ကိုကိုရဲ့ကလေးငယ် S1 [ Complet...

By moewathane

10.2M 599K 29.5K

#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်က... More

❤( ဇိုင်းဇာတ်ဇာတ်ဇော် )❤
❤( ဇေသုတ )❤
❤( မြတ်မင်းခန့် )❤
❤ ကိုကိုရဲ့ကလေးငယ် ၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၇ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၁၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၁၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၄ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၂၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၂၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၂ ❤🔞
💍Marry me baby💍
❤ ကိုကိုရဲ့ကလေးငယ် ၃၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၅ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၃၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၃၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၁ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၄ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၄၅ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၄၆ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၇ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၈ ❤
❤ ကိုကိုရဲ့ကလေးငယ် ၄၉ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၀ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၁ ❤🔞
❤ ကိုကိုရဲ့ကလေးငယ် ၅၂ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၃ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၄ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၅ ❤
❤ ကိုကိုရဲ့ကလေးငယ် ၅၆ ❤END
{ ♥ ​ေက်းဇူးတင္လႊာ ♥ }
❤ Extra ep 1 ❤
❤ Extra ep 2 ❤
❤Extra ep 3❤
❤Extra ep 4❤
❤ Extra ep 5❤
❤ Extra ep 6 ❤End
Extra အပိုင်းပို - 7
Extra အပိုင်းပို - 8 End

❤ ကိုကိုရဲ့ကလေးငယ် ၂၃ ❤

160K 9.5K 790
By moewathane

Unicode...
>>>>>>>>

.
.

ဇိုင်း တို့နဲ့လက်ရှိမှာ လုပ်ငန်းတူလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်သည် လွန်ခဲ့တဲ့တစ်ပတ်လောက်တည်းက သူရဲ့ စီမံကိန်းအိမ်ရာဆောက်လုပ်ရေးဖွင့်ပွဲအတွက် ဇိုင်း ကို ဖိတ်ကြားထားသည် ။ ထိုလုပ်ငန်းရှင်ဟာ လက်ရှိမှာ ဇိုင်း နဲ့အတူ လုပ်ငန်းတစ်ချို့ကိုလုပ်ကိုင်နေတဲ့လူတစ်ယောက်မို့ ဇိုင်း အတွက်မငြင်းသာပေ ။
ထိုကြောင့် ဒီမနက်ထိုဧည့်ခံပွဲအားပါတနာနဲ့အတူသွားရမည် ။

ပါတနာ ... ထိုစကားစုဟာ တခြားလူတွေအတွက်မထူးခြားသော်လည်း ဘယ်ပါတနာမှပွဲထုတ်လေ့မရှိတဲ့ ဇိုင်း အတွက် စီးပွားရေးလောကရဲ့စောင့်ကြည့်စရာကိစ္စတစ်ခုပေါ့ ။

သို့သော် ဇိုင်း ဘာကြောင့်ပါတနာရှာရမည်လဲ .. ဇိုင်း အတွက် အဖိုးမဖြတ်နိုင်တဲ့ကလေးငယ်ကအနားမှာရှိနေသည်လေ ။ ဒါ့အပြင် ဒီချစ်ရတဲ့ကလေးငယ် ဟာ ဇိုင်း အပိုင်ဆိုတာအားလုံးကို ချပြသင့်တဲ့အချိန်ရောက်လာပြီမို့ ဒီပါတီကိုတရားဝင်ခေါ်လာခြင်း ။

ဇိုင်း နောက်မှာ ကျော်ထက်နဲ့ဝန အပြင် ဇိုင်း ကိုယ်ရံတော်တစ်ချို့လဲ နောက်မှာ ကားတစ်စီးနဲ့ပါလာသည် ။ ဇိုင်း နဲ့သုသု ပါတီ ပွဲထဲဝင်သွားပေမယ့် ကျော်ထက်နဲ့ဝန ကေတာ့ ဇိုင်း တို့နဲ့ ခပ်လှမ်းလှမ်း နေရစ်ခဲ့ပြီး ကိုယ်ရံတော်အဖွဲကတော့ ကားပေါ်မှာသာ ထိုင်စောင့်နေရစ်ခဲ့သည် ။

ကိုကို အတင်းခေါ်လို့လိုက်ခဲ့ရပေမယ့် ဒီလိုပွဲမျိုးတတ်ရသည်ကို သုသု မကြိုက်။နဂိုထဲကအေးအေးဆေးဆေးပဲနေပြီး လူကြောက်တတ်တဲ့အကျင့်လေးကြောင့် သုသု ကိုကို့ လက်ကိုသာအတင်းချိတ်ထားသည်။

" ကလေးစိတ်လျှော့ထား ကိုကိုရှိတယ် ဘာမှမကြောက်နဲ့"

"ဟုတ်"

သုသု ကိုမကြောက်ဖို့ချော့ပြောနေတဲ့ကိုကို့ကြောင့် သုသု အနည်းငယ် တော့ စိတ်သက်သာရာ ရလာသည်။ ဦဇိုင်း ဆိုတဲ့အသံကြားတာနဲ့ ပါတီရောက်နှင့်နေတဲ့လူတွေရဲ့မျက်လုံးက ဇိုင်း ကို စူးစမ်းပြီးကြည့်နေတာထက် ဇိုင်း နဲ့အတူလက်တွဲကာဝင်လာတဲ့ သုသုလေးကိုငေးကြည့်နေတာဆိုပိုမှန်မည် ။

မိန်းကလေးတွေထက်နုနယ်ပြီးလှပတဲ့အသားရေအပြင် ညှို့အားကောင်းပြီးတောက်ပလွန်းတဲ့မျက်၀န်းလေးတစ်စုံကြောင့် သုသု သည် အရုပ်လေးတစ်ရုပ်အလား ချစ်ဖို့ကောင်းလွန်းနေသည်။

ပါတီပွဲမျောက်ဝင်လာသလိုကြည့်နေတဲ့လူတွေရဲ့မျက်လုံးထဲမှာ ဇိုင်း အရှိန်အဝါကိုကြောက်ရွံ့ပေမယ့် ချစ်စရာကောင်းတဲ့ကောင်လေးကိုတော့ သူတို့ကြည့်ချင်သေးသည် ။ သို့သော် ဇိုင်း ရဲ့ မှောင်မိုက်တဲ့အကြည့်အောက်မှာ ဘယ်သူမှကြာကြာမကြည့်ကြတော့ပေ ။

ကိုကို့ ကိုလာနှုတ်ဆက်တဲ့သူတွေက သုသု ကိုကြည့်ကာ ဘယ်သူလေးလဲဆိုတဲ့အမေးကို ကိုကိုက သူ့ချစ်သူပါဆိုပီး..ရဲရဲ၀င့်၀င့် ပြန်ဖြေနေတဲ့ကိုကို့ကိုကြည့်ပြီး သုသု ပို၍ပင်ချစ်လာသည်။

အပန်းဖြေဖို့အတွက်ဆိုပြီး ကမ်းခြေခရီးလိုက်ပို့တဲ့ ကိုကို ဟာ အပန်းဖြေချင်တာ သူလား ကိုယ်လာမသဲကွဲပေ ။ ပထမတစ်ရက်သာ အပြင်ထွက်စားပြီးနောက်ရက်တွေမှာ အိမ်လေးထဲမှာပဲမှာယူစားစေကာ .. နေ့ နေ့ ည ည papapa နေတဲ့ ကိုကိုကြောင့် သုသု အီစိမ့်သွားသည် ။

ကိုကို့အနားမှာနေပြီး လာသမျှလုပ်ငန်း၇ှင်တွေကို ပြန်နှုတ်ဆက်နေရတာကြာတော့ သုသု စိတ်ရှုတ်လာသည် ။ ဒါကိုသိတဲ့ကိုကိုက သုသုကိုထိုနေရာမှခေါ်ထွက်လာ၍ လူရှင်းတဲ့စားပွဲလေးတစ်ခုရောက်တော့ သုသုကိုထိုင်ခိုင်းပြီး ဖျော်ရည်တစ်မျိုးသွားယူပေးသည် ။

"ဇိုင်း ငါကမင်းမလာလောက်ဘူးထင်နေတာ သုသုလေးပါခေါ်လာတာကိုးး"

"အကိုထွန်းမြတ် စောင့်နေတာလား Sorry ကိုကိုက သုသု ကို စောင့်ရင်း ကြာသွားတာ"

ထွန်းမြတ်ကို သုသု အားနာသံလေးနဲ့ပြောသည်။

"ကလေး ဘာမှအားနာမနေနဲ့ ဒီကောင်က ကိုကို တို့ကိုစောင့်ဖို့နေနေသာသာ စကီတွေနဲ့အီနေတာတောင် အချိန်မလောက်ဘူး"

ဇိုင်း ထွန်းမြတ်မျက်နှာကိုကြည့်ပြီး မျက်ခုံးပင့်ပြပြီးအရိပ်ချည်ပြသည်။

"ဇိုင်း ပြောတာ ဟုတ်တယ် သုသုလေးရဲ့ အကိုက ပျိုတိုင်းကြိုက်ဆိုတော့ သိတယ်မလား ဟဲဟဲ"

ထွန်းမြတ်ရဲ့ရွတ်နောက်နောက်စကားကြောင့် သုသု သဘောကျစွာရယ်လိုက်သည်။ထိုအချိန် ဇိုင်း နဲ့ သိတဲ့လုပ်ငန်းရှင်တစ်ယောက်က ဇိုင်း ကိုလာခေါ်သည် ။

"ဦးဇိုင်း ကျွန်တော်တို့ကစောင့်နေတာ..ဟိုဘက်မှာလုပ်ငန်းရှင်တစ်ချို့နဲ့မိတ်ဆက်ပေးရင်း စကားပြောရအောင်လေ"

" OK လာခဲ့မယ်"

ဇိုင်း သုသုဘက်လှည့်ကာ..။

"ကလေး..ကိုယ်စကားခဏသွားပြောလိုက်ဦးမယ်..ဒီမှာထွန်းမြတ်နဲ့စကားပြောနေနော်..ဒါမှမဟုတ်လဲ စားချင်တာတစ်ခုခုသွားယူစားနေ ၀ိုင်တွေမသောက်ရဘူးနော်..ဖျော်ရည်ပဲသောက်"

"ဟုတ် ကိုကို"

ဇိုင်း ထွက်သွားသည်နှင့် မုန့်စားတန်းကနေ မုန့်အမျိုးမျိုးယူလာပေးသည့် အကိုထွန်းမြတ်ကိုအားနာစွာသွားရန်ပြောရသည်။

"အကိုထွန်း ကို ဟိုဘက်၀ိုင်းကဧည့်သည်တွေစောင့်နေတာထင်တယ် သွားလေ သုသုကိုစိတ်မပူနဲ့ သုသု မုန့်စားရင်း ဒီမှာစောင့်နေမယ်"

"အင်း အဲ့လိုလုပ်မလား အကိုစကားခဏသွားပြောလိုက်ဦးမယ်"

အကိုထွန်းမြတ်ကိုပြန်ပြုံးပြကာအဆင်ပြေကြောင်းပြောသည်

"ဟုတ် ရပါတယ် သွားလေ"

သုသုစားပွဲမှာထိုင်းရင်းအကိုထွန်းမြတ်ယူလာပေးတဲ့မုန့်ထဲက ချောကလပ်ကိတ်ကိုဇွန်းလေးနဲ့စားရင်း..ခပ်လှလှမ်းမှာရှိတဲ့ မိသားစုတစ်စုဖြစ်ပုံရတဲ့လူတွေနဲ့စကားပြောနေတဲ့ ကိုကို့ကိုမေးထောက်လျှက်ကြည့်နေမိသည်။

                   >>>>>>>>>>>>>>>>>

တဖက်တွင်မူ...

ကျော်ထက်နဲ့ဝန ပါတီပွဲအတွင်းလိုက်ကြည့်နေစဉ် ဝန ကို ပါတီပွဲမှာရှိနေတဲ့ မိန်းကလေးတွေက မြူဆွယ်နေတဲ့ မျက်နှာဘေးမျိုးလုပ်နေတာမို့ ကျော်ထက် စိတ်ထဲဘဝင်မကျဖြစ်နေရသည် ။

သခင်လေးထက် ၂ နှစ်ပဲကြီးတဲ့ ဝန က သခင်လေးလောက်မနူးညံ့ပေမယ့် သူပုံစံလေးမှာ ဂျစ်တစ်တစ်နဲ့ ချစ်ဖို့ကောင်းသည် ။

ဒီညဝတ်လာတဲ့ ဝန ပုံစံလေးက...အပြဲစတိုင် ဂျင်းဘောင်းဘီအနက်ရှည်ကို အောက်ခံအကျီ တီရှပ်အဖြူရောင်လေးနဲ့တွဲကာ အကျီကိုဘောင်းဘီထဲထည့်ဝတ်ထားတဲ့ ဝန သည် လူငယ်ဆန်ဆန်သန့်ပြန့်လို့နေသည် ။ အပေါ်ကုတ် လည်သာအနက်ကိုထပ်ဝတ်ထားပြီး ဘွတ်ဖိနပ်အဖြူရောင်လေးနဲ့ ထပ်တွဲထားသည်မို့ ပါတီရဲ့ မိန်းမလှတွေကြားမှာ သူမတူအောင်ချောမောနေသည်။

ကျော်ထက်တစ်ယောက် ဝန ကို ငေးကြည့်ရင်းတွေးနေစဉ် ဝန က အနားရောက်လာတာမို့ ကျော်ထက် မသိသလိုမျက်နှာလွဲလိုက်သည် ။

"ကိုကျော်ထက်.. ကျွန်တော်တို့ ဝိုင် သောက်ရအောင်..."

"မသောက်နဲ့ တော်ကြာ Boss ခေါ်တဲ့အချိန်ဆိုရင် ပြသာနာတတ်မယ်..."

ကျော်ထက် သည် ဝန ကိုမသောက်စေချင်၍ပြောလိုက်ပေမယ့် နဂိုထဲက ကျော်ထက်ကိုဆိုရင် နိုင်ချင်နေတဲ့ ဝန က ကျော်ထက်စကားအရမ်းနားထောင်လွန်းသည်....။

"ဘာမှမဖြစ်ပါဘူး...ပါးပါးလေးပဲသောက်မှာပါ..ပြီးတော့ ကျွန်တော့်တစ်ယောက်တည်းသောက်မှာမဟုတ်ဘူး...ခင်ဗျား အတွက်ပါယူပေးမှာ..."

တွေ့လား ဝန ဆိုတာ ကျွန်တော့်စကားဆို အဲ့လောက်နားထောင်တာပါဆို...။

"ငါလဲမသောက်ဘူး မင်းလဲမသောက်....."

ကျော်ထက် စကားပင်မဆုံးသေး.. ဝန က ဝိတ်တာတစ်ယောက်ကိုလှမ်းခေါ်ကာ ဗန်းပေါ်မှာပါလာတဲ့ ဝိုင်နှစ်ခွက်ကိုယူလိုက်သည် ။

ယူပြီးသည်နှင့် ကျော်ထက်အနားပြန်လာကာ တစ်ခွက်လှမ်းပေးတော့ ကျော်ထက်လဲ ပြောမရတာနဲ့ လှမ်းယူလိုက်ရသည်။ ထိုစဉ်.......ကျော်ထက်တို့နားကို နိုင်ငံခြားမျက်နှာပေါက်နဲ့ လူတစ်ယောက် ရောက်လာပြီး ဝန ကိုကြည့်ကာ...

"ဒီက ကိုယ့်လူတို့က ဦးဇိုင်းနဲ့ပါလာတာ ထင်တယ်...ကိုယ်က ဦးဇိုင်းနဲ့လုပ်ငန်းတူလုပ်ကိုင်နေတဲ့လူပါ..."

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်...ကျွန်တော် နာမည်ဝန ပါ.."

ဝန က Boss နဲ့ အသိလို့ပြောတာနဲ့ လိုက်ရောညီထွေလက်ဆွဲနှုတ်နေပေမယ့် ကျော်ထက်ကတော့ ဝိုင်ခွက်ကို ဟန်ပါပါလှည့်ရင်း ထိုလူကိုမဲ့ပြုံးကာ ကြည့်နေလိုက်သည်....။

Boss လုပ်ငန်းကိစ္စတွေနဲ့ပက်သတ်လာရင် ဝန က တော်ယုံလုပ်ငန်းရှင်လောက်ပဲ တွေ့ဖူးပေမယ့် ကျော်ထက် ကတော့ သူ မသိတဲ့လုပ်ငန်းရှင်ဆိုသိမှာ မရှိသလောက်ရှားသည်မို့ ထိုလူအကြောင်လာရိုက်နေသည်ကို သိနေသည် ။ ထိုလူ ဝန နဲ့စကားပြောနေသည်ကို ကျော်ထက် ဝင်ပြီး မမိတ်ဆက်ငလို သူတို့စကားဝိုင်းထဲလဲ စကားဝင်မပြောပေ...။

"မင်း Body က gym ကစားထားတာလား.. မိုက်သားပဲနော်..."

"အာ..အဲ့တာက...."

ထိုလူ စကားပြောရင် ဝန ပုခုံးကိုဆုပ်ကိုင်ပြီးပွတ်ဆွဲကာ ဝန လက်မောင်းထိ ကိုင်ထားတာကို ကျော်ထက် မြင်တော့ ချက်ချင်း ထိုလူရဲ့ လက်ကိုဖယ်ထုတ်လိုက်သည် ။ ကျော်ထက် ရုတ်တရက် ထိုလူ့လက်ကိုဖာ်ထုတ်ကာ ဝန ပုခုံးကို ဆွဲဖက်လိုက်သည် ။ ပြီးသည်နှင့် ထိုလူကိုစိတ်​ကြည့်ပေးလိုက်တော့ ထိုလူမျက်ခုံးတဖက်ပင့်ကာ ကျော်ထက်ကို ပြန်ကြည့်နေသည်...

"ဝန မင်းကိုယ့်ကို ဝိုင်ယူပေးပြီး အမြည်းကျတော့ ယူမပေးတော့ဘူးလား..."

ကျော်ထက် သည် ဝန ပုခုံးကိုဖက်ကာ ထိုလူ့ကိုစိုက်ကြည့်မပျက်ပြောလိုက်တော့......

"အော် ဟုတ်သားပဲ ကျွန်တော်ယူပေးမယ် ခဏ...ဒီက အကိုခဏနော်...."

"Oh...Ok bro...."

ဝန လဲ သူစိမ်းရှေ့မှာ ကျော်ထက် သူ့ကိုရုတ်တရက်ဆွဲဖက်လိုက်တာကြောင့် မျက်နှာပူတာရော ရှက်တာရောပေါင်းပြီး ကျော်ထက်ယူခိုင်းတဲ့အမြည်းပန်ကန်ကို အကြောင်းပြကာ...သူတို့နှစ်ယောက်ရှေ့က ခပ်မြန်မြန်ပင်ထွက်လာလိုက်သည်....။

ဝန ထွက်သွားသည်နှင့် ကျော်ထက်နဲ့ ထိုလူနဲ့ပဲကျန်ခဲ့သည်...ကျော်ထက် ထိုလူ့ကို ကြည့်ကာ...။

"Bro က Boss ရဲ့လုပ်ငန်းပါတနာလို့ပြောပေမယ့် ငါဘာလို့ မမြင်ဖူးပါလိမ့်...အော်.မိတ်ဆက်ရဦးမယ် ကျွန်တော့်နာမည်ကျော်ထက်ပါ..Boss နဲ့ ပက်သတ်တဲ့ကိစ္စအဝဝ အားလုံးနဲ့ Boss ပက်သတ်တဲ့ လူအကုန် ကျွန်တော်မသိတဲ့လူမရှိဘူး... ဒါပေမယ့် Bro ကို မမြင်ဖူးဘူးပဲ..."

"အဟမ်း ဟို အဲ့တာက... ကျွန်တော်ကလုပ်ငန်းလုပ်တာသိပ်မကြာသေးလို့ပါ..."

ကျော်ထက် ပြောလိုက်တဲ့စကားကို ထိုလူပုံစံဟာ သူခိုးလူမိသွားသလို ရှက်ရမ်းရမ်းပြီး လှည့်ပတ်ပြောနေသည်...။

"ဟုတ်လား အဲ့တာဆို ကျွန်တော် မသိသေးတာပေါ့...ပြောပါဦး Bro ကုမ္ပဏီ ရဲ့ နာမည်လေး တစ်စိတ်လောက် အခု ဒီပွဲမှာ Boss ပါရှိနေတော့ တခါတည်းမိတ်ဆက်ထားကြတာပေါ့..."

"မ မလိုပါဘူး...ဟိုဘက်မှာ ဧည့်သည်တွေ ရှိနေသေးလို့ သွားလိုက်ပါဦးမယ်....နှုတ်ဆက်ပါတယ်.."

ကျော်ထက်နဲ့စကားဆက်မပြောရဲတော့တာပေါ့ ချက်ချင်းထိုလူသည် ကျော်ထက်ကိုနှုတ်ဆက်ကာ ထွက်ပြေးသွားသည်။ ထိုလူသွားပြီး သိပ်မကြာဘူး..ဝန သည် အသီးပန်ကန်လေး ကိုင်ကာ ကျော်ထက်အနားကိုပြန်ရောက်လာသည်...။

"ဟိုလူ သွားလိုက်ပြီလား..."

"အင်း သွားလိုက်ပြီ..."

"အော်....ရော့ ဒီမှာမင်းအတွက်..."

ဝန ယူလာပေးတဲ့ သစ်သီးပန်ကန်လေးကို ကျော်ထက်လှမ်းယူကာ တစ်ခုကို ပါးစပ်ထဲထည့်ပြီး ဘေးကစားပွဲမှာ တင်ထားလိုက်သည် ။
ပြီးသည်နှင့် ကျော်ထက် ဝနကိုကြည့်ကာ...။

"မင်း........ "

"ဘ.ဘာလဲ.....ဘာလို့ အဲ့လိုကြီးလာကြည့်နေတာလဲ ကြောက်စရာကောင်းအောင်...."

"မင်းကို လာစကားပြောသမျှလူကို လိုက်ပြီး အရောမဝင်နဲ့... လူဆိုးမှန်းမသိ လူကောင်းမှန်းမသိပဲ...."

ကျော်ထက် ကိုယ်တိုင်လဲ ဘာကြောင့်အဲ့လိုပြောလိုက်မိလဲ မသိပေမယ့် ထိုကောင်လေးကို တခြားတစ်ယောက်လက်ထဲပါသွားမှာစိုးရိမ်မိနေသလို... အဲ့လိုတခြားလူတွေလှည့်စားမှာလဲ စိုးရိမ်လို့ ကာကွယ်ပေးချင်မိသည် ။ ဝနကတော့ ကျော်ထက်ပြောတဲ့စကားကို ထုံးစံအတိုင်း နားထောင်ပါသည်...။

"ဒီမှာ ငါ့အတွက် လူဆိုးလား လူကောင်းလားဆိုတာ ကိုယ့်ဘာသာကိုယ် သိပါတယ်နော်... ဒါပေမယ့် ကိစ္စမရျိပါဘူး ငါမသိလဲ မင်းသိတာပဲ ဟဲဟဲ... "

ကျော်ထက် လဲ ဝန ကိုနိုင်အောင်ပြန်မပြောနိုင်တော့တာမို့ ခေါင်းခါပြီးသာလွတ်ထားလိုက်သည် ။ ဝန လက်ထဲက ဝိုင်ခွက် ကုန်သွားတာမို့ နောက်တစ်ခွက် သွားထပ်ယူနေချိန် တဖက်ဝိုင်းက ထိုလူသည်လဲ ကျော်ထက်အလစ်ကိုချောင်းပြိး ဝန နဲ့စကားပြောရန် ကြိုးစားနေတာမို့ ကျော်ထက်ပါ ဝန နဲ့ ဝိုင်တွေရွေးတဲ့ဆီ လိုက်လာပေးရသည်...။

*ငါ့ပါးစပ် မင်းကို ညီတစ်ယောက်လိုပဲ သဘောထားတယ် ပြောနေပေမယ့်...ငါ့စိတ်ထဲမှာတော့တဖြည်းဖြည်းနဲ့.... *

                     >>>>>>>>>>>>>>>>

ဇိုင်း ဧည့်သည်တွေနဲ့စကါးပြောနေပေမယ့် အာရုံက ကလေးဆီမှာ...။ ဧည့်သည်တွေနဲ့စကားပြောမပျက်စေပဲ သုသုကို စိတ်မချစွာ ခဏခဏလှည့်ကြည့်နေတဲ့ ကိိုကို့ပုံစံလေးကို သုသု ကျေနပ် မိ သည်။ မထင်မှတ်စွာပင် ကိုကို့ ပုခုံးပေါ်လက်လှမ်းတင်ပြီး စကားပြောနေတဲ့မိန်းကလေးကြောင့် အနည်းငယ်အံသြသွားမိသည် ။
လှပလွန်းတဲ့ထိုမိန်းကလေးနဲ့စကားပြောကာပြုံးနေတဲ့ ကိုကို့ ကိုကြည့်ကာ ရင်ထဲကသဝန်တိုမှု့လေးတွေက ခိုအောင်းတတ်လာသည် ။

* အဲ့မှာပျော်နေလိုက် .. နောက်မှလာချော့ကြည့်တွေ့မယ် *

သုသု တစ်ယောက်တည်းစိတ်တွေဆိုးပီး ၀ိုင်တွေထားတဲ့အတန်းဘက်လျှောက်သွားလိုက်သည်။

*ဟူး ဘယ်ဟာသောက်ရင်ကောင်းမလဲ မသိဘူး*

"ဟိတ်..ညီ ဘယ်တစ်ခုသောက်ရမှန်းမသိဖြစ်နေတာလား"

၀ိုင်ဖြူခွက်လေးကိုင်ကာနွေးထွေးတဲ့အပြုံးလေးနဲ့ပြောလာတဲ့ ကိုခန့်။

"ကိုခန့်.."

"အင်း ညီ ၀ိုင်တွေသောက်မလို့လား"

"ဟုတ်တယ် သုသု သောက်ကြည့်ချင်လို့ ဒါပေမယ့် အရမ်းမူးသွားမှာလဲကြောက်တယ် ဟီးးးး"

သုသုရဲ့စကားကြောင့် မြတ်မင်းသဘောကျရယ်လျှက်။

"ဒါတွေက ၀ိုင်းအပြင်းစားတွေလေ ညီ သောက်ပြီးတာနဲ့ ချက်ချင်းမှောက်သွားလိမ့်မယ်.."

"အာာ...."

မြတ်မင်းစကားကြောင့် သုသု ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့နောက်တစ်မျိုးသွားရွေးနေပြန်သည်။ လက်ထဲကမုန့်ပန်ကန်လေးကိုကိုင်ရင်း..အဆင်ပြေမယ့်၀ိုင်အမျိုးစားတွေကို မမြင်ဖူးသလိုလိုက်ကြည့်ရင်း နည်းနည်းစီစမ်းသောက်နေသည်။

လုပ်ငန်းရှင်တစ်ယောက်ရဲ့ဖိတ်ခေါ်မှု့ကြောင့် မြတ်မင်းဒီကိုရောက်လာခဲ့သည်။ စီးပွားရှင်တချို့နဲ့စကားပြောနေတုန်း..မီးရောင်အောက်က လူကောင်သေးသေးလေးကို အမှတ်မထင် တွေ့လိုက်တာကြောင့် မြတ်မင်း အရုပ်လေးလား လား ဆိုတဲ့စိတ်နဲ့သွားကြည့်လိုက်တာ တကယ်ပဲ သုသု ဖြစ်နေခဲ့တယ်လေ။

ဒီကောင်လေးက မြတ်မင်း အပေါ်အကိုလို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားခဲ့တာကြောင့် ကိုယ့်ခံစားချက်တွေကို အမြဲတမ်းအတွက်ဖုံးကွယ်ထားခဲ့သည်။

သို့ပေမယ့် တသက်လုံးစွန့်လွတ်လိုက်တာမျိုးမဟုတ်။အခွင့်ရေးရှိခဲ့ရင်တော့ ထိုအရုပ်ကလေးအတွက် အမြဲတမ်းကြိုဆိုနေမှာမို့။

"ဒါနဲ့ ညီ့ ချစ်သူရော.."

"မသိဘူး တစ်နေရာရာမှာ ကြည်နှုးနေမှာပေါ့"

"ညီတို့ရန်ဖြစ်ထားတာလား"

"အဲ့လို တော့ လဲ...မဟုတ်ပါဘူး အကိုရယ်..ညီကသာ.."

"ဟော..ကြည့်ရတာ ညီ့ဘက်ကပဲစိတ်ဆိုးနေတာထင်တယ်.."

"အာာ..မသိတော့ဘူး ကိုခန့်ကလဲ အဲ့တာပဲမေးနေတယ် သုသုကို ၀ိုင်ချိုချိုလေးကူရှာပေး"

နှုတ်ခမ်းဆူကာအလိုမကျဟန်လေးနဲ့ပြောနေတဲ့ သုသု ကိုမြတ်မင်းသဘောကျလျှက်ပြုံးကြည့်နေသည်။

ဇိုင်း စကားပြောနေသည်ကို လက်ထောက်ပီးငေးကြည့်နေတဲ့ ကေလးကို ပြုံးပြပြီးတစ်ဖက်လူတွေနဲ့စကားပြန်ဆက်နေလိုက်သည်။ထိုစဉ်... အနောက်မှ ဇိုင်း ပုခုံးပေါ်လက်တင်ကာ လာနှုတ်ဆက်တဲ့မိန်းကလေးတစ်ဦး...

"Hello. ဦးဇိုင်း.."

နဂိုထဲက ကလေးကလွဲရင် ကိုယ့်အသားတခြားလူထိတာမကြိုက်တဲ့ဇိုင်းက။
ထိုမိန်းကလေးတင်ထားတဲ့လက်ကို စိုက်ကြည့်လိုက်တာကြောင့် အလိုက်တသိပြန်ဖယ်သွားသည်။

" မင်းနဲ့ကိုယ်နဲ့ သိလို့လား.."

"ဦးဇိုင်း က ရတု ကို မသိပေမယ့် ရတု က ဦးဇိုင်းကိုသိပါတယ်.."

ဇိုင်းတို့စကား၀ိုင်းကို ပါတီရှင်ရောက်လာပြီး ဇိုင်းနဲ့ ရတုဆက်တို့ကိုမိတ်ဆက်ပေးသည်။

"ဦးဇိုင်း သူက ဒေါ်ပန်းမြတ်ချယ်ရီရဲ့မြေးလေး ဟိုတေလာကမှ နိုင်ငံခြားကပြန်လာတာ ပန်းမြတ်ကုမဏ္ဏီနဲ့ဦးဇိုင်း တို့က မဆုံဖူးတော့ အခုတွေ့တုန်း မိတ်ဆက်ထားတော့ ကောင်းတာပေါ့.."

"ဟုတ်ကဲ့ ရတ နာမည်က ရတုခတ်ဆက် ပါ..တွေ့ရတာ၀မ်းသာပါတယ်.."

" Metoo..."

ထိုမိန်းကလေးအပါအ၀င် နိုင်ငံခြားက လုပ်ငန်းရှင်တစ်ချို့နဲ့စကားကောင်းနေတာ ဘယ်လောက်ကြာသွားလဲမသိ ဇိုင်း စားပွဲလေးကိုလှမ်းကြည့်တော့ ကလေးမရှိတော့တာကြောင့် ဇိုင်း စိတ်ပူပြီး စကားဖြတ်ကာချက်ချင်းလိုက်ရှာသည်။

တွေ့ပါပီ ဇိုင်းရဲ့အသည်းအသက်လေး ဒီလိုအဆင့်အတန်းမြင့် ရောင်စုံခြယ်အောင် လှပနေတဲ့ နေရာမျိုးမှာတောင် တစ်ယောက်တည်းတောက်ပနေတဲ့ ချစ်ရသူ နတ်သားလေး။

က​​လေးအနားသွားမယ်ပြင်စဉ် ကလေးအနားမှာထပ်တွေ့လိုက်ရတဲ့ လူတစ်ယောက်ကြောင့် ဇိုင်း မျက်မှောင်ကျုံ့ကာအလိုမကျဖြစ်လာသည်။
တစ်ချက်တစ်ချက် ထိုလူနဲ့စကားပြောရင်း အသဲပုံနှုတ်ခမ်းလေူတွေပေါ်လာတဲ့အထိပြုံးနေတဲ့ ကလေးဟာ ပကတိဖြုစင်လွန်းလှသည်။

သို့ပေမယ့် ရယ်မောနေတဲ့က​လေးကိုလဲ ဇိုင်းစိတ်တိုသည်။

*ဘာတွေများ သဘောကျလို့ဒီလောက်တောင်ပြုံးနေရတာလဲ အချစ်ရယ်*

ဇိုင်း စိတ်တိုတိုနှင့် ထိုလူနဲ့ကလေးအနားကိုသွားလိုက်သည် ဇိုင်း ကိုမြင်သည်နှင့် စောနက ရယ်မောနေတာသူမဟုတ်သလို ဆူပုတ်သွားတဲ့ကလေးဟာ မဟုတ်မှ ဇိုင်း သူ့ကိုပစ်ထားသလိုဖြစ်လို့ စိတ်ဆိုးနေတာများလား ...

"ကလေး..."

ဇိုင်း သုသု အနားလေးသွားပြီး ပုခုံးလေးဖက်ကာ ပြုံးလျှက်ခေါ်လိုက်တော့ အလိုမကျစွာ ဇိုင်းလက်ကိုဖယ်ချစွာ နှုတ်ခမ်းစူလာသည်။

သုသု မျက်နှာကို စာအုပ်တစ်အုပ်လို ဖတ်နေတဲ့ ဇိုင်း သိပါပြီ ဒီကလေးဇိုင်း ကိုစိတ်ဆိုးနေတယ်ဆိုတာ...။ ထိုရှေ့ကလူကိုကြည့်မိတော့ အလိုလိုမျက်မှောင်ကျုံ့လာပေမယ့် ကေလးး ရှေ့မှာမို့ ဟန်ဆောင်ကာ..။

"မင်းက ဒီမှာငါ့ချစ်သူ့နဲ့ဘယ်လိုလုပ်ရှိနေတာလဲ"

ဇိုင်း ရဲ့ ငါ့ချစ်သူဆိုတဲ့ စကားကိုဖိပြောလိုက်ချင်းဖြစ်တာကြောင့် မြတ်မင်း မျက်နှာခဏတာပျက်သွားပီး သုသုရှေ့မှာမို့ အပြုံးမပျက်ပင်။

"ကျုပ်က ညီ တစ်ယောက်တည်း လျှောက်သောက်နေမှာစိုးလို့ ဘေးကနေစောင့်နေပေးတာပါ..မကာကွယ်နိုင်တဲ့လူလက်ထဲကနေပေါ့...အခု ခင်ဗျားရောက်လာပီ ဆိုတော့ သွားခွင့်ပြုပါဦး..ညီ အကို သွားတော့မယ်နော် "

ဇိုင်း ကိုပြောပြီး သုသု ကိုလှည့်နှုတ်ဆက်ပြီး မြတ်မင်း ပြန်ထွက်လာခဲ့သည်။ မြတ်မင်း စကားကြောင့် ဇိုင်း ပေါ်တင်စိတ်မဆိုးပေမယ့် မေးကြောတွေထောင်တဲ့ထိအန်ကြိတ်ထားသည်။
သုသုကတော့ သူတို့ဘာပြောနေသည်ကိုမသိ ခေါင်းထဲမှာလဲ အနည်းငယ်ရီေ၀ေ၀ဖြစ်နေသည်။ ဇိုင်း သုသု ကို အခုမှသေချာကြည့်မိတော့ သုသု မျက်လုံးရီဝေဝေ ဖြစ်နေမှန်းသတိထားမိသည်။

"ကလေး..၀ိုင်တွေသောက်နေတယ်.."

"ဟုတ်တယ်လေ...."

" ကိုယ်မှာထားတယ်လေ..၀ိုင်တွေမသောက်ရဘူးလို့"

သုသု ဇိုင် းပြောစကားကို မျက်ခုံးလေးပင့်ကာ မျက်နှာလွဲလိုက်ပြီး လက်ထဲမှာကျန်နေသေးတဲ့ ၀ိုင်အပြင်းတွေကိုတချိုက်ထဲမော့ပစ်လိုက်သည်။

"ဟာ ! ကလေး "

"ကိုကိုကျတော့သောက်တယ်လေ ကလေးလဲသောက်မှာပဲ"

"ကိုကိုက သောက်တာအကျင့်ဖြစ်နေပီလေ..ကေလးက အခုမှသောက်တာဆိုတော့ မနက်ကျရင်ခေါင်းတွေကိုက်နေတော့မှာပဲ.."

"မသိဘူး လာမပြောနဲ့"

သုသု ကိုကြည့်ရတာတော်တော်ရေချိန်ကိုက်နေပြီမို့ ဇိုင်း အိမ်ပြန်မှဖြစ်တော့မည်။

မူးနေလို့လားမသိ နဂိုလှပတဲ့မျက်၀န်းလေးတွေက ပို၍ပင်ရွန်းရွန်းေ၀လို့နေသည်။
ပါးမို့မို့လေးနှစ်ခုမှာလဲ နီရဲပြီး အရမ်းအသဲယားဖို့ကောင်းပြီး အရမ်းလဲချစ်ဖို့ကောင်းနေသည်မို့။
ကလေးလေး ရဲ့အခုပုံစံလေးကို တခြားလူမြင်မှာ ဇိုင်း မလိုလား၍အိမ်မြန်မြန်ပြန်မှဖြစ်တော့မည်။

ကလေးရဲ့ချစ်ဖို့ကောင်းတဲ့အပြုမှုလေးကို ဇိုင်း တစ်ယောက်တည်းရဲ့ရှေ့မှာပဲဖြစ်စေချင်နေသည်။

"ကလေးအိမ်ပြန်ရအောင် နော်.."

သုသု ဇိုင်းပြောသည်ကိုဂရုမစိုက်ပဲ..ဇိုင်း လည်ပင်းကိုလှမ်းဖက်လျှက်..ဇိုင်း မျက်လုံးကိုစိုက်ကြည့်ပြီး သူ့ရဲ့အသဲပုံနှုတ်ခမ်းလေးနဲ့သွားဆွယ်လေးတွေပေါ်တဲ့ထိပြုံးကာ...။

"ယောက်ကျား...."

"ဟင်...."

________________________________________________________

ကလေးငယ်လေးသဝန်တွေတိုနေပြီ😍

#VOTE - CM ပေးခဲ့ရမယ်နော် ချစ်တယ်😘
#
#Moewathan... ❤

________________________________________________________

Zawgyi...
>>>>>>>>

.
.

ဇိုင္း တို႔နဲ႕လက္ရွိမွာ လုပ္ငန္းတူလုပ္ကိုင္ေနတဲ့ လုပ္ငန္းရွင္တစ္ေယာက္သည္ လြန္ခဲ့တဲ့တစ္ပတ္ေလာက္တည္းက သူရဲ႕ စီမံကိန္းအိမ္ရာေဆာက္လုပ္ေရးဖြင့္ပြဲအတြက္ ဇိုင္း ကို ဖိတ္ၾကားထားသည္ ။ ထိုလုပ္ငန္းရွင္ဟာ လက္ရွိမွာ ဇိုင္း နဲ႕အတူ လုပ္ငန္းတစ္ခ်ိဳ႕ကိုလုပ္ကိုင္ေနတဲ့လူတစ္ေယာက္မို႔ ဇိုင္း အတြက္မျငင္းသာေပ ။
ထိုေၾကာင့္ ဒီမနက္ထိုဧည့္ခံပြဲအားပါတနာနဲ႕အတူသြားရမည္ ။

ပါတနာ ... ထိုစကားစုဟာ တျခားလူေတြအတြက္မထူးျခားေသာ္လည္း ဘယ္ပါတနာမွပြဲထုတ္ေလ့မရွိတဲ့ ဇိုင္း အတြက္ စီးပြားေရးေလာကရဲ႕ေစာင့္ၾကည့္စရာကိစၥတစ္ခုေပါ့ ။

သို႔ေသာ္ ဇိုင္း ဘာေၾကာင့္ပါတနာရွာရမည္လဲ .. ဇိုင္း အတြက္ အဖိုးမျဖတ္နိုင္တဲ့ကေလးငယ္ကအနားမွာရွိေနသည္ေလ ။ ဒါ့အျပင္ ဒီခ်စ္ရတဲ့ကေလးငယ္ ဟာ ဇိုင္း အပိုင္ဆိုတာအားလုံးကို ခ်ျပသင့္တဲ့အခ်ိန္ေရာက္လာၿပီမို႔ ဒီပါတီကိုတရားဝင္ေခၚလာျခင္း ။

ဇိုင္း ေနာက္မွာ ေက်ာ္ထက္နဲ႕ဝန အျပင္ ဇိုင္း ကိုယ္ရံေတာ္တစ္ခ်ိဳ႕လဲ ေနာက္မွာ ကားတစ္စီးနဲ႕ပါလာသည္ ။ ဇိုင္း နဲ႕သုသု ပါတီ ပြဲထဲဝင္သြားေပမယ့္ ေက်ာ္ထက္နဲ႕ဝန ေကတာ့ ဇိုင္း တို႔နဲ႕ ခပ္လွမ္းလွမ္း ေနရစ္ခဲ့ၿပီး ကိုယ္ရံေတာ္အဖြဲကေတာ့ ကားေပၚမွာသာ ထိုင္ေစာင့္ေနရစ္ခဲ့သည္ ။

ကိုကို အတင္းေခၚလို႔လိုက္ခဲ့ရေပမယ့္ ဒီလိုပြဲမ်ိဳးတတ္ရသည္ကို သုသု မႀကိဳက္။နဂိုထဲကေအးေအးေဆးေဆးပဲေနၿပီး လူေၾကာက္တတ္တဲ့အက်င့္ေလးေၾကာင့္ သုသု ကိုကို႔ လက္ကိုသာအတင္းခ်ိတ္ထားသည္။

" ကေလးစိတ္ေလွ်ာ့ထား ကိုကိုရွိတယ္ ဘာမွမေၾကာက္နဲ႕"

"ဟုတ္"

သုသု ကိုမေၾကာက္ဖို႔ေခ်ာ့ေျပာေနတဲ့ကိုကို႔ေၾကာင့္ သုသု အနည္းငယ္ ေတာ့ စိတ္သက္သာရာ ရလာသည္။ ဦဇိုင္း ဆိုတဲ့အသံၾကားတာနဲ႕ ပါတီေရာက္ႏွင့္ေနတဲ့လူေတြရဲ႕မ်က္လုံးက ဇိုင္း ကို စူးစမ္းၿပီးၾကည့္ေနတာထက္ ဇိုင္း နဲ႕အတူလက္တြဲကာဝင္လာတဲ့ သုသုေလးကိုေငးၾကည့္ေနတာဆိုပိုမွန္မည္ ။

မိန္းကေလးေတြထက္ႏုနယ္ၿပီးလွပတဲ့အသားေရအျပင္ ညွို႔အားေကာင္းၿပီးေတာက္ပလြန္းတဲ့မ်က္၀န္းေလးတစ္စုံေၾကာင့္ သုသု သည္ အ႐ုပ္ေလးတစ္႐ုပ္အလား ခ်စ္ဖို႔ေကာင္းလြန္းေနသည္။

ပါတီပြဲေမ်ာက္ဝင္လာသလိုၾကည့္ေနတဲ့လူေတြရဲ႕မ်က္လုံးထဲမွာ ဇိုင္း အရွိန္အဝါကိုေၾကာက္႐ြံ႕ေပမယ့္ ခ်စ္စရာေကာင္းတဲ့ေကာင္ေလးကိုေတာ့ သူတို႔ၾကည့္ခ်င္ေသးသည္ ။ သို႔ေသာ္ ဇိုင္း ရဲ႕ ေမွာင္မိုက္တဲ့အၾကည့္ေအာက္မွာ ဘယ္သူမွၾကာၾကာမၾကည့္ၾကေတာ့ေပ ။

ကိုကို႔ ကိုလာႏႈတ္ဆက္တဲ့သူေတြက သုသု ကိုၾကည့္ကာ ဘယ္သူေလးလဲဆိုတဲ့အေမးကို ကိုကိုက သူ႕ခ်စ္သူပါဆိုပီး..ရဲရဲ၀င့္၀င့္ ျပန္ေျဖေနတဲ့ကိုကို႔ကိုၾကည့္ၿပီး သုသု ပို၍ပင္ခ်စ္လာသည္။

အပန္းေျဖဖို႔အတြက္ဆိုၿပီး ကမ္းေျခခရီးလိုက္ပို႔တဲ့ ကိုကို ဟာ အပန္းေျဖခ်င္တာ သူလား ကိုယ္လာမသဲကြဲေပ ။ ပထမတစ္ရက္သာ အျပင္ထြက္စားၿပီးေနာက္ရက္ေတြမွာ အိမ္ေလးထဲမွာပဲမွာယူစားေစကာ .. ေန႕ ေန႕ ည ည papapa ေနတဲ့ ကိုကိုေၾကာင့္ သုသု အီစိမ့္သြားသည္ ။

ကိုကို႔အနားမွာေနၿပီး လာသမွ်လုပ္ငန္း၇ွင္ေတြကို ျပန္ႏႈတ္ဆက္ေနရတာၾကာေတာ့ သုသု စိတ္ရႈတ္လာသည္ ။ ဒါကိုသိတဲ့ကိုကိုက သုသုကိုထိုေနရာမွေခၚထြက္လာ၍ လူရွင္းတဲ့စားပြဲေလးတစ္ခုေရာက္ေတာ့ သုသုကိုထိုင္ခိုင္းၿပီး ေဖ်ာ္ရည္တစ္မ်ိဳးသြားယူေပးသည္ ။

"ဇိုင္း ငါကမင္းမလာေလာက္ဘူးထင္ေနတာ သုသုေလးပါေခၚလာတာကိုးး"

"အကိုထြန္းျမတ္ ေစာင့္ေနတာလား Sorry ကိုကိုက သုသု ကို ေစာင့္ရင္း ၾကာသြားတာ"

ထြန္းျမတ္ကို သုသု အားနာသံေလးနဲ႕ေျပာသည္။

"ကေလး ဘာမွအားနာမေနနဲ႕ ဒီေကာင္က ကိုကို တို႔ကိုေစာင့္ဖို႔ေနေနသာသာ စကီေတြနဲ႕အီေနတာေတာင္ အခ်ိန္မေလာက္ဘူး"

ဇိုင္း ထြန္းျမတ္မ်က္ႏွာကိုၾကည့္ၿပီး မ်က္ခုံးပင့္ျပၿပီးအရိပ္ခ်ည္ျပသည္။

"ဇိုင္း ေျပာတာ ဟုတ္တယ္ သုသုေလးရဲ႕ အကိုက ပ်ိဳတိုင္းႀကိဳက္ဆိုေတာ့ သိတယ္မလား ဟဲဟဲ"

ထြန္းျမတ္ရဲ႕႐ြတ္ေနာက္ေနာက္စကားေၾကာင့္ သုသု သေဘာက်စြာရယ္လိုက္သည္။ထိုအခ်ိန္ ဇိုင္း နဲ႕ သိတဲ့လုပ္ငန္းရွင္တစ္ေယာက္က ဇိုင္း ကိုလာေခၚသည္ ။

"ဦးဇိုင္း ကြၽန္ေတာ္တို႔ကေစာင့္ေနတာ..ဟိုဘက္မွာလုပ္ငန္းရွင္တစ္ခ်ိဳ႕နဲ႕မိတ္ဆက္ေပးရင္း စကားေျပာရေအာင္ေလ"

" OK လာခဲ့မယ္"

ဇိုင္း သုသုဘက္လွည့္ကာ..။

"ကေလး..ကိုယ္စကားခဏသြားေျပာလိုက္ဦးမယ္..ဒီမွာထြန္းျမတ္နဲ႕စကားေျပာေနေနာ္..ဒါမွမဟုတ္လဲ စားခ်င္တာတစ္ခုခုသြားယူစားေန ၀ိုင္ေတြမေသာက္ရဘူးေနာ္..ေဖ်ာ္ရည္ပဲေသာက္"

"ဟုတ္ ကိုကို"

ဇိုင္း ထြက္သြားသည္ႏွင့္ မုန႔္စားတန္းကေန မုန႔္အမ်ိဳးမ်ိဳးယူလာေပးသည့္ အကိုထြန္းျမတ္ကိုအားနာစြာသြားရန္ေျပာရသည္။

"အကိုထြန္း ကို ဟိုဘက္၀ိုင္းကဧည့္သည္ေတြေစာင့္ေနတာထင္တယ္ သြားေလ သုသုကိုစိတ္မပူနဲ႕ သုသု မုန႔္စားရင္း ဒီမွာေစာင့္ေနမယ္"

"အင္း အဲ့လိုလုပ္မလား အကိုစကားခဏသြားေျပာလိုက္ဦးမယ္"

အကိုထြန္းျမတ္ကိုျပန္ၿပဳံးျပကာအဆင္ေျပေၾကာင္းေျပာသည္

"ဟုတ္ ရပါတယ္ သြားေလ"

သုသုစားပြဲမွာထိုင္းရင္းအကိုထြန္းျမတ္ယူလာေပးတဲ့မုန႔္ထဲက ေခ်ာကလပ္ကိတ္ကိုဇြန္းေလးနဲ႕စားရင္း..ခပ္လွလွမ္းမွာရွိတဲ့ မိသားစုတစ္စုျဖစ္ပုံရတဲ့လူေတြနဲ႕စကားေျပာေနတဲ့ ကိုကို႔ကိုေမးေထာက္လွ်က္ၾကည့္ေနမိသည္။

                   >>>>>>>>>>>>>>>>>

တဖက္တြင္မူ...

ေက်ာ္ထက္နဲ႕ဝန ပါတီပြဲအတြင္းလိုက္ၾကည့္ေနစဥ္ ဝန ကို ပါတီပြဲမွာရွိေနတဲ့ မိန္းကေလးေတြက ျမဴဆြယ္ေနတဲ့ မ်က္ႏွာေဘးမ်ိဳးလုပ္ေနတာမို႔ ေက်ာ္ထက္ စိတ္ထဲဘဝင္မက်ျဖစ္ေနရသည္ ။

သခင္ေလးထက္ ၂ ႏွစ္ပဲႀကီးတဲ့ ဝန က သခင္ေလးေလာက္မႏူးညံ့ေပမယ့္ သူပုံစံေလးမွာ ဂ်စ္တစ္တစ္နဲ႕ ခ်စ္ဖို႔ေကာင္းသည္ ။

ဒီညဝတ္လာတဲ့ ဝန ပုံစံေလးက...အၿပဲစတိုင္ ဂ်င္းေဘာင္းဘီအနက္ရွည္ကို ေအာက္ခံအက်ီ တီရွပ္အျဖဴေရာင္ေလးနဲ႕တြဲကာ အက်ီကိုေဘာင္းဘီထဲထည့္ဝတ္ထားတဲ့ ဝန သည္ လူငယ္ဆန္ဆန္သန႔္ျပန႔္လို႔ေနသည္ ။ အေပၚကုတ္ လည္သာအနက္ကိုထပ္ဝတ္ထားၿပီး ဘြတ္ဖိနပ္အျဖဴေရာင္ေလးနဲ႕ ထပ္တြဲထားသည္မို႔ ပါတီရဲ႕ မိန္းမလွေတြၾကားမွာ သူမတူေအာင္ေခ်ာေမာေနသည္။

ေက်ာ္ထက္တစ္ေယာက္ ဝန ကို ေငးၾကည့္ရင္းေတြးေနစဥ္ ဝန က အနားေရာက္လာတာမို႔ ေက်ာ္ထက္ မသိသလိုမ်က္ႏွာလြဲလိုက္သည္ ။

"ကိုေက်ာ္ထက္.. ကြၽန္ေတာ္တို႔ ဝိုင္ ေသာက္ရေအာင္..."

"မေသာက္နဲ႕ ေတာ္ၾကာ Boss ေခၚတဲ့အခ်ိန္ဆိုရင္ ျပသာနာတတ္မယ္..."

ေက်ာ္ထက္ သည္ ဝန ကိုမေသာက္ေစခ်င္၍ေျပာလိုက္ေပမယ့္ နဂိုထဲက ေက်ာ္ထက္ကိုဆိုရင္ နိုင္ခ်င္ေနတဲ့ ဝန က ေက်ာ္ထက္စကားအရမ္းနားေထာင္လြန္းသည္....။

"ဘာမွမျဖစ္ပါဘူး...ပါးပါးေလးပဲေသာက္မွာပါ..ၿပီးေတာ့ ကြၽန္ေတာ့္တစ္ေယာက္တည္းေသာက္မွာမဟုတ္ဘူး...ခင္ဗ်ား အတြက္ပါယူေပးမွာ..."

ေတြ႕လား ဝန ဆိုတာ ကြၽန္ေတာ့္စကားဆို အဲ့ေလာက္နားေထာင္တာပါဆို...။

"ငါလဲမေသာက္ဘူး မင္းလဲမေသာက္....."

ေက်ာ္ထက္ စကားပင္မဆုံးေသး.. ဝန က ဝိတ္တာတစ္ေယာက္ကိုလွမ္းေခၚကာ ဗန္းေပၚမွာပါလာတဲ့ ဝိုင္ႏွစ္ခြက္ကိုယူလိုက္သည္ ။

ယူၿပီးသည္ႏွင့္ ေက်ာ္ထက္အနားျပန္လာကာ တစ္ခြက္လွမ္းေပးေတာ့ ေက်ာ္ထက္လဲ ေျပာမရတာနဲ႕ လွမ္းယူလိုက္ရသည္။ ထိုစဥ္.......ေက်ာ္ထက္တို႔နားကို နိုင္ငံျခားမ်က္ႏွာေပါက္နဲ႕ လူတစ္ေယာက္ ေရာက္လာၿပီး ဝန ကိုၾကည့္ကာ...

"ဒီက ကိုယ့္လူတို႔က ဦးဇိုင္းနဲ႕ပါလာတာ ထင္တယ္...ကိုယ္က ဦးဇိုင္းနဲ႕လုပ္ငန္းတူလုပ္ကိုင္ေနတဲ့လူပါ..."

"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္...ကြၽန္ေတာ္ နာမည္ဝန ပါ.."

ဝန က Boss နဲ႕ အသိလို႔ေျပာတာနဲ႕ လိုက္ေရာညီေထြလက္ဆြဲႏႈတ္ေနေပမယ့္ ေက်ာ္ထက္ကေတာ့ ဝိုင္ခြက္ကို ဟန္ပါပါလွည့္ရင္း ထိုလူကိုမဲ့ၿပဳံးကာ ၾကည့္ေနလိုက္သည္....။

Boss လုပ္ငန္းကိစၥေတြနဲ႕ပက္သတ္လာရင္ ဝန က ေတာ္ယုံလုပ္ငန္းရွင္ေလာက္ပဲ ေတြ႕ဖူးေပမယ့္ ေက်ာ္ထက္ ကေတာ့ သူ မသိတဲ့လုပ္ငန္းရွင္ဆိုသိမွာ မရွိသေလာက္ရွားသည္မို႔ ထိုလူအေၾကာင္လာရိုက္ေနသည္ကို သိေနသည္ ။ ထိုလူ ဝန နဲ႕စကားေျပာေနသည္ကို ေက်ာ္ထက္ ဝင္ၿပီး မမိတ္ဆက္ငလို သူတို႔စကားဝိုင္းထဲလဲ စကားဝင္မေျပာေပ...။

"မင္း Body က gym ကစားထားတာလား.. မိုက္သားပဲေနာ္..."

"အာ..အဲ့တာက...."

ထိုလူ စကားေျပာရင္ ဝန ပုခုံးကိုဆုပ္ကိုင္ၿပီးပြတ္ဆြဲကာ ဝန လက္ေမာင္းထိ ကိုင္ထားတာကို ေက်ာ္ထက္ ျမင္ေတာ့ ခ်က္ခ်င္း ထိုလူရဲ႕ လက္ကိုဖယ္ထုတ္လိုက္သည္ ။ ေက်ာ္ထက္ ႐ုတ္တရက္ ထိုလူ႕လက္ကိုဖာ္ထုတ္ကာ ဝန ပုခုံးကို ဆြဲဖက္လိုက္သည္ ။ ၿပီးသည္ႏွင့္ ထိုလူကိုစိတ္​ၾကည့္ေပးလိုက္ေတာ့ ထိုလူမ်က္ခုံးတဖက္ပင့္ကာ ေက်ာ္ထက္ကို ျပန္ၾကည့္ေနသည္...

"ဝန မင္းကိုယ့္ကို ဝိုင္ယူေပးၿပီး အျမည္းက်ေတာ့ ယူမေပးေတာ့ဘူးလား..."

ေက်ာ္ထက္ သည္ ဝန ပုခုံးကိုဖက္ကာ ထိုလူ႕ကိုစိုက္ၾကည့္မပ်က္ေျပာလိုက္ေတာ့......

"ေအာ္ ဟုတ္သားပဲ ကြၽန္ေတာ္ယူေပးမယ္ ခဏ...ဒီက အကိုခဏေနာ္...."

"Oh...Ok bro...."

ဝန လဲ သူစိမ္းေရွ႕မွာ ေက်ာ္ထက္ သူ႕ကို႐ုတ္တရက္ဆြဲဖက္လိုက္တာေၾကာင့္ မ်က္ႏွာပူတာေရာ ရွက္တာေရာေပါင္းၿပီး ေက်ာ္ထက္ယူခိုင္းတဲ့အျမည္းပန္ကန္ကို အေၾကာင္းျပကာ...သူတို႔ႏွစ္ေယာက္ေရွ႕က ခပ္ျမန္ျမန္ပင္ထြက္လာလိုက္သည္....။

ဝန ထြက္သြားသည္ႏွင့္ ေက်ာ္ထက္နဲ႕ ထိုလူနဲ႕ပဲက်န္ခဲ့သည္...ေက်ာ္ထက္ ထိုလူ႕ကို ၾကည့္ကာ...။

"Bro က Boss ရဲ႕လုပ္ငန္းပါတနာလို႔ေျပာေပမယ့္ ငါဘာလို႔ မျမင္ဖူးပါလိမ့္...ေအာ္.မိတ္ဆက္ရဦးမယ္ ကြၽန္ေတာ့္နာမည္ေက်ာ္ထက္ပါ..Boss နဲ႕ ပက္သတ္တဲ့ကိစၥအဝဝ အားလုံးနဲ႕ Boss ပက္သတ္တဲ့ လူအကုန္ ကြၽန္ေတာ္မသိတဲ့လူမရွိဘူး... ဒါေပမယ့္ Bro ကို မျမင္ဖူးဘူးပဲ..."

"အဟမ္း ဟို အဲ့တာက... ကြၽန္ေတာ္ကလုပ္ငန္းလုပ္တာသိပ္မၾကာေသးလို႔ပါ..."

ေက်ာ္ထက္ ေျပာလိုက္တဲ့စကားကို ထိုလူပုံစံဟာ သူခိုးလူမိသြားသလို ရွက္ရမ္းရမ္းၿပီး လွည့္ပတ္ေျပာေနသည္...။

"ဟုတ္လား အဲ့တာဆို ကြၽန္ေတာ္ မသိေသးတာေပါ့...ေျပာပါဦး Bro ကုမၸဏီ ရဲ႕ နာမည္ေလး တစ္စိတ္ေလာက္ အခု ဒီပြဲမွာ Boss ပါရွိေနေတာ့ တခါတည္းမိတ္ဆက္ထားၾကတာေပါ့..."

"မ မလိုပါဘူး...ဟိုဘက္မွာ ဧည့္သည္ေတြ ရွိေနေသးလို႔ သြားလိုက္ပါဦးမယ္....ႏႈတ္ဆက္ပါတယ္.."

ေက်ာ္ထက္နဲ႕စကားဆက္မေျပာရဲေတာ့တာေပါ့ ခ်က္ခ်င္းထိုလူသည္ ေက်ာ္ထက္ကိုႏႈတ္ဆက္ကာ ထြက္ေျပးသြားသည္။ ထိုလူသြားၿပီး သိပ္မၾကာဘူး..ဝန သည္ အသီးပန္ကန္ေလး ကိုင္ကာ ေက်ာ္ထက္အနားကိုျပန္ေရာက္လာသည္...။

"ဟိုလူ သြားလိုက္ၿပီလား..."

"အင္း သြားလိုက္ၿပီ..."

"ေအာ္....ေရာ့ ဒီမွာမင္းအတြက္..."

ဝန ယူလာေပးတဲ့ သစ္သီးပန္ကန္ေလးကို ေက်ာ္ထက္လွမ္းယူကာ တစ္ခုကို ပါးစပ္ထဲထည့္ၿပီး ေဘးကစားပြဲမွာ တင္ထားလိုက္သည္ ။
ၿပီးသည္ႏွင့္ ေက်ာ္ထက္ ဝနကိုၾကည့္ကာ...။

"မင္း........ "

"ဘ.ဘာလဲ.....ဘာလို႔ အဲ့လိုႀကီးလာၾကည့္ေနတာလဲ ေၾကာက္စရာေကာင္းေအာင္...."

"မင္းကို လာစကားေျပာသမွ်လူကို လိုက္ၿပီး အေရာမဝင္နဲ႕... လူဆိုးမွန္းမသိ လူေကာင္းမွန္းမသိပဲ...."

ေက်ာ္ထက္ ကိုယ္တိုင္လဲ ဘာေၾကာင့္အဲ့လိုေျပာလိုက္မိလဲ မသိေပမယ့္ ထိုေကာင္ေလးကို တျခားတစ္ေယာက္လက္ထဲပါသြားမွာစိုးရိမ္မိေနသလို... အဲ့လိုတျခားလူေတြလွည့္စားမွာလဲ စိုးရိမ္လို႔ ကာကြယ္ေပးခ်င္မိသည္ ။ ဝနကေတာ့ ေက်ာ္ထက္ေျပာတဲ့စကားကို ထုံးစံအတိုင္း နားေထာင္ပါသည္...။

"ဒီမွာ ငါ့အတြက္ လူဆိုးလား လူေကာင္းလားဆိုတာ ကိုယ့္ဘာသာကိုယ္ သိပါတယ္ေနာ္... ဒါေပမယ့္ ကိစၥမရ်ိပါဘူး ငါမသိလဲ မင္းသိတာပဲ ဟဲဟဲ... "

ေက်ာ္ထက္ လဲ ဝန ကိုနိုင္ေအာင္ျပန္မေျပာနိုင္ေတာ့တာမို႔ ေခါင္းခါၿပီးသာလြတ္ထားလိုက္သည္ ။ ဝန လက္ထဲက ဝိုင္ခြက္ ကုန္သြားတာမို႔ ေနာက္တစ္ခြက္ သြားထပ္ယူေနခ်ိန္ တဖက္ဝိုင္းက ထိုလူသည္လဲ ေက်ာ္ထက္အလစ္ကိုေခ်ာင္းၿပိး ဝန နဲ႕စကားေျပာရန္ ႀကိဳးစားေနတာမို႔ ေက်ာ္ထက္ပါ ဝန နဲ႕ ဝိုင္ေတြေ႐ြးတဲ့ဆီ လိုက္လာေပးရသည္...။

*ငါ့ပါးစပ္ မင္းကို ညီတစ္ေယာက္လိုပဲ သေဘာထားတယ္ ေျပာေနေပမယ့္...ငါ့စိတ္ထဲမွာေတာ့တျဖည္းျဖည္းနဲ႕.... *

                     >>>>>>>>>>>>>>>>

ဇိုင္း ဧည့္သည္ေတြနဲ႕စကါးေျပာေနေပမယ့္ အာ႐ုံက ကေလးဆီမွာ...။ ဧည့္သည္ေတြနဲ႕စကားေျပာမပ်က္ေစပဲ သုသုကို စိတ္မခ်စြာ ခဏခဏလွည့္ၾကည့္ေနတဲ့ ကိိုကို႔ပုံစံေလးကို သုသု ေက်နပ္ မိ သည္။ မထင္မွတ္စြာပင္ ကိုကို႔ ပုခုံးေပၚလက္လွမ္းတင္ၿပီး စကားေျပာေနတဲ့မိန္းကေလးေၾကာင့္ အနည္းငယ္အံၾသသြားမိသည္ ။
လွပလြန္းတဲ့ထိုမိန္းကေလးနဲ႕စကားေျပာကာၿပဳံးေနတဲ့ ကိုကို႔ ကိုၾကည့္ကာ ရင္ထဲကသဝန္တိုမႈ႕ေလးေတြက ခိုေအာင္းတတ္လာသည္ ။

* အဲ့မွာေပ်ာ္ေနလိုက္ .. ေနာက္မွလာေခ်ာ့ၾကည့္ေတြ႕မယ္ *

သုသု တစ္ေယာက္တည္းစိတ္ေတြဆိုးပီး ၀ိုင္ေတြထားတဲ့အတန္းဘက္ေလွ်ာက္သြားလိုက္သည္။

*ဟူး ဘယ္ဟာေသာက္ရင္ေကာင္းမလဲ မသိဘူး*

"ဟိတ္..ညီ ဘယ္တစ္ခုေသာက္ရမွန္းမသိျဖစ္ေနတာလား"

၀ိုင္ျဖဴခြက္ေလးကိုင္ကာေႏြးေထြးတဲ့အၿပဳံးေလးနဲ႕ေျပာလာတဲ့ ကိုခန႔္။

"ကိုခန႔္.."

"အင္း ညီ ၀ိုင္ေတြေသာက္မလို႔လား"

"ဟုတ္တယ္ သုသု ေသာက္ၾကည့္ခ်င္လို႔ ဒါေပမယ့္ အရမ္းမူးသြားမွာလဲေၾကာက္တယ္ ဟီးးးး"

သုသုရဲ႕စကားေၾကာင့္ ျမတ္မင္းသေဘာက်ရယ္လွ်က္။

"ဒါေတြက ၀ိုင္းအျပင္းစားေတြေလ ညီ ေသာက္ၿပီးတာနဲ႕ ခ်က္ခ်င္းေမွာက္သြားလိမ့္မယ္.."

"အာာ...."

ျမတ္မင္းစကားေၾကာင့္ သုသု ေခါင္းတစ္ညွိမ့္ညွိမ့္နဲ႕ေနာက္တစ္မ်ိဳးသြားေ႐ြးေနျပန္သည္။ လက္ထဲကမုန႔္ပန္ကန္ေလးကိုကိုင္ရင္း..အဆင္ေျပမယ့္၀ိုင္အမ်ိဳးစားေတြကို မျမင္ဖူးသလိုလိုက္ၾကည့္ရင္း နည္းနည္းစီစမ္းေသာက္ေနသည္။

လုပ္ငန္းရွင္တစ္ေယာက္ရဲ႕ဖိတ္ေခၚမႈ႕ေၾကာင့္ ျမတ္မင္းဒီကိုေရာက္လာခဲ့သည္။ စီးပြားရွင္တခ်ိဳ႕နဲ႕စကားေျပာေနတုန္း..မီးေရာင္ေအာက္က လူေကာင္ေသးေသးေလးကို အမွတ္မထင္ ေတြ႕လိုက္တာေၾကာင့္ ျမတ္မင္း အ႐ုပ္ေလးလား လား ဆိုတဲ့စိတ္နဲ႕သြားၾကည့္လိုက္တာ တကယ္ပဲ သုသု ျဖစ္ေနခဲ့တယ္ေလ။

ဒီေကာင္ေလးက ျမတ္မင္း အေပၚအကိုလို သူငယ္ခ်င္းတစ္ေယာက္လိုပဲ သေဘာထားခဲ့တာေၾကာင့္ ကိုယ့္ခံစားခ်က္ေတြကို အၿမဲတမ္းအတြက္ဖုံးကြယ္ထားခဲ့သည္။

သို႔ေပမယ့္ တသက္လုံးစြန႔္လြတ္လိုက္တာမ်ိဳးမဟုတ္။အခြင့္ေရးရွိခဲ့ရင္ေတာ့ ထိုအ႐ုပ္ကေလးအတြက္ အၿမဲတမ္းႀကိဳဆိုေနမွာမို႔။

"ဒါနဲ႕ ညီ့ ခ်စ္သူေရာ.."

"မသိဘူး တစ္ေနရာရာမွာ ၾကည္ႏႈးေနမွာေပါ့"

"ညီတို႔ရန္ျဖစ္ထားတာလား"

"အဲ့လို ေတာ့ လဲ...မဟုတ္ပါဘူး အကိုရယ္..ညီကသာ.."

"ေဟာ..ၾကည့္ရတာ ညီ့ဘက္ကပဲစိတ္ဆိုးေနတာထင္တယ္.."

"အာာ..မသိေတာ့ဘူး ကိုခန႔္ကလဲ အဲ့တာပဲေမးေနတယ္ သုသုကို ၀ိုင္ခ်ိဳခ်ိဳေလးကူရွာေပး"

ႏႈတ္ခမ္းဆူကာအလိုမက်ဟန္ေလးနဲ႕ေျပာေနတဲ့ သုသု ကိုျမတ္မင္းသေဘာက်လွ်က္ၿပဳံးၾကည့္ေနသည္။

ဇိုင္း စကားေျပာေနသည္ကို လက္ေထာက္ပီးေငးၾကည့္ေနတဲ့ ေကလးကို ၿပဳံးျပၿပီးတစ္ဖက္လူေတြနဲ႕စကားျပန္ဆက္ေနလိုက္သည္။ထိုစဥ္... အေနာက္မွ ဇိုင္း ပုခုံးေပၚလက္တင္ကာ လာႏႈတ္ဆက္တဲ့မိန္းကေလးတစ္ဦး...

"Hello. ဦးဇိုင္း.."

နဂိုထဲက ကေလးကလြဲရင္ ကိုယ့္အသားတျခားလူထိတာမႀကိဳက္တဲ့ဇိုင္းက။
ထိုမိန္းကေလးတင္ထားတဲ့လက္ကို စိုက္ၾကည့္လိုက္တာေၾကာင့္ အလိုက္တသိျပန္ဖယ္သြားသည္။

" မင္းနဲ႕ကိုယ္နဲ႕ သိလို႔လား.."

"ဦးဇိုင္း က ရတု ကို မသိေပမယ့္ ရတု က ဦးဇိုင္းကိုသိပါတယ္.."

ဇိုင္းတို႔စကား၀ိုင္းကို ပါတီရွင္ေရာက္လာၿပီး ဇိုင္းနဲ႕ ရတုဆက္တို႔ကိုမိတ္ဆက္ေပးသည္။

"ဦးဇိုင္း သူက ေဒၚပန္းျမတ္ခ်ယ္ရီရဲ႕ေျမးေလး ဟိုေတလာကမွ နိုင္ငံျခားကျပန္လာတာ ပန္းျမတ္ကုမဏၰီနဲ႕ဦးဇိုင္း တို႔က မဆုံဖူးေတာ့ အခုေတြ႕တုန္း မိတ္ဆက္ထားေတာ့ ေကာင္းတာေပါ့.."

"ဟုတ္ကဲ့ ရတ နာမည္က ရတုခတ္ဆက္ ပါ..ေတြ႕ရတာ၀မ္းသာပါတယ္.."

" Metoo..."

ထိုမိန္းကေလးအပါအ၀င္ နိုင္ငံျခားက လုပ္ငန္းရွင္တစ္ခ်ိဳ႕နဲ႕စကားေကာင္းေနတာ ဘယ္ေလာက္ၾကာသြားလဲမသိ ဇိုင္း စားပြဲေလးကိုလွမ္းၾကည့္ေတာ့ ကေလးမရွိေတာ့တာေၾကာင့္ ဇိုင္း စိတ္ပူၿပီး စကားျဖတ္ကာခ်က္ခ်င္းလိုက္ရွာသည္။

ေတြ႕ပါပီ ဇိုင္းရဲ႕အသည္းအသက္ေလး ဒီလိုအဆင့္အတန္းျမင့္ ေရာင္စုံျခယ္ေအာင္ လွပေနတဲ့ ေနရာမ်ိဳးမွာေတာင္ တစ္ေယာက္တည္းေတာက္ပေနတဲ့ ခ်စ္ရသူ နတ္သားေလး။

က​​ေလးအနားသြားမယ္ျပင္စဥ္ ကေလးအနားမွာထပ္ေတြ႕လိုက္ရတဲ့ လူတစ္ေယာက္ေၾကာင့္ ဇိုင္း မ်က္ေမွာင္က်ဳံ႕ကာအလိုမက်ျဖစ္လာသည္။
တစ္ခ်က္တစ္ခ်က္ ထိုလူနဲ႕စကားေျပာရင္း အသဲပုံႏႈတ္ခမ္းေလူေတြေပၚလာတဲ့အထိၿပဳံးေနတဲ့ ကေလးဟာ ပကတိျဖဳစင္လြန္းလွသည္။

သို႔ေပမယ့္ ရယ္ေမာေနတဲ့က​ေလးကိုလဲ ဇိုင္းစိတ္တိုသည္။

*ဘာေတြမ်ား သေဘာက်လိဳ႕ဒီေလာက္ေတာင္ၿပဳံးေနရတာလဲ အခ်စ္ရယ္*

ဇိုင္း စိတ္တိုတိုႏွင့္ ထိုလူနဲ႕ကေလးအနားကိုသြားလိုက္သည္ ဇိုင္း ကိုျမင္သည္ႏွင့္ ေစာနက ရယ္ေမာေနတာသူမဟုတ္သလို ဆူပုတ္သြားတဲ့ကေလးဟာ မဟုတ္မွ ဇိုင္း သူ႕ကိုပစ္ထားသလိုျဖစ္လို႔ စိတ္ဆိုးေနတာမ်ားလား ...

"ကေလး..."

ဇိုင္း သုသု အနားေလးသြားၿပီး ပုခုံးေလးဖက္ကာ ၿပဳံးလွ်က္ေခၚလိုက္ေတာ့ အလိုမက်စြာ ဇိုင္းလက္ကိုဖယ္ခ်စြာ ႏႈတ္ခမ္းစူလာသည္။

သုသု မ်က္ႏွာကို စာအုပ္တစ္အုပ္လို ဖတ္ေနတဲ့ ဇိုင္း သိပါၿပီ ဒီကေလးဇိုင္း ကိုစိတ္ဆိုးေနတယ္ဆိုတာ...။ ထိုေရွ႕ကလူကိုၾကည့္မိေတာ့ အလိုလိုမ်က္ေမွာင္က်ဳံ႕လာေပမယ့္ ေကလးး ေရွ႕မွာမို႔ ဟန္ေဆာင္ကာ..။

"မင္းက ဒီမွာငါ့ခ်စ္သူ႕နဲ႕ဘယ္လိုလုပ္ရွိေနတာလဲ"

ဇိုင္း ရဲ႕ ငါ့ခ်စ္သူဆိုတဲ့ စကားကိုဖိေျပာလိုက္ခ်င္းျဖစ္တာေၾကာင့္ ျမတ္မင္း မ်က္ႏွာခဏတာပ်က္သြားပီး သုသုေရွ႕မွာမို႔ အၿပဳံးမပ်က္ပင္။

"က်ဳပ္က ညီ တစ္ေယာက္တည္း ေလွ်ာက္ေသာက္ေနမွာစိုးလို႔ ေဘးကေနေစာင့္ေနေပးတာပါ..မကာကြယ္နိုင္တဲ့လူလက္ထဲကေနေပါ့...အခု ခင္ဗ်ားေရာက္လာပီ ဆိုေတာ့ သြားခြင့္ျပဳပါဦး..ညီ အကို သြားေတာ့မယ္ေနာ္ "

ဇိုင္း ကိုေျပာၿပီး သုသု ကိုလွည့္ႏႈတ္ဆက္ၿပီး ျမတ္မင္း ျပန္ထြက္လာခဲ့သည္။ ျမတ္မင္း စကားေၾကာင့္ ဇိုင္း ေပၚတင္စိတ္မဆိုးေပမယ့္ ေမးေၾကာေတြေထာင္တဲ့ထိအန္ႀကိတ္ထားသည္။
သုသုကေတာ့ သူတို႔ဘာေျပာေနသည္ကိုမသိ ေခါင္းထဲမွာလဲ အနည္းငယ္ရီေ၀ေ၀ျဖစ္ေနသည္။ ဇိုင္း သုသု ကို အခုမွေသခ်ာၾကည့္မိေတာ့ သုသု မ်က္လုံးရီေဝေဝ ျဖစ္ေနမွန္းသတိထားမိသည္။

"ကေလး..၀ိုင္ေတြေသာက္ေနတယ္.."

"ဟုတ္တယ္ေလ...."

" ကိုယ္မွာထားတယ္ေလ..၀ိုင္ေတြမေသာက္ရဘူးလို႔"

သုသု ဇိုင္ းေျပာစကားကို မ်က္ခုံးေလးပင့္ကာ မ်က္ႏွာလြဲလိုက္ၿပီး လက္ထဲမွာက်န္ေနေသးတဲ့ ၀ိုင္အျပင္းေတြကိုတခ်ိဳက္ထဲေမာ့ပစ္လိုက္သည္။

"ဟာ ! ကေလး "

"ကိုကိုက်ေတာ့ေသာက္တယ္ေလ ကေလးလဲေသာက္မွာပဲ"

"ကိုကိုက ေသာက္တာအက်င့္ျဖစ္ေနပီေလ..ေကလးက အခုမွေသာက္တာဆိုေတာ့ မနက္က်ရင္ေခါင္းေတြကိုက္ေနေတာ့မွာပဲ.."

"မသိဘူး လာမေျပာနဲ႕"

သုသု ကိုၾကည့္ရတာေတာ္ေတာ္ေရခ်ိန္ကိုက္ေနၿပီမို႔ ဇိုင္း အိမ္ျပန္မွျဖစ္ေတာ့မည္။

မူးေနလို႔လားမသိ နဂိုလွပတဲ့မ်က္၀န္းေလးေတြက ပို၍ပင္႐ြန္း႐ြန္းေ၀လို႔ေနသည္။
ပါးမို႔မို႔ေလးႏွစ္ခုမွာလဲ နီရဲၿပီး အရမ္းအသဲယားဖို႔ေကာင္းၿပီး အရမ္းလဲခ်စ္ဖို႔ေကာင္းေနသည္မို႔။
ကေလးေလး ရဲ႕အခုပုံစံေလးကို တျခားလူျမင္မွာ ဇိုင္း မလိုလား၍အိမ္ျမန္ျမန္ျပန္မွျဖစ္ေတာ့မည္။

ကေလးရဲ႕ခ်စ္ဖို႔ေကာင္းတဲ့အျပဳမႈေလးကို ဇိုင္း တစ္ေယာက္တည္းရဲ႕ေရွ႕မွာပဲျဖစ္ေစခ်င္ေနသည္။

"ကေလးအိမ္ျပန္ရေအာင္ ေနာ္.."

သုသု ဇိုင္းေျပာသည္ကိုဂ႐ုမစိုက္ပဲ..ဇိုင္း လည္ပင္းကိုလွမ္းဖက္လွ်က္..ဇိုင္း မ်က္လုံးကိုစိုက္ၾကည့္ၿပီး သူ႕ရဲ႕အသဲပုံႏႈတ္ခမ္းေလးနဲ႕သြားဆြယ္ေလးေတြေပၚတဲ့ထိၿပဳံးကာ...။

"ေယာက္က်ား...."

"ဟင္...."

________________________________________________________

ကေလးငယ္ေလးသဝန္ေတြတိုေနၿပီ😍

#VOTE - CM ေပးခဲ့ရမယ္ေနာ္ ခ်စ္တယ္😘
#
#Moewathan... ❤

________________________________________________________

Continue Reading

You'll Also Like

130K 6.7K 31
အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်က သူချစ်တဲ့ဆရာဝန်ကောင်လေးကိုပိုင်ဆိုင်ဖို့ ဘယ်လိုတွေကြိုးစားမလဲ ။တဖြေးဖြေးလေးဆွဲခေါ်သွားမှာမို့ 💙✨
19.4K 514 27
မောင့်ရဲ့သျှား (intro) အရာရာမှာသိတတ်လိမ်မာလွန်းပြီးစာလည်းပြောစရာမလိုအောင်အလွန်တော် သားအမိနှစ်ယောက်သာရှိ၍အမေတစ်ခုသားတစ်ခုဖြစ်နေရသူ အထက်တန်းကျောင်းသားလ...
2.4M 175K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
လွန် By Su

General Fiction

84.6K 3.5K 30
" ကိုကိုေသခ်ာမသိေသးတဲ့ ကိုကို႔အေၾကာင္းေတြသိခ်င္ရင္ က်ေနာ့္ကိုေမးမွေပါ့ " " ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ "