Xiao Fei(yizhan)

By lovelymon205

130K 10.5K 379

Both Unicode and Zawgyi ( Rated Mature ) ဤဇာတ်လမ်းလေးသည် ဘာသာပြန်ဆိုထားခြင်း လုံးဝ လုံးဝ မဟုတ်ပါ။ No translat... More

Xiao Fei (1)
Xiao Fei (2)
Xiao Fei (3)
Xiao Fei (4)
Xiao Fei (5)
Xiao Fei (6)
Xiao Fei (7)
Xiao Fei (8)
Xiao Fei (9)
Xiao Fei (10)
Xiao Fei (12)
Xiao Fei (13)
Xiao Fei (14)
Xiao Fei (15)
Xiao Fei (16)

Xiao Fei (11)

6.1K 574 29
By lovelymon205

[unicode]

" မင်းသား ညနေစောင်းနေပြီ နန်းတော်ထဲဝင်တော့မလား "

ဖန်ရှင်းက မေးနေသော်လည်း ဝမ်ရီပေါ်မဖြေနိုင်။ ဆယ်နှစ်သားလေး ဝမ်ရီပေါ် ရှောင်ကျန့်ဆီ ပထမဆုံးသွားသလိုပင်။

သူ့ကိုတွေ့ရင် ကျန့်ကော ဘယ်လိုတုံ့ပြန်မလဲ
ကျန့်ကောက သူ့ကို မုန်းနေမှာလား
ကျန့်ကောက သူ့ကို သတိရနေမှာလား
ကျန့်ကောနဲ့သူ့ရဲ့ကလေးလေးကရော ဘယ်အရွယ်လောက်ရှိလောက်မလဲ
ကျန့်ကောက ဘယ်လိုပုံသဏ္ဌာန်လေးဖြစ်နေမလဲ

ဝမ်ရီပေါ်တစ်ယောက် အတွေးတွေနဲ့ ချာချာလည်နေသည်။

" ရီပေါ် ဒီနေ့တစ်ရက်တော့နားလိုက်ပါအုံး နောက်နေ့မှ ကြင်ယာတော် ဘယ်မှာရှိလဲ စုံစမ်းပြီး သွားတွေ့ကြရအောင် "

" အင်း "

လီချုံးနင်ပြောတဲ့ အကြံကိုလက်ခံလိုက်ကာ မြို့တွင်းမှ တည်းခိုဆောင်မှာ ညအိပ်ခဲ့ကြသည်။

မနက်လင်းတော့ ဖန်ရှင်းကို နန်းတော်ထဲ ခဏလွှတ်ကာ ကျန့်ကော ဘယ်မှာရှိလဲ စုံစမ်းခိုင်းသည်။

ဝမ်ရီပေါ်တို့ သူငယ်ချင်းသုံးယောက်ကတော့ လက်ဖက်ရည်ဆိုင်က ထိုင်စောင့်နေသည်။ သုံး လေး နာရီလောက်အကြာမှာ ဖန်ရှင်း လက်ဖက်ရည်ဆိုင်ထဲသို့ ပြန်ရောက်လာသည်။

" ဖန်ရှင်း ကျန့်ကော သတင်းရခဲ့လား "

" တောင်းပန်ပါတယ် မင်းသား ကြင်ယာတော်က နန်းတော်ထဲမှာမရှိဘူးလို့ပြောပါတယ် "

" နန်းတော်ထဲမှာမရှိဘူး? ကျန့်ကောက တထန်ပြန်သွားတာလေ နန်းတော်ထဲမှာ မရှိဘူးဆိုတော့ "

ဝမ်ရီပေါ် အတော်ပင်စိတ်ပူသွားသည်။ ဒီခြောက်လအတွင်း ကျန့်ကောက တထန်မှာ လုံလုံခြုံခြုံရှိလို့ စိတ်အေးခဲ့ရပမယ့် အခု လုံခြုံတဲ့နန်းတော်မှာမရှိဘဲ ဘယ်ရောက်နေတာလဲ။

" ဝမ်နိုင်ငံက ကျန့်ကောနဲ့အတူထည့်ပေးလိုက်တဲ့ စစ်သည်သုံးရာရော "

" သူတို့က နယ်စပ်မှာ တိုက်ပွဲဝင်နေပါတယ် အသေအပျောက်နည်းပြီး အနိုင်ရ‌ေနပါတယ်တဲ့ "

" ဝမ်ရီပေါ် မင်းကြင်ယာတော်က နယ်စပ်မှာ တိုက်ပွဲဝင်နေတာတော့မဟုတ်ပါဘူးနော် "

" ကျစ်~ နန်းတွင်းထဲဝင်မှရမယ် "

ဝမ်ရီပေါ်လည်း ကျန့်ကောရှိနေမည့်နေရာကိုမေးရန် တထန်မင်းကြီးရှိရာသို့သွားခဲ့သည်။

ဝမ်နိုင်ငံမှ အိမ်ရှေ့စံမင်းသား လို့ပြောသော်လည်း သူတို့ ခရီးနှင်ထားသည့် အဝတ်အစားတွေကြောင့် ဘယ်သူမှမယုံကြ။

အခေါက်ခေါက်တွေ့ခွင့်တောင်းမှသာ တထန်မင်းကြီး ရှောင်းစီရွှမ်နဲ့တွေ့ဖို့ ခွင့်ပြုပေးခဲ့သည်။

တထန်နိုင်ငံက ဝမ်နိုင်ငံလောက်ကြွယ်ဝသော နိုင်ငံမဟုတ်သော်လည်း နန်းတွင်းအပြင်အဆင်မှာ ခန်းနားလှသည်။ သစ်ပင်ပန်းမန်များ အလှရေကန်များနှင့် တထန်၏နန်းတွင်းမှာ ရင်သပ်ဖွယ်ဖြစ်သည်။

ဤနေရာတွေ ကျန့်ကော မွေးဖွားခဲ့ပြီး ဤနေရာတွင် ကျန့်ကော ကြီးပြင်းခဲ့သည်။ ဒီပန်းပင်လေးတွေနားမှာ ကျန့်ကောက ဓားရေးကစားခဲ့တာလား ဒါမှမဟုတ် အေးအေးလူလူ စာထိုင်ဖတ်ခဲ့တာလား။ တွေးရင်းနှင့်ပင် ဝမ်ရီပေါ်ရင်ထဲနွေးသွားသည်။

ထို့နောက် မင်းကြီးရှိရာ ညီလာခံခန်းမဆောင်သို့ရောက်လာသည်။ ဘဝမှာ ပထမဆုံးအကြိမ် ယောက္ခမအားတွေ့ဆုံရခြင်းဖြစ်တာကြောင့် စိတ်လှုပ်ရှားနေမိတာတော့အမှန်။

" မင်းကြီးဘုရား ဝမ်မင်းသား ရောက်ရှိပါပြီ "

" ဝင်ခဲ့ခိုင်းလိုက် "

ဩဇာညောင်းသော အသံကြီး၏နောက်တွင် ပွင့်သွားသော အဆောင်တံခါးချပ်များ။

ဝမ်ရီပေါ်တို့လေးယောက်လည်း အထဲဝင်သွားကာ အရိုအသေပြုလိုက်သည်။

ဝမ်ရီပေါ်တို့ မတ်တပ်ရပ်နေသည့်ရှေ့ အမြင့်နေရာတွင် ပလ္လင်နှစ်လုံးရှိသည်။ဆင်တူလေးပင်ဖြစ်သော်လည်း ဘယ်ဘက်ကပလ္လင်လေးဆီအားလုံးက အကြည့်ရောက်သွားသည်။

ရိုးရာဝတ်စုံရှည် ငွေရောင်လေးနှင့် ဆံထိုးတစ်ချောင်းနှင့်သာ ဆံပင်တစ်ဝက်ကို ရိုးရှင်းစွာ ထုံးဖွဲ့ထားသော မိန်းမလှလေး။ မဟုတ်ဘူး ယောက်ျားလှလေးး

ဒါဟာ တထန်မင်းကြီးရဲ့ ကြင်ယာတော် ပေထန်ရှောင်ယွမ်မှန်း ဝမ်ရီပေါ်သိလိုက်သည်။ ပေထန်ရှောင်ယွမ်၏အလှကို ကြားဖူးနားဝသာရှိတာ ဒီလို မှင်သက်ရလောက်တဲ့အထိလို့တော့ ဝမ်ရီပေါ်မထင်ထားခဲ့။

ကျန့်ကောရဲ့ မွေးဖေဖေပီသပါတယ်။

ကျန့်ကောက အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နဲ့ ယောက်ျားဆန်စွာ လှသော်လည်း ပေထန်ရှောင်ယွမ်က မိန်းကလေးလို နူးနူးညံ့ညံ့လေး။

ပန်းလေးတစ်ပွင့် လှလွန်းလို့ သူ့နောက်လိုက်ကြည့်မိပါတယ် အခုတော့ ပန်းခင်းကြီးတွေ့သလိုပဲ။

ဝမ်ရီပေါ်တွေးနေတုန်း ဖန်ရှင်းက မော်မဖူးသောကြောင့်မမြင်ရသော်လည်း နေဟွိုက်ဆန်းနဲ့ လီချုံးနင်ကတော့ ကျောက်ရုပ်လို မှင်သက်စွာ ငေးမောနေတုန်း။

ဒီလောက်လှတဲ့ နတ်သမီးလေးက ဘယ်ဘုံကနတ်သက်ကြွေလာတာလဲ။

" အဟမ်း!! အဟမ်း!! "

တထန်မင်းကြီးလည်း သရေတမြားမြားနဲ့ငေးနေကြသူတို့ကို သည်းမခံနိုင်စွာ ချောင်းဟန့်လိုက်သည်။ တထန်မင်းကြီး၏ ချောင်းဟန့်သံကြားတော့မှ အားလုံး၏မျက်လုံးသည် တထန်မင်းကြီးထံသို့ရောက်တော့သည်။

တထန်မင်းကြီးကတော့ ဘေးက နတ်သမီးလေးနဲ့ကွာပါ့။ ရွက်ကြမ်းရေကျိုရုပ်နဲ့။ မလိုက်ဖက်လေခြင်း။

" ပန်းလေး ဒီနေ့ဘာလို့ ပဝါမအုပ်တာလဲ "

တထန်မင်းကြီးက သူ့ဧကရီကို ကပ်ပြောလိုက်သည်။

" အရှင် ကျွန်တော်မျိုးတို့ ဒီအသက်အရွယ်ပဲရောက်နေပြီ အဲ့ဒါတွေလိုသေးလို့လား "

" ဘာပဲဖြစ်ဖြစ် နောက်ဆို အပြင်သွားတိုင်း အုပ်ထား "

တထန်မင်းကြီးရဲ့စကားအပြီး ဧကရီက ပါးစပ်ကို လက်နဲ့အုပ်ကာ ရီမိလိုက်သည်။ ဒီမင်းကြီးဟာ‌ေလ ဒီအသက်အရွယ်ထိ သဝန်တိုတုန်း။

ဧကရီ ရယ်တာကိုမြင်တဲ့ နေဟွိုက်ဆန်းနဲ့ လီချုံးနင်တို့ရဲ့ အသည်းတွေဟာ တဆတ်ဆတ်တုန်ခါနေကြသည်။ ဖန်ရှင်းကတော့ တစ်ခါခိုးကြည့်ပြီးကတည်းက ခေါင်းပြန်မမော့ရဲ နှလုံးခုန်မြန်ပြီး ဒူးတွေတုန်နေလို့။ သူမနက်စာကောင်းကောင်းမစားခဲ့ရလို့လားလို့ စဉ်းစားနေသည်။

" မင်းက ဝမ်အိမ်ရှေ့စံဆိုတာလား "

ခေါင်းငုံ့နေသော ဖန်ရှင်းကိုမေးလိုက်သည်။ တည်တည်ငြိမ်ငြိမ် ခန္ဓာကိုယ်တောင့်တောင့်နဲ့ အရပ်အမောင်းကောင်းကောင်းနဲ့မို့ အိမ်ရှေ့စံမင်းသားဟုထင်မိလိုက်ခြင်း။

" မ..မဟုတ် "

" အိမ်ရှေ့စံက ကျွန်တော်ပါ "

တထန်မင်းကြီး ကြည့်မိလိုက်တော့ မနေ့တစ်နေ့ကမှ အသက်ပြည့်ပုံပေါ်တဲ့ ဖြူဖြူနုနုကလေးလေး။

" ဒီသားတော် ယောက္ခမမင်းကြီးနဲ့ဧကရီကို ဂါရဝပြုပါတယ် "

တကယ်ပဲ ဒီကလေး လေးက ကျန့်ကျန့်ယောက်ျားလား?

" ရတယ် ရတယ် နေ နေ လာရင်းကိစ္စသာပြော "

" ကျန့်ကော ဘယ်မှာရှိလဲသိချင်လို့ပါ "

" မင်းက မသိဘူးလား မင်းတို့ ဝမ်နိုင်ငံကပဲ စစ်သည်သုံးရာလွှတ်ပေးခဲ့တာဆို "

" ဟုတ်ပါတယ် "

" သူက နယ်စပ်တိုက်ပွဲမှာ တထန်ကိုပြန်လာတာ နှစ်ဝက်လောက်ရှိပြီ နန်းတော်ကိုတော့ လာမနှုတ်ဆက်သေးဘူး "

" အဲ့ဒါဆို တကယ်ပဲ တိုက်ပွဲမှာပေါ့!! "

" ဟုတ်တယ်လေ မင်းမသိဘူးလား "

" မင်းသားဝမ် ကျန့်ကျန့်က မင်းကိုခွင့်မတောင်းဘဲ ပြန်လာတာလား "

ပေထန်ရှောင်ယွမ်က မူရင်း အသံချိုချိုလေးနဲ့မေးလိုက်သည်။ နေဟွိုက်ဆန်းနဲ့ လီချုံးနင်ကတော့ ဧကရီလို့ပြောလိုက်ကတည်းကခေါင်းမထောင်လာတော့။ ပေထန်မင်းကြီးက သူ့ဧကရီကို စေ့စေ့ကြည့်သူတိုင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်တတ်တယ်လို့ ကြားဖူးသလိုလို။

" မဟုတ်ပါဘူး ဧကရီ ကျွန်တော်တို့ ဝမ်နိုင်ငံလည်း ပုန်ကန်မှုဖြစ်လို့ အန္တရာယ်မရှိအောင် ပြန်ခိုင်းလိုက်တာပါ ကျန့်ကောသတင်းရော ဘာကြားသေးလဲ နေကောင်းရဲ့လား "

" ဒါဆို စိတ်မပူပါနဲ့ မင်းသားဝမ် ကျန့်ကျန့်တို့လည်း နောက်တပတ်လောက်ဆို နယ်စပ်က ပြန်ရောက်လာမှာပါ "

" ဟုတ်တယ် မင်းဘာမှစိတ်ပူစရာမလိုဘူး ရှောင်ကျန့်က ကိုယ်ခံပညာကောင်းတယ် မင်းနဲ့ယူဖို့ ဝမ်နိုင်ငံကိုမလွှတ်ခင် ကတည်းက နယ်စပ်တိုက်ပွဲတွေဝင်နေကြ "

" နှုတ်ဆက်ပါတယ် သွားခွင့်ပြုပါအုံး "

ဝမ်ရီပေါ် မင်းကြီးဆီက စကားသံတောင်မစောင့်ပဲ အရိုအသေပေးကာ လှည့်ထွက်ခဲ့သည်။ သူ့စိတ်ထဲ နယ်စပ်ဒေသကိုသွားဖို့ကသာ ရှိသည်။ ကျန်တဲ့သုံးယောက်လည်း ဝမ်ရီပေါ်အနောက် အလျင်အမြန်လိုက်ရသည်။

" ပန်းလေး အဲ့ဒါ အရှေ့တံခါးအရှင်သခင်ရော ဟုတ်လို့လား "

" ဟုတ်လောက်မယ် ကျန့်ကျန့်လေးကိုလည်း အတော်ချစ်ပုံရတယ် အခုတောင်လိုက်သွားတာကြည့်လေ "

" ငါကတော့ ဒီကလေးက ရှောင်ကျန့်ရဲ့ခင်ပွန်းဆိုတာမယုံနိုင်သေးဘူး "

ပေထန် ရှောင်ယွမ်က တိုးတိုးလေးရီသည်။

" ပန်းလေး အဲ့လိုရယ်တာ ကိုယ်တော့်ရှေ့မှာပဲရယ် တစ်ခြားသူတွေရှေ့မှာ မရယ်နဲ့ "

" အရှင် အခုချိန်ထိ သဝန်တိုနေတုန်းလား "

" ခုနက အိမ်ရှေ့မင်းသားနဲ့ လိုက်လာတဲ့သူတွေ မင်းကိုကြည့်နေတာ မျက်လုံးတွေကျွတ်ကျမတတ်ဘဲ အရင်စိတ်နဲ့သာဆို ဟင်းဟင်း "

" အရှင်ရယ် "

ပေထန်ရှောင်ယွမ်လည်း ဘာမှမပြောနိုင်တော့ပေ။ ဒီအရှင်နဲ့လည်း ဘယ်လိုလုပ်ရပါ့

______________________________________

ဝမ်ရီပေါ်တို့လေးယောက်လည်း နန်းတွင်းမှ မြင်းများငှားကာ ရှောင်ကျန့်ရှိရာသို့ အပြေးလိုက်လာခဲ့သည်။

ယာယီခံတပ်လေးတွေ့ရတော့ မြင်းပေါ်မှဆင်းကာ ချုံပုတ်တစ်ခုနားတွင်ပုန်းရင်းအခြေအနေကြည့်မိသည်။

အခုနေ ဝင်သွားပြီး ဝမ်နိုင်ငံရဲ့အိမ်ရှေ့မင်းသားပါလို့ပြောရင် ဒီပုံစံနဲ့ အခြားစစ်သည်တွေမပြောနှင့် ဝမ်နိုင်ငံက စစ်သည်တွေတောင် ယုံမယ့်ပုံမရှိ။

" ဝမ်ရီပေါ် မင်းအထဲမဝင်ဘူးလား "

ဝမ်ရီပေါ်ချုံပုတ်ထဲဝင်သွားတော့ နေဟွိုက်ဆန်းတို့လည်း အနောက်မှ လိုက်ဝင်လာကာ မေးလိုက်သည်။

" ဟင့်အင်း အရမ်းကြီးဝင်သွားလို့မရဘူး ဒီကနေပဲအခြေအနေစောင့်ကြည့်ရမယ် "

" မင်းသား မင်းသား ဟိုမှာ ဟိုမှာ ကြင်ယာတော် မင်းသားကြင်ယာတော် "

ဝမ်းသာအားရထအော်သော ဖန်ရှင်းရဲ့ပါးစပ်ကို ဝမ်ရီပေါ် အုပ်ထားလိုက်သည်။ နောက်ဆုံး သူအတွေ့ချင်ဆုံး အဖြူရောင်ပုံရိပ်ကလေးကို နင့်နင့်နဲနဲကြည့်လိုက်သည်။

လက်ကျယ်ဝတ်ရုံရှည်နဲ့ မဟုတ်ဘဲ ရိုးရှင်းသော အပြာနုရောင် ‌ဝတ်ရုံလေးကို ဝတ်ဆင်ထားသည်။ ဆံပင်ကို အရင်တုန်းကလို တစ်ဝက်မချဘဲ သိမ်းကျုံးစီးထားကာ ဖဲကြိုးအပြာလေးနဲ့ ချီထားသည်။

ကျန့်ကောက အရင်လို လှတုန်းပဲ

သားမွေးဝတ်ရုံအထူကြီးကို အပေါ်က ခြုံထားတော့ ခန္ဓာကိုယ်အရွယ်အစားကို အသေးစိတ်မမြင်ရ။ သို့ပမယ့် အရင်လို ပိန်ပါးပါး ခန္ဓာကိုယ်လေးမဟုတ်ဘဲ ပူဖောင်းလေးပိုက်ထားသလိုဖြစ်နေတာကိုတော့ ဝမ်ရီပေါ်သာသိသည်။

ကျန့်ကောက ပူဖောင်းလေးကို ခိုးပြီးဖွက်ထားချင်ပုံရတယ်။

ယာယီတဲထဲကထွက်လာကာ အနောက်ကတစ်ယောက်ကို ရယ်ရွှင်စွာ စကားပြောနေသည်။ ကျန့်ကော ဒီလိုရယ်ပုံမျိုးကို ဝမ်ရီပေါ်မတွေ့ဖူးပါ။ ချစ်ရသူရဲ့ အရယ်အပြုံးက ကိုယ့်ကြောင့်မဖြစ်ရတာကို ဝမ်ရီပေါ် စိတ်မကောင်း။

နောက်က အလွန်အမင်းရုပ်ဆိုးလှသော တစ်ယောက်က ကျန့်ကောရဲ့ သားမွေးဝတ်ရုံကို ကိုင်ပြီး ပိုလုံအောင်ခြုံပေးလိုက်သေးသည်။ ဝမ်ရီပေါ် အံကြိတ်ကာ လက်သီးတင်းတင်းဆုပ်ထားရသည်။

' ကျန့်ကောရေ တော်လောက်ပြီနော် '

သူတို့နှစ်ယောက်က အပြင်မှာ ရှိတဲ့သစ်သားထိုင်ခုံလေးမှာ ထိုင်လိုက်ကြသည်။ စကားတွေကလည်း ပြောလို့မကုန်နိုင်။

တစ်ဖက်က ဝမ်ရီပေါ်ကတော့ ချုံပုတ်ထဲကနေ ခံတပ်ရဲ့ ခြံစည်းရိုးနား ရောက်လို့ရောက်မှန်းမသိရောက်လာသည်။ စိတ်ကတော့ တော်တော်လေးကို မကြည်လင်တော့ဘူး။

စစ်သညါတွေရဲ့အနားယူချိန်မို့ ဝမ်ရီပေါ်ရောက်လာတာကို ဘယ်သူမှမတွေ့လိုက်။

နောက်တော့ အစေခံတွေရောက်လာပြီး စားစရာ သောက်စရာတွေကို ချပေးသည်။ စားပွဲပေါ်က သောက်စရာ အရက်ကိုကြည့်ပြီး ဝမ်ရီပေါ်မျက်လုံးများ ပြူးကျယ်သွားသည်။

နှစ်တစ်ရာ အရက်အိုး
ဘုရား ဘုရား ကျန့်ကောတော့မသောက်ဘူးမလား

ဝမ်ရီပေါ်ရဲ့ဆုတောင်းပင်မဆုံးသေး။ ကျန့်ကောရဲ့ခွက်ထဲသို့ အရက်ငှဲ့ပေးလိုက်တဲ့ ကမ္ဘာ့အကျည်းတန်ဆုံးလူ။

ဝမ်ရီပေါ်လည်း လျင်မြန်သော ခြေလှမ်းတွေနဲ့ ရှောင်ကျန့်ရှိရာကို အပြေးသွားပြီး မှီတဲ့နေရာရောက်မှ ခွက်ကို အတွင်းအားနဲ့ ပေါက်ခွဲလိုက်သည်။

ခွမ်း~

ရှောင်ကျန့်ရဲ့ လက်ထဲက ခွက်လေးလည်း အစိတ်စိတ်အမွှာမွှာဖြစ်ပြီး အားလုံးရဲ့အကြည့်တွေက ဝမ်ရီပေါ်ဆီရောက်လာသည်။

ဝမ်ရီပေါ်ကတော့ ဂရုမစိုက်နိုင်စွာ ရှောင်ကျန့်ရှေ့သွားရပ်လိုက်သည်။

" ကျန့်ကော ရူးနေလား အဲ့အရက်ကဘာလဲ မသိဘူးလား ဘာလို့သောက်ဖို့ကြံရတာလဲ ကျွန်တော်မရှိတုန်းကရော သောက်သေးလား "

ဝမ်ရီပေါ်က စကားတွေပြောနေပမယ့် နောက်ဆုံးတော့ ပြန်ရလိုက်တာက ရှောင်ကျန့်ရဲ့အေးစက်စက်အကြည့်။

" ကျန့်ကော "

" ငါ့ဘာသာငါ သောက်တာ မင်းနဲ့ဘာဆိုင်လဲ "

" ကျန့်ကော ဘာလို့.. "

" ဒီကညီလေး စိတ်လျော့ပါ အကိုတိုက်မိတာ တောင်းပန်ပါတယ် "

ရုပ်ဆိုးဆိုးနဲ့မှမလိုက် ယဉ်ယဉ်ကျေးကျေးပြောသော ထိုလူကြီးကို ဝမ်ရီပေါ် ဆွဲထိုးလိုက်သည်။ မျက်စောင်းနဲ့။

" ကျိုးချန် ဘာမှတောင်းပန်စရာမလိုဘူး ရော့ အသစ်ထည့်ပေး "

ရှောင်ကျန့်လည်း ခွက်အသစ်ကိုပေးလိုက်သည်။ ကျိုးချန်က ဘာမသိ ညာမသိနဲ့ ထည့်ပေးလိုက်သည်။

ကျိုးချန် ရှောင်ကျန့်ကို အရက်ခွက်ပေးဖို့ လက်အလှမ်းမှာ ဝမ်ရီပေါ်က ကြားထဲမှ ဆွဲယူကာ အကုန်မော့ချလိုက်သည်။

" ဝမ်ရီပေါ်!! ဒါဘာလုပ်တာလဲ "

" ကျန့်ကော သောက်ချင်ရင် ကျွန်တော်အစားသောက်ပေးပါ့မယ် "

" မလိုဘူး ကျိုးချန် တစ်ခွက်ထည့်လိုက် "

ကျိုးချန်လည်းနောက်တစ်ခွက်ယူကာထည့်ပေးလိုက်သော်လည်း ကြားမှ ဝမ်ရီပေါ် ဖြတ်ယူကာ မော့ချလိုက်ပြန်သည်။

ချုံပုတ်ထဲက ဖန်ရှင်းတို့လည်း ထိုအဖြစ်ကိုကြည့်ကာ စိုးရိမ်နေသည်။ ဝမ်ရီပေါ်က ပုန်ကန်မှုမှာ ဒဏ်ရာအနည်းငယ်ရထားသည့်အပြင် ခရီးလည်းပန်းနေသည်။ ဒီပြင်းသော အရက်ဒဏ်မခံနိုင်မှာ စိုးနေကြသည်။

ရှောင်ကျန့်က ထည့်ခိုင်းလိုက်

ဝမ်ရီပေါ်က ကြားထဲက ဖြတ်လုပြီး သောက်လိုက်

အရက်တစ်အိုးပင်ကုန်တော့မည်။ ကျိုးချန်က မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းယောက်ဖနှင့်တွေ့ကာ အရက်သောက်ရန်စီစဉ်ထားသော်လည်း အခုတော့ အရက်ငှဲ့နေရတာနဲ့ပင် လက်အကြောတင်ချင်လာသည်။

နှစ်ယောက်ကတော့ အတော်ပင် ဇွဲကောင်းကြသည်။

" ကျိုးချန် ထပ်ထည့်လိုက် "

" ရှောင်ကျန့်ရာ တော်ပါပြီကွာ ဒီကလေးပုံကြည့်ရတာ မဟန်တော့ဘူး "

ဟုတ်လည်းဟုတ်သည်။ ဝမ်ရီပေါ်က ခုံပေါ်ထိုင်ထားရတာတောင် ယိုင်ထိုးနေသည်။ရှောင်ကျန့်လည်း ဘာမှဆက်မပြောတော့ဘဲ ဝမ်ရီပေါ်ကိုသာကြည့်နေသည်။

ဝမ်ရီပေါ်က မဟန်တော့ဘဲ ခုံပေါ်ကနေ မြေကြီးပေါ်ပြုတ်ကျတော့သည်။ သို့သော် မြေကြီးရဲ့အထိအတွေ့မရှိဘဲ သူအရမ်းမျှော်လင့်ထားသော ရင်ခွင်ထဲရောက်နေသည်။

ကျန့်ကောက သူ့ကို ဖမ်းပေးထားသည်လေ

ကျန့်ကောကလည်း ဘာမှမပြောဘဲသူ့ကို ကြည့်နေသည်။ ဝမ်ရီပေါ်က ရှောင်ကျန့်မျက်နှာလေးကိုကိုင်လိုက်သည်။

ဒီပါးနုနုလေးတွေကို လွမ်းနေတာ။

" ကျန့်ကော£~ အေ့ _ ကျွန် ကျွန်တော်ကိုမချစ်တော့ဘူးလား ~ဟ~ ငါကိုယ်တော်ကို မချစ်တော့ဘူးလား အေ့ ဗိုက်ထဲက ကလေးလေးကိုရောမချစ်ဘူးလား အေ့ "

ဝမ်ရီပေါ်လည်း ပြောချင်ရာပြောပြီး ရင်ခွင်နွေးနွေးလေးထဲတိုးဝင်ကာ အိပ်စက်လိုက်သည်။

" ကျန့်ကော ကို ကျွန်တော် ချစ်တယ် "

_____________________________________

Final ကမရောက်သေးပါဘူး
ကလေးလေးတောင်မမွေးသေးဘူး
Novel အတိုင်းသွားမယ်ဆို ကလေးတွေအများကြီးမွေးရမှာ။😁😁😁

================================

[Zawgyi]

" မင္းသား ညေနေစာင္းေနၿပီ နန္းေတာ္ထဲဝင္ေတာ့မလား "

ဖန္ရွင္းက ေမးေနေသာ္လည္း ဝမ္ရီေပၚမေျဖႏိုင္။ ဆယ္ႏွစ္သားေလး ဝမ္ရီေပၚ ေရွာင္က်န႔္ဆီ ပထမဆုံးသြားသလိုပင္။

သူ႔ကိုေတြ႕ရင္ က်န႔္ေကာ ဘယ္လိုတုံ႔ျပန္မလဲ
က်န႔္ေကာက သူ႔ကို မုန္းေနမွာလား
က်န႔္ေကာက သူ႔ကို သတိရေနမွာလား
က်န႔္ေကာနဲ႔သူ႔ရဲ႕ကေလးေလးကေရာ ဘယ္အ႐ြယ္ေလာက္ရွိေလာက္မလဲ
က်န႔္ေကာက ဘယ္လိုပုံသဏၭာန္ေလးျဖစ္ေနမလဲ

ဝမ္ရီေပၚတစ္ေယာက္ အေတြးေတြနဲ႔ ခ်ာခ်ာလည္ေနသည္။

" ရီေပၚ ဒီေန႔တစ္ရက္ေတာ့နားလိုက္ပါအုံး ေနာက္ေန႔မွ ၾကင္ယာေတာ္ ဘယ္မွာရွိလဲ စုံစမ္းၿပီး သြားေတြ႕ၾကရေအာင္ "

" အင္း "

လီခ်ဳံးနင္ေျပာတဲ့ အႀကံကိုလက္ခံလိုက္ကာ ၿမိဳ႕တြင္းမွ တည္းခိုေဆာင္မွာ ညအိပ္ခဲ့ၾကသည္။

မနက္လင္းေတာ့ ဖန္ရွင္းကို နန္းေတာ္ထဲ ခဏလႊတ္ကာ က်န႔္ေကာ ဘယ္မွာရွိလဲ စုံစမ္းခိုင္းသည္။

ဝမ္ရီေပၚတို႔ သူငယ္ခ်င္းသုံးေယာက္ကေတာ့ လက္ဖက္ရည္ဆိုင္က ထိုင္ေစာင့္ေနသည္။ သုံး ေလး နာရီေလာက္အၾကာမွာ ဖန္ရွင္း လက္ဖက္ရည္ဆိုင္ထဲသို႔ ျပန္ေရာက္လာသည္။

" ဖန္ရွင္း က်န႔္ေကာ သတင္းရခဲ့လား "

" ေတာင္းပန္ပါတယ္ မင္းသား ၾကင္ယာေတာ္က နန္းေတာ္ထဲမွာမရွိဘူးလို႔ေျပာပါတယ္ "

" နန္းေတာ္ထဲမွာမရွိဘူး? က်န႔္ေကာက တထန္ျပန္သြားတာေလ နန္းေတာ္ထဲမွာ မရွိဘူးဆိုေတာ့ "

ဝမ္ရီေပၚ အေတာ္ပင္စိတ္ပူသြားသည္။ ဒီေျခာက္လအတြင္း က်န႔္ေကာက တထန္မွာ လုံလုံၿခဳံၿခဳံရွိလို႔ စိတ္ေအးခဲ့ရပမယ့္ အခု လုံၿခဳံတဲ့နန္းေတာ္မွာမရွိဘဲ ဘယ္ေရာက္ေနတာလဲ။

" ဝမ္ႏိုင္ငံက က်န႔္ေကာနဲ႔အတူထည့္ေပးလိုက္တဲ့ စစ္သည္သုံးရာေရာ "

" သူတို႔က နယ္စပ္မွာ တိုက္ပြဲဝင္ေနပါတယ္ အေသအေပ်ာက္နည္းၿပီး အႏိုင္ရ‌ေနပါတယ္တဲ့ "

" ဝမ္ရီေပၚ မင္းၾကင္ယာေတာ္က နယ္စပ္မွာ တိုက္ပြဲဝင္ေနတာေတာ့မဟုတ္ပါဘူးေနာ္ "

" က်စ္~ နန္းတြင္းထဲဝင္မွရမယ္ "

ဝမ္ရီေပၚလည္း က်န႔္ေကာရွိေနမည့္ေနရာကိုေမးရန္ တထန္မင္းႀကီးရွိရာသို႔သြားခဲ့သည္။

ဝမ္ႏိုင္ငံမွ အိမ္ေရွ႕စံမင္းသား လို႔ေျပာေသာ္လည္း သူတို႔ ခရီးႏွင္ထားသည့္ အဝတ္အစားေတြေၾကာင့္ ဘယ္သူမွမယုံၾက။

အေခါက္ေခါက္ေတြ႕ခြင့္ေတာင္းမွသာ တထန္မင္းႀကီး ေရွာင္းစီ႐ႊမ္နဲ႔ေတြ႕ဖို႔ ခြင့္ျပဳေပးခဲ့သည္။

တထန္ႏိုင္ငံက ဝမ္ႏိုင္ငံေလာက္ႂကြယ္ဝေသာ ႏိုင္ငံမဟုတ္ေသာ္လည္း နန္းတြင္းအျပင္အဆင္မွာ ခန္းနားလွသည္။ သစ္ပင္ပန္းမန္မ်ား အလွေရကန္မ်ားႏွင့္ တထန္၏နန္းတြင္းမွာ ရင္သပ္ဖြယ္ျဖစ္သည္။

ဤေနရာေတြ က်န႔္ေကာ ေမြးဖြားခဲ့ၿပီး ဤေနရာတြင္ က်န႔္ေကာ ႀကီးျပင္းခဲ့သည္။ ဒီပန္းပင္ေလးေတြနားမွာ က်န႔္ေကာက ဓားေရးကစားခဲ့တာလား ဒါမွမဟုတ္ ေအးေအးလူလူ စာထိုင္ဖတ္ခဲ့တာလား။ ေတြးရင္းႏွင့္ပင္ ဝမ္ရီေပၚရင္ထဲေႏြးသြားသည္။

ထို႔ေနာက္ မင္းႀကီးရွိရာ ညီလာခံခန္းမေဆာင္သို႔ေရာက္လာသည္။ ဘဝမွာ ပထမဆုံးအႀကိမ္ ေယာကၡမအားေတြ႕ဆုံရျခင္းျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားေနမိတာေတာ့အမွန္။

" မင္းႀကီးဘုရား ဝမ္မင္းသား ေရာက္ရွိပါၿပီ "

" ဝင္ခဲ့ခိုင္းလိုက္ "

ဩဇာေညာင္းေသာ အသံႀကီး၏ေနာက္တြင္ ပြင့္သြားေသာ အေဆာင္တံခါးခ်ပ္မ်ား။

ဝမ္ရီေပၚတို႔ေလးေယာက္လည္း အထဲဝင္သြားကာ အ႐ိုအေသျပဳလိုက္သည္။

ဝမ္ရီေပၚတို႔ မတ္တပ္ရပ္ေနသည့္ေရွ႕ အျမင့္ေနရာတြင္ ပလႅင္ႏွစ္လုံးရွိသည္။ဆင္တူေလးပင္ျဖစ္ေသာ္လည္း ဘယ္ဘက္ကပလႅင္ေလးဆီအားလုံးက အၾကည့္ေရာက္သြားသည္။

႐ိုးရာဝတ္စုံရွည္ ေငြေရာင္ေလးႏွင့္ ဆံထိုးတစ္ေခ်ာင္းႏွင့္သာ ဆံပင္တစ္ဝက္ကို ႐ိုးရွင္းစြာ ထုံးဖြဲ႕ထားေသာ မိန္းမလွေလး။ မဟုတ္ဘူး ေယာက္်ားလွေလးး

ဒါဟာ တထန္မင္းႀကီးရဲ႕ ၾကင္ယာေတာ္ ေပထန္ေရွာင္ယြမ္မွန္း ဝမ္ရီေပၚသိလိုက္သည္။ ေပထန္ေရွာင္ယြမ္၏အလွကို ၾကားဖူးနားဝသာရွိတာ ဒီလို မွင္သက္ရေလာက္တဲ့အထိလို႔ေတာ့ ဝမ္ရီေပၚမထင္ထားခဲ့။

က်န႔္ေကာရဲ႕ ေမြးေဖေဖပီသပါတယ္။

က်န႔္ေကာက အရပ္ရွည္ရွည္ ပိန္ပိန္သြယ္သြယ္နဲ႔ ေယာက္်ားဆန္စြာ လွေသာ္လည္း ေပထန္ေရွာင္ယြမ္က မိန္းကေလးလို ႏူးႏူးညံ့ညံ့ေလး။

ပန္းေလးတစ္ပြင့္ လွလြန္းလို႔ သူ႔ေနာက္လိုက္ၾကည့္မိပါတယ္ အခုေတာ့ ပန္းခင္းႀကီးေတြ႕သလိုပဲ။

ဝမ္ရီေပၚေတြးေနတုန္း ဖန္ရွင္းက ေမာ္မဖူးေသာေၾကာင့္မျမင္ရေသာ္လည္း ေနဟြိဳက္ဆန္းနဲ႔ လီခ်ဳံးနင္ကေတာ့ ေက်ာက္႐ုပ္လို မွင္သက္စြာ ေငးေမာေနတုန္း။

ဒီေလာက္လွတဲ့ နတ္သမီးေလးက ဘယ္ဘုံကနတ္သက္ေႂကြလာတာလဲ။

" အဟမ္း!! အဟမ္း!! "

တထန္မင္းႀကီးလည္း သေရတျမားျမားနဲ႔ေငးေနၾကသူတို႔ကို သည္းမခံႏိုင္စြာ ေခ်ာင္းဟန႔္လိုက္သည္။ တထန္မင္းႀကီး၏ ေခ်ာင္းဟန႔္သံၾကားေတာ့မွ အားလုံး၏မ်က္လုံးသည္ တထန္မင္းႀကီးထံသို႔ေရာက္ေတာ့သည္။

တထန္မင္းႀကီးကေတာ့ ေဘးက နတ္သမီးေလးနဲ႔ကြာပါ့။ ႐ြက္ၾကမ္းေရက်ိဳ႐ုပ္နဲ႔။ မလိုက္ဖက္ေလျခင္း။

" ပန္းေလး ဒီေန႔ဘာလို႔ ပဝါမအုပ္တာလဲ "

တထန္မင္းႀကီးက သူ႔ဧကရီကို ကပ္ေျပာလိုက္သည္။

" အရွင္ ကြၽန္ေတာ္မ်ိဳးတို႔ ဒီအသက္အ႐ြယ္ပဲေရာက္ေနၿပီ အဲ့ဒါေတြလိုေသးလို႔လား "

" ဘာပဲျဖစ္ျဖစ္ ေနာက္ဆို အျပင္သြားတိုင္း အုပ္ထား "

တထန္မင္းႀကီးရဲ႕စကားအၿပီး ဧကရီက ပါးစပ္ကို လက္နဲ႔အုပ္ကာ ရီမိလိုက္သည္။ ဒီမင္းႀကီးဟာ‌ေလ ဒီအသက္အ႐ြယ္ထိ သဝန္တိုတုန္း။

ဧကရီ ရယ္တာကိုျမင္တဲ့ ေနဟြိဳက္ဆန္းနဲ႔ လီခ်ဳံးနင္တို႔ရဲ႕ အသည္းေတြဟာ တဆတ္ဆတ္တုန္ခါေနၾကသည္။ ဖန္ရွင္းကေတာ့ တစ္ခါခိုးၾကည့္ၿပီးကတည္းက ေခါင္းျပန္မေမာ့ရဲ ႏွလုံးခုန္ျမန္ၿပီး ဒူးေတြတုန္ေနလို႔။ သူမနက္စာေကာင္းေကာင္းမစားခဲ့ရလို႔လားလို႔ စဥ္းစားေနသည္။

" မင္းက ဝမ္အိမ္ေရွ႕စံဆိုတာလား "

ေခါင္းငုံ႔ေနေသာ ဖန္ရွင္းကိုေမးလိုက္သည္။ တည္တည္ၿငိမ္ၿငိမ္ ခႏၶာကိုယ္ေတာင့္ေတာင့္နဲ႔ အရပ္အေမာင္းေကာင္းေကာင္းနဲ႔မို႔ အိမ္ေရွ႕စံမင္းသားဟုထင္မိလိုက္ျခင္း။

" မ..မဟုတ္ "

" အိမ္ေရွ႕စံက ကြၽန္ေတာ္ပါ "

တထန္မင္းႀကီး ၾကည့္မိလိုက္ေတာ့ မေန႔တစ္ေန႔ကမွ အသက္ျပည့္ပုံေပၚတဲ့ ျဖဴျဖဴႏုႏုကေလးေလး။

" ဒီသားေတာ္ ေယာကၡမမင္းႀကီးနဲ႔ဧကရီကို ဂါရဝျပဳပါတယ္ "

တကယ္ပဲ ဒီကေလး ေလးက က်န႔္က်န႔္ေယာက္်ားလား?

" ရတယ္ ရတယ္ ေန ေန လာရင္းကိစၥသာေျပာ "

" က်န႔္ေကာ ဘယ္မွာရွိလဲသိခ်င္လို႔ပါ "

" မင္းက မသိဘူးလား မင္းတို႔ ဝမ္ႏိုင္ငံကပဲ စစ္သည္သုံးရာလႊတ္ေပးခဲ့တာဆို "

" ဟုတ္ပါတယ္ "

" သူက နယ္စပ္တိုက္ပြဲမွာ တထန္ကိုျပန္လာတာ ႏွစ္ဝက္ေလာက္ရွိၿပီ နန္းေတာ္ကိုေတာ့ လာမႏႈတ္ဆက္ေသးဘူး "

" အဲ့ဒါဆို တကယ္ပဲ တိုက္ပြဲမွာေပါ့!! "

" ဟုတ္တယ္ေလ မင္းမသိဘူးလား "

" မင္းသားဝမ္ က်န႔္က်န႔္က မင္းကိုခြင့္မေတာင္းဘဲ ျပန္လာတာလား "

ေပထန္ေရွာင္ယြမ္က မူရင္း အသံခ်ိဳခ်ိဳေလးနဲ႔ေမးလိုက္သည္။ ေနဟြိဳက္ဆန္းနဲ႔ လီခ်ဳံးနင္ကေတာ့ ဧကရီလို႔ေျပာလိုက္ကတည္းကေခါင္းမေထာင္လာေတာ့။ ေပထန္မင္းႀကီးက သူ႔ဧကရီကို ေစ့ေစ့ၾကည့္သူတိုင္းရဲ႕မ်က္လုံးေတြကို ေဖာက္ထုတ္တတ္တယ္လို႔ ၾကားဖူးသလိုလို။

" မဟုတ္ပါဘူး ဧကရီ ကြၽန္ေတာ္တို႔ ဝမ္ႏိုင္ငံလည္း ပုန္ကန္မႈျဖစ္လို႔ အႏၲရာယ္မရွိေအာင္ ျပန္ခိုင္းလိုက္တာပါ က်န႔္ေကာသတင္းေရာ ဘာၾကားေသးလဲ ေနေကာင္းရဲ႕လား "

" ဒါဆို စိတ္မပူပါနဲ႔ မင္းသားဝမ္ က်န႔္က်န႔္တို႔လည္း ေနာက္တပတ္ေလာက္ဆို နယ္စပ္က ျပန္ေရာက္လာမွာပါ "

" ဟုတ္တယ္ မင္းဘာမွစိတ္ပူစရာမလိုဘူး ေရွာင္က်န႔္က ကိုယ္ခံပညာေကာင္းတယ္ မင္းနဲ႔ယူဖို႔ ဝမ္ႏိုင္ငံကိုမလႊတ္ခင္ ကတည္းက နယ္စပ္တိုက္ပြဲေတြဝင္ေနၾက "

" ႏႈတ္ဆက္ပါတယ္ သြားခြင့္ျပဳပါအုံး "

ဝမ္ရီေပၚ မင္းႀကီးဆီက စကားသံေတာင္မေစာင့္ပဲ အ႐ိုအေသေပးကာ လွည့္ထြက္ခဲ့သည္။ သူ႔စိတ္ထဲ နယ္စပ္ေဒသကိုသြားဖို႔ကသာ ရွိသည္။ က်န္တဲ့သုံးေယာက္လည္း ဝမ္ရီေပၚအေနာက္ အလ်င္အျမန္လိုက္ရသည္။

" ပန္းေလး အဲ့ဒါ အေရွ႕တံခါးအရွင္သခင္ေရာ ဟုတ္လို႔လား "

" ဟုတ္ေလာက္မယ္ က်န႔္က်န႔္ေလးကိုလည္း အေတာ္ခ်စ္ပုံရတယ္ အခုေတာင္လိုက္သြားတာၾကည့္ေလ "

" ငါကေတာ့ ဒီကေလးက ေရွာင္က်န႔္ရဲ႕ခင္ပြန္းဆိုတာမယုံႏိုင္ေသးဘူး "

ေပထန္ ေရွာင္ယြမ္က တိုးတိုးေလးရီသည္။

" ပန္းေလး အဲ့လိုရယ္တာ ကိုယ္ေတာ့္ေရွ႕မွာပဲရယ္ တစ္ျခားသူေတြေရွ႕မွာ မရယ္နဲ႔ "

" အရွင္ အခုခ်ိန္ထိ သဝန္တိုေနတုန္းလား "

" ခုနက အိမ္ေရွ႕မင္းသားနဲ႔ လိုက္လာတဲ့သူေတြ မင္းကိုၾကည့္ေနတာ မ်က္လုံးေတြကြၽတ္က်မတတ္ဘဲ အရင္စိတ္နဲ႔သာဆို ဟင္းဟင္း "

" အရွင္ရယ္ "

ေပထန္ေရွာင္ယြမ္လည္း ဘာမွမေျပာႏိုင္ေတာ့ေပ။ ဒီအရွင္နဲ႔လည္း ဘယ္လိုလုပ္ရပါ့

______________________________________

ဝမ္ရီေပၚတို႔ေလးေယာက္လည္း နန္းတြင္းမွ ျမင္းမ်ားငွားကာ ေရွာင္က်န႔္ရွိရာသို႔ အေျပးလိုက္လာခဲ့သည္။

ယာယီခံတပ္ေလးေတြ႕ရေတာ့ ျမင္းေပၚမွဆင္းကာ ခ်ဳံပုတ္တစ္ခုနားတြင္ပုန္းရင္းအေျခအေနၾကည့္မိသည္။

အခုေန ဝင္သြားၿပီး ဝမ္ႏိုင္ငံရဲ႕အိမ္ေရွ႕မင္းသားပါလို႔ေျပာရင္ ဒီပုံစံနဲ႔ အျခားစစ္သည္ေတြမေျပာႏွင့္ ဝမ္ႏိုင္ငံက စစ္သည္ေတြေတာင္ ယုံမယ့္ပုံမရွိ။

" ဝမ္ရီေပၚ မင္းအထဲမဝင္ဘူးလား "

ဝမ္ရီေပၚခ်ဳံပုတ္ထဲဝင္သြားေတာ့ ေနဟြိဳက္ဆန္းတို႔လည္း အေနာက္မွ လိုက္ဝင္လာကာ ေမးလိုက္သည္။

" ဟင့္အင္း အရမ္းႀကီးဝင္သြားလို႔မရဘူး ဒီကေနပဲအေျခအေနေစာင့္ၾကည့္ရမယ္ "

" မင္းသား မင္းသား ဟိုမွာ ဟိုမွာ ၾကင္ယာေတာ္ မင္းသားၾကင္ယာေတာ္ "

ဝမ္းသာအားရထေအာ္ေသာ ဖန္ရွင္းရဲ႕ပါးစပ္ကို ဝမ္ရီေပၚ အုပ္ထားလိုက္သည္။ ေနာက္ဆုံး သူအေတြ႕ခ်င္ဆုံး အျဖဴေရာင္ပုံရိပ္ကေလးကို နင့္နင့္နဲနဲၾကည့္လိုက္သည္။

လက္က်ယ္ဝတ္႐ုံရွည္နဲ႔ မဟုတ္ဘဲ ႐ိုးရွင္းေသာ အျပာႏုေရာင္ ‌ဝတ္႐ုံေလးကို ဝတ္ဆင္ထားသည္။ ဆံပင္ကို အရင္တုန္းကလို တစ္ဝက္မခ်ဘဲ သိမ္းက်ဳံးစီးထားကာ ဖဲႀကိဳးအျပာေလးနဲ႔ ခ်ီထားသည္။

က်န႔္ေကာက အရင္လို လွတုန္းပဲ

သားေမြးဝတ္႐ုံအထူႀကီးကို အေပၚက ၿခဳံထားေတာ့ ခႏၶာကိုယ္အ႐ြယ္အစားကို အေသးစိတ္မျမင္ရ။ သို႔ပမယ့္ အရင္လို ပိန္ပါးပါး ခႏၶာကိုယ္ေလးမဟုတ္ဘဲ ပူေဖာင္းေလးပိုက္ထားသလိုျဖစ္ေနတာကိုေတာ့ ဝမ္ရီေပၚသာသိသည္။

က်န႔္ေကာက ပူေဖာင္းေလးကို ခိုးၿပီးဖြက္ထားခ်င္ပုံရတယ္။

ယာယီတဲထဲကထြက္လာကာ အေနာက္ကတစ္ေယာက္ကို ရယ္႐ႊင္စြာ စကားေျပာေနသည္။ က်န႔္ေကာ ဒီလိုရယ္ပုံမ်ိဳးကို ဝမ္ရီေပၚမေတြ႕ဖူးပါ။ ခ်စ္ရသူရဲ႕ အရယ္အၿပဳံးက ကိုယ့္ေၾကာင့္မျဖစ္ရတာကို ဝမ္ရီေပၚ စိတ္မေကာင္း။

ေနာက္က အလြန္အမင္း႐ုပ္ဆိုးလွေသာ တစ္ေယာက္က က်န႔္ေကာရဲ႕ သားေမြးဝတ္႐ုံကို ကိုင္ၿပီး ပိုလုံေအာင္ၿခဳံေပးလိုက္ေသးသည္။ ဝမ္ရီေပၚ အံႀကိတ္ကာ လက္သီးတင္းတင္းဆုပ္ထားရသည္။

' က်န႔္ေကာေရ ေတာ္ေလာက္ၿပီေနာ္ '

သူတို႔ႏွစ္ေယာက္က အျပင္မွာ ရွိတဲ့သစ္သားထိုင္ခုံေလးမွာ ထိုင္လိုက္ၾကသည္။ စကားေတြကလည္း ေျပာလို႔မကုန္ႏိုင္။

တစ္ဖက္က ဝမ္ရီေပၚကေတာ့ ခ်ဳံပုတ္ထဲကေန ခံတပ္ရဲ႕ ၿခံစည္း႐ိုးနား ေရာက္လို႔ေရာက္မွန္းမသိေရာက္လာသည္။ စိတ္ကေတာ့ ေတာ္ေတာ္ေလးကို မၾကည္လင္ေတာ့ဘူး။

စစ္သညါေတြရဲ႕အနားယူခ်ိန္မို႔ ဝမ္ရီေပၚေရာက္လာတာကို ဘယ္သူမွမေတြ႕လိုက္။

ေနာက္ေတာ့ အေစခံေတြေရာက္လာၿပီး စားစရာ ေသာက္စရာေတြကို ခ်ေပးသည္။ စားပြဲေပၚက ေသာက္စရာ အရက္ကိုၾကည့္ၿပီး ဝမ္ရီေပၚမ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။

ႏွစ္တစ္ရာ အရက္အိုး
ဘုရား ဘုရား က်န႔္ေကာေတာ့မေသာက္ဘူးမလား

ဝမ္ရီေပၚရဲ႕ဆုေတာင္းပင္မဆုံးေသး။ က်န႔္ေကာရဲ႕ခြက္ထဲသို႔ အရက္ငွဲ႔ေပးလိုက္တဲ့ ကမာၻ႔အက်ည္းတန္ဆုံးလူ။

ဝမ္ရီေပၚလည္း လ်င္ျမန္ေသာ ေျခလွမ္းေတြနဲ႔ ေရွာင္က်န႔္ရွိရာကို အေျပးသြားၿပီး မွီတဲ့ေနရာေရာက္မွ ခြက္ကို အတြင္းအားနဲ႔ ေပါက္ခြဲလိုက္သည္။

ခြမ္း~

ေရွာင္က်န႔္ရဲ႕ လက္ထဲက ခြက္ေလးလည္း အစိတ္စိတ္အမႊာမႊာျဖစ္ၿပီး အားလုံးရဲ႕အၾကည့္ေတြက ဝမ္ရီေပၚဆီေရာက္လာသည္။

ဝမ္ရီေပၚကေတာ့ ဂ႐ုမစိုက္ႏိုင္စြာ ေရွာင္က်န႔္ေရွ႕သြားရပ္လိုက္သည္။

" က်န႔္ေကာ ႐ူးေနလား အဲ့အရက္ကဘာလဲ မသိဘူးလား ဘာလို႔ေသာက္ဖို႔ႀကံရတာလဲ ကြၽန္ေတာ္မရွိတုန္းကေရာ ေသာက္ေသးလား "

ဝမ္ရီေပၚက စကားေတြေျပာေနပမယ့္ ေနာက္ဆုံးေတာ့ ျပန္ရလိုက္တာက ေရွာင္က်န႔္ရဲ႕ေအးစက္စက္အၾကည့္။

" က်န႔္ေကာ "

" ငါ့ဘာသာငါ ေသာက္တာ မင္းနဲ႔ဘာဆိုင္လဲ "

" က်န႔္ေကာ ဘာလို႔.. "

" ဒီကညီေလး စိတ္ေလ်ာ့ပါ အကိုတိုက္မိတာ ေတာင္းပန္ပါတယ္ "

႐ုပ္ဆိုးဆိုးနဲ႔မွမလိုက္ ယဥ္ယဥ္ေက်းေက်းေျပာေသာ ထိုလူႀကီးကို ဝမ္ရီေပၚ ဆြဲထိုးလိုက္သည္။ မ်က္ေစာင္းနဲ႔။

" က်ိဳးခ်န္ ဘာမွေတာင္းပန္စရာမလိုဘူး ေရာ့ အသစ္ထည့္ေပး "

ေရွာင္က်န႔္လည္း ခြက္အသစ္ကိုေပးလိုက္သည္။ က်ိဳးခ်န္က ဘာမသိ ညာမသိနဲ႔ ထည့္ေပးလိုက္သည္။

က်ိဳးခ်န္ ေရွာင္က်န႔္ကို အရက္ခြက္ေပးဖို႔ လက္အလွမ္းမွာ ဝမ္ရီေပၚက ၾကားထဲမွ ဆြဲယူကာ အကုန္ေမာ့ခ်လိုက္သည္။

" ဝမ္ရီေပၚ!! ဒါဘာလုပ္တာလဲ "

" က်န႔္ေကာ ေသာက္ခ်င္ရင္ ကြၽန္ေတာ္အစားေသာက္ေပးပါ့မယ္ "

" မလိုဘူး က်ိဳးခ်န္ တစ္ခြက္ထည့္လိုက္ "

က်ိဳးခ်န္လည္းေနာက္တစ္ခြက္ယူကာထည့္ေပးလိုက္ေသာ္လည္း ၾကားမွ ဝမ္ရီေပၚ ျဖတ္ယူကာ ေမာ့ခ်လိုက္ျပန္သည္။

ခ်ဳံပုတ္ထဲက ဖန္ရွင္းတို႔လည္း ထိုအျဖစ္ကိုၾကည့္ကာ စိုးရိမ္ေနသည္။ ဝမ္ရီေပၚက ပုန္ကန္မႈမွာ ဒဏ္ရာအနည္းငယ္ရထားသည့္အျပင္ ခရီးလည္းပန္းေနသည္။ ဒီျပင္းေသာ အရက္ဒဏ္မခံႏိုင္မွာ စိုးေနၾကသည္။

ေရွာင္က်န႔္က ထည့္ခိုင္းလိုက္

ဝမ္ရီေပၚက ၾကားထဲက ျဖတ္လုၿပီး ေသာက္လိုက္

အရက္တစ္အိုးပင္ကုန္ေတာ့မည္။ က်ိဳးခ်န္က မေတြ႕တာၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းေယာက္ဖႏွင့္ေတြ႕ကာ အရက္ေသာက္ရန္စီစဥ္ထားေသာ္လည္း အခုေတာ့ အရက္ငွဲ႔ေနရတာနဲ႔ပင္ လက္အေၾကာတင္ခ်င္လာသည္။

ႏွစ္ေယာက္ကေတာ့ အေတာ္ပင္ ဇြဲေကာင္းၾကသည္။

" က်ိဳးခ်န္ ထပ္ထည့္လိုက္ "

" ေရွာင္က်န႔္ရာ ေတာ္ပါၿပီကြာ ဒီကေလးပုံၾကည့္ရတာ မဟန္ေတာ့ဘူး "

ဟုတ္လည္းဟုတ္သည္။ ဝမ္ရီေပၚက ခုံေပၚထိုင္ထားရတာေတာင္ ယိုင္ထိုးေနသည္။ေရွာင္က်န႔္လည္း ဘာမွဆက္မေျပာေတာ့ဘဲ ဝမ္ရီေပၚကိုသာၾကည့္ေနသည္။

ဝမ္ရီေပၚက မဟန္ေတာ့ဘဲ ခုံေပၚကေန ေျမႀကီးေပၚျပဳတ္က်ေတာ့သည္။ သို႔ေသာ္ ေျမႀကီးရဲ႕အထိအေတြ႕မရွိဘဲ သူအရမ္းေမွ်ာ္လင့္ထားေသာ ရင္ခြင္ထဲေရာက္ေနသည္။

က်န႔္ေကာက သူ႔ကို ဖမ္းေပးထားသည္ေလ

က်န႔္ေကာကလည္း ဘာမွမေျပာဘဲသူ႔ကို ၾကည့္ေနသည္။ ဝမ္ရီေပၚက ေရွာင္က်န႔္မ်က္ႏွာေလးကိုကိုင္လိုက္သည္။

ဒီပါးႏုႏုေလးေတြကို လြမ္းေနတာ။

" က်န႔္ေကာ£~ ေအ့ _ ကြၽန္ ကြၽန္ေတာ္ကိုမခ်စ္ေတာ့ဘူးလား ~ဟ~ ငါကိုယ္ေတာ္ကို မခ်စ္ေတာ့ဘူးလား ေအ့ ဗိုက္ထဲက ကေလးေလးကိုေရာမခ်စ္ဘူးလား ေအ့ "

ဝမ္ရီေပၚလည္း ေျပာခ်င္ရာေျပာၿပီး ရင္ခြင္ေႏြးေႏြးေလးထဲတိုးဝင္ကာ အိပ္စက္လိုက္သည္။

" က်န႔္ေကာ ကို ကြၽန္ေတာ္ ခ်စ္တယ္ "

_____________________________________

Final ကမေရာက္ေသးပါဘူး
ကေလးေလးေတာင္မေမြးေသးဘူး
Novel အတိုင္းသြားမယ္ဆို ကေလးေတြအမ်ားႀကီးေမြးရမွာ။😁😁😁

================================

Continue Reading

You'll Also Like

83.6K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
566K 49.3K 29
Taekook Fanfiction Jeon Kim Own creation
82.4K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)