Until you fall in love💚❤Seas...

By Essential_Of_You

722K 10.4K 213

Zawgyi ဝမ္​ရိ​ေပၚ.......💚 ကြၽန္​​ေတာ္​့ရဲ႕​ေပးဆပ္​ျခင္​း​ေတြကို ​ေလာကႀကီးက အသိအမွတ္​ျပဳ​ေပးလို႔ ကြၽန္​​ေတာ္​... More

Part 1 💚❤
Part 2 💚❤
Part 3 💚❤
Part 4 💚❤
Part 5 💚❤

Part 6 💚❤

19.5K 1.3K 42
By Essential_Of_You

Unicode

💚

Until You Fall In Love

အပိုင်း (၆)

********

ရူပ​ဗေဒ၏သ​ဘောတရား​တွေကို​ပေါ့ပါးသွက်​လပ်​စွာ သင်​နေသည့်​ဆရာမလင်းယီချန်​စာသင်​နေတဲ့အချိန်​မှာ ဝမ်​ရိ​ပေါ်က​တော့ စာသင်​ခန်းပြတင်း​ပေါက်​မှတဆင့်​ကြည်​လင်​နေတဲ့​ကောင်းကင်​ပြင်​ကြီးကို​လှမ်းကြည့်​နေခဲ့တယ်​။ သူမြင်​နေရတဲ့ မိုးပြာ​ရောင်​ကောင်းကင်​ကြီးနဲ့တိမ်​တိုက်​ဖြူ​တွေရယ်​ဟာ သူမြတ်​နိုးမိတဲ့လူသားနဲ့သိပ်​တူ​တယ်​။ ကြည်​လင်​တယ်​၊ တင့်​တယ်​တယ်​၊ ပြီး​တော့ သူလှမ်းမမီနိုင်​တဲ့အ​ဝေးတစ်​နေရာမှာရှိ​နေတယ်​။ ထိုအချိန်​မှာ​စာသင်​ခန်းထဲကို​ကျောင်းအုပ်​လျိုဟိုက်​ခွမ်း ဝင်​လာတယ်​။​ကျောင်းအုပ်​ဆိုသူက မျက်​နှာချိုတယ်​ဆိုပင်​မယ့်​ကျောင်းအုပ်​ဆိုသည့်​အရှိန်​အဝါ​ကြောင့်​ဆူညံ​နေသည့်​အခန်းက တိတ်​ဆိတ်​လို့သွားတယ်​။

လင်းယီချန်​က စာသင်​နေသည်​ကိုရပ်​တန့်​ပြီး​ကျောင်းအုပ်​လျို့ဟိုက်​ခွမ်းကို​မေးလိုက်​တယ်​။
"ဘာကိစ္စများလဲ​ကျောင်းအုပ်​"

လျိုဟိုက်​ခွမ်း​ခေါင်းတချက်​ညိတ်ပြ​ကာ အတန်းသားများဘက်​သို့လှည့်​ပြီး အပြုံးချိုချို​လေးတို့ဖြင့်​ပြောလာတယ်​။

"ဒီအတန်းက​လေ့လာ​ရေးခရီးတစ်​ခုထွက်​စရာရှိတာ ..."

လျိုဟိုက်​ခွမ်းရဲ့စကားပင်​မဆုံး​သေးဘူး၊ အတန်းထဲရှိ​ကျောင်းသား​ကျောင်းသူများ၏ "​ဟေး"ဆိုသည့်​အသံနှင့်​အတူ လက်​ခုပ်​သံများကညံလို့သွား​တယ်​။ လက်​ခုပ်​သံ​တွေရပ်​တန့်​သွားမှ လျိုဟိုက်​ခွမ်း ပြုံးကာပင်​ဆက်​ပြောတယ်​။
"အဲ့​တော့ ... ခရီးက နှစ်​ညအိပ်​သုံးရက်​ခရီး၊ မင်းတို့ရဲ့ အုပ်​ထိန်းသူ​တွေကို​တော့ အ​ကြောင်းကြားစာ​တွေ​ပို့ပြီးပြီ၊​ပျော်တာလည်း​ပျော်​ကြ၊​အ​ပျော်​လွှတ်​တာမဟုတ်​ဘူး​ဆိုတဲ့အသိ​လေးလည်းရှိကြ၊ ပြန်​ရောက်​ရင်​ကိုယ်​ကြိုးစား​လေ့လာခဲ့တာ​တွေကို စာ​မေးပွဲပြန်​ဖြေရမယ်​"

ထိုအခါ​ကျောင်းသား​တွေထံမှ မကြိုက်​နှစ်​သက်​သည့်​အသံ​တွေ ဟိုတစ်​ပေါက်​ဒီတ​စ်​ပေါက်​ထွက်​လာကြတယ်​။ သို့ပင်​မဲ့ လျို့ဟိုက်​ခွမ်းက​တော့အပြုံးမပျက်​ပဲဆက်​ပြောတယ်​။
"တ​စ်ေ​ယာက်​ချင်းဆီ​ရော အဖွဲ့အလိုက်​ရော​ဖြေနိုင်​ရင်​ဖြေနိုင်​သလို တက္ကသိုလ်​ဝင်ခွင့်​အတွက်​အ​ထောက်​အကူဖြစ်​မယ့်​အမှတ်​တွေရကြလိမ့်​မယ်​၊ အဲ့​တော့ ဘာ​မေးကြဦးမလဲ"

ထိုအခါဝမ်​ရိ​ပေါ်လည်း​ညာဘက်​လက်​ကို ပင့်​မြောက်​လိုက်​ပြီး​မေးလိုက်​တယ်​။
"ဘယ်​ဆရာ​တွေနဲ့သွားရမှာလဲ​ကျောင်းအုပ်​"
ထိုအခါ ဝမ်​ကျိုးချန်​သည်​ဝမ်​ရိ​ပေါ်ကိုတံ​တောင်​နှင့်​တွတ်​၏။ ဝမ်​ရိ​ပေါ်သည်​လည်း ဝမ်​ကျိုးချန်​အားမျက်​နှာရိပ်​မျက်​နှာကဲပြန်​ပြတယ်​။

လျိုဟိုက်​ခွမ်းဟာ ပြုံးထားဆဲပင်​မယ့်​မျက်​ဝန်း​တွေက​တော့ စဉ်းစား​နေဟန်​ရှိတယ်​။ ထို​နောက်​အပြုံးသည်​ပို၍ထင်​ရှားလာပြီး​နောက်​ဖြေကြားသည်​။
"ဒီက ဆရာမ လင်းယီချန်​ရယ်​၊ အားကစားဆရာ လီယီဖုန်းရယ်​ပြီး​တော့​ရှောင်းကျန့်​ရယ်​"

လျို့ဟိုက်​ခွမ်းရဲ့စကားအဆုံးတွင်​လင်းယီချန်​သည်​လျိုဟိုက်​ခွမ်းဘက်​သို့လှည့်​ကြည့်​ကာ​မေးတယ်​။
"ဆရာလီက​တော့ အားကစားဆရာမို့ ထားပါ​တော့၊ ဆရာ​ရှောင်းက ဘာလို့ ..."

လျို့ဟိုက်​ခွမ်းလည်း လင်းယီချန်​အနားသို့်​ကပ်​ခါ ခပ်​တိုးတိုး​လေး​ပြောလိုက်​တယ်​။ လင်းယီချန်​သည်​လည်း အထွန့်​နည်းနည်းပြန်​တက်​နေသည့်​ဟန်​ရှိတယ်​။ စာသင်​ခန်းထဲက​ကျောင်းသား​တွေသည်​လည်း စကားသံများတိတ်​ကာ အတန်း​ရှေ့ရှိဆရာနှစ်​ဦးကိုပဲ အားရုံစိုက်​နေကြတယ်​။ ဝမ်​ရိ​ပေါ်သည်​လည်း အများနည်းတူပဲ အတန်း​ရှေ့ရှိဆရာနှစ်​ဦးကိုပဲ စိုက်​ကြည့်​နေခဲ့တယ်​။

ဆရာမလင်းယီချန်​အ​နေနဲ့ ဒီခရီးလမ်းမှာ ထိုလူသား ပါမပါကိစ္စကို ဘာလို့များအထွန့်​တက်ေ​နရပြန်​တာလဲ။ ဝမ်​ရိ​ပေါ်တစ်​ယောက်​ဝမ်းသာရနိုး၊ ဝမ်းနည်းရနိုးဖြစ်​နေရပြီ။ တခဏအကြာမှ ဆရာမလင်းယီချန်​ဟာ​ခေါင်းမညိတ်​ချင်​ညိတ်​ချင်​ဖြင့်​ညိတ်​လာတယ်​။​ကျောင်းအုပ်​လျိုဟိုက်​ခွမ်းလည်း လင်းယီချန်​နဲ့​ညှိနှိုင်း​ပြောဆိုပြီးသည့်​နောက်​မှာ အတန်းဘက်​သို့ပြန်​လှည့်​လာပြီး​ကျောင်းသား​တွေကိုအသိ​ပေးတယ်​။

"က​လေး​တွေကို ဒီကဆရာမလင်း​တ​စ်ေ​ယာက်​ထဲမထိန်းနိုင်​မှာဆိုးလို့ ဆရာ​ရှောင်းကိုပါထည့်​ချင်​တာပါ၊ ဆရာမလင်းအဆင်​ပြေမယ်​မှတ်​လား"

လင်းယီချန်​ဟာ​ခေါင်းမညိတ်​ချင်​ညိတ်​ချင်​ဖြင့်​ညိတ်​ပြီး​ပြောပြန်​တယ်​။
"အဆင်​ပြေပါတယ်​၊ ဒီအတန်းထဲမှာ ဆရာ​ရှောင်းကြည့်​မယ်​လို့အာမခံထားတဲ့က​လေးနှစ်​ယောက်​လည်းရှိ​သေးတာပဲ"လင်းယီချန်​ဟာ ဝမ်​ရိ​ပေါ်နှင့်​ဝမ်​ကျိုးချန်​ထိုင်​နေသည့်​အတန်း​နောက်​ဆုံးကိုလှမ်းကြည့်​တယ်​။

"ဒါဆို ကျွန်​တော့်​ကိုခွင့်​ပြုပါဦး" လျို့ဟိုက်​ခွမ်းဟာ စကား​တွေကို ရှည်​ရှည်​ဝေး​ဝေး​ပြောမ​နေ​တော့ပဲ လင်းယီချန်​ကို​ခေါင်းညိတ်ြ​ပကာ စာသင်ခ​န်းထဲမှပြန်ထွက်သွား​ခဲ့တယ်​။

တ​စ်ေ​ယာက်​တ​စ်ေ​ပါက်​ဖြင့်​သူသိကိုယ်​သိသည့်​လေ့လာ​ရေးခရီးအ​ကြောင်း​တွေကို​ပြော​နေကြသည်​က အတန်းတစ်​ခုလုံးကိုဆူညံ​နေ​စေတယ်​။​ပေတံ​ဇောင်းဖြင့်​အစိမ်း​ရောင်​သင်​ပုန်းကို​လင်းယီချန်​ခေါက်​လိုက်​သည်​အခါ ဆူညံ​နေသည့်​အတန်းဟာ ပြန်​လည်​တိတ်​ဆိတ်​သွားပြန်​တယ်။ ပြီး​နောက် သင်​လက်​စသင်​ခန်းစာကို သူမဆက်​သင်​ဖို့ကြိုးစားတယ်​။

ဒီခရီးကြမ်းမှာ ထိုလူသားလိုက်​ပါခဲ့ရင်​ပင်​ပန်း​လိမ့်​မယ်​။ ထိုလူသားကို အပင်​ပန်း​မခံ​စေလိုပင်​မယ့်​လိုက်​ပါရမယ့်​နာမည်​စာရင်းထဲ​ရှောင်းကျန့်နာမည်ပါ​နေရုံနဲ့ပင်​ဝမ်​ရိ​ပေါ်ရဲ့ပါးစပ်​ဟာ နားရွက်​တတ်​ချိတ်​တော့မည်​။ ဒီခရီးလမ်းမှာ​ရှောင်းကျန့်​ဆီကဘယ်​လိုအမှတ်​ပေးမှုမျိုးကိုမဆို သူရယူဖို့ ဝမ်​ရိ​ပေါ်​တွေး​နေခဲ့တယ်​။ ပြီး​တော့ သံ​ယောဇဉ်​တိုးဖို့ဆိုတာသည်​လည်း ဒီလို ခရီး​တွေ ထွက်​မှသာ ပိုတိုးလာနိုင်​တာ၊ ဒီလိုအခွင့်​အ​ရေးကို ဝမ်​ရိ​ပေါ်လက်​လွတ်​ခံမည်​တဲ့လား။

ဝမ်​ရိ​ပေါ်က​တော့ အ​တွေး​ကမ္ဘာထဲ​မှာပဲ​ပျော်​နေခဲ့တာ ယွီပင်းနှင့်​ဝမ်​ကျိုးချန်​မှာ​တော့ တစ်​ယောက်​ကိုတစ်​ယောက်​ကြိတ်​ကာလက်​သီးဆုတ်​ပြရင်း လက်​တွေ့ကမ္ဘာထဲတွင်​ပဲ​ပျော်​၍​နေ​ပေပြီ။ မုန့်​ဇီယီမှာ​တော့ စာ​ရေးစားပွဲ​ပေါ်​ခေါင်း​ကို​မှောက်​လို့ထားတယ်​။ မုန့်​ဇီယီ​ဘေးတွင်​ထိုင်​နေသည့်​ယွီပင်းဟာအမှုမဲ့အမှတ်​မဲ့ပင်​မယ့်​ယွီပင်း​ရှေ့တွင်​ထိုင်​နေသည့်​ဝမ်​ကျိုးချန်က​တော့ မုန့်ဇီယီကိုလည်း လှုပ်​နှိုးရင်း​ယွီပင်းကိုလည်း​မေးလိုက်​သေးတယ်​။

"ဇီယီ ... ဇီယီ ... ယွီပင်း၊ သူဘာဖြစ်​သွားတာလဲ"

ယွီပင်းက​ပြန်​ဖြေ​ပေးတယ်​။
"ကျဲကျဲက အာ့လိုပဲ​လေ့လာ​ရေးခရီးဆို ဘယ်​တော့မှ​မသွားချင်​ဘူး"

ဝမ်​ရိ​ပေါ်က​စိတ်​ဝင်​တစားဖြင့်​ဝင်ေ​မးတယ်​။
"ဘာလို့လဲ"

ယွီပင်းက​ပြန်​ဖြေတယ်​။
"ပြန်​ရောက်​ရင်​အမြဲစာစစ်​လို့​လေ"

ဒီအတန်းထဲတွင်​ဘာမဟုတ်​သည့်​စာစစ်​သည့်​ကိစ္စ​သေး​သေး​လေးအား​ကြောက်​နေသည့်​သူမှာ မုန့်​ဇီယီတ​စ်ေ​ယာက်​သာရှိ​လိမ့်​မည်​။ ဝမ်​ရိ​ပေါ်နှင့်​ဝမ်​ကျိုးချန်​မှာ အသံသိပ်​မထွက်​အောင်​ကြိတ်​ပြီးတခွိခွိနဲ့ရယ်​တယ်​။ ယွီပင်းဟာမရယ်​ဖို့ မျက်​နှာရိပ်​ပြတယ်​။ သို့ပင်​မဲ့ ယွီပင်း​ရှေ့မှာထိုင်​သည့်​နှစ်​ယောက်​က​တော့ အရယ်​မပျက်​။

ဝမ်​ရိ​ပေါ်လည်း​ရယ်​သံ​နှော​နေသည့်​အသံဖြင့်​သာ​ပြောလိုက်​တယ်​။
"မလိုက်​ချင်​နေခဲ့​ပေါ့ ငါ​တို့က​တော့သွားကြမှာ"

ဝမ်​ကျိုးချန်​သည်​လည်း ဝမ်​ရိ​ပေါ်ဘာလို့ ဒီခရီးကိုသွားချင်​နေသည်​လည်းဆိုသည်​ကိုသိ၍ "အိမ်း" ဆိုသည့်​အသံပြုလိုက်​သည်​။ ဝမ်​ရိ​ပေါ်လည်းဝမ်​ကျိုးချန်​ကို​တံ​တောင်​ဖြင့်​တွတ်​လိုက်​ပြီး စာသင်​တာကိုကြည့်​ဆိုသည့်​သ​ဘောဖြင့်​အတန်း​ရှေ့ကိုလက်​ညှိုးထိုးပြလိုက်​သည်​။ မုန့်​ဇီယီဟာ အံတကြိတ်​ကြိတ်​။ ယွီပင်းက​တော့ သူမ​ဘေးမှ ခပ်​ခွာခွာ။

~*~*~~~*~*~

​လေ့လာ​ရေးခရီးသွားမည့်​အများစီးလိုင်းကားေ​ပ်ါတတ်​ရန်​ကျောင်းသားစုစု​ပေါင်း ၅၆​ဦး နှင့်​ဆရာ ၃ ဦး​ကျောင်း​ရှေ့တွင်​စောင့်​နေကြသည်​။ တိုးရှိုး​နေတဲ့ လူအုပ်​ကြားထဲ လက်​ပျက်​အင်္ကျီအဖြူ နှင့်​အစိမ်း​ရောင်​ဘောင်းဘီဒူးအုတ်​ကိုဝတ်​ကာ​ကျောပိုးအိတ်​ကိုလွယ်​ထားသည့်​ဝမ်​ရိ​ပေါ်မှာ​တော့  အားလုံးထဲတွင်​သိသိသာသာထင်​ရှား​နေသည်​။ လည်​ပင်းတွင်​ဆွဲထား​သည့်​ကင်​မရာကိုလည်း ဝမ်​ရိ​ပေါ်ဟာ ဟိုချိန်​ဒီချိန်​လုပ်​နေ​သည်​။

အနားကပ်​လာသည့်​လျိုယိ့ဖိန့်​က​ပြောသည်​။
"ငါ့ကိုတပုံ​လောက်​ရိုက်​ပေးပါလား"

​နေရှိန်​ကြောင့်​လား အလိုမကျ၍လားပင်​မသိ ဝမ်​ရိ​ပေါ်မျက်​မှောင်ကြုတ်​ကာကြည့်​လိုက်​ပြီး​ပြောလိုက်​တယ်​။
"ငါ့လာမရှုပ်​နဲ့ ကိုယ့်​ဟာကို​နေ"

တဘက်​ကိုလှည့်​သွားတဲ့ဝမ်​ရိ​ပေါ်​ကြောင့်​လျိုယိ့ဖိန့်​ဟာ အလိုမကျဟန်​ဖြင့်​နှုတ်​ခမ်းဆူပြန်​တယ်​။​နေပူပူထဲတွင်​သူတို့နှစ်​ဦးအနားကို​လေစိမ်း​တွေဟာဖြတ်​တိုက်​လို့သွားတယ်​။ ဝမ်​ရိ​ပေါ်ဟာ မျက်​မှောင်​ကြုတ်​ပြီးရင်းကိုကြုတ်​ထားဆဲ။ သူတို့နှစ်​ဦးအနားသို့ ဝမ်​ကျိုးချန်​ဟာ တ​ဖြေး​ဖြေးချင်း ချဉ်းကပ်​လာတယ်​။

"ယိ့ဖိန့်​ငါရိုက်​ပေးမယ်​လေ" ဝမ်​ကျိုးချန်​သည်​လည်​ပင်းတွင်​ဆွဲထားသည့်​ကင်​မရာကိုကိုင်​ကာ လျို့ယိ့ဖိန့်​ကို​ပြောတယ်​။

"မလိုပါဘူး" လျိုယိ့ဖိန့်​ကလက်ကာရင်း​ပြောပြီး ဝမ်ကျိုးခန်​နှင့်​ဝမ်​ရိ​ပေါ်အနားမှ ထွက်​လို့သွားတယ်​။ သူမဟာ သူမသူငယ်​ချင်းတချို့ဆီသွားကာ စကားစမြည်​ပြော​နေပြန်​တယ်​။

ဝမ်​ရိ​ပေါ်က လှည့်​မကြည့်​ပါ။ ဝမ်​ကျိုးချန်​ဟာ လျိုယိ့ဖိန့်​ကိုလိုက်​ကြည့်​ရင်း​ခေါင်းတကုတ်​ကုတ်​နဲ့ကျန်​ခဲ့တယ်​။ ခပ်​လှမ်းလှမ်းမှာရှိ​နေခဲ့တဲ့ မုန့်​ဇီယီသည်​ဝမ်​ကျိုးချန်​ကိုကြည့်​ကာ မျက်​စောင်းထိုး​လေသည်​။ သူမအမူအရာကို​တွေ့သွားသည့်​ယွီပင်းသည်​မုန့်​ဇီယီနားအနားသို့ကပ်​ကာ​ပြောသည်​။
"ကျဲကျဲ မနာလိုဖြစ်​နေတာလား ကျွန်​တော်​ရိုက်​ပေးရမလား"

မုန့်​ဇီယီသည်​သက်​ပြင်းသဲ့သဲ့ကိုချပြီး​နောက်​မျက်​စောင်းထပ်​ထိုးကာ​ပြောလိုက်​တယ်​။
"မလိုဘူး"

သူမရဲ့အလိုမကျမှု​တွေကို ယွီပင်းအ​ပေါ်ကိုပုံချပြန်​ပြီ။
ယွီပင်း​ခေါင်းအသာငုတ်​ပြီး ကိုယ့်​အစ်​မကို ခပ်​တိုးတိုး​လေးကျိန်​ဆဲပြီး​နောက်​ဝမ်​ကျိုးချန်​ဘေးသို့သွားကာရပ်​နေလိုက်​တော့သည်​။

ဝမ်​ကျိုးချန်​သည်​ယွီပင်းနှင့်​မုန့်​ဇီယီကိုကြည့်​နေခဲ့သည်​ထင်​သည်​။ ဝမ်​ကျိုးချန်​က​ပြောတယ်​။
"မိန်းက​လေး​တွေများ နားလည်​ရအ​သေခက်​တယ်​၊ သူတို့ ရိုက်​ချင်​တယ်​ထင်​လို့ ငါတို့က ရိုက်​ပေးမယ်​ပြောတာကို သူတို့ကဘာထင်​နေလဲမသိဘူး"

ယွီပင်းသည်​ဘာတခွန်းမှပြန်​မ​ပြော။​ခေါင်းကို​တော့ပြုတ်​ထွက်​လုမတတ်​ညိတ်​ရင်း ဝမ်​ကျိုးချန်​ရဲ့စကားကို​ထောက်​ခံ​တယ်​။

တဖက်​က ဝမ်​ကျိုးချန်​နှင့်​ယွီပင်းကို လှည့်​ပင်​မကြည့်​သည့်​ဝမ်​ရိ​ပေါ်ဟာ အားကစားဆရာလီယီဖုန်း နှင့်​စကား​ပြော​နေသည့်​ရှောင်းကျန့်​ကို​တော့ ဓာတ်​ပုံခိုးရိုက်​ဖို့ပြင်​နေသည်​။

ထိုလူသားရဲ့အပြုံး။ သူ့အတွက်​ရည်​ရွယ်​ပြီးပြုံး​နေတာမဟုတ်​သည့်​ဒီအပြုံးဟာလည်း ချိုမြိုသ​ယောင်​တော့ရှိတယ်​။ စည်းမျဉ်း​တွေစည်းကမ်း​တွေကို​ဘေးချိတ်​ပြီး ကိုယ့်​ဆရာကိုပြန်​ချစ်​နေမိပြန်​တော့လည်း သူအကြိမ်​ကြိမ်​ငြင်းခံရတာဆန်းမ​နေ​တော့ဘူး။ 'ဆရာ' ... မဟုတ်​ဘူး ... ထိုလူသားကို သူ 'ဆရာ'လို့ တခါမှမ​ခေါ်ခဲ့ဖူးဘူး။ သတ်​မှတ်​မှာလည်းမဟုတ်​ဘူး။ ဆရာနှင့်​တပည့်​ဆိုသည့်​ပတ်​သတ်​မှုကို အပြန်​အလှန်​ချစ်​ကြိုက်​ခွင့်​မပြုတဲ့​ရှေ့ရိုးစွဲလူတစ်စုဟာ ဒီလို​ခေတ်​မီ​နေတဲ့​ခေတ်​သစ်​ကြီးမှာလည်းရှိ​နေ​သေးတယ်​။ ဆရာတပည့်​ပတ်​သတ်​မှု​ကြောင့်​ချစ်​ကြိုက်​လို့မရဘူးဆိုတဲ့ ငြင်းပယ်​မှုစကားလုံး​တွေကို ထိုလူသားတစ်​ယောက်​ရဲ့နှုတ်​မှထွက်​ဆို​နေတာနဲ့တင်​သူ့အတွက်​လုံ​လောက်​နေပြီ။​ရှောင်းကျန့်​ဆိုတဲ့ သူချစ်​တဲ့လူသားက​ရှေ့ရိုးစွဲလူပုဂ္ဂိုလ်​တွေထဲ​တော့မပါဘူး။ သို့ပင်​မဲ့​ရှေ့ယဉ်​ကျေးမှု​တွေကို မငြင်းပယ်​တဲ့လူသား​လေးတစ်​ယောက်​တော့ဖြစ်​နေ​သေးတယ်​။

ရယ်လိုက်တိုင်း​ပေါ်လာ​တတ်​တဲ့​ရှေ့သွားဖြူဖြူ​လေးကို လက်​ဖြင့်​အသာကွယ်​ကာ စကား​ပြော​နေသည့်​ရှောင်းကျန့်​ကို ကင်​မရာမှတဆင့်​ကြည့်​ရင်း ဝမ်​ရိ​ပေါ်ပါလိုက်​ရယ်​မိ​နေ​သည်​။ တချို့လူ​တွေက ထိုလူသားရဲ့​ရှေ့သွား​လေးနှစ်​ချောင်းကို ယုန်​သွား​လေး​တွေနဲ့တူတယ်​လို့ ချီးမွှမ်းကြတယ်​။​ထိုလူသားဟာ ယုန်​လေးတစ်​ကောင်​လိုပဲတဲ့။ ဝမ်​ရိ​ပေါ်က​တော့ ထိုလူသားကို ယုန်​လေးတစ်​ကောင်​ထက်​ပိုပြီးချစ်​စရာ​ကောင်းတယ်​လို့​သတ်​မှတ်​တယ်​။

​ရှောင်းကျန့်​ဟာ အဖြူ​ရောင်​တီရှပ်​ပေါ်တွင်​ရှပ်​အပြာ​ရောင်​လက်​ရှည်​ကိုထပ်​ဝတ်​ကာ ဂျင်းအပြာ​ရောင်​ဘောင်းဘီရှည်​နှင့်တွဲကာ​ဝတ်​ဆင်​ထားတယ်​။ ထိုလူသားဘာဝတ်​ဝတ်​ဝမ်​ရိ​ပေါ်မျက်​လုံးထဲ ကြည့်​လို့​ကောင်း​နေပင်​မယ့်​ဒီ​နေ့မှာ​တော့ထိုလူသားဟာ ထူးခြား​နေတယ်​။ ပိန်​ပိန်ေ​သး​သေးထိုလူသားဟာ သူ့တ​ပွေ့စာပဲရှိ​လောက်​မယ်​ထင်​တယ်​။

ထိုလူသားက သ​ဘော​ကောင်းလွန်းတယ်​။ ဓာတ်​ပုံတွဲရိုက်​ချင်​တဲ့​ကျောင်းသူ​တွေကို ထိုလူသားကတွဲရိုက်​ခွင့်​ပြုတယ်​။ ထို​ကျောင်းသူ​တွေက ဆရာတစ်​ယောက်​ကိုမ​ကြောက်​ဘူးလား။ ဥပမာ - 'စာ​မေးခံလိုက်​ရမှာ​တို့'၊ 'စာရပြီလာလို့အ​မေးခံလိုက်​ရမှာ​တို့'။ ထိုလူသားနဲ့အ​နီးကပ်​နေခွင့်​ရ​နေတဲ့သူ​တောင်​'မရဘူး' ဆိုတဲ့ငြင်းပယ်​သည့်​စကားလုံးကိုမကြားလို​တော့တာ​ကြောင့်​ခိုးပဲရိုက်​နေရပြီး​လေ။

ဒီတစ်​ခါမျက်​စောင်းထိုးတဲ့လူဟာ ဝမ်​ရိ​ပေါ်ဖြစ်​လာတယ်​။​ရှောင်းကျန့်​ကို​တော့မဟုတ်​ဘူး။​ရှောင်းကျန့်​လက်​မောင်းကို ပိုင်​စိုးပိုင်​နင်းတွဲပြီး ဓာတ်​ပုံရိုက်​နေသည့်​ကျောင်းသူတချို့ကိုပါ။ သူ​တောင်​မထိရက်​တဲ့ ထိုလူသားကို ထိုအမျိုးသမီး​တွေက ပိုင်​စိုးပိုင်​နင်းနဲ့။

ဝမ်​ရိ​ပေါ်အလိုမကျဖြစ်​နေပင်​မယ့်​ရှောင်းကျန့်​က​တော့ လူတိုင်းကို​ရယ်​မောပြီး​တောင်​စကား​ပြော​ပေးတယ်​။ ထိုလူသားရယ်​မော​နေသည်​က ဟန်​ဆောင်​မှု​တွေမပါသလိုပဲ။ သူ့အလှည့်​ဘယ်​တော့များမှ ဒီလိုအခွင့်​အ​ရေးရလာမှာလဲ ဝမ်​ရိ​ပေါ်မသိပင်​မယ့်​သူ​စောင့်​နေပါ​သေးတယ်​။ တချိန်​ချိန်​တော့ နားလည်​မှု​တွေရလာမှာပါ​။ ပြီး​တော့ သူ့နှလုံးသားကို ထိုလူသားနားလည်​လာမှာပါ။

BUS​ရောက်​သည်​နှင့်​ကျောင်းသားများဟာ အလုအယက်​တက်​ကြတယ်​။ ခုံ​နေရာ​တွေလုကြတယ်​။ ကား​ပေါ်အိပ်​လိုက်​ချင်​တဲ့​ကျောင်းသားတချို့က ကားပြတင်း​ပေါက်​ဘေးကထိုင်​ခုံ​တွေမှာထိုင်​ကြတယ်​။ စကားစမြည်​ပြောပြီး ကစားချင်​သည့်​ကျောင်းသားတချို့က​တော့​လျှောက်​လမ်း​ဘေးကခုံ​တွေမှာထိုင်​ကြတယ်​။ ဘယ်​သူ​တွေဘယ်​လိုခုံ​နေရာ​တွေလု​နေပါ​စေ​မုန့်​ဇီယီ​ဘေးတွင်​တော့ ယွီပင်းကဝင်​ထိုင်တယ်​။ သူတို့​နှစ်​ဦး​ရှေ့ကခုံတွင်​ဝမ်​ရိ​ပေါ်​နှင့်​ဝမ်​ကျိုးချန်​ကဝင်​ထိုင်​လိုက်တယ်​။​နေသားတကျထိုင်​လိုက်​ကြပြီး​ခဏ​နေ​တော့ ဝမ်​ကျိုးချန်​ဟာ သူတို့နှစ်​ဦးထိုင်​နေသည့်​နောက်​ကိုလှည့်​လာပြီး​ပြောတယ်​။
"ယွီပင်း​နေရာလဲရ​အောင်​"

ယွီပင်းကထ၍လဲမည်​အပြု မုန့်​ဇီယီကအသာဆွဲထားကာ​ပြောလိုက်​သည်​။
"ယွီပင်း မလဲ​ပေးနဲ့"

မျက်​စောင်းထိုးကာ​ပြောလိုက်​သည့်​မုန့်​ဇီယီစကား​ကြောင့်​ဝမ်​ကျိုးချန်​ဟာ ခပ်​မြန်​မြန်​ပင်​ရှေ့ကိုပြန်​လှည့်​သွားရ​တော့သည်​။ ယွီပင်းမှာ မ​နေနိုင်​ပဲ မုန့်​ဇီယီအနားသို့အသာကပ်​ကာ တိုးတိုး​ပြောလိုက်​သည်​။
"ကျဲကျဲကလဲ ခဏ​လေးပဲထိုင်​ရတာကို"

မုန့်​ဇီယီ​ကပြန်​ပြောတယ်​။
"နင်​မသိပါဘူး"

"ဘာလဲ ကျဲကျဲ​အိပ်​ပျော်​သွားရင်​သူ့ပုခုံး​ပေါ်သွားရည်​ကျမိမှာဆိုးလို့လား"

"ယွီပင်း!"

"ကျွန်​တော်​ဘာမှမသိဘူး၊ ကျွန်​တော်​ဘာမှမသိဘူး"

ယွီပင်းဟာ ခပ်​မြန်​မြန်​ပဲ နားကျပ်​တပ်​ပြီး​နောက်​မျက်​လုံး​တွေကိုအတင်းမှိတ်​ထားလိုက်​တယ်​။ ယွီပင်း​ဘေး​လျှောက်​လမ်းကပ်​လျက်​ခုံတွင်​ထိုင်​နေသည့်​လျိုယိ့ဖိန့်​ဟာ မုန့်​ဇီယီကိုကြည့်​နေခဲ့တယ်​။ မုန့်​ဇီယီသည်​လည်း လျိုယိ့ဖိန့်​ကို​ပေ​စောင်း​စောင်းနဲ့ပြန်​ကြည့်​တယ်​။ သူမတို့နှစ်​ဦးရဲ့ မျက်​စောင်းထိုးပြိုင်​ပွဲကို​တော့ ယွီပင်းနှင့်​ဝမ်​ကျိုးချန်​ဟာ သတိမထားမိခဲ့ဘူး။

~*~*~~~*~*~

လမ်းတ​လျှောက်​လုံးရှိရှုခင်းများကို ဝမ်​ရိ​ပေါ်ဟာကင်​မရာတလုံးဖြင့်​လိုက်​လံကာချိန်ရွယ်တယ်။ ကားလမ်းနံ​ဘေးက အစိမ်း​ရောင်​မြက်​ခင်းပြင်​ကြီးက လူ့တစ်​ရပ်​စာ​လောက်​ရှိ​လောက်​မယ်​။ မြက်​ခင်းစိမ်း​ပေါ်ကျ​နေတဲ့​နေ​ရောင်​ဟာ ခပ်​တောက်​တောက်​အ​နေအ​ထားမှာရှိ​နေတယ်​။ ကင်​မရာကိုအလင်းအ​မှောင်​ချိန်​ပြီးသည့်​နောက်​တချို့​သောရှုခင်း​တွေကို​ရိုက်​ယူထားလိုက်​သည်​။ ဝမ်​ရိ​ပေါ်​ဘေးမှာရှိ​နေတဲ့ ဝမ်​ကျိုးချန်​က​တော့ နားထဲနားကျပ်​တတ်​ကာ လမ်းတ​လျှောက်​လုံးကိုအိပ်ပြီးသာလိုက်​လာခဲ့သည်​။

ဦးတည်​သွား​နေသည့်​လမ်းဟာ​တောအုပ်​တစ်​ခုကို။ အပြင်​မှာ​နေကျဲကျဲ​တောက်​ပူ​နေပင်​မယ့်​ကားရပ်​လိုက်​သည့်​တောအုပ်​က​တော့ စိုထိုင်းထိုင်း​လေးနဲ့​နေလို့​ကောင်းမယ့်​ပုံ။

ကားရပ်​သည်​နှင့်​ရှောင်းကျန့်​ကဦး​ဆောင်​ပြီးကား​ပေါ်ကဆင်းလိုက်​သည်​။ ထိုလူသား ကား​ပေါ်ကဆင်းသည့်​ပုံစံ​လေးက​တောင်​ဝမ်​ရိ​ပေါ်ရဲ့မျက်​လုံးထဲ လူကြီးသိပ်​ဆန်​နေတယ်​။ အင်း ... သူချစ်​မိ​နေတာက လူကြီးတစ်​ယောက်​ကိုပဲ။

ဝမ်​ရိ​ပေါ်ဟာ​ကျောပိုးအိတ်​ထောင့်​မှာ အသင့်​ထည့်လာတဲ့ေ​ကာ်​ဖီဗူးကိုထုတ်​ကာ ကား​ပေါ်ကဆင်းဆင်းချင်းမှာပဲ​ရှောင်းကျန့်​ဆီအ​ပြေးသွားပြီးလက်​ထဲသို့ထည့်​လိုက်​သည်​။

ဝမ်​ရိ​ပေါ်​က​ပြောတယ်​။
"ကျန့်​ကောအတွက်​ပဲ​နော်​တခြားသူအတွက်​မပါဘူး" 'တခြားသူ' ဆိုတဲ့နာမ်​စားက ဘယ်​သူဘယ်​ဝါကိုရည်​ညွှန်း​သည်​ဆိုတာကို​တော့ ထိုလူသားသိ​လောက်​ရော​ပေါ့။

က​လေးဆန်​စွာ​ပြောလိုက်​သည့်​ဝမ်​ရိ​ပေါ်ရဲ့စကား​ကြောင့်​ရှောင်းကျန့်​ဟာ နှုတ်​ခမ်း​လေး​ကွေးရုံပြုံးတယ်​။ ဝမ်​ရိ​ပေါ်ရဲ့ဆံပင်​တွေထဲကို ထိုလူသားဟာလက်​ချောင်း​တွေထိုးထည့်​ပြီး ဆံနွယ်​တွေအားအသာဖွကာ​ရှောင်းကျန့်​ပြန်​ပြောလိုက်​တယ်​။
"အင်း ... ငါတ​ယောက်​ထဲပဲ​သောက်​မယ်​"
​ထိုလူသား သူ့အ​ပေါ် အလိုက်​အထိုက်​ပြော​နေမှန်းသူသိတယ်​။ ဒီလိုအလိုက်​အထိုက်​ပြောဆိုပုံကို သူသ​ဘောကျနှစ်​ခြိုက်​ပင်​မယ့်​မ​ရောင့်​ရဲနိုင်​သေးဘူး။

သစ်​တော၏အလယ်​လို့ပင်​ပြောရမည်​လား။ ဒီ​နေရာကို​ရောက်​ရန်​သူတို့​တော်​တော်​တော့​လျှောက်​လာခဲ့ရပြီးပြီ။ လမ်းခွဲတစ်​ခုကို​ရောက်​တော့ လမ်း​ထောင့်​တစ်​နေရာမှာ ဘန်​ဂလို​သို့​ဆိုသည့်​လမ်းညွှန်​ဆိုင်းဘုတ်​တစ်​ခုကို သူတို့​တွေ့တယ်​။ ဆက်​လျှောက်​ရဦးမယ့်​အလားအလာမှာရှိ​နေသည့်​ဒီ​ခြေလျင်​ခရီး​ကြောင့်​ကျောင်းသား​ကျောင်းသူတချို့ဟာညီးညူ​နေကြပြီ။ လမ်းတစ်​လျှောက်​လုံးသူအရိပ်​တကြည့်​ကြည့်​ကြည့်​နေခဲ့သည့်​ထိုလူသားက​တော့​မောပန်း​နေပုံမရဘူး။ ဝမ်​ရိ​ပေါ်​ဘေးတွင်​လျှောက်​နေသည့်​ဝမ်​ကျိုးချန်​ဟာ ဝမ်​ရိ​ပေါ်လက်​မောင်းကိုလာတွဲတယ်​။ ဝမ်​ကျိုးချန်​ရဲ့လက်​ကို သူဖြုတ်​ချလိုက်​တယ်​။ သူ့ကိုကျိန်​ဆဲမယ်​ထင်​တယ်​။ ကျိန်​ဆဲလည်း ကျိန်​ဆဲပါ​စေ။ တခြားတစ်​ယောက်​အတွက်​နဲ့ သူအား​တွေကုန်​သွားလို့မဖြစ်​ဘူး။ ထိုလူသား​မောပန်းလို့ညီးညူလာသည့်​အခါ​ဖေးမဖို့အတွက်​သူအသင့်​ပြင်​ထားဖို့လိုတယ်​။

​လျှောက်​လှမ်း​နေခဲ့ရာလမ်း​တ​လျှောက်​၏​ဘေးတဘက်​တချက်​ဆီတွင်​သက်​တမ်းရင့်​သစ်​ပင်​ကြီး​တွေဟာ စီတန်းလို့​နေတယ်​။​နွေသို့စတင်​ရောက်​လာသည့်​အတွက်​လမ်းများကမူ​ခြောက်​သွေ့လို့​နေဆဲပင်​။ သူတို့​ခြေ​ထောက်​အောက်​ကလမ်းဟာ ညီညာပြီး​ဖြောင့်​ဖြူးတယ်​ဆိုပင်​မယ့်​တောအုပ်​ထဲမှာဆို​တော့ အင်းဆက်​ပိုးမွှားများပြသနာက​တော့​ရှောင်​လွှဲလို့မရဘူး။

​ခေတ်​နှင့်​ညီ​အောင်​ဝတ်​စားလာကြသည့်​ကျောင်းသားများအတွက်​ခြင်​များကစတင်​မိတ်​ဆက်​နေ​ကြပြီ။ အမြည်း​ကျွေး​သည့်​ပေကျင်း​ဈေးဆိုင်​တန်းကိုဝင်​စား​နေသည့်​လူများအလား ခြင်​များက​လမ်း​လျှောက်​လာသည့်​ကျောင်းသားများကို​ကိုက်​လေ​သည်​။ မိန်းက​လေး​ကျောင်းသူတချို့က သူတို့အလှကိုပြသဖို့အတွက်​တိုလွန်းသည့်​စကပ်​များကိုဝတ်​လာမိသည်​ကို​နောင်​တရ​နေ​လောက်​ပြီထင်​တယ်​။​ဘောင်းဘီဒူးအုပ်​သာဝတ်​လာသည့်​ဝမ်​ရိ​ပေါ်မှာ​တော့ မျက်​နှာရှုံ့တွ​နေ​လေပြီ။ ဝမ်​ကျိုးချန်​သည်​လည်း​ခြေ​ထောက်​မှာလာရစ်​ဝဲ​နေသည့်​ခြင်​သတ္တဝါ​တွေကို ရိုက်​ရင်းဆဲ​ရေးလို့​နေတယ်​။

ရှုခင်းလှလှ​တွေ့တိုင်း ဓာတ်​ပုံရိုက်​ကာ မှတ်​တမ်းတင်​ဖို့ ကြိုးစားပင်​မယ့်​ခြေသလုံးကိုလာကိုက်​သည့်​အင်းဆက်​တွေ​ကြောင့်​ရိညက်​သမျှဓာတ်​ပုံ​တွေဟာ​ဝေဝါးကုန်​တယ်​။ ရှုခမ်း​တွေကို ဓာတ်​ပုံရိုက်ကာ​မှတ်​တမ်းတင်​ရင်း​ခြေသလုံးတွင်​လာလာမိတ်​ဆက်​နေတဲ့ ခြင်​တွေကိုလဲလက်ဖြင့်​ရိုက်​ရ​သေးသည်​။ ရိုက်​လိုက်​တိုင်းလည်း သုံး​ကောင်​လောက်​က အသာ​လေးပဲ ။

တစ်​ယောက်​ထဲအလုပ်​ရှုပ်​ကာ​လျှောက်​နေသည့်​သူ့ကို​ရှောင်းကျန့်​က​ဆေးဗူးတစ်​ဗူးလာ​ပေးတယ်​။ ထိုလူသားအား သူအံ့ဩမှင်​သက်​စွာ ကြည့်​ရင်း ထိုလူသားကမ်း​ပေး​နေသည့်​ဆေးဗူးကို သူခပ်​ဖြေး​ဖြေး​လေးဆုတ်​ကိုင်​လိုက်​တယ်​။​ရှောင်းကျန့်​က ကြင်​ကြင်​နာနာမျက်​ဝန်း​တွေနဲ့ကြည့်​ရင်း သူ့ကိုပြုံးပြ​နေတယ်​။

လက်​ထဲ​ရောက်​လာသည့်​ဆေးဗူးနာမည်​ကို သူဖတ်​ကြည့်​မိတယ်​။ ထင်​တဲ့အတိုင်း တိုင်းရင်း​ဆေးရည်​ဗူးဖြစ်​နေပြန်​တယ်​။ ဒီတစ်​ခါ​တော့​သောက်​ဆေးမဟုတ်​ဘူး။ ခြင်​မကိုက်​အောင်​လိမ်းသည့်​ညှစ်​ဆေးဗူး။

သူ့​ရှေ့ကထိုလူသား လှည့်​ထွက်​မသွားမီ သူ​မေးလိုက်​တယ်​။
"ကျန့်​ကော​အတွက်ေ​ရာ"

​ရှောင်းကျန့်​ဟာ​အေးစက်​စွာ​ဖြေတယ်​။
"ငါကလိမ်းထားတယ်​" တဆက်​တည်းဆိုသလို '​ဆေးဆိုင်​ပါဖွင့်​ခဲ့ရမှာ' ဟုပါ​တွေးလိုက်​မိ​သေးသည်​။

ဝမ်​ရိ​ပေါ်​သည် ထိုလူသားအားေ​ခါင်းအသာညိတ်ြ​ပလိုက်​ပြီး​နောက်​ဘေးရှိသစ်​ပင်​ကိုမှီကာ​ဆေးဗူးကိုဖွင့်​ပြီးလိမ်း​လိုက်​သည်​။ သူက တိုင်းရင်း​ဆေးအနံ့ကိုမခံနိုင်​ဘူး။ သို့ပင်​မဲ့​ထိုလူသားလိမ်းခိုင်းလို့ဆိုသည့်​အချက်​နဲ့တင်​သူသည်းခံလိမ့်​ဖို့အ​ကြောင်းပြချက်​ဟာလုံ​လောက်​နေပြီ။

ဝမ်​ရိ​ပေါ်​ဆေးလိမ်း​နေသည့်​အချိန်​ရှောင်းကျန့်​ဟာ ဝမ်​ရိ​ပေါ်ရဲ့ခပ်​လှမ်းလှမ်းမှာရပ်​နေရင်း​ရေ​သောက်​နေတယ်​။ ဘာစကားမှလည်းမ​ပြောမိကြဘူး။​ဆေးနံ့မခံနိုင်​လို့ အသက်​ရှု​အောင့်​ပြီး​လိမ်း​နေတယ်​ထင်​တယ်​၊ ဝမ်​ရိ​ပေါ်ရဲ့မျက်​နှာဟာ နီမြန်း​နေတယ်​။ ဒီက​လေးကို အဆင်​ပြေရဲ့လား သူမ​မေးမိဘူး။​ရှောင်းကျန့်​ဟာ​ရေဗူးဖွင့်ကာ​သောက်​ရင်း ဝမ်​ရိ​ပေါ်ကို မသိမသာ​စောင့်​ပေး​နေ​လိုက်တယ်​။ သူတို့ကို​ကျော်​တတ်​သွားတဲ့​ကျောင်းသား အုပ်​ကြီးက​တော့ သူတို့ကို ကွက်​ကြည့်​ကွက်​ကြည့်​နဲ့။

​ခြေသလုံးကိုလာ​ရောက်​ဖက်​တွယ်​နေသည့်​ခြင်​များကိုလက်​ဖြင့်​ခါချရင်း​ခြေ​ထောက်​ကို​ဆောင့်​ကာ​ဆောင့်​ကာ​လျှောက်​နေသည့်​မုန့်​ဇီယီကို ယွီပင်းက​ပြောလိုက်​သည်​။
"ကျွန်​တော်​မ​ပြောဘူးလား​ဘောင်းဘီအရှည်​ဝတ်​လာခဲ့ပါဆိုတာကို"

မုန့်​ဇီယီဟာ​ခြေသလုံးကိုလာကပ်​သည့်​ခြင်​ကိုရိုက်​လိုက်​တယ်​။ လက်​မှာ​ပေသွားသည့်​သွေးအား ယွီပင်းအင်္ကျီအားသုတ်​လိုက်​ပြီး​နောက်​သူမဟာ​ဒေါသသံဖြင့်​ပြောတယ်​။
"ဒီကိုလာမယ်​လို့မှ ငါမသိတာ" ပြီး​တော့ တခြားတဖက်​မှာရှိ​နေတဲ့ ဝမ်​ကျိုးချန်​ကိုလည်း မျက်​စောင်းကထိုးလိုက်​သေးတယ်​။

ဘာမှမဆိုင်​ပဲ​အလဟက်​သကြီး မုန့်​ဇီယီထံမှ မျက်​စောင်းထိုးခံလိုက်​ရသည့်​ဝမ်​ကျိုးချန်​မှာကိုယ့်ကိုကိုယ်လက်ညှိုးထိုးကာ​ဝင်​ပြောလိုက်တယ်​။
"ငါနဲ့ဘာဆိုင်​လို့လဲ"

ယွီပင်းက ဝမ်​ကျိုးချန်​ပုခုံးကိုညာဘက်​လက်​ဖြင့်​ဖက်​ကာ ခိုလိုက်​ပြီးမျက်​ခုံးအသာပင့်​ကာ​ပြန်​ပြောလိုက်​တယ်​။
"ကျိုးချန်​သူ့ကိုဂရုမစိုက်​နဲ့ ညကျရင်​တခုခုစီစဉ်​ရ​အောင်​လား"

ဝမ်​ကျိုးချန်​သည်​ယွီပင်းလက်​ကိုအသာဖယ်​ချလိုက်​သည်​။ အလျင်​လိုစွာပဲ​ကျောပိုးအိတ်​ထဲမှအဝတ်​တစ်​ထည်​ကိုထုတ်​ပြီး​နောက်​မုန့်​ဇီယီထံအ​ပြေးသွားကာ​ပေးလိုက်​သည်​။

ဝမ်​ကျိုးချန်ကခပ်​မြန်​မြန်​ပြောတယ်​။
"ဇီယီ ဒါကိုပတ်​ရင်​ပတ်​ထား ဒူး​တော့ဖုံးမယ်​ထင်​တယ်​"

ဝမ်​ကျိုးချန်​ပေး​သောအဝတ်​ကို မုန့်​ဇီယီသည်​ဆောင့်​အောင့်​ကာယူပြီး​နောက်​သူမ ခါးတွင်​ပတ်​လိုက်​သည်​။ ယွီပင်းမှာအထီးကျန်​လာသလိုလို။​ကောင်းကင်​ကြီးကို​မော့ကြည့်​ရင်း တ​ယောက်​ထဲ လှည့်​ပတ်​ကာဟို​လျှောက်​လိုက်​ဒီ​လျှောက်​လိုက်​ပင်​။

​မော​မောပန်းပန်းနဲ့အတန်​ကြာ​လျှောက်​လာလိုက်​ကြတာ ဘန်​ဂလိုကို လှမ်းမြင်​နေရပြီ။ မ​ဝေး​တော့တဲ့နား​နေ​ဆောင်​ဆီ မ​မောနိုင်​မပန်းနိုင်​ပြေးလွှားသွားပြီးကြတဲ့​ကျောင်းသားတချို့ဟာ ခရီး​ဆောင်​အိတ်​တွေကို​ဘေးချပြီး​တွေ့ရာ ခုံတန်း​တွေ​ပေါ်ပစ်​လဲလိုက်​ကြတယ်​။​ခြေ​ထောက်​တွေနှိပ်​နယ်​သူကနှိပ်​နယ်​ကြတယ်​။​ကျောပိုးအိတ်​ခပ်​ကြီးကြီးလွယ်​လာခဲ့တဲ့​ကျောင်းသားတချို့သည်​လည်း သူတို့နံ​ဘေးနားကသူငယ်​ချင်း​တွေကို သူတို့ပုခုံးအားနှိပ်​စေပြန်​တယ်​။​ချွေး​တွေတရစက်​ထွက်​နေသည့်​တိုင်​အစိုဓာတ်​ရှိသည့်​တောအုပ်​ထဲ​ရောက်​နေသည့်​အတွက်​သူတို့ဟာခပ်​မြန်​မြန်​ပဲအ​မော​ဖြေသ​ယောင်​ရှိလာတယ်​။

​ကျောင်းသား​တွေဟာ အထုတ်​အပိုး​တွေချကာ အ​ညောင်း​ဖြေ​နေစဉ်​တွင်​အားကစားဆရာ လီယီဖုန်းက​ပြောလာတယ်​။
"ဒီနားမှာ​တောင်​တ​စ်ေ​တာင်​ရှိတယ်​အမြင့်​ကြီးမဟုတ်​ဘူး​တောင်​ပေါ်​ရောက်​ဖို့ နီးနီး​လေးပဲ အဲ့ဒီအ​ပေါ်ကို ည​နေ​လောက်​ကျရင်​တက်​မယ်​အ​ပေါ့ပါးဆုံးနဲ့အသင့်​တော်​ဆုံးဖြစ်မယ့်​အဝတ်​အစား​တွေကိုဝတ်​ခဲ့ကြပါ"

​မော​နေတဲ့ကြားက ထပ်​ပြေးခိုင်းလိုက်​သလိုပင်။​ကျောင်းသား​တွေဟာ​တ​စ်ေ​ယာက်​တ​စ်ေ​ပါက်​နဲ့ မ​လျှောက်​နိုင်​တော့ဘူးဆိုတဲ့ အသံ​တွေထွက်​လာခဲ့ကြတယ်​။ ဝမ်​ရိ​ပေါ်နှင့်​ယွီပင်းမှာတ​စ်ေ​ယာက်​မျက်​နှာတ​စ်ေ​ယာက်​ကြည့်​ရင်း​ပြိုင်​တူပင်​ပြောလိုက်​မိကြသည်​။
"အာ ထပ်​ပြီး​တော့လား"

လျိုယိ့ဖိန့်​က အားကစားဆရာလီယီဖုန်းကို​ပြောတယ်​။
"ဆရာလီ မနက်​ဖြန်​မှမရဘူးလား အခု​တောင်​ညောင်း​နေပြီ ... လျိုကိုကို​ပြောတုန်းက ဒီ​လောက်​ခရီးမကြမ်းရဘူးတဲ့​နော်​"

လျိုယိ့ဖိန့်​သည်​ကျောင်းမှာကျန်​ခဲ့သည့်​အစ်​ကိုဖြစ်​သူ​ကျောင်းအုပ်​လျိုဟိုက်​ခွမ်းရဲ့နာမည်​ကိုယူသုံးတယ်​။ ဒါကိုမကြိုက်​သူက လင်းယီချန်​။
လင်းယီချန်​က ဒဲ့တိုး​ပြောတယ်​။
"ဒီကိုအ​ပျော်​လာတာမဟုတ်​ဘူး၊ သတ်​မှတ်​ထားတဲ့ရက်​မ​ကျော်​ခင်​ပြန်​ရောက်​ဖို့သင့်​တယ်​၊ အချိန်​တွေမဆွဲနဲ့၊ လုပ်​စရာရှိတာ​တော့လုပ်​ရမှာပဲ အထွန့်​မတတ်​ကြနဲ့"

​ကျောင်းသားများ တတွတ်​တွတ်​ပြောသံများ တစတစကျယ်​လာ​တယ်​။ ဒီ​ကျောင်းသား​တွေဟာ စက်​ရုပ်​တွေမဟုတ်​ကြတာကို​တော့​ရှောင်းကျန့်​နားလည်​တယ်​။ သို့ပင်​မဲ့ ဝင်​မ​ပြောနိုင်​ဖြစ်​နေတယ်​။ သူက က​လေးထိန်းဖို့လိုက်​လာ​ပေးတဲ့ဆရာသက်​သက်​ပဲမို့ လီယီဖုန်နှင့်​လင်းယီချန်​ရဲ့ဆုံးဖြတ်​ချက်​ကို​တော့ မ​ကျော်​လွန်​သင့်​ဘူး။ သူလည်း​ညောင်းတာပဲ။ သို့ပင်​မဲ့ သူ့ကိုလိုက်​ကြည့်​နေတဲ့က​လေးတစ်​ယောက်​ကလည်းရှိ​နေ​သေး​တော့ မညီးညူရဲဘူး။

​ရှောင်းကျန့်​ဟာ အကြံပြုသလိုလို​လေသံဖြင့်​ဝင်​ထိန်းကာ​ပြောလိုက်​သည်​။
"​လေ့လာ​ရေးကိုအ​ကြောင်းပြပြီး ဝိတ်​ချကြတာ​ပေါ့"

သီးသန့်​လိုဖြစ်ပြီး​ထွက်​လာတဲ့​ရှောင်းကျန့်​ရဲ့အကြံပြုချက်​ကြောင့်​ကျောင်းသား​တွေရဲ့အကြည့်​ဟာ​ရှောင်းကျန့်​ဆီကိုဦးတည်​လို့သွားတယ်​။ ဝိုင်းအုံကြည့်​ခံရတဲ့​ရှောင်းကျန့်​ဟာ​နေရခက်​သွားတယ်​။​ရှောင်းကျန့်​ဟာ မယားယံပဲနဲ့ သူ့လည်​ဂုတ်​သူကုတ်​လိုက်​မိ​တယ်​။ ပြီး​တော့​ခေါင်းငုတ်​ကာ ခပ်​တိုးတိုး​ပြောပြန်​တယ်​။

"သီးသန့်​ပိန်​အောင်​လမ်းမ​လျှောက်​ရ​တော့ဘူး​ပေါ့၊ သူငယ်​ချင်း​တွေနဲ့​ပျော်​ပျော်​ပါးပါး စကြ​နောက်​ကြပြီး​တောင်​တက်​ကြတာ မ​ကောင်းဘူးလား" သူ့​အနီးအနားမှာရှိ​နေတဲ့ မိန်းက​လေး​ကျောင်းသားများထံကိုအကူအညီ​တောင်းသည့်​အကြည့်​တွေဖြင့်​ရှောင်းကျန့်​ကြည့်​လိုက်​သည်​။

ထို​ကျောင်းသူများက အလိုလိုပင်​ခေါင်း​တွေညိတ်​လာကာ  "​ကောင်းတယ်​" ဆိုပြီး​ရှောင်းကျန့်​ကို​ထောက်​ခံ​ပေးတယ်​။ ထိုအသံကိုကြားလိုက်​ရ၍​ရှောင်းကျန့်​လည်း​စိတ်​သက်​သာရာရသွားတယ်​။​ရှောင်းကျန့်​အနားမှာရှိ​နေခဲ့သည့်​ကျောင်းသူ​တွေသည်​ကျောင်းမှမထွက်​ခင်​အချိန်​တုန်းက​ရှောင်းကျန့်​နဲ့အတူဓာတ်​ပုံတွဲရိုက်​ခဲ့တဲ့မိန်က​လေး​တွေ။ ဒီ​ကျောင်းသူ​တွေကို သ​ဘောမ​တွေ့စွာကြည့်​နေသူက ဝမ်​ရိ​ပေါ်။ မုန့်​ဇီယီက​တော့​ခြေ​သလုံးကို လက်​သီးဖြင့်​ထုကာ အသံပင်​မထွက်​နိုင်​သေး​ပေ။ သူမကို မသိမသာဖြင့်​အနားတွင်​ခြင်​ခါ​ပေး​နေ​သူက ဝမ်​ကျိုးချန်​။ ယွီပင်းက​တော့ လင်းယီချန်​ကြောင့်​စိတ်​တို​နေသည့်​လျိုယိ့ဖိန့်​အနားမှာ။

လင်းယီချန်​က​အနားမ​ပေး။
"အားလုံးပဲ အဖွဲ့အလိုက်​ကိုကြည့်​ပြီး ဆု​ပေးမှာဆို​တော့ ... စုပြီး ဓာတ်​ပုံရိုက်​ကြရ​အောင်​"

ခရီးပန်း​နေသည့်​ရုပ်​တွေနဲ့ ဓာတ်​ပုံမရိုက်​ချင်​ကြပင်​မယ့်​လင်းယီချန်​ရဲ့စကားကို​ကျောင်းသား​တွေဟာအထွန့်​မတက်​ရဲ​ကြ​တော့ပဲ အုပ်​စုလိုက်​ဓာန်​ပုံကိုရိုက်​လိုက်​ကြတယ်​။ ဆရာသုံး​ယောက်​အား​ကျောင်းသား ၅၆​ယောက်​က ခြံရံကာ ကင်​မရာ​ထောင်​၍ဓာတ်​ပုံရိုက်​လိုက်​ကြသည်​။ အခုလို အမှတ်​တရ​အ​နေနဲ့ ဓာတ်ပုံကျန်​နေခဲ့တာ​တော့​ကောင်းပါရဲ့။​ကောင်း​သော အမှတ်​ရခြင်း​တွေသာ ဖြစ်​ပါ​စေလို့ တစ်​ဦးတ​စ်​ယောက်​က​တော့ ဆု​တောင်း​နေခဲ့တယ်​။

💚

Part 7 ဆက်​ရန်​

💚❤
👦👨

-------------

Zawgyi

💚

Until You Fall In Love

အပိုင္​း (၆)

********

႐ူပ​ေဗဒ၏သ​ေဘာတရား​ေတြကို ​ေပါ့ပါးသြက္​လပ္​စြာ သင္​​ေနသည္​့ ဆရာမလင္​းယီခ်န္​ စာသင္​​ေနတဲ့အခ်ိန္​မွာ ဝမ္​ရိ​ေပၚက​ေတာ့ စာသင္​ခန္​းျပတင္​း​ေပါက္​မွတဆင္​့ ၾကည္​လင္​​ေနတဲ့​ေကာင္​းကင္​ျပင္​ႀကီးကို ​လွမ္​းၾကည္​့​ေနခဲ့တယ္​။ သူျမင္​​ေနရတဲ့ မိုးျပာ​ေရာင္​​ေကာင္​းကင္​ႀကီးနဲ႔တိမ္​တိုက္​ျဖဴ​ေတြရယ္​ဟာ သူျမတ္​ႏိုးမိတဲ့လူသားနဲ႔သိပ္​တူ​တယ္​။ ၾကည္​လင္​တယ္​၊ တင္​့တယ္​တယ္​၊ ၿပီး​ေတာ့ သူလွမ္​းမမီႏိုင္​တဲ့အ​​ေဝးတစ္​​ေနရာမွာ႐ွိ​ေနတယ္​။ ထိုအခ်ိန္​မွာ ​စာသင္​ခန္​းထဲကို ​ေက်ာင္​းအုပ္​ လ်ိဳဟိုက္​ခြမ္​း ဝင္​လာတယ္​။ ​ေက်ာင္​းအုပ္​ဆိုသူက မ်က္​ႏွာခ်ိဳတယ္​ဆိုပင္​မယ္​့ ​ေက်ာင္​းအုပ္​ဆိုသည္​့ အ႐ွိန္​အဝါ​ေၾကာင္​့ ဆူညံ​ေနသည္​့အခန္​းက တိတ္​ဆိတ္​လို႔သြားတယ္​။

လင္​းယီခ်န္​​က စာသင္​​ေနသည္​ကိုရပ္​တန္​႔ၿပီး ​ေက်ာင္​းအုပ္​လ်ိဳ႕ဟိုက္​ခြမ္​းကို​ေမးလိုက္​တယ္​။
"ဘာကိစၥမ်ားလဲ ​ေက်ာင္​းအုပ္​"

လ်ိဳဟိုက္​ခြမ္​း​ေခါင္​းတခ်က္​ညိတ္ျပ​ကာ အတန္​းသားမ်ားဘက္​သို႔လွည္​့ၿပီး အျပံဳးခ်ိဳခ်ိဳ​ေလးတို႔ျဖင္​့ ​ေျပာလာတယ္​။

"ဒီအတန္​းက ​ေလ့လာ​ေရးခရီးတစ္​ခုထြက္​စရာ႐ွိတာ ..."

လ်ိဳဟိုက္​ခြမ္​းရဲ႕စကားပင္​မဆံုး​ေသးဘူး၊ အတန္​းထဲ႐ွိ​ေက်ာင္​းသား​ေက်ာင္​းသူမ်ား၏ "​ေဟး"ဆိုသည္​့ အသံႏွင္​့အတူ လက္​ခုပ္​သံမ်ားကညံလို႔သြား​တယ္​။ လက္​ခုပ္​သံ​ေတြရပ္​တန္​႔သြားမွ လ်ိဳဟိုက္​ခြမ္​း ျပံဳးကာပင္​ ဆက္​​ေျပာတယ္​။
"အဲ့​ေတာ့ ... ခရီးက ႏွစ္​ညအိပ္​သံုးရက္​ခရီး၊ မင္​းတို႔ရဲ႕ အုပ္​ထိန္​းသူ​ေတြကို​ေတာ့ အ​ေၾကာင္​းၾကားစာ​ေတြ ​ပို႔ၿပီးၿပီ၊ ​ေပ်ာ္တာလည္း ​ေပ်ာ္​ၾက၊ ​​အ​ေပ်ာ္​လႊတ္​တာမဟုတ္​ဘူး​ဆိုတဲ့အသိ​ေလးလည္​း႐ွိၾက၊ ျပန္​ေရာက္​ရင္​ ကိုယ္​ႀကိဳးစား​ေလ့လာခဲ့တ​ာ​ေတြကို စာ​ေမးပြဲျပန္​​ေျဖရမယ္​"

ထိုအခါ ​ေက်ာင္​းသား​ေတြထံမွ မႀကိဳက္​ႏွစ္​သက္​သည္​့အသံ​ေတြ ဟိုတစ္​​ေပါက္​ဒီတ​စ္​​ေပါက္​ ထြက္​လာၾကတယ္​။ သို႔ပင္​မဲ့ လ်ိဳ႕ဟိုက္​ခြမ္​းက​​ေတာ့အျပံဳးမပ်က္​ပဲဆက္​​ေျပာတယ္​။
"တ​စ္​ေ​ယာက္​ခ်င္​းဆီ​ေရာ အဖဲြ႔အလိုက္​​ေရာ ​ေျဖႏိုင္​ရင္​ ​ေျဖႏိုင္​သလို တကၠသိုလ္​ဝင္ခြင့္​​အတြက္​အ​ေထာက္​အကူျဖစ္​မယ္​့ အမွတ္​​ေတြရၾကလိမ္​့မယ္​၊ အဲ့​ေတာ့ ဘာ​ေမးၾကဦးမလဲ"

ထိုအခါဝမ္​ရိ​ေပၚလည္း ​ညာဘက္​လက္​​ကို ပင္​့​ေျမာက္​လိုက္​ၿပီး ​ေမးလိုက္​တယ္​။
"ဘယ္​ဆရာ​ေတြနဲ႔သြားရမွာလဲ ​ေက်ာင္​းအုပ္​"
ထိုအခါ ဝမ္​က်ိဳးခ်န္​သည္​ ဝမ္​ရိ​ေပၚကိုတံ​ေတာင္​နွင့္​တြတ္​၏။ ဝမ္​ရိ​ေပၚသည္​လည္​း ဝမ္​က်ိဳးခ်န္​အားမ်က္​ႏွာရိပ္​မ်က္​ႏွာကဲျပန္​ျပတယ္​။

လ်ိဳဟိုက္​ခြမ္​းဟာ ျပံဳးထားဆဲပင္​မယ္​့ မ်က္​ဝန္​း​ေတြက​ေတာ့ စဥ္​းစား​ေနဟန္​႐ွိတယ္​။ ထို​ေနာက္​အျပံဳးသည္​ ပို၍ထင္​႐ွားလာၿပီး​ေနာက္​ ​ေျဖၾကားသည္​။
"ဒီက ဆရာမ လင္​းယီခ်န္​ရယ္​၊ အားကစားဆရာ လီယီဖုန္​းရယ္​ ၿပီး​ေတာ့ ​ေ႐ွာင္​းက်န္​႔ရယ္​"

လ်ိဳ႕ဟိုက္​ခြမ္​းရဲ႕စကားအဆံုးတြင္​ လင္​းယီခ်န္​သည္​ လ်ိဳဟိုက္​ခြမ္​းဘက္​သို႔လွည္​့ၾကည္​့ကာ ​​ေမးတယ္​။
"ဆရာလီက​ေတာ့ အားကစားဆရာမို႔ ထားပါ​ေတာ့၊ ဆရာ​ေ႐ွာင္​းက ဘာလို႔ ..."

လ်ိဳ႕ဟိုက္​ခြမ္​းလည္​း လင္​းယီခ်န္​အနားသို္​႔ကပ္​ခါ ခပ္​တိုးတိုး​ေလး​ေျပာလိုက္​တယ္​။ လင္​းယီခ်န္​သည္​လည္​း အထြန္​႔နည္​းနည္​းျပန္​တက္​​ေနသည္​့ဟန္​႐ွိတယ္​။ စာသင္​ခန္​းထဲက​ေက်ာင္​းသား​ေတြသည္​လည္​း စကားသံမ်ားတိတ္​ကာ အတန္​း​ေ႐ွ႕ရွိဆရာႏွစ္​ဦးကိုပဲ အားရံုစိုက္​​ေနၾကတယ္​။ ဝမ္​ရိ​ေပၚသည္​လည္​း အမ်ားနည္​းတူပဲ အတန္​း​ေ႐ွ႕႐ွိဆရာႏွစ္​ဦးကိုပဲ စိုက္​ၾကည္​့​ေနခဲ့တယ္​။

ဆရာမလင္​းယီခ်န္​အ​ေနနဲ႔ ဒီခရီးလမ္​းမွာ ထိုလူသား ပါမပါကိစၥကို ဘာလို႔မ်ားအထြန္​႔တက္​ေ​နရျပန္​တာလဲ။ ဝမ္​ရိ​ေပၚတစ္​​ေယာက္​ ​ဝမ္​းသာရႏိုး၊ ဝမ္​းနည္​းရႏိုးျဖစ္​​ေနရျပီ။ တခဏအၾကာမွ ဆရာမလင္​းယီခ်န္​ဟာ ​ေခါင္​းမညိတ္​ခ်င္​ညိတ္​ခ​်င္​ျဖင္​့ ညိတ္​လာတယ္​။ ​ေက်ာင္​းအုပ္​လ်ိဳဟိုက္​ခြမ္​းလည္​း လင္​းယီခ်န္​နဲ႔​ညႇိႏိႈင္​း​ေျပာဆိုၿပီးသည္​့​ေနာက္​မွာ အတန္​းဘက္​သို႔ျပန္​လွည္​့လာၿပီး ​ေက်ာင္​းသား​ေတြကိုအသိ​ေပးတယ္​။

"က​ေလး​ေတြကို ဒီကဆရာမလင္း​တ​စ္​ေ​ယာက္​ထဲမထိန္​းႏိုင္​မွာဆိုးလို႔ ဆရာ​ေ႐ွာင္​းကိုပါထည္​့ခ်င္​တာပါ၊ ဆရာမလင္​းအဆင္​​ေျပမယ္​မွတ္​လား"

လင္​းယီခ်န္​​ဟာ ​ေခါင္​းမညိတ္​ခ်င္​ ညိတ္​ခ်င္​ျဖင္​့ ညိတ္​ၿပီး​ေျပာျပန္​တယ္​။
"အဆင္​​ေျပပါတယ္​၊ ဒီအတန္​းထဲမွာ ဆရာ​ေ႐ွာင္းၾကည္​့မယ္​လို႔အာမခံထားတဲ့က​ေလးႏွစ္​​ေယာက္​လည္​း႐ွိ​ေသးတာပဲ"လင္​းယီခ်န္​ဟာ ဝမ္​ရိ​ေပၚႏွင္​့ဝမ္​က်ိဳးခ်န္​ထိုင္​​ေနသည္​့အတန္​း​ေနာက္​ဆံုးကိုလွမ္​းၾကည္​့တယ္​။

"ဒါဆို ကြၽန္​​ေတာ္​့ကိုခြင္​့ျပဳပါဦး" လ်ိဳ႕ဟိုက္​ခြမ္​းဟာ စကား​ေတြကို ႐ွည္​႐ွည္​​ေဝး​ေဝး​ေျပာမ​ေန​ေတာ့ပဲ လင္​းယီခ်န္​ကို​​ေခါင္​းညိတ္ျ​ပကာ စာသင္ခ​န္​းထဲမွျပန္ထြက္သြား​​ခဲ့တယ္​။

တ​စ္​ေ​ယာက္​တ​စ္​ေ​ပါက္​ျဖင္​့ သူသိကိုယ္​သိသည္​့ ​ေလ့လာ​ေရးခရီးအ​ေၾကာင္​း​ေတြကို ​ေျပာ​ေနၾကသည္​က အတန္​းတစ္​ခုလံုးကိုဆူညံ​ေန​ေစတယ္​။ ​ေပတံ​ေဇာင္​းျဖင္​့ အစိမ္​း​ေရာင္​သင္​ပုန္​းကို​ လင္​းယီခ်န္​ ​ေခါက္​လိုက္​​သည္​အခါ ဆူညံ​ေနသည္​့အတန္​းဟာ ျပန္​လည္​တိတ္​ဆိတ္​သြားျပန္​တယ္။ ျပီး​ေနာက္ သင္​လက္​စသင္​ခန္​းစာကို သူမဆက္​သင္​ဖို႔ႀကိဳးစားတယ္​။

ဒီခရီးၾကမ္​းမွာ ထိုလူသားလိုက္​ပါခဲ့ရင္​ ပင္​ပန္​း​လိမ္​့မယ္​။ ထိုလူသားကို အပင္​ပန္း​မခံ​ေစလိုပင္​မယ္​့ လိုက္​ပါရမယ္​့ နာမည္​စာရင္​းထဲ ​ေ႐ွာင္​းက်န့္နာမည္ပါ​ေနရံုနဲ႔ပင္​ ဝမ္​ရိ​ေပၚရဲ႕ပါးစပ္​ဟာ နားရြက္​တတ္​ခ်ိတ္​​ေတာ့မည္​။ ဒီခရီးလမ္​းမွာ ​ေ႐ွာင္​းက်န္​႔ဆီကဘယ္​လိုအမွတ္​​ေပးမႈမ်ိဳးကိုမဆို သူရယူဖို႔ ဝမ္​ရိ​ေပၚ​ေတြး​ေနခဲ့တယ္​။ ၿပီး​ေတာ့ သံ​ေယာဇဥ္​တိုးဖို႔ဆိုတာသည္​လည္​း ဒီလို ခရီး​ေတြ ထြက္​မွသာ ပိုတိုးလာႏိုင္​တာ၊ ဒီလိုအခြင္​့အ​ေရးကို ဝမ္​ရိ​ေပၚလက္​လြတ္​ခံမည္​တဲ့လား။

ဝမ္​ရိ​ေပၚက​ေတာ့ အ​ေတြး​ကမ႓ာထဲ​မွာပဲ​ေပ်ာ္​​ေနခဲ့တာ ယီြပင္​းႏွင္​့ဝမ္​က်ိဳးခ်န္​မွာ​ေတာ့ တစ္​​ေယာက္​ကိုတစ္​​ေယာက္​ ႀကိတ္​ကာလက္​သီးဆုတ္​ျပရင္​း လက္​​ေတြ႔ကမ႓ာထဲတြင္​ပဲ ​ေပ်ာ္​၍​ေန​ေပၿပီ။ မုန္​႔ဇီယီမွာ​ေတာ့ စာ​ေရးစားပြဲ​ေပၚ ​ေခါင္​း​ကို​ေမွာက္​လို႔ထားတယ္​။ မုန္​႔ဇီယီ​ေဘးတြင္​ထိုင္​​ေနသည္​့ ယီြပင္​းဟာအမႈမဲ့အမွတ္​မဲ့ပင္​မယ္​့ ယီြပင္​း​ေ႐ွ႕တြင္​ထိုင္​​ေနသည္​့ဝမ္​က်ိဳးခ်န္က​ေတာ့ မုန့္ဇီယီကိုလည္​း လႈပ္​နွိုးရင္း ​​​​ယီြပင္​းကိုလည္​း​ေမးလိုက္​​ေသးတယ္​။

"ဇီယီ ... ဇီယီ ... ယီြပင္း၊ သူဘာျဖစ္​သြားတာလဲ"

ယီြပင္​းက​ ျပန္​​ေျဖ​ေပးတယ္​။
"က်ဲက်ဲက အာ့လိုပဲ ​ေလ့လာ​ေရးခရီးဆို ဘယ္​​ေတာ့မွ​မသြားခ်င္​ဘူး"

ဝမ္​ရိ​ေပၚက​စိတ္​ဝင္​​တစားျဖင့္​ဝင္​ေ​မးတယ္​။
"ဘာလို႔လဲ"

ယီြပင္​းက​ျပန္​​ေျဖတယ္​။
"ျပန္​​ေရာက္​ရင္​ အျမဲစာစစ္​လို႔​ေလ"

ဒီအတန္​းထဲတြင္​ဘာမဟုတ္​သည္​့ စာစစ္​သည္​့ကိစၥ​ေသး​ေသး​ေလးအား​ေၾကာက္​​ေနသည္​့သူမွာ မုန္​႔ဇီယီတ​စ္​ေ​ယာက္​သာ႐ွိ​လိမ္​့မည္​။ ဝမ္​ရိ​ေပၚႏွင္​့ဝမ္​က်ိဳးခ်န္​မွာ အသံသိပ္​မထြက္​​ေအာင္​ ႀကိတ္​ၿပီးတခိြခိြနဲ႔ရယ္​တယ္​။ ယီြပင္​းဟာမရယ္​ဖို႔ မ်က္​ႏွာရိပ္​ျပတယ္​။ သို႔ပင္​မဲ့ ယြီပင္​း​ေ႐ွ႕မွာထိုင္​သည္​့ႏွစ္​​ေယာက္​က​ေတာ့ အရယ္​မပ်က္​။

ဝမ္​ရိ​ေပၚလည္း​ရယ္​သံ​ေႏွာ​ေနသည္​့အသံျဖင္​့သာ ​ေျပာလိုက္​တယ္​။
"မလိုက္​ခ်င္​​ေနခဲ့​ေပါ့ ငါ​တို႔က​ေတာ့သြားၾကမွာ"

ဝမ္​က်ိဳးခ်န္​သည္​လည္​း ဝမ္​ရိ​ေပၚဘာလို႔ ဒီခရီးကိုသြားခ်င္​​ေနသည္​လည္​းဆိုသည္​ကိုသိ၍ "အိမ္​း" ဆိုသည္​့အသံျပဳလိုက္​သည္​။ ဝမ္​ရိ​ေပၚလည္းဝမ္​က်ိဳးခ်န္​ကို ​တံ​ေတာင္​ျဖင္​့တြတ္​လိုက္​​ၿပီး စာသင္​တာကိုၾကည္​့ဆိုသည္​့သ​ေဘာျဖင္​့ အတန္​း​ေ႐ွ႕ကိုလက္​ညႇိဳးထိုးျပလိုက္​သည္​။ မုန္​႔ဇီယီဟာ အံတႀကိတ္​ႀကိတ္​။ ယီြပင္​းက​ေတာ့ သူမ​ေဘးမွ ခပ္​ခြာခြာ။

~*~*~~~*~*~

​ေလ့လာ​ေရးခရီးသြားမည္​့ အမ်ားစီးလိုင္​းကား​ေ​ပၚတတ္​ရန္​​ေက်ာင္​းသားစုစု​ေပါင္​း ၅၆ ​ဦး ႏွင္​့ဆရာ ၃ ဦး ​ေက်ာင္​း​ေ႐ွ႕တြင္​​ေစာင္​့​ေနၾကသည္​။ တိုး႐ိႈး​ေနတဲ့ လူအုပ္​ၾကားထဲ လက္​ပ်က္​အကၤ် ီအျဖဴ ႏွင္​့အစိမ္​း​ေရာင္​​ေဘာင္​းဘီဒူးအုတ္​ ကိုဝတ္​ကာ ​ေက်ာပိုးအိတ္​ကိုလြယ္​ထားသည္​့ ဝမ္​ရိ​ေပၚမွာ​ေတာ့  အားလံုးထဲတြင္​ သိသိသာသာထင္​႐ွား​ေနသည္​။ လည္​ပင္​းတြင္​ဆြဲထား​သည္​့ကင္​မရာကိုလည္​း ဝမ္​ရိ​ေပၚဟာ ဟိုခ်ိန္​ ဒီခ်ိန္​လုပ္​​ေန​သည္​။

အနားကပ္​လာသည္​့ လ်ိဳယိ့ဖိန္​႔ က​ေျပာသည္​။
"ငါ့ကိုတပံု​ေလာက္​႐ိုက္​​ေပးပါလား"

​ေန႐ွိန္​​ေၾကာင္​့လား အလိုမက်၍လားပင္​မသိ ဝမ္​ရိ​ေပၚမ်က္​​ေမွာင္ၾကဳတ္​ကာၾကည္​့လိုက္​ၿပီး ​ေျပာလိုက္​တယ္​။
"ငါ့လာမ႐ႈပ္​နဲ႔ ကိုယ္​့ဟာကို​ေန"

တဘက္​ကိုလွည္​့သြားတဲ့ဝမ္​ရိ​ေပၚ​ေၾကာင္​့ လ်ိဳယိ့ဖိန္​႔ဟာ အလိုမက်ဟန္​ျဖင္​့ ႏႈတ္​ခမ္​းဆူျပန္​တယ္​။ ​ေနပူပူထဲတြင္​ သူတို႔ႏွစ္​ဦးအနားကို​ေလစိမ္​း​ေတြဟာျဖတ္​တိုက္​လို႔သြားတယ္​။ ဝမ္​ရိ​ေပၚဟာ မ်က္​​ေမွာင္​ၾကဳတ္​ၿပီးရင္​းကိုၾကဳတ္​ထားဆဲ။ သူတို႔ႏွစ္​ဦးအနားသို႔ ဝမ္​က်ိဳးခ်န္​ဟာ တ​ေျဖး​ေျဖးခ်င္​း ခ်ဥ္​းကပ္​လာတယ္​။

"ယိ့ဖိန္​႔ ငါ႐ိုက္​​ေပးမယ္​​ေလ" ဝမ္​က်ိဳးခ်န္​သည္​ လည္​ပင္​းတြင္​ဆြဲထားသည္​့ ကင္​မရာကိုကိုင္​ကာ လ်ိဳ႕ယိ့ဖိန္​႔ကို​ေျပာတယ္​။

"မလိုပါဘူး" လ်ိဳယိ့ဖိန္​႔ကလက္ကာရင္​း​ေျပာၿပီး ဝမ္က်ိဳးခန္​ႏွင္​့ ဝမ္​ရိ​ေပၚအနားမွ ထြက္​လို႔သြားတယ္​။ သူမဟာ သူမသူငယ္​ခ်င္​းတခ်ိဳ႕ဆီသြားကာ စကားစျမည္​​ေျပာ​ေနျပန္​တယ္​။

ဝမ္​ရိ​ေပၚက လွည္​့မၾကည္​့ပါ။ ဝမ္​က်ိဳးခ်န္​ဟာ လ်ိဳယိ့ဖိန္​႔ကိုလိုက္​ၾကည္​့ရင္​း​ေခါင္​းတကုတ္​ကုတ္​နဲ႔က်န္​ခဲ့တယ္​။ ခပ္​လွမ္​းလွမ္​းမွာ႐ွိ​ေနခဲ့တဲ့ မုန္​႔ဇီယီသည္ ​ဝမ္​က်ိဳးခ်န္​ကိုၾကည္​့ကာ မ်က္​​ေစာင္းထိုး​ေလသည္​။ သူမအမူအရာကို​ေတြ႔သြားသည္​့ ယီြပင္​းသည္ ​မုန္​႔ဇီယီနားအနားသို႔ကပ္​ကာ​ေျပာသည္​။
"က်ဲက်ဲ မနာလိုျဖစ္​​ေနတာလား ကြၽန္​​ေတာ္​႐ိုက္​​ေပးရမလား"

မုန္​႔ဇီယီသည္​ သက္​ျပင္​းသဲ့သဲ့ကိုခ်ၿပီး​ေနာက္​ မ်က္​​ေစာင္​းထပ္​ထိုးကာ​ေျပာလိုက္​တယ္​။
"မလိုဘူး"

သူမရဲ႕အလိုမက်မႈ​ေတြကို ယီြပင္​းအ​ေပၚကိုပံုခ်ျပန္​ၿပီ။
ယီြပင္​း​ေခါင္​းအသာငုတ္​ၿပီး ကိုယ္​့အစ္​မကို ခပ္​တိုးတိုး​ေလးက်ိန္​ဆဲၿပီး​ေနာက္​ ဝမ္​က်ိဳးခ်န္​​ေဘးသို႔သြားကာရပ္​​ေနလိုက္​​ေတာ့သည္​။

ဝမ္​က်ိဳးခ်န္​​သည္​ ယီြပင္​းႏွင္​့မုန္​႔ဇီယီကိုၾကည္​့​ေနခဲ့သည္​ထင္​သည္​။ ဝမ္​က်ိဳးခ်န္​က​ေျပာတယ္​။
"မိန္​းက​ေလး​ေတြမ်ား နားလည္​ရအ​ေသခက္​တယ္​၊ သူတို႔ ႐ိုက္​ခ်င္​တယ္​ထင္​လို႔ ငါတို႔က ႐ိုက္​​ေပးမယ္​​ေျပာတာကို သူတို႔ကဘာထင္​​ေနလဲမသိဘူး"

ယီြပင္​းသည္​ဘာတခြန္​းမွျပန္​မ​ေျပာ။ ​ေခါင္​းက​ို​ေတာ့ျပဳတ္​ထြက္​လုမတတ္​ ညိတ္​ရင္​း ဝမ္​က်ိဳးခ်န္​ရဲ႕စကားကို​ေထာက္​ခံ​တယ္​။

တဖက္​က ဝမ္​က်ိဳးခ်န္​ႏွင္​့ယြီပင္​းကို လွည္​့ပင္​မၾကည္​့သည္​့ ဝမ္​ရိ​ေပၚဟာ အားကစားဆရာလီယီဖုန္​း ႏွင္​့ စကား​ေျပာ​ေနသည္​့ ​ေ႐ွာင္​းက်န္​႔ကို​ေတာ့ ဓာတ္​ပံုခိုး႐ိုက္​ဖို႔ျပင္​​ေနသည္​။

ထိုလူသားရဲ႕အျပံဳး။ သူ႔အတြက္​ရည္​ရြယ္​ၿပီးျပံဳး​ေနတာမဟုတ္​သည္​့ ဒီအျပံဳးဟာလည္​း ခ်ိဳၿမိဳသ​ေယာင္​​ေတာ့႐ွိတယ္​။ စည္​းမ်ဥ္​း​ေတြစည္​းကမ္​း​ေတြကို ​ေဘးခ်ိတ္​ၿပီး ကိုယ္​့ဆရာကိုျပန္​ခ်စ္​​ေနမိျပန္​​ေတာ့လည္​း သူအႀကိမ္​ႀကိမ္​ျငင္​းခံရတာဆန္​းမ​ေန​​ေတာ့ဘူး။ 'ဆရာ' ... မဟုတ္​ဘူး ... ထိုလူသားကို သူ 'ဆရာ'လို႔ တခါမွမ​ေခၚခဲ့ဖူးဘူး။ သတ္​မွတ္​မွာလည္​းမဟုတ္​ဘူး။ ဆရာႏွင္​့တပည္​့ဆိုသည္​့ ပတ္​သတ္​မႈကို အျပန္​အလွန္​ ခ်စ္​ႀကိဳက္​ခြင္​့မျပဳတဲ့ ​ေ႐ွ႕႐ိုးစြဲလူတစ္စုဟာ ဒီလို​ေခတ္​မီ​ေနတဲ့ ​ေခတ္​သစ္​ႀကီးမွာလည္​း႐ွိ​ေန​ေသးတယ္​။ ဆရာတပည္​့ပတ္​သတ္​မႈ​ေၾကာင္​့ ခ်စ္​ႀကိဳက္​လို႔မရဘူးဆိုတဲ့ ျငင္​းပယ္​မႈစကားလံုး​ေတြကို ထိုလူသားတစ္​​ေယာက္​ရဲ႕ႏႈတ္​မွထြက္​ဆို​ေနတာနဲ႔တင္​ သူ႔အတြက္​လံု​ေလာက္​​ေနၿပီ။ ​ေ႐ွာင္​းက်န္​႔ဆိုတဲ့ သူခ်စ္​တဲ့လူသားက ​ေ႐ွ႕႐ိုးစြဲလူပုဂၢိဳလ္​​ေတြထဲ​ေတာ့မပါဘူး။ သို႔ပင္​မဲ့ ​ေ႐ွ႕ယဥ္​​ေက်းမႈ​ေတြကို မျငင္​းပယ္​တဲ့လူသား​ေလးတစ္​​ေယာက္​​ေတာ့ျဖစ္​​ေန​ေသးတယ္​။

ရယ္လိုက္တိုင္း​​​ေပၚလာ​တတ္​တဲ့ ​ေ႐ွ႕သြားျဖဴျဖဴ​ေလးကို လက္​ျဖင္​့အသာကြယ္​ကာ စကား​ေျပာ​ေနသည္​့ ​ေ႐ွာင္​းက်န္​႔ကို ကင္​မရာမွတဆင္​့ၾကည္​့ရင္​း ဝမ္​ရိ​ေပၚပါလိုက္​ရယ္​​မိ​ေန​သည္​။ တခ်ိဳ႕လူ​ေတြက ထိုလူသားရဲ႕​ေ႐ွ႕သြား​​ေလးႏွစ္​​ေခ်ာင္​းကို ယုန္​သြား​ေလး​ေတြနဲ႔တူတယ္​လို႔ ခ်ီးမႊမ္​းၾကတယ္​။ ​ထိုလူသားဟာ ယုန္​​ေလးတစ္​​ေကာင္​လိုပဲတဲ့။ ဝမ္​ရိ​ေပၚက​ေတာ့ ထိုလူသားကို ယုန္​​ေလးတစ္​​ေကာင္​ထက္​ ပိုၿပီးခ်စ္​စရာ​ေကာင္​းတယ္​လို႔​သတ္​မွတ္​တယ္​။

​ေ႐ွာင္​းက်န္​႔ဟာ အျဖဴ​ေရာင္​တီ႐ွပ္​​ေပၚတြင္​ ႐ွပ္​အျပာ​ေရာင္​လက္​႐ွည္​ကိုထပ္​ဝတ္​ကာ ဂ်င္​းအျပာ​ေရာင္​​ေဘာင္​းဘီ႐ွည္​နွင့္တြဲကာ​ဝတ္​ဆင္​ထားတယ္​။ ထိုလူသားဘာဝတ္​ဝတ္​ ဝမ္​ရိ​ေပၚမ်က္​လံုးထဲ ၾကည္​့​လို႔​ေကာင္​း​ေနပင္​မယ္​့ ဒီ​ေန႔မွာ​ေတာ့ထိုလူသားဟာ ထူးျခား​​ေနတယ္​။ ပိန္​ပိန္​​ေ​သး​ေသးထိုလူသားဟာ သူ႔တ​ေပြ႔စာပဲ႐ွိ​ေလာက္​မယ္​ထင္​တယ္​။

ထိုလူသားက သ​ေဘာ​ေကာင္​းလြန္​းတယ္​။ ဓာတ္​ပံုတြဲ႐ိုက္​ခ်င္​တဲ့ ​ေက်ာင္​းသူ​ေတြကို ထိုလူသားကတြဲ႐ိုက္​ခြင္​့ျပဳတယ္​။ ထို​ေက်ာင္​းသူ​ေတြက ဆရာတစ္​​ေယာက္​ကိုမ​ေၾကာက္​ဘူးလား။ ဥပမာ - 'စာ​ေမးခံလိုက္​ရမွာ​တို႔'၊ 'စာရၿပီလာလို႔အ​ေမးခံလိုက္​ရမွာ​တို႔'။ ထိုလူသားနဲ႔အ​နီးကပ္​​ေနခြင္​့ရ​ေနတဲ့သူ​ေတာင္​ 'မရဘူး' ဆိုတဲ့ျငင္​းပယ္​သည္​့စကားလံုးကိုမၾကားလို​ေတာ့တာ​ေၾကာင္​့ ခိုးပဲ႐ိုက္​​ေနရၿပီး​ေလ။

ဒီတစ္​ခါမ်က္​​ေစာင္​းထိုးတဲ့လူဟာ ဝမ္​ရိ​ေပၚျဖစ္​လာတယ္​။ ​ေ႐ွာင္​းက်န္​႔ကို​ေတာ့မဟုတ္​ဘူး။ ​ေ႐ွာင္​းက်န္​႔လက္​​ေမာင္​းကို ပိုင္​စိုးပိုင္​နင္​းတြဲၿပီး ဓာတ္​ပံု႐ိုက္​​ေနသည္​့​ေက်ာင္​းသူတခ်ိဳ႕ကိုပါ။ သူ​ေတာင္​မထိရက္​တဲ့ ထိုလူသားကို ထိုအမ်ိဳးသမ​ီး​ေတြက ပိုင္​စိုးပိုင္​နင္​းနဲ႔။

ဝမ္​ရိ​ေပၚအလိုမက်ျဖစ္​​ေနပင္​မယ္​့ ​ေ႐ွာင္​းက်န္​႔က​ေတာ့ လူတိုင္​းကို​ရယ္​​ေမာၿပီး​ေတာင္​ စကား​ေျပာ​ေပးတယ္​။ ထိုလူသားရယ္​​ေမာ​ေနသည္​က ဟန္​​ေဆာင္​မႈ​ေတြမပါသလိုပဲ။ သူ႔အလွည္​့ဘယ္​​ေတာ့မ်ားမွ ဒီလိုအခြင္​့အ​ေရးရလာမွာလဲ ဝမ္​ရိ​ေပၚမသိပင္​မယ္​့ သူ​ေစာင္​့​ေနပါ​ေသးတယ္​။ တခ်ိန္​ခ်ိန္​​ေတာ့ နားလည္​မႈ​ေတြရလာမွာပါ​။ ၿပီး​ေတာ့ သူ႔ႏွလံုးသားကို ထိုလူသားနားလည္​လာမွာပါ။

BUS ​ေရာက္​သည္​ႏွင္​့ ​ေက်ာင္​းသားမ်ားဟာ အလုအယက္​တက္​ၾကတယ္​။ ခံု​ေနရာ​ေတြလုၾကတယ္​။ ကား​ေပၚအိပ္​လိုက္​ခ်င္​တဲ့​ေက်ာင္​းသားတခ်ိဳ႕က ကားျပတင္​း​ေပါက္​​ေဘးကထိုင္​ခံု​ေတြမွာထိုင္​ၾကတယ္​။ စကားစျမည္​​ေျပာၿပီး ကစားခ်င္​သည္​့ ​ေက်ာင္​းသားတခ်ိဳ႕က​​ေတာ့ ​ေလ်ွာက္​လမ္​း​ေဘးကခံု​ေတြမွာထိုင္​ၾကတယ္​။ ဘယ္​သူ​ေတြဘယ္​လိုခံု​ေနရာ​ေတြလု​ေနပါ​ေစ ​မုန္​႔ဇီယီ​ေဘးတြင္​​ေတာ့ ယီြပင္​းကဝင္​ထိုင္တယ္​။ သူတို႔​ႏွစ္​ဦး​ေ႐ွ႕ကခံုတြင္​ ဝမ္​ရိ​ေပၚ​နွင့္​ဝမ္​က်ိဳးခ်န္​ကဝင္​ထိုင္​လိုက္တယ္​။ ​ေနသားတက်ထိုင္​လိုက္​ၾကၿပီး​ ခဏ​ေန​ေတာ့ ဝမ္​က်ိဳးခ်န္​ဟာ သူတို႔ႏွစ္​ဦးထိုင္​​ေနသည္​့ ​ေနာက္​ကိုလွည္​့လာၿပီး ​ေျပာတယ္​။
"ယီြပင္​း ​ေနရာလဲရ​ေအာင္​"

ယီြပင္​းကထ၍လဲမည္​အျပဳ မုန္​႔ဇီယီကအသာဆြဲထားကာ ​ေျပာလိုက္​သည္​။
"ယြီပင္​း မလဲ​ေပးနဲ႔"

မ်က္​​ေစာင္​းထိုးကာ ​ေျပာလိုက္​သည္​့မုန္​႔ဇီယီစကား​ေၾကာင္​့ ဝမ္​က်ိဳးခ်န္​​ဟာ ခပ္​ျမန္​ျမန္​ပင္​ ​ေ႐ွ႕ကိုျပန္​လွည္​့သြားရ​ေတာ့သည္​။ ယီြပင္းမွာ မ​ေနႏိုင္​ပဲ မုန္​႔ဇီယီအနားသို႔အသာကပ္​ကာ တိုးတိုး​ေျပာလိုက္​သည္​။
"က်ဲက်ဲကလဲ ခဏ​ေလးပဲထိုင္​ရတာကို"

မုန္​႔ဇီယီ​ကျပန္​​ေျပာတယ္​။
"နင္​မသိပါဘူး"

"ဘာလဲ က်ဲက်ဲ​အိပ္​​ေပ်ာ္​သြားရင္​ သူ႔ပုခံုး​ေပၚသြားရည္​က်မိမွာဆိုးလို႔လား"

"ယီြပင္​း!"

"ကြၽန္​​ေတာ္​ဘာမွမသိဘူး၊ ကြၽန္​​ေတာ္​ဘာမွမသိဘူး"

ယီြပင္​းဟာ ခပ္​ျမန္​ျမန္​ပဲ နားက်ပ္​တပ္​ၿပီး​ေနာက္​ မ်က္​လံုး​ေတြကိုအတင္​းမွိတ္​ထားလိုက္​တယ္​။ ယီြပင္​း​ေဘး ​ေလ်ွာက္​လမ္​းကပ္​လ်က္​ခံုတြင္​ ထိုင္​​ေနသည္​့ လ်ိဳယိ့ဖိန္​႔ဟာ မုန္​႔ဇီယီကိုၾကည္​့​ေနခဲ့တယ္​။ မုန္​႔ဇီယီသည္​လည္​း လ်ိဳယိ့ဖိန္​႔ကို ​ေပ​ေစာင္​း​ေစာင္​းနဲ႔ျပန္​ၾကည္​့တယ္​။ သူမတို႔ႏွစ္​ဦးရဲ႕ မ်က္​​ေစာင္​းထိုးၿပိဳင္​ပြဲကို​ေတာ့ ယီြပင္​းႏွင္​့ဝမ္​က်ိဳးခ်န္​ဟာ သတိမထားမိခဲ့ဘူး။

~*~*~~~*~*~

လမ္​းတ​ေလ်ွာက္​လံုး႐ွိရႈခင္​းမ်ားကို ဝမ္​ရိ​ေပၚဟာကင္​မရာတလံုးျဖင္​့ လိုက္​လံကာခ်ိန္ရြယ္တယ္။ ကားလမ္​းနံ​ေဘးက အစိမ္​း​ေရာင္​ျမက္​ခင္​းျပင္​ႀကီးက လူ႔တစ္​ရပ္​စာ​ေလာက္​႐ွိ​ေလာက္​မယ္​။ ျမက္​ခင္​းစိမ္​း​ေပၚက်​ေနတဲ့​ေန​ေရာင္​ဟာ ခပ္​​ေတာက္​​ေတာက္​အ​ေနအ​ထားမွာ႐ွိ​ေနတယ္​။ ကင္​မရာကိုအလင္​းအ​ေမွာင္​ခ်ိန္​ျပီးသည္​့​ေနာက္​ တခ်ိဳ႕​ေသာ႐ႈခင္​း​ေတြကို ​​​႐ိုက္​​ယူထားလိုက္​သည္​။ ဝမ္​ရိ​ေပၚ​ေဘးမွာ႐ွိ​ေနတဲ့ ဝမ္​က်ိဳးခ်န္​က​ေတာ့ နားထဲနားက်ပ္​တတ္​ကာ လမ္​းတ​ေလ်ွာက္​လံုးကိုအိပ္ျပီးသာလိုက္​လာခဲ့သည္​။

ဦးတည္​သြား​ေနသည္​့လမ္​းဟာ ​ေတာအုပ္​တစ္​ခုကို။ အျပင္​မွာ ​ေနက်ဲက်ဲ​ေတာက္​ပူ​ေနပင္​မယ္​့ ကားရပ္​လိုက္​သည္​့ ​ေတာအုပ္​က​ေတာ့ စိုထိုင္​းထိုင္​း​ေလးနဲ႔​ေနလို႔​ေကာင္​းမယ္​့ပံု။

ကားရပ္​သည္​ႏွင္​့​ေ႐ွာင္​းက​်န္​႔ကဦး​ေဆာင္​ျပီးကား​ေပၚကဆင္​းလိုက္​သည္​။ ထိုလူသား ကား​ေပၚကဆင္​းသည္​့ပံုစံ​ေလးက​ေတာင္​ ဝမ္​ရိ​ေပၚရဲ႕မ်က္​လံုးထဲ လူႀကီးသိပ္​ဆန္​​ေနတယ္​။ အင္​း ... သူခ်စ္​မိ​ေနတာက လူႀကီးတစ္​​ေယာက္​ကိုပဲ။

ဝမ္​ရိ​ေပၚဟာ ​ေက်ာပိုးအိတ္​​ေထာင္​့မွ​ာ အသင္​့ထည့္လာတဲ့​ေ​ကာ္​ဖီဗူးကိုထုတ္​ကာ ကား​ေပၚကဆင္​းဆင္​းခ်င္​းမွာပဲ ​ေ႐ွာင္​းက်န္​႔ဆီအ​ေျပးသြားျပီးလက္​ထဲသို႔ထည္​့လိုက္​သည္​။

ဝမ္​ရိ​ေပၚ​က​ေျပာတယ္​။
"က်န္​႔​ေကာအတြက္​ပဲ​ေနာ္​ တျခားသူအတြက္​မပါဘူး" 'တျခားသူ' ဆိုတဲ့နာမ္​စားက ဘယ္​သူဘယ္​ဝါကိုရည္​ၫႊန္း​သည္​ဆိုတာကို​ေတာ့ ထိုလူသားသိ​ေလာက္​​ေရာ​ေပါ့။

က​ေလးဆန္​စြာ​ေျပာလိုက္​သည္​့ဝမ္​ရိ​ေပ​ၚရဲ႕စကား​ေၾကာင္​့ ​ေ႐ွာင္​းက်န္​႔ဟာ ႏႈတ္​ခမ္​း​ေလး​ေကြးရံုျပံဳးတယ္​။ ဝမ္​ရိ​ေပၚရဲ႕ဆံပင္​​ေတြထဲကို ထိုလူသားဟာလက္​​ေခ်ာင္​း​ေတြထိုးထည္​့ၿပီး ဆံႏြယ္​​ေတြအားအသာဖြကာ ​​ေ႐ွာင္​းက်န္​႔​ျပန္​​ေျပာလိုက္​တယ္​။
"အင္​း ... ငါတ​ေယာက္​ထဲပဲ​ေသာက္​မယ္​"
​ထိုလူသား သူ႔အ​ေပၚ အလိုက္​အထိုက္​​ေျပာ​ေနမွန္​းသူသိတယ္​။ ဒီလိုအလိုက္​အထိုက္​​ေျပာဆိုပံုကို သူသ​ေဘာက်ႏွစ္​ၿခိဳက္​ပင္​မယ္​့ မ​ေရာင္​့ရဲႏိုင္​​ေသးဘူး။

သစ္​​​ေတာ၏အလယ္​လို႔ပင္​​ေျပာရမည္​လား။ ဒီ​ေနရာကို​ေရာက္​ရန္​ သူတို႔​ေတာ္​​ေတာ္​​ေတာ့​ေလ်ွာက္​လာခဲ့ရၿပီးၿပီ။ လမ္​းခြဲတစ္​ခုကို​ေရာက္​​ေတာ့ လမ္​း​ေထာင္​့တစ္​​ေနရာမွာ ဘန္​ဂလို​သို႔​ဆိုသည္​့ လမ္​းၫႊန္​ဆိုင္​းဘုတ္​တစ္​ခုကို သူတို႔​ေတြ႔တယ္​။ ဆက္​​​ေလ်ွာက္​ရဦးမယ္​့အလားအလာမွာ႐ွိ​ေနသည္​့ ဒီ​ေျခလ်င္​ခရီး​ေၾကာင္​့ ​ေက်ာင္​းသား​ေက်ာင္​းသူတခ်ိဳ႕ဟာညီးညဴ​ေနၾကၿပီ။ လမ္​းတစ္​​ေလ်ွာက္​လံုးသူအရိပ္​တၾကည္​့ၾကည္​့ ၾကည္​့​ေနခဲ့သည္​့ ထိုလူသားက​ေတာ့ ​ေမာပန္​း​ေနပံုမရဘူး။ ဝမ္​ရိ​ေပၚ​ေဘးတြင္​ ​ေလ်ွာက္​​ေနသည္​့ ဝမ္​က်ိဳးခ်န္​ဟာ ဝမ္​ရိ​ေပၚလက္​​ေမာင္​းကိုလာတြဲတယ္​။ ဝမ္​က်ိဳးခ်န္​ရဲ႕လက္​ကို သူျဖဳတ္​ခ်လိုက္​တယ္​။ သူ႔ကိုက်ိန္​ဆဲမယ္​ထင္​တယ္​။ က်ိန္​ဆဲလည္​း က်ိန္​ဆဲပါ​ေစ။ တျခားတစ္​​ေယာက္​အတြက္​နဲ႔ သူအား​ေတြကုန္​သြားလို႔မျဖစ္​ဘူး။ ထိုလူသား​ေမာပန္​းလို႔ညီးညဴလာသည္​့အခါ ​ေဖးမဖို႔အတြက္​ သူအသင္​့ျပင္​ထားဖို႔လို္တယ္​။

​ေလွ်ာက္​လွမ္​း​ေနခဲ့ရာလမ္​း​တ​ေလ်ွာက္​၏​ေဘးတဘက္​တခ်က္​ဆီတြင္​ သက္​တမ္​းရင္​့သစ္​ပင္​ႀကီး​ေတြဟာ စီတန္​းလို႔​ေနတယ္​။ ​ေႏြသို႔စတင္​​ေရာက္​လာသည္​့အတြက္​ လမ္​းမ်ားကမူ ​ေျခာက္​​ေသြ႔လို႔​ေနဆဲပင္​။ သူတို႔​ေျခ​ေထာက္​​ေအာက္​ကလမ္​းဟာ ညီညာၿပီး​ေျဖာင္​့ျဖဴးတယ္​ဆိုပင္​မယ္​့ ​ေတာအုပ္​ထဲမွာဆို​ေတာ့ အင္​းဆက္​ပိုးမႊားမ်ားျပသနာက​ေတာ့​ေ႐ွာင္​လႊဲလို႔မရဘူး။

​ေခတ္​ႏွင္​့ညီ​ေအာင္​ ဝတ္​စားလာၾကသည္​့ ​ေက်ာင္​းသားမ်ားအတြက္​ ျခင္​မ်ားကစတင္​မိတ္​ဆက္​​ေန​ၾကၿပီ။ အျမည္​း​ေကြၽး​သည္​့ ​ေပက်င္​း​ေဈးဆိုင္​တန္​းကိုဝင္​စား​ေနသည္​့လူမ်ားအလား ျခင္​မ်ားက​ လမ္​း​ေလ်ွာက္​လာသည္​့​ေက်ာင္​းသားမ်ားကို​ကိုက္​​ေလ​သည္​။ မိန္းက​ေလး​ေက်ာင္​းသူတခ်ိဳ႕က သူတို႔အလွကိုျပသဖို႔အတြက္​ တိုလြန္​းသည္​့စကပ္​မ်ားကိုဝတ္​လာမိသည္​ကို ​ေနာင္​တရ​ေန​ေလာက္​ၿပီထင္​​တယ္​။ ​ေဘာင္​းဘီဒူးအုပ္​သာဝတ္​လာသည္​့ ဝမ္​ရိ​ေပၚမွာ​ေတာ့ မ်က္​ႏွာ႐ွံု႔တြ​ေန​ေလၿပီ။ ဝမ္​က်ိဳးခ်န္​သည္​လည္​း ​ေျခ​ေထာက္​မွာလာရစ္​ဝဲ​ေနသည္​့ ျခင္​သတၱဝါ​ေတြကို ႐ိုက္​ရင္​းဆဲ​ေရးလိ​ု႔​ေနတယ္​။

႐ႈခင္​းလွလွ​ေတြ႔တိုင္​း ဓာတ္​ပံု႐ိုက္​ကာ မွတ္​တမ္​းတင္​ဖို႔ ႀကိဳးစားပင္​မယ္​့ ​ေျခသလံုးကိုလာကိုက္​သည္​့အင္​းဆက္​​ေတြ​ေၾကာင္​့ ရိညက္​သမ်ွဓာတ္​ပံု​ေတြဟာ ​ေဝဝါးကုန္​တယ္​။ ႐ႈခမ္​း​ေတြကို ဓာတ္​ပံုရိုက္ကာ​မွတ္​တမ္​းတင္​ရင္​း ​ေျခသလံုးတြင္​လာလာမိတ္​ဆက္​​ေနတဲ့ ျခင္​​ေတြကိုလဲလက္ျဖင့္​​႐ိုက္​ရ​ေသးသည္​​။ ႐ိုက္​လိုက္​တိုင္​းလည္​း သံုး​ေကာင္​​ေလာက္​က အသာ​ေလးပဲ ။

တစ္​​ေယာက္​ထဲအလုပ္​႐ႈပ္​ကာ ​ေလ်ွာက္​​ေနသည္​့ သူ႔ကို ​ေ႐ွာင္​းက်န္​႔က​ေဆးဗူးတစ္​ဗူးလာ​ေပးတယ္​။ ထိုလူသားအား သူအံ့ဩမွင္​သက္​စြာ ၾကည္​့ရင္​း ထိုလူသားကမ္​း​ေပး​ေနသည္​့​ေဆးဗူးကို သူခပ္​​ေျဖး​ေျဖး​ေလးဆုတ္​ကိုင္​လိုက္​တယ္​။ ​ေ႐ွာင္​းက်န္​႔က ၾကင္​ၾကင္​နာနာမ်က္​ဝန္​း​ေတြနဲ႔ၾကည္​့ရင္​း သူ႔ကိုျပံဳးျပ​ေနတယ္​။

လက္​ထဲ​ေရာက္​လာသည္​့​ေဆးဗူးနာမည္​ကို သူဖတ္​ၾကည္​့မိတယ္​။ ထင္​တဲ့အတိုင္​း တိုင္​းရင္​း​ေဆးရည္​ဗူးျဖစ္​​ေနျပန္​တယ္​။ ဒီတစ္​ခါ​ေတာ့ ​ေသာက္​​ေဆးမဟုတ္​ဘူး။ ျခင္​မကိုက္​​ေအာင္​လိမ္​းသည္​့ညႇစ္​​ေဆးဗူး။

သူ႔​ေ႐ွ႕ကထိုလူသား လွည္​့ထြက္​မသြားမီ သူ​ေမးလိုက္​တယ္​။
"က်န္​႔​ေကာ​အတြက္​ေ​ရာ"

​ေ႐ွာင္​းက်န္​႔ဟာ ​ေအးစက္​စြာ​ေျဖတယ္​။
"ငါကလိမ္​းထားတယ္​" တဆက္​တည္​းဆိုသလို '​ေဆးဆိုင္​ပါဖြင္​့ခဲ့ရမွာ' ဟုပါ​ေတြးလိုက္​မိ​ေသးသည္​ ။

ဝမ္​ရိ​ေပၚ​သည္ ထိုလူသားအား​ေ​ခါင္​းအသာညိတ္ျ​ပလိုက္​ၿပီး​ေနာက္​ ​ေဘး႐ွိသစ္​ပင္​ကိုမွီကာ ​ေဆးဗူးကိုဖြင္​့ၿပီးလိမ္​း​လိုက္​သည္​။ သူက တိုင္​းရင္​း​ေဆးအနံ႔ကိုမခံႏိုင္​ဘူး။ သို႔ပင္​မဲ့ ​ထိုလူသားလိမ္​းခိုင္​းလို႔ဆိုသည္​့အခ်က္​နဲ႔တင္​ သူသည္​းခံလိမ္​့ဖို႔အ​ေၾကာင္​းျပခ်က္​ဟာလံု​ေလာက္​​ေနၿပီ။

ဝမ္​ရိ​ေပၚ​ေဆးလိမ္​း​ေနသည္​့အခ်ိန္​ ​ေ႐ွာင္​းက်န္​႔ဟာ ဝမ္​ရိ​ေပၚရဲ႕ခပ္​လွမ္​းလွမ္​းမွာရပ္​​ေနရင္​း ​ေရ​ေသာက္​​ေနတယ္​။ ဘာစကားမွလည္​းမ​ေျပာမိၾကဘူး။ ​ေဆးနံ႔မခံႏိုင္​လို႔ အသက္​႐ႈ​ေအာင္​့ၿပီး​လိမ္​း​ေနတယ္​ထင္​တယ္​၊ ဝမ္​ရိ​ေပၚရဲ႕မ်က္​ႏွာဟာ နီျမန္​း​ေနတယ္​။ ဒီက​ေလးကို အဆင္​​ေျပရဲ႕လား သူမ​ေမးမိဘူး။ ​ေ႐ွာင္​းက်န္​႔ဟာ ​ေရဗူးဖြင့္ကာ​ေသာက္​ရင္​း ဝမ္​ရိ​ေပၚကို မသိမသာ​ေစာင္​့​ေပး​ေန​လိုက္တယ္​​။ သူတို႔ကို ​ေက်ာ္​တတ္​သြားတဲ့ ​ေက်ာင္​းသား အုပ္​ႀကီးက​ေတာ့ သူတို႔ကို ကြက္​ၾကည္​့ကြက္​ၾကည္​့နဲ႔။

​ေျခသလံုးကိုလာ​ေရာက္​ဖက္​တြယ္​​ေနသည္​့ ျခင္​မ်ားကိုလက္​ျဖင္​့ခါခ်ရင္း ​ေျခ​ေထာက္​ကို​ေဆာင္​့ကာ​ေဆာင္​့ကာ ​ေလ်ွာက္​​ေနသည္​့မုန္​႔ဇီယီကို ယီြပင္​းက​ေျပာလိုက္​သည္​။
"ကြၽန္​​ေတာ္​မ​ေျပာဘူးလား ​ေဘာင္​းဘီအ႐ွည္​ဝတ္​လာခဲ့ပါဆိုတာကို"

မုန္​႔ဇီယီဟာ ​ေျခသလံုးကိုလာကပ္​သည္​့ ျခင္​ကို႐ိုက္​လိုက္​တယ္​။ လက္​မွာ​ေပသြားသည္​့​ေသြးအား ယီြပင္​းအကၤ်ီအားသုတ္​လိုက္​ၿပီး​ေနာက္​ သူမဟာ ​ေဒါသသံျဖင္​့​ေျပာတယ္​။
"ဒီကိုလာမယ္​လို႔မွ ငါမသိတာ" ၿပီး​ေတာ့ တျခားတဖက္​မွာ႐ွိ​ေနတဲ့ ဝမ္​က်ိဳးခ်န္​ကိုလည္​း မ်က္​​ေစာင္​းကထိုးလိုက္​​ေသးတယ္​။

ဘာမွမဆိုင္​ပဲ​​ အလဟက္​သႀကီး မုန္​႔ဇီယီထံမွ မ်က္​​ေစာင္​းထိုးခံလိုက္​ရသည္​့ ဝမ္​က်ိဳးခ်န္​မွာကိုယ့္ကိုကိုယ္လက္ညွိဳးထိုးကာ​​​ဝင္​​ေျပာလိုက္တယ္​။
"ငါနဲ႔ဘာဆိုင္​လို႔လဲ"

ယီြပင္​းက ဝမ္​က်ိဳးခ်န္​ပုခံုးကိုညာဘက္​လက္​ျဖင္​့ဖက္​ကာ ခိုလိုက္​ၿပီးမ်က္​ခံုးအသာပင္​့ကာ ​ျပန္​​ေျပာလိုက္​တယ္​။
"က်ိဳးခ်န္​ သူ႔ကိုဂ႐ုမစိုက္​နဲ႔ ညက်ရင္​ တခုခုစီစဥ္​ရ​ေအာင္​လား"

ဝမ္​က်ိဳးခ်န္​သည္ ​ယီြပင္းလက္​ကိုအသာဖယ္​ခ်လိုက္​သည္​။ အလ်င္​လိုစြာပဲ ​ေက်ာပိုးအိတ္​ထဲမွအဝတ္​တစ္​ထည္​ကိုထုတ္​ၿပီး​ေနာက္​ မုန္​႔ဇီယီထံအ​ေျပးသြားကာ ​​ေပးလိုက္​သည္​ ။

ဝမ္​က်ိဳးခ်န္ကခပ္​ျမန္​ျမန္​​ေျပာတယ္​။
"ဇီယီ ဒါကိုပတ္​ရင္​ပတ္​ထား ဒူး​ေတာ့ဖံုးမယ္​ထင္​တယ္​"

ဝမ္​က်ိဳးခ်န္​​ေပး​ေသာအဝတ္​ကို မုန္​႔ဇီယီသည္​ ​ေဆာင္​့​ေအာင္​့ကာယူၿပီး​ေနာက္​ သူမ ခါးတြင္​ပတ္​လိုက္​သည္​။ ယီြပင္​းမွာအထီးက်န္​လာသလိုလို။ ​ေကာင္​းကင္​ႀကီးကို​ေမာ့ၾကည္​့ရင္​း တ​ေယာက္​ထဲ လွည္​့ပတ္​ကာဟို​ေလ်ွာက္​လိုက္​ဒီ​ေလ်ွာက္​လိုက္​ပင္​။

​ေမ​ာ​ေမာပန္​းပန္​းနဲ႔အတန္​ၾကာ​ေလ်ွာက္​လာလိုက္​ၾကတာ ဘန္​ဂလိုကို လွမ္​းျမင္​​ေနရၿပီ။ မ​ေဝး​ေတာ့တဲ့နား​ေန​ေဆာင္​ဆီ မ​ေမာႏိုင္​မပန္​းႏိုင္​ ​ေျပးလႊားသြားၿပီးၾကတဲ့ ​ေက်ာင္​းသားတခ်ိဳ႕ဟာ ခရီး​ေဆာင္​အိတ္​​ေတြကို​ေဘးခ်ၿပီး ​ေတြ႔ရာ ခံုတန္​း​ေတြ​ေပၚပစ္​လဲလိုက္​ၾကတယ္​။ ​ေျခ​ေထာက္​​ေတြႏွိပ္​နယ္​သူကႏွိပ္​နယ္​ၾကတယ္​။ ​ေက်ာပိုးအိတ္​ခပ္​ႀကီးႀကီးလြယ္​လာခဲ့တဲ့​ေက်ာင္​းသားတခ်ိဳ႕သည္​လည္​း သူတို႔နံ​ေဘးနားကသူငယ္​ခ်င္​း​ေတြကို သူတို႔ပုခံုးအားႏွိပ္​​ေစျပန္​တယ္​။ ​ေခြၽး​ေတြတရစက္​ထြက္​​ေနသည္​့တိုင္​ အစိုဓာတ္​႐ွိသည္​့​ေတာအုပ္​ထဲ​ေရာက္​​ေနသည္​့အတြက္​ သူတို႔ဟာခပ္​ျမန္​ျမန္​ပဲအ​ေမာ​ေျဖသ​ေယာင္​႐ွိလာတယ္​။

​ေက်ာင္​းသား​ေတြဟာ အထုတ္​အပိုး​ေတြခ်ကာ အ​ေညာင္​း​ေျဖ​ေနစဥ္​တြင္​ အားကစားဆရာ လီယီဖုန္​းက​​ေျပာလာတယ္​။
"ဒီနားမွာ​ေတာင္​တ​စ္​ေ​တာင္​႐ွိတယ္​ အျမင္​့ႀကီးမဟုတ္​ဘူး ​ေတာင္​​ေပၚ​ေရာက္​ဖို႔ နီးနီး​ေလးပဲ အဲ့ဒီအ​ေပၚကို ည​ေန​ေလာက္​က်ရင္​တက္​မယ္​ အ​ေပါ့ပါးဆံုးနဲ႔အသင္​့​ေတာ္​ဆံုးျဖစ္မယ့္​​အဝတ္​အစား​ေတြကိုဝတ္​ခဲ့ၾကပါ"

​ေမာ​ေနတဲ့ၾကားက ထပ္​​ေျပးခိုင္​းလိုက္​သလိုပင္။ ​ေက်ာင္​းသား​ေတြဟာ ​တ​စ္​ေ​ယာက္​တ​စ္​ေ​ပါက္​နဲ႔ မ​ေလ်ွာက္​ႏိုင္​​ေတာ့ဘူးဆိုတဲ့ အသံ​ေတြထြက္​လာခဲ့ၾကတယ္​။ ဝမ္​ရိ​ေပၚႏွင္​့ယီြပင္​းမွာတ​စ္​ေ​ယာက္​မ်က္​ႏွာတ​စ္​ေ​ယာက္​ၾကည္​့ရင္​း ​ၿပိဳင္​တူပင္​​ေျပာလိုက္​မိၾကသည္​။
"အာ ထပ္​ၿပီး​ေတာ့လား"

လ်ိဳယိ့ဖိန္​႔က အားကစားဆရာလီယီဖုန္းကို​ေျပာတယ္​။
"ဆရာလီ မနက္​ျဖန္​မွမရဘူးလား အခု​ေတာင္​​ေညာင္​း​ေနၿပီ ... လ်ိဳကိုကို​ေျပာတုန္​းက ဒီ​ေလာက္​ခရီးမၾကမ္​းရဘူးတဲ့​ေနာ္​"

လ်ိဳယိ့ဖိန္​႔သည္​ ​ေက်ာင္​းမွာက်န္​ခဲ့သည္​့ အစ္​ကိုျဖစ္​သူ ​ေက်ာင္​းအုပ္​လ်ိဳဟိုက္​ခြမ္​းရဲ႕နာမည္​ကိုယူသံုးတယ္​။ ဒါကိုမႀကိဳက္​သူက လင္​းယီခ်န္​။
လင္​းယီခ်န္​က ဒဲ့တိုး​ေျပာတယ္​။
"ဒီကိုအ​ေပ်ာ္​လာတာမဟုတ္​ဘူး၊ သတ္​မွတ္​ထားတဲ့ရက္​မ​ေက်ာ္​ခင္​ျပန္​​ေရာက္​ဖို႔သင္​့တယ္​၊ အခ်ိန္​​ေတြမဆြဲနဲ႔၊ လုပ္​စရာ႐ွိတာ​ေတာ့လုပ္​ရမွာပဲ အထြန္​႔မတတ္​ၾကနဲ႔"

​ေက်ာင္​းသားမ်ား တတြတ္​တြတ္​​ေျပာသံမ်ား တစတစက်ယ္​လာ​တယ္​။ ဒီ​ေက်ာင္​းသား​ေတြဟာ စက္​႐ုပ္​​ေတြမဟုတ္​ၾကတာကို​ေတာ့ ​ေ႐ွာင္​းက်န္​႔နားလည္​တယ္​။ သို႔ပင္​မဲ့ ဝင္​မ​ေျပာႏိုင္​ျဖစ္​​ေနတယ္​။ သူက က​ေလးထိန္​းဖို႔လိုက္​လာ​ေပးတဲ့ဆရာသက္​သက္​ပဲမို႔ လီယီဖုန္ႏွင္​့လင္​းယီခ်န္​ရဲ႕ဆံုးျဖတ္​ခ်က္​ကို​ေတာ့ မ​ေက်ာ္​လြန္​သင္​့ဘူး။ သူလည္​း​ေညာင္​းတာပဲ။ သို႔ပင္​မဲ့ သူ႔ကိုလိုက္​ၾကည္​့​ေနတဲ့က​ေလးတစ္​​ေယာက္​ကလည္​း႐ွိ​ေန​ေသး​ေတာ့ မညီးညဴရဲဘူး။

​ေ႐ွာင္​းက်န္​႔ဟာ အၾကံျပဳသလိုလို ​ေလသံျဖင္​့ ဝင္​ထိန္​းကာ​ေျပာလိုက္​သည္​။
"​ေလ့လာ​ေရးကိုအ​ေၾကာင္​းျပၿပီး ဝိတ္​ခ်ၾကတာ​ေပါ့"

သီးသန္​႔လိုျဖစ္ျပီး​ထြက္​လာတဲ့ ​ေ႐ွာင္​းက်န္​႔ရဲ႕အၾကံျပဳခ်က္​​ေၾကာင္​့ ​ေက်ာင္​းသား​ေတြရဲ႕အၾကည္​့ဟာ ​ေ႐ွာင္​းက်န္​႔ဆီကိုဦးတည္​လို႔သြားတယ္​။ ဝိုင္​းအံုၾကည္​့ခံရတဲ့ ​ေ႐ွာင္​းက်န္​႔ဟာ ​ေနရခက္​သြားတယ္​။ ​ေ႐ွာင္​းက်န္​႔ဟာ မယားယံပဲနဲ႔ သူ႔လည္​ဂုတ္​သူကုတ္​လိုက္​မိ​တယ္​။ ၿပီး​​ေတာ့ ​ေခါင္​းငုတ္​ကာ ခပ္​တိုးတိုး​ေျပာျပန္​​တယ္​။

"သီးသန္​႔ပိန္​​ေအာင္​လမ္​းမ​ေလ်ွာက္​ရ​ေတာ့ဘူး​ေပါ့၊ သူငယ္​ခ်င္​း​ေတြနဲ႔​ေပ်ာ္​​ေပ်ာ္​ပါးပါး စၾက​ေနာက္​ၾကၿပီး ​ေတာင္​တက္​ၾကတာ မ​ေကာင္​းဘူးလား" သူ႔ ​အနီးအနားမွာ႐ွိ​ေနတဲ့ မိန္​းက​ေလး​ေက်ာင္​းသားမ်ားထံကိုအကူအညီ​ေတာင္​းသည္​့အၾကည္​့​ေတြျဖင္​့ ​ေ႐ွာင္​းက်န္​႔ၾကည္​့လိုက္​သည္​။

ထို​ေက်ာင္​းသူမ်ားက အလိုလိုပင္​​ေခါင္​း​ေတြညိတ္​လာကာ  "​ေကာင္​းတယ္​" ဆိုၿပီး ​ေ႐ွာင္​းက်န္​႔ကို​ေထာက္​ခံ​ေပးတယ္​။ ထိုအသံကိုၾကားလိုက္​ရ၍ ​ေ႐ွာင္​းက်န္​႔လည္း​စိတ္​သက္​သာရာရသြားတယ္​။ ​ေ႐ွာင္​းက်န္​႔အနားမွာ႐ွိ​ေနခဲ့သည္​့​ေက်ာင္​းသူ​ေတြသည္​ ​ေက်ာင္​းမွမထြက္​ခင္​အခ်ိန္​တုန္​းက​ေ႐ွာင္​းက်န္​႔နဲ႔အတူဓာတ္​ပံုတြဲ႐ိုက္​ခဲ့တဲ့မိန္က​ေလး​​ေတြ။ ဒီ​ေက်ာင္​းသူ​ေတြကို သ​ေဘာမ​ေတြ႔စြာၾကည္​့​ေနသူက ဝမ္​ရိ​ေပၚ။ မုန္​႔ဇီယီက​ေတာ့ ​ေျခ​သလံုးကို လက္​သီးျဖင္​့ထုကာ အသံပင္​မထြက္​​ႏိုင္​​ေသး​ေပ။ သူမကို မသိမသာျဖင္​့ အနားတြင္​ ျခင္​ခါ​ေပး​ေန​သူက ဝမ္​က်ိဳးခ်န္​။ ယြီပင္​းက​ေတာ့ လင္​းယီခ်န္​​ေၾကာင္​့စိတ္​တို​ေနသည္​့ လ်ိဳယိ့ဖိန္​႔အနားမွာ။

လင္​းယီခ်န္​က​ အနားမ​ေပး။
"အားလံုးပဲ အဖြဲ႔အလိုက္​ကိုၾကည္​့ၿပီး ဆု​ေပးမွာဆို​ေတာ့ ... စုၿပီး ဓာတ္​ပံု႐ိုက္​ၾကရ​ေအာင္​"

ခရီးပန္​း​ေနသည္​့႐ုပ္​​ေတြနဲ႔ ဓာတ္​ပံုမ႐ိုက္​ခ်င္​ၾကပင္​မယ္​့ လင္​းယီခ်န္​ရဲ႕စကားကို ​ေက်ာင္​းသား​ေတြဟာအထြန္​႔မတက္​ရဲ​ၾက​ေတာ့ပဲ အုပ္​စုလိုက္​ဓာန္​ပံုကို႐ိုက္​လိုက္​ၾကတယ္​။ ဆရာသံုး​ေယာက္​အား ​ေက်ာင္​းသား ၅၆​ေယာက္​က ျခံရံကာ ကင္​မရာ​ေထာင္​၍ဓာတ္​ပံု႐ိုက္​လိုက္​ၾကသည္​။ အခုလို အမွတ္​တရ​အ​ေနနဲ႔ ဓာတ္ပံုက်န္​​ေနခဲ့တာ​ေတာ့ ​ေကာင္​းပါရဲ႕။ ​ေကာင္​း​ေသာ အမွတ္​ရျခင္​း​ေတြသာ ျဖစ္​ပါ​ေစလို႔ တစ္​ဦးတ​စ္​​ေယာက္​က​ေတာ့ ဆု​ေတာင္​း​ေနခဲ့တယ္​။

💚

Part 7 ဆက္​ရန္​

💚❤
👦👨

-------------

Continue Reading

You'll Also Like

707K 59.8K 20
သင္ ငယ္ငယ္တုန္းက ကိုယ့္ကိုယ္ကို အေျဖာင့္ထင္ၿပီး ျငင္းခဲ့တဲ့ အေပအေတေလးဟာ သင့္ကိုယ္သင္ အေကြးမွန္းသိတဲ့အခါမွာ အထက္ပုဂၢိဳလ္ေလးအျဖစ္နဲ႔ ျပန္ေရာက္လာႏိုင္ပါ...
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
50.5K 5K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...