HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း (၃၀) - Last Time

5.3K 410 14
By Futawa

အခန်း (၃၀) - Last Time

Unicode

[အချစ်ကိုရှာဖွေဖော်ထုတ်ခြင်း ]

ရှိုင်းဇေယံကိုဆေးရုံတင်လိုက်ရပြီးတဲ့အချိန်ကစ မင်းခန့်ထည်ဟာ ခြေလှမ်း ၂၀လောက်အကွာကနေ၍ ကောင်လေးနောက်သို့အချိန်တိုင်းတကောက်ကောက်လိုက်နေခဲ့ရှာသည်။

ထိုအချင်းအရာကိုရှိုင်းဇေယံကသတိမထားမိခဲ့ကာ နေ့စဥ်အတန်းတက်မြဲတက်နေဆဲဖြစ်ပြီး Canteenသွားတဲ့အချိန်ဆို ကလျာတို့သုံးယောက်နဲ့အတူတူသွားသည်။ရှိုင်းအတန်းတက်နေတဲ့အချိန်ဆိုလည်းမင်းခန့်ထည်ကအခန်းရှေ့မှာသုံးခေါက်နီးပါးလောက်ဖြတ်လျှောက်လေ့ရှိရာ  ရှိုင်း Canteenရောက်တဲ့အခါတွင်လည်း ကောင်လေးထိုင်တဲ့ဆိုင်နဲ့ဘေးချင်းကပ်လျက်ဆိုင်၌ဝင်ထိုင်ပြီး ကောင်လေးရဲ့အမူအရာသေးသေးလေးကအစအလွတ်မခံခဲ့ပေ။

ရှိုင်းဇေယံက နေ့တဒူဝကိစ္စတွေကို ပုံမှန်အတိုင်းလုပ်ဆောင်နေမြဲပင်ဖြစ်ကာမင်းခန့်ထည်အားသူ့နောက်လိုက်တဲ့ကိစ္စနဲ့ပက်သတ်ပြီး
တစ်ခွန်းတစ်ပါဒမျှမေးမြန်းလာခဲ့ခြင်းမရှိပေ။

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာအရင်ရက်တွေတုန်းကထက်အနည်းငယ်စိမ်းသက်သွားရသော်လည်းနေ့စဥ်အခေါ်အပြောတော့ရှိခဲ့သည်။
၂ယောက်သားမျက်နှာချင်းဆိုင်ဖြစ်ရင်အနည်းငယ်ရှိုးတိုးရှန့်တန့်ဖြစ်သွားရတဲ့စိတ်အိုက်စရာခံစားချက်တို့ကလွဲလျှင်အရာအားလုံးကပုံမှန်အတိုင်းဆက်သွားနေမြဲပင်။

နေမင်းကြီးကအရှေ့အရပ်ကနေမြင့်တက်လာပြီးအနောက်အရပ်ကိုယွင်းသွားတဲ့အခါ ကောင်လေး၂ယောက်ကြားကအကွာအဝေးတို့ဟာလည်း တစ်ခန်းတည်းအတူတူရှိနေကြပေမယ့်လို့ တိုးညှင်းတိတ်ဆိတ်စွာဖြင့်တစ်စထက်တစ်စဝေးကွာနေလျက်ရှိသည်။

ရှိုင်းဇေယံကသာ မင်းခန့်ထည်ရဲ့ stalking planတွေကိုသတိမထားမိခဲ့ပေမယ့် ထိုလူသားရဲ့မူမမှန်တဲ့ခြေလှမ်းတွေကိုသတိထားစောင့်ကြည့်နေတဲ့သူနှစ်ဦးတော့ရှိခဲ့သည်။

မင်းခန့်ထည်ဟာအခုတလောအတန်းထဲမှာမရှိသလောက်ဖြစ်ပြီး လစ်ပြေးနေတာများတာကြောင့် မင်းစက်အတန်းလစ်တဲ့စံချိန်ကိုတောင်Roll4ကြီးမင်းခန့်ထည်ကချိုးသွားခဲ့တာမို့ မင်းစက်တစ်ယောက် အခန်းထဲ၌ကပ်ထားတဲ့Roll callမှတ်တမ်းကိုမျက်လုံး၂ဖက်ကျွတ်ကျတော့မတတ်ပြူးကြည့်လိုက်ပေတော့သည်။

သူ့ခမျာပါးစပ်အဟောင်းသားနဲ့လုံးဝဇဝေဇဝါဖြစ်နေရရှာ၏။
ဒါကတကယ်ကိုနွေခေါင်ခေါင်ကြီးမိုးကြိုးပစ်ချလိုက်တာပဲ။

မင်းစက်နဲ့ Game ဆော့ဖော်ဆော့ဖက်တွေဖြစ်တဲ့First yearဘက်ကဂျူနီယာတွေတော်တော်များများကလည်းမင်းခန့်ထည်နဲ့ပက်သတ်ပြီးသူ့အားမေးမြန်းလာကြလေသည်။

"အကိုမင်းခန်းထည်ကအမဖြူစင်သော်နဲ့ပြတ်သွားလို့First yearဘက်ကဂျူနီယာညီမလေးတစ်ယောက်ကိုလိုက်နေတာလား" ဟူ၍။ ထိုစကားကြားတော့မင်းစက်ရဲ့မေးရိုးကြီးတောင်ပြုတ်ကျသွားလုဆဲဆဲပင်။

First yearတွေ့ရှေ့မှာအမြဲတမ်းမာနတစ်ခွဲသားနဲ့နေတတ်တဲ့သူလိုကောင်မျိုးကကလေးတွေဆီကနေဒီလိုမျိုးအမေးခံရအောင်ဘယ်လောက်တောင်ခြေချင်းလိမ်နေသလဲဆိုတာကို မင်းစက်တစ်ယောက်၂ရက်လောက်စောင့်ကြည့်ပြီးတဲ့နောက်မှာလက်ဖျားခါသွားတော့လေသည်။

"တစ်ခုခုထူးဆန်းနေသလို မခံစားရဘူးလားအလင်း"

"အင်း"

ဟန်လင်းထက်က C Chordလက်ကွက်ကိုတီးလိုက်ရင်းခေါင်းငြိမ့်ကာပြန်ဖြေလာသည်။

ထိုစဥ် မင်းခန့်ထည်ကမျက်နှာချင်းဆိုင်ဒုတိယထပ်ကနေဆင်းလာကာ အပေါ်ဘက်ဝရံတာနားမှာရှိနေတဲ့သူတို့ကိုမမြင်ဘဲ သူတို့အောက်ဘက်က First yearဘက်ခြမ်းပေါက်တဲ့စင်္ကြံလမ်းအတိုင်းလျှောက်သွားတာကို မင်းစက်ကလိုက်ကြည့်နေလိုက်သည်။

ထို့နောက်စုတ်သပ်လိုက်ရင်းထိုဝရံတာထက်မှာချထားတဲ့သစ်သားခုံပေါ်၌ဂီတာတီးနေတဲ့ဟန်လင်းထက်ကိုလှည့်ကြည့်လျက်ဆိုလာသည်။

"အလင်း ငါတို့မေးကြည့်ကြရင်ကောင်းမယ်ထင်တယ်"

"ဘာကိုလဲ?"

"သူတို့နှစ်ယောက်အကြောင်း"

"ကိုစက်ပဲမေးပါ။ကျနော့်အနေနဲ့တော့မေးလို့မကောင်းဘူး"

ဟန်လင်းထက်ကထိုသို့ဆိုလာရင်း သူ့ရဲ့နှုတ်ခမ်းလေးကိုမဲ့ပြလာတာကြောင့် မင်းစက်ကခုံတွေရှိရာဆီသို့လျှောက်လာလိုက်ရင်းမေးလာခဲ့သည်။

"ဘာလို့လဲ"

"ဒီလိုပါပဲ။ကိုစက်သူငယ်ချင်း အဲ့လူကကျနော့်ကိုသိပ်ကြည့်လို့မှမရတာ"

ထိုအခါမင်းစက်ကအော်ရယ်လာကာ ဟန်လင်းထက်ရဲ့ရွှေရောင်ဆံပင်လေးတွေကိုထိုးဖွလိုက်တော့သည်။

"ကြည့်လို့မရရင် ငါတို့နှစ်ယောက်ကြားကကိစ္စကိုသူဝင်ဖြန်ဖြေပေးမှာမဟုတ်ဘူးလေကွာ"

သူ့ရဲ့ထိုစကားကိုကြားတော့ကောင်လေးရဲ့မျက်ခုံးနှစ်ဖက်ကတမဟုတ်ချင်းစုကြုံ့သွားရလေ၏။

"ဖြန်ဖြေတယ်?"

"အင်း မင်းအပေါ်မှာရှိတဲ့အကို့ခံစားချက်တွေကိုနားလည်အောင် မင်းခန့်ကပဲအကြံပေးရှင်းပြခဲ့တာ။အကို့အတွက်နောင်တရအောင်မလုပ်မိဖို့ မင်းခန့်ကိုယ်တိုင်ကပဲသတိပေးခဲ့တာ။"

ဟုသေချာရှင်းပြလိုက်ရင်းကောင်လေးရဲ့တွန့်ကြုတ်နေတဲ့မျက်ခုံးရိုးလေးတွေကိုပြေလျော့သွားအောင် ခပ်ဖွဖွလေးနှိပ်နယ်ပေးနေခဲ့သည်။

"အဲ့လူက?"

"အင်း။အလင်းပြောတဲ့အဲ့လူက အလင်းနဲ့အကို့အတွက်အဖြေရှာပေးခဲ့တာ"

"သူက Gayတွေကိုမုန်းတယ်မဟုတ်ဘူးလား။
ကျနော်တို့ကိုလည်းသူမမုန်းနိုင်ဘူးလို့ အတပ်မှမပြောနိုင်တာ"

"မင်းခန့်က အလင်းထင်သလို Gayတွေကိုမုန်းနေတဲ့လူတစ်ယောက်မဟုတ်ပါဘူး။
အဲ့တာတော့အကိုသေချာသိတယ်"

ထိုစကားကြောင့်ဟန်လင်းထက်ကအနည်းငယ်ငိုင်သွားကာတွေဝေသွားပြီးနောက် မင်းစက်ဘက်လှည့်ကြည့်လာလျက်မျက်ခုံးလေးတစ်ဖက်ကိုပင့်ပြလိုက်ရင်းကျီစယ်လာ၏။

"ဒါဆို ကိုစက်ကျနော့်ကိုအရမ်းချစ်လားဆိုတာကော ကိုစက်သေချာသိရဲ့လား?"

"အယ်...."

အဖြေစကားလေးပြောဖို့ဖွင့်ဟလာတဲ့သူ့နှုတ်ခမ်းတွေဟာပြန်စေ့ပိတ်သွားကာ ရှက်ရွံ့စွာတွန့်ကွေးသွားရ၏။

'ဒီငဆိုးလေးကတော့ငါ့ကိုလူလည်ကျပြန်ပြီ'

"တော်ပြီ အတန်းတက်မလား။ဟို stalkerကြီးကိုဖမ်းမလား" ဆိုတော့ လူဆိုးလေးဟန်လင်းထက်က လက်ထဲကဂီတာကိုဂီတာအိတ်ထဲပြန်ထည့်လိုက်ရင်းခပ်ပြုံးပြုံးဆိုလာသည်။

"အတန်းတက်တာကပျင်းဖိို့ကောင်းတယ်။သေချာပေါက်ကိုစက်နောက်ပဲလိုက်မှာပေါ့"

"Ok"

မင်းစက်ကလက်မလေးနဲ့လက်ညှိုးလေးအားထိစပ်ကွေးလိုက်ရင်းသဘောတူလာပြီးနောက် လှေကားပေါ်ကနေပြေးဆင်းသွားကာ မင်းခန့်ထည်နောက်သို့တချိုးတည်းပြေးလိုက်သွားတော့လေသည်။

"ဒါနဲ့ ကိုစက် ကျနော့်မေးခွန်းကိုမဖြေရသေးဘူးလေ"

ဂီတာအိတ်လေးလွယ်လျက်အနောက်၌ကျန်ရစ်ခဲ့ရသောဟန်လင်းထက်မှာတော့ ပြေးဆင်းသွားသောကျောပြင်လေးကိုကြည့်နေရင်း သူ့ရဲ့မျက်နှာထက်မှာလှပသောအပြုံးတစ်ပွင့်ကိုချိတ်ဆွဲလို့ထားလျက်တစ်ယောက်သောသူနောက်သို့အမြန်လိုက်သွားရလေ၏။

••••••••••••••••••••••••••••••••••••••••••••••••••

သုံးထပ်ဆောင်အောက်ဆုံးထပ်ရှိFirst yearစာသင်ခန်းတွေဘက်မရောက်ခင်စပ်ကြားနေရာဖြစ်တဲ့လှေကားတစ်ခုရှေ့၌ သူ့ရဲ့လွယ်အိတ်ကြိုးကိုအနောက်ကနေတစ်စုံတစ်ယောက်ကဆောင့်ဆွဲလိုက်တာကြောင့် မင်းခန့်ထည်ရဲ့ခြေလှမ်းတွေကတုံ့ခနဲရပ်သွားရပြီး ခပ်စူးစူးအကြည့််တစ်စုံအားအနောက်ဘက်သို့ပို့လွှတ်လိုက်တော့သည်။

သူ့ရဲ့ပခုံးတစ်ဖက်ကိုခပ်သာသာပုတ်လိုက်ရင်းမင်းစက်ကအနောက်ကနေလျှောက်ထွက်လာကာ ဆရာကြီးအထာနှင့်ဆိုလာ၏။

"မင်းခန့်ထည် ဟိတ်ကောင် မင်းခြေလှမ်းတွေကိုတော်လောက်ပြီကွ။
First yearဘက်က မင်းကိုချောင်းမရိုက်ခင်တော်လိုက်တော့..."

လွယ်အိတ်ကြိုးကိုပခုံးပေါ်ပြန်ပင့်တင်လိုက်ရင်းမင်းခန့်ထည်က မင်းစက်အားခပ်စောင်းစောင်းပေကြည့်လာလေသည်။

"ဘယ်သူကလဲ ငါ့ကိုချောင်းရိုက်ရဲတယ်ပေါ့!!!"

အေးစက်စက်တစ်ချက်ရယ်လျက်စကားကိုတုတ်ထိုးအိုးပေါက်ရေရွတ်လာစဥ်သူ၏မျက်နှာကအနောက်ရောင်တိမ်တိုက်တို့အုပ်မိုးထားသည့်ပမာ မှုန်ကုတ်သုန်မှုန်နေပေသည်။

ထို့နောက်မင်းစက်ကမင်းခန့်ထည်အားသူတို့နှစ်ယောက်စကားပြောနေကျနေရာဖြစ်သောကျောင်းသားရေးရာ၏အနောက်ဘက်ကျတဲ့နေရာတစ်ခုသို့ဆွဲခေါ်လာတော့လေသည်။ထိုအနောက်ဘက်အဆောင်၌ Petroleum Major ရဲ့ ဌာနတစ်ခုသာရှိကာ လူခြေတိတ်တာကြောင့်စကားကောင်းကောင်းပြောဖို့သင့်တော်လေသည်။

သို့ရာတွင် ထိုနေရာသို့ဂီတာအိတ်လွယ်ထားတဲ့ဟန်လင်းထက်ပါလိုက်ပါလာခြင်းကြောင့် မင်းခန့်ထည်က စကားပြောဖို့အတင်းငြင်းဆန်နေကာထွက်သွားမည်တကဲကဲလုပ်နေသည်။ထို့ကြောင့် မင်းစက်က ထိုကောင်ကြီးအားမရမကပြန်ဆွဲထားကာ သူ့အတွက်စစ်ကူဖြစ်တဲ့ဟန်လင်းထက်ကိုပါခေါ်ထားတာကြောင့် သူ့အား ထရိုက်လာမှာကိုလည်းစိုးရိမ်နေစရာမလိုပေ။

"ငါ့ကိုပြောစမ်းပါ.. မင်းနဲ့ညီလေးရှိုင်းဇေယံဘာဖြစ်ထားကြတာလဲဆိုတာ"

"ဘာဖြစ်လို့ဘဲ။ဘာမှမဖြစ်ဘူး"

မင်းခန့်ထည်ကခေါင်းမာစွာငြင်းဆန်လာပြီးနောက် လှေကားထစ်လေးပေါ်ထိုင်ချလိုက်တဲ့အခါ မင်းစက်လည်းသူ့ဘေးနား၌အပြေးဝင်ထိုင်လာလေသည်။ဟန်လင်းထက်ကတော့နံရံတစ်ခုပေါ်၌မှီလျက်မတ်တပ်ရပ်နေကာ သူတို့ဘက်ကိုသေချာကြည့်နေ၏။

"ဘာမှမဖြစ်ဘူးဆိုရင် မင်းသူ့နောက်ကနေအခုလိုခိုးကြောင်ခိုးဝှက်လိုက်နေစရာအကြောင်းကိုမရှိတာ။အရင်လို သူ့ပုခုံးလေးဖက်ပြီးတော့သွားနေမှာပေါ့မဟုတ်ဘူးလား"

"မင်းငါတို့နှစ်ယောက်ကိုဘယ်အချိန်ထဲကချောင်းနေတာလဲ??"

"ငါပြောနေတာငါချောင်းတဲ့ကိစ္စမဟုတ်ဘူး။မင်းနဲ့ရှိုင်းဇေယံရဲ့ကိစ္စ"

"မပြောဘူး"

မင်းခန့်ထည်ကထိုသို့တထစ်ချငြင်းဆိုလာပြန်တာကြောင့်သူတို့နဲ့မလှမ်းမကမ်းမှာရပ်နေတဲ့ဟန်လင်းထက်ကထိုနေရာကနေလှည့်ထွက်သွားရန်ပြင်လိုက်သည်။

"ထွက်သွားစရာမလိုဘူး။ငါမပြောချင်တာမင်းကြောင့်မဟုတ်ဘူး"

သူ့ရဲ့ခြေလှမ်းတို့မလှမ်းရသေးခင်မှာပင်မင်းခန့်ထည်ပြောလာတဲ့တားမြစ်သံကိုကြားလိုက်ရတာကြောင့် သူပြန်လှည့်ကြည့်လိုက်တော့သည်။

မင်းခန့်ထည်ကိုယ်တိုင်ကိုက 'ထွက်သွားစရာမလိုဘူး'ဟု ပြောလာတာကြောင့်ဟန်လင်းထက်လည်းထွက်သွားမည့်အစီအစဥ်ကိုလက်လျှော့လိုက်ကာ မင်းစက်ဘေး၌ဝင်ထိုင်လာခဲ့သည်။

ထို့နောက်မင်းစက်ကဆက်မေးလာလေ၏။

"ဘာလို့မပြောချင်ရတာလဲ"

"..."

မင်းခန့်ထည်က တုပ်တုပ်မျှမလှုပ်လာတဲ့အပြင်ကို ဘာမှဆက်ပြောမလာတာကြောင့်မင်းစက်တစ်ယောက်အသဲယားလာရလေသည်။သူစိတ်ရှိလက်ရှိဖြင့်သူ့သူငယ်ချင်းကြီးအားကိုင်ပေါက်လိုက်ချင်စိတ်တို့ကတစ်ဖွားဖွား။သို့သော်မလုပ်ရဲသည်ကခက်နေတာကြောင့်ယားနေသောလက်များအား တင်းတင်းလိမ်ထားရသည်။

"ရှိုင်းဇေယံက ခများကိုချစ်နေတယ်တဲ့လား?"

ရုတ်တရက်ပျံ့လွင့်လာတဲ့ဟန်လင်းထက်ရဲ့အမေးစကားကြောင့် ထို၂ယောက်ကြား၌ထိုင်နေတဲ့မင်းစက်ရဲ့မျက်နှာထက်မှာမချိပြုံးလေးပေါ်လာခဲ့ကာ လှေကားတစ်ထစ်လျှော၍အောက်သို့ဆင်းထိုင်လိုက်တော့သည်။

ထိုသို့သောမေးခွန်းမျိုးက အဖြောင့်ကြီးဖြစ်တဲ့ မင်းခန့်ထည်ရဲ့ဒေါသအိုးကိုရိုက်ခွဲလိုက်တဲ့စကားမျိုးဖြစ်တာတောင် မင်းခန့်ထည်ကဒေါသတကြီးတုံ့ပြန်မလာတဲ့အပြင်ကို ခုနတုန်းကထက်ပိုလို့တောင်တိတ်ဆိတ်သွားသည်ကိုနှစ်ယောက်စလုံးသတိထားမိလိုက်ကြသည်။

'မဖြစ်နိုင်လိုက်တာ။တကယ်ကြီးလား ရှိုင်းရေ!!'
မင်းစက် စိတ်လှုပ်ရှားစွာတံတွေးမြိုချရင်းစိတ်ထဲ၌ကြိတ်ကာအော်ဟစ်လိုက်ချေသည်။
ဟန်လင်းထက်ကတော့ထိုသို့သောတုံ့ပြန်မှုကိုမြင်ပြီးနောက် နှုတ်ခမ်းတွေကိုခြောက်ကပ်ကပ်နိုင်စွာတွန့်ချိုးလိုက်သည်။

"တိတ်ဆိတ်ခြင်းကဝန်ခံခြင်းပဲတဲ့။ခများမဖြေရင်တောင်ကျနော်တို့သဘောပေါက်ပါတယ်"

"မင်း ဘယ်လိုသိတာလဲ??"

"ရိပ်မိနေခဲ့တာတော့ကြာပြီ။ဆေးရုံမှာတွေ့လိုက်ရတဲ့ ခများတို့နှစ်ယောက်ရဲ့အမူအရာတွေကြောင့်ပိုသေချာသွားတာ"

ဟန်လင်းထက်နဲ့မင်းစက်တို့ရဲ့ပူးပူးကပ်ကပ်အနေအထားကိုရှိုင်းဇေယံကရိပ်မိခဲ့သလို သူတို့နှစ်ယောက်ရဲ့မူမမှန်တဲ့အပြုအမူတွေကိုလည်းဟန်လင်းထက်က ရိပ်မိနေပြီးသတိထားကြည့်နေခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။

မင်းခန့်ထည်နှင့်ရှိုင်းဇေယံဆိုတဲ့ထို၂ယောက်က သူတို့နှစ်ယောက်ထက်ပို၍တပူးပူးတတွဲတွဲဖြစ်နေသည်ကိုကာယကံရှင်တွေကသာမသိိခဲ့ပေမယ့်လို့ ဘေးကနေရပ်ကြည့်နေတဲ့ သူလိုပွဲကြည့်ပရိသတ်ကတော့ကွင်းကွင်းကွက်ကွက်ကိုမြင်နေရလေသည်။

ထိုလူရဲ့ဂရုစိုက်မှုတွေကရှိုင်းဇေယံအပေါ်မှာဆိုအလွန်ပိုလွန်းနေသည်။အခန်းဖော်ဂျူနီယာတစ်ယောက်အပေါ်စောင့်ရှောက်နေတာနဲ့မတူဘဲ သူ၏ချစ်သူတစ်ယောက်အားစောင့်ရှောက်ပေးနေတာနဲ့ပိုတူနေတာကြောင့် သူအချိန်တစ်ခုကြာတဲ့အထိ တိုးတိုးတိတ်တိတ်စောင့်ကြည့်နေခဲ့ကာ သူကောက်ချက်တော့မချနိုင်ခဲ့ပေ။ဘာလို့လဲဆိုတော့  Gayမုန်းတီးရေးဝါဒကိုဆွဲကိုင်ထားတဲ့ထိုလူက သူ့အတွေးတွေကိုမဖြစ်နိုင်ဘူးဆို၍ဖျက်ဆီးနေခဲ့တာကြောင့်ပင်။

သူ့အတွက်အားရစရာကောင်းတဲ့ကိစ္စတစ်ခုရှိခဲ့သည်။အဲ့တာဘာလဲဆို ထိုလူကိုသူ့ချစ်သူနဲ့ယှဥ်တွဲမတွေ့ရဘဲ ရှိုင်းဇေယံနဲ့သာအချိန်တိုင်းတွဲမြင်နေရခြင်းပေ။ဒါကသက်သက်ကိစ္စတစ်ခုပေမို့ထားလိုက်ပါတော့လေ။

သူဆက်ပြောရမယ်ဆိုလျှင်ရှိုင်းဇေယံဘက်ကထိုလူဘက်ထက်ခန့်မှန်းရပိုလွယ်သည်။သူစစရိပ်မိခဲ့တဲ့ကိစ္စတစ်ခုက ရှိုင်းဇေယံကသူ့ဝါသနာနဲ့ထပ်တူကျတဲ့မေဂျာကိုမရွေးချယ်ဘဲ MCကိုပြောင်းလိုက်တဲ့ကိစ္စကနေစတင်ခဲ့ကာ ထိုကိစ္စဟာ လုံးဝသဘာဝကျမနေမှန်း သူသိနေခဲ့သည်။

အဲ့တာကြောင့် အကြောင်းပြချက်ကဘာကြောင့်လဲဆိုတာကို သူရှိုင်းဇေယံအားမေးကြည့်ဖူးသော်လည်း ရှိုင်းဇေယံကဖြေဖို့မကြိုးစားလာဘဲသူ့စကားတွေကိုပြန်ကစားသွားခဲ့တာကြောင့် တစ်စုံတစ်ရာကိုလိမ်ဖို့ကြိုးစားနေမှန်းလည်း သူလုံးဝရိပ်မိလေသည်။

ထိုနေ့ကထမင်းစားဆောင်တွင်လေးယောက်သားထမင်းစုစားချိန်၌ သူမြင်ခဲ့ရတဲ့ ရှိုင်းဇေယံရဲ့မျက်ဝန်းတွေကတော့သူ့အားမလိမ်ညာနိုင်ခဲ့ပေ။

ပြီးတော့ဆေးရုံမှာ တစ်စုံတစ်ယောက်ကိုမျှော်ကိုးနေတဲ့ ရှိုင်းဇေယံရဲ့မျက်ဝန်းတွေက တစ်ချိန်ကဖြစ်တည်ခဲ့ဖူးတဲ့သူ့ရဲ့မျက်ဝန်းတွေနဲ့တစ်ထပ်တည်းထပ်တူကျနေတာကြောင့် သူငြင်းဆန်ချင်ရင်တောင် သူ့ရဲ့အသိဥာဏ်တို့ကသူသိလိုက်ရတဲ့အဖြေအပေါ်ငြင်းဆန်ခွင့်မပေးပေ။ ရှိုင်းဇေယံကထိုလူအပေါ်အမှန်တကယ်ကိုခံစားချက်တွေရှိနေခဲ့လေ၏။

ဒါဆိုဟိုလူကကော ?

ထိုလူရဲ့အကြည့်တွေ၊ဂရုစိုက်မှုတွေကရှိုင်းဇေယံအပေါ်မှာသာမန်ထက်လွန်ကွဲစွာအသက်ဝင်နက်ရှိုင်းနေခဲ့တာတော့မှန်ပေမယ့်တစ်ခါတစ်လေကျပြန်တော့လည်းထိုလူကပါးနပ်စွာကွယ်ဝှက်ထိန်းချုပ်ထားပြန်သည်။

ဒါပေမယ့်လူတစ်ယောက်က သူ့ရဲ့ခံစားချက်တွေကိုဘယ်လောက်ထိကြာအောင်သိုဝှက်ထိန်းချုပ်ထားနိုင်မှာတဲ့လဲ ?

သူ့ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းဝင်ရောက်နေတဲ့တစ်ယောက်သောသူကထိခိုက်နာကျင်မသွားရခင်အထိပဲပေါ့။သူတို့ရင်ထဲမှာရှိနေတဲ့တစ်ယောက်သောသူသည်သာထိခိုက်နာကျင်စရာတွေနဲ့ကြုံတွေ့ခဲ့ရပြီဆိုပါက လူသားတစ်ယောက်ရဲ့မျိုသိပ်ထားတဲ့စိတ်ခံစားချက်တွေဆိုတာဟာပြိုင်ကွင်းထဲကိုလွှတ်ပေးလိုက်တဲ့ပြိုင်မြင်းတစ်ကောင်ကဲ့သို့အရှိန်အဟုန်တို့ဖြင့်ပြေးထွက်သွားလိမ့်မည်မှာသေချာပေါက်ပင်။

မင်းခန့်ထည်ဆိုတဲ့ထိုလူဟာရှိုင်းဇေယံထိခိုက်သွားတဲ့အချိန်မှာ သူ့ရဲ့ခံစားချက်တွေကိုထိန်းချုပ်ထားဖို့မေ့လျော့နေခဲ့တဲ့ထိုအချိန်က သူသိသိသာသာရိပ်မိသွားခဲ့တဲ့အချိန်ပင်။

၂ယောက်စလုံးခံစားချက်တွေကိုယ်စီရှိနေကြပါလျက်နဲ့ တစ်ယောက်ကသူဆေးရုံရောက်လာတာကိုမပြောပြချင်ခဲ့သလို ကျန်တစ်ယောက်ကလည်းမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေကိုသယ်ပိုးထားရင်းလွမ်းဆွေးတသသဖြစ်နေခဲ့ရတာဟာ သူတို့၂ယောက်ကြားမှာနားလည်ရခက်တဲ့ပြဿနာတစ်ချို့ရှိနေခဲ့တာကြောင့်ဆိုတာသူမသိဘဲမနေခဲ့။

တစ်ယောက်ကတစ်ယောက်ရဲ့ခံစားချက်တွေကို အကာအရံမဲ့စွာရိပ်မိသွားတာကြောင့်၂ယောက်စလုံးမမြင်နိုင်တဲ့စည်းတစ်ခုကိုခြားထားကြကာဝေးကွာချင်ဟန်ဆောင်နေခဲ့ကြပေမယ့်၂ယောက်စလုံးဟန်ဆောင်မကောင်းခဲ့ကြပေ။

ရှိိုင်းဇေယံကသူ့နောက်မှာအရိပ်လိုလိုက်နေတဲ့လူတစ်ယောက်ကိုမမြင်ချင်ယောင်ဆောင်ပြီးခွင့်ပြုပေးထားသလို အဝေးမှာနေဖို့ဆုံးဖြတ်ထားဟန်ရှိတဲ့ကျန်တစ်ယောက်ကလည်းဆွဲငင်ခံထားရသလိုမျိုးတစ်စုံတစ်ယောက်နောက်ကိုပဲပြေးလိုက်နေခဲ့လေရာ ထိုလူသား၂ယောက်မျက်စိလည်နေရတဲ့ဝင်္ကပါထဲကနေ ထွက်ပေါက်တစ်နေရာဆီတစ်ယောက်ယောက်ကတော့ ဦးဆောင်ခေါ်သွားမှဖြစ်ပေလိမ့်မည်။

သို့မဟုတ်ပါကနောင်တဝင်္ကပါထဲမှာအချိန်အတော်ကြာတဲ့အထိ သူတို့ပိတ်မိနေကြလိမ့်မည်ဖြစ်ကာ ထိုကြာညောင်းလှတဲ့အချိန်တစ်ခုဟာဆိုရင်ဘဝတစ်သက်တာလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။

မင်းခန့်ထည်က ဟန်လင်းထက်ရဲ့အမေးကိုအချိန်တော်တော်ကြာပြီးမှအက်ရှရှလေသံနဲ့ပြန်တုံ့ပြန်လာသည်။

"ရှိုင်းလေးကငါ့အပေါ်ခံစားချက်တွေမှားယွင်းနေတာ"

"မဟုတ်ဘူး။မှားနေတာက ခများ"

'လတ်စသတ်တော့ဒီလူကကိုယ့်ကိုကိုယ် ခုထိနားမလည်နိုင်သေးတာပဲ'

ထိုအခါမင်းစက်ကဟန်လင်းထက်အား
အလန့်တကြားမျက်နှာလေးဖြင့်ပြူးကြည့်လာကာ မျက်တောင်လေးတွေကိုအပြာပြာသလဲလဲခတ်လိုက်လေ၏။

'ငါအလယ်မှာနေမိတာမှားပြီလား?'

မင်းခန့်ထည်ရဲ့မျက်နှာကချက်ချင်းနီရဲတက်လာပြီးနှဖူးကြောတွေပါထောင်လာချိန်မှာဟန်လင်းထက်ကတော့ မထီဟန်ဖြင့်ခပ်တင်းတင်းပဲ ပြန်စိုက်ကြည့်နေ၏။

"ဘာကွ!!!"

"ဟုတ်တယ်။ခများကသူများအမှားကိုပြင်ဆင်ပေးဖို့ပဲ တစ်ချိန်လုံးခေါင်းထဲရိုက်သွင်းနေတာ ကို့အမှားကိုကျသေချာမမြင်ဘူးလေ"

"ရှင်းရှင်းပြောကွေ့ဝိုက်မနေစမ်းနဲ့!!" ဟုမင်းခန့်ထည်ကအံကြိတ်ဆိုလာတဲ့အခါ ဟန်လင်းထက်က သူအချိန်တိုင်းကြားနေကျဖြစ်တဲ့မေးခွန်းတစ်ခုကိုထပ်မေးလာခဲ့သည်။

"ဒါဆို မှန်မှန်ဖြေ ခများ Gayတွေကိုမုန်းလား"

"....."

"ထပ်ပြီးတော့ဒီမေးခွန်းပဲလား?
ဘာလို့ငါ့ကိုဒီမေးခွန်းပဲလာလာမေးနေကြတာလဲ"

မာန်ပျောက်ကွယ်သွားပြီးနောက်ပိုင်း
လူတော်တော်များများကသူ့ကိုစနောက်ရန်စသည့်ဟန်ဖြင့် ထိုမေးခွန်းကိုပေါ်တင်ထုတ်မေးလာခဲ့ကြတဲ့အချိန်တစ်ခုရှိခဲ့ဖူးသည်။သို့သော် သူလူရိုက်လိုက်ပြီးတဲ့နောက်မှာတော့ ဘယ်သူကမှသူ့ရှေ့မှာထိုမေးခွန်းကိုထုတ်မမေးရဲကြတော့ပေ။မင်းစက်ကိုတော့သူချွင်းချက်အနေနဲ့ထားနိုင်ပေမယ့် ဒီကောင်လေးကတော့သူ့ကိုရန်စနေတာလားဆိုတာသေချာမသိနိုင်တဲ့အတွက် ချွင်းချက်မထားနိုင်ပေ။

ဟန်လင်းထက်ကမင်းခန့်ထည်ရဲ့ရန်လိုနေတဲ့အမူအရာတွေကိုမြင်တာကြောင့်သူအသံခပ်မာမာနဲ့ဆက်ပြောလာခဲ့၏။

"အဲ့မေးခွန်းကိုမေးတယ်ဆိုတာ ခများကိုယ်ခများမသိလို့မေးနေရတာ။"

"ဒါဆိုတခြားသဘောမျိုးနဲ့မေးမယ်ဗျာ။
အခုကျနော်နဲ့ကိုစက် တွဲနေကြတယ်။နမ်းလည်းနမ်းကြတယ်။ဖက်လည်းဖက်ကြတယ်။အတူတူလည်းအိပ်ကြတယ်။
ဘယ်လိုခံစားရလဲ ခများ ကျနော်တို့ကိုရွံလား??"

ထိုမေးခွန်းကိုဟန်လင်းထက်ကမင်းစက်အားအနောက်မှပွေ့ဖက်လိုက်ပြီးမင်းစက်ရဲ့မေးလေးအားဆွဲကိုင်လိုက်ရင်းဆိုလိုက်တာကြောင့် မင်းခန့်ထည်ကသူတို့ကိုမျက်စောင်းတစ်ချက်ထိုးပြီး အကြည့်လွှဲလိုက်ကာ ချက်ချင်းပြန်ဖြေသည်။

"မရွံဘူး။ဒါပေမယ့် ငါ့ရှေ့မှာ နောက်ထပ်ဒီလိုပုံစံမျိုးထပ်မလုပ်ပြနဲ့"

ထိုသို့ကြုံးဝါးသံကြားတော့ မင်းစက်ကဟန်လင်းထက်လက်တွေကိုကမမ်းကတမ်းဆွဲဖယ်လိုက်တော့သည်။ဟန်လင်းထက်ကမင်းစက်ကိုတစ်ချက်ငုံ့ကြည့်လိုက်ရင်း ဖွဖွပြုံးလိုက်ပြီးနောက် မင်းခန့်ထည်အားပြန်ကြည့်လိုက်ကာသူသိချင်နေတာကြာပြီဖြစ်တဲ့မေးခွန်းတစ်ခုကိုဆက်မေးလိုက်သည်။

"ဒါဆို ခများကျနော့်ကိုကြီးကိုရွံတယ်လို့ပြောခဲ့တုန်းက ဘာကြောင့်လဲ။"

"သူကောင်းဖို့"

"ဒါပေမယ့် သူကောင်းခဲ့လား။ခများမျှော်လင့်ထားသလို။"

"...."

"Okay။သူ့အတွက်ဇာတ်သိမ်းမလှခဲ့ဘူး။ခများထင်သလိုသူ့အပေါ်ကောင်းတာတွေမဖြစ်လာတဲ့အပြင်ကို ဒီလောကကြီးထဲကနေပါပျောက်ကွယ်သွားသေးတယ်လေ။
ရှိုင်းဇေယံ အဲ့ဒီလိုဖြစ်သွားမှာကိုခများမကြောက်ဘူးလား"

'ရှိုင်းဇေယံကပျောက်ကွယ်သွားမှာ' ဆိုတဲ့ဟန်လင်းထက်စကားကြားတော့မင်းခန့်ထည်ရဲ့မျက်ဝန်းတွေကတမဟုတ်ချင်းနီရဲလာကာလက်သီးတင်းတင်းဆုပ်လျက်စေ့စေ့ပြန်ကြည့်လာလေ၏။

"အဲ့ဒီလိုဖြစ်မှာကြောက်လို့ ငါအခုတားဆီးပေးနေတာလေ။ငါ ညီ့ကိုလုံးဝအဆုံးရှုံးမခံနိုင်ဘူး"

"အဲ့မှာ ခများစမှားတာပဲ။ခများဒီလိုလုပ်တိုင်းမဆုံးရှုံးရတော့ဘူးလို့ခများကိုဘယ်သူပြောလဲ"

ဟန်လင်းထက်ရဲ့စကားသံတွေကတဖြည်းဖြည်းဒေါသသံပေါက်လာကာ မှားယွင်းနေတဲ့အတွေးဝဲဂရက်ထဲမှာနစ်မြုပ်နေတဲ့ထိုလူအပေါ်  သူအားမလိုအားမရဖြစ်မိလာရသည်။ ဟန်လင်းထက်ကတစ်ချက်လှောင်ရယ်ရယ်လာလျက် ဆုတ်နစ်အက်ရှစွာဆက်ပြောလာခဲ့လေသည်။

"ကိုကြီးကောင်းဖို့ခများဒီလမ်းရွေးခဲ့ပေမယ့် သူထိခိုက်သွားခဲ့တယ်ဆိုတာ ခများသိသိကြီးနဲ့ ဘာကိစ္စ ဒီလမ်းပဲဆက်လျှောက်ရပြန်တာလဲ"

"ငါ........ဒီတစ်ခါတော့မှန်နိုင်မယ်ထင်လို့"

"ဒီတစ်ခါ လျှောက်တဲ့လမ်းကမှန်နေရင်တောင် ခများပျော်မယ်လို့အာမခံနိုင်လို့လား"

"ခများနောင်တမရဘူးဆိုတာသေချာလား"

နောက်ဆုံးမေးခွန်းကမင်းခန့်ထည်ရဲ့အရှိုက်ကိုတည့်တည့်ထိမှန်ခဲ့သည်ပင်။

သေချာပေါက်အခုသူပျော်မနေတဲ့အပြင်ကို ရှိုင်းဇေယံရဲ့ဘေးနားမှာတခြားတစ်ယောက်နဲ့တွဲမြင်ရမယ့်မြင်ကွင်းကိုသူတွေးကြည့််လိုက်ရုံနဲ့တင် လက်မခံနိုင်တဲ့စိတ်တို့က နေ့စဥ်ရက်ဆက် သူ့ရဲ့နှလုံးစိုင်ထဲမှာတနုံ့နုံ့နဲ့တိုးပွားနှိပ်စက်နေပေသည်။

အလင်းရောင်မရှိတဲ့အမှောင်ထုထဲမှာမွန်းကြပ်သထက်မွန်းကြပ်လာရပြီး အလင်းဓာတ်လေးတစ်ခုနဲ့ပျံသန်းနေတဲ့ပိုးစုန်းကြူးလေးကိုသူ့ရဲ့လက်ခုပ်ထဲမှာလောဘကြီးစွာဖြင့်ဖမ်းဆုပ်ထားချင်နေမိသည်။

သို့သော် သူ့ရဲ့လက်ဖဝါးတွေကကြမ်းတမ်းရှတလွန်းတာကြောင့်  သူ့ရဲ့လက်ခုပ်လေးထဲမှာတင် ထိုပိုးစုန်းကြူးလေးတစ်စစီကြေမွလို့သွားပြီးသေးငယ်လွန်းတဲ့အလင်းရောင်လေးပျောက်ဆုံးသွားမှာကိုပါ သူတစ်ချိန်လုံးကြောက်ရွံ့နေခဲ့ရတာကြောင့် ပိုးစုန်းကြူးလေးပျံသန်းသွားဖို့ကိုသာ နောက်ဆုံးသူရွေးချယ်ခဲ့လိုက်သည်။

ထို့ကြောင့် ဟန်လင်းထက်ရဲ့နောက်ဆုံးမေးခွန်းအတွက် သူ့ထံ၌ဖြေစရာစကားလုံးတို့ရှိမနေခဲ့တာမို့ နှုတ်ခမ်းတွေကိုစေ့ပိတ်ထားလျက် ရှေ့တူတူကိုသာငေးစိုက်ကြည့်နေလိုက်တော့သည်။ ဟန်လင်းထက်ကစိတ်ပျက်သည့်နှယ်ခေါင်းခါလိုက်ပြီးတစ်ဖက်သို့လှည့်သွားခဲ့လေ၏။

သူတကယ်ကိုထိုလူအားဆက်မကြည့်နိုင်တော့ပေ။

မင်းစက်ကတော့ သူ့ဘေးနားက၂ယောက်ကို ဘယ်တစ်ပြန်ညာတစ်ပြန်ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ ဟန်လင်းထက်အား မျက်နှာအရိပ်အမြွက်ဖြင့် 'ဆက်မပြောနဲ့တော့'ဟုတီးတိုးဆိုလိုက်သည်။

မင်းစက်ရဲ့မျက်နှာအရိပ်အကဲကိုဟန်လင်းထက်ကသေချာမြင်လိုက်ပေမယ့် သူ့မှာတော်လိုက်ဖို့စိတ်ကူးရှိမနေပေ။

ထို့နောက်ဟန်လင်းထက်ကနှုတ်ခမ်းထောင့်စွန်းတွေကိုတွန့်ချိုးလျက်ထပ်မေးလာခဲ့သည်။

"ကျနော်ရှင်းရှင်းပဲမေးမယ်။ခများချစ်သူအနားမှာနေရတာထက် ရှိုင်းဇေယံဘေးနားမှာနေရတာက ခများအတွက်ပိုပျော်စရာကောင်းတယ်မှတ်လား???"

"အင်း.....ငါပျော်တယ်"

တိုးညှင်းတွန့်ဆုတ်စွာ ထွက်ပေါ်လာတဲ့အသံလေးကြောင့် မင်းစက်နဲ့အတူ ဟန်လင်းထက်ပါမှင်သက်သွားရသည်။

'တကယ်ကြီး!!!'

'တယ်ဟုတ်ပါလား ဒီလူပြန်ဖြေလာလိမ့်မယ်လို့မထင်ထားဘူး'

မင်းစက်နဲ့ဟန်လင်းထက်တို့ရဲ့အတွေးများကတစ်ပြိုင်နက်ထဲထွက်ပေါ်လာခဲ့ချေသည်။

"မင်းခန့် ! မင်းညီလေးရှိုင်းဇေယံအပေါ်ခံစားချက်တွေရှိနေတာပဲ"

"ပျော်တယ်လို့ပြောတာနဲ့ခံစားချက်ရှိတာနဲ့ကဘာဆိုင်လို့လဲ"

ထိုအခါချက်ချင်းပင် မင်းစက်ကမင်းခန့်ထည်ဘေးနားကပ်ထိုင်လိုက်ကာ ထိုကောင်ကြီးပုခုံးအားတင်းတင်းဆုပ်ကိုင်လိုက်ပြီး ဒေါသအိုးပိန်းဥအားစရှင်းပြလာတော့လေသည်။
ဟန်လင်းထက်ကတော့နောက်ထပ်ဘာမှမမေးလာတော့ဘဲငြိမ်ငြိမ်ဆိမ်ဆိမ်သာဆက်နားထောင်နေလိုက်၏။

"မင်းခန့် မင်းဖြူစင်သော်ကိုနမ်းဖူးလား?"

"မနမ်းဖူးဘူး"

"ဒါဆို ရှိုင်းကော??"

မင်းခန့်ထည်ကပြန်တိတ်ဆိတ်သွားပြီးနားရွက်ဖျားလေးတွေကအနီရောင်သမ်းလာတာကို မင်းစက်သတိထားမိလိုက်တာကြောင့်သူ့ရဲ့မျက်နှာထက်မှာအပြုံးကြီးတစ်ပွင့်ဖြစ်ပေါ်လာတော့သည်။

'အိုးဟိုး ဒီကောင်ကြီးဒီလောက်လက်သွက်တာကိုငါမသိလိုက်ပါလား'

"အဟမ်း!! နမ်းဖူးတယ်ပေါ့လေ။ငါတောင်မသိလိုက်ရပါလား။ဘယ်နှခါလဲ"

"ငါအဲ့တာတွေဖြေဖို့လိုလို့လား!!"

မင်းခန့်ထည်ကဒေါသတကြီးပြန်တုံ့ပြန်လာတာကြောင့် မင်းစက်တစ်ယောက်ထိုမေးခွန်းအား အားမရစွာအဆုံးသတ်လိုက်ရတော့သည်။

'အဟေး ကြည့်ရတာ တစ်ခါမကဘူးထင်တယ်ဟ'

သူ့ရဲ့လက်၂ဖက်ကိုစိတ်လှုပ်ရှားစွာပွတ်သပ်လိုက်ရင်းနှုတ်ခမ်းတွေကိုသပ်လိုက်ကာ မြူးထူးစွာဖြင့်ဆက်ပြောပြလာခဲ့သည်။

"ငါပြောမယ်သူငယ်ချင်း။
ကိုယ်မချစ်တဲ့သူကို မင်းမနမ်းနိုင်ဘူး။
မင်းစိတ်ထဲမှာအဲ့လူမရှိဘဲနဲ့နမ်းဖို့မစဥ်းစားနိုင်ဘူးကွ"

"ချစ်မှနမ်းနိုင်တာလား?။မချစ်ဘဲနဲ့လည်းနမ်းနိုင်တာပဲလေ"

"ဒါဆို မင်းဖြူစင်သော်ကိုနမ်းနိုင်လား?"

မင်းစက်ကစိတ်ပေါက်ပေါက်နဲ့မေးလိုက်တော့ မင်းခန့်ထည်ကတုံ့ဆိုင်းခြင်းမရှိစွာခေါင်းခါပြသည်။

"ဒါပေါ့။မင်းမှသူ့ကိုမချစ်တာ"

"ငါကြည့်နေတဲ့တစ်လျှောက်လုံးမင်းကဖြူစင်သော်ဘေးနားမှာဆိုသစ်သားတုံးကြီးတစ်တုံးထောင်ထားသလိုပဲ " ဆိုတဲ့မင်းစက်စကားကိုကြားတော့ ညာဘက်ခြမ်းကနေခပ်တိုးတိုးရယ်သံတစ်သံကထောက်ခံသည့်နှယ်ထွက်ကျလာခဲ့ကာ တစ်စက္ကန့်အတွင်းမှာပင် ပြန်တိတ်သွားလေ၏။

မင်းခန့်ထည်ကရယ်သံထွက်လာတဲ့နေရာဆီတစ်ချက်စောင်းကြည့်လိုက်ပြီးနောက် နှာတစ်ချက်မှုတ်ကာ ရှေ့သို့ပြန်လှည့်သွားတော့လေသည်။

"မင်းရှိုင်းဇေယံနဲ့ပက်သတ်ပြီး ရင်လည်းခုန်ဖူးသလိုသဝန်လည်းတိုဖူးတယ်မှတ်လား။ ဆုံးရှုံးရမှာကိုလည်းကြောက်တတ်လာပြီး အဲ့ကောင်လေးကိုမင်းဘေးနားမှာပဲထားထားချင်နေတယ်မှတ်လား"

"အင်း။"

"အဲ့တာများကွာ မင်းမို့လို့တိုင်ပတ်နေတယ် မင်းသူ့ကိုချစ်နေတာကွ သောက်တုံးရ"

"ဒါဆို ချစ်တယ်ဆိုတာကြီးကဘယ်လိုမျိုးလဲ?"

မင်းခန့်ထည်ဆက်မေးလာတဲ့မေးခွန်းကြောင့်မင်းစက်အပါအဝင်ဟန်လင်းထက်ပါဆွံ့အသွားရတော့သည်။

'နေစမ်းပါဦး ဒီကောင်ဒီလိုဦးနှောက်မျိုးနဲ့ Roll4ရအောင်ဘယ်လိုများဖြေခဲ့တာလဲဟ
လခွမ်း! သူ့အဖြစ်ကတော်တော်ဆိုးလှပြီထင်နေတာ ဒီကောင်ကြီးကသူ့ထက်ပိုဆိုးနေတယ် သောက်ကျိုးနဲငမ်းငမ်းတက်နေတာတောင် ပိန်းဥထိုင်စားနေတုန်းပဲ!'

မင်းစက်မှာ ထိုငပိန်းအားအလင်းပွင့်သွားအောင်နောက်စေ့ကိုတစ်ချက်လောက်ဆော်ထည့်လိုက်ချင်ပေမယ့် သူ့ခေါင်းကွဲပဲပြန်ကွဲသွားမှာစိုးတာကြောင့် သူပေါင်သူ ခပ်နာနာပြန်ရိုက်နေတဲ့အချိန်မှာ ဟန်လင်းထက်ကမူစိတ်ညစ်ညစ်နဲ့ခေါင်းခါလိုက်တော့သည်။

'ဒီလောက်ဒုန်းဝေးတဲ့လူကိုသူဒီတစ်ခါပဲမြင်ဖူးသေးတယ်။သူ့ငအလေးကိုစက်တောင် အဲ့လူလောက်မအဘူး'

နောက်တော့မနေနိုင်တဲ့ ဟန်လင်းထက်ကပဲ အာခေါင်ခြောက်လုမတတ် စကားအရှည်ကြီးပြောလာရတော့သည်။

"တစ်စုံတစ်ယာက်ကိုချစ်တယ်ဆိုတာမျိုးက သူနဲ့ပက်သတ်ပြီးအရာရာတိုင်းကိုအလေးအနက်ထားနေမိတာမျိုး။သူဘာကြိုက်တတ်လဲ သူဘာတွေလုပ်ရတာကြိုက်လဲဆိုတာကို အချိန်တိုင်းသိချင်နေတာမျိုးဗျာ။ ပြီးရင်တော့ ခများမမှတ်ထားရင်တောင်မှ ခများချစ်နေတဲ့လူရဲ့အမူအကျင့်တွေအကုန်လုံးကခများရဲ့မှတ်ဥာဏ်တွေထဲမှာ အလိုအလျောက်စွဲထင်ပြီးသားဖြစ်နေလိမ့်မယ် "

"သူ့ကိုဘယ်လိုအကြောင်းကြောင့်နဲ့မှအထိအခိုက်မခံနိုင်သလို သူ့အတွက်ကိုယ့်ကိုယ်ကိုသာအထိခိုက်ခံပြီးစောင့်ရှောက်ပေးချင်တာမျိုး။ အဲ့ခံစားချက်က ခများရှိုင်းဇေယံဆေးရုံတက်တုန်းကသေချာပေါက်ခံစားဖူးပါလိမ့်မယ်။သေချာပြန်တွေးကြည့်။ခများလိမ်လို့မရဘူး။အဲ့အချိန်တုန်းကဆို ခများရဲ့အမူအရာတွေကအစသိပ်သိသာလွန်းနေတယ်"

"သူ့ကိုထွေးပွေ့ထားရတာမျိုးကိုနှစ်သက်တဲ့အပြင်ကို သူ့နှုတ်ခမ်းလေးတွေကိုနမ်းရတာမျိုးကကမ္ဘာပေါ်ကဘယ်အရာတွေနဲ့မှမယှဥ်နိုင်ဘူးဆိုတာကို ကျနော်မပြောလည်းခများနားလည်ပြီးပြီလောက်ပြီထင်တယ်။"

ဟန်လင်းထက်ဆီကထိုစကားတစ်ခွန်းကိုကြားတော့ ကျောက်ရုပ်ကြီးမင်းခန့်ထည်ရဲ့နားရွက်ဖျားတွေကသိသိသာသာနီစွေးလာပြန်သည်။ထိုတုံ့ပြန်မှုလေးကိုမြင်တော့မင်းစက်ကတိတ်တဆိတ်ခိုးပြုံးမိသလိုဟန်လင်းထက်ရဲ့မျက်လုံးအနားသတ်တွေကလည်းအနည်းငယ်ကွေးညွတ်လို့သွားသည်။

"သူနဲ့ပက်သတ်ပြီး သူနဲ့နီးနီးကပ်ကပ်နေတဲ့ဘယ်သူမဆို ကြည့်မရဖြစ်တာမျိုးကလုံးဝအဆိုးဆုံးပဲ။
ကြည့်မရဖြစ်တာထက်ဗျာ အသေသတ်ပစ်ချင်တာကပိုဖြစ်တယ်"

"တကယ်ကြီးလား?"

မင်းစက်ကဖောက်မေးလာတဲ့အခါ ဟန်လင်းထက်ကနူးညံ့စွာပြုံးပြလိုက်ရင်းပြန်ဖြေလာသည်။

"အင်းပေါ့"

'အမှန်အတိုင်းဝန်ခံရမယ်ဆို ကျနော်အသတ်ချင်ဆုံးက ကိုစက်ဘေးကအဲ့လူပဲ' ဆိုတဲ့စကားလုံးတွေကိုတော့သူ့အပြုံးတွေနောက်မှာသိုဝှက်ချန်ထားခဲ့သည်။

"သူ့အပြုံးလေးကိုမြင်ရဖို့အတွက် ဘာနဲ့ပဲလဲလှယ်ရလဲလှယ်ရ လဲလှယ်ဝံ့တာမျိုး။
သူနဲ့ပက်သတ်တဲ့အရာအားလုံးကို အမူအရာသေးသေးလေးကအစ အမြဲတမ်းသဘောတကျနှစ်ခြိုက်နေမိတာမျိုးလား"

မင်းခန့်ထည်ဆက်ပြောလာတဲ့စကားတွေကိုကြားတော့ မင်းစက်ကအံ့အားသင့်စွာလှည့်ကြည့်လာခဲ့ကာ ဟန်လင်းထက်ကတော့ မင်းခန့်ထည်ပြောသမျှစကားလုံးတိုင်းအားဂရုတစိုက်နဲ့နားထောင်ပေးနေခဲ့သည်။

"မင်းတို့သိလားသူငါ့ကို ပြုံးပြလာခဲ့တဲ့
အဲ့အချိန်လေးကဘယ်လောက်ပဲတိုတောင်းနေပါစေတလောကလုံးကိုသိမ်းပိုက်ထားရသလိုမျိုးငါခံစားခဲ့ရတယ်။သူထိခိုက်သွားခဲ့တဲ့အချိန်တုန်းကဆို ငါ့ကိုယ်ငါခွင့်မလွှတ်နိုင်အောင်မုန်းတီးမိတယ်။
အဲ့ဒီခံစားချက်တွေကကောအချစ်ဆိုတဲ့အရာထဲမှာပါလား "

"ဒါတွေအားလုံးကချစ်လို့ဖြစ်လာရတဲ့အရာတွေလား"

"ဟုတ်တယ် မင်းခန့်။မင်း နောက်ဆုံးတော့နားလည်သွားပြီပဲ"

မင်းစက်ကကျေနပ်ပီတိဖြစ်စွာပြုံးလာလျက်
သူ့သူငယ်ချင်းရဲ့ကျောပြင်အားပုတ်ပေးလာခဲ့သည်။

"ခများနားလည်သွားတဲ့အတွက်ဝမ်းသာပါတယ်"

"ဒါဆိုငါက ညီ့ကိုချစ်နေခဲ့တာပေါ့"

"အမှန်ပဲ။ ခများကို့ကိုယ်ကိုသိသွားပြီဆိုရင် ခများအခုလုပ်နေတဲ့အရာတွေကမှားလား မှန်လားဆိုတာ ကို့ဘာသာကိုယ်ပြန်ဆုံးဖြတ်ပါ။
တစ်စုံတစ်ယာက်အတွက်အနစ်နာခံပေးတယ်ဆိုတာကအတိုင်းအတာတစ်ခုရှိတယ်ဗျ။"

"ကို့ကိုယ်ကို နာကျင်အောင်လုပ်နေတာတွေကများလာရင် အဲ့ခံစားချက်တွေက ခများကိုအသေသတ်သွားလိမ့်မယ်နော်။
တစ်ခါတစ်ရံ ကိုယ်ပျော်ရွှင်ဖို့အတွက်အတ္တကြီးသင့်ရင်ကြီးရမှာပဲ။ ဘာလို့လဲဆိုတော့ ခများခံစားနေရတဲ့နာကျင်မှုတွေကို ခများတစ်ချိန်လုံးငဲ့ကြည့်နေတဲ့လူတွေက ခများအစားဝင်မခံစားပေးနိုင်ဘူးလေ။"

"ကာယကံရှင်ဖြစ်တဲ့ ကျနော်တို့ကိုယ်တိုင်ပဲ ကျနော်တို့လျှောက်သင့်တဲ့လမ်းကို ရွေးချယ်ဆုံးဖြတ်ရမှာ။ရှိုင်းဇေယံကကိုကြီးမဟုတ်ဘူး။ခများကလည်းအဲ့အချိန်တုန်းကလိုမချစ်တတ်တဲ့လူတစ်ယောက်မဟုတ်တော့ဘူးလေ။
ရှိုင်းဇေယံကို ကိုကြီးလိုမျိုးမဖြစ်သွားနိုင်အောင်ခများကပဲကာကွယ်စောင့်ရှောက်ပေးရမှာ။ တွန်းထုတ်နေရမှာမဟုတ်ဘူး။"

"အဲ့တော့ခများချစ်တဲ့လူကိုကျ အဝေးတစ်နေရာကိုတွန်းထုတ်ထားပြီး ခများသနားတဲ့သူဆီပဲသွားနေမှာလား။ဒါဆိုရင်တော့ခများသိပ်မှားသွားလိမ့်မယ်.....

ခများရွေးချယ်မှုမှန်ကန်ပါစေ"

ဟန်လင်းထက်ကအဆုံးသတ်စကားကိုပြောပြီးတဲ့နောက် မင်းခန့်ထည်ကိုသေသေချာချာပြန်ကြည့်လိုက်သည်။ထိုလူကသူ့စကားတွေကိုနားထောင်နေရင်းတိတ်ဆိတ်မြဲတိတ်ဆိတ်နေဆဲဖြစ်ပြီး အဝေးတစ်နေရာကိုကြည့််ရင်းငေးငိုင်နေခဲ့သည်။

မင်းခန့်ထည်လိုလူမျိုးကဒီလိုကိစ္စမျိုးနဲ့ကြုံတွေ့လာရတဲ့အခါ သိပ်လွယ်ကူနေမှာမဟုတ်ဘူးဆိုတာကို သူတို့၂ယောက်စလုံးကလည်းသိနေတာကြောင့် သူတစ်ယောက်တည်းနေဖို့အချိန်ပေးသင့်သည်ဟုဆုံးဖြတ်လိုက်ကြသည်။

ထို့ကြောင့် ပြောပြသင့်တာတွေကိုရှင်းရှင်းလင်းလင်းပြောပြပြီးတဲ့နောက်မှာသူတို့နှစ်ယောက်စလုံးလည်းထိုနေရာကနေထွက်လာခဲ့လိုက်လေသည်။

'ကိုကြီး။ကျနော် လုပ်တာမှန်တယ်မှတ်လား။ကျနော် အဲ့လူကို ကိုကြီးနာကျင်ခဲ့ရသလိုမျိုးနာကျင်ခံစားစေချင်ခဲ့တယ်။

ဒါပေမယ့် ကျနော့်စိတ်ထဲမှာလေ ကိုကြီးချစ်ခဲ့တဲ့အဲ့လူက နည်းနည်းသနားစရာကောင်းနေတယ်လို့ကျနော်ခံစားမိခဲ့တာကြောင့်
ကိုကြီးလိုချင်ခဲ့တဲ့အတိုင်း ဟိုမိန်းမလက်ထဲကလွတ်မြောက်ဖို့လမ်းပြပေးခဲ့ပြီးပြီ။

ဒီတစ်ခါလည်း သူ အဲ့လမ်းပဲဆက်လျှောက်မယ်ဆိုရင်တော့ ကျနော်သူ့ကိုလုံးဝခွင့်မလွှတ်တော့ဘူး'

••••••••••••••••••••••••••••••••••••••••••••••••••

မနက်ပိုင်းသုံးချိန်တက်ပြီးနောက် ညနေဘက်အတန်းမရှိတော့တဲ့ရှိုင်းဇေယံဟာ  အဆောင်ကိုပြန်သွားပြီးစောစောအနားယူဖို့ဆုံးဖြတ်လိုက်သည်။

အခန်းတံခါးကိုဖွင့်လိုက်ပြီးနောက်လွယ်အိတ်လေးကိုစားပွဲခုံပေါ်မှာသေသေချာချာတင်လိုက်ကာ ပုဆိုးအကြမ်း၂ထည်ကိုယူ၍ ရေချိုးဆောင်ဘက်ဦးတည်လိုက်သည်။

အချိန်ကနေ့လည်၁နာရီလောက်ပဲရှိသေးတာမို့အရှေ့ဘက်ရေချိုးဆောင်မှာလူရှင်းနေပြီး ရေချိုးတဲ့လူဆိုလို့သူတစ်ယောက်တည်းသာရှိလေသည်။

ရှိုင်း အခန်းငယ်လေးထဲဝင်လိုက်ကာ တံခါးလော့ခ်ကိုသေချာချလိုက်ပြီးနောက်ရေပန်းလေးအားဖွင့်လိုက်သည်။ရေပန်းကရေတွေကအဖြူရောင်ကျောက်ပြားတွေထက်သို့စီးဆင်းသွားတဲ့အခါ ရေကျသံလေးတွေကအလွန်တရာတိတ်ဆိတ်လွန်းနေတဲ့
ရေချိုးဆောင်ထဲမှာပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

သဘက်လေးအားဘေးနားကစင်လေးပေါ်လှမ်းတင်လိုက်စဥ် ခေါင်းကမိုက်ခနဲဖြစ်သွားတာကြောင့် ရှိုင်းနံရံကိုခနမှီလိုက်ပြီးမျက်စိလေးမှိတ်ကာငြိမ်ငြိမ်လေးနေလိုက်တဲ့အခါပြန်သက်သာသွားခဲ့သည်။

ထို့နောက်သူရေပန်းအောက်သို့ဝင်ရပ်လိုက်ရင်းမျက်နှာပေါ်ကိုစီးကျလာတဲ့ရေစက်လေးတွေကိုလက်ဖြန့်ရင်းကြည့်လိုက်စဥ်နီရင့်ရင့်သွေးရည်ကြည်များက ရေစက်တွေနဲ့အတူ ကျောက်ပြားပြင်ထက်သို့ရောယှက်စီးဆင်းသွားသည်ကို သူ့ရဲ့မျက်ဝန်းနှစ်ဖက်ကနေမြင်လိုက်ရတဲ့အခါ အတုန်လှုပ်ကြီးတုန်လှုပ်သွားရလေသည်။

"Shit!! "

ရှိုင်းရေပန်းကိုကတုန်ကယင်နဲ့ပိတ်လိုက်ပြီး အခန်းငယ်လေးထဲကမှန်လေးနားသို့သွားကြည့်လိုက်တဲ့အခါ ထိုအနီရောင်သွေးရည်ကြည်များက သူ့ရဲ့နှာခေါင်းထဲကနေ အဆက်မပြတ်စီးကျလာနေကြောင်းတွေ့လိုက်ရသည်။

မျက်နှာထက်မှာတင်ကျန်နေတဲ့သွေးစက်တွေကိုအကြမ်းပတမ်းပွတ်သတ်လိုက်သော်လည်း ထိုသွေးစက်တွေကပိုပျံ့သွားကာမပြောင်တာကြောင့် ရေပန်းအောက်သို့အမြန်သွားလိုက်ပြီးမျက်နှာအနှံ့ပြင်းပြင်းထန်ထန်ပွတ်တိုက်ဆေးကြောလိုက်တော့သည်။

ရှိုင်းရဲ့မျက်နှာအသားဟာနုတာမို့သူပွတ်တိုက်နေတဲ့အားအရှိန်ကြောင့်မျက်နှာလေးတစ်ခုလုံးမှာရစရာမရှိအောင်နီရဲတွတ်လာခဲ့ပေသည်။

သူသွေးတွေကိုဆေးကြောနေရင်းကြောက်ရွံ့ထိတ်လန့်ခဲ့ရသလိုဒေါသတွေလည်းထွက်လာရကာ ထိုစိတ်တို့ကသောင်းပြောင်းရောယှက်သွား၍ သူ၏နှလုံးစိုင်ကို အရှိန်တစ်ခုဖြင့်ဝင်တိုက်လာခဲ့တဲ့အခါမှာတော့ မျက်ရည်စက်လေးတွေသည် ဝမ်းနည်းနာကျင်မှုတို့နဲ့အတူပါးပြင်ထက်ဆီသို့စီးကျလာခဲ့ရသည်။

ကောင်လေးရဲ့ရှိုက်ငိုသံလေးတွေကရေကျသံတို့နောက်ကနေ ခပ်သဲ့သဲ့ထွက်ပေါ်လာခဲ့ရပေမယ့် ဘယ်သူကမှထိုပင့်ရှိုက်သံလေးတွေကိုမကြားနိုင်ခဲ့သလို နာကျင်ဆို့နစ်စရာကောင်းတဲ့ကောင်လေးရင်ထဲကခံစားချက်တွေကိုလည်းဘယ်သူကမှသိရှိနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

"သွေးတွေ....။ဘာလို့လဲ ။ဘာလို့လဲ!!"

တငိုငိုတရယ်ရယ်နဲ့အခန်းကျဥ်းလေးထဲမှာအော်ပြောလိုက်ရင်း
သူ့ရဲ့မျက်နှာလေးကိုရေများများနဲ့ထပ်ပြီးဆေးကြောလိုက်တဲ့အခါ နောက်ဆုံးသွေးတွေကပြောင်သွားခဲ့လေသည်။
သူ့ရဲ့မျက်နှာပေါ်မှာသွေးတွေမရှိတော့တာသေချာမှ အဝတ်အစားတွေကိုမြန်မြန်ပြန်ဝတ်လိုက်ပြီးနောက်အဆောင်ဆီသို့တဟုန်ထိုးပြန်ပြေးလာခဲ့လေ၏။

အခန်းထဲပြန်ရောက်ချိန်၌ကောင်လေးရဲ့ပခုံးပြင်နှစ်ဖက်ဟာ စိုးရွံ့ထိတ်လန့်မှုအပြည့်နဲ့တုန်ယင်နေခဲ့ပြီး ဖျော့တော့သေးသွယ်သောလက်ချောင်းလေးတွေဟာလည်းတဆတ်ဆတ်နဲ့တုန်ခါနေတာကြောင့် စိတ်ငြိမ်အောင် မျက်လုံး၂ဖက်ကိုတအောင့်မှိတ်ချထားလိုက်ရသည်။အသက်ဝအောင်ရှူသွင်းလိုက်ပြီးမှ သူ့အကိုပေးခဲ့တဲ့ဆေးဗူးလေး၂ဗူးကို လွယ်အိတ်ထဲကနေထုတ်လိုက်တော့သည်။

ဆေးဗူးတစ်လုံးထဲကနေဆေးတစ်လုံးစီထုတ်ယူလိုက်ပြီးနောက်သူအမြန်သောက်ချလိုက်တဲ့အခါဆေးလုံးလေး၂လုံးက သူ့ရဲ့လည်ချောင်းထဲ၌လျှောကျသွားပြီးတာတောင် သူ့ရဲ့ဝမ်းနည်းမှုတွေက မပြေပျောက်သွားသေးပေ။

ရေချိုးခန်းလေးထဲမှာရှိနေစဥ်၌သူ့ရဲ့လက်တွေထက်မှာ စွန်းပေနေတဲ့သွေးတွေကိုပြန်ပြင်ယောင်မိရင်း သူသိနေပြီးသားဖြစ်တဲ့ကံကြမ္မာတစ်ခုကသူ့ဆီမကြာမီရောက်လာတော့မည်ဆိုတာ သူသဘောပေါက်လိုက်ပြီမို့ နာရီလက်တံလေးတွေရွေ့လျားနေတာကိုကြည့်နေရင်း သူတိတ်တဆိတ်ကြောက်ရွံ့နေခဲ့ရသည်။

'ကျနော် သူ့အနားကထွက်မသွားချင်သေးဘူး။ကျေးဇူးပြုပြီး အချိန်နတ်ဘုရားရယ် ကျနော့်ရဲ့အချိန်တွေကို တစ်မိနစ်တစ်စက္ကန့်လောက်ဖြစ်ဖြစ်တုံ့နှေးပေးပါလား ...... '

ရှိုင်းကဆေးဘူးလေးများအားအဖုံးပြန်ပိတ်နေရင်းနဲ့ပြန်သိမ်းတော့မည့်အချိန်တွင်အခန်းတံခါးကရုတ်တရက်ပွင့်လာတာကြောင့် သူ့ရဲ့လက်တို့ကချွတ်ချော်သွားရကာဆေးဘူးလေးနှစ်ဘူးစလုံးပြုတ်ကျသွားတော့သည်။ဆေးဗူးတစ်ဗူးကကြမ်းပြင်နဲ့ထိခတ်သွားပြီးနောက် ခုန်သွားကာမင်းခန့်ထည်ခြေထောက်နားသို့လိမ့်သွားခဲ့သည်။

မင်းခန့်ထည်တစ်ယောက် အခန်းထဲခြေချလိုက်သည်နှင့်သူ့မျက်လုံးထဲကိုတိုးဝင်လာသည့်မြင်ကွင်းက ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ဆေးတောင့်တွေနဲ့ထိုဆေးတောင့်တွေကိုအပူတပြင်းလိုက်လံကောက်သိမ်းနေသည့်ကောင်လေးတစ်ယောက်ကိုပင်။

မင်းခန့်ထည်က ကြမ်းပြင်ထက်မှာပြန့်ကျဲနေတဲ့ဆေးတောင့်တွေကိုသေချာစိုက်ကြည့်လိုက်ပြီးနောက် သူ့ခြေထောက်နားကဆေးဗူးလေးအားကောက်ယူလိုက်ရင်း ရှိုင်းအားမေးလိုက်လေသည်။

"ဒါဘာဆေးတွေလဲ ညီ.... မင်း ဘယ်နားနေမကောင်းလို့လဲ"

"အကို့ကိစ္စမဟုတ်ပါဘူး"

ရှိုင်းရုတ်တရက်တုံ့ပြန်လာသောထိုစကားကမင်းခန့်ထည်ဆက်ပြောလာမယ့််စကားတွေကိုလည်ချောင်းဝမှာတင်ပျောက်ရှသွားစေကာသူ့ရဲ့ရင်အစုံကိုဓားနဲ့ထိုးစိုက်ခံလိုက်ရသလိုမျိုးနာကျင်သွားစေလေ၏။

"ရှိုင်းလေး အကို မင်းကိုပြောပြစရာတစ်ခုရှိတယ်"

"ကျနော်အခုနားမထောင်ချင်သေးဘူး"

ရှိုင်းကချက်ချင်းပင်ငြင်းဆန်လိုက်ပြီးနောက်ဆေးတောင့်များအားလိုက်ကောက်နေသည်။မင်းခန့်ထည်လည်းမျက်လွှာချလျက်တိတ်ဆိတ်သွားခဲ့ကာ ရှိုင်းရှေ့မှာခြေတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး ဆေးတောင့်များကိုကူကောက်ပေးလိုက်လေသည်။ ထို့နောက် ဆေးဘူးလေးအားကမ်းပေးလိုက်ရင်း ကောင်လေးရဲ့နီရဲနေတဲ့မျက်နှာလေးကိုငေးကြည့်နေလျက် စိုးရိမ်ပူပန်စွာဖြင့်ဆိုလာသည်။

"ညီ့ ဒဏ်ရာကတစ်ခုခုဖြစ်လို့လား??။အနာကနာလာလို့လား?
အဲ့ဒါကြောင့်ဆေးတွေသောက်နေတာလား?"

"ဘာမှမဖြစ်ဘူး"

ကောင်လေးက သူ့ကိုမကြည့်ဘဲတိုတိုတုတ်တုတ်သာပြန်ဖြေလာကာ သူကမ်းပေးတဲ့ဆေးဘူးလေးအားအမြန်ဆွဲယူလိုက်ပြီးနောက် စားပွဲအောက်ရှိအံဆွဲထဲသို့အလျင်အမြန်ထည့်သိမ်းလိုက်တော့သည်။

"ညီ အကိုအရေးကြီးပြောစရာရှိတယ်။
မင်းတကယ်ပဲနားမထောင်ချင်ဘူးလား"

ဟုသူထပ်မေးလိုက်တော့ရှိုင်းလေးက သူ့ကိုမျက်ဝန်းရဲရဲလေးနဲ့တစ်ချက်ပြန်ကြည့်လာပြီး ချက်ချင်းပဲကျောခိုင်းသွားကာ နံရံထက်မှာချိတ်ထားတဲ့ရှပ်အင်္ကျီအပါးလေးအားထပ်ဝတ်နေလေသည်။

သူလေးက အင်္ကျီဝတ်နေရင်းနဲ့ပဲပြန်ဖြေလာခဲ့သည်။

"တောင်းပန်ပါတယ်။ကျနော်အခုစိတ်တွေရှုပ်နေလို့ပါ။နောက်မှနားထောင်မယ်လေနော်။"

ထိုစကားတို့အဆုံးကောင်လေးက သူ့မျက်စိရှေ့မှာတင်အခန်းထဲကနေထွက်သွားခဲ့တာကိုမင်းခန့်ထည်တစ်ယောက်ရပ်ကြည့်နေရုံမှတစ်ပါးအခြားမတတ်နိုင်ခဲ့ပေ။

ကောင်လေးကသူ့စကားတွေကိုနားမထောင်ချင်သေးဘူးဟုဆိုလာတာကြောင့် ထိုကောင်လေးလိုလိုလားလားနဲ့နားထောင်ချင်တဲ့အချိန်ကျမှသာ သူ၏ခံစားချက်များအားဖြည်းဖြည်းချင်းနဲ့လေးလေးနက်နက်ဖွင့်ပြောပြဖို့ သူဆုံးဖြတ်လိုက်တော့သည်။

သူ့ဘက်ကစမှားထားတာကြောင့် အရင်အလောကြီးနေ၍မဖြစ်ဟူသောအတွေးများနှင့်တကွသူ့ကိုယ်သူပြန်နှစ်သိမ့်ထားလိုက်ပေမယ့် ထိုလူသားလေးကိုသူ့ရဲ့ရင်ခွင်ထဲမှာသိမ်းဆည်းထားချင်နေပြီဖြစ်တဲ့ပြင်းစွာသောပိုင်ဆိုင်လိုစိတ်တို့က သူရဲ့နှလုံးအိမ်ထဲမှာခံစားရခက်အောင်ထိုးဆွနေပေသည်။

"ကိုယ် မင်းကိုပြောပြစရာတွေ၊ဝန်ခံစရာတွေအများကြီးရှိတယ်ညီရဲ့ ...
မင်းလေးနားထောင်ချင်တဲ့အချိန်အထိ ကိုယ်စိတ်ရှည်ရှည်နဲ့စောင့်နေပါ့မယ်....
ဒါပေမယ့် ကလေး ကိုယ်မစောင့်နိုင်တော့ရင်ကော ကိုယ် ဘယ်လိုလုပ်ရမလဲ ...."

••••••••••••••••••••••••••••••••••••••••••••••••••

Englandရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့Cabinမြို့လေးတစ်နေရာတွင်Princess Alexandra of Kentဆိုတဲ့နှင်းဆီမျိုးစိတ်တစ်စိတ်ကိုပန်းပင်လယ်တမျှစိုက်ပျိုးထားတဲ့
ဧကများစွာကျယ်ဝန်းလှသောခြံဝန်းတစ်ခုရှိလေသည်။
ထိုခြံဝန်းရှေ့မှာ'Jackson Scott'ဆိုတဲ့ပိုင်ရှင်နာမည်ကိုထွင်းထားတဲ့သစ်သားဆိုင်းဘုတ်လေးတစ်ခုထောင်ထားပြီး  ခြံဝန်းအလယ်မှာတော့အထပ်သုံးထပ်ပါရှိတဲ့သစ်လုံးစံအိမ်တစ်လုံးကိုလက်ရာမြောက်စွာဆောက်လုပ်ထားသည်။

ခြံဝန်းတစ်လျှောက်ဖြတ်တိုက်လာတဲ့လေညှင်းလေးများက မွှေးရနံ့တို့သင်းပျံ့လှတဲ့ပန်းရနံ့လေးတွေကိုပွေ့ဖက်သယ်ဆောင်လာရင်း သစ်လုံးအိမ်လေး၏အပေါ်ဆုံးထပ်ဝရန်တာဆီသို့တသုန်သုန်ပက်ဖြန်းလို့နေသည်။

ပန်းရနံ့လေးတွေပျော်ဝင်နေတဲ့လေညှင်းလေးတွေနမ်းရှိုက်သွားသောလူသားတစ်ဦးရဲ့နှုတ်ခမ်းထောင့်စွန်းတို့ကအပေါ်ဘက်သို့ကွေးတက်နေခဲ့သော်လည်း သူ၏အပြုံးတို့က လေးလံမှိုင်းပျနေခဲ့ကာ အသက်မဝင်နေပေ။နှစ်သိမ့်အပြုံးတစ်ပွင့်အဖြစ် သိသိသာသာပေါ်လွင်လို့နေ၏။

တဟူးဟူးတိုက်နေတဲ့လေညှင်းလေးတွေကြားမှာ လူသားတစ်ယောက်ရဲ့နူးညံ့သြရှလှတဲ့အသံတစ်သံက တိုးညှင်းတဲ့လေပြေလေးတွေကိုဖြိုခွင်း၍ပျံ့နှံ့လာခဲ့သည်။

"ဒီပန်းခင်းကြီးကို ကျနော် မြင်ရရင်သိပ်ကောင်းမှာပဲလို့အမြဲတမ်းတွေးနေမိပေမယ့်
ဒီတစ်နေ့မှာတော့ကျနော်အဲ့လိုမတွေးမိတော့ဘူး"

"ဘာလို့ဆက်မတွေးမိတော့တာလဲ"

နူးညံ့သြရှတဲ့စကားသံတို့နဲ့ဆန့်ကျင်ဘက်ဖြစ်စွာ အေးစက်သြရှတဲ့စကားသံတို့ကအပြိုင်ထွက်ပေါ်လာခဲ့ကာ ရေသေမျက်ဝန်းတွေနဲ့ပန်းခင်းကြီးကိုမျှော်ကြည့်နေတဲ့လူသားတစ်ဦးရဲ့ဘေးမှာစူးရှအေးစက်တဲ့မျက်ဝန်းအကြည့်တို့နဲ့လူသားတစ်ဦးထပ်ရှိလေသည်။

"ကျနော်သာ ဒီလိုလှပတဲ့ပန်းချီကားချပ်လေးကိုမြင်နေရရင်တန်ဖိုးထားတတ်မှာမဟုတ်ဘူးလေ။
မမြင်ရတော့မျှော်လင့်ချက်နဲ့တန်ဖိုးထားတတ်လာတာပေါ့။အဲ့တာကပိုမကောင်းဘူးလား ကိုဆက်ယံ"

"အမ်း....လူ့ဘဝဆိုတာနေတတ်ရင်တော့ကျေနပ်စရာပေါ့"

ရှိုင်းဆက်ယံရဲ့အေးတိအေးစက်အသံနဲ့ထိုသို့ရေရွတ်သံကြားတော့ မျက်လုံးအကြည့်တို့ခဲသေနေတဲ့လူငယ်လေးက ငြင်သာစွာတစ်ချက်ရယ်မောလာခဲ့သည်။

"ဒါပေမယ့် ကျနော့်ဘဝကိုကျနော်မကျေနပ်နိုင်သေးဘူးဗျ  ကျနော် မထွက်သွားခင်လေးသူမကိုတွေ့ခွင့်ရချင်သေးတယ်....."

ထိုအခါရှိုင်းဆက်ယံရဲ့မျက်လုံးတွေကကျဥ်းမြောင်းသွား၍လူငယ်လေးစကားအတိုင်းသံယောင်လိုက်,လိုက်၏။
"သူမ"

"ဖြူလေ.......ကျနော်မရှိလဲ သူမပျော်ရွှင်နေနိုင်မှာပါ ဟုတ်တယ်မှတ်လား ကိုဆက်ယံ"

"သူမပျော်နေနိုင်မှာပါ"

ထိုလူငယ်လေးကလည်းလက်ခံသည့်နှယ်ခေါင်းငြိမ့်လာခဲ့သည်။

"ဒါနဲ့ အကို့ညီလေးလေ သူကော ကျနော့်လိုပဲဖြစ်လာမှာလား"

"သူ့အခြေအနေကခန့်မှန်းလို့မရသေးဘူး။သူအခုတလောတော့နေကောင်းနေတဲ့ပုံပဲ။"

"ကျနော့်ကိုစမ်းသပ်နေတဲ့ပရောဂျက်ကတကယ်လို့ မအောင်မြင်ခဲ့ရင်လေ
ကျနော်ကောအကို့ညီလေးကော နှစ်ယောက်စလုံးပျောက်ကွယ်သွားကြမှာလား??"

"....."

ရှိုင်းဆက်ယံထိုကောင်လေးရဲ့မေးခွန်းအားခွန်းတုံ့ပြန်လာခြင်းမရှိခဲ့ပေ။သူ့ရဲ့မျက်နှာထက်မှာအမူအရာတို့ကပျောက်ဆုံးနေခဲ့ကာအသက်ရှူသံတို့ကနှေးကွေးသွားရသည်။

"မဖြေလည်းရပါတယ်ဗျာ။ကျနော်လည်းမသိချင်ပါဘူး။
ဒီကမ္ဘာပေါ်ကနေ ကျနော်ပျောက်ကွယ်သွားတဲ့အချိန်တစ်ခုကိုရောက်လာခဲ့ရင် သူမဆီ ဒီ နှင်းဆီလေးတွေကိုဆက်ပို့ပေးပါလို့ ကျနော် အကို့ကိုတောင်းဆိုပါရစေ"

"မင်းဘယ်သူဆိုတာ နောက်ဆုံးအချိန်အထိမဖော်ပြတော့ဘူးလား"

"သူမ သိရင် သူမပိုပြီးဝမ်းနည်းနေရုံပဲရှိမှာပေါ့ ပြီးတော့ သူမ ကျနော့်ကိုလည်းခွင့်လွှတ်မှာမဟုတ်ဘူး"

"တကယ်လို့ သူမကမင်းကိုမေ့ပြီးမင်းနေရာမှာတခြားတစ်ယောက်ကိုအစားထိုးထားခဲ့ပြီဆိုရင်ကော မင်းအသက်ဆက်ရှင်ဖို့ငြင်းဆန်နေဦးမှာပဲလား"

"ဒါတော့ ကျနော့်ကိုမေးခွန်းသတ်လိုက်တာပေါ့လေဟုတ်လား ကိုဆက်ယံ"

"မင်းမဖြေချင်ရင်လည်းရပါတယ် သျှားထက်မောင်ရ။ငါ မင်းအဖြေကိုသိပြီးသား.."

ထိုသို့ဆိုလိုက်ပြီးတဲ့အခါ ရှိုင်းဆက်ယံနှင့်အတူ သျှားထက်မောင်ပါလိုက်ရယ်မောမိလေသည်။

"ကိုဆက်ယံက မေးတတ်တယ်နော်။
အမှန်အတိုင်းဝန်ခံရရင် ကျနော်တကယ်စိတ်မကောင်းဖြစ်မိမှာပဲ။
ကျနော်ချစ်ရတဲ့သူမလေးကိုတခြားတစ်ယောက်နဲ့အတူတူမြင်ရဖို့ဆိုတာမလွယ်ကူဘူးဗျ။မလွယ်ကူပေမယ့်လည်း ကျနော်အခုမမြင်ရတော့ဘူးဆိုတော့ ပိုကောင်းသွားတာပေါ့ မဟုတ်ဘူးလား?"

"ငါ မနက်ဖြန် ဟိုဘက်ကိုဆင်းမယ်။မင်းလိုက်ခဲ့ပါလား သျှား"

"ကျနော့်လို မျက်မမြင်တစ်ယောက်က ကိုဆက်ယံကိုဒုက္ခမပေးချင်ပါဘူးဗျာ"
ဟုခပ်ဖွဖွရယ်လျက် သျှားထက်မောင်ကငြင်းဆန်လာကာ ထိုနေရာကနေ ရှောင်ထွက်သွားရန် သူ၏တုတ်ကောက်လေးအား လက်ဖျားလေးဖြင့်စမ်းလိုက်လေသည်။

"တကယ်ကို နောက်ဆုံးအနေနဲ့ သဘောထားရင်ကော........"

ဆက်ယံကထိုစကားတို့ကိုဆက်ပြောလာလေသော် သျှားရဲ့လက်ကလေးများက တုတ်ကောက်လေးဆီမရောက်ခင် လေထုထဲမှာတင်ရပ်တန့်သွားခဲ့ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး၌ တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ကြီးစိုးသွားခဲ့၍ တိုက်ခတ်လာတဲ့လေညှင်းတို့လည်းထွက်ပြေးပျောက်ကွယ်လို့သွားပြီဖြစ်ကာ သျှားရဲ့သက်ပြင်းချသံသဲ့သဲ့လေးသည်သာ ထိုနေရာ၌ကျန်ရှိပျံ့လွင့်နေခဲ့သည်။

သျှားက သူခေါ်တိုင်းအမြန်တမ်းပြန်လိုက်ခဲ့ဖို့ငြင်းဆန်နေခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ ဆက်ယံဟာ သျှားကိုအရခေါ်သွားချင်မိသည်။

ကံမကောင်းအကြောင်းမလှစွာချွတ်ချော်မှုတစ်စုံတစ်ရာဖြစ်သွားခဲ့ပါလျှင် သူ ဒီလူငယ်လေးကိုစိတ်ဖြောင့်ဖြောင့်ဖြင့်သာလွှတ်ပေးလိုက်ချင်သည်။

သျှားအလိုချင်ဆုံးသောဆန္ဒကိုအချိန်ရှိတုန်းလေး သူဖြည့်ဆည်းပေးချင်ခဲ့ပြီး ဒါဟာ သူ အတိတ်တစ်ချိန်က ဒီကောင်လေးအပေါ်တစ်ကိုယ်ကောင်းဆန်ခဲ့မှုအတွက်ပြန်ပေးဆပ်ခြင်းတစ်မျိုးဟုလည်းသတ်မှတ်နိုင်ပေသည်။

"နောက်ဆုံးဆိုတဲ့.......
စကားလုံးလေးက၂လုံးထဲပေမယ့်ကြားရတာတော့ စိတ်မကောင်းဖြစ်စရာပဲဗျာ...."

သျှားထက်မောင်ကခပ်လွင်လွင်လေးရယ်လျက်ဆိုလာပြီးနောက်တတောက်တောက်မြည်တဲ့တုတ်ကောက်သံလေးနဲ့အတူထိုနေရာကနေဖြည်းညင်းစွာလျှောက်ထွက်သွားတော့လေသည်။

"ကောင်းပါပြီ ကျနော်လိုက်ခဲ့ပါ့မယ် .... "

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💛

Love you all my readers (∩´∀'∩)💕

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း (၃၀) - Last Time

Zawgyi

[အခ်စ္ကို႐ွာေဖြေဖာ္ထုတ္ျခင္း ]

႐ိႈင္းေဇယံကိုေဆး႐ုံတင္လိုက္ရၿပီးတဲ့အခ်ိန္ကစ မင္းခန္႔ထည္ဟာ ေျခလွမ္း ၂၀ေလာက္အကြာကေန၍ ေကာင္ေလးေနာက္သို႔အခ်ိန္တိုင္းတေကာက္ေကာက္လိုက္ေနခဲ့႐ွာသည္။

ထိုအခ်င္းအရာကို႐ိႈင္းေဇယံကသတိမထားမိခဲ့ကာ ေန႔စဥ္အတန္းတက္ၿမဲတက္ေနဆဲျဖစ္ၿပီး Canteenသြားတဲ့အခ်ိန္ဆို ကလ်ာတို႔သုံးေယာက္နဲ႔အတူတူသြားသည္။႐ိႈင္းအတန္းတက္ေနတဲ့အခ်ိန္ဆိုလည္းမင္းခန္႔ထည္ကအခန္းေ႐ွ႕မွာသုံးေခါက္နီးပါးေလာက္ျဖတ္ေလွ်ာက္ေလ့႐ွိရာ  ႐ိႈင္း Canteenေရာက္တဲ့အခါတြင္လည္း ေကာင္ေလးထိုင္တဲ့ဆိုင္နဲ႔ေဘးခ်င္းကပ္လ်က္ဆိုင္၌ဝင္ထိုင္ၿပီး ေကာင္ေလးရဲ႕အမူအရာေသးေသးေလးကအစအလြတ္မခံခဲ့ေပ။

႐ိႈင္းေဇယံက ေန႔တဒူဝကိစၥေတြကို ပုံမွန္အတိုင္းလုပ္ေဆာင္ေနၿမဲပင္ျဖစ္ကာမင္းခန္႔ထည္အားသူ႕ေနာက္လိုက္တဲ့ကိစၥနဲ႔ပက္သတ္ၿပီး
တစ္ခြန္းတစ္ပါဒမွ်ေမးျမန္းလာခဲ့ျခင္းမ႐ွိေပ။

သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာအရင္ရက္ေတြတုန္းကထက္အနည္းငယ္စိမ္းသက္သြားရေသာ္လည္းေန႔စဥ္အေခၚအေျပာေတာ့႐ွိခဲ့သည္။
၂ေယာက္သားမ်က္ႏွာခ်င္းဆိုင္ျဖစ္ရင္အနည္းငယ္႐ိႈးတိုး႐ွန္႔တန္႔ျဖစ္သြားရတဲ့စိတ္အိုက္စရာခံစားခ်က္တို႔ကလြဲလွ်င္အရာအားလုံးကပုံမွန္အတိုင္းဆက္သြားေနၿမဲပင္။

ေနမင္းႀကီးကအေ႐ွ႕အရပ္ကေနျမင့္တက္လာၿပီးအေနာက္အရပ္ကိုယြင္းသြားတဲ့အခါ ေကာင္ေလး၂ေယာက္ၾကားကအကြာအေဝးတို႔ဟာလည္း တစ္ခန္းတည္းအတူတူ႐ွိေနၾကေပမယ့္လို႔ တိုးညႇင္းတိတ္ဆိတ္စြာျဖင့္တစ္စထက္တစ္စေဝးကြာေနလ်က္႐ွိသည္။

႐ိႈင္းေဇယံကသာ မင္းခန္႔ထည္ရဲ႕ stalking planေတြကိုသတိမထားမိခဲ့ေပမယ့္ ထိုလူသားရဲ႕မူမမွန္တဲ့ေျခလွမ္းေတြကိုသတိထားေစာင့္ၾကည့္ေနတဲ့သူႏွစ္ဦးေတာ့႐ွိခဲ့သည္။

မင္းခန္႔ထည္ဟာအခုတေလာအတန္းထဲမွာမ႐ွိသေလာက္ျဖစ္ၿပီး လစ္ေျပးေနတာမ်ားတာေၾကာင့္ မင္းစက္အတန္းလစ္တဲ့စံခ်ိန္ကိုေတာင္Roll4ႀကီးမင္းခန္႔ထည္ကခ်ိဳးသြားခဲ့တာမို႔ မင္းစက္တစ္ေယာက္ အခန္းထဲ၌ကပ္ထားတဲ့Roll callမွတ္တမ္းကိုမ်က္လုံး၂ဖက္ကြၽတ္က်ေတာ့မတတ္ျပဴးၾကည့္လိုက္ေပေတာ့သည္။

သူ႕ခမ်ာပါးစပ္အေဟာင္းသားနဲ႔လုံးဝဇေဝဇဝါျဖစ္ေနရ႐ွာ၏။
ဒါကတကယ္ကိုေႏြေခါင္ေခါင္ႀကီးမိုးႀကိဳးပစ္ခ်လိုက္တာပဲ။

မင္းစက္နဲ႔ Game ေဆာ့ေဖာ္ေဆာ့ဖက္ေတြျဖစ္တဲ့First yearဘက္ကဂ်ဴနီယာေတြေတာ္ေတာ္မ်ားမ်ားကလည္းမင္းခန္႔ထည္နဲ႔ပက္သတ္ၿပီးသူ႕အားေမးျမန္းလာၾကေလသည္။

"အကိုမင္းခန္းထည္ကအမျဖဴစင္ေသာ္နဲ႔ျပတ္သြားလို႔First yearဘက္ကဂ်ဴနီယာညီမေလးတစ္ေယာက္ကိုလိုက္ေနတာလား" ဟူ၍။ ထိုစကားၾကားေတာ့မင္းစက္ရဲ႕ေမး႐ိုးႀကီးေတာင္ျပဳတ္က်သြားလုဆဲဆဲပင္။

First yearေတြ႕ေ႐ွ႕မွာအၿမဲတမ္းမာနတစ္ခြဲသားနဲ႔ေနတတ္တဲ့သူလိုေကာင္မ်ိဳးကကေလးေတြဆီကေနဒီလိုမ်ိဳးအေမးခံရေအာင္ဘယ္ေလာက္ေတာင္ေျခခ်င္းလိမ္ေနသလဲဆိုတာကို မင္းစက္တစ္ေယာက္၂ရက္ေလာက္ေစာင့္ၾကည့္ၿပီးတဲ့ေနာက္မွာလက္ဖ်ားခါသြားေတာ့ေလသည္။

"တစ္ခုခုထူးဆန္းေနသလို မခံစားရဘူးလားအလင္း"

"အင္း"

ဟန္လင္းထက္က C Chordလက္ကြက္ကိုတီးလိုက္ရင္းေခါင္းၿငိမ့္ကာျပန္ေျဖလာသည္။

ထိုစဥ္ မင္းခန္႔ထည္ကမ်က္ႏွာခ်င္းဆိုင္ဒုတိယထပ္ကေနဆင္းလာကာ အေပၚဘက္ဝရံတာနားမွာ႐ွိေနတဲ့သူတို႔ကိုမျမင္ဘဲ သူတို႔ေအာက္ဘက္က First yearဘက္ျခမ္းေပါက္တဲ့စႀကႍလမ္းအတိုင္းေလွ်ာက္သြားတာကို မင္းစက္ကလိုက္ၾကည့္ေနလိုက္သည္။

ထို႔ေနာက္စုတ္သပ္လိုက္ရင္းထိုဝရံတာထက္မွာခ်ထားတဲ့သစ္သားခုံေပၚ၌ဂီတာတီးေနတဲ့ဟန္လင္းထက္ကိုလွည့္ၾကည့္လ်က္ဆိုလာသည္။

"အလင္း ငါတို႔ေမးၾကည့္ၾကရင္ေကာင္းမယ္ထင္တယ္"

"ဘာကိုလဲ?"

"သူတို႔ႏွစ္ေယာက္အေၾကာင္း"

"ကိုစက္ပဲေမးပါ။က်ေနာ္႕အေနနဲ႔ေတာ့ေမးလို႔မေကာင္းဘူး"

ဟန္လင္းထက္ကထိုသို႔ဆိုလာရင္း သူ႕ရဲ႕ႏႈတ္ခမ္းေလးကိုမဲ့ျပလာတာေၾကာင့္ မင္းစက္ကခုံေတြ႐ွိရာဆီသို႔ေလွ်ာက္လာလိုက္ရင္းေမးလာခဲ့သည္။

"ဘာလို႔လဲ"

"ဒီလိုပါပဲ။ကိုစက္သူငယ္ခ်င္း အဲ့လူကက်ေနာ္႕ကိုသိပ္ၾကည့္လို႔မွမရတာ"

ထိုအခါမင္းစက္ကေအာ္ရယ္လာကာ ဟန္လင္းထက္ရဲ႕ေ႐ႊေရာင္ဆံပင္ေလးေတြကိုထိုးဖြလိုက္ေတာ့သည္။

"ၾကည့္လို႔မရရင္ ငါတို႔ႏွစ္ေယာက္ၾကားကကိစၥကိုသူဝင္ျဖန္ေျဖေပးမွာမဟုတ္ဘူးေလကြာ"

သူ႕ရဲ႕ထိုစကားကိုၾကားေတာ့ေကာင္ေလးရဲ႕မ်က္ခုံးႏွစ္ဖက္ကတမဟုတ္ခ်င္းစုၾကဳံ႕သြားရေလ၏။

"ျဖန္ေျဖတယ္?"

"အင္း မင္းအေပၚမွာ႐ွိတဲ့အကို႔ခံစားခ်က္ေတြကိုနားလည္ေအာင္ မင္းခန္႔ကပဲအၾကံေပး႐ွင္းျပခဲ့တာ။အကို႔အတြက္ေနာင္တရေအာင္မလုပ္မိဖို႔ မင္းခန္႔ကိုယ္တိုင္ကပဲသတိေပးခဲ့တာ။"

ဟုေသခ်ာ႐ွင္းျပလိုက္ရင္းေကာင္ေလးရဲ႕တြန္႔ၾကဳတ္ေနတဲ့မ်က္ခုံး႐ိုးေလးေတြကိုေျပေလ်ာ့သြားေအာင္ ခပ္ဖြဖြေလးႏွိပ္နယ္ေပးေနခဲ့သည္။

"အဲ့လူက?"

"အင္း။အလင္းေျပာတဲ့အဲ့လူက အလင္းနဲ႔အကို႔အတြက္အေျဖ႐ွာေပးခဲ့တာ"

"သူက Gayေတြကိုမုန္းတယ္မဟုတ္ဘူးလား။
က်ေနာ္တို႔ကိုလည္းသူမမုန္းႏိုင္ဘူးလို႔ အတပ္မွမေျပာႏိုင္တာ"

"မင္းခန္႔က အလင္းထင္သလို Gayေတြကိုမုန္းေနတဲ့လူတစ္ေယာက္မဟုတ္ပါဘူး။
အဲ့တာေတာ့အကိုေသခ်ာသိတယ္"

ထိုစကားေၾကာင့္ဟန္လင္းထက္ကအနည္းငယ္ငိုင္သြားကာေတြေဝသြားၿပီးေနာက္ မင္းစက္ဘက္လွည့္ၾကည့္လာလ်က္မ်က္ခုံးေလးတစ္ဖက္ကိုပင့္ျပလိုက္ရင္းက်ီစယ္လာ၏။

"ဒါဆို ကိုစက္က်ေနာ္႕ကိုအရမ္းခ်စ္လားဆိုတာေကာ ကိုစက္ေသခ်ာသိရဲ႕လား?"

"အယ္...."

အေျဖစကားေလးေျပာဖို႔ဖြင့္ဟလာတဲ့သူ႕ႏႈတ္ခမ္းေတြဟာျပန္ေစ့ပိတ္သြားကာ ႐ွက္႐ြံ႕စြာတြန္႔ေကြးသြားရ၏။

'ဒီငဆိုးေလးကေတာ့ငါ့ကိုလူလည္က်ျပန္ၿပီ'

"ေတာ္ၿပီ အတန္းတက္မလား။ဟို stalkerႀကီးကိုဖမ္းမလား" ဆိုေတာ့ လူဆိုးေလးဟန္လင္းထက္က လက္ထဲကဂီတာကိုဂီတာအိတ္ထဲျပန္ထည့္လိုက္ရင္းခပ္ျပဳံးျပဳံးဆိုလာသည္။

"အတန္းတက္တာကပ်င္းဖိိဳ႕ေကာင္းတယ္။ေသခ်ာေပါက္ကိုစက္ေနာက္ပဲလိုက္မွာေပါ့"

"Ok"

မင္းစက္ကလက္မေလးနဲ႔လက္ညိႇဳးေလးအားထိစပ္ေကြးလိုက္ရင္းသေဘာတူလာၿပီးေနာက္ ေလွကားေပၚကေနေျပးဆင္းသြားကာ မင္းခန္႔ထည္ေနာက္သို႔တခ်ိဳးတည္းေျပးလိုက္သြားေတာ့ေလသည္။

"ဒါနဲ႔ ကိုစက္ က်ေနာ္႕ေမးခြန္းကိုမေျဖရေသးဘူးေလ"

ဂီတာအိတ္ေလးလြယ္လ်က္အေနာက္၌က်န္ရစ္ခဲ့ရေသာဟန္လင္းထက္မွာေတာ့ ေျပးဆင္းသြားေသာေက်ာျပင္ေလးကိုၾကည့္ေနရင္း သူ႕ရဲ႕မ်က္ႏွာထက္မွာလွပေသာအျပဳံးတစ္ပြင့္ကိုခ်ိတ္ဆြဲလို႔ထားလ်က္တစ္ေယာက္ေသာသူေနာက္သို႔အျမန္လိုက္သြားရေလ၏။

••••••••••••••••••••••••••••••••••••••••••••••••••

သုံးထပ္ေဆာင္ေအာက္ဆုံးထပ္႐ွိFirst yearစာသင္ခန္းေတြဘက္မေရာက္ခင္စပ္ၾကားေနရာျဖစ္တဲ့ေလွကားတစ္ခုေ႐ွ႕၌ သူ႕ရဲ႕လြယ္အိတ္ႀကိဳးကိုအေနာက္ကေနတစ္စုံတစ္ေယာက္ကေဆာင့္ဆြဲလိုက္တာေၾကာင့္ မင္းခန္႔ထည္ရဲ႕ေျခလွမ္းေတြကတုံ႔ခနဲရပ္သြားရၿပီး ခပ္စူးစူးအၾကည္္႕တစ္စုံအားအေနာက္ဘက္သို႔ပို႔လႊတ္လိုက္ေတာ့သည္။

သူ႕ရဲ႕ပခုံးတစ္ဖက္ကိုခပ္သာသာပုတ္လိုက္ရင္းမင္းစက္ကအေနာက္ကေနေလွ်ာက္ထြက္လာကာ ဆရာႀကီးအထာႏွင့္ဆိုလာ၏။

"မင္းခန္႔ထည္ ဟိတ္ေကာင္ မင္းေျခလွမ္းေတြကိုေတာ္ေလာက္ၿပီကြ။
First yearဘက္က မင္းကိုေခ်ာင္းမ႐ိုက္ခင္ေတာ္လိုက္ေတာ့..."

လြယ္အိတ္ႀကိဳးကိုပခုံးေပၚျပန္ပင့္တင္လိုက္ရင္းမင္းခန္႔ထည္က မင္းစက္အားခပ္ေစာင္းေစာင္းေပၾကည့္လာေလသည္။

"ဘယ္သူကလဲ ငါ့ကိုေခ်ာင္း႐ိုက္ရဲတယ္ေပါ့!!!"

ေအးစက္စက္တစ္ခ်က္ရယ္လ်က္စကားကိုတုတ္ထိုးအိုးေပါက္ေရ႐ြတ္လာစဥ္သူ၏မ်က္ႏွာကအေနာက္ေရာင္တိမ္တိုက္တို႔အုပ္မိုးထားသည့္ပမာ မႈန္ကုတ္သုန္မႈန္ေနေပသည္။

ထို႔ေနာက္မင္းစက္ကမင္းခန္႔ထည္အားသူတို႔ႏွစ္ေယာက္စကားေျပာေနက်ေနရာျဖစ္ေသာေက်ာင္းသားေရးရာ၏အေနာက္ဘက္က်တဲ့ေနရာတစ္ခုသို႔ဆြဲေခၚလာေတာ့ေလသည္။ထိုအေနာက္ဘက္အေဆာင္၌ Petroleum Major ရဲ႕ ဌာနတစ္ခုသာ႐ွိကာ လူေျခတိတ္တာေၾကာင့္စကားေကာင္းေကာင္းေျပာဖို႔သင့္ေတာ္ေလသည္။

သို႔ရာတြင္ ထိုေနရာသို႔ဂီတာအိတ္လြယ္ထားတဲ့ဟန္လင္းထက္ပါလိုက္ပါလာျခင္းေၾကာင့္ မင္းခန္႔ထည္က စကားေျပာဖို႔အတင္းျငင္းဆန္ေနကာထြက္သြားမည္တကဲကဲလုပ္ေနသည္။ထို႔ေၾကာင့္ မင္းစက္က ထိုေကာင္ႀကီးအားမရမကျပန္ဆြဲထားကာ သူ႕အတြက္စစ္ကူျဖစ္တဲ့ဟန္လင္းထက္ကိုပါေခၚထားတာေၾကာင့္ သူ႕အား ထ႐ိုက္လာမွာကိုလည္းစိုးရိမ္ေနစရာမလိုေပ။

"ငါ့ကိုေျပာစမ္းပါ.. မင္းနဲ႔ညီေလး႐ိႈင္းေဇယံဘာျဖစ္ထားၾကတာလဲဆိုတာ"

"ဘာျဖစ္လို႔ဘဲ။ဘာမွမျဖစ္ဘူး"

မင္းခန္႔ထည္ကေခါင္းမာစြာျငင္းဆန္လာၿပီးေနာက္ ေလွကားထစ္ေလးေပၚထိုင္ခ်လိုက္တဲ့အခါ မင္းစက္လည္းသူ႕ေဘးနား၌အေျပးဝင္ထိုင္လာေလသည္။ဟန္လင္းထက္ကေတာ့နံရံတစ္ခုေပၚ၌မွီလ်က္မတ္တပ္ရပ္ေနကာ သူတို႔ဘက္ကိုေသခ်ာၾကည့္ေန၏။

"ဘာမွမျဖစ္ဘူးဆိုရင္ မင္းသူ႕ေနာက္ကေနအခုလိုခိုးေၾကာင္ခိုးဝွက္လိုက္ေနစရာအေၾကာင္းကိုမ႐ွိတာ။အရင္လို သူ႕ပုခုံးေလးဖက္ၿပီးေတာ့သြားေနမွာေပါ့မဟုတ္ဘူးလား"

"မင္းငါတို႔ႏွစ္ေယာက္ကိုဘယ္အခ်ိန္ထဲကေခ်ာင္းေနတာလဲ??"

"ငါေျပာေနတာငါေခ်ာင္းတဲ့ကိစၥမဟုတ္ဘူး။မင္းနဲ႔႐ိႈင္းေဇယံရဲ႕ကိစၥ"

"မေျပာဘူး"

မင္းခန္႔ထည္ကထိုသို႔တထစ္ခ်ျငင္းဆိုလာျပန္တာေၾကာင့္သူတို႔နဲ႔မလွမ္းမကမ္းမွာရပ္ေနတဲ့ဟန္လင္းထက္ကထိုေနရာကေနလွည့္ထြက္သြားရန္ျပင္လိုက္သည္။

"ထြက္သြားစရာမလိုဘူး။ငါမေျပာခ်င္တာမင္းေၾကာင့္မဟုတ္ဘူး"

သူ႕ရဲ႕ေျခလွမ္းတို႔မလွမ္းရေသးခင္မွာပင္မင္းခန္႔ထည္ေျပာလာတဲ့တားျမစ္သံကိုၾကားလိုက္ရတာေၾကာင့္ သူျပန္လွည့္ၾကည့္လိုက္ေတာ့သည္။

မင္းခန္႔ထည္ကိုယ္တိုင္ကိုက 'ထြက္သြားစရာမလိုဘူး'ဟု ေျပာလာတာေၾကာင့္ဟန္လင္းထက္လည္းထြက္သြားမည့္အစီအစဥ္ကိုလက္ေလွ်ာ့လိုက္ကာ မင္းစက္ေဘး၌ဝင္ထိုင္လာခဲ့သည္။

ထို႔ေနာက္မင္းစက္ကဆက္ေမးလာေလ၏။

"ဘာလို႔မေျပာခ်င္ရတာလဲ"

"..."

မင္းခန္႔ထည္က တုပ္တုပ္မွ်မလႈပ္လာတဲ့အျပင္ကို ဘာမွဆက္ေျပာမလာတာေၾကာင့္မင္းစက္တစ္ေယာက္အသဲယားလာရေလသည္။သူစိတ္႐ွိလက္႐ွိျဖင့္သူ႕သူငယ္ခ်င္းႀကီးအားကိုင္ေပါက္လိုက္ခ်င္စိတ္တို႔ကတစ္ဖြားဖြား။သို႔ေသာ္မလုပ္ရဲသည္ကခက္ေနတာေၾကာင့္ယားေနေသာလက္မ်ားအား တင္းတင္းလိမ္ထားရသည္။

"႐ိႈင္းေဇယံက ခမ်ားကိုခ်စ္ေနတယ္တဲ့လား?"

႐ုတ္တရက္ပ်ံ႕လြင့္လာတဲ့ဟန္လင္းထက္ရဲ႕အေမးစကားေၾကာင့္ ထို၂ေယာက္ၾကား၌ထိုင္ေနတဲ့မင္းစက္ရဲ႕မ်က္ႏွာထက္မွာမခ်ိျပဳံးေလးေပၚလာခဲ့ကာ ေလွကားတစ္ထစ္ေလွ်ာ၍ေအာက္သို႔ဆင္းထိုင္လိုက္ေတာ့သည္။

ထိုသို႔ေသာေမးခြန္းမ်ိဳးက အေျဖာင့္ႀကီးျဖစ္တဲ့ မင္းခန္႔ထည္ရဲ႕ေဒါသအိုးကို႐ိုက္ခြဲလိုက္တဲ့စကားမ်ိဳးျဖစ္တာေတာင္ မင္းခန္႔ထည္ကေဒါသတႀကီးတုံ႔ျပန္မလာတဲ့အျပင္ကို ခုနတုန္းကထက္ပိုလို႔ေတာင္တိတ္ဆိတ္သြားသည္ကိုႏွစ္ေယာက္စလုံးသတိထားမိလိုက္ၾကသည္။

'မျဖစ္ႏိုင္လိုက္တာ။တကယ္ႀကီးလား ႐ိႈင္းေရ!!'
မင္းစက္ စိတ္လႈပ္႐ွားစြာတံေတြးၿမိဳခ်ရင္းစိတ္ထဲ၌ႀကိတ္ကာေအာ္ဟစ္လိုက္ေခ်သည္။
ဟန္လင္းထက္ကေတာ့ထိုသို႔ေသာတုံ႔ျပန္မႈကိုျမင္ၿပီးေနာက္ ႏႈတ္ခမ္းေတြကိုေျခာက္ကပ္ကပ္ႏိုင္စြာတြန္႔ခ်ိဳးလိုက္သည္။

"တိတ္ဆိတ္ျခင္းကဝန္ခံျခင္းပဲတဲ့။ခမ်ားမေျဖရင္ေတာင္က်ေနာ္တို႔သေဘာေပါက္ပါတယ္"

"မင္း ဘယ္လိုသိတာလဲ??"

"ရိပ္မိေနခဲ့တာေတာ့ၾကာၿပီ။ေဆး႐ုံမွာေတြ႕လိုက္ရတဲ့ ခမ်ားတို႔ႏွစ္ေယာက္ရဲ႕အမူအရာေတြေၾကာင့္ပိုေသခ်ာသြားတာ"

ဟန္လင္းထက္နဲ႔မင္းစက္တို႔ရဲ႕ပူးပူးကပ္ကပ္အေနအထားကို႐ိႈင္းေဇယံကရိပ္မိခဲ့သလို သူတို႔ႏွစ္ေယာက္ရဲ႕မူမမွန္တဲ့အျပဳအမူေတြကိုလည္းဟန္လင္းထက္က ရိပ္မိေနၿပီးသတိထားၾကည့္ေနခဲ့သည္မွာၾကာခဲ့ၿပီျဖစ္သည္။

မင္းခန္႔ထည္ႏွင့္႐ိႈင္းေဇယံဆိုတဲ့ထို၂ေယာက္က သူတို႔ႏွစ္ေယာက္ထက္ပို၍တပူးပူးတတြဲတြဲျဖစ္ေနသည္ကိုကာယကံ႐ွင္ေတြကသာမသိိခဲ့ေပမယ့္လို႔ ေဘးကေနရပ္ၾကည့္ေနတဲ့ သူလိုပြဲၾကည့္ပရိသတ္ကေတာ့ကြင္းကြင္းကြက္ကြက္ကိုျမင္ေနရေလသည္။

ထိုလူရဲ႕ဂ႐ုစိုက္မႈေတြက႐ိႈင္းေဇယံအေပၚမွာဆိုအလြန္ပိုလြန္းေနသည္။အခန္းေဖာ္ဂ်ဴနီယာတစ္ေယာက္အေပၚေစာင့္ေ႐ွာက္ေနတာနဲ႔မတူဘဲ သူ၏ခ်စ္သူတစ္ေယာက္အားေစာင့္ေ႐ွာက္ေပးေနတာနဲ႔ပိုတူေနတာေၾကာင့္ သူအခ်ိန္တစ္ခုၾကာတဲ့အထိ တိုးတိုးတိတ္တိတ္ေစာင့္ၾကည့္ေနခဲ့ကာ သူေကာက္ခ်က္ေတာ့မခ်ႏိုင္ခဲ့ေပ။ဘာလို႔လဲဆိုေတာ့  Gayမုန္းတီးေရးဝါဒကိုဆြဲကိုင္ထားတဲ့ထိုလူက သူ႕အေတြးေတြကိုမျဖစ္ႏိုင္ဘူးဆို၍ဖ်က္ဆီးေနခဲ့တာေၾကာင့္ပင္။

သူ႕အတြက္အားရစရာေကာင္းတဲ့ကိစၥတစ္ခု႐ွိခဲ့သည္။အဲ့တာဘာလဲဆို ထိုလူကိုသူ႕ခ်စ္သူနဲ႔ယွဥ္တြဲမေတြ႕ရဘဲ ႐ိႈင္းေဇယံနဲ႔သာအခ်ိန္တိုင္းတြဲျမင္ေနရျခင္းေပ။ဒါကသက္သက္ကိစၥတစ္ခုေပမို႔ထားလိုက္ပါေတာ့ေလ။

သူဆက္ေျပာရမယ္ဆိုလွ်င္႐ိႈင္းေဇယံဘက္ကထိုလူဘက္ထက္ခန္႔မွန္းရပိုလြယ္သည္။သူစစရိပ္မိခဲ့တဲ့ကိစၥတစ္ခုက ႐ိႈင္းေဇယံကသူ႕ဝါသနာနဲ႔ထပ္တူက်တဲ့ေမဂ်ာကိုမေ႐ြးခ်ယ္ဘဲ MCကိုေျပာင္းလိုက္တဲ့ကိစၥကေနစတင္ခဲ့ကာ ထိုကိစၥဟာ လုံးဝသဘာဝက်မေနမွန္း သူသိေနခဲ့သည္။

အဲ့တာေၾကာင့္ အေၾကာင္းျပခ်က္ကဘာေၾကာင့္လဲဆိုတာကို သူ႐ိႈင္းေဇယံအားေမးၾကည့္ဖူးေသာ္လည္း ႐ိႈင္းေဇယံကေျဖဖို႔မႀကိဳးစားလာဘဲသူ႕စကားေတြကိုျပန္ကစားသြားခဲ့တာေၾကာင့္ တစ္စုံတစ္ရာကိုလိမ္ဖို႔ႀကိဳးစားေနမွန္းလည္း သူလုံးဝရိပ္မိေလသည္။

ထိုေန႔ကထမင္းစားေဆာင္တြင္ေလးေယာက္သားထမင္းစုစားခ်ိန္၌ သူျမင္ခဲ့ရတဲ့ ႐ိႈင္းေဇယံရဲ႕မ်က္ဝန္းေတြကေတာ့သူ႕အားမလိမ္ညာႏိုင္ခဲ့ေပ။

ၿပီးေတာ့ေဆး႐ုံမွာ တစ္စုံတစ္ေယာက္ကိုေမွ်ာ္ကိုးေနတဲ့ ႐ိႈင္းေဇယံရဲ႕မ်က္ဝန္းေတြက တစ္ခ်ိန္ကျဖစ္တည္ခဲ့ဖူးတဲ့သူ႕ရဲ႕မ်က္ဝန္းေတြနဲ႔တစ္ထပ္တည္းထပ္တူက်ေနတာေၾကာင့္ သူျငင္းဆန္ခ်င္ရင္ေတာင္ သူ႕ရဲ႕အသိဥာဏ္တို႔ကသူသိလိုက္ရတဲ့အေျဖအေပၚျငင္းဆန္ခြင့္မေပးေပ။ ႐ိႈင္းေဇယံကထိုလူအေပၚအမွန္တကယ္ကိုခံစားခ်က္ေတြ႐ွိေနခဲ့ေလ၏။

ဒါဆိုဟိုလူကေကာ ?

ထိုလူရဲ႕အၾကည့္ေတြ၊ဂ႐ုစိုက္မႈေတြက႐ိႈင္းေဇယံအေပၚမွာသာမန္ထက္လြန္ကြဲစြာအသက္ဝင္နက္႐ိႈင္းေနခဲ့တာေတာ့မွန္ေပမယ့္တစ္ခါတစ္ေလက်ျပန္ေတာ့လည္းထိုလူကပါးနပ္စြာကြယ္ဝွက္ထိန္းခ်ဳပ္ထားျပန္သည္။

ဒါေပမယ့္လူတစ္ေယာက္က သူ႕ရဲ႕ခံစားခ်က္ေတြကိုဘယ္ေလာက္ထိၾကာေအာင္သိုဝွက္ထိန္းခ်ဳပ္ထားႏိုင္မွာတဲ့လဲ ?

သူ႕ရင္ထဲမွာနက္နက္႐ိႈင္း႐ိႈင္းဝင္ေရာက္ေနတဲ့တစ္ေယာက္ေသာသူကထိခိုက္နာက်င္မသြားရခင္အထိပဲေပါ့။သူတို႔ရင္ထဲမွာ႐ွိေနတဲ့တစ္ေယာက္ေသာသူသည္သာထိခိုက္နာက်င္စရာေတြနဲ႔ၾကဳံေတြ႕ခဲ့ရၿပီဆိုပါက လူသားတစ္ေယာက္ရဲ႕မ်ိဳသိပ္ထားတဲ့စိတ္ခံစားခ်က္ေတြဆိုတာဟာၿပိဳင္ကြင္းထဲကိုလႊတ္ေပးလိုက္တဲ့ၿပိဳင္ျမင္းတစ္ေကာင္ကဲ့သို႔အ႐ွိန္အဟုန္တို႔ျဖင့္ေျပးထြက္သြားလိမ့္မည္မွာေသခ်ာေပါက္ပင္။

မင္းခန္႔ထည္ဆိုတဲ့ထိုလူဟာ႐ိႈင္းေဇယံထိခိုက္သြားတဲ့အခ်ိန္မွာ သူ႕ရဲ႕ခံစားခ်က္ေတြကိုထိန္းခ်ဳပ္ထားဖို႔ေမ့ေလ်ာ့ေနခဲ့တဲ့ထိုအခ်ိန္က သူသိသိသာသာရိပ္မိသြားခဲ့တဲ့အခ်ိန္ပင္။

၂ေယာက္စလုံးခံစားခ်က္ေတြကိုယ္စီ႐ွိေနၾကပါလ်က္နဲ႔ တစ္ေယာက္ကသူေဆး႐ုံေရာက္လာတာကိုမေျပာျပခ်င္ခဲ့သလို က်န္တစ္ေယာက္ကလည္းမျဖစ္ႏိုင္တဲ့ေမွ်ာ္လင့္ခ်က္ေတြကိုသယ္ပိုးထားရင္းလြမ္းေဆြးတသသျဖစ္ေနခဲ့ရတာဟာ သူတို႔၂ေယာက္ၾကားမွာနားလည္ရခက္တဲ့ျပႆနာတစ္ခ်ိဳ႕႐ွိေနခဲ့တာေၾကာင့္ဆိုတာသူမသိဘဲမေနခဲ့။

တစ္ေယာက္ကတစ္ေယာက္ရဲ႕ခံစားခ်က္ေတြကို အကာအရံမဲ့စြာရိပ္မိသြားတာေၾကာင့္၂ေယာက္စလုံးမျမင္ႏိုင္တဲ့စည္းတစ္ခုကိုျခားထားၾကကာေဝးကြာခ်င္ဟန္ေဆာင္ေနခဲ့ၾကေပမယ့္၂ေယာက္စလုံးဟန္ေဆာင္မေကာင္းခဲ့ၾကေပ။

႐ွိိဳင္းေဇယံကသူ႕ေနာက္မွာအရိပ္လိုလိုက္ေနတဲ့လူတစ္ေယာက္ကိုမျမင္ခ်င္ေယာင္ေဆာင္ၿပီးခြင့္ျပဳေပးထားသလို အေဝးမွာေနဖို႔ဆုံးျဖတ္ထားဟန္႐ွိတဲ့က်န္တစ္ေယာက္ကလည္းဆြဲငင္ခံထားရသလိုမ်ိဳးတစ္စုံတစ္ေယာက္ေနာက္ကိုပဲေျပးလိုက္ေနခဲ့ေလရာ ထိုလူသား၂ေယာက္မ်က္စိလည္ေနရတဲ့ဝကၤပါထဲကေန ထြက္ေပါက္တစ္ေနရာဆီတစ္ေယာက္ေယာက္ကေတာ့ ဦးေဆာင္ေခၚသြားမွျဖစ္ေပလိမ့္မည္။

သို႔မဟုတ္ပါကေနာင္တဝကၤပါထဲမွာအခ်ိန္အေတာ္ၾကာတဲ့အထိ သူတို႔ပိတ္မိေနၾကလိမ့္မည္ျဖစ္ကာ ထိုၾကာေညာင္းလွတဲ့အခ်ိန္တစ္ခုဟာဆိုရင္ဘဝတစ္သက္တာလည္းျဖစ္ေကာင္းျဖစ္သြားႏိုင္ေပသည္။

မင္းခန္႔ထည္က ဟန္လင္းထက္ရဲ႕အေမးကိုအခ်ိန္ေတာ္ေတာ္ၾကာၿပီးမွအက္႐ွ႐ွေလသံနဲ႔ျပန္တုံ႔ျပန္လာသည္။

"႐ိႈင္းေလးကငါ့အေပၚခံစားခ်က္ေတြမွားယြင္းေနတာ"

"မဟုတ္ဘူး။မွားေနတာက ခမ်ား"

'လတ္စသတ္ေတာ့ဒီလူကကိုယ့္ကိုကိုယ္ ခုထိနားမလည္ႏိုင္ေသးတာပဲ'

ထိုအခါမင္းစက္ကဟန္လင္းထက္အား
အလန္႔တၾကားမ်က္ႏွာေလးျဖင့္ျပဴးၾကည့္လာကာ မ်က္ေတာင္ေလးေတြကိုအျပာျပာသလဲလဲခတ္လိုက္ေလ၏။

'ငါအလယ္မွာေနမိတာမွားၿပီလား?'

မင္းခန္႔ထည္ရဲ႕မ်က္ႏွာကခ်က္ခ်င္းနီရဲတက္လာၿပီးႏွဖူးေၾကာေတြပါေထာင္လာခ်ိန္မွာဟန္လင္းထက္ကေတာ့ မထီဟန္ျဖင့္ခပ္တင္းတင္းပဲ ျပန္စိုက္ၾကည့္ေန၏။

"ဘာကြ!!!"

"ဟုတ္တယ္။ခမ်ားကသူမ်ားအမွားကိုျပင္ဆင္ေပးဖို႔ပဲ တစ္ခ်ိန္လုံးေခါင္းထဲ႐ိုက္သြင္းေနတာ ကို႔အမွားကိုက်ေသခ်ာမျမင္ဘူးေလ"

"႐ွင္း႐ွင္းေျပာေကြ႕ဝိုက္မေနစမ္းနဲ႔!!" ဟုမင္းခန္႔ထည္ကအံႀကိတ္ဆိုလာတဲ့အခါ ဟန္လင္းထက္က သူအခ်ိန္တိုင္းၾကားေနက်ျဖစ္တဲ့ေမးခြန္းတစ္ခုကိုထပ္ေမးလာခဲ့သည္။

"ဒါဆို မွန္မွန္ေျဖ ခမ်ား Gayေတြကိုမုန္းလား"

"....."

"ထပ္ၿပီးေတာ့ဒီေမးခြန္းပဲလား?
ဘာလို႔ငါ့ကိုဒီေမးခြန္းပဲလာလာေမးေနၾကတာလဲ"

မာန္ေပ်ာက္ကြယ္သြားၿပီးေနာက္ပိုင္း
လူေတာ္ေတာ္မ်ားမ်ားကသူ႕ကိုစေနာက္ရန္စသည့္ဟန္ျဖင့္ ထိုေမးခြန္းကိုေပၚတင္ထုတ္ေမးလာခဲ့ၾကတဲ့အခ်ိန္တစ္ခု႐ွိခဲ့ဖူးသည္။သို႔ေသာ္ သူလူ႐ိုက္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ ဘယ္သူကမွသူ႕ေ႐ွ႕မွာထိုေမးခြန္းကိုထုတ္မေမးရဲၾကေတာ့ေပ။မင္းစက္ကိုေတာ့သူခြၽင္းခ်က္အေနနဲ႔ထားႏိုင္ေပမယ့္ ဒီေကာင္ေလးကေတာ့သူ႕ကိုရန္စေနတာလားဆိုတာေသခ်ာမသိႏိုင္တဲ့အတြက္ ခြၽင္းခ်က္မထားႏိုင္ေပ။

ဟန္လင္းထက္ကမင္းခန္႔ထည္ရဲ႕ရန္လိုေနတဲ့အမူအရာေတြကိုျမင္တာေၾကာင့္သူအသံခပ္မာမာနဲ႔ဆက္ေျပာလာခဲ့၏။

"အဲ့ေမးခြန္းကိုေမးတယ္ဆိုတာ ခမ်ားကိုယ္ခမ်ားမသိလို႔ေမးေနရတာ။"

"ဒါဆိုတျခားသေဘာမ်ိဳးနဲ႔ေမးမယ္ဗ်ာ။
အခုက်ေနာ္နဲ႔ကိုစက္ တြဲေနၾကတယ္။နမ္းလည္းနမ္းၾကတယ္။ဖက္လည္းဖက္ၾကတယ္။အတူတူလည္းအိပ္ၾကတယ္။
ဘယ္လိုခံစားရလဲ ခမ်ား က်ေနာ္တို႔ကို႐ြံလား??"

ထိုေမးခြန္းကိုဟန္လင္းထက္ကမင္းစက္အားအေနာက္မွေပြ႕ဖက္လိုက္ၿပီးမင္းစက္ရဲ႕ေမးေလးအားဆြဲကိုင္လိုက္ရင္းဆိုလိုက္တာေၾကာင့္ မင္းခန္႔ထည္ကသူတို႔ကိုမ်က္ေစာင္းတစ္ခ်က္ထိုးၿပီး အၾကည့္လႊဲလိုက္ကာ ခ်က္ခ်င္းျပန္ေျဖသည္။

"မ႐ြံဘူး။ဒါေပမယ့္ ငါ့ေ႐ွ႕မွာ ေနာက္ထပ္ဒီလိုပုံစံမ်ိဳးထပ္မလုပ္ျပနဲ႔"

ထိုသို႔ၾကဳံးဝါးသံၾကားေတာ့ မင္းစက္ကဟန္လင္းထက္လက္ေတြကိုကမမ္းကတမ္းဆြဲဖယ္လိုက္ေတာ့သည္။ဟန္လင္းထက္ကမင္းစက္ကိုတစ္ခ်က္ငုံ႔ၾကည့္လိုက္ရင္း ဖြဖြျပဳံးလိုက္ၿပီးေနာက္ မင္းခန္႔ထည္အားျပန္ၾကည့္လိုက္ကာသူသိခ်င္ေနတာၾကာၿပီျဖစ္တဲ့ေမးခြန္းတစ္ခုကိုဆက္ေမးလိုက္သည္။

"ဒါဆို ခမ်ားက်ေနာ္႕ကိုႀကီးကို႐ြံတယ္လို႔ေျပာခဲ့တုန္းက ဘာေၾကာင့္လဲ။"

"သူေကာင္းဖို႔"

"ဒါေပမယ့္ သူေကာင္းခဲ့လား။ခမ်ားေမွ်ာ္လင့္ထားသလို။"

"...."

"Okay။သူ႕အတြက္ဇာတ္သိမ္းမလွခဲ့ဘူး။ခမ်ားထင္သလိုသူ႕အေပၚေကာင္းတာေတြမျဖစ္လာတဲ့အျပင္ကို ဒီေလာကႀကီးထဲကေနပါေပ်ာက္ကြယ္သြားေသးတယ္ေလ။
႐ိႈင္းေဇယံ အဲ့ဒီလိုျဖစ္သြားမွာကိုခမ်ားမေၾကာက္ဘူးလား"

'႐ိႈင္းေဇယံကေပ်ာက္ကြယ္သြားမွာ' ဆိုတဲ့ဟန္လင္းထက္စကားၾကားေတာ့မင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြကတမဟုတ္ခ်င္းနီရဲလာကာလက္သီးတင္းတင္းဆုပ္လ်က္ေစ့ေစ့ျပန္ၾကည့္လာေလ၏။

"အဲ့ဒီလိုျဖစ္မွာေၾကာက္လို႔ ငါအခုတားဆီးေပးေနတာေလ။ငါ ညီ့ကိုလုံးဝအဆုံး႐ႈံးမခံႏိုင္ဘူး"

"အဲ့မွာ ခမ်ားစမွားတာပဲ။ခမ်ားဒီလိုလုပ္တိုင္းမဆုံး႐ႈံးရေတာ့ဘူးလို႔ခမ်ားကိုဘယ္သူေျပာလဲ"

ဟန္လင္းထက္ရဲ႕စကားသံေတြကတျဖည္းျဖည္းေဒါသသံေပါက္လာကာ မွားယြင္းေနတဲ့အေတြးဝဲဂရက္ထဲမွာနစ္ျမဳပ္ေနတဲ့ထိုလူအေပၚ  သူအားမလိုအားမရျဖစ္မိလာရသည္။ ဟန္လင္းထက္ကတစ္ခ်က္ေလွာင္ရယ္ရယ္လာလ်က္ ဆုတ္နစ္အက္႐ွစြာဆက္ေျပာလာခဲ့ေလသည္။

"ကိုႀကီးေကာင္းဖို႔ခမ်ားဒီလမ္းေ႐ြးခဲ့ေပမယ့္ သူထိခိုက္သြားခဲ့တယ္ဆိုတာ ခမ်ားသိသိႀကီးနဲ႔ ဘာကိစၥ ဒီလမ္းပဲဆက္ေလွ်ာက္ရျပန္တာလဲ"

"ငါ........ဒီတစ္ခါေတာ့မွန္ႏိုင္မယ္ထင္လို႔"

"ဒီတစ္ခါ ေလွ်ာက္တဲ့လမ္းကမွန္ေနရင္ေတာင္ ခမ်ားေပ်ာ္မယ္လို႔အာမခံႏိုင္လို႔လား"

"ခမ်ားေနာင္တမရဘူးဆိုတာေသခ်ာလား"

ေနာက္ဆုံးေမးခြန္းကမင္းခန္႔ထည္ရဲ႕အ႐ိႈက္ကိုတည့္တည့္ထိမွန္ခဲ့သည္ပင္။

ေသခ်ာေပါက္အခုသူေပ်ာ္မေနတဲ့အျပင္ကို ႐ိႈင္းေဇယံရဲ႕ေဘးနားမွာတျခားတစ္ေယာက္နဲ႔တြဲျမင္ရမယ့္ျမင္ကြင္းကိုသူေတြးၾကည္္႕လိုက္႐ုံနဲ႔တင္ လက္မခံႏိုင္တဲ့စိတ္တို႔က ေန႔စဥ္ရက္ဆက္ သူ႕ရဲ႕ႏွလုံးစိုင္ထဲမွာတႏုံ႔ႏုံ႔နဲ႔တိုးပြားႏွိပ္စက္ေနေပသည္။

အလင္းေရာင္မ႐ွိတဲ့အေမွာင္ထုထဲမွာမြန္းၾကပ္သထက္မြန္းၾကပ္လာရၿပီး အလင္းဓာတ္ေလးတစ္ခုနဲ႔ပ်ံသန္းေနတဲ့ပိုးစုန္းၾကဴးေလးကိုသူ႕ရဲ႕လက္ခုပ္ထဲမွာေလာဘႀကီးစြာျဖင့္ဖမ္းဆုပ္ထားခ်င္ေနမိသည္။

သို႔ေသာ္ သူ႕ရဲ႕လက္ဖဝါးေတြကၾကမ္းတမ္း႐ွတလြန္းတာေၾကာင့္  သူ႕ရဲ႕လက္ခုပ္ေလးထဲမွာတင္ ထိုပိုးစုန္းၾကဴးေလးတစ္စစီေၾကမြလို႔သြားၿပီးေသးငယ္လြန္းတဲ့အလင္းေရာင္ေလးေပ်ာက္ဆုံးသြားမွာကိုပါ သူတစ္ခ်ိန္လုံးေၾကာက္႐ြံ႕ေနခဲ့ရတာေၾကာင့္ ပိုးစုန္းၾကဴးေလးပ်ံသန္းသြားဖို႔ကိုသာ ေနာက္ဆုံးသူေ႐ြးခ်ယ္ခဲ့လိုက္သည္။

ထို႔ေၾကာင့္ ဟန္လင္းထက္ရဲ႕ေနာက္ဆုံးေမးခြန္းအတြက္ သူ႕ထံ၌ေျဖစရာစကားလုံးတို႔႐ွိမေနခဲ့တာမို႔ ႏႈတ္ခမ္းေတြကိုေစ့ပိတ္ထားလ်က္ ေ႐ွ႕တူတူကိုသာေငးစိုက္ၾကည့္ေနလိုက္ေတာ့သည္။ ဟန္လင္းထက္ကစိတ္ပ်က္သည့္ႏွယ္ေခါင္းခါလိုက္ၿပီးတစ္ဖက္သို႔လွည့္သြားခဲ့ေလ၏။

သူတကယ္ကိုထိုလူအားဆက္မၾကည့္ႏိုင္ေတာ့ေပ။

မင္းစက္ကေတာ့ သူ႕ေဘးနားက၂ေယာက္ကို ဘယ္တစ္ျပန္ညာတစ္ျပန္ေခါင္းလွည့္ၾကည့္လိုက္ၿပီးေနာက္ မတ္တပ္ထရပ္လိုက္ကာ ဟန္လင္းထက္အား မ်က္ႏွာအရိပ္အႁမြက္ျဖင့္ 'ဆက္မေျပာနဲ႔ေတာ့'ဟုတီးတိုးဆိုလိုက္သည္။

မင္းစက္ရဲ႕မ်က္ႏွာအရိပ္အကဲကိုဟန္လင္းထက္ကေသခ်ာျမင္လိုက္ေပမယ့္ သူ႕မွာေတာ္လိုက္ဖို႔စိတ္ကူး႐ွိမေနေပ။

ထို႔ေနာက္ဟန္လင္းထက္ကႏႈတ္ခမ္းေထာင့္စြန္းေတြကိုတြန္႔ခ်ိဳးလ်က္ထပ္ေမးလာခဲ့သည္။

"က်ေနာ္႐ွင္း႐ွင္းပဲေမးမယ္။ခမ်ားခ်စ္သူအနားမွာေနရတာထက္ ႐ိႈင္းေဇယံေဘးနားမွာေနရတာက ခမ်ားအတြက္ပိုေပ်ာ္စရာေကာင္းတယ္မွတ္လား???"

"အင္း.....ငါေပ်ာ္တယ္"

တိုးညႇင္းတြန္႔ဆုတ္စြာ ထြက္ေပၚလာတဲ့အသံေလးေၾကာင့္ မင္းစက္နဲ႔အတူ ဟန္လင္းထက္ပါမွင္သက္သြားရသည္။

'တကယ္ႀကီး!!!'

'တယ္ဟုတ္ပါလား ဒီလူျပန္ေျဖလာလိမ့္မယ္လို႔မထင္ထားဘူး'

မင္းစက္နဲ႔ဟန္လင္းထက္တို႔ရဲ႕အေတြးမ်ားကတစ္ၿပိဳင္နက္ထဲထြက္ေပၚလာခဲ့ေခ်သည္။

"မင္းခန္႔ ! မင္းညီေလး႐ိႈင္းေဇယံအေပၚခံစားခ်က္ေတြ႐ွိေနတာပဲ"

"ေပ်ာ္တယ္လို႔ေျပာတာနဲ႔ခံစားခ်က္႐ွိတာနဲ႔ကဘာဆိုင္လို႔လဲ"

ထိုအခါခ်က္ခ်င္းပင္ မင္းစက္ကမင္းခန္႔ထည္ေဘးနားကပ္ထိုင္လိုက္ကာ ထိုေကာင္ႀကီးပုခုံးအားတင္းတင္းဆုပ္ကိုင္လိုက္ၿပီး ေဒါသအိုးပိန္းဥအားစ႐ွင္းျပလာေတာ့ေလသည္။
ဟန္လင္းထက္ကေတာ့ေနာက္ထပ္ဘာမွမေမးလာေတာ့ဘဲၿငိမ္ၿငိမ္ဆိမ္ဆိမ္သာဆက္နားေထာင္ေနလိုက္၏။

"မင္းခန္႔ မင္းျဖဴစင္ေသာ္ကိုနမ္းဖူးလား?"

"မနမ္းဖူးဘူး"

"ဒါဆို ႐ိႈင္းေကာ??"

မင္းခန္႔ထည္ကျပန္တိတ္ဆိတ္သြားၿပီးနား႐ြက္ဖ်ားေလးေတြကအနီေရာင္သမ္းလာတာကို မင္းစက္သတိထားမိလိုက္တာေၾကာင့္သူ႕ရဲ႕မ်က္ႏွာထက္မွာအျပဳံးႀကီးတစ္ပြင့္ျဖစ္ေပၚလာေတာ့သည္။

'အိုးဟိုး ဒီေကာင္ႀကီးဒီေလာက္လက္သြက္တာကိုငါမသိလိုက္ပါလား'

"အဟမ္း!! နမ္းဖူးတယ္ေပါ့ေလ။ငါေတာင္မသိလိုက္ရပါလား။ဘယ္ႏွခါလဲ"

"ငါအဲ့တာေတြေျဖဖို႔လိုလို႔လား!!"

မင္းခန္႔ထည္ကေဒါသတႀကီးျပန္တုံ႔ျပန္လာတာေၾကာင့္ မင္းစက္တစ္ေယာက္ထိုေမးခြန္းအား အားမရစြာအဆုံးသတ္လိုက္ရေတာ့သည္။

'အေဟး ၾကည့္ရတာ တစ္ခါမကဘူးထင္တယ္ဟ'

သူ႕ရဲ႕လက္၂ဖက္ကိုစိတ္လႈပ္႐ွားစြာပြတ္သပ္လိုက္ရင္းႏႈတ္ခမ္းေတြကိုသပ္လိုက္ကာ ျမဴးထူးစြာျဖင့္ဆက္ေျပာျပလာခဲ့သည္။

"ငါေျပာမယ္သူငယ္ခ်င္း။
ကိုယ္မခ်စ္တဲ့သူကို မင္းမနမ္းႏိုင္ဘူး။
မင္းစိတ္ထဲမွာအဲ့လူမ႐ွိဘဲနဲ႔နမ္းဖို႔မစဥ္းစားႏိုင္ဘူးကြ"

"ခ်စ္မွနမ္းႏိုင္တာလား?။မခ်စ္ဘဲနဲ႔လည္းနမ္းႏိုင္တာပဲေလ"

"ဒါဆို မင္းျဖဴစင္ေသာ္ကိုနမ္းႏိုင္လား?"

မင္းစက္ကစိတ္ေပါက္ေပါက္နဲ႔ေမးလိုက္ေတာ့ မင္းခန္႔ထည္ကတုံ႔ဆိုင္းျခင္းမ႐ွိစြာေခါင္းခါျပသည္။

"ဒါေပါ့။မင္းမွသူ႕ကိုမခ်စ္တာ"

"ငါၾကည့္ေနတဲ့တစ္ေလွ်ာက္လုံးမင္းကျဖဴစင္ေသာ္ေဘးနားမွာဆိုသစ္သားတုံးႀကီးတစ္တုံးေထာင္ထားသလိုပဲ " ဆိုတဲ့မင္းစက္စကားကိုၾကားေတာ့ ညာဘက္ျခမ္းကေနခပ္တိုးတိုးရယ္သံတစ္သံကေထာက္ခံသည့္ႏွယ္ထြက္က်လာခဲ့ကာ တစ္စကၠန္႔အတြင္းမွာပင္ ျပန္တိတ္သြားေလ၏။

မင္းခန္႔ထည္ကရယ္သံထြက္လာတဲ့ေနရာဆီတစ္ခ်က္ေစာင္းၾကည့္လိုက္ၿပီးေနာက္ ႏွာတစ္ခ်က္မႈတ္ကာ ေ႐ွ႕သို႔ျပန္လွည့္သြားေတာ့ေလသည္။

"မင္း႐ိႈင္းေဇယံနဲ႔ပက္သတ္ၿပီး ရင္လည္းခုန္ဖူးသလိုသဝန္လည္းတိုဖူးတယ္မွတ္လား။ ဆုံး႐ႈံးရမွာကိုလည္းေၾကာက္တတ္လာၿပီး အဲ့ေကာင္ေလးကိုမင္းေဘးနားမွာပဲထားထားခ်င္ေနတယ္မွတ္လား"

"အင္း။"

"အဲ့တာမ်ားကြာ မင္းမို႔လို႔တိုင္ပတ္ေနတယ္ မင္းသူ႕ကိုခ်စ္ေနတာကြ ေသာက္တုံးရ"

"ဒါဆို ခ်စ္တယ္ဆိုတာႀကီးကဘယ္လိုမ်ိဳးလဲ?"

မင္းခန္႔ထည္ဆက္ေမးလာတဲ့ေမးခြန္းေၾကာင့္မင္းစက္အပါအဝင္ဟန္လင္းထက္ပါဆြံ႕အသြားရေတာ့သည္။

'ေနစမ္းပါဦး ဒီေကာင္ဒီလိုဦးေႏွာက္မ်ိဳးနဲ႔ Roll4ရေအာင္ဘယ္လိုမ်ားေျဖခဲ့တာလဲဟ
လခြမ္း! သူ႕အျဖစ္ကေတာ္ေတာ္ဆိုးလွၿပီထင္ေနတာ ဒီေကာင္ႀကီးကသူ႕ထက္ပိုဆိုးေနတယ္ ေသာက္က်ိဳးနဲငမ္းငမ္းတက္ေနတာေတာင္ ပိန္းဥထိုင္စားေနတုန္းပဲ!'

မင္းစက္မွာ ထိုငပိန္းအားအလင္းပြင့္သြားေအာင္ေနာက္ေစ့ကိုတစ္ခ်က္ေလာက္ေဆာ္ထည့္လိုက္ခ်င္ေပမယ့္ သူ႕ေခါင္းကြဲပဲျပန္ကြဲသြားမွာစိုးတာေၾကာင့္ သူေပါင္သူ ခပ္နာနာျပန္႐ိုက္ေနတဲ့အခ်ိန္မွာ ဟန္လင္းထက္ကမူစိတ္ညစ္ညစ္နဲ႔ေခါင္းခါလိုက္ေတာ့သည္။

'ဒီေလာက္ဒုန္းေဝးတဲ့လူကိုသူဒီတစ္ခါပဲျမင္ဖူးေသးတယ္။သူ႕ငအေလးကိုစက္ေတာင္ အဲ့လူေလာက္မအဘူး'

ေနာက္ေတာ့မေနႏိုင္တဲ့ ဟန္လင္းထက္ကပဲ အာေခါင္ေျခာက္လုမတတ္ စကားအ႐ွည္ႀကီးေျပာလာရေတာ့သည္။

"တစ္စုံတစ္ယာက္ကိုခ်စ္တယ္ဆိုတာမ်ိဳးက သူနဲ႔ပက္သတ္ၿပီးအရာရာတိုင္းကိုအေလးအနက္ထားေနမိတာမ်ိဳး။သူဘာႀကိဳက္တတ္လဲ သူဘာေတြလုပ္ရတာႀကိဳက္လဲဆိုတာကို အခ်ိန္တိုင္းသိခ်င္ေနတာမ်ိဳးဗ်ာ။ ၿပီးရင္ေတာ့ ခမ်ားမမွတ္ထားရင္ေတာင္မွ ခမ်ားခ်စ္ေနတဲ့လူရဲ႕အမူအက်င့္ေတြအကုန္လုံးကခမ်ားရဲ႕မွတ္ဥာဏ္ေတြထဲမွာ အလိုအေလ်ာက္စြဲထင္ၿပီးသားျဖစ္ေနလိမ့္မယ္ "

"သူ႕ကိုဘယ္လိုအေၾကာင္းေၾကာင့္နဲ႔မွအထိအခိုက္မခံႏိုင္သလို သူ႕အတြက္ကိုယ့္ကိုယ္ကိုသာအထိခိုက္ခံၿပီးေစာင့္ေ႐ွာက္ေပးခ်င္တာမ်ိဳး။ အဲ့ခံစားခ်က္က ခမ်ား႐ိႈင္းေဇယံေဆး႐ုံတက္တုန္းကေသခ်ာေပါက္ခံစားဖူးပါလိမ့္မယ္။ေသခ်ာျပန္ေတြးၾကည့္။ခမ်ားလိမ္လို႔မရဘူး။အဲ့အခ်ိန္တုန္းကဆို ခမ်ားရဲ႕အမူအရာေတြကအစသိပ္သိသာလြန္းေနတယ္"

"သူ႕ကိုေထြးေပြ႕ထားရတာမ်ိဳးကိုႏွစ္သက္တဲ့အျပင္ကို သူ႕ႏႈတ္ခမ္းေလးေတြကိုနမ္းရတာမ်ိဳးကကမ႓ာေပၚကဘယ္အရာေတြနဲ႔မွမယွဥ္ႏိုင္ဘူးဆိုတာကို က်ေနာ္မေျပာလည္းခမ်ားနားလည္ၿပီးၿပီေလာက္ၿပီထင္တယ္။"

ဟန္လင္းထက္ဆီကထိုစကားတစ္ခြန္းကိုၾကားေတာ့ ေက်ာက္႐ုပ္ႀကီးမင္းခန္႔ထည္ရဲ႕နား႐ြက္ဖ်ားေတြကသိသိသာသာနီေစြးလာျပန္သည္။ထိုတုံ႔ျပန္မႈေလးကိုျမင္ေတာ့မင္းစက္ကတိတ္တဆိတ္ခိုးျပဳံးမိသလိုဟန္လင္းထက္ရဲ႕မ်က္လုံးအနားသတ္ေတြကလည္းအနည္းငယ္ေကြးၫြတ္လို႔သြားသည္။

"သူနဲ႔ပက္သတ္ၿပီး သူနဲ႔နီးနီးကပ္ကပ္ေနတဲ့ဘယ္သူမဆို ၾကည့္မရျဖစ္တာမ်ိဳးကလုံးဝအဆိုးဆုံးပဲ။
ၾကည့္မရျဖစ္တာထက္ဗ်ာ အေသသတ္ပစ္ခ်င္တာကပိုျဖစ္တယ္"

"တကယ္ႀကီးလား?"

မင္းစက္ကေဖာက္ေမးလာတဲ့အခါ ဟန္လင္းထက္ကႏူးညံ့စြာျပဳံးျပလိုက္ရင္းျပန္ေျဖလာသည္။

"အင္းေပါ့"

'အမွန္အတိုင္းဝန္ခံရမယ္ဆို က်ေနာ္အသတ္ခ်င္ဆုံးက ကိုစက္ေဘးကအဲ့လူပဲ' ဆိုတဲ့စကားလုံးေတြကိုေတာ့သူ႕အျပဳံးေတြေနာက္မွာသိုဝွက္ခ်န္ထားခဲ့သည္။

"သူ႕အျပဳံးေလးကိုျမင္ရဖို႔အတြက္ ဘာနဲ႔ပဲလဲလွယ္ရလဲလွယ္ရ လဲလွယ္ဝံ့တာမ်ိဳး။
သူနဲ႔ပက္သတ္တဲ့အရာအားလုံးကို အမူအရာေသးေသးေလးကအစ အၿမဲတမ္းသေဘာတက်ႏွစ္ၿခိဳက္ေနမိတာမ်ိဳးလား"

မင္းခန္႔ထည္ဆက္ေျပာလာတဲ့စကားေတြကိုၾကားေတာ့ မင္းစက္ကအံ့အားသင့္စြာလွည့္ၾကည့္လာခဲ့ကာ ဟန္လင္းထက္ကေတာ့ မင္းခန္႔ထည္ေျပာသမွ်စကားလုံးတိုင္းအားဂ႐ုတစိုက္နဲ႔နားေထာင္ေပးေနခဲ့သည္။

"မင္းတို႔သိလားသူငါ့ကို ျပဳံးျပလာခဲ့တဲ့
အဲ့အခ်ိန္ေလးကဘယ္ေလာက္ပဲတိုေတာင္းေနပါေစတေလာကလုံးကိုသိမ္းပိုက္ထားရသလိုမ်ိဳးငါခံစားခဲ့ရတယ္။သူထိခိုက္သြားခဲ့တဲ့အခ်ိန္တုန္းကဆို ငါ့ကိုယ္ငါခြင့္မလႊတ္ႏိုင္ေအာင္မုန္းတီးမိတယ္။
အဲ့ဒီခံစားခ်က္ေတြကေကာအခ်စ္ဆိုတဲ့အရာထဲမွာပါလား "

"ဒါေတြအားလုံးကခ်စ္လို႔ျဖစ္လာရတဲ့အရာေတြလား"

"ဟုတ္တယ္ မင္းခန္႔။မင္း ေနာက္ဆုံးေတာ့နားလည္သြားၿပီပဲ"

မင္းစက္ကေက်နပ္ပီတိျဖစ္စြာျပဳံးလာလ်က္
သူ႕သူငယ္ခ်င္းရဲ႕ေက်ာျပင္အားပုတ္ေပးလာခဲ့သည္။

"ခမ်ားနားလည္သြားတဲ့အတြက္ဝမ္းသာပါတယ္"

"ဒါဆိုငါက ညီ့ကိုခ်စ္ေနခဲ့တာေပါ့"

"အမွန္ပဲ။ ခမ်ားကို႔ကိုယ္ကိုသိသြားၿပီဆိုရင္ ခမ်ားအခုလုပ္ေနတဲ့အရာေတြကမွားလား မွန္လားဆိုတာ ကို႔ဘာသာကိုယ္ျပန္ဆုံးျဖတ္ပါ။
တစ္စုံတစ္ယာက္အတြက္အနစ္နာခံေပးတယ္ဆိုတာကအတိုင္းအတာတစ္ခု႐ွိတယ္ဗ်။"

"ကို႔ကိုယ္ကို နာက်င္ေအာင္လုပ္ေနတာေတြကမ်ားလာရင္ အဲ့ခံစားခ်က္ေတြက ခမ်ားကိုအေသသတ္သြားလိမ့္မယ္ေနာ္။
တစ္ခါတစ္ရံ ကိုယ္ေပ်ာ္႐ႊင္ဖို႔အတြက္အတၱႀကီးသင့္ရင္ႀကီးရမွာပဲ။ ဘာလို႔လဲဆိုေတာ့ ခမ်ားခံစားေနရတဲ့နာက်င္မႈေတြကို ခမ်ားတစ္ခ်ိန္လုံးငဲ့ၾကည့္ေနတဲ့လူေတြက ခမ်ားအစားဝင္မခံစားေပးႏိုင္ဘူးေလ။"

"ကာယကံ႐ွင္ျဖစ္တဲ့ က်ေနာ္တို႔ကိုယ္တိုင္ပဲ က်ေနာ္တို႔ေလွ်ာက္သင့္တဲ့လမ္းကို ေ႐ြးခ်ယ္ဆုံးျဖတ္ရမွာ။႐ိႈင္းေဇယံကကိုႀကီးမဟုတ္ဘူး။ခမ်ားကလည္းအဲ့အခ်ိန္တုန္းကလိုမခ်စ္တတ္တဲ့လူတစ္ေယာက္မဟုတ္ေတာ့ဘူးေလ။
႐ိႈင္းေဇယံကို ကိုႀကီးလိုမ်ိဳးမျဖစ္သြားႏိုင္ေအာင္ခမ်ားကပဲကာကြယ္ေစာင့္ေ႐ွာက္ေပးရမွာ။ တြန္းထုတ္ေနရမွာမဟုတ္ဘူး။"

"အဲ့ေတာ့ခမ်ားခ်စ္တဲ့လူကိုက် အေဝးတစ္ေနရာကိုတြန္းထုတ္ထားၿပီး ခမ်ားသနားတဲ့သူဆီပဲသြားေနမွာလား။ဒါဆိုရင္ေတာ့ခမ်ားသိပ္မွားသြားလိမ့္မယ္.....

ခမ်ားေ႐ြးခ်ယ္မႈမွန္ကန္ပါေစ"

ဟန္လင္းထက္ကအဆုံးသတ္စကားကိုေျပာၿပီးတဲ့ေနာက္ မင္းခန္႔ထည္ကိုေသေသခ်ာခ်ာျပန္ၾကည့္လိုက္သည္။ထိုလူကသူ႕စကားေတြကိုနားေထာင္ေနရင္းတိတ္ဆိတ္ၿမဲတိတ္ဆိတ္ေနဆဲျဖစ္ၿပီး အေဝးတစ္ေနရာကိုၾကည္္႕ရင္းေငးငိုင္ေနခဲ့သည္။

မင္းခန္႔ထည္လိုလူမ်ိဳးကဒီလိုကိစၥမ်ိဳးနဲ႔ၾကဳံေတြ႕လာရတဲ့အခါ သိပ္လြယ္ကူေနမွာမဟုတ္ဘူးဆိုတာကို သူတို႔၂ေယာက္စလုံးကလည္းသိေနတာေၾကာင့္ သူတစ္ေယာက္တည္းေနဖို႔အခ်ိန္ေပးသင့္သည္ဟုဆုံးျဖတ္လိုက္ၾကသည္။

ထို႔ေၾကာင့္ ေျပာျပသင့္တာေတြကို႐ွင္း႐ွင္းလင္းလင္းေျပာျပၿပီးတဲ့ေနာက္မွာသူတို႔ႏွစ္ေယာက္စလုံးလည္းထိုေနရာကေနထြက္လာခဲ့လိုက္ေလသည္။

'ကိုႀကီး။က်ေနာ္ လုပ္တာမွန္တယ္မွတ္လား။က်ေနာ္ အဲ့လူကို ကိုႀကီးနာက်င္ခဲ့ရသလိုမ်ိဳးနာက်င္ခံစားေစခ်င္ခဲ့တယ္။

ဒါေပမယ့္ က်ေနာ္႕စိတ္ထဲမွာေလ ကိုႀကီးခ်စ္ခဲ့တဲ့အဲ့လူက နည္းနည္းသနားစရာေကာင္းေနတယ္လို႔က်ေနာ္ခံစားမိခဲ့တာေၾကာင့္
ကိုႀကီးလိုခ်င္ခဲ့တဲ့အတိုင္း ဟိုမိန္းမလက္ထဲကလြတ္ေျမာက္ဖို႔လမ္းျပေပးခဲ့ၿပီးၿပီ။

ဒီတစ္ခါလည္း သူ အဲ့လမ္းပဲဆက္ေလွ်ာက္မယ္ဆိုရင္ေတာ့ က်ေနာ္သူ႕ကိုလုံးဝခြင့္မလႊတ္ေတာ့ဘူး'

••••••••••••••••••••••••••••••••••••••••••••••••••

မနက္ပိုင္းသုံးခ်ိန္တက္ၿပီးေနာက္ ညေနဘက္အတန္းမ႐ွိေတာ့တဲ့႐ိႈင္းေဇယံဟာ  အေဆာင္ကိုျပန္သြားၿပီးေစာေစာအနားယူဖို႔ဆုံးျဖတ္လိုက္သည္။

အခန္းတံခါးကိုဖြင့္လိုက္ၿပီးေနာက္လြယ္အိတ္ေလးကိုစားပြဲခုံေပၚမွာေသေသခ်ာခ်ာတင္လိုက္ကာ ပုဆိုးအၾကမ္း၂ထည္ကိုယူ၍ ေရခ်ိဳးေဆာင္ဘက္ဦးတည္လိုက္သည္။

အခ်ိန္ကေန႔လည္၁နာရီေလာက္ပဲ႐ွိေသးတာမို႔အေ႐ွ႕ဘက္ေရခ်ိဳးေဆာင္မွာလူ႐ွင္းေနၿပီး ေရခ်ိဳးတဲ့လူဆိုလို႔သူတစ္ေယာက္တည္းသာ႐ွိေလသည္။

႐ိႈင္း အခန္းငယ္ေလးထဲဝင္လိုက္ကာ တံခါးေလာ့ခ္ကိုေသခ်ာခ်လိုက္ၿပီးေနာက္ေရပန္းေလးအားဖြင့္လိုက္သည္။ေရပန္းကေရေတြကအျဖဴေရာင္ေက်ာက္ျပားေတြထက္သို႔စီးဆင္းသြားတဲ့အခါ ေရက်သံေလးေတြကအလြန္တရာတိတ္ဆိတ္လြန္းေနတဲ့
ေရခ်ိဳးေဆာင္ထဲမွာပ်ံ႕လြင့္ထြက္ေပၚလာခဲ့သည္။

သဘက္ေလးအားေဘးနားကစင္ေလးေပၚလွမ္းတင္လိုက္စဥ္ ေခါင္းကမိုက္ခနဲျဖစ္သြားတာေၾကာင့္ ႐ိႈင္းနံရံကိုခနမွီလိုက္ၿပီးမ်က္စိေလးမွိတ္ကာၿငိမ္ၿငိမ္ေလးေနလိုက္တဲ့အခါျပန္သက္သာသြားခဲ့သည္။

ထို႔ေနာက္သူေရပန္းေအာက္သို႔ဝင္ရပ္လိုက္ရင္းမ်က္ႏွာေပၚကိုစီးက်လာတဲ့ေရစက္ေလးေတြကိုလက္ျဖန္႔ရင္းၾကည့္လိုက္စဥ္နီရင့္ရင့္ေသြးရည္ၾကည္မ်ားက ေရစက္ေတြနဲ႔အတူ ေက်ာက္ျပားျပင္ထက္သို႔ေရာယွက္စီးဆင္းသြားသည္ကို သူ႕ရဲ႕မ်က္ဝန္းႏွစ္ဖက္ကေနျမင္လိုက္ရတဲ့အခါ အတုန္လႈပ္ႀကီးတုန္လႈပ္သြားရေလသည္။

"Shit!! "

႐ိႈင္းေရပန္းကိုကတုန္ကယင္နဲ႔ပိတ္လိုက္ၿပီး အခန္းငယ္ေလးထဲကမွန္ေလးနားသို႔သြားၾကည့္လိုက္တဲ့အခါ ထိုအနီေရာင္ေသြးရည္ၾကည္မ်ားက သူ႕ရဲ႕ႏွာေခါင္းထဲကေန အဆက္မျပတ္စီးက်လာေနေၾကာင္းေတြ႕လိုက္ရသည္။

မ်က္ႏွာထက္မွာတင္က်န္ေနတဲ့ေသြးစက္ေတြကိုအၾကမ္းပတမ္းပြတ္သတ္လိုက္ေသာ္လည္း ထိုေသြးစက္ေတြကပိုပ်ံ႕သြားကာမေျပာင္တာေၾကာင့္ ေရပန္းေအာက္သို႔အျမန္သြားလိုက္ၿပီးမ်က္ႏွာအႏွံ႔ျပင္းျပင္းထန္ထန္ပြတ္တိုက္ေဆးေၾကာလိုက္ေတာ့သည္။

႐ိႈင္းရဲ႕မ်က္ႏွာအသားဟာႏုတာမို႔သူပြတ္တိုက္ေနတဲ့အားအ႐ွိန္ေၾကာင့္မ်က္ႏွာေလးတစ္ခုလုံးမွာရစရာမ႐ွိေအာင္နီရဲတြတ္လာခဲ့ေပသည္။

သူေသြးေတြကိုေဆးေၾကာေနရင္းေၾကာက္႐ြံ႕ထိတ္လန္႔ခဲ့ရသလိုေဒါသေတြလည္းထြက္လာရကာ ထိုစိတ္တို႔ကေသာင္းေျပာင္းေရာယွက္သြား၍ သူ၏ႏွလုံးစိုင္ကို အ႐ွိန္တစ္ခုျဖင့္ဝင္တိုက္လာခဲ့တဲ့အခါမွာေတာ့ မ်က္ရည္စက္ေလးေတြသည္ ဝမ္းနည္းနာက်င္မႈတို႔နဲ႔အတူပါးျပင္ထက္ဆီသို႔စီးက်လာခဲ့ရသည္။

ေကာင္ေလးရဲ႕႐ိႈက္ငိုသံေလးေတြကေရက်သံတို႔ေနာက္ကေန ခပ္သဲ့သဲ့ထြက္ေပၚလာခဲ့ရေပမယ့္ ဘယ္သူကမွထိုပင့္႐ိႈက္သံေလးေတြကိုမၾကားႏိုင္ခဲ့သလို နာက်င္ဆို႔နစ္စရာေကာင္းတဲ့ေကာင္ေလးရင္ထဲကခံစားခ်က္ေတြကိုလည္းဘယ္သူကမွသိ႐ွိႏိုင္ခဲ့လိမ့္မည္မဟုတ္ေပ။

"ေသြးေတြ....။ဘာလို႔လဲ ။ဘာလို႔လဲ!!"

တငိုငိုတရယ္ရယ္နဲ႔အခန္းက်ဥ္းေလးထဲမွာေအာ္ေျပာလိုက္ရင္း
သူ႕ရဲ႕မ်က္ႏွာေလးကိုေရမ်ားမ်ားနဲ႔ထပ္ၿပီးေဆးေၾကာလိုက္တဲ့အခါ ေနာက္ဆုံးေသြးေတြကေျပာင္သြားခဲ့ေလသည္။
သူ႕ရဲ႕မ်က္ႏွာေပၚမွာေသြးေတြမ႐ွိေတာ့တာေသခ်ာမွ အဝတ္အစားေတြကိုျမန္ျမန္ျပန္ဝတ္လိုက္ၿပီးေနာက္အေဆာင္ဆီသို႔တဟုန္ထိုးျပန္ေျပးလာခဲ့ေလ၏။

အခန္းထဲျပန္ေရာက္ခ်ိန္၌ေကာင္ေလးရဲ႕ပခုံးျပင္ႏွစ္ဖက္ဟာ စိုး႐ြံ႕ထိတ္လန္႔မႈအျပည့္နဲ႔တုန္ယင္ေနခဲ့ၿပီး ေဖ်ာ့ေတာ့ေသးသြယ္ေသာလက္ေခ်ာင္းေလးေတြဟာလည္းတဆတ္ဆတ္နဲ႔တုန္ခါေနတာေၾကာင့္ စိတ္ၿငိမ္ေအာင္ မ်က္လုံး၂ဖက္ကိုတေအာင့္မွိတ္ခ်ထားလိုက္ရသည္။အသက္ဝေအာင္႐ွဴသြင္းလိုက္ၿပီးမွ သူ႕အကိုေပးခဲ့တဲ့ေဆးဗူးေလး၂ဗူးကို လြယ္အိတ္ထဲကေနထုတ္လိုက္ေတာ့သည္။

ေဆးဗူးတစ္လုံးထဲကေနေဆးတစ္လုံးစီထုတ္ယူလိုက္ၿပီးေနာက္သူအျမန္ေသာက္ခ်လိုက္တဲ့အခါေဆးလုံးေလး၂လုံးက သူ႕ရဲ႕လည္ေခ်ာင္းထဲ၌ေလွ်ာက်သြားၿပီးတာေတာင္ သူ႕ရဲ႕ဝမ္းနည္းမႈေတြက မေျပေပ်ာက္သြားေသးေပ။

ေရခ်ိဳးခန္းေလးထဲမွာ႐ွိေနစဥ္၌သူ႕ရဲ႕လက္ေတြထက္မွာ စြန္းေပေနတဲ့ေသြးေတြကိုျပန္ျပင္ေယာင္မိရင္း သူသိေနၿပီးသားျဖစ္တဲ့ကံၾကမၼာတစ္ခုကသူ႕ဆီမၾကာမီေရာက္လာေတာ့မည္ဆိုတာ သူသေဘာေပါက္လိုက္ၿပီမို႔ နာရီလက္တံေလးေတြေ႐ြ႕လ်ားေနတာကိုၾကည့္ေနရင္း သူတိတ္တဆိတ္ေၾကာက္႐ြံ႕ေနခဲ့ရသည္။

'က်ေနာ္ သူ႕အနားကထြက္မသြားခ်င္ေသးဘူး။ေက်းဇူးျပဳၿပီး အခ်ိန္နတ္ဘုရားရယ္ က်ေနာ္႕ရဲ႕အခ်ိန္ေတြကို တစ္မိနစ္တစ္စကၠန္႔ေလာက္ျဖစ္ျဖစ္တုံ႔ေႏွးေပးပါလား ...... '

႐ိႈင္းကေဆးဘူးေလးမ်ားအားအဖုံးျပန္ပိတ္ေနရင္းနဲ႔ျပန္သိမ္းေတာ့မည့္အခ်ိန္တြင္အခန္းတံခါးက႐ုတ္တရက္ပြင့္လာတာေၾကာင့္ သူ႕ရဲ႕လက္တို႔ကခြၽတ္ေခ်ာ္သြားရကာေဆးဘူးေလးႏွစ္ဘူးစလုံးျပဳတ္က်သြားေတာ့သည္။ေဆးဗူးတစ္ဗူးကၾကမ္းျပင္နဲ႔ထိခတ္သြားၿပီးေနာက္ ခုန္သြားကာမင္းခန္႔ထည္ေျခေထာက္နားသို႔လိမ့္သြားခဲ့သည္။

မင္းခန္႔ထည္တစ္ေယာက္ အခန္းထဲေျခခ်လိုက္သည္ႏွင့္သူ႕မ်က္လုံးထဲကိုတိုးဝင္လာသည့္ျမင္ကြင္းက ၾကမ္းျပင္ေပၚမွာျပန္႔က်ဲေနတဲ့ေဆးေတာင့္ေတြနဲ႔ထိုေဆးေတာင့္ေတြကိုအပူတျပင္းလိုက္လံေကာက္သိမ္းေနသည့္ေကာင္ေလးတစ္ေယာက္ကိုပင္။

မင္းခန္႔ထည္က ၾကမ္းျပင္ထက္မွာျပန္႔က်ဲေနတဲ့ေဆးေတာင့္ေတြကိုေသခ်ာစိုက္ၾကည့္လိုက္ၿပီးေနာက္ သူ႕ေျခေထာက္နားကေဆးဗူးေလးအားေကာက္ယူလိုက္ရင္း ႐ိႈင္းအားေမးလိုက္ေလသည္။

"ဒါဘာေဆးေတြလဲ ညီ.... မင္း ဘယ္နားေနမေကာင္းလို႔လဲ"

"အကို႔ကိစၥမဟုတ္ပါဘူး"

႐ိႈင္း႐ုတ္တရက္တုံ႔ျပန္လာေသာထိုစကားကမင္းခန္႔ထည္ဆက္ေျပာလာမယ္္႕စကားေတြကိုလည္ေခ်ာင္းဝမွာတင္ေပ်ာက္႐ွသြားေစကာသူ႕ရဲ႕ရင္အစုံကိုဓားနဲ႔ထိုးစိုက္ခံလိုက္ရသလိုမ်ိဳးနာက်င္သြားေစေလ၏။

"႐ိႈင္းေလး အကို မင္းကိုေျပာျပစရာတစ္ခု႐ွိတယ္"

"က်ေနာ္အခုနားမေထာင္ခ်င္ေသးဘူး"

႐ိႈင္းကခ်က္ခ်င္းပင္ျငင္းဆန္လိုက္ၿပီးေနာက္ေဆးေတာင့္မ်ားအားလိုက္ေကာက္ေနသည္။မင္းခန္႔ထည္လည္းမ်က္လႊာခ်လ်က္တိတ္ဆိတ္သြားခဲ့ကာ ႐ိႈင္းေ႐ွ႕မွာေျခတစ္ဖက္ေထာက္ထိုင္ခ်လိုက္ၿပီး ေဆးေတာင့္မ်ားကိုကူေကာက္ေပးလိုက္ေလသည္။ ထို႔ေနာက္ ေဆးဘူးေလးအားကမ္းေပးလိုက္ရင္း ေကာင္ေလးရဲ႕နီရဲေနတဲ့မ်က္ႏွာေလးကိုေငးၾကည့္ေနလ်က္ စိုးရိမ္ပူပန္စြာျဖင့္ဆိုလာသည္။

"ညီ့ ဒဏ္ရာကတစ္ခုခုျဖစ္လို႔လား??။အနာကနာလာလို႔လား?
အဲ့ဒါေၾကာင့္ေဆးေတြေသာက္ေနတာလား?"

"ဘာမွမျဖစ္ဘူး"

ေကာင္ေလးက သူ႕ကိုမၾကည့္ဘဲတိုတိုတုတ္တုတ္သာျပန္ေျဖလာကာ သူကမ္းေပးတဲ့ေဆးဘူးေလးအားအျမန္ဆြဲယူလိုက္ၿပီးေနာက္ စားပြဲေအာက္႐ွိအံဆြဲထဲသို႔အလ်င္အျမန္ထည့္သိမ္းလိုက္ေတာ့သည္။

"ညီ အကိုအေရးႀကီးေျပာစရာ႐ွိတယ္။
မင္းတကယ္ပဲနားမေထာင္ခ်င္ဘူးလား"

ဟုသူထပ္ေမးလိုက္ေတာ့႐ိႈင္းေလးက သူ႕ကိုမ်က္ဝန္းရဲရဲေလးနဲ႔တစ္ခ်က္ျပန္ၾကည့္လာၿပီး ခ်က္ခ်င္းပဲေက်ာခိုင္းသြားကာ နံရံထက္မွာခ်ိတ္ထားတဲ့႐ွပ္အက်ႌအပါးေလးအားထပ္ဝတ္ေနေလသည္။

သူေလးက အက်ႌဝတ္ေနရင္းနဲ႔ပဲျပန္ေျဖလာခဲ့သည္။

"ေတာင္းပန္ပါတယ္။က်ေနာ္အခုစိတ္ေတြ႐ႈပ္ေနလို႔ပါ။ေနာက္မွနားေထာင္မယ္ေလေနာ္။"

ထိုစကားတို႔အဆုံးေကာင္ေလးက သူ႕မ်က္စိေ႐ွ႕မွာတင္အခန္းထဲကေနထြက္သြားခဲ့တာကိုမင္းခန္႔ထည္တစ္ေယာက္ရပ္ၾကည့္ေန႐ုံမွတစ္ပါးအျခားမတတ္ႏိုင္ခဲ့ေပ။

ေကာင္ေလးကသူ႕စကားေတြကိုနားမေထာင္ခ်င္ေသးဘူးဟုဆိုလာတာေၾကာင့္ ထိုေကာင္ေလးလိုလိုလားလားနဲ႔နားေထာင္ခ်င္တဲ့အခ်ိန္က်မွသာ သူ၏ခံစားခ်က္မ်ားအားျဖည္းျဖည္းခ်င္းနဲ႔ေလးေလးနက္နက္ဖြင့္ေျပာျပဖို႔ သူဆုံးျဖတ္လိုက္ေတာ့သည္။

သူ႕ဘက္ကစမွားထားတာေၾကာင့္ အရင္အေလာႀကီးေန၍မျဖစ္ဟူေသာအေတြးမ်ားႏွင့္တကြသူ႕ကိုယ္သူျပန္ႏွစ္သိမ့္ထားလိုက္ေပမယ့္ ထိုလူသားေလးကိုသူ႕ရဲ႕ရင္ခြင္ထဲမွာသိမ္းဆည္းထားခ်င္ေနၿပီျဖစ္တဲ့ျပင္းစြာေသာပိုင္ဆိုင္လိုစိတ္တို႔က သူရဲ႕ႏွလုံးအိမ္ထဲမွာခံစားရခက္ေအာင္ထိုးဆြေနေပသည္။

"ကိုယ္ မင္းကိုေျပာျပစရာေတြ၊ဝန္ခံစရာေတြအမ်ားႀကီး႐ွိတယ္ညီရဲ႕ ...
မင္းေလးနားေထာင္ခ်င္တဲ့အခ်ိန္အထိ ကိုယ္စိတ္႐ွည္႐ွည္နဲ႔ေစာင့္ေနပါ့မယ္....
ဒါေပမယ့္ ကေလး ကိုယ္မေစာင့္ႏိုင္ေတာ့ရင္ေကာ ကိုယ္ ဘယ္လိုလုပ္ရမလဲ ...."

••••••••••••••••••••••••••••••••••••••••••••••••••

Englandရဲ႕ တစ္စိတ္တစ္ေဒသျဖစ္တဲ့Cabinၿမိဳ႕ေလးတစ္ေနရာတြင္Princess Alexandra of Kentဆိုတဲ့ႏွင္းဆီမ်ိဳးစိတ္တစ္စိတ္ကိုပန္းပင္လယ္တမွ်စိုက္ပ်ိဳးထားတဲ့
ဧကမ်ားစြာက်ယ္ဝန္းလွေသာျခံဝန္းတစ္ခု႐ွိေလသည္။
ထိုျခံဝန္းေ႐ွ႕မွာ'Jackson Scott'ဆိုတဲ့ပိုင္႐ွင္နာမည္ကိုထြင္းထားတဲ့သစ္သားဆိုင္းဘုတ္ေလးတစ္ခုေထာင္ထားၿပီး  ျခံဝန္းအလယ္မွာေတာ့အထပ္သုံးထပ္ပါ႐ွိတဲ့သစ္လုံးစံအိမ္တစ္လုံးကိုလက္ရာေျမာက္စြာေဆာက္လုပ္ထားသည္။

ျခံဝန္းတစ္ေလွ်ာက္ျဖတ္တိုက္လာတဲ့ေလညႇင္းေလးမ်ားက ေမႊးရနံ႔တို႔သင္းပ်ံ႕လွတဲ့ပန္းရနံ႔ေလးေတြကိုေပြ႕ဖက္သယ္ေဆာင္လာရင္း သစ္လုံးအိမ္ေလး၏အေပၚဆုံးထပ္ဝရန္တာဆီသို႔တသုန္သုန္ပက္ျဖန္းလို႔ေနသည္။

ပန္းရနံ႔ေလးေတြေပ်ာ္ဝင္ေနတဲ့ေလညႇင္းေလးေတြနမ္း႐ိႈက္သြားေသာလူသားတစ္ဦးရဲ႕ႏႈတ္ခမ္းေထာင့္စြန္းတို႔ကအေပၚဘက္သို႔ေကြးတက္ေနခဲ့ေသာ္လည္း သူ၏အျပဳံးတို႔က ေလးလံမိႈင္းပ်ေနခဲ့ကာ အသက္မဝင္ေနေပ။ႏွစ္သိမ့္အျပဳံးတစ္ပြင့္အျဖစ္ သိသိသာသာေပၚလြင္လို႔ေန၏။

တဟူးဟူးတိုက္ေနတဲ့ေလညႇင္းေလးေတြၾကားမွာ လူသားတစ္ေယာက္ရဲ႕ႏူးညံ့ၾသ႐ွလွတဲ့အသံတစ္သံက တိုးညႇင္းတဲ့ေလေျပေလးေတြကိုၿဖိဳခြင္း၍ပ်ံ႕ႏွံ႔လာခဲ့သည္။

"ဒီပန္းခင္းႀကီးကို က်ေနာ္ ျမင္ရရင္သိပ္ေကာင္းမွာပဲလို႔အၿမဲတမ္းေတြးေနမိေပမယ့္
ဒီတစ္ေန႔မွာေတာ့က်ေနာ္အဲ့လိုမေတြးမိေတာ့ဘူး"

"ဘာလို႔ဆက္မေတြးမိေတာ့တာလဲ"

ႏူးညံ့ၾသ႐ွတဲ့စကားသံတို႔နဲ႔ဆန္႔က်င္ဘက္ျဖစ္စြာ ေအးစက္ၾသ႐ွတဲ့စကားသံတို႔ကအၿပိဳင္ထြက္ေပၚလာခဲ့ကာ ေရေသမ်က္ဝန္းေတြနဲ႔ပန္းခင္းႀကီးကိုေမွ်ာ္ၾကည့္ေနတဲ့လူသားတစ္ဦးရဲ႕ေဘးမွာစူး႐ွေအးစက္တဲ့မ်က္ဝန္းအၾကည့္တို႔နဲ႔လူသားတစ္ဦးထပ္႐ွိေလသည္။

"က်ေနာ္သာ ဒီလိုလွပတဲ့ပန္းခ်ီကားခ်ပ္ေလးကိုျမင္ေနရရင္တန္ဖိုးထားတတ္မွာမဟုတ္ဘူးေလ။
မျမင္ရေတာ့ေမွ်ာ္လင့္ခ်က္နဲ႔တန္ဖိုးထားတတ္လာတာေပါ့။အဲ့တာကပိုမေကာင္းဘူးလား ကိုဆက္ယံ"

"အမ္း....လူ႕ဘဝဆိုတာေနတတ္ရင္ေတာ့ေက်နပ္စရာေပါ့"

႐ိႈင္းဆက္ယံရဲ႕ေအးတိေအးစက္အသံနဲ႔ထိုသို႔ေရ႐ြတ္သံၾကားေတာ့ မ်က္လုံးအၾကည့္တို႔ခဲေသေနတဲ့လူငယ္ေလးက ျငင္သာစြာတစ္ခ်က္ရယ္ေမာလာခဲ့သည္။

"ဒါေပမယ့္ က်ေနာ္႕ဘဝကိုက်ေနာ္မေက်နပ္ႏိုင္ေသးဘူးဗ်  က်ေနာ္ မထြက္သြားခင္ေလးသူမကိုေတြ႕ခြင့္ရခ်င္ေသးတယ္....."

ထိုအခါ႐ိႈင္းဆက္ယံရဲ႕မ်က္လုံးေတြကက်ဥ္းေျမာင္းသြား၍လူငယ္ေလးစကားအတိုင္းသံေယာင္လိုက္,လိုက္၏။
"သူမ"

"ျဖဴေလ.......က်ေနာ္မ႐ွိလဲ သူမေပ်ာ္႐ႊင္ေနႏိုင္မွာပါ ဟုတ္တယ္မွတ္လား ကိုဆက္ယံ"

"သူမေပ်ာ္ေနႏိုင္မွာပါ"

ထိုလူငယ္ေလးကလည္းလက္ခံသည့္ႏွယ္ေခါင္းၿငိမ့္လာခဲ့သည္။

"ဒါနဲ႔ အကို႔ညီေလးေလ သူေကာ က်ေနာ္႕လိုပဲျဖစ္လာမွာလား"

"သူ႕အေျခအေနကခန္႔မွန္းလို႔မရေသးဘူး။သူအခုတေလာေတာ့ေနေကာင္းေနတဲ့ပုံပဲ။"

"က်ေနာ္႕ကိုစမ္းသပ္ေနတဲ့ပေရာဂ်က္ကတကယ္လို႔ မေအာင္ျမင္ခဲ့ရင္ေလ
က်ေနာ္ေကာအကို႔ညီေလးေကာ ႏွစ္ေယာက္စလုံးေပ်ာက္ကြယ္သြားၾကမွာလား??"

"....."

႐ိႈင္းဆက္ယံထိုေကာင္ေလးရဲ႕ေမးခြန္းအားခြန္းတုံ႔ျပန္လာျခင္းမ႐ွိခဲ့ေပ။သူ႕ရဲ႕မ်က္ႏွာထက္မွာအမူအရာတို႔ကေပ်ာက္ဆုံးေနခဲ့ကာအသက္႐ွဴသံတို႔ကေႏွးေကြးသြားရသည္။

"မေျဖလည္းရပါတယ္ဗ်ာ။က်ေနာ္လည္းမသိခ်င္ပါဘူး။
ဒီကမ႓ာေပၚကေန က်ေနာ္ေပ်ာက္ကြယ္သြားတဲ့အခ်ိန္တစ္ခုကိုေရာက္လာခဲ့ရင္ သူမဆီ ဒီ ႏွင္းဆီေလးေတြကိုဆက္ပို႔ေပးပါလို႔ က်ေနာ္ အကို႔ကိုေတာင္းဆိုပါရေစ"

"မင္းဘယ္သူဆိုတာ ေနာက္ဆုံးအခ်ိန္အထိမေဖာ္ျပေတာ့ဘူးလား"

"သူမ သိရင္ သူမပိုၿပီးဝမ္းနည္းေန႐ုံပဲ႐ွိမွာေပါ့ ၿပီးေတာ့ သူမ က်ေနာ္႕ကိုလည္းခြင့္လႊတ္မွာမဟုတ္ဘူး"

"တကယ္လို႔ သူမကမင္းကိုေမ့ၿပီးမင္းေနရာမွာတျခားတစ္ေယာက္ကိုအစားထိုးထားခဲ့ၿပီဆိုရင္ေကာ မင္းအသက္ဆက္႐ွင္ဖို႔ျငင္းဆန္ေနဦးမွာပဲလား"

"ဒါေတာ့ က်ေနာ္႕ကိုေမးခြန္းသတ္လိုက္တာေပါ့ေလဟုတ္လား ကိုဆက္ယံ"

"မင္းမေျဖခ်င္ရင္လည္းရပါတယ္ သွ်ားထက္ေမာင္ရ။ငါ မင္းအေျဖကိုသိၿပီးသား.."

ထိုသို႔ဆိုလိုက္ၿပီးတဲ့အခါ ႐ိႈင္းဆက္ယံႏွင့္အတူ သွ်ားထက္ေမာင္ပါလိုက္ရယ္ေမာမိေလသည္။

"ကိုဆက္ယံက ေမးတတ္တယ္ေနာ္။
အမွန္အတိုင္းဝန္ခံရရင္ က်ေနာ္တကယ္စိတ္မေကာင္းျဖစ္မိမွာပဲ။
က်ေနာ္ခ်စ္ရတဲ့သူမေလးကိုတျခားတစ္ေယာက္နဲ႔အတူတူျမင္ရဖို႔ဆိုတာမလြယ္ကူဘူးဗ်။မလြယ္ကူေပမယ့္လည္း က်ေနာ္အခုမျမင္ရေတာ့ဘူးဆိုေတာ့ ပိုေကာင္းသြားတာေပါ့ မဟုတ္ဘူးလား?"

"ငါ မနက္ျဖန္ ဟိုဘက္ကိုဆင္းမယ္။မင္းလိုက္ခဲ့ပါလား သွ်ား"

"က်ေနာ္႕လို မ်က္မျမင္တစ္ေယာက္က ကိုဆက္ယံကိုဒုကၡမေပးခ်င္ပါဘူးဗ်ာ"
ဟုခပ္ဖြဖြရယ္လ်က္ သွ်ားထက္ေမာင္ကျငင္းဆန္လာကာ ထိုေနရာကေန ေ႐ွာင္ထြက္သြားရန္ သူ၏တုတ္ေကာက္ေလးအား လက္ဖ်ားေလးျဖင့္စမ္းလိုက္ေလသည္။

"တကယ္ကို ေနာက္ဆုံးအေနနဲ႔ သေဘာထားရင္ေကာ........"

ဆက္ယံကထိုစကားတို႔ကိုဆက္ေျပာလာေလေသာ္ သွ်ားရဲ႕လက္ကေလးမ်ားက တုတ္ေကာက္ေလးဆီမေရာက္ခင္ ေလထုထဲမွာတင္ရပ္တန္႔သြားခဲ့ရသည္။

ပတ္ဝန္းက်င္တစ္ခုလုံး၌ တိတ္ဆိတ္ၿငိမ္သက္ျခင္းတို႔ႀကီးစိုးသြားခဲ့၍ တိုက္ခတ္လာတဲ့ေလညႇင္းတို႔လည္းထြက္ေျပးေပ်ာက္ကြယ္လို႔သြားၿပီျဖစ္ကာ သွ်ားရဲ႕သက္ျပင္းခ်သံသဲ့သဲ့ေလးသည္သာ ထိုေနရာ၌က်န္႐ွိပ်ံ႕လြင့္ေနခဲ့သည္။

သွ်ားက သူေခၚတိုင္းအျမန္တမ္းျပန္လိုက္ခဲ့ဖို႔ျငင္းဆန္ေနခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ ဆက္ယံဟာ သွ်ားကိုအရေခၚသြားခ်င္မိသည္။

ကံမေကာင္းအေၾကာင္းမလွစြာခြၽတ္ေခ်ာ္မႈတစ္စုံတစ္ရာျဖစ္သြားခဲ့ပါလွ်င္ သူ ဒီလူငယ္ေလးကိုစိတ္ေျဖာင့္ေျဖာင့္ျဖင့္သာလႊတ္ေပးလိုက္ခ်င္သည္။

သွ်ားအလိုခ်င္ဆုံးေသာဆႏၵကိုအခ်ိန္႐ွိတုန္းေလး သူျဖည့္ဆည္းေပးခ်င္ခဲ့ၿပီး ဒါဟာ သူ အတိတ္တစ္ခ်ိန္က ဒီေကာင္ေလးအေပၚတစ္ကိုယ္ေကာင္းဆန္ခဲ့မႈအတြက္ျပန္ေပးဆပ္ျခင္းတစ္မ်ိဳးဟုလည္းသတ္မွတ္ႏိုင္ေပသည္။

"ေနာက္ဆုံးဆိုတဲ့.......
စကားလုံးေလးက၂လုံးထဲေပမယ့္ၾကားရတာေတာ့ စိတ္မေကာင္းျဖစ္စရာပဲဗ်ာ...."

သွ်ားထက္ေမာင္ကခပ္လြင္လြင္ေလးရယ္လ်က္ဆိုလာၿပီးေနာက္တေတာက္ေတာက္ျမည္တဲ့တုတ္ေကာက္သံေလးနဲ႔အတူထိုေနရာကေနျဖည္းညင္းစြာေလွ်ာက္ထြက္သြားေတာ့ေလသည္။

"ေကာင္းပါၿပီ က်ေနာ္လိုက္ခဲ့ပါ့မယ္ .... "

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💛

Love you all my readers (∩´∀'∩)💕

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

1.2M 64.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
258K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
79.6K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
259K 22.5K 64
ဒီဇာတ္​လမ္​း​ေလး ဘယ္​ကစလဲလို႔​ေျပာရင္​ ရာဇဝင္​​ေတြ သမိုင္​း​ေၾကာင္​း​ေတြကစတယ္​​ေျပာရမွာ​ေပါ့ ဒီဇာတ်​လမ်း​လေး ဘယ်​ကစလဲလို့​ပြောရင်​ ရာဇဝင်​​တွေ သမိုင်...