ႕ေခါင္းကို ေစာင္ထဲကုန္းၿပီး ဖြက္ထားလို႔ သူ႕ေနာက္ပိုင္းေလးကေတာ့ ေလထဲတြင္ ေထာင္ေနေလသည္။(ဖင္ေထာင္ေနတဲ့ပုံေလး 😂) ရႈလီရွမွာ ပါးစပ္ကိုအုပ္ၿပီး ရယ္ေနေတာ့သည္။

"႐ူစုန႔္က ရွက္ေနတာလား? အန္ကယ္ကလည္း မင္းနဲ႕ေတြ႕ခ်င္လို႔တဲ့, ငါ မိတ္ဆက္ေပးမယ္, ဒါက ေရွာင္းန်န္အေဖ ငါ့ေယာက္်ား ေရွာင္းဝမ္းဖူ"

"ဟယ္လို! ေနေကာင္းလား!" ေရွာင္းဝမ္းဖူ၏ ပုံစံမွာ ယဥ္ေက်းရည္မြန္လွသည္။ ေ႐ႊကိုင္းတပ္မ်က္မွန္ႏွင့္ သူ၏သြင္ျပင္မွာ ခန႔္ထည္သည္။ ဘာသာစကားသင္ ဆရာတစ္ေယာက္လို ပုံစံမွာ သူ၏ပထမဆုံး အထင္ႏွင့္အျမင္ကေတာ့ တျခားစီပင္။ ကမာၻဝင္ေငြအေကာင္းဆုံး ကုမၸဏီ ၅၀၀ ထဲက ဥကၠဌတစ္ေယာက္လို႔ မင္းတို႔ ဘယ္ေတာ့မွ စိတ္ကူးၾကည့္မိမွာမဟုတ္ဘူး။ "အာ ငါနည္းနည္း စိတ္လႈပ္ရွားေနတယ္, ဟဲဟဲ... ငါ့ရဲ႕, ေခြၽးမနဲ႕ ေတြ႕ရတာ ဒါက ပထမဆုံးအႀကိမ္ဆိုေတာ့ေလ...." ေရွာင္းဝမ္းဖူက မ်က္ႏွာနီနီႏွင့္ ရယ္ေနေလသည္။ "လီရွဆီကေန ပထမဆုံးအႀကိမ္ၾကားတုန္းက ငါက ထူးဆန္းေနတာ, ဘာလို႔မ်ား မိန္းကေလးနာမည္က ႐ူစုန႔္ ျဖစ္ေနရတာလဲလို႔, ၿပီးမွ ေယာက္်ားေလး ျဖစ္ေနတာကိုး ဟားဟားဟား--"

"...." အန္ကယ္က တကယ္ႀကီး သေဘာထားႀကီးတာပဲ။

"ဒါေပမယ့္ ေယာက္်ားေလးျဖစ္ေနတာလည္း ပိုၿပီးေကာင္းတယ္, ငါထင္တယ္ မိန္းကေလးသာဆို န်န္ေလးရဲ႕ ေဒါသႀကီးတာကို ခံနိုင္မွာမဟုတ္ဘူး! တကယ္လို႔ ဒါကိုသာ မင္းလက္ခံနိုင္မယ္ဆိုရင္ေတာ့ အရမ္းေကာင္းတယ္!"

"မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ရပါဘူး, အန္ကယ္ ဘာေတြေျပာေနတာလဲခင္ဗ်," ေဝ့႐ူစုန႔္က အရမ္းပဲစိတ္လႈပ္ရွားေနေလသည္။ သူက ဒီလိုမ်ိဳး မဂၢဇင္းထဲက ကုမၸဏီဥကၠဌႀကီးနဲ႕ စကားေျပာခြင့္ႀကဳံမယ္လို႔ တစ္ခါမွ မေတြးမိဘူးေလ။ "ေရွာင္းန်န္က တကယ္ပဲ ေကာင္းတယ္, တကယ့္ တကယ့္ကိုပဲ!"

"ဟုတ္ၿပီ မင္းမပ်င္းဘူးလား, ငါတို႔ တျခား စိတ္ဝင္စားဖို႔ေကာင္းတာေလးေတြ ေျပာၾကရေအာင္ေလ!" သူ၏ေဘးတြင္ရွိေနေသာ ရႈလီရွက ညည္းညည္းၫူၫူျဖင့္ ဝင္ေျပာေလေတာ့သည္။ အခုေတာ့ ဖုန္းမ်က္ႏွာျပင္တြင္ စုံတြဲမ်က္ႏွာျဖင့္ ျပည့္သြားေတာ့သည္။ "႐ူစုန႔္ ငါတို႔နဲ႕အတူ ေျပာင္းလာၿပီးေနခ်င္လား? မင္းရဲ႕မိဘေတြကိုလည္း အတူတူ ေခၚလာခဲ့ေလ, ငါတို႔အိမ္ရဲ႕ေဘးမွာ ေနာက္ထပ္တစ္လုံး ထပ္ေဆာက္လိုက္မယ္, ငါတို႔ တစ္ေယာက္နဲ႕တစ္ေယာက္ ဂ႐ုစိုက္လို႔ရတာေပါ့!"

_ ခနေလး ဘယ္လို, လူခ်မ္းသာေတြက ဒီလိုပဲ ေပါ့ေပါ့ေလး ဆုံးျဖတ္တာပဲလား? ခင္ဗ်ားတို႔က အိမ္တစ္လုံးေဆာက္တာကို ေဈးထဲမွာ ဟင္း႐ြက္ကန္စြမ္းဝယ္တယ္လို႔မ်ား ထင္ေနလား?! ကံေကာင္းသြားသည္မွာ ေရွာင္းန်န္က ျမန္ျမန္ေလွ်ာက္လာၿပီး သူ႕ဖုန္းကို ျပန္ယူလိုက္တာပဲ။

"စီနီယာ, ကြၽန္ေတာ့္မိဘေတြေၾကာင့္ စိတ္မရႈပ္နဲ႕, ကြၽန္ေတာ္တို႔ ႏွစ္စမွာ ေတြ႕ၾကမယ္, ၿပီးေတာ့, Bridge of Sighs ကိုလည္း ျဖတ္ၾကမယ္။"

"ႏွေျမာစရာပဲ"

"စီနီယာ ကြၽန္ေတာ့ကို ဘာလို႔ အနမ္း မေပးေသးတာလဲ, ႏွစ္သစ္ကူးလက္ေဆာင္အေနနဲ႕ အဲဒါကို ေပးေလ။"

"...." ေဝ့႐ူစုန႔္က အနည္းငယ္ ရွက္ေနေလသည္။ "ဒါဆို, ဒါဆို ငါ, ငါ မင္းကို selfie ပို႔လိုက္မယ္, ဘိုင့္!"

(T/N: သူပဲ တံတားေပၚမွာ ဘာညာ သြားေျပာၿပီးေတာ့ 😂😂😂)

၁၀ မိနစ္ေလာက္ အၾကာမွာေတာ့ ေဝ့႐ူစုန႔္တစ္ေယာက္ ေနာက္ဆုံးတြင္ အေျဖာင့္ေကာင္မ်ား၏ အာဘြားဗာရွင္းႏွင့္ selfie ပုံကို ပို႔လာေတာ့သည္။ ေရွာင္းန်န္ကေတာ့ ခပ္ဟဟၿပဳံးလိုက္သည္။ ေဝ့႐ူစုန႔္တစ္ေယာက္ အဆင္ေျပသည့္ဓာတ္ပုံတစ္ပုံရရန္ ဘယ္လို စိတ္ပ်က္စရာေကာင္းစြာ ႀကိဳးစားရိုက္ေနမည္ကို သူက ျမင္ေယာင္ၾကည့္၍ရေနသည္။ ပုံကို သူ၏ဖုန္း wallpaper အေနျဖင့္ သိမ္းလိုက္ေတာ့သည္-- စီနီယာရဲ႕ ဓာတ္ပုံက ေတာ္ေတာ္ေလး ႐ုပ္ဆိုးတယ္,

__ ဒါေပမယ့္လည္း အရမ္းရမ္းကို ခ်စ္ဖို႔ေကာင္းေနတုန္းပဲ။

_____________^မမ္မို^____________

Next: What to Do, My Roommate and I Kissed, We Kissed, We Kissed, We Kissed

(T/N: အားးးးး ဒီအခန္းကို ျပန္ၿပီးဖတ္ရတာ အသည္းေတြယားလြန္းလို႔ျပန္ေနရင္းနဲ႕ တခြိခြိပဲ။ T/N ထည့္ခ်င္တာကို ဖတ္တဲ့သူေတြ အေႏွာက္အယွက္ ျဖစ္မွစိုးလို႔ မနည္းေအာင့္ထားရတယ္။Btw အရင္အပတ္က ေနာက္က်သြားလို႔ အေစာႀကီးတင္ၿပီး အေႂကြးျပန္ေပးတယ္ေနာ္။ စာေတြဆက္တိုက္ရိုက္ၿပီး ေခါင္းေတြကိုက္သြားၿပီ။ ေဆးတိုက္ၾကအုံး 😞)

Continue Reading

You'll Also Like

31.5K 2.2K 31
Short Title: [ Reckless ] Alternate Title : 轻狂 Author : Wu Zhe Eng Trans : NOVEL Updates Genre : Comedy, School Life, Shounen Ai, Slice of Life Cha...
128K 22.7K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
687K 84.3K 103
Title: After Dawn (黎明之后) Author: Bing Kuai'er (冰块儿) Status: Completed with 87 chapters Translation Status: Ongoing *** I do not own this story. All t...