မ်က္လံုးေတြ ပိတ္ထားလည္း ဒီမ်က္ဝန္းေတြပဲ
ျမင္ေနရသည္။
မ်က္လံုးေတြဖြင့္ထားလည္း ဒီမ်က္ဝန္းေတြပဲ ေတြ႕ေနရသည္။
တစ္ခ်က္ခ်က္ သူ႔ရဲ႕ ညႇိဳးနြမ္းေနတဲ့ မ်က္နွာေလးကို ျပန္ျမင္မိေတာ့ အသက္ရႈရ ခက္လာသည္။
အိပ္မေပ်ာ္လို႔ နာရီၾကည့္မိေတာ့ ည၂နာရီ။
အိပ္ရာထဲမွာ လူက လူးလိုက္လိမ့္လိုက္။
ဖုန္းထဲကေနပဲ သူ႔ရဲ႕ Saveထားတဲ့ပံုေလးေတြနဲ႔ အလြမ္းေျဖေသာ္ျငားလည္း ရင္ဘတ္ထဲကအဆင္မေျပ။
လြမ္းရသူရဲ႕ ညတာဟာ ရွည္လြန္းသည္။
မနက္မိုးေသာက္ခါနီးမွ ကြၽန္မ အိပ္ေပ်ာ္သြားခဲ့သည္။
အေမလာနွိုးေတာ့ကို မနက္၈နာရီေက်ာ္။
ဝရုန္းသုန္းကားထကာ ျပင္ဆင္ၿပီး ေက်ာင္းကိုထြက္လာလိုက္သည္။
လီဆာ ဘယ္မွာလဲ...... လီဆာ...လီဆာ...
ပထမစာသင္ခ်ိန္သာၿပီးသြားသည္။ သူကေပၚမလာေသး။
အတန္းေခါင္းေဆာင္လုပ္ေနသူက ဒီေလာက္ေတာင္
စည္းကမ္းမဲ့ရလား။
စာသင္ၿပီး ခဏ နားေနခိုက္ Somiဆိုသူက stageစင္ေပၚတက္လာၿပီး
"ဒီေန႔က စၿပီး အတန္းေခါင္းေဆာင္တာဝန္ကို ငါကတာဝန္ယူမွာပါ လီဆာမဟုတ္ေတာ့ပါဘူး အဲ့ေတာ့.....××××"
ဟမ္....ဒါကဘယ္လိုျဖစ္တာလဲ။
မဟုတ္မွလြဲေရာ.....မျဖစ္နိုင္တာ...သူေဆးလိပ္ေသာက္တာ ကိုယ္ရယ္သူရယ္ခ်ယ္ေယာင္းရယ္အျပင္ တျခားသူမသိ။ တစ္ေယာက္ေယာက္ကမ်ား......
အင္းေလ....အတန္းေခါင္းေဆာင္မဟုတ္ေတာ့လည္း သူ႔တာဝန္ေပါ့တာေပါ့။ မဟုတ္ရင္ အတန္းရဲ႕ အလုပ္ကိုလုပ္ေနတာနဲ႔တင္ သူ႔အလုပ္ပ်က္မွာ။
ညေနထိ ခ်စ္ရသူက ေပၚမလာ။
ေက်ာင္းဆင္းေတာ့ Somiဆီသြားၿပီးေမးမိသည္။
"Somi Somi ခဏ ငါေမးစရာရွိလို႔"
"............"
"ဟိုေလ လီဆာက ဒီေန႔ဘာလို႔ေက်ာင္းမလာတာလဲဟင္"
"ေနမေကာင္းလို႔ခြင့္တိုင္ထားတယ္ေျပာတယ္ ဘာလို႔လဲ"
"ေၾသာ္...ဘာမွမဟုတ္ပါဘူး ဒီတိုင္းပဲ ေမးၾကည့္တာ"
ကြၽန္မရင္ထဲ စိုးရိမ္မႈက အျမင့္ဆံုးlevel
မေန႔ကေတာင္ အေကာင္းႀကီး။
ဘာလို႔မ်ားဖ်ားတာပါလိမ့္။
အားကစား အရမ္းလုပ္လြန္းလို႔လား။
ကိိုယ္ေတြလက္ေတြနာေနမွာလား။
သူ႔လက္ေလးေတြကႏုႏုေလးေတြကို ကိုက္ခဲေနရင္...
ေခြၽးအေအးပတ္တာမ်ားလား။
ကိုယ္ေတြမ်ား အရမ္းပူေနလား။
အဖ်ားေတြတက္ေနမွာလား။
တစ္ေယာက္ထဲ ျဖစ္ေနမွာလား။
အစားေရာ စားပါ့မလား။
ေမးခြန္းေပါင္းမ်ားစြာက ကြၽန္မေခါင္းထဲ ပစ္ဝင္လာသည္။
ကြၽန္မတစ္ေယာက္တည္း ေခါင္းေတြပါကိုက္လာသည္။
နဖူးကပါ ေခြၽးေစးေတြျပန္လာသည္။
သူ႔အိမ္လိုက္သြားရမယ္...ဟုတ္တယ္ သူ႔အိမ္...
လိုက္ဖို႔က ဘယ္ေနမွန္းလဲ မသိ။
ဖုန္းနံပါတ္လည္း မရွိ။
အား....ေသခ်င္တယ္......
စိတ္ရွိရွိနဲ႔သာ ေတြ႕သမ်ွကန္လိုက္ရရင္ေတာ့....
ကြၽန္မတစ္ေယာက္ထဲ ျပာယာခတ္ၿပီး ေက်ာင္းေ႐ွ႔သို႔
ထြက္လာလိုက္သည္။
Driverက လာမႀကိဳေသး။
ေစာင့္ရံုကလြဲၿပီး ဘာမွမတတ္နိုင္။
၁၅မိနစ္ နာရီဝက္ ၄၅မိနစ္.
ဟာ....ဒီDriver
ကြၽန္မ တကယ္စိတ္ညစ္လာၿပီ။
ဘာလုပ္လို႔ ဘာကိုင္ရမလဲ မသိေတာ့။
ကြၽန္မ ....ကြၽန္မ.... ငိုခ်င္လာသည္။
=====
"ဘာလို႔ငိုေနတာလဲ လာမႀကိဳလို႔လား"
ဒီအသံ...ဟုတ္တယ္ သူ႔အသံ...
ကြၽန္မ ေမာ့ၾကည့္လိုက္ေတာ့ ......ကြၽန္မရဲ႕ သူ
"လီဆာ"
ဖက္ထားလိုက္သည္။ တကယ္ကို တင္းတင္းက်ပ္က်ပ္။
ၾကားေလမေသြးရေအာင္......
သူက ကြၽန္မကို ျပန္ဖက္ထားၿပီး ကြၽန္မကိုနွစ္သိမ့္ေပး
သည္။ ကြၽန္မရဲ႕ ဆံနြယ္ေလးေတြကိုလည္း တယုတယ
ပြတ္သပ္ေပးေနေသးတာ။
"ဟုတ္လား အိမ္ကလာမႀကိဳလို႔ငိုေနတာလား"
ကြၽန္မေခါင္းရမ္းျပမိသည္။
"မငိုနဲ႔ေတာ့ေလ"
သူက...သူက....ကြၽန္မ ပါးေပၚက မ်က္ရည္ေတြကို သူ႔လက္ေလးနဲ႔ သုတ္ေပးတယ္။
အခုသူနဲ႔ ကြၽန္မရဲ႕ အကြာအေဝးက စင္တီမီတာပိုင္းေလာက္မွာ...
ကြၽန္မသိပ္ခ်စ္ရတဲ့ သူက ကြၽန္မ အနီးနားမွာ...
စိုးရိမ္မႈ တခ်ိဳ႕လႊမ္းေနတဲ့ သူ႔မ်က္ဝန္းေတြ...
ဒါကြၽန္မကို စိုးရိမ္ေနတာလား ကိစၥတစ္ခုခုေၾကာင့္လား
မသိေပမဲ့.....ဒီေန႔အဖို႔ .....
ကြၽန္မကို စိုးရိမ္တယ္လို႔ပဲ မွတ္ယူပါ့မယ္။
သာယာခ်ိဳျမေနတဲ့ သူ႔ရဲ႕ အသံ....
ကြၽန္မကို နွစ္သိမ့္စကားေျပာေနတဲ့ သူ႔နႈတ္ခမ္းေထြးေထြးေလးတစ္ခ်က္ခ်က္ လႈပ္ရွားသြားတိုင္း ကြၽန္မရဲ႕
အသက္ရႈေတြ ေအာင့္ေအာင့္သြားရတယ္။
အဲ့ေလာက္ထိ သူက....ကြၽန္မကို....ညႇိဳ႕ယူတယ္။
"မငိုနဲ႔ေတာ့ေနာ္ ငါရွိေနတာမို႔"
"အင္း မငိုေတာ့ဘူး"
ကြၽန္မ သူ႔ကို အားကိုးတႀကီးထပ္ဖက္လိုက္သည္။
တစ္ေယာက္ေယာက္ရပ္တန္႔ေပးပါ ဒီအခ်ိန္ေလးကို..
ေက်းဇူးျပဳၿပီး.....
ေနြးေထြးတဲ့ ဒီရင္ခြင္ကို ကြၽန္မဘယ္ေတာ့မ်ားမွ....
ပိုင္ဆိုင္ရမွာလဲ......
"လာ ဆိုင္ကယ္ေပၚတက္"
ဒီေန႔ေတာ့ သူက ဆိုင္ကယ္ဦးထုပ္ေဆာင္းေပးတယ္
ကြၽန္မကို......
ကြၽန္မ အိပ္မက္မက္ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူးေနာ္...
သူကဆိုင္ကယ္ေမာင္းရင္း လွမ္းေမးတယ္
"နင္ ငါ့ေနာက္ကလိုက္ရတာ ေခြၽးေစာ္မနံဘူးလား"
"အင္း နည္းနည္း"
"အဟား...နင္ကပြင့္လင္းတာပဲ ကေလးေလးအတိုင္းပဲ"
ဒါပဲလား ကေလးေလးပဲလား....ငါ့ရဲ႕ကေလးေလးလို႔ေရာမေျပာခ်င္ဘူးလား...
"နင္ဘာစားၿပီးၿပီလဲ ဗိုက္ဆာေနမွာေပါ့"
"ဟင့္အင္း ငါမဆာပါဘူး ဒီတိုင္း အိမ္ကိုပဲလိုက္ပို႔ေပး"
"အင္း နင္ဗိုက္ဆာရင္ ငါကမုန္႔လိုက္ေကြၽးမလို႔ကို ေနာက္ က္မွေပါ့ေနာ အဲ့ဒါဆိုလည္း"
"အဲ....ဟို...ငါဗိုက္ဆာတယ္ ခုနက ငါညာတာ"
ေနာက္ရက္ဆိုတာမေသခ်ာ....မနက္ျဖန္တိုင္းဆိုတာလည္းမေသခ်ာ..အဲ့ဒါေၾကာင့္ လက္ရွိပစၥဳပၸန္အခ်ိန္တိုင္းမွာ
နင့္ကို ခ်စ္ေပးမွာ...
သူထိုင္ေနက် ေကာ္ဖီဆိုင္ထင္ပါရဲ႕။
ဆိုင္ကယ္ရပ္ၿပီး ဦးထုပ္ခြၽတ္တာကစ ၿပီးျပည့္စံုေနမႈႀကီး။
"လာ သြားမယ္"
အထဲမွာ ပတ္ခ်ယ္ေယာင္းက ေကာင္တာမွာ
ထိုင္ေနသည္။
ဒါသူတို႔ ဆိုင္မ်ားလား...
"လာ ဂ်င္းနီ ထိုင္"
သူက ကြၽန္မအတြက္ခံု ယူေပးသည္။ ဇာတ္ကားေတြထဲက မင္းသားနဲ႔ မင္းသမီးေတြလိုမ်ိဳး...
"ဘာမ်ားသံုးေဆာင္မလဲ Ms.Jennie Kim shi"
ခ်ယ္ေယာင္းက Menuအတူ ႀကိဳဆိုသည္။
သူက သူ႔သူငယ္ခ်င္းလုပ္ပံုကို ၾကည့္ၿပီး ၿပံဳးေနသည္။
ကြၽန္မစိတ္ထဲ အခုမွ လံုၿခံဳလာသလို ေနြးေထြးလာသလို ခံစားရသည္။
"ေ႐ြးေလ ဂ်င္းနီ ငါတို႔က အလကားတိုက္မွာပါ နင္ပိုက္ဆံရွင္းစရာမလိုပါဘူး"
သူကေျပာေတာ့ ကြၽန္မ.....အင္း....ကြၽန္မ ၿပံဳးမိသည္။
ကြၽန္မ ၿပံဳးတယ္မၿပံဳးဘူးဆိုတာ....သူ႔အေပၚမူတည္ၿပီ။
ကြၽန္မၿပံဳးေတာ့ သူရယ္သည္။
"အဟားဟား ခ်ယ္ေယာင္းေရ ဂ်င္းနီ ရယ္ေနၿပီသိလား ခုနကနဲ႔တျခားစီ ခုနကငိုေနတာ"
"ဟုတ္လား ခုနက ဘာလို႔ငိုေနတာလဲ နင္ဘာလုပ္လိုက္လို႔လဲ"
"ဟား ငါကလုပ္စရာလား"
ေျပာတတ္ရန္ေကာ အခ်စ္ရယ္......
ခ်ယ္ေယာင္းကိုယ္တိုင္ လုပ္ထားေသာ ကိတ္မုန္႔နွင့္ေကာ္ဖီတစ္ခြက္ကို ဧည့္ခံသည္။
ဒီညေတာ့ ေကာ္ဖီေသာက္လည္း အိပ္ေပ်ာ္ၿပီ။
ခ်ယ္ေယာင္းရဲ႕ ဆို္င္အျပင္ဘက္မွာ ခံုရွည္ေလးရွိသည္။
ထိုခံုရွည္ေပၚတြင္ ကြၽန္မနွင့္ သူ နွစ္ေယာက္တည္း....
"နင္ ေနမေကာင္းဘူးဆို"
"ငါ ခ်ယ္ေယာင္းဆိုင္ကိစၥနဲ႔ အလုပ္ရႈပ္ေနလို႔ေလ အဲ့တာေၾကာင့္ ေနမေကာင္းဘူးဆိုၿပီး ခြင့္တိုင္ထားတာ"
"ဒါက ခ်ယ္ေယာင္းဆိုင္လား"
"အင္း ဟုတ္တယ္ ေက်ာင္းဆင္းတာနဲ႔ သူ႔ဆိုင္ဖြင့္တာပဲ"
"ဖြင့္တာ ဘယ္ေလာက္ၾကာၿပီလဲဟင္"
"၁လေက်ာ္ပဲရွိေသးတာ"
၁လေက်ာ္ပဲ ရွိေသးသည္ဆိုေပမဲ့ ေရာင္းအားေကာင္းသည္ဟုေျပာရမလား။ ကြၽန္မသြားေတာ့ကို ဧည့္သည္က ျပတ္တယ္လို႔သိပ္မရွိ။
သူနဲ႔ ကြၽန္မၾကား ေအးစက္သြားျပန္သည္။
ေနြးေထြးမႈကို ကြၽန္မကပဲ စတင္ရမယ္ မဟုတ္လား။
"လီဆာ"
"အင္း"
"နင္....အတန္းေခါင္းေဆာင္မဟုတ္ေတာ့ဘူး"
"အင္း ငါသိတယ္"
"နင္ ဘယ္လိုမွမေနဘူးလား"
"ငါက ဘာကိုဘယ္လိုေနရမွာလဲဟ"
ဟုတ္ပါတယ္ေလ......
"နင္ေလ....."
"အင္း"
"ဟို......"
"ေျပာစရာရွိတဲ့စကားကို ရဲရဲေျပာစမ္းပါဟာ ငါနင့္ကို
ကိုက္မစားပါဘူး"
"အင္းပါ....ဟို....ေဆးလိပ္ေတြ..."
"အဲ့ဒါက ငါ့ကိစၥပါ"
ဒါဆို သူ႔ကိစၥမို႔ ဝင္မစြက္ဖက္နဲ႔ဆိုတဲ့ သေဘာလား။
ကြၽန္မၿငိမ္သြားေတာ့ သူကြၽန္မဘက္ ေစာင္းငဲ့ၾကည့္သည္။
"ဘာလဲ စိတ္ဆိုးသြားတာလား"
"မဟုတ္ပါဘူး ငါက နင့္ကို အဲ့တာေတြမလုပ္ေစခ်င္ရံုပါ"
"ဟုတ္လား မလုပ္ေစခ်င္ဘူးလား"
"အင္း တကယ္"
"ငါႀကိဳးစားၾကည့္မယ္ေလ"
"ကတိေနာ္"
"အင္း....အရင္ဆံုးႀကိဳးစားၾကည့္မယ္ေလ ကတိကေတာ့ေနာက္မွေပါ့"
သူကအဲ့လိုလူ။
"ကဲေနာက္က်ေနၿပီ နင့္အိမ္က စိတ္ပူေနဦးမယ္"
"အင္း ျပန္မယ္ေလ"
သူ႔ဆိုင္ကယ္ေနာက္က ထိုင္လိုက္ရတာ တကယ္ရင္ခုန္ဖို႔ေကာင္းပါသည္။
ေရွ႕တိုးၿပီး သူ႔ခါးကို ပိုတိုးဖက္ထားမိသည္။
ကြၽန္မအိမ္ေရွ႕ေရာက္ေတာ့
"ငါျပန္ေတာ့မယ္ေနာ္ ငါ့ကိုစိတ္ပူမေနနဲ႔ဦး"
ကြၽန္မစိတ္ပူတာ သူသိတာလား။
သူကြၽန္မစိတ္ကို ဖတ္ေနတာလား။
ကြၽန္မသူ႔ကို ခ်စ္တဲ့စိတ္ေလးပါ ဖတ္မိရင္ေကာင္းသား။
"အင္းပါ စိတ္မပူေတာ့ပါဘူး"
"ကတိေနာ္"
"အင္း...ႀကိဳးစားၾကည့္မယ္ေလ..."
"အဟား လူလည္မေလး ငါ့စကားကို"
ခဏခဏၿပံဳးေနတာက ဒီလူကို.........
သူက ျပန္ဖို႔ ဆိုင္ကယ္စက္နွိုးေတာ့
"ငါျပန္ၿပီေနာ္ အိမ္ထဲဝင္ေတာ့"
"အဲ ခဏ ငါ့ကိုနင့္ဖုန္းနံပါတ္ေလးေပးထားခဲ့ပါလား"
ထိုေန႔က သူနွင့္ကြၽန္မ ဖုန္းနံပါတ္ခ်င္းဖလွယ္ခဲ့ၾကသည္။
နွလံုးသားခ်င္းေရာ...ဘယ္ေတာ့မွ ဖလွယ္ရမွာလဲ..
အခ်စ္ရယ္............
💛💛💛🖤🖤🖤🖤
18Dec19 | 08:53PM
================================
မျက်လုံးတွေ ပိတ်ထားလည်း ဒီမျက်ဝန်းတွေပဲ
မြင်နေရသည်။
မျက်လုံးတွေဖွင့်ထားလည်း ဒီမျက်ဝန်းတွေပဲ တွေ့နေရသည်။
တစ်ချက်ချက် သူ့ရဲ့ ညှိုးနွမ်းနေတဲ့ မျက်နှာလေးကို ပြန်မြင်မိတော့ အသက်ရှုရ ခက်လာသည်။
အိပ်မပျော်လို့ နာရီကြည့်မိတော့ ည၂နာရီ။
အိပ်ရာထဲမှာ လူက လူးလိုက်လိမ့်လိုက်။
ဖုန်းထဲကနေပဲ သူ့ရဲ့ Saveထားတဲ့ပုံလေးတွေနဲ့ အလွမ်းဖြေသော်ငြားလည်း ရင်ဘတ်ထဲကအဆင်မပြေ။
လွမ်းရသူရဲ့ ညတာဟာ ရှည်လွန်းသည်။
မနက်မိုးသောက်ခါနီးမှ ကျွန်မ အိပ်ပျော်သွားခဲ့သည်။
အမေလာနှိုးတော့ကို မနက်၈နာရီကျော်။
ဝရုန်းသုန်းကားထကာ ပြင်ဆင်ပြီး ကျောင်းကိုထွက်လာလိုက်သည်။
လီဆာ ဘယ်မှာလဲ...... လီဆာ...လီဆာ...
ပထမစာသင်ချိန်သာပြီးသွားသည်။ သူကပေါ်မလာသေး။
အတန်းခေါင်းဆောင်လုပ်နေသူက ဒီလောက်တောင်
စည်းကမ်းမဲ့ရလား။
စာသင်ပြီး ခဏ နားနေခိုက် Somiဆိုသူက stageစင်ပေါ်တက်လာပြီး
"ဒီနေ့က စပြီး အတန်းခေါင်းဆောင်တာဝန်ကို ငါကတာဝန်ယူမှာပါ လီဆာမဟုတ်တော့ပါဘူး အဲ့တော့.....××××"
ဟမ်....ဒါကဘယ်လိုဖြစ်တာလဲ။
မဟုတ်မှလွဲရော.....မဖြစ်နိုင်တာ...သူဆေးလိပ်သောက်တာ ကိုယ်ရယ်သူရယ်ချယ်ယောင်းရယ်အပြင် တခြားသူမသိ။ တစ်ယောက်ယောက်ကများ......
အင်းလေ....အတန်းခေါင်းဆောင်မဟုတ်တော့လည်း သူ့တာဝန်ပေါ့တာပေါ့။ မဟုတ်ရင် အတန်းရဲ့ အလုပ်ကိုလုပ်နေတာနဲ့တင် သူ့အလုပ်ပျက်မှာ။
ညနေထိ ချစ်ရသူက ပေါ်မလာ။
ကျောင်းဆင်းတော့ Somiဆီသွားပြီးမေးမိသည်။
"Somi Somi ခဏ ငါမေးစရာရှိလို့"
"............"
"ဟိုလေ လီဆာက ဒီနေ့ဘာလို့ကျောင်းမလာတာလဲဟင်"
"နေမကောင်းလို့ခွင့်တိုင်ထားတယ်ပြောတယ် ဘာလို့လဲ"
"သြော်...ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ မေးကြည့်တာ"
ကျွန်မရင်ထဲ စိုးရိမ်မှုက အမြင့်ဆုံးlevel
မနေ့ကတောင် အကောင်းကြီး။
ဘာလို့များဖျားတာပါလိမ့်။
အားကစား အရမ်းလုပ်လွန်းလို့လား။
ကိိုယ်တွေလက်တွေနာနေမှာလား။
သူ့လက်လေးတွေကနုနုလေးတွေကို ကိုက်ခဲနေရင်...
ချွေးအအေးပတ်တာများလား။
ကိုယ်တွေများ အရမ်းပူနေလား။
အဖျားတွေတက်နေမှာလား။
တစ်ယောက်ထဲ ဖြစ်နေမှာလား။
အစားရော စားပါ့မလား။
မေးခွန်းပေါင်းများစွာက ကျွန်မခေါင်းထဲ ပစ်ဝင်လာသည်။
ကျွန်မတစ်ယောက်တည်း ခေါင်းတွေပါကိုက်လာသည်။
နဖူးကပါ ချွေးစေးတွေပြန်လာသည်။
သူ့အိမ်လိုက်သွားရမယ်...ဟုတ်တယ် သူ့အိမ်...
လိုက်ဖို့က ဘယ်နေမှန်းလဲ မသိ။
ဖုန်းနံပါတ်လည်း မရှိ။
အား....သေချင်တယ်......
စိတ်ရှိရှိနဲ့သာ တွေ့သမျှကန်လိုက်ရရင်တော့....
ကျွန်မတစ်ယောက်ထဲ ပြာယာခတ်ပြီး ကျောင်းရှေ့သို့
ထွက်လာလိုက်သည်။
Driverက လာမကြိုသေး။
စောင့်ရုံကလွဲပြီး ဘာမှမတတ်နိုင်။
၁၅မိနစ် နာရီဝက် ၄၅မိနစ်.
ဟာ....ဒီDriver
ကျွန်မ တကယ်စိတ်ညစ်လာပြီ။
ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့။
ကျွန်မ ....ကျွန်မ.... ငိုချင်လာသည်။
=====
"ဘာလို့ငိုနေတာလဲ လာမကြိုလို့လား"
ဒီအသံ...ဟုတ်တယ် သူ့အသံ...
ကျွန်မ မော့ကြည့်လိုက်တော့ ......ကျွန်မရဲ့ သူ
"လီဆာ"
ဖက်ထားလိုက်သည်။ တကယ်ကို တင်းတင်းကျပ်ကျပ်။
ကြားလေမသွေးရအောင်......
သူက ကျွန်မကို ပြန်ဖက်ထားပြီး ကျွန်မကိုနှစ်သိမ့်ပေး
သည်။ ကျွန်မရဲ့ ဆံနွယ်လေးတွေကိုလည်း တယုတယ
ပွတ်သပ်ပေးနေသေးတာ။
"ဟုတ်လား အိမ်ကလာမကြိုလို့ငိုနေတာလား"
ကျွန်မခေါင်းရမ်းပြမိသည်။
"မငိုနဲ့တော့လေ"
သူက...သူက....ကျွန်မ ပါးပေါ်က မျက်ရည်တွေကို သူ့လက်လေးနဲ့ သုတ်ပေးတယ်။
အခုသူနဲ့ ကျွန်မရဲ့ အကွာအဝေးက စင်တီမီတာပိုင်းလောက်မှာ...
ကျွန်မသိပ်ချစ်ရတဲ့ သူက ကျွန်မ အနီးနားမှာ...
စိုးရိမ်မှု တချို့လွှမ်းနေတဲ့ သူ့မျက်ဝန်းတွေ...
ဒါကျွန်မကို စိုးရိမ်နေတာလား ကိစ္စတစ်ခုခုကြောင့်လား
မသိပေမဲ့.....ဒီနေ့အဖို့ .....
ကျွန်မကို စိုးရိမ်တယ်လို့ပဲ မှတ်ယူပါ့မယ်။
သာယာချိုမြနေတဲ့ သူ့ရဲ့ အသံ....
ကျွန်မကို နှစ်သိမ့်စကားပြောနေတဲ့ သူ့နှုတ်ခမ်းထွေးထွေးလေးတစ်ချက်ချက် လှုပ်ရှားသွားတိုင်း ကျွန်မရဲ့
အသက်ရှုတွေ အောင့်အောင့်သွားရတယ်။
အဲ့လောက်ထိ သူက....ကျွန်မကို....ညှို့ယူတယ်။
"မငိုနဲ့တော့နော် ငါရှိနေတာမို့"
"အင်း မငိုတော့ဘူး"
ကျွန်မ သူ့ကို အားကိုးတကြီးထပ်ဖက်လိုက်သည်။
တစ်ယောက်ယောက်ရပ်တန့်ပေးပါ ဒီအချိန်လေးကို..
ကျေးဇူးပြုပြီး.....
နွေးထွေးတဲ့ ဒီရင်ခွင်ကို ကျွန်မဘယ်တော့များမှ....
ပိုင်ဆိုင်ရမှာလဲ......
"လာ ဆိုင်ကယ်ပေါ်တက်"
ဒီနေ့တော့ သူက ဆိုင်ကယ်ဦးထုပ်ဆောင်းပေးတယ်
ကျွန်မကို......
ကျွန်မ အိပ်မက်မက်နေတာမျိုးတော့ မဟုတ်ပါဘူးနော်...
သူကဆိုင်ကယ်မောင်းရင်း လှမ်းမေးတယ်
"နင် ငါ့နောက်ကလိုက်ရတာ ချွေးစော်မနံဘူးလား"
"အင်း နည်းနည်း"
"အဟား...နင်ကပွင့်လင်းတာပဲ ကလေးလေးအတိုင်းပဲ"
ဒါပဲလား ကလေးလေးပဲလား....ငါ့ရဲ့ကလေးလေးလို့ရောမပြောချင်ဘူးလား...
"နင်ဘာစားပြီးပြီလဲ ဗိုက်ဆာနေမှာပေါ့"
"ဟင့်အင်း ငါမဆာပါဘူး ဒီတိုင်း အိမ်ကိုပဲလိုက်ပို့ပေး"
"အင်း နင်ဗိုက်ဆာရင် ငါကမုန့်လိုက်ကျွေးမလို့ကို နောက် က်မှပေါ့နော အဲ့ဒါဆိုလည်း"
"အဲ....ဟို...ငါဗိုက်ဆာတယ် ခုနက ငါညာတာ"
နောက်ရက်ဆိုတာမသေချာ....မနက်ဖြန်တိုင်းဆိုတာလည်းမသေချာ..အဲ့ဒါကြောင့် လက်ရှိပစ္စုပ္ပန်အချိန်တိုင်းမှာ
နင့်ကို ချစ်ပေးမှာ...
သူထိုင်နေကျ ကော်ဖီဆိုင်ထင်ပါရဲ့။
ဆိုင်ကယ်ရပ်ပြီး ဦးထုပ်ချွတ်တာကစ ပြီးပြည့်စုံနေမှုကြီး။
"လာ သွားမယ်"
အထဲမှာ ပတ်ချယ်ယောင်းက ကောင်တာမှာ
ထိုင်နေသည်။
ဒါသူတို့ ဆိုင်များလား...
"လာ ဂျင်းနီ ထိုင်"
သူက ကျွန်မအတွက်ခုံ ယူပေးသည်။ ဇာတ်ကားတွေထဲက မင်းသားနဲ့ မင်းသမီးတွေလိုမျိုး...
"ဘာများသုံးဆောင်မလဲ Ms.Jennie Kim shi"
ချယ်ယောင်းက Menuအတူ ကြိုဆိုသည်။
သူက သူ့သူငယ်ချင်းလုပ်ပုံကို ကြည့်ပြီး ပြုံးနေသည်။
ကျွန်မစိတ်ထဲ အခုမှ လုံခြုံလာသလို နွေးထွေးလာသလို ခံစားရသည်။
"ရွေးလေ ဂျင်းနီ ငါတို့က အလကားတိုက်မှာပါ နင်ပိုက်ဆံရှင်းစရာမလိုပါဘူး"
သူကပြောတော့ ကျွန်မ.....အင်း....ကျွန်မ ပြုံးမိသည်။
ကျွန်မ ပြုံးတယ်မပြုံးဘူးဆိုတာ....သူ့အပေါ်မူတည်ပြီ။
ကျွန်မပြုံးတော့ သူရယ်သည်။
"အဟားဟား ချယ်ယောင်းရေ ဂျင်းနီ ရယ်နေပြီသိလား ခုနကနဲ့တခြားစီ"
"ဟုတ်လား ခုနက ဘာလို့ငိုနေတာလဲ နင်ဘာလုပ်လိုက်လို့လဲ"
"ဟား ငါကလုပ်စရာလား"
ပြောတတ်ရန်ကော အချစ်ရယ်......
ချယ်ယောင်းကိုယ်တိုင် လုပ်ထားသော ကိတ်မုန့်နှင့်ကော်ဖီတစ်ခွက်ကို ဧည့်ခံသည်။
ဒီညတော့ ကော်ဖီသောက်လည်း အိပ်ပျော်ပြီ။
ချယ်ယောင်းရဲ့ ဆို်င်အပြင်ဘက်မှာ ခုံရှည်လေးရှိသည်။
ထိုခုံရှည်ပေါ်တွင် ကျွန်မနှင့် သူ နှစ်ယောက်တည်း....
"နင် နေမကောင်းဘူးဆို"
"ငါ ချယ်ယောင်းဆိုင်ကိစ္စနဲ့ အလုပ်ရှုပ်နေလို့လေ အဲ့တာကြောင့် နေမကောင်းဘူးဆိုပြီး ခွင့်တိုင်ထားတာ"
"ဒါက ချယ်ယောင်းဆိုင်လား"
"အင်း ဟုတ်တယ် ကျောင်းဆင်းတာနဲ့ သူ့ဆိုင်ဖွင့်တာပဲ"
"ဖွင့်တာ ဘယ်လောက်ကြာပြီလဲဟင်"
"၁လကျော်ပဲရှိသေးတာ"
၁လကျော်ပဲ ရှိသေးသည်ဆိုပေမဲ့ ရောင်းအားကောင်းသည်ဟုပြောရမလား။ ကျွန်မသွားတော့ကို ဧည့်သည်က ပြတ်တယ်လို့သိပ်မရှိ။
သူနဲ့ ကျွန်မကြား အေးစက်သွားပြန်သည်။
နွေးထွေးမှုကို ကျွန်မကပဲ စတင်ရမယ် မဟုတ်လား။
"လီဆာ"
"အင်း"
"နင်....အတန်းခေါင်းဆောင်မဟုတ်တော့ဘူး"
"အင်း ငါသိတယ်"
"နင် ဘယ်လိုမှမနေဘူးလား"
"ငါက ဘာကိုဘယ်လိုနေရမှာလဲဟ"
ဟုတ်ပါတယ်လေ......
"နင်လေ....."
"အင်း"
"ဟို......"
"ပြောစရာရှိတဲ့စကားကို ရဲရဲပြောစမ်းပါဟာ ငါနင့်ကို
ကိုက်မစားပါဘူး"
"အင်းပါ....ဟို....ဆေးလိပ်တွေ..."
"အဲ့ဒါက ငါ့ကိစ္စပါ"
ဒါဆို သူ့ကိစ္စမို့ ဝင်မစွက်ဖက်နဲ့ဆိုတဲ့ သဘောလား။
ကျွန်မငြိမ်သွားတော့ သူကျွန်မဘက် စောင်းငဲ့ကြည့်သည်။
"ဘာလဲ စိတ်ဆိုးသွားတာလား"
"မဟုတ်ပါဘူး ငါက နင့်ကို အဲ့တာတွေမလုပ်စေချင်ရုံပါ"
"ဟုတ်လား မလုပ်စေချင်ဘူးလား"
"အင်း တကယ်"
"ငါကြိုးစားကြည့်မယ်လေ"
"ကတိနော်"
"အင်း....အရင်ဆုံးကြိုးစားကြည့်မယ်လေ ကတိကတော့နောက်မှပေါ့"
သူကအဲ့လိုလူ။
"ကဲနောက်ကျနေပြီ နင့်အိမ်က စိတ်ပူနေဦးမယ်"
"အင်း ပြန်မယ်လေ"
သူ့ဆိုင်ကယ်နောက်က ထိုင်လိုက်ရတာ တကယ်ရင်ခုန်ဖို့ကောင်းပါသည်။
ရှေ့တိုးပြီး သူ့ခါးကို ပိုတိုးဖက်ထားမိသည်။
ကျွန်မအိမ်ရှေ့ရောက်တော့
"ငါပြန်တော့မယ်နော် ငါ့ကိုစိတ်ပူမနေနဲ့ဦး"
ကျွန်မစိတ်ပူတာ သူသိတာလား။
သူကျွန်မစိတ်ကို ဖတ်နေတာလား။
ကျွန်မသူ့ကို ချစ်တဲ့စိတ်လေးပါ ဖတ်မိရင်ကောင်းသား။
"အင်းပါ စိတ်မပူတော့ပါဘူး"
"ကတိနော်"
"အင်း...ကြိုးစားကြည့်မယ်လေ..."
"အဟား လူလည်မလေး ငါ့စကားကို"
ခဏခဏပြုံးနေတာက ဒီလူကို.........
သူက ပြန်ဖို့ ဆိုင်ကယ်စက်နှိုးတော့
"ငါပြန်ပြီနော် အိမ်ထဲဝင်တော့"
"အဲ ခဏ ငါ့ကိုနင့်ဖုန်းနံပါတ်လေးပေးထားခဲ့ပါလား"
ထိုနေ့က သူနှင့်ကျွန်မ ဖုန်းနံပါတ်ချင်းဖလှယ်ခဲ့ကြသည်။
နှလုံးသားချင်းရော...ဘယ်တော့မှ ဖလှယ်ရမှာလဲ..
အချစ်ရယ်............
💛💛💛🖤🖤🖤🖤
18Dec19 | 08:53PM